အဆုံးမရှိတန်ခိုးထွားလှပါသောအမ...

By dream_n99

221K 25.8K 181

Genre- Drama Fantasy Historical Romance Slice of Life Author(s)- 静似骄阳 Associated Names- 穿书七零:我的炮灰丈夫十项全能 Eng N... More

Discription
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
ဂရုရပါပြီ🎉
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43+44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Tele Channel

Chapter 83

1.3K 209 1
By dream_n99

Chapter 83 – ရွာလူကြီးအိမ်သို့သွားရောက်ခြင်း
.

လုရှသည်အ‌ခြေအနေကြောင့် တုန်လှုပ်မနေတာကို မြင်လိုက်ရ‌လို့ကျန်းကျွင်းမော့မှာစိတ်သက်သာရာရသွားသည်။ ရွာလူကြီးအိမ်နီးကပ်လာချိန်တွင် သူသည်အနည်းငယ်စိတ်မအေးသလိုခံစားနေရတုန်းပင်။ အထဲမဝင်ခင်မှာ သူကသေချာအောင်နောက်တစ်ကြိမ်ထပ်မေးလိုက်သည်။
" မင်းဒီလိုလုပ်မှာကျိန်းသေပြီလား?"

လုရှသူ့ကိုအံ့အားသင့်တဲ့အကြည့်တစ်ချက်ပေးလိုက်သည်။
" ဒါပေါ့ သေချာပါတယ် ဘာဖြစ်လို့လဲ? ရှင် ‌သ‌ဘောတူညီချက်ပြန်ရုတ်သိမ်းဖို့ရည်ရွယ်နေတာလား?"

ကျန်းကျွင်းမော့ ခေါင်းကိုခပ်သွက်သွက်ယမ်းလိုက်သည်။
" မဟုတ်ပါဘူး ကျွန်တော်ပြန်မရုတ်သိမ်းပါဘူး"

လုရှပြုံးလိုက်သည်။ " ဒါဆိုကောင်းပြီ ရှင်သဘောတူညီထားတာကိုပြန်မရုတ်သိမ်းဘူးဆိုတော့ သူတို့မအိပ်ခင်အထဲမြန်မြန်ဝင်ကြတာပေါ့"

ထိုသို့ဆိုပြီး သူမသည်အပြင်ကနေတံခါးခေါက်ကာ အော်ခေါ်လိုက်သည်။
" ရွာလူကြီးအိမ်ထဲမှာရှိပါသလား?"

" အေး!"

အတွင်းမှအသံတစ်သံကပြန်ဖြေလိုက်ပြီး မကြာခင်တွင်ရွာလူကြီးရဲ့ဇနီးတံခါးလာဖွင့်ပေးလေသည်။ ရွာလူကြီးဇနီးသည်လုရှနဲ့ကျန်းကျွင်းမော့ကို မှတ်မိသွားပေမဲ့ သူတို့နှစ်ယောက်ကိုအတူတွဲမြင်လိုက်ရတော့ အံ့အားသင့်သွားခဲ့သည်။

" ပညာတတ်လူငယ်လု ပညာတတ်လူငယ်ကျန်း ဘာကိစ္စရှိလို့ပါလဲ?"

လုရှသူမကိုပြုံးပြလိုက်ပြီး " နှောင့်ယှက်မိလို့တောင်းပန်ပါတယ် အဒေါ်လီ ကျွန်မတို့ကိစ္စလေးရှိလို့ရွာလူကြီးကိုလာရှာတာပါ အိမ်မှာရှိလားဟင်?"

ရွာလူကြီးရဲ့ဇနီးကပြုံးလိုက်ကာ " ရှိပါတယ် လာ ဝင်ခဲ့ကြ"

လုရှနဲ့ကျန်းကျွင်းမော့တို့ ခြံဝင်းထဲဝင်လာခဲ့ကြသည်။ လုရှသည်သကြားညိုထည့်ထားတဲ့အိတ်ကို ရွာလူကြီးဇနီးထံပေါ့ပေါ့ပါးပါးလေးလှမ်းပေးလိုက်သည်။
" အဒေါ်‌လီ ရွာလူကြီးရဲ့ဂရုစိုက်မှုအတွက် ကျွန်မတို့ရဲ့ကျေးဇူးကိုဖော်ပြတဲ့အနေနဲ့ ယူလာစရာဘာမှတန်ဖိုးကြီးကြီးတော့မရှိပါဘူး ဒီသကြားညိုကကျွန်မတို့ရဲ့လက်ဆောင်ငယ်လေးပါ အဒေါ်လက်ခံပေးမယ်လို့မျှော်လင့်ပါတယ်"

ဒီစကားကြားလိုက်ရတော့ ရွာလူကြီးဇနီးသည်ချက်ချင်းကျေနပ်ဝမ်းသာသွားသည်။
" အိုး နင်တို့လူငယ်တွေကအမြဲတမ်းတစ်မျိုးမဟုတ်တစ်မျိုးနဲ့ပြောပြီး ယဉ်ကျေးလွန်းနေပါပြီကွယ်"

သူမကလုရှလက်ထဲကသကြားညိုအိတ်ကိုကြည့်လိုက်ပြီး အတော်လေးတန်ဖိုးရှိကြောင်းသိလိုက်သည်။ သကြားညိုတွေကဒီခေတ်မှာရဖို့ခက်ခဲပြီး သူမမှာမြေး‌ဖြစ်သူအတွက် နည်းနည်းပါးပါးဝယ်ပေးချင်ခဲ့ပေမဲ့ သူမမှာလက်မှတ်တွေမရှိရာ ကတ်တီတစ်ဝက်ပင်မဝယ်နိုင်ခဲ့ပေ။

ဒါပေမဲ့ အခုတော့ လုရှသည်အထူးတလည်ဖြစ်ရပ်တစ်ခုမှမရှိပါပဲ သူမကိုသကြားညိုတွေဒီလောက်အများကြီးပေးနေသည်။ သူမမိသားစုအတွက်ပြဿနာဖြစ်စေမိမှာကိုကြောက်တာကြောင့် ယူဖို့ဝေခွဲမရဖြစ်သွားသည်။ အဆုံးမှာတော့ သူမကအံကိုတင်းတင်းကြိတ်ပြီး ခေါင်းယမ်းလိုက်သည်။
" မဟုတ်ဘူး ပညာတတ်လူငယ်လု ပြန်ယူသွားပါကွယ် အဒေါ်လက်မခံနိုင်ဘူး"

သူမရဲ့ငြင်းပယ်မှုကြောင့် အံ့အားသင့်သွားခဲ့ပြီး လုရှမျက်ခုံးတွေမြင့်တတ်သွားသည်။ ရွာလူကြီးရဲ့ဇနီးကသွေးဆောင်မှုကို ကြံ့ကြံ့ခံနိုင်မယ်လို့ သူမမထင်ထားခဲ့ပေ။ သူမဘာမှဆက်မပြောနိုင်ခင်မှာ ရွာလူကြီးထွက်လာသည်။

" ပညာတတ်လူငယ်နှစ်ယောက်ရောက်နေကြပါလား? ဘာကိစ္စရှိလို့လဲ?"

လုရှသည်သကြားညိုထုတ်ကိုဆက်ကိုင်ထားဖို့ပဲတတ်နိုင်ပြီး ရွာလူကြီးကိုပြုံးပြလိုက်သည်။
" ကျွန်မတို့ရွာလူကြီးကိုဒုက္ခပေးစရာလေးရှိလို့ပါ"

ထို့နောက် သူမကကျန်းကျွင်းမော့ကိုတစ်ချက်ကြည့်ကာ ဆက်ပြောလိုက်သည်။
" ရဲဘော်ကျန်းနဲ့ကျွန်မကဒီကာလအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက်သိလာကြတော့ ကျွန်မတို့ကလိုက်ဖက်ညီတယ်လို့ထင်မိပါတယ် ဒါကြောင့် ကျွန်မတို့ကတော်လှန်ရေးလက်တွဲဖော်တွေဖြစ်လာဖို့ ရည်ရွယ်လိုက်ကြလို့ ကျွန်မတို့ကိုတရားဝင်အထောက်အထားထုတ်ပေးဖို့ ရွာလူကြီးကိုတောင်းဆိုချင်ပါတယ်"

ရွာလူကြီးသည်ခဏတာလောက်ကြက်သေသေသွားပြီး သကြားညိုတွေကိုသဘောကျနေတဲ့ ရွာလူကြီးဇနီးပင်လန့်ဖျပ်အံ့အားသင့်သွားသည်။
" မင်းတို့ကတရားဝင်အထောက်အထားထုတ်ပြီး လက်ထပ်မှတ်ပုံတင်ဖို့စီစဉ်နေကြတာလား?"
ရွာလူကြီး အံ့အားသင့်စွာမေးလိုက်သည်။

လုရှခေါင်းညိတ်လိုက်ကာ ရှက်ရွံ့စွာပြုံးလျက်ရှိနေပြီး ကျန်းကျွင်းမော့ကနှုတ်ဆိတ်မြဲဖြစ်ကာ လုရှကိုဆုံးဖြတ်ချက်ခွင့်ပြုထားသယောင်ရှိသည်။ သူတို့နှစ်ယောက်စလုံးစိတ်ရင်းအမှန်ဖြစ်ဟန်တူတာကို မြင်လိုက်ရတော့ ရွာလူကြီးရောရွာလူကြီးဇနီးပါ အံ့အားတသင့်ဖြစ်သွားကြသည်။

ဒီကာလအတောအတွင်းမှာ ရွာစာရင်းကိုင်မိသားစုရဲ့သမီးရှစ်ချွင်းယန်သည် ကျန်းကျွင်းမော့အပေါ်မျက်စိကျနေကြောင်း ရွာတစ်ခွင်လုံးမှာပျံ့နှံ့နေတာပင်။ ဘာပဲဖြစ်ပါစေ ကျန်းကျွင်းမော့ကနောက်ဆုံးမှာ ရှစ်ချွင်းယန်ကိုပဲလက်ထပ်ရမှာလို့ သူတို့ထင်ထားခဲ့ကြသည်။ ဒါကိုလုရှကကြားဝင်လာပြီး လက်ထပ်မှတ်ပုံတင်ဖို့ ဒီလောက်အလျင်အမြန်ဆုံးဖြတ်လိုက်မယ်လို့ မမျှော်လင့်ထားကြပေ။

ရွာလူကြီးရဲ့ဇနီးကသိချင်စိတ်ဖြစ်သွားကာ " ပညာတတ်လူငယ်လုနဲ့ပညာတတ်လူငယ်ကျန်းတို့က ဘယ်တုန်းကအချင်းချင်းသဘောကျသွားကြတာလဲ? အရင်ကဘာအရိပ်အယောင်မှမမြင်ဖူး‌လို့လေ"

လုရှ ရှက်ရွံ့ဟန်ဆောင်လိုက်ပြီး ပြုံးပြုံးလေးနဲ့ပေါက်ကရစကားတွေပြောတော့လေသည်။
" ကျွန်မတို့နှစ်ယောက်စလုံးကပေကျင်းကလေ အရင်ကမြို့မှာတုန်းကဆုံဖူးတယ် ဒါပေမဲ့ သိပ်မရင်းနှီးခဲ့ကြဘူး ကျေးလက်ကိုရောက်လာပြီး အတူတူဖြတ်သန်းပြီးတော့ ကျွန်မတို့ကတစ်ယောက်နဲ့တစ်ယောက်သင့်တော်တယ်ဆိုတာ သဘောပေါက်သွားခဲ့လို့ တရားဝင်အတူတူရှိကြတော့ဖို့ဆုံးဖြတ်လိုက်‌တာ"

သူမထိုစကားတွေပြောလိုက်သည်နှင့် ရွာလူကြီးဇနီးရဲ့စိတ်ကူးတွေသည် သူတို့နှစ်ယောက်ကအရင်တုန်းက အချင်းချင်းကျိတ်သဘောကျခဲ့ကြပြီး ကျေးလက်ကိုရောက်လာပြီးနောက်မှ ခံစားချက်တွေဖွင့်ဟလိုက်ကြတာအပါအဝင် မြင်ကွင်းအမျိုးမျိုးဖြင့်ခြေဆန့်သွားသည်။ သူတို့ကဘယ်လောက်တောင်လိုက်ဖက်ညီလိုက်တဲ့စုံတွဲလဲ နှစ်ယောက်စလုံးကပညာတတ်လူငယ်တွေပဲ။

သူမကပြုံးလိုက်ကာ " အိုး ဒီလိုတွေးကြည့်လိုက်တော့မှ ပညာတတ်လူငယ်လုနဲ့ ပညာတတ်လူငယ်ကျန်းက အတော်လေးလိုက်ဖက်ညီကြတာပဲ တစ်ယောက်ကအရည်အချင်းရှိတဲ့အမျိုးသားနဲ့ တစ်ယောက်ကလှပတဲ့အမျိုးသမီး"

အထူးသဖြင့် တကယ့်ကိုကြည့်ကောင်းလွန်းတဲ့ ပညာတတ်လူငယ်ကျန်းပင်။ ပညာတတ်လူငယ်လုလည်းမဆိုးပါဘူး။ သူမကကျေးလက်ကိုရောက်လာခါစကနဲ့ယှဉ်ရင် အတော်လေးပိုပြီးဆွဲဆောင်မှုရှိလာခဲ့ပုံရသည်။ ယှဉ်ကြည့်လိုက်ရင် မျက်လုံးတွေကအမြဲမတူမတန်သလိုဖြစ်နေတဲ့ ရှစ်ချွင်းယန်ထက် သူမကအများကြီးပိုသာသည်။

*

Zawgyi

Chapter 83  ႐ြာလူႀကီးအိမ္သို႔သြားေရာက္ျခင္း
.

လုရွသည္အေျခအေနေၾကာင့္ တုန္လႈပ္မေနတာကို ျမင္လိုက္ရလို႔က်န္းကြၽင္းေမာ့မွာစိတ္သက္သာရာရသြားသည္။ ႐ြာလူႀကီးအိမ္နီးကပ္လာခ်ိန္တြင္ သူသည္အနည္းငယ္စိတ္မေအးသလိုခံစားေနရတုန္းပင္။ အထဲမဝင္ခင္မွာ သူကေသခ်ာေအာင္ေနာက္တစ္ႀကိမ္ထပ္ေမးလိုက္သည္။
" မင္းဒီလိုလုပ္မွာက်ိန္းေသၿပီလား?"

လုရွသူ႕ကိုအံ့အားသင့္တဲ့အၾကည့္တစ္ခ်က္ေပးလိုက္သည္။
" ဒါေပါ့ ေသခ်ာပါတယ္ ဘာျဖစ္လို႔လဲ? ရွင္ သေဘာတူညီခ်က္ျပန္႐ုတ္သိမ္းဖို႔ရည္႐ြယ္ေနတာလား?"

က်န္းကြၽင္းေမာ့ ေခါင္းကိုခပ္သြက္သြက္ယမ္းလိုက္သည္။
" မဟုတ္ပါဘူး ကြၽန္ေတာ္ျပန္မ႐ုတ္သိမ္းပါဘူး"

လုရွၿပဳံးလိုက္သည္။ " ဒါဆိုေကာင္းၿပီ ရွင္သေဘာတူညီထားတာကိုျပန္မ႐ုတ္သိမ္းဘူးဆိုေတာ့ သူတို႔မအိပ္ခင္အထဲျမန္ျမန္ဝင္ၾကတာေပါ့"

ထိုသို႔ဆိုၿပီး သူမသည္အျပင္ကေနတံခါးေခါက္ကာ ေအာ္ေခၚလိုက္သည္။
" ႐ြာလူႀကီးအိမ္ထဲမွာရွိပါသလား?"

" ေအး!"

အတြင္းမွအသံတစ္သံကျပန္ေျဖလိုက္ၿပီး မၾကာခင္တြင္႐ြာလူႀကီးရဲ႕ဇနီးတံခါးလာဖြင့္ေပးေလသည္။ ႐ြာလူႀကီးဇနီးသည္လုရွနဲ႕က်န္းကြၽင္းေမာ့ကို မွတ္မိသြားေပမဲ့ သူတို႔ႏွစ္ေယာက္ကိုအတူတြဲျမင္လိုက္ရေတာ့ အံ့အားသင့္သြားခဲ့သည္။

" ပညာတတ္လူငယ္လု ပညာတတ္လူငယ္က်န္း ဘာကိစၥရွိလို႔ပါလဲ?"

လုရွသူမကိုၿပဳံးျပလိုက္ၿပီး " ႏွောင့္ယွက္မိလို႔ေတာင္းပန္ပါတယ္ အေဒၚလီ ကြၽန္မတို႔ကိစၥေလးရွိလို႔႐ြာလူႀကီးကိုလာရွာတာပါ အိမ္မွာရွိလားဟင္?"

႐ြာလူႀကီးရဲ႕ဇနီးကၿပဳံးလိုက္ကာ " ရွိပါတယ္ လာ ဝင္ခဲ့ၾက"

လုရွနဲ႕က်န္းကြၽင္းေမာ့တို႔ ၿခံဝင္းထဲဝင္လာခဲ့ၾကသည္။ လုရွသည္သၾကားညိုထည့္ထားတဲ့အိတ္ကို ႐ြာလူႀကီးဇနီးထံေပါ့ေပါ့ပါးပါးေလးလွမ္းေပးလိုက္သည္။
" အေဒၚလီ ႐ြာလူႀကီးရဲ႕ဂ႐ုစိုက္မႈအတြက္ ကြၽန္မတို႔ရဲ႕ေက်းဇူးကိုေဖာ္ျပတဲ့အေနနဲ႕ ယူလာစရာဘာမွတန္ဖိုးႀကီးႀကီးေတာ့မရွိပါဘူး ဒီသၾကားညိုကကြၽန္မတို႔ရဲ႕လက္ေဆာင္ငယ္ေလးပါ အေဒၚလက္ခံေပးမယ္လို႔ေမွ်ာ္လင့္ပါတယ္"

ဒီစကားၾကားလိုက္ရေတာ့ ႐ြာလူႀကီးဇနီးသည္ခ်က္ခ်င္းေက်နပ္ဝမ္းသာသြားသည္။
" အိုး နင္တို႔လူငယ္ေတြကအၿမဲတမ္းတစ္မ်ိဳးမဟုတ္တစ္မ်ိဳးနဲ႕ေျပာၿပီး ယဥ္ေက်းလြန္းေနပါၿပီကြယ္"

သူမကလုရွလက္ထဲကသၾကားညိုအိတ္ကိုၾကည့္လိုက္ၿပီး အေတာ္ေလးတန္ဖိုးရွိေၾကာင္းသိလိုက္သည္။ သၾကားညိုေတြကဒီေခတ္မွာရဖို႔ခက္ခဲၿပီး သူမမွာေျမးျဖစ္သူအတြက္ နည္းနည္းပါးပါးဝယ္ေပးခ်င္ခဲ့ေပမဲ့ သူမမွာလက္မွတ္ေတြမရွိရာ ကတ္တီတစ္ဝက္ပင္မဝယ္နိုင္ခဲ့ေပ။

ဒါေပမဲ့ အခုေတာ့ လုရွသည္အထူးတလည္ျဖစ္ရပ္တစ္ခုမွမရွိပါပဲ သူမကိုသၾကားညိုေတြဒီေလာက္အမ်ားႀကီးေပးေနသည္။ သူမမိသားစုအတြက္ျပႆနာျဖစ္ေစမိမွာကိုေၾကာက္တာေၾကာင့္ ယူဖို႔ေဝခြဲမရျဖစ္သြားသည္။ အဆုံးမွာေတာ့ သူမကအံကိုတင္းတင္းႀကိတ္ၿပီး ေခါင္းယမ္းလိုက္သည္။
" မဟုတ္ဘူး ပညာတတ္လူငယ္လု ျပန္ယူသြားပါကြယ္ အေဒၚလက္မခံနိုင္ဘူး"

သူမရဲ႕ျငင္းပယ္မႈေၾကာင့္ အံ့အားသင့္သြားခဲ့ၿပီး လုရွမ်က္ခုံးေတြျမင့္တတ္သြားသည္။ ႐ြာလူႀကီးရဲ႕ဇနီးကေသြးေဆာင္မႈကို ႀကံ့ႀကံ့ခံနိုင္မယ္လို႔ သူမမထင္ထားခဲ့ေပ။ သူမဘာမွဆက္မေျပာနိုင္ခင္မွာ ႐ြာလူႀကီးထြက္လာသည္။

" ပညာတတ္လူငယ္ႏွစ္ေယာက္ေရာက္ေနၾကပါလား? ဘာကိစၥရွိလို႔လဲ?"

လုရွသည္သၾကားညိုထုတ္ကိုဆက္ကိုင္ထားဖို႔ပဲတတ္နိုင္ၿပီး ႐ြာလူႀကီးကိုၿပဳံးျပလိုက္သည္။
" ကြၽန္မတို႔႐ြာလူႀကီးကိုဒုကၡေပးစရာေလးရွိလို႔ပါ"

ထို႔ေနာက္ သူမကက်န္းကြၽင္းေမာ့ကိုတစ္ခ်က္ၾကည့္ကာ ဆက္ေျပာလိုက္သည္။
" ရဲေဘာ္က်န္းနဲ႕ကြၽန္မကဒီကာလအတြင္းမွာ တစ္ေယာက္နဲ႕တစ္ေယာက္သိလာၾကေတာ့ ကြၽန္မတို႔ကလိုက္ဖက္ညီတယ္လို႔ထင္မိပါတယ္ ဒါေၾကာင့္ ကြၽန္မတို႔ကေတာ္လွန္ေရးလက္တြဲေဖာ္ေတြျဖစ္လာဖို႔ ရည္႐ြယ္လိုက္ၾကလို႔ ကြၽန္မတို႔ကိုတရားဝင္အေထာက္အထားထုတ္ေပးဖို႔ ႐ြာလူႀကီးကိုေတာင္းဆိုခ်င္ပါတယ္"

႐ြာလူႀကီးသည္ခဏတာေလာက္ၾကက္ေသေသသြားၿပီး သၾကားညိုေတြကိုသေဘာက်ေနတဲ့ ႐ြာလူႀကီးဇနီးပင္လန႔္ဖ်ပ္အံ့အားသင့္သြားသည္။
" မင္းတို႔ကတရားဝင္အေထာက္အထားထုတ္ၿပီး လက္ထပ္မွတ္ပုံတင္ဖို႔စီစဥ္ေနၾကတာလား?"
႐ြာလူႀကီး အံ့အားသင့္စြာေမးလိုက္သည္။

လုရွေခါင္းညိတ္လိုက္ကာ ရွက္႐ြံ႕စြာၿပဳံးလ်က္ရွိေနၿပီး က်န္းကြၽင္းေမာ့ကႏႈတ္ဆိတ္ၿမဲျဖစ္ကာ လုရွကိုဆုံးျဖတ္ခ်က္ခြင့္ျပဳထားသေယာင္ရွိသည္။ သူတို႔ႏွစ္ေယာက္စလုံးစိတ္ရင္းအမွန္ျဖစ္ဟန္တူတာကို ျမင္လိုက္ရေတာ့ ႐ြာလူႀကီးေရာ႐ြာလူႀကီးဇနီးပါ အံ့အားတသင့္ျဖစ္သြားၾကသည္။

ဒီကာလအေတာအတြင္းမွာ ႐ြာစာရင္းကိုင္မိသားစုရဲ႕သမီးရွစ္ခြၽင္းယန္သည္ က်န္းကြၽင္းေမာ့အေပၚမ်က္စိက်ေနေၾကာင္း ႐ြာတစ္ခြင္လုံးမွာပ်ံ့ႏွံ႕ေနတာပင္။ ဘာပဲျဖစ္ပါေစ က်န္းကြၽင္းေမာ့ကေနာက္ဆုံးမွာ ရွစ္ခြၽင္းယန္ကိုပဲလက္ထပ္ရမွာလို႔ သူတို႔ထင္ထားခဲ့ၾကသည္။ ဒါကိုလုရွကၾကားဝင္လာၿပီး လက္ထပ္မွတ္ပုံတင္ဖို႔ ဒီေလာက္အလ်င္အျမန္ဆုံးျဖတ္လိုက္မယ္လို႔ မေမွ်ာ္လင့္ထားၾကေပ။

႐ြာလူႀကီးရဲ႕ဇနီးကသိခ်င္စိတ္ျဖစ္သြားကာ " ပညာတတ္လူငယ္လုနဲ႕ပညာတတ္လူငယ္က်န္းတို႔က ဘယ္တုန္းကအခ်င္းခ်င္းသေဘာက်သြားၾကတာလဲ? အရင္ကဘာအရိပ္အေယာင္မွမျမင္ဖူးလို႔ေလ"

လုရွ ရွက္႐ြံ႕ဟန္ေဆာင္လိုက္ၿပီး ၿပဳံးၿပဳံးေလးနဲ႕ေပါက္ကရစကားေတြေျပာေတာ့ေလသည္။
" ကြၽန္မတို႔ႏွစ္ေယာက္စလုံးကေပက်င္းကေလ အရင္ကၿမိဳ႕မွာတုန္းကဆုံဖူးတယ္ ဒါေပမဲ့ သိပ္မရင္းႏွီးခဲ့ၾကဘူး ေက်းလက္ကိုေရာက္လာၿပီး အတူတူျဖတ္သန္းၿပီးေတာ့ ကြၽန္မတို႔ကတစ္ေယာက္နဲ႕တစ္ေယာက္သင့္ေတာ္တယ္ဆိုတာ သေဘာေပါက္သြားခဲ့လို႔ တရားဝင္အတူတူရွိၾကေတာ့ဖို႔ဆုံးျဖတ္လိုက္တာ"

သူမထိုစကားေတြေျပာလိုက္သည္ႏွင့္ ႐ြာလူႀကီးဇနီးရဲ႕စိတ္ကူးေတြသည္ သူတို႔ႏွစ္ေယာက္ကအရင္တုန္းက အခ်င္းခ်င္းက်ိတ္သေဘာက်ခဲ့ၾကၿပီး ေက်းလက္ကိုေရာက္လာၿပီးေနာက္မွ ခံစားခ်က္ေတြဖြင့္ဟလိုက္ၾကတာအပါအဝင္ ျမင္ကြင္းအမ်ိဳးမ်ိဳးျဖင့္ေျခဆန႔္သြားသည္။ သူတို႔ကဘယ္ေလာက္ေတာင္လိုက္ဖက္ညီလိုက္တဲ့စုံတြဲလဲ ႏွစ္ေယာက္စလုံးကပညာတတ္လူငယ္ေတြပဲ။

သူမကၿပဳံးလိုက္ကာ " အိုး ဒီလိုေတြးၾကည့္လိုက္ေတာ့မွ ပညာတတ္လူငယ္လုနဲ႕ ပညာတတ္လူငယ္က်န္းက အေတာ္ေလးလိုက္ဖက္ညီၾကတာပဲ တစ္ေယာက္ကအရည္အခ်င္းရွိတဲ့အမ်ိဳးသားနဲ႕ တစ္ေယာက္ကလွပတဲ့အမ်ိဳးသမီး"

အထူးသျဖင့္ တကယ့္ကိုၾကည့္ေကာင္းလြန္းတဲ့ ပညာတတ္လူငယ္က်န္းပင္။ ပညာတတ္လူငယ္လုလည္းမဆိုးပါဘူး။ သူမကေက်းလက္ကိုေရာက္လာခါစကနဲ႕ယွဥ္ရင္ အေတာ္ေလးပိုၿပီးဆြဲေဆာင္မႈရွိလာခဲ့ပုံရသည္။ ယွဥ္ၾကည့္လိုက္ရင္ မ်က္လုံးေတြကအၿမဲမတူမတန္သလိုျဖစ္ေနတဲ့ ရွစ္ခြၽင္းယန္ထက္ သူမကအမ်ားႀကီးပိုသာသည္။

*

Continue Reading

You'll Also Like

130K 3.5K 17
𝑰𝒍 𝑫𝒐𝒕𝒕𝒐𝒓𝒆 '𝑻𝒉𝒆 𝑫𝒐𝒄𝒕𝒐𝒓' 𝒙 𝑭𝒆𝒎 𝑹𝒆𝒂𝒅𝒆𝒓. 𝒀/𝒏,𝑻𝒉𝒆 𝑫𝒐𝒄𝒕𝒐𝒓'𝒔 𝒃𝒆𝒔𝒕 𝒄𝒓𝒆𝒂𝒕𝒊𝒐𝒏.𝑺𝒉𝒆 𝒘𝒂𝒔 𝒕𝒐𝒐𝒌 𝒂�...
265K 13K 61
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...
242K 9.6K 32
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚