ရင်ခွင်တစ်စုံသို့တမ်းခြင်း

By SullySan7

333K 10.2K 1.3K

"ငါယဥ့်ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး" "ငါလည်း ညီ့ကိုချစ်တယ်လို့မပြောမိပါဘူး " "နင်စိတ်ချပါ နန်းစုယဥ်ဆိုတဲ့ငါက... More

အပိုင်း(၁) uni -zaw
အလွမ်းပြေ🤎
အပိုင်း(၂) zaw-uni
အပိုင်း(၃)uni-zaw
အပိုင်း(၄) uni-zaw
အပိုတင်ပေးထားတာလေးပါ☺️
အပိုင်း(၅)uni-zaw
အပိုင်း(၆) uni-zaw
အပိုင်း(၇) uni-zaw
အပိုင်း(၈) uni-zaw
အပိုင်း(၁၀) uni-zaw
အပိုင်း(၉)uni-zaw
အပိုင်း(၁၁) uni-zaw
အပိုင်း(၁၂)uni-zaw
အပိုင်း(၁၃)uni-zaw
အပိုင်း(၁၄)uni-zaw
အပိုင်း(၁၅) uni-zaw
အပိုင်း(၁၆)uni-zaw
အပိုင်း(၁၇)uni-zaw
အပိုင်း(၁၈) uni-zaw
အပိုင်း(၁၉) uni-zaw
အပိုင်း(၂၀) uni-zaw
အပိုင်း(၂၁) uni-zaw
အပိုင်း(၂၂)uni-zaw
အပိုင်း(၂၃) uni-zaw
အပိုင်း(၂၄) uni-zaw
အပိုင်း(၂၅)uni-zaw
အပိုင်း(၂၆) uni-zaw
အပိုင်း(၂၇) uni-zaw
အပိုင်း(၂၈) uni-zaw
အပိုင်း(၂၉) uni-zaw
အပိုင်း(၃၀)uni-zaw
အပိုင်(၃၁)uni-zaw
အပိုင်း(၃၂) uni-zaw
အပိုင်း(၃၃)uni-zaw
အပိုင်း(၃၄)uni-zaw
အပိုင်း(၃၅)uni-zaw
အပိုင်း(၃၆) uni-zaw
အပိုင်း(၃၇) uni-zaw
အပိုင်း(၃၈) uni-zaw
အပိုင်း(၃၉)uni-zaw
အပိုင်း(၄၀)uni-zaw
အပိုင်း(၄၁) uni-zaw
အပိုင်း(၄၂)uni-zaw
အပိုင်း(၄၃)uni-zaw
အပိုင်း(၄၅)uni-zaw
အပိုင်း(၄၆)uni-zaw
အပိုင်း(၄၇) uni-zaw
အပိုင်း(၄၈)uni-zaw
အပိုင်း(၄၉)uni-zaw
အပိုင်း(၅၀)uni-zaw
အပိုင်း(၅၁)uni-zaw
အပိုင်း(၅၂)uni-zaw
အပိုင်း(၅၃) uni-zaw
အပိုင်း(၅၄)uni-zaw
အပိုင်း(၅၅)uni-zaw
အပိုင်း(၅၆)uni-zaw
အပိုင်း(၅၇)uni-zaw
အပိုင်း(၅၈)uni-zaw
အပိုင်း(၅၉) uni-zaw
အပိုင်း(၆၀) uni-zaw
အပိုင်း(၆၁) End( uni-zaw)
EXTRA-1uni-zaw
EXTRA-2 uni-zaw
Extra 3 uni-zaw

အပိုင်း(၄၄) uni-zaw

4.3K 202 50
By SullySan7


ရင်ခွင်တစ်စုံသို့တမ်းခြင်း ၄၄

ညီ မီတင်ပြီးလို့အခန်းထဲလာတော့ စုယဥ် က ကုတင်ပေါ်တွင်ကွေးကွေးလေးအိပ်နေလေ၏ ဗိုက်မဆာလားမသိပေ ညီခန့် ယဥ့်အနားတိုးသွားလိုက်ကာ
အနမ်းတချက်ပေးလိုက်၏
စုယဥ် ကိုမနှိုးချင်သေးပယ်မယ့် နေ့လည်စာစားရမဲ့အချိန်ကကြိုနေပြီဖြစ်သည် စုယဥ်က ဗိုက်နဲ့ဆိုတော့အရင်လိုအဆာခံ၍လည်းမဖြစ်ပေ  အရင်လိုလည်းနေမကောင်းရင်ဆေးသောက်လို့ရတဲ့အခြေအနေလည်းမဟုတ်တော့ စုယဥ်တစ်ခုခုဖြစ်သွားမှာ ညီခန့်စိုးရိမ်နေမိ၏ 

"စုယဥ် !! မိန်းမ ထတော့လေကွာ နေ့လည်စားရတော့မယ် နောက်ကျနေပြီကွ သိလား !"

"အင်း ..ဟင်း ညီလား!"

စုယဥ်က ကမန်းကတန်းနိုးချလာတော့ ညီခန့့်သဘောကျစွာရယ်လိုက်၏

"ဟုတ်ပါတယ်ခဗျ !! ဒီကကိုယ့်မိန်းမဗိုက်ဆာနေမှာစိုးတာကြောင့် ကျွန်တော်မျိုးနှိုးရခြင်းပါ!"

"ဟုတ်ပါပြီရှင် ဒီကလည်းထပါပြီလို့!"

"သားရေ ဗိုက်ဆာနေပြီလားကွာ ဖေသားကြီးက ဒီမှာလေ သားမေမေပေါ့ မနိုးပဲအိပ်နေတော့ ဖေဖေလည်းမနှိုးရက်လို့ နေ့လည်စာနောက်ကျကုန်ပြီကွာ!"

"အပိုတွေ ညီနော်!"

"ဗိုက်ထဲကကလေးကိုမကြာမကြာစကားပြောပေးရတယ်တဲ့စုယဥ်သိလား ဒါမှကလေးကအမေအဖေရဲ့အသံနဲ့ရင်းနီးနေမယ်ပြီးတော့ မိဘနဲ့ခလေးကြားလည်းရင်နှီးချစ်ခင်မှုပိုရတာတဲ့!"

"ကဲပါ ဟုတ်ပါပြီရှင့် ဒီမေမေကလည်းထပါပြီလို့!"

ယဥ်ကုတင်ပေါ်မှထလိုက်ကာ ဂါ၀န်အားသေသေချာချာဆွဲချလိုက်၏

"စုယဥ် ညနေကျရင် မာမီ့ဆီ၀င်ကြရအောင်နော်!"

"အွန်းညီ့သဘော!"

ညီက ယဥ့်အိတ်ကိုပါ သိမ်းကာ ကိုင်ထားလိုက်၏
ယဥ့်ပခုံးကိုလည်းလက်တဖက်ဖြင့်ဖက်ကာအခန်းထဲမှထွက်လာခဲ့၏

.
.
.
.
ယဥ်တို့နေ့လည်စာ စားပြီးတာနဲ့ မာမီ့ဆီကိုတပါတည်းတန်း၀င်လာလေ၏
ညီကားမောင်းနေရင်းစုယဥ်ဖက်ကိုအကြည့်ရောက်သွားတော့ စုယဥ်က ဖုန်းသုံးနေကာ သည်းကြီးမည်းကြီးဘာတွေရှာနေမှန်းမသိပေ

"စုယဥ် ဘာတွေအဲလောက်ကြည့်နေရတာလဲ အာရုံကြောတွေအားနည်းနေအုံးမယ်!"

"ညီသိပြီးပြီလား !"

"ဘာကိုလဲစုယဥ်!"

"ပျို့သတင်းတွေ news feed တစ်ခုလုံးပျံ့နှံ့နေတယ် ယဥ်လည်းခုမှဖုန်းသုံးမိတာမို့ ပျိုလေ ညီသိတယ်မလား ဟိုတခါ ယ်တို့နဲ့စားသောက်ဆိုင်မှာအတူဆုံတုန်းက ပျိုနဲ့အတူပါလာတဲ့တစ်ယောက်လေ အဲလူကဒါရိုက်တာတဲ့ ပြီးတော့အိမ်ထောင်ရှိတယ် ပျိုကအဲတစ်ယောက်နဲ့သတင်းတွေဆက်တိုက်ထွက်နေတာ အဲလူရဲ့ မိန်းမက ဟိုတယ်မှာမိတယ်ဆိုလားမသိဘူး!ညီ ဒါမဲ့ပျိုနဲ့တိုက်ရိုက်တွေ့တာမျိုးမဟုတ်ပဲ  အာ!!ရှုပ်ထွေးနေတာပဲ ပျိုအဲလောက်ထိမိုက်မဲမယ်လို့မထင်မိဘူး"

"ဟုတ်လား!!"

ညီမျက်နှာတစ်ချက်ပျက်သွားရသည် ပျိုက အဲလိုလူစားမျိုးလား... သူတကယ်စိတ်ရင်းအမှန်နဲ့ပြောကြေးဆို ပျို့ကို ကောင်းကောင်းမွန်မွန်ပဲမြင်စေချင်၏

"ဟုတ်တယ်ညီ ယဥ်လည်းတကယ်မထင်ထားဘူး ပျိုမဟုတ်လောက်ပါဘူးလို့ပဲဆုတောင်းနေတာ ဒါမဲ့ မီဒီယာတွေကပျိုမှပျိုဖြစ်ကြောင်းထောက်ခံပြောဆိုနေကြတာ !"

"ထားလိုက်ပါ ပျိုကအရွယ်ရောက်ပြီးသားမိန်းခလေးတစ်ယောက် သူ့ပါသူအရာရာကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်လို့တော့ထင်တယ် ပြီးတော့ပျိုကသတ္တိရှိပါတယ်! ထားလိုက်ပါ အာရုံနောက်မခံနေနဲ့စုယဥ် အဲသတင်းတွေဆိုတာကတာရှည်ခံတာမျိုးမဟုတ်ပဲနောက်ဆိုလည်းအဆင်ပြေသွားတာပါပဲ! ကိုယ်ဆို လိုင်းမသုံးဖြစ်တာတောင်အတော်ကြာနေပြီ!!"

"....."

ယဥ်တို့အန်တီ့အိမ်ရောက်တော့ညီရောယဥ်ပါကားထက်ကဆင်းလိုက်ကြပြီး ညီက ထုံးစံအတိုင်းယဥ့်လက်ကိုဆွဲကာအထဲ၀င်လာကြ၏

"ဟုတ်တယ် သမီးနှင်းနေကောင်းတယ်မလား ဂရုစိုက်နော် မာမီကသမီးကိုတဂွင်ဂွင်ဖုန်းဆက်ပြောနေလည်းသမီးကမှအလေးမထားတာ နေမကောင်းဖြစ်နေရင်ကိုယ်ပဲပိုခံစားရတာ  ကိုယ်၀န်နဲ့ဆိုတော့ပိုဆိုးပေါ့ဂရုစိုက်ပါသမီးရယ် !"

ယဥ်တို့၀င်လာတော့ အန်တီကမနှင်းနဲ့ဖုန်းဆက်နေဟန်ပါ

"သမီးနှင်းရေ ဒီမှာ သားညီတို့ရောက်လာကြပြီ !"

အန်တီကဖုန်းပြောနေရင်းယဥ်တို့ကိုပြုံးပြနေ၏

"......"

"သမီးစုယဥ်လည်းနေကောင်းပါတယ် သမီးနှင်းသာကျန်းမာရေးဂရုစိုက်နော် အရင်လိုနောက်ကျပြီးမှခေါင်းလျှော်တာတို့အချိန်လွန်ပြီးတော့မှထမင်းမစားနဲ့နော် မာမီအားရင်သမီးဆီအလည်လာခဲ့မယ် ဒါပဲနော်သမီးလေး!"

"လာထိုင်ကြ!"

အန်တီကဖုန်းချလိုက်ပြီး ယဥ်တို့လည်းဧည့်ခန်းမှာအတူထိုင်လိုက်ကြ၏

"မနှင်းဆီကဆက်တာလားအန်တီ!"

"ဟုတ်တယ်ဟုတ်တယ်  သမီးနှင်းပေါ့ မနေ့ကခေါင်းတွေကိုက်လို့တဲ့လေ ကိုက်တာလည်းမပြောနဲ့လေ အရင်လိုနောက်ကျပြီးမှခေါင်းလျှော်တုန်းပဲ ဟင်း မပြောချင်တော့ဘူး နှင်းကအလိုပဲအမြဲတမ်းပေါ့တိပေါ့ဆနဲ့ အန်တီကတော့အားမရဘူး! ဒါနဲ့သမီးတို့ကောအဆင်ပြေကြတယ်မမဟုတ်လား !"

"ဟုတ်ကဲ့ ပြေပါတယ်အန်တီ!"

"ကောင်းတယ်ကောင်းတယ် ဒီလိုလေးပဲအမြဲကြားချင်တယ် နှစ်ယောက်သားနားလည်မှုအပြည့်နဲ့ရှေ့ဆက်ကြ ခုဆို သားတို့မှာနှစ်ယောက်တည်းမဟုတ်တော့ဘူး ဘာဘဲလုပ်လုပ် ကလေးလေးကိုထည့်တွေးရတော့မှာ !"

"ဟုတ်အန်တီ !"

"မာမီ ကြီးအေးဆွေမျိုးကောင်မလေးကဘယ်တော့ရောက်မှာလဲ သားက စုယဥ်ကိုတစ်ယောက်တည်းအိမ်မှာစိတ်မချလို့!"

"အေး သားရယ် နောက်တစ်ရက်လောက်ဆိုရောက်ပြီ လမ်းခရီးစရိတ်ငွေးကြေးအဆင်မပြေလို့ မာမီလွှဲပေးထားတယ် !"

"ဟုတ်ကဲ့ အန်တီ ဖွားကောနေကောင်းရဲ့လား !"

"ကောင်းတော့ကောင်းတယ်ပြောရမှာပဲ သားဖွားကအသက်လည်းမနည်းတော့ဘူးဆိုတော့ တစ်ခါတလေအသိစိတ်လွတ်ပြီးပြောချင်ရာပြောတတ်တယ်! ခုရက်ပိုင်းဆိုပိုဆိုးပေါ့မာမီလည်းဆိုင်တဖက်နဲ့ဆိုတော့ အန်တီအေးနဲ့ပဲထားရတာ"

"ခုကောအဆင်ပြေရဲ့လား အန်တီ!"

"ခုအိပ်ပျော်နေတယ်ထင်တယ် ထားလိုက်ပါ သားတို့ရောက်တုန်းအေးဆေးနေကြ အပြန်ကျရင် ဟင်းတွေထည့်သွားအုံးနော်!!"

"စုယဥ်ခဏလေး ကိုယ်ဖွားဆီသွားလိုက်အုံးမယ်!"

"အင်း ညီ!"

ညီထွက်သွားတော့ အန်တီနဲ့ယဥ်သာ ဧည့်ခန်းမှာကျန်ခဲ့၏

!"သမီးစုယဥ်နေရထိုင်ရတာအဆင်ပြေရဲ့လား!"

"ဟုတ်အန်တီပြေပါတယ် !"

"အန်တီသားညီကိုယ်၀န်နဲ့တုန်းကဆိုရင် တောက်လျှောက်အန်တာ အန်တာ သိလားစားသမျှတိုင်းပြန်အန်နဲ့အန်တီ့မှာပိန်ပြီးအရိုးသာသာပဲ သမီးနှင်းတုန်းကဆိုအဲလောက်ထိမခံစားလိုက်ရဘူး!"

"ဟုတ်အန်တီ ယဥ်ခုထက်ထိတော့အဲလိုဆိုးဆိုး၀ါး၀ါးမဖြစ်သေးဘူး!"

"ကိုယ်၀န်နဲ့ဆိုတော့အမြဲတမ်းအစစအရာရာဂရုစိုက်ရတယ် အသွားမတော်ရင်တစ်လှမ်း အစားမတော်ရင်တစ်လုတ်တဲ့ !"

"ဟုတ်အန်တီ!"

ယဥ်အန်တီနဲ့စကားတွေအများကြီးပြောဖြစ်ကြပြီး ညီကအေပါ်ကနေပြန်ဆင်းလာတော့မျက်နှာမကောင်းချေ ..
ယဥ် အန်တီထည့်ပေးလိုက်သောဟင်းချိတ်တွေ
အလိုက်သ့င်ယူလာပြီးနှစ်ယောက်သားပြန်လာခဲ့တော့သည် ကားပေါ်ရောက်တဲ့အထိနှစ်ယောက်သားကစကားမပြောခဲ့ပါ

"ညီ!!ဘာဖြစ်နေတာလဲ ရုပ်က"

"ဘာမှမဖြစ်ပါဘူး!"

"မဖြစ်ရင်အဲ  အခွက်ဖြစ်စရာမှမလိုပဲ!"

"ဟာ  စုယဥ်ကလည်းတကယ်ဘာမှမဖြစ်ဘူး ဖွားအကြောင်းတွေးမိတိုင်းစိတ်မကောင်းဖြစ်မိလို့ပါ ကိုယ်ကငယ်ငယ်ကတည်းကဖွားထက်မှာနေပြီးကြီးလာတဲ့ကောင် အိပ်လည်းဖွားနဲ့ထမင်းစားလည်းဖွားခွံ့ပေးမှစားနေကျ ဒါမဲ့ဖွားက ခုဆိုသူငယ်နာပြန်ချင်နေတဲ့ပုံပဲ ဖွားနဲ့စကားပြောနေရင်း၀မ်းနည်းမိလို့ ကိုယ်လေ!"

ညီကစကားကိုဆက်မပြောပဲရပ်ထားလိုက်ကာ၀မ်းနည်းနေပုံပါ
ယဥ်လည်းသက်ပြင်းသာချလိုက်ပြီး ညီ့ကျောပေါ်လက်ကအလိုလိုရောက်သွားခဲ့၏

"လူဆိုတာကအဲလိုပဲလေညီရယ် အကုန် နာရ အိုရသေရမှာပဲ ဒါကိုလွန်ဆန်လို့မှမရပဲ ညီဆိုအရမ်းကံကောင်းတယ်သိလား ခုချိန်ထိ ဖွားနဲ့အတူနေနေရတယ် တွေ့ခွင့်ရတယ်လေ ယဥ်တို့ဆို မိဘနှစ်ယောက်စလုံးရဲ့အဖိုးအဖွားတွေကိုတောင်တစ်ခါမှမြင်ဖူးလိုက်တာမဟုတ်ဘူး ညီရဲ့ ဒီတိုင်းပဲ ယဥ်တို့ကြီးပြင်းလာခဲ့တာ ယဥ်ဆိုတစ်ခါတစ်လေ ညီ့ကိုအားကျရတယ်လေ ယဥ့်မှာက ညီ့လိုမျိုး ချစ်ပေးတဲ့တဲ့ ဖိုးဖွားတွေလည်းမရှိခဲ့ဘူး ကဲပြောပါအုံးအဲကြောင့်ပဲ ညီက ဖွားခန်းထဲကပြန်လာကတည်းကဒီရုပ်ကြီးဖြစ်လာတာပေါ့လေ ဟုတ်လား အမလေး..ယဥ့်မှာတော့ဘာဖြစ်လို့ဖြစ်မှန်းမသိဘူးစိုးရိမ်လိုက်ရတာ!မွ!"

ယဥ်က ဘေးကနေ့ ယဥ့်ပါးကိုတချက်နမ်းလိုက်လေ၏

"ချစ်တယ် ညီ!"

"အွန်း ကိုယ်လည်းချစ်တယ်!"

ယဥ်တို့ အိမ်ပြန်ရောက်တော့ ညီက ဟင်းချိတ်တွေကိုင်ပြီးနောက်မှာကျန်ခဲ့၏ ယဥ့်ဘာသာ ဆီသွားချင်တာမို့အပေါ်ထပ်သာအမြန်တက်လာခဲ့တော့သည် ...
ယဥ်ကိုယ့်ပါကိုယ် ဆီးပိုက်တပ်ထားချင်စိတ်တွေတစ်ဖွဖွပေါ်လာရ၏....

ယဥ် Toiletထဲကထွက်လာတော့ ညီကအခန်းထဲရောက်နေလေ၏

"စုယဥ်ခဏနေရင်ရေချိုးတော့နော်!"

"အွန်းညီ! !"

ညီက ရေချိုးခန်းထဲ၀င်ကာ ယဥ်ချော်လဲမှာစိုး၍ထင်သည် သန့်ရှင်းရေးလုပ်နေလေ၏

"ထားလိုက်ပါညီရဲ့ ညီပင်ပန်းနေမှာပေါ့ ယဥ်အဆင်ပြေပါတယ်!"

"ကိုယ်ကမှမပြေတာ!"

ညီသန့်ရှင်းရေးလုပ်လို့ပြီးတော့ ယဥ်ရေချိုးခန်း၀င်လိုက်လေ၏

ခဏကြာတော့ ယဥ်အပြင်ကနေ့ ညီ့ခေါ်သံကြားရ၏

"စုယဥ် !! စုယဥ်!"

"ဟမ် အမ် ညီဘာပြောတာလဲ!"
ယဥ်ရေချိုးနေတုန်းညီကအပြင်ကနေအော် ပြောတော့ ယဥ် ရေကျသံနဲ့မကြားရပါချေ

"ခဏလေး ယဥ်ပြီပြီး!"

ယဥ် ထဘီရင်လျှားလိုက်ပြီးပြန်ထွက်လာခဲ့၏

"ညီအပြင်ကနေဘာလို့လှမ်းအော်နေတာလဲလို့!"

"မကြာစေနဲ့လို့ပါကွာ မိန်းမကို!"

"မကြာပါဘူးညီရဲ့ခုပဲပြီးလို့ထွက်လာတာကို ညီရေသွားချိုးတော့လေ!"

"အင်း ဒီကိုလာအုံး!"

"ညီနော်!!"

ညီက ယဥ့်ကိုယ်လေးအားဆွဲခေါ်တော့ ယဥ် ညီ့ရင်ခွင်ထဲအလိုလိုရောက်သွားလေ၏

"မနေ့ကလေ စုယဥ် အဲတာ ကောင်းတယ်လို့သိလား ပြွတ်စ်!"

ညီက ယဥ့်နှုတ်ခမ်းအားနမ်းလာ၏

!"တော်ပြီနော် ညီ !"

"ကိုယ်ဘာမှမလုပ်ရသေးဘူးလေကွာ ကိုယ့်မှာမိန်းမကိုချစ်လို့ဒီတိုင်းလေးချီထားရုံပဲရှိတယ်!"

"အင်းလေ ယဥ်လည်း ဒီတိုင်းလေးပဲကြိုက်တယ်!"

"•အဟွန်း လူလည်မလေး!"

ညီက ယဥ့်နှုတ်ခမ်းတွေကို နမ်းရင်း လက်က ထဘီ
အပေါ်ကနေ ယဥ့်ရင်သားတွေကိုဆုပ်ကိုင်လာ၏

ထိုချိန်တွင် ယဥ့်ဖုန်းလေးထမြည့်တော့ နှစ်ယောက်လုံးလန့်သွားရကာ ယဥ်လည်းညီ့ကိုယ်ပေါ်ကနေဆင်းလိုက်ပြီး ဖုန်းရှိရာ စားပွဲသို့လျှောက်သွားလိုက်၏

ယဥ်ကြည့်လိုက်တော့ 'ပျိုတဲ့'
ယဥ် ညီ့ဆီကိုအကြည့်ရောက်သွားကာ ဖုန်းကောက်ကိုင်လိုက်၏

"ဟယ်လို !! !"

"ယဥ်လား ငါပါ ပျို!"

"အွန်း ပျို ပြောလေ!"

"ငါခုနင်တို့ခြံရှေ့မှာရောက်နေတယ် တံခါးမြန်မြန်လေးလာဖွင့်ပေးပါလားဟင် ငါ့အတွက်အရမ်းအရေးကြီးနေလို့!"

"....."

ယဥ်ဖုန်းချပစ်လိုက်ပြီး ညီကိုကြည့်လိုက်၏

"ညီ ယဥ်တို့ခြံရှေ့မှာ ပျိုရောက်နေတယ်!!"

"ဟမ် ဘာလို့လဲ!"

"မသိဘူးလေ တံခါးလာဖွင့်ပေးတဲ့! ညီအရင်သွားဖွင့်ပေးလိုက်လေ ယဥ် အ၀တ်စားလှဲပြီးဆင်းလာခဲ့မယ်!"

"အင်း ယဥ် မြန်မြန်လာခဲ့နော်!"

ညီကချက်ချင်းပင်အခန်းထဲကထွက်သွားတော့ ယဥ်သက်ပြင်းချမိလိုက်သည် 'ဘာတွေဖြစ်လာအုံးမလဲမသိ!'

ယဥ်ညအိပ်၀တ်အင်္ကျီနဲ့ဘောင်းဘီအား အမြန်လှဲလိုက်ပြီး အောက်ထပ်ဆင်းလာခဲ့တော့၏ ယဥ့်ရဲ့ မျက်ခမ်းတဖက်ကတော့ တောက်လျှောက်လှုပ်နေပြီး ဘာတွေများဆက်ဖြစ်လာမလဲ ယဥ်မသိတော့ချေ..

ယဥ်အောက်ထပ်ရောက်တော့ ပျိုနဲ့ညီကရှေ့ဆိုင်ထိုင်နေကြပြီးပျိုက ငိုနေလေ၏ ယဥ့်ကိုမြင်တော့ ပျိုက ယဥ့်အနားပြေးလာကာ ဖက်ငိုတော့သည်

"အဟင့် အီး ဟီး  ယဥ် ငါအရမ်းခံစားရတယ်ဟာ ငါ ငါလေ ဖေဖေက ငါ့ကိုလေ တခါမှလက်မပါဖူးပဲ ပါးရိုက်လိုက်တယ်သိလား ပြီးတော့ ခုထွက်နေတဲ့ သတင်းတွေက ငါမဟုတ်ပဲစွပ်စွဲခံနေရတာ သိလား ဟင့် ငါ ငါ့မျက်နှာကိုဓားနဲ့သာလှီးထုတ်ပြစ်ချင်တော့တယ်ဟာ ငါ အရမ်းရှက်တယ် ယဥ် ရဲ့!"

"ကလေးမှမဟုတ်တော့ပဲ ပျိုရယ် အရာရာ စိတ်ရှိတိုင်းဆုံးဖြတ်လို့မှမရတာ နင်ခုအိမ်နဲ့စကားများလာတာလား!"

"ငါ ငါလေ ဖေဖေနဲ့စကားများပြီးတော့အိမ်ပေါ်ကနေဆင်းလာခဲ့တာနင်သိလား ငါအရမ်းခံစားရတာပဲ!"

"နင့်မိဘတွေက စိတ်ဆိုးတုန်းခဏပဲနေမှာပါ ပျိုရယ် နင့်ကိုအဲလောက်ချစ်ကြတာ နင့်မိဘတွေတော့ စိုးရိမ်နေကြတော့မှာဘဲ!"

"ဒါ ဒါမဲ့ဟာ ဖေဖေငါ့ပါးကိုရိုက်တယ်လေ တသက်မှာတစ်ခါမှလက်နဲ့မရွယ်ဖူးတဲ့ဖေဖေက ငါ့ကိုရှင်းပြခွင့်မပေးပဲ ပါးရိုက်ခဲ့တာယဥ်ရဲ့!"

"ငါဆိုအရိုက်ခံရပေါင်းမနည်းတော့ပါဘူးပျိုရဲ့ !!"

"....."

ယဥ်ပျိုနဲ့အတူ ညီရှေ့၀င်ထိုင်လိုက်ပြီး ညီကတော့ ဘာမှပြောမလာချေ....

"နင်သိလားငါအရမ်းရှက်တာပဲ ခုငါအိမ်ကပြေးလာတာတောင် ငါ့မှာ ဘာမှပါမလာဘူးခြေဦးတည့်ရာလျှောက်သွားရင်း ငါ့ရဲ့တစ်ဦးတည်းသောသူငယ်ချင်းလေး နင့်ကိုသတိရသွားခဲ့တာ ငါ့မှာနင်ပဲရှိတယ် ယဥ်ရယ် နင်သိပါတယ် ငါ ကျောင်းတုန်းကတည်းက နင်တစ်ယောက်တည်းနဲ့ပဲပေါင်းလာခဲ့တာ ငါ့အကြောင်းနင်အသိဆုံးနေမှာပါ!"

"သိပါတယ်ဟာ ဒါမဲ့ နင့်အိမ်ကနင့်ကိုအရမ်းစိတ်ပူနေကြလိမ့်မယ် ပျို နင်ဒီလိုတကိုယ်ကောင်းဆန်လို့မှမရပဲ အန်တီဆိုနင့်ကိုအဲလောက်သည်သည်းလှုပ်ချစ်တာ နင့်မိဘတွေကိုထည့်တွေးပါအုံး!"

"ညီ ပျို့ ဖေဖေကိုဖုန်းဆက်ပေးနော် ညီနဲ့ယဥ်ပျိုတောင်းဆိုပါတယ် ပျို့ကိုဒီမှာခဏလေးတညအိပ်ပဲဖြစ်ဖြစ်နေခွင့်ပေးကြပါလားဟင် !"

ယဥ်နဲ့ညီကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်တော့သည်

"ငါနင်တို့ကိုအနှောင့်အယှက်ဖစ်စေလား ယဥ် ဒါဆိုလည်း ငါခုထွက်သွား!"

"အဲ အဲလိုဆိုလိုတာမဟုတ်ဘူး ပျို ဒီမှာက ကြိုက်သလိုနေလို့ရပါတယ်တစ်အိမ်လုံးကငါတို့လင်မယားနှစ်ယောက်တည်းပဲရှိတာ ပြောချင်တာက စုယဥ်ပြောသလိုပဲ အန်ကယ်တို့စိတ်ပူနေကြလိမ့်မယ် ပျိုစဥ်းစားကြည့်လေ ကိုယ့်သမီးတစ်ယောက်တစ်ညလုံးပျောက်သွားတယ်ဆိုရင် ဘယ်မိဘကများစိတ်အေးနိုင်မလဲ !အန်ကယ်ကလည်း မင်းကိုအဲလောက်ချစ်တာ စိတ်ဆိုတုန်းခဏမို့ပါ!"

ညီက၀င်ရှင်းပြလေ၏

"ဒါဆို ညီဖေဖေ့ဆီကိုဖုန်းဆက်ပေးလို့ရမလား ပျို့ကိုစိတ်မပူဖို့လေ !"

"အင်းကိုယ်ဆက်လိုက်မယ်!"

ညီကအပေါ်ထပ်တွင်ဖုန်းသွားယူကာ ပျိုရဲ့အဖေဆီကိုဆက်လိုက်၏ အန်ကယ်နဲ့ညီခန့်က စီးပွားရေးအနေနဲ့မိတ်ဆွေတွေဆိုတော့အရင်ကတည်းကရင်းနှိးလေ၏
ညီခန့်ဖုန်းဆက်တော့ အန်ကယ်က ဖုန်းမကိုင်ပါ ယဥ်နဲ့ပျိုလည်း စိတ်၀င်တစားစောင့်ကြည့်နေကြ၏

"ဖုန်းမကိုင်ဘူး ပျို!"

"ဟင်ဟုတ်လား!"

"ပျိုခဏနားလေ ကိုယ်ခဏနေမှပြန်ဆက်လိုက်မယ် စုယဥ်ထမင်းစားချိန်နောက်ကျလို့မရဘူးလေ ထမင်းသွားစားတော့ ပျို့ကိုပါခေါ်သွားတော့!"

"အင်း ညီ !!
ပျို ရေချိုးမလား ငါအ၀တ်ယူပေးမယ်! ဟိုလှေကားဘေးနားကအခန်း နင်အဲမှာနေလို့ရတယ် !"

"ကျေးဇူးပါ ယဥ်ရယ် ငါ့မှာနင့်ပဲရှိတာ!"

ယဥ်အပေါ်တက်ကာ ပျိုနဲ့အဆင်ပြေမဲ့အ၀တ်တစ်စုံထုတ်လာခဲ့၏ ပျိုနဲ့ယှဥ်က ခန္ဓာကိုယ်ချင်းသိပ်ကွာနေတာမျိုးမဟုတ်တော့အဆင်ပြေ၏

"ပျို ဒီမှာအ၀တ် ငါနင့်အတွက်ထုတ်လာခဲ့တာ အဲတာ ငါတစ်ခါမှမ၀တ်ရသေးဘူးပျို!"

ယဥ်ပျိုသိအောင်တမင်ပြောလိုက်ခြင်းဖြစ်သည် အရင်တုန်းက ပျိုက ယဥ်ကို 'စုယဥ်ဒီမှာလေ ငါတစ်ခါပဲ၀တ်ရသေးတယ် ငါနဲ့မလိုက်သလိုပဲနင်ယူလိုက်နော်'ဆိုပြီးအ၀တ်တွေပေးလေ့ရှိ၏ ယဥ်က အားနာတတ်တဲ့လူစားမျိုးဖြစ်တာကြောင့် ကျောင်းကတည်းက ပျိုပေးသမျှယူတတ်ပြီး နောက်ကွယ်မှသာအမှိုက်တောင်းထဲထည့်လေ့ရှိသည်
ယဥ့်မေမေက စက်ချုပ်ကျွမ်းကျင်သူတစ်ဦးဖြစ်တာကြောင့် ယဥ့်အတွက်အ၀တ်အစားကမပူခဲ့ရပါ..မေမေက၀ယ်မပေးနိုင်လည်း ယဥ့်အတွက်အထည်ချာ၀ယ်ပြီးချုပ်ပေးတတ်၏

"ရပါတယ်ဟာ ဒါတွေပြောနေစရာမှမလိုပဲ တစ်ယောက်ဟာတစ်ယောက်ယူ၀တ်တာဘာမှမဖြစ်သွားပါဘူး!"

ပျို ယဥ့်ကိုပြုံးပြလိုက်၏

"ရေသွားချိုးလိုက်လေ ငါနဲ့အတူထမင်းစားရအောင်!"

"အင်း ယဥ် ခဏလေးနော် !"

ယဥ်အခန်းထဲ၀င်သွားတော့ ယဥ်သက်ပြင်းချလိုက်လေ၏

"ညီဖုန်းဆက်လို့ရလား !"

"မရဘူး စုယဥ် !! အန်ကယ်ဖုန်းမကိုင်ဘူး  ကိုယ်သွားအကြောင်းကြားသင့်လားစုယဥ်  အန်ကယ်တို့စိတ်ပူနေမှာအသေအချာပဲ ဘာပဲဖြစ်ဖြစ် ခုချိန်မှာ ပျိုက ကိုယ်တို့ရဲ့ သူငယ်ချင်းပဲလေ ဒုက္ခရောက်နေတဲ့သူကိုကူညီကောင်းပါတယ် ပျိုကတခြားလူမှမဟုတ်ပဲ
စုယဥ် ကိုယ့်ကိုအပြစ်မမြင်ဘူးမလား!"

"ယဥ်ဘာပြောရသေးလို့လဲ ညီ!! "

"ကိုယ် စုယဥ်အထင်လွဲသွားမှာစိုးလို့ပြောတာတာပါ!"

"ညီအရင်ရေသွားချိုးလိုက်လေ ယဥ်တို့အတူထမင်းစားရအောင် ပြီးမှ ညီ့ဘာသာအန်ကယ်တို့ကိုသွားအကြောင်းချင် ကြားလိုက်ပေါ့ အန်ကယ်တို့လည်းမနက်ကျရင် သူ့သမီးကိုလာခေါ်ပါစေ!"

"ဟုတ် စုယဥ်! အဲဆို ကိုယ်ရေသွားချိုးလိုက်မယ်နော်!"

ယဥ့် ညီ့ကိုခေါင်းတချက်ညိတ်ပြလိုက်၏ ညီလည်းအပေါ်တက်သွားတော့ ယဥ်လည်း ထမင်းစားခန်းသို့၀င်လာလိုက်၏

ခဏအကြာတော့ သုံးယောက်သားဆုံပြီး ထမင်းစားကြ၏

"ညီ ဖေဖေ့ကိုဖုန်းဆက်လို့ရလားဟင်!"

"မရဘူး ပျို ကိုယ်စားပြီးရင် အန်ကယ့်ဆီသွားပြီးအကြောင်းကြား လိုက်မယ်လေ!"
ညီက ပျို့ကိုလှမ်းပြောရင်း ယဥ့်ပန်းကန်သို့ဟင်း
ထည့်ပေးလေ၏

"ဟင်းတွေစားကောင်းလိုက်တာ ယဥ်ချက်ထားတာလားဟမ် !! ယဥ်ကအရင်ကတည်းကဟင်းချက်တော်တာပျိုသိပြီးသားပါ!"

"မဟုတ်ဘူးဟ ဒီဟင်းတွေအန်တီတို့အိမ်ကပေးလိုက်တာတွေလေ ဒီနေ့ဟိုတယ်ကအပြန်ငါတို့ အန်တီ့ဆီကိုပါ၀င်ခဲ့သေးတာ!"

"အော်!!ဟုတ်လား"

ပျိုက သူ့ပါသူ ဟင်းထည့်ကာစားလိုက်၏

ယဥ်တို့စားသောက်ပြီးတော့ ညီက ကားမောင်းကာထွက်သွားလေ၏
ယဥ်က ပန်းကန်တွေဆေးနေရင်း ပျိုလည်း၀ိုင်းကူဆေးပေးလေ၏

"ယဥ် ကိုယ်၀န်ကဘယ်လောက်ရှိသွားပြီလဲ!"

"၂လကျော်နေပြီ ပျို ဘာလို့လဲ!"

"မဟုတ်ဘူး ငါဒီတိုင်းမေးကြည့်တာပါ !"

ယဥ်သိမ်းလို့ပြီးတော့နှစ်ယောက်သားဧည့်ခန်းသို့လျှောက်လာခဲ့၏

"အိမ်လေးကနေချင်စရာလေးနော် ယဥ် !"

"အင်း ညီ၀ယ်ထားတာလေ !"

"နင်ခဏကျန်ခဲ့အုံးနော် ငါအပေါ်မှာ အားဆေးသွားယူလိုက်အုံးမယ် !"

"အင်းသွားလေ!"

ယဥ်အပေါ်ပြန်တက်ကာ အခန်းထဲမှာ ကိုယ်၀န်အားဆေးဘူးအားရှာနေလေ၏
ဂျောက်!!

ဟင် ပျို
ပျိုက ယဥ်တို့အခန်းထဲ၀င်လာတော့ ယဥ်ရုတ်တရက်လန့်သွားရ၏

"ငါ၀င်လာမယ်နော် ယဥ် !! အခန်းလေးကမဆိုးဘူးပဲ နင်နဲ့ညီအတူအိပ်ကြတာလား!"

"အင်းလေ ပျို ဘာလို့လဲ !"

ယဥ်ဒေါသထွက်သွားရသည် တကယ်ဆို လင်မယားနှစ်ယောက်အိပ်တဲ့အခန်းကိုတစိမ်းလူ၀င်လာစရာအကြောင်းမှမရှိပဲ ယဥ် လုံး၀မကြိုက်မိပါ သူများလင်မယား အတွင်းရေးစပ်ကိုစပ်စုတာလည်းမကြိုက်ပေ

"ငါပြောရမှာအားနာပယ်မယ့် ဒါကငါတို့လင်မယားအိပ်တဲ့အခန်းပျို နင်ဆိုတာတစိမ်းမ်းလူတစ်ယောက် နင့်အတွက်လည်းမကောင်းဘူး !"

"အမလေး ကြီးကျယ်တာဟေ  ရှေးရိုးဆန်နေပြန်ပြီ နင်နဲ့ငါကတစ်အိပ်ယာတည်းအတူတူအိပ်လာကြတဲ့သူတွေပါ တကယ်ဆို နင်ငါ့ကိုတောင်ကျေးဇူးတင်ရမှာ နင်ဒီလိုကောင်းကောင်းမွန်မွန်နေနေရတာကိုလေ အဟွင်း ငါ့ဘ၀ကျတော့လည်း အခုကြည့်ပါလား နာမည်ဆိုးနဲ့သတင်းထွက်နေတာလေ တလောကလုံးငါ့ကိုအကုန်ထင်ကုန်နေကြပြီသိလား  ငါ့ဘ၀ကလည်းဆောက်တည်စရာမရှိကမောက်ကမတွေဖြစ်ကုန်တယ်!"

ပျိုကပြောရင်း ကုတင်ပေါ်တက်ထိုင်လေ၏ ယဥ်ကတော့ နေရာမှာရပ်လျှက်သား

"အပြင်ထွက်ရအောင် ပျို ငါတို့အောက်မှာအေးဆေးပြောလည်းရတယ် !"

"နင်သိလားယဥ် ငါ့ဘ၀လေးခုလိုတွေဖြစ်ကုန်တာ နင့်ကြောင့်ပဲ ယဥ်ရဲ့ ကြည့်ပါလား နင်ကတော့ ကောင်းစားနေလိုက်တာ အဟက်က်  ငါ ငါ့ဘ၀ကျတော့ရော!"

"အော် နင့်ဘ၀ကငါနဲ့ဘာဆိုင်လို့လဲပျို နင့်ဘာနင်အနေထိုင်မတတ်လို့ခုလိုသတင်းထွက်တာမလား နင်အဲဒါရိုက်တာနဲ့ကောရိုးမှရိုးရဲ့လားဟမ်!"

ယဥ်ကပျို့အကြောင်းသိသူမို့တည့့်ပဲမေးလိုက်တော့သည်

"နန်းစုယဥ် !! နင်ငါ့ကိုစော်ကားနေတာပဲလား ဟမ် ငါ့မှာတော့ သူငယ်ချင်းဆိုပြီးနင့်ကိုခင်တွယ်လိုက်ရတာ နင်ကတော့ငါ့အပေါ်လုပ်ရက်သွားတာ !"

"ငါကဘာလုပ်လို့လဲ ပျို နင်သာကိုယ့်ပါကိုယ်ဇွတ်မိန်းမကောင်းဆန်မနေနဲ့ နင်ညီနဲ့တွဲတုန်းကလည်း နင့်မှာညီတစ်ယောက်တည်းမှရှိတာမဟုတ်တာ နင်ဒေါက်တာကျော်စွာနဲ့ဘယ်လိုတွေပတ်သက်နေလဲငါမသိဘူးများထင်နေတာလား အဲတုန်းကလည်းဒေါက်တာကျော်စွာမှာကမိန်းမနဲ့နော်ခုလည်းထပ်ပြီးတော့ ပြီးတော့လေ နင်သိအောင်ငါတစ်ခုထပ်ပြောပြလိုက်မယ် ငါနဲ့ ညီက နင်ထင်သလိုမျိုး နင်မိတ်ဆက်ပေးမှသိတာမဟုတ်ဘူးသိလား ငါတို့အရင်ကတည်းကပတ်သက်မှုရှိတယ် !"

"ဘာ!! နင် နန်းစုယဥ်လျှောက်မပြောနဲ့နော် !!အဲလိုဖြစ်စရာအကြောင်းမှမရှိတာ!"

"ငါအမှန်တွေပြောပြနေတာ ပျို ယုံတာမယုံတာကနင့်အပိုင်း ငါဒီလောက်ပဲပြောပြနိုင်မယ် နင်လည်းအသိစိတ်၀င်ပါတော့ !"

ပျိုကကုတင်ပေါ်ကနေထရပ်လိုက်ပြီး ယဥ့်အနားတိုးလာတော့ ယဥ်နောက်ကိုအသာဆုတ်လိုက်၏ ပျိုက ဒေါသထွက်ပြီဆိုအသိစိတ်လွတ်တတ်သူမို့ယဥ်သိပြီးသားပါ

"နင် ငါ့ကိုဆရာကြီးစတိုင်နဲ့လာမပြောနဲ့​ ယဥ်ဘာလဲ နင်က ဒီလိုချမ်းသာတဲ့အသိုင်းအ၀ိုင်းကြီးထဲရောက်လို့ဘ၀မေ့သွားတာလားယဥ်ဟမ် ပြီးတော့ငါပြောပါအုံးမယ် နင်က ညီ့ကိုကိုယ်၀န် ဘန်းပြပြီးဆွဲထားလို့လည်းညီ့အချစ်တွေရမယ်ထင်နေလားဟမ် အရင်တုန်းက ညီငါ့ကိုဘယ်လိုတွေဂရုစိုက်ပေးခဲ့လဲ နင်သိမှာပါအဟင်း ငါတို့တွေ့တိုင်းနင်ပါနေတာပဲ မုန့်ဆိုလည်းခွံ ရေသန့်ဘူးတောင်ငါ့လက်နဲ့သေချာဖောက်ဖူးခဲ့တာမဟုတ်ဘူးယဥ်ရဲ့ နင့်ကိုနင်သိပ်ဟုတ်လှပြီမထင်နဲ့သိလား ညီငါ့ကိုဘယ်လောက်ထိချစ်ခဲ့လဲနင်သိမှာပါ!ငါကတင့့်လိုကုတင်ပေါ်ကနေဆွဲဆောင်နေတာမဟုတ်ဘူး ညီကငါ့ကိုအဖြူထည်လေးချစ်ခဲ့တာသိလား!"

ယဥ့်ရင်ခုန်သံတွေမြန်နေကာ ဒေါသကြောင့်လက်တင်းတင်းဆုပ်မိသည် ပျိုက ဒီအိမ်ကိုကောင်းသောလာခြင်းမျိုးမဟုတ်တာ

"အဲတာအတိတ်လေ အတိတ် ပျိုရဲ့ သိလား အတိတ် နင်အိမ်မက်ကနေနိုးလိုက်ပါတော့ ကုတင်ပေါ်မှာပဲနေနေအဓိကညီ့ကငါ့ကိုချစ်ရင်ပြီးရောပဲပျိုရဲ့  ခုငါ့ကိုညီဘယ်လောက်ချစ်မချစ်ဒီမှာလေ ဒီဗိုက်ကသက်သေပဲ အဟွန်း ငါထပ်ပြောရအုံးမလားပျို!"

"အဟက် !!ဗိုက်လားအဲဗိုက်ကဂျိုကောင်လေးကြောင့်နင့်ကိုညီကချစ်တယ်ပေါ့!"

"ဖြန်း!! "

ယဥ် ဒေါသမထိန်းနိုင်ပဲ ပျို့ပါးကိုလွှဲချလိုက်တော့သည်

"မှတ်ထား အဲတာ ငါ့ကလေးကိုစော်ကားချင်အုံးပျို လျှာရိုးမရှိတိုင်းငါ့ကလေးကိုဒီလိုစော်ကားလို့မရဘူး  နင်က ကျွေးတဲ့လက်ကိုပြန်ကိုက်တာပဲလား ပျို ခုနားတုန်းကတော့ သေတော့မယ့်အတိုင်းပဲ ငိုပြရတာနဲ့ငါ့မှာတော့ သူငယ်ချင်းဆိုပြီး ထားပါလေ နင်ကငါ့အတွက် သူငယ်ချင်းကောင်းဘယ်တော့မှမဟုတ်ခဲ့တာငါမေ့သွားတာပဲ   နင်ငါ့ကိုကြိုက်သလောက်ဆဲ စော်ကားလို့ရတယ် ဒါမဲ့ငါ့ကလေးကိုနင်ဒီလိုပြောပိုင်ခွင့်မရှိဘူး ပျို ! နင်ရူးနေပြီ နင်အသိစိတ်လွတ်နေပြီ"

"နင်! !!ငါ့ပါးကိုရိုက်တယ်ပေါ့လေ အဟက်....
နန်းစုယဥ် ဒီပါးတဖက်ကလေ မနက်ကပဲဖေဖေကိုယ်တိုင်ရိုက်ခဲ့သေးတာသိလား ထားပါ နင့်ကိုနင်အထင်ကြီးနေတာပဲ ယဥ်ရဲ့  တကယ်တော့ ငါ့ကျေးဇူးကြောင့် ငါကယ်တင်ထားလို့ နင်ဒီနေရာမှာရောက်နေတာဆိုတာကိုရောသိရဲ့လားဟမ် !!နင်​ကျောင်းတုန်းက ကိုယ့်ပါကိုယ်သတ်သေတာလေ အဲတာငါအတွေ့မြန်လိုသာနင်ခုလိုအသက်ရှင်နေနိုင်တာမဟုတ်ဘူးလား နင်ကကျေးဇူးတရာတစက်မှမသိတတ်တဲ့ဟာမပဲ ယဥ် နင့်ကျေးဇူးရှင်ကို ကျေးဇူးကန်းတယ် !"

"အော် !!ဟုတ်လား ကျေးဇူးရှင်လား  ငါအဲလိုလုပ်ရအောင်နင်လုပ်ခဲ့တာမဟုတ်လား အခုမှကယ်တင်ရှင်လိုလိုဘာလိုလိုနဲ့ နင်ကသိပ်ဟန်ဆောင်ကောင်းနေတာပဲ ဟမ်  နင်အဲတုန်းကလည်း အကိုကြီးကိုတဖက်သတ်ကြိုက်ပြီးငါ့ကိုကြိတ်မနာလိုဖြစ်နေတာငါမသိဘူးများထင်နေလား ပျို ဖေဖေ့ကိုနင်ကိုယ်တိုင်သွားပြောခဲ့တယ်မဟုတ်လား ငါမသိဘူးများထင်နေတာလား  ပြီးတော့ငါ့ရှေ့သူငယ်ချင်းကောင်းလာပီသပြနေတယ် နင်သာရှက်တတ်ရင် ရှက်သေလို့ရတယ်ပျိုရဲ့ သိလား နင်ကငါ့ကိုသူငယ်ချင်းလို့တခါမှမသတ်မှတ်ဖူးတာလည်  ငါမသိဘူးများထင်နေတာလား ငါကနင့်အခိုင်းဖက်သာသာပဲလေ မဟုတ်ဘူးလား!"

"အေးလေထားပါတော့ ခုတော့ ငါ့ကိုစော်ကားတတ်ပြီပေါ့ယဥ် ကောင်းပြီလေ ငါရှည်ရှည်ဝေးဝေးပြောမနေချင်တော့ဘူး
ယဥ် နင်နဲ့ငါအလောင်းစားလုပ်မလား ယဥ်!ဟမ် !"

ပျိုက သူ့ပါးတစ်ဖက်ကိုကိုင်ကာရီနေလေ၏

"မလုပ်ဘူးနင့်လိုကောင်မနဲ့ငါဘာအလောင်းစားမှ လုပ်စရာအကြောင်းမရှိဘူး!"

"အဟက် !!နသ်ကြောက်တယ်မလား ဘာအလောင်းအစားဆိုတာရောနင်သိသေးလို့လားယဥ်အခုကတည်းကကြောက်နေပုံထောက်ရင် သေချာတယ်ငါထင်တဲ့အတိုုင်းပဲ!"

"နင်ဘာကိုဆိုလိုချင်တာလဲ! "

"နင်ပြောသလိုပဲလေ ညီကနင့်ကိုသိပ်ချစ်နေပါပြီဆို အဲအတိုင်းပဲလေ နင်နဲ့ငါအလောင်းအစားလုပ်မလားလို့!ဘယ်လိုလဲ  နင်ဒီတစ်ခါ နင့့်ဖက်ကရှုံးရင် နင် ညီနဲ့အဝေးဆုံးထွက်သွားပေး ဘယ်တော့မှညီ့အနားပေါ်မလာခဲ့နဲ့ အေး!!အဲလိုပဲ ငါရှုံးခဲ့ရင်လည်း ငါနင်တို့နှစ်ယောက်ကြားသေလူတစ်ယောက်လိုပျောက်ကွယ်သွားပေးမယ် နင်တို့ရှေ့ဘယ်တော့မှပေါ်လာတော့မှာမဟုတ်တော့ဘူး  ဘယ်လိုလဲ ယဥ်!"

ပျိုက အောင်နိုင်သူတစ်ယောက်လုံးမျက်ခုံတစ်ဖက်
ပင့့်ပြတော့  ယဥ်ဒီတိုင်းသာကြည့်နေလိုက်၏

"......"

ယဥ် ...ယဥ် စိတ်ထဲက ကြောက်နေမိ၏ ...ယဥ်ညီ့ကိုယုံပယ်မယ့် ခုလိုအခြေအနေဆိုရင်ကော ယဥ်ဘာလုပ်ရမလဲ...

"ဘယ်လိုလဲ !!နင်မလောင်းရဲဘူးမလား ယဥ် အဟက်  နင်ရှုံးသွားမှာကြောက်နေတာလား နင်ပြောသလိုလေ နင့်မှာ ညီ့ကိုချည်စရာ နင့်ဗိုက်ထဲကလေးလည်းရှိနေပြီပဲ ယဥ်ရဲ့ မလောင်းရဲဘူးလား!!"

ယဥ် ပျို့ကိုကျောခိုင်းကာ လက်သီးတင်းတင်းဆုပ်ထားလိုက်၏ ....သူများနဲ့ယှဥ်လာရင် ဘယ်တော့မှအရှုံးမပေးချင်တဲ့မခံချင်စိတ်က ဖေဖေရိုက်သွင်းပေးထားတော့ ယဥ့်ကိုယ်ထဲရှိနေလေ၏ 
နင်ဘာကိုတွေးကြောက်နေတာလဲ ယဥ် ညီက ဗိုက်ထဲက ကလေးကိုသက်သေထားပြီး ယဥ့်ကိုချစ်ရေးဆိုထားပြီးပြီပဲ ပြီးတော့ ညီခုလို ယဥ့်ကိုဂရုစိုက်ပေးနေတဲ့အမူအရာတွေက ယဥ့် ကိုချစ်တယ်ဆိုတာသက်သေပဲမဟုတ်လား...နန်းစုယဥ် နင်ဘာကိုကြောက်နေတာလဲ.....သေချာတယ် နင်ရှုံးမှာမဟုတ်ဘူး..ယဥ် ညီ့ကိုယုံတယ်

"ကောင်းပြီလေ လောင်းကြမယ် ပျို !! ဒါမှ နင့်ကိုနင်စိတ်ကြီး၀င်နေတယ်ဆိုတာကိုငါသက်သေပြပေးလို့ရတာပဲလေ!"

"ကောင်းပြီလေ ကတိနော်!!ငါ့ဖက်ကလည်းနင့်ဘ၀တစ်လျှောက်လုံးငါ့ကိုမယှဥ်နိုင်ဘူးဆိုတာသိအောင်ပြပေးမယ်ယဥ် !! ငါအခု နင်တို့အိမ်ကချက်ချင်းဆင်းသွားမယ် ညီတကယ်လို့ ငါ့နောက်လိုက်လာခဲ့ရင် နင်ရှုံးပြီ တကယ်လို့နင်ညီ့ကိုဆွဲထားနိုင်ခဲ့တယ်ဆိုရင် နင်နိုင်တယ်  ကဲ ဘယ်လိုလဲ ယဥ်!!!"

"အင်း!!ကောင်းပြီလေ !! နင်ပြောသလိုလုပ်ကြတာပေါ့!!"

"အဟွင်း!!လိုပဲဖြစ်ရမှာပေါ့ ယဥ် တကယ်ဆိုနင်နိုင်ပါတယ်ဟ နင့်မှာ ညီမရှိရင်တောင် ညီ့ကိုယ်ပွားလေးကျန်ခဲ့မှာပဲကို!"

"......."

ယဥ်နဲ့ပျိုနှစ်ယောက်သာအောက်ထပ်ဆင်းပြီးညီရောက်လာမဲ့အချိန်သာစောင့်နေခဲ့၏ ယဥ့်ရင်ခုန်သံတွေမြန်နေကာစိတ်တွေလေးလံနေ၏  ယဥ့်တစ်ဘ၀လုံးနဲ့ဆိုင်တဲ့အရာကို ယဥ်လုပ်မိလိုက်ပြီ ...ဖြစ်လာသမျှအကောင်းအဆိုကို နင်ခံရတော့မှာပဲ နန်းစုယဥ် ..
.
.
.
.
"အေးပါ သားလေးရယ် ခုလိုလာရောက်ရှင်းပြပေးတာကိုပဲ အန်တီတို့ ကျေးဇူးတင်မဆုံးပါဘူးကွယ် သမီးပျိုကလေ စိတ်အရမ်းညစ်နေရှာတာသူ့အဖေကသူ့ကိုရိုက်တယ်ဆိုပြီးလည်း စိတ်မကောင်းဖြစ်သွားပုံပါ သားသိတဲ့အတိုင်း အန်တီတို့က သမီးကိုပိုးမွေးသလိုမွေးလာခဲ့တာကွယ် လက်ပါဖို့နေနေသာသာ ခုတော့ သမီးလေးသနားပါတယ်!"

"မီဒီယာဆိုတာကဒီလိုပါပဲ အန်တီရယ် နောက်အဆင်ပြေသွားပါလိမ့်မယ် ပျိုကတော့ သူမဟုတ်ဘူး အထင်လွဲနေကြတာလို့ပဲပြောပါတယ် ကျွန်တော်နဒ့ယဥ်လည်း ပျို့ကိုလည်းယုံပါတယ် !"

"ကျေးဇူးပါသားရယ် ခုသမီးက သားတို့အိမ်မှာပေါ့နော်  သမီးလေးကိုဂရုစိုက်ပေးပါကွယ် သမီးလေးသမီးနန်းစုယဥ်နဲ့ကငယ်သူငယ်ချင်းတွေဆိုတော့အားကိုးစရာဆိုလို့ သူ့ငယ်ချင်းပဲရှိတော့ အဲကိုရောက်သွာတာထင်တယ် ကျေးဇူးပါကွယ် သမီူီူလေးနန်းစုယဥ်ကိုလည်းကျေးဇူးတင်ကြောင်းပြောပေးပါနော်
အန်တီစိုးရိမ်တာက သမီးလေးကိုယ့်ပါကိုယ်သတ်သေသွားမှာကိုပဲကြောက်မိတာပါ အန်တီ့သမီးလေးကို ဂရုစိုက်ပေးပါနော် သား!"

"အန်တီထင်သလိုမဖြစ်စေရပါဘူး ကျွန်တော်နဲ့ ယဥ်စောင့်ရှောက်ပေးပါ့မယ် အဲတာ အန်တီနဲ့အန်ကယ်စိုးရိမ်နေမှာစိုးလို့လာပြောတာပါဗျာ ဖုန်းလည်းမကိုင်တော့လေ!"

"သားအန်ကယ်က သတင်းသမားတွေကိုနုတ်ပိတ်ဖို့ဆိုပြီးအပြင်ထွက်သွားတာပဲ ကွယ် အန်တီပြောလိုက်ပါ့မယ်သားရယ်!"

"ဟုတ်ကဲ့အန်တီ ဒါဆိုကျွန်တော့ကိုခွင့်ပြုပါအုံးနော် !"

"အေးပါသားလေး ကားဂရုစိုက်မောင်းနော်!"

ညီခန့် ပျိုတို့အိမ်မှ ကားမောင်းကာထွက်လာခဲ့တော့သည်
.
.
.
.
.
"ယဥ် ညီ့ကားလာသံကြားတယ် !"

ပျိုကချက်ချင်းထလိုက်ပြီး မီးဖိုချောင်ထဲ၀င်သွားလေ၏ ယဥ်လည်းရုတ်တရက်ကြောင်၍ကြည့်နေမိကာ ခဏအကြာပျိုထွက်လာတော့ ပျို့လက်မှာ ကိုင်ထားတာက   ကြက်သွန်လှီးတဲ့ဓားတစ်ချောင်းကိုင်ထွက်လာတော့ ယဥ်လန့်သွားရ၏

"ပျို နင်ဒါဘာလုပ်မလို့လဲ! ဟမ် ခုချက်ချင်းချထားလိုက်အဲဓားကို!"

ပျိုက အောင်နိုင်သူတစ်ယောက်လိုမျိုး သဘောကျစွာပြုံးနေကာ

"အင်းငါခုချက်ချင်းဒီအိမ်ကထွက်သွားတော့မှာ အေးတကယ်လို့ ညီသာငါ့နောက်ကိုလိုက်လာခဲ့ရင်ဒီပွဲမှာငါနိုင်တယ်နော်ယဥ် မလိုက်ဘူးဆိုရင်တော့နင်နိုင်တယ် !ကတိပဲ!"

"နင်!! ယုတ်မာတာပဲပျို !"

"အဟွန်းနင်လည်းငါ့အပေါ်ယုတ်မာခဲ့တာပဲ!"

တဖက်တွင် ညီကလည်းကားရပ်ကာ အိမ်ထဲ၀င်လာလေ၏
ညီမြင်လိုက်ရတာက ပျိုက သူ့လည်ပင်းကိုသူဓားရွယ်ထားလေ၏
သူထွက်သွားတုန်းကအကုန်အဆင်ပြေပြေပါ ခုကျတော့ ဘယ်လိုဖြစ်ကြတာလဲ ညီခန့်ပြောင်းလဲနေသောအခြေအနေတွေကြောင့် နားမလည်နိုင်တော့ချေ!!

ယဥ်တစ်ယောက်ကလည်း ပျိုဘာလုပ်နေမှန်းနားမလည်နိုင်တော့ချေ

"ပျို ဘာ ဘာလုပ်တာလဲ အဲဓား ချထားလိုက်!"

"အဟင့် !! ညီ ညီရယ် ပျို ပျိုလေ ရင်နာတယ် အဟင့် အသက်မရှင်ချင်တော့ဘူး ပျို  ဒီလောကကြီးကနေထွက်သွားချင်ပြီ ပျို့ ကိုမတားကြပါနဲ့တော့ ပျို ဒီကိုလာတာ ညီတို့အတွက်အနှောင့်အယှက်ဖြစ်ရတယ်မလားဟင်  ယဥ် ယဥ်က ပျို့ပါးကိုရိုက်တယ် သိလား
မနက်တုန်းက ဖေဖေရိုက်တယ် ခုယဥ်ကပါထပ်ရိုက်ပြန်ပြီ အဟင့် ပျို ပျိုလေ အရမ်းမှားပါတယ် ယဥ်ရယ် ငါတောင်းပန်ပါတယ်!"

"ပျို နင့်ရဲ့ကလေးအကွက်တွေကိုချက်ချင်းရပ်လိုက်နော်!"

"ဘာ ဘာတွေဖြစ်ကုန်တာလဲ ခဏလေးမှာ ဟမ် စုယဥ် ပျို့ပါးကိုတကယ်ရိုက်လိုက်တာလား  ဘာလို့လဲဟန်  စုယဥ် ကျစ်!!! မင်းကအိမ်ရှင်လေကွာ ပြီးတော့ ပျိုကတစိမ်းလူမှမဟုတ်ပဲကွာ ဘာတွေဖြစ်ရတာလဲ!"

"ညီခန့် !!နင်!ဘာသိလို့လဲ!"

ပျိုကယဥ့်ဖက်ကိုလှည့်ကာတချက်ပြုံးပြလိုက်၏ 'မှတ်ပလားယဥ် နင်သေချာပေါက်ရှုံးမှာသိလား'

"ပျို ကိုယ်တို့အေးဆေးဖြေရှင်းရအောင် ဓားကိုချလိုက်နော် ပျို!"

"ဟင့်အင် ပျိုခုဒီအိမ်ကထွက်သွားတော့မယ် ညီပျို့နောက်ကိုလိုက်မလာပါနဲ့ မနက်ဖန်သာ ပျို့အလောင်းကိုလာကောက်ပါ ဟင့်!"

"ပျို!!"

ညီကလှမ်းအော်ပယ်မယ့် ပျိုက ဓားကိုကိုင်ကာထွက်သွားလေ၏

ယဥ့်မှာတော့ ပြောစရာစကားမရှိဘဲ လည်ချောင်းတွေကြားစကားလုံးတွေကထစ်ဆို့နေကာ ညီ့ကိုဘယ်လိုရှင်းပြရမှန်းလည်းမသိချေ
ညီ မလိုက်သွားနဲ့နော် .....ညီမသွားနဲ့နော် ညီ ယဥ်တို့သားမိကိုမထားခဲ့ပါနဲ့နော် ညီရယ်
ယဥ်စိတ်ထဲမှ အကြိတ်ကြိတ်ဆုတောင်းနေမိ၏  ညီမသွားပါစေနဲ့ အရှင်ဘုရား......

"ဟာကွာ  !!,ဘာတွေ ဖြစ်ကုန်ရတာလဲကွာ စုယဥ်ခုချိန်မှာပျိုက ဧည့်သည်လေကွာ !"

"ညီ လိုက်မသွားရဘူးနော် ညီ မသွားနဲ့!"

"ဘာကွ!! စုယဥ် တကိုယ်ကောင်းဆန်နေပြန်ပြီ တကယ်လို့ တကယ်လို့ ပျိုသာမနက်ဖန်သေသွားရင် ကိုယ်တို့ပရောဂမကင်းးးဘူးကွ အဲတာသိလား ကိုယ်ခုပဲ အန်တီ့ကိုသူ့သမီးကိုစောင့်ရှောက်ပါ့မယ်လို့ကတိပေးလာခဲ့တာ !!စုယဥ် မင်းကော မင်းသူငယ်ချင်းတစ်ယောက်ဒီလိုဖြစ်နေတာလက်ပိတ်ကြည့်နေမှာလား!"

"အဲ သူ သူငယ်ချင်းကလေ ညီ  ယဥ်တို့ကိုဝေးစေ
မှာသိလား ညီရဲ့ မသွားနဲ့!"
ယဥ် ၀မ်းနည်းကာအသံလေးတိမ်၀င်သွားရ၏
ညီ့လက်ကိုလည်း မလွှတ်တမ်းဆွဲတားလိုက်၏

"စုယဥ်!! အခြေအနေကိုတချက်လောက်နားလည်ပေးပါကွာ ကိုယ်ကြားကနေပြီးတောင်းပန်ပါတယ်  ပျိုသာတစ်ခုခုဖြစ်ရင်လေ ကိုယ်တို့အတွက်လည်းမကောင်းဘူး သူ့မိဘတွေအတွက်လည်းမကောင်းဘူး သူတို့မှာပျိုတစ်ယောက်ပဲရှိတာ!"

"ယဥ်တို့သားမိအတွက်လည်း ညီ့ကိုလိုအပ်တယ် ညီရဲ့ မသွားပါနဲ့နော်!"

"စုယဥ်ကိုယိ့ကိုယုံ ကိုယ်အခုချက်ချင်းပြန်လာခဲ့မယ် ဟုတ်ပြီလား ပျို့ကိုရှာပြီး သူ့မိဘအိမ်ပြန်လိုက်ပို့ပေးခဲ့မယ် ခဏလေးပဲ!"

ယ် ညီ့ကိုဆွဲထားတဲ့လက်ကိုလွှတ်ချလိုက်ပြီး ကျလာသော မျက်ရည်တွေကိုသုတ်ပြစ်လိုက်၏

"ကောင်းပြီလေ အဲတော့ လိုက်သွားမယ်ဆိုတဲ့သဘောလား!!ညီခန့်  ငါတို့တည်ဆောက်ထားတဲ့ဘ၀လေးပျက်စီးသွားမယ်ဆိုရင်တောင်နင်ကသွားမယ်ပေါ့ဟုတ်လား!"

"ကျစ်စုယဥ် ကလေးမဆန်စမ်းပါနဲ့ ကိုယ်အခုချက်ချင်းပြန်လာခဲ့မယ် ဟုတ်ပြီလား!"

"နင်နောင်တမရစေနဲ့!!"

နောက်ဆုံးတော့လည်း ညီက ယဥ့်ကိုကျောခိုင်းပြီးထွက်သွားလေတော့သည်

ရက်စက်လိုက်တာညီရယ်....ယဥ်လည်း ကြမ်းပြင်ပေါ်အရုပ်ကျိုးပျက်ထိုင်ချလိုက်တော့သည်...
ခဏအကြာတော့ ညီ့ကားသံလေးခြံထဲမှထွက်သွားတဲ့အသံကြားလိုက်ရ၏

ယဥ်စိတ်ကြိုက်ငိုပြီးနောက်  ဂန့်ဂေါ်ပင်လေးရှိရာသို့ထွက်လာခဲ့တော့သည်
ယဥ်အပင်ရှေ့ရောက်တော့ ထိုင်ချလိုက်ကာ ထပ်ငိုမိပြန်သည်
'အကုန် အကုန်ပျက်စီးသွားခဲ့ပြီ ယဥ်တို့တည်ဆောက်ထားတဲ့ဘ၀လေး အကုန်ပျက်စီးသွားခဲ့ပြီညီရဲ့
တခဏတာလေးအတွင်းပျက်စီးသွာခဲ့ပြီ
ညီ ကိုယ်တိုင် ဒီအပင်လေးနဲ့ ကလေးလေးကိုသက်သေထားပြီးချစ်ခွင့်ပန်တုန်းက ကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးမိန်းခလေးက ယဥ်ဖြစ်လောက်တယ် ညီရယ် ..ဒါမဲ့အဲဒီပျော်ရွှင်မှုကတာရှည်မခံခဲ့ပြန်ဘူး.ယဥ်ကယဥ်ဘာပဲ ဘာမှမကွာခြားသွားပြန်ပါဘူး.နောက်ဆုံးတော့လည်း ပျိုပြောခဲ့သလိုမျိုး ယဥ် ပျိုု့ကိုမယှဥ်နိုင်ခဲ့ဘူးပေါ့ 

babyလေးရယ် မင်းဖေဖေက မေမေတို့ကိုထားပြီးထွက်သွားခဲ့တယ်သိလား မေမေသိပ်၀မ်းနည်းတယ်ကလေးလေးရယ်  မေမေလေ မေမေ အဟင့်..အီးဟီး  အဟင့် မေမေ မှားပါတယ် မေမေမှားတယ် ကလေးလေးကို မိဘစုံစုံလင်လင်နဲ့ကြီးပြင်းချင်ခဲ့ပယ်မယ့်မေမေ့ကိုခွင်လွှတ်ပါတော့ကွယ်
ကိုယ့်ကိုမကြိုဆိုသောရပ်၀န်းမှာမေမေဆက်နေလို့မှမရတော့တာ ဘဘီရယ် မေမေ့ကိုနားလည်ပေးပါနော်
မေမေ မင်းဖေဖေမရှိလည်း ဘေဘီလေးကိုအကောင်းဆုံးပြစုစောင့်ရှောက်သွားမယ်ဆိုတာ ဒီအပင်လေးရှေ့မှာပဲ သစ္စာဆိုပါတယ် ဘေဘီကိုသေချာပေါက်ပျော်ရွှင်အောင်ထားပေးမယ်သိလား ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင်တောင် ဘေဘီလေးရှိတဲ့ဖက်မှာပဲ မေမေနေမှာသိလား ဘေဘီ့ကိုမေမေအရမ်းချစ်ပါတယ်နော်
မေမေတို့ပြတ်သားချိန်တန်ပြီသားရယ် ...

မျှော်ပါ
စာကျရင်ဖြည့်ဖတ်ကြဖို့တောင်းဆိုပါတယ်နော် စာကဖုန်းနဲ့ပဲရိုက်တာပါ ပြီးတော့လေ
ကျွန်မကအပြာ၀တ္တုရေးတာမဟုတ်ပါဘူးနော် တကယ်စဥ်းစားကြည့်စေချင်ပါတယ်
လင်မယားဆိုတာကလေ အိမ်ထောင်ကျတဲ့သူဆိုသိမှာပါ နှစ်ယောက်လုံးဖို မ သဘာ၀အတူတူနေချင်ကြတာကသဘာ၀ပါနေ့တိုင်းအတူတူနေကျလို့ပဲ မိန်းခလေးတွေက တားဆေးထိုးဆေးအမျိုးမျိုးသုံးနေကြရတာပါ
အခုလည်း လင်မယားဆိုတော့ လင်မယားအပြုအမူလေးတွေပါပါတယ် နေ့တိုင်းမူစကူူဒူးကြတာလည်းပါမှာပဲ ဟိုဟာလေးကိုင်ချင် ဒီဟာလေးကိုင်ချင်ကြတာက သဘာ၀တရားကိုလွန်ဆန်လို့မရပါဘူးရှန်အဲတာကောင်းမလိုနဲ့မူစကူူပဲဒူးတယ်အပြာစာလားလို့မမေးကြပါနဲ့ရှန်😍စိတ်ရင်းနဲ့အကြံပေးတဲ့သူတွေကိုလည်းကျေးဇူးပါလို့

ရှည်ကြီးတင်ပေးလိုက်ပါတယ် နှစ်ပိုင်းခွဲတင်ရမှာပျင်းလို့ပါ😉

ရင္ခြင္တစ္စံုသို႔တမ္းျခင္း ၄၄

ညီ မီတင္ၿပီးလို႔အခန္းထဲလာေတာ့ စုယဥ္ က ကုတင္ေပၚတြင္ေကြးေကြးေလးအိပ္ေနေလ၏ ဗိုက္မဆာလားမသိေပ ညီခန္႔ ယဥ့္အနားတိုးသြားလိုက္ကာ
အနမ္းတခ်က္ေပးလိုက္၏
စုယဥ္ ကိုမႏိႈးခ်င္ေသးပယ္မယ့္ ေန့လည္စာစားရမဲ့အခ်ိန္ကႀကိဳေနၿပီျဖစ္သည္ စုယဥ္က ဗိုက္နဲ႔ဆိုေတာ့အရင္လိုအဆာခံ၍လည္းမျဖစ္ေပ  အရင္လိုလည္းေနမေကာင္းရင္ေဆးေသာက္လို႔ရတဲ့အေျခအေနလည္းမဟုတ္ေတာ့ စုယဥ္တစ္ခုခုျဖစ္သြားမွာ ညီခန္႔စိုးရိမ္ေနမိ၏ 

"စုယဥ္ !! မိန္းမ ထေတာ့ေလကြာ ေန့လည္စားရေတာ့မယ္ ေနာက္က်ေနၿပီကြ သိလား !"

"အင္း ..ဟင္း ညီလား!"

စုယဥ္က ကမန္းကတန္းႏိုးခ်လာေတာ့ ညီခႏ့္႔သေဘာက်စြာရယ္လိုက္၏

"ဟုတ္ပါတယ္ခဗ် !! ဒီကကိုယ့္မိန္းမဗိုက္ဆာေနမွာစိုးတာေၾကာင့္ ကြၽန္ေတာ္မ်ိဳးႏိႈးရျခင္းပါ!"

"ဟုတ္ပါၿပီရွင္ ဒီကလည္းထပါၿပီလို႔!"

"သားေရ ဗိုက္ဆာေနၿပီလားကြာ ေဖသားႀကီးက ဒီမွာေလ သားေမေမေပါ့ မႏိုးပဲအိပ္ေနေတာ့ ေဖေဖလည္းမႏိႈးရက္လို႔ ေန့လည္စာေနာက္က်ကုန္ၿပီကြာ!"

"အပိုေတြ ညီေနာ္!"

"ဗိုက္ထဲကကေလးကိုမၾကာမၾကာစကားေျပာေပးရတယ္တဲ့စုယဥ္သိလား ဒါမွကေလးကအေမအေဖရဲ့အသံနဲ႔ရင္းနီးေနမယ္ၿပီးေတာ့ မိဘနဲ႔ခေလးၾကားလည္းရင္ႏွီးခ်စ္ခင္မႈပိုရတာတဲ့!"

"ကဲပါ ဟုတ္ပါၿပီရွင့္ ဒီေမေမကလည္းထပါၿပီလို႔!"

ယဥ္ကုတင္ေပၚမွထလိုက္ကာ ဂါ၀န္အားေသေသခ်ာခ်ာဆြဲခ်လိုက္၏

"စုယဥ္ ညေနက်ရင္ မာမီ့ဆီ၀င္ၾကရေအာင္ေနာ္!"

"အြန္းညီ့သေဘာ!"

ညီက ယဥ့္အိတ္ကိုပါ သိမ္းကာ ကိုင္ထားလိုက္၏
ယဥ့္ပခံုးကိုလည္းလက္တဖက္ျဖင့္ဖက္ကာအခန္းထဲမွထြက္လာခဲ့၏

.
.
.
.
ယဥ္တို႔ေန့လည္စာ စားၿပီးတာနဲ႔ မာမီ့ဆီကိုတပါတည္းတန္း၀င္လာေလ၏
ညီကားေမာင္းေနရင္းစုယဥ္ဖက္ကိုအၾကည့္ေရာက္သြားေတာ့ စုယဥ္က ဖုန္းသံုးေနကာ သည္းႀကီးမည္းႀကီးဘာေတြရွာေနမွန္းမသိေပ

"စုယဥ္ ဘာေတြအဲေလာက္ၾကည့္ေနရတာလဲ အာရံုေၾကာေတြအားနည္းေနအံုးမယ္!"

"ညီသိၿပီးၿပီလား !"

"ဘာကိုလဲစုယဥ္!"

"ပ်ိဳ႕သတင္းေတြ news feed တစ္ခုလံုးပ်ံ့ႏွံ႔ေနတယ္ ယဥ္လည္းခုမွဖုန္းသံုးမိတာမို႔ ပ်ိဳေလ ညီသိတယ္မလား ဟိုတခါ ယ္တို႔နဲ႔စားေသာက္ဆိုင္မွာအတူဆံုတုန္းက ပ်ိဳနဲ႔အတူပါလာတဲ့တစ္ေယာက္ေလ အဲလူကဒါရိုက္တာတဲ့ ၿပီးေတာ့အိမ္ေထာင္ရိွတယ္ ပ်ိဳကအဲတစ္ေယာက္နဲ႔သတင္းေတြဆက္တိုက္ထြက္ေနတာ အဲလူရဲ့ မိန္းမက ဟိုတယ္မွာမိတယ္ဆိုလားမသိဘူး!ညီ ဒါမဲ့ပ်ိဳနဲ႔တိုက္ရိုက္ေတြ့တာမ်ိဳးမဟုတ္ပဲ  အာ!!ရႈပ္ေထြးေနတာပဲ ပ်ိဳအဲေလာက္ထိမိုက္မဲမယ္လို႔မထင္မိဘူး"

"ဟုတ္လား!!"

ညီမ်က္ႏွာတစ္ခ်က္ပ်က္သြားရသည္ ပ်ိဳက အဲလိုလူစားမ်ိဳးလား... သူတကယ္စိတ္ရင္းအမွန္နဲ႔ေျပာေၾကးဆို ပ်ိဳ႕ကို ေကာင္းေကာင္းမြန္မြန္ပဲျမင္ေစခ်င္၏

"ဟုတ္တယ္ညီ ယဥ္လည္းတကယ္မထင္ထားဘူး ပ်ိဳမဟုတ္ေလာက္ပါဘူးလို႔ပဲဆုေတာင္းေနတာ ဒါမဲ့ မီဒီယာေတြကပ်ိဳမွပ်ိဳျဖစ္ေၾကာင္းေထာက္ခံေျပာဆိုေနၾကတာ !"

"ထားလိုက္ပါ ပ်ိဳကအရြယ္ေရာက္ၿပီးသားမိန္းခေလးတစ္ေယာက္ သူ႔ပါသူအရာရာကိုင္တြယ္ေျဖရွင္းႏိုင္လိမ့္မယ္လို႔ေတာ့ထင္တယ္ ၿပီးေတာ့ပ်ိဳကသတၲိရိွပါတယ္! ထားလိုက္ပါ အာရံုေနာက္မခံေနနဲ႔စုယဥ္ အဲသတင္းေတြဆိုတာကတာရွည္ခံတာမ်ိဳးမဟုတ္ပဲေနာက္ဆိုလည္းအဆင္ေျပသြားတာပါပဲ! ကိုယ္ဆို လိုင္းမသံုးျဖစ္တာေတာင္အေတာ္ၾကာေနၿပီ!!"

"....."

ယဥ္တို႔အန္တီ့အိမ္ေရာက္ေတာ့ညီေရာယဥ္ပါကားထက္ကဆင္းလိုက္ၾကၿပီး ညီက ထံုးစံအတိုင္းယဥ့္လက္ကိုဆြဲကာအထဲ၀င္လာၾက၏

"ဟုတ္တယ္ သမီးႏွင္းေနေကာင္းတယ္မလား ဂရုစိုက္ေနာ္ မာမီကသမီးကိုတဂြင္ဂြင္ဖုန္းဆက္ေျပာေနလည္းသမီးကမွအေလးမထားတာ ေနမေကာင္းျဖစ္ေနရင္ကိုယ္ပဲပိုခံစားရတာ  ကိုယ္၀န္နဲ႔ဆိုေတာ့ပိုဆိုးေပါ့ဂရုစိုက္ပါသမီးရယ္ !"

ယဥ္တို႔၀င္လာေတာ့ အန္တီကမႏွင္းနဲ႔ဖုန္းဆက္ေနဟန္ပါ

"သမီးႏွင္းေရ ဒီမွာ သားညီတို႔ေရာက္လာၾကၿပီ !"

အန္တီကဖုန္းေျပာေနရင္းယဥ္တို႔ကိုၿပံဳးျပေန၏

"......"

"သမီးစုယဥ္လည္းေနေကာင္းပါတယ္ သမီးႏွင္းသာက်န္းမာေရးဂရုစိုက္ေနာ္ အရင္လိုေနာက္က်ၿပီးမွေခါင္းေလ်ွာ္တာတို႔အခ်ိန္လြန္ၿပီးေတာ့မွထမင္းမစားနဲ႔ေနာ္ မာမီအားရင္သမီးဆီအလည္လာခဲ့မယ္ ဒါပဲေနာ္သမီးေလး!"

"လာထိုင္ၾက!"

အန္တီကဖုန္းခ်လိုက္ၿပီး ယဥ္တို႔လည္းဧည့္ခန္းမွာအတူထိုင္လိုက္ၾက၏

"မႏွင္းဆီကဆက္တာလားအန္တီ!"

"ဟုတ္တယ္ဟုတ္တယ္  သမီးႏွင္းေပါ့ မေန့ကေခါင္းေတြကိုက္လို႔တဲ့ေလ ကိုက္တာလည္းမေျပာနဲ႔ေလ အရင္လိုေနာက္က်ၿပီးမွေခါင္းေလ်ွာ္တုန္းပဲ ဟင္း မေျပာခ်င္ေတာ့ဘူး ႏွင္းကအလိုပဲအၿမဲတမ္းေပါ့တိေပါ့ဆနဲ႔ အန္တီကေတာ့အားမရဘူး! ဒါနဲ႔သမီးတို႔ေကာအဆင္ေျပၾကတယ္မမဟုတ္လား !"

"ဟုတ္ကဲ့ ေျပပါတယ္အန္တီ!"

"ေကာင္းတယ္ေကာင္းတယ္ ဒီလိုေလးပဲအၿမဲၾကားခ်င္တယ္ ႏွစ္ေယာက္သားနားလည္မႈအျပည့္နဲ႔ေရ႔ွဆက္ၾက ခုဆို သားတို႔မွာႏွစ္ေယာက္တည္းမဟုတ္ေတာ့ဘူး ဘာဘဲလုပ္လုပ္ ကေလးေလးကိုထည့္ေတြးရေတာ့မွာ !"

"ဟုတ္အန္တီ !"

"မာမီ ႀကီးေအးေဆြမ်ိဳးေကာင္မေလးကဘယ္ေတာ့ေရာက္မွာလဲ သားက စုယဥ္ကိုတစ္ေယာက္တည္းအိမ္မွာစိတ္မခ်လို႔!"

"ေအး သားရယ္ ေနာက္တစ္ရက္ေလာက္ဆိုေရာက္ၿပီ လမ္းခရီးစရိတ္ေငြးေၾကးအဆင္မေျပလို႔ မာမီလႊဲေပးထားတယ္ !"

"ဟုတ္ကဲ့ အန္တီ ဖြားေကာေနေကာင္းရဲ့လား !"

"ေကာင္းေတာ့ေကာင္းတယ္ေျပာရမွာပဲ သားဖြားကအသက္လည္းမနည္းေတာ့ဘူးဆိုေတာ့ တစ္ခါတေလအသိစိတ္လြတ္ၿပီးေျပာခ်င္ရာေျပာတတ္တယ္! ခုရက္ပိုင္းဆိုပိုဆိုးေပါ့မာမီလည္းဆိုင္တဖက္နဲ႔ဆိုေတာ့ အန္တီေအးနဲ႔ပဲထားရတာ"

"ခုေကာအဆင္ေျပရဲ့လား အန္တီ!"

"ခုအိပ္ေပ်ာ္ေနတယ္ထင္တယ္ ထားလိုက္ပါ သားတို႔ေရာက္တုန္းေအးေဆးေနၾက အျပန္က်ရင္ ဟင္းေတြထည့္သြားအံုးေနာ္!!"

"စုယဥ္ခဏေလး ကိုယ္ဖြားဆီသြားလိုက္အံုးမယ္!"

"အင္း ညီ!"

ညီထြက္သြားေတာ့ အန္တီနဲ႔ယဥ္သာ ဧည့္ခန္းမွာက်န္ခဲ့၏

!"သမီးစုယဥ္ေနရထိုင္ရတာအဆင္ေျပရဲ့လား!"

"ဟုတ္အန္တီေျပပါတယ္ !"

"အန္တီသားညီကိုယ္၀န္နဲ႔တုန္းကဆိုရင္ ေတာက္ေလ်ွာက္အန္တာ အန္တာ သိလားစားသမ်ွတိုင္းျပန္အန္နဲ႔အန္တီ့မွာပိန္ၿပီးအရိုးသာသာပဲ သမီးႏွင္းတုန္းကဆိုအဲေလာက္ထိမခံစားလိုက္ရဘူး!"

"ဟုတ္အန္တီ ယဥ္ခုထက္ထိေတာ့အဲလိုဆိုးဆိုးဝါးဝါးမျဖစ္ေသးဘူး!"

"ကိုယ္၀န္နဲ႔ဆိုေတာ့အၿမဲတမ္းအစစအရာရာဂရုစိုက္ရတယ္ အသြားမေတာ္ရင္တစ္လွမ္း အစားမေတာ္ရင္တစ္လုတ္တဲ့ !"

"ဟုတ္အန္တီ!"

ယဥ္အန္တီနဲ႔စကားေတြအမ်ားႀကီးေျပာျဖစ္ၾကၿပီး ညီကေအပၚကေနျပန္ဆင္းလာေတာ့မ်က္ႏွာမေကာင္းေခ် ..
ယဥ္ အန္တီထည့္ေပးလိုက္ေသာဟင္းခ်ိတ္ေတြ
အလိုက္သ့င္ယူလာၿပီးႏွစ္ေယာက္သားျပန္လာခဲ့ေတာ့သည္ ကားေပၚေရာက္တဲ့အထိႏွစ္ေယာက္သားကစကားမေျပာခဲ့ပါ

"ညီ!!ဘာျဖစ္ေနတာလဲ ရုပ္က"

"ဘာမွမျဖစ္ပါဘူး!"

"မျဖစ္ရင္အဲ  အခြက္ျဖစ္စရာမွမလိုပဲ!"

"ဟာ  စုယဥ္ကလည္းတကယ္ဘာမွမျဖစ္ဘူး ဖြားအေၾကာင္းေတြးမိတိုင္းစိတ္မေကာင္းျဖစ္မိလို႔ပါ ကိုယ္ကငယ္ငယ္ကတည္းကဖြားထက္မွာေနၿပီးႀကီးလာတဲ့ေကာင္ အိပ္လည္းဖြားနဲ႔ထမင္းစားလည္းဖြားခြံ႔ေပးမွစားေနက် ဒါမဲ့ဖြားက ခုဆိုသူငယ္နာျပန္ခ်င္ေနတဲ့ပံုပဲ ဖြားနဲ႔စကားေျပာေနရင္း၀မ္းနည္းမိလို႔ ကိုယ္ေလ!"

ညီကစကားကိုဆက္မေျပာပဲရပ္ထားလိုက္ကာ၀မ္းနည္းေနပံုပါ
ယဥ္လည္းသက္ျပင္းသာခ်လိုက္ၿပီး ညီ့ေက်ာေပၚလက္ကအလိုလိုေရာက္သြားခဲ့၏

"လူဆိုတာကအဲလိုပဲေလညီရယ္ အကုန္ နာရ အိုရေသရမွာပဲ ဒါကိုလြန္ဆန္လို႔မွမရပဲ ညီဆိုအရမ္းကံေကာင္းတယ္သိလား ခုခ်ိန္ထိ ဖြားနဲ႔အတူေနေနရတယ္ ေတြ့ခြင့္ရတယ္ေလ ယဥ္တို႔ဆို မိဘႏွစ္ေယာက္စလံုးရဲ့အဖိုးအဖြားေတြကိုေတာင္တစ္ခါမျွမင္ဖူးလိုက္တာမဟုတ္ဘူး ညီရဲ့ ဒီတိုင္းပဲ ယဥ္တို႔ႀကီးျပင္းလာခဲ့တာ ယဥ္ဆိုတစ္ခါတစ္ေလ ညီ့ကိုအားက်ရတယ္ေလ ယဥ့္မွာက ညီ့လိုမ်ိဳး ခ်စ္ေပးတဲ့တဲ့ ဖိုးဖြားေတြလည္းမရိွခဲ့ဘူး ကဲေျပာပါအံုးအဲေၾကာင့္ပဲ ညီက ဖြားခန္းထဲကျပန္လာကတည္းကဒီရုပ္ႀကီးျဖစ္လာတာေပါ့ေလ ဟုတ္လား အမေလး..ယဥ့္မွာေတာ့ဘာျဖစ္လို႔ျဖစ္မွန္းမသိဘူးစိုးရိမ္လိုက္ရတာ!မြ!"

ယဥ္က ေဘးကေန့ ယဥ့္ပါးကိုတခ်က္နမ္းလိုက္ေလ၏

"ခ်စ္တယ္ ညီ!"

"အြန္း ကိုယ္လည္းခ်စ္တယ္!"

ယဥ္တို႔ အိမ္ျပန္ေရာက္ေတာ့ ညီက ဟင္းခ်ိတ္ေတြကိုင္ၿပီးေနာက္မွာက်န္ခဲ့၏ ယဥ့္ဘာသာ ဆီသြားခ်င္တာမို႔အေပၚထပ္သာအျမန္တက္လာခဲ့ေတာ့သည္ ...
ယဥ္ကိုယ့္ပါကိုယ္ ဆီးပိုက္တပ္ထားခ်င္စိတ္ေတြတစ္ဖြဖြေပၚလာရ၏....

ယဥ္ Toiletထဲကထြက္လာေတာ့ ညီကအခန္းထဲေရာက္ေနေလ၏

"စုယဥ္ခဏေနရင္ေရခ်ိဳးေတာ့ေနာ္!"

"အြန္းညီ! !"

ညီက ေရခ်ိဳးခန္းထဲ၀င္ကာ ယဥ္ေခ်ာ္လဲမွာစိုး၍ထင္သည္ သန္႔ရွင္းေရးလုပ္ေနေလ၏

"ထားလိုက္ပါညီရဲ့ ညီပင္ပန္းေနမွာေပါ့ ယဥ္အဆင္ေျပပါတယ္!"

"ကိုယ္ကမွမေျပတာ!"

ညီသန္႔ရွင္းေရးလုပ္လို႔ၿပီးေတာ့ ယဥ္ေရခ်ိဳးခန္း၀င္လိုက္ေလ၏

ခဏၾကာေတာ့ ယဥ္အျပင္ကေန့ ညီ့ေခၚသံၾကားရ၏

"စုယဥ္ !! စုယဥ္!"

"ဟမ္ အမ္ ညီဘာေျပာတာလဲ!"
ယဥ္ေရခ်ိဳးေနတုန္းညီကအျပင္ကေနေအာ္ ေျပာေတာ့ ယဥ္ ေရက်သံနဲ႔မၾကားရပါေခ်

"ခဏေလး ယဥ္ၿပီျပီး!"

ယဥ္ ထဘီရင္လ်ွားလိုက္ၿပီးျပန္ထြက္လာခဲ့၏

"ညီအျပင္ကေနဘာလို႔လွမ္းေအာ္ေနတာလဲလို႔!"

"မၾကာေစနဲ႔လို႔ပါကြာ မိန္းမကို!"

"မၾကာပါဘူးညီရဲ့ခုပဲၿပီးလို႔ထြက္လာတာကို ညီေရသြားခ်ိဳးေတာ့ေလ!"

"အင္း ဒီကိုလာအံုး!"

"ညီေနာ္!!"

ညီက ယဥ့္ကိုယ္ေလးအားဆြဲေခၚေတာ့ ယဥ္ ညီ့ရင္ခြင္ထဲအလိုလိုေရာက္သြားေလ၏

"မေန့ကေလ စုယဥ္ အဲတာ ေကာင္းတယ္လို႔သိလား ႁပြတ္စ္!"

ညီက ယဥ့္ႏႈတ္ခမ္းအားနမ္းလာ၏

!"ေတာ္ၿပီေနာ္ ညီ !"

"ကိုယ္ဘာမွမလုပ္ရေသးဘူးေလကြာ ကိုယ့္မွာမိန္းမကိုခ်စ္လို႔ဒီတိုင္းေလးခ်ီထားရံုပဲရိွတယ္!"

"အင္းေလ ယဥ္လည္း ဒီတိုင္းေလးပဲႀကိဳက္တယ္!"

"•အဟြန္း လူလည္မေလး!"

ညီက ယဥ့္ႏႈတ္ခမ္းေတြကို နမ္းရင္း လက္က ထဘီ
အေပၚကေန ယဥ့္ရင္သားေတြကိုဆုပ္ကိုင္လာ၏

ထိုခ်ိန္တြင္ ယဥ့္ဖုန္းေလးထျမည့္ေတာ့ ႏွစ္ေယာက္လံုးလန္႔သြားရကာ ယဥ္လည္းညီ့ကိုယ္ေပၚကေနဆင္းလိုက္ၿပီး ဖုန္းရိွရာ စားပြဲသို႔ေလ်ွာက္သြားလိုက္၏

ယဥ္ၾကည့္လိုက္ေတာ့ 'ပ်ိဳတဲ့'
ယဥ္ ညီ့ဆီကိုအၾကည့္ေရာက္သြားကာ ဖုန္းေကာက္ကိုင္လိုက္၏

"ဟယ္လို !! !"

"ယဥ္လား ငါပါ ပ်ိဳ!"

"အြန္း ပ်ိဳ ေျပာေလ!"

"ငါခုနင္တို႔ၿခံေရ႔ွမွာေရာက္ေနတယ္ တံခါးျမန္ျမန္ေလးလာဖြင့္ေပးပါလားဟင္ ငါ့အတြက္အရမ္းအေရးႀကီးေနလို႔!"

"....."

ယဥ္ဖုန္းခ်ပစ္လိုက္ၿပီး ညီကိုၾကည့္လိုက္၏

"ညီ ယဥ္တို႔ၿခံေရ႔ွမွာ ပ်ိဳေရာက္ေနတယ္!!"

"ဟမ္ ဘာလို႔လဲ!"

"မသိဘူးေလ တံခါးလာဖြင့္ေပးတဲ့! ညီအရင္သြားဖြင့္ေပးလိုက္ေလ ယဥ္ အ၀တ္စားလွဲၿပီးဆင္းလာခဲ့မယ္!"

"အင္း ယဥ္ ျမန္ျမန္လာခဲ့ေနာ္!"

ညီကခ်က္ခ်င္းပင္အခန္းထဲကထြက္သြားေတာ့ ယဥ္သက္ျပင္းခ်မိလိုက္သည္ 'ဘာေတျြဖစ္လာအံုးမလဲမသိ!'

ယဥ္ညအိပ္၀တ္အက်ႌနဲ႔ေဘာင္းဘီအား အျမန္လွဲလိုက္ၿပီး ေအာက္ထပ္ဆင္းလာခဲ့ေတာ့၏ ယဥ့္ရဲ့ မ်က္ခမ္းတဖက္ကေတာ့ ေတာက္ေလ်ွာက္လႈပ္ေနၿပီး ဘာေတြမ်ားဆက္ျဖစ္လာမလဲ ယဥ္မသိေတာ့ေခ်..

ယဥ္ေအာက္ထပ္ေရာက္ေတာ့ ပ်ိဳနဲ႔ညီကေရ႔ွဆိုင္ထိုင္ေနၾကၿပီးပ်ိဳက ငိုေနေလ၏ ယဥ့္ကိုျမင္ေတာ့ ပ်ိဳက ယဥ့္အနားေျပးလာကာ ဖက္ငိုေတာ့သည္

"အဟင့္ အီး ဟီး  ယဥ္ ငါအရမ္းခံစားရတယ္ဟာ ငါ ငါေလ ေဖေဖက ငါ့ကိုေလ တခါမွလက္မပါဖူးပဲ ပါးရိုက္လိုက္တယ္သိလား ၿပီးေတာ့ ခုထြက္ေနတဲ့ သတင္းေတြက ငါမဟုတ္ပဲစြပ္စြဲခံေနရတာ သိလား ဟင့္ ငါ ငါ့မ်က္ႏွာကိုဓားနဲ႔သာလွီးထုတ္ျပစ္ခ်င္ေတာ့တယ္ဟာ ငါ အရမ္းရွက္တယ္ ယဥ္ ရဲ့!"

"ကေလးမွမဟုတ္ေတာ့ပဲ ပ်ိဳရယ္ အရာရာ စိတ္ရိွတိုင္းဆံုးျဖတ္လို႔မွမရတာ နင္ခုအိမ္နဲ႔စကားမ်ားလာတာလား!"

"ငါ ငါေလ ေဖေဖနဲ႔စကားမ်ားၿပီးေတာ့အိမ္ေပၚကေနဆင္းလာခဲ့တာနင္သိလား ငါအရမ္းခံစားရတာပဲ!"

"နင့္မိဘေတြက စိတ္ဆိုးတုန္းခဏပဲေနမွာပါ ပ်ိဳရယ္ နင့္ကိုအဲေလာက္ခ်စ္ၾကတာ နင့္မိဘေတြေတာ့ စိုးရိမ္ေနၾကေတာ့မွာဘဲ!"

"ဒါ ဒါမဲ့ဟာ ေဖေဖငါ့ပါးကိုရိုက္တယ္ေလ တသက္မွာတစ္ခါမွလက္နဲ႔မရြယ္ဖူးတဲ့ေဖေဖက ငါ့ကိုရွင္းျပခြင့္မေပးပဲ ပါးရိုက္ခဲ့တာယဥ္ရဲ့!"

"ငါဆိုအရိုက္ခံရေပါင္းမနည္းေတာ့ပါဘူးပ်ိဳရဲ့ !!"

"....."

ယဥ္ပ်ိဳနဲ႔အတူ ညီေရ႔ွ၀င္ထိုင္လိုက္ၿပီး ညီကေတာ့ ဘာမွေျပာမလာေခ်....

"နင္သိလားငါအရမ္းရွက္တာပဲ ခုငါအိမ္ကေျပးလာတာေတာင္ ငါ့မွာ ဘာမွပါမလာဘူးေျခၪီးတည့္ရာေလ်ွာက္သြားရင္း ငါ့ရဲ့တစ္ၪီးတည္းေသာသူငယ္ခ်င္းေလး နင့္ကိုသတိရသြားခဲ့တာ ငါ့မွာနင္ပဲရိွတယ္ ယဥ္ရယ္ နင္သိပါတယ္ ငါ ေက်ာင္းတုန္းကတည္းက နင္တစ္ေယာက္တည္းနဲ႔ပဲေပါင္းလာခဲ့တာ ငါ့အေၾကာင္းနင္အသိဆံုးေနမွာပါ!"

"သိပါတယ္ဟာ ဒါမဲ့ နင့္အိမ္ကနင့္ကိုအရမ္းစိတ္ပူေနၾကလိမ့္မယ္ ပ်ိဳ နင္ဒီလိုတကိုယ္ေကာင္းဆန္လို႔မွမရပဲ အန္တီဆိုနင့္ကိုအဲေလာက္သည္သည္းလႈပ္ခ်စ္တာ နင့္မိဘေတြကိုထည့္ေတြးပါအံုး!"

"ညီ ပ်ိဳ႕ ေဖေဖကိုဖုန္းဆက္ေပးေနာ္ ညီနဲ႔ယဥ္ပ်ိဳေတာင္းဆိုပါတယ္ ပ်ိဳ႕ကိုဒီမွာခဏေလးတညအိပ္ပဲျဖစ္ျဖစ္ေနခြင့္ေပးၾကပါလားဟင္ !"

ယဥ္နဲ႔ညီကတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ေတာ့သည္

"ငါနင္တို႔ကိုအေနွာင့္အယွက္ဖစ္ေစလား ယဥ္ ဒါဆိုလည္း ငါခုထြက္သြား!"

"အဲ အဲလိုဆိုလိုတာမဟုတ္ဘူး ပ်ိဳ ဒီမွာက ႀကိဳက္သလိုေနလို႔ရပါတယ္တစ္အိမ္လံုးကငါတို႔လင္မယားႏွစ္ေယာက္တည္းပဲရိွတာ ေျပာခ်င္တာက စုယဥ္ေျပာသလိုပဲ အန္ကယ္တို႔စိတ္ပူေနၾကလိမ့္မယ္ ပ်ိဳစဥ္းစားၾကည့္ေလ ကိုယ့္သမီးတစ္ေယာက္တစ္ညလံုးေပ်ာက္သြားတယ္ဆိုရင္ ဘယ္မိဘကမ်ားစိတ္ေအးႏိုင္မလဲ !အန္ကယ္ကလည္း မင္းကိုအဲေလာက္ခ်စ္တာ စိတ္ဆိုတုန္းခဏမို႔ပါ!"

ညီက၀င္ရွင္းျပေလ၏

"ဒါဆို ညီေဖေဖ့ဆီကိုဖုန္းဆက္ေပးလို႔ရမလား ပ်ိဳ႕ကိုစိတ္မပူဖို႔ေလ !"

"အင္းကိုယ္ဆက္လိုက္မယ္!"

ညီကအေပၚထပ္တြင္ဖုန္းသြားယူကာ ပ်ိဳရဲ့အေဖဆီကိုဆက္လိုက္၏ အန္ကယ္နဲ႔ညီခန္႔က စီးပြားေရးအေနနဲ႔မိတ္ေဆြေတြဆိုေတာ့အရင္ကတည္းကရင္းႏိွးေလ၏
ညီခန္႔ဖုန္းဆက္ေတာ့ အန္ကယ္က ဖုန္းမကိုင္ပါ ယဥ္နဲ႔ပ်ိဳလည္း စိတ္၀င္တစားေစာင့္ၾကည့္ေနၾက၏

"ဖုန္းမကိုင္ဘူး ပ်ိဳ!"

"ဟင္ဟုတ္လား!"

"ပ်ိဳခဏနားေလ ကိုယ္ခဏေနမျွပန္ဆက္လိုက္မယ္ စုယဥ္ထမင္းစားခ်ိန္ေနာက္က်လို႔မရဘူးေလ ထမင္းသြားစားေတာ့ ပ်ိဳ႕ကိုပါေခၚသြားေတာ့!"

"အင္း ညီ !!
ပ်ိဳ ေရခ်ိဳးမလား ငါအ၀တ္ယူေပးမယ္! ဟိုေလွကားေဘးနားကအခန္း နင္အဲမွာေနလို႔ရတယ္ !"

"ေက်းဇူးပါ ယဥ္ရယ္ ငါ့မွာနင့္ပဲရိွတာ!"

ယဥ္အေပၚတက္ကာ ပ်ိဳနဲ႔အဆင္ေျပမဲ့အ၀တ္တစ္စံုထုတ္လာခဲ့၏ ပ်ိဳနဲ႔ယွဥ္က ခႏၶာကိုယ္ခ်င္းသိပ္ကြာေနတာမ်ိဳးမဟုတ္ေတာ့အဆင္ေျပ၏

"ပ်ိဳ ဒီမွာအ၀တ္ ငါနင့္အတြက္ထုတ္လာခဲ့တာ အဲတာ ငါတစ္ခါမွမ၀တ္ရေသးဘူးပ်ိဳ!"

ယဥ္ပ်ိဳသိေအာင္တမင္ေျပာလိုက္ျခင္းျဖစ္သည္ အရင္တုန္းက ပ်ိဳက ယဥ္ကို 'စုယဥ္ဒီမွာေလ ငါတစ္ခါပဲ၀တ္ရေသးတယ္ ငါနဲ႔မလိုက္သလိုပဲနင္ယူလိုက္ေနာ္'ဆိုၿပီးအ၀တ္ေတြေပးေလ့ရိွ၏ ယဥ္က အားနာတတ္တဲ့လူစားမ်ိဳးျဖစ္တာေၾကာင့္ ေက်ာင္းကတည္းက ပ်ိဳေပးသမ်ွယူတတ္ၿပီး ေနာက္ကြယ္မွသာအမိႈက္ေတာင္းထဲထည့္ေလ့ရိွသည္
ယဥ့္ေမေမက စက္ခ်ဳပ္ကြၽမ္းက်င္သူတစ္ၪီးျဖစ္တာေၾကာင့္ ယဥ့္အတြက္အ၀တ္အစားကမပူခဲ့ရပါ..ေမေမက၀ယ္မေပးႏိုင္လည္း ယဥ့္အတြက္အထည္ခ်ာ၀ယ္ၿပီးခ်ဳပ္ေပးတတ္၏

"ရပါတယ္ဟာ ဒါေတြေျပာေနစရာမွမလိုပဲ တစ္ေယာက္ဟာတစ္ေယာက္ယူ၀တ္တာဘာမွမျဖစ္သြားပါဘူး!"

ပ်ိဳ ယဥ့္ကိုၿပံဳးျပလိုက္၏

"ေရသြားခ်ိဳးလိုက္ေလ ငါနဲ႔အတူထမင္းစားရေအာင္!"

"အင္း ယဥ္ ခဏေလးေနာ္ !"

ယဥ္အခန္းထဲ၀င္သြားေတာ့ ယဥ္သက္ျပင္းခ်လိုက္ေလ၏

"ညီဖုန္းဆက္လို႔ရလား !"

"မရဘူး စုယဥ္ !! အန္ကယ္ဖုန္းမကိုင္ဘူး  ကိုယ္သြားအေၾကာင္းၾကားသင့္လားစုယဥ္  အန္ကယ္တို႔စိတ္ပူေနမွာအေသအခ်ာပဲ ဘာပဲျဖစ္ျဖစ္ ခုခ်ိန္မွာ ပ်ိဳက ကိုယ္တို႔ရဲ့ သူငယ္ခ်င္းပဲေလ ဒုကၡေရာက္ေနတဲ့သူကိုကူညီေကာင္းပါတယ္ ပ်ိဳကတျခားလူမွမဟုတ္ပဲ
စုယဥ္ ကိုယ့္ကိုအျပစ္မျမင္ဘူးမလား!"

"ယဥ္ဘာေျပာရေသးလို႔လဲ ညီ!! "

"ကိုယ္ စုယဥ္အထင္လြဲသြားမွာစိုးလို႔ေျပာတာတာပါ!"

"ညီအရင္ေရသြားခ်ိဳးလိုက္ေလ ယဥ္တို႔အတူထမင္းစားရေအာင္ ၿပီးမွ ညီ့ဘာသာအန္ကယ္တို႔ကိုသြားအေၾကာင္းခ်င္ ၾကားလိုက္ေပါ့ အန္ကယ္တို႔လည္းမနက္က်ရင္ သူ႔သမီးကိုလာေခၚပါေစ!"

"ဟုတ္ စုယဥ္! အဲဆို ကိုယ္ေရသြားခ်ိဳးလိုက္မယ္ေနာ္!"

ယဥ့္ ညီ့ကိုေခါင္းတခ်က္ညိတ္ျပလိုက္၏ ညီလည္းအေပၚတက္သြားေတာ့ ယဥ္လည္း ထမင္းစားခန္းသို႔၀င္လာလိုက္၏

ခဏအၾကာေတာ့ သံုးေယာက္သားဆံုၿပီး ထမင္းစားၾက၏

"ညီ ေဖေဖ့ကိုဖုန္းဆက္လို႔ရလားဟင္!"

"မရဘူး ပ်ိဳ ကိုယ္စားၿပီးရင္ အန္ကယ့္ဆီသြားၿပီးအေၾကာင္းၾကား လိုက္မယ္ေလ!"
ညီက ပ်ိဳ႕ကိုလွမ္းေျပာရင္း ယဥ့္ပန္းကန္သို႔ဟင္း
ထည့္ေပးေလ၏

"ဟင္းေတြစားေကာင္းလိုက္တာ ယဥ္ခ်က္ထားတာလားဟမ္ !! ယဥ္ကအရင္ကတည္းကဟင္းခ်က္ေတာ္တာပ်ိဳသိၿပီးသားပါ!"

"မဟုတ္ဘူးဟ ဒီဟင္းေတြအန္တီတို႔အိမ္ကေပးလိုက္တာေတြေလ ဒီေန့ဟိုတယ္ကအျပန္ငါတို႔ အန္တီ့ဆီကိုပါ၀င္ခဲ့ေသးတာ!"

"ေအာ္!!ဟုတ္လား"

ပ်ိဳက သူ႔ပါသူ ဟင္းထည့္ကာစားလိုက္၏

ယဉ္တို႔စားေသာက္ၿပီးေတာ့ ညီက ကားေမာင္းကာထြက္သြားေလ၏
ယဉ္က ပန္းကန္ေတြေဆးေနရင္း ပ်ိဳလည္းဝိုင္းကူေဆးေပးေလ၏

"ယဉ္ ကိုယ္ဝန္ကဘယ္ေလာက္ရိွသြားၿပီလဲ!"

"၂လေက်ာ္ေနၿပီ ပ်ိဳ ဘာလို႔လဲ!"

"မဟုတ္ဘူး ငါဒီတိုင္းေမးၾကၫ့္တာပါ !"

ယဉ္သိမ္းလို႔ၿပီးေတာ့ႏွစ္ေယာက္သားဧၫ့္ခန္းသို႔ေလ်ွာက္လာခဲ့၏

"အိမ္ေလးကေနခ်င္စရာေလးေနာ္ ယဉ္ !"

"အင္း ညီဝယ္ထားတာေလ !"

"နင္ခဏက်န္ခဲ့အံုးေနာ္ ငါအေပၚမွာ အားေဆးသြားယူလိုက္အံုးမယ္ !"

"အင္းသြားေလ!"

ယဉ္အေပၚျပန္တက္ကာ အခန္းထဲမွာ ကိုယ္ဝန္အားေဆးဘူးအားရွာေနေလ၏
ေဂ်ာက္!!

ဟင္ ပ်ိဳ
ပ်ိဳက ယဉ္တို႔အခန္းထဲဝင္လာေတာ့ ယဉ္ရုတ္တရက္လန႔္သြားရ၏

"ငါဝင္လာမယ္ေနာ္ ယဉ္ !! အခန္းေလးကမဆိုးဘူးပဲ နင္နဲ႔ညီအတူအိပ္ၾကတာလား!"

"အင္းေလ ပ်ိဳ ဘာလို႔လဲ !"

ယဉ္ေဒါသထြက္သြားရသည္ တကယ္ဆို လင္မယားႏွစ္ေယာက္အိပ္တဲ့အခန္းကိုတစိမ္းလူဝင္လာစရာအေၾကာင္းမွမရိွပဲ ယဉ္ လံုးဝမႀကိဳက္မိပါ သူမ်ားလင္မယား အတြင္းေရးစပ္ကိုစပ္စုတာလည္းမႀကိဳက္ေပ

"ငါေျပာရမွာအားနာပယ္မယ့္ ဒါကငါတို႔လင္မယားအိပ္တဲ့အခန္းပ်ိဳ နင္ဆိုတာတစိမ္းမ္းလူတစ္ေယာက္ နင့္အတြက္လည္းမေကာင္းဘူး !"

"အမေလး ႀကီးက်ယ္တာေဟ  ေရွးရိုးဆန္ေနျပန္ၿပီ နင္နဲ႔ငါကတစ္အိပ္ယာတည္းအတူတူအိပ္လာၾကတဲ့သူေတြပါ တကယ္ဆို နင္ငါ့ကိုေတာင္ေက်းဇူးတင္ရမွာ နင္ဒီလိုေကာင္းေကာင္းမြန္မြန္ေနေနရတာကိုေလ အဟြင္း ငါ့ဘ၀က်ေတာ့လည္း အခုၾကၫ့္ပါလား နာမည္ဆိုးနဲ႔သတင္းထြက္ေနတာေလ တေလာကလံုးငါ့ကိုအကုန္ထင္ကုန္ေနၾကၿပီသိလား  ငါ့ဘ၀ကလည္းေဆာက္တည္စရာမရိွကေမာက္ကမေႂတြဖစ္ကုန္တယ္!"

ပ်ိဳကေျပာရင္း ကုတင္ေပၚတက္ထိုင္ေလ၏ ယဉ္ကေတာ့ ေနရာမွာရပ္လ်ွက္သား

"အျပင္ထြက္ရေအာင္ ပ်ိဳ ငါတို႔ေအာက္မွာေအးေဆးေျပာလည္းရတယ္ !"

"နင္သိလားယဉ္ ငါ့ဘ၀ေလးခုလိုေႂတြဖစ္ကုန္တာ နင့္ေၾကာင့္ပဲ ယဉ္ရဲ့ ၾကၫ့္ပါလား နင္ကေတာ့ ေကာင္းစားေနလိုက္တာ အဟက္က္  ငါ ငါ့ဘ၀က်ေတာ့ေရာ!"

"ေအာ္ နင့္ဘ၀ကငါနဲ႔ဘာဆိုင္လို႔လဲပ်ိဳ နင့္ဘာနင္အေနထိုင္မတတ္လို႔ခုလိုသတင္းထြက္တာမလား နင္အဲဒါရိုက္တာနဲ႔ေကာရိုးမွရိုးရဲ့လားဟမ္!"

ယဉ္ကပ်ိဳ႕အေၾကာင္းသိသူမို႔တၫ့္ပဲေမးလိုက္ေတာ့သည္

"နန္းစုယဉ္ !! နင္ငါ့ကိုေစာ္ကားေနတာပဲလား ဟမ္ ငါ့မွာေတာ့ သူငယ္ခ်င္းဆိုၿပီးနင့္ကိုခင္တြယ္လိုက္ရတာ နင္ကေတာ့ငါ့အေပၚလုပ္ရက္သြားတာ !"

"ငါကဘာလုပ္လို႔လဲ ပ်ိဳ နင္သာကိုယ့္ပါကိုယ္ဇြတ္မိန္းမေကာင္းဆန္မေနနဲ႔ နင္ညီနဲ႔တြဲတုန္းကလည္း နင့္မွာညီတစ္ေယာက္တည္းမွရိွတာမဟုတ္တာ နင္ေဒါက္တာေက်ာ္စြာနဲ႔ဘယ္လိုေတြပတ္သက္ေနလဲငါမသိဘူးမ်ားထင္ေနတာလား အဲတုန္းကလည္းေဒါက္တာေက်ာ္စြာမွာကမိန္းမနဲ႔ေနာ္ခုလည္းထပ္ၿပီးေတာ့ ၿပီးေတာ့ေလ နင္သိေအာင္ငါတစ္ခုထပ္ေျပာျပလိုက္မယ္ ငါနဲ႔ ညီက နင္ထင္သလိုမ်ိဳး နင္မိတ္ဆက္ေပးမွသိတာမဟုတ္ဘူးသိလား ငါတို႔အရင္ကတည္းကပတ္သက္မႈရိွတယ္ !"

"ဘာ!! နင္ နန္းစုယဉ္ေလ်ွာက္မေျပာနဲ႔ေနာ္ !!အဲလိုျဖစ္စရာအေၾကာင္းမွမရိွတာ!"

"ငါအမွန္ေတြေျပာျပေနတာ ပ်ိဳ ယံုတာမယံုတာကနင့္အပိုင္း ငါဒီေလာက္ပဲေျပာျပႏိုင္မယ္ နင္လည္းအသိစိတ္ဝင္ပါေတာ့ !"

ပ်ိဳကကုတင္ေပၚကေနထရပ္လိုက္ၿပီး ယၪ့္အနားတိုးလာေတာ့ ယဉ္ေနာက္ကိုအသာဆုတ္လိုက္၏ ပ်ိဳက ေဒါသထြက္ၿပီဆိုအသိစိတ္လြတ္တတ္သူမို႔ယဉ္သိၿပီးသားပါ

"နင္ ငါ့ကိုဆရာႀကီးစတိုင္နဲ႔လာမေျပာနဲ႔​ယဉ္ဘာလဲ နင္က ဒီလိုခ်မ္းသာတဲ့အသိုင္းအဝိုင္းႀကီးထဲေရာက္လို႔ဘ၀ေမ့သြားတာလားယဉ္ဟမ္ ၿပီးေတာ့ငါေျပာပါအံုးမယ္ နင္က ညီ့ကိုကိုယ္ဝန္ ဘန္းျပၿပီးဆြဲထားလို႔လည္းညီ့အခ်စ္ေတြရမယ္ထင္ေနလားဟမ္ အရင္တုန္းက ညီငါ့ကိုဘယ္လိုေတြဂရုစိုက္ေပးခဲ့လဲ နင္သိမွာပါအဟင္း ငါတို႔ေတြ့တိုင္းနင္ပါေနတာပဲ မုန႔္ဆိုလည္းခြံ ေရသန႔္ဘူးေတာင္ငါ့လက္နဲ႔ေသခ်ာေဖာက္ဖူးခဲ့တာမဟုတ္ဘူးယဉ္ရဲ့ နင့္ကိုနင္သိပ္ဟုတ္လွၿပီမထင္နဲ႔သိလား ညီငါ့ကိုဘယ္ေလာက္ထိခ်စ္ခဲ့လဲနင္သိမွာပါ!ငါကတင့္လိုကုတင္ေပၚကေနဆြဲေဆာင္ေနတာမဟုတ္ဘူး ညီကငါ့ကိုအျဖဴထည္ေလးခ်စ္ခဲ့တာသိလား!"

ယၪ့္ရင္ခုန္သံေႂတြမန္ေနကာ ေဒါသေၾကာင့္လက္တင္းတင္းဆုပ္မိသည္ ပ်ိဳက ဒီအိမ္ကိုေကာင္းေသာလာျခင္းမ်ိဳးမဟုတ္တာ

"အဲတာအတိတ္ေလ အတိတ္ ပ်ိဳရဲ့ သိလား အတိတ္ နင္အိမ္မက္ကေနႏိုးလိုက္ပါေတာ့ ကုတင္ေပၚမွာပဲေနေနအဓိကညီ့ကငါ့ကိုခ်စ္ရင္ၿပီးေရာပဲပ်ိဳရဲ့  ခုငါ့ကိုညီဘယ္ေလာက္ခ်စ္မခ်စ္ဒီမွာေလ ဒီဗိုက္ကသက္ေသပဲ အဟြန္း ငါထပ္ေျပာရအံုးမလားပ်ိဳ!"

"အဟက္ !!ဗိုက္လားအဲဗိုက္ကဂ်ိဳေကာင္ေလးေၾကာင့္နင့္ကိုညီကခ်စ္တယ္ေပါ့!"

"ျဖန္း!! "

ယဉ္ ေဒါသမထိန္းႏိုင္ပဲ ပ်ိဳ႕ပါးကိုလႊဲခ်လိုက္ေတာ့သည္

"မွတ္ထား အဲတာ ငါ့ကေလးကိုေစာ္ကားခ်င္အံုးပ်ိဳ လ်ွာရိုးမရိွတိုင္းငါ့ကေလးကိုဒီလိုေစာ္ကားလို႔မရဘူး  နင္က ေကြၽးတဲ့လက္ကိုျပန္ကိုက္တာပဲလား ပ်ိဳ ခုနားတုန္းကေတာ့ ေသေတာ့မယ့္အတိုင္းပဲ ငိုျပရတာနဲ႔ငါ့မွာေတာ့ သူငယ္ခ်င္းဆိုၿပီး ထားပါေလ နင္ကငါ့အတြက္ သူငယ္ခ်င္းေကာင္းဘယ္ေတာ့မွမဟုတ္ခဲ့တာငါေမ့သြားတာပဲ   နင္ငါ့ကိုႀကိဳက္သေလာက္ဆဲ ေစာ္ကားလို႔ရတယ္ ဒါမဲ့ငါ့ကေလးကိုနင္ဒီလိုေျပာပိုင္ခြင့္မရိွဘူး ပ်ိဳ ! နင္ရူးေနၿပီ နင္အသိစိတ္လြတ္ေနၿပီ"

"နင္! !!ငါ့ပါးကိုရိုက္တယ္ေပါ့ေလ အဟက္....
နန္းစုယဉ္ ဒီပါးတဖက္ကေလ မနက္ကပဲေဖေဖကိုယ္တိုင္ရိုက္ခဲ့ေသးတာသိလား ထားပါ နင့္ကိုနင္အထင္ႀကီးေနတာပဲ ယဉ္ရဲ့  တကယ္ေတာ့ ငါ့ေက်းဇူးေၾကာင့္ ငါကယ္တင္ထားလို႔ နင္ဒီေနရာမွာေရာက္ေနတာဆိုတာကိုေရာသိရဲ့လားဟမ္ !!နင္​ေက်ာင္းတုန္းက ကိုယ့္ပါကိုယ္သတ္ေသတာေလ အဲတာငါအေတြ့ျမန္လိုသာနင္ခုလိုအသက္ရွင္ေနႏိုင္တာမဟုတ္ဘူးလား နင္ကေက်းဇူးတရာတစက္မွမသိတတ္တဲ့ဟာမပဲ ယဉ္ နင့္ေက်းဇူးရွင္ကို ေက်းဇူးကန္းတယ္ !"

"ေအာ္ !!ဟုတ္လား ေက်းဇူးရွင္လား  ငါအဲလိုလုပ္ရေအာင္နင္လုပ္ခဲ့တာမဟုတ္လား အခုမွကယ္တင္ရွင္လိုလိုဘာလိုလိုနဲ႔ နင္ကသိပ္ဟန္ေဆာင္ေကာင္းေနတာပဲ ဟမ္  နင္အဲတုန္းကလည္း အကိုႀကီးကိုတဖက္သတ္ႀကိဳက္ၿပီးငါ့ကိုႀကိတ္မနာလိုျဖစ္ေနတာငါမသိဘူးမ်ားထင္ေနလား ပ်ိဳ ေဖေဖ့ကိုနင္ကိုယ္တိုင္သြားေျပာခဲ့တယ္မဟုတ္လား ငါမသိဘူးမ်ားထင္ေနတာလား  ၿပီးေတာ့ငါ့ေရ႔ွသူငယ္ခ်င္းေကာင္းလာပီသျပေနတယ္ နင္သာရွက္တတ္ရင္ ရွက္ေသလို႔ရတယ္ပ်ိဳရဲ့ သိလား နင္ကငါ့ကိုသူငယ္ခ်င္းလို႔တခါမွမသတ္မွတ္ဖူးတာလည္  ငါမသိဘူးမ်ားထင္ေနတာလား ငါကနင့္အခိုင္းဖက္သာသာပဲေလ မဟုတ္ဘူးလား!"

"ေအးေလထားပါေတာ့ ခုေတာ့ ငါ့ကိုေစာ္ကားတတ္ၿပီေပါ့ယဉ္ ေကာင္းၿပီေလ ငါရွည္ရွည္ေဝးေဝးေျပာမေနခ်င္ေတာ့ဘူး
ယဉ္ နင္နဲ႔ငါအေလာင္းစားလုပ္မလား ယဉ္!ဟမ္ !"

ပ်ိဳက သူ႔ပါးတစ္ဖက္ကိုကိုင္ကာရီေနေလ၏

"မလုပ္ဘူးနင့္လိုေကာင္မနဲ႔ငါဘာအေလာင္းစားမွ လုပ္စရာအေၾကာင္းမရိွဘူး!"

"အဟက္ !!နသ္ေၾကာက္တယ္မလား ဘာအေလာင္းအစားဆိုတာေရာနင္သိေသးလို႔လားယဉ္အခုကတည္းကေၾကာက္ေနပံုေထာက္ရင္ ေသခ်ာတယ္ငါထင္တဲ့အတိုင္းပဲ!"

"နင္ဘာကိုဆိုလိုခ်င္တာလဲ! "

"နင္ေျပာသလိုပဲေလ ညီကနင့္ကိုသိပ္ခ်စ္ေနပါၿပီဆို အဲအတိုင္းပဲေလ နင္နဲ႔ငါအေလာင္းအစားလုပ္မလားလို႔!ဘယ္လိုလဲ  နင္ဒီတစ္ခါ နင့္ဖက္ကရႈံးရင္ နင္ ညီနဲ႔အေဝးဆံုးထြက္သြားေပး ဘယ္ေတာ့မွညီ့အနားေပၚမလာခဲ့နဲ႔ ေအး!!အဲလိုပဲ ငါရႈံးခဲ့ရင္လည္း ငါနင္တို႔ႏွစ္ေယာက္ၾကားေသလူတစ္ေယာက္လိုေပ်ာက္ကြယ္သြားေပးမယ္ နင္တို႔ေရ႔ွဘယ္ေတာ့မွေပၚလာေတာ့မွာမဟုတ္ေတာ့ဘူး  ဘယ္လိုလဲ ယဉ္!"

ပ်ိဳက ေအာင္ႏိုင္သူတစ္ေယာက္လံုးမ်က္ခံုတစ္ဖက္
ပင့္ျပေတာ့  ယဉ္ဒီတိုင္းသာၾကၫ့္ေနလိုက္၏

"......"

ယဉ္ ...ယဉ္ စိတ္ထဲက ေၾကာက္ေနမိ၏ ...ယဉ္ညီ့ကိုယံုပယ္မယ့္ ခုလိုအေျခအေနဆိုရင္ေကာ ယဉ္ဘာလုပ္ရမလဲ...

"ဘယ္လိုလဲ !!နင္မေလာင္းရဲဘူးမလား ယဉ္ အဟက္  နင္ရႈံးသြားမွာေၾကာက္ေနတာလား နင္ေျပာသလိုေလ နင့္မွာ ညီ့ကိုခ်ည္စရာ နင့္ဗိုက္ထဲကေလးလည္းရိွေနၿပီပဲ ယဉ္ရဲ့ မေလာင္းရဲဘူးလား!!"

ယဉ္ ပ်ိဳ႕ကိုေက်ာခိုင္းကာ လက္သီးတင္းတင္းဆုပ္ထားလိုက္၏ ....သူမ်ားနဲ႔ယွဉ္လာရင္ ဘယ္ေတာ့မွအရႈံးမေပးခ်င္တဲ့မခံခ်င္စိတ္က ေဖေဖရိုက္သြင္းေပးထားေတာ့ ယၪ့္ကိုယ္ထဲရိွေနေလ၏ 
နင္ဘာကိုေတြးေၾကာက္ေနတာလဲ ယဉ္ ညီက ဗိုက္ထဲက ကေလးကိုသက္ေသထားၿပီး ယၪ့္ကိုခ်စ္ေရးဆိုထားၿပီးၿပီပဲ ၿပီးေတာ့ ညီခုလို ယၪ့္ကိုဂရုစိုက္ေပးေနတဲ့အမူအရာေတြက ယၪ့္ ကိုခ်စ္တယ္ဆိုတာသက္ေသပဲမဟုတ္လား...နန္းစုယဉ္ နင္ဘာကိုေၾကာက္ေနတာလဲ.....ေသခ်ာတယ္ နင္ရႈံးမွာမဟုတ္ဘူး..ယဉ္ ညီ့ကိုယံုတယ္

"ေကာင္းၿပီေလ ေလာင္းၾကမယ္ ပ်ိဳ !! ဒါမွ နင့္ကိုနင္စိတ္ႀကီးဝင္ေနတယ္ဆိုတာကိုငါသက္ေသျပေပးလို႔ရတာပဲေလ!"

"ေကာင္းၿပီေလ ကတိေနာ္!!ငါ့ဖက္ကလည္းနင့္ဘ၀တစ္ေလ်ွာက္လံုးငါ့ကိုမယွဉ္ႏိုင္ဘူးဆိုတာသိေအာင္ျပေပးမယ္ယဉ္ !! ငါအခု နင္တို႔အိမ္ကခ်က္ခ်င္းဆင္းသြားမယ္ ညီတကယ္လို႔ ငါ့ေနာက္လိုက္လာခဲ့ရင္ နင္ရႈံးၿပီ တကယ္လို႔နင္ညီ့ကိုဆြဲထားႏိုင္ခဲ့တယ္ဆိုရင္ နင္ႏိုင္တယ္  ကဲ ဘယ္လိုလဲ ယဉ္!!!"

"အင္း!!ေကာင္းၿပီေလ !! နင္ေျပာသလိုလုပ္ၾကတာေပါ့!!"

"အဟြင္း!!လိုပဲျဖစ္ရမွာေပါ့ ယဉ္ တကယ္ဆိုနင္ႏိုင္ပါတယ္ဟ နင့္မွာ ညီမရိွရင္ေတာင္ ညီ့ကိုယ္ပြားေလးက်န္ခဲ့မွာပဲကို!"

"......."

ယဉ္နဲ႔ပ်ိဳႏွစ္ေယာက္သာေအာက္ထပ္ဆင္းၿပီးညီေရာက္လာမဲ့အခ်ိန္သာေစာင့္ေနခဲ့၏ ယၪ့္ရင္ခုန္သံေႂတြမန္ေနကာစိတ္ေတြေလးလံေန၏  ယၪ့္တစ္ဘ၀လံုးနဲ႔ဆိုင္တဲ့အရာကို ယဉ္လုပ္မိလိုက္ၿပီ ...ျဖစ္လာသမ်ွအေကာင္းအဆိုကို နင္ခံရေတာ့မွာပဲ နန္းစုယဉ္ ..
.
.
.
.
"ေအးပါ သားေလးရယ္ ခုလိုလာေရာက္ရွင္းျပေပးတာကိုပဲ အန္တီတို႔ ေက်းဇူးတင္မဆံုးပါဘူးကြယ္ သမီးပ်ိဳကေလ စိတ္အရမ္းညစ္ေနရွာတာသူ႔အေဖကသူ႔ကိုရိုက္တယ္ဆိုၿပီးလည္း စိတ္မေကာင္းျဖစ္သြားပံုပါ သားသိတဲ့အတိုင္း အန္တီတို႔က သမီးကိုပိုးေမြးသလိုေမြးလာခဲ့တာကြယ္ လက္ပါဖို႔ေနေနသာသာ ခုေတာ့ သမီးေလးသနားပါတယ္!"

"မီဒီယာဆိုတာကဒီလိုပါပဲ အန္တီရယ္ ေနာက္အဆင္ေျပသြားပါလိမ့္မယ္ ပ်ိဳကေတာ့ သူမဟုတ္ဘူး အထင္လြဲေနၾကတာလို႔ပဲေျပာပါတယ္ ကြၽန္ေတာ္နဒ့ယဉ္လည္း ပ်ိဳ႕ကိုလည္းယံုပါတယ္ !"

"ေက်းဇူးပါသားရယ္ ခုသမီးက သားတို႔အိမ္မွာေပါ့ေနာ္  သမီးေလးကိုဂရုစိုက္ေပးပါကြယ္ သမီးေလးသမီးနန္းစုယဉ္နဲ႔ကငယ္သူငယ္ခ်င္းေတြဆိုေတာ့အားကိုးစရာဆိုလို႔ သူ႔ငယ္ခ်င္းပဲရိွေတာ့ အဲကိုေရာက္သြာတာထင္တယ္ ေက်းဇူးပါကြယ္ သမီူေလးနန္းစုယဉ္ကိုလည္းေက်းဇူးတင္ေၾကာင္းေျပာေပးပါေနာ္
အန္တီစိုးရိမ္တာက သမီးေလးကိုယ့္ပါကိုယ္သတ္ေသသြားမွာကိုပဲေၾကာက္မိတာပါ အန္တီ့သမီးေလးကို ဂရုစိုက္ေပးပါေနာ္ သား!"

"အန္တီထင္သလိုမျဖစ္ေစရပါဘူး ကြၽန္ေတာ္နဲ႔ ယဉ္ေစာင့္ေရွာက္ေပးပါ့မယ္ အဲတာ အန္တီနဲ႔အန္ကယ္စိုးရိမ္ေနမွာစိုးလို႔လာေျပာတာပါဗ်ာ ဖုန္းလည္းမကိုင္ေတာ့ေလ!"

"သားအန္ကယ္က သတင္းသမားေတြကိုႏုတ္ပိတ္ဖို႔ဆိုၿပီးအျပင္ထြက္သြားတာပဲ ကြယ္ အန္တီေျပာလိုက္ပါ့မယ္သားရယ္!"

"ဟုတ္ကဲ့အန္တီ ဒါဆိုကြၽန္ေတာ့ကိုခြင့္ျပဳပါအံုးေနာ္ !"

"ေအးပါသားေလး ကားဂရုစိုက္ေမာင္းေနာ္!"

ညီခန႔္ ပ်ိဳတို႔အိမ္မွ ကားေမာင္းကာထြက္လာခဲ့ေတာ့သည္
.
.
.
.
.
"ယဉ္ ညီ့ကားလာသံၾကားတယ္ !"

ပ်ိဳကခ်က္ခ်င္းထလိုက္ၿပီး မီးဖိုေခ်ာင္ထဲဝင္သြားေလ၏ ယဉ္လည္းရုတ္တရက္ေၾကာင္၍ၾကၫ့္ေနမိကာ ခဏအၾကာပ်ိဳထြက္လာေတာ့ ပ်ိဳ႕လက္မွာ ကိုင္ထားတာက   ၾကက္သြန္လွီးတဲ့ဓားတစ္ေခ်ာင္းကိုင္ထြက္လာေတာ့ ယဉ္လန႔္သြားရ၏
ပ်ိဳ နင္ဒါဘာလုပ္မလို႔လဲ! ဟမ္ ခုခ်က္ခ်င္းခ်ထားလိုက္အဲဓားကို!"

ပ်ိဳက ေအာင္ႏိုင္သူတစ္ေယာက္လိုမ်ိဳး သေဘာက်စြာၿပံဳးေနကာ

"အင္းငါခုခ်က္ခ်င္းဒီအိမ္ကထြက္သြားေတာ့မွာ ေအးတကယ္လို႔ ညီသာငါ့ေနာက္ကိုလိုက္လာခဲ့ရင္ဒီပြဲမွာငါႏိုင္တယ္ေနာ္ယဥ္ မလိုက္ဘူးဆိုရင္ေတာ့နင္ႏိုင္တယ္ !ကတိပဲ!"

"နင္!! ယုတ္မာတာပဲပ်ိဳ !"

"အဟြန္းနင္လည္းငါ့အေပၚယုတ္မာခဲ့တာပဲ!"

တဖက္တြင္ ညီကလည္းကားရပ္ကာ အိမ္ထဲ၀င္လာေလ၏
ညီျမင္လိုက္ရတာက ပ်ိဳက သူ႔လည္ပင္းကိုသူဓားရြယ္ထားေလ၏
သူထြက္သြားတုန္းကအကုန္အဆင္ေျပျပေပါ ခုက်ေတာ့ ဘယ္လိုျဖစ္ၾကတာလဲ ညီခန္႔ေျပာင္းလဲေနေသာအေျခအေနေတြေၾကာင့္ နားမလည္ႏိုင္ေတာ့ေခ်!!

ယဥ္တစ္ေယာက္ကလည္း ပ်ိဳဘာလုပ္ေနမွန္းနားမလည္ႏိုင္ေတာ့ေခ်

"ပ်ိဳ ဘာ ဘာလုပ္တာလဲ အဲဓား ခ်ထားလိုက္!"

"အဟင့္ !! ညီ ညီရယ္ ပ်ိဳ ပ်ိဳေလ ရင္နာတယ္ အဟင့္ အသက္မရွင္ခ်င္ေတာ့ဘူး ပ်ိဳ  ဒီေလာကႀကီးကေနထြက္သြားခ်င္ၿပီ ပ်ိဳ႕ ကိုမတားၾကပါနဲ႔ေတာ့ ပ်ိဳ ဒီကိုလာတာ ညီတို႔အတြက္အေနွာင့္အယွက္ျဖစ္ရတယ္မလားဟင္  ယဥ္ ယဥ္က ပ်ိဳ႕ပါးကိုရိုက္တယ္ သိလား
မနက္တုန္းက ေဖေဖရိုက္တယ္ ခုယဥ္ကပါထပ္ရိုက္ျပန္ၿပီ အဟင့္ ပ်ိဳ ပ်ိဳေလ အရမ္းမွားပါတယ္ ယဥ္ရယ္ ငါေတာင္းပန္ပါတယ္!"

"ပ်ိဳ နင့္ရဲ့ကေလးအကြက္ေတြကိုခ်က္ခ်င္းရပ္လိုက္ေနာ္!"

"ဘာ ဘာေတျြဖစ္ကုန္တာလဲ ခဏေလးမွာ ဟမ္ စုယဥ္ ပ်ိဳ႕ပါးကိုတကယ္ရိုက္လိုက္တာလား  ဘာလို႔လဲဟန္  စုယဥ္ က်စ္!!! မင္းကအိမ္ရွင္ေလကြာ ၿပီးေတာ့ ပ်ိဳကတစိမ္းလူမွမဟုတ္ပဲကြာ ဘာေတျြဖစ္ရတာလဲ!"

"ညီခန္႔ !!နင္!ဘာသိလို႔လဲ!"

ပ်ိဳကယဥ့္ဖက္ကိုလွည့္ကာတခ်က္ၿပံဳးျပလိုက္၏ 'မွတ္ပလားယဥ္ နင္ေသခ်ာေပါက္ရႈံးမွာသိလား'

"ပ်ိဳ ကိုယ္တို႔ေအးေဆးေျဖရွင္းရေအာင္ ဓားကိုခ်လိုက္ေနာ္ ပ်ိဳ!"

"ဟင့္အင္ ပ်ိဳခုဒီအိမ္ကထြက္သြားေတာ့မယ္ ညီပ်ိဳ႕ေနာက္ကိုလိုက္မလာပါနဲ႔ မနက္ဖန္သာ ပ်ိဳ႕အေလာင္းကိုလာေကာက္ပါ ဟင့္!"

"ပ်ိဳ!!"

ညီကလွမ္းေအာ္ပယ္မယ့္ ပ်ိဳက ဓားကိုကိုင္ကာထြက္သြားေလ၏

ယဥ့္မွာေတာ့ ေျပာစရာစကားမရိွဘဲ လည္ေခ်ာင္းေတြၾကားစကားလံုးေတြကထစ္ဆို႔ေနကာ ညီ့ကိုဘယ္လိုရွင္းျပရမွန္းလည္းမသိေခ်
ညီ မလိုက္သြားနဲ႔ေနာ္ .....ညီမသြားနဲ႔ေနာ္ ညီ ယဥ္တို႔သားမိကိုမထားခဲ့ပါနဲ႔ေနာ္ ညီရယ္
ယဥ္စိတ္ထဲမွ အႀကိတ္ႀကိတ္ဆုေတာင္းေနမိ၏  ညီမသြားပါေစနဲ႔ အရွင္ဘုရား......

"ဟာကြာ  !!,ဘာေတြ ျဖစ္ကုန္ရတာလဲကြာ စုယဥ္ခုခ်ိန္မွာပ်ိဳက ဧည့္သည္ေလကြာ !"

"ညီ လိုက္မသြားရဘူးေနာ္ ညီ မသြားနဲ႔!"

"ဘာကြ!! စုယဥ္ တကိုယ္ေကာင္းဆန္ေနျပန္ၿပီ တကယ္လို႔ တကယ္လို႔ ပ်ိဳသာမနက္ဖန္ေသသြားရင္ ကိုယ္တို႔ပေရာဂမကင္းးးဘူးကြ အဲတာသိလား ကိုယ္ခုပဲ အန္တီ့ကိုသူ႔သမီးကိုေစာင့္ေရွာက္ပါ့မယ္လို႔ကတိေပးလာခဲ့တာ !!စုယဥ္ မင္းေကာ မင္းသူငယ္ခ်င္းတစ္ေယာက္ဒီလိုျဖစ္ေနတာလက္ပိတ္ၾကည့္ေနမွာလား!"

"အဲ သူ သူငယ္ခ်င္းကေလ ညီ  ယဥ္တို႔ကိုေဝးေစ
မွာသိလား ညီရဲ့ မသြားနဲ႔!"
ယဥ္ ၀မ္းနည္းကာအသံေလးတိမ္၀င္သြားရ၏
ညီ့လက္ကိုလည္း မလႊတ္တမ္းဆြဲတားလိုက္၏

"စုယဥ္!! အေျခအေနကိုတခ်က္ေလာက္နားလည္ေပးပါကြာ ကိုယ္ၾကားကေနၿပီးေတာင္းပန္ပါတယ္  ပ်ိဳသာတစ္ခုခုျဖစ္ရင္ေလ ကိုယ္တို႔အတြက္လည္းမေကာင္းဘူး သူ႔မိဘေတြအတြက္လည္းမေကာင္းဘူး သူတို႔မွာပ်ိဳတစ္ေယာက္ပဲရိွတာ!"

"ယဥ္တို႔သားမိအတြက္လည္း ညီ့ကိုလိုအပ္တယ္ ညီရဲ့ မသြားပါနဲ႔ေနာ္!"

"စုယဥ္ကိုယိ့ကိုယံု ကိုယ္အခုခ်က္ခ်င္းျပန္လာခဲ့မယ္ ဟုတ္ၿပီလား ပ်ိဳ႕ကိုရွာၿပီး သူ႔မိဘအိမ္ျပန္လိုက္ပို႔ေပးခဲ့မယ္ ခဏေလးပဲ!"

ယ္ ညီ့ကိုဆြဲထားတဲ့လက္ကိုလႊတ္ခ်လိုက္ၿပီး က်လာေသာ မ်က္ရည္ေတြကိုသုတ္ျပစ္လိုက္၏

"ေကာင္းၿပီေလ အဲေတာ့ လိုက္သြားမယ္ဆိုတဲ့သေဘာလား!!ညီခန္႔  ငါတို႔တည္ေဆာက္ထားတဲ့ဘ၀ေလးပ်က္စီးသြားမယ္ဆိုရင္ေတာင္နင္ကသြားမယ္ေပါ့ဟုတ္လား!"

"က်စ္စုယဥ္ ကေလးမဆန္စမ္းပါနဲ႔ ကိုယ္အခုခ်က္ခ်င္းျပန္လာခဲ့မယ္ ဟုတ္ၿပီလား!"

"နင္ေနာင္တမရေစနဲ႔!!"

ေနာက္ဆံုးေတာ့လည္း ညီက ယၪ့္ကိုေက်ာခိုင္းၿပီးထြက္သြားေလေတာ့သည္

ရက္စက္လိုက္တာညီရယ္....ယဉ္လည္း ၾကမ္းျပင္ေပၚအရုပ္က်ိဳးပ်က္ထိုင္ခ်လိုက္ေတာ့သည္...
ခဏအၾကာေတာ့ ညီ့ကားသံေလးၿခံထဲမွထြက္သြားတဲ့အသံၾကားလိုက္ရ၏

ယဉ္စိတ္ႀကိဳက္ငိုၿပီးေနာက္  ဂန႔္ေဂၚပင္ေလးရိွရာသို႔ထြက္လာခဲ့ေတာ့သည္
ယဉ္အပင္ေရ႔ွေရာက္ေတာ့ ထိုင္ခ်လိုက္ကာ ထပ္ငိုမိျပန္သည္
'အကုန္ အကုန္ပ်က္စီးသြားခဲ့ၿပီ ယဉ္တို႔တည္ေဆာက္ထားတဲ့ဘ၀ေလး အကုန္ပ်က္စီးသြားခဲ့ၿပီညီရဲ့
တခဏတာေလးအတြင္းပ်က္စီးသြာခဲ့ၿပီ
ညီ ကိုယ္တိုင္ ဒီအပင္ေလးနဲ႔ ကေလးေလးကိုသက္ေသထားၿပီးခ်စ္ခြင့္ပန္တုန္းက ကမ႓ာေပၚမွာအေပ်ာ္ရႊင္ဆံုးမိန္းခေလးက ယဉ္ျဖစ္ေလာက္တယ္ ညီရယ္ ..ဒါမဲ့အဲဒီေပ်ာ္ရႊင္မႈကတာရွည္မခံခဲ့ျပန္ဘူး.ယဉ္ကယဉ္ဘာပဲ ဘာမွမကြာျခားသြားျပန္ပါဘူး.ေနာက္ဆံုးေတာ့လည္း ပ်ိဳေျပာခဲ့သလိုမ်ိဳး ယဉ္ ပ်ိဳ႕ကိုမယွဉ္ႏိုင္ခဲ့ဘူးေပါ့ 

babyေလးရယ္ မင္းေဖေဖက ေမေမတို႔ကိုထားၿပီးထြက္သြားခဲ့တယ္သိလား ေမေမသိပ္ဝမ္းနည္းတယ္ကေလးေလးရယ္  ေမေမေလ ေမေမ အဟင့္..အီးဟီး  အဟင့္ ေမေမ မွားပါတယ္ ေမေမမွားတယ္ ကေလးေလးကို မိဘစံုစံုလင္လင္နဲ႔ႀကီးျပင္းခ်င္ခဲ့ပယ္မယ့္ေမေမ့ကိုခြင္လႊတ္ပါေတာ့ကြယ္
ကိုယ့္ကိုမႀကိဳဆိုေသာရပ္ဝန္းမွာေမေမဆက္ေနလို႔မွမရေတာ့တာ ဘဘီရယ္ ေမေမ့ကိုနားလည္ေပးပါေနာ္
ေမေမ မင္းေဖေဖမရိွလည္း ေဘဘီေလးကိုအေကာင္းဆံုးျပစုေစာင့္ေရွာက္သြားမယ္ဆိုတာ ဒီအပင္ေလးေရ႔ွမွာပဲ သစၥာဆိုပါတယ္ ေဘဘီကိုေသခ်ာေပါက္ေပ်ာ္ရႊင္ေအာင္ထားေပးမယ္သိလား ကမ႓ာႀကီးႏွစ္ျခမ္းကြဲသြားရင္ေတာင္ ေဘဘီေလးရိွတဲ့ဖက္မွာပဲ ေမေမေနမွာသိလား ေဘဘီ့ကိုေမေမအရမ္းခ်စ္ပါတယ္ေနာ္
ေမေမတို႔ျပတ္သားခ်ိန္တန္ၿပီသားရယ္ ...

ေမ်ွာ္ပါ
စာက်ရင္ျဖၫ့္ဖတ္ၾကဖို႔ေတာင္းဆိုပါတယ္ေနာ္ စာကဖုန္းနဲ႔ပဲရိုက္တာပါ ၿပီးေတာ့ေလ
ကြၽန္မကအျပာဝတၲုေရးတာမဟုတ္ပါဘူးေနာ္ တကယ္စဉ္းစားၾကၫ့္ေစခ်င္ပါတယ္
လင္မယားဆိုတာကေလ အိမ္ေထာင္က်တဲ့သူဆိုသိမွာပါ ႏွစ္ေယာက္လံုးဖို မ သဘာဝအတူတူေနခ်င္ၾကတာကသဘာဝပါေန့တိုင္းအတူတူေနက်လို႔ပဲ မိန္းခေလးေတြက တားေဆးထိုးေဆးအမ်ိဳးမ်ိဳးသံုးေနၾကရတာပါ
အခုလည္း လင္မယားဆိုေတာ့ လင္မယားအျပဳအမူေလးေတြပါပါတယ္ ေန့တိုင္းမူစကူဒူးၾကတာလည္းပါမွာပဲ ဟိုဟာေလးကိုင္ခ်င္ ဒီဟာေလးကိုင္ခ်င္ၾကတာက သဘာဝတရားကိုလြန္ဆန္လို႔မရပါဘူးရွန္အဲတာေကာင္းမလိုနဲ႔မူစကူပဲဒူးတယ္အျပာစာလားလို႔မေမးၾကပါနဲ႔ရွန္😍စိတ္ရင္းနဲ႔အႀကံေပးတဲ့သူေတြကိုလည္းေက်းဇူးပါလို႔

ရွည္ႀကီးတင္ေပးလိုက္ပါတယ္ ႏွစ္ပိုင္းခြဲတင္ရမွာပ်င္းလို႔ပါ😉

Continue Reading

You'll Also Like

271K 5.9K 66
My Own Creation### First Story### both Zawgyi&Unicode### cover Photo is not mine### all credits to original owner### #Unicode အချစ်တွေ အမုန်းတွေ ဘာတွ...
24.7K 1.1K 6
ZawGyi code is below. Another little first love story
52.2K 3.2K 41
" ကျောင်းဆရာရဲ့သားသမီးဖြစ်တာနဲ့ပဲ စံပြတစ်ယောက်ပါလိုက်ဖြစ်ပေးရမှာလား..သူများလုပ်သလိုနေသလို နေလို့မရဘူးလား..အဆင့်ကောင်းမှ လိမ္မာရေးခြားရှိမှ ပေါင်းသင်း...
94.8K 2.7K 37
" ငါနင့်ကို အဲ့ဒါတွေမကြိုက်တာပဲ..ဘယ်တော့မဆိုပေါ့တန်လွန်းတယ်..ဘာတစ်ခုမှလေးလေးနက်နက်မရှိဘူး..တစ်ခုခုဆိုရှောင်ပြေးတတ်ဖို့ပဲသိတယ်..ဒီအသက်ရွယ်ပဲရောက်နေပြီ...