Part 18.1

300 67 0
                                    

Part 18.1

အခန်း (၁၈)

မိုတီဗေးရှင်း

ယင်းရန် ချက်ချင်း မလှုပ်ရှားဘူး။

သူ နေရာမှာပဲ ငြိမ်ငြိမ်လေးရပ်ပြီး တစ်ဖက်က စလှုပ်ရှားတာကိုစောင့်နေလိုက်တယ်။ သို့ပေမယ့် ရန်လိုမှုတွေက ခပ်ပါးပါးသာကျန်ခဲ့ပြီး မျက်လုံးပေါင်းများစွာက သူ့ကို အလွန်အမင်းနီးကပ်တဲ့ အကွာအဝေးကနေ စောင့်ကြည့်နေတယ်။ သတိကြီးကြီးထားနေတဲ့အနံ့တွေ ယင်းရန်ရနေပါရဲ့။

စမ်းသပ်နေတာများလား?

​​ဖြန့်ကျက်ထားတဲ့ လူသတ်​​​ငွေ့​ကို​ သူ တဖြည်းဖြည်း နယ်ချုံ့လိုက်တော့ ပြင်းထန်တဲ့ဖိအားအောက်မှာ အခန်းထဲကလေထုတောင် အေးခဲသွားသလိုလို။

အခုအချိန်မှာ ကျူံးချန်းရှော်သာ အခန်းထဲရှိနေရင် တစ်ခုခု မူမမှန်တာကို သူ့လိုလူတောင် သတိထားမိနိုင်တယ်—ယင်းရန်ရဲ့နီညိုရောင်မျက်ဝန်းတွေက အမှောင်ညထဲကမီးပွားတွေလို လုံးဝဥဿုံ ရဲရဲတောက်နေပြီလေ။ အနက်ရောင်ဆံနွယ်ရှည်တွေကလည်း လေမတိုက်ဘဲ ​ဝေ့ဝဲနေပြီး သူ့ပတ်လည်မှာ ရောင်ခြည်တွေလို လွင့်ပျံ့နေတယ်။

ငါးစက္ကန့်။

စက္ကန့်သုံးဆယ်။

တစ်မိနစ်။

ယင်းရန်အနောက်မှာရှိနေတဲ့အရာက လူသတ်ငွေ့တွေထုတ်တာမရပ်သလို လှုပ်လည်းမလှုပ်ရှား။ မသိမသာအကြည့်ခံနေရတဲ့ ခံစားချက်ကလည်း ပျောက်မသွားဘူး။ သို့ပေမယ့် အကြည့်တွေမြစ်ဖျားခံလာတဲ့ နေရာကတော့ သူနဲ့နည်းနည်းလှမ်းတယ်။

သူ့ကို ရှောင်နေတာပဲ။

"ဦးနှောက်တော့ရှိသား"

ယင်းရန်ပြုံးမိတယ်။

အဲ့ဒီနောက် သူ ဘာမှသတိမထားမိသလို ဟန်ဆောင်ကာ လူသတ်ငွေ့တွေကို ပြန်ရုတ်သိမ်းပြီး ခါးကြောဆန့်လိုက်တယ်။

သူတို့တွေ 'dimension'လို့ခေါ်နေတဲ့ ဒီလိုဟာမျိူးကို လွန်ခဲ့တဲ့ နှစ်၁ထောင်လောက်ကတည်းက ယင်းရန်မြင်ဖူးပါတယ်။ သူ ဒါ​တွေကို အပေါ်ယံမြေလွှာအောက်က နွံအိုင်၊ ရေခဲလွှာထဲကအက်ကြောင်း အဆင့်လောက်ပဲလို့ ထင်ခဲ့တာ—ကံခေတဲ့သူတွေ ပြုတ်ကျတတ်တဲ့ အပေါက်မျိူးလောက်ပေါ့။ ဘာပဲဖြစ်ဖြစ် သူကတော့ ရှောင်ကွင်းသွားလို့ရတာပဲလေ။ အသက်မရှိတဲ့ဟာတွေကို ဘာကိစ္စအဖက်လုပ်နေမှာလဲ?

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now