" အစ်ကို "
" ပြောလေ ဟေဇယ် "
ခါးတစ်ဝိုက်၌ နွေးထွေးမှုကိုခံစားလိုက်ရပြီး ပုခုံးပေါ်၌လည်း အလေးချိန်တစ်ခုကို ခံစားလိုက်ရသည်။အချွဲပိုကာ ကပ်နေတဲ့ ကောင်လေးကြောင့် ဂျယ်ဟျော့မှာ ပြန်ဖို့တောင်စိတ်မဖြောင့်ချင်။
" လွမ်းနေရတော့မှာပဲ .. "
ပိုပြီးတင်းကြပ်လာတဲ့ ခါးတစ်နေရာနဲ့အတူ ဂျယ်ဟျော့ပါးပေါ်သို့ အနမ်းတစ်ပွင့်ခြွေလာသူက ခွေးပေါက်ကလေးကဲ့သို့ တအီအီချွဲနေပြန်သည်။
" အချိန်ရရင် ရသလို ကိုယ်ဖုန်းဆက်ပါ့မယ် "
" ကျွန်တော့်မျက်လုံးတွေ သက်သာလာရင် ကောင်းမယ် .. ကျွန်တော် အစ်ကို့မျက်နှာကို ပြန်မြင်ချင်ပြီ "
စို့နင့်ဖွယ်စကားစုလေးကြောင့် အ၀တ်အစားထည့်နေတဲ့ ဂျယ်ဟျော့ရဲ့ လက်တွေက ရပ်တန့်ကုန်ပြီး ဂျယ်ဟျော့က သက်ပြင်းချသည်။
" ညနေကြရင် ကိုယ်မင်းကို အိမ်ပြန်လိုက်ပို့ပေးမယ် .. ဂရုစိုက်ပြီးနေနော် ။ ကိုယ်စိတ်မပူချင်ဘူး ဟေဇယ် "
" ဟုတ် .. အစ်ကိုလည်းဂရုစိုက် ။ ကျွန်တော်လွမ်းနေမယ် "
" ဟုတ်ပါပြီ "
မခွဲခွာခင်က အလွမ်းပိုကာ တအီအီချွဲနေတဲ့ ပြင်သစ်ကောင်လေးကြောင့် တည်ငြိမ်အေးစက်လှပါသည်ဟု အမည်တွင်တဲ့ ယွန်းဂျယ်ဟျော့ဟာ သွားဖြူလေးတွေ ပေါ်အောင်ထိပြုံးနေခဲ့သည်။
•
စက်လှေသံနဲ့လေတိုက်ခတ်သံတွေကြား တစစပေါ်ထွက်လာတဲ့ ရယ်သံချိုချိုလေးတွေက 𝘱𝘢𝘳𝘪𝘴 𝘢𝘳𝘴𝘦𝘯𝘢𝘭 𝘱𝘰𝘳𝘵 မှာလမ်းလျှောက်နေတဲ့ ကောင်လေးနှစ်ယောက်စီမှဖြစ်သည်။
“ ကိုကိုနဲ့ ဒီလိုဖြတ်သန်းရတာ တကယ်ကောင်းတာပဲ ။ ကိုရီးယားပြန်မလွတ်ဘဲ အပိုင်ဖမ်းထားလိုက်ရမှာမလား ဟင် ”
ဂျယ်ဟျော့ခါးကိုခပ်တင်းတင်းဖက်ကာ သူ့ခန္ဓာကိုယ်ကြီးမှအားမနာ မှီတွဲပြီး ချွဲနေတဲ့ ဂျက်စတင်ကြောင့် ဂျယ်ဟျော့က အသံထွက်အောင်ရယ်သည်။အကဲပိုနေတဲ့ကောင်လေးရဲ့ လက်မောင်းကို မနာအောင် အသာထုရင်း
YOU ARE READING
𝖥𝖺𝗅𝗅𝗂𝗇𝗀 𝗂𝗇 ♡︎ 𝗂𝗇 𝖯𝖺𝗋𝗂𝗌
Fanfiction𝗜 𝗣𝗹𝗮𝗻𝘁𝗲𝗱 𝗧𝗵𝗲 𝗦𝗲𝗲𝗱𝘀 𝗢𝗳 𝗠𝘆 𝗟𝗼𝘃𝗲 𝗜𝗻 𝗣𝗮𝗿𝗶𝘀 [ Pᴀʀᴋ Jᴇᴏɴɢ-Wᴏᴏ {Jᴜsᴛɪɴ Hᴀᴢᴇʟ} + Yᴏᴏɴ Jᴀᴇ-Hʏᴜᴋ ]