Unicode
သီတင်းပတ်အကုန်တွင်တော့ လွင့်မျောတိမ်တိုက်နဲ့ ကြိုးကြာရိုင်းတို့ရောက်လာခဲ့တော့သည်။
သုံးယောက်သား မိသားစုဝင်တွေ အမြန်ဆုံးဆုံတွေ့ခွင့်ရဖို့အတွက်ချင်ယွီနဲ့ ဟဲကျင့်ကလေဆိပ်ကို ခေါ်သွားဖို့ စီစဉ်ခဲ့ကြလေသည်။ ထုံးစံအတိုင်း ဖက်ထုပ်လေးသည် အိမ်မှာတစ်ယောက်ထဲနေခဲ့ရန်ငြင်းဆန်နေခဲ့ပြီး သူပါလိုက်လာချင်နေတော့ သည်။
ဒီရက်အနည်းငယ်အတွင်းမှာပဲ ကလေးနှစ်ယောက် ဟာ မကြာခဏ အချင်းချင်း ဆော့ကစားနေကြပြီး အခုချိန်မှာတော့ အရမ်းရင်းနှီးလာခဲ့ကြလေပြီပင်
လေဆိပ်ကိုရောက်ပြီးနောက် ဟဲကျင့်က လေယာဉ်ပေါ်ကဆင်းလာတဲ့ကြိုးကြာရိုင်းကိုဖုန်းဆက်ကာ သူတို့ဘယ်နေရာမှာလဲဆိုတာကိုပြောပြခဲ့သည်။
မီးအိမ်လေးသည် ချက်ချင်းငြိမ်ကျသွားကာကားမှန်ပေါ်တွင် မှီနေပြီး အပြင်ကို စူးစိုက်ကြည့်နေခဲ့သည်။လွင့်မျောတိမ်တိုက်နှင့်ကြိုးကြာရိုင်းကို မြင်
လိုက်ရသောအခါတွင်ကားမှန်ကိုခေါင်းနဲ့တိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေတော့သည်။ သူ့အဖေတွေနဲ့တွေ့ဖို့ကိုအရမ်းတွေပျော်ရွှင်နေတော့တာပါပဲ
"အာ!ကားမှန်ကိုချလိုက်!"
ဟဲကျင့်သည် မီးအိမ်လေး ကြေမွသွားမည်ကို စိုးရိမ်နေပြီး ချင်ယွီကို အမြန်သတိပေးလိုက်သည်။
ချင်ယွီက ခလုတ်ကို နှိပ်လိုက်သည်နှင့် မီးအိမ်လေးသည် လေကဲ့သို့ ချက်ခြင်း ထွက်သွားပြီး ကြိုးကြာရိုင်းလက်ထဲသို့ ပြုတ်ကျသွားတော့သည် ။ ပါပါး ဟုအော်ရင်း စိတ်လှုပ်ရှားစွာ အပေါ်အောက် ခုန်ပေါက်နေသည်မှာ ယခင်ကဲ့သို့ ကြောက်ရွံ့ခြင်းလဲမရှိနေချေ။
"အိုး!"
ကြိုးကြာရိုင်းသည်လည်းအရမ်းပျော်နေပုံရလေသည်။ ဂိမ်း ထဲမှာ ကလေးရှိတဲ့ ခံစားချက်က သူ့ရှေ့မှာ ပေါ်လာမှာကို သူတခါမှစိတ်ကူးမယဉ်ဖူးခဲ့ပါချေ။ ဒီအချိန်မှာ သူဘာလုပ်ရမှန်းမသိလောက် အောင် စိတ်လှုပ်ရှားနေလေ၏။
လွင့်မျောတိမ်တိုက်အတွက်လဲအလားတူပါပင်။သူက သူ့လက်ထဲက ခရီးဆောင်အိတ်ကို လွှတ်လိုက်ပြီး လက်နှစ်ဖက်လုံးကို လေထဲမှာ မြှောက်လိုက်သည်။ သူသည်လည်းမီးအိမ်လေးကို ပွေ့ဖက်ချင်ပုံရပေမယ့် ကြိုးကြာရိုင်း ရဲ့ ရင်ခွင်ထဲမှာပဲ ရှိနေတုန်းပဲဆိုတော့ သူဝင်မစွက်ဖက်ချင်ပေ။
ဖက်ထုပ်လေးသည် အစပိုင်းတွင် ပျံဝဲချင်ခဲ့သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင်သူလည်းစိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးခံခဲ့သည်။ သူကဟဲကျင့် ဆီသို့ တိတ်တဆိတ် ပျံသန်းလာပြီး သူ့အဖေထံမှ အချစ်တစ်ခုကို လိုချင်ခဲ့လေသည်။
ချင်ယွီ က မနာလိုဝန်တိုနဲ့ပြောလာတော့သည်။
"ဖက်ထုပ်လေးက မင်းနဲ့ပိုနီးစပ်တာကို ငါသတိထားမိတယ် ငါက သူ့ကို ဒီသုံးနှစ်အတွင်းမှာ ဂရုစိုက်ခဲ့တဲ့သူပဲဟာကို"
မီးအိမ်လေးအတွက်လည်းထူးဆန်းတာပါပဲ အဖေနှစ်ယောက်လုံးကိုတွေ့တာတောင် ကြိုးကြာရိုင်းဆီကိုပဲတန်းသွားခဲ့တာလေ
ဟဲကျင့် ကတော့ သိပ်ပြီးမတွေးခဲ့ကာဖြင့်သူက ပြုံးပြီး
"ဒါပေါ့ ငါမွေးထားတာပဲကို"
"ဟုတ်တယ် မထူးဆန်းပါဘူး။"
ချင်ယွီ က ဖက်ထုပ်လေးကို ကျီစယ်ပြီး
"ပေါင်ပေါင်း အနာဂတ်မှာ မင်းအမေကိုအားကျင့်လို့ဘာလို့မခေါ်ရမှာလဲ?"
ဖက်ထုပ်ရဲ့ မျက်လုံးလေးများ တောက်ပသွားပြီး
"ဟုတ်ကဲ့!"
ဟဲကျင့်: "... "
ရက်အနည်းငယ်ကြာတွင်တော့ နှစ်သစ်ကူးတော့မှာပင်။လွင့်မျောတိမ်တိုက်နှင့် ကြိုးကြာရိုင်းတို့သည် ကြိုးကြာရိုင်းရဲ့ မိခင် ပြင်ဆင်ထားသော ပင်လယ်စာ၊ ထမင်းကိတ်များနှင့် နှမ်းနက်ဖက်ထုပ်များ အပါအဝင် ဒေသဆိုင်ရာ အထူးအစားအစာများကို ယူဆောင်လာခဲ့လေသည်။ သူတို့နှစ်ယောက်က ဟိုတယ်မှာ တည်းခိုချင်ခဲ့ကြသော်လည်း သူတို့နှစ်ယောက်စိတ်အားထက်သန်နေတာကိုတွေ့တော့ ချင်ယွီကသူ့နေရာသို့ဖိတ်ကြားခဲ့လေသည်။
ကြိုးကြာရိုင်းကပြောလာခဲ့သည်။
"အာ အဲ့ဒါက အဆင်ပြေလို့လား?မင်းတို့နဲ့အနီးမှာအခန်းငှားလိုက်ရင်လဲရပါတယ်"
ချင်ယွီက သူ့စတီယာရင်ကို ရိုက်လိုက်ပြီး နောက် ပြောင်ပြောလာလေသည်။
"မင်း ဟော်တယ်အခန်းငှားချင်ရင်တောင် မင်းသားကသဘောမတူမှာစိုးရတယ်နော်"
ကြိုးကြာရိုင်း: "အိုး? ဘာလို့?"
ချင်ယွီ : "သူက ငါတို့ဖက်ထုပ်လေးနဲ့ သက်ဆိုင်နေပြီလေ ငါ့သားလေး ဟုတ်တယ်နော်?"
ဖက်ထုပ်လေးကစိတ်ပိုင်းဖြတ်ထားသလိုခေါင်းငြိမ့်လာတော့သည်။
"ဟုတ်တယ် မီးအိမ်လေးက ပေါင်ပေါင်းရဲ့ မိန်းမ!"
မီးအိမ်လေးသည် ဖက်ထုပ်လေးကိုတချက်ကြည့်လိုက်ပြီး အလျင်အမြန်ပဲ သူ့မျက်နှာကို ကြိုးကြာရိုင်းလက်ထဲတွင်ဝှက်ထားခဲ့သည်။သူကငြင်းလဲမငြင်းသလို ဝန်လဲမခံခဲ့ပဲ ရှက်သွေးဖြာကာဖြင့်ပြန်ဖြေလာခဲ့သည်။
"ပါပါး..."
လွင့်မျောတိမ်တိုက်:"..."
ကြိုးကြာရိုင်းကဒေါသထွက်စွာပြောလာတော့သည်
"မင်းကို ဘယ်သူက လက်ထပ်ဖို့ခွင့်ပြုလို့လဲ?!"
ချင်ယွီ: "ကောင်းပြီ... မီးအိမ်လေးနဲ့ ငါ့ဖက်ထုပ် လေးကိုအတူရှိစေချင်တယ်လို့မင်းပဲပြောခဲ့တာမဟုတ်ဘူးလား?"
ကြိုးကြာရိုင်းသည် ဂိမ်း ထဲတွင် အပျော်သဘောဖြင့် သာ ပြောခဲ့သည်မှာ သေချာသည် ။ ကလေးကို သူကိုယ်တိုင်မြင်ပြီးတာနဲ့သေချာတာပေါ့သူခံစားရတာကကွာခြားသွားပြီလေ။ကြိုးကြာရိုင်းက မီးအိမ်လေးကို ခေါ်သွားခံရမှာကိုစိုးရိမ်စွာဖြင့် တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားခဲ့သည်။
"ဒါပေမယ့်လည်းမင်းသူတို့ကို ဒီလောက်အစောကြီးအသိပေးလို့မရဘူးလေ!မီးအိမ်လေးက အသက်ဘယ်နှနှစ်ရှိသေးတယ်ထင်လို့လဲ? 6 လသားလေးပဲရှိသေးတယ်ကွ!နှလုံးသားမဲ့ မင်းကသားရဲကောင်ပဲ!"
ချင်ယွီ ပခုံးတွန့်လျက် အပြစ်ကင်းတဲ့ပုံစံနဲ့
"အဲ့ဒါ ငါ့နဲ့ ဘာဆိုင်လို့လဲ"
ကြိုးကြာရိုင်း: "မင်း ဖက်ထုပ်လေးကို ဒီလိုလုပ်ဖို့ ဆွဲဆောင်ခဲ့တာပဲဖြစ်ရမယ်! ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့အတွက်မီးအိမ်လေးကိုစောစောယူလို့တောင်ပြောခဲ့လောက်သေးတယ်!မင်းအရင်ထဲကစီစဉ်ထားတာမလား!ဘုရားရေ..ငါ့ကလေးလေး ပါပါးကမင်းကိုစောစောစီးစီးအိမ်ထောင်မပြုစေချင်ပါဘူး"
ချင်ယွီသည် ကောင်းကင်ကို ကူရာမဲ့စွာဖြင့်ကြည့်နေတော့သည်။ကြည့်ရတာဂိမ်းကိုသံယောဇဉ်တွယ်နေတာ ဟဲကျင့်တစ်ယောက်ထဲမဟုတ်ဘူးထင်ပါရဲ့။
အဆုံးတွင်တော့လွင့်မျောတိမ်တိုက်နဲ့ကြိုးကြာရိုင်းတို့သည်ချင်ယွီရဲ့နေရာမှာသာနေလိုက်တော့သည်။ချင်ယွီကသူတို့ကိုညစာကိုဟော်တယ်မှာဖိတ် ကျွေးချင်ခဲ့လေသည်။ဒါပေမယ့်လွင့်မျောတိမ်တိုက်က ဂဏန်းတွေက လေနဲ့ထိပြီးရင် သိပ်မလတ် တော့ဟုဆိုကာ ဒီညတင်သူတို့လေးယောက် အပြီးသတ်ဖို့အကြံပေးလာခဲ့သည်။သူတို့တွေဟော်တယ်က ဟင်းပွဲတချို့မှာယူလိုက်ပြီး ဂဏန်းကိုအိမ်မှာပဲပြင်ဆင်ခဲ့လေသည်။သူတို့ကရေသေနဲ့ ကိုးခန်းမအရှင်မင်းမြတ်ကိုလည်းခေါ်ခဲ့သေးသည်။
သူတို့ ခြောက်ယောက်ဆုံခဲ့ကြလေသည်။ဝိုင်သောက်ပြီးနောက် ကြိုးကြာရိုင်းကအော်တော့သည်။
"ဖက်ထုပ်ကိုပြုတ်ဉီး! ဖက်ထုပ်အချို့လည်းရှိသေးတယ်!"
ကြိုးကြာရိုင်းက သူ့ကို အရှင်လတ်လတ် ချက်ပြုတ်လိုသည်ဟု ထင်သွားသောကြောင့် ဖက်ထုပ်လေးသည် ထိတ်လန့်သွားတော့သည် ။ သူ့မျက်လုံးများတွင် ချက်ချင်းပင် မျက်ရည်များ ပြည့်လာကာ ဝမ်းနည်းတပန်းငိုတော့သည်။
"ပါပါး...ပါပါး..."
ထိုသို့တုံ့ပြန်ပုံကိုမြင်သောအခါ လူအုပ်ကြီးက ရယ်မောကြတော့ သည်။ဟဲကျင့်ကရယ်ကာဖြင့်ရှင်းပြလာသည်။
"ပါပါးတို့က မင်းကိုမချက်ပါဘူး တခြားအမျိုးအစားဖက်ထုပ်ကိုပြောတာပါ"
ထို့နောက် ဟဲကျင့်သည် ဖက်ထုပ်လေးကို မီးဖိုချောင်သို့ခေါ်သွားခဲ့ပြီး သူ့ကိုမွေးတုန်းက ဖက်ထုပ်လေးနဲ့တူလို့ ဖက်ထုပ်လေးလို့ခေါ်ကြောင်းပြကာရှင်းပြခဲ့လေသည်။
စေးကပ်နေသောဖက်ထုပ်ဖြူဖြူများဖြင့်ပြည့်နေသောဖက်ထုပ်အိုးကို စူးစူးစိုက်စိုက် ကြည့်လေသည်။ လက်လုပ် ဖက်ထုပ်များသည် အထူမညီဘဲ အချို့မှာ ချက်ပြုတ်နေစဉ်အတွင်း ကွဲသွားတော့သည်။ထိုအထဲမှ နမ်းအနက်အချို့ထွက်လာတော့သည်။ ဖက်ထုပ်လေးသည် စူးစမ်းလိုစိတ်ဖြင့် အော်တော့သည်
"အထဲမှာ မည်းနေတယ်!"
ဟဲကျင့်: "ဟုတ်တယ် အထဲမှာ နှမ်းနက်ရှိလို့လေ"
ဖက်ထုပ်လေးကထပ်မေးလေသည်။
"ပေါင်ပေါင်းရဲ့အထဲကရောမည်းနေတာလား?"
ဟဲကျင့် က ရယ်မောလိုက်ပြီး
"ပေါင်ပေါင်း အထဲမှာ အနက်ရောင် အစိတ်အပိုင်းတစ်ခုရှိတယ် အဲ့ဒါကပျောက်သွားပြီ"
ဖက်ထုပ်လေးသည် စဉ်းစားကာဖြင့်
"ဒါဆိုမီးအိမ်လေးကရော"
ဟဲကျင့် :"အဲ့ဒါက မင်းနဲ့တူတယ် ဒါပေမယ့် လုပ်တဲ့နည်းကတော့မတူဘူး ပေါင်ပေါင်းကထုတ်ရတာ မီးအိမ်လေးကတော့လုံးရတာ"
ဖက်ထုပ်လေးသည် မျက်တောင်တဖျပ်ဖျပ်ခတ် ကာဖြင့်
"ဘာကိုဆိုလိုတာလဲဟင်?"
"မီးအိမ်ဆိုတာ အခွံမာသီးမျိုးစုံစေ့အဆံ အတုံးသေးသေးလေးတွေလှီးပြီးတော့ ကောက်ညှင်းခေါက်ဆွဲအပြည့်ထည့်ထားတဲ့ ဇလုံကြီးထဲမှာမွှေရတာအဲ့နောက်ဆုံးမှာတော့ မင်းနဲ့တူတဲ့ အရာတစ်ခု ရလာလိမ့်မယ်။"
ဟဲကျင့်က စိတ်ရှည်ရှည်နဲ့ ရှင်းပြလေသည်။ ခဏအကြာတွင်တော့ ဖက်ထုပ်လေးသည် ဉာဏ်ရည်ထက်မြက်သော ကလေးတစ်ဦးဖြစ်ကြောင်း ပြန်အမှတ်ရသွားပြီး
"ပေါင်ပေါင်းကိုယ်တိုင်ရှာကြည့်လို့မရဘူးလား?"
ဖက်ထုပ်လေး: " သာမန်အခြေအနေမှာဆို ပေါင် ပေါင်းက နားမလည်တာကို ပါပါးကို မေးနိုင်တယ် လေ"
ဟဲကျင့်ကဆွံအသွားကာဖြင့်
"မင်း အဲ့သလိုမသိသလိုမျိုးဟန်ဆောင်လို့မရဘူး!"
ဟမ့် သူအာရုံမစိုက်မိတဲ့အချိန်မှာ ဒီကလေးကသူ့ကိုလှည့်စားနေပြီပဲ!
ဖက်ထုပ်လေးသည် သူ့လက်ချောင်းများကို ကြည့် ကာဖြင့်ဝမ်းနည်းစွာ တစ်ဖက်သို့ ဆုတ်သွားတော့သည်။ထို့နောက်မျက်လုံးတွေမှိတ်တုတ်မှိတ်တုတ်နဲ့ နိဂုံးချုပ်လာသည်။
"မီးအိမ်လေးဆိုတာက ကောက်ညှင်းဆန်အလွှာနဲ့ ထုပ်ထားတဲ့ အသဲလေးပဲ"
ဟဲကျင့်: "... "
ညစာစားပြီးနောက် ခြောက်ယောက်စုပြီး ဖဲရိုက်ခဲ့ကြသည်။ အုပ်စုက ည 11 နာရီအထိ ကစားခဲ့လေသည်။ ထို့နောက် ရေသေနဲ့ကိုးခန်းမကပြန်သွားတော့၏။
ညဘက်တွင် ကြိုးကြာရိုင်း နှင့် လွင့်မျောတိမ်တိုက် သည် ဧည့်သည်အခန်း တွင် အိပ်ကြသည် ။ ဖေဖေတွေရဲ့ခွင့်ပြုချက်ရပြီးနောက် မီးအိမ်လေး သည် အားပြန် သွင်းရန် အခန်းထဲသို့ ဝင်သွားခဲ့သည်။
မီးများပိတ်ပြီးနောက်တွင် လွင့်မျောတိမ်တိုက် နှင့် ကြိုးကြာရိုင်းတို့သည် တစ်ယောက်ကိုတစ်ယောက် စတင်နမ်းရှုံ့ကြတော့သည်။ ဒီလို ပြင်းထန်တဲ့ ချစ်ခြင်းမေတ္တာကို အရင်က တစ်ခါမှ မမြင်ဖူးတဲ့ မီးအိမ်လေး ဟာ ရှက်စိတ်ကြောင့် လန့်ဖျပ်သွားလုနီးပါးပါပဲ။
သူ့အဖေတွေမသိခင်မှာပဲအခန်းထဲက ခိုးထွက်ပြီး ဖက်ထုပ်လေးကိုရှာတော့လေရဲ့
အထီးကျန် ဖက်ထုပ်လေးသည် အခန်းထဲတွင် တစ်ယောက်တည်း ရှိနေပြီး မီးအိမ်လေး ဝင်လာသည်ကို မြင်လိုက်ရတော့ ပျော်ရွှင်နေတော့သည်။
"မင်းဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ?"
မီးအိမ်လေးသည် နီးကပ်လာပြီး ကလေးနှစ်ဦး၏ မျက်နှာများသည် အချင်းချင်း ကပ်လျက်ရှိနေလေသည်။ သူတို့သည် telepathy နှင့်ဆက်သွယ်နေကြခြင်းပင်
"ပါပါးတို့က နမ်းနေတယ် မကြည့်ရဲဘူး "
ဖက်ထုပ်လေး:"ဝိုး! ဒါဆို မင်းရဲ့ ပါပါးတွေလည်း နမ်းနေကြတာပေါ့ တစ်ခုခုခံစားရလား?"
မီးအိမ်လေး က ရှက်ရွံ့စွာဖြင့်ခေါင်းညိတ်ပြသည်
"ဟုတ်"
ဖက်ထုပ်လေးက သူ့မျက်နှာကို ဖုံးကွယ်ကာဖြင့်
"ငါရောပဲ ပါပါးတို့နမ်းနေရင် ရှက်လဲရှက်တယ်သက်တေင့်သက်သာလဲခံစားရတယ်..."
မီးအိမ်လေး က ရှက်ရွံ့စွာဖြင့်ပြောလာခဲ့သည်။
"ငါ အွန်လိုင်းမှာရှာကြည့်တော့ အဲ့ဒါစုံတွဲတွေပဲလုပ်တာတဲ့"
ဖက်ထုပ်လေးသည် မီးအိမ်လေးကိုဖက်လျက် ကူရှင်ပေါ်သို့ လှိမ့်ကာဖြင့် သူ့ပါပါးတွေကုတင်ပေါ်မှာလုပ်နေကျအနေအထားဖြင့် မီးအိမ်လေးကိုဖိထားခဲ့သည်။
မီးအိမ်လေး သည် ၎င်း၏ CPU မီးလောင်တော့မလိုပင်ခံစားခဲ့ရပြီးတိုးတိုးလေးခေါ်လာခဲ့သည်
"ကော"
ဖက်ထုပ်လေးသည် ချင်ယွီနဲ့ ဟဲကျင့် အမြဲပြောနေကျစကားကို ပြန်အောက်မေ့ကာ ခေါင်းငုံ့၍မီးအိမ် လေးကို ကို နမ်းလိုက်ပြီး
"ငါ့ကို လောင်ကုန်းလို့ ခေါ်~" ဟု ကလေးဆန်စွာ အမိန့်ပေးခဲ့တော့သည်။
****The End****
Zawgyi
161: အခ်ပ္ပို ၆
သီတင္းပတ္အကုန္တြင္ေတာ့ လြင့္ေမ်ာတိမ္တိုက္နဲ႔ ႀကိဳးၾကာ႐ိုင္းတို႔ေရာက္လာခဲ့ေတာ့သည္။
သုံးေယာက္သား မိသားစုဝင္ေတြ အျမန္ဆုံးဆုံေတြ႕ခြင့္ရဖို႔အတြက္ခ်င္ယြီနဲ႔ ဟဲက်င့္ကေလဆိပ္ကို ေခၚသြားဖို႔ စီစဥ္ခဲ့ၾကေလသည္။ ထုံးစံအတိုင္း ဖက္ထုပ္ေလးသည္ အိမ္မွာတစ္ေယာက္ထဲေနခဲ့ရန္ျငင္းဆန္ေနခဲ့ၿပီး သူပါလိုက္လာခ်င္ေနေတာ့ သည္။
ဒီရက္အနည္းငယ္အတြင္းမွာပဲ ကေလးႏွစ္ေယာက္ ဟာ မၾကာခဏ အခ်င္းခ်င္း ေဆာ့ကစားေနၾကၿပီး အခုခ်ိန္မွာေတာ့ အရမ္းရင္းႏွီးလာခဲ့ၾကေလၿပီပင္
ေလဆိပ္ကိုေရာက္ၿပီးေနာက္ ဟဲက်င့္က ေလယာဥ္ေပၚကဆင္းလာတဲ့ႀကိဳးၾကာ႐ိုင္းကိုဖုန္းဆက္ကာ သူတို႔ဘယ္ေနရာမွာလဲဆိုတာကိုေျပာျပခဲ့သည္။
မီးအိမ္ေလးသည္ ခ်က္ခ်င္းၿငိမ္က်သြားကာကားမွန္ေပၚတြင္ မွီေနၿပီး အျပင္ကို စူးစိုက္ၾကည့္ေနခဲ့သည္။လြင့္ေမ်ာတိမ္တိုက္ႏွင့္ႀကိဳးၾကာ႐ိုင္းကို ျမင္
လိုက္ရေသာအခါတြင္ကားမွန္ကိုေခါင္းနဲ႔တိုက္ကာ စိတ္လႈပ္ရွားစြာျဖင့္ ေအာ္ဟစ္ေနေတာ့သည္။ သူ႔အေဖေတြနဲ႔ေတြ႕ဖို႔ကိုအရမ္းေတြေပ်ာ္႐ႊင္ေနေတာ့တာပါပဲ
"အာ!ကားမွန္ကိုခ်လိုက္!"
ဟဲက်င့္သည္ မီးအိမ္ေလး ေၾကမြသြားမည္ကို စိုးရိမ္ေနၿပီး ခ်င္ယြီကို အျမန္သတိေပးလိုက္သည္။
ခ်င္ယြီက ခလုတ္ကို ႏွိပ္လိုက္သည္ႏွင့္ မီးအိမ္ေလးသည္ ေလကဲ့သို႔ ခ်က္ျခင္း ထြက္သြားၿပီး ႀကိဳးၾကာ႐ိုင္းလက္ထဲသို႔ ျပဳတ္က်သြားေတာ့သည္ ။ ပါပါး ဟုေအာ္ရင္း စိတ္လႈပ္ရွားစြာ အေပၚေအာက္ ခုန္ေပါက္ေနသည္မွာ ယခင္ကဲ့သို႔ ေၾကာက္႐ြံ႕ျခင္းလဲမရွိေနေခ်။
"အိုး!"
ႀကိဳးၾကာ႐ိုင္းသည္လည္းအရမ္းေပ်ာ္ေနပုံရေလသည္။ ဂိမ္း ထဲမွာ ကေလးရွိတဲ့ ခံစားခ်က္က သူ႔ေရွ႕မွာ ေပၚလာမွာကို သူတခါမွစိတ္ကူးမယဥ္ဖူးခဲ့ပါေခ်။ ဒီအခ်ိန္မွာ သူဘာလုပ္ရမွန္းမသိေလာက္ ေအာင္ စိတ္လႈပ္ရွားေနေလ၏။
လြင့္ေမ်ာတိမ္တိုက္အတြက္လဲအလားတူပါပင္။သူက သူ႔လက္ထဲက ခရီးေဆာင္အိတ္ကို လႊတ္လိုက္ၿပီး လက္ႏွစ္ဖက္လုံးကို ေလထဲမွာ ေျမႇာက္လိုက္သည္။ သူသည္လည္းမီးအိမ္ေလးကို ေပြ႕ဖက္ခ်င္ပုံရေပမယ့္ ႀကိဳးၾကာ႐ိုင္း ရဲ႕ ရင္ခြင္ထဲမွာပဲ ရွိေနတုန္းပဲဆိုေတာ့ သူဝင္မစြက္ဖက္ခ်င္ေပ။
ဖက္ထုပ္ေလးသည္ အစပိုင္းတြင္ ပ်ံဝဲခ်င္ခဲ့သည္ ဤျမင္ကြင္းကို ျမင္လိုက္ရေသာအခါတြင္သူလည္းစိတ္ပိုင္းဆိုင္ရာ လႊမ္းမိုးခံခဲ့သည္။ သူကဟဲက်င့္ ဆီသို႔ တိတ္တဆိတ္ ပ်ံသန္းလာၿပီး သူ႔အေဖထံမွ အခ်စ္တစ္ခုကို လိုခ်င္ခဲ့ေလသည္။
ခ်င္ယြီ က မနာလိုဝန္တိုနဲ႔ေျပာလာေတာ့သည္။
"ဖက္ထုပ္ေလးက မင္းနဲ႔ပိုနီးစပ္တာကို ငါသတိထားမိတယ္ ငါက သူ႔ကို ဒီသုံးႏွစ္အတြင္းမွာ ဂ႐ုစိုက္ခဲ့တဲ့သူပဲဟာကို"
မီးအိမ္ေလးအတြက္လည္းထူးဆန္းတာပါပဲ အေဖႏွစ္ေယာက္လုံးကိုေတြ႕တာေတာင္ ႀကိဳးၾကာ႐ိုင္းဆီကိုပဲတန္းသြားခဲ့တာေလ
ဟဲက်င့္ ကေတာ့ သိပ္ၿပီးမေတြးခဲ့ကာျဖင့္သူက ၿပဳံးၿပီး
"ဒါေပါ့ ငါေမြးထားတာပဲကို"
"ဟုတ္တယ္ မထူးဆန္းပါဘူး။"
ခ်င္ယြီ က ဖက္ထုပ္ေလးကို က်ီစယ္ၿပီး
"ေပါင္ေပါင္း အနာဂတ္မွာ မင္းအေမကိုအားက်င့္လို႔ဘာလို႔မေခၚရမွာလဲ?"
ဖက္ထုပ္ရဲ႕ မ်က္လုံးေလးမ်ား ေတာက္ပသြားၿပီး
"ဟုတ္ကဲ့!"
ဟဲက်င့္: "... "
ရက္အနည္းငယ္ၾကာတြင္ေတာ့ ႏွစ္သစ္ကူးေတာ့မွာပင္။လြင့္ေမ်ာတိမ္တိုက္ႏွင့္ ႀကိဳးၾကာ႐ိုင္းတို႔သည္ ႀကိဳးၾကာ႐ိုင္းရဲ႕ မိခင္ ျပင္ဆင္ထားေသာ ပင္လယ္စာ၊ ထမင္းကိတ္မ်ားႏွင့္ ႏွမ္းနက္ဖက္ထုပ္မ်ား အပါအဝင္ ေဒသဆိုင္ရာ အထူးအစားအစာမ်ားကို ယူေဆာင္လာခဲ့ေလသည္။ သူတို႔ႏွစ္ေယာက္က ဟိုတယ္မွာ တည္းခိုခ်င္ခဲ့ၾကေသာ္လည္း သူတို႔ႏွစ္ေယာက္စိတ္အားထက္သန္ေနတာကိုေတြ႕ေတာ့ ခ်င္ယြီကသူ႔ေနရာသို႔ဖိတ္ၾကားခဲ့ေလသည္။
ႀကိဳးၾကာ႐ိုင္းကေျပာလာခဲ့သည္။
"အာ အဲ့ဒါက အဆင္ေျပလို႔လား?မင္းတို႔နဲ႔အနီးမွာအခန္းငွားလိုက္ရင္လဲရပါတယ္"
ခ်င္ယြီက သူ႔စတီယာရင္ကို ႐ိုက္လိုက္ၿပီး ေနာက္ ေျပာင္ေျပာလာေလသည္။
"မင္း ေဟာ္တယ္အခန္းငွားခ်င္ရင္ေတာင္ မင္းသားကသေဘာမတူမွာစိုးရတယ္ေနာ္"
ႀကိဳးၾကာ႐ိုင္း: "အိုး? ဘာလို႔?"
ခ်င္ယြီ : "သူက ငါတို႔ဖက္ထုပ္ေလးနဲ႔ သက္ဆိုင္ေနၿပီေလ ငါ့သားေလး ဟုတ္တယ္ေနာ္?"
ဖက္ထုပ္ေလးကစိတ္ပိုင္းျဖတ္ထားသလိုေခါင္းၿငိမ့္လာေတာ့သည္။
"ဟုတ္တယ္ မီးအိမ္ေလးက ေပါင္ေပါင္းရဲ႕ မိန္းမ!"
မီးအိမ္ေလးသည္ ဖက္ထုပ္ေလးကိုတခ်က္ၾကည့္လိုက္ၿပီး အလ်င္အျမန္ပဲ သူ႔မ်က္ႏွာကို ႀကိဳးၾကာ႐ိုင္းလက္ထဲတြင္ဝွက္ထားခဲ့သည္။သူကျငင္းလဲမျငင္းသလို ဝန္လဲမခံခဲ့ပဲ ရွက္ေသြးျဖာကာျဖင့္ျပန္ေျဖလာခဲ့သည္။
"ပါပါး..."
လြင့္ေမ်ာတိမ္တိုက္:"..."
ႀကိဳးၾကာ႐ိုင္းကေဒါသထြက္စြာေျပာလာေတာ့သည္
"မင္းကို ဘယ္သူက လက္ထပ္ဖို႔ခြင့္ျပဳလို႔လဲ?!"
ခ်င္ယြီ: "ေကာင္းၿပီ... မီးအိမ္ေလးနဲ႔ ငါ့ဖက္ထုပ္ ေလးကိုအတူရွိေစခ်င္တယ္လို႔မင္းပဲေျပာခဲ့တာမဟုတ္ဘူးလား?"
ႀကိဳးၾကာ႐ိုင္းသည္ ဂိမ္း ထဲတြင္ အေပ်ာ္သေဘာျဖင့္ သာ ေျပာခဲ့သည္မွာ ေသခ်ာသည္ ။ ကေလးကို သူကိုယ္တိုင္ျမင္ၿပီးတာနဲ႔ေသခ်ာတာေပါ့သူခံစားရတာကကြာျခားသြားၿပီေလ။ႀကိဳးၾကာ႐ိုင္းက မီးအိမ္ေလးကို ေခၚသြားခံရမွာကိုစိုးရိမ္စြာျဖင့္ တင္းတင္းၾကပ္ၾကပ္ဖက္တြယ္ထားခဲ့သည္။
"ဒါေပမယ့္လည္းမင္းသူတို႔ကို ဒီေလာက္အေစာႀကီးအသိေပးလို႔မရဘူးေလ!မီးအိမ္ေလးက အသက္ဘယ္ႏွႏွစ္ရွိေသးတယ္ထင္လို႔လဲ? 6 လသားေလးပဲရွိေသးတယ္ကြ!ႏွလုံးသားမဲ့ မင္းကသားရဲေကာင္ပဲ!"
ခ်င္ယြီ ပခုံးတြန႔္လ်က္ အျပစ္ကင္းတဲ့ပုံစံနဲ႔
"အဲ့ဒါ ငါ့နဲ႔ ဘာဆိုင္လို႔လဲ"
ႀကိဳးၾကာ႐ိုင္း: "မင္း ဖက္ထုပ္ေလးကို ဒီလိုလုပ္ဖို႔ ဆြဲေဆာင္ခဲ့တာပဲျဖစ္ရမယ္! ဆက္ဆံေရးတစ္ခုတည္ေဆာက္ဖို႔အတြက္မီးအိမ္ေလးကိုေစာေစာယူလို႔ေတာင္ေျပာခဲ့ေလာက္ေသးတယ္!မင္းအရင္ထဲကစီစဥ္ထားတာမလား!ဘုရားေရ..ငါ့ကေလးေလး ပါပါးကမင္းကိုေစာေစာစီးစီးအိမ္ေထာင္မျပဳေစခ်င္ပါဘူး"
ခ်င္ယြီသည္ ေကာင္းကင္ကို ကူရာမဲ့စြာျဖင့္ၾကည့္ေနေတာ့သည္။ၾကည့္ရတာဂိမ္းကိုသံေယာဇဥ္တြယ္ေနတာ ဟဲက်င့္တစ္ေယာက္ထဲမဟုတ္ဘူးထင္ပါရဲ႕။
အဆုံးတြင္ေတာ့လြင့္ေမ်ာတိမ္တိုက္နဲ႔ႀကိဳးၾကာ႐ိုင္းတို႔သည္ခ်င္ယြီရဲ႕ေနရာမွာသာေနလိုက္ေတာ့သည္။ခ်င္ယြီကသူတို႔ကိုညစာကိုေဟာ္တယ္မွာဖိတ္ ေကြၽးခ်င္ခဲ့ေလသည္။ဒါေပမယ့္လြင့္ေမ်ာတိမ္တိုက္က ဂဏန္းေတြက ေလနဲ႔ထိၿပီးရင္ သိပ္မလတ္ ေတာ့ဟုဆိုကာ ဒီညတင္သူတို႔ေလးေယာက္ အၿပီးသတ္ဖို႔အႀကံေပးလာခဲ့သည္။သူတို႔ေတြေဟာ္တယ္က ဟင္းပြဲတခ်ိဳ႕မွာယူလိုက္ၿပီး ဂဏန္းကိုအိမ္မွာပဲျပင္ဆင္ခဲ့ေလသည္။သူတို႔ကေရေသနဲ႔ ကိုးခန္းမအရွင္မင္းျမတ္ကိုလည္းေခၚခဲ့ေသးသည္။
သူတို႔ ေျခာက္ေယာက္ဆုံခဲ့ၾကေလသည္။ဝိုင္ေသာက္ၿပီးေနာက္ ႀကိဳးၾကာ႐ိုင္းကေအာ္ေတာ့သည္။
"ဖက္ထုပ္ကိုျပဳတ္ဉီး! ဖက္ထုပ္အခ်ိဳ႕လည္းရွိေသးတယ္!"
ႀကိဳးၾကာ႐ိုင္းက သူ႔ကို အရွင္လတ္လတ္ ခ်က္ျပဳတ္လိုသည္ဟု ထင္သြားေသာေၾကာင့္ ဖက္ထုပ္ေလးသည္ ထိတ္လန႔္သြားေတာ့သည္ ။ သူ႔မ်က္လုံးမ်ားတြင္ ခ်က္ခ်င္းပင္ မ်က္ရည္မ်ား ျပည့္လာကာ ဝမ္းနည္းတပန္းငိုေတာ့သည္။
"ပါပါး...ပါပါး..."
ထိုသို႔တုံ႔ျပန္ပုံကိုျမင္ေသာအခါ လူအုပ္ႀကီးက ရယ္ေမာၾကေတာ့ သည္။ဟဲက်င့္ကရယ္ကာျဖင့္ရွင္းျပလာသည္။
"ပါပါးတို႔က မင္းကိုမခ်က္ပါဘူး တျခားအမ်ိဳးအစားဖက္ထုပ္ကိုေျပာတာပါ"
ထို႔ေနာက္ ဟဲက်င့္သည္ ဖက္ထုပ္ေလးကို မီးဖိုေခ်ာင္သို႔ေခၚသြားခဲ့ၿပီး သူ႔ကိုေမြးတုန္းက ဖက္ထုပ္ေလးနဲ႔တူလို႔ ဖက္ထုပ္ေလးလို႔ေခၚေၾကာင္းျပကာရွင္းျပခဲ့ေလသည္။
ေစးကပ္ေနေသာဖက္ထုပ္ျဖဴျဖဴမ်ားျဖင့္ျပည့္ေနေသာဖက္ထုပ္အိုးကို စူးစူးစိုက္စိုက္ ၾကည့္ေလသည္။ လက္လုပ္ ဖက္ထုပ္မ်ားသည္ အထူမညီဘဲ အခ်ိဳ႕မွာ ခ်က္ျပဳတ္ေနစဥ္အတြင္း ကြဲသြားေတာ့သည္။ထိုအထဲမွ နမ္းအနက္အခ်ိဳ႕ထြက္လာေတာ့သည္။ ဖက္ထုပ္ေလးသည္ စူးစမ္းလိုစိတ္ျဖင့္ ေအာ္ေတာ့သည္
"အထဲမွာ မည္းေနတယ္!"
ဟဲက်င့္: "ဟုတ္တယ္ အထဲမွာ ႏွမ္းနက္ရွိလို႔ေလ"
ဖက္ထုပ္ေလးကထပ္ေမးေလသည္။
"ေပါင္ေပါင္းရဲ႕အထဲကေရာမည္းေနတာလား?"
ဟဲက်င့္ က ရယ္ေမာလိုက္ၿပီး
"ေပါင္ေပါင္း အထဲမွာ အနက္ေရာင္ အစိတ္အပိုင္းတစ္ခုရွိတယ္ အဲ့ဒါကေပ်ာက္သြားၿပီ"
ဖက္ထုပ္ေလးသည္ စဥ္းစားကာျဖင့္
"ဒါဆိုမီးအိမ္ေလးကေရာ"
ဟဲက်င့္ :"အဲ့ဒါက မင္းနဲ႔တူတယ္ ဒါေပမယ့္ လုပ္တဲ့နည္းကေတာ့မတူဘူး ေပါင္ေပါင္းကထုတ္ရတာ မီးအိမ္ေလးကေတာ့လုံးရတာ"
ဖက္ထုပ္ေလးသည္ မ်က္ေတာင္တဖ်ပ္ဖ်ပ္ခတ္ ကာျဖင့္
"ဘာကိုဆိုလိုတာလဲဟင္?"
"မီးအိမ္ဆိုတာ အခြံမာသီးမ်ိဳးစုံေစ့အဆံ အတုံးေသးေသးေလးေတြလွီးၿပီးေတာ့ ေကာက္ညႇင္းေခါက္ဆြဲအျပည့္ထည့္ထားတဲ့ ဇလုံႀကီးထဲမွာေမႊရတာအဲ့ေနာက္ဆုံးမွာေတာ့ မင္းနဲ႔တူတဲ့ အရာတစ္ခု ရလာလိမ့္မယ္။"
ဟဲက်င့္က စိတ္ရွည္ရွည္နဲ႔ ရွင္းျပေလသည္။ ခဏအၾကာတြင္ေတာ့ ဖက္ထုပ္ေလးသည္ ဉာဏ္ရည္ထက္ျမက္ေသာ ကေလးတစ္ဦးျဖစ္ေၾကာင္း ျပန္အမွတ္ရသြားၿပီး
"ေပါင္ေပါင္းကိုယ္တိုင္ရွာၾကည့္လို႔မရဘူးလား?"
ဖက္ထုပ္ေလး: " သာမန္အေျခအေနမွာဆို ေပါင္ ေပါင္းက နားမလည္တာကို ပါပါးကို ေမးႏိုင္တယ္ ေလ"
ဟဲက်င့္ကဆြံအသြားကာျဖင့္
"မင္း အဲ့သလိုမသိသလိုမ်ိဳးဟန္ေဆာင္လို႔မရဘူး!"
ဟမ့္ သူအာ႐ုံမစိုက္မိတဲ့အခ်ိန္မွာ ဒီကေလးကသူ႔ကိုလွည့္စားေနၿပီပဲ!
ဖက္ထုပ္ေလးသည္ သူ႔လက္ေခ်ာင္းမ်ားကို ၾကည့္ ကာျဖင့္ဝမ္းနည္းစြာ တစ္ဖက္သို႔ ဆုတ္သြားေတာ့သည္။ထို႔ေနာက္မ်က္လုံးေတြမွိတ္တုတ္မွိတ္တုတ္နဲ႔ နိဂုံးခ်ဳပ္လာသည္။
"မီးအိမ္ေလးဆိုတာက ေကာက္ညႇင္းဆန္အလႊာနဲ႔ ထုပ္ထားတဲ့ အသဲေလးပဲ"
ဟဲက်င့္: "... "
ညစာစားၿပီးေနာက္ ေျခာက္ေယာက္စုၿပီး ဖဲ႐ိုက္ခဲ့ၾကသည္။ အုပ္စုက ည 11 နာရီအထိ ကစားခဲ့ေလသည္။ ထို႔ေနာက္ ေရေသနဲ႔ကိုးခန္းမကျပန္သြားေတာ့၏။
ညဘက္တြင္ ႀကိဳးၾကာ႐ိုင္း ႏွင့္ လြင့္ေမ်ာတိမ္တိုက္ သည္ ဧည့္သည္အခန္း တြင္ အိပ္ၾကသည္ ။ ေဖေဖေတြရဲ႕ခြင့္ျပဳခ်က္ရၿပီးေနာက္ မီးအိမ္ေလး သည္ အားျပန္ သြင္းရန္ အခန္းထဲသို႔ ဝင္သြားခဲ့သည္။
မီးမ်ားပိတ္ၿပီးေနာက္တြင္ လြင့္ေမ်ာတိမ္တိုက္ ႏွင့္ ႀကိဳးၾကာ႐ိုင္းတို႔သည္ တစ္ေယာက္ကိုတစ္ေယာက္ စတင္နမ္းရႈံ႕ၾကေတာ့သည္။ ဒီလို ျပင္းထန္တဲ့ ခ်စ္ျခင္းေမတၱာကို အရင္က တစ္ခါမွ မျမင္ဖူးတဲ့ မီးအိမ္ေလး ဟာ ရွက္စိတ္ေၾကာင့္ လန႔္ဖ်ပ္သြားလုနီးပါးပါပဲ။
သူ႔အေဖေတြမသိခင္မွာပဲအခန္းထဲက ခိုးထြက္ၿပီး ဖက္ထုပ္ေလးကိုရွာေတာ့ေလရဲ႕
အထီးက်န္ ဖက္ထုပ္ေလးသည္ အခန္းထဲတြင္ တစ္ေယာက္တည္း ရွိေနၿပီး မီးအိမ္ေလး ဝင္လာသည္ကို ျမင္လိုက္ရေတာ့ ေပ်ာ္႐ႊင္ေနေတာ့သည္။
"မင္းဒီကို ဘယ္လိုလုပ္ေရာက္လာတာလဲ?"
မီးအိမ္ေလးသည္ နီးကပ္လာၿပီး ကေလးႏွစ္ဦး၏ မ်က္ႏွာမ်ားသည္ အခ်င္းခ်င္း ကပ္လ်က္ရွိေနေလသည္။ သူတို႔သည္ telepathy ႏွင့္ဆက္သြယ္ေနၾကျခင္းပင္
"ပါပါးတို႔က နမ္းေနတယ္ မၾကည့္ရဲဘူး "
ဖက္ထုပ္ေလး:"ဝိုး! ဒါဆို မင္းရဲ႕ ပါပါးေတြလည္း နမ္းေနၾကတာေပါ့ တစ္ခုခုခံစားရလား?"
မီးအိမ္ေလး က ရွက္႐ြံ႕စြာျဖင့္ေခါင္းညိတ္ျပသည္
"ဟုတ္"
ဖက္ထုပ္ေလးက သူ႔မ်က္ႏွာကို ဖုံးကြယ္ကာျဖင့္
"ငါေရာပဲ ပါပါးတို႔နမ္းေနရင္ ရွက္လဲရွက္တယ္သက္ေတင့္သက္သာလဲခံစားရတယ္..."
မီးအိမ္ေလး က ရွက္႐ြံ႕စြာျဖင့္ေျပာလာခဲ့သည္။
"ငါ အြန္လိုင္းမွာရွာၾကည့္ေတာ့ အဲ့ဒါစုံတြဲေတြပဲလုပ္တာတဲ့"
ဖက္ထုပ္ေလးသည္ မီးအိမ္ေလးကိုဖက္လ်က္ ကူရွင္ေပၚသို႔ လွိမ့္ကာျဖင့္ သူ႔ပါပါးေတြကုတင္ေပၚမွာလုပ္ေနက်အေနအထားျဖင့္ မီးအိမ္ေလးကိုဖိထားခဲ့သည္။
မီးအိမ္ေလး သည္ ၎၏ CPU မီးေလာင္ေတာ့မလိုပင္ခံစားခဲ့ရၿပီးတိုးတိုးေလးေခၚလာခဲ့သည္
"ေကာ"
ဖက္ထုပ္ေလးသည္ ခ်င္ယြီနဲ႔ ဟဲက်င့္ အၿမဲေျပာေနက်စကားကို ျပန္ေအာက္ေမ့ကာ ေခါင္းငုံ႔၍မီးအိမ္ ေလးကို ကို နမ္းလိုက္ၿပီး
"ငါ့ကို ေလာင္ကုန္းလို႔ ေခၚ~" ဟု ကေလးဆန္စြာ အမိန႔္ေပးခဲ့ေတာ့သည္။
****The End****