အဆုံးမရှိတန်ခိုးထွားလှပါသောအမ...

By dream_n99

361K 39.6K 232

Genre- Drama Fantasy Historical Romance Slice of Life Author(s)- 静似骄阳 Associated Names- 穿书七零:我的炮灰丈夫十项全能 Eng N... More

Discription
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
ဂရုရပါပြီ🎉
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43+44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Tele Channel
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152

Chapter 85

1.9K 263 0
By dream_n99

Chapter 85 –  လက်ထက်မှတ်ပုံတင်ရရှိခြင်း
.

နောက်တစ်ရက်တွင် လုရှသည်အရင်နေ့တွေတုန်းကလိုပဲ ပုံမှန်အချိန်တွင်နိုးလာခဲ့သည်။ မနက်စာစားပြီး လူတိုင်းအလုပ်သွားကြပြီးနောက် လုရှသည်ကျန်းကျွင်းမော့နဲ့အတူ မြို့သို့ထွက်လာကြသည်။

သူတို့ရဲ့အိမ်ထောင်စုမှတ်ပုံတင်တွေက ဒီနေရာမှာရွှေ့ပြောင်းထားပြီးပြီဖြစ်တာကြောင့် လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ မိတ်ဆက်စာတွေကိုရရှိပြီးနောက်မှာ လက်ထက်မှတ်ပုံတင်ရယူဖို့က လွယ်ကူအဆင်ပြေသွားသည်

ပြည်သူ့ရေးရာဗျူရိုတို့ရောက်ချိန်တွင် လူတွေအများကြီးမရှိတာကြောင့် အထဲဝင်သွားပြီး ဆယ်မိနစ်အတွင်းမှာပြန်ထွက်လာခဲ့ကြသည်။ ထို့နောက် သူတို့လက်ထဲတွင်ဆုတံဆိပ်တစ်ခုနဲ့တူသည့် မှတ်ပုံတင်လေးတစ်ခုရှိလာသည်။

ဒီခေတ်မှာလက်ထပ်မှတ်ပုံတင်တွေက ဒီလိုပုံစံဖြစ်လိမ့်မယ်လို့ လုရှမမျှော်လင့်ထားခဲ့ပေ။ အတော်လေးစိတ်ဝင်စားစရာကောင်းတာကြောင့် သူမကသိချင်စိတ်ပြင်းပြစွာဖြင့် နီးနီးကပ်ကပ်ကြည့်ရှုလိုက်သည်။ မနက်မိုးလင်းကတည်းကရှက်သွေးဖြာနေသည့် ကျန်းကျွင်းမော့ကိုလှည့်ကြည့်လိုက်ပြီး အနည်းငယ်ရယ်စရာကောင်းတယ်လို့ထင်လိုက်သည်။

ထို့ကြောင့် " ဘာဖြစ်လို့လဲ? ရှက်လို့လား? ဒါမှမဟုတ်လက်ထပ်လိုက်ပြီဆိုတဲ့အမှန်တရားကိုလက်မခံနိုင်လို့လား?" ဟုဆိုရင်းသူ့ကိုကျီဆယ်လိုက်သည်။

ကျန်းကျွင်းမော့ ရှက်သလိုခံစားလိုက်ရပြီး အဝေးကိုကြည့်လိုက်ကာ စကားအကြောင်းအရာပြောင်းလိုက်သည်။
" ဒါဆို ကျွန်တော်တို့နောက်ဘာဆက်လုပ်ကြမလဲ?"

သူတုံ့ပြန်မှုကိုမြင်လိုက်ရတော့ လုရှသည်သူ့ကိုဆက်မကျီစယ်ရန်ဆုံးဖြတ်လိုက်ပြီး ခဏလောက်စဥ်းစားကြည့်လိုက်ပြီးမှ အကြံပြုလိုက်သည်။

" ဒီနေ့ကျွန်မတို့အလုပ်သွားစရာမလိုဘူး မြို့ထဲမှာလှည့်ပတ်ကြည့်ပြီး မင်္ဂလာသကြားလုံးနည်းနည်းပါးပါးဝယ်ကြရအောင် ကျွန်မတို့ကမင်္ဂလာဆောင်မကျင်းပပေမယ့် ဂုဏ်ပြုဖို့မင်္ဂလာသကြားလုံးနည်းနည်းပါးပါးတော့ဝယ်သွားသင့်တယ်"

ဒီစကားကြားလိုက်ရတော့ ကျန်းကျွင်းမော့သည်လုရှကို မင်္ဂလာပွဲတခုမပေးခဲ့ရတာကြောင့် အနည်းငယ်စိတ်ပျက်လက်ပျက်ခံစားလိုက်ရသည်။ ထို့ကြောင့် သူကချက်ချင်းပင် ပစ္စည်းတွေများများဝယ်ပေးချင်သွားသည်။

" ကျွန်တော်တို့ခရိုင်မြို့ကိုသွားကြရင်ရောဘယ်လိုလဲ? အဲဒီကကုန်တိုက်မှာပစ္စည်းတွေအမျိုးမျိုးရှိတယ်"

ခရိုင်မြို့သည်ပိုကြီးမားပြီး စူးစမ်းရှာဖွေဖို့နေရာတွေပိုရှိတာကြောင့် လုရှသည်သဘာဝအလျောက်ပင်သွားချင်မိပေမယ့် " ဒါပေမဲ့ အခုချိန်ဆို ကျွန်မတို့မှာကားမရှိတော့ဘူးမဟုတ်ဘူးလား?"

အခုကကိုးနာရီကျော်နေပြီဖြစ်ရာ ခရီးသည်တင်ဘတ်စ်ကားသည်ထွက်ခွာသွားနှင့်ပြီဖြစ်သည်။

ကျန်းကျွင်းမော့ ပြုံးလိုက်ပြီး " ကိစ္စမရှိပါဘူး နေ့တိုင်းရွာကနေခရိုင်မြို့ကိုသွားတဲ့ ထော်လာဂျီတွေရှိတယ် ကားဆောင့်တာကိုမင်းစိတ်မရှိရင် ကျွန်တော်တို့ထော်လာဂျီစီးသွားလို့ရတယ်"

လုရှအံ့အားသင့်သွားတယ်။ " ရှင်ဒါကိုဘယ်လိုသိတာလဲ? ထော်လာဂျီစီးဖို့ကျွန်မစိတ်မရှိပါဘူး ဒါပေမယ့်ရှင်ကစီးနိုင်ပါ့မလား? ရောက်ခါစတုန်းက လူတစ်ယောက်ကခြေလှမ်းတွေယိုင်တိုင်တိုင်နဲ့ လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ခဲ့တာကို ကျွန်မမှတ်မိပါသေးတယ်"

သူမပြောတာကြားလိုက်ရတော့ ကျန်းကျွင်းမော့နည်းနည်းရှက်သွားပြီး ချောင်းဟန့်လိုက်သည်။
" အဟမ်း အခုကျွန်တော့်ကျန်းမာရေးကအတော်လေးတိုးတတ်လာပါပြီ အဆင်ပြေမှာပါ"

သူကထိုသို့ပြောသည့်အတွက် လုရှသည်ဆက်မနှောင့်နှေးချင်တော့ပေ။ နှစ်ယောက်သားမြို့ထဲကစိုက်ပျိုးရေးသုံးစက်ပစ္စည်းဌာနကို သွားလိုက်ကြရာ ခရိုင်မြို့ဆီထွက်ခွာတော့မည့်ထော်လာဂျီတစ်စီးကိုမှီလိုက်ကြသည်။

တစ်ယောက်ကိုဆယ်ဆင့်ပေးချေလိုက်ကြပြီး ထော်လာဂျီအပေါ်တတ်လိုက်ကြသည်။ ထော်လာဂျီသည်အရင်ကလိုပဲ ခုန်ပေါက်နေဆဲဖြစ်ပြီး ဖုန်မှုန့်တွေနဲ့ဖုံးအုပ်သွားခဲ့သည်။ ခရိုင်မြို့သို့ရောက်ချိန်တွင် နှစ်ယောက်စလုံးမျက်နှာတွေပေရေနေလေသည်။ ကံကောင်းစွာနဲ့ သူတို့တွေရောက်လာခါစတုန်းကလောက် မသက်မသာမဖြစ်တော့ပေ။

လုရှသည်အဝတ်အစားတွေပေါ်ကဖုန်မှုန့်တွေကို ခါချလိုက်ပြီး အနည်းငယ်စိတ်ဒုက္ခရောက်သွားသည်။ သူမကဒီနေ့မှာလက်ထပ်မှတ်ပုံတင်ယူဖို့အတွက် အဝတ်အစားသစ်တွေအထူးတလည်လဲလှယ်ဝတ်ဆင်ခဲ့ပေမဲ့ အခုတော့ပေရေကုန်လေပြီ။

ကျန်းကျွင်းမော့လည်းအတူတူနဲ့အနူနူပါပဲ။  သူသည်လည်းဒီအခါသမယအတွက် ဝတ်စားပြင်ဆင်ခဲ့ပေမဲ့ အခုတော့မျက်နှာမှာညစ်ပတ်ပေရေနေပြီ။ ဒါပေမဲ့ အနည်းဆုံးတော့ သူ့ရုပ်ရည်သွင်ပြင်ကသန့်စင်ကြည်လင်နေပါသေးသည်။

နှစ်ယောက်သားအချင်းချင်းဖုန်တွေကူခါပေးလိုက်ကြပြီး ပိုသန့်ရှင်းပုံပေါက်သွားရာ အပြုံးချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် ကျန်းကျွင်းမော့အကြံပြုလိုက်သည်။
" နေ့လည်တောင်ရောက်နေပြီ နေ့လည်စာအရင်သွားစားကြရအောင်"

" အင်း!"

နှစ်ယောက်သားနိုင်ငံပိုင်စားသောက်ဆိုင်ဆီထွက်လာကြသည်။ ဒီနေ့ကသူတို့လက်ထပ်သည့်နေ့ဖြစ်သည့်အတွက် ပွဲလေးကျင်းပချင်တာကြောင့် နှစ်ယောက်သားလက်ဖွာဖွာနဲ့ အသားဟင်းနှစ်ပွဲနဲ့အသီးအရွက်တစ်ပွဲ မှာယူလိုက်ကြသည်။ အရသာကသာမာန်ပဲဆိုပေမဲ့ စိတ်နှလုံးကျေနပ်တင်းတိမ်တဲ့အထိ စားသောက်ခဲ့ကြသည်။

စားသောက်ပြီးစီးသွားတဲ့နောက် လုရှသည်မူလကကုန်တိုက်ကို တိုက်ရိုက်သွားရန်စီစဉ်ထားပေမဲ့ ကျန်းကျွင်းမော့ကအထိမ်းအမှတ်အဖြစ်ဓာတ်ပုံရိုက်ရန် အကြုံပြုလာသည်။

လုရှသူ့ကို ထင်မှတ်မထားစွာကြည့်လိုက်မိသည်။ မူလက သူမသည်လက်ထပ်မှတ်ပုံတင်ကို ပြဿနာတွေရှင်းထုတ်ပေးမဲ့နည်းလမ်းတစ်ခုအဖြစ်ပဲ မြင်ခဲ့ပေမယ့် ကျန်းကျွင်းမော့ကတော့အလေးအနက်ထားပုံရ‌သည်။ ထိုအကြောင်းတွေးလိုက်တော့ လုရှမှာနားလည်ရခက်လောက်အောင် ကောင်းမွန်တယ်လို့ခံစားလိုက်ရတာကြောင့် သူနဲ့အတူဓာတ်ပုံစတူဒီယိုသို့ထွက်လာခဲ့သည်။

ရောက်လာကြတဲ့အခါ ဓာတ်ပုံဆရာကသူတို့နှစ်ယောက်ကိုကြည့်ပြီး တည့်တိုးမေးလိုက်သည်။
" မင်းတို့နှစ်ယောက်မင်္ဂလာဓာတ်ပုံရိုက်ဖို့ရောက်လာကြတာလား?"


*
Zawgyi

Chapter 85   လက္ထက္မွတ္ပုံတင္ရရွိျခင္း
.

ေနာက္တစ္ရက္တြင္ လုရွသည္အရင္ေန႕ေတြတုန္းကလိုပဲ ပုံမွန္အခ်ိန္တြင္နိုးလာခဲ့သည္။ မနက္စာစားၿပီး လူတိုင္းအလုပ္သြားၾကၿပီးေနာက္ လုရွသည္က်န္းကြၽင္းေမာ့နဲ႕အတူ ၿမိဳ႕သို႔ထြက္လာၾကသည္။

သူတို႔ရဲ႕အိမ္ေထာင္စုမွတ္ပုံတင္ေတြက ဒီေနရာမွာေ႐ႊ႕ေျပာင္းထားၿပီးၿပီျဖစ္တာေၾကာင့္ လိုအပ္တဲ့စာ႐ြက္စာတမ္းေတြနဲ႕ မိတ္ဆက္စာေတြကိုရရွိၿပီးေနာက္မွာ လက္ထက္မွတ္ပုံတင္ရယူဖို႔က လြယ္ကူအဆင္ေျပသြားသည္

ျပည္သူ႕ေရးရာဗ်ဴရိုတို႔ေရာက္ခ်ိန္တြင္ လူေတြအမ်ားႀကီးမရွိတာေၾကာင့္ အထဲဝင္သြားၿပီး ဆယ္မိနစ္အတြင္းမွာျပန္ထြက္လာခဲ့ၾကသည္။ ထို႔ေနာက္ သူတို႔လက္ထဲတြင္ဆုတံဆိပ္တစ္ခုနဲ႕တူသည့္ မွတ္ပုံတင္ေလးတစ္ခုရွိလာသည္။

ဒီေခတ္မွာလက္ထပ္မွတ္ပုံတင္ေတြက ဒီလိုပုံစံျဖစ္လိမ့္မယ္လို႔ လုရွမေမွ်ာ္လင့္ထားခဲ့ေပ။ အေတာ္ေလးစိတ္ဝင္စားစရာေကာင္းတာေၾကာင့္ သူမကသိခ်င္စိတ္ျပင္းျပစြာျဖင့္ နီးနီးကပ္ကပ္ၾကည့္ရႈလိုက္သည္။ မနက္မိုးလင္းကတည္းကရွက္ေသြးျဖာေနသည့္ က်န္းကြၽင္းေမာ့ကိုလွည့္ၾကည့္လိုက္ၿပီး အနည္းငယ္ရယ္စရာေကာင္းတယ္လို႔ထင္လိုက္သည္။

ထို႔ေၾကာင့္ " ဘာျဖစ္လို႔လဲ? ရွက္လို႔လား? ဒါမွမဟုတ္လက္ထပ္လိုက္ၿပီဆိုတဲ့အမွန္တရားကိုလက္မခံနိုင္လို႔လား?" ဟုဆိုရင္းသူ႕ကိုက်ီဆယ္လိုက္သည္။

က်န္းကြၽင္းေမာ့ ရွက္သလိုခံစားလိုက္ရၿပီး အေဝးကိုၾကည့္လိုက္ကာ စကားအေၾကာင္းအရာေျပာင္းလိုက္သည္။
" ဒါဆို ကြၽန္ေတာ္တို႔ေနာက္ဘာဆက္လုပ္ၾကမလဲ?"

သူတုံ႕ျပန္မႈကိုျမင္လိုက္ရေတာ့ လုရွသည္သူ႕ကိုဆက္မက်ီစယ္ရန္ဆုံးျဖတ္လိုက္ၿပီး ခဏေလာက္စဥ္းစားၾကည့္လိုက္ၿပီးမွ အႀကံျပဳလိုက္သည္။

" ဒီေန႕ကြၽန္မတို႔အလုပ္သြားစရာမလိုဘူး ၿမိဳ႕ထဲမွာလွည့္ပတ္ၾကည့္ၿပီး မဂၤလာသၾကားလုံးနည္းနည္းပါးပါးဝယ္ၾကရေအာင္ ကြၽန္မတို႔ကမဂၤလာေဆာင္မက်င္းပေပမယ့္ ဂုဏ္ျပဳဖို႔မဂၤလာသၾကားလုံးနည္းနည္းပါးပါးေတာ့ဝယ္သြားသင့္တယ္"

ဒီစကားၾကားလိုက္ရေတာ့ က်န္းကြၽင္းေမာ့သည္လုရွကို မဂၤလာပြဲတခုမေပးခဲ့ရတာေၾကာင့္ အနည္းငယ္စိတ္ပ်က္လက္ပ်က္ခံစားလိုက္ရသည္။ ထို႔ေၾကာင့္ သူကခ်က္ခ်င္းပင္ ပစၥည္းေတြမ်ားမ်ားဝယ္ေပးခ်င္သြားသည္။

" ကြၽန္ေတာ္တို႔ခရိုင္ၿမိဳ႕ကိုသြားၾကရင္ေရာဘယ္လိုလဲ? အဲဒီကကုန္တိုက္မွာပစၥည္းေတြအမ်ိဳးမ်ိဳးရွိတယ္"

ခရိုင္ၿမိဳ႕သည္ပိုႀကီးမားၿပီး စူးစမ္းရွာေဖြဖို႔ေနရာေတြပိုရွိတာေၾကာင့္ လုရွသည္သဘာဝအေလ်ာက္ပင္သြားခ်င္မိေပမယ့္ " ဒါေပမဲ့ အခုခ်ိန္ဆို ကြၽန္မတို႔မွာကားမရွိေတာ့ဘူးမဟုတ္ဘူးလား?"

အခုကကိုးနာရီေက်ာ္ေနၿပီျဖစ္ရာ ခရီးသည္တင္ဘတ္စ္ကားသည္ထြက္ခြာသြားႏွင့္ၿပီျဖစ္သည္။

က်န္းကြၽင္းေမာ့ ၿပဳံးလိုက္ၿပီး " ကိစၥမရွိပါဘူး ေန႕တိုင္း႐ြာကေနခရိုင္ၿမိဳ႕ကိုသြားတဲ့ ေထာ္လာဂ်ီေတြရွိတယ္ ကားေဆာင့္တာကိုမင္းစိတ္မရွိရင္ ကြၽန္ေတာ္တို႔ေထာ္လာဂ်ီစီးသြားလို႔ရတယ္"

လုရွအံ့အားသင့္သြားတယ္။ " ရွင္ဒါကိုဘယ္လိုသိတာလဲ? ေထာ္လာဂ်ီစီးဖို႔ကြၽန္မစိတ္မရွိပါဘူး ဒါေပမယ့္ရွင္ကစီးနိုင္ပါ့မလား? ေရာက္ခါစတုန္းက လူတစ္ေယာက္ကေျခလွမ္းေတြယိုင္တိုင္တိုင္နဲ႕ လမ္းေတာင္ေကာင္းေကာင္းမေလွ်ာက္နိုင္ခဲ့တာကို ကြၽန္မမွတ္မိပါေသးတယ္"

သူမေျပာတာၾကားလိုက္ရေတာ့ က်န္းကြၽင္းေမာ့နည္းနည္းရွက္သြားၿပီး ေခ်ာင္းဟန႔္လိုက္သည္။
" အဟမ္း အခုကြၽန္ေတာ့္က်န္းမာေရးကအေတာ္ေလးတိုးတတ္လာပါၿပီ အဆင္ေျပမွာပါ"

သူကထိုသို႔ေျပာသည့္အတြက္ လုရွသည္ဆက္မႏွောင့္ႏွေးခ်င္ေတာ့ေပ။ ႏွစ္ေယာက္သားၿမိဳ႕ထဲကစိုက္ပ်ိဳးေရးသုံးစက္ပစၥည္းဌာနကို သြားလိုက္ၾကရာ ခရိုင္ၿမိဳ႕ဆီထြက္ခြာေတာ့မည့္ေထာ္လာဂ်ီတစ္စီးကိုမွီလိုက္ၾကသည္။

တစ္ေယာက္ကိုဆယ္ဆင့္ေပးေခ်လိဳက္ၾကၿပီး ေထာ္လာဂ်ီအေပၚတတ္လိုက္ၾကသည္။ ေထာ္လာဂ်ီသည္အရင္ကလိုပဲ ခုန္ေပါက္ေနဆဲျဖစ္ၿပီး ဖုန္မႈန႔္ေတြနဲ႕ဖုံးအုပ္သြားခဲ့သည္။ ခရိုင္ၿမိဳ႕သို႔ေရာက္ခ်ိန္တြင္ ႏွစ္ေယာက္စလုံးမ်က္ႏွာေတြေပေရေနေလသည္။ ကံေကာင္းစြာနဲ႕ သူတို႔ေတြေရာက္လာခါစတုန္းကေလာက္ မသက္မသာမျဖစ္ေတာ့ေပ။

လုရွသည္အဝတ္အစားေတြေပၚကဖုန္မႈန႔္ေတြကို ခါခ်လိဳက္ၿပီး အနည္းငယ္စိတ္ဒုကၡေရာက္သြားသည္။ သူမကဒီေန႕မွာလက္ထပ္မွတ္ပုံတင္ယူဖို႔အတြက္ အဝတ္အစားသစ္ေတြအထူးတလည္လဲလွယ္ဝတ္ဆင္ခဲ့ေပမဲ့ အခုေတာ့ေပေရကုန္ေလၿပီ။

က်န္းကြၽင္းေမာ့လည္းအတူတူနဲ႕အႏူႏူပါပဲ။  သူသည္လည္းဒီအခါသမယအတြက္ ဝတ္စားျပင္ဆင္ခဲ့ေပမဲ့ အခုေတာ့မ်က္ႏွာမွာညစ္ပတ္ေပေရေနၿပီ။ ဒါေပမဲ့ အနည္းဆုံးေတာ့ သူ႕႐ုပ္ရည္သြင္ျပင္ကသန႔္စင္ၾကည္လင္ေနပါေသးသည္။

ႏွစ္ေယာက္သားအခ်င္းခ်င္းဖုန္ေတြကူခါေပးလိုက္ၾကၿပီး ပိုသန႔္ရွင္းပုံေပါက္သြားရာ အၿပဳံးခ်င္းဖလွယ္လိုက္ၾကသည္။ ထို႔ေနာက္ က်န္းကြၽင္းေမာ့အႀကံျပဳလိုက္သည္။
" ေန႕လည္ေတာင္ေရာက္ေနၿပီ ေန႕လည္စာအရင္သြားစားၾကရေအာင္"

" အင္း!"

ႏွစ္ေယာက္သားနိုင္ငံပိုင္စားေသာက္ဆိုင္ဆီထြက္လာၾကသည္။ ဒီေန႕ကသူတို႔လက္ထပ္သည့္ေန႕ျဖစ္သည့္အတြက္ ပြဲေလးက်င္းပခ်င္တာေၾကာင့္ ႏွစ္ေယာက္သားလက္ဖြာဖြာနဲ႕ အသားဟင္းႏွစ္ပြဲနဲ႕အသီးအ႐ြက္တစ္ပြဲ မွာယူလိုက္ၾကသည္။ အရသာကသာမာန္ပဲဆိုေပမဲ့ စိတ္ႏွလုံးေက်နပ္တင္းတိမ္တဲ့အထိ စားေသာက္ခဲ့ၾကသည္။

စားေသာက္ၿပီးစီးသြားတဲ့ေနာက္ လုရွသည္မူလကကုန္တိုက္ကို တိုက္ရိုက္သြားရန္စီစဥ္ထားေပမဲ့ က်န္းကြၽင္းေမာ့ကအထိမ္းအမွတ္အျဖစ္ဓာတ္ပုံရိုက္ရန္ အႀကဳံျပဳလာသည္။

လုရွသူ႕ကို ထင္မွတ္မထားစြာၾကည့္လိုက္မိသည္။ မူလက သူမသည္လက္ထပ္မွတ္ပုံတင္ကို ျပႆနာေတြရွင္းထုတ္ေပးမဲ့နည္းလမ္းတစ္ခုအျဖစ္ပဲ ျမင္ခဲ့ေပမယ့္ က်န္းကြၽင္းေမာ့ကေတာ့အေလးအနက္ထားပုံရသည္။ ထိုအေၾကာင္းေတြးလိုက္ေတာ့ လုရွမွာနားလည္ရခက္ေလာက္ေအာင္ ေကာင္းမြန္တယ္လို႔ခံစားလိုက္ရတာေၾကာင့္ သူနဲ႕အတူဓာတ္ပုံစတူဒီယိုသို႔ထြက္လာခဲ့သည္။

ေရာက္လာၾကတဲ့အခါ ဓာတ္ပုံဆရာကသူတို႔ႏွစ္ေယာက္ကိုၾကည့္ၿပီး တည့္တိုးေမးလိုက္သည္။
" မင္းတို႔ႏွစ္ေယာက္မဂၤလာဓာတ္ပုံရိုက္ဖို႔ေရာက္လာၾကတာလား?"


*

Continue Reading

You'll Also Like

1.6M 71.5K 38
"Hahh." A deep sigh escaped Namae's mouth as soon as she realized that she got transmigrated inside that crazy book she just read earlier. The story...
2.7M 141K 48
Lazy Touma suddenly wakes up in a BL novel as the Villain, Nakamura Shin. "..." Fuck the villain role, let me sleep. A grumpy cat-like person wakes...
Priestess of The Moon By Leah

Historical Fiction

247K 20.8K 46
Li Xiang is the Priestess of the Moon, she can see read the stars and fortune as well as misfortune to her people. However, the life of a Priestess c...