Rebirth As Khattar (ခတ္တာအဖြစ...

By KeeLowie

974K 60.1K 1.7K

နေညိုသွေးဆိုတဲ့ကောင်လေးတစ်​ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့်... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
note*
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
🚨
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၄
အပိုင်း ၆၅
အပိုင်း ၆၇
အပိုင်း ၆၈
အပိုင်း ၆၉
အပိုင်း ၇၀
ကျေးဇူးတင်လွှာ

အပိုင်း ၆၆

12.8K 817 48
By KeeLowie

''မောင်ခတ္တာရော''

ခါတိုင်းဆက်ထင် အိမ်အပြန်နောက်ကျသည့်အခါ ဧည့်ခန်းထဲတွင်စောင့်နေတတ်သော်လည်းအခုတော့ရှိမနေသည့်အတွက် မီးလာထွန်းပေးသောဒေါ်စုံအားဆက်ထင်မေးလိုက်၏။

''အပေါ်ထပ်မယ်သူ့ရဲ့တီးတဲ့ဟာလေးပိုက်ပြီးအခုလေးတင်တက်သွားပါရဲ့သူဌေးကြီး''

''ကောင်းပြီ''

နှစ်ခြိုက်စွာပြုံးလိုက်ပြီးနောက် ဆက်ထင်အပေါ်ထပ်သို့တက်ခဲ့သည်။မောင်ခတ္တာဆီသို့ချက်ချင်းတော့မသွားသေးပါပဲ အရင်ဆုံးရေချိုးသန့်စင်၍ အဝတ်စားများလဲလိုက်၏။အာရုံတက်ခါစမနက်ပိုင်း၄နာရီလောက်ကတည်းကမြို့စွန်ဘက်ကိစ္စရှိ၍ဆင်းသွားရသည့်အတွက်အိပ်ပျော်နေသည့်ခတ္တာအားမနှုတ်ဆက်ခဲ့ရ။ရွှေစိတ်တော်ငြိုငြင်ကောင်းငြိုငြင်လောက်ပေမယ့် တစ်ခုခုဆိုဘာမှမပြောပဲငြိမ်သက်ကာတိတ်ဆိတ်သွားတတ်သည့်မောင်ခတ္တာရဲ့အကျင့်ကြောင့် စိတ်ခုနေလျှင်တောင်ဆက်ထင်သိရမည်မဟုတ်။

မသွားခင်မလာခင်တိုင်း အနမ်းပေး၍ ''ဦးထင်အန္တရယ်ကင်းအောင်''ဟုပြောပြောတတ်ပြီးလူလည်ကလေးလုပ်တတ်သေးသည့်အတွက် ဘယ်လောက်ပင်ပန်းပါစေတစ်နေ့တာဟာစိတ်ကြည်လင်စွာ။ညဘက်တိုင်းလက်အုပ်လေးချီကာကန်တော့ပြီးအိပ်ယာဝင်သည်ကိုလည်းကြည့်ရင်းအမြဲကြည်နူးရသည်။ဒါ့ကြောင့်ချစ်ရသူနှင့်ဖြတ်သန်းရသည့်နေ့ရက်တိုင်းဟာ ဆက်ထင်အတွက်မပျော်ရွှင်ရသည့်ရက်ဟူသည်မရှိ။

အိပ်ခန်းထဲမှပြန်ထွက်လာသည့်အခါ လသာဆောင်မှကြားရသည့်ဂစ်တာကြိုးလှုပ်ခပ်သံလွင်လွင်လေးအားနားထောင်ရင်းထိုနေရာအနားခြေလှမ်းတို့ဟာဦးတည်သည်။

''မောင်ခတ္တာ''

''ခဗျာ''

တီးလက်စဂစ်တာသံလေးဟာရပ်တန့်သွားပြီးဆက်ထင်ရှိရာဘက်သို့ လှမ်းကြည့်လာသည့်မျက်လုံးဝိုင်းလေးတွေမှာ ညရောင်နှင့်အတူ အရောင်တောက်ပလျက်။ဆံပင်ပျော့ပျော့လေးတွေဆီ လက်လှမ်းလိုက်ပြီးနောက် လက်ချောင်းများနှင့်ထိတွေ့သည့်အခါကောင်လေးဟာပြုံး၍ငြိမ်သက်နေသည်။

''စိတ်ဆိုးနေသလား''

''ဘာလို့လဲဗျ''

''ကျုပ်မနက်ကနှုတ်မဆက်သွားမိတာလေ''

ဆက်ထင်ပြောလိုက်သည့်စကားကြောင့်မောင်ခတ္တာရဲ့ရယ်သံလွင်လွင်လေးဟာထွက်ပေါ်လာပြီးခေါင်းခါရမ်းသည်။

''ကျွန်တော်ကကလေးမှမဟုတ်လေဦးထင်ရယ် ထိုင်ပါဦးဗျ''

သူ့အရှေ့မှကုလားထိုင်ဆီသို့ လက်ညိုးထိုးပြ၍ထိုင်စေသည့်အတွက် တွေဝေခြင်းမရှိပါပဲထိုခုံတွင်ဝင်ထိုင်လိုက်သည်။ ထိပ်ဆံပင်လေးများကိုစု၍စည်းထားပြီးခါတိုင်းလိုပင် ဒီနာနတ်သီးလူသားလေးမှာချစ်စဖွယ်လေးဖြစ်နေ၏။

မျက်နှာလေးကြည့်လိုက်ရသည်နှင့်တဖက်လူအားအေးချမ်းသွားသည်အထိ မောင်ခတ္တာမှာဆုတောင်းကောင်းလွန်းသည်။

''ဦးထင်ဂစ်တာတီးတတ်လားဗျ''

''သိပ်တော့အကျွမ်းတဝင်မရှိပါဘူး မောင်ခတ္တာ အပေါ်ထပ်ပစ္စည်းတွေတောင်ကျုပ်ဘာမှမလုပ်တတ်လို့ဒီအတိုင်းသိမ်းထားရတာ''

''ကျွန်တော်တွေ့ပြီးပါပြီဗျ အားလုံးဟောင်းပြီးနည်းနည်းပျက်စီးနေပြီ နှမြောစရာအကောင်းဆုံးက Pianoကြီး''

မျက်နှာလေးရှုံ့တွလျက်ပြောလာသည့်အခါ ဆက်ထင်ခေါင်းသာငြိမ့်နေမိသည်။

''ကျုပ်မင်းဂစ်တာတီးတာနားထောင်ချင်ပါရဲ့မောင်ခတ္တာ''

''ဗျာ''

အံ့တကြီးနှင့်ကြည့်လာပြီးနောက် မောင်ခတ္တာက ခေါင်းခါလာသည်အခါ ''ဘာလို့များလဲ''ဟုမေးလိုက်သည်။ ထိုသို့မေးလိုက်သောကြောင့် နားရွက်လေးနှစ်ဖက်ဟာအနည်းငယ်နီသွားဟန်ရှိ၍ နှုတ်ခမ်းလေးကိုဖိကိုက်ကာ။

''ကျွန်တော်ဦးထင်ရှေ့ဂစ်တာတီးရမှာတော့ရှက်လို့ဗျ''

မောင်ခတ္တာ တူရိယာတော်တော်များများကိုကျွမ်းကျင်စွာတီးတတ်သည်ကို ဆက်ထင်သိသည်။ ဘယ်လိုမျိုးတတ်မြောက်လာသည်ကိုတော့မမေးမိ မေးလိုက်သည့်အခါတိုင်းနေရခက်စွာနှင့်စကားလမ်းကြောင်းများမြန်မြန်လမ်းလွဲတတ်သည်မလို့ ထူးထူးဆန်းဆန်းရှိသော်လည်း မောင်ခတ္တာအားအတင်းအကြပ်မမေးတော့ချေ။အနီးကပ်နေသည့်အခါမှသိရသည်က မောင်ခတ္တာမသိမတတ်သည့်အရာတွေမရှိသည့်အပြင် သင်ပြလိုက်တိုင်းနားလည်တတ်မြောက်လွယ်လွန်းသည့်ဦးနှောက်ကလေးကိုတော့မချီးကျူးရမနေနိုင်။

''လူတွေအများကြီးရှေ့ သီချင်းတွေဆိုခဲ့ဖူးပေမယ့် ဦးထင်ရှေ့ကျတမျိုးပဲဗျ''

''လူတွေအများကြီးရှေ့...''

''အာ...ရွာကလူတွေပါ''

''မင်းရွာကလူတွေရှေ့တောင်ဆိုနိုင်သေးတာပဲ ကျုပ်လဲနားထောင်ချင်တာပေါ့မောင်ခတ္တာ''

ခေါင်းလေးငုံ့ကာအချိန်အတန်ကြာသည်အထိငြိမ်သက်သွား၏။တကယ်ကိုပင် အရှက်သည်းနေသည့်ပုံစံလေးနှင့်ဆက်ထင် အား တချက်ချက်မော့ကြည့်လာပြီး ခေါင်းတရမ်းရမ်းနှင့်မလို့ရယ်မောချင်စိတ်အား ထိန်းထားလိုက်ရသည်။

''ဆိုပြပါမယ် ဦးထင် ကျွန်တော်ဆိုပြတဲ့သီချင်းကထူးဆန်းကောင်းထူးဆန်းနေပါလိမ့်မယ် သီခငြျးစာသားရဲ့အဓိပ်ပါယျကတော့လေးနကျတယျဗြ''

''ကောင်းပါပြီ ကျုပ်သေချာနားထောင်နေပ့ါမယ်''

အပြုအမူတစ်ခုချင်းစီတိုင်းကိုအသေးစိတ်လိုက်ကြည့်နေမိသည်။လရောင်ကိုကျောပေးထိုင်နေသည့်ဆက်ထင်မှာ လမင်း ရှိရာဘက်မျက်နှာမူလျက်ထိုင်နေသောမောင်ခတ္တာရဲ့ကြည်လင်သည့်မျက်နှာလေးအားရှင်းလင်းစွာနှင့်မြင်တွေ့နေရ၏။

ဂစ်တာကြိုးများကိုထိလိုက်သည်နှင့် ကြိုးအသံလွင်လွင်လေးမှာ အစဥ်လိုက်ထွက်ပေါ်လာသည်အနောက် ကလေးငယ်ရဲ့ပန်းရောင်ဘက်ပြေးနေသည့်ရှည်သွယ်သောလက်ချောင်းသွယ်သွယ်တို့မှာ လှပစွာနှင့်လှုပ်ရှားနေသည်။

''ကြယ်စင်တွေ ခရီးထွက်သွားတဲ့
မှောင်မိုက်ခြင်း နဲ့ ည

တယောက်တည်း ကိုယ့်ဘဝမှာ သူ့အလင်း
လေပြေငယ်တိုက်ခတ်ရင်းနဲ့

ညခင်းတခုရဲ့ အလှ
သူဖြည့်ဆည်းပေးမှသာ ပြည့်လိမ့်မယ်''

သာယာစွာထွက်ပေါ်လာသည့်ချိုသာလွန်းသောအသံလေးမှာနှလုံးသားကိုဖြည်းဖြည်းချင်းရိုက်ခတ်လာသည်။ကလေးငယ်ရဲ့မျက်ဝန်းလေးတွေဟာ ဆက်ထင်ရဲ့မျက်ဝန်းများဆီမှမဖယ်ခွာသွားပါပဲ လေးနက်စွာနှင့်ကြည့်လာ၏။

''နေရောင်ခြည်တောက်ပဦးမှ
ဒီဘဝ သိပ်လှမယ်

အပြင်မှာ တိမ်မဲမိုးသားတို့ ဖျက်ဆီး
သူလာရင်နွေးထွေးခြင်းနဲ့
သူ့အလင်းမျှလိမ့်မယ်

ကိုယ်ဟာ တယောက်တည်း
လောက အလယ်ပြည့်စုံပြီ''

မရင်းနှီးသည့်သံစဥ်မျိုးဖြစ်ပါသော်လည်း ကလေးငယ်ဆိုနေသည့်သီချင်းရဲ့အဓိပ္ပါယ်ဟာ ကြိုပြီးအသိပေးထားသည့်အတိုင်းလေးနက်သည့်အဓိပ္ပါယ်များကိုဆောင်သည်။ အလွန်အမင်းနားထောင်၍ကောင်းပါသော ဂစ်တာသံစဥ်များဟာလည်း ကလေးငယ်ရဲ့လက်ကလေးတွေခေါ်ဆောင်ရာနောက်သို့လိုက်နေကြ၏။

''သူ့အချစ်က သိပ်လိုတယ်
အားနည်းချက်များကို
အရာရာ ဖြည့်ဆည်းဖို့

လူ့ဘဝက သိပ်တိုတယ်
အားလုံးတော့ မပြည့်စုံနိုင်

အချစ်စစ်ဟာ သူပေးတဲ့ အချစ်ရဲ့ သဘော
လူ့ဘဝက သိပ်တိုတယ်

အားလုံးတော့ မပြည့်စုံနိုင်
အချစ်စစ်ဟာ သူပေးတဲ့ အချစ်ရဲ့ သဘော''

ဆက်ထင်ရဲ့အကြားအာရုံဟာ ခတ္တာရဲ့နှုတ်ဖျားတွေဆီမှထွက်လာသည့်သီဆိုသံနှင့် ဂစ်တာရဲ့သံစဥ်တွေကြားအာရုံစူးစိုက်စွာနှင့် ရှိနေမိသည်။

''ဟိုးတုန်းက အမှောင်ညများ
ဟိုးတုန်းက အမှောင်နေ့များ
အထီးကျန်တာမေ့ထားဖို့သူဖြည့်ပေး
ကိုယ့်အတွက်တော့ သူ့ဟာ အချိုဆုံးတေး
သိမ်ငယ်စရာ ပြန်မာန်တင်းပေး

သူ့အချစ်က သိပ်လိုတယ်
အားနည်းချက်များကို အနားသတ်ပေးသူ

လူ့ဘဝက သိပ်တိုတယ်
အားလုံးမရ စိတ်ဓာတ်ကျ
အချစ်စစ်ဟာ သူပေးတဲ့ အချစ်ရဲ့ သဘော

လူ့ဘဝက သိပ်တိုတယ်
အားလုံးမရ စိတ်ဓာတ်ကျ
အချစ်စစ်ဟာ သူပေးတဲ့ အချစ်ရဲ့ သဘော''

သိပ်လှလွန်းသည့်မြင်ကွင်းလေးနှင့်အတူ သာယာသောသီဆိုသံတို့မှာအသက်ရှုဖို့ရာမေ့သည်အထိဆွဲဆောင်လွန်းနိုင်သည်။ထို့နောက်သံစဥ်ကိုပြီးဆုံးသည်အထိ ဂစ်တာလေးကိုရင်ဝယ်ပိုက်ကာ တစိုက်မတ်မတ်တီးခတ်လာသည့်နောက် လက်ချောင်းလေးများရဲ့လှုပ်ရှားမှုတို့ဟာရပ်တန့်သွားသည့်တိုင် နှမြောတသစွာနှင့်ထပ်၍ကြားချင်မိသည်။ လက်ထဲမှဂစ်တာကိုဘေးသို့ချလိုက်ပြီးနောက် ဆက်ထင်ထိုင်နေသည့်အနီးအနားထိတစ်လှမ်းချင်းလှမ်းလာ၍ ဆက်ထင်ပေါ်သို့ခန္ဓာကိုယ်သေးသေးလေးဟာလျင်မြန်စွာရောက်လာ၏။ ထို့နောက်တင်းကြပ်စွာ ဖက်ထားပြီး တိုးညင်းစွာပြောလာခဲ့သည်။

''အများကြီးမပြောတတ်ပေမယ့် ဦးထင်ကိုကျွန်တော်အရမ်းချစ်တယ်အဲ့ဒီသီချင်းလေးရဲ့စာသားတွေလိုဦးထင်က ကျွန်တော့်တွက်အဓိပ္ပါယ်ရှိတယ် သိရဲ့လားဗျ''

''တစ်လုံးချင်းစီတိုင်းကျုပ်သေချာနားထောင်လိုက်ရပါတယ်မောင်ခတ္တာ''

လည်ပင်းအနားဆီသို့ခပ်ဖွဖွထိတွေ့လာသည့် နှုတ်ခမ်းတို့နှင့် ခပ်နွေးနွေးဝင်လေထွက်လေတို့အားခံစားမိသည်။

''ဦးထင်က ကျွန်တော့်အတွက်သစ်ပင်တစ်ပင်လိုပါပဲ ကြမ်းတမ်းတဲ့ခရီးရှည်တွေကိုကျော်ဖြတ်လာတဲ့ ဒဏ်ရာရနေတဲ့ငှက်ကလေးတစ်ကောင်ကို ခိုနားခွင့်ပေးတဲ့အပြင် ရနေတဲ့ဒဏ်ရာတွေကိုလည်းကုစားပေးတယ်''

တသိမ့်သိမ့်တုန်လှုပ်လာသည့်ကိုယ်လေးကြောင့် အမိန့်ပေးစေခိုင်းစရာမလိုသောလက်များဟာကျောပြင်ငယ်ကိုခပ်ဖွဖွလေးပွတ်သပ်ကာနှစ်သိမ့်ပေးမိသည်။

''မပြည့်စုံတဲ့ကျွန်တော့်ကို ဦးထင်ဘဝထဲကိုခေါ်ခဲ့ပေးလို့ကျေးဇူးတင်ပါတယ်''

ညလေခပ်အေးအေးဟာ နှစ်ယောက်လုံးစီသို့ တိုးဝှေ့ဝင်ရောက်လာသည့်နောက် ပို၍တင်းကြပ်စွာဖက်ထားပေးမိ၏။ လရောင်အောက်တွင် ဝမ်းနည်းငိုကြွေး နေသည့် ကလေးငယ်လေးတစ်ယောက်နှင့် ထွေးပွေ့ကာနှစ်သိမ့်ပေးနေသူတစ်ယောက် အချိန်အတန်ကြာသည်အထိ အတူတကွရှိနေကြလေသည်။

(ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)

ပြည်ပမှဝင်လာသည့်ကုန်ကြမ်းတွေကိုကြည့်ရင်းနှင့် ကျေနပ်ပီတိဖြစ်နေရသည်။အကောင်းဆုံးသောအရည်သွေးမှီပစ္စည်းများကိုသာထုတ်ချင်သည့်ကုန်ကြမ်းတွေကိုလည်းတန်ဖိုးကြီးပေးကာတင်သွင်း၏။ပေးရသည့်ငွေနှင့်နည်းတူ ကောင်းမွန်သည့် ကုန်ကြမ်းများပစ္စည်းများကြောင့် ငွေပိုကုန်ရကျိုးနပ်သည့်ဟုထင်မိသည်။

''ဘယ်လိုသဘောရလဲသူဌေးမင်း''

''သိပ်ကောင်းပါပေ့ ဧရာ နောက်များလဲဒီအတိုင်းသာမြင်ချင်ရဲ့''

''ကျုပ်တို့မယ် စိတ်ပူနေရတာ ရုပ်ထွက်ဆိုးလာမှာစိုးလို့ သူဌေးမင်းအကြိုက်တွေ့လို့တော်ပါသေးရဲ့''

ဆက်ထင်ခေါင်းတငြိမ့်ငြိမ့် ဂိုထောင်အတွင်းလိုက်ပတ်ကြည့်နေမိသည်။လွန်ခဲ့သောလများက စီစဥ်ခဲ့သည့်ဂိုထောင်၃လုံးစလုံးအတည်တကျဆောက်လုပ်ပြီးဖြစ်၏။ကုန်ကြမ်းပစ္စည်းများပြည်ပသင်္ဘောကပ်သည့်အခါထားသိုရန်နေရာရသလို အရင်ကလိုပစ္စည်းပြတ်လပ်ခြင်းစိတ်ပူစရာမလိုအပ်ပဲ အရေအတွက်များများသိုလှောင်ထားသည်မလို့ တပူအေးသွားရပြီဖြစ်သည်။

''မျိုးဆက်ထင်!"

ရုတ်တရက်အနောက်ကထွက်လာသည့်အသံကြောင့်ကုန်ကြမ်းတွေဆီမှအာရုံများဟာ အသံလာရာဘက်သို့ရောက်သွား၏။

''ကျုပ်တို့ခွင့်ပြုပါဦး''

ဧရာနှင့်ကုန်သည်များဟာရှောင်ပေးသလိုနှင့်ထွက်သွားကြသည့်တွက် ထိုနေရာတွင်နှစ်ယောက်တည်းသာကျန်ခဲ့သည်။

''မင်းသိပ်ပျော်ရွှင်နေပုံပဲ''

စိုင်းသိဒ္ဓိပြောလာသည့်စကားကြောင့်မျက်ခုံးများပင့်သွားသလိုနှင့် နှုတ်ခမ်းတစ်ဖက်ကော့ညွှတ်ကွေးသွား၏။

''မင်းထင်ထားတာထပ်အဆပေါင်းတစ်ထောင်မကပေါ့''

''ချာတိတ်ကိုအစကတည်းကသိမ်းပိုက်ဖို့မင်းမှာအစီစဥ်ရှိနေတာပဲ''

''ဒီလိုပဲဖြစ်သွားရဲ့''

ဆက်ထင် ရယ်မောပြောလိုက်သော်လည်း စိုင်းသိဒ္ဓိရဲ့မျက်နှာဟာ တည်တင်းလျက် နားထင်ကြောများပင်ထောင်သည်အထိ ဒေါသထွက်နေဟန်ဖြစ်သည်မလို့ အနိုင်ရသူသဖွယ် ကြည့်နေမိသည်။

''ငါ့ကိုအဆုံးထိဆွဲချခဲ့တဲ့မင်းကိုတသက်မကျေလေဘူးမျိုးဆက်ထင်''

''ဒါဖြင့်အစကတည်းက ကိုယ့်နေရာကိုယ်သိသင့်တာပေါ့ စိုင်းသိဒ္ဓိ အခုတော့ ငါတို့ဘဝကိုလှမ်းမကြည့်ပဲ မင့်ဘဝသာအရင်ရုန်းကန်ချေဦး''

စိုင်းသိဒ္ဓိရဲ့ပုခုံးကိုခပ်ဖွဖွပုတ်လျက်ပြုံး၍ပြောလိုက်ပြီးနောက် နေရာမှထွက်သွားဟန်ပြင်လိုက်စဥ် တစ်စုံတစ်ခုကိုသတိရသွားသောကြောင့်စိုင်းသိဒ္ဓိဘက်ပြန်လှည့်လိုက်ပြီး။

''သဘက်ခါ ငါတို့ရဲ့မင်္ဂလာပွဲနှစ်လပြည့်တဲ့နေ့ ထမင်းစားဖိတ်ပါရဲ့ စိတ်ဆန္ဒရှိရင်လာခဲ့ချေ''

''မင်း....''

ဆက်ထင်ကျောခိုင်းကာလှည့်ထွက်ခဲ့၏။ရန်ကိုရန်ချင်းမတုန့်ပြန်သည်ကအကောင်းဆုံးဖြစ်လောက်မည်ဟုထင်မိသည်။တုန့်ပြန်မှုလည်းကြီးကြီးမားမားပေးခဲ့ပြီးပြီဖြစ်သလို စိုင်းသိဒ္ဓိအတော်လေးအထိနာသည်ကိုလည်းဆက်ထင်သိခဲ့ရပြီးပြီမလို့ ဒီလောက်နဲ့တင်လုံလောက်ပြီဖြစ်၏။ထပ်၍ဘယ်သူနဲ့မှအမုန်းမပွားနိုင်သလို အေးချမ်းသည့်ဘဝနှင့်သာနေသွားချင်သည်။

''မောင်ရင် ပြန်ရအောင်''

ဒရိုင်ဘာကိုပြောလိုက်သည်နောက် ဆက်ထင်အိမ်သို့ပြန်လာခဲ့လိုက်သည်။မြို့ဝန်အသစ်ကတွေ့ချင်သည်ဟုပြောထားပါသော်လည်း လတ်တလောမအားလပ်သည်မလို့ဆက်ထင်ငြင်းထားရ၏။သို့သော်လည်းမတွေ့လို့လည်းမဖြစ် ကင်းရာကင်းကြောင်း မရှိလို့မရသည့်သူတွေမဟုတ်သည့်အတွက် ဒီလိုပဲအလိုက်ထိုက်တော့နေရန်စဥ်းစားထားသည်။

အိမ်သို့ရောက်သည့်အခါ ကားပေါ်ကဆင်းဆင်းချင်းဒေါ်စုံကအနောက်ဘက်ကနေဆက်ထင်အားမြင်သည့်အတွက်အပြေးရောက်လာပြီးနောက်။

''သူဌေးကြီး...''

''ပြော ဒေါ်စုံ''

''လူလေးအတာ ထမင်းသိပ်မစားတာနှစ်ရက်လောက်ရှိပါရဲ့ မျက်နှာလေးလဲကျသွားပြီးဖြူရော်ရော်နဲ့ သူဌေးကြီးထမင်းချော့ကျွေးပါဦးလား''

''နေများမကောင်းသလား ဒေါ်စုံ''

''ကျုပ်လဲမသိဘူး အတာကထမင်းသိပ်မက်တဲ့ကလေးခုများထမင်းမြင်တာနဲ့ကိုနှာတရှုံ့ရှုံ့နဲ့လုပ်နေတာပါသူဌေးကြီးရယ်အခုလဲသူ့သူငယ်ချင်းဆီကပြန်လာပြီးအပေါ်တက်သွားရဲ့ ထမင်းခေါ်ကျွေးတာမစားချင်ဘူးပြောပါရဲ့သူဌေးကြီး''

စိုးရိမ်စိတ်နဲ့အတူ ဆက်ထင်မျက်ခုံးများစုကျုံ့သွားရသည်။ဒီရက်ပိုင်းတွင်း ငြိမ်နေသည်ကိုသတိထားမိပေမယ့် မစားမသောက်နဲ့ဖြစ်နေသည်ကိုတော့ဆက်ထင်မသိရ။အလုပ်ကလည်းဒီလမှသာများပြားလွန်းနေသည့်အတွက် မောင်ခတ္တာနှင့်စကား၅မိနစ်ပြည့်အောင်ပင်မပြောနိုင် အနားလဲသိပ်မကပ်ဖြစ်လာသည်မလို့ တွေးရင်းသက်ပြင်းချလိုက်မိသည်။

''ထမင်းပွဲပြင်ထားလိုက်ပါ ကျုပ်ချော့ခေါ်လာပါ့မယ်''

''ကောင်းပါပြီသူဌေးကြီး''

အိမ်ထဲသို့ဝင်လာခဲ့နောက် အပေါ်ထပ်သို့တက်လာခဲ့သည်။ အမြဲထိုင်နေကျလသာဆောင်ဘက်သို့လှမ်းကြည့်သည့်အခါမတွေ့ရသည့်အတွက် စာကြည့်ခန်းတံခါးကိုဖွင့်ကာကြည့်လိုက်၏။ စာကြည့်ခန်းထဲမှာလဲမရှိသည့်အတွက် အိပ်ခန်းဘက်ကိုလျှောက်သွားလိုက်ပြီး အိပ်ခန်းထဲကြည့်လိုက်သည့်အခါတွက် သူ့ရဲ့ကြောင်အားပေါင်ပေါ်သို့တင်၍ကြမ်းပြင်တွင်ထိုင်နေသည်။

''ခတ္တာ''

ဆက်ထင်ဘက်သို့တချက်မျှသာလှမ်းကြည့်ပြီးနောက်ပြန်၍မျက်နှာလွှဲသွား၏။ဒါမောင်ခတ္တာပုံစံမဟုတ် ဘယ်လိုများဖြစ်ရသည်လဲ မသိ စိုးရိမ်စိတ်နှင့်လက်ထဲကကိုင်ထားသည့်အိတ်ကို စားပွဲပေါ်သို့တင်၍အနားသို့လျှောက်သွားသည်။

''မောင်ခတ္တာ''

''ဟင်...''

ဆက်ထင်အား အားမရှိသည့်မျက်ဝန်းတွေနှင့်ကြည့်လာပြီး မျက်နှာအသွင်ကလည်းဖြူရော်နေသည်။

''မောင်ခတ္တာနေမကောင်းဖြစ်နေသလားဟမ်''

''မဖြစ်ပါဘူးဦးထင်''

''ဒါဖြင့်ဘာလို့မစားမသောက်နဲ့ဒီလိုငြိမ်ကုတ်နေရသလဲ''

''ကျွန်တော်မှမစားချင်တာပဲဗျာ''

ဆောင့်အောင့်ပြောလာသည်အတွက် ဆက်ထင်မျက်ခုံးများပင်စုကျုံ့သွားရသည်။

''ဘယ်လိုလေသံနဲ့ပြောလိုက်သလဲ ဘာလို့စိတ်ဆတ်နေသလဲမောင်ခတ္တာ မင်းကျန်းမာရေးအတွက်ပြောနေတာကွ မျက်နှာကိုကြည့်စမ်းပါဦးဖြူရော်ရော်နဲ့''

ဆက်ထင်ပြောလိုက်သည့်အခါသက်ပြင်းတချက်ချလိုက်ပြီးပေါင်ပေါ်မှကြောင်ကလေးအားအောက်သို့ချလိုက်ကာမောင်ခတ္တာသည် ဆတ်ခနဲမတ်တပ်လိုက်၏။

''အာ့...''

ရုတ်တရက်ခေါင်းကိုဖိနှိပ်ရင်းဒူးထောက်ကာလဲကျသွားသည်မလို့ စိုးရိမ်တကြီးနှင့်မောင်ခတ္တာအနားဆီသို့ရောက်သွားရပြီးလဲကျသွားသည့်ခတ္တာအားပုခုံးမှကိုင်ထိန်းထားရသည်။

''ကလေးငယ်ဘာဖြစ်သလဲ'

''မူး...မူးတယ် ဦးထင်''

ပြောရင်းနှင့် နှုတ်ခမ်းများပင်သွေးမရှိတော့သလိုဖြူရော်လာသည်မလို့ဆက်ထင်ချွေးများပင်ပျံလာရသည်။ခတ္တာမှာဆက်ထင်ရဲ့အင်္ကျီစကိုတင်းကျပ်စွာဆွဲကိုင်ထားပြီး မျက်လုံးများကိုမှိတ်ထား၏။

''ထလိုက်ပါ ကလေးငယ် ကျုပ်အခုဆရာဝန်ခေါ်ပေးမယ်''

ခေါင်းငြိမ့်ပြလာပြီးနောက်ပုခုံးမှဆွဲကိုင်ထားသည့်ဆက်ထင်ရဲ့လက်မောင်းအားပြုကာ ထစေ၏။မတ်တပ်မရသေးခင် ခတ္တာရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာပျော့ခွေကျသွား၍ မူးလဲသွားသည်မလို့ ဆက်ထင်ကိုယ်တိုင်ပင်မျက်လုံးများပြာသွားပြီးလန့်သွားရသော်လည်းအလျင်အမြန်ထိန်းလိုက်ရသည်။

''ခတ္တာ!''

Zaw Gyi

''ေမာင္ခတၱာေရာ''

ခါတိုင္းဆက္ထင္ အိမ္အျပန္ေနာက္က်သည့္အခါ ဧည့္ခန္းထဲတြင္ေစာင့္ေနတတ္ေသာ္လည္းအခုေတာ့ရွိမေနသည့္အတြက္ မီးလာထြန္းေပးေသာေဒၚစုံအားဆက္ထင္ေမးလိုက္၏။

''အေပၚထပ္မယ္သူ႕ရဲ႕တီးတဲ့ဟာေလးပိုက္ၿပီးအခုေလးတင္တက္သြားပါရဲ႕သူေဌးႀကီး''

''ေကာင္းၿပီ''

ႏွစ္ၿခိဳက္စြာၿပဳံးလိုက္ၿပီးေနာက္ ဆက္ထင္အေပၚထပ္သို႔တက္ခဲ့သည္။ေမာင္ခတၱာဆီသို႔ခ်က္ခ်င္းေတာ့မသြားေသးပါပဲ အရင္ဆုံးေရခ်ိဳးသန့္စင္၍ အဝတ္စားမ်ားလဲလိုက္၏။အာ႐ုံတက္ခါစမနက္ပိုင္း၄နာရီေလာက္ကတည္းကၿမိဳ႕စြန္ဘက္ကိစၥရွိ၍ဆင္းသြားရသည့္အတြက္အိပ္ေပ်ာ္ေနသည့္ခတၱာအားမႏႈတ္ဆက္ခဲ့ရ။ေ႐ႊစိတ္ေတာ္ၿငိဳျငင္ေကာင္းၿငိဳျငင္ေလာက္ေပမယ့္ တစ္ခုခုဆိုဘာမွမေျပာပဲၿငိမ္သက္ကာတိတ္ဆိတ္သြားတတ္သည့္ေမာင္ခတၱာရဲ႕အက်င့္ေၾကာင့္ စိတ္ခုေနလွ်င္ေတာင္ဆက္ထင္သိရမည္မဟုတ္။

မသြားခင္မလာခင္တိုင္း အနမ္းေပး၍ ''ဦးထင္အႏၱရယ္ကင္းေအာင္''ဟုေျပာေျပာတတ္ၿပီးလူလည္ကေလးလုပ္တတ္ေသးသည့္အတြက္ ဘယ္ေလာက္ပင္ပန္းပါေစတစ္ေန႕တာဟာစိတ္ၾကည္လင္စြာ။ညဘက္တိုင္းလက္အုပ္ေလးခ်ီကာကန္ေတာ့ၿပီးအိပ္ယာဝင္သည္ကိုလည္းၾကည့္ရင္းအၿမဲၾကည္ႏူးရသည္။ဒါ့ေၾကာင့္ခ်စ္ရသူႏွင့္ျဖတ္သန္းရသည့္ေန႕ရက္တိုင္းဟာ ဆက္ထင္အတြက္မေပ်ာ္႐ႊင္ရသည့္ရက္ဟူသည္မရွိ။

အိပ္ခန္းထဲမွျပန္ထြက္လာသည့္အခါ လသာေဆာင္မွၾကားရသည့္ဂစ္တာႀကိဳးလႈပ္ခပ္သံလြင္လြင္ေလးအားနားေထာင္ရင္းထိုေနရာအနားေျခလွမ္းတို႔ဟာဦးတည္သည္။

''ေမာင္ခတၱာ''

''ခဗ်ာ''

တီးလက္စဂစ္တာသံေလးဟာရပ္တန့္သြားၿပီးဆက္ထင္ရွိရာဘက္သို႔ လွမ္းၾကည့္လာသည့္မ်က္လုံးဝိုင္းေလးေတြမွာ ညေရာင္ႏွင့္အတူ အေရာင္ေတာက္ပလ်က္။ဆံပင္ေပ်ာ့ေပ်ာ့ေလးေတြဆီ လက္လွမ္းလိုက္ၿပီးေနာက္ လက္ေခ်ာင္းမ်ားႏွင့္ထိေတြ႕သည့္အခါေကာင္ေလးဟာၿပဳံး၍ၿငိမ္သက္ေနသည္။

''စိတ္ဆိုးေနသလား''

''ဘာလို႔လဲဗ်''

''က်ဳပ္မနက္ကႏႈတ္မဆက္သြားမိတာေလ''

ဆက္ထင္ေျပာလိုက္သည့္စကားေၾကာင့္ေမာင္ခတၱာရဲ႕ရယ္သံလြင္လြင္ေလးဟာထြက္ေပၚလာၿပီးေခါင္းခါရမ္းသည္။

''ကြၽန္ေတာ္ကကေလးမွမဟုတ္ေလဦးထင္ရယ္ ထိုင္ပါဦးဗ်''

သူ႕အေရွ႕မွကုလားထိုင္ဆီသို႔ လက္ညိုးထိုးျပ၍ထိုင္ေစသည့္အတြက္ ေတြေဝျခင္းမရွိပါပဲထိုခုံတြင္ဝင္ထိုင္လိုက္သည္။ ထိပ္ဆံပင္ေလးမ်ားကိုစု၍စည္းထားၿပီးခါတိုင္းလိုပင္ ဒီနာနတ္သီးလူသားေလးမွာခ်စ္စဖြယ္ေလးျဖစ္ေန၏။

မ်က္ႏွာေလးၾကည့္လိုက္ရသည္ႏွင့္တဖက္လူအားေအးခ်မ္းသြားသည္အထိ ေမာင္ခတၱာမွာဆုေတာင္းေကာင္းလြန္းသည္။

''ဦးထင္ဂစ္တာတီးတတ္လားဗ်''

''သိပ္ေတာ့အကြၽမ္းတဝင္မရွိပါဘူး ေမာင္ခတၱာ အေပၚထပ္ပစၥည္းေတြေတာင္က်ဳပ္ဘာမွမလုပ္တတ္လို႔ဒီအတိုင္းသိမ္းထားရတာ''

''ကြၽန္ေတာ္ေတြ႕ၿပီးပါၿပီဗ် အားလုံးေဟာင္းၿပီးနည္းနည္းပ်က္စီးေနၿပီ ႏွေျမာစရာအေကာင္းဆုံးက Pianoႀကီး''

မ်က္ႏွာေလးရႈံ႕တြလ်က္ေျပာလာသည့္အခါ ဆက္ထင္ေခါင္းသာၿငိမ့္ေနမိသည္။

''က်ဳပ္မင္းဂစ္တာတီးတာနားေထာင္ခ်င္ပါရဲ႕ေမာင္ခတၱာ''

''ဗ်ာ''

အံ့တႀကီးႏွင့္ၾကည့္လာၿပီးေနာက္ ေမာင္ခတၱာက ေခါင္းခါလာသည္အခါ ''ဘာလို႔မ်ားလဲ''ဟုေမးလိုက္သည္။ ထိုသို႔ေမးလိုက္ေသာေၾကာင့္ နား႐ြက္ေလးႏွစ္ဖက္ဟာအနည္းငယ္နီသြားဟန္ရွိ၍ ႏႈတ္ခမ္းေလးကိုဖိကိုက္ကာ။

''ကြၽန္ေတာ္ဦးထင္ေရွ႕ဂစ္တာတီးရမွာေတာ့ရွက္လို႔ဗ်''

ေမာင္ခတၱာ တူရိယာေတာ္ေတာ္မ်ားမ်ားကိုကြၽမ္းက်င္စြာတီးတတ္သည္ကို ဆက္ထင္သိသည္။ ဘယ္လိုမ်ိဳးတတ္ေျမာက္လာသည္ကိုေတာ့မေမးမိ ေမးလိုက္သည့္အခါတိုင္းေနရခက္စြာႏွင့္စကားလမ္းေၾကာင္းမ်ားျမန္ျမန္လမ္းလြဲတတ္သည္မလို႔ ထူးထူးဆန္းဆန္းရွိေသာ္လည္း ေမာင္ခတၱာအားအတင္းအၾကပ္မေမးေတာ့ေခ်။အနီးကပ္ေနသည့္အခါမွသိရသည္က ေမာင္ခတၱာမသိမတတ္သည့္အရာေတြမရွိသည့္အျပင္ သင္ျပလိုက္တိုင္းနားလည္တတ္ေျမာက္လြယ္လြန္းသည့္ဦးႏွောက္ကေလးကိုေတာ့မခ်ီးက်ဴးရမေနနိုင္။

''လူေတြအမ်ားႀကီးေရွ႕ သီခ်င္းေတြဆိုခဲ့ဖူးေပမယ့္ ဦးထင္ေရွ႕က်တမ်ိဳးပဲဗ်''

''လူေတြအမ်ားႀကီးေရွ႕...''

''အာ...႐ြာကလူေတြပါ''

''မင္း႐ြာကလူေတြေရွ႕ေတာင္ဆိုနိုင္ေသးတာပဲ က်ဳပ္လဲနားေထာင္ခ်င္တာေပါ့ေမာင္ခတၱာ''

ေခါင္းေလးငုံ႕ကာအခ်ိန္အတန္ၾကာသည္အထိၿငိမ္သက္သြား၏။တကယ္ကိုပင္ အရွက္သည္းေနသည့္ပုံစံေလးႏွင့္ဆက္ထင္ အား တခ်က္ခ်က္ေမာ့ၾကည့္လာၿပီး ေခါင္းတရမ္းရမ္းႏွင့္မလို႔ရယ္ေမာခ်င္စိတ္အား ထိန္းထားလိုက္ရသည္။

''ဆိုျပပါမယ္ ဦးထင္ ကြၽန္ေတာ္ဆိုျပတဲ့သီခ်င္းကထူးဆန္းေကာင္းထူးဆန္းေနပါလိမ့္မယ္ သီချင်းစာသားရဲ႕အဓိပ္ပါယ်ကေတာ့ေလးနက်တယ်ျဗ''

''ေကာင္းပါၿပီ က်ဳပ္ေသခ်ာနားေထာင္ေနပ့ါမယ္''

အျပဳအမူတစ္ခုခ်င္းစီတိုင္းကိုအေသးစိတ္လိုက္ၾကည့္ေနမိသည္။လေရာင္ကိုေက်ာေပးထိုင္ေနသည့္ဆက္ထင္မွာ လမင္း ရွိရာဘက္မ်က္ႏွာမူလ်က္ထိုင္ေနေသာေမာင္ခတၱာရဲ႕ၾကည္လင္သည့္မ်က္ႏွာေလးအားရွင္းလင္းစြာႏွင့္ျမင္ေတြ႕ေနရ၏။

ဂစ္တာႀကိဳးမ်ားကိုထိလိုက္သည္ႏွင့္ ႀကိဳးအသံလြင္လြင္ေလးမွာ အစဥ္လိုက္ထြက္ေပၚလာသည္အေနာက္ ကေလးငယ္ရဲ႕ပန္းေရာင္ဘက္ေျပးေနသည့္ရွည္သြယ္ေသာလက္ေခ်ာင္းသြယ္သြယ္တို႔မွာ လွပစြာႏွင့္လႈပ္ရွားေနသည္။

''ၾကယ္စင္ေတြ ခရီးထြက္သြားတဲ့
ေမွာင္မိုက္ျခင္း နဲ႕ ည

တေယာက္တည္း ကိုယ့္ဘဝမွာ သူ႕အလင္း
ေလေျပငယ္တိုက္ခတ္ရင္းနဲ႕

ညခင္းတခုရဲ႕ အလွ
သူျဖည့္ဆည္းေပးမွသာ ျပည့္လိမ့္မယ္''

သာယာစြာထြက္ေပၚလာသည့္ခ်ိဳသာလြန္းေသာအသံေလးမွာႏွလုံးသားကိုျဖည္းျဖည္းခ်င္းရိုက္ခတ္လာသည္။ကေလးငယ္ရဲ႕မ်က္ဝန္းေလးေတြဟာ ဆက္ထင္ရဲ႕မ်က္ဝန္းမ်ားဆီမွမဖယ္ခြာသြားပါပဲ ေလးနက္စြာႏွင့္ၾကည့္လာ၏။

''ေနေရာင္ျခည္ေတာက္ပဦးမွ
ဒီဘဝ သိပ္လွမယ္

အျပင္မွာ တိမ္မဲမိုးသားတို႔ ဖ်က္ဆီး
သူလာရင္ႏြေးေထြးျခင္းနဲ႕
သူ႕အလင္းမွ်လိမ့္မယ္

ကိုယ္ဟာ တေယာက္တည္း
ေလာက အလယ္ျပည့္စုံၿပီ''

မရင္းႏွီးသည့္သံစဥ္မ်ိဳးျဖစ္ပါေသာ္လည္း ကေလးငယ်ဆိဳနေသည့်သီချင်းရဲ႕အဓိပ္ပါယ်ဟာ ကြိုပြီးအသိေပးထားသည့်အတိုင်းေလးနက်သည့်အဓိပ္ပါယ်ျမားကိုေဆာင်သည်။ အလြန္အမင္းနားေထာင္၍ေကာင္းပါေသာ ဂစ္တာသံစဥ္မ်ားဟာလည္း ကေလးငယ္ရဲ႕လက္ကေလးေတြေခၚေဆာင္ရာေနာက္သို႔လိုက္ေနၾက၏။

''သူ႕အခ်စ္က သိပ္လိုတယ္
အားနည္းခ်က္မ်ားကို
အရာရာ ျဖည့္ဆည္းဖို႔

လူ႕ဘဝက သိပ္တိုတယ္
အားလုံးေတာ့ မျပည့္စုံနိုင္

အခ်စ္စစ္ဟာ သူေပးတဲ့ အခ်စ္ရဲ႕ သေဘာ
လူ႕ဘဝက သိပ္တိုတယ္

အားလုံးေတာ့ မျပည့္စုံနိုင္
အခ်စ္စစ္ဟာ သူေပးတဲ့ အခ်စ္ရဲ႕ သေဘာ''

ဆက္ထင္ရဲ႕အၾကားအာ႐ုံဟာ ခတၱာရဲ႕ႏႈတ္ဖ်ားေတြဆီမွထြက္လာသည့္သီဆိုသံႏွင့္ ဂစ္တာရဲ႕သံစဥ္ေတြၾကားအာ႐ုံစူးစိုက္စြာႏွင့္ ရွိေနမိသည္။

''ဟိုးတုန္းက အေမွာင္ညမ်ား
ဟိုးတုန္းက အေမွာင္ေန႕မ်ား
အထီးက်န္တာေမ့ထားဖို႔သူျဖည့္ေပး
ကိုယ့္အတြက္ေတာ့ သူ႕ဟာ အခ်ိဳဆုံးေတး
သိမ္ငယ္စရာ ျပန္မာန္တင္းေပး

သူ႕အခ်စ္က သိပ္လိုတယ္
အားနည္းခ်က္မ်ားကို အနားသတ္ေပးသူ

လူ႕ဘဝက သိပ္တိုတယ္
အားလုံးမရ စိတ္ဓာတ္က်
အခ်စ္စစ္ဟာ သူေပးတဲ့ အခ်စ္ရဲ႕ သေဘာ

လူ႕ဘဝက သိပ္တိုတယ္
အားလုံးမရ စိတ္ဓာတ္က်
အခ်စ္စစ္ဟာ သူေပးတဲ့ အခ်စ္ရဲ႕ သေဘာ''

သိပ္လွလြန္းသည့္ျမင္ကြင္းေလးႏွင့္အတူ သာယာေသာသီဆိုသံတို႔မွာအသက္ရႈဖို႔ရာေမ့သည္အထိဆြဲေဆာင္လြန္းနိုင္သည္။ထို႔ေနာက္သံစဥ္ကိုၿပီးဆုံးသည္အထိ ဂစ္တာေလးကိုရင္ဝယ္ပိုက္ကာ တစိုက္မတ္မတ္တီးခတ္လာသည့္ေနာက္ လက္ေခ်ာင္းေလးမ်ားရဲ႕လႈပ္ရွားမႈတို႔ဟာရပ္တန့္သြားသည့္တိုင္ ႏွေျမာတသစြာႏွင့္ထပ္၍ၾကားခ်င္မိသည္။ လက္ထဲမွဂစ္တာကိုေဘးသို႔ခ်လိဳက္ၿပီးေနာက္ ဆက္ထင္ထိုင္ေနသည့္အနီးအနားထိတစ္လွမ္းခ်င္းလွမ္းလာ၍ ဆက္ထင္ေပၚသို႔ခႏၶာကိုယ္ေသးေသးေလးဟာလ်င္ျမန္စြာေရာက္လာ၏။ ထို႔ေနာက္တင္းၾကပ္စြာ ဖက္ထားၿပီး တိုးညင္းစြာေျပာလာခဲ့သည္။

''အမ်ားႀကီးမေျပာတတ္ေပမယ့္ ဦးထင္ကိုကြၽန္ေတာ္အရမ္းခ်စ္တယ္အဲ့ဒီသီခ်င္းေလးရဲ႕စာသားေတြလိုဦးထင္က ၾကႇန်ေတာ့်အဓိပ္ပါယ်ရွိတယ် သိရဲ႕လားဗ်''

''တစ္လုံးခ်င္းစီတိုင္းက်ဳပ္ေသခ်ာနားေထာင္လိုက္ရပါတယ္ေမာင္ခတၱာ''

လည္ပင္းအနားဆီသို႔ခပ္ဖြဖြထိေတြ႕လာသည့္ ႏႈတ္ခမ္းတို႔ႏွင့္ ခပ္ႏြေးႏြေးဝင္ေလထြက္ေလတို႔အားခံစားမိသည္။

''ဦးထင္က ကြၽန္ေတာ့္အတြက္သစ္ပင္တစ္ပင္လိုပါပဲ ၾကမ္းတမ္းတဲ့ခရီးရွည္ေတြကိုေက်ာ္ျဖတ္လာတဲ့ ဒဏ္ရာရေနတဲ့ငွက္ကေလးတစ္ေကာင္ကို ခိုနားခြင့္ေပးတဲ့အျပင္ ရေနတဲ့ဒဏ္ရာေတြကိုလည္းကုစားေပးတယ္''

တသိမ့္သိမ့္တုန္လႈပ္လာသည့္ကိုယ္ေလးေၾကာင့္ အမိန့္ေပးေစခိုင္းစရာမလိုေသာလက္မ်ားဟာေက်ာျပင္ငယ္ကိုခပ္ဖြဖြေလးပြတ္သပ္ကာႏွစ္သိမ့္ေပးမိသည္။

''မျပည့္စုံကြၽန္ေတာ့္ကို ဦးထင္ဘဝထဲကိုေခၚခဲ့ေပးလို႔ေက်းဇူးတင္ပါတယ္''

ညေလခပ္ေအးေအးဟာ ႏွစ္ေယာက္လုံးစီသို႔ တိုးေဝွ႕ဝင္ေရာက္လာသည့္ေနာက္ ပို၍တင္းၾကပ္စြာဖက္ထားေပးမိ၏။ လေရာင္ေအာက္တြင္ ဝမ္းနည္းငိုေႂကြး ေနသည့္ ကေလးငယ္ေလးတစ္ေယာက္ႏွင့္ ေထြးေပြ႕ကာႏွစ္သိမ့္ေပးေနသူတစ္ေယာက္ အခ်ိန္အတန္ၾကာသည္အထိ အတူတကြရွိေနၾကေလသည္။

(ခတၱာအျဖစ္ျပန္လည္ေမြးဖြားျခင္း)

ျပည္ပမွဝင္လာသည့္ကုန္ၾကမ္းေတြကိုၾကည့္ရင္းႏွင့္ ေက်နပ္ပီတိျဖစ္ေနရသည္။အေကာင္းဆုံးေသာအရည္ေသြးမွီပစၥည္းမ်ားကိုသာထုတ္ခ်င္သည့္ကုန္ၾကမ္းေတြကိုလည္းတန္ဖိုးႀကီးေပးကာတင္သြင္း၏။ေပးရသည့္ေငြႏွင့္နည္းတူ ေကာင္းမြန္သည့္ ကုန္ၾကမ္းမ်ားပစၥည္းမ်ားေၾကာင့္ ေငြပိုကုန္ရက်ိဳးနပ္သည့္ဟုထင္မိသည္။

''ဘယ္လိုသေဘာရလဲသူေဌးမင္း''

''သိပ္ေကာင္းပါေပ့ ဧရာ ေနာက္မ်ားလဲဒီအတိုင္းသာျမင္ခ်င္ရဲ႕''

''က်ဳပ္တို႔မယ္ စိတ္ပူေနရတာ ႐ုပ္ထြက္ဆိုးလာမွာစိုးလို႔ သူေဌးမင္းအႀကိဳက္ေတြ႕လို႔ေတာ္ပါေသးရဲ႕''

ဆက္ထင္ေခါင္းတၿငိမ့္ၿငိမ့္ ဂိုေထာင္အတြင္းလိုက္ပတ္ၾကည့္ေနမိသည္။လြန္ခဲ့ေသာလမ်ားက စီစဥ္ခဲ့သည့္ဂိုေထာင္၃လုံးစလုံးအတည္တက်ေဆာက္လုပ္ၿပီးျဖစ္၏။ကုန္ၾကမ္းပစၥည္းမ်ားျပည္ပသေဘၤာကပ္သည့္အခါထားသိုရန္ေနရာရသလို အရင္ကလိုပစၥည္းျပတ္လပ္ျခင္းစိတ္ပူစရာမလိုအပ္ပဲ အေရအတြက္မ်ားမ်ားသိုေလွာင္ထားသည္မလို႔ တပူေအးသြားရၿပီျဖစ္သည္။

''မ်ိဳးဆက္ထင္!"

႐ုတ္တရက္အေနာက္ကထြက္လာသည့္အသံေၾကာင့္ကုန္ၾကမ္းေတြဆီမွအာ႐ုံမ်ားဟာ အသံလာရာဘက္သို႔ေရာက္သြား၏။

''က်ဳပ္တို႔ခြင့္ျပဳပါဦး''

ဧရာႏွင့္ကုန္သည္မ်ားဟာေရွာင္ေပးသလိုႏွင့္ထြက္သြားၾကသည့္တြက္ ထိုေနရာတြင္ႏွစ္ေယာက္တည္းသာက်န္ခဲ့သည္။

''မင္းသိပ္ေပ်ာ္႐ႊင္ေနပုံပဲ''

စိုင္းသိဒၶိေျပာလာသည့္စကားေၾကာင့္မ်က္ခုံးမ်ားပင့္သြားသလိုႏွင့္ ႏႈတ္ခမ္းတစ္ဖက္ေကာ့ၫႊတ္ေကြးသြား၏။

''မင္းထင္ထားတာထပ္အဆေပါင္းတစ္ေထာင္မကေပါ့''

''ခ်ာတိတ္ကိုအစကတည္းကသိမ္းပိုက္ဖို႔မင္းမွာအစီစဥ္ရွိေနတာပဲ''

''ဒီလိုပဲျဖစ္သြားရဲ႕''

ဆက္ထင္ ရယ္ေမာေျပာလိုက္ေသာ္လည္း စိုင္းသိဒၶိရဲ႕မ်က္ႏွာဟာ တည္တင္းလ်က္ နားထင္ေၾကာမ်ားပင္ေထာင္သည္အထိ ေဒါသထြက္ေနဟန္ျဖစ္သည္မလို႔ အနိုင္ရသူသဖြယ္ ၾကည့္ေနမိသည္။

''ငါ့ကိုအဆုံးထိဆြဲခ်ခဲ့တဲ့မင္းကိုတသက္မေက်ေလဘူးမ်ိဳးဆက္ထင္''

''ဒါျဖင့္အစကတည္းက ကိုယ့္ေနရာကိုယ္သိသင့္တာေပါ့ စိုင္းသိဒၶိ အခုေတာ့ ငါတို႔ဘဝကိုလွမ္းမၾကည့္ပဲ မင့္ဘဝသာအရင္႐ုန္းကန္ေခ်ဦး''

စိုင္းသိဒၶိရဲ႕ပုခုံးကိုခပ္ဖြဖြပုတ္လ်က္ၿပဳံး၍ေျပာလိုက္ၿပီးေနာက္ ေနရာမွထြက္သြားဟန္ျပင္လိုက္စဥ္ တစ္စုံတစ္ခုကိုသတိရသြားေသာေၾကာင့္စိုင္းသိဒၶိဘက္ျပန္လွည့္လိုက္ၿပီး။

''သဘက္ခါ ငါတို႔ရဲ႕မဂၤလာပြဲႏွစ္လျပည့္တဲ့ေန႕ ထမင္းစားဖိတ္ပါရဲ႕ စိတ္ဆႏၵရွိရင္လာခဲ့ေခ်''

''မင္း....''

ဆက္ထင္ေက်ာခိုင္းကာလွည့္ထြက္ခဲ့၏။ရန္ကိုရန္ခ်င္းမတုန့္ျပန္သည္ကအေကာင္းဆုံးျဖစ္ေလာက္မည္ဟုထင္မိသည္။တုန့္ျပန္မႈလည္းႀကီးႀကီးမားမားေပးခဲ့ၿပီးၿပီျဖစ္သလို စိုင္းသိဒၶိအေတာ္ေလးအထိနာသည္ကိုလည္းဆက္ထင္သိခဲ့ရၿပီးၿပီမလို႔ ဒီေလာက္နဲ႕တင္လုံေလာက္ၿပီျဖစ္၏။ထပ္၍ဘယ္သူနဲ႕မွအမုန္းမပြားနိုင္သလို ေအးခ်မ္းသည့္ဘဝႏွင့္သာေနသြားခ်င္သည္။

''ေမာင္ရင္ ျပန္ရေအာင္''

ဒရိုင္ဘာကိုေျပာလိုက္သည္ေနာက္ ဆက္ထင္အိမ္သို႔ျပန္လာခဲ့လိုက္သည္။ၿမိဳ႕ဝန္အသစ္ကေတြ႕ခ်င္သည္ဟုေျပာထားပါေသာ္လည္း လတ္တေလာမအားလပ္သည္မလို႔ဆက္ထင္ျငင္းထားရ၏။သို႔ေသာ္လည္းမေတြ႕လို႔လည္းမျဖစ္ ကင္းရာကင္းေၾကာင္း မရွိလို႔မရသည့္သူေတြမဟုတ္သည့္အတြက္ ဒီလိုပဲအလိုက္ထိုက္ေတာ့ေနရန္စဥ္းစားထားသည္။

အိမ္သို႔ေရာက္သည့္အခါ ကားေပၚကဆင္းဆင္းခ်င္းေဒၚစုံကအေနာက္ဘက္ကေနဆက္ထင္အားျမင္သည့္အတြက္အေျပးေရာက္လာၿပီးေနာက္။

''သူေဌးႀကီး...''

''ေျပာ ေဒၚစုံ''

''လူေလးအတာ ထမင္းသိပ္မစားတာႏွစ္ရက္ေလာက္ရွိပါရဲ႕ မ်က္ႏွာေလးလဲက်သြားၿပီးျဖဴေရာ္ေရာ္နဲ႕ သူေဌးႀကီးထမင္းေခ်ာ့ေကြၽးပါဦးလား''

''ေနမ်ားမေကာင္းသလား ေဒၚစုံ''

''က်ဳပ္လဲမသိဘူး အတာကထမင္းသိပ္မက္တဲ့ကေလးခုမ်ားထမင္းျမင္တာနဲ႕ကိုႏွာတရႈံ႕ရႈံ႕နဲ႕လုပ္ေနတာပါသူေဌးႀကီးရယ္အခုလဲသူ႕သူငယ္ခ်င္းဆီကျပန္လာၿပီးအေပၚတက္သြားရဲ႕ ထမင္းေခၚေကြၽးတာမစားခ်င္ဘူးေျပာပါရဲ႕သူေဌးႀကီး''

စိုးရိမ္စိတ္နဲ႕အတူ ဆက္ထင္မ်က္ခုံးမ်ားစုက်ဳံ႕သြားရသည္။ဒီရက္ပိုင္းတြင္း ၿငိမ္ေနသည္ကိုသတိထားမိေပမယ့္ မစားမေသာက္နဲ႕ျဖစ္ေနသည္ကိုေတာ့ဆက္ထင္မသိရ။အလုပ္ကလည္းဒီလမွသာမ်ားျပားလြန္းေနသည့္အတြက္ ေမာင္ခတၱာႏွင့္စကား၅မိနစ္ျပည့္ေအာင္ပင္မေျပာနိုင္ အနားလဲသိပ္မကပ္ျဖစ္လာသည္မလို႔ ေတြးရင္းသက္ျပင္းခ်လိဳက္မိသည္။

''ထမင္းပြဲျပင္ထားလိုက္ပါ က်ဳပ္ေခ်ာ့ေခၚလာပါ့မယ္''

''ေကာင္းပါၿပီသူေဌးႀကီး''

အိမ္ထဲသို႔ဝင္လာခဲ့ေနာက္ အေပၚထပ္သို႔တက္လာခဲ့သည္။ အၿမဲထိုင္ေနက်လသာေဆာင္ဘက္သို႔လွမ္းၾကည့္သည့္အခါမေတြ႕ရသည့္အတြက္ စာၾကည့္ခန္းတံခါးကိုဖြင့္ကာၾကည့္လိုက္၏။ စာၾကည့္ခန္းထဲမွာလဲမရွိသည့္အတြက္ အိပ္ခန္းဘက္ကိုေလွ်ာက္သြားလိုက္ၿပီး အိပ္ခန္းထဲၾကည့္လိုက္သည့္အခါတြက္ သူ႕ရဲ႕ေၾကာင္အားေပါင္ေပၚသို႔တင္၍ၾကမ္းျပင္တြင္ထိုင္ေနသည္။

''ခတၱာ''

ဆက္ထင္ဘက္သို႔တခ်က္မွ်သာလွမ္းၾကည့္ၿပီးေနာက္ျပန္၍မ်က္ႏွာလႊဲသြား၏။ဒါေမာင္ခတၱာပုံစံမဟုတ္ ဘယ္လိုမ်ားျဖစ္ရသည္လဲ မသိ စိုးရိမ္စိတ္ႏွင့္လက္ထဲကကိုင္ထားသည့္အိတ္ကို စားပြဲေပၚသို႔တင္၍အနားသို႔ေလွ်ာက္သြားသည္။

''ေမာင္ခတၱာ''

''ဟင္...''

ဆက္ထင္အား အားမရွိသည့္မ်က္ဝန္းေတြႏွင့္ၾကည့္လာၿပီး မ်က္ႏွာအသြင္ကလည္းျဖဴေရာ္ေနသည္။

''ေမာင္ခတၱာေနမေကာင္းျဖစ္ေနသလားဟမ္''

''မျဖစ္ပါဘူးဦးထင္''

''ဒါျဖင့္ဘာလို႔မစားမေသာက္နဲ႕ဒီလိုၿငိမ္ကုတ္ေနရသလဲ''

''ကြၽန္ေတာ္မွမစားခ်င္တာပဲဗ်ာ''

ေဆာင့္ေအာင့္ေျပာလာသည္အတြက္ ဆက္ထင္မ်က္ခုံးမ်ားပင္စုက်ဳံ႕သြားရသည္။

''ဘယ္လိုေလသံနဲ႕ေျပာလိုက္သလဲ ဘာလို႔စိတ္ဆတ္ေနသလဲေမာင္ခတၱာ မင္းက်န္းမာေရးအတြက္ေျပာေနတာကြ မ်က္ႏွာကိုၾကည့္စမ္းပါဦးျဖဴေရာ္ေရာ္နဲ႕''

ဆက္ထင္ေျပာလိုက္သည့္အခါသက္ျပင္းတခ်က္ခ်လိဳက္ၿပီးေပါင္ေပၚမွေၾကာင္ကေလးေအာက္သို႔ခ်လိဳက္ကာေမာင္ခတၱာ ဆတ္ခနဲမတ္တပ္လိုက္၏။

''အာ့...''

ခတၱာမွာ႐ုတ္တရက္ေခါင္းကိုဖိႏွိပ္ရင္းဒူးေထာက္ကာလဲက်သြားသည္မလို႔ စိုးရိမ္တႀကီးႏွင့္ေမာင္ခတၱာအနားဆီသို႔ေရာက္သြားရၿပီးလဲက်သြားသည့္ခတၱာကာပုခုံးမွကိုင္ထိန္းထားရသည္။

''ကေလးငယ္ဘာျဖစ္သလဲ'
'
''မူး...မူးတယ္ ဦးထင္''

ေျပာရင္းႏွင့္ ႏႈတ္ခမ္းမ်ားပင္ေသြးမရွိေတာ့သလိုျဖဴေရာ္လာသည္မလို႔ဆက္ထင္ေခြၽးမ်ားပင္ပ်ံလာသည္။ခတၱာမွာဆက္ထင္ရဲ႕အကၤ်ီစကိုတင္းက်ပ္စြာဆြဲကိုင္ထားၿပီး မ်က္လုံးမ်ားကိုမွိတ္ထား၏။

''ထလိုက္ပါ ကေလးငယ္ က်ဳပ္အခုဆရာဝန္ေခၚေပးမယ္''

ေခါင္းၿငိမ့္ျပလာၿပီးေနာက္ပုခုံးမွဆြဲကိုင္ထားသည့္ဆက္ထင္ရဲ႕လက္ေမာင္းအားျပဳကာ ထေစ၏။မတ္တပ္မရေသးခင္ ခတၱာရဲ႕ခႏၶာကိုယ္တစ္ခုလုံးဟာေပ်ာ့ေခြက်သြား၍ မူးလဲသြားသည္မလို႔ ဆက္ထင္ကိုယ္တိုင္ပင္မ်က္လုံးမ်ားျပာသြားၿပီးလန့္သြားရေသာ္လည္းအလ်င္အျမန္ထိန္းလိုက္ရသည္။

''ခတၱာ!"

Continue Reading

You'll Also Like

91.8M 2.9M 134
He was so close, his breath hit my lips. His eyes darted from my eyes to my lips. I stared intently, awaiting his next move. His lips fell near my ea...
1.9M 75.1K 95
Rebirth of the Little Mute 重生之小哑巴 Author(s) 穆青延 Status in COO 93 + 2 Extras (Completed) Description Mu Xiaoke was a fool in his previous life, but he...
1.2M 44.9K 32
[Completed] Warning : The story is unedited. I apologize for the numerous grammatical errors within and messy storyline. *** Viola is the youngest ch...