𝐓𝐡𝐞 𝐅𝐫𝐞𝐧𝐜𝐡 𝐆𝐮𝐲 𝐇𝐚𝐬 𝐇𝐚𝐳𝐞𝐥 𝐄𝐲𝐞𝐬

206 12 2
                                    

ဤFicသည် 2003 ခုနှစ် October လတွင် တွေ့ဆုံခဲ့ကြသော ပြင်သစ်ကောင်လေးနှင့် ကိုရီးယားကောင်လေး၏ အချစ်ဇာတ်လမ်းကို နူးညံ့စွာ ရေးသားထားခြင်းဖြစ်သည်။

ငြိမ့်ငြိမ့်လေးနဲ့ဖြည်းဖြည်းလေးပဲ သွားမှာမို့ Update မစောင့်နိုင်ရင်ဖြစ်စေ၊ဒီvibeကိုမကြိုက်ရင်ဖြစ်စေ မဖတ်ကြဖို့ မေတ္တာရပ်ခံပါတယ်။

ဇွန်း၊ခက်ရင်းသံတောင် မကြားရဘဲ တိတ်
ဆိတ်နေသည့် မိသားစုညစာစားပွဲသည်
ယွန်းဂျယ်ဟျော့အတွက်တော့ စိတ်ပင်ပန်း
စရာဖြစ်သည်။စားပွဲ၀ိုင်းထိပ်တွေ ထိုင်နေသည့် ဘွားက ခက်ရင်းကို အသာချလိုက်သည်နှင့် ယွန်းဂျယ်ဟျော့ ဘေးရှိလက်
ကိုင်ပု၀ါကိုယူ၍ သေသပ်စွာ နှုတ်ခမ်းကို သုတ်လိုက်သည်။

“‌မြေး...အိမ်ထောင်ဖက်တွေ့ဖို့ စိတ်ကူးရော ရှိသေးရဲ့လားကွယ်”

ဘွား၏ စိတ်ညစ်နေသည့်အသံကြောင့် steak လှီးနေသည့် မားက ဂျယ်ဟျော့ကို မော့ကြည့်လာသည်။ဂျယ်ဟျော့ လက်ကိုင်ပုဝါကို အသာချ၍ အပြုံးတုလေး ဆင်မြန်းလိုက်သည်။

“ကျွန်တော် အဲ့တာတွေကို...မစဉ်းစားချင်သေးဘူး ဘွား”

“ဟင်း...ဘွားတော့ မြေးကို အိမ်ထောင်
ဖက်လေး တွေ့စေချင်ပြီ”

ဘွား၏ သက်ပြင်းချသံကြောင့် ပါးက လက်ကိုင်ပုဝါဖြင့် နှုတ်ခမ်းကို သုတ်ရင်းမှ ဂျယ်ဟျော့ကို မာန်မဲသလိုကြည့်လာသည်။ဂျယ်ဟျော့ ဆင်မြန်းထားသည့် အပြုံးတုကို ပို၍ အရောင်တင်လိုက်သည်။

“ဂျယ်ယောင်း ကုမ္ပဏီကို ဉီးစားတဲ့အချိန်ကြရင်...ကျွန်တော် စဉ်းစားပေးပါ့မယ် ဘွား”

“အိုကွယ် ဂျယ်ယောင်းက မိန်းကလေးလေ...ဘယ့်နှယ့်လို့ ဘွားတို့ ကုမ္ပဏီကို ဉီးစီးခိုင်းလို့ ဖြစ်ပါ့မလဲ”

ပါးနဲ့ မား၏မျက်နှာက သိသိသာသာပျက်ယွင်းလို့သွားသည်။ဘွားကတော့ ထိုအပြုအမူကို သတိမမူမိသေးဘဲ ဂျယ်ဟျော့လက်ကို အုပ်ကိုင်လာသည်။

“‌ဘွားတို့ မျိုးဆက်ကို မြေးရဲ့ သားကပဲဆက်ခံရမယ်...မြေး”

“ဘွားပြောတာကို နားလည်တယ်မလား...
စားပြီးရင် စောစောအိပ်တော့...မနက်ဖြန်
ပြင်သစ်ကို သွားရမှာမလား”

𝖥𝖺𝗅𝗅𝗂𝗇𝗀 𝗂𝗇 ♡︎ 𝗂𝗇 𝖯𝖺𝗋𝗂𝗌 Waar verhalen tot leven komen. Ontdek het nu