Part 19.1

262 52 0
                                    

Part 19.1

အခန်း (၁၉)

ခြောက်ခြားဖွယ်ပုံပြင်

မြို့နယ်စည်ပင်သာယာရုံး၊ အစည်းအဝေးခန်းမ။

ရှီအန်းအလုပ်သမားIDက သူတို့နှစ်ဦးထင်ထားတာထက် ပိုပြီး သုံးရလွယ်တယ်။ အမှုကိုက သိပ်မကြီးတာကြောင့်လည်း ရဲဝန်ထမ်းတွေက သတင်းအချက်အလက်တွေ မြန်မြန်ယူလာပေးပြီး စည်ပင်ရုံးမှာဧည့်တွေ့ချင်တဲ့ ယင်းရန်ရဲ့တောင်းဆိုချက်ကို လက်ခံခဲ့တာဖြစ်ပါလိမ့်မယ်။

ဆိုပေမယ့် သူတို့နှစ်ဦး အချက်အလက်တွေကြည့်နေချိန်မှာ ရဲဝန်ထမ်းနှစ်ယောက် အစည်းအဝေးခန်ထဲ အမြဲရှိ​နေတယ်။

နေ့လည်၂နာရီထိုးတော့ ချိန်းထားတဲ့အတိုင်း လင်းပေ့ရောက်လာပြီး မနေ့ကထက်စာရင် ပိုမိုလန်းဆန်းနေလေရဲ့။ သူမက မထိုင်ခင် ရဲဝန်ထမ်းနှစ်ဦးကို လှမ်းကြည့်လိုက်တယ်။

"ဘာများလဲနော်..ဟိတ်ဟန်ကြီးတွေက? ကျွန်မ​ ရှေ့နေခေါ်ရတော့မှာလား?"

ရွှတ်နောက်နောက်နဲ့ ပြောလေတဲ့လင်းပေ့ရယ်ပါ။

သူမကိုယ်ဟန်က အပူအပင်းကင်းသလိုရှိနေပြီး သူတို့ကို အပြစ်တင်နေတဲ့ပုံမျိူးလည်း မပေါက်ဘူး။ ယင်းရန်ပြုံးပြီး ပြောလိုက်တယ်။

"ပေ့ကျဲ..ကျွန်တော်တို့ အကြံဉာဏ်တစ်ခုရထားတာလေ..အဲ့ဒါ ပေ့ကျဲအကူအညီလိုလို့"

"ပြောပါရှင်"

"ကိုနှင်းဆီဆုံးသွားတဲ့အကြောင်း ပရောဂျက်ကို ပေ့ကျဲတို့ကိုင်ထားတယ်လို့ ပြောဖူးတယ်မလား? အခု အဲ့ဒီပရောဂျက် စနေပြီလား?"

"ဟင့်အင်း မစသေးဘူး..အကြောင်းအရာရွေးတုန်းပဲရှိသေးတယ်"

လင်းပေ့ မဆိုစလောက်အံ့သြသွားပြီး..

"အဲ့ဒီအကြောင်း ဘာလို့မေးတာလဲ?"

"ကျဲတို့ စတူဒီယိုအကောင့်က ဟိုက်ကူမှာ တော်တော်နာမည်ကြီးတယ်နော်?"

"အကောင်းဆုံး​တွေထဲပါတာပေါ့"

အလုပ်နဲ့ပတ်သက်လာရင် လင်းပေ့တို့က ယုံကြည်ချက်အပြည့်။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now