ဒါကို တိရုံလို့ ခေါ်တာလား (Zo...

By SN_SwaeNyoe002

31.8K 5.1K 31

ဘာသာပြန်သူ - စွဲညို့အသင်း More

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
BL Completed Package Promotion
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 38
Part 39
🌤️May Breeze Promotion🌤️
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 40
Part 41
Part 42
Part 43
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 44
Part 45
☘️ကြေညာချက်လေးပါ☘️

Part 37

532 110 0
By SN_SwaeNyoe002

37 01

အပိုင်း(၃၇)

တရုတ်ပြည်_ _ _

အာဏာအမြင့်ဆုံး တိရိစ္ဆာန် သုတေသန ဌာန

ငါးလွှာရှိ အစည်းအဝေးခန်းထဲတွင် မီးခိုးရောင်ဆံပင်နှင့် လူအိုကြီးတစ်အုပ်က ရှည်လျားသော အစည်းအဝေးစားပွဲကြီးတွင် ထိုင်နေကြသည်။ အရှေ့ဘက်ရှိ ကြီးမားသော ဖန်သားပြင်ကြီးတွင် ရီပို့တစ်ခုကို ပြသနေသည်။

"ဟီး ဟီး"

"ဟား ဟား တပိုင်လာ"

"ရှောင်ကျင်း မင်းက တအားအေးစက်တာပဲ"

ကလေး၏ အော်ရယ်သံက ထွက်လာသည်။

သို့ရာတွင် အစည်းအဝေးခန်းကမူ တိတ်ဆိတ်နေသည်။ လူအိုကြီးများ အားလုံးက သူတို့၏မျက်မှန်ကို တွန်းတင်လိုက်ရင်း ပုံထဲတွင်ပေါ်လာသည့် တိရိစ္ဆာန်များကို မျက်မှောင်ကြုတ်လျက် ကြည့်နေသည်။ သိပ်မကြာခင် ထိုမြင်ကွင်းက အဆုံးသတ်သွားသည်။

"ဟူး"

သက်ပြင်းချသံက ထွက်လာသည်။

ခေါင်းဆောင်နေရာတွင် ထိုင်နေသော ပိန်ပါးသော လူအိုကြီးက သူ၏ထူထဲသော မျက်မှန်ကို တွန်းတင်လိုက်ရင်း လူတိုင်း၏အရှေ့သို့ တဖြည်းဖြည်းချင်း လှည့်ကြည့်လာသည်။

"အဟွတ် အဟွတ်"

ချောင်းအသာဟန့်ပြီးနောက် အိုမင်းသော အသံက ထွက်လာသည်။

"ဒီမှာ ရှိနေတဲ့ အနိမ့်ဆုံးအဆင့်က ဇီဝဗေဒနယ်ပယ်ရဲ့ ပါမောက္ခတွေပဲ။ စုံစမ်းစစ်ဆေးမှုတွေ အများကြီး လုပ်ပြီးတဲ့နောက်မှာ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံမှာ ပေါ်ထွက်လာတဲ့ အဲ့ဒီတိရိစ္ဆာန်အမျိုးအစား သုံးမျိုးလုံးက အစစ်အမှန်တွေ ဆိုတာကို သိလိုက်ရတယ်။ အရေးကြီးဆုံး အချက်က ပန်ဒါကြီးလို့ ခေါ်တဲ့ သတ္တဝါက အမှန်တကယ် တည်ရှိတယ်"

"ဒဏ္ဍာရီထဲက သံမဏိဇာသားရဲဆိုတာတင် မဟုတ်သေးဘူး"

"စီချွမ်စံအိမ် မှတ်တမ်းတွေအရ ဒီသတ္တဝါက တကယ်ကို မြေကမ္ဘာခေတ်မှာ ရှိခဲ့တယ်။ ဒါပေမယ့် ဒုတိယမြောက် သဘာဝကပ်ဘေး ဆိုက်ရောက်လာ‌တော့ အားလုံးက ဖျက်ဆီးခံခဲ့ရတာပဲ"

"ဒါပေမယ့် အားလုံးကလည်း လူ့အသိုင်းအဝိုင်း အတွင်းမှာ တိရိစ္ဆာန်တွေကို ပြန်လည်ကယ်တင်ရေး ကဏ္ဍအကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်ကြမယ်လို့ ယုံကြည်တယ်"

"ငါတို့က နှစ်ထောင်ပေါင်းများစွာ သုတေသန ဆက်တိုက်လုပ်နေခဲ့တယ်။ ငါတို့က ဒီသက်ရှိသတ္တဝါတွေကို ဖန်တီးဖို့ ဘယ်လိုနည်းလမ်းကိုမဆို မတုန့်ဆိုင်းပဲ သုံးခဲ့ကြတယ်။ အားလုံးက ကြမ်းတမ်းတဲ့ စိတ်နေသဘောထားရှိတဲ့ အကောင်ကြီးတွေ ဖြစ်တာကြောင့် ကြောင်တောင်တောင်နိုင်တဲ့ မကောင်းဆိုးဝါးတွေ၊ အသွေးအသားတွေကိုတောင် စားကြသေးတယ်။ နောက်ပြီး ဓာတုဗေဒဓာတ် များလွန်းအားကြီးတဲ့ သတ္တဝါတွေ ဖြစ်လွန်းနေလို့ ဘယ်လိုနည်းနဲ့မှ အစစ်အမှန် တိရိစ္ဆာန်တွေ မဖြစ်လာနိုင်ကြဘူး"

"ဒီနေ့ခေတ်မှာ အဖွဲ့သစ်တစ်ခုက တိရိစ္ဆာန်တွေကို ပြန်လည်ကယ်တင်နိုင်တဲ့ နည်းပညာတစ်ခုကို ဖွံ့ဖြိုးလိုက်နိုင်တယ်"

"ဒါက သမိုင်းကဏ္ဍတစ်ခုကို ဖွင့်လှစ်နိုင်တဲ့ လုပ်နိုင်စွမ်းအား တစ်ခုပဲ"

"ဒီအကြောင်းပြချက်ကြောင့် ငါက လူတိုင်းကို ဒီနေရာကို ဆင့်ခေါ်ပြီး ကြေငြာချင်ခဲ့တာပဲ"

ထိုလူအိုကြီးက ထိုနေရာတွင် စကားကို အဆုံးသတ်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်း ရှူသည်။ သူက ဒီနေ့ရက်ကို စောင့်နေခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။ သို့သော် သူ၏သက်တမ်းကာလ အတောအတွင်း ထိုနေ့ရက်ကို ကြုံတွေ့ရလိမ့်မည်ဟု မထင်ခဲ့မိချေ။

"တိရိစ္ဆာန် ကာကွယ်စောက်ရှောက်ရေး ဥပဒေကို ပြန်လည် အကောင်အထည်ဖော်မယ်။ နောက်ပြီး ချက်ချင်း အသက်ဝင်စေမယ်။ ဒါ့အပြင် တိရိစ္ဆာန် ကာကွယ်ရေးဌာနကို ဒီနေ့က စတင်ပြီး တည်ထောင်မယ်"

ကလပ် ကလပ် ကလပ်

အားလုံးက လက်ခုပ်တီးကြသည်။ အားလုံးက မတ်တပ်ထရပ်ကြပြီး တစ်ယောက်ချင်းစီတိုင်း၏ မျက်ဝန်းက နီရဲလာကြသည်။ သူတို့က မျက်ရည်များကပင် လျှံကျမတတ် ဖြစ်လာသည်။

"ဒါပေမယ့် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံနောက်က အသင်းက လျို့ဝှက်ဆန်းကြယ်လွန်းတယ်။ ဒီတော့ နည်းပညာတွေကို ထုတ်ပြမှာ မဟုတ်ဘူး။ ငါတို့ကလည်း တွန်းအားပေးလို့ မရဘူး။ ဒါပေမယ့် တိရိစ္ဆာန် ကာကွယ်ရေး ဌာနကတော့ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံနဲ့ ညှိနိူင်းရလိမ့်မယ်။ သူတို့က မွေးမြူလို့ ရတဲ့ တိရိစ္ဆာန် အသစ်တွေကို ဖွံ့ဖြိုးထုတ်လွှတ် လိုက်နိုင်တာနဲ့

လူမှုအသိုင်းအဝိုင်းဆီကိုလည်း ထောက်ပံ့ပေးဖို့ မျှော်လင့်ရမယ်"

37 02

"မဆိုးပါဘူး"

"ဒင်ရှန်းကွမ်း"

ဒုတိယတန်းတွင် ထိုင်နေသည့် မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသမီးက အာဏာပြင်းသော လေသံမျိုးဖြင့် ပြောလာသည်။

"တိရိစ္ဆာန်ကယ်ဆယ်ရေးက အစစ်အမှန် လူမှုအသိုင်းအဝိုင်း တစ်ခုလုံးကို ပြိုင်ဘက်ကင်း ကူညီနိုင်တယ် ဆိုတာကို အားလုံး နားလည်ကြမယ် ထင်ပါတယ်။ စားလို့ရတဲ့ အသားတွေ မကဘူး ဆေးအဖြစ် ပြန်လည် ဖန်တီးမှုအတွက်ပဲ အဖြစ်၊ ခရီးသွားလာမှုအတွက်ပဲ အဖြစ် သူတို့ရဲ့ အသက်တိုင်းက လူသားတွေနဲ့ အရမ်းကို ကြီးမားတဲ့ ကဏ္ဍတစ်ခုအ ဖြစ် ရင်းရင်းနှီးနှီး ချည်နှောင်လျက်သား ရှိနေတယ်"

"ဒါပေမယ့်"

"ကျွန်မ ကြိုတင်ပြီး ကမ်းလှမ်းထားချင်တာက အစားအသောက်အတွက် မွေးမြူတဲ့ တိရိစ္ဆာန်တွေက လွဲပြီး အခြား ဘယ်တိရိစ္ဆာန်ကို မဆို_ _ _ အနာဂတ်မှာ ပေါ်လာတဲ့ ဘယ်တိရိစ္ဆာန်ကိုမဆို သတ်ဖြတ်တာ၊ ဖျက်ဆီးတာမျိုး တွေ့ရတာနဲ့ လူသတ်သူတွေ ကျူးလွန်တဲ့ ပုဒ်မအတိုင်း အရေးယူခံရမယ်။ ဒီနှစ်ခုကို တူညီတဲ့ ပြစ်မှုအဖြစ် သတ်မှတ်တယ်"

"ကျွန်မတို့ သူတို့ကို ဆုံးရှုံးထားတာ ဘယ်လောက်တောင် ကြာပြီလဲ။ ဒီတော့ တူညီတဲ့ အမှားတွေ ထပ်ဖြစ်စေလို့ မရဘူး"

"ဟုတ်တယ်"

ရှန်းကွမ်းရုံက ခေါင်းကို ညိတ်ကာ လူတိုင်းကို ကြည့်ကာ တဖြည်းဖြည်းချင်း ဆက်ပြောသည်။

"ကောင်းပြီ။ နောက်ဆုံး တိရိစ္ဆာန် ကာကွယ်ရေး ဥပဒေဆီ ထပ်ထည့်ချင်တဲ့ အချက်က ဒါတွေပါပဲ။ လူတိုင်းကလည်း တရုတ်နိုင်ငံမှာ တိရိစ္ဆာန်တွေ မရှိပဲ နေခဲ့ရတဲ့ မှောင်မိုက်တဲ့ နေ့ရက်တွေ အများကြီးကို ကြုံတွေ့ခဲ့ရပြီးပြီ ဖြစ်လို့ ဒီအခြေအနေကို ကျေးဇူးတင်ပြီး ဖမ်းဆုပ်ကာကွယ်ပေးမယ်လို့ မျှော်လင့်တယ်"

"နောက်ပြီး ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက ဒါရိုက်တာပြောတဲ့ စကားတစ်ခု ရှိတယ်။ အဲ့ဒီစကားတစ်ခွန်းက သိပ်နားထောင်ကောင်းတယ်"

"တိရိစ္ဆာန်တွေက လူသားတွေရဲ့ မိတ်ဆွေတွေလေ။ မွေးမြူလို့ရတဲ့ တိရိစ္ဆာန်တွေနဲ့ အထောက်အပံ့အဖြစ် ထောက်ပံ့ပေးနိုင်တဲ့ တိရိစ္ဆာန်တွေကလွဲပြီး အဲ့ဒီတိရိစ္ဆာန်တွေအားလုံး အမဲလိုက်ခံရတာမျိုး၊ သတ်ခံရတာမျိုး ဖြစ်လာတာနဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရသင့်တယ်"

"အဲ့ဒီ‌နောက် ကျွန်မတို့တွေ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကို ဆက်သွယ်သင့်ပြီ မဟုတ်လား"

"ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကို အချိန်တစ်ခု ကြာတဲ့အထိ မဆက်သွယ်နဲ့ဦး"

ကောင်းကင်ပြာ တိရိစ္ဆာန်ရုံမှာ သာမာန်တိရိစ္ဆာန်တွေ၊ အန္တရာယ်များတဲ့ တိရိစ္ဆာန်တွေ ပေါ်လာတဲ့အထိ အချိန် နည်းနည်း ထပ်စောင့်လိုက်ရအောင်။ အစားအစာတွေအတွက် တိရိစ္ဆာန်တွေကို မွေးမြူတဲ့အခါမှာ ဒီလူတွေကို ဆက်သွယ်ရလိမ့်မယ်"

ရှန်းကွမ်းရုံက နောက်တစ်ခေါက် တွေးတောပြီး ဆက်ပြောသည်။

"ကောင်းကင်ပြာ တိရိစ္ဆာန်ရုံရဲ့ ဒါရိုက်တာရဲ့ ပြောစကားအရ သူတို့ရဲ့အသင်းက တိရိစ္ဆာန်အမျိုးမျိုးကို ဖွံ့ဖြိုးတိုးတက်နိုင်အောင် ကြိုးစားနေကြတယ်။ အဲ့ဒီအထဲမှာ အသားစား တိရိစ္ဆာန်တွေလည်း ပါတယ်။ သူတို့အားလုံးက အသားကို လိုတယ်။ ကျွန်မအထင် သူတို့နောက်ကွယ်က အသင်းကလည်း ဒီတိရိစ္ဆာန်တွေအတွက် လိုအပ်တဲ့ အစာအရင်းအမြစ် တိရိစ္ဆာန်တွေကိုလည်း အရင်ဆုံး ထုတ်ဖော်လာလိမ့်မယ်လို့ ထင်တယ်။ ဘာပဲဖြစ်ဖြစ် တိရိစ္ဆာန်ရုံထဲမှာ တိရိစ္ဆာန်တွေ ပိုပြီးများပြားလာတဲ့အခါ လိုအပ်တဲ့ အသားပမာဏက မြင့်တက်သွားမှာပဲ"

"အဲ့ဒီနောက် တစ်ဖန်ထပ်ပြီး သူတို့ကို ကျွန်မတို့ရဲ့ ကြင်နာမှုကို ပြသရမယ်။ တွန်းအားပေးလို့လည်း မရဘူး။ ချင်တု အစိုးရဌာနကလည်း ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကို ဆက်သွယ်ပြီး ကာကွယ်ပေးဖို့ ပြင်ဆင်ရမယ်"

"သူတို့ဆီမှာ တိရိစ္ဆာန်အမျိုးအစား ဆယ်မျိုးကျော်လာတာနဲ့ လီရှန်းရှုခင်းကြည့် နေရာအောက်က နယ်မြေကို အဲ့ဒီတိရိစ္ဆာန်တွေ ရှင်သန်နေထိုင်ဖို့အတွက် သူ့တို့ဆီ လွှဲပေးရမယ်"

မည်သူကမှ ဆုပိုင်ကို မဆက်သွယ်လာသေးသော်လည်း တရုတ်တပြည်လုံးက ကောင်းကင်ပြာ တိရိစ္ဆာန်တွေကို အနီးကပ်စောင့်ကြည့်နေကြသည်ဟု ဆို၍ရသည်။

နေ့ရက်ပေါင်းများစွာ ဆက်တိုက်ကာကွယ်ပြီးမှသာ တိရိစ္ဆာန် ကာကွယ်ရေး ဥပဒေကို ပြန်လည် အကောင်အထည် ဖော်သည်။ တိရိစ္ဆာန် ကာကွယ်ရေး ဥပဒေက ပြန်လည် အသက်သွင်းခံလိုက်ရပြီ ဖြစ်သည်။

လူတိုင်းကလည်း ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကို စောင့်ကြည့်နေကြသည်။ တိရိစ္ဆာန်အရေအတွက် မြောက်များလာမည့် ပမာဏကို စောင့်ကြည့်နေကြသည်။

တိရိစ္ဆာန် အရေအတွက် များပြားလာသည်နှင့် အမျှ သူ၏နောက်ကွယ်မှ အသင်းက စတင်ကာ ရင့်ကျတ်လာသည်ဟု ဆို၍ရသည်။ ထို့နောက် _ _ _

တစ်လောကလုံးတွင်လည်း တိရိစ္ဆာန်များကို ပြန်လည်မြင်တွေ့ ရပေလိမ့်မည်။

...

ကောင်းကင်ပြာ တိရိစ္ဆာန်ရုံ _ _ _

ပန်ဒါပန်းခြံ အရှေ့ရှိ မြက်ခင်းပြင်ထဲတွင်

"အောင်း အောင်း"

"အောင်း အောင်း"

37 03

တပိုင်က ကျောက်တုံး ခုံစောင်းလေးပေါ်တွင် ဖင်ထောင်လျက် လှဲအိပ်နေသည်။ သူက ဆက်တိုက် ငြီးငြူနေသည်။

သိပ်မဝေးသော နေရာတွင် မျောက်တိုတစ်အုပ်က အဝတ်အိတ်များကို သယ်လျက် ရှိနေသည်။ သူတို့က တပိုင်ကိုလည်း မကြာခဏဆိုသလို လှည့်ကြည့်နေကြသည်။

ထို့နောက် ခေါင်းကို ပြန်ငုံံ့ကာ အမှိုက်များကို ပြန်ရှင်းကြသည်။

ဒီဥယာဉ်မှ ဒါရိုက်တာက် သေမိန့်တစ်ခု ထုတ်ထားသည်။ အမှိုက်အခုနှစ်ဆယ် မရှာနိုင်သော မည်သူကမှမဆို ဒီနေ့မှ စတင်ပြီး သစ်သီးရလိမ့်မည် မဟုတ်ချေ။

ဒါက မျောက်ရဲ့အသက်ကိုတောင် ခြိမ်းခြောက်နေသလို ဖြစ်နေပြီ မဟုတ်ဘူးလား။

မျောက်ဘုရင်ကလည်း အမှိုက်များကို ခပ်မြန်မြန် ယူပြီး အမှိုက်အိတ်ထဲသို့ ထည့်သည်။ အနည်းငယ် ထပ်စုဆောင်းလိုက်လျှင် လုံလောက်ပြီ ဖြစ်သည်။ သို့ရာတွင် ပန်ဒါတပိုင်ကမူ အခြေအနေ အလွန်ဆိုးနေသည်။

"ဖြန်း ဖြန်း ဖြန်း "

ဆုပိုင်က သူ၏ဖိနပ်ပါးကို ကိုင်ပြီး တပိုင်၏ ဖင်ကို ရိုက်သည်။

"မင်းတို့ ဆက်ပြီး တိုက်ခိုက်ကြဦးမှာလား"

"မတိုက်ခိုက်တော့ဘူးလား"

"အိုး"

"မတိုက်တော့ပါဘူး မတိုက်ခိုက်တော့ပါဘူး"

တပိုင်က သူ၏ဖင်ကို အုပ်လျက် ပက်လက်လှန်လှဲလိုက်သည်။ ထို့နောက် ဆုပိုင်ကို မျက်ရည်များနှင့် ကြည့်သည်။

ငါက မင်းရဲ့ချစ်စရာကောင်းတဲ့ ဘေဘီလေး မဟုတ်ဘူးလား။

"မင်း_ _ _"

ဆုပိုင်က ထိုအကောင်၏ သနားစရာကောင်းသော မျက်နှာကို ကြည့်ပြီး နှုတ်ခမ်းများ ကော့တက်သွားသည်။

ဒီကောင်က တကယ့်ကို အစစ်အမှန် သရုပ်ဆောင်ပဲ။ နောက်ပြီး သူရိုက်နေတဲ့ ဖိနပ်က ပလတ်စတစ် ဖိနပ်ပါး မဟုတ်ဘူးလား။ မင်းရဲ့ အမွှေးက ဘယ်လောက်ထူလဲ။ မင်းရဲ့အမွှေးက ဘယ်လောက်ထူလဲဆိုတာကို သိရောသိရဲ့လား။

သို့ရာတွင် သူအနေ့ဖြင့် ဒီတစ်ကြိမ်တွင် သင်ခန်းစာ ရရန် မျှော်လင့်သည်။

မည်သို့ပင်ဆိုစေ ရုံးခန်းတစ်ခုလုံးကို သန့်ရှင်းရန် လိုအပ်လာသည်။ ပို၍ဆိုးသည်မှာ ရုံးခန်းက စနစ်၏ သန့်ရှင်းပေးသော ဝန်းကျင်အတောအတွင်းတွင် မပါဝင်ပေ။ ထို့ကြောင့် သူကိုယ်တိုင် သန့်ရှင်းရမည် ဖြစ်သည်။

ပန်ဒါဥယာဉ်ကသာ ပျက်စီးသွားခဲ့လျှင် စနစ်က အလိုအလျောက် ပြန်ပြင်ပေးနိုင်သည်။ ထိုသို့သာ မဟုတ်လျှင် ဆုပိုင်က ရူးသွပ်သွားလောက်သည်။

ဒီကောင်က ပျားရည်ခွေးတူဝက်တူနဲ့ တိုက်ခိုက်တာ ပန်ဒါဥယာဉ်တစ်ခုလုံး အရှုပ်အထွေး ဖြစ်သွားရုံမကဘူး။ တိရိစ္ဆာန်ရုံ တစ်ခုလုံးလည်း ဗြောင်းဆန်သွားတယ်။ မြက်တွေတောင်မှ အရှင်းခံလိုက်ရသေးတယ်။

"ကောင်းပြီ ကောင်းပြီ ဟန်ဆောင်မနေနဲ့တော့။ မြန်မြန်သွားတော့"

ဆုပိုင်က ဖိနပ်ပါးကို ကောက်ဝတ်လိုက်ပြီး ဒေါသတကြီး ပြောသည်။

"အိုး"

တပိုင်က ချက်ချင်းလိုလို မြေပြင်‌ပေါ်မှ ခုန်ထပြီး သိပ်မဝေးသော နေရာတွင် ရပ်နေသည့် ဘေဘီထံ ဖြတ်ပြေးသွားလေသည်။

ဒီဘေဘီက အရမ်းသနားစရာ ကောင်းတာပဲ။ ဘေဘီက နှစ်သိမ့်ခံရဖို့ လိုအပ်နေပြီ။

Telegram မှာ အပိုင်း ၁၀၁အထိ ရောက်ပါပြီနော်။

Continue Reading

You'll Also Like

3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
651K 88.1K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
31.3K 3.9K 83
Title - A Filthy Rich Hamster In Apocalypse 🐹 ကမ္ဘာပျက်ကပ်ထဲက ဟမ်းစတားသူဌေးလေး Description ဟမ်းစတားလေး : "ဒယ်ဒီ.. ဒယ်ဒီ.. ဝူယိလေးမှာ အစာတွေရှိတယ်...
118K 19.9K 198
ခေါင်းစဉ် - ကောင်းဖန် (ဘာသာပြန်) မူရင်းခေါင်းစဉ် - Monster Pet Evolution အမျိုးအစား - စွန့်စားခန်း၊ စိတ်ကူးယဉ်၊ အတိုက်အခိုက်၊ ကျောင်းသားဘဝ အပိုင်းရေ...