Part 8.1

503 90 0
                                    

Part 8.1

အခန်း (၈)

ကောင်းကင်၃စိတ်

သုံးယောက်သား ရပ်သွားတယ်။

ကုတ်အပြာရဲ့အာရုံက 'ဝင်ခွင့်စမ်းသပ်ခန်း'ဆီမှာသာ လုံးလုံးလျားလျား။ တကယ်တမ်းကျတော့ ဒီအခန်းကသာလျှင် အန္တရာယ်အကင်းဆုံးလို့ ထင်ရတယ်လေ။ ယင်းရန်နားလည်ပါတယ်။ သူ အနောက်ကို သုံး၊လေးလှမ်းလောက်ဆုတ်ပြီး 'ကျွန်တော်ဘာမှမသိဘူး'ဆိုတဲ့ပုံစံမျိူး လုပ်ပြလိုက်တယ်။

ရှည်လျားသေးသွယ်တဲ့မျက်ခုံးပိုင်ရှင် ဦးထုပ်နီဟာ အခုအချိန်မှာ မျက်နှာက သွေးမရှိဖြူစုတ်နေပြီး ဆေးမချယ်ရသေးတဲ့ ကြွေပန်းပုရုပ်နဲ့တူနေတယ်။ လက်ကောက်ကို ဆုပ်ကိုင်ထားတဲ့လက်တွေ တုန်ယင်နေတာကြောင့် လက်ကောက်ပုတီးစေ့တွေကနေ ခလောက်ခလောက်အသံတွေထွက်နေ​​လေရဲ့။

သူ့အဖော်နှစ်ယောက်လုံး 'အားနည်းပြီးခိုကိုးရာမဲ့'နေတာကို မြင်တဲ့ကုတ်အပြာက အသက်ရှူနှုန်းကိုထိန်းပြီး ခေါင်းဆောင်တစ်ဦးလို မျက်နှာအမူအရာချီလိုက်တယ်။ ကံဆိုးရှာတော့ သူ ကြီးကြီးကျယ်ကျယ်တွေ မပြောရသေးခင် တံခါးကို အထဲက တဒုန်းဒုန်းထထုလေတော့ သူ့ခမျာ အပြိုပြိုအလဲလဲ။

ဒုန်း ဒုန်း ဒုန်း ဒုန်း!

တံခါးတစ်ဖက်ခြမ်းကပုဂ္ဂိုလ်က သူတို့ဒီဘက်မှာရပ်နေတာကို သိနေတဲ့အလား... သူ/သူမ ဒါမှမဟုတ် ၄င်းက တံခါးကို အရှိန်ပြင်းပြင်း၄ချက်ထုတယ်။

"အကုန်လုံး အတူတူဝင်လာခဲ့"

တံခါးနောက်ကွယ်ကအသံဟာ အင်မတန်ကိုမှ စူးရှကျယ်လောင်တဲ့အတွက် ယောကျာ်း၊ မိန်းမ ခွဲခြားဖို့ရာ မဖြစ်နိုင်။

ကုတ်အပြာက အသက်ရှူထုတ်လိုက်ပြီး ရှေ့ဆုံးမှဦးဆောင်ကာ တံခါးကိုတွန်းဖွင့်လိုက်တယ်။

တံခါးနောက်မှာ ဘယ်သူမှမရှိ။

ဝင်ခွင့်စမ်းသပ်ခန်းက မကြီးသလို ပစ္စည်းပစ္စယလည်း များများစားစားမရှိဘူး။ အခန်းလယ်မှာ စားပွဲဝိုင်းတစ်လုံးသာရှိပြီး စားပွဲအလယ်တည့်တည့်မှာ ထနောင်းသားလင်ဗန်း၃ချပ် တင်ထားတယ်။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now