ရင်ခွင်တစ်စုံသို့တမ်းခြင်း

By SullySan7

334K 10.3K 1.3K

"ငါယဥ့်ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး" "ငါလည်း ညီ့ကိုချစ်တယ်လို့မပြောမိပါဘူး " "နင်စိတ်ချပါ နန်းစုယဥ်ဆိုတဲ့ငါက... More

အပိုင်း(၁) uni -zaw
အလွမ်းပြေ🤎
အပိုင်း(၂) zaw-uni
အပိုင်း(၃)uni-zaw
အပိုင်း(၄) uni-zaw
အပိုတင်ပေးထားတာလေးပါ☺️
အပိုင်း(၅)uni-zaw
အပိုင်း(၆) uni-zaw
အပိုင်း(၇) uni-zaw
အပိုင်း(၈) uni-zaw
အပိုင်း(၁၀) uni-zaw
အပိုင်း(၉)uni-zaw
အပိုင်း(၁၁) uni-zaw
အပိုင်း(၁၂)uni-zaw
အပိုင်း(၁၃)uni-zaw
အပိုင်း(၁၄)uni-zaw
အပိုင်း(၁၅) uni-zaw
အပိုင်း(၁၆)uni-zaw
အပိုင်း(၁၇)uni-zaw
အပိုင်း(၁၈) uni-zaw
အပိုင်း(၁၉) uni-zaw
အပိုင်း(၂၀) uni-zaw
အပိုင်း(၂၁) uni-zaw
အပိုင်း(၂၂)uni-zaw
အပိုင်း(၂၃) uni-zaw
အပိုင်း(၂၄) uni-zaw
အပိုင်း(၂၅)uni-zaw
အပိုင်း(၂၆) uni-zaw
အပိုင်း(၂၇) uni-zaw
အပိုင်း(၂၈) uni-zaw
အပိုင်း(၂၉) uni-zaw
အပိုင်း(၃၀)uni-zaw
အပိုင်(၃၁)uni-zaw
အပိုင်း(၃၂) uni-zaw
အပိုင်း(၃၃)uni-zaw
အပိုင်း(၃၄)uni-zaw
အပိုင်း(၃၅)uni-zaw
အပိုင်း(၃၆) uni-zaw
အပိုင်း(၃၇) uni-zaw
အပိုင်း(၃၈) uni-zaw
အပိုင်း(၄၀)uni-zaw
အပိုင်း(၄၁) uni-zaw
အပိုင်း(၄၂)uni-zaw
အပိုင်း(၄၃)uni-zaw
အပိုင်း(၄၄) uni-zaw
အပိုင်း(၄၅)uni-zaw
အပိုင်း(၄၆)uni-zaw
အပိုင်း(၄၇) uni-zaw
အပိုင်း(၄၈)uni-zaw
အပိုင်း(၄၉)uni-zaw
အပိုင်း(၅၀)uni-zaw
အပိုင်း(၅၁)uni-zaw
အပိုင်း(၅၂)uni-zaw
အပိုင်း(၅၃) uni-zaw
အပိုင်း(၅၄)uni-zaw
အပိုင်း(၅၅)uni-zaw
အပိုင်း(၅၆)uni-zaw
အပိုင်း(၅၇)uni-zaw
အပိုင်း(၅၈)uni-zaw
အပိုင်း(၅၉) uni-zaw
အပိုင်း(၆၀) uni-zaw
အပိုင်း(၆၁) End( uni-zaw)
EXTRA-1uni-zaw
EXTRA-2 uni-zaw
Extra 3 uni-zaw

အပိုင်း(၃၉)uni-zaw

5.9K 211 32
By SullySan7

ရင်ခွင်တစ်စုံသို့တမ်းခြင်း ၃၉

"သမီးခုလိုအရင်စလိုဆုံးဖြတ်တာမကောင်းဘူးနော် လူဆိုတာက စိတ်ဆိုးဒေါထွက်နေချိန်ဆုံးဖြတ်ချက်မချရဘူးကွယ် သမီးစိတ်ကိုလျော့လိုက်ပါ အန်တီသားညီကိုလည်းဖုန်းဆက်ထားတယ်!"

ဒေါ်နှင်မိုးခက်လည်း နန်းစုယဥ်ကမနက်ကတည်းကညီနဲ့ကွာရှင်းချင်လို့ဆိုပြီးငိုယိုပြီးလာပြောတော့စိတ်မသက်သာချေ သားညီကိုလည်းဖုန်းဆက်ထားကာ သူကိုယ်တိုင်လည်းအတတ်နိုင်ဆုံးဖြောင်းဖြပေးနေ၏

ယဥ်မနက်အစောကြီးကတည်းကအန်တီ့အိမ်ရောက်နေတာဖြစ်သည်အန်တီကမနက်ကတည်းကယဥ့်ကိုလမ်းအမျိုးမျိုးနဲ့အာပေါက်အောင်ပြောပြီး တားသော်လည်းယဥ့်ဖက်ကလက်မခံနိုင်တော့ပေ ယဥ်ညီနဲ့ထပ်ပြီးမပေါင်းနိုင်တော့ပါယဥ့်ရဲ့သည်းခံနိုင်တဲ့အတိုင်းအတာကကျော်လွန်ခဲ့ပြီဖြစ်၏
ဘယ်လောက်ပဲ အဲလူတစ်ယောက်ကိုတန်းတန်းစွဲချစ်ပါစေ နာကျင်စရာအမှတ်တရတွေသာပေးရင်အဲလူကိုယဥ်စွန့်ပစ်ဖို့၀န်လေးမည်မဟုတ်ပေ
ကြားကလူကြီးတွေကိုအားနာပယ်မယ့် ယဥ်မတတ်နိုင်တော့ပါ ယဥ်  ဒီလိုပုံစံနဲ့တော့တသက်လုံးနေမသွားနိုင်ချေ ယဥ့်မှာ babyလေးအတွက်စိတ်ခွန်အားတွေမွေးဖို့လိုအပ်သေး၏ ယဥ့်ကလေးလေးကို မိဘစုံလင်စွာနဲ့ကြီးပြင်းစေချင်ခဲ့ပယ်မယ့် ယဥ့်လိုမျိုး မိဘစုံလင်နဲ့နေနေရပယ်မယ့် ကလေးကစိတ်ဒဏ်ရာရတယ်ဆိုရင် ဘာမှအကြောင်းထူးလာမည်မဟုတ်ပါဒါကြောင့် ဒီနည်းလမ်းကိုသာယဥ်ရွေးလိုက်၏ ယဥ်ဒီဆုံးဖြတ်ချက်ကိုချခဲ့တာအခါခါစဥ်းစားပြီးပြီးမှချခဲ့တာဖြစ်သည် ယဥ့်ဖက်ကလုံး၀နောက်ဆုတ်မည်မဟုတ်ချေ...

"ယဥ်အများကြီး အများကြီးစဥ်းစားပြီးပါပြီအန်တီရယ် မဖြစ်နိုင်ပါဘူး ဒီကိစ္စတွေအားလုံးကယဥ့်အမှားတွေပါ ယဥ်တစ်ကိုယ်ကောင်းဆန်မိုက်မဲခဲ့ပါတယ် အဖွားပြောသလိုလည်း 'အနူလက်နဲ့ရွှေခွက်နှိပ်သလိုဖြစ်သွားပါတယ် ညီနဲ့ယဥ်က လုံး၀မဟပ်စပ်မလိုက်ဖက်ပါဘူးအန်တီ "

"ဟေ့ နန်းစုယဥ် ညည်းငါ့စကားကိုအထာကောက်နေတယ်ပေါ့လေ ညည်းကအဖွားတစ်ယောက်ရဲ့ခံစားချက်ကိုဘယ်နားလည်ပါ့မလဲ ငါ့မြေးလေးကိုငါအဆုံးထိဘယ်လောက်ထိမျှော်မှန်းထားခဲ့ရလဲသိလား ဒါမဲ့ငါညည်းတို့ကိုအခုဘာပြောနေသေးလို့လဲ အကုန်လုံးဖြစ်ပြီးမှတော့ အဆင်ပြေပြေသင့်သင့်မြတ်မြတ်နေသွားကြဖို့ပဲငါလိုလားတော့တာ"

"ယဥ်သိပါတယ်ဖွား အထာလည်းမကောက်ပါဘူး ညီက ယဥ်နဲ့တကယ်ကိုမတန်တာပါ ယဥ်ကိုယ့်ကိုကိုယ်လည်းသိပါတယ် ဒါကြောင့်လည်းနောက်ဆုတ်ဖို့ဆုံးဖြတ်ချက်ချလိုက်တာပါ ယဥ်စိတ်ကူးယဥ်မိခဲ့ပါတယ် ဒါမဲ့အခုအချိန်မှာယဥ်နောင်တရနေပါပြီ ကိုယ်မချစ်တဲ့သူနဲ့အတူတူတသက်လုံးနေသွားရမဲ့ခံစားချက်ကဘယ်လောက်ထိဆိုး၀ါးလဲဆိုတာ ယဥ် ညီ့ကိုယ်စား ကိုယ်ချင်းစာပေးလို့ရပါတယ် အဲလိုပဲ
ကိုယ့်ဖက်ကလည်းကိုယ့်ကိုမချစ်မနှစ်သက်တဲ့လူကိုသူ့ဖက်ကချစ်လာနိုးနိုးနဲ့ဘယ်ချိန်ထိထပ်စောင့်နေရအုံးမှာလဲဖွား ဒါကြောင့် ယဥ်ရှိခိုးပြီးတောင်းပန်ပါတယ်!!ယဥ်ညီနဲ့ကွာရှင်းပါရစေ!ညီ့ကိုအန်တီတို့၀ိုင်းကူပြီးပြောပေးကြပါ "

"...."

"သမီးနန်းစုယဥ် သမီးပြောတာကိုအန်တီလက်ခံပါတယ်ကွယ် ဒါမဲ့ အိမ်ထောင်တစ်ခုကွဲကွာတယ်ဆ်ိုတဲ့ကိစ္စကလွယ်တဲ့ကိစ္စမှမဟုတ်ပဲ ခုယူချင်တိုင်းယူပြီးခုပြန်ကွာလို့မရဘူး အစကတည်းက စဥ်းစားရတာ တစ်ခုလပ် မုဆိုးမ ဆိုတဲ့နာမည်က ဘယ်လောက်အကျဉ်းတန်လဲ သမီးသိလား ပြီးတော့ အန်တီကိုယ်တိုင်က ကလေးနှစ်ယောက်အမေ မုဆိုးမပဲ ဒါမဲ့ အများနဲ့ယှဥ်ပြီးစီးပွားရေးလုပ်လာရတဲ့အခါ တချို့က ယောကျ်ားတွေကကိုယ့်ကိုအထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်တယ် တချို့က ကထိကရိ
အီစီကလီလာလုပ်ကြတယ် ကိုယ့်ဖက်ကဆင်ခြင်ပယ်မယ့် သူတိုကကျ ကိုယ့်ကိုနှိုင်ချင်ကြတယ်လေ အန်တီကအဲအကြောင်းအရာတွေနဲ့အများကြီးကြုံလာခဲ့ရပြီးပြီ အန်တီပြောမယ် သမီးတို့ရဲ့ လက်ရှိပြသနာကဘာလဲ ဘယ်အရာကဒီလောက်ထိကွဲကွာဖို့အထိဖြစ်သွားစေတာလဲ!"

"သူနဲ့က ယဥ် အဆင်မပြေနိုင်တော့ဘူးဆိုတာ အခုမှတဖြည်းဖြည်းနားလည်လာလို့ပါအန်တီ ယဥ် အန်တီနဲ့ဖွားပြောတဲ့စကားတွေကိုနားလည်ပယ်မယ့်ယဥ့်ဖက်ကဘယ်လိုမှနောက်ဆုတ်မှာမဟုတ်ပါဘူး!"

"သမီးခုကိစ္စကိုသမီးမိဘတွေနဲ့ကောသေချာတိုင်ပင်ပြီးပြီလား သူတို့ကကော ဘာပြောကြလဲ!"

"ဟိုယဥ်မပြောဖြစ်ပါဘူးအန်တီ ဒီကိစ္စယဥ်နဲ့ပဲဆိုင်တယ်ထင်လို့ပါ ညီ့နဲ့ယူတုန်းကလည်း ယဥ့်မိဘတွေဆန္ဒမပါသလို ခုကိစ္စလည်း ဖေဖေတို့ကိုတကူးတကကြီးမတိုင်ပင်တော့ပါဘူး!"

"အိုကွယ် အဲလိုလည်းဘယ်ဟုတ်မလဲသမီးရယ်!"

ယဥ်တို့စကားပြောနေရင်းခြံထဲကား၀င်လာတဲ့အသံကြားလိုက်ရ၏  အန်တီက ညီ့ကိုခေါ်ထားတယ်ဆိုတော့ ညီ့ကားပဲဖြစ်လိမ့်မည်
နန်းစုယဥ်လည်းအိမ်ရောက်နေတယ်ဆိုပြီးမာမီဖုန်းဆက်ခေါ်တာနဲ့ ညီခန့် ချက်ချင်းလိုက်လာတာဖြစ်သည် ကားကို ပေါ်တီပေါ်ရပ်ကာအိမ်ထဲ၀င်လာခဲ့၏

ညီသည် အိမ်ထဲတစ်လှမ်းခြင်း၀င်လာကာ
တီချပ်မီးခိုးရောင်ကိုမှအောက်က ဂျင်းဘောင်းဘီဒူးအထက်နဲ့တွဲဖက်၀တ်ထားပြီး ဆံပင်တွေကလည်းအရင်ထက်ပိုရှည်နေလေ၏ ၀င်လာကတည်းက ယဥ့်ကိုမျက်၀န်းဆွေးဆွေးကြီးတွေနဲ့ကြည့်လာတော့ယဥ်အကြည့်လွှဲပစ်လိုက်၏

"သားလာထိုင် !"

ညီက ယဥ်ရှေ့ကခုံတွင်၀င်ထိုင်လိုက်၏ နန်းစုယဥ်အားစေ့စေ့ကြည့်မိ၏ နန်းစုယဥ်က ညီခန့်ကိုမကြည့်ပဲ အောက်သာငုံ့နေ၏ 'စုယဥ်ကပိန်သွားလိုက်တာ'

"မာမီသားကိုခေါ်တာကဘာပြောမလို့လဲ"

ညီခန့်ကိုမြင်တာနဲ့ နန်းစုယဥ်ကချက်ချင်းအကြည့်လွှဲပစ်လေ၏ နန်းစုယဥ်မာမီ့ကိုဘာတွေပြောထားလည်းမပြောတတ်ချေ

"ဟင်း!!! ခုထိသားဖက်ကအေးဆေးတုန်းပဲလား သားတို့မနေ့ကရန်ဖြစ်ကြတာလား ဒီမှာသမီးနန်းစုယဥ်ကမာမီတို့ကို သားနဲ့ကွာရှင်းခွင့်လာတောင်းနေတာ သားတို့ဘာဖြစ်ထားကြတာလဲ မာမီကတော့ ဒီကိစ္စကိုလက်လွတ်စပယ်မဖြစ်စေချင်လို့ သားကိုခေါ်လိုက်တာ သားတို့နှစ်ယောက်ဒီရှေ့မှာပဲပြေလည်အောင်ဖြေရှင်းကြ!"

"ကွာရှင်းခွင့် ဟုတ်လား!!! စုယဥ် ....
မင်းကိုငါဘာပြောထားလဲဟမ် မကွာပေးနိုင်ဘူးလို့ပြောပြီးပြီမဟုတ်လားလူကြီးတွေကိုပါကြားကဆွဲခေါ်ပြန်ပြီလား!"

"အေးဘာဖြစ်လဲ ငါကမှနင်နဲ့ဆက်မပေါင်းနိုင်တော့တာ!"

" နေပါအုံးမင်းဘာတွေအဲလောက်ခါးခါးသီးသီးဖြစ်နေရတာလဲ စုယဥ်!မင်းကိုငါဘာလုပ်မိလို့လဲ  နှိပ်စက်နေလို့လား မင်းကိုလက်တစ်ခါပါဖူးလားဟမ် မင်းပဲငါ့ပါးကိုအကြိမ်ကြိမ်ရိုက်ခဲ့တာပဲမဟုတ်လား!မင်းကိုငါတချက်ပြန်ရိုက်ဖူးလား စုယဥ်ဟမ်!"

"ညီခန့် အပိုမပြောနဲ့ နင်ခုချိန်ထိငါ့ကိုပေးလားတဲ့အရာတွေကသုခတွေလားအဲဆို !ငါနင်နဲ့လုံး၀ဆက်ပေါင်းနိုင်မှာမဟုတ်တော့ဘူး !"

ယဥ်ငိုချင်နေတဲ့စိတ်ကိုအတင်းထိန်းကာပြောနေရ၏

"ငါ့ဖက်ကလည်းကွာမပေးဘူးလို့ပြောပြီးပြီပဲ မင်းမှာအခုတစ်ယောက်တည်းမဟုတ်တော့တာ!"

"နေ နေပါအုံး သားဘာကိုဆိုလိုချင်တာလဲ!"

"ဟယ်!!" ဖွားဆီကပါအသံထွက်လာ၏

"စုယဥ်က ကိုယ်၀န်ရှိနေတာမာမီ အဲကြောင့်သူစိတ်ဖောက်ပြန်နေတာ!"

"ဟမ် !! သမီး ဒီအကြောင်းအရာတွေဘာလို့အန်တီတို့ကိုဘာလို့မပြောပြခဲ့တာလဲ  အန်တီတို့လည်းဘာမှမသိရပါလား!"

"...."

"သားတို့ကွာရှင်းမှာမဟုတ်ဘူးမာမီ  စုယဥ်လူကြီးတွေစိတ်မကောင်းဖြစ်အောင်တကူးတကလာပြောနေတာလား!ကျစ် "

" ညီခန့် အပိုတွေမပြောနဲ့  ဒီကလေးကနင့်ခလေးမဟုတ်ဘူး!"

"စုယဥ် လူကြီးတွေရှေ့ကလေးဆန်နေပြန်ပြီ မင်းအထာကောက်စရာမရှိရင်ရှာကြံကောက်တတ်ပါလားဟမ် မင်းကကော မင်းမှာကိုယ်၀န်ရှိနေတာကို ငါ့ကိုတချက်အသိပေးခဲ့လို့လား ငါဘယ်လောက်နာကျင်ရလဲသိလား ကိုယ့်မိန်းမ ကိုယ်၀န်ရှိနေတာကို တစိမ်းလူပြောမှသိခဲ့ရတဲ့ငါ့အဖြစ်ကကောင်းသေးရဲ့လားမင်းလုပ်ရပ်ကရောမှန်တယ်ထင်လို့လားဟမ် အဲလောက်တော့ ငါမင်းကိုစိတ်မဆိုးသင့်တော့ဘူးလား စုယဥ် မင်းဘယ်နေ့ဖွင့်ပြောမလဲစောင့်နေပယ်မယ့် မင်းဘယ်တုန်းကမျှငါ့ကိုထုတ်မပြောခဲ့ဘူးလေ ဟုတ်တယ်မဟုတ်လား!"

"နင်ပဲ နင်ပဲ မလိုချင်ဘူး  ငါ့ရင်သွေးကိုမွေးခွင့်မရှိဘူးလို့ပြတ်ပြတ်သားသားပြောခဲ့တာမဟုတ်လား ညီခန့်နင်ခုမှဘာတွေမျှော်လင့်နေတာလဲ !"

"ဟ!! အဲဟာတွေကအရင်ကလေ ဘာလို့ခုဆွဲထည့်ရတာလဲ!"

"အော် နင့်ပါးစပ်ဖြစ်ချင်ရာဖြစ်ဆိုပြီးပြောသမျှခံရတဲ့ငါကဘယ်လောက်နာကျင်ခဲ့ရလဲသိလား ဒီကလေးကကောငါ့နင့်ကိုဆွဲထားချင်လို့ဖြစ်လာတာမဟုတ်ဘူး ညီခန့် ငါပေါ့ဆသွားခဲ့လို့ ခုလိုဖြစ်သွားရတာ ပြောပြတာနင့်ကိုဆွဲထားတယ်ထင်နေမှာစိုးလို့!"

"ငါခုဘာပြောရသေးလို့လဲ စုယဥ် !"

"ပြီးတော့နင့်ကိုငါတမင်​မပြောပြပဲထားတာမဟုတ်ဘူး နင်ကိုယ်တိုင်ပဲ မလိုချင်ဘူးလို့ပြောခဲ့တာမလား! အဟင့် တော်ပါတော့ ညီခန့်ငါတို့ဒီလောက်နဲ့ပဲရပ်လိုက်ကြရင်ကောင်းမယ်! တော်ပြီ တော်ပြီ ငါမခံစားချင်တော့ဘူး "

ယဥ်စိတ်တင်းထားပယ်မယ့် အန်တီရောဖွားရှေ့မှာပါ ကြိတ်ငိုနေရာမှရှိုက်သံထွက်လာရ၏

"ကဲတော်ပြီ နှစ်ယောက်လုံးတော်ကြတော့ သမီးစုယဥ် သိပ်မငိုနဲ့နော် သမီး ဗိုက်ထဲကကလေးစိတ်မကောင်းဖြစ်နေအုံးမယ်တော်ကြတော့ စိတ်ကိုလျော့ထားလိုက်နော် !"

အန်တီကယဥ်အနားရောက်လာကာ ယဥ့်ကျောပြင်လေးအားလက်ဖြင့်ပွတ်ပေးလာ၏ ယဥ်ဘယ်သူ့ရှေ့မှာမှမငိုဘူးဟုတင်းထားခဲ့သမျှခုတော့မရခဲ့ပါ...

"ကဲ မြေးလေးလည်းတော်တော့ လင်နဲ့မယားဆိုတာက လျှာနဲ့သွားတဲ့ အနည်းအများတော့ရန်ဖြစ်ပြသနာတက်ကြမှာသဘာ၀ပဲ ဖွားတို့လည်းငယ်ရာကနေကြီးလာတာကွယ် လျော့လိုက်ပါတော့ ဒီလိုမဂ်လာရှိတဲ့သတင်းမျိုးကို နန်းစုယဥ်လည်း ထုတ်ပြောပြသင့်တာပဲမဟုတ်လား ခုကြည့်ပါလား မြေးပြောမှပဲသိရတော့တယ် နန်းစုယဥ်ငါတို့ကိုတသက်က်လုံးဖုံးကွယ်ထားဖို့ရည်စူးထားတာလား ငါမသေခင်လေးတော့ မြေးတွေမြစ်တွေနဲ့အတူနေသွားချင်ပါတယ်တော် ညည်းတကိုယ်ကောင်းဆန်လိုက်တာများ "

"....." နန်းစုယဥ်ဖက်ကဘာများတုန့်ပြန်လာမလဲညီခန့်စောင့်ကြည့်နေပယ်မယ့် နန်းစုယဥ်ကငိုပဲငိုနေကာ ညီခန့်လည်းရင်တွေပူလောင်နေ၏

"ကဲပါ တော်ပါတော့မေမေရယ် ဒီကိစ္စအကြီးအကျယ်မှမဟုတ်ပဲ ဒီလောက်နဲ့ပြီးသွားပါစေတော့!"

ညီခန့်သူ့ရှေ့က စုယဥ်ကိုနေတဲ့ဆီအကြည့်ရောက်သွားပြီး စိတ်ထဲသနားမိကာ ထွေးပွေ့ချင်စိတ်တွေတဖွဖွပေါ်လာရပယ်မယ့် မျက်နှာအောက်ငုံ့ထားကာ လက်သီးကိုတင်းတင်းဆုပ်ထားလိုက်၏'သူစုယဥ်အပေါ်အနိုင်ယူမိနေမိတာလား ညီခန့် သူ့ကိုနာကျင်စေတဲ့စကားတွေသာရွေးပြောဖြစ်ခဲ့တာကလည်း တမင်တကာရွဲ့ပြောမိခဲ့တာဖြစ်သည် စုယဥ်ကအမှတ်ကြီးတဲ့မိန်းခလေးမှန်းသူမသိခဲ့ချေ

"ကဲပါ ထားလိုက်ပါတော့  သမီးမိုး  နန်းစုယဥ်ကိုအပေါ်ထပ်ခေါ်သွားလိုက် သူခဏနားပါစေ ဗိုက်နဲ့ဆိုတော့ စိတ်ညစ်စရာတွေ တွေးလို့မရဘူး!"

"လာ သမီးရယ် အပေါ်ထပ်သွားကြမယ် ညနေဖက်မှအေးဆေးပြန်ကြဟုတ်ပြီလား သမီးစားချင်တာရှိရင်ပြောလေ ဒေါ်လေးအေးကိုချက်ခိုင်းလိုက်မယ် 
အဟွင်း အန်တီ့မှာ သားညီဗိုက်နဲ့ကတည်းက ခုချိန်ထိဒေါ်လေးအေးချက်တာဘဲစားလာခဲ့တာ !ဖြည်းဖြည်းထ သမီးရရဲ့လား!"

အန်တီယဥ့်ကိုခုလိုဂရုစိုက်ပြပြန်တော့လည်းယဥ်မနေတတ်ပါချေ အန်တီ့ကိုအားနာနေမိသည်
ယဥ်ထလိုက်ကာ အန်တီနဲ့အတူအပေါ်ထပ်ကိုလိုက်သွားလိုက်သည် ...ညီ့ဖက်ကိုတော့မျက်စောင်းတချက်လှမ်းထိုးခဲ့သေးသည် !! မုန်းတယ် ညီစုတ် !!

"မြေးလေး !! ဒီကိုလာပါအုံးဖွားဆီကို!"

ညီခန့်အဖွားအနားသွားကာအဖွားရင်ခွင်ထဲ၀င်နေလိုက်၏
အဖွားကတော့ ညီခန့်ခေါင်းလေးကိုပွတ်ပြီးနေလေ၏

"မြေးလည်းစိတ်ကိုလျော့ထားတော့ ငါ့မြေးလေးတောင်  ခလေးတစ်ယောက်အဖေဖြစ်တော့မယ် လိမ္မာတော့ကွယ် လူဆိုတာကံတရားကြီးကိုလွန်ဆန်လို့မရဘူး  အကျိုးရှိလို့အကြောင်းဖြစ်လာတာပဲ အရင်တုန်းကဖြစ်ခဲ့သမျှအကုန်မေ့လိုက်တော့ ခုချိန်မှာ ကိုယ့်မိသားစုနဲ့အတူသိပ်သိပ်၀န်း၀န်းလေးတေပြီး ခလေးကိုလည်းမိဘစုံစုံလင်လင်နဲ့ကြီးပြင်းတာကအကောင်းဆုံးပဲ ဒေါသမာန်မာနတွေလျော့လိုက်တော့မြေးလေး!"

"သား နားလည်ပါတယ်ဖွား !သားလည်းဖွားပြောသလိုပဲတွေးထားပါတယ် !!ပြသနာဒီလောက်ကြီးသွားမယ်မှန်း သားတကယ်သတိမထားမိလိုက်ဘူးဖွား နန်းစုယဥ်ကိုပြောမိတာတွေကလည်း ဒေါသကြောင့်ပြောလိုက်မိတာတွေပါ သားတမင်တကာရည်ရွယ်ခဲ့တာမျိုးမဟုတ်ပါဘူး!"

"ဖွားနားလည်ပါတယ် မြေးက ငယ်ငယ်ကတည်းကဖွားမျက်လုံးအောက်ကနေကြီးပြင်းလာတဲ့ခလေးပဲ ဖွားမြေးလိမ္မာမှန်းသိပြီးသားပါ နန်းစုယဥ်ကလည်းဒီကိစ္စကြီးကိုတမင်ဖုံးထားတာပဲကြည့် ဒီလောက်မိသားစုရဲ့၀မ်းသာစရာကိစ္စကြီးကိုများ ခုဆိုဘယ်လောက်များကောင်းလိုက်လဲ ဖွားမြေးနှစ်ယောက်လုံးမှာ ကလေးကိုယ်စီနဲ့ဒါဟာမဂ်လာပဲ!"

ညီခန့်လည်း 'ငါကလေးအဖေဖြစ်တော့မှာပါလား'ဆိုပြီးတွေးမိတိုင်းရင်ဘတ်ထဲနွေးသွားရမြဲဖြစ်၏
.
.
.
."သမီးဆုံးဖြတ်ချက်တွေကိုပြန်ပြင်လိုက်နော် အန်တီညီ့ကိုဆုံးမပေးပါမယ် အန်တီကသားအကြောင်းအသိဆုံးပါကွယ် သမီးဗိုက်ထဲမှာလဲ ကလေးလေးရှိနေပြီပဲ ကိုယ်က အရင်လိုတကိုယ်ကောင်းဆန်တဲ့အတွေးတွေ တွေးလို့မရတော့ဘူး တစ်ခုခုဆိုကလေးလေးအတွက်ပါထည့်တွေးရတော့မှာ သားညီ မလိမ္မာရင်အန်တီကိုယ်တိုင်ဆုံးမပေးပါမယ်ကွယ် !"

"ဗိုက်ကိုဗန်းပြပြီးယဥ်သူ့ကိုထပ်မဆွဲထားချင်တော့ဘူးအန်တီရယ် ယဥ့်ဖက်ကသူ့ကိုလွတ်လပ်ခွင့်
အပြည့်ထားပြီးသားပါ  ကိုယ့်မချစ်တဲ့သူနဲ့အတူနေရတဲ့ခံစားချက်ကို ယဥ်ကိုယ်ချင်းစာလို့ရပါတယ်!"

"ဘယ်လိုပဲပြောပါစေ သမီးတို့ကွာရှင်းဖို့အထိတော့မလုပ်ကြပါနဲ့ လောလောဆယ်သမီး ဆင်မပြေရင် သားညီနဲ့ခွဲနေကြ  သမီးဒီမှာအန်တီတို့နဲ့အတူလာနေလေ သမီးကိုအဲမှာနေဖို့ အန်တီစိတ်မချဘူး သမီးရယ် အိမ်ထောင်သည်ဘ၀ဆိုတာကဒီလိုပဲ"

"ယဥ်ဒီထောင်ရေးကိုစိတ်ကုန်နေပါပြီ အန်တီရယ် !"

"ဒါမဲ့ ဒီတိုင်းကွာချင်တိုင်းကွာပစ်ဖို့က ကလေးကစားစရာမှမဟုတ်ပဲသမီး အဲကွာဖို့ကိစ္စကအန်တီတို့သဘောမတူဘူးနော် မွေးလာမဲ့ကလေးရဲ့မျက်နှာကိုဖောက်ထားသင့်တယ်  အခုသားညီဖက်ကလည်းသမီးအပေါ်ပြောင်းလဲလာတာပဲလေ သမီးနေ
မကောင်းတုန်းကဆိုရင် ဘာချက်ကျွေးရမှန်းမသိလို့ဆိုပြီး အန်တီ့ဆီဖုန်းဆက်ပြီးမေးသေးတာ!"

ယဥ်မျက်နှာအောက်ငုံ့နေလိုက်တော့သည်

"သမီး ကိုယ်၀န်ဆောင်ချိန်မှာကအနည်းနဲ့အများစိတ်အပြောင်းလဲးလဲမြန်တတ်တယ် စိတ်ဆိုးလွယ်ဒေါသထွက်လွယ်တယ် သမီးတို့ကျကျန်းမာရေးဌာနကပဲ ဒီအကြောင်းအရာတွေပိုသိမှာပေါ့ အန်တီတို့က ကိုယ်တွေ့ကြုံခဲ့တာပြောပြတာပဲရှိတာ အရင်င်စလိုမဆုံးဖြတ်ကြနဲ့ အန်တီအမေတစ်ယောက်အနေနဲ့ သမီးကိုဘယ်လိုမျိုးတောင်းပန်ပေးရမလဲ တောင်းပန်ပါတယ်ကွယ်!"

"အန်တီမတောင်းပန်ပါနဲ့ !"

ယဥ်လည်းအန်တီ့ကိုအားနာမိ၏ တကယ်ဆို ယဥ် အန်တီတို့ဆီလာ​မပြောပြသင့်ဘူး ခုတော့ ဖွားတို့ကပါ လုံး၀ကွာရှင်းဖို့သဘောမတူကြချေ ..

ယဥ်အောက်ထပ်ပြန်ဆင်းလာတော့ ညီမရှိတော့ချေ ခါတိုင်းလိုပဲထွက်သွားပြန်ပြီထင်ပါရဲ့ ...ပျက်ယွင်းသွားသောမျက်နှာအားပြန်ထိန်းထားလိုက်၏
ယဥ်ဗိုက်ဆာနေတော့ မီးဖိုချောင်ထဲသာ၀င်လာခဲ့၏

"သမီးလေး ဗိုက်ဆာနေပြီလား !"

"ဟုတ်တယ် ကြီးအေး ကျက်ပြီလားဟင် ယဥ်ဘာကူပေးရအုံးမှာလဲ!"

"နေပါစေသမီး ဗိုက်ဆာနေပြီလား သမီးအတွက်မြင်းခွါရွက်ဟင်းခါးလေးချက်နေတာ ငါးဖယ်လုံးတွေကိုသမီးအတွက်သီးသန့်ငရုတ်သီးနဲနဲထည့်ပြီးသုပ်ထားတယ် မြင်းခွါရွက်ဟင်းချိုလေးရယ် တခြားပုစွန်ကြော်ထားတာလည်းရှိတယ်  မျှစ်ကြော်တော့ရှိတယ်သမီးအဲတာကိုမစားနဲ့နော် တက်စာဆိုတော့
၀က်သားလည်းရှိတယ် သမီးကြိုက်တာထည့်စားနော် !"

"ဟုတ် ကြီးအေး ယဥ် အန်တီတို့ကိုမစောင့်တော့ဘူးဗိုက်ဆာလို့ !"

ယဥ်ထမင်းစားဖို့ပြင်တော့ ကြီးအေးကပါဟင်းတွေခူးခတ်ပေးလေ၏
ယဥ်ခုံပေါ်မှာထိုင်လိုက်ပြီး ဒီနေ့တော့လက်နဲ့ပဲစားဖို့လုပ်လိုက်၏

"ကြီးကြီးအေး ကျွန်တော့်အတွက်လည်းခူးလိုက်ပါ ဗိုက်ဆာနေတော့ တပါတည်း၀င်စားလိုက်တော့မယ်!"

ဘယ်ကနေဘယ်လိုပေါ်လာမှန်းမသိပဲ ညီက ယဥ်ရှေ့ကခုံတွင်လာထိုင်လေ၏  ယဥ်လည်းညီ့အားဂရုမစိုက်ပဲ ကိုယ့်ဘာသာဆက်စားဖို့လုပ်၏

"လင်နဲ့မယားဆိုတာ ထမင်းလက်ဆုံစားရတယ်တဲ့ ကြီးကြီးအေးသိလား!""

ကြီးကြီးအေးက ညီခန့်အားထမင်းခူးခတ်ပေးနေတုန်း ညီခန့်ယဥ့်ကိုကြည့်ပြီးပြောလိုက်၏

"ဟို အဲတာတော့ဘယ်သိမလဲ သားညီရယ် ကြီးအေးကအပျိုကြီးဆိုတော့မသိဘူးကွဲ့!"

ကြီးကြီးအေးကတော့ ညီခန့်အားထမင်းခူးပေးကာထွက်သွားလေ၏ ....

ညီခန့်ယဥ့်ကိုသေချာကြည့်လိုက်တော့ ယဥ်ကသူ့ဘာသာ ထမင်းကိုသာဂရုစိုက်စားနေ၏
ညီခန့် ၀က်သား အသားကိုရွေးပြီးဇွန်းနဲ့ ယူလိုက်ပြီးနန်းစုယဥ်အားထည့်ပေးလိုက်၏

"များများစား !!!"

ယဥ်ပန်းကန်ဆီကို ညီက ၀က်သားလာထည့်ပေးတော့ ယဥ်မျက်မှောင်ကျုံ့ထားလိုက်သည်
ထပ်ပြီးညီခန့်က မြင်းခွါရွက်ထပ်ထပ်ထည့်ပေးလေ၏

"အရွက်လည်းစားပေးရမယ်!"

"ညီခန့်နင်မျက်နှာမပြောင်နဲ့နော် နင့်ကိုဘယ်သူထည့်ခိုင်းနေလို့လဲ ငါ့ဘာသာငါစားချင်တာထည့်စားမယ်  နင့်ဟင်းတွေပြန်ယူ!"

"ငါလည်း ထည့်ပေးချင်လို့ထည့်ပေးနေတာမဟုတ်ပဲဗိုက်ထဲက ကလေးအတွက်လုပ်ပေးနေရတာ!!ဟျောင့်လေးရယ် ဖေကြီးထည့်ပေးတာများများစားနော်!"

"....!!"

ယဥ်ပြောစရာစကားပင်မရှိတော့ပါ ညီတော်တော်မျက်နှာပြောင်သည်ဟုထင်မိ၏ ယဥ်ညီနဲ့စကားတုဖက်ပြီးပြောမနေချင်တာကြောင့် ကိုယ့်ဘာသာထမင်းဆက်စားနေလိုက်သည်

ယဥ်ထမင်းစားလို့ပြီးတော့လည်း ညီကသူပါလိုက်ထကာ ဘာတစ်ခုမှမပြောပဲ ယဥ့်စားပြီးသားပန်းကန်တွေပါသိမ်းယူသွာလေ၏  

ညနေဖက်ရောက်တော့  ယဥ်ဒီမှာလည်းမနေချင်တာကြောင့် အိမ်ပြန်ဖို့သာတွေးထားလိုက်၏ အန်တီကတော့ဆိုင်သွားဟန်ပါ ဧည့်ခန်းမှာတော့ ညီနဲ့ဖွားကထိုင်ပြီးစကားပြောနေကြ၏

"လောလောဆယ် အိမ်မှာလူခေါ်ထားဖို့လည်း စိတ်ချရတဲ့သူပဲဖြစ်ချင်တယ်ဖွား စုယဥ်ကိုလည်းစိတ်ချရတာမဟုတ်ဘူး!"

"အဲကိစ္စမင်းမာမီသူကြည့်စီစဥ်ပေးလိုက်မယ် ဒီရက်ပိုင်းကတော့ မြေးပဲ ဂရုစိုက်ပေးလိုက်ပေါ့!သမီးနန်းစုယဥ် လာ  ဒီကိုလာထိုင်!"

ဖွားကစကားပြောနေရင်းယဥ့်ကိုမြင်သွားတော့လှမ်းခေါ်လေ၏

"ယဥ်ပြန်တော့မယ်ဖွား အန်တီပြန်လာတဲ့အထိ
မစောင့်တော့ဘူး"

"မြေး နဲ့အတူပြန်လို့ရတာပဲကွယ် လာပါထိုင်ပါအုံး!"

ယဥ်အားနာနာနဲ့ဖွားဘေးကနေ၀င်ထိုင်လိုက်၏

"ခုကစပြီးနောက်ဘယ်တော့မှကွာရှင်းဖို့အကြောင်းထပ်မဟနဲ့တော့ တစ်ယောက်နဲ့တစ်ယောက်အချင်းချင်းအပြန်အလှန်နားလည်ပေးကြပါ အဆုံးထိတသက်လုံးလက်တွဲသွားရမဲ့လူတွေပဲ ဒီလောက်ကတော့အသေးအမွှားလောက်ပဲရှိတာ ဖွားပြောတာနားလည်ကြရဲ့လား!"

"...."

"ကဲအတူသွားကြ မြေးညီလည်း အစစအရာရာဂရုစိုက်ပေးလိုက်ပါ အရင်လိုတစ်ယောက်တည်းမဟုတ်တော့ဘူး!"

ယဥ်လည်းအဖွားကို ထပ်ပြီးမငြင်းချင်တော့တာမို့ညီနဲ့အတူသာထွက်လာခဲ့၏

ယဥ် ကားနောက်ခန်းမှာပဲ၀င်ထိုင်လိုက်ပြီး ညီကတော့ ဘာမှပြောမလာချေ 

ညီကအရင်လိုကားကို၀ုန်းဒိုင်းကျဲမမောင်းတော့ပဲ ဖြည်းဖြည်းနဲ့မှန်မှန်သာမောင်းလိုက်၏
ကားပေါ်တွင်လေထုကအေးစက်နေတာမို့ ညီသီချင်းဖွင့်လိုက်တော့သည်ဟန်ထွန်းရဲ့ 'ရင်ခုန်ဘက်သို့တမ်းခြင်း"သီချင်းအားဖွင့်လိုက်လေ၏
.
.
.
.
အိမ်ရောက်တော့ ညီတစ်ယောက်တွေအလုပ်ရှုပ်နေလဲတော့မပြောတတ်ချေအပေါ်တက်လိုက်အောက်ပြန်ဆင်းလိုက်နဲ့ ယဥ်ကတော့ဧည့်ခန်းမှာထိုင်ကာဖုန်းသုံးနေလိုက်၏
ခဏကြာတော့ ယဥ်အပေါ်ထပ်တက်လာခဲ့ကာအခန်းထဲရောက်တော့ ရေချိုးခန်းကနေရေကျသံကြားတာကြောင့် ညီရေချိုးခန်းထဲရောက်နေဟန်ပါ
ယဥ်လည်းကုတင်ပေါ်လှဲကာအနားယူနေလိုက်၏
ညီပြန်ထွက်လာတော့မှရေချိုးဖို့ပြင်လိုက်ကာ ရေချိုးဖက်အလိုလိုအကြည့်ဆရာက်သွားလေ၏ ညီသည် 'ရေချိုးနေတာမဟုတ်ပဲ သန့်ရှင်းရေးလုပ်နေတာလား'
တကိုယ်လုံးလည်းရေစိုနေတာလားချွေးစိုနေတာလားမပြောတတ်ချေ
ယဥ်အ၀တ်ချွတ်ကာထဘီရင်လျှားလိုက်၏

"အ၀တ်တွေလျှော်မနေနဲ့တော့ အဲတိုင်းထားခဲ့လိုက်!"

"......"

ယဥ်ညီ့အားဂရုမစိုက်ိုက်ဟန်ပြကာ ရေချိုးခန်းထဲ၀င်လာလိုက်တော့သည်
ညီနဲ့တကယ်ကွာရှင်းချင်ရဲ့လားဆိုတော့လည်း ယဥ်မှာအဖြေမရှိခဲ့ပါ  မနေ့ညကပြသနာတက်ပြီးကတည်းက ယဥ်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိချေ ယဥ့်ဖက်ကလည်းသူ့အပေါ်မပြောပြထားခဲ့တော့နဲနဲအပြစ်မကင်းင်းသလိုခံစားရ၏ တကယ်ဆိုယဥ် ဟန်နီပြောခဲ့တာနားထောင်ပြီး ညီ့ကိုပြောပြသင့်သည်မလား ခုကျပြန်တော့လည်းယဥ့်ဖက်ကပဲလွန်နေသယောင်ပါ
ဒါကြောင့်ယဥ် ဖြစ်ချင်ရာဖြစ်ဆိုပြီး မနက်အစောကြီးကတည်းကအန်တီအိမ်သွားကာ ကွာရှင်းခွင့်သွားတောင်းမိလေ၏ 'နန်စုယဥ် လက်စသတ်တော့နင်အတော်မိုက်မဲရာကျတာပဲမဟုတ်လား နင်သာတကယ်ကွာချင်ရင် နှစ်ယောက်တည်းနဲ့ပြီးမဲ့ကိစ္စကိုခုတော့အန်တီတို့ကိုပါ စစ်ကူသွားခေါ်စရာအကြောင်းမရှိပဲ ခုတော့ မကွာရှင်းချင်လို့တမင်သွားပူဆာနဲ့တူနေလေ၏ အန်တီ့ကို ယဥ် မျက်နှာပူရပြန်ပါသည်
ယဥ်ရဲ့ အမှတ်မရှိတဲ့နှလုံးသားကလည်း ညီ့ထံပဲ ပြန်ကိုင်းညွတ်ပြန်ပါသည် ညီနည်းနည်းလေးကောင်းပြလိုက်တာနဲ့အမှတ်မရှိ လိုက်ပြီးသာယာမိပြန်ပါသည် '

"ဒေါက် ဒေါက် ပြီးတော့မှာလား! ဒီမှာအအေးပတ်တော့မယ်!"

ညီအပြင်ကနေလှမ်းအော်လိုက်တော့သည် နန်းစုယဥ် က ကိုယ့်ကိုကိုယ် အရင်တုန်းကလိုမျိုးထင်နေဟန်ပါ ရေချိုးရင်မပြီးတော့ ညီခန့်ဒီတိုင်းပြောရင်လည်း နန်းစုယဥ်ကထွက်လာမည် မဟုတ်တာကြောင့်တမင်ဂွင်ဖန်လိုက်ရ၏
ညီခန့်ရောက်ကတည်းကမနားရသေးဘဲ သန့်ရှင်းရေးလုပ်နေတာဖြစ်သည် မီးဖိုချောင် ရေချိုးခန်းပါမကျန်ချော်လဲနေမှာစိုးတာကြောင့် သူ၀င်လုပ်နေတာရဖြစ်သည်

ခဏကြာတော့ နန်းစုယဥ် ထညီရင်လျှားနဲ့ထွက်လာလေ၏ ညီခန့်အားဘာမှမပြောပဲ သူ့ဘာသူလမ်းဖယ်ကာသွားလေ၏
ညီခန့်လည်းရေချိုးခန်းထဲသာ၀င်လာလိုက်တော့သည်
ညီခန့် ရေချိုးလို့ပြီးတော့  နန်းစုယဥ်အခန်းထဲမှာရှိမနေပေ 'မဗိုက် ဘယ်တွေလျှောက်သွားနေလဲမသိပါ' ညီခန့်ကပျာကယာ အ၀တ်၀တ်လိုက်ပြီးအောက်ထပ်ဆင်းလာခဲ့၏

နန်းစုယဥ်က အောက်ထပ်မှာထိုင်ပြီးဖုန်းကြည့်နေလေ၏

"ကိုယ်၀န် ဘယ်တော့သွားအပ်မှာလဲ!"

"......"
နန်းစုယဥ်ညီခန့် အားရှိမှန်းတောင်မသိချေ
ညီခန့်မှာနန်းစုယဥ်လုပ်သမျှ အသည်းယားနေမိ၏

"နားမပါဘူးလား ကြားရင်ပြန်ပြော!"

"ကိုယ့်ပါးစပ်နဲ့ကိုယ် ပြောချင်တဲ့ခါမှပြောမယ်!"

"မနက်ဖန် ငယ်ငယ်တို့ဆီအလည်သွားရအောင် ဒီအကြောင်း မင်းမိဘတွေလည်းသိသင့်တယ်မလား!"

ယဥ်က ညီခန့့်အားဘာတစ်ခွန်းမှပြောလာခဲ့ခြင်းမရှိတော့ ညီအလိုက်တသိိနဲ့အပေါ်ပြန်တက်လာခဲ့၏

ညီခန့်အပေါ်ပြန်တက်သွားတော့ ယဥ်လည်းနုုတ်ခမ်းတချက်မဲ့လိုက်ပြီး လိုင်းဆက်သုံးနေလိုက်၏ ယဥ် Babyလေးရဲ့ အာထရာဆောင်းပုံကိုဓာတ်ပုံရိုက်ယူထားတာရှိတာမို့storyတွင်သာ
' warmly welcome baby pisi👶'  ဆိုပြီးတင်လိုက်လေ၏
နှစ်ယောက်အိပ်ကုတင်ကြီးကကျယ်ပယ်မယ့် ညီခန့်အတွက်စိုးရိမ်နေရတာကြောင့် ဒီညအိပ်လို့မပျော် သူအအိပ်ဆိုးပြီးနန်းစုယဥ်ဗိုက်ကိုဖိမိမှာစိုးတာကြောင့် အခန်းထဲကဆိုဖာပေါ်မှာပဲ ပြောင်းအိပ်ဖို့ပြင်လိုက်တော့သည်
တဖက်တွင်လည်း နန်းစုယဥ်က စိတ်မကောင်းဖြစ်လို့နေ၏ ညီက ယဥ်နဲ့အတူအိပ်နေရင်း  ရုတ်တရက် ဆိုဖာပေါ်သွားအိပ်တာမို့စိတ်ထဲနဲနဲခံပြင်းမိ၏ အဲလောက်တောင်အတူအိပ်ရမှာကြောက်နေရင် ဘာလို့လာပေါင်းနေသေးလဲမသိ ကွာလိုက်တာမဟုတ်ဘူး '

ယဥ်စိတ်တိုတိုနဲ့စောင်ကိုခေါင်းကနေခြုံပြီးအိပ်လိုက်တော့သည်
.
.
.ယဥ်နိုးလာတော့ ညီကအခန်းထဲမရှိတော့ပါ ယဥ်မျက်နှာသစ်သွားတိုက်လိုက်ပြီးအောက်ထပ်ဆင်းလာခဲ့၏
မီးဖိုချောင်ကနေ အိုးခွက်သံကြားတာကြောင့် ယဥ်၀င်လာတော့ ညီပါ
ယဥ့်ကိုမြင်တော့ ပြုံးပြလာ၏
"morning စုယဥ် နိုးပြီလား ဟိုမှာမနက်စာအဆင်သင့့် နို့ရယ် ကိတ်မုန့်တွေနဲ့ ဟန်ဘာဂါရယ် ဆာနေပြီလား စားလိုက်တော့!"

"...."
ယဥ်ခုံမှာ၀င်ထိုင်လိုက်လေ၏ 
ယဥ့်ဘာသာနို့သောက်လိုက် မုန်းစားလိုက်နဲ့ နှပ်နေလေ၏ ညီကတော့ မီးဖိုချောင်ထဲတစ်ယောက်တည်းအလုပ်ရှုပ်နေဟန်ပါ
ယဥ်သောက်လို့ပြီးတော့ ခွက်ဆေးဖို့ မီးဖိုချောင်၀င်လာတော့ ညီက ယဥ့်ကိုကြည့်နေ၏

"ထားခဲ့လိုက် စုယဥ် ကိုယ်ဆေးလိုက်မယ်!"

"ရတယ် ခွက်လောက်ကတော့ ဆေးတတ်တယ်!အရင်လည်းလုပ်နေကျပဲ"

"မာမီက ဒီနေ့ သူ့ဆိုင်ကိုလာခဲ့တဲ့ မရောက်ဖူးသေးဘူးမလား ကိုယ် စုယဥ်ကိုအရင်လိုက်ပို့ပြီးမှဟိုတယ်တန်းသွားမှာ!"

ယဥ်ဒီနေ့အန်တီနဲ့အတူ လိုအပ်တာလေးတွေသွား၀ယ်ဖို့လုပ်ထား၏

"လိပ်စာပြောလေ ကိုယ့်ပါကိုယ်မောင်းသွားလည်းရောက်တာပဲ  !"

"မသွားရဘူး ကိုယ်လိုက်ပို့ပေးမယ် ကိုယ်စုယဥ်ကိုစိတ်မချဘူး!"

အဖြစ်သည်းပြနေလိုက်တာ အမြင်ကပ်စရာပါ...

"ပြီးတော့မှလားမြန်မြန်လုပ်အဲတာဆို ယဥ်အကုန်ပြီးနေပြီ!"

"အင်းပါကွာခဏလေးပဲစောင့်!"

ညီလည်းဟင်းချက်နေတော့ ယဥ်အပေါ်ပြန်တက်လာကာ ပြင်ဆင်နေလိုက်သည်  ဘောင်းဘီတွေလည်း၀တ်လို့အဆင်မပြေတာမို့ အပြာရင့်ရောင်ချည်သားဂါ၀န်ကိုသာထုတ်၀တ်လိုက်၏ ဆံပင်ကိုဒီတိုင်းဖြန့်ချထားလိုက်ကာ မျက်နှာကိုကြည့်ကောင်းအောင်နဲနဲပြင်လိုက်လေ၏
ခဏအကြာတော့ ညီကအခန်းထဲ၀င်လာကာ ယဥ့်အားကြည့်နေ၏

"ယဥ်ပြီးနေပြီ အောက်ကစောင့်နေမယ် !"

ညီခန့်နန်းစုယဥ်အားဆွဲနမ်းပြစ်ချင်ပယ်မယ့် သူ့တကိုယ်လုံးဟင်းနံ့ နံနေတာကြောင့်မလုပ်လိုက်တော့ပေ...
.
.
.
ယဥ်အောက်ထပ်မှာဖုန်းသုံးနေတုန်း ညီရောချလာကာ
ညီကတော့suit အပြည့်၀တ်ထားလေ၏

"သွားကြမယ်!""

ယဥ်ဒီတစ်ခါညီနဲ့အတူကားရှေ့ခန်းမှာပဲ၀င်ထိုင်လိုက်ပြီး မှန်ချကာအပြင်ဘက်ကိုသာငေးနေလိုက်၏
ရုတ်တရက် ညီက ဂါ၀န်ပေါ်ကနေ ယဥ့်ဗိုက်ကိုဖွဖွလေးလာကိုင်တော့ ယဥ်လန့်သွားရသည်ပင် ယဥ့်ကိုလည်း အဓိပ္ပာယ်ပါသောမျက်၀န်းတွေနဲ့ကြည့်နေလေ၏
ယဥ်ကတော့မသိမသာအကြည့်လွှဲထား၏ ကားမောင်းနေတဲ့တလျှောက်လုံးယဥ့်ဗိုက်ပေါ်လက်တဖက်ကတင်ထားတာကြောင့်ယဥ်နေရခက်မိ၏
ခဏအကြာတော့ ယဥ်တို့ အန်တီ့ဆိုင်ကိုရောက်ရှိခဲ့၏

"Zunelar"ဆိုတဲ့ ဘိုးဘွားပိုင်ရွှေဆိုင်ကြီးကိုယဥ်အခုမှသာရောက်ဖူးလေ၏
ယဥ် ကားပေါ်ကနေဆင်းလိုက်တော့ညီကပါလိုက်ဆင်းပြီး ယဥ့်ပုခုံးအားဖက်ထားလေ၏ ပြီးတော့မှညီနဲ့အတူအထဲ၀င်လိုက်ကြပြီး ညီကတော့ အကုန်အရင်းနီးနေတာကြောင့် ၀န်ထမ်းတွေနဲ့ပါလိုက်နုတ်ဆက်နေလေ၏

"ဒီနေ့ဆိုင်မှာက 20%promotion  live saleရှိတယ်
စုယဥ်ရဲ့  စုယဥ်ဘာကြိုက်လဲ ကိုယ်မာမီ့ဆီကတောင်းပေးမယ်!"

အကောင်းမှတ်လို့နားထောင်ပါတယ် တောင်းပေးမယ်တဲ့ ...

၀န်ထမ်းအချို့ကတော့ယဥ့်ကိုသိပ်မသိကြတော့ ညီကဒိုင်ခံမိတ်ဆက်ပေးလေ၏

"သမီးလာပြီလား  အန်တီခေါ်လိုက်ရတာက သမီးအိမ်မှာကတယောက်က်တည်း အတူတူကို ဒီမှာကစိတ်အပြောင်းအလဲဖြစ်အောင်လို့လေ လာထိုင် အကြာကြီးရပ်မနေနဲ့!"

"ဟုတ် အန်တီ!"

"ကဲစုယဥ် ကိုယ်သွားတော့မယ်နော် နေ့လည်ကျရင်လာခေါ်မယ်!"

ယဥ်ခေါင်းညိတ်ပြလိုက်၏
ယဥ် အန်တီနဲ့အတူ နဲနဲပါးပါးအန်တီ့ဘေးကနေ၀င်ကူဖြစ်၏ ယဥ်ကရွှေအကြောင်းလည်းဘာမှသိမနေနဲ့ဒီတိုင်းသာနားထောင်နေလိုက်၏

ခဏအကြာတော့ဆိုင်တွင်လူတွေနဲနဲများလာ၏ အန်တီကရောအလုပ်ရှုပ်နေကာ
ယဥ်ကလူများတဲ့နေရာတွေဆိုမနေတတ်တာမို့
အန်တီချပေးထားသောနေရာတွင်သာထိုင်နေလိုက်၏

"မော်ဒယ်လ် ရူပါထက်မြတ်ရောက်လာပြီ!"

၀န်ထမ်းကောင်မလေးတွေအော်သံနဲ့အတူယဥ်
လှည့်ကြည့်လိုက်တော့ထိုမိန်းခလေးက အနီရောင် ပုခုံး​ပြောက်dressရှည်ကြီးကိုခန္ဓာကိုယ်နဲ့ကပ်ရပ်စွာ ၀တ်ဆင်ထားပြီး တကိုယ်လုံးအပြစ်နာဆာမရှိအောင်တော်တော်လှ၏

'ရူပါ"ဆိုတဲ့နာမည်ကိုတော့ ကြားဖူးသယောင်ရှိ၏
အန်တီကတော့ထိုမိန်းခလေးအားတရင်းတနှီးကြိုဆိုလေကာ နေရာထိုင်ခင်းသေချာချပြီးမှ live saleစ
နေဟန်ပါ  ထိုမိန်းခလေးအားလက်၀တ်လက်စားအစုံအလင်ဆင်ပေးလေ၏ ယဥ်လည်းသူတို့လုပ်သမျှလိုက်ကြည့်နေမိကာ ထိုမိန်းခလေးကတော့ live sale ရောင်းလိုက် tiktokဆော့လိုက်နဲ့အလုပ်ရှုပ်နေကြ၏
အနုပညာရှင်တစ်ယောက်ဖြစ်ဖို့လည်းမလွယ်တဲ့ပုံပါ ရုပ်ရည်လှပဖို့အပြင် အက သရုပ်ဆောင်ပိုင်းရောဘက်စုံတော်တတ်နေဖို့လည်းလိုသေး၏

ထိုမိန်းခလေးသည် တခဏအတွင် ငွေသိန်းပေါင်းများစွာကိုရရှိအောင်ရောင်းနိုင်တာမြင်တော့ ယဥ်အတော်လေးအံ့သြလေးစားမိလေ၏
အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့တော်ကြလိုက်တာများ....

Live saleခဏနားကြတော့ ထိုမင်းသမီးအားမိတ်ကပ်နဲ့နဲ့ပြန်ပြင်လိုက်နုုတ်ခမ်းနီပြင်ဆိုးလိုက်နဲ့အလုပ်ရှုပ်နေပြန်သည်   ဆိုင်တွင်လည်းလူကလက်မလည်ပေ..
..'အန်တီတို့တစ်နေ့ကိုငွေသိန်းသန်းပေါင်းများစွာ၀င်ကြတယ်ပေါ့!"

ခဏကြာတော့ယဥ်လည်းပျင်းလာလေ၏ ယဥ်ဒီမှာဘာမှလုပ်စရာမှရှိမနေတာ ညီကလည်းပျောက်ချက်မလှပျောက်သွားလေ၏  အန်တီကလည်း စျေးရောင်းနေလေသည်

"ဟေး ဟိုတစ်ယောက် ဒီကိုခဏလာပါအုံး!"
ထိုမိန်းခလေးနဲ့ ယဥ်က နဲနဲဝေးလေ၏ ထိုမိန်းခလေးက Live saleနားထားတာကြောင့် ခုံပေါ်ထိုင်ပြီးဖုန်းသုံးနေဟန်ပါ

"...."

"နင့်ကိုပြောနေတာဘာနောက်ကိုပြန်ကြည့်နေတာလဲ အူကြောင်ကြောင်နဲ့ဘာမှန်းလည်းမသိဘူး ၀န်ထမ်းအသစ်လား!နင်က!"

ယဥ့်ကိုဘလိန်းကြီးအပြစ်ဆိုနေတော့ ယဥ်လည်းဒေါသထွက်မိ၏ ယဥ့်ကိုမည်သူမှအူကြောင်ကြောင်ဆိုပြီမပြောဖူးပါ

ယဥ်နောင်တရလိုက်တာက ထိုးအမျိုးသမီးအားစိတ်ထဲမှအများကြီးချီးကျူးမိလိုက်တာကိုဖြစ်၏
စိတ်ဓာတ်နဲ့ရုပ်ကလေးကကျ တခြားစီကွာနေ၏
ယဥ်လည်းထိုမင်းသမီးဆီကိုတစ်လှမ်းချင်းလျှောက်လာလိုက်၏

"ကိုညီ လာတာလား!"

ထိုမိန်းခလေးကညီအပြင်ကနေလာတာမြင်တာနဲ့မျက်နှာထားချက်ချင်းပြောင်းလဲသွားပြီးထိုင်နေရာမှထလိုက်၏ ညီအားပြုံးပြနေသေးသည်
..

"ညီမလေးအမကိုခေါ်တာဘာကိစ္စလဲ!" ယဥ်အနားရောက်တော့မေးလိုက်လေ၏

"ကားပေါ်မှာရေဘူးကျန်ခဲ့တာ အဲတာသွားယူပေး ရော့ဒီမှာကားသော့က!!"

"ကိုညီဘာစားလာပြီးပြီလဲ !"

ထိုမင်းသမီးကတော်တော်လေးမျက်နှာနှစ်ဖက်နဲ့ပါ ညီ့ကိုဆက်ဆံပုံကျတမျိုးယဥ့်ကိုကျ ၀န်ထမ်းဆိုပြီးထင်နေဟန်ပါ ဒီဆိုင်က၀န်ထမ်းဆိုလည်းသူခိုင်းချင်တိုင်းခိုင်းလို့မှမရပဲ သူ့မှာအစစအရာရာလုပ်ပေးဖို့ မန်နေဂျာပါတာပဲမလား

ညီက ယဥ်တို့ဖက်ကိုတန်းတန်းမတ်မတ်လျှောက်လာလေ၏

"ဟင့်အင် ဘာမှမစားလာရသေးဘူး!"

ညီကယဥ့်ကိုကြည့်ကာဖြေလိုက်လေ၏

ယဥ်လည်းကားသော့ယူကာ  ညီလာတာမြင်တော့ ညီရှိတဲ့ဆီကိုလျှောက်သွားလိုက်၏

"ကိုညီ  live sale နားတုန်းလေး ရူပါတို့.."

"ယောကျာ်း!!!ဒီကညီမကလေ  မိန်းမကိုသူ့ကားပေါ်ကရေဘူးယူခိုင်းနေတယ် ယောကျ်ားပဲယူပေးလိုက်နော်! အင့်  ကားသော့!"

စျေး၀ယ်သူတွေနဲ့ ရောင်းနေတဲ့ညီမလေးတွေကပါ
ယဥ့်တို့ဖက့်လှည့်ကြည့်လာ၏

"ဟိုဟာ ကိုညီ သူကဘယ်သူလဲ မဟုတ်မှ ကိုညီ့ဇနီးဆိုတာလား"

"အွန်း ဟုတ်တယ်ရူပါ မိန်းမကကိုယ်၀န်နဲ့လေ ကိုယ်အလုပ်သွားတုန်းစိတ်မချလို့မာမီ့ဆီ ခဏအပ်ထားခဲ့တာ ပျင်းနေပြီလား!!"

ညီကထိုမိန်းခလေးကိုးကားပြောနေတုန်းယဥ့်ဖက်လှည့်ကာ မေးလာ၏

"ဟုတ် ယဥ်ဗိုက်ဆာတယ် ယောကျ်ား ဗိုက်ထဲက
ခလေးလေး ကလည်းဗိုက်ဆာတယ်ဆိုပြီးအော်နေတာလားမပြောတတ်ဘူးအဟွင်း"

ညီခန့်တစ်ယောက်နန်းစုယဥ်အပြောကြောင့် လက်ခါမိတော့၏ နန်းစုယဥ်ကဒီလိုတွေပါတတ်တယ်ပေါ့လေ 'အဟွန်း သ၀န်တိုနေပုံက ချစ်စရာလေးပါ"

"ကဲ ဒီကညီမလား သွားလိုက်အုံးမယ်နော် !ယောကျာ်းမိန်းမ အန်တီ့ဆီကိုအကျိုးအကြောင်းသွားပြောလိုက်အုံးမယ် ခဏလေး!"

"omm! စုယဥ်"

ယဥ်ညီတို့ကြားကထွက်လာခဲ့တော့သည် ထိုမိန်းခလေးကတော့ ငေးမောနေကာ အံ့သြနေဟန်ပါ 'ဟွန့် မတတ်နိုင်ဘူး ညီမလေး ဆောရီးပါ!"

ယဥ်အန်တီ့ကိုနုတ်ဆက်ပြီးတာနဲ့
ညီ့လက်မောင်းကိုချိတ်ကာ ဆိုင်ထဲမှအောင်နိုင်သူတစ်ယောက်လိုမျိုး ထွက်လာခဲ့၏

မျှော်

ဒီပိုင်းကိုမနည်းစဥ်းစားရေးလိုက်ရတယ် ကြားထဲကခါးတဲ့ဟာလေးချန်ခဲ့ပေးတယ်

ပေါ့သွားတယ်မလားဒီအပိုင်းက😕ဖတ်ရတာကိုယ်တိုင်အားမရဘူး






"ဟေ့ နန်းစုယဉ် ညည်းငါ့စကားကိုအထာကောက်နေတယ်ပေါ့လေ ညည်းကအဖွားတစ်ယောက်ရဲ့ခံစားချက်ကိုဘယ်နားလည်ပါ့မလဲ ငါ့မြေးလေးကိုငါအဆုံးထိဘယ်လောက်ထိမျှော်မှန်းထားခဲ့ရလဲသိလား ဒါမဲ့ငါညည်းတို့ကိုအခုဘာပြောနေသေးလို့လဲ အကုန်လုံးဖြစ်ပြီးမှတော့ အဆင်ပြေပြသေင့်သင့်မြတ်မြတ်နေသွားကြဖို့ပဲငါလိုလားတော့တာ"


"...."

"သမီးနန်းစုယဉ် သမီးပြောတာကိုအန်တီလက်ခံပါတယ်ကွယ် ဒါမဲ့ အိမ်ထောင်တစ်ခုကွဲကွာတယ်ဆိုတဲ့ကိစ္စကလွယ်တဲ့ကိစ္စမှမဟုတ်ပဲ ခုယူချင်တိုင်းယူပြီးခုပြန်ကွာလို့မရဘူး အစကတည်းက စဉ်းစားရတာ တစ်ခုလပ် မုဆိုးမ ဆိုတဲ့နာမည်က ဘယ်လောက်အကျဉ်းတန်လဲ သမီးသိလား ပြီးတော့ အန်တီကိုယ်တိုင်က ကလေးနှစ်ယောက်အမေ မုဆိုးမပဲ ဒါမဲ့ အများနဲ့ယှဉ်ပြီးစီးပွားရေးလုပ်လာရတဲ့အခါ တချို့က ယောက်ျားတွေကကိုယ့်ကိုအထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်တယ် တချို့က ကထိကရိ
အီစီကလီလာလုပ်ကြတယ် ကိုယ့်ဖက်ကဆင်ခြင်ပယ်မယ့် သူတိုကကျ ကိုယ့်ကိုနှိုင်ချင်ကြတယ်လေ အန်တီကအဲအကြောင်းအရာတွေနဲ့အများကြီးကြုံလာခဲ့ရပြီးပြီ အန်တီပြောမယ် သမီးတို့ရဲ့ လက်ရြှိပသနာကဘာလဲ ဘယ်အရာကဒီလောက်ထိကွဲကွာဖို့အထိဖြစ်သွားစေတာလဲ!"







"သားလာထိုင် !"















"...."












"ကဲ မြေးလေးလည်းတော်တော့ လင်နဲ့မယားဆိုတာက လျှာနဲ့သွားတဲ့ အနည်းအများတော့ရန်ဖြစ်ပြသနာတက်ကြမှာသဘာဝပဲ ဖွားတို့လည်းငယ်ရာကနေကြီးလာတာကွယ် လျော့လိုက်ပါတော့ ဒီလိုမဂ်လာရှိတဲ့သတင်းမျိုးကို နန်းစုယဉ်လည်း ထုတ်ပြောပြသင့်တာပဲမဟုတ်လား ခုကြည့်ပါလား မြေးပြောမှပဲသိရတော့တယ် နန်းစုယဉ်ငါတို့ကိုတသက်က်လုံးဖုံးကွယ်ထားဖို့ရည်စူးထားတာလား ငါမသေခင်လေးတော့ မြေးတြွေမစ်တွေနဲ့အတူနေသွားချင်ပါတယ်တော် ညည်းတကိုယ်ကောင်းဆန်လိုက်တာများ "












.
.
.






















"များများစား !!!"


"အရွက်လည်းစားပေးရမယ်!"

"ညီခန့်နင်မျက်နှာမပြောင်နဲ့နော် နင့်ကိုဘယ်သူထည့်ခိုင်းနေလို့လဲ ငါ့ဘာသာငါစားချင်တာထည့်စားမယ်  နင့်ဟင်းတြွေပန်ယူ!"


"....!!"







မစောင့်တော့ဘူး"




"...."




ကားပေါ်တွင်လေထုကအေးစက်နေတာမို့ ညီသီချင်းဖွင့်လိုက်တော့သည်ဟနျထွန်းရဲ့ 'ရင်ခုန်ဘက်သို့တမ်းခြင်း"သီချင်းအားဖွင့်လိုက်လေ၏
.
.
.
.


"......"

ယဉ်ညီ့အားဂရုမစိုကိုက်ဟန်ပြကာ ရေချိုးခန်းထဲဝင်လာလိုက်တော့သည်






"......"




ယဉ်က ညီခန့်အားဘာတစ်ခွန်းမှပြောလာခဲ့ခြင်းမရှိတော့ ညီအလိုက်တသိနဲ့အပေါ်ပြန်တက်လာခဲ့၏

ညီခန့်အပေါ်ပြန်တက်သွားတော့ ယဉ်လည်းနုတ်ခမ်းတချက်မဲ့လိုက်ပြီး လိုင်းဆက်သုံးနေလိုက်၏ ယဉ် Babyလေးရဲ့ အာထရာဆောင်းပုံကိုဓာတ်ပုံရိုက်ယူထားတာရှိတာမို့storyတွင်သာ

.
.
"morning စုယဉ် နိုးပြီလား ဟိုမှာမနက်စာအဆင်သင့် နို့ရယ် ကိတ်မုန့်တွေနဲ့ ဟန်ဘာဂါရယ် ဆာနေပြီလား စားလိုက်တော့!"

"...."












.
.
.

"သွားကြမယ်!""







"ဟုတ် အန်တီ!"








Live saleခဏနားကြတော့ ထိုမင်းသမီးအားမိတ်ကပ်နဲ့နဲ့ပြန်ပြင်လိုက်နုတ်ခမ်းနီပြင်ဆိုးလိုက်နဲ့အလုပ်ရှုပ်နေပြန်သည်   ဆိုင်တွင်လည်းလူကလက်မလည်ပေ..

ခဏကြာတော့ယဉ်လည်းပျင်းလာလေ၏ ယဉ်ဒီမှာဘာမှလုပ်စရာမှရှိမနေတာ ညီကလည်းပျောက်ချက်မလှပျောက်သွားလေ၏  အန်တီကလည်း ဈေးရောင်းနေလေသည်


"...."




"ကိုညီ လာတာလား!"

..










"ယောကျာ်း!!!ဒီကညီမကလေ  မိန်းမကိုသူ့ကားပေါ်ကရေဘူးယူခိုင်းနေတယ် ယောက်ျားပဲယူပေးလိုက်နော်! အင့်  ကားသော့!"

ဈေးဝယ်သူတွေနဲ့ ရောင်းနေတဲ့ညီမလေးတွေကပါ




"ဟုတ် ယဉ်ဗိုက်ဆာတယ် ယောက်ျား ဗိုက်ထဲက



"omm! စုယဉ်"



မျှော်



Continue Reading

You'll Also Like

69.9K 1.5K 10
" I LOVE YOU" Perfect means nothing to me without you. " အဲ့ဒီသူနဲ့ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုကိုထူထောင်ဖို့ယုံကြည်ချက်ရှိတဲ့တစ်နေ့ကျွန်မလက်ထပ်မယ် "...
94.8K 2.7K 37
" ငါနင့်ကို အဲ့ဒါတွေမကြိုက်တာပဲ..ဘယ်တော့မဆိုပေါ့တန်လွန်းတယ်..ဘာတစ်ခုမှလေးလေးနက်နက်မရှိဘူး..တစ်ခုခုဆိုရှောင်ပြေးတတ်ဖို့ပဲသိတယ်..ဒီအသက်ရွယ်ပဲရောက်နေပြီ...
102K 4.2K 27
"..မုန်းလို့ပေါ့ကွာ....မင်းရဲ့ပုံစံကိုမုန်းတာ.. မင်းရဲ့ ဖြစ်တည်မှုကို မုန်းတာ.. မင်းမို့လို့ ..မုန်းတာကွာ ရှင်းပလား..." ခေါင်းငုံ့ လမ်းလျှောက်နေတာ တွ...
21.1K 1.1K 30
"ချစ်တယ် မချစ်ဘူး က ငါ လုပ်လို့မှ မရတာပဲ...မျက်နှာချင်းဆိုင်မရအောင် မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး..ဒီတိုင်းပဲလေ...သူက ငါ့မိန်းမ...အဲလိုပဲ တွေးလို...