ဆံမြတ်ချလှပါပေ့....🌻
အပိုင်း(၂၂)
ဂျောက်....
တံခါးဖွင့်သံကြားသည်နှင့်ငုဝါစောင်ကိုခေါင်းမြှီးခြုံကာကျောပေး၍တစ်ဖက်သို့လှည့်လိုက်သည်။
သူမထင်ထားသလို အရင်ရက်များကဲ့သို့ ထမင်းပန်းကန်ကို စားပွဲပေါ်တင်သွားမှာပဲ ဟုထင်ခဲ့သော်လည်း
မွေ့ယာက သိမ့်ခနဲတုန်လို့သွားသည်။
သူမမိခင်နဲ့ ပြဿနာတက်သည့်ညက သူမအပေါ်ထပ်အခန်းသို့ ပြန်တက်လာခဲ့သည်။
သူမဖခင်အိမ်ပြန်ရောက်ချိန်မှာတော့ သူမကိုအော်ဟစ်ကာ ဒေါသတကြီးခေါ်နေ၍ သူမပင်လန့်ဖြန့်သွားရသည်။
ဒယ်ဒီက ရှူးရှူးဒိုင်းဒိုင်းနှင့်သူမအခန်းတံခါးကိုအဆက်မပြတ်ခေါက်ခဲ့သလို မာမီရဲ့စိတ်ထိန်းဖို့ ပြောဆိုသံများလည်းကြားနေရသည်။
ဒယ်ဒီဟာ မာမီ သူမအကြောင်းမပြောပြခင်မှာတင် အရာအားလုံးကို သူရနေဝန်းဆီမှသိနှင့်ခဲ့ပြီးသားဖြစ်ခဲ့သည်။
သူမတံခါးဖွင့်ဖွင့်ချင်းပဲ ဒယ်ဒီ၏နားရင်းကို ပိတ်ရိုက်တာခံခဲ့ရ၍ သူမကြမ်းပြင်ပေါ်မူးဝေစွာပစ်လဲသွားရသည်။
ထိုနေ့ကစ၍အခန်းထဲသော့ပိတ်ကာ ထမင်းတို့သာ အချိန်နှင့်ပို့ပေးပြီး သူမဖုန်းတွေ လက်တော့တွေပါအကုန်သိမ်းလိုက်ကြလေသည်။
သူမကလည်း ထမင်းတွေကို တစ်စက်မှမထိခဲ့ဘူး သူတို့လာပို့သည့်အတိုင်းပြန်ပြန်သိမ်းသွားရ၍ မာမီဆီမှသက်ပြင်းချသံကိုအကြိမ်ကြိမ်ကြားခဲ့ရသည်။
"သမီးလေး"
သူမ လက်မောင်းကို ကိုင်ကာ မာမီ့ဆီမှသေးသိမ်းသောအသံကိုကြားလိုက်ရချိန် သူမ ပြန်မထူးဖြစ်ဘဲ အံကိုသာကြိတ်၍ငိုနေမိသည်။
-"ဟင်း ....သမီး ဒယ်ဒီက သမီးကိုအပြင်ထွက်ခွင့်ပေးလိုက်ပြီး "
"ဟင်"
ငုဝါ ရုတ်တရက် ထထိုင်ကာ မာမီ့အားမယုံနိုင်စွာကြည့်လိုက်စဉ် သူမမိခင်ကသူ့ကိုသနားသလိုလေးကြည့်ကာ ခေါင်းညိတ်ပြသည်။
"မာမီ....သမီး...သ မီး ....မောင့်ကိုတွေ့ချင်တယ် မာမီ ခွင့်ပြုပါနော် ....မောင် စိတ်ပူနေမှာမို့ပါ နော်...မာမီ နော်"
"ဟင်း ...အင့်ပါ ရော့ ဒီမှာ သမီးဖုန်းနဲ့ကားသော့"
သူမဆီကမ်းပေးလာသည့်အရာတွေကြောင့် သူမမျက်ရည်များကိုပွတ်ဆွဲသုတ်ကာ မာမီ့အားပြုံးပြ၍
"ကျေးဇူးပါနော် မာမီ အဟင့်"
မာမီမှ သူမ၏ နားထင်နားလေးကိုသပ်ကာ သပ်ကာဖြင့် မျက်ရည်များဝဲလျက်
"သနားစရာကောင်းလိုက်တဲ့ ငါ့သမီးလေး"
...
သူမ မောင်ရှိရာ ဘုန်းကြီးကျောင်းသို့ ရောက်လာခဲ့ချိန်
ကျောင်းထဲ၌ သူမ မျက်မှန်းတန်းမိနေတဲ့ ထက်မြတ်ဆိုသည့်ကောင်လေးကို ခေါ်လိုက်သည်။
"မောင်လေး ထူးသာရှိလားဟင် မင်းခေါ်တဲ့ ကိုကြီးဖိုးသာထူးလေ သူရှိလား သူရှိရင် သူ့ကိုခေါ်ပေးပါနော်"
"ကိုကြီးဖိုးသာထူးက ဒီမနက်ပဲ မမေသင်းကြိုင်နဲ့ လက်ထပ်ဖို့ ထွက်သွားပြီးလေ အစ်မ"
"ဟင်"
သူမ အံ့အားသင့်စွာ စိတ်တို့တုန်လှုပ်လို့သွားသည်။
သို့ပေမယ့် ကလေးစကားမို့ ယုံရလည်းခက်ကာ ဒီကိစ္စဟာလည်း ဘယ်လိုမှမဖြစ်နိုင်တာမို့သူမစိတ်သိပ်မပူဖြစ်တော့။
မေသင်းကြိုင်က တခြားလူနဲ့လက်ထပ်ဖို့များ မောင်ကလိုက်သွားပေးတာလား .....
ကလေးဆိုတော့ မေသင်းကြိုင်လက်ထပ်တာကိုလိုက်ပေးတဲ့မောင့်ကိုပါ သူနဲ့လက်ထပ်မည်ထင်နေပုံပင်။
မဦးမချွတ်လျှောက်ပြောသည့် ထိုကောင်လေးကိုခေါင်းခေါက်ချင်သည်။
သို့သော်သူမလောလော လောလောနှင့်ပင် မေသင်းကြိုင်တို့အိမ်ဘက်ဦးတည်ပြီးကားမောင်းလာခဲ့လိုက်သည်။
မေသင်းကြိုင်တို့အိမ်နားကားရပ်လိုက်ပြီး အိမ်ထဲသို့လှမ်းကြည့်မိစဉ် အဝတ်အစားတောက်တောက်ပြောင်ပြောင်ဖြင့်လူတွေဝင်ထွက်နေကြသည်။
ငုဝါခိုင်လည်းကားပေါ်မှဆင်းကာ ထိုအိမ်ဆီလျှောက်လာခဲ့လိုက်သည်။
"မ...."
သူမအိမ်ပေါ်တက်လာစဉ် သူမအားလူတွေဝိုင်းကြည့်လာကြသလို လူတွေအလယ်၌ထိုင်နေသည့် မောင်နှင့်မေသင်းကြိုင်လည်းလှည့်ကြည့်လာသည်။
မောင်က သူမကိုမြင်မြင်ချင်း အံ့ဩတုန်လှုပ်စွာကြည့်လာသည်။
သူမလည်း ယောင်နနဖြင့် ထိုလူတွေကိုကြည့်နေမိပြီး ဘုရားစင်ရှေ့ အသက်ကြီးကြီးဦးလေးကြီးနှစ်ယောက်ထိုင်နေသည့် ရှေ့တွင်ကန်တော့ပွဲကိုတွေ့လိုက်ရသည်။
မောင်ကလည်း ဆက်ခနဲသူမဆီထလာချိန် သူမလည်းမသိရိုးအမှန်မောင့်ကိုမေးလိုက်မိသည်။
"မောင် မေသင်းကြိုင် လက်ထပ်ပွဲလား သူ ဘယ်သူနဲ့ လက်ထပ်တာလဲဟင်"
သူမ မောင့်ကိုပြုံးလျက် မေးချိန် မောင်က မျက်နှာပျက်ယွင်းနေလျက်
"မောင်တို့ အောက်မှာစကားသွားပြောရအောင်နော်"
"ဟင် အင်အင်"
မောင်ကရှေ့ကအရင်ဆင်းသွားတာမို့ သူမလည်း နောက်ကလိုက်သွားလိုက်သည်။
အိမ်ထဲမှာရှိကြတဲ့လူတွေကလည်း ထူးသာနောက်ကလိုက်သွားသည့်မိန်းကလေးကိုသိချင်စိတ်ပြင်းပြနေကြသည်။
အကြောင်းသိကာ မြင်ဖူးနေသည့် ဖိုးထောင်ကတော့ သက်ပြင်းသာချနေတော့၏။
"ကောင်မလေးက ချောချောလှလှလေးပဲ ဘယ်သူလဲမသိဘူးနော်"
"ဖိုးသာထူးထက်တော့ကြီးမဲ့ပုံပဲ အရင် မသင်းသင်းရှိတုန်းက တခါနှစ်ခါလာလည်တာမြင်ဖူးတယ်"
တစ်ယောက်တစ်မျိုးတီးတိုးပြောနေကြချိန် ဒေါ်မြင့်ရီမှ မေသင်းကြိုင်နားသွားထိုင်ကာ
"မိကြိုင် အဲ့ကလေးမက ဘယ်သူလဲ ညည်းသိလားအေ့"
ထိုအခါ မိကြိုင်မှ ခေါင်းသာခါပြ၍ မျက်နှာကိုအောက်ငုံ့ချကာ ချိတ်ထဘီစကိုသာ လက်သည်းတို့ဖြင့် ဆိတ်နေလေသည်။
သူမစိတ်ထဲတွင်တော့
သူ သူ့ချစ်သူနောက် လိုက်သွားမှာလားဟူ၍ စိုးရိမ်ကာ ငိုချင်နေလေသည်။
ငုဝါခိုင် ခြံဘေးဘက် သရက်ပင်အောက်လျှောက်သွားသည့် လည်ဂတုံးလက်ရည်နှင့် ပုဆိုး အပြာနုလေးဝတ်ထားသည့် မောင့်ရဲ့ သန့်ပြန့်နေမှုကို ခပ်ငေးငေးလေးကြည့်နေမိသည်။
သူမက ပြုံး၍ မောင့်ကိုကြည့်နေပေ့မယ် မောင်က တော့အကြည့်တွေလွှဲကာ မျက်နှာကအိုးတို့အန်းတန်းဖြစ်နေလေသည်။
"မလေ မတို့မကြောင်း ဒယ်ဒ္ီတို့သိသွားပြီး အခန်းထဲကနေဘယ်မှသွားမရခဲ့ဘူး မစိတ်ထဲ မောင်နဲ့မတွေ့ရဘူးထင်ပြီး အရမ်းဝမ်းနည်းခဲ့ရတာ ခုဒီမနက် မ မာမီက သူ့သမီး ငိုပဲငိုေနေတာ့ မကိုသနားသွားလို့နဲ့တူ
ပါရဲ့ ဒယ်ဒီအိမ်မှာမရှိတဲ့အချိန် မကို အပြင်ထွက်ခွင့်ပြုလိုက်တယ်သိလား အဲ့ဒါကြောင့် မောင့်ဆီကိုချက်ချင်းရောက်လာခဲ့တာ မ အရင်မင်းနေတဲ့ကျောင်းကိုရောက်သေးတယ် အဲ့က ဟိုကောင်စုတ်လေးလေ မောင့်ကိုမေးတာကို မောင်နဲ့ မေသင်းကြိုင်လက်ထပ်ဖို့သွားတယ်ပြောလို့ မဖြင့်စိတ်တိုသွားတာပဲ ဟွင့် အော်ဒါနဲ့ ခု မေသင်းကြိုင်က ဘယ်သူနဲ့မင်္ဂါလာဆောင်မှာလဲဟင်သတို့သားရော နောက် အန်တီရော မတွေ့ပါလား "
သူမဘက်က စကားတွေတရဆက်ပြောနေပေမယ့်မောင်ကတော့ ခေါင်းငိုက်စိုက်ကြီးဖြင့် အားမရှိသည့်လေသံဖြင့်သာ ပြန်ဖြေသည်။
"အမေသင်းဆုံးသွားတာ တစ်ပတ်ရှ်ိပြီး မ...."
"ဟင်"
သူမကိုယ်တိုက်လည်းအံ့ဩသွားရသလို မောင်ကလည်း မျက်ရည်ကျလာ၍ လက်မဖြင့် အမြန်သုတ်ပစ်နေသည်။
"မ စိတ်မကောင်းလိုက်တာ ဟင်း.... မောင်စိတ်မကောင်းမဖြစ်နဲ့နော် မောင့်ဘေးမှာ မ တစ်ယောက်လုံးရ်တယ်"
ငုဝါခိုင် မောင့်ကိုကြည့်ပြီးသနားမိတာမို့ မောင့်ပုခုံးကိုခပ်ဖွဖွဆုပ်ကိုင်စဉ်
"ဟို..."
မောင်က သူမလက်ကို သူ့ပုခုံးပေါ်မှဆွဲကိုင်၍ ခွာလိုက်ကာ သူမလက်ကိုလည်းလွှတ်လိုက်ပြီး နောက်သို့လည်းခြေနှစ်လှမ်းမျှဆုတ်လို့သွားသည်။
"မောင်..."
သူမ မောင့်အပြုအမှုကြောင့် ရင်ထဲလှိုတ်၍ ဝမ်းနည်းမိကာ မျက်ရည်များဝဲသွားရသည်။
"မ ကျွန်တော်က မအတွက် ေ သ သင့်တဲ့ကောင်ပါ ကျွန်တော် မကို တောင်းပန်ပါတယ်"
အစအနမရှိ အံကြိတ်၍ မျက်ရည်ကျနေသာ မောင့်ကိုကြည့်ကာ သူမနားမလည်နိုင်ဖြစ်ရသည်။
"မောင် ကဘာလို့တောင်းပန်နေတာလဲ အမှန်ဆို မကသာ မ မာမီကြောင့် မောင့်ကိုအားနာနေတာ"
"မ..."
"ဟင်"
သူမ သူ့မျက်ဝန်းတွေကိုကြည့်မိချိန် ဆွေးဆွေးမြေ့မြေ့အကြည့်တွေက မောင်ဘာကိုဆိုလိုချင်နေမှန်း နားလည်ရခက်ခဲလှသည်။
"ကျွန်တော်နဲ့ မိကြိုင်လက်ထပ်တော့မယ်"
သူမ တစ်ကိုယ်လုံးအေးခဲသွားသည့်နယ် တောင့်မတ်သွားရသည်။
နွေခေါင်ခေါင်မှာမိုးကြိုးပစ်ချလိုက်သလို နားထဲ အူထူသွားရသည်။
"မ..."
သူမကိုယ်လေးယိုင်သွားချိန် သူကပုခုံးကနေလာဖေးကိုင်သည်။
ဒါကိုသူမကချက်ချင်းဆိုသလိုသူ့လက်တွေကိုပုတ်ချပြီး နောက်ဆုတ်ရပ်ကာ
"မောင်....မောင် နောက်နေတာမလား ဟင် ခုဒါတွေကတကယ်မဟုတ်ဘူးလား ဖြေလေ မောင် ဟင် တကယ်မဟုတ်ဘူးမလားလို့"
သူမ သူ့ရင်ဘတ်ကို ထုရိုက်ကာ မျက်ရည်တိင့အတားအဆီးမရှိပြိုဆင်းနေရသည်။
"ကျွန်တော့ကြောင့်မ မျက်ရည်ကျရတာ ကျွန်တော်အသုံးမကျတဲ့ကောင်ပါ ရိုက်ပါ မ...စိတ်ရှိလက်ရှိရိုက်လိုက်ပါ မ နာကျင်အောင်လုပ်တဲ့ကောင်ကိုခွင့်မလွတ်ပါနဲ့"
သူလည်းငိုနေတာမို့ သူမ ရင်ဘတ်ထဲ နစ်နေအောင်နာရသည့်ကြားက အော်သူငါကိုထားခဲ့ပါလားဆိုတဲ့အသိကြောင့် အငိုရပ်ပစ်ကာခေါင်းပြန်ထောင်၍ သူ့ရင်ဘတ်ကိုအားဖြင့်တွန်းထုတ်လိုက်သည်။
ထို့နောက် နုတ်ခမ်းကိုတင်းတင်းစေ့၍မဲ့ပြုံးတို့ဖြင့် ပါးပြင်မှ မျက်ရည်တို့အား လက်ချောင်းဖြင့်ခါထုတ်ကာ
"သူ့လိုမိန်းကလေးကြောင့်နဲ့ ငါက ထားခဲ့ခံရတာ ခံပြင်းဖို့ကောင်းလိုက်တာ ဟွင့် ....
အဟက် နင်တို့ကိုကျေးဇူးတင်တယ်သိလား မဟုတ်ရင် ငါက ဘာမဟုတ်တဲ့ ဘုန်းကြီးကျောင်းသားကို ယုံမှတ်မှားပြီး ငါ့ဘဝကိုဆွဲချမိတော့မလို့..."
"မ...."
"ဆောရီးနော် ငါ့စကားကြောင့်နာသွားရရင် ငါက နင့်ကို အသည်းထဲကနေကိုနာတာ.... ဒီလောက်တော့နင်ပြန်ခံသင့်ပါတယ်...
လိုက်ပါတယ် နုတ်ခမ်းပဲ့ခြင်းမီးမှုတ်ကျပေါ့ congratulations ပါ အိုအောင်မင်းအောင်ပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်းခဲ့တယ် ...
နောက်ပြီး နင်က ငါ့ဘဝထဲမှာ အမုန်းဆုံးယောက်ျားတစ်ယောက်ဆိုတာ ကိုယ့်ကိုယ်ကိုမှတ်ထားလိုက်ပါ ဟွန့်"
သူမ အံကိုတင်းကာ ကားဆီကိုလျှောက်လာခဲ့လိုက်သည်။
ကျောခိုင်းထားခဲ့ရသည့် ထိုလူသားဟာ တစ်ချိန်က သူမသိပ်ချစ်ခဲ့ရသူပေါ့....
ခုတော့ သူမရင်ကိုအစိတ်စိတ်ခွဲတဲ့သူ...
သူမဘက်ကတော့ သူ့ဆီကို အကာအရံတံတိုင်းတွေကျော်ဖြတ်လာချိန် သူကတော့ ရင်ဝကိုဆောင့်ကန်ပြီးဆီးကြိုနေခဲ့တယ်....
သူမကားပေါ်ကိုရောက်လာချိန် သူကလည်း ထိုသစ်ပင်ရင်းမှာပဲ ရပ်မြဲတိုင်းရပ်နေခဲ့တာကိုကြည့်ပြီး အရူးတစ်ယောက်လိုအော်ရယ်ပစ်လိုက်မိသည်။
"ဟားဟား....ဟားဟား....သုံးစားမရတဲ့အချစ်ကိုရူးမိုက်ခဲ့တော့ ခံလိုက်အုံးပေါ့ ငုဝါခိုင်ရယ် ဟားဟား...."
....
တီးလုံးသံငြိမ့်ငြိမ့်နှင့် ဘား၏ ခပ်မှောင်မှောင် ထောင့်စားပွဲဝိုင်းလေးတွင် သူမ မသောက်ဖူးတဲ့အရက်တွေသောက်ရင်းရင်ထဲက ဝေဒနာကိုဖြေဖျောက်နေမိသည်။
မေ့ပစ်ချင်တယ်...
ကိုယ့်အတွက်မစွန့်စားရဲတဲ့ယောက်ျားတစ်ယောက်ကို...
မုန်းပစ်ချင်တယ်
ကိုယ့်ကိုမရွေးချယ်ခဲ့တဲ့လူတစ်ယောက်ကို
နာကျဉ်းတယ်
ကိုယ်ချစ်ခဲ့သလောက် ပြန်ရတဲ့ရလဒ်က ဒီလိုအဆုံးသတ်တဲ့လား....
သူမ တစ်ခွက်ပြီးတစ်ခွက် ဆက်တိုက်သောက်နေခဲ့ပေမယ့် ရင်ထဲကဒဏ်ရာက မလျော့သွားးသလို ဦးနှောက်အသိဉာဏ်ထဲက သူ့မျက်ဝန်းတွေဟာလည်းဝေဝါးမသွပါ
သွားစမ်းပါ မပေါ်လာနဲ့...ငါအာရုံထဲမှာရော
ငါ့ဘဝထဲမှာရော ဘယ်တော့မှပြန်မပေါ်လာနဲ့...
မုန်းတယ် မုန်းတယ် သွားစမ်း...
"အား...."
သူမ အော်ဟစ်ကာ စားပွဲပေါ်မျက်နှာမှောက်၍ ခုံကိုတစ်ဘုံးဘုံးထုနေမိသည်။
ဟင့်....
သူမ မျက်ရည်တွေဟာလည်း မကုန်ခမ်းနိုင်တော့သလို ကိုယ်လေးပင်တသိမ့်သိမ့်တုန်ခါနေလေသည်။
သူမ ထပ်သောက်ရန်ခေါင်းထောင်လိုက်ချိန် ခေါင်းက ချာချာလည်အောင်မူးနောက်သွားပြီး ရင်ထဲပူလောင်ကာ ပျို့တက်လျက် သူမလုံးဝမထနိုင်တော့ဘဲ ပြန်လည် ခေါင်းမှောက်သွားရသည်။
"ဟိတ် စော်လေး တစ်ယောက်တည်းလစ်နေပြီးလား"
လူတစ်ယောက်က သူမအနားရောက်လာကာ ခေါင်းမှောက်နေသည့် ပုခုံးကိုလှမ်းကိုင်လိုက်သည်။
"မင်း ဘယ်သူ့ကိုလာထိတာလဲ ခွေးမသား"
"အား...အား..."
ထိုလူ့လက်အား တစ်စုံတစ်ယောက်မှ သူမပုခုံးဆီမှ ဆွဲခွာ၍ ပြောင်းပြန်လိမ်ချိုးလိုက်တာမို့ အော်ဟစ်သွားရသည်။
"နောက်တခါသူ့အသားကိုထိရင် မင်းအသေပဲ တောက် သွားစမ်း"
သူရနေဝန်း ရှေ့က ကောင်ကိုရ ှုိက်သတ်ပစ်ချင်စိတ်ကိုထိန်းကာ ဆောင့်လွတ်လိုက်ချိန် ထိုကောင်မှာ ကြမ်းပြင်ပေါ်ပစ်လဲလို့သွားသည်။
သူလည်း မှောက်နေသည့် သူမဘေး ဒူးထောက်ထိုင်ချလိုက်ကာ မျက်လံုးများမှိတ်ထားသည့်ဘေးတစောင်းသူမမျက်နှာလေးကိုငေးလျက် နဖူးမှ ဆံပင်စလေးများကိုတို့ထိကာ
"ကိုယ့် မင်းသမီးလေး အရမ်းခံစားနေရမှာပဲ ဟင်း...."
သူသက်ပြင်းချကာ ဖုန်းထုတ်၍ ဆက်လိုက်သည်။
"ဟယ်လို အန်တီ....ဟုတ်...ခိုင့်ကိုတွေ့ပြီး....
ဟုတ်ကဲ့ ...ကျွန်တော်ခေါ်လာခဲ့ပါမယ် စိတ်ချပါ အန်တီ"
သူဖုန်းကို ဘောင်းဘီအိတ်ထဲပြန်ထည့်ကာ ဝိတ်တာခေါ်၍ ရှင်းစရာရှိတာရှင်းလိုက်ပြီး သူမကြိုးသိုင်းအိတ်ကိုလွယ်လိုက်ပြီး သူမအား ဒူးအောက်မှပွေ့ချီလိုက်သည်။
"အင်း...."
မျက်လုဲးများမှိတ်လျက် မျက်နှာလေးမဲ့သွားသည့် ချစ်ရသူလေး၏ မျက်နှာလှလှလေးကို အပြာရောင်ခပ်မှိန်မှိန်မီးအောက်တွင် နီးနီးကပ်ကပ်မြင်နေရသည်။
အနီးကပ်ဆုံးအနေအထားမှာ ရှိနေကြတာမို့ သူ့ရင်သည်လည်း တဒုန်းဒုန်းနှင့်အခုန်မြန်နေရသည်။
ဖြစ်နိုင်လျင်သူမမျက်နှာေလးကိုသာ တစ်စိမ့်စိမ့်ထိုင်ကြည့်ချင်မိတော့သည်
သို့သော် သူမကိုအိမ်ပြန်ပို့ဖို့က အရေးကြီးတာမို့ကားဆီကိုသာ အမြန်ဆုံးလျှောက်လာခဲ့လိုက်သည်။
ကားပါကင်သို့ရောက်ချိန် သူ့ကားနောက်ခန်းတံခါးကိုဖွင့်၍ သူမကိုယ်လေးကို သတိထား၍ နေရာချပေးလိုက်သည်။
သူမအား နောက်ခန်းခုံတွင် နေရာချကာ ခေါင်းလေးကိုထိန်းကိုင်၍ ခေါင်းမနာစေရန် ခေါင်းအုံးအပိုလေးပေါ်ဂရုတစိုက်တင်ပေးမိသည်။
ထိုစဉ် သူမက မျက်လုံးများဖိမှိတ်ထားလျက် မျက်ခုံးတို့တွန့်ချိုးသွားသည်ကိုကားမီးရောင်အောင်မြင်ရစဉ် အရင်ချိန်တွေ၌ သူ့ကိုတွေ့ရင် ဖြစ်ဖြစ်သွားတက်သော် သူမအမူအရာလေးနှင့်ပင်တူသည်။
သူ သူမပါးပြင်ဖွေးဖွေးလေးကို လက်ညှိုးကွေးလေးဖြင့် ခပ်ဖွဖွ လေးပွတ်သပ်ကာ သူမ အိပ်ပျော်နေတာလေးကြည့်ပြီးပြုံးနေမိသည်။
ခုလို သူကြည့်နေတာသိရင် နိုးများနိုးလို့ကတော့ စိတ်ဆိုးမာန်ဆိုးနှင့် သူ့ကိုအော်ထုတ်အုံးမည်။
ဟင်း....
သူ သက်ပြင်းကိုသာ ချလိုက်ပြီး အရှေ့ခန်းကိုသွားဖို့ပြင်လိုက်သည်။
"မောင်....-
"ဟင်"
သူ့အင်္ကျီစကို လှမ်းဆွဲ၍ ခေါ်လိုက်သည့်သူမကြောင့် သူကြည့်လိုက်တော့ ရီဝေဝေနှင့်သူ့ကိုစိုက်ကြည့်ရင် မျက်နှာလေးမဲ့ကာသူမနားထင်ပေါ်တွင်မျက်ရည်တို့စီးကျနေသည်။
"ဟင့် မ ကိုမထားခဲ့ပါနဲ့ ....မ...မလေ ...မောင်မရှိရင် ...မနေတက်ဘူး။ .... မ ရူးသွားလိမ့်မယ်....ဟင့် မထားခဲ့....ဟင့်....မထားခဲ့ပါနဲ့နော် မောင်"
"ကျစ်....ငါကွာ.. ..တောက်..."
ဟိုကောင်ကိုတမ်းတနေသည့် သူမကိုမြင်ရသည်မှာ သူ့ဒေါသကိုဆူပွတ်စေပြီး နားထင်ကြောထောင်သညါထိအံကိုကြိတ်ထားမိကာ မျက်နှာလွှဲလိုကါရသည်။
"အင့်....မ အနားမှာပဲ နေပါ ... မောင့်ရယ် နော် ....ဟိုတစ်ယောက်နဲ့ လက်မထပ်ပါနဲ့ ဟင့် .. တောင်းပန်ပါတယ်"
မျက်လုံးများ ခပ်မှေးမှေးဖွင့်လာလိုက် ပြန်မှိတ်သွားလိုက်ဖြင့် သူမပြောချင်ရာပြောနေသောကြောင့် သူအင်္ကျီကိုဆုပ်ထားသည့် သူမလက်ကိုဆွဲဖြုတ်လိုက်သည်။
"ဟင်အင်း....မသွားနဲ့....ဘယ်မှ ဟင့် မသွားရဘူး....မ ကိုထားမသွားရဘူး နော် မောင်....မောင်လို့....ဟင့်"
သူ့လက်ကိုပါ နောက်လက်တစ်ဖက်ဖြင့် ပြန်ကိုင်ဆွဲကာ သူ့ကိုထားမသွားဖို့ကိုသာ ငိုယိုလျက်ပြောနေသည့် သူမ
"ခိုင် မင်း ကိုယ့်ကိုရူးအောင်လုပ်နေတာလား ဟမ် ....ကျစ်"
သူ စိတ်တို ဒေါသထွက်နေတာမို့ ဘေးက ဆိုဖာခုံကိုသာ လက်သီးဖြင့်ပိတ်ထိုးမိသည်။
ဒါကိုသူမကလည်း ငိုနေရင်း မောလာဟန်ရှိကာ အသက်ကိုပင့်ရှူ၍
" မောင့်ကို ချစ်တယ်....ဟင့် မောင်မထားခဲ့ပါနဲ့ မောင့် ကို သိပ်....ချစ်...အွင့်"
သူမနုတ်ခမ်းပါးက တခြားတစ်ယောက်ကို ချစ်တဲ့အကြောင်းတွေသူ မကြားချင်ပါ။
ဒါကြောင့် သူမုန်းတဲ့စကားတွေထပ်ထွက်မလာအောင် သူမနုတ်ခမ်းတွေကို အနမ်းတို့ဖြင့်တားဆီးပစ်လိုက်သည်။
နူးညံ့လွန်းတဲ့ နုတ်ခမ်းတစ်စုံရဲ့အောက်မှာ သူမရုန်းထွက်နိုင်ဘဲ စီးမျောနေမိသည်။
သူ စိတ်ရှိလက်ရှိနမ်းပြီး သူမနုတ်ခမ်းတွေကိုလွှတ်ပေးကာ သူမမျက်နှာလေးကိုငုံ့မိုးကြည့်လိုက်စဉ်
သူ့ကိုမပွင့်တပွင့်မျက်ဝန်းများဖြင့် ကြည့်နေကာနုတ်ခမ်းပါးမှလည်း
"မောင့်ကိုချစ်တယ်"
ဟူ၍သူမဘက်ကစ၍ သူ့နုတ်ခမ်းတွေကိုတကျော့ပြန်နမ်းရှိုက်လာသည်။
သူတို့နှစ်ဦး တုံ့ပြန်နမ်းတို့ဖြင့် အချိန်ကြာလကြာမြင့်စွာဖလှယ်ဖြစ်ကြသည်။
သူ့က သူမပါးလေးကိုအုပ်ကိုင်ကာ နုတ်ခမ်းတို့အားခွာလိုက်ချိန် သူမကသူ့အင်္ကျီရင်ဘတ်နားကိုဆပ်တင်းတင်းေလးဆုပ်ကိုင်ကာ သူ့ကို ရီဝေစွာပြန်မော့ကြည့်နေလေသည်။
သူကိုယ်တိုင်ကလည်း သူမပါးလေးတွေနဖူးနှင့် နားသယ်စပ်လေးများဆီအနမ်းတို့ဖြန့်ကြန့်ကာနေမိသည်။
သူရှေ့မဆက်သင့်မှန်းသိသော်လည်း သူ့နှလုံးသားကို မလွန်ဆန်နိုင်စွာ အချစ်ရဲ့နူးညံ့တဲ့အမိန့်တော်အောက် ဝပ်တွားမိသည်။
သူမ လည်တိုင်ကျော့ကျော့လေးကို သွားဖြင့် ကိုက်လိုက်မိချိန် သူမကိုယ်လေးတွန့်လို့သွားသည်။
ထို့ကြောင့် ထိုနီရဲသွားရသည့်နေရာလေးကိုပဲ သူခပ်ဖွဖွနမ်းလိုက်ပြန်သည်။
ကားမီးရောင်အောက် ဝင်းမွတ်သည့်အသားအရည်ကသူထိလိုက်တိုင်း နီရဲတက်သွားသည့်အတွက်ကြောင့် သူအသည်းယားရသည်။
အရမ်းလှလွန်းသည့်မိန်းကလေးမို့ သူ့မှာ ထိတွေကိုင်တွယ်ရမှာကိုပင် နှမျောတသဖြစ်နေမိသည်။
မျက်ခုံးမွှေးလေးတွေခပ်စိမ့်စိမ့်ဖြင့်ထူထဲနေကာ နုတ်ခမ်းဖူးဖူး နှာခေါင်းလုံးလုံးလေးနှင့် ပင်ကိုယ် လှလွန်းသည့်သူမကြောင့် သူ့မှာကြည့်မဝနိုင်ဖြစ်နေရသည်။
ခပ်သင်းသင်းသူမ၏ကိုယ်သင်းနံ့လေးကလည်း သူ့ရင်ကိုကလူကျီစယ်နေကာ နှစ်မျောနေမိသည်။
ပါးအိအိလေးကို နှာဖျားနှစ်အောင်အထပ်ထပ်အခါခါနမ်းရှိုက်မိနေတော့သည်။
သူ သူမရဲ့အလှမှာ ရူးသွပ်နေမိသည်။
သူမအသိစိတ်မကပ်တဲ့အချိန်ကိစ္စတွေက သူမ နိုးလာတဲ့အခါမှာ ဘယ်လိုတုံ့ပြန်မလဲဆိုတာ သူ ကြိုတင်ခန့်မှန်းပြီးသားပင်။
ခုချိန်မှာသူဘာမှမတွေးချင်တော့ဘဲ အချစ်တစ်ခုကို ရူးရူးမိုက်မိုက် ပုံဖော်နေမိသည်။
🌻🌻🌻
ဝင်ရောက်ဖတ်ရှုပေးကြသည့်တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါသည်။♥️
🪄ကြွယ်