𝐖𝐚𝐫𝐦 𝐇𝐞𝐚𝐫𝐭

71 8 0
                                    

စီယာတိုင်ကို ဘယ်လက်ဖြင့်ထိန်းကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ဂျက်စတင်၏ လက်ဖဝါးကို ဂျယ်ဟျော့က ဆုပ်ကိုင်ထားသည်။ပူပူနွေးနွေးချစ်သူလေးကို ရုတ်တရက်ကြီးထားခဲ့ရမည်မို့ ဂျယ်ဟျော့ ရင်ထဲ၌မကောင်းလှပေ။သို့ပေမယ့်လည်း ငြင်းလို့ရသည့်အရာမဟုတ်ပါလား။

"နောက်နှစ်ရက်နေရင် .. ကိုယ် ကိုရီးယားကို ခနပြန်ရဉီးမယ် ဟေဇယ်"

"ကျွန်တော်လိုက်ခဲ့လို့မရဘူးလား?"

ဂျက်စတင်နှုတ်မှထွက်ပေါ်လာသည့် အသံလေးက တိုးလျစွာ။ဂျယ်ဟျော့ သက်ပြင်းချလိုက်သည်။

"ဟေဇယ့်ရဲ့ ကျန်းမာရေးကရှိသေးတယ်လေ ... ကိုယ်မကြာပါဘူး။မိသားစုတွေ့ဆုံပွဲပြီးတာနဲ့ ဒီကိုပြန်လာခဲ့မယ်"

"ကျွန်တော်တော့‌ နေရစ်ခဲ့ရတော့မှာပဲ"

ဆွေးမြေ့စွာညီးတွားရင်း ဂျက်စတင်က ဂျယ်ဟျော့လက်ကို သူ့လက်‌ချောင်းတွေဖြင့် ယုယစွာပွတ်သပ်နေသည်။

"ညပိုင်းတွေကြ ကိုယ်ဖုန်းဆက်ပါ့မယ်။ရူဘီဂျိန်းစီမှာ ပြန်နေလိုက်နော် ချာတိတ်"

"ဟုတ်ကဲ့ဗျ .. ကျွန်တော်နားလည်ပါတယ်။ဒါမဲ့လည်း .."

"မစိုးရိမ်ပါနဲ့ ကိုယ်ပြန်လာမှာ ယုံတယ်မလား။"

"ကျွန်‌တော် အစ်ကို့ကိုယုံပါတယ်"

အဖြူရောင်နှင်းပွင့်ချပ်ကလေးတွေက dandelion ပန်းတွေပေါ်မှာ လှပစွာ နေရာယူထားသည်။တစ်ကွင်းလုံး အဖြူရောင်ဖြစ်နေတဲ့ dandelion ပန်းခင်းကြီးဟာ ခုတော့ဖြင့် နှင်းပွင့်လေးတွေအကူညီဖြင့် ပိုလို့ပင်လှပနေတော့သည်။

"အစ်ကို"

"ဟင် .. ပြောလေ ဟေဇယ်"

"ကျွန်တော် အစ်ကို့ကိုစောင့်နေမှာနော် .. အရမ်းချစ်တယ် အစ်ကို"

ဂျယ်ဟျော့ မျက်နှာကို လက်ဖြင့်စမ်းပြီး ‌အသာအယာထိ‌တွေ့လာတဲ့ ကောင်လေးရဲ့ မျက်၀န်းစီမှ မျက်ရည်ဉတွေက တလိမ့်လိမ့်စီးကျလို့လာသည်။

"ဟေဇယ်! မငိုရဘူးလေ .. အင့်"

ကောင်ငယ်လေးရဲ့ ဆွဲဖက်မှုကြောင့် ဂျယ်ဟျော့တို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်ကြား၌ လေတိုးစရာနေရာတောင်မကျန်တော့သလိုပင်။

𝖥𝖺𝗅𝗅𝗂𝗇𝗀 𝗂𝗇 ♡︎ 𝗂𝗇 𝖯𝖺𝗋𝗂𝗌 Where stories live. Discover now