Rebirth As Khattar (ခတ္တာအဖြစ...

KeeLowie tarafından

570K 40.5K 1.4K

နေညိုသွေးဆိုတဲ့ကောင်လေးတစ်​ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့်... Daha Fazla

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
note*
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
🚨
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
Hello!
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၅
အပိုင်း ၆၆
အပိုင်း ၆၇
အပိုင်း ၆၈
အပိုင်း ၆၉
အပိုင်း ၇၀
ကျေးဇူးတင်လွှာ

အပိုင်း ၆၄

8.5K 556 64
KeeLowie tarafından

ခြံဝန်းအတွင်း အပြင်အဆင်များခမ်းနားထည်ဝါစွာရှိနေပြီးယနေ့ဟာ မောင်ခတ္တာနှင့်ဆက်ထင်၏မင်္ဂလာပွဲရက်ဖြစ်သည်။အထင်ထပ်ပို၍ပင်စည်ကားသွားပြီး အနယ်နယ်အရပ်ရပ်ကလာတဲ့ဧည့်သည်များနှင့်ဘိလပ်ကမိတ်ဆွေများ အရာရှိပုဂ္ဂိုလ်များအားလုံးစုဝေးလျက်ရှိကာ ကျယ်ဝန်းသောခြံဝန်းအတွင်းလူများပြည့်နှပ်နေကြသည်။အနားမှလူတွေအားလုံးဖေးမကူညီမှုနှင့်ယခုလိုမင်္ဂလာပွဲအမြန်ဆုံးအထမြောက်သွားသည့်အတွက် ဆက်ထင်ဝမ်းသာမိသည်။

ဘိလပ်ကဧည့်သည်များနှင့်စကားစမြည်ပြောကာရယ်မောနေသည့်ခပ်လှမ်းလှမ်းမှမောင်ခတ္တာအားငေးမောကြည့်ရင်းပြုံးမိသည်။ကောင်လေးမှာ ငွေရောင်တိုက်ပုံအင်္ကျီလေးနှင့်အတူငွေရောင်ပိုးပုဆိုးကိုဝတ်ထားပြီးတောက်ပသည့်ကြယ်လေးအသွင်ရှိနေ၏။ ဒီဘက်မှအရာရှိတွေပုဂ္ဂိုလ်တွေနှင့်စကားပြောခိုင်းသည့်အခါ နေရခက်သလိုနှင့် မျက်နှာလေးသေးသေးလေးသာရှိသော်လည်း ဘိလပ်မှဆက်ထင်ရဲ့သူငယ်ချင်းများနှင့်စကားပြောနေတဲ့ပုံလေးကတော့မတူ။

အင်္ဂလိပ်ဘာသာစကားအားကောင်းမွန်ပြေပြစ်စွာပြောနေပြီးထိုဘိလပ်သားများကြား ပြောဆိုရင်းပျော်ရွှင်နေဟန်ရှိသည်။

''အဟမ်း...သူဌေးမင်းရယ် ဒီအနားခေါ်ရင်လည်းခေါ်လိုက်ချေပါ ခေါင်းစောင်းရတာညောင်းရောပေါ့''

ရွှတ်နောက်နောက်ပြောလာသည့်စကားသံကြောင့် ထိုင်နေသည့်ဝိုင်းအတွင်းရယ်မောသံများဟာဆူညံသွားသည့်အတွက်ဆက်ထင် နားထင်အားလက်ညိုးနှင့်အသာကုတ်ခြစ်လျက် ပြုံးမိသည်။

''ငေးမောကြည့်လဲကြည့်ချင်စရာပါတော် မျက်နှာလေးကိုကကြည့်စမ်းပါဦး အေးအေးချမ်းချမ်းလေးနဲ့ ချစ်စဖွယ်လေးဆိုတာ''

''ဟုတ်ပါ့တော် ကျွန်မလဲကြည့်နေတာ တို့သူဌေးမင်းသည်းသည်းလှုပ်ဖြစ်နေရတဲ့အကြောင်းအရင်းအခုမှပဲသိရော့တယ်''

''ဘိလပ်လိုပြောနေတာလဲမွတ်ထွတ်နေရော''

ကတော်တွေအချင်းချင်းပြောနေကြသည့်စကားသံများကြောင့်မောင်ခတ္တာကိုလှမ်းကြည့်ရင်းသက်ပြင်းချမိ၏။ ကလေးငယ်ဟာ မင်္ဂလာပွဲမလုပ်ခင်ကတည်းကစိုးရိမ်တကြီးနှင့်ပူပန်နေရသည်။ဒီလိုလူအများက သူ့အားချီးမွှမ်း၍အကောင်းမြင်ပေးကြသည်ကိုသိလျှင်ဘယ်လောက်များဝမ်းသာနေပါ့မလဲ။

''ကိုဆက်ထင်''

အနားသို့ရောက်လာသည့်အေးကိုကြောင့်ဆက်ထင်လှည့်ကြည့်လိုက်သည့်အခါတွင် ။

''ရဲမင်းကြီးကြွလာပါရဲ့ကိုဆက်ထင်နှုတ်ဆက်ပါဦး''

ခြံထဲဝင်လာသည့်ကားပေါ်မှတုတ်ကောက်ထောက်ကာဆင်းလာသည့်ရဲမင်းကြီးကိုတွေ့သည့်အခါတွင် ထိုင်ရာမှထလိုက်ပြီးနောက် အနားသို့သွား၍နှုတ်ဆက်လိုက်သည်။

''ဂုဏ်ပြုပါရဲ့ မောင်ရင်''

''တကူးတကလာချီးမြင့်ပေးလို့ဝမ်းသာပါရဲ့''

''ကျုပ်တက်ရောက်သင့်တာပေါ့ဒီပွဲဟာအားလုံးမျှော်လင့်နေတဲ့မောင်ရင့်ရဲ့မင်္ဂလာပွဲပဲ''

''ကောင်းပါပြီ ကြွပါဦး''

နေရာထိုင်ခင်းပေးပြီးနောက် ရဲမင်းကြီးအားအရာရှိများကလဲလာရောက်နှုတ်ဆက်ကြသည်။ အထင်ကရပုဂ္ဂိုလ်ဖြစ်သည့်အတွက် ထိုအနားတွင်ခြံဝန်းထဲမှလူအများဝိုင်းအုံသွား၏။ဆက်ထင်တို့မင်္ဂလာပွဲအကြောင်းချီးမွမ်းပြောဆိုနေကြသည့်အပြင်မောင်ခတ္တာအကြောင်းကိုပါအားလုံးဝိုင်း၍ပြောနေသည်မလို့ရဲမင်းကြီးဟာစိတ်ဝင်စားလျက်ရှိပြီးဆက်ထင်ကိုကြည့်လာကာ။

''ဘယ်မလဲ မောင်ရင့်ရဲ့အချစ်တော်လေးက''

''မောင်အေးကို ခတ္တာကိုသွားခေါ်ချေဦး''

''ဟုတ်ကဲ့ကိုဆက်ထင်''

ခပ်လှမ်းလှမ်းကစားပွဲဝိုင်းတွင်ထိုင်နေသည့်မောင်ခတ္တာအားအေးကိုကအနားကပ်၍ခေါ်လိုက်သောအခါတွင် ဆက်ထင်အားတချက်လှမ်းကြည့်ပြီးနောက်ထိုင်ရာမှထကာ အနားသို့လျှောက်လာ၏။ အားလုံးရဲ့အကြည့်ဟာမောင်ခတ္တာဆီသို့ရောက်ရှိနေကြပြီးစိတ်ဝင်တစားရှိဟန်တူသည်။

မောင်ခတ္တာဟာ ခုနကနှင့်မတူတော့ပါပဲ တည်ကြည်သွားပြီး လူကြီးတွေအားသွားတက်လေးတွေပေါ်သည်အထိခေါင်းလေးငုံ့ကာပြုံးရင်းနှုတ်ဆက်လာသည်။

''ကျုပ်ရဲ့သတိုးသားလေးပါ''

ရဲမင်းကြီးအားမိတ်ဆက်ပေးလိုက်သည့်အခါ ရဲမင်းကြီးကကျေနပ်အားရစွာပြုံးရယ်၏။

''မှုန်နေအောင်ချောတာပဲကွ မောင်ရင် မင့်အသက်ရွယ်နဲ့မတန််မရာကွာ''

ရဲမင်းကြီးကဆက်ထင်အားကြည့်ကာပြောသောကြောင့်ဆက်ထင်နှစ်ခြိုက်စွာရယ်မောလိုက်သည်။ဟုတ်ပါရဲ့ငယ်ငယ်ချောချောလူပျိုပေါက်ကလေးအားအပိုင်စားရရှိလိုက်သည့်ဆက်ထင်အားလူတွေက နွားအိုမြက်နုကြိုက် အင်း...ဒီလိုထင်ကြလဲထင်ကြပါစေ ကျေကျေနပ်နပ်ကြီးကို လက်ခံလိုက်ပါဦးမည်။

''တကယ်တော့မတန်မရာရလိုက်တာက ကျွန်တော်ပါခဗျ ဦးထင်လိုလူမျိုးကတစ်သက်မှာနှစ်ယောက်ရှိမယ်တောင်မထင်ပါဘူးဗျ''

''ဟားဟားဟား ကောင်းပါပေ့ကွာကောင်းပါပေ့''

''ဒီအပြောတွေကြောင့်လဲ သူဌေးမင်းရဲ့အချစ်သက်ညှာဖြစ်နေရတာပေါ့ ဟားဟား''

ခတ္တာရဲရဲတင်းတင်းပြောလိုက်သည့်စကားကြောင့်မျက်ခုံးများပင့်သွားကာမတ်တပ်လေးရပ်နေသည့်မောင်ခတ္တာအားကြည့်လိုက်သောအခါ ဆက်ထင်အားမျက်လုံးတဖက်မှိတ်ပြလာသည်။သိပ်ကိုစကားတတ်လွန်းသည့်ကလေးအား ညရောက်သည့်အခါမှဆုချရမည်။

''အိမ်ထောင်ရေးကိုထူထောင်လိုက်ပြီဆိုတော့ကာ ရှေ့လျှောက်ဒိုးတူဘောင်ဘက်ကောင်းကောင်းဆိုးဆိုးဖြတ်သန်းကြပေါ့ကွာ''

''ဟုတ်ကဲ့ပါဗျ''

ရဲမင်းကြီးအတွက် အလုပ်သမားများကဟင်းပွဲများချပေးပြီးနောက် အခြားသူတွေနှင့်စကားစမြည်ပြောရင်း သုံးဆောင်နေစဉ်ဆက်ထင်ရဲ့လက်မောင်းကိုမောင်ခတ္တာဟာအသာလှုပ်ကိုင်ပြီးနောက်။

''အနောက်ဘက်ကိုသွားကူဦးမယ်နော်ဦးထင်''

''ကောင်းပြီ''

ပြုံးပြကာကျောခိုင်းသွားသည့်ကလေးမှာ အားတင်း၍လူအများကြားနေနေရသည့်ပုံပင်။တစ်ခါမှမကြုံဖူးသည့်အတွေ့အကြုံများနှင့်အတူလူကြားထဲမျက်နှာပြရသည့်အခါမောင်ခတ္တာအနေရခက်မည်ဟုထင်မိ၏။မနက်အစောကတည်းကဘုန်းကြီးပင့်တရားနာပြီး ဧည့်သည့်များအဆက်မပြတ်ဝင်လာ၍နေ့လည်ပိုင်းထိတောင်မနားရသေး။။ပင်ပန်းသည့်အရိပ်အယောင်မပြနေသော်လည်း မောင်ခတ္တာရဲ့မျက်နှာလေးဟာအနည်းငယ်ညိုးနွမ်းနေသည်ဖြစ်တာကို ဆက်ထင်သိသည်။

ထိုင်ရာမှထကာ တဖက်တွင်ဧည့်သည်တွေအတွက်ပြင်ဆင်ပေးရင်းအလုပ်ရှုပ်နေသည့် ဧရာ့ဆီသို့လျှောက်သွားလိုက်ပြီးနောက် အနားကပ်ကာ။

''မောင်ရင်...''

''ဟုတ်ကဲ့သူဌေးမင်း''

''မင်းပြန်တဲ့အခါ ကားတစ်စင်းယူသွားပြီး မင့်ညီကိုမြို့စွန်အိမ်လမ်းကြုံဝင်ပို့ပေးချေဦး''

''ကောင်းပါပြီ သူဌေးမင်း မြို့စွန်အိမ်မယ်နေကြမှာလား''

ဆက်ထင်ခေါင်းငြိမ့်လိုက်သည်။မင်္ဂလာပွဲမတိုင်ခင်နှစ်ရက်လောက်ကတည်းက တချို့သောပစ္စည်းတွေရွေ့ထားပြီး အိမ်ကိုလူလွှတ်ကာထပ်၍ပြင်ဆင်ခိုင်းထားသည်။တခြားတော့မဟုတ်ပါပဲမောင်ခတ္တာ ကိုနားအေးပါးအေးနားစေချင်ပြီး ကိုယ်တိုင်လဲတိတ်တိတ်ဆိတ်ဆိတ်နေချင်သည့်အတွက်ပင်။ မောင်ခတ္တာမိဘများနှင့်မိသားစုဝင်များ အသိမိတ်ဆွေများရောက်နေသည်မလို့ ကလေးငယ်နေရခက်မှာစိုးသောကြောင့်နှင့်ဒီညနှစ်ယောက်တည်းအတူရှိချင်သည့်ဆန္ဒလည်းတစ်စွန်းတစ်စပါဝင်သည်။

ဧည့်သည်များကိုဧည့်ခံရင်း စကားပြောနေရင်း အချိန်အနည်းငယ်ကြာမြင့်သည့်အခါ လူချေလည်းအနည်းငယ်ပါးသွားပြီး သိမ်းဆည်းသူများနှင့် ခြံဝန်းအတွင်းတွင် အရာရှိပုဂ္ဂိုလ်တစ်ချို့နှင့်အတူ အကျိုးတူလုပ်ငန်းရှင်များ ကုန်သည်တချို့သာကျန်ရှိနေသည်။

''ဦးထင် ကျွန်တော်သွားတော့မယ်ဗျ''

ဆက်ထင်တို့ထိုင်နေသည့်စားပွဲအနားသို့လျှောက်လာရင်း အနားကပ်ကာပြောလာသည့်အတွက် လက်လေးတစ်ဖက်ကို ကိုင်လိုက်ပြီးနောက်။

''မင်းအမေကိုရောအသိပေးပြီးရဲ့လား''

''ဟုတ်ကဲ့ဗျအားလုံးကိုပြောပြီးပါပြီ''

''ဒါဖြင့် ကျုပ်သိပ်မနောက်ကျခင်လိုက်လာခဲ့ပါ့မယ်ပြီးတော့ ကျုပ်ဒီလူတွေနဲ့နည်းနည်းသောက်ဖြစ်မယ်ထင်ရဲ့ ခွင့်ပြုပေးနိုင်သလား''

ဆက်ထင်ရဲ့စကားကြောင့်အံ့သြဟန်နှင့်ကြည့်လာသည်။ပြီးနောက်သိပ်လှသည့်အပြုံးလေးနှင့်အတူ။

''ဟုတ်ကဲ့ဗျ ကားတော့သတိထားပြီးမောင်းလာနော်''

''ကောင်းပါပြီ''

ဆက်ထင်အားနှုတ်ဆက်သွားပြီးတူတူထိုင်နေကြသည့်စားပွဲဝိုင်းကဧည့်သည်များကိုလည်းတရိုတကျိုးနှုတ်ဆက်သွားသည့် ကောင်လေးအားမြင်ကွင်းထဲမှပျောက်ကွယ်သွားသည်အထိကြည့်နေမိသည်။

''တို့တွေသူဌေးမင်းများပထမဆုံးနေ့ကတည်းကခေါက်ရိုးကျိုးနေပြီဟေ့''

''အဟုတ်ပဲဗျို့''

ဝိုင်းဖွဲ့လှောင်ရယ်နေကြသော်လည်းထိုအချင်းအရာကိုသာကျေနပ်ပီတိဖြစ်နေသည်။မောင်ခတ္တာဟာ ဆက်ထင်အတွက်မည်မျှလောက်ထိအရေးပါသလဲ တန်ဖိုးရရှိသလဲဆိုတာ ဒီလူတွေကြားသိစေချင်၏။

''သက်ဆိုင်သူတွေဖြစ်သွားကြပြီပဲယနေ့ကစပြီးကျုပ်ခန္ဓာ ကျုပ်စိတ်နဲ့မနေပဲ ကျုပ်ခန္ဓာ ချစ်ရသူရဲ့စိတ်နဲ့နေဖို့ဆုံးဖြတ်ထားရဲ့''

ထိုင်နေကြသည့်လူတွေအားလုံးကျေနပ်ပီတိဖြစ်ကာရယ်မောသံနှင့်အတူဝမ်းသာစကားများပြောနေကြ၏။ချစ်ခြင်းမေတ္တာနှင့်ထိတွေ့လိုက်သည့်အချိန်တွင် အတွေးအခေါ်မှစ၍အပြုအမူထိ အလုံးစုံပြောင်းလဲတတ်သွားသည့်အကြောင်းကိုယ်တိုင်နှဖူးတွေ့ဒူးတွေ့ကြုံတွေ့ရသည့်အခါ ပိုလက်ခံလာမိပြီး ယုံကြည်လာမိသည်။

(ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)

မောင်းလာသည့်ကားအားမြို့စွန်အိမ်အရှေ့မျက်နှာစာအထိရပ်လိုက်ပြီးနောက် ကားပေါ်ကဆင်းလာလိုက်သည်။အချိန်အားဖြင့် ၉နာရီခန့်လောက်တော့ရှိပါလိမ့်မည်။အတော်လေးနောက်ကျနေပြီဖြစ်ပြီး အချိန်အတန်ကြာသည်အထိဒီနေရာအထိရောက်အောင်မနည်းကြိုးစား၍မောင်းလာခဲ့ရသည်။အနည်းငယ်တော့သောက်ထားပေမယ့် တရိပ်ရိပ်ဖြစ်နေသည်ကလွဲ၍ဘာမှတော့မဖြစ်။အိမ်လေးဘက်ကိုကြည့်လိုက်သည့်အခါ မီးရောင်ပျပျလေးထွန်းထားပြီးတံခါးတော့ပိတ်ထားသည်။

အိပ်များအိပ်သွားပြီလားဟုစိတ်ထဲတွေးမိလိုက်ပြီး အနောက်ခန်းမှထည့်လာသည့် သေတ္တာအရှည်အားယူကာ ခြံအတွင်းသို့ဝင်လာခဲ့သည်။ အိမ်ပေါ်ရောက်တော့တံခါးဖွင့်လိုက်သည့်အခါ ဧည့်ခန်းထဲတွင် ငုတ်တုတ်လေးထိုင်လျက် ခေါင်းလေးစောင်းအားအိပ်ငိုက်နေသောမောင်ခတ္တာကြောင့်စောစောပြန်လာခဲ့သင့်သည်ဟုထင်မိကာနောင်တရမိ၏။ အနားသို့လျှောက်သွားသည့်လိုက်နောက်။

''မောင်ခတ္တာ''

ခပ်တိုးတိုးလေးသာခေါ်လိုက်သော်လည်း ခတ္တာမှာမျက်လုံးလေးများကိုဖြည်းညင်းစွာဖွင့်ကြည့်လာသည်။ အနည်းငယ်နီးမြန်းနေသည့်ပါးပြင်လေးနှင့်အတူမျက်ဝန်းဝိုင်းလေးတွေမှာလည်းအနီရောင်ဘက်အနည်းငယ်ပြေးနေသည်မလို့ဆက်ထင်မျက်ခုံးများစုကျုံ့သွားရ၏။ မျက်လုံးများဖွင့်ကြည့်သည့်တိုင် တစ်ခွန်းမျှမပြောလာပဲပေကလပ်ပေကလပ်နှင့်ငြိမ်သက်နေသည်။

''မဟုတ်မှ အရက်တွေများသောက်ထားသလားမောင်ခတ္တာ''

ထိုအခါ မှငိုမဲ့မဲ့လေးနှင့်ခေါင်းထောင်ကြည့်လာပြီးနောက် လက်ကိုလှမ်းကိုင်လာ၍။

''ကျွန်တော်ကမသောက်ချင်ဘူးရယ် အစ်ကိုအေးကိုနဲ့ကိုဧရာတို့အတင်းတိုက်သွားကြတာ မဆူပါနဲ့ဗျ''

သက်ပြင်းတချက်ချလိုက်ပြီးနောက်လက်ထဲကအရာတွေကို စားပွဲပေါ်သို့တင်လိုက်သည်။ မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်လိုက်ပြီး အရှေ့က အမူးသမားလေးအား စူးစိုက်ကြည့်နေမိသည့်အခါ ထိုကလေးကထိုင်ရာမှထကာအနားရောက်လာသည်။

''ကျွန်တော်မမူးဘူးနော် ဦးထင်''

''အင်း''

''စိတ်မဆိုးဘူးမလားဗျ''

ဆက်ထင်ခေါင်းငြိမ့်ပြလိုက်သည့်အခါ သွားတက်လေးများပေါ်သည်အထိပြုံးပြလာရင်း။

''ထိုင်ချင်တယ်ဦးထင်''

''ထိုင်လေခုံတွေအများကြီးရှိ...''

ရုတ်တရက် ထိုင်နေသည့်ဆက်ထင်ပေါင်ပေါ်သို့စွေ့ကနဲရောက်လာသည့်ခန္ဓာကိုယ်လေးကြောင့် အံ့သြမင်သက်သွားရပြီးနောက် ရင်လဲခုန်သွားမိသည်။ရဲဆေးတင်ထားသောဒီကလေးဟာပုခုံးနှစ်ဖက်ပေါ်တင်ထားသည့်လက်တွေဟာလည်းယှက်နွယ်၍ တင်းကြပ်စွာဖက်လာ၏။မောင်ခတ္တာဆီကရသည့်သူ၏ကြာပန်းအနံ့ကိုယ်သင်းရနံ့လေးဟာအနံ့အာရုံထဲတွင်းဝင်လာသည့်အခါ ခန္ဓာကိုယ်သေးသေးလေးအားပြန်၍ဖက်ထားမိသည်။

''ကျုပ်ဘဝမယ် ဒီနေ့ဟာအပျော်ဆုံးနေ့တစ်နေ့ဖြစ်ပါလိမ့်မယ်''

ဆက်ထင်ရဲ့စကားကိုခေါင်းငြိမ့်လိုက်ကာတုန့်ပြန့်လိုက်သည်ကိုခံစားမိသည်။

''ယနေ့ကစပြီး အသက်နဲ့ခန္ဓာကိုယ်တည်နေသရွေ့ ကျုပ်ကိုမောင်ခတ္တာကပိုင်ပါရဲ့ ဘယ်တပါးသူမှအမိန့်ပေးလို့မရတဲ့ကျုပ်ကို မင်းကတော့အမိန့်ပေးနိုင်ရဲ့ မင်းစေညွှန်းရာ ခြယ်လှယ်ရာ ကျုပ်ကျေနပ်စွာခံယူပါမယ်''

ကျောပြင်ငယ်အားလက်နှင့်အသာပွတ်သပ်ပေးနေမိသည်။ခတ္တာဟာ ​ပြောပြသမျှအရာအားလုံးကိုငြိမ်သက်စွာနားထောင်နေ၏။

''ကျုပ်ထားရှိတဲ့မာန်မာနတွေသိက္ခာတွေကိုမင်းရှေ့မယ်ခဝါချထားပါ့မယ် ကျုပ်ရင်ခွင်ထဲမှာမင်းကိုလုံခြုံအောင်ထားပါ့မယ် ကျုပ်ဆီကလာသမျှချစ်ခြင်းမေတ္တာဟာတသက်လုံးစာအတွက် ခတ္တာဆိုတဲ့မင်းဆီ ဦးတည်လိမ့်မယ်လို့ကတိပေးပါရဲ့''

ပို၍တင်းကြပ်စွာဖက်ထားခံရပြီးနောက်မောင်ခတ္တာရဲ့ရှိုက်သံသေးသေးလေးဟာထွက်ပေါ်လာသည်။ထို့နောက် ကွက်ဝှက်ထားသည့် အလွန်တရာလှပလွန်းသောမျက်နှာလေးဟာအမြင်အာရုံရှေ့သို့ဖြည်းဖြည်းချင်းရောက်ရှိလာ၏။ပါးပြင်နုနုလေးပေါ်ကမျက်ရည်စများကိုတယုတယဖယ်ပေးမိသည်။

''သံသရာအဆက်ဆက် မကုန်စေချင်တဲ့ရေစက်ကလေးဟာမင်းဖြစ်လိမ့်မယ် ကလေးငယ်''

မျက်ဝန်းဝိုင်းလေးတွေကာရံထားသည့်မျက်တောင်ရှည်တွေများဟာ ပုတ်ခုတ်လျက် ။ သေးသွယ်သောနှာတံလေးနှင့် သိပ်လှသည့်မျက်ခုံးလေးတွေလဲရှိသည်။ သဘာဝအတိုင်းနီဆွေးနေသည့်နှုတ်ခမ်းပါးလေးကိုပစ်မှားမိပါက အပြစ်ရှိနိုင်မလား။ နူးညံ့လွန်းနေသည့်နေရာလေးအား လက်မနှင့်အသာယာထိလိုက်သည့်အခါ လောဘစိတ်ဟာအရှိန်အဟုန်တိုးလျက်။

''နှုတ်ခမ်းလေးကိုနမ်းချင်ပါရဲ့ခွင့်ပြုပေးနိုင်မလားဟင်''

မျှော်လင့်တကြီးနှင့် ခွင့်တောင်းမိသောအခါ ခေါင်းလေးငြိမ့်ပြ၍ မျက်လုံးလေးတွေပါမှိတ်ပေးလာသည်။လက်တစ်ဖက်နှင့် မျက်နှာလေးအား ထိန်းကိုင်မိကာ ပို၍နီးကပ်သွားအောင်အနားသို့ဖြည်းဖြည်းချင်းတိုးစေ၏။ဝင်လေထွက်လေထိခံစားမိနေသည့်အနေအထား တွင် ထိုနှုတ်ခမ်းလေးဆီမှလွဲ၍တခြားဘယ်အရာတွေကိုမှအာရုံမပြုနိုင်တော့။

အောက်နှုတ်ခမ်းလွှာလေးအားအသာယာငုံထွေးမိသည့်အခါ ရင်ဘတ်ပေါ်ကျရောက်လာသည့်လက်ချောင်းသွယ်လေးတွေဟာအင်္ကျီစကိုဆွဲယူကိုင်ထားသည်။နူးညံ့သောနှုတ်ခမ်းဖူးဖူးလေးရဲ့အထိအတွေ့လေးဟာစက္ကန့်ပိုင်းအတွင်းရူးသွပ်သွားနိုင်စေသည်။လူဖြစ်လာသည့်သက်တမ်းတစ်လျှောက်တွင်ပထမဆုံးအနမ်းတော့မဟုတ်သော်လည်းရင်ဘတ်ထဲကအရာခုန်ထွက်ပေါက်ကွဲမတတ်ဖြစ်နေရသည့်ဒီအနမ်းကတော့ဆက်ထင်အတွက်ရင်အခုန်ရဆုံးပင်။ခန္ဓာကိုယ်လေးအား ကောက်ချီလိုက်သည့်အခါ နှမြောတသစွာနှင့်ထိုနှုတ်ခမ်းလေးဟာ ဆက်ထင်နှင့်ဝေးကွာသွားသည်။

''ဦး..ဦးထင်''

တအံ့တသြကြည့်လာသည့်မျက်လုံးလေးတွေမှာဝိုင်းစက်စွာ။

''ဘုရားစင်ရှိနေလို့ကွယ်... အထဲသွားရအောင်လားနော်''

မြတ်နိုးရာလေးကိုပွေ့ချီထားရင်းအလျင်အမြန်ပင် ပြင်ဆင်ပြီးသားနှစ်ယောက်နေရန်အခန်းကျယ်ထဲသို့လျှောက်လာလိုက်ပြီးနောက် အိပ်ယာပေါ်သို့ဖြည်းညှင်းစွာချပေးလိုက်သည့်အခါ အရှက်သည်းနေမျက်နှာလေးအားကြည့်ရင်းပြုံးမိသည်။အယ်ကိုဟောလ်ကြောင့်လားဒီအလှတရားလေးကြောင့်လားမသိတော့ ထိန်းသိမ်းထားသည့်သမာဓိအလုံးစုံဟာပျောက်ကွယ်လုလုနီးနီး။

အပေါ်မှ အုပ်မိုးကာ ထိုမျက်နှာလေးအား​ထပ်၍အသေးစိတ်ကြည့်ရှုမိသည်။

''ကျုပ်လေမင်းကိုအားနာမိလို့မပြောခဲ့တဲ့အရာတစ်ခုရှိရဲ့ခတ္တာ''

''ဟင်...''

''မင်းကသိပ်လှလွန်းတယ်ကလေးငယ်''

ဆံနွယ်ပျော့ပျော့လေးတွေကအစပြု၍ အကြည်ရောင်လက်သည်းခွံလေးတွေရှိသည့်လက်ချောင်းသွယ်လေးတွေဟာလည်းလှသည်။ဖြူဖွေးကြည်လင်လွန်းသည့်အသားအရေနှင့်အတူ မျက်နှာလှလှလေးကြောင့်နှစ်ပေါင်းမနည်းထိန်းသိမ်းထားသည့်သမာဓိတို့ဟာကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်သည်ကိုသူလေးကတော့သိနိုင်မည်မထင်။

''ကျုပ်ရူးတော့မယ် မင်းရယ်...''

နှုတ်ခမ်းပါးလေးအားထပ်၍နမ်းမိပြီးနွေးထွေးမှုအသိမှာ အရာအားလုံးအရည်ပျော်ကျမတတ်။ငတ်မွတ်သိပ်စွာနှင့်လောဘတက်မိသည့်အခါ ကလေးငယ်ဟာနှုတ်ခမ်းလွှာလေးတွေကိုဖွင့်ဟပေး၍ခွင့်ပြုပေးသည်။ ကျောပြင်ပေါ်သိုင်းဖက်လာသည့်လက်လေးတွေအစပြု၍ အရာအားလုံးဟာနွေးထွေးလွန်း၏။အသက်ရှုသံတို့ဟာမြန်ဆန်လျက် အရိုင်းဆန်းလာသည့်နောက် နောက်ဆက်တွဲဖြစ်လာမည့်အရာတို့ကိုမြင်လာမိသည်။ ထိုအခါအလျင်အမြန်ထိန်းချုပ်လိုက်ပြီး ငုံထွေးထားမိသည့်နှုတ်ခမ်းလေးအားလွှတ်ပေးလိုက်သောအခါ ခတ္တာကဆက်ထင်အားမော့ကြည့်လာသည်။

''ဦးထင်''

''တောင်းပန်ရဲ့ကွယ် အိပ်နှင့်မောင်ခတ္တာ ကျုပ်ပြန်လာခဲ့မယ်နော်''

ထိုအခါဆက်ထင်ရဲ့အင်္ကျီစအားခတ္တာကတင်းကြပ်စွာဆွဲကိုင်လာ၏။မျက်ရည်များဝိုင်းလာပြီးငိုလာသည့်အခါရင်တွေပါပူလောင်သွားရသည်။

''ဘာဖြစ်တာလဲဟင်...ပြောပါဦး နှုတ်ခမ်းနာသွားသလား''

''ကျွန်တော့်ကိုမလိုချင်လို့လားဟင်...''

ပြောစရာစကားပျောက်ရှသွားရသလို အစကတည်းကမတည်မငြိမ်နှင့်စိတ်အစဥ်ဟာ ရှုပ်ထွေးလျက်။

''မောင်ခတ္တာ မင်းအသိထဲကျုပ်ကဒါကြောင့်မင်းကိုယူတာလို့ထင်သွားမှာစိုးရိမ်မိရဲ့ကွယ် ပြီးတော့မင်းကသိပ်ငယ်လွန်းသေးရဲ့''

''ဟင်အင်း ကျွန်တော်ဦးထင်နဲ့ဒီတညတာကိုတူတူဖြတ်သန်းမှာလို့ဆုံးဖြတ်ထားတယ်''

''ခတ္တာ...''

''ကျွန်တော်လိုချင်တယ်...ဦးထင်နဲ့ပတ်သက်တာအားလုံးကျွန်တော်ရချင်တယ် ကျေးဇူးပြုပြီး ကျွန်တော့်ကြောင့်စောင့်ထိန်းရတာမျိုးတွေဖယ်ပေးပါနော်''

ဒါကြောင့်ပဲအရက်များသောက်ခဲ့သလားဟုဆက်စပ်စဥ်းစားမိပြီးဆက်ထင်တွက်စွန့်စားနေသည့်ဒီကလေးအားဘယ်လိုများဖြောင့်ဖြရပါမလဲ။လက်တဖက်ကိုဆွဲကိုင်ယူ၍ လက်ဖဝါးကိုအနမ်းပေးလာသ​ည်နှင့်တပြိုင်နက်ဆက်ထင်ရဲ့ထိုလက်များကိုပဲ တစ်နေရာသို့ထိတွေ့စေလာသည်။

''ကျွန်တော့်ကိုယူပါ ဦးထင်''
ပုရိသတို့မည်သည် ဒီအရာအားဘယ်သူကများငြင်းဝံ့မည်နည်း။ရီဝေနေသည့်မျက်ဝန်းလေးတွေဟာဆက်ထင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမီးနှင့်မြှိုက်ပေးထားသလိုခံစားရသည်။ကြယ်သီးများအားဖြုတ်ကာ အပေါ်အင်္ကျီချွတ်လိုက်သည့်အခါတွင် ဗလာကျင်းသွားသည့်ဆက်ထင်ခန္ဓာကိုယ်အပေါ်ပိုင်းအားနှုတ်ခမ်းလေးကိုဖိကိုက်ကာကြည့်နေသည့်ခတ္တာရဲ့လည်တိုင်လေးကိုတချက်မျှနမ်းရှုံ့လိုက်သည့်အခါခန္ဓာကိုယ်လေးဟာတွန့်ချိုးသွားသည်။

''ဒီလိုစိတ်ထားမိလို့ကျုပ်ကိုမကြောက်ရွံ့ပါနဲ့နော် တောင်းဆိုပါရဲ့ကလေးငယ်''

ခေါင်းလေးငြိမ့်ပြလာသည့်အဆုံး နှုတ်ခမ်းလေးအားထပ်မံ၍ငုံထွေးမိ၏ အရိုင်းဆန်သော်ငြားနူးညံ့သည်၊နွေးထွေးသည်။

''အင်း...ဟင့်''

ခပ်တိုးတိုးညည်းညူသံကလေး အကြားအာရုံတိုးဝင်လာသည့်အခါ လက်ချောင်းများဟာ ခတ္တာဝတ်ထားသည့်ကော်လံလက်တိုအင်္ကျီအနီလေးရဲ့ကြယ်သီးများဆီရောက်သွားပြီးနောက်အင်္ကျီလေးအားညင်သာစွာဆွဲချွတ်လိုက်မိ၏။
အကြည့်တို့ထိုနေရာဆီသို့ရောက်သွားသည့်အခါ မင်သက်သွားမိသည့်တိုင်နှလုံးသားတစ်ခုလုံးဟာကြမ်းတမ်းစွာလှုပ်ခပ်လာသည်။

''လှရက်လွန်းရဲ့ကလေးငယ်ရယ်''

လည်တိုင်လေးနှင့်ညှပ်ရိုးလေးအားစူးစိုက်စွာကြည့်မိနေ၏တဆက်တည်းဖြူဖွေးနူးညံ့သောအသားရေအပေါ်တစ်ဖက်စီတွင်ရှိနေသည့်ပန်းရောင်သွေးသည့်အရာလေးနှစ်ခုကြောင့်ဒီလူရင်ဘတ်ထဲမှနှလုံးသားဟာနိမ့်ချေမြင့်ချေ။

ဆင်တူဝတ်ထားသည့်ယွန်းလက်ပတ်လေးနှစ်ခုဟာယှက်နွယ်ထားသည့်လက်နှစ်ဖက်ကြားထင်းရှားစွာရှိနေပြီး ပုတီးသီးလေးတွေရဲ့ရိုက်ခတ်သံတစ်ချို့ဟာလည်းထွက်ပေါ်နေ၏။ခါတိုင်းထပ်ပို၍မှောင်မိုက်သည်ဟုထင်ရသည့်ညဥ့်ဦးယံရဲ့တိတ်ဆိတ်မှုကိုပြင်းပြနေသောစိတ်အစဥ်များရှိနေသည့် နှစ်ဦးနှစ်ယောက်လုံးဟာဖြိုခွင်းနေကြ၏။စက္ကန့်တွေ မိနစ်တွေ နာရီတွေကြာသည်အထိ သာယာမှုကိုယ်စီရှာဖွေကြရင်း ဆန္ဒများအထွဋ်အထိပ်သို့ရောက်သည့်အခါနွေးထွေးမှုတချို့ရရှိပြီး မောပန်းလျက်တင်းကြပ်စွာဖက်ထားကြသည်။အထင်နဲ့လက်တွေ့တက်တက်စင်လွဲခဲ့သောမင်္ဂလာဦးညလေးဟာပြီးပြည့်စုံသည့်အချစ်ညလေးဖြစ်ခဲ့၍နှစ်ဦးလုံးအတွက်တသက်စာမေ့မရလောက်သည့်အမှတ်ရလေးတစ်ခုလဲဖြစ်လောက်ပါမည်။

( married life ချိုချိုရိုရိုလေးတွေလာပါမယ်)

Zaw Gyi

ၿခံဝန္းအတြင္း အျပင္အဆင္မ်ားခမ္းနားထည္ဝါစြာရွိေနၿပီးယေန႕ဟာ ေမာင္ခတၱာႏွင့္ဆက္ထင္၏မဂၤလာပြဲရက္ျဖစ္သည္။အထင္ထပ္ပို၍ပင္စည္ကားသြားၿပီး အနယ္နယ္အရပ္ရပ္ကလာတဲ့ဧည့္သည္မ်ားႏွင့္ဘိလပ္ကမိတ္ေဆြမ်ား အရာရွိပုဂၢိုလ္မ်ားအားလုံးစုေဝးလ်က္ရွိကာ က်ယ္ဝန္းေသာၿခံဝန္းအတြင္းလူမ်ားျပည့္ႏွပ္ေနၾကသည္။အနားမွလူေတြအားလုံးေဖးမကူညီမႈႏွင့္ယခုလိုမဂၤလာပြဲအျမန္ဆုံးအထေျမာက္သြားသည့္အတြက္ ဆက္ထင္ဝမ္းသာမိသည္။

ဘိလပ္ကဧည့္သည္မ်ားႏွင့္စကားစျမည္ေျပာကာရယ္ေမာေနသည့္ခပ္လွမ္းလွမ္းမွေမာင္ခတၱာအားေငးေမာၾကည့္ရင္းၿပဳံးမိသည္။ေကာင္ေလးမွာ ေငြေရာင္တိုက္ပုံအကၤ်ီေလးႏွင့္အတူေငြေရာင္ပိုးပုဆိုးကိုဝတ္ထားၿပီးေတာက္ပသည့္ၾကယ္ေလးအသြင္ရွိေန၏။ ဒီဘက္မွအရာရွိေတြပုဂၢိုလ္ေတြႏွင့္စကားေျပာခိုင္းသည့္အခါ ေနရခက္သလိုႏွင့္ မ်က္ႏွာေလးေသးေသးေလးသာရွိေသာ္လည္း ဘိလပ္မွဆက္ထင္ရဲ႕သူငယ္ခ်င္းမ်ားႏွင့္စကားေျပာေနတဲ့ပုံေလးကေတာ့မတူ။

အဂၤလိပ္ဘာသာစကားအားေကာင္းမြန္ေျပျပစ္စြာေျပာေနၿပီးထိုဘိလပ္သားမ်ားၾကား ေျပာဆိုရင္းေပ်ာ္႐ႊင္ေနဟန္ရွိသည္။

''အဟမ္း...သူေဌးမင္းရယ္ ဒီအနားေခၚရင္လည္းေခၚလိုက္ေခ်ပါ ေခါင္းေစာင္းရတာေညာင္းေရာေပါ့''

႐ႊတ္ေနာက္ေနာက္ေျပာလာသည့္စကားသံေၾကာင့္ ထိုင္ေနသည့္ဝိုင္းအတြင္းရယ္ေမာသံမ်ားဟာဆူညံသြားသည့္အတြက္ဆက္ထင္ နားထင္အားလက္ညိုးႏွင့္အသာကုတ္ျခစ္လ်က္ ၿပဳံးမိသည္။

''ေငးေမာၾကည့္လဲၾကည့္ခ်င္စရာပါေတာ္ မ်က္ႏွာေလးကိုကၾကည့္စမ္းပါဦး ေအးေအးခ်မ္းခ်မ္းေလးနဲ႕ ခ်စ္စဖြယ္ေလးဆိုတာ''

''ဟုတ္ပါ့ေတာ္ ကြၽန္မလဲၾကည့္ေနတာ တို႔သူေဌးမင္းသည္းသည္းလႈပ္ျဖစ္ေနရတဲ့အေၾကာင္းအရင္းအခုမွပဲသိေရာ့တယ္''

''ဘိလပ္လိုေျပာေနတာလဲမြတ္ထြတ္ေနေရာ''

ကေတာ္ေတြအခ်င္းခ်င္းေျပာေနၾကသည့္စကားသံမ်ားေၾကာင့္ေမာင္ခတၱာကိုလွမ္းၾကည့္ရင္းသက္ျပင္းခ်မိ၏။ ကေလးငယ္ဟာ မဂၤလာပြဲမလုပ္ခင္ကတည္းကစိုးရိမ္တႀကီးႏွင့္ပူပန္ေနရသည္။ဒီလိုလူအမ်ားက သူ႕အားခ်ီးမႊမ္း၍အေကာင္းျမင္ေပးၾကသည္ကိုသိလွ်င္ဘယ္ေလာက္မ်ားဝမ္းသာေနပါ့မလဲ။

''ကိုဆက္ထင္''

အနားသို႔ေရာက္လာသည့္ေအးကိုေၾကာင့္ဆက္ထင္လွည့္ၾကည့္လိုက္သည့္အခါတြင္ ။

''ရဲမင္းႀကီးႂကြလာပါရဲ႕ကိုဆက္ထင္ႏႈတ္ဆက္ပါဦး''

ၿခံထဲဝင္လာသည့္ကားေပၚမွတုတ္ေကာက္ေထာက္ကာဆင္းလာသည့္ရဲမင္းႀကီးကိုေတြ႕သည့္အခါတြင္ ထိုင္ရာမွထလိုက္ၿပီးေနာက္ အနားသို႔သြား၍ႏႈတ္ဆက္လိုက္သည္။

''ဂုဏ္ျပဳပါရဲ႕ ေမာင္ရင္''

''တကူးတကလာခ်ီးျမင့္ေပးလို႔ဝမ္းသာပါရဲ႕''

''က်ဳပ္တက္ေရာက္သင့္တာေပါ့ဒီပြဲဟာအားလုံးေမွ်ာ္လင့္ေနတဲ့ေမာင္ရင့္ရဲ႕မဂၤလာပြဲပဲ''

''ေကာင္းပါၿပီ ႂကြပါဦး''

ေနရာထိုင္ခင္းေပးၿပီးေနာက္ ရဲမင္းႀကီးအားအရာရွိမ်ားကလဲလာေရာက္ႏႈတ္ဆက္ၾကသည္။ အထင္ကရပုဂၢိုလ္ျဖစ္သည့္အတြက္ ထိုအနားတြင္ၿခံဝန္းထဲမွလူအမ်ားဝိုင္းအုံသြား၏။ဆက္ထင္တို႔မဂၤလာပြဲအေၾကာင္းခ်ီးမြမ္းေျပာဆိုေနၾကသည့္အျပင္ေမာင္ခတၱာအေၾကာင္းကိုပါအားလုံးဝိုင္း၍ေျပာေနသည္မလို႔ရဲမင္းႀကီးဟာစိတ္ဝင္စားလ်က္ရွိၿပီးဆက္ထင္ကိုၾကည့္လာကာ။

''ဘယ္မလဲ ေမာင္ရင့္ရဲ႕အခ်စ္ေတာ္ေလးက''

''ေမာင္ေအးကို ခတၱာကိုသြားေခၚေခ်ဦး''

''ဟုတ္ကဲ့ကိုဆက္ထင္''

ခပ္လွမ္းလွမ္းကစားပြဲဝိုင္းတြင္ထိုင္ေနသည့္ေမာင္ခတၱာအားေအးကိုကအနားကပ္၍ေခၚလိုက္ေသာအခါတြင္ ဆက္ထင္အားတခ်က္လွမ္းၾကည့္ၿပီးေနာက္ထိုင္ရာမွထကာ အနားသို႔ေလွ်ာက္လာ၏။ အားလုံးရဲ႕အၾကည့္ဟာေမာင္ခတၱာဆီသို႔ေရာက္ရွိေနၾကၿပီးစိတ္ဝင္တစားရွိဟန္တူသည္။

ေမာင္ခတၱာဟာ ခုနကႏွင့္မတူေတာ့ပါပဲ တည္ၾကည္သြားၿပီး လူႀကီးေတြအားသြားတက္ေလးေတြေပၚသည္အထိေခါင္းေလးငုံ႕ကာၿပဳံးရင္းႏႈတ္ဆက္လာသည္။

''က်ဳပ္ရဲ႕သတိုးသားေလးပါ''

ရဲမင္းႀကီးအားမိတ္ဆက္ေပးလိုက္သည့္အခါ ရဲမင္းႀကီးကေက်နပ္အားရစြာၿပဳံးရယ္၏။

''မႈန္ေနေအာင္ေခ်ာတာပဲကြ ေမာင္ရင္ မင့္အသက္႐ြယ္နဲ႕မတန္္မရာကြာ''

ရဲမင္းႀကီးကဆက္ထင္အားၾကည့္ကာေျပာေသာေၾကာင့္ဆက္ထင္ႏွစ္ၿခိဳက္စြာရယ္ေမာလိုက္သည္။ဟုတ္ပါရဲ႕ငယ္ငယ္ေခ်ာေခ်ာလူပ်ိဳေပါက္ကေလးအားအပိုင္စားရရွိလိုက္သည့္ဆက္ထင္အားလူေတြ
နွားအိုမြက်နုႀကိဳက္ အင္း...ဒီလိုထင္ၾကလဲထင္ၾကပါေစ ေက်ေက်နပ္နပ္ႀကီးကို လက္ခံလိုက္ပါဦးမည္။

''တကယ္ေတာ့မတန္မရာရလိုက္တာက ကြၽန္ေတာ္ပါခဗ် ဦးထင္လိုလူမ်ိဳးကတစ္သက္မွာႏွစ္ေယာက္ရွိမယ္ေတာင္မထင္ပါဘူးဗ်''

''ဟားဟားဟား ေကာင္းပါေပ့ကြာေကာင္းပါေပ့''

''ဒီအေျပာေတြေၾကာင့္လဲ သူေဌးမင္းရဲ႕အခ်စ္သက္ညွာျဖစ္ေနရတာေပါ့ ဟားဟား''

ခတၱာရဲရဲတင္းတင္းေျပာလိုက္သည့္စကားေၾကာင့္မ်က္ခုံးမ်ားပင့္သြားကာမတ္တပ္ေလးရပ္ေနသည့္ေမာင္ခတၱာအားၾကည့္လိုက္ေသာအခါ ဆက္ထင္အားမ်က္လုံးတဖက္မွိတ္ျပလာသည္။သိပ္ကိုစကားတတ္လြန္းသည့္ကေလးအား ညေရာက္သည့္အခါမွဆုခ်ရမည္။

''အိမ္ေထာင္ေရးကိုထူေထာင္လိုက္ၿပီဆိုေတာ့ကာ ေရွ႕ေလွ်ာက္ဒိုးတူေဘာင္ဘက္ေကာင္းေကာင္းဆိုးဆိုးျဖတ္သန္းၾကေပါ့ကြာ''

''ဟုတ္ကဲ့ပါဗ်''

ရဲမင္းႀကီးအတြက္ အလုပ္သမားမ်ားကဟင္းပြဲမ်ားခ်ေပးၿပီးေနာက္ အျခားသူေတြႏွင့္စကားစျမည္ေျပာရင္း သုံးေဆာင္ေနစဥ္ဆက္ထင္ရဲ႕လက္ေမာင္းကိုေမာင္ခတၱာဟာအသာလႈပ္ကိုင္ၿပီးေနာက္။

''အေနာက္ဘက္ကိုသြားကူဦးမယ္ေနာ္ဦးထင္''

''ေကာင္းၿပီ''

ၿပဳံးျပကာေက်ာခိုင္းသြားသည့္ကေလးမွာ အားတင္း၍လူအမ်ားၾကားေနေနရသည့္ပုံပင္။တစ္ခါမွမႀကဳံဖူးသည့္အေတြ႕အႀကဳံမ်ားႏွင့္အတူလူၾကားထဲမ်က္ႏွာျပရသည့္အခါေမာင္ခတၱာအေနရခက္မည္ဟုထင္မိ၏။မနက္အေစာကတည္းကဘုန္းႀကီးပင့္တရားနာၿပီး ဧည့္သည့္မ်ားအဆက္မျပတ္ဝင္လာ၍ေန႕လည္ပိုင္းထိေတာင္မနားရေသး။။ပင္ပန္းသည့္အရိပ္အေယာင္မျပေနေသာ္လည္း ေမာင္ခတၱာရဲ႕မ်က္ႏွာေလးဟာအနည္းငယ္ညိုးႏြမ္းေနသည္ျဖစ္တာကို ဆက္ထင္သိသည္။

ထိုင္ရာမွထကာ တဖက္တြင္ဧည့္သည္ေတြအတြက္ျပင္ဆင္ေပးရင္းအလုပ္ရႈပ္ေနသည့္ ဧရာ့ဆီသို႔ေလွ်ာက္သြားလိုက္ၿပီးေနာက္ အနားကပ္ကာ။

''ေမာင္ရင္...''

''ဟုတ္ကဲ့သူေဌးမင္း''

''မင္းျပန္တဲ့အခါ ကားတစ္စင္းယူသြားၿပီး မင့္ညီကိုၿမိဳ႕စြန္အိမ္လမ္းႀကဳံဝင္ပို႔ေပးေခ်ဦး''

''ေကာင္းပါၿပီ သူေဌးမင္း ၿမိဳ႕စြန္အိမ္မယ္ေနၾကမွာလား''

ဆက္ထင္ေခါင္းၿငိမ့္လိုက္သည္။မဂၤလာပြဲမတိုင္ခင္ႏွစ္ရက္ေလာက္ကတည္းက တခ်ိဳ႕ေသာပစၥည္းေတြေ႐ြ႕ထားၿပီး အိမ္ကိုလူလႊတ္ကာထပ္၍ျပင္ဆင္ခိုင္းထားသည္။တျခားေတာ့မဟုတ္ပါပဲေမာင္ခတၱာ ကိုနားေအးပါးေအးနားေစခ်င္ၿပီး ကိုယ္တိုင္လဲတိတ္တိတ္ဆိတ္ဆိတ္ေနခ်င္သည့္အတြက္ပင္။ ေမာင္ခတၱာမိဘမ်ားႏွင့္မိသားစုဝင္မ်ား အသိမိတ္ေဆြမ်ားေရာက္ေနသည္မလို႔ ကေလးငယ္ေနရခက္မွာစိုးေသာေၾကာင့္ႏွင့္ဒီညႏွစ္ေယာက္တည္းအတူရွိခ်င္သည့္ဆႏၵလည္းတစ္စြန္းတစ္စပါဝင္သည္။

ဧည့္သည္မ်ားကိုဧည့္ခံရင္း စကားေျပာေနရင္း အခ်ိန္အနည္းငယ္ၾကာျမင့္သည့္အခါ လူေခ်လည္းအနည္းငယ္ပါးသြားၿပီး သိမ္းဆည္းသူမ်ားႏွင့္ ၿခံဝန္းအတြင္းတြင္ အရာရွိပုဂၢိုလ္တစ္ခ်ိဳ႕ႏွင့္အတူ အက်ိဳးတူလုပ္ငန္းရွင္မ်ား ကုန္သည္တခ်ိဳ႕သာက်န္ရွိေနသည္။

''ဦးထင္ ကြၽန္ေတာ္သြားေတာ့မယ္ဗ်''

ဆက္ထင္တို႔ထိုင္ေနသည့္စားပြဲအနားသို႔ေလွ်ာက္လာရင္း အနားကပ္ကာေျပာလာသည့္အတြက္ လက္ေလးတစ္ဖက္ကို ကိုင္လိုက္ၿပီးေနာက္။

''မင္းအေမကိုေရာအသိေပးၿပီးရဲ႕လား''

''ဟုတ္ကဲ့ဗ်အားလုံးကိုေျပာၿပီးပါၿပီ''

''ဒါျဖင့္ က်ဳပ္သိပ္မေနာက္က်ခင္လိုက္လာခဲ့ပါ့မယ္ၿပီးေတာ့ က်ဳပ္ဒီလူေတြနဲ႕နည္းနည္းေသာက္ျဖစ္မယ္ထင္ရဲ႕ ခြင့္ျပဳေပးနိုင္သလား''

ဆက္ထင္ရဲ႕စကားေၾကာင့္အံ့ၾသဟန္ႏွင့္ၾကည့္လာသည္။ၿပီးေနာက္သိပ္လွသည့္အၿပဳံးေလးႏွင့္အတူ။

''ဟုတ္ကဲ့ဗ် ကားေတာ့သတိထားၿပီးေမာင္းလာေနာ္''

''ေကာင္းပါၿပီ''

ဆက္ထင္အားႏႈတ္ဆက္သြားၿပီးတူတူထိုင္ေနၾကသည့္စားပြဲဝိုင္းကဧည့္သည္မ်ားကိုလည္းတရိုတက်ိဳးႏႈတ္ဆက္သြားသည့္ ေကာင္ေလးအားျမင္ကြင္းထဲမွေပ်ာက္ကြယ္သြားသည္အထိၾကည့္ေနမိသည္။

''တို႔ေတြသူေဌးမင္းမ်ားပထမဆုံးေန႕ကတည္းကေခါက္ရိုးက်ိဳးေနၿပီေဟ့''

''အဟုတ္ပဲဗ်ိဳ႕''

ဝိုင္းဖြဲ႕ေလွာင္ရယ္ေနၾကေသာ္လည္းထိုအခ်င္းအရာကိုသာေက်နပ္ပီတိျဖစ္ေနသည္။ေမာင္ခတၱာဟာ ဆက္ထင္အတြက္မည္မွ်ေလာက္ထိအေရးပါသလဲ တန္ဖိုးရရွိသလဲဆိုတာ ဒီလူေတြၾကားသိေစခ်င္၏။

''သက္ဆိုင္သူေတြျဖစ္သြားၾကၿပီပဲယေန႕ကစၿပီးက်ဳပ္ခႏၶာ က်ဳပ္စိတ္နဲ႕မေနပဲ က်ဳပ္ခႏၶာ ခ်စ္ရသူရဲ႕စိတ္နဲ႕ေနဖို႔ဆုံးျဖတ္ထားရဲ႕''

ထိုင္ေနၾကသည့္လူေတြအားလုံးေက်နပ္ပီတိျဖစ္ကာရယ္ေမာသံႏွင့္အတူဝမ္းသာစကားမ်ားေျပာေနၾက၏။ခ်စ္ျခင္းေမတၱာႏွင့္ထိေတြ႕လိုက္သည့္အခ်ိန္တြင္ အေတြးအေခၚမွစ၍အျပဳအမူထိ အလုံးစုံေျပာင္းလဲတတ္သြားသည့္အေၾကာင္းကိုယ္တိုင္ႏွဖူးေတြ႕ဒူးေတြ႕ႀကဳံေတြ႕ရသည့္အခါ ပိုလက္ခံလာမိၿပီး ယုံၾကည္လာမိသည္။

(ခတၱာအျဖစ္ျပန္လည္ေမြးဖြားျခင္း)

ေမာင္းလာသည့္ကားအားၿမိဳ႕စြန္အိမ္အေရွ႕မ်က္ႏွာစာအထိရပ္လိုက္ၿပီးေနာက္ ကားေပၚကဆင္းလာလိုက္သည္။အခ်ိန္အားျဖင့္ ၉နာရီခန႔္ေလာက္ေတာ့ရွိပါလိမ့္မည္။အေတာ္ေလးေနာက္က်ေနၿပီျဖစ္ၿပီး အခ်ိန္အတန္ၾကာသည္အထိဒီေနရာအထိေရာက္ေအာင္မနည္းႀကိဳးစား၍ေမာင္းလာခဲ့ရသည္။အနည္းငယ္ေတာ့ေသာက္ထားေပမယ့္ တရိပ္ရိပ္ျဖစ္ေနသည္ကလြဲ၍ဘာမွေတာ့မျဖစ္။အိမ္ေလးဘက္ကိုၾကည့္လိုက္သည့္အခါ မီးေရာင္ပ်ပ်ေလးထြန္းထားၿပီးတံခါးေတာ့ပိတ္ထားသည္။

အိပ္မ်ားအိပ္သြားၿပီလားဟုစိတ္ထဲေတြးမိလိုက္ၿပီး အေနာက္ခန္းမွထည့္လာသည့္ ေသတၱာအရွည္အားယူကာ ၿခံအတြင္းသို႔ဝင္လာခဲ့သည္။ အိမ္ေပၚေရာက္ေတာ့တံခါးဖြင့္လိုက္သည့္အခါ ဧည့္ခန္းထဲတြင္ ငုတ္တုတ္ေလးထိုင္လ်က္ ေခါင္းေလးေစာင္းအားအိပ္ငိုက္ေနေသာေမာင္ခတၱာေၾကာင့္ေစာေစာျပန္လာခဲ့သင့္သည့္ကိုေနာင္တရမိ၏။ အနားသို႔ေလွ်ာက္သြားလိုက္ေနာက္။

''ေမာင္ခတၱာ''

ခပ္တိုးတိုးေလးသာေခၚလိုက္ေသာ္လည္း ခတၱာမွာမ်က္လုံးေလးမ်ားကိုျဖည္းညင္းစြာဖြင့္ၾကည့္လာသည္။ အနည္းငယ္နီးျမန္းေနသည့္ပါးျပင္ေလးႏွင့္အတူမ်က္ဝန္းဝိုင္းေလးေတြမွာလည္းအနီေရာင္ဘက္အနည္းငယ္ေျပးေနသည္မလို႔ဆက္ထင္မ်က္ခုံးမ်ားစုက်ဳံ႕သြားရ၏။ မ်က္လုံးမ်ားဖြင့္ၾကည့္သည့္တိုင္ တစ္ခြန္းမွ်မေျပာလာပဲေပကလပ္ေပကလပ္ႏွင့္ၿငိမ္သက္ေနသည္။

''မဟုတ္မွ အရက္ေတြမ်ားေသာက္ထားသလားေမာင္ခတၱာ''

ထိုအခါ မွငိုမဲ့မဲ့ေလးႏွင့္ေခါင္းေထာင္ၾကည့္လာၿပီးေနာက္ လက္ကိုလွမ္းကိုင္လာ၍။

''ကြၽန္ေတာ္ကမေသာက္ခ်င္ဘူးရယ္ အစ္ကိုေအးကိုနဲ႕ကိုဧရာတို႔အတင္းတိုက္သြားၾကတာ မဆူပါနဲ႕ဗ်''

သက္ျပင္းတခ်က္ခ်လိဳက္ၿပီးေနာက္လက္ထဲကအရာေတြကို စားပြဲေပၚသို႔တင္လိုက္သည္။ မ်က္ႏွာခ်င္းဆိုင္ခုံတြင္ဝင္ထိုင္လိုက္ၿပီး အေရွ႕က အမူးသမားေလးအား စူးစိုက္ၾကည့္ေနမိသည့္အခါ ထိုကေလးကထိုင္ရာမွထကာအနားေရာက္လာသည္။

''ကြၽန္ေတာ္မမူးဘူးေနာ္ ဦးထင္''

''အင္း''

''စိတ္မဆိုးဘူးမလားဗ်''

ဆက္ထင္ေခါင္းၿငိမ့္ျပလိုက္သည့္အခါ သြားတက္ေလးမ်ားေပၚသည္အထိၿပဳံးျပလာရင္း။

''ထိုင္ခ်င္တယ္ဦးထင္''

''ထိုင္ေလခုံေတြအမ်ားႀကီးရွိ...''

႐ုတ္တရက္ ထိုင္ေနသည့္ဆက္ထင္ေပါင္ေပၚသို႔ေစြ႕ကနဲေရာက္လာသည့္ခႏၶာကိုယ္ေလးေၾကာင့္ အံ့ၾသမင္သက္သြားရၿပီးေနာက္ ရင္လဲခုန္သြားမိသည္။ရဲေဆးတင္ထားေသာဒီကေလးဟာပုခုံးႏွစ္ဖက္ေပၚတင္ထားသည့္လက္ေတြဟာလည္းယွက္ႏြယ္၍ တင္းၾကပ္စြာဖက္လာ၏။ေမာင္ခတၱာဆီကရသည့္သူ၏ၾကာပန္းအနံ႕ကိုယ္သင္းရနံ႕ေလးဟာအနံ႕အာ႐ုံထဲတြင္းဝင္လာသည့္အခါ ခႏၶာကိုယ္ေသးေသးေလးအားျပန္၍ဖက္ထားမိသည္။

''က်ဳပ္ဘဝမယ္ ဒီေန႕ဟာအေပ်ာ္ဆုံးေန႕တစ္ေန႕ျဖစ္ပါလိမ့္မယ္''

ဆက္ထင္ရဲ႕စကားကိုေခါင္းၿငိမ့္လိုက္ကာတုန့္ျပန့္လိုက္သည္ကိုခံစားမိသည္။

''ယေန႕ကစၿပီး အသက္နဲ႕ခႏၶာကိုယ္တည္ေနသေ႐ြ႕ က်ဳပ္ကိုေမာင္ခတၱာကပိုင္ပါရဲ႕ ဘယ္တပါးသူမွအမိန့္ေပးလို႔မရတဲ့က်ဳပ္ကို မင္းကေတာ့အမိန့္ေပးနိုင္ရဲ႕ မင္းေစၫႊန္းရာ ျခယ္လွယ္ရာ က်ဳပ္ေက်နပ္စြာခံယူပါမယ္''

ေက်ာျပင္ငယ္အားလက္ႏွင့္အသာပြတ္သပ္ေပးေနမိသည္။ခတၱာဟာ ေျပာျပသမွ်အရာအားလုံးကိုၿငိမ္သက္စြာနားေထာင္ေန၏။

''က်ဳပ္ထားရွိတဲ့မာန္မာနေတြသိကၡာေတြကိုမင္းေရွ႕မယ္ခဝါခ်ထားပါ့မယ္ က်ဳပ္ရင္ခြင္ထဲမွာမင္းကိုလုံၿခဳံေအာင္ထားပါ့မယ္ က်ဳပ္ဆီကလာသမွ်ခ်စ္ျခင္းေမတၱာဟာတသက္လုံးစာအတြက္ ခတၱာဆိုတဲ့မင္းဆီ ဦးတည္လိမ့္မယ္လို႔ကတိေပးပါရဲ႕''

ပို၍တင္းၾကပ္စြာဖက္ထားခံရၿပီးေနာက္ေမာင္ခတၱာရဲ႕ရွိုက္သံေသးေသးေလးဟာထြက္ေပၚလာသည္။ထို႔ေနာက္ ကြက္ဝွက္ထားသည့္ အလြန္တရာလွပလြန္းေသာမ်က္ႏွာေလးဟာအျမင္အာ႐ုံေရွ႕သို႔ျဖည္းျဖည္းခ်င္းေရာက္ရွိလာ၏။ပါးျပင္ႏုႏုေလးေပၚကမ်က္ရည္စမ်ားကိုတယုတယဖယ္ေပးမိသည္။

''သံသရာအဆက္ဆက္ မကုန္ေစခ်င္တဲ့ေရစက္ကေလးဟာမင္းျဖစ္လိမ့္မယ္ ကေလးငယ္''

မ်က္ဝန္းဝိုင္းေလးေတြကာရံထားသည့္မ်က္ေတာင္ရွည္ေတြမ်ားဟာ ပုတ္ခုတ္လ်က္ ။ ေသးသြယ္ေသာႏွာတံေလးႏွင့္ သိပ္လွသည့္မ်က္ခုံးေလးေတြလဲရွိသည္။ သဘာဝအတိုင္းနီေဆြးေနသည့္ႏႈတ္ခမ္းပါးေလးကိုပစ္မွားမိပါက အျပစ္ရွိနိုင္မလား။ ႏူးညံ့လြန္းေနသည့္ေနရာေလးအား လက္မႏွင့္အသာယာထိလိုက္သည့္အခါ ေလာဘစိတ္ဟာအရွိန္အဟုန္တိုးလ်က္။

''ႏႈတ္ခမ္းေလးကိုနမ္းခ်င္ပါရဲ႕ခြင့္ျပဳေပးနိုင္မလားဟင္''

ေမွ်ာ္လင့္တႀကီးႏွင့္ ခြင့္ေတာင္းမိေသာအခါ ေခါင္းေလးၿငိမ့္ျပ၍ မ်က္လုံးေလးေတြပါမွိတ္ေပးလာသည္။လက္တစ္ဖက္ႏွင့္ မ်က္ႏွာေလးအား ထိန္းကိုင္မိကာ ပို၍နီးကပ္သြားေအာင္အနားသို႔ျဖည္းျဖည္းခ်င္းတိုးေစ၏။ဝင္ေလထြက္ေလထိခံစားမိေနသည့္အေနအထား တြင္ ထိုႏႈတ္ခမ္းေလးဆီမွလြဲ၍တျခားဘယ္အရာေတြကိုမွအာ႐ုံမျပဳနိုင္ေတာ့။

ေအာက္ႏႈတ္ခမ္းလႊာေလးအားအသာယာငုံေထြးမိသည့္အခါ ရင္ဘတ္ေပၚက်ေရာက္လာသည့္လက္ေခ်ာင္းသြယ္ေလးေတြဟာအကၤ်ီစကိုဆြဲယူကိုင္ထားသည္။ႏူးညံ့ေသာႏႈတ္ခမ္းဖူးဖူးေလးရဲ႕အထိအေတြ႕ေလးဟာစကၠန့္ပိုင္းအတြင္း႐ူးသြပ္သြားနိုင္ေစသည္။လူျဖစ္လာသည့္သက္တမ္းတစ္ေလွ်ာက္တြင္ပထမဆုံးအနမ္းေတာ့မဟုတ္ေသာ္လည္းရင္ဘတ္ထဲကအရာခုန္ထြက္ေပါက္ကြဲမတတ္ျဖစ္ေနရသည့္ဒီအနမ္းကေတာ့ဆက္ထင္အတြက္ရင္အခုန္ရဆုံးပင္။ခႏၶာကိုယ္ေလးအား ေကာက္ခ်ီလိုက္သည့္အခါ ႏွေျမာတသစြာႏွင့္ထိုႏႈတ္ခမ္းေလးဟာ ဆက္ထင္ႏွင့္ေဝးကြာသြားသည္။

''ဦး..ဦးထင္''

တအံ့တၾသၾကည့္လာသည့္မ်က္လုံးေလးေတြမွာဝိုင္းစက္စြာ။

''ဘုရားစင္ရွိေနလို႔ကြယ္... အထဲသြားရေအာင္လားေနာ္''

ျမတ္နိုးရာေလးကိုေပြ႕ခ်ီထားရင္းအလ်င္အျမန္ပင္ ျပင္ဆင္ၿပီးသားႏွစ္ေယာက္ေနရန္အခန္းက်ယ္ထဲသို႔ေလွ်ာက္လာလိုက္ၿပီးေနာက္ အိပ္ယာေပၚသို႔ျဖည္းညွင္းစြာခ်ေပးလိုက္သည့္အခါ အရွက္သည္းေနမ်က္ႏွာေလးအားၾကည့္ရင္းၿပဳံးမိသည္။အယ္ကိုေဟာလ္ေၾကာင့္လားဒီအလွတရားေလးေၾကာင့္လားမသိေတာ့ ထိန္းသိမ္းထားသည့္သမာဓိအလုံးစုံဟာေပ်ာက္ကြယ္လုလုနီးနီး။

အေပၚမွ အုပ္မိုးကာ ထိုမ်က္ႏွာေလးအားထပ္၍အေသးစိတ္ၾကည့္ရႈမိသည္။

''က်ဳပ္ေလမင္းကိုအားနာမိလို႔မေျပာခဲ့တဲ့အရာတစ္ခုရွိရဲ႕ခတၱာ''

''ဟင္...''

''မင္းကသိပ္လွလြန္းတယ္ကေလးငယ္''

ဆံႏြယ္ေပ်ာ့ေပ်ာ့ေလးေတြကအစျပဳ၍ အၾကည္ေရာင္လက္သည္းခြံေလးေတြရွိသည့္လက္ေခ်ာင္းသြယ္ေလးေတြဟာလည္းလွသည္။ျဖဴေဖြးၾကည္လင္လြန္းသည့္အသားအေရႏွင့္အတူ မ်က္ႏွာလွလွေလးေၾကာင့္ႏွစ္ေပါင္းမနည္းထိန္းသိမ္းထားသည့္သမာဓိတို႔ဟာၾကက္ေပ်ာက္ငွက္ေပ်ာက္ ျဖစ္ကုန္သည္ကိုသူေလးကေတာ့သိနိုင္မည္မထင္။

''က်ဳပ္႐ူးေတာ့မယ္ မင္းရယ္...''

ႏႈတ္ခမ္းပါးေလးအားထပ္၍နမ္းမိၿပီးႏြေးေထြးမႈအသိမွာ အရာအားလုံးအရည္ေပ်ာ္က်မတတ္။ငတ္မြတ္သိပ္စြာႏွင့္ေလာဘတက္မိသည့္အခါ ကေလးငယ္ဟာႏႈတ္ခမ္းလႊာေလးေတြကိုဖြင့္ဟေပး၍ခြင့္ျပဳေပးသည္။ ေက်ာျပင္ေပၚသိုင္းဖက္လာသည့္လက္ေလးေတြအစျပဳ၍ အရာအားလုံးဟာႏြေးေထြးလြန္း၏။အသက္ရႈသံတို႔ဟာျမန္ဆန္လ်က္ အရိုင္းဆန္းလာသည့္ေနာက္ ေနာက္ဆက္တြဲျဖစ္လာမည့္အရာတို႔ကိုျမင္လာမိသည္။ ထိုအခါအလ်င္အျမန္ထိန္းခ်ဳပ္လိုက္ၿပီး ငုံေထြးထားမိသည့္ႏႈတ္ခမ္းေလးအားလႊတ္ေပးလိုက္ေသာအခါ ခတၱာကဆက္ထင္အားေမာ့ၾကည့္လာသည္။

''ဦးထင္''

''ေတာင္းပန္ရဲ႕ကြယ္ အိပ္ႏွင့္ေမာင္ခတၱာ က်ဳပ္ျပန္လာခဲ့မယ္ေနာ္''

ထိုအခါဆက္ထင္ရဲ႕အကၤ်ီစအားခတၱာကတင္းၾကပ္စြာဆြဲကိုင္လာ၏။မ်က္ရည္မ်ားဝိုင္းလာၿပီးငိုလာသည့္အခါရင္ေတြပါပူေလာင္သြားရသည္။

''ဘာျဖစ္တာလဲဟင္...ေျပာပါဦး ႏႈတ္ခမ္းနာသြားသလား''

''ကြၽန္ေတာ့္ကိုမလိုခ်င္လို႔လားဟင္...''

ေျပာစရာစကားေပ်ာက္ရွသြားရသလို အစကတည္းကမတည္မၿငိမ္ႏွင့္စိတ္အစဥ္ဟာ ရႈပ္ေထြးလ်က္။

''ေမာင္ခတၱာ မင္းအသိထဲက်ဳပ္ကဒါေၾကာင့္မင္းကိုယူတာလို႔ထင္သြားမွာစိုးရိမ္မိရဲ႕ကြယ္ ၿပီးေတာ့မင္းကသိပ္ငယ္လြန္းေသးရဲ႕''

''ဟင္အင္း ကြၽန္ေတာ္ဦးထင္နဲ႕ဒီတညတာကိုတူတူျဖတ္သန္းမွာလို႔ဆုံးျဖတ္ထားတယ္''

''ခတၱာ...''

''ကြၽန္ေတာ္လိုခ်င္တယ္...ဦးထင္နဲ႕ပတ္သက္တာအားလုံးကြၽန္ေတာ္ရခ်င္တယ္ ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ေၾကာင့္ေစာင့္ထိန္းရတာမ်ိဳးေတြဖယ္ေပးပါေနာ္''

ဒါေၾကာင့္ပဲအရက္မ်ားေသာက္ခဲ့သလားဟုဆက္စပ္စဥ္းစားမိၿပီးဆက္ထင္တြက္စြန့္စားေနသည့္ဒီကေလးအားဘယ္လိုမ်ားေျဖာင့္ျဖရပါမလဲ။လက္တဖက္ကိုဆြဲကိုင္ယူ၍ လက္ဖဝါးကိုအနမ္းေပးလာသည္ႏွင့္တၿပိဳင္နက္ဆက္ထင္ရဲ႕ထိုလက္မ်ားကိုပဲ တစ္ေနရာသို႔ထိေတြ႕ေစလာသည္။

''ကြၽန္ေတာ့္ကိုယူပါ ဦးထင္''
ပုရိသတို႔မည္သည္ ဒီအရာအားဘယ္သူကမ်ားျငင္းဝံ့မည္နည္း။ရီေဝေနသည့္မ်က္ဝန္းေလးေတြဟာဆက္ထင္ရဲ႕ခႏၶာကိုယ္တစ္ခုလုံးမီးႏွင့္ျမႇိုက္ေပးထားသလိုခံစားရသည္။ၾကယ္သီးမ်ားအားျဖဳတ္ကာ အေပၚအကၤ်ီခြၽတ္လိုက္သည့္အခါတြင္ ဗလာက်င္းသြားသည့္ဆက္ထင္ခႏၶာကိုယ္အေပၚပိုင္းအားႏႈတ္ခမ္းေလးကိုဖိကိုက္ကာၾကည့္ေနသည့္ခတၱာရဲ႕လည္တိုင္ေလးကိုတခ်က္မွ်နမ္းရႈံ႕လိုက္သည့္အခါခႏၶာကိုယ္ေလးဟာတြန့္ခ်ိဳးသြားသည္။

''ဒီလိုစိတ္ထားမိလို႔က်ဳပ္ကိုမေၾကာက္႐ြံ႕ပါနဲ႕ေနာ္ ေတာင္းဆိုပါရဲ႕ကေလးငယ္''

ေခါင္းေလးၿငိမ့္ျပလာသည့္အဆုံး ႏႈတ္ခမ္းေလးအားထပ္မံ၍ငုံေထြးမိ၏ အရိုင္းဆန္ေသာ္ျငားႏူးညံ့သည္၊ႏြေးေထြးသည္။လက္ေခ်ာင္းမ်ားဟာ ခတၱာဝတ္ထားသည့္ေကာ္လံလက္တိုအကၤ်ီအနီေလးရဲ႕ၾကယ္သီးမ်ားဆီေရာက္သြားၿပီးေနာက္အကၤ်ီေလးအားညင္သာစြာဆြဲခြၽတ္လိုက္မိ၏။အျမင္အာ႐ုံတို႔ဟာ ထိုေနရာဆီသို႔ေရာက္သြားသည့္အခါ မင္သက္သြားမိသည့္တိုင္ႏွလုံးသားတစ္ခုလုံးဟာၾကမ္းတမ္းစြာလႈပ္ခပ္လာသည္။

''လွရက္လြန္းရဲ႕ကေလးငယ္ရယ္''

လည္တိုင္ေလးႏွင့္ညွပ္ရိုးေလးအားစူးစိုက္စြာၾကည့္မိေန၏တဆက္တည္းျဖဴေဖြးႏူးညံ့ေသာအသားေရအေပၚတစ္ဖက္စီတြင္ရွိေနသည့္ပန္းေရာင္ေသြးသည့္အရာေလးႏွစ္ခုေၾကာင့္ဒီလူရင္ဘတ္ထဲမွႏွလုံးသားဟာနိမ့္ေခ်ျမင့္ေခ်။

ဆင္တူဝတ္ထားသည့္ယြန္းလက္ပတ္ေလးႏွစ္ခုဟာယွက္ႏြယ္ထားသည့္လက္ႏွစ္ဖက္ၾကားထင္းေနၿပီး ပုတီးသီးေလးေတြရဲ႕ရိုက္ခတ္သံတစ္ခ်ိဳ႕ဟာလည္းထြက္ေပၚေန၏။ခါတိုင္းထပ္ပို၍ေမွာင္မိုက္သည္ဟုထင္ရသည့္ညဥ့္ဦးယံရဲ႕တိတ္ဆိတ္မႈကိုျပင္းျပေနေသာစိတ္အစဥ္မ်ားရွိေနသည့္ ႏွစ္ဦးႏွစ္ေယာက္လုံးဟာၿဖိဳခြင္းေနၾက၏။စကၠန့္ေတြ မိနစ္ေတြ နာရီေတြၾကာသည္အထိ သာယာမႈကိုယ္စီရွာေဖြၾကရင္း ဆႏၵမ်ားအထြဋ္အထိပ္သို႔ေရာက္သည့္အခါႏြေးေထြးမႈတခ်ိဳ႕ရရွိၿပီး ေမာပန္းလ်က္တင္းၾကပ္စြာဖက္ထားၾကသည္။အထင္နဲ႕လက္ေတြ႕တက္တက္စင္လြဲခဲ့ေသာမဂၤလာဦးညေလးဟာၿပီးျပည့္စုံသည့္အျပာေရာင္အခ်စ္ညေလးျဖစ္ခဲ့၍ႏွစ္ဦးလုံးအတြက္တသက္စာေမ့မရေလာက္သည့္အမွတ္ရေလးတစ္ခုလဲျဖစ္ေလာက္ပါသည္။

Okumaya devam et

Bunları da Beğeneceksin

41.5K 6.4K 44
I'm just waiting for a stranger! #နတ်ဆိုးတစ်ကောင်နှင့်အတူ မွေးဖွားခြင်း S2
95.6K 7.8K 43
I must be able to marry a doctor in future. အနာဂတ်မှာ ငါ ဆရာဝန်တစ်ယောက်ကို လက်ထပ်နိုင်ရမယ်။ ဇီဇီနဲ့ အ၀န်းအ၀ိုင်းလို့ခေါ်တဲ့ ကောင်လေးနှစ်ယောက်ကြားက ခ...
756 82 11
ကိုကို့ကို တိတ်တိတ်ကလေး ခိုးချစ်မယ် ... ကျွန်တော့်ကမ္ဘာမှာ ကိုကို့ကြောင့်ပဲ ပန်းတွေပွင့်တယ်။ ကောင်းဆက်တည် x ခွန်းမြတ်ခန့်သူ
157K 6.7K 51
Whilst watching 7 Deadly Sins, (Y/n) expressed their wishes to be there in person. Especially, after Gloxinia had died, someone (Y/n) is extremely fo...