မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...

By XiaoManTou96

203K 33.7K 985

Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... More

Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

157: အချပ်ပို ၂

922 161 3
By XiaoManTou96

Unicode

ကြိုးကြာရိုင်းရဲ့ ဒီ ကိုယ်ဝန်ဆောင်လက္ခဏာကြောင့်အသင်းရဲ့လှုပ်ရှားမူဆိုင်ရာများရပ်တန့်သွားခဲ့တော့သည်။ လွင့်မျောတိမ်တိုက်မှလွဲ၍ လူတိုင်း စိတ်ရှုပ်ထွေးနေပုံရသည်။ သူတို့ ဘာလုပ်ရမှန်း မသိသော်လည်း ကြိုးကြာရိုင်းဘာလုပ်မလဲဆိုတာကိုသူတို့တွေလှည့်ပြီးတော့ကြည့်လိုက်ကြသေး၏

ရိုးရိုးသားသား ပြောရရင် ဂိမ်းထဲမှာကစားသမားတစ်ဦး ဘယ်လိုကလေးမွေးလဲဆိုတာသူတို့မမြင်ဖူးကြပေ။

သူတို့တွေ အင်တာနက်ပေါ်မှာ Demon God နဲ့ဆိုင်တဲ့ ဉဘယ်လိုဉလဲကိုရှာလို့တော့ရပါတယ်။အချက်အလက်တွေကအဲ့တုန်းကဟဲကျင့်နဲ့ချင်ယွီကြုံတွေ့ခဲ့တာထက်တောင်တိကျပုံရသေးတယ်။ဒါကိုမကြုံဖူးတဲ့ကစားသမားတွေအတွက်ကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတာပဲ

အားလုံးက စိတ်အားထက်သန်စွာ ဆွေးနွေးနေခဲ့ကြသည်-

ရေသေ: " မင်းအခု ကလေးမွေးတော့မှာလား ? ဒါ​ပေမယ့်​ ဘယ်​မှာလုပ်​မှာလဲ?"

ဖခင်တစ်ယောက်ဖြစ်ခြင်း၌ အတွေ့အကြုံများရှိသည့် ချင်ယွီကပေါ့ပေါ့ပါးပါးပဲရှင်းပြလာလေရဲ့

"အိမ်စနစ်မှာ ရှိတဲ့လင်မယားအတူတူနေတဲ့အခန်းကိုပြန်သွားရမှာ"

ရှူကျီးကျာ့လန်ကဟဲကျင့်ကိုမေးလိုက်သည်။

"ကလေးမွေးတော့ ဘယ်လိုနေလဲ? အဲ့ဒါကနာလား?"

"..."

ဟဲကျင့်တကယ်ကြီး ဒီလိုရှက်စရာကောင်းတဲ့မေးခွန်းကို မဖြေချင်ပါဘူးနော်

ကံကောင်းထောက်မစွာပဲ ရေသေကအကြောင်းအရာပြောင်းလိုက်ပြီးချင်ယွီကိုဆက်မေးလာတော့သည်။

"ဒါဆို မင်း ကလေးချက်ချင်းရပြီပေါ့?"

ချင်ယွီ: "မဟုတ်ဘူး မွေးပြီးချင်းက အခွံပျော့ဉတစ်ခုပဲ အချိန်တစ်ခုကြာတော့မှ ဉကွဲပြီးတော့ထွက် လာမှာ"

ဖက်ထုပ်လေးက ဘေးနားကနေ ခေါင်းညိတ်လာသည်။ သူဘယ်လိုမွေးဖွားလာတယ်ဆိုတာ ကောင်းကောင်းသိပုံရပါ၏။ ဟဲကျင့်က အဲ့ဒါကရယ်စရာကောင်းတယ်လို့ထင်သည်။

ကိုးခန်းမက ရေသေကိုပြောလာသည်။

"မင်း ဗျူဟာကိုမဖတ်ထားဘူးလား?လူတော်တော်များများက သူတို့ရဲ့အတွေ့အကြုံကို ရှယ်ထားတာကို!သူတို့ပြောတာက အဲ့ဒါက ဝမ်းသွားသလိုနီးပါးခံစားရတယ်တဲ့။ဂိမ်းကုမ္ပဏီကတော့ ငါတို့ကိုလာနောက်နေတာပဲ!"

ရေသေ သည် ကိုးခန်းမကို ရှုပ်ထွေးစွာကြည့်ကာဖြင့်

"မင်းက ဘာလို့ဗျူဟာကိုဖတ်တာလဲ?"

ကိုးခန်းမ: "အပျော်သက်သက်လေ"

ရေသေ က မျက်ခုံးပင့်လိုက်ပြီး "မင်းငါ့အတွက် ဥဥပေးချင်လို့မဟုတ်ဘူးလား?"

ကိုးခန်းမ: "..."

သူတို့စကားပြောနေစဉ်တွင် လူအများအပြားသည် ကြိုးကြာရိုင်း ၏အိမ်အ၀င်ဝသို့ ရောက်ခဲ့ကြသည်။ ရေသေက သူ့ယပ်တောင်ကိုခပ်လျက် ကိုးခန်းမကိုပြုံးကာပြောလာသည်။

"ငါလည်း ကလေးလိုချင်ပေမယ့် လိင်တူစုံတွဲတွေက ဥမပေါက်နိုင်ဘူးလို့ စနစ်က ပြဋ္ဌာန်းထားတယ် နှမြောစရာပဲ"

ကိုးခန်းမ: "ဘာတွေပြောနေတာလဲ?နှမြောစရာလား? တကယ်ကို အပျော်ဖတ်တာဟ မင်းရဲ့ ရိုင်းစိုင်းတဲ့ အတွေးတွေကို ရပ်တန့်ပေးနိုင်မလား?"

ရေသေ က ကိုးခန်းမ ရဲ့ နောက်ကျောကို ပုတ်လိုက်ပြီး "ငါ နားလည်ပါတယ်"

ကိုးခန်းမမှာသွေးအန်လုမတတ်ပင်...

ကြိုးကြာရိုင်းက လင်မယားအခန်းကိုသွားဖို့မစောင့်နိုင်တော့ပဲအလောတကြီးပြေးတော့သည်။လွင့်မျောတိမ်တိုက်သည်လည်းတပ်ကြပ်မကွာလိုက်လာခဲ့သည်။

လူတိုင်းကတိတ်တဆိတ်ရပ်နေခဲ့ကြသည်။"ငါတို့ကြည့်လို့ရမလား" ဟု အဆက်မပြတ်မေးနေတာဆိုလို့ ရှူကျီးကျာ့လန်သာရှိလေရဲ့။

ကိုးခန်းမက သူ့ဒေါသတွေကို ရှူကျီးကျာ့လန်အပေါ် လွှတ်ထုတ်လိုက်သလိုမျိုး ရှူကျီးကျာ့လန်ရဲ့တင်ပါးကိုကန်လိုက်သည်။

"မင်းရူးနေလား?ဘယ်သူကသူတို့ကလေးမွေးတာကိုကြည့်ခွင့်ပေးမှာတဲ့လဲ?"

မမျှော်လင့်စွာပဲ ကိုးခန်းမ ပြောပြီး သိပ်မကြာခင် မှာတင် ကြိုးကြာရိုင်းကအခန်းထဲကနေအလောတကြီးခေါ်လာတော့သည်။

"လာ ! မင်းတို့အကုန်လုံး!"

လူတိုင်း: "..."

ကိုးခန်းမရဲ့ ခွင့်လွှတ်ခြင်းဆိုတာကဘာမှကိုအရေးမပါနေခဲ့ဘူး ဘာလို့ဆိုလူအုပ်ထဲကတစ်ယောက်မှစိတ်ထဲမရှိနေလို့လေ

လင်မယားအခန်းကို စုံတွဲပဲဝင်ခွင့်ရှိတာတောင် ကြိုးကြာရိုင်းက တံခါးကိုဖွင့်ထားကာလူတိုင်းကိုကြည့်ခွင့်ပေးခဲ့၏။

ရှုကျီးကျာ့လန်သည် သူ့ရဲ့ပန်ဒါတင်ပါးကို လိမ်ဖယ်ကာဖြင့်အခန်းဝကိုအပြေးသွားခဲ့ကာအနီးကပ်ကြည့်ခဲ့သည်။ကျန်တဲ့သူတွေကတော့ လူကြီးလူကောင်းအနေနဲ့ပြုမူချင်သော်လည်း သူတို့အားနည်းနေသလိုခံစားလိုက်ရတယ် ... ကောင်းပြီလုပ်လိုက်ကြရအောင် ကြည့်လိုက်ရအောင်

အဝင်ဝတွင် ရုတ်တရက် လူများဖြင့် ပြည့်ကျပ်နေပြီး လွင့်မျောတိမ်တိုက် သည် သူ့ဇနီး၏ ပွင့်လင်းမြင်သာမှုကို သည်းခံရုံသာတတ်နိုင်ခဲ့သည်။ သူ့ပါးစပ်တွေ တွန့်ကွေးနေပြီး အဲ့ဒါကရှက်ဖို့ကောင်းတယ်လို့ခံစားနေရတယ်။

ဟဲကျင့်က ဖက်ထုပ်လေးတောင်မှ ထိပ်ကနေပျံပြီးတော့ သူ့ရဲ့မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့စပ်စုနေတာကိုတွေ့လိုက်ရလေရဲ့။သူကတော့အဲ့ဒါရယ်စရာကောင်းတယ်လို့ထင်တာပဲ။ဒီအသေးလေးက သူဘာကိုကြည့်နေလဲဆိုတာကိုတောင်သိရဲ့လားနော်?

"ငါ့ကလေးလေးက ညီလေးလိုချင်တာလား ညီမလေးလိုချင်တာလား?"

ဟဲကျင့်ကဖက်ထုပ်လေးကိုတီးတိုးပြောလိုက်သည်။

ဖက်ထုပ်လေးသည် ဟဲကျင့်ပြောတာကိုနားမလည်ပုံနှင့်ခေါင်းစောင်းကြည့်နေခဲ့သည်။

ဟဲကျင့်ကချင်ယွီကို မေးလာခဲ့သည်။

"စနစ်ကလေးတွေက ဘယ်လောက်ထိဉာဏ်ကောင်းလဲ?"

ချင်ယွီက ရှင်းပြလာသည်။

"ငါတို့ ကုမ္ပဏီက Demon God ကနေပြီး ဝယ်ထားတဲ့အချက်အလက်တွေအရတော့ကလေးတွေက တကယ့်လက်တွေ့က လူသားကလေးလေးတွေလောက် IQ မြင့်တယ်တဲ့။ပြီးတော့ သူ့တို့မိဘတွေရဲ့ စိတ်ခံစားချက်လိုမျိုး သူတို့မှာလဲရှိတယ်။အဲ့ဒါကြောင့်မလို့ သူတို့ရဲ့ မိဘတွေရဲ့စိတ်ခံစားချက်အလိုက်ဒေါသထွက်တာတို့ ဝမ်းနည်းတာတို့ဖြစ်တတ်ကြတယ်။သူတို့က ပုန်ကန်တာတို့ ပြန်ခံပြောတာတို့ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။သေချာတာပေါ့သူတို့ရဲ့ဉာဏ်ရည်နဲ့ တိုက်ခိုက်နိုင်စွမ်းက setting ချပြီးသားလေ"

သူတို့ သိချင်စိတ်များတာအံ့ဩစရာတော့မဟုတ်တော့ဘူး ဖက်ထုပ်လေးလဲ သိချင်စိတ်များတာပဲ

ဟဲကျင့်ကမမျှော်လင့်ပဲမနေနိုင်ခဲ့ချေ။

"တကယ့်လက်တွေ့မှာ ဖက်ထုပ်လေးကဘယ်လိုမျိုးဖြစ်နေမလဲငါတကယ်ကြီးသိချင်တယ်"

ချင်ယွီ: "ဒါက စမ်းသပ်မှု အဆင့်ကို ရောက်နေပါပြီ။ မနက်​ဖြန်​ ရုံးမှာ အရင်​စစ်​ကြည့်​လို့ရတယ် လေ​။ ဒါပေမယ့် အဲဒီထဲမှာ ဖက်ထုပ်လေးရဲ့ memory တော့မထည့်ရသေးဘူး အဲ့ဒါကြောင့်မင်းကိုတော့သိမှာမဟုတ်သေးဘူး"

အခန်းထဲတွင်တော့ ကြိုးကြာရိုင်း သည် ကုတင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမည်ကဲ့သို့ မွေးရမည်ကို ရှာဖွေရန် ကြိုးစားနေသော်လည်း နှစ်စက္ကန့်အတွင်းတွင် သူသည် အလွန်ပေါ့ပါးသွားသည်ကိုခံစားလိုက်ရပြီး သူ့နောက်တွင် ဉဖြူကြီးတစ်လုံးရှိနေပြီပင်

"ဘုရားရေ! အဲ့လောက်တောင်မြန်တာလား?!"

ရှူကျီးကျာ့လန်: "ဝိုး! အဲ့ဒါက မှော်ပညာနဲ့တူတယ်!"

ကိုးခန်းမအရှင်မင်းမြတ်လည်း မျက်လုံးပြူးလျက် အံ့အားသင့်သွားကာ

"ဒီလောက်လွယ်မယ်လို့ မမျှော်လင့်ထားဘူး..."

လွင့်မျောတိမ်တိုက်သည် ချက်ချင်းလက်ဆန့်ထုတ် ကာဖြင့် ဉခွံပျော့ပျော့ကိုထိကြည့်လိုက်သည်။ပြီးတော့ သူကအရမ်းကိုပျော်နေတော့တာပဲ

ကြိုးကြာရိုင်း သည် လှည့်ကြည့်ပြီးနောက် သူမွေးလိုက်သည့်အရာကို ထိုးကြည့်ရန်လက်ကိုဆန့်တန်းလိုက်သည်။ သူက ထူးဆန်းတဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တဲ့ သိပ္ပံပညာရှင်တစ်ယောက်လိုပဲ

"အဲ့ဒါက အရမ်းနူးညံ့တယ်!"

လွင့်မျောတိမ်တိုက် က သူ့လက်ကို လက်ဖြင့် ပုတ်လိုက်ပြီး

"ညင်သာပါဉီး ပွင့်သွားမယ် မထိုးနေနဲ့!"

ကြိုးကြာရိုင်း: "..."

ရေသေသည် ထူးဆန်းနေတာကိုရှာတွေ့ခဲ့သည်။

"ဘာလို့ ကြောငြာချက်မထွက်လာရတာလဲ?"

ချင်ယွီကရှင်းပြလာသည်။

"ဥပေါက်ပြီးမှ ကြောငြာချက်ထွက်မှာ"

လွင့်မျောတိမ်တိုက်နဲ့ကြိုးကြာရိုင်းသည် ဟဲကျင့်ရဲ့ ဉဖောက်ခြင်းအတွေ့အကြုံကိုပြောပြရန်တောင်းဆိုခဲ့သည်။အဲ့နောက်တွင်တော့ သူတို့တွေ အဖေများဖြစ်လာခြင်းရဲ့ ပျော်ရွှင်မူတွင် နစ်မြှပ်နေခဲ့တော့၏

ကုတင်ဘေးတွင် ထိုင်နေသော လူနှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် ဒီနေ့ လှုပ်ရှားမှုများကို ရွှေ့ဆိုင်းရမည်ဟု ဟဲကျင့်သိလိုက်သည်။သူတို့တွေနောက်မှ အွန်လိုင်းတက်တော့မယ်လို့ အတည်ပြုခဲ့ပြီးနောက်တွင်တော့ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားပါတော့သည်။

ဟဲကျင့်နဲ့ချင်ယွီက စက်ဝိုင်းပုံရပ်နေရင်း ဘယ်ကိုသွားကြမလဲဆိုတာကိုတိုင်ပင်နေကြသည်။ချင်ယွီက အကြံပေးလာသည်။

"ငါတို့တွေ မှော်ကြယ်တောင်ကိုသွားပြီးတော့ မွန်းစတားတွေသွားသတ်ကြရအောင်လေ ဖက်ထုပ်လေးကိုအဆင့်မြှင့်လို့ရတာပဲ"

ဟဲကျင့်က သူ့လက်ကိုမြှောက်ကာသဘောတူခဲ့သည်။မိသားစုသုံးယောက်ကချက်ချင်းပဲ မွန်းစတားတွေရဲ့ကုန်းမြေကိုဉီးတည်ခဲ့ကြသည်။

မှော်ကြယ်တောင်မှာရှိတဲ့ မွန်းစတားတွေရဲ့အဆင့်ကတော်တော်တော့မြင့်၏။

ဒီနေရာကအရင်ကတော့ စနစ်မစ်ရှစ်အဆင့် 90 အတွက်ဖြစ်ခဲ့တာပါပဲ ဒါပေမယ့် ဂိမ်းက စနစ်ကလေးရဲ့ setting ကို တိုးမြှင့်လာတာနဲ့အမျှ မွန်းစတားလေးတွေကိုသတ်လိုက်လို့ကျလာတဲ့ အသားတုံးတွေက Demon ကလေးလေးတွေကြီးထွားလာဖို့ကိုအဆင့်မြှင့်လို့ရတဲ့ ဂုဏ်ရည်ဂုဏ်သွေးကိုထည့်လိုက်တော့တာပါပဲ။

ဟဲကျင့်က လွန်ခဲ့တဲ့ 3 နှစ်က လိုင်းမတက်ခဲ့တဲ့အပြင် ချင်ယွီကလဲ online တက်ခဲလေသည်။အဲဒါကြောင့်ပဲ ဖက်ထုပ်လေးရဲ့ကြီးထွားမှု ရပ်တန့်သွားတာပင်။ ၎င်းသည် ဂိမ်း၏ ပထမဆုံးစနစ်ကလေးဖြစ်နေဆဲဖြစ်ပြီး တောက်ပသောစံချိန်နှင့် တုနှိုင်းမရနိုင်သော အလားအလာများရှိနေသော်လည်း သူ့ရဲ့အစစ်အမှန်အဆင့်ကတော့နောက်ကျနေပြီပင်။

ဤအခိုက်အတန့်တွင်တော့ချစ်လှစွာသော ဖခင်နှစ်ဦးနှင့်အတူ ဖက်ထုပ်လေးသည် မွန်းစတားများကိုသတ်ရန် အလွန်စိတ်လှုပ်ရှားနေလေသည်။ သူသည် လှုပ်ရှားမှုကို ချဲ့ထွင်ရန်အတွက်အော်ဟစ်လိုက်ပြီး သူရဲ့ ပြင်းထန်သော သဘော သဘာဝကို ဖော်ထုတ်ခဲ့သည်။သူအားသွားတော့ခုနကသူ့အဖေသတ်လိုက်လို့ကျလာတဲ့မွန်းစတားအသားတုံးကို ဒေါသတကြီးစားတော့သည်။

ဟဲကျင့်ကအဲ့ဒါကိုအနည်းငယ်လက်မခံနိုင်စွာဖြင့် သက်ပြင်းချကာပြောလာတော့သည်။

"တကယ့်ဖက်ထုပ်လေးရောအသားစိမ်းတွေစားရတာကြိုက်လောက်လား?"

ချင်ယွီ: "သေချာပေါက်မဟုတ်ဘူးပေါ့!အဲ့ဒါကအားသွင်းရမှာ"

ဟဲကျင့် အေးခဲသွားပြီး သူ့ခေါင်းကို ခေါက်လုမတတ်ဖြစ်သွားရသည်။အဲ့ဒါကလက်တွေ့ဆန်လွန်းလို့ သူလက်တွေ့ဘဝနဲ့တောင်မခွဲခြားနိုင်တော့ပါဘူးနော်

မိသားစုသည် ပျော်ရွှင်စွာ ဟိုဟိုဒီဒီပြောရင်းဖြင့် မွန်းစတားများကိုသတ်နေခဲ့ကြသည်။ဟဲကျင့်သည်ရုတ်တရက်မြေကြီး တုန်လှုပ်သွားသည်ကို ခံစားလိုက်ရပြီး မျက်လုံးများ နီရဲကာ အော်ဟစ်လိုက်တော့သည်။ သူတို့ တိုက်ခိုက်ခံနေရပြီ!

မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်ယွီက သူ့ရှေ့ကို ပြေးလာပြီး "နောက်ကိုဆုတ်" ဟု တီးတိုးပြောလိုက်သည်။

သူဘာကိုဆိုလိုလဲဆိုတာကိုဟဲကျင့်က ချက်ချင်းသိပါ၏။ လွန်ခဲ့သည့် သုံးနှစ်ခန့်က တိုက်ပွဲအတွက် ပြင်ဆင်ရန် နှစ်ဝက်ကျော်ကြာ အချင်းချင်း လိုက် လျောညီထွေ ဖြစ်အောင်လုပ်ခဲ့ရတယ်လေ။ ချင်ယွီကသူရဲကောင်းလုပ်ချင်လို့မဟုတ်ပဲ ဟဲကျင့်ကိုအနောက်ပို့ရသည်မှာ သွေးဖြည့်ဖို့လိုမလိုကြည့်ရန်ပင်။

ဘယ်လိုပဲဖြစ်ဖြစ် သုံးနှစ်အကြာမှာ ချင်ယွီရဲ့ အဆင့်ကကျသွားပေမယ့်လည်းအစွမ်းထက်ဆဲဖြစ်ပြီးဟဲကျင့်အံ့အားသင့်ရဆဲပင်။သူတို့က မွန်းစတားအနည်းငယ်ကိုသတ်ဖို့ပဲလာတာလေအဲ့ဒါကိုအတိုက်ခိုက်ခံရတယ်တဲ့ ဘယ်သူက ဒီလောက်အတင့်ရဲနေရတာလဲ?

"နောက်ဆုံးတော့ ခင်များအွန်လိုင်းပေါ်ရောက်လာပြီပေါ့!"

ဟဲကျင့်တစ်ချက်ကြည့်လိုက်တော့ စကားပြောနေတဲ့လူက နှုတ်ခမ်းနီနီသွားဖြူဖြူနဲ့ဖြစ်ပြီးထိုသူကကြာပွတ်ရှည်ကိုကိုင်ထားလျက်ရွှေရောင်ဝတ်စုံကိုဝတ်ဆင်ထားလေသည်။

ဦးခေါင်းထိပ်တွင်တော့ သူ၏အမည်ကို ရွှေအလျဉ် ဟု ရှင်းရှင်းလင်းလင်း ပြသထားသည်။

မဖြစ်နိုင်လိုက်တာ!အဲ့ဒါကအခုချိန်မှာ အဆင့် 1 မှာရပ်တည်နေတဲ့ ရွှေအလျဉ် ဆိုတဲ့တစ်ယောက်မလား?ဒါကတိုက်ဆိုင်တာလား?ရည်ရွယ်ချက်ရှိရှိလား?

"မာစတာ ဒီတိုက်ကွက်ကို ခံစားကြည့်လိုက်!"

ချင်ယွီရဲ့ပြန်ဖြေတာကို မစောင့်တော့ပဲ ရွှေအလျဉ် က ချက်ချင်းပဲ သူ့ကြာပွတ်နဲ့တိုက်ခိုက်လာတော့သည်

မာစတာအသစ်က မာစတာအဟောင်းနဲ့တွေ့တဲ့အချိန်မှာ သူတို့ရဲ့ PK မှာသူရှုံးခဲ့ရင်တောင် အရှိန်အဟုန် ကတော့ရှိနေဦးမှာပဲ သူဒီပွဲကိုသေချာပေါက်နိုင်ဟမယ်ဆိုတာမျိုးပေါ့

ချင်ယွီက သူ့ဓားကို ဆွဲထုတ်လိုက်သည်။ သူက ဂိမ်းထဲမှာ အမြဲအေးစက်ခက်ထန်နေခဲ့တယ်။ သူကစကားအများကြီးမပြောဘဲ ဘယ်တော့မှလည်း ရှောင်မထွက်ဘူး

ဒါပေမယ့် ဟဲကျင့်အတွက်ကတော့ အဲ့ဒါကဟန် ဆောင်ထားတာတွေဆိုတာသူသိတယ် ဘာလို့ဆို သူရဲ့အရောင်အဆင်းအမှန်ကို သူသိတယ်လေ (=_=)

နှစ်ယောက်သား ချက်ချင်းပဲစတင်တိုက်ခိုက်ကြပြီး ပြင်းပြင်းထန်ထန် ရုန်းကန်နေကြသည်။ သူတို့၏ သွေးပမာဏ ၏ သုံးပုံတစ်ပုံ ဆုံးရှုံးပြီးနောက်ချင် ယွီရှုံးနေသည်ကို ဟဲကျင့်သတိပြုမိလိုက်ပြီးမျက်မှောင်ကြုံသွားတော့သည်။

ဟဲကျင့်မှပြန်ခေါ်ထားသောဖက်ထုပ်လေးသည်လဲသူ့အဖေအနိုင်ကျင့်ခံရမှာကိုစိုးရွံ့လျက်မျက်လုံးနှစ်လုံးကိုကျဉ်းမြောင်းလျက်စိတ်လှုပ်ရှားစွာကြည့်နေလေသည်။

ဟဲကျင့် က ဝင်ပါဖို့အလျင်လိုနေလေသည်။ သူသည် အကြိမ်ပေါင်းများစွာ တက်လှမ်းပြီး ကယ်ဆယ်လိုသော်လည်း ချင်ယွီ သည် ရွှေအလျဉ် နှင့် ပွင့်ပွင့်လင်းလင်း တိုက်ပွဲဝင်ရန် ကြိုးစားနေကြောင်းကိုလည်း သူသဘောပေါက်နိုင်သည်။ သူက ချင်ယွီ အတွက် လျှို့ဝှက်သွေးထည့်ပေးလိုက်ရင် တရားမျှတမှု မရှိသလိုပါပဲ

သူစိတ်တွေပူနေချိန်မှာမှာပဲ ချင်ယွီက သူ့ကိုတီးတိုးဆိုကာတိုက်တွန်းလာလေသည်။

"မိန်းမလေး ကိုယ့်ကို နို့အပြည့်ပေး"

ဟဲကျင့် မြေပြင်ပေါ်ကို ပြိုကျလုနီးပါးတောင်ဖြစ်သွားရ၏

"ငါတို့ ဒီမှာ သွေးဖြည့်လို့ရလား?"

ချင်ယွီကစိတ်ပိုင်းဖြတ်ထားပုံနဲ့ပြောလာသည်။

"ရတာပေါ့ ဒါကအရိုင်းအစိုင်းတိုက်ပွဲပဲကို!"

ဟဲကျင့် သည် အကြင်လင်မယား ကျွမ်းကျင်မှုကို အနည်းငယ်စိတ်မချမ်းသာစွာဖြင့်အသုံးပြုခဲ့သည်။ ချင်ယွီ ၏ သွေးအဆင့် တိုးလာသည်ကို တွေ့ပြီးနောက် ဟဲကျင့် သည် သူ့အား ဝင်တိုက်ခိုက်ပေးရန် မလိုအပ်တော့ဟု တွေးလိုက်သည်။ ချင်ယွီက ရန်သူကို ခန္ဓာကိုယ်နှစ်ခုနဲ့ချနေသလိုပဲလေ သူသေချာပေါက်နိုင်လိမ့်မယ်

ဘယ်လိုပဲဖြစ်ဖြစ် နောက်တကြိမ်အလှည့်အပြောင်းက ဟဲကျင့်ကို အံ့အားသင့်စေခဲ့တတယ်။သူတို့နှစ်ယောက်တိုက်နေတဲ့အလယ်မှာ အစိမ်းရောင်ပုံရိပ်တစ်ခုပေါ်လာခဲ့တာပဲ။ပြီးတော့ တိုက်ပွဲကို ဝင်ပါပြီး လျှပ်စီးတွေပစ်လွှတ်နေခဲ့တယ်။အဲ့ဒါက ရွှေအလျဉ်ရဲ့ဖက်ကပဲ!အစထဲကအဲ့မှာလူနှစ်ယောက်ရှိနေတာလား?

ဟဲကျင့် သည် ဒေါသနှင့်ပြည့်နေပြီး သူသည် သားရဲအသွင်ပြောင်းကာ ချင်ယွီကို ကူညီရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ဤအရေးကြီးသောအခိုက်အတန့်တွင် ချင်ယွီက ထပ်မံနှောင့်ယှက်ကာဖြင့်

"မိန်းမလေး မင်းရဲ့အိတ်ထဲမှာ ကျောက်စိမ်းနှင်းစက် ရှိသေးလား?"

ဟဲကျင့်စိတ်ရှုပ်သွားတော့သည်။ကျောက်စိမ်းနှင်းစက်ကဘာလဲ?

ချင်ယွီ က သူ့ကို သတိပေးလာခဲ့သည်။

"ငါတို့ အရင်ကအကြင်လင်မယားမစ်ရှင်ပြီးတုန်းကစနစ်ကပေးခဲ့တာလေ ငါ့မှာရှိတာက ရွှေလေ"

သူပြောနေတာတွေကို ဟဲကျင့်သဘောပေါက်သွားခဲ့သည်။သူ့သိုလှောင်အိတ်ကိုထိကြည့်ပြီးနောက်

"အဲ့ဒါ ငါ့မှာရှိတယ်!"

ချင်ယွီ: "စားလိုက်"

ဟဲကျင့် က သူ့ ပါးစပ်ထဲ ကို ထည့်လိုက်သည် ။ နောက်အခိုက်အတန့်တွင် သူ၏အမြင်အာရုံတွင် သိသိသာသာပြောင်းလဲသွားသည်- သူနှင့်အလွန်နီးကပ်နေသောကစားသမားနှစ်ဦးကိုတွေ့လိုက်ရပြီး သူတို့က သူ့ကိုရက်ရက်စက်စက်ကိုသတ်ပစ်တော့မှာဟ!

"ဘာတွေဖြစ်နေတာလဲ?"

သူ့ကိုယ်သူ ထိန်းချုပ်လို့မရမဖြစ်စေရန်သာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခံစားချက်ကို အလျင်အမြန် ပြုပြင်ပြောင်းလဲလိုက်သည်။

"စိတ်မပူပါနဲ့ မင်းက ငါ့ခန္ဓာကိုယ်ထဲမှာ ရှိနေတာ"

ချင်ယန်က သူ့ကို နှစ်သိမ့်လာသည်။

"ဒီဆေးက ကစားသမားနှစ်ယောက်ကို နှစ်ဆအ
ဖြစ် ပေါင်းစပ်ပေးမယ်ဆိုတာကို မေ့နေတာလား?အခုငါတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားနှင့် စွမ်းရည် တွေကို လွှမ်းခြုံထားပြီး အရည်အချင်းတွေက 50% တိုးလာပြီ"

ရွှေလေနဲ့ ကျောက်စိမ်းနှင်းစက်ပေါင်းဆုံတဲ့အချိန်မှာတော့ သူတို့ကမ္ဘာပေါ်မှာ အကြောက်တရားမဲ့သွားပြီပဲ!

ထိုအချိန် ကွာဟမှုအတွင်း ချင်ယွီသည် သူ၏ ခွန်အားကို အလွန်တိုးစေခဲ့သည်။ သူ့ရှေ့က ကစားသမားနှစ်ဦးက သူ့ရဲ့ပြောင်းလဲမှုကို ရှင်းရှင်းလင်းလင်း သတိပြုမိပြီး သူတို့နှစ်ဦးစလုံး ထိတ်လန့်တဲ့ လက္ခဏာတွေ ပြသလာတော့သည်။

ချင်ယွီ က ညင်သာစွာ ပြုံးလိုက်ပြီး

"အားကျင့် မင်းရဲ့ယောင်္ကျားကသူတို့ကိုဘယ်လိုအနိုင်ကျင့်မလဲဆိုတာကြည့်နေလိုက်"

ဟဲကျင့်: "... "

Zawgyi

157: အခ်ပ္ပို ၂

ႀကိဳးၾကာ႐ိုင္းရဲ႕ ဒီ ကိုယ္ဝန္ေဆာင္လကၡဏာေၾကာင့္အသင္းရဲ႕လႈပ္ရွားမူဆိုင္ရာမ်ားရပ္တန႔္သြားခဲ့ေတာ့သည္။ လြင့္ေမ်ာတိမ္တိုက္မွလြဲ၍ လူတိုင္း စိတ္ရႈပ္ေထြးေနပုံရသည္။ သူတို႔ ဘာလုပ္ရမွန္း မသိေသာ္လည္း ႀကိဳးၾကာ႐ိုင္းဘာလုပ္မလဲဆိုတာကိုသူတို႔ေတြလွည့္ၿပီးေတာ့ၾကည့္လိုက္ၾကေသး၏

႐ိုး႐ိုးသားသား ေျပာရရင္ ဂိမ္းထဲမွာကစားသမားတစ္ဦး ဘယ္လိုကေလးေမြးလဲဆိုတာသူတို႔မျမင္ဖူးၾကေပ။

သူတို႔ေတြ အင္တာနက္ေပၚမွာ Demon God နဲ႔ဆိုင္တဲ့ ဉဘယ္လိုဉလဲကိုရွာလို႔ေတာ့ရပါတယ္။အခ်က္အလက္ေတြကအဲ့တုန္းကဟဲက်င့္နဲ႔ခ်င္ယြီႀကဳံေတြ႕ခဲ့တာထက္ေတာင္တိက်ပုံရေသးတယ္။ဒါကိုမႀကဳံဖူးတဲ့ကစားသမားေတြအတြက္ကေတာ့ေတာ္ေတာ္ေလးကိုစိတ္ဝင္စားဖို႔ေကာင္းတာပဲ

အားလုံးက စိတ္အားထက္သန္စြာ ေဆြးေႏြးေနခဲ့ၾကသည္-

ေရေသ: " မင္းအခု ကေလးေမြးေတာ့မွာလား ? ဒါ​ေပမယ့္​ ဘယ္​မွာလုပ္​မွာလဲ?"

ဖခင္တစ္ေယာက္ျဖစ္ျခင္း၌ အေတြ႕အႀကဳံမ်ားရွိသည့္ ခ်င္ယြီကေပါ့ေပါ့ပါးပါးပဲရွင္းျပလာေလရဲ႕

"အိမ္စနစ္မွာ ရွိတဲ့လင္မယားအတူတူေနတဲ့အခန္းကိုျပန္သြားရမွာ"

ရႉက်ီးက်ာ့လန္ကဟဲက်င့္ကိုေမးလိုက္သည္။

"ကေလးေမြးေတာ့ ဘယ္လိုေနလဲ? အဲ့ဒါကနာလား?"

"..."

ဟဲက်င့္တကယ္ႀကီး ဒီလိုရွက္စရာေကာင္းတဲ့ေမးခြန္းကို မေျဖခ်င္ပါဘူးေနာ္

ကံေကာင္းေထာက္မစြာပဲ ေရေသကအေၾကာင္းအရာေျပာင္းလိုက္ၿပီးခ်င္ယြီကိုဆက္ေမးလာေတာ့သည္။

"ဒါဆို မင္း ကေလးခ်က္ခ်င္းရၿပီေပါ့?"

ခ်င္ယြီ: "မဟုတ္ဘူး ေမြးၿပီးခ်င္းက အခြံေပ်ာ့ဉတစ္ခုပဲ အခ်ိန္တစ္ခုၾကာေတာ့မွ ဉကြဲၿပီးေတာ့ထြက္ လာမွာ"

ဖက္ထုပ္ေလးက ေဘးနားကေန ေခါင္းညိတ္လာသည္။ သူဘယ္လိုေမြးဖြားလာတယ္ဆိုတာ ေကာင္းေကာင္းသိပုံရပါ၏။ ဟဲက်င့္က အဲ့ဒါကရယ္စရာေကာင္းတယ္လို႔ထင္သည္။

ကိုးခန္းမက ေရေသကိုေျပာလာသည္။

"မင္း ဗ်ဴဟာကိုမဖတ္ထားဘူးလား?လူေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕အေတြ႕အႀကဳံကို ရွယ္ထားတာကို!သူတို႔ေျပာတာက အဲ့ဒါက ဝမ္းသြားသလိုနီးပါးခံစားရတယ္တဲ့။ဂိမ္းကုမၸဏီကေတာ့ ငါတို႔ကိုလာေနာက္ေနတာပဲ!"

ေရေသ သည္ ကိုးခန္းမကို ရႈပ္ေထြးစြာၾကည့္ကာျဖင့္

"မင္းက ဘာလို႔ဗ်ဴဟာကိုဖတ္တာလဲ?"

ကိုးခန္းမ: "အေပ်ာ္သက္သက္ေလ"

ေရေသ က မ်က္ခုံးပင့္လိုက္ၿပီး "မင္းငါ့အတြက္ ဥဥေပးခ်င္လို႔မဟုတ္ဘူးလား?"

ကိုးခန္းမ: "..."

သူတို႔စကားေျပာေနစဥ္တြင္ လူအမ်ားအျပားသည္ ႀကိဳးၾကာ႐ိုင္း ၏အိမ္အ၀င္ဝသို႔ ေရာက္ခဲ့ၾကသည္။ ေရေသက သူ႔ယပ္ေတာင္ကိုခပ္လ်က္ ကိုးခန္းမကိုၿပဳံးကာေျပာလာသည္။

"ငါလည္း ကေလးလိုခ်င္ေပမယ့္ လိင္တူစုံတြဲေတြက ဥမေပါက္ႏိုင္ဘူးလို႔ စနစ္က ျပ႒ာန္းထားတယ္ ႏွေျမာစရာပဲ"

ကိုးခန္းမ: "ဘာေတြေျပာေနတာလဲ?ႏွေျမာစရာလား? တကယ္ကို အေပ်ာ္ဖတ္တာဟ မင္းရဲ႕ ႐ိုင္းစိုင္းတဲ့ အေတြးေတြကို ရပ္တန႔္ေပးႏိုင္မလား?"

ေရေသ က ကိုးခန္းမ ရဲ႕ ေနာက္ေက်ာကို ပုတ္လိုက္ၿပီး "ငါ နားလည္ပါတယ္"

ကိုးခန္းမမွာေသြးအန္လုမတတ္ပင္...

ႀကိဳးၾကာ႐ိုင္းက လင္မယားအခန္းကိုသြားဖို႔မေစာင့္ႏိုင္ေတာ့ပဲအေလာတႀကီးေျပးေတာ့သည္။လြင့္ေမ်ာတိမ္တိုက္သည္လည္းတပ္ၾကပ္မကြာလိုက္လာခဲ့သည္။

လူတိုင္းကတိတ္တဆိတ္ရပ္ေနခဲ့ၾကသည္။"ငါတို႔ၾကည့္လို႔ရမလား" ဟု အဆက္မျပတ္ေမးေနတာဆိုလို႔ ရႉက်ီးက်ာ့လန္သာရွိေလရဲ႕။

ကိုးခန္းမက သူ႔ေဒါသေတြကို ရႉက်ီးက်ာ့လန္အေပၚ လႊတ္ထုတ္လိုက္သလိုမ်ိဳး ရႉက်ီးက်ာ့လန္ရဲ႕တင္ပါးကိုကန္လိုက္သည္။

"မင္း႐ူးေနလား?ဘယ္သူကသူတို႔ကေလးေမြးတာကိုၾကည့္ခြင့္ေပးမွာတဲ့လဲ?"

မေမွ်ာ္လင့္စြာပဲ ကိုးခန္းမ ေျပာၿပီး သိပ္မၾကာခင္ မွာတင္ ႀကိဳးၾကာ႐ိုင္းကအခန္းထဲကေနအေလာတႀကီးေခၚလာေတာ့သည္။

"လာ ! မင္းတို႔အကုန္လုံး!"

လူတိုင္း: "..."

ကိုးခန္းမရဲ႕ ခြင့္လႊတ္ျခင္းဆိုတာကဘာမွကိုအေရးမပါေနခဲ့ဘူး ဘာလို႔ဆိုလူအုပ္ထဲကတစ္ေယာက္မွစိတ္ထဲမရွိေနလို႔ေလ

လင္မယားအခန္းကို စုံတြဲပဲဝင္ခြင့္ရွိတာေတာင္ ႀကိဳးၾကာ႐ိုင္းက တံခါးကိုဖြင့္ထားကာလူတိုင္းကိုၾကည့္ခြင့္ေပးခဲ့၏။

ရႈက်ီးက်ာ့လန္သည္ သူ႔ရဲ႕ပန္ဒါတင္ပါးကို လိမ္ဖယ္ကာျဖင့္အခန္းဝကိုအေျပးသြားခဲ့ကာအနီးကပ္ၾကည့္ခဲ့သည္။က်န္တဲ့သူေတြကေတာ့ လူႀကီးလူေကာင္းအေနနဲ႔ျပဳမူခ်င္ေသာ္လည္း သူတို႔အားနည္းေနသလိုခံစားလိုက္ရတယ္ ... ေကာင္းၿပီလုပ္လိုက္ၾကရေအာင္ ၾကည့္လိုက္ရေအာင္

အဝင္ဝတြင္ ႐ုတ္တရက္ လူမ်ားျဖင့္ ျပည့္က်ပ္ေနၿပီး လြင့္ေမ်ာတိမ္တိုက္ သည္ သူ႔ဇနီး၏ ပြင့္လင္းျမင္သာမႈကို သည္းခံ႐ုံသာတတ္ႏိုင္ခဲ့သည္။ သူ႔ပါးစပ္ေတြ တြန႔္ေကြးေနၿပီး အဲ့ဒါကရွက္ဖို႔ေကာင္းတယ္လို႔ခံစားေနရတယ္။

ဟဲက်င့္က ဖက္ထုပ္ေလးေတာင္မွ ထိပ္ကေနပ်ံၿပီးေတာ့ သူ႔ရဲ႕မ်က္လုံးဝိုင္းဝိုင္းႀကီးေတြနဲ႔စပ္စုေနတာကိုေတြ႕လိုက္ရေလရဲ႕။သူကေတာ့အဲ့ဒါရယ္စရာေကာင္းတယ္လို႔ထင္တာပဲ။ဒီအေသးေလးက သူဘာကိုၾကည့္ေနလဲဆိုတာကိုေတာင္သိရဲ႕လားေနာ္?

"ငါ့ကေလးေလးက ညီေလးလိုခ်င္တာလား ညီမေလးလိုခ်င္တာလား?"

ဟဲက်င့္ကဖက္ထုပ္ေလးကိုတီးတိုးေျပာလိုက္သည္။

ဖက္ထုပ္ေလးသည္ ဟဲက်င့္ေျပာတာကိုနားမလည္ပုံႏွင့္ေခါင္းေစာင္းၾကည့္ေနခဲ့သည္။

ဟဲက်င့္ကခ်င္ယြီကို ေမးလာခဲ့သည္။

"စနစ္ကေလးေတြက ဘယ္ေလာက္ထိဉာဏ္ေကာင္းလဲ?"

ခ်င္ယြီက ရွင္းျပလာသည္။

"ငါတို႔ ကုမၸဏီက Demon God ကေနၿပီး ဝယ္ထားတဲ့အခ်က္အလက္ေတြအရေတာ့ကေလးေတြက တကယ့္လက္ေတြ႕က လူသားကေလးေလးေတြေလာက္ IQ ျမင့္တယ္တဲ့။ၿပီးေတာ့ သူ႔တို႔မိဘေတြရဲ႕ စိတ္ခံစားခ်က္လိုမ်ိဳး သူတို႔မွာလဲရွိတယ္။အဲ့ဒါေၾကာင့္မလို႔ သူတို႔ရဲ႕ မိဘေတြရဲ႕စိတ္ခံစားခ်က္အလိုက္ေဒါသထြက္တာတို႔ ဝမ္းနည္းတာတို႔ျဖစ္တတ္ၾကတယ္။သူတို႔က ပုန္ကန္တာတို႔ ျပန္ခံေျပာတာတို႔ဘယ္ေတာ့မွလုပ္မွာမဟုတ္ဘူး။ေသခ်ာတာေပါ့သူတို႔ရဲ႕ဉာဏ္ရည္နဲ႔ တိုက္ခိုက္ႏိုင္စြမ္းက setting ခ်ၿပီးသားေလ"

သူတို႔ သိခ်င္စိတ္မ်ားတာအံ့ဩစရာေတာ့မဟုတ္ေတာ့ဘူး ဖက္ထုပ္ေလးလဲ သိခ်င္စိတ္မ်ားတာပဲ

ဟဲက်င့္ကမေမွ်ာ္လင့္ပဲမေနႏိုင္ခဲ့ေခ်။

"တကယ့္လက္ေတြ႕မွာ ဖက္ထုပ္ေလးကဘယ္လိုမ်ိဳးျဖစ္ေနမလဲငါတကယ္ႀကီးသိခ်င္တယ္"

ခ်င္ယြီ: "ဒါက စမ္းသပ္မႈ အဆင့္ကို ေရာက္ေနပါၿပီ။ မနက္​ျဖန္​ ႐ုံးမွာ အရင္​စစ္​ၾကည့္​လို႔ရတယ္ ေလ​။ ဒါေပမယ့္ အဲဒီထဲမွာ ဖက္ထုပ္ေလးရဲ႕ memory ေတာ့မထည့္ရေသးဘူး အဲ့ဒါေၾကာင့္မင္းကိုေတာ့သိမွာမဟုတ္ေသးဘူး"

အခန္းထဲတြင္ေတာ့ ႀကိဳးၾကာ႐ိုင္း သည္ ကုတင္ေပၚတြင္ ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ၿပီး သူမည္ကဲ့သို႔ ေမြးရမည္ကို ရွာေဖြရန္ ႀကိဳးစားေနေသာ္လည္း ႏွစ္စကၠန႔္အတြင္းတြင္ သူသည္ အလြန္ေပါ့ပါးသြားသည္ကိုခံစားလိုက္ရၿပီး သူ႔ေနာက္တြင္ ဉျဖဴႀကီးတစ္လုံးရွိေနၿပီပင္

"ဘုရားေရ! အဲ့ေလာက္ေတာင္ျမန္တာလား?!"

ရႉက်ီးက်ာ့လန္: "ဝိုး! အဲ့ဒါက ေမွာ္ပညာနဲ႔တူတယ္!"

ကိုးခန္းမအရွင္မင္းျမတ္လည္း မ်က္လုံးျပဴးလ်က္ အံ့အားသင့္သြားကာ

"ဒီေလာက္လြယ္မယ္လို႔ မေမွ်ာ္လင့္ထားဘူး..."

လြင့္ေမ်ာတိမ္တိုက္သည္ ခ်က္ခ်င္းလက္ဆန႔္ထုတ္ ကာျဖင့္ ဉခြံေပ်ာ့ေပ်ာ့ကိုထိၾကည့္လိုက္သည္။ၿပီးေတာ့ သူကအရမ္းကိုေပ်ာ္ေနေတာ့တာပဲ

ႀကိဳးၾကာ႐ိုင္း သည္ လွည့္ၾကည့္ၿပီးေနာက္ သူေမြးလိုက္သည့္အရာကို ထိုးၾကည့္ရန္လက္ကိုဆန႔္တန္းလိုက္သည္။ သူက ထူးဆန္းတဲ့ စမ္းသပ္မႈတစ္ခုကို ျပဳလုပ္ခဲ့တဲ့ သိပၸံပညာရွင္တစ္ေယာက္လိုပဲ

"အဲ့ဒါက အရမ္းႏူးညံ့တယ္!"

လြင့္ေမ်ာတိမ္တိုက္ က သူ႔လက္ကို လက္ျဖင့္ ပုတ္လိုက္ၿပီး

"ညင္သာပါဉီး ပြင့္သြားမယ္ မထိုးေနနဲ႔!"

ႀကိဳးၾကာ႐ိုင္း: "..."

ေရေသသည္ ထူးဆန္းေနတာကိုရွာေတြ႕ခဲ့သည္။

"ဘာလို႔ ေၾကာျငာခ်က္မထြက္လာရတာလဲ?"

ခ်င္ယြီကရွင္းျပလာသည္။

"ဥေပါက္ၿပီးမွ ေၾကာျငာခ်က္ထြက္မွာ"

လြင့္ေမ်ာတိမ္တိုက္နဲ႔ႀကိဳးၾကာ႐ိုင္းသည္ ဟဲက်င့္ရဲ႕ ဉေဖာက္ျခင္းအေတြ႕အႀကဳံကိုေျပာျပရန္ေတာင္းဆိုခဲ့သည္။အဲ့ေနာက္တြင္ေတာ့ သူတို႔ေတြ အေဖမ်ားျဖစ္လာျခင္းရဲ႕ ေပ်ာ္႐ႊင္မူတြင္ နစ္ျမႇပ္ေနခဲ့ေတာ့၏

ကုတင္ေဘးတြင္ ထိုင္ေနေသာ လူႏွစ္ေယာက္ကို ၾကည့္လိုက္ၿပီးေနာက္ ဒီေန႔ လႈပ္ရွားမႈမ်ားကို ေ႐ႊ႕ဆိုင္းရမည္ဟု ဟဲက်င့္သိလိုက္သည္။သူတို႔ေတြေနာက္မွ အြန္လိုင္းတက္ေတာ့မယ္လို႔ အတည္ျပဳခဲ့ၿပီးေနာက္တြင္ေတာ့ တစ္ေယာက္ၿပီးတစ္ေယာက္ ထြက္ခြာသြားပါေတာ့သည္။

ဟဲက်င့္နဲ႔ခ်င္ယြီက စက္ဝိုင္းပုံရပ္ေနရင္း ဘယ္ကိုသြားၾကမလဲဆိုတာကိုတိုင္ပင္ေနၾကသည္။ခ်င္ယြီက အႀကံေပးလာသည္။

"ငါတို႔ေတြ ေမွာ္ၾကယ္ေတာင္ကိုသြားၿပီးေတာ့ မြန္းစတားေတြသြားသတ္ၾကရေအာင္ေလ ဖက္ထုပ္ေလးကိုအဆင့္ျမႇင့္လို႔ရတာပဲ"

ဟဲက်င့္က သူ႔လက္ကိုေျမႇာက္ကာသေဘာတူခဲ့သည္။မိသားစုသုံးေယာက္ကခ်က္ခ်င္းပဲ မြန္းစတားေတြရဲ႕ကုန္းေျမကိုဉီးတည္ခဲ့ၾကသည္။

ေမွာ္ၾကယ္ေတာင္မွာရွိတဲ့ မြန္းစတားေတြရဲ႕အဆင့္ကေတာ္ေတာ္ေတာ့ျမင့္၏။

ဒီေနရာကအရင္ကေတာ့ စနစ္မစ္ရွစ္အဆင့္ 90 အတြက္ျဖစ္ခဲ့တာပါပဲ ဒါေပမယ့္ ဂိမ္းက စနစ္ကေလးရဲ႕ setting ကို တိုးျမႇင့္လာတာနဲ႔အမွ် မြန္းစတားေလးေတြကိုသတ္လိုက္လို႔က်လာတဲ့ အသားတုံးေတြက Demon ကေလးေလးေတြႀကီးထြားလာဖို႔ကိုအဆင့္ျမႇင့္လို႔ရတဲ့ ဂုဏ္ရည္ဂုဏ္ေသြးကိုထည့္လိုက္ေတာ့တာပါပဲ။

ဟဲက်င့္က လြန္ခဲ့တဲ့ 3 ႏွစ္က လိုင္းမတက္ခဲ့တဲ့အျပင္ ခ်င္ယြီကလဲ online တက္ခဲေလသည္။အဲဒါေၾကာင့္ပဲ ဖက္ထုပ္ေလးရဲ႕ႀကီးထြားမႈ ရပ္တန႔္သြားတာပင္။ ၎သည္ ဂိမ္း၏ ပထမဆုံးစနစ္ကေလးျဖစ္ေနဆဲျဖစ္ၿပီး ေတာက္ပေသာစံခ်ိန္ႏွင့္ တုႏႈိင္းမရႏိုင္ေသာ အလားအလာမ်ားရွိေနေသာ္လည္း သူ႔ရဲ႕အစစ္အမွန္အဆင့္ကေတာ့ေနာက္က်ေနၿပီပင္။

ဤအခိုက္အတန႔္တြင္ေတာ့ခ်စ္လွစြာေသာ ဖခင္ႏွစ္ဦးႏွင့္အတူ ဖက္ထုပ္ေလးသည္ မြန္းစတားမ်ားကိုသတ္ရန္ အလြန္စိတ္လႈပ္ရွားေနေလသည္။ သူသည္ လႈပ္ရွားမႈကို ခ်ဲ႕ထြင္ရန္အတြက္ေအာ္ဟစ္လိုက္ၿပီး သူရဲ႕ ျပင္းထန္ေသာ သေဘာ သဘာဝကို ေဖာ္ထုတ္ခဲ့သည္။သူအားသြားေတာ့ခုနကသူ႔အေဖသတ္လိုက္လို႔က်လာတဲ့မြန္းစတားအသားတုံးကို ေဒါသတႀကီးစားေတာ့သည္။

ဟဲက်င့္ကအဲ့ဒါကိုအနည္းငယ္လက္မခံႏိုင္စြာျဖင့္ သက္ျပင္းခ်ကာေျပာလာေတာ့သည္။

"တကယ့္ဖက္ထုပ္ေလးေရာအသားစိမ္းေတြစားရတာႀကိဳက္ေလာက္လား?"

ခ်င္ယြီ: "ေသခ်ာေပါက္မဟုတ္ဘူးေပါ့!အဲ့ဒါကအားသြင္းရမွာ"

ဟဲက်င့္ ေအးခဲသြားၿပီး သူ႔ေခါင္းကို ေခါက္လုမတတ္ျဖစ္သြားရသည္။အဲ့ဒါကလက္ေတြ႕ဆန္လြန္းလို႔ သူလက္ေတြ႕ဘဝနဲ႔ေတာင္မခြဲျခားႏိုင္ေတာ့ပါဘူးေနာ္

မိသားစုသည္ ေပ်ာ္႐ႊင္စြာ ဟိုဟိုဒီဒီေျပာရင္းျဖင့္ မြန္းစတားမ်ားကိုသတ္ေနခဲ့ၾကသည္။ဟဲက်င့္သည္႐ုတ္တရက္ေျမႀကီး တုန္လႈပ္သြားသည္ကို ခံစားလိုက္ရၿပီး မ်က္လုံးမ်ား နီရဲကာ ေအာ္ဟစ္လိုက္ေတာ့သည္။ သူတို႔ တိုက္ခိုက္ခံေနရၿပီ!

မ်က္စိတစ္မွိတ္အတြင္းမွာပင္ ခ်င္ယြီက သူ႔ေရွ႕ကို ေျပးလာၿပီး "ေနာက္ကိုဆုတ္" ဟု တီးတိုးေျပာလိုက္သည္။

သူဘာကိုဆိုလိုလဲဆိုတာကိုဟဲက်င့္က ခ်က္ခ်င္းသိပါ၏။ လြန္ခဲ့သည့္ သုံးႏွစ္ခန႔္က တိုက္ပြဲအတြက္ ျပင္ဆင္ရန္ ႏွစ္ဝက္ေက်ာ္ၾကာ အခ်င္းခ်င္း လိုက္ ေလ်ာညီေထြ ျဖစ္ေအာင္လုပ္ခဲ့ရတယ္ေလ။ ခ်င္ယြီကသူရဲေကာင္းလုပ္ခ်င္လို႔မဟုတ္ပဲ ဟဲက်င့္ကိုအေနာက္ပို႔ရသည္မွာ ေသြးျဖည့္ဖို႔လိုမလိုၾကည့္ရန္ပင္။

ဘယ္လိုပဲျဖစ္ျဖစ္ သုံးႏွစ္အၾကာမွာ ခ်င္ယြီရဲ႕ အဆင့္ကက်သြားေပမယ့္လည္းအစြမ္းထက္ဆဲျဖစ္ၿပီးဟဲက်င့္အံ့အားသင့္ရဆဲပင္။သူတို႔က မြန္းစတားအနည္းငယ္ကိုသတ္ဖို႔ပဲလာတာေလအဲ့ဒါကိုအတိုက္ခိုက္ခံရတယ္တဲ့ ဘယ္သူက ဒီေလာက္အတင့္ရဲေနရတာလဲ?

"ေနာက္ဆုံးေတာ့ ခင္မ်ားအြန္လိုင္းေပၚေရာက္လာၿပီေပါ့!"

ဟဲက်င့္တစ္ခ်က္ၾကည့္လိုက္ေတာ့ စကားေျပာေနတဲ့လူက ႏႈတ္ခမ္းနီနီသြားျဖဴျဖဴနဲ႔ျဖစ္ၿပီးထိုသူကၾကာပြတ္ရွည္ကိုကိုင္ထားလ်က္ေ႐ႊေရာင္ဝတ္စုံကိုဝတ္ဆင္ထားေလသည္။

ဦးေခါင္းထိပ္တြင္ေတာ့ သူ၏အမည္ကို ေ႐ႊအလ်ဥ္ ဟု ရွင္းရွင္းလင္းလင္း ျပသထားသည္။

မျဖစ္ႏိုင္လိုက္တာ!အဲ့ဒါကအခုခ်ိန္မွာ အဆင့္ 1 မွာရပ္တည္ေနတဲ့ ေ႐ႊအလ်ဥ္ ဆိုတဲ့တစ္ေယာက္မလား?ဒါကတိုက္ဆိုင္တာလား?ရည္႐ြယ္ခ်က္ရွိရွိလား?

"မာစတာ ဒီတိုက္ကြက္ကို ခံစားၾကည့္လိုက္!"

ခ်င္ယြီရဲ႕ျပန္ေျဖတာကို မေစာင့္ေတာ့ပဲ ေ႐ႊအလ်ဥ္ က ခ်က္ခ်င္းပဲ သူ႔ၾကာပြတ္နဲ႔တိုက္ခိုက္လာေတာ့သည္

မာစတာအသစ္က မာစတာအေဟာင္းနဲ႔ေတြ႕တဲ့အခ်ိန္မွာ သူတို႔ရဲ႕ PK မွာသူရႈံးခဲ့ရင္ေတာင္ အရွိန္အဟုန္ ကေတာ့ရွိေနဦးမွာပဲ သူဒီပြဲကိုေသခ်ာေပါက္ႏိုင္ဟမယ္ဆိုတာမ်ိဳးေပါ့

ခ်င္ယြီက သူ႔ဓားကို ဆြဲထုတ္လိုက္သည္။ သူက ဂိမ္းထဲမွာ အၿမဲေအးစက္ခက္ထန္ေနခဲ့တယ္။ သူကစကားအမ်ားႀကီးမေျပာဘဲ ဘယ္ေတာ့မွလည္း ေရွာင္မထြက္ဘူး

ဒါေပမယ့္ ဟဲက်င့္အတြက္ကေတာ့ အဲ့ဒါကဟန္ ေဆာင္ထားတာေတြဆိုတာသူသိတယ္ ဘာလို႔ဆို သူရဲ႕အေရာင္အဆင္းအမွန္ကို သူသိတယ္ေလ (=_=)

ႏွစ္ေယာက္သား ခ်က္ခ်င္းပဲစတင္တိုက္ခိုက္ၾကၿပီး ျပင္းျပင္းထန္ထန္ ႐ုန္းကန္ေနၾကသည္။ သူတို႔၏ ေသြးပမာဏ ၏ သုံးပုံတစ္ပုံ ဆုံးရႈံးၿပီးေနာက္ခ်င္ ယြီရႈံးေနသည္ကို ဟဲက်င့္သတိျပဳမိလိုက္ၿပီးမ်က္ေမွာင္ႀကဳံသြားေတာ့သည္။

ဟဲက်င့္မွျပန္ေခၚထားေသာဖက္ထုပ္ေလးသည္လဲသူ႔အေဖအႏိုင္က်င့္ခံရမွာကိုစိုး႐ြံ႕လ်က္မ်က္လုံးႏွစ္လုံးကိုက်ဥ္းေျမာင္းလ်က္စိတ္လႈပ္ရွားစြာၾကည့္ေနေလသည္။

ဟဲက်င့္ က ဝင္ပါဖို႔အလ်င္လိုေနေလသည္။ သူသည္ အႀကိမ္ေပါင္းမ်ားစြာ တက္လွမ္းၿပီး ကယ္ဆယ္လိုေသာ္လည္း ခ်င္ယြီ သည္ ေ႐ႊအလ်ဥ္ ႏွင့္ ပြင့္ပြင့္လင္းလင္း တိုက္ပြဲဝင္ရန္ ႀကိဳးစားေနေၾကာင္းကိုလည္း သူသေဘာေပါက္ႏိုင္သည္။ သူက ခ်င္ယြီ အတြက္ လွ်ိဳ႕ဝွက္ေသြးထည့္ေပးလိုက္ရင္ တရားမွ်တမႈ မရွိသလိုပါပဲ

သူစိတ္ေတြပူေနခ်ိန္မွာမွာပဲ ခ်င္ယြီက သူ႔ကိုတီးတိုးဆိုကာတိုက္တြန္းလာေလသည္။

"မိန္းမေလး ကိုယ့္ကို ႏို႔အျပည့္ေပး"

ဟဲက်င့္ ေျမျပင္ေပၚကို ၿပိဳက်လုနီးပါးေတာင္ျဖစ္သြားရ၏

"ငါတို႔ ဒီမွာ ေသြးျဖည့္လို႔ရလား?"

ခ်င္ယြီကစိတ္ပိုင္းျဖတ္ထားပုံနဲ႔ေျပာလာသည္။

"ရတာေပါ့ ဒါကအ႐ိုင္းအစိုင္းတိုက္ပြဲပဲကို!"

ဟဲက်င့္ သည္ အၾကင္လင္မယား ကြၽမ္းက်င္မႈကို အနည္းငယ္စိတ္မခ်မ္းသာစြာျဖင့္အသုံးျပဳခဲ့သည္။ ခ်င္ယြီ ၏ ေသြးအဆင့္ တိုးလာသည္ကို ေတြ႕ၿပီးေနာက္ ဟဲက်င့္ သည္ သူ႔အား ဝင္တိုက္ခိုက္ေပးရန္ မလိုအပ္ေတာ့ဟု ေတြးလိုက္သည္။ ခ်င္ယြီက ရန္သူကို ခႏၶာကိုယ္ႏွစ္ခုနဲ႔ခ်ေနသလိုပဲေလ သူေသခ်ာေပါက္ႏိုင္လိမ့္မယ္

ဘယ္လိုပဲျဖစ္ျဖစ္ ေနာက္တႀကိမ္အလွည့္အေျပာင္းက ဟဲက်င့္ကို အံ့အားသင့္ေစခဲ့တတယ္။သူတို႔ႏွစ္ေယာက္တိုက္ေနတဲ့အလယ္မွာ အစိမ္းေရာင္ပုံရိပ္တစ္ခုေပၚလာခဲ့တာပဲ။ၿပီးေတာ့ တိုက္ပြဲကို ဝင္ပါၿပီး လွ်ပ္စီးေတြပစ္လႊတ္ေနခဲ့တယ္။အဲ့ဒါက ေ႐ႊအလ်ဥ္ရဲ႕ဖက္ကပဲ!အစထဲကအဲ့မွာလူႏွစ္ေယာက္ရွိေနတာလား?

ဟဲက်င့္ သည္ ေဒါသႏွင့္ျပည့္ေနၿပီး သူသည္ သားရဲအသြင္ေျပာင္းကာ ခ်င္ယြီကို ကူညီရန္ အဆင္သင့္ျဖစ္ေနၿပီျဖစ္သည္။

ဤအေရးႀကီးေသာအခိုက္အတန႔္တြင္ ခ်င္ယြီက ထပ္မံေႏွာင့္ယွက္ကာျဖင့္

"မိန္းမေလး မင္းရဲ႕အိတ္ထဲမွာ ေက်ာက္စိမ္းႏွင္းစက္ ရွိေသးလား?"

ဟဲက်င့္စိတ္ရႈပ္သြားေတာ့သည္။ေက်ာက္စိမ္းႏွင္းစက္ကဘာလဲ?

ခ်င္ယြီ က သူ႔ကို သတိေပးလာခဲ့သည္။

"ငါတို႔ အရင္ကအၾကင္လင္မယားမစ္ရွင္ၿပီးတုန္းကစနစ္ကေပးခဲ့တာေလ ငါ့မွာရွိတာက ေ႐ႊေလ"

သူေျပာေနတာေတြကို ဟဲက်င့္သေဘာေပါက္သြားခဲ့သည္။သူ႔သိုေလွာင္အိတ္ကိုထိၾကည့္ၿပီးေနာက္

"အဲ့ဒါ ငါ့မွာရွိတယ္!"

ခ်င္ယြီ: "စားလိုက္"

ဟဲက်င့္ က သူ႔ ပါးစပ္ထဲ ကို ထည့္လိုက္သည္ ။ ေနာက္အခိုက္အတန႔္တြင္ သူ၏အျမင္အာ႐ုံတြင္ သိသိသာသာေျပာင္းလဲသြားသည္- သူႏွင့္အလြန္နီးကပ္ေနေသာကစားသမားႏွစ္ဦးကိုေတြ႕လိုက္ရၿပီး သူတို႔က သူ႔ကိုရက္ရက္စက္စက္ကိုသတ္ပစ္ေတာ့မွာဟ!

"ဘာေတြျဖစ္ေနတာလဲ?"

သူ႔ကိုယ္သူ ထိန္းခ်ဳပ္လို႔မရမျဖစ္ေစရန္သာ သူ၏ ႐ုပ္ပိုင္းဆိုင္ရာ ခံစားခ်က္ကို အလ်င္အျမန္ ျပဳျပင္ေျပာင္းလဲလိုက္သည္။

"စိတ္မပူပါနဲ႔ မင္းက ငါ့ခႏၶာကိုယ္ထဲမွာ ရွိေနတာ"

ခ်င္ယန္က သူ႔ကို ႏွစ္သိမ့္လာသည္။

"ဒီေဆးက ကစားသမားႏွစ္ေယာက္ကို ႏွစ္ဆအ
ျဖစ္ ေပါင္းစပ္ေပးမယ္ဆိုတာကို ေမ့ေနတာလား?အခုငါတို႔ရဲ႕ တိုက္ခိုက္ေရးစြမ္းအားႏွင့္ စြမ္းရည္ ေတြကို လႊမ္းၿခဳံထားၿပီး အရည္အခ်င္းေတြက 50% တိုးလာၿပီ"

ေ႐ႊေလနဲ႔ ေက်ာက္စိမ္းႏွင္းစက္ေပါင္းဆုံတဲ့အခ်ိန္မွာေတာ့ သူတို႔ကမာၻေပၚမွာ အေၾကာက္တရားမဲ့သြားၿပီပဲ!

ထိုအခ်ိန္ ကြာဟမႈအတြင္း ခ်င္ယြီသည္ သူ၏ ခြန္အားကို အလြန္တိုးေစခဲ့သည္။ သူ႔ေရွ႕က ကစားသမားႏွစ္ဦးက သူ႔ရဲ႕ေျပာင္းလဲမႈကို ရွင္းရွင္းလင္းလင္း သတိျပဳမိၿပီး သူတို႔ႏွစ္ဦးစလုံး ထိတ္လန႔္တဲ့ လကၡဏာေတြ ျပသလာေတာ့သည္။

ခ်င္ယြီ က ညင္သာစြာ ၿပဳံးလိုက္ၿပီး

"အားက်င့္ မင္းရဲ႕ေယာက်ၤားကသူတို႔ကိုဘယ္လိုအႏိုင္က်င့္မလဲဆိုတာၾကည့္ေနလိုက္"

ဟဲက်င့္: "... "

Continue Reading

You'll Also Like

627K 59.3K 122
AOB type ဖတ်သူတွေအတွက် ခြင်္သေ့ဖြူကြီး Bái Chǔ Nián(ပိုင်ချူနျန်)နဲ့ ရေသူထီးလေး Lán Bō(လန်ပေါ)ရဲ့ Omegaverse ပုံစံဇာတ်လမ်းလေး🦁💙 Author(s) : 麟潜(Li...
7.1M 176K 20
Book 1: The Billionaire's Obsession 21 year-old Emily Pierce works as a bartender in one of the most popular nightclubs in New York. One night she g...
949K 52.8K 200
Qi Le An, a young actor who died a horrible death in his last life, without anyone collecting his body. His parts were stolen, he was framed up by hi...