" အစ်ကို "
" ပြောလေ ဟေဇယ် "
ခါးတစ်ဝိုက်၌ နွေးထွေးမှုကိုခံစားလိုက်ရပြီး ပုခုံးပေါ်၌လည်း အလေးချိန်တစ်ခုကို ခံစားလိုက်ရသည်။အချွဲပိုကာ ကပ်နေတဲ့ ကောင်လေးကြောင့် ဂျယ်ဟျော့မှာ ပြန်ဖို့တောင်စိတ်မဖြောင့်ချင်။
" လွမ်းနေရတော့မှာပဲ .. "
ပိုပြီးတင်းကြပ်လာတဲ့ ခါးတစ်နေရာနဲ့အတူ ဂျယ်ဟျော့ပါးပေါ်သို့ အနမ်းတစ်ပွင့်ခြွေလာသူက ခွေးပေါက်ကလေးကဲ့သို့ တအီအီချွဲနေပြန်သည်။
" အချိန်ရရင် ရသလို ကိုယ်ဖုန်းဆက်ပါ့မယ် "
" ကျွန်တော့်မျက်လုံးတွေ သက်သာလာရင် ကောင်းမယ် .. ကျွန်တော် အစ်ကို့မျက်နှာကို ပြန်မြင်ချင်ပြီ "
စို့နင့်ဖွယ်စကားစုလေးကြောင့် အ၀တ်အစားထည့်နေတဲ့ ဂျယ်ဟျော့ရဲ့ လက်တွေက ရပ်တန့်ကုန်ပြီး ဂျယ်ဟျော့က သက်ပြင်းချသည်။
" ညနေကြရင် ကိုယ်မင်းကို အိမ်ပြန်လိုက်ပို့ပေးမယ် .. ဂရုစိုက်ပြီးနေနော် ။ ကိုယ်စိတ်မပူချင်ဘူး ဟေဇယ် "
" ဟုတ် .. အစ်ကိုလည်းဂရုစိုက် ။ ကျွန်တော်လွမ်းနေမယ် "
" ဟုတ်ပါပြီ "
မခွဲခွာခင်က အလွမ်းပိုကာ တအီအီချွဲနေတဲ့ ပြင်သစ်ကောင်လေးကြောင့် တည်ငြိမ်အေးစက်လှပါသည်ဟု အမည်တွင်တဲ့ ယွန်းဂျယ်ဟျော့ဟာ သွားဖြူလေးတွေ ပေါ်အောင်ထိပြုံးနေခဲ့သည်။
•
စက်လှေသံနဲ့လေတိုက်ခတ်သံတွေကြား တစစပေါ်ထွက်လာတဲ့ ရယ်သံချိုချိုလေးတွေက 𝘱𝘢𝘳𝘪𝘴 𝘢𝘳𝘴𝘦𝘯𝘢𝘭 𝘱𝘰𝘳𝘵 မှာလမ်းလျှောက်နေတဲ့ ကောင်လေးနှစ်ယောက်စီမှဖြစ်သည်။
“ ကိုကိုနဲ့ ဒီလိုဖြတ်သန်းရတာ တကယ်ကောင်းတာပဲ ။ ကိုရီးယားပြန်မလွတ်ဘဲ အပိုင်ဖမ်းထားလိုက်ရမှာမလား ဟင် ”
ဂျယ်ဟျော့ခါးကိုခပ်တင်းတင်းဖက်ကာ သူ့ခန္ဓာကိုယ်ကြီးမှအားမနာ မှီတွဲပြီး ချွဲနေတဲ့ ဂျက်စတင်ကြောင့် ဂျယ်ဟျော့က အသံထွက်အောင်ရယ်သည်။အကဲပိုနေတဲ့ကောင်လေးရဲ့ လက်မောင်းကို မနာအောင် အသာထုရင်း
“ အရမ်းချွဲတာပဲ ဟေဇယ်ရာ .. သူများတွေကတော့ မင်းကို ကိုယ့်သားလို့ထင်ကုန်တော့မှာပဲ ”
ခြေလမ်းတွေကိုရပ်တန့်ပြီး မျက်မှောင်ကြီးကျုံ့ကာ ဂျယ်ဟျော့ကြည့်လာတဲ့ ဂျက်စတင်က မကျေနပ်နေဟန်။ဂျယ်ဟျော့က အသံထွက်အောင်ရယ်ပြီး ချောင်းတစ်ချက်ဟန့်ကာ မသိသလိုဟန်ဆောင်နေလိုက်တော့ ကောင်လေးစီမှ အသံထွက်လာသည်။
“ ၂ နှစ်ပဲကွာတာကို သားလို့ထင်နေရင်တော့ ယွန်းဂျယ်ဟျော့က အိုနေလို့ပဲဖြစ်မယ် ! ”
အရှုံးမပေးဘဲ ပြန်ရန်တွေ့လာတဲ့ ဂျက်စတင်က သူများအမြင်တော့ ရုပ်ကြမ်းကြီးနဲ့ ဖြစ်နေပေမယ့် ဂျယ်ဟျော့အမြင်မှာတော့ အရမ်းကိုချစ်ဖို့ကောင်းနေသည်။ပင်လယ်ပြာရောင်ဆံနွယ်တွေက လေအဝေ့မှာ လှုပ်ခတ်သွားပြီး ဂျက်စတင့်မျက်နှာနုနုကို ထိခတ်နေသည်။ဂျယ်ဟျော့က အင်းအဲပြန်မပြောတာကြောင့် ကောင်လေးရဲ့ မျက်ခုံးတန်းတွေက ပိုလို့ပင်စုကျုံ့ကုန်သည်။
“ ဒါမှမဟုတ် သားလို့မထင်အောင် ယွန်းဂျယ်ဟျော့ကို လူမြင်ကွင်းမှာ အသက်ရှူကြပ်အောင်နမ်းလိုက်ရမလား ? ”
အအေးဒဏ်ကြောင့် ရဲနေတဲ့ ဂျယ်ဟျော့ရဲ့ ပါးနဲ့နားတွေက ဂျက်စတင့်စကားလုံးတွေကြောင့် ပိုလို့ပင် ရဲသွားရသည်။ဒီကောင်လေးက စိတ်မထင်ရင်မထင်သလို ဒီလိုစကားလုံးတွေပြောတတ်သေးတာ။
“ ဘာလို့ ပြင်သစ်လိုကြီးပြောချလိုက်တာလဲ ဟေဇယ် !? ”
ဂျယ်ဟျော့က နှစ်ကိုယ်ကြားရုံမျှသာ ခပ်ကြိတ်ကြိတ်ဆူသည်။ဂျက်စတင်ကတော့ လုပ်ချင်တာလုပ်လိုက်ရလို့ ကျေနပ်နေသလိုအပြုံးကြီးကို နှုတ်ခမ်းမှာ ချိတ်ဆွဲထားသည်။
“ ပြန်မဖြေဘဲစကားလွှဲနေပုံထောက်ရင် အနမ်းခံချင်နေတာလား ? ”
ဆက်ဆက်ထိမခံတဲ့ လူကြီးလေးကို ဂျက်စတင်က ထပ်မံ၍စနေမိပြန်သည်။အနှီးလူကြီးလေးက မနိုင်တော့မှန်းသိတော့ နောက်ဆုံးလက်နတ်ကြီးကို ထုတ်သုံးလေတော့သည်။
“ တော်ပြီကွာ ပြန်တော့မယ် ။ မင်းကို အိမ်ပြန်လိုက်ပို့ပြီး လေယာဉ်ကွင်းကို သွားတော့မယ် ”
“ ဟာ အစ်ကိုကလည်း .. ကျွန်တော်က စတာကို ။ ရက်စက်တော့မှာလား ”
ဘာသံမှထပ်မထွက်လာဘဲ လမ်းကိုသာဆက်လျှောက်နေသူကြောင့် ခါးကိုသေချာဖက်ထားရင်း ဘေးမှကပ်ပါလာခဲ့ရပြန်သည်။အချစ်ဆုံးလေးက လက်နတ်ကြီးထုတ်သုံးတော့ ဂျက်စတင်ဟေဇယ်ကလည်း လက်နတ်ကြီးထုတ်သုံးရတော့မှာပေါ့လေ။
“ အချစ်ကလေး .. အချစ်ဆုံးလေး .. ကိုကို .. ကောက်လုံးလေး .. အူးဝါး ဂျက်ဂျက်ငိုမှာနော် ”
“ WT .. ”
ဂျယ်ဟျော့ ကိုယ့်နားကိုယ်မယုံနိုင်လောက်အောင် ဖြစ်သွားကာ ဘေးက လူကိုကြည့်မိတော့ မျက်နှာကြီးတည်ထားသည်။ဂျယ်ဟျော့ နားကြားများလွဲတာလား။
“ ဟေဇယ် .. ? တကယ်ကြီး မင်းလား !? ”
“ ဒီက ရည်းစားကြီးမဟုတ်လို့ ဘယ်က ရည်းစားဖြစ်ဉီးမှာလဲ ! ”
ရုတ်ချင်းပြောင်းလဲသွားတဲ့ ခွေးပေါက်လိုမျက်နှာလေးကြောင့် ဂျယ်ဟျော့မှာ ရင်ဘတ်ထဲလိပ်ပြာတွေ ပျံနေသလို ယားကျိကျိဖြစ်လာရသည်။
“ တော်တော့ကွာ ရုပ်ကြမ်းကြီးနဲ့ လာချွဲနေတယ် ! ”
“ မချစ်ဘူးလား ! မချစ်ဘူးလားလို့ ! ”
ဒါလား စကားနည်းပါတယ်ဆိုတဲ့ ဂျက်စတင်။ဒါလား အရှက်အကြောက်ကြီးပါတယ်ဆိုတဲ့ ဂျက်စတင်။လူစားထိုးထားသလားလို့တောင်ထင်ရသည်။
“ အပနှင်ဆရာစီသွားမှထင်တယ် .. မှန်းစမ်း ဖျားနေသလား ဟေဇယ် ”
“ ဟာ ကိုကို ! ”
ချစ်ဖို့ကောင်းမှုတစ်သိန်းကျော်လောက်ကို ထုတ်ပြတာတောင် ပျော့မလာဘဲ အကန်တွေကြီး ပြောနေသူကြောင့် ဂျက်စတင့် မျက်နှာက ပြိုတော့မဲ့မိုးလိုဖြစ်လာရသည်။ aegyo လုပ်ပြီး ကျရှုံးတာက တကယ်ကိုဆိုးဝါးတာပဲ။
“ ချစ်ဖို့ကောင်းတယ် .. ဘယ်လိုလေးလဲကွာ တည်ငြိမ်တဲ့ ဂျက်စတင်ဟေဇယ်မဟုတ်တော့သလိုပဲ ! ”
အူယားလာမှုကိုမထိန်းနိုင်တာကြောင့် လူရှင်းတုန်းမှာပင် ကောင်ငယ်လေးရဲ့ ပါးကို မွှေးကြူလိုက်သည်။လက်နတ်အကြီးစားကြီးထုတ်သုံးကာ ချော့လိုက်ရတဲ့ ကောင်လေးမှာတော့ ထိုအနမ်းတစ်ပွင့်ထဲနဲ့တင် နွားပွဲစားကြီးလိုပြုံးဖြီးလာတော့သည်။
“ ဒီလောက်နဲ့မရဘူးနော် ကျွန်တော်ပြန်နမ်းပစ်ဉီးမှာ လာထား ! ”
တီ တီ (ကားဟွန်းသံ)
“ အစ်ကိုလေး .. အဲ အချိန်ကောင်းကို ဖျက်စီးမိပြီထင်တယ် ”
ဆူထော်ကာ ဂျယ်ဟျော့မျက်နှာနားကိုကပ်လာတဲ့ ဂျက်စတင့်နှုတ်ခမ်းကို ဂျယ်ဟျော့က အလန့်တကြား လက်နဲ့ကာလိုက်သည်။ဂျက်စတင့်မျက်နှာကြီးကတော့ မှောင်မဲသွားချေပြီ။အချိန်ကောင်းဆို လာဖျက်စီးပြီ ဆိုဂျောင်ဟွမ်။
“ ဪ ဂျောင်ဟွမ် ! .. အာ သုံးနာရီတောင်ထိုးနေပြီပဲ ။ ဟေဇယ် .. အိမ်ပြန်ရအောင် ”
ဂျက်စတင်မှာတော့ အင်းအဲတောင်မလုပ်နိုင်ပဲ ဆိုဂျောင်ဟွမ်နဲ့ အချိန်ကိုသာ မေတ္တာတွေပို့နေလေတော့သည်။ကားလေးက တရွေ့ရွေ့နဲ့မောင်းလာသည်မှာ နာရီ၀က်လောက်ကြာတော့ ဂျက်စတင်တို့ စံအိမ်ကြီးရှိသည့် ခြံ၀န်းရှေ့သို့ရောက်လေပြီ။
“ ကားရပ်ပေးပါ .. လမ်းလျှောက်ပြီးပဲ အိမ်ထဲ၀င်ရအောင် ကိုကို ”
လေယာဉ်က ငါးနာရီမှထွက်မည်မို့ ဂျက်စတင့်စကားကို ဂျယ်ဟျော့ လက်ခံလိုက်သည်။ကားထဲမှ ဂျက်စတင်ရဲ့အ၀တ်စားအိတ်ကို ကိုယ်တိုင်သယ်ရင်း ဂျောင်ဟွမ့်ကို ခြံရှေ့မှာသာ စောင့်နေရစ်စေလိုက်သည်။ခြံကြီးက အတော်ကျယ်တာကြောင့် ဆယ်မိနစ်နီးပါးတော့ လမ်းလျှောက်ရမည်ဖြစ်သည်။
“ ကျွန်တော် အစ်ကို့ကို ပေးစရာရှိတယ် ”
“ ဟွန် .. ဘာပေးမလို့လဲ ? ”
လမ်းလျှောက်တာကို မရပ်ပစ်ဘဲ ဂျက်စတင်က ဂျယ်ဟျော့အနားကို ပိုတိုးကပ်လာကာ လမ်းဆက်လျှောက်နေသည်။
“ ဟေဇယ် .. ”
“ နမ်းချင်တယ် မဟုတ်ဘူး ကျွန်တော်တို့ နမ်းရအောင် ”
ဆွံ့အသွားမှုနဲ့အတူ ဂျယ်ဟျော့ ခေါင်းညိမ့်မိလိုက်သလား။ခေါင်းခါမိလိုက်သလားဆိုတာတော့ ကိုယ်တိုင်တောင်မသိလိုက်၊သို့ပေမယ့် အိစက်စက်နှုတ်ခမ်းတစ်စုံကတော့ ဂျယ်ဟျော့ နှုတ်ခမ်းကို ထိကပ်လာသည်။
ပြင်းရှလွန်းတဲ့ အနမ်းကြောင့် အ၀တ်ထုတ်ကိုတောင် ပစ်ချမိတော့မလို၊ပိုပိုတင်းကြပ်လာတဲ့ ခါးတစ်နေရာနဲ့အတူ ဂျက်စတင်ရဲ့ လျှာဖျားနွေးနွေးက ဂျယ်ဟျော့ အာခံတွင်းထဲကို ကျူးကျော်လာသည်။အသံတွေထွက်အောင်ထိ နမ်းပြီးတဲ့နောက်မှာတော့ ဂျယ်ဟျော့ရဲ့ နှုတ်ခမ်းတွေက ထူပူနေပြီဖြစ်သည်။
“ ချစ်လွန်းလို့ ရူးတော့မလိုပဲ ”
ပုခုံးပေါ် မေးတင်ကာ တအီအီချွဲလာပြန်တဲ့ ကောင်လေးက အခုတော့ ဆွဲဆောင်မှုရှိစွာချွဲနေတာဖြစ်သည်။ယောက်ျားဆန်တဲ့ အငွေ့သက်တွေပြည့်နှက်နေတဲ့ အမျိုးသားက ဂျယ်ဟျော့ကို အပြီးတိုင်နစ်၀င်အောင် ညှို့ယူနေသည်။
“ ဒီနှုတ်ခမ်းအိအိလေးရော ဒီပုခုံးနွေးနွေးလေးကိုရော ဒီလူလွမ်းနေရတော့မှာပဲ ”
မိနစ်အနည်းငယ်ကြာအလွမ်းသယ်ပြီးတော့ ဂျယ်ဟျော့တို့ လမ်းဆက်လျှောက်လာခဲ့သည်။ဂျက်စတင်ပြန်လာမယ်ဆို၍ စောင့်ကြိုနေသော အန်တီကြီးနဲ့ ရူဘီဂျိန်းက ဂျက်စတင်ကိုမြင်သည်နှင့် အပြေးရောက်လာသည်။
“ သခင်လေး .. ကျွန်မက လွမ်းနေတာ ”
“ ဪ အက်ဒလိုင်း ”
တုန့်ပြန်မှုက ဒီလောက်သာ။အက်ဒလိုင်းကတော့ ရိုးနေပြီဖြစ်သဖြင့် အပြုံးတွေ မရပ်စဲနိုင်။ရူဘီဂျိန်းက ဂျယ်ဟျော့စီ လျှောက်လာပြီး ပြုံးကာ
“ မောင်လေးကို သေချာဂရုစိုက်ပေး၊ချစ်ပေးတာ အရမ်းကျေးဇူးတင်ပါတယ်ရှင် ။ ယွန်းဂျယ်သာ မရှိရင် ဂျက်စတင်ကတော့ မဖြစ်လောက်ဘူး ။ ပြီးတော့ တို့လည်း ယွန်းဂျယ်ကို မတ် တော်ဖို့မစောင့်နိုင်တော့ပါဘူးနော် ”
ရူဘီဂျိန်းရဲ့ ရင်းရင်နှီးနှီးပြုမူပုံကို အသိအမှတ်ပြုကာ ဂျယ်ဟျော့ ပြုံးလိုက်သည်။ဒီရပ်၀န်းက ထင်ထားတာထက်ပိုပြီး နွေးထွေးပါသည်။
“ ဟေဇယ်က ရူဘီဂျိန်းကိုပြောလားမသိပေမယ့် သူကညညဆို အိပ်မက်ဆိုးတတ်လို့ သေချာလေး စောင့်ကြည့်ပေးပါဉီး။ဒါဆို ကိုယ်ပြန်ပါတော့မယ် ”
ဂျက်စတင်ကတော့ ဂျယ်ဟျော့ပြောတာကြားမှာမဟုတ်ပေ။ဘာလို့ဆို အက်ဒလိုင်းဆိုတဲ့အမျိုးသမီးကြီးက စံအိမ်အတွင်းသို့ ခေါ်သွားနှင့်ပြီလေ။
“ အစ်ကိုလေး .. လေယာဉ်ချိန်နီးနေပါပြီ ”
စံအိမ်ထဲကို ကားနဲ့လိုက်၀င်လာတဲ့ ဂျောင်ဟွမ်က ကားမှန်ကိုချရင်း ပြောသည်။ဂျယ်ဟျော့ ခေါင်းငြိမ့်ပြလိုက်ပြီး ရူဘီဂျိန်းကို ထပ်မံနှုတ်ဆက်ကာ ကားပေါ်တက်ခဲ့လိုက်သည်။
𝘗𝘢𝘳𝘪𝘴 𝘊𝘩𝘢𝘳𝘭𝘦𝘴 𝘋𝘦 𝘎𝘢𝘶𝘭𝘭𝘦 𝘈𝘪𝘳𝘱𝘰𝘳𝘵
နောက်ငါးမိနစ်နေရင်ပင် ထွက်ခွာတော့မယ့် လေယာဉ်ကြောင့် ဆိုဂျောင်ဟွမ်က ကွင်းထဲထိ အရောက်လိုက်ပို့ပေးရှာသည်။လပိုင်းမျှသာ ရင်းနှီးသေးပေမယ့် ဆိုဂျောင်ဟွမ်က ဂျယ်ဟျော့ရဲ့ စိတ်ကိုနားလည်သည်။
“ အစ်ကိုလေးသာ အ၀တ်စားအိတ်ယူရင် ဒီနေ့တော့ လေယာဉ်မမှီလောက်တော့ဘူး ။ မယူလို့ တော်သေးတာပေါ့ ဟူး .. ”
ဂျယ်ဟျော့ထက်ပင် ပိုလောနေတဲ့ ဆိုဂျောင်ဟွမ်ကြောင့် ဂျယ်ဟျော့ ပြုံးမိသေးသည်။ဒီအပြုံးက ဒီတစ်ပတ်အတွက် စစ်မှန်တဲ့နောက်ဆုံးအပြုံးသာဖြစ်သည်။ကိုရီးယားကိုခြေချလိုက်တာနဲ့ ဂျယ်ဟျော့က အယောင်ဆောင်လူလိုသာ ဖြစ်ရတော့မည်။
“ ဂျက်စတင်ဟေဇယ်ကို သေချာစောင့်ရှောက်ထားပေး .. ဂျောင်ဟွမ် ။ သူ ဘွားရဲ့ လူယုံတွေ စောင့်ကြည့်တာခံနေရတာမျိုး ကိုယ်မလိုချင်ဘူး ”
“ ကျွန်တော် နားလည်ပါပြီ အစ်ကိုလေး ”
“ ဒါဆို ကိုယ်စိတ်ချမယ် ”
လက်ပြနှုတ်ဆက်နေတဲ့ ဆိုဂျောင်ဟွမ်ကို ပြန်လည်နှုတ်ဆက်ရင်း ဂျယ်ဟျော့ အသက်ပြင်းပြင်းရှုလိုက်မိသည်။နောက်ဆုံးတော့ ပူလောင်ရဉီးမှာပဲ။
•
31 𝘋𝘦𝘤𝘦𝘮𝘣𝘦𝘳 , 2003
𝘚𝘰𝘶𝘵𝘩 𝘒𝘰𝘳𝘦𝘢 𝘐𝘯𝘤𝘩𝘦𝘰𝘯 𝘈𝘪𝘳𝘱𝘰𝘳𝘵
အမိမြေပေါ်ခြေချလိုက်တာနဲ့ ဂျယ်ဟျော့ရဲ့ မျက်နှာက ခံစားချက်မဲ့တဲ့လူပမာ တည်ငြိမ်သွားသည်။မနက်၆နာရီကျော်သာ ရှိသေးသည်မို့ လေယာဉ်ကွင်းမှာ လူသိပ်မရှုပ်သေး၊ကြိုတင်ကာရောက်နေတဲ့ အိမ်က ဒရိုက်ဘာက ဂျယ်ဟျော့စီက အထုပ်တွေ ဆွဲဖို့ရောက်လာသည်။
“ အာ .. အထုပ်တွေမယူခဲ့ဘူးပဲ သခင်လေးယွန်း ”
“ ကျွန်တော် နားချင်ပြီ ”
“ ဟုတ်ကဲ့ သခင်လေးယွန်း ကားက ဒီဘက်မှာပါ ”
အပိုတွေလုပ်နေတဲ့ ဒရိုက်ဘာကိုကြည့်ပြီး ဂျယ်ဟျော့ စိတ်ပျက်မိသည်။ပြီးရင်ဖြင့် ယွန်းဂျယ်ဟျော့မကြောင်း ပြောကြဉီးမှာပဲကို ဟန်ဆောင်ပြနေပြန်ပြီ။
ကားမှန်ဖွင့်ကာ ပတ်၀န်းကျင်ရှုခင်းကိုကြည့်ရင်း ဂျယ်ဟျော့ သက်ပြင်းချနေမိသည်။နီးကပ်လာတဲ့ ဂျယ်ဟျော့တို့ လူကုန်ထံတွေနေတဲ့ ရပ်ကွက်နဲ့အတူ တိတ်ဆိတ်လာတဲ့ ပတ်၀န်းကျင်၊ရှုခင်းတွေအစား တိုက်အကြီးကြီး၊ခြံအကြီးကြီးတွေသာ မြင်ကွင်းကိုကြီးစိုးလာသည်။ထိုထဲမှ သာလွန်ကာပိုကြီးပြီး၊ပိုကျယ်နေသည်က ဂျယ်ဟျော့တို့ရဲ့ ယွန်းအိမ်တော်ဖြစ်သည်။
အိမ်တော်ထဲ ကား၀င်လိုက်တာနဲ့ အစေခံပေါင်းများစွာက အိမ်တော်အ၀မှ စ၍ အိမ်ဝောာ် တံခါးရှေ့ထိ တန်းစီကာ ရပ်နေကြသည်။ဆောင်းတွင်းဆိုသော်ညား နေကတော့ပူသည်မို့ အလကားနေ အပြစ်ပေးခံနေရသလိုပဲမလား။
“ သခင်လေးယွန်းကို ယွန်းအိမ်တော်က ပြန်လည်ကြိုဆိုပါတယ် ”
အိမ်တော်ထိန်းကြီးတွေနဲ့ နို့ထိန်းအန်တီနှစ်ယောက်က ဂျယ်ဟျော့ကိုနှုတ်ဆက်ကြသည်။အပေါ်ယံနှုတ်ဆက်မှုဖြစ်သည်မို့ ဂျယ်ဟျော့ အရေးမစိုက်နေဘဲ ဘွားကိုသာ ဖက်တွယ်လိုက်သည်။
“ ကျန်းမာနေရဲ့လား ဘွား ”
“ မာပါ့ရှင် ! ဘွား မြေးလေး ပင်ပန်းနေရောပေါ့ သွားသွား သွားနားလိုက်ဉီး ”
ဂျယ်ဟျော့ ခေါင်းငြိမ့်ပြလိုက်ပြီး ဘွားရဲ့ ပါးကိုတစ်ချက်အနမ်းပေးလိုက်သည်။ဘွားကတော့ ကျေနပ်နေဟန် ပြုံးနေ၏။
“ ကျွန်တော်ရောက်ပါပြီ ပါးနဲ့ မား”
၀တ္တရားအရနှုတ်ဆက်လိုက်ပြီးနောက် အိမ်ထဲကို ၀င်လာခဲ့တော့ ဂျယ်ယောင်းက မျက်နှာတည်နဲ့ ရပ်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ပုံမှန်ဆို ဂျယ်ယောင်းက ဒီအချိန်မနိုးသေးပေ။ဒီလိုနိုးနေပုံထောက်ရင်တော့ ဂျယ်ဟျော့၌ ပြဿနာရှိချေပြီ။
“ ဪ .. ငါပြန်ရောက်ပြီ ဂျယ်ယောင်း ”
စကားပြောချင်စိတ်မရှိသည်မို့ စကားစအရင်ဖြတ်ပြီး ဂျယ်ဟျော့ လှေကားစီကို ဉီးတည်သွားမိသည်။
“ ဟွန်း .. ပြန်ပြန်လာချင်းကို ကပ်ဖားသွားခဲ့သေးတာပဲနော် ယွန်းဂျယ်ဟျော့ ”
ဂျယ်ယောင်းရဲ့ ခနဲ့တဲ့အသံနဲ့ ဆိုလိုရင်းကို ဂျယ်ဟျော့ သဘောပေါက်ပေမယ့် မြင်မြင်ချင်း စကားမများချင်တာကြောင့် ကိုယ့်လမ်းကိုယ်သာ ဆက်သွားဖို့ ဉီးနှောက်ကို အသိပေးလိုက်သည်။
“ နင့်အသက် ၂၄ နှစ်တောင်ပြည့်တော့မယ် .. ။ အခုထိ ဘာကဘာဆိုတာကို သဘောမပေါက်သေးတာ သနားစရာပဲ ။ မားပြောသလို .. နင်က ဘွား မွေးစားထားတဲ့ ကလေးလား ဂျယ်ဟျော့ ”
“ အကြီးကို အကြီးလိုဆက်ဆံ ယွန်းဂျယ်ယောင်း .. မလေးစားရင်နေ မစော်ကားနဲ့ ”
“ ဟက် .. ခွေးပါးစပ်က နတ်စကားထွက်လို့ ! နင့်အဆင့်နင်သိစမ်းပါ ”
သည်းခံနိုင်တဲ့ အတိုင်းတာကို ကျော်လွန်လာပြီမို့ ကျောပေးထားရာမှ မျက်နှာချင်းဆိုင်ဖြစ်အောင် ဂျယ်ဟျော့ လှည့်လိုက်ပြီး ဂျယ်ယောင်းအနားကို သုံးလှမ်းမျှ လျှောက်သွားလိုက်သည်။
“ ငါမပေးရင် မရမဲ့အခြေနေမှာ နင်က ရှိနေတာ ဂျယ်ယောင်း .. အဲ့တာ ငါ့အဆင့်ပဲ ”
မျက်နှာကြီးမှောင်မဲကာ လက်သီးကိုတင်းတင်းဆုပ်ထားတဲ့ ဂျယ်ယောင်းရဲ့ အမူအရာကြောင့် ဂျယ်ဟျော့ လှောင်ပြုံး ပြုံးမိသည်။အဲ့စရိုက်တွေကြောင့် ယွန်းအီဟျော့ဆိုတဲ့ အမျိုးသမီးကြီးက ဂျယ်ဟျော့ကို မြေးအဖြစ် သတ်မှတ်နိုင်တာဖြစ်မည်။
“ ကောင်းကောင်းရှင်သန်လိုက်ပါဉီး ဂျယ်ယောင်း ”
နှုတ်ခမ်းကို တင်းတင်းကိုက်ကာ မကျေမနပ်ဖြစ်နေတဲ့ ဂျယ်ယောင်းရဲ့ ပုခုံးကို အသာပုတ်ကာ ဂျယ်ဟျော့ပြောခဲ့လိုက်ပြီး လှည့်ထွက်လာခဲ့လိုက်သည်။တစ်ပတ်လုံးလုံး ဒီစရိုက်၊ဒီမျက်နှာ၊ဒီခံစားချက်၊ဒီအချိုးတွေနဲ့ပဲ ရှင်သန်ရဉီးမှာကိုသိတော့ ဂျယ်ဟျော့ သက်ပြင်းချမိပြန်သည်။
𝐉𝐚𝐞𝐮𝐧
29.4.2024
( A / N - ယွန်းဂျယ်ဟျော့ရဲ့ အချေစရိုက်ကို ကောင်းကောင်းကြီးမြင်ရတော့မှာဖြစ်ပါတယ် )
.
.
.
.
.
.
.
.
" အစ္ကို "
" ေျပာေလ ေဟဇယ္ "
ခါးတစ္ဝိုက္၌ ႏြေးေထြးမႈကိုခံစားလိုက္ရၿပီး ပုခုံးေပၚ၌လည္း အေလးခ်ိန္တစ္ခုကို ခံစားလိုက္ရသည္။အခြၽဲပိုကာ ကပ္ေနတဲ့ ေကာင္ေလးေၾကာင့္ ဂ်ယ္ေဟ်ာ့မွာ ျပန္ဖို႔ေတာင္စိတ္မေျဖာင့္ခ်င္။
" လြမ္းေနရေတာ့မွာပဲ .. "
ပိုၿပီးတင္းၾကပ္လာတဲ့ ခါးတစ္ေနရာနဲ႕အတူ ဂ်ယ္ေဟ်ာ့ပါးေပၚသို႔ အနမ္းတစ္ပြင့္ေႁခြလာသူက ေခြးေပါက္ကေလးကဲ့သို႔ တအီအီခြၽဲေနျပန္သည္။
" အခ်ိန္ရရင္ ရသလို ကိုယ္ဖုန္းဆက္ပါ့မယ္ "
" ကြၽန္ေတာ့္မ်က္လုံးေတြ သက္သာလာရင္ ေကာင္းမယ္ .. ကြၽန္ေတာ္ အစ္ကို႔မ်က္ႏွာကို ျပန္ျမင္ခ်င္ၿပီ "
စို႔နင့္ဖြယ္စကားစုေလးေၾကာင့္ အ၀တ္အစားထည့္ေနတဲ့ ဂ်ယ္ေဟ်ာ့ရဲ႕ လက္ေတြက ရပ္တန႔္ကုန္ၿပီး ဂ်ယ္ေဟ်ာ့က သက္ျပင္းခ်သည္။
" ညေနၾကရင္ ကိုယ္မင္းကို အိမ္ျပန္လိုက္ပို႔ေပးမယ္ .. ဂ႐ုစိုက္ၿပီးေနေနာ္ ။ ကိုယ္စိတ္မပူခ်င္ဘူး ေဟဇယ္ "
" ဟုတ္ .. အစ္ကိုလည္းဂ႐ုစိုက္ ။ ကြၽန္ေတာ္လြမ္းေနမယ္ "
" ဟုတ္ပါၿပီ "
မခြဲခြာခင္က အလြမ္းပိုကာ တအီအီခြၽဲေနတဲ့ ျပင္သစ္ေကာင္ေလးေၾကာင့္ တည္ၿငိမ္ေအးစက္လွပါသည္ဟု အမည္တြင္တဲ့ ယြန္းဂ်ယ္ေဟ်ာ့ဟာ သြားျဖဴေလးေတြ ေပၚေအာင္ထိၿပဳံးေနခဲ့သည္။
•
စက္ေလွသံနဲ႕ေလတိုက္ခတ္သံေတြၾကား တစစေပၚထြက္လာတဲ့ ရယ္သံခ်ိဳခ်ိဳေလးေတြက 𝘱𝘢𝘳𝘪𝘴 𝘢𝘳𝘴𝘦𝘯𝘢𝘭 𝘱𝘰𝘳𝘵 မွာလမ္းေလွ်ာက္ေနတဲ့ ေကာင္ေလးႏွစ္ေယာက္စီမွျဖစ္သည္။
“ ကိုကိုနဲ႕ ဒီလိုျဖတ္သန္းရတာ တကယ္ေကာင္းတာပဲ ။ ကိုရီးယားျပန္မလြတ္ဘဲ အပိုင္ဖမ္းထားလိုက္ရမွာမလား ဟင္ ”
ဂ်ယ္ေဟ်ာ့ခါးကိုခပ္တင္းတင္းဖက္ကာ သူ႕ခႏၶာကိုယ္ႀကီးမွအားမနာ မွီတြဲၿပီး ခြၽဲေနတဲ့ ဂ်က္စတင္ေၾကာင့္ ဂ်ယ္ေဟ်ာ့က အသံထြက္ေအာင္ရယ္သည္။အကဲပိုေနတဲ့ေကာင္ေလးရဲ႕ လက္ေမာင္းကို မနာေအာင္ အသာထုရင္း
“ အရမ္းခြၽဲတာပဲ ေဟဇယ္ရာ .. သူမ်ားေတြကေတာ့ မင္းကို ကိုယ့္သားလို႔ထင္ကုန္ေတာ့မွာပဲ ”
ေျခလမ္းေတြကိုရပ္တန႔္ၿပီး မ်က္ေမွာင္ႀကီးက်ဳံ႕ကာ ဂ်ယ္ေဟ်ာ့ၾကည့္လာတဲ့ ဂ်က္စတင္က မေက်နပ္ေနဟန္။ဂ်ယ္ေဟ်ာ့က အသံထြက္ေအာင္ရယ္ၿပီး ေခ်ာင္းတစ္ခ်က္ဟန႔္ကာ မသိသလိုဟန္ေဆာင္ေနလိုက္ေတာ့ ေကာင္ေလးစီမွ အသံထြက္လာသည္။
“ ၂ ႏွစ္ပဲကြာတာကို သားလို႔ထင္ေနရင္ေတာ့ ယြန္းဂ်ယ္ေဟ်ာ့က အိုေနလို႔ပဲျဖစ္မယ္ ! ”
အရႈံးမေပးဘဲ ျပန္ရန္ေတြ႕လာတဲ့ ဂ်က္စတင္က သူမ်ားအျမင္ေတာ့ ႐ုပ္ၾကမ္းႀကီးနဲ႕ ျဖစ္ေနေပမယ့္ ဂ်ယ္ေဟ်ာ့အျမင္မွာေတာ့ အရမ္းကိုခ်စ္ဖို႔ေကာင္းေနသည္။ပင္လယ္ျပာေရာင္ဆံႏြယ္ေတြက ေလအေဝ့မွာ လႈပ္ခတ္သြားၿပီး ဂ်က္စတင့္မ်က္ႏွာႏုႏုကို ထိခတ္ေနသည္။ဂ်ယ္ေဟ်ာ့က အင္းအဲျပန္မေျပာတာေၾကာင့္ ေကာင္ေလးရဲ႕ မ်က္ခုံးတန္းေတြက ပိုလို႔ပင္စုက်ဳံ႕ကုန္သည္။
“ ဒါမွမဟုတ္ သားလို႔မထင္ေအာင္ ယြန္းဂ်ယ္ေဟ်ာ့ကို လူျမင္ကြင္းမွာ အသက္ရႉၾကပ္ေအာင္နမ္းလိုက္ရမလား ? ”
အေအးဒဏ္ေၾကာင့္ ရဲေနတဲ့ ဂ်ယ္ေဟ်ာ့ရဲ႕ ပါးနဲ႕နားေတြက ဂ်က္စတင့္စကားလုံးေတြေၾကာင့္ ပိုလို႔ပင္ ရဲသြားရသည္။ဒီေကာင္ေလးက စိတ္မထင္ရင္မထင္သလို ဒီလိုစကားလုံးေတြေျပာတတ္ေသးတာ။
“ ဘာလို႔ ျပင္သစ္လိုႀကီးေျပာခ်လိဳက္တာလဲ ေဟဇယ္ !? ”
ဂ်ယ္ေဟ်ာ့က ႏွစ္ကိုယ္ၾကား႐ုံမွ်သာ ခပ္ႀကိတ္ႀကိတ္ဆူသည္။ဂ်က္စတင္ကေတာ့ လုပ္ခ်င္တာလုပ္လိုက္ရလို႔ ေက်နပ္ေနသလိုအၿပဳံးႀကီးကို ႏႈတ္ခမ္းမွာ ခ်ိတ္ဆြဲထားသည္။
“ ျပန္မေျဖဘဲစကားလႊဲေနပုံေထာက္ရင္ အနမ္းခံခ်င္ေနတာလား ? ”
ဆက္ဆက္ထိမခံတဲ့ လူႀကီးေလးကို ဂ်က္စတင္က ထပ္မံ၍စေနမိျပန္သည္။အႏွီးလူႀကီးေလးက မနိုင္ေတာ့မွန္းသိေတာ့ ေနာက္ဆုံးလက္နတ္ႀကီးကို ထုတ္သုံးေလေတာ့သည္။
“ ေတာ္ၿပီကြာ ျပန္ေတာ့မယ္ ။ မင္းကို အိမ္ျပန္လိုက္ပို႔ၿပီး ေလယာဥ္ကြင္းကို သြားေတာ့မယ္ ”
“ ဟာ အစ္ကိုကလည္း .. ကြၽန္ေတာ္က စတာကို ။ ရက္စက္ေတာ့မွာလား ”
ဘာသံမွထပ္မထြက္လာဘဲ လမ္းကိုသာဆက္ေလွ်ာက္ေနသူေၾကာင့္ ခါးကိုေသခ်ာဖက္ထားရင္း ေဘးမွကပ္ပါလာခဲ့ရျပန္သည္။အခ်စ္ဆုံးေလးက လက္နတ္ႀကီးထုတ္သုံးေတာ့ ဂ်က္စတင္ေဟဇယ္ကလည္း လက္နတ္ႀကီးထုတ္သုံးရေတာ့မွာေပါ့ေလ။
“ အခ်စ္ကေလး .. အခ်စ္ဆုံးေလး .. ကိုကို .. ေကာက္လုံးေလး .. အူးဝါး ဂ်က္ဂ်က္ငိုမွာေနာ္ ”
“ WT .. ”
ဂ်ယ္ေဟ်ာ့ ကိုယ့္နားကိုယ္မယုံနိုင္ေလာက္ေအာင္ ျဖစ္သြားကာ ေဘးက လူကိုၾကည့္မိေတာ့ မ်က္ႏွာႀကီးတည္ထားသည္။ဂ်ယ္ေဟ်ာ့ နားၾကားမ်ားလြဲတာလား။
“ ေဟဇယ္ .. ? တကယ္ႀကီး မင္းလား !? ”
“ ဒီက ရည္းစားႀကီးမဟုတ္လို႔ ဘယ္က ရည္းစားျဖစ္ဉီးမွာလဲ ! ”
႐ုတ္ခ်င္းေျပာင္းလဲသြားတဲ့ ေခြးေပါက္လိုမ်က္ႏွာေလးေၾကာင့္ ဂ်ယ္ေဟ်ာ့မွာ ရင္ဘတ္ထဲလိပ္ျပာေတြ ပ်ံေနသလို ယားက်ိက်ိျဖစ္လာရသည္။
“ ေတာ္ေတာ့ကြာ ႐ုပ္ၾကမ္းႀကီးနဲ႕ လာခြၽဲေနတယ္ ! ”
“ မခ်စ္ဘူးလား ! မခ်စ္ဘူးလားလို႔ ! ”
ဒါလား စကားနည္းပါတယ္ဆိုတဲ့ ဂ်က္စတင္။ဒါလား အရွက္အေၾကာက္ႀကီးပါတယ္ဆိုတဲ့ ဂ်က္စတင္။လူစားထိုးထားသလားလို႔ေတာင္ထင္ရသည္။
“ အပႏွင္ဆရာစီသြားမွထင္တယ္ .. မွန္းစမ္း ဖ်ားေနသလား ေဟဇယ္ ”
“ ဟာ ကိုကို ! ”
ခ်စ္ဖို႔ေကာင္းမႈတစ္သိန္းေက်ာ္ေလာက္ကို ထုတ္ျပတာေတာင္ ေပ်ာ့မလာဘဲ အကန္ေတြႀကီး ေျပာေနသူေၾကာင့္ ဂ်က္စတင့္ မ်က္ႏွာက ၿပိဳေတာ့မဲ့မိုးလိုျဖစ္လာရသည္။ aegyo လုပ္ၿပီး က်ရႈံးတာက တကယ္ကိုဆိုးဝါးတာပဲ။
“ ခ်စ္ဖို႔ေကာင္းတယ္ .. ဘယ္လိုေလးလဲကြာ တည္ၿငိမ္တဲ့ ဂ်က္စတင္ေဟဇယ္မဟုတ္ေတာ့သလိုပဲ ! ”
အူယားလာမႈကိုမထိန္းနိုင္တာေၾကာင့္ လူရွင္းတုန္းမွာပင္ ေကာင္ငယ္ေလးရဲ႕ ပါးကို ေမႊးၾကဴလိုက္သည္။လက္နတ္အႀကီးစားႀကီးထုတ္သုံးကာ ေခ်ာ့လိုက္ရတဲ့ ေကာင္ေလးမွာေတာ့ ထိုအနမ္းတစ္ပြင့္ထဲနဲ႕တင္ ႏြားပြဲစားႀကီးလိုၿပဳံးၿဖီးလာေတာ့သည္။
“ ဒီေလာက္နဲ႕မရဘူးေနာ္ ကြၽန္ေတာ္ျပန္နမ္းပစ္ဉီးမွာ လာထား ! ”
တီ တီ (ကားဟြန္းသံ)
“ အစ္ကိုေလး .. အဲ အခ်ိန္ေကာင္းကို ဖ်က္စီးမိၿပီထင္တယ္ ”
ဆူေထာ္ကာ ဂ်ယ္ေဟ်ာ့မ်က္ႏွာနားကိုကပ္လာတဲ့ ဂ်က္စတင့္ႏႈတ္ခမ္းကို ဂ်ယ္ေဟ်ာ့က အလန႔္တၾကား လက္နဲ႕ကာလိုက္သည္။ဂ်က္စတင့္မ်က္ႏွာႀကီးကေတာ့ ေမွာင္မဲသြားေခ်ၿပီ။အခ်ိန္ေကာင္းဆို လာဖ်က္စီးၿပီ ဆိုေဂ်ာင္ဟြမ္။
“ ဪ ေဂ်ာင္ဟြမ္ ! .. အာ သုံးနာရီေတာင္ထိုးေနၿပီပဲ ။ ေဟဇယ္ .. အိမ္ျပန္ရေအာင္ ”
ဂ်က္စတင္မွာေတာ့ အင္းအဲေတာင္မလုပ္နိုင္ပဲ ဆိုေဂ်ာင္ဟြမ္နဲ႕ အခ်ိန္ကိုသာ ေမတၱာေတြပို႔ေနေလေတာ့သည္။ကားေလးက တေ႐ြ႕ေ႐ြ႕နဲ႕ေမာင္းလာသည္မွာ နာရီ၀က္ေလာက္ၾကာေတာ့ ဂ်က္စတင္တို႔ စံအိမ္ႀကီးရွိသည့္ ၿခံ၀န္းေရွ႕သို႔ေရာက္ေလၿပီ။
“ ကားရပ္ေပးပါ .. လမ္းေလွ်ာက္ၿပီးပဲ အိမ္ထဲ၀င္ရေအာင္ ကိုကို ”
ေလယာဥ္က ငါးနာရီမွထြက္မည္မို႔ ဂ်က္စတင့္စကားကို ဂ်ယ္ေဟ်ာ့ လက္ခံလိုက္သည္။ကားထဲမွ ဂ်က္စတင္ရဲ႕အ၀တ္စားအိတ္ကို ကိုယ္တိုင္သယ္ရင္း ေဂ်ာင္ဟြမ့္ကို ၿခံေရွ႕မွာသာ ေစာင့္ေနရစ္ေစလိုက္သည္။ၿခံႀကီးက အေတာ္က်ယ္တာေၾကာင့္ ဆယ္မိနစ္နီးပါးေတာ့ လမ္းေလွ်ာက္ရမည္ျဖစ္သည္။
“ ကြၽန္ေတာ္ အစ္ကို႔ကို ေပးစရာရွိတယ္ ”
“ ဟြန္ .. ဘာေပးမလို႔လဲ ? ”
လမ္းေလွ်ာက္တာကို မရပ္ပစ္ဘဲ ဂ်က္စတင္က ဂ်ယ္ေဟ်ာ့အနားကို ပိုတိုးကပ္လာကာ လမ္းဆက္ေလွ်ာက္ေနသည္။
“ ေဟဇယ္ .. ”
“ နမ္းခ်င္တယ္ မဟုတ္ဘူး ကြၽန္ေတာ္တို႔ နမ္းရေအာင္ ”
ဆြံ႕အသြားမႈနဲ႕အတူ ဂ်ယ္ေဟ်ာ့ ေခါင္းညိမ့္မိလိုက္သလား။ေခါင္းခါမိလိုက္သလားဆိုတာေတာ့ ကိုယ္တိုင္ေတာင္မသိလိုက္၊သို႔ေပမယ့္ အိစက္စက္ႏႈတ္ခမ္းတစ္စုံကေတာ့ ဂ်ယ္ေဟ်ာ့ ႏႈတ္ခမ္းကို ထိကပ္လာသည္။
ျပင္းရွလြန္းတဲ့ အနမ္းေၾကာင့္ အ၀တ္ထုတ္ကိုေတာင္ ပစ္ခ်မိေတာ့မလို၊ပိုပိုတင္းၾကပ္လာတဲ့ ခါးတစ္ေနရာနဲ႕အတူ ဂ်က္စတင္ရဲ႕ လွ်ာဖ်ားႏြေးႏြေးက ဂ်ယ္ေဟ်ာ့ အာခံတြင္းထဲကို က်ဴးေက်ာ္လာသည္။အသံေတြထြက္ေအာင္ထိ နမ္းၿပီးတဲ့ေနာက္မွာေတာ့ ဂ်ယ္ေဟ်ာ့ရဲ႕ ႏႈတ္ခမ္းေတြက ထူပူေနၿပီျဖစ္သည္။
“ ခ်စ္လြန္းလို႔ ႐ူးေတာ့မလိုပဲ ”
ပုခုံးေပၚ ေမးတင္ကာ တအီအီခြၽဲလာျပန္တဲ့ ေကာင္ေလးက အခုေတာ့ ဆြဲေဆာင္မႈရွိစြာခြၽဲေနတာျဖစ္သည္။ေယာက္်ားဆန္တဲ့ အေငြ႕သက္ေတြျပည့္ႏွက္ေနတဲ့ အမ်ိဳးသားက ဂ်ယ္ေဟ်ာ့ကို အၿပီးတိုင္နစ္၀င္ေအာင္ ညွို႔ယူေနသည္။
“ ဒီႏႈတ္ခမ္းအိအိေလးေရာ ဒီပုခုံးႏြေးႏြေးေလးကိုေရာ ဒီလူလြမ္းေနရေတာ့မွာပဲ ”
မိနစ္အနည္းငယ္ၾကာအလြမ္းသယ္ၿပီးေတာ့ ဂ်ယ္ေဟ်ာ့တို႔ လမ္းဆက္ေလွ်ာက္လာခဲ့သည္။ဂ်က္စတင္ျပန္လာမယ္ဆို၍ ေစာင့္ႀကိဳေနေသာ အန္တီႀကီးနဲ႕ ႐ူဘီဂ်ိန္းက ဂ်က္စတင္ကိုျမင္သည္ႏွင့္ အေျပးေရာက္လာသည္။
“ သခင္ေလး .. ကြၽန္မက လြမ္းေနတာ ”
“ ဪ အက္ဒလိုင္း ”
တုန႔္ျပန္မႈက ဒီေလာက္သာ။အက္ဒလိုင္းကေတာ့ ရိုးေနၿပီျဖစ္သျဖင့္ အၿပဳံးေတြ မရပ္စဲနိုင္။႐ူဘီဂ်ိန္းက ဂ်ယ္ေဟ်ာ့စီ ေလွ်ာက္လာၿပီး ၿပဳံးကာ
“ ေမာင္ေလးကို ေသခ်ာဂ႐ုစိုက္ေပး၊ခ်စ္ေပးတာ အရမ္းေက်းဇူးတင္ပါတယ္ရွင္ ။ ယြန္းဂ်ယ္သာ မရွိရင္ ဂ်က္စတင္ကေတာ့ မျဖစ္ေလာက္ဘူး ။ ၿပီးေတာ့ တို႔လည္း ယြန္းဂ်ယ္ကို မတ္ ေတာ္ဖို႔မေစာင့္နိုင္ေတာ့ပါဘူးေနာ္ ”
႐ူဘီဂ်ိန္းရဲ႕ ရင္းရင္ႏွီးႏွီးျပဳမူပုံကို အသိအမွတ္ျပဳကာ ဂ်ယ္ေဟ်ာ့ ၿပဳံးလိုက္သည္။ဒီရပ္၀န္းက ထင္ထားတာထက္ပိုၿပီး ႏြေးေထြးပါသည္။
“ ေဟဇယ္က ႐ူဘီဂ်ိန္းကိုေျပာလားမသိေပမယ့္ သူကညညဆို အိပ္မက္ဆိုးတတ္လို႔ ေသခ်ာေလး ေစာင့္ၾကည့္ေပးပါဉီး။ဒါဆို ကိုယ္ျပန္ပါေတာ့မယ္ ”
ဂ်က္စတင္ကေတာ့ ဂ်ယ္ေဟ်ာ့ေျပာတာၾကားမွာမဟုတ္ေပ။ဘာလို႔ဆို အက္ဒလိုင္းဆိုတဲ့အမ်ိဳးသမီးႀကီးက စံအိမ္အတြင္းသို႔ ေခၚသြားႏွင့္ၿပီေလ။
“ အစ္ကိုေလး .. ေလယာဥ္ခ်ိန္နီးေနပါၿပီ ”
စံအိမ္ထဲကို ကားနဲ႕လိုက္၀င္လာတဲ့ ေဂ်ာင္ဟြမ္က ကားမွန္ကိုခ်ရင္း ေျပာသည္။ဂ်ယ္ေဟ်ာ့ ေခါင္းၿငိမ့္ျပလိုက္ၿပီး ႐ူဘီဂ်ိန္းကို ထပ္မံႏႈတ္ဆက္ကာ ကားေပၚတက္ခဲ့လိုက္သည္။
𝘗𝘢𝘳𝘪𝘴 𝘊𝘩𝘢𝘳𝘭𝘦𝘴 𝘋𝘦 𝘎𝘢𝘶𝘭𝘭𝘦 𝘈𝘪𝘳𝘱𝘰𝘳𝘵
ေနာက္ငါးမိနစ္ေနရင္ပင္ ထြက္ခြာေတာ့မယ့္ ေလယာဥ္ေၾကာင့္ ဆိုေဂ်ာင္ဟြမ္က ကြင္းထဲထိ အေရာက္လိုက္ပို႔ေပးရွာသည္။လပိုင္းမွ်သာ ရင္းႏွီးေသးေပမယ့္ ဆိုေဂ်ာင္ဟြမ္က ဂ်ယ္ေဟ်ာ့ရဲ႕ စိတ္ကိုနားလည္သည္။
“ အစ္ကိုေလးသာ အ၀တ္စားအိတ္ယူရင္ ဒီေန႕ေတာ့ ေလယာဥ္မမွီေလာက္ေတာ့ဘူး ။ မယူလို႔ ေတာ္ေသးတာေပါ့ ဟူး .. ”
ဂ်ယ္ေဟ်ာ့ထက္ပင္ ပိုေလာေနတဲ့ ဆိုေဂ်ာင္ဟြမ္ေၾကာင့္ ဂ်ယ္ေဟ်ာ့ ၿပဳံးမိေသးသည္။ဒီအၿပဳံးက ဒီတစ္ပတ္အတြက္ စစ္မွန္တဲ့ေနာက္ဆုံးအၿပဳံးသာျဖစ္သည္။ကိုရီးယားကိုေျခခ်လိဳက္တာနဲ႕ ဂ်ယ္ေဟ်ာ့က အေယာင္ေဆာင္လူလိုသာ ျဖစ္ရေတာ့မည္။
“ ဂ်က္စတင္ေဟဇယ္ကို ေသခ်ာေစာင့္ေရွာက္ထားေပး .. ေဂ်ာင္ဟြမ္ ။ သူ ဘြားရဲ႕ လူယုံေတြ ေစာင့္ၾကည့္တာခံေနရတာမ်ိဳး ကိုယ္မလိုခ်င္ဘူး ”
“ ကြၽန္ေတာ္ နားလည္ပါၿပီ အစ္ကိုေလး ”
“ ဒါဆို ကိုယ္စိတ္ခ်မယ္ ”
လက္ျပႏႈတ္ဆက္ေနတဲ့ ဆိုေဂ်ာင္ဟြမ္ကို ျပန္လည္ႏႈတ္ဆက္ရင္း ဂ်ယ္ေဟ်ာ့ အသက္ျပင္းျပင္းရႈလိုက္မိသည္။ေနာက္ဆုံးေတာ့ ပူေလာင္ရဉီးမွာပဲ။
•
31 𝘋𝘦𝘤𝘦𝘮𝘣𝘦𝘳 , 2003
𝘚𝘰𝘶𝘵𝘩 𝘒𝘰𝘳𝘦𝘢 𝘐𝘯𝘤𝘩𝘦𝘰𝘯 𝘈𝘪𝘳𝘱𝘰𝘳𝘵
အမိေျမေပၚေျခခ်လိဳက္တာနဲ႕ ဂ်ယ္ေဟ်ာ့ရဲ႕ မ်က္ႏွာက ခံစားခ်က္မဲ့တဲ့လူပမာ တည္ၿငိမ္သြားသည္။မနက္၆နာရီေက်ာ္သာ ရွိေသးသည္မို႔ ေလယာဥ္ကြင္းမွာ လူသိပ္မရႈပ္ေသး၊ႀကိဳတင္ကာေရာက္ေနတဲ့ အိမ္က ဒရိုက္ဘာက ဂ်ယ္ေဟ်ာ့စီက အထုပ္ေတြ ဆြဲဖို႔ေရာက္လာသည္။
“ အာ .. အထုပ္ေတြမယူခဲ့ဘူးပဲ သခင္ေလးယြန္း ”
“ ကြၽန္ေတာ္ နားခ်င္ၿပီ ”
“ ဟုတ္ကဲ့ သခင္ေလးယြန္း ကားက ဒီဘက္မွာပါ ”
အပိုေတြလုပ္ေနတဲ့ ဒရိုက္ဘာကိုၾကည့္ၿပီး ဂ်ယ္ေဟ်ာ့ စိတ္ပ်က္မိသည္။ၿပီးရင္ျဖင့္ ယြန္းဂ်ယ္ေဟ်ာ့မေၾကာင္း ေျပာၾကဉီးမွာပဲကို ဟန္ေဆာင္ျပေနျပန္ၿပီ။
ကားမွန္ဖြင့္ကာ ပတ္၀န္းက်င္ရႈခင္းကိုၾကည့္ရင္း ဂ်ယ္ေဟ်ာ့ သက္ျပင္းခ်ေနမိသည္။နီးကပ္လာတဲ့ ဂ်ယ္ေဟ်ာ့တို႔ လူကုန္ထံေတြေနတဲ့ ရပ္ကြက္နဲ႕အတူ တိတ္ဆိတ္လာတဲ့ ပတ္၀န္းက်င္၊ရႈခင္းေတြအစား တိုက္အႀကီးႀကီး၊ၿခံအႀကီးႀကီးေတြသာ ျမင္ကြင္းကိုႀကီးစိုးလာသည္။ထိုထဲမွ သာလြန္ကာပိုႀကီးၿပီး၊ပိုက်ယ္ေနသည္က ဂ်ယ္ေဟ်ာ့တို႔ရဲ႕ ယြန္းအိမ္ေတာ္ျဖစ္သည္။
အိမ္ေတာ္ထဲ ကား၀င္လိုက္တာနဲ႕ အေစခံေပါင္းမ်ားစြာက အိမ္ေတာ္အ၀မွ စ၍ အိမ္ေဝာာ္ တံခါးေရွ႕ထိ တန္းစီကာ ရပ္ေနၾကသည္။ေဆာင္းတြင္းဆိုေသာ္ညား ေနကေတာ့ပူသည္မို႔ အလကားေန အျပစ္ေပးခံေနရသလိုပဲမလား။
“ သခင္ေလးယြန္းကို ယြန္းအိမ္ေတာ္က ျပန္လည္ႀကိဳဆိုပါတယ္ ”
အိမ္ေတာ္ထိန္းႀကီးေတြနဲ႕ နို႔ထိန္းအန္တီႏွစ္ေယာက္က ဂ်ယ္ေဟ်ာ့ကိုႏႈတ္ဆက္ၾကသည္။အေပၚယံႏႈတ္ဆက္မႈျဖစ္သည္မို႔ ဂ်ယ္ေဟ်ာ့ အေရးမစိုက္ေနဘဲ ဘြားကိုသာ ဖက္တြယ္လိုက္သည္။
“ က်န္းမာေနရဲ႕လား ဘြား ”
“ မာပါ့ရွင္ ! ဘြား ေျမးေလး ပင္ပန္းေနေရာေပါ့ သြားသြား သြားနားလိုက္ဉီး ”
ဂ်ယ္ေဟ်ာ့ ေခါင္းၿငိမ့္ျပလိုက္ၿပီး ဘြားရဲ႕ ပါးကိုတစ္ခ်က္အနမ္းေပးလိုက္သည္။ဘြားကေတာ့ ေက်နပ္ေနဟန္ ၿပဳံးေန၏။
“ ကြၽန္ေတာ္ေရာက္ပါၿပီ ပါးနဲ႕ မား”
၀တၱရားအရႏႈတ္ဆက္လိုက္ၿပီးေနာက္ အိမ္ထဲကို ၀င္လာခဲ့ေတာ့ ဂ်ယ္ေယာင္းက မ်က္ႏွာတည္နဲ႕ ရပ္ၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။ပုံမွန္ဆို ဂ်ယ္ေယာင္းက ဒီအခ်ိန္မနိုးေသးေပ။ဒီလိုနိုးေနပုံေထာက္ရင္ေတာ့ ဂ်ယ္ေဟ်ာ့၌ ျပႆနာရွိေခ်ၿပီ။
“ ဪ .. ငါျပန္ေရာက္ၿပီ ဂ်ယ္ေယာင္း ”
စကားေျပာခ်င္စိတ္မရွိသည္မို႔ စကားစအရင္ျဖတ္ၿပီး ဂ်ယ္ေဟ်ာ့ ေလွကားစီကို ဉီးတည္သြားမိသည္။
“ ဟြန္း .. ျပန္ျပန္လာခ်င္းကို ကပ္ဖားသြားခဲ့ေသးတာပဲေနာ္ ယြန္းဂ်ယ္ေဟ်ာ့ ”
ဂ်ယ္ေယာင္းရဲ႕ ခနဲ႕တဲ့အသံနဲ႕ ဆိုလိုရင္းကို ဂ်ယ္ေဟ်ာ့ သေဘာေပါက္ေပမယ့္ ျမင္ျမင္ခ်င္း စကားမမ်ားခ်င္တာေၾကာင့္ ကိုယ့္လမ္းကိုယ္သာ ဆက္သြားဖို႔ ဉီးႏွောက္ကို အသိေပးလိုက္သည္။
“ နင့္အသက္ ၂၄ ႏွစ္ေတာင္ျပည့္ေတာ့မယ္ .. ။ အခုထိ ဘာကဘာဆိုတာကို သေဘာမေပါက္ေသးတာ သနားစရာပဲ ။ မားေျပာသလို .. နင္က ဘြား ေမြးစားထားတဲ့ ကေလးလား ဂ်ယ္ေဟ်ာ့ ”
“ အႀကီးကို အႀကီးလိုဆက္ဆံ ယြန္းဂ်ယ္ေယာင္း .. မေလးစားရင္ေန မေစာ္ကားနဲ႕ ”
“ ဟက္ .. ေခြးပါးစပ္က နတ္စကားထြက္လို႔ ! နင့္အဆင့္နင္သိစမ္းပါ ”
သည္းခံနိုင္တဲ့ အတိုင္းတာကို ေက်ာ္လြန္လာၿပီမို႔ ေက်ာေပးထားရာမွ မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္ ဂ်ယ္ေဟ်ာ့ လွည့္လိုက္ၿပီး ဂ်ယ္ေယာင္းအနားကို သုံးလွမ္းမွ် ေလွ်ာက္သြားလိုက္သည္။
“ ငါမေပးရင္ မရမဲ့အေျခေနမွာ နင္က ရွိေနတာ ဂ်ယ္ေယာင္း .. အဲ့တာ ငါ့အဆင့္ပဲ ”
မ်က္ႏွာႀကီးေမွာင္မဲကာ လက္သီးကိုတင္းတင္းဆုပ္ထားတဲ့ ဂ်ယ္ေယာင္းရဲ႕ အမူအရာေၾကာင့္ ဂ်ယ္ေဟ်ာ့ ေလွာင္ၿပဳံး ၿပဳံးမိသည္။အဲ့စရိုက္ေတြေၾကာင့္ ယြန္းအီေဟ်ာ့ဆိုတဲ့ အမ်ိဳးသမီးႀကီးက ဂ်ယ္ေဟ်ာ့ကို ေျမးအျဖစ္ သတ္မွတ္နိုင္တာျဖစ္မည္။
“ ေကာင္းေကာင္းရွင္သန္လိုက္ပါဉီး ဂ်ယ္ေယာင္း ”
ႏႈတ္ခမ္းကို တင္းတင္းကိုက္ကာ မေက်မနပ္ျဖစ္ေနတဲ့ ဂ်ယ္ေယာင္းရဲ႕ ပုခုံးကို အသာပုတ္ကာ ဂ်ယ္ေဟ်ာ့ေျပာခဲ့လိုက္ၿပီး လွည့္ထြက္လာခဲ့လိုက္သည္။တစ္ပတ္လုံးလုံး ဒီစရိုက္၊ဒီမ်က္ႏွာ၊ဒီခံစားခ်က္၊ဒီအခ်ိဳးေတြနဲ႕ပဲ ရွင္သန္ရဉီးမွာကိုသိေတာ့ ဂ်ယ္ေဟ်ာ့ သက္ျပင္းခ်မိျပန္သည္။
𝐉𝐚𝐞𝐮𝐧
29.4.2024
( A / N - ယြန္းဂ်ယ္ေဟ်ာ့ရဲ႕ အေခ်စရိုက္ကို ေကာင္းေကာင္းႀကီးျမင္ရေတာ့မွာျဖစ္ပါတယ္ )