Unicode
ညစာစားပြီး ကာရာအိုကေမှာ သီချင်းဆိုပြီးနောက် အိမ်အပြန်လမ်းတွင်ဟဲကျင့်သည် ကြိုးကြာရိုင်း ၏ စွပ်စွဲချက်များကို ပြန်လည်အမှတ်ရမိပြန်သည်။
ချင်ယွီ သည် မီးနီကို မြင်သောအခါ ရပ်လိုက်ပြီး ဂီယာပြောင်းလိုက်ချိန်တွင်တော့ ဟဲကျင့်သည်အကူညီမဲ့စွာဖြင့်လက်ကိုဆန့်ထုတ်လျက် ချင်ယွီရဲ့ လက်ခုံကိုပွတ်လိုက်သည်။
"ဘာဖြစ်တာလဲ?"
ချင်ယွီသည်အံ့အားသင့်သွားပြီးလှည့်ကြည့်လိုက်ရာ ဟဲကျင့်ကသူ့ကိုကြည့်မနေခဲ့ပေမယ့် သူ့လုပ်ရပ်မှာတော့ချစ်ခြင်းမေတ္တာများပြည့်နှက်နေခဲ့၏
ချင်ယွီကပြုံးပြီး "ငါကကောင်းတယ်ဆိုတာကို ရုတ်တရက်ကြီးသတိထားမိသွားလို့လား?"
ဟဲကျင့်: "... "
ယခု ချင်ယွီသည် မတူတော့ပါ။ စားသောက်ဆိုင် ရှိ သူငယ်ချင်းများကို ပြောင်ပြောင်တင်းတင်း အမူအရာဖြင့် တုန်လှုပ်စေခဲ့သည်။ ဖျော်ဖြေရေးတွင် သုံးနှစ်ကြာ အတွေ့အကြုံရှိပြီးနောက်သူ့ကိုယ်ပေါ်တွင် ကြယ်ရောင်ရှိနေပြီး လူစုလူဝေးကြားတွင် မှင်တက်သွားစေပြီးထူးထူးခြားခြားဖြစ်နေခဲ့သည်။
ဟဲကျင့်က ချင်ယွီကိုအရမ်းတွေဝံ့ကြွားမနေစေချင်ဘူး အဲ့ဒါကြောင့်သူ့ကိုစနောက်လိုက်သည်။
"တကယ်တမ်း မင်းနဲ့ယှဉ်ရင် လွင့်မျောတိမ်တိုက်ရဲ့ကြင်နာမူကိုပိုသဘောကျတယ်"
ချင်ယွီကမျက်ခုံးပင့်ကာဖြင့် "အာ ဟာ?"
" လွင့်မျောတိမ်တိုက်ကလူမသိအောင်အေးဆေးနေတတ်တဲ့သူမျိုးပဲ သူကမင်းလောက်မချောပေမယ့် အရမ်းတည်ငြိမ်တယ်။"
ဤသည်မှာ အမှန်ပင် ။ အစကတည်းက ဟဲကျင့် သည် ချင်ယွီ က အလွန်မြင့်မားသောအနေအထားတွင်ရှိကြောင်း တွေ့ရှိခဲ့သည်။ သူနဲ့ နှိုင်းယှဥ်ကြည့်တော့ သူက သူ့ကိုယ်သူ ရိုးရိုးရှင်းရှင်းသာမာန်ပဲဖြစ်ပြီးတော့ ချင်ယွီနဲ့သူမတိုက်တန်မှာကိုအမြဲစိုးရိမ်နေရလေသည်။
"အဲ့ဒါနဲ့ ရုပ်ချောနေတာမှားသွားရောလား?"
ချင်ယွီကစိတ်ဆိုးသွားကာဖြင့် ဒေါသတကြီးပြောတော့သည်။
"ဒါဆိုမင်းကိုစိတ်လုံခြုံမူရအောင်ငါဘာလုပ်ရမလဲ?တကမ္ဘာလုံးကိုမင်းကိုချစ်နေကြောင်းပြောဖို့ကျလဲမင်းကမလိုချင်ပြန်ဘူး"
ဟဲကျင့် က ခေတ္တရပ်ပြီး ခေါင်းခါလိုက်ရင်'
"ဟိုးအရင် ငါမင်းရဲ့တိုက်ရိုက်ထုတ်လွှင့်တာတွေကိုကြည့်ခဲ့ကတည်းကလူတော်တော်များများက မင်းကို ယောကျ်ားလို့ခေါ်တာကိုငါတွေ့ဖူးတယ်။အခုထိကို ကမ္ဘာပေါ်မှာ အကြိုဆိုခံရဆုံးလူသားက ငါ့ချစ်သူဆိုတဲ့အချက်ကိုအသားကျအောင်အချိန်ဘယ်လောက်ယူခဲ့ရလဲဆိုတာမင်းမသိဘူး..."
သူအဲ့ဒါကိုပြောနေတဲ့အချိန်မှာဟဲကျင့်ကအနည်းငယ်ရှက်နေခဲ့လေသည်။သူကအနည်းငယ်ရှက်သွေးဖြာသွားပြီးခေါင်းကိုလှည့်ကာဖြင့်
"ငါက ငါအဲ့ဒါတွေကိုဂရုမစိုက်ဘူးလို့တွေးခဲ့တာ ဒါပေမယ့်မင်းနဲ့အတူရှိပြီးနောက်ပိုင်းမှာတော့ ငါသိလိုက်ရတာက ငါကာသာမာန်လူပဲလို့လေပြီးတော့ ငါကမင်းထင်သလောက်မကောင်းနေမှာကိုအမြဲစိုးရိမ်နေရတာအဲ့လိုမှမဟုတ်ရင် မင်းငါ့ကိုမချစ်တော့ပဲနေမှာစိုးလို့"
ဒီလိုမျိုးအချစ်များကို ရုတ်တရက်ပြသခြင်းသည် ချင်ယွီကို ရင်ခုန်သံမြန်စေပါ၏
ချင်ယွီ က မတုံ့ပြန်တာကို မြင်လိုက်ရတော့ဟဲကျင့်က အနည်းငယ် စိတ်မသက်မသာဖြင့်ဆက်ပြောခဲ့သည်
"အဲ့ဒါကို သတိမထားမိဘူးလား... ကြိုးကြာရိုင်းကမင်းကိုတွေ့တော့ မင်းကိုစိုက်ကြည့်နေတာကိုလေ"
သူသည် ကြိုးကြာရိုင်းကဲ့သို့ မျက်နှာမှာအမူအရာမှာအရာအားလုံးပြောပြနေသည့် တဲ့တိုးဆန်သည့်စရိုက်ကိုတကယ်သဘောကျသည်။အကယ်၍ သူသာကြိုးကြာရိုင်းလို စရိုက်မျိုးရှိရင် ချင်ယွီကသူ့ကိုပိုချစ်မှာလား?
"ပြီးတော့ KTV မှာတုန်းကလဲ ကောင်မလေးတွေရဲ့မျက်လုံးတွေကမင်းဆီမှာချည်းပဲ"
ထိုစကားကိုကြားပြီးနောက် ချင်ယွီသည် ရယ်စရာကောင်းသည်ကို တွေ့လိုက်ရသည်။ ဟဲကျင့်ကမနာလိုဖြစ်နေတာအသိအသာကြီးပဲလေ။
သူသည် စိတ်အခြေအနေကောင်းစွာဖြင့် ကားကိုဆက်မောင်းလာခဲ့ပြီး အိမ်တံခါးထဲဝင်လိုက်သည်နှင့် ချက်ချင်းပင် ဟဲကျင့်ကို နံရံသို့ဖိကပ်လိုက်ကာ စတင်နမ်းရှိုက်တော့သည်။
"ဟေ့ မင်း ဘာလုပ်နေတာလဲ..."
ဟဲကျင့်ရုန်းကန်တော့သည်။
ချင်ယွီက သူ့ကိုဖိချပြီးမလွှတ်ပေးခဲ့ချေ။သူသည် ယဉ်ပါးသောခြင်္သေ့ကဲ့သို့ ပြုမူကာ ဟဲကျင့် ကြည့်ချိန်တွင် သူ့ပုံစံမှာလွမ်းမိုးချုပ်ကိုင်လိုပုံပေါပြီးတချိန်ထဲမှာပင်နူးညံ့သိမ့်မွေ့နေခဲ့သည်။
"အရူးလေး သူတို့တွေငါ့ကိုကြည့်ပါစေပေါ့ ငါ့မျက်လုံးထဲမှာတော့မင်းပဲရှိတာလေ မင်းဘာပြောချင်လဲ?"
ဟဲကျင့်: "... "
ဟဲကျင့် ကို သူစသိကတည်းက သူဘယ်လောက်ထိ ချုပ်တီးထားတတ်တယ်ဆိုတာ သူနားလည်ခဲ့ပြီး ဒီလောက်ရှည်လျားပြီး ချိုမြိန်တဲ့ စကားမျိုး တစ်ခါမှ မပြောဖူးပါချေ။ သူ့မှာ တစ်ခုခု တွေးနေရင်တောင်မှ အဲဒါတွေကို သူကိုယ်တိုင်ပဲ သိမ်းထားတတ်တယ်လေ။ သူ့ရင်တွင်းစကားသံကို ကြားရဖို့ဆိုတာကရှားရှားပါးပါး အခွင့်အရေးတစ်ခုပါပဲ။ သေချာတာပေါ့ သူသေလောက်အောင်ပျော်နေတယ်လေ!
သူသည် မနာလိုသည်ဖြစ်စေ၊ မလုံခြုံသည်ဖြစ်စေ အဲ့ဒါက ဟဲကျင့်သူ့ကိုဂရုစိုက်တယ်လို့ ဆိုလိုတာပဲလေ ဟုတ်တယ်ဟုတ်!
ဟဲကျင့်က အသက်ရှုကျပ်နေပေမယ့် ချင်ယွီကိုလည်း မတွန်းထုတ်ခဲ့ပါချေ။ သူက ချင်ယွီ လည်ပင်းကို ကိုင်ထားလျက် သူ့အနမ်းကို ချစ်ခြင်းအပြည့်ဖြင့် တုံ့ပြန်လိုက်တော့သည်။ ချင်ယွီသည် သူ့ရဲ့ အပြုအမူကြောင့် ဆွဲဆောင်ခံလိုက်ရပြီး ဟဲကျင့်ကို ရေချိုးခန်းထဲသို့ ဆွဲခေါ်သွားရန် မစောင့်နိုင်တော့ပေ။ သူသည် နားရွက်များကို စိတ်အားထက်သန်စွာ ကိုက်လိုက်ပြီးသည်းတွားတော့သည်။
"ရေအတူတူချိုးရအောင်"
ရေချိုးခန်းသည် ဆယ်စတုရန်းမီတာအောက် ကျယ်သည်။ ရေချိုးခန်းရဲ့ မှန်တံခါးသည်ယောကျ်ားလေးနှစ်ယောက်တပြိုင်နက်ဝင်လိုက်ချိန်တွင်တော့ ကြပ်ညပ်သွားတော့သည်။ချင်ယွီက စိတ်မရှည်တော့စွာဖြင့်
"မိန်းမလေး အိမ်ပြောင်းရအောင်"
ဟဲကျင့်: "အမ်?"
ချင်ယွီက သူ့ကိုဖက်ထားရင် ရေနွေးနွေးဖြင့် သူ့ကျောကို ဖြန်းပက်ပေးလာသည်။
"ဒီမှာကအရမ်းကျဉ်းတယ်ဘာမှလုပ်လို့မရဘူး ငါမင်းနဲ့ ရေချိုးကန်ထဲမှာ...ချင်တာ!"
ထိုလုပ်ရပ်ကို ချင်ယွီ သရုပ်ဖော်ပြသည်ကိုမြင်ပြီးနောက် ဟဲကျင့်သည်ချက်ချင်းပင် ရှက်သွေးဖျာသွားပြီး
"မင်းပဲ ငါတို့ခွဲခွာခဲ့တဲ့ နေရာက ပြန်စမယ်ဆို?မင်းဘယ်လိုဖြစ်ပြီး..."
သူ ဆက်မလုပ်နိုင်တော့ဘူး။ ချင်ယွီကတကယ်ကို သားရဲကောင်ပဲ။အိမ်ပြန်ရောက်ရောက်ချင်းကို သူ့ရဲ့ idol ဆိုတဲ့ ပုံရိပ်ကို ဆွဲခွာလိုက်တော့တာပဲဟ
ထို့နောက်တွင်တော့ ဟဲကျင့်သည် ကုတင်ပေါ်တွင် ပျော့ညံ့စွာ လှဲလျောင်းလျက်မေးလာခဲ့သည်။
"တကယ်လို့ မင်းငါ့ကိုသာ မချစ်ခဲ့ဘူးဆိုရင် ဒီချိန်မှာချစ်သူကောင်မလေးရှိနေလောက်လား?"
ချင်ယွီကနောက်ပြန်လှည့်၍ဟဲကျင့်ရင်ဘတ်ပေါ်ခေါင်းတင်လျက်
"ငါ ဘယ်လိုလုပ်သိမှာလဲ? ငါသတိထားမိကထဲက မင်းနဲ့ပဲအတူရှိနေခဲ့တာကို
ဟဲကျင့်: "ဒါဆို ငါက မိန်းကလေးပဲလို့ မင်း စိတ်ကူးဖူးလား?"
" ငါကမင်းကို အစထဲကမိန်းကလေးလို့ပဲထင်ခဲ့တာကို"
ချင်ယွီကသူဘယ်လိုခံစားခဲ့ရကြောင်းကို စောဒကတက်ပြီးပေါက်ပေါက်ဖောက်တော့သည်။
"မင်းသာ မိန်းကလေးဆိုရင် ငါဒီလောက်ထိ ညှင်းပန်းခံရမှာမဟုတ်ဘူး ငါဘယ်လောက်ထိဖြောင့်လဲဆိူတာမင်းသိပါတယ်"
ဒီလူကသူ့ကိုယ်သူဘယ်လိုတောင် အဖြောင့်လို့ပြောနိုင်ရတာလဲ?ဟဲကျင့်ကမျက်လုံးလှန်ကာဖြင့်
"မင်းသာ အဖြောင့်ဆို ငါတို့ကဘာတွေလဲ?ငါ့ကိုမိန်းကလေးလို့မြင်နေတာလား?"
ချင်ယွီသည် ဟဲကျင့်ရဲ့သီးသန့်အစိတ်အပိုင်းကို ဖမ်းဆုပ်လိုက်၍ ဟဲကျင့်မှာပင့်သက်မရှိုက်ပဲမနေနိုင်ခဲ့ချေ
"မင်းကို ငါဘယ်လိုသဘောထားတယ်ထင်လို့လဲ?"
ဟဲကျင့်က ဒေါသတကြီးမေးလာတော့သည်။
"ဒါဆို မင်းကိုယ်မင်းအဖြောင့်ဆိုတာ ဘာကိုဆိုလိုချင်နေတာတုန်း?"
"ဂေးတွေထဲမှာ လုံးဝ နံပါတ် 1 ဆိုပြီး မရှိဘူးတဲ့ ဘာလို့ဆိုသူတို့က သူတို့ချစ်တဲ့သူဆိုရင် 0 အဖြစ်လဲနေပေးတယ်လေ။အဖြောင့်ကတော့မတူတော့ဘူး အဖြောင့်ကောင်က သူချစ်တဲ့သူကိုပဲလုပ်ချင်တာလေ တနည်းဆို ငါကမင်းကိုပဲလုပ်ချင်တာ.."
ချင်ယွီက ဟဲကျင့်ပုခုံးကို ကိုက်ကြိတ်ကာဖြင့်
"ပြီးတော့ မင်းက ငါ့ရဲ့အလွှမ်းမိုးကိုပဲခံရမှာ"
ဟဲကျင့်: "ဘာလို့လဲ?"
ချင်ယွီ: "ဘာလို့ဆို ငါမင်းကိုအကြာကြီးစောင့်ခဲ့ရတာလေ မင်းငါကိုအများကြီးအကြွေးတင်နေတာ!"
ဟဲကျင့်ကဆွံအသွားကာဖြင့်
"ဒီညတော့ငါတကယ်ကြီးထပ်မလုပ်နိုင်တော့ဘူး"
ချင်ယွီကနှာမှုတ်ကာဖြင့် သူ့ကိုလွှတ်ပေးလာခဲ့သည်။
"ဒီညတော့ နားလိုက်တော့ ငါအနာဂတ်မှာ ဖြည်းဖြည်းချင်းပြန်ယူမှာ"
ဟဲကျင့်: "... "
နောက်တစ်နေ့တွင်တော့ သတင်းစာရှင်းလင်းပွဲက ကောင်းမွန်စွာပြီးဆုံးခဲ့လေသည်။ ဆွေးနွေးပွဲအပြီးတွင် ဟဲကျင့် သည် ဖက်ထုပ်လေး၏မှတ်ဉာဏ်ကို ထည့်သွင်းထားသည့် smart baby လေးကို တွေ့ဆုံခဲ့သည်။ smart baby လေး ၏ အထိ အတွေ့သည် ဂိမ်းတွင်းရှိ ဖက်ထုပ်လေးနှင့် ဆင်တူလေသည် ။ ၎င်းသည် နူးညံ့ပြီး လူသားများထက် အပူချိန်နိမ့်ပါ၏
ကလေးက မျက်လုံး ဖွင့်လာပြီး ပါပါး လို့ခေါ်လိုက်တဲ့အချိန်တွင်တော့ ဟဲကျင့် က ဖော်မပြနိုင်အောင်ရင်ထဲထိသွားရပြီး ဂိမ်း နဲ့ လက်တွေ့ဘဝဟာ လုံးဝကို ပေါင်းစပ်သွားသလို ခံစားလိုက်ရတော့သည်။
အကောင့်တစ်ခု register လုပ်ရန်မလိုသော်လည်းသူတို့သုံးယောက်သည် မိသားစု နှင့်တူခဲ့လေသည်။အခုတော့ သူတို့တိုက်ခန်းကတကယ်ကြီးကျဉ်းနေသလိုပဲ။ထို့ကြောင့်သူတို့တွေစတင်ပြောင်းရွှေ့ဖို့လုပ်တော့သည်။
သီတင်းပတ်ကုန်တွင်ချင်ယွီသည် အိမ်ပြောင်းဝန်ဆောင်ကုမ္ပဏီတစ်ခုအား ရှာဖွေတွေ့ရှိခဲ့ပြီး မူလနေရာမှ ပရိဘောဂ အချို့ကို အဆင့်မြင့် တိုက်ခန်းသို့ ထုပ်ပိုးရွှေ့ပြောင်းခဲ့တော့သည်။
အဲ့ဒါက ဧရိယာစတုရန်းမီတာ300 နီးပါးကျယ်ဝန်းပြီး အိပ်ခန်းနှစ်ခန်း၊ စာကြည့်ခန်း၊ သီးသန့်အားကစားခန်းမ၊ ကလေးထိန်းအခန်းနှင့် လှေကားထစ်ဥယျာဉ်တစ်ခုပါရှိလေသည်... အိမ်သစ်၏နေထိုင်မှုအခြေအနေသည် အလွန် ကောင်းမွန်သောကြောင့် လိုက်လျောညီထွေဖြစ်ဖို့နည်းနည်းခက်ကြောင်းဟဲကျင့်ကထင်ခဲ့သည်။ ချင်ယွီသည် သူနှင့်အတူ ထိုသေးငယ် သောနေရာလေးတွင် လအတော်ကြာနေထိုင်ခြင်းကို မည်သို့သည်းခံနိုင်သည်ကို သူတကယ်နားမလည်နိုင်ခဲ့ပါ။
ဟဲကျင့် သည် အဆောက်အဦးတစ်ခုတည်းတွင် အနုပညာရှင်များစွာနေထိုင်ကြောင်းကြားသိရသည်။ သူ့ အိမ် အသစ်ရဲ့ ဓာတ်လှေကားထဲကို ပထမဆုံးဝင်လိုက်တာနဲ့ ဟဲကျင့် က ရင်းနှီးတဲ့မျက်နှာတစ်ခုကို တွေ့လိုက်ရတာကတော့တော်တော်လေးကိုထူးဆန်းတဲ့မြင်ကွင်းတစ်ခုပါပဲ
သူ့အမေကြည့်လေ့ရှိတဲ့ ည 8 နာရီ show မှာ ပါတဲ့ အနုပညာရှင်ဖြစ်ကာ သူက လူရွှင်တော်တစ်ယောက်ပင်။ဟဲကျင့်ကထိုလူဟုတ်မဟုတ် သိချင်နေတဲ့အချိန်တွင် ထိုသူကချင်ယွီကို ခေါင်းငြိမ့်ပြလာသည်။
"မင်္ဂလာပါ Mr. ရွှီ"
ချင်ယွီ ကလည်း ထိုလူအား နှုတ်ဆက်ပြီး
"သူက ကျွန်တော့်ချစ်သူ ဟဲကျင့်ပါ" ဟု ဟဲကျင့် အား တက်ကြွစွာ မိတ်ဆက်ပေးခဲ့သည်။
အသက်လေးဆယ်ကျော် ယောက်ျားတစ်ယောက်က ကြည့်ကောင်းနေသေးပါ၏။ဟဲကျင့်ကို တည်ငြိမ်စွာနဲ့ တချက်ကြည့်လိုက်သော်လည်းအံ့ဩဟန်တော့ပါနေသေးသည်။ကြည့်ရတာတော့ချင်ယွီက သူနဲ့လိင်တူတဲ့သူကိုချစ်သူလို့ ပွင့်လင်းစွာမိတ်ဆက်ပေးလာမယ်လို့မမျှော်လင့်ထားတာဖြစ်နိုင်ပါ၏။ဘယ်လိုပဲဖြစ်ဖြစ် မတူညီတဲ့ကိစ္စတွေကို သူမြင်ဖူးနေကျဖြစ်သလိုမျိုး သဘာဝကျစွာဖြင့်တုံ့ပြန်လာခဲ့သည်။သူကဟဲကျင့်ကိုင်ထားတဲ့ဖက်ထုပ်လေးကိုလက်ညှိးထားကာဖြင့်မေးလာသည်။
"အဲ့ဒါဘာတုန်း?"
ဖက်ထုပ်လေးက မျက်တောင် နှစ်ချက်ခပ်ကာဖြင့် ဟဲကျင့်ကိုကြည့်လာခဲ့သည်။
ဟဲကျင့်က တီးတိုးဆိုလာသည်။
"ဉီးဉီးလို့ခေါ်လိုက်"
ဖက်ထုပ်လေးက နာခံစွာဖြင့်
"ဉီးဉီး~"
ထိုသူက အံ့ဩတကြီးဖြင့်အော်လာတော့သည်။
"ဘုရားရေ ! ဒီအရာက တကယ်ကြီး စကားပြောနိုင်တယ်လား?"
သရုတ်ဆောင်ကအရမ်းပြောင်းလဲတတ်တဲ့ မျက်နှာအမူအရာမျိုးရှိလေသည်။ သူတည်ငြိမ်နေချိန်မသိသာသော်လည်းမတည်ငြိမ်နေချိန်မှာတော့ထိုအခိုက်အတန်တွင်ဖြစ်နေသည့် သူ့ပုံကိုကြည့်ကာ ဟဲကျင့်မှာအူလိုက်အသဲလိုက်ရယ်မိတော့သည်။
သူက သူ့နှုတ်ခမ်းကိုတွန့်ကွေးလိုက်ကာ ရှင်းပြလာခဲ့သည်။
"အဲ့ဒါက စက်ရုပ် ကလေးလေ"
ချင်ယွီက သရုပ်ဆောင်ကို smart baby လေးတွေအကြောင်းပြောပြသလို သူ့ရဲ့ ကုမ္ပဏီအကြောင်းကိုပါပြောပြလာခဲ့သည်။
လူကြီးက သူ့ခေါင်းကိုငြိမ့်ကာတွေးတွေးဆဆပြောလာခဲ့သည်။
"အိုး ဒီနေ့ခေါတ်နည်းပညာတွေကိုတော့ငါလိုက်လို့မမှီတော့ပါဘူး ဒါပေမယ့် ဒီစက်ရုပ်ကတော်တော်တော့စိတ်ဝင်စားဖို့ကောင်းသားပဲ..ဟေး! ကြည့်စမ်း! ဒီကလေး ငါ့ကိုမျက်တောင်ခပ်ပြနေတယ် အဲ့ဒါကဘယ်လောက်တုန်း?"
ချင်ယွီ: "လက်ရှိမှာတော့ ပထမဆုံးမျိုးဆက်အတွက် အခြေခံဈေးနှုန်းက ယွမ် 1000000 ဗျ"
ထိုလူက အံ့ဩသွားကာဖြင့် " အိုး! အဲ့ဒါက လုံးဝကိုဈေးမပေါဘူးပဲ!"
ချင်ယွီက ဖက်ထုပ်လေးကိုလက်ညှိးထိုးပြကာဖြင့်
"ဘယ်လိုပဲဖြစ်ဖြစ် ဒါကထူးခြားတယ် သူကကျွန်တော်တို့ရဲ့ သားလေ"
လူကြီးက ထိုထူးဆန်းသည့်မိသားစုသုံးယောက်ကိုစိတ်ရှုပ်ထွေးစွာကြည့်လိုက်ရင်းနောက်ဆုံးမှာတော့ သူ့ခေါင်းကိုယမ်းကာဖြင့် ဓာတ်လှေကားထဲကထွက်သွားတော့၏။သူ့ကြည့်ရသည်မှာ ဒီခေါတ်လူငယ်တွေများတကယ်ကြီးကိုနားလည်ရခက်သည်ဟုတွေးနေပုံပင်။
...
ဟဲကျင့်က သူ့မိသားစုကိုခေါ်ဆိုချိန်တွင် သူ့အမေကိုထိုအကြောင်းပြောပြလိုက်လေသည်။သူမက တော်တော်လေးကို စိတ်လှူပ်ရှားနေပြီးသူမကိုယ်တိုင်လာကြည့်မည်ဟုဆိုလာခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ် ထိုသရုပ်ဆောင်က ချင်ယွီနဲ့သူ့ကို ငကြောင်တွေလို့သတ်မှတ်သွားပြီဆိုတာ သူသေချာပါ၏...
အရာအားလုံးကအခြေကျသွားပြီး သူတို့မိသားစုသုံးယောက်ရဲ့ ဘဝလည်းစတင်ခဲ့ပြီပင်
ဟဲကျင့်နဲ့ချင်ယွီဟာ ဖက်ထုတ်လေးကို ပဲနို့အပူပေးတာတို့စသည့် ရိုးရှင်းတဲ့လုပ်ငန်းစဉ်လေးတွေလုပ်ဆောင်နိုင်ဖို့ အတူတကွလက်တွဲလုပ်ခဲ့ကြသည်။ချင်ယွီက သန့်ရှင်းလတ်ဆတ်တဲ့ပဲစေ့လေးတွေကိုပြင်ပေးထားတတ်ပြီးမနက်ဆိုရင်တော့ ဖက်ထုပ်လေးက ဖျော်စက်ထဲထည့်ဖျော်လေသည်။ထို့အပြင် ဖက်ထုပ်လေးသည် အိမ်မှ ကြမ်းပြင်သန့်ရှင်းရေးလုပ်တဲ့စက်ရုပ်နဲ့ အဝတ်လျှော်စက်ရုပ်ကိုလည်း စီမံခန့်ခွဲရသေးသည်။
အလုပ်တွေရှုပ်ပြီးနောက်မှာတော့ သူတို့နှစ်ယောက်ဟာတော်တော်လေးကိုပင်ပန်းနေပြီပင်။သူတို့က ရေချိုးပြီးသည့်နောက်မှာတော့ အိပ်ရာဝင်ဖို့အသင့်ဖြစ်နေချေပြီ။ချင်ယွီက ဟဲကျင့်ကိုမေးလိုက်၏
"မနက်ဖန် ဖက်ထုပ်လေးကို ငါ့တို့ကိုနှိုးစေချင်လား?"
"ကောင်းသားပဲ ငါတို့တွေဒီရက်တွေအိပ်ရာထ နောက်ကျနေတာ"
ဟဲကျင့်က သမ်းကာဖြင့် ဖက်ထုပ်လေးကိုသတိပေးလိုက်သည်။
"ပေါင်ပေါင်း ပါပါးကို မနက်ဖန် မနက် 8 နာရီလောက်နှိုးပေးနိုင်မလား?"
"ပေါင်ပေါင်း အဲ့လိုလုပ်ဖို့ မှတ်ထားလိုက်ပါမယ်!"
ဖက်ထုပ်လေးက သူ့လက်သီးကိုလှုပ်ယမ်းကာဖြင့် သူ့ကိုကြည့်ကာမေးလာသည်။
"ပါပါးက အခုအိပ်တော့မှာလား?"
ဟဲကျင့် :" အင်းဟုတ်တယ် ပေါင်ပေါင်းရောဘာလို့သွားမအိပ်သေးတာလဲ?"
ဖက်ထုပ်လေးက ဟဲကျင့်ကို သနားစဖွယ်လေးကြည့်လာခဲ့သည်။
"ပေါင်ပေါင်းက ပါပါးနဲ့အတူအိပ်လို့မရဘူးလား?"
ဟဲကျင့်နဲ့ချင်ယွီ: "...."
ဒီကလေးက သူတို့စိတ်ကူးထားတာနဲ့တော်တော်လေးကိုကွဲပြားနေတာပဲ
ဖက်ထုပ်လေးတောင်းဆိုတာကိုရက်ရက်စက်စက်ငြင်းပြီးနောက် ဟဲကျင့်နဲ့ချင်ယွီက ကုတင်ပေါ်မှာ စိုးရိမ်ကြောင့်ကျစွာနဲ့လှဲနေတော့သည်။
ဟဲကျင့်သည် ကုတင်အသစ်နဲ့အသားမကျသေးပုံရကာ သူကောင်းစွာအိပ်မပျော်ခဲ့ချေ။ ချင်ယွီသည်လည်းအလားတူပင်။ နှစ်ယောက်စလုံး အစောကြီးနိုးနေခဲ့သည်။ ချင်ယွီနိုးလာပြီးနောက်တွင်တော့ သူကဟဲကျင့်ကိုဖက်ကာဖြင့်စတင်နမ်းတော့သည်။သူကဟဲကျင့်နဲ့မနက်ခင်းအဲ့ဒါကိုလုပ်မယ်လို့စဉ်းစားပြီးတော့ပေါ့။သူတို့ အဲ့ဒါရဲ့ အလည်မှာပဲ တစုံတယောက်က တံခါးဖွင့်လာခဲ့လေရဲ့
မနက် ၈ နာရီတိတိထိုးတဲ့အချိန်မှာပဲ ဖက်ထုပ်လေးကဝင်လာခဲ့ပြီး သူကပျော်ရွှင်စွာနဲ့အော်လာခဲ့၏
"ပေါင်ပေါင်း~နိုးပါပြီနော်~ ဒီနေ့က နေသာတဲ့နေ့ဖြစ်ပြီး ပြင်ပအပူချိန်က 9 ဒီဂရီ စင်တီဂရိတ် ရှိပါတယ် ။ ပါပါး မြန်မြန်ထတော့ နော်~"
ချင်ယွီ: "..."
ဖက်ထုပ်လေးသည် သူ့အဖေတွေ ဘာလုပ်နေသည်ကို နားလည်ပုံရသည်။ ၎င်းသည် ချက်ချင်းပင် သူ့ရဲ့ မျက်နှာကို အုပ်ကာဖြင့်ဘေးနားကိုလျှောက်သွားကာ သူ့ကိုယ်သူအသင့်အနေအထားသို့ပြောင်းလိုက်တော့လေရဲ့
ဟဲကျင့်: "... "
Zawgyi
159: အခ်ပ္ပို ၄
ညစာစားၿပီး ကာရာအိုေကမွာ သီခ်င္းဆိုၿပီးေနာက္ အိမ္အျပန္လမ္းတြင္ဟဲက်င့္သည္ ႀကိဳးၾကာ႐ိုင္း ၏ စြပ္စြဲခ်က္မ်ားကို ျပန္လည္အမွတ္ရမိျပန္သည္။
ခ်င္ယြီ သည္ မီးနီကို ျမင္ေသာအခါ ရပ္လိုက္ၿပီး ဂီယာေျပာင္းလိုက္ခ်ိန္တြင္ေတာ့ ဟဲက်င့္သည္အကူညီမဲ့စြာျဖင့္လက္ကိုဆန႔္ထုတ္လ်က္ ခ်င္ယြီရဲ႕ လက္ခုံကိုပြတ္လိုက္သည္။
"ဘာျဖစ္တာလဲ?"
ခ်င္ယြီသည္အံ့အားသင့္သြားၿပီးလွည့္ၾကည့္လိုက္ရာ ဟဲက်င့္ကသူ႔ကိုၾကည့္မေနခဲ့ေပမယ့္ သူ႔လုပ္ရပ္မွာေတာ့ခ်စ္ျခင္းေမတၱာမ်ားျပည့္ႏွက္ေနခဲ့၏
ခ်င္ယြီကၿပဳံးၿပီး "ငါကေကာင္းတယ္ဆိုတာကို ႐ုတ္တရက္ႀကီးသတိထားမိသြားလို႔လား?"
ဟဲက်င့္: "... "
ယခု ခ်င္ယြီသည္ မတူေတာ့ပါ။ စားေသာက္ဆိုင္ ရွိ သူငယ္ခ်င္းမ်ားကို ေျပာင္ေျပာင္တင္းတင္း အမူအရာျဖင့္ တုန္လႈပ္ေစခဲ့သည္။ ေဖ်ာ္ေျဖေရးတြင္ သုံးႏွစ္ၾကာ အေတြ႕အႀကဳံရွိၿပီးေနာက္သူ႔ကိုယ္ေပၚတြင္ ၾကယ္ေရာင္ရွိေနၿပီး လူစုလူေဝးၾကားတြင္ မွင္တက္သြားေစၿပီးထူးထူးျခားျခားျဖစ္ေနခဲ့သည္။
ဟဲက်င့္က ခ်င္ယြီကိုအရမ္းေတြဝံ့ႂကြားမေနေစခ်င္ဘူး အဲ့ဒါေၾကာင့္သူ႔ကိုစေနာက္လိုက္သည္။
"တကယ္တမ္း မင္းနဲ႔ယွဥ္ရင္ လြင့္ေမ်ာတိမ္တိုက္ရဲ႕ၾကင္နာမူကိုပိုသေဘာက်တယ္"
ခ်င္ယြီကမ်က္ခုံးပင့္ကာျဖင့္ "အာ ဟာ?"
" လြင့္ေမ်ာတိမ္တိုက္ကလူမသိေအာင္ေအးေဆးေနတတ္တဲ့သူမ်ိဳးပဲ သူကမင္းေလာက္မေခ်ာေပမယ့္ အရမ္းတည္ၿငိမ္တယ္။"
ဤသည္မွာ အမွန္ပင္ ။ အစကတည္းက ဟဲက်င့္ သည္ ခ်င္ယြီ က အလြန္ျမင့္မားေသာအေနအထားတြင္ရွိေၾကာင္း ေတြ႕ရွိခဲ့သည္။ သူနဲ႔ ႏႈိင္းယွဥ္ၾကည့္ေတာ့ သူက သူ႔ကိုယ္သူ ႐ိုး႐ိုးရွင္းရွင္းသာမာန္ပဲျဖစ္ၿပီးေတာ့ ခ်င္ယြီနဲ႔သူမတိုက္တန္မွာကိုအၿမဲစိုးရိမ္ေနရေလသည္။
"အဲ့ဒါနဲ႔ ႐ုပ္ေခ်ာေနတာမွားသြားေရာလား?"
ခ်င္ယြီကစိတ္ဆိုးသြားကာျဖင့္ ေဒါသတႀကီးေျပာေတာ့သည္။
"ဒါဆိုမင္းကိုစိတ္လုံၿခဳံမူရေအာင္ငါဘာလုပ္ရမလဲ?တကမာၻလုံးကိုမင္းကိုခ်စ္ေနေၾကာင္းေျပာဖို႔က်လဲမင္းကမလိုခ်င္ျပန္ဘူး"
ဟဲက်င့္ က ေခတၱရပ္ၿပီး ေခါင္းခါလိုက္ရင္'
"ဟိုးအရင္ ငါမင္းရဲ႕တိုက္႐ိုက္ထုတ္လႊင့္တာေတြကိုၾကည့္ခဲ့ကတည္းကလူေတာ္ေတာ္မ်ားမ်ားက မင္းကို ေယာက်္ားလို႔ေခၚတာကိုငါေတြ႕ဖူးတယ္။အခုထိကို ကမာၻေပၚမွာ အႀကိဳဆိုခံရဆုံးလူသားက ငါ့ခ်စ္သူဆိုတဲ့အခ်က္ကိုအသားက်ေအာင္အခ်ိန္ဘယ္ေလာက္ယူခဲ့ရလဲဆိုတာမင္းမသိဘူး..."
သူအဲ့ဒါကိုေျပာေနတဲ့အခ်ိန္မွာဟဲက်င့္ကအနည္းငယ္ရွက္ေနခဲ့ေလသည္။သူကအနည္းငယ္ရွက္ေသြးျဖာသြားၿပီးေခါင္းကိုလွည့္ကာျဖင့္
"ငါက ငါအဲ့ဒါေတြကိုဂ႐ုမစိုက္ဘူးလို႔ေတြးခဲ့တာ ဒါေပမယ့္မင္းနဲ႔အတူရွိၿပီးေနာက္ပိုင္းမွာေတာ့ ငါသိလိုက္ရတာက ငါကာသာမာန္လူပဲလို႔ေလၿပီးေတာ့ ငါကမင္းထင္သေလာက္မေကာင္းေနမွာကိုအၿမဲစိုးရိမ္ေနရတာအဲ့လိုမွမဟုတ္ရင္ မင္းငါ့ကိုမခ်စ္ေတာ့ပဲေနမွာစိုးလို႔"
ဒီလိုမ်ိဳးအခ်စ္မ်ားကို ႐ုတ္တရက္ျပသျခင္းသည္ ခ်င္ယြီကို ရင္ခုန္သံျမန္ေစပါ၏
ခ်င္ယြီ က မတုံ႔ျပန္တာကို ျမင္လိုက္ရေတာ့ဟဲက်င့္က အနည္းငယ္ စိတ္မသက္မသာျဖင့္ဆက္ေျပာခဲ့သည္
"အဲ့ဒါကို သတိမထားမိဘူးလား... ႀကိဳးၾကာ႐ိုင္းကမင္းကိုေတြ႕ေတာ့ မင္းကိုစိုက္ၾကည့္ေနတာကိုေလ"
သူသည္ ႀကိဳးၾကာ႐ိုင္းကဲ့သို႔ မ်က္ႏွာမွာအမူအရာမွာအရာအားလုံးေျပာျပေနသည့္ တဲ့တိုးဆန္သည့္စ႐ိုက္ကိုတကယ္သေဘာက်သည္။အကယ္၍ သူသာႀကိဳးၾကာ႐ိုင္းလို စ႐ိုက္မ်ိဳးရွိရင္ ခ်င္ယြီကသူ႔ကိုပိုခ်စ္မွာလား?
"ၿပီးေတာ့ KTV မွာတုန္းကလဲ ေကာင္မေလးေတြရဲ႕မ်က္လုံးေတြကမင္းဆီမွာခ်ည္းပဲ"
ထိုစကားကိုၾကားၿပီးေနာက္ ခ်င္ယြီသည္ ရယ္စရာေကာင္းသည္ကို ေတြ႕လိုက္ရသည္။ ဟဲက်င့္ကမနာလိုျဖစ္ေနတာအသိအသာႀကီးပဲေလ။
သူသည္ စိတ္အေျခအေနေကာင္းစြာျဖင့္ ကားကိုဆက္ေမာင္းလာခဲ့ၿပီး အိမ္တံခါးထဲဝင္လိုက္သည္ႏွင့္ ခ်က္ခ်င္းပင္ ဟဲက်င့္ကို နံရံသို႔ဖိကပ္လိုက္ကာ စတင္နမ္းရႈိက္ေတာ့သည္။
"ေဟ့ မင္း ဘာလုပ္ေနတာလဲ..."
ဟဲက်င့္႐ုန္းကန္ေတာ့သည္။
ခ်င္ယြီက သူ႔ကိုဖိခ်ၿပီးမလႊတ္ေပးခဲ့ေခ်။သူသည္ ယဥ္ပါးေသာျခေသၤ့ကဲ့သို႔ ျပဳမူကာ ဟဲက်င့္ ၾကည့္ခ်ိန္တြင္ သူ႔ပုံစံမွာလြမ္းမိုးခ်ဳပ္ကိုင္လိုပုံေပါၿပီးတခ်ိန္ထဲမွာပင္ႏူးညံ့သိမ့္ေမြ႕ေနခဲ့သည္။
"အ႐ူးေလး သူတို႔ေတြငါ့ကိုၾကည့္ပါေစေပါ့ ငါ့မ်က္လုံးထဲမွာေတာ့မင္းပဲရွိတာေလ မင္းဘာေျပာခ်င္လဲ?"
ဟဲက်င့္: "... "
ဟဲက်င့္ ကို သူစသိကတည္းက သူဘယ္ေလာက္ထိ ခ်ဳပ္တီးထားတတ္တယ္ဆိုတာ သူနားလည္ခဲ့ၿပီး ဒီေလာက္ရွည္လ်ားၿပီး ခ်ိဳၿမိန္တဲ့ စကားမ်ိဳး တစ္ခါမွ မေျပာဖူးပါေခ်။ သူ႔မွာ တစ္ခုခု ေတြးေနရင္ေတာင္မွ အဲဒါေတြကို သူကိုယ္တိုင္ပဲ သိမ္းထားတတ္တယ္ေလ။ သူ႔ရင္တြင္းစကားသံကို ၾကားရဖို႔ဆိုတာကရွားရွားပါးပါး အခြင့္အေရးတစ္ခုပါပဲ။ ေသခ်ာတာေပါ့ သူေသေလာက္ေအာင္ေပ်ာ္ေနတယ္ေလ!
သူသည္ မနာလိုသည္ျဖစ္ေစ၊ မလုံၿခဳံသည္ျဖစ္ေစ အဲ့ဒါက ဟဲက်င့္သူ႔ကိုဂ႐ုစိုက္တယ္လို႔ ဆိုလိုတာပဲေလ ဟုတ္တယ္ဟုတ္!
ဟဲက်င့္က အသက္ရႈက်ပ္ေနေပမယ့္ ခ်င္ယြီကိုလည္း မတြန္းထုတ္ခဲ့ပါေခ်။ သူက ခ်င္ယြီ လည္ပင္းကို ကိုင္ထားလ်က္ သူ႔အနမ္းကို ခ်စ္ျခင္းအျပည့္ျဖင့္ တုံ႔ျပန္လိုက္ေတာ့သည္။ ခ်င္ယြီသည္ သူ႔ရဲ႕ အျပဳအမူေၾကာင့္ ဆြဲေဆာင္ခံလိုက္ရၿပီး ဟဲက်င့္ကို ေရခ်ိဳးခန္းထဲသို႔ ဆြဲေခၚသြားရန္ မေစာင့္ႏိုင္ေတာ့ေပ။ သူသည္ နား႐ြက္မ်ားကို စိတ္အားထက္သန္စြာ ကိုက္လိုက္ၿပီးသည္းတြားေတာ့သည္။
"ေရအတူတူခ်ိဳးရေအာင္"
ေရခ်ိဳးခန္းသည္ ဆယ္စတုရန္းမီတာေအာက္ က်ယ္သည္။ ေရခ်ိဳးခန္းရဲ႕ မွန္တံခါးသည္ေယာက်္ားေလးႏွစ္ေယာက္တၿပိဳင္နက္ဝင္လိုက္ခ်ိန္တြင္ေတာ့ ၾကပ္ညပ္သြားေတာ့သည္။ခ်င္ယြီက စိတ္မရွည္ေတာ့စြာျဖင့္
"မိန္းမေလး အိမ္ေျပာင္းရေအာင္"
ဟဲက်င့္: "အမ္?"
ခ်င္ယြီက သူ႔ကိုဖက္ထားရင္ ေရေႏြးေႏြးျဖင့္ သူ႔ေက်ာကို ျဖန္းပက္ေပးလာသည္။
"ဒီမွာကအရမ္းက်ဥ္းတယ္ဘာမွလုပ္လို႔မရဘူး ငါမင္းနဲ႔ ေရခ်ိဳးကန္ထဲမွာ...ခ်င္တာ!"
ထိုလုပ္ရပ္ကို ခ်င္ယြီ သ႐ုပ္ေဖာ္ျပသည္ကိုျမင္ၿပီးေနာက္ ဟဲက်င့္သည္ခ်က္ခ်င္းပင္ ရွက္ေသြးဖ်ာသြားၿပီး
"မင္းပဲ ငါတို႔ခြဲခြာခဲ့တဲ့ ေနရာက ျပန္စမယ္ဆို?မင္းဘယ္လိုျဖစ္ၿပီး..."
သူ ဆက္မလုပ္ႏိုင္ေတာ့ဘူး။ ခ်င္ယြီကတကယ္ကို သားရဲေကာင္ပဲ။အိမ္ျပန္ေရာက္ေရာက္ခ်င္းကို သူ႔ရဲ႕ idol ဆိုတဲ့ ပုံရိပ္ကို ဆြဲခြာလိုက္ေတာ့တာပဲဟ
ထို႔ေနာက္တြင္ေတာ့ ဟဲက်င့္သည္ ကုတင္ေပၚတြင္ ေပ်ာ့ညံ့စြာ လွဲေလ်ာင္းလ်က္ေမးလာခဲ့သည္။
"တကယ္လို႔ မင္းငါ့ကိုသာ မခ်စ္ခဲ့ဘူးဆိုရင္ ဒီခ်ိန္မွာခ်စ္သူေကာင္မေလးရွိေနေလာက္လား?"
ခ်င္ယြီကေနာက္ျပန္လွည့္၍ဟဲက်င့္ရင္ဘတ္ေပၚေခါင္းတင္လ်က္
"ငါ ဘယ္လိုလုပ္သိမွာလဲ? ငါသတိထားမိကထဲက မင္းနဲ႔ပဲအတူရွိေနခဲ့တာကို
ဟဲက်င့္: "ဒါဆို ငါက မိန္းကေလးပဲလို႔ မင္း စိတ္ကူးဖူးလား?"
" ငါကမင္းကို အစထဲကမိန္းကေလးလို႔ပဲထင္ခဲ့တာကို"
ခ်င္ယြီကသူဘယ္လိုခံစားခဲ့ရေၾကာင္းကို ေစာဒကတက္ၿပီးေပါက္ေပါက္ေဖာက္ေတာ့သည္။
"မင္းသာ မိန္းကေလးဆိုရင္ ငါဒီေလာက္ထိ ညႇင္းပန္းခံရမွာမဟုတ္ဘူး ငါဘယ္ေလာက္ထိေျဖာင့္လဲဆိူတာမင္းသိပါတယ္"
ဒီလူကသူ႔ကိုယ္သူဘယ္လိုေတာင္ အေျဖာင့္လို႔ေျပာႏိုင္ရတာလဲ?ဟဲက်င့္ကမ်က္လုံးလွန္ကာျဖင့္
"မင္းသာ အေျဖာင့္ဆို ငါတို႔ကဘာေတြလဲ?ငါ့ကိုမိန္းကေလးလို႔ျမင္ေနတာလား?"
ခ်င္ယြီသည္ ဟဲက်င့္ရဲ႕သီးသန႔္အစိတ္အပိုင္းကို ဖမ္းဆုပ္လိုက္၍ ဟဲက်င့္မွာပင့္သက္မရႈိက္ပဲမေနႏိုင္ခဲ့ေခ်
"မင္းကို ငါဘယ္လိုသေဘာထားတယ္ထင္လို႔လဲ?"
ဟဲက်င့္က ေဒါသတႀကီးေမးလာေတာ့သည္။
"ဒါဆို မင္းကိုယ္မင္းအေျဖာင့္ဆိုတာ ဘာကိုဆိုလိုခ်င္ေနတာတုန္း?"
"ေဂးေတြထဲမွာ လုံးဝ နံပါတ္ 1 ဆိုၿပီး မရွိဘူးတဲ့ ဘာလို႔ဆိုသူတို႔က သူတို႔ခ်စ္တဲ့သူဆိုရင္ 0 အျဖစ္လဲေနေပးတယ္ေလ။အေျဖာင့္ကေတာ့မတူေတာ့ဘူး အေျဖာင့္ေကာင္က သူခ်စ္တဲ့သူကိုပဲလုပ္ခ်င္တာေလ တနည္းဆို ငါကမင္းကိုပဲလုပ္ခ်င္တာ.."
ခ်င္ယြီက ဟဲက်င့္ပုခုံးကို ကိုက္ႀကိတ္ကာျဖင့္
"ၿပီးေတာ့ မင္းက ငါ့ရဲ႕အလႊမ္းမိုးကိုပဲခံရမွာ"
ဟဲက်င့္: "ဘာလို႔လဲ?"
ခ်င္ယြီ: "ဘာလို႔ဆို ငါမင္းကိုအၾကာႀကီးေစာင့္ခဲ့ရတာေလ မင္းငါကိုအမ်ားႀကီးအေႂကြးတင္ေနတာ!"
ဟဲက်င့္ကဆြံအသြားကာျဖင့္
"ဒီညေတာ့ငါတကယ္ႀကီးထပ္မလုပ္ႏိုင္ေတာ့ဘူး"
ခ်င္ယြီကႏွာမႈတ္ကာျဖင့္ သူ႔ကိုလႊတ္ေပးလာခဲ့သည္။
"ဒီညေတာ့ နားလိုက္ေတာ့ ငါအနာဂတ္မွာ ျဖည္းျဖည္းခ်င္းျပန္ယူမွာ"
ဟဲက်င့္: "... "
ေနာက္တစ္ေန႔တြင္ေတာ့ သတင္းစာရွင္းလင္းပြဲက ေကာင္းမြန္စြာၿပီးဆုံးခဲ့ေလသည္။ ေဆြးေႏြးပြဲအၿပီးတြင္ ဟဲက်င့္ သည္ ဖက္ထုပ္ေလး၏မွတ္ဉာဏ္ကို ထည့္သြင္းထားသည့္ smart baby ေလးကို ေတြ႕ဆုံခဲ့သည္။ smart baby ေလး ၏ အထိ အေတြ႕သည္ ဂိမ္းတြင္းရွိ ဖက္ထုပ္ေလးႏွင့္ ဆင္တူေလသည္ ။ ၎သည္ ႏူးညံ့ၿပီး လူသားမ်ားထက္ အပူခ်ိန္နိမ့္ပါ၏
ကေလးက မ်က္လုံး ဖြင့္လာၿပီး ပါပါး လို႔ေခၚလိုက္တဲ့အခ်ိန္တြင္ေတာ့ ဟဲက်င့္ က ေဖာ္မျပႏိုင္ေအာင္ရင္ထဲထိသြားရၿပီး ဂိမ္း နဲ႔ လက္ေတြ႕ဘဝဟာ လုံးဝကို ေပါင္းစပ္သြားသလို ခံစားလိုက္ရေတာ့သည္။
အေကာင့္တစ္ခု register လုပ္ရန္မလိုေသာ္လည္းသူတို႔သုံးေယာက္သည္ မိသားစု ႏွင့္တူခဲ့ေလသည္။အခုေတာ့ သူတို႔တိုက္ခန္းကတကယ္ႀကီးက်ဥ္းေနသလိုပဲ။ထို႔ေၾကာင့္သူတို႔ေတြစတင္ေျပာင္းေ႐ႊ႕ဖို႔လုပ္ေတာ့သည္။
သီတင္းပတ္ကုန္တြင္ခ်င္ယြီသည္ အိမ္ေျပာင္းဝန္ေဆာင္ကုမၸဏီတစ္ခုအား ရွာေဖြေတြ႕ရွိခဲ့ၿပီး မူလေနရာမွ ပရိေဘာဂ အခ်ိဳ႕ကို အဆင့္ျမင့္ တိုက္ခန္းသို႔ ထုပ္ပိုးေ႐ႊ႕ေျပာင္းခဲ့ေတာ့သည္။
အဲ့ဒါက ဧရိယာစတုရန္းမီတာ300 နီးပါးက်ယ္ဝန္းၿပီး အိပ္ခန္းႏွစ္ခန္း၊ စာၾကည့္ခန္း၊ သီးသန႔္အားကစားခန္းမ၊ ကေလးထိန္းအခန္းႏွင့္ ေလွကားထစ္ဥယ်ာဥ္တစ္ခုပါရွိေလသည္... အိမ္သစ္၏ေနထိုင္မႈအေျခအေနသည္ အလြန္ ေကာင္းမြန္ေသာေၾကာင့္ လိုက္ေလ်ာညီေထြျဖစ္ဖို႔နည္းနည္းခက္ေၾကာင္းဟဲက်င့္ကထင္ခဲ့သည္။ ခ်င္ယြီသည္ သူႏွင့္အတူ ထိုေသးငယ္ ေသာေနရာေလးတြင္ လအေတာ္ၾကာေနထိုင္ျခင္းကို မည္သို႔သည္းခံႏိုင္သည္ကို သူတကယ္နားမလည္ႏိုင္ခဲ့ပါ။
ဟဲက်င့္ သည္ အေဆာက္အဦးတစ္ခုတည္းတြင္ အႏုပညာရွင္မ်ားစြာေနထိုင္ေၾကာင္းၾကားသိရသည္။ သူ႔ အိမ္ အသစ္ရဲ႕ ဓာတ္ေလွကားထဲကို ပထမဆုံးဝင္လိုက္တာနဲ႔ ဟဲက်င့္ က ရင္းႏွီးတဲ့မ်က္ႏွာတစ္ခုကို ေတြ႕လိုက္ရတာကေတာ့ေတာ္ေတာ္ေလးကိုထူးဆန္းတဲ့ျမင္ကြင္းတစ္ခုပါပဲ
သူ႔အေမၾကည့္ေလ့ရွိတဲ့ ည 8 နာရီ show မွာ ပါတဲ့ အႏုပညာရွင္ျဖစ္ကာ သူက လူ႐ႊင္ေတာ္တစ္ေယာက္ပင္။ဟဲက်င့္ကထိုလူဟုတ္မဟုတ္ သိခ်င္ေနတဲ့အခ်ိန္တြင္ ထိုသူကခ်င္ယြီကို ေခါင္းၿငိမ့္ျပလာသည္။
"မဂၤလာပါ Mr. ႐ႊီ"
ခ်င္ယြီ ကလည္း ထိုလူအား ႏႈတ္ဆက္ၿပီး
"သူက ကြၽန္ေတာ့္ခ်စ္သူ ဟဲက်င့္ပါ" ဟု ဟဲက်င့္ အား တက္ႂကြစြာ မိတ္ဆက္ေပးခဲ့သည္။
အသက္ေလးဆယ္ေက်ာ္ ေယာက္်ားတစ္ေယာက္က ၾကည့္ေကာင္းေနေသးပါ၏။ဟဲက်င့္ကို တည္ၿငိမ္စြာနဲ႔ တခ်က္ၾကည့္လိုက္ေသာ္လည္းအံ့ဩဟန္ေတာ့ပါေနေသးသည္။ၾကည့္ရတာေတာ့ခ်င္ယြီက သူနဲ႔လိင္တူတဲ့သူကိုခ်စ္သူလို႔ ပြင့္လင္းစြာမိတ္ဆက္ေပးလာမယ္လို႔မေမွ်ာ္လင့္ထားတာျဖစ္ႏိုင္ပါ၏။ဘယ္လိုပဲျဖစ္ျဖစ္ မတူညီတဲ့ကိစၥေတြကို သူျမင္ဖူးေနက်ျဖစ္သလိုမ်ိဳး သဘာဝက်စြာျဖင့္တုံ႔ျပန္လာခဲ့သည္။သူကဟဲက်င့္ကိုင္ထားတဲ့ဖက္ထုပ္ေလးကိုလက္ညႇိးထားကာျဖင့္ေမးလာသည္။
"အဲ့ဒါဘာတုန္း?"
ဖက္ထုပ္ေလးက မ်က္ေတာင္ ႏွစ္ခ်က္ခပ္ကာျဖင့္ ဟဲက်င့္ကိုၾကည့္လာခဲ့သည္။
ဟဲက်င့္က တီးတိုးဆိုလာသည္။
"ဉီးဉီးလို႔ေခၚလိုက္"
ဖက္ထုပ္ေလးက နာခံစြာျဖင့္
"ဉီးဉီး~"
ထိုသူက အံ့ဩတႀကီးျဖင့္ေအာ္လာေတာ့သည္။
"ဘုရားေရ ! ဒီအရာက တကယ္ႀကီး စကားေျပာႏိုင္တယ္လား?"
သ႐ုတ္ေဆာင္ကအရမ္းေျပာင္းလဲတတ္တဲ့ မ်က္ႏွာအမူအရာမ်ိဳးရွိေလသည္။ သူတည္ၿငိမ္ေနခ်ိန္မသိသာေသာ္လည္းမတည္ၿငိမ္ေနခ်ိန္မွာေတာ့ထိုအခိုက္အတန္တြင္ျဖစ္ေနသည့္ သူ႔ပုံကိုၾကည့္ကာ ဟဲက်င့္မွာအူလိုက္အသဲလိုက္ရယ္မိေတာ့သည္။
သူက သူ႔ႏႈတ္ခမ္းကိုတြန႔္ေကြးလိုက္ကာ ရွင္းျပလာခဲ့သည္။
"အဲ့ဒါက စက္႐ုပ္ ကေလးေလ"
ခ်င္ယြီက သ႐ုပ္ေဆာင္ကို smart baby ေလးေတြအေၾကာင္းေျပာျပသလို သူ႔ရဲ႕ ကုမၸဏီအေၾကာင္းကိုပါေျပာျပလာခဲ့သည္။
လူႀကီးက သူ႔ေခါင္းကိုၿငိမ့္ကာေတြးေတြးဆဆေျပာလာခဲ့သည္။
"အိုး ဒီေန႔ေခါတ္နည္းပညာေတြကိုေတာ့ငါလိုက္လို႔မမွီေတာ့ပါဘူး ဒါေပမယ့္ ဒီစက္႐ုပ္ကေတာ္ေတာ္ေတာ့စိတ္ဝင္စားဖို႔ေကာင္းသားပဲ..ေဟး! ၾကည့္စမ္း! ဒီကေလး ငါ့ကိုမ်က္ေတာင္ခပ္ျပေနတယ္ အဲ့ဒါကဘယ္ေလာက္တုန္း?"
ခ်င္ယြီ: "လက္ရွိမွာေတာ့ ပထမဆုံးမ်ိဳးဆက္အတြက္ အေျခခံေဈးႏႈန္းက ယြမ္ 1000000 ဗ်"
ထိုလူက အံ့ဩသြားကာျဖင့္ " အိုး! အဲ့ဒါက လုံးဝကိုေဈးမေပါဘူးပဲ!"
ခ်င္ယြီက ဖက္ထုပ္ေလးကိုလက္ညႇိးထိုးျပကာျဖင့္
"ဘယ္လိုပဲျဖစ္ျဖစ္ ဒါကထူးျခားတယ္ သူကကြၽန္ေတာ္တို႔ရဲ႕ သားေလ"
လူႀကီးက ထိုထူးဆန္းသည့္မိသားစုသုံးေယာက္ကိုစိတ္ရႈပ္ေထြးစြာၾကည့္လိုက္ရင္းေနာက္ဆုံးမွာေတာ့ သူ႔ေခါင္းကိုယမ္းကာျဖင့္ ဓာတ္ေလွကားထဲကထြက္သြားေတာ့၏။သူ႔ၾကည့္ရသည္မွာ ဒီေခါတ္လူငယ္ေတြမ်ားတကယ္ႀကီးကိုနားလည္ရခက္သည္ဟုေတြးေနပုံပင္။
...
ဟဲက်င့္က သူ႔မိသားစုကိုေခၚဆိုခ်ိန္တြင္ သူ႔အေမကိုထိုအေၾကာင္းေျပာျပလိုက္ေလသည္။သူမက ေတာ္ေတာ္ေလးကို စိတ္လႉပ္ရွားေနၿပီးသူမကိုယ္တိုင္လာၾကည့္မည္ဟုဆိုလာခဲ့သည္။
ဘယ္လိုပဲျဖစ္ျဖစ္ ထိုသ႐ုပ္ေဆာင္က ခ်င္ယြီနဲ႔သူ႔ကို ငေၾကာင္ေတြလို႔သတ္မွတ္သြားၿပီဆိုတာ သူေသခ်ာပါ၏...
အရာအားလုံးကအေျခက်သြားၿပီး သူတို႔မိသားစုသုံးေယာက္ရဲ႕ ဘဝလည္းစတင္ခဲ့ၿပီပင္
ဟဲက်င့္နဲ႔ခ်င္ယြီဟာ ဖက္ထုတ္ေလးကို ပဲႏို႔အပူေပးတာတို႔စသည့္ ႐ိုးရွင္းတဲ့လုပ္ငန္းစဥ္ေလးေတြလုပ္ေဆာင္ႏိုင္ဖို႔ အတူတကြလက္တြဲလုပ္ခဲ့ၾကသည္။ခ်င္ယြီက သန႔္ရွင္းလတ္ဆတ္တဲ့ပဲေစ့ေလးေတြကိုျပင္ေပးထားတတ္ၿပီးမနက္ဆိုရင္ေတာ့ ဖက္ထုပ္ေလးက ေဖ်ာ္စက္ထဲထည့္ေဖ်ာ္ေလသည္။ထို႔အျပင္ ဖက္ထုပ္ေလးသည္ အိမ္မွ ၾကမ္းျပင္သန႔္ရွင္းေရးလုပ္တဲ့စက္႐ုပ္နဲ႔ အဝတ္ေလွ်ာ္စက္႐ုပ္ကိုလည္း စီမံခန႔္ခြဲရေသးသည္။
အလုပ္ေတြရႈပ္ၿပီးေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာေတာ္ေတာ္ေလးကိုပင္ပန္းေနၿပီပင္။သူတို႔က ေရခ်ိဳးၿပီးသည့္ေနာက္မွာေတာ့ အိပ္ရာဝင္ဖို႔အသင့္ျဖစ္ေနေခ်ၿပီ။ခ်င္ယြီက ဟဲက်င့္ကိုေမးလိုက္၏
"မနက္ဖန္ ဖက္ထုပ္ေလးကို ငါ့တို႔ကိုႏႈိးေစခ်င္လား?"
"ေကာင္းသားပဲ ငါတို႔ေတြဒီရက္ေတြအိပ္ရာထ ေနာက္က်ေနတာ"
ဟဲက်င့္က သမ္းကာျဖင့္ ဖက္ထုပ္ေလးကိုသတိေပးလိုက္သည္။
"ေပါင္ေပါင္း ပါပါးကို မနက္ဖန္ မနက္ 8 နာရီေလာက္ႏႈိးေပးႏိုင္မလား?"
"ေပါင္ေပါင္း အဲ့လိုလုပ္ဖို႔ မွတ္ထားလိုက္ပါမယ္!"
ဖက္ထုပ္ေလးက သူ႔လက္သီးကိုလႈပ္ယမ္းကာျဖင့္ သူ႔ကိုၾကည့္ကာေမးလာသည္။
"ပါပါးက အခုအိပ္ေတာ့မွာလား?"
ဟဲက်င့္ :" အင္းဟုတ္တယ္ ေပါင္ေပါင္းေရာဘာလို႔သြားမအိပ္ေသးတာလဲ?"
ဖက္ထုပ္ေလးက ဟဲက်င့္ကို သနားစဖြယ္ေလးၾကည့္လာခဲ့သည္။
"ေပါင္ေပါင္းက ပါပါးနဲ႔အတူအိပ္လို႔မရဘူးလား?"
ဟဲက်င့္နဲ႔ခ်င္ယြီ: "...."
ဒီကေလးက သူတို႔စိတ္ကူးထားတာနဲ႔ေတာ္ေတာ္ေလးကိုကြဲျပားေနတာပဲ
ဖက္ထုပ္ေလးေတာင္းဆိုတာကိုရက္ရက္စက္စက္ျငင္းၿပီးေနာက္ ဟဲက်င့္နဲ႔ခ်င္ယြီက ကုတင္ေပၚမွာ စိုးရိမ္ေၾကာင့္က်စြာနဲ႔လွဲေနေတာ့သည္။
ဟဲက်င့္သည္ ကုတင္အသစ္နဲ႔အသားမက်ေသးပုံရကာ သူေကာင္းစြာအိပ္မေပ်ာ္ခဲ့ေခ်။ ခ်င္ယြီသည္လည္းအလားတူပင္။ ႏွစ္ေယာက္စလုံး အေစာႀကီးႏိုးေနခဲ့သည္။ ခ်င္ယြီႏိုးလာၿပီးေနာက္တြင္ေတာ့ သူကဟဲက်င့္ကိုဖက္ကာျဖင့္စတင္နမ္းေတာ့သည္။သူကဟဲက်င့္နဲ႔မနက္ခင္းအဲ့ဒါကိုလုပ္မယ္လို႔စဥ္းစားၿပီးေတာ့ေပါ့။သူတို႔ အဲ့ဒါရဲ႕ အလည္မွာပဲ တစုံတေယာက္က တံခါးဖြင့္လာခဲ့ေလရဲ႕
မနက္ ၈ နာရီတိတိထိုးတဲ့အခ်ိန္မွာပဲ ဖက္ထုပ္ေလးကဝင္လာခဲ့ၿပီး သူကေပ်ာ္႐ႊင္စြာနဲ႔ေအာ္လာခဲ့၏
"ေပါင္ေပါင္း~ႏိုးပါၿပီေနာ္~ ဒီေန႔က ေနသာတဲ့ေန႔ျဖစ္ၿပီး ျပင္ပအပူခ်ိန္က 9 ဒီဂရီ စင္တီဂရိတ္ ရွိပါတယ္ ။ ပါပါး ျမန္ျမန္ထေတာ့ ေနာ္~"
ခ်င္ယြီ: "..."
ဖက္ထုပ္ေလးသည္ သူ႔အေဖေတြ ဘာလုပ္ေနသည္ကို နားလည္ပုံရသည္။ ၎သည္ ခ်က္ခ်င္းပင္ သူ႔ရဲ႕ မ်က္ႏွာကို အုပ္ကာျဖင့္ေဘးနားကိုေလွ်ာက္သြားကာ သူ႔ကိုယ္သူအသင့္အေနအထားသို႔ေျပာင္းလိုက္ေတာ့ေလရဲ႕
ဟဲက်င့္: "... "