Part 12.1

414 80 1
                                    

Part 12.1

12 01

အခန်း (၁၂)

အမာရွတ်

"ရှင်းပါတယ်..အပြင်ထွက်သွားတဲ့ သဲလွန်စတွေ သက်သေတွေ တစ်ခုမှမရှိတဲ့​နောက်တော့ သူ ဒီထဲမှာပဲ ရှိနေသေးလို့ပေါ့"

ယုတ္တိရှိတယ်ထင်ရပေမယ့် တကယ်တမ်းကျ တစ်စက်မှအဓိပ္ပါယ်မရှိတဲ့ ဒီမှတ်ချက်ကြီးကိုကြားလိုက်ရတော့ လျန်ရှန်းတစ်ယောက် ​ဘာပြန်ပြောရမှန်းကိုမသိ။ တိုက်ခန်းလေးခမျာ တိတ်ဆိတ်သွားလိုက်တာ နဂိုက တဝီဝီပျံနေတဲ့ယင်ကောင်တွေတောင် အသံနည်းနည်းတိုးသွားသလိုလို။

မိနစ်ဝက်လောက်ကြာမှ လျန်ရှန်းစကားပြောနိုင်ရှာတယ်။

"ဒီကိုတန်းလာရတာဆိုတော့ မင်းတို့ညစာမစားရသေးဘူးပေါ့? သွားရအောင်...ငါတို့ကိုယ်က ဒီအနံ့ကြီးပျောက်သွားအောင် ဟော့ပေါ့ဆိုင်ခေါ်သွားပေးမယ်"

ကျူံးချန်းရှော်: "ကျွန်တော်ပြောတာ..."

လျန်ရှန်း: "အစပ်စားနိုင်လား?"

"ကျွန်တော်..."

"အစပ်စားနိုင်ရင် ဒီနားမှာ တော်တော်ကောင်းတဲ့ဆိုင်ရှိတယ်..ငါကျွေးမယ်"

လျန်ရှန်းအဖက်မလုပ်တာမြင်တော့ ကျူံးချန်းရှော်က မျက်လွှာလေးချသွားပြီး စိတ်ထိခိုက်သွားတဲ့ပုံလေး ပေါက်နေတယ်။

ယင်းရန်လည်း တွဲဖက်အသစ်လေးကို ကိုယ်ချင်းစာမိပေမယ့် အခုချိန်မှာ ပိုအရေးကြီးတာတွေ ရှိသေးတယ်မလား...

"ကျွန်တော် အစပ်ကြိုက်တယ်ဗျ"

ယင်းရန် အလေးအနက်ပြောလိုက်ပါသတဲ့။

"အဆင်ပြေတာပေါ့"

အဲ့ဒီနောက် လျန်ရှန်းက ကျူံးချန်းရှော်ကိုကြည့်ပြီး..

"ခုနက ရှောင်ကျူံးပြောလိုက်တဲ့ပြဿနာက ချက်ချင်းအဖြေပေါ်မှာမဟုတ်ဘူး...စားရင်းပြောကြမယ်လေ"

ကျူံးချန်းရှော်: "ဟုတ်ကဲ့...ဒါပေမယ့် ကျွန်တော် အစပ်မကြိုက်ဘူး"

လျန်ရှန်း: "........"

____

ဟော့ပေါ့ဆိုင်က အဆင့်မြင့်တဲ့ အကောင်းစားဆိုင်မျိူးမဟုတ်ဘူး။ ရိုးရိုးရှင်းရှင်းပဲ တန်ဆာဆင်ထားတာမို့ အိမ်လိုခံစားချက်မျိူးပေးစွမ်းတယ်။ သုံးယောက်သားက အနံ့တွေလှိုင်နေတာမို့ လျန်ရှန်းက သီးသန့်အခန်းယူလိုက်တယ်။ သူက ဒီဆိုင်မှာ ဖောက်သည်ဖြစ်နေလို့ထင်ပါရဲ့...ဆိုင်ရှင်က ချက်ချင်း ဟင်းရည်အိုးတွေလာပြင်ပေးပြီး ရေခဲခြစ်သုံးခွက်ပါ လက်ဆောင်ပေးသွားတယ်။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now