Chapter 82 – အိမ်ထောင်ပြုဖို့ဆွေးနွေးခြင်း
.
" ဘယ်လို?!"
လုရှရဲ့ရုတ်တရက်စကားကြောင့် ကျန်းကျွင်းမော့အလန့်တကြားဖြစ်သွားသည်။
တကယ်တော့ လုရှသည်ဒီအကြောင်းကိုအခုလေးတင်တွေးမိလိုက်ပြီး ရှေ့နောက်မစဉ်းစားပဲလွှတ်ခနဲပြောလိုက်မိတာဖြစ်သည်။ ဒါပေမဲ့ သူမတွေးကြည့်လေလေ ဒီအကြံကအတော်လေးကောင်းတယ်လို့ သဘောပေါက်လာလေပင်။ ဘာပဲဖြစ်ဖြစ် သူမကမကြာသေးမီကဆယ့်ရှစ်နှစ်ပြည့်ပြီးသွားလို့ လက်ထပ်လို့အသက်ပြည့်မီသွားပြီ။
ထို့ကြောင့် စိတ်အားထက်သန်စွာပြောလိုက်သည်။
" ဟုတ်တယ် ကျွန်မဒါကိုဘာလို့အရင်ကမတွေးမိခဲ့တာလဲ? ကျွန်မတို့နှစ်ယောက်စလုံးလက်ထပ်လိုက်ရင် ဒီပြဿနာကဖြေရှင်းပြီးသားဖြစ်သွားမှာပဲ ရွာသားတွေကကျွန်မကိုနှောက်ယှက်တော့မှာမဟုတ်ဘူး ရှစ်ချွင်းယန်လည်းရှင့်ကိုလက်လျှော့သွားလောက်တယ် ဒါကနှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့အခြေအနေပဲမဟုတ်ဘူးလား?"
ဒါပေမဲ့ ကျန်းကျွင်းမော့သည်သူမစကားတွေကြောင့် အထိတ်တလန့်ဖြစ်နေဆဲပင်။ ခဏလောက်ကြာပြီးနောက်မှာ သူကအထစ်ထစ်အငေါ့ငေါ့နဲ့ " ဒါပေမဲ့ ....လက်ထပ်ကြမှာလား? ဒီကိစ္စနဲ့ပတ်သတ်ပြီးကျွန်တော်တို့ဘယ်လိုလုပ်ပြီး ပေါ့ပေါ့တန်တန်သဘောထားလို့ရမှာလဲ?"
လုရှမျက်မှောင်ကျုံ့သွားသည်။
" ဒါဆို ရှင်ဘယ်လိုလုပ်ဖို့စီစဉ်ထားလဲ? ရှစ်ချွင်းယန်ကိုရှင်းထုတ်ဖို့ ရှင့်မှာပိုကောင်းတဲ့နည်းလမ်းရှိလား?"
ကျန်းကျွင်းမော့နှုတ်ဆိတ်နေတာမြင်လိုက်ရတော့ လုရှသည်လက်ထပ်ခြင်းရဲ့အကျိုးကျေးဇူးတွေကို ဆက်ရှင်းပြလိုက်သည်။
" ပြီးတော့ ကျွန်မတို့လက်ထပ်ပြီးသွားတာနဲ့ ကိုယ်ပိုင်အိမ်ဆောက်ဖို့ရွာကိုလျှောက်ထားလို့ရတယ် ကျွန်မတို့ပညာတတ်လူငယ်များနေရာကပြောင်းလို့ရပြီး သူများတွေနဲ့ဘာမှဝေမျှစရာမလိုတော့ဘူး ချက်ပြုတ်စားသောက်ဖို့အတွက်လည်းအဆင်ပြေသွားလိမ့်မယ် အပြင်ထွက်ပြီးခိုးကြောင်ခိုးဝှက်အသားစားစရာမလိုတော့ဘူး"
သူမချက်ပြုတ်စားသောက်တဲ့အကြောင်းပြောတာ ကြားလိုက်ရတော့ ကျန်းကျွင်းမော့သည်အနည်းငယ်စိတ်ပါသွားပေမဲ့ တိကျတဲ့အဖြေမပေးသေးပေ။
နောက်ဆုံးမှာတော့ လုရှသည် " အကယ်၍ရှင်တကယ်ပဲဆန္ဒမရှိဘူးဆိုရင် ယာယီပူးပေါင်းရအောင်လေ မြို့ကိုပြန်ရောက်တဲ့အခါ ကွာရှင်းလို့ရတယ်"
သူမစကားတွေကိုကြားလိုက်ရတော့ ကျန်းကျွင်းမော့စိုးရိမ်သွားသည်။
" ကျွန်တော်ဆန္ဒမရှိတာမဟုတ်ပါဘူး"
သူ့အဖြေကြောင့်လုရှအံ့အားသင့်သွားသည်။
" တကယ်လား? ဒါဆိုဆန္ဒရှိတာလား?"
ကျန်းကျွင်းမော့ခေါင်းညိတ်လိုက်ပြီး နားရွက်တွေနီရဲသွားသည်။ သူကသူမကိုတိုက်ရိုက်မကြည့်ရဲပေမဲ့ အလေးထားကာပြောလိုက်ပါသေးသည်။
" ကျွန်တော်ဆန္ဒရှိပါတယ်"
သူ့ရဲ့ဒီလိုပုံကိုမြင်လိုက်ရတော့ သူအနေရခက်နေတာပဲဖြစ်မယ်လို့ထင်လိုက်ပြီး လုရှဘာမှဆက်မပြောတော့ပေ။ ရင်ထဲမှာတော့ ဒီလိုပြောင်မြောက်တဲ့ဖြေရှင်းနည်းထွက်လာခဲ့တဲ့အတွက် သူမကိုယ်သူမမချီးကျူးမိပဲမနေနိုင်ပေ။ နောက်ဆုံးမှာတော့ ဒီပြဿနာတွေအားလုံးကို သူမအဆုံးသတ်လိုက်နိုင်ပြီလေ။
" ကျွန်မတို့မနှောင့်နှေးသင့်ဘူး ဒီညပဲရွာလူကြီးကိုသွားရှာပြီး မိတ်ဆက်စာနဲ့သက်သေသွားယူကြရအောင် ဒါဆို ကျွန်မတို့မနက်ဖြန်ကျရင် မှတ်ပုံတင်သွားလုပ်လို့ရပြီ"
သူမကကျန်းကျွင်းမော့အငိုက်မိသွားတာကိုဖမ်းပြီး အလျင်မြန်ဆုံးဖြတ်ချက်ချလိုက်သည်။ သူကသူမရဲ့အတွေးရထားကြီးကိုလိုက်မမီနိုင်နိုင်ပေမဲ့ ခေါင်းညိတ်လိုက်တုန်းပါပဲ။
" ကောင်းပါပြီ"
စကားပြောပြီးနောက် သူကသူမကိုနောက်တစ်ကြိမ်ကြည့်လိုက်ပြီး တစ်ခုခုကိုပြောချင်ပေမဲ့ အနည်းငယ်တုံ့ဆိုင်းနေသည်။
" ဘာဖြစ်လို့လဲ? တခြားမေးစရာတွေရှိလို့လား?"
ကျန်းကျွင်းမော့ပါးစပ်ဖွင့်လိုက်ကာ တကယ်တမ်းတွင် သူမကိုသူ့ကိုသဘောကျရဲ့လားလို့မေးလိုက်ချင်ပေမဲ့ အဆုံးမှာတော့မမေးဖြစ်ခဲ့ပေ။ သူကခေါင်းယမ်းလိုက်ပြီး " မေးစရာမရှိပါဘူး"
လုရှစိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။
" ဒါဆိုကောင်းပြီ"
ထို့နောက် သူမကလက်ထပ်ဖို့အစီအစဉ်တွေအကြောင်း ပြောပြလိုက်သည်။
" ကျွန်မတို့နှစ်ယောက်စလုံးကပညာတတ်လူငယ်တွေပဲဆိုတော့ မင်္ဂလာပွဲကြီးကြီးမလုပ်ကြရအောင် ကျွန်မတို့အရင်ဆုံးအိမ်တစ်လုံးဆောက်ဖို့လျှောက်ထားလို့ရတယ် အခုအလုပ်များတဲ့လယ်လုပ်ရာသီပြီးပြီဆိုတော့ ရွာသားတွေမှာလုပ်စရာအလုပ်သိပ်မရှိဘူး အိမ်မြန်မြန်ဆောက်ပြီးလောက်ပါတယ် ပြီးသွားတဲ့အခါကျ ပညာတတ်လူငယ်များနေရာကလူတွေကိုဖိတ်ပြီး ထမင်းအတူစားသောက်လို့ရတယ် ရှင်ဘယ်လိုထင်လဲ?"
ကျန်းကျွင်းမော့မျက်နှာမှာအနည်းငယ်နီမြန်းနေလျက် ခေါင်းညိတ်လိုက်သည်။
" မင်းသဘောပါပဲ"
သူ့ရဲ့ရှက်နေတဲ့ဇနီးငယ်လေးပုံစံကိုမြင်လိုက်ရတာ့ လုရှပြုံးမိသွားသည်။ ထို့နောက် သူမကိုယ်တိုင်လည်းအနည်းငယ်ရှက်သလိုခံစားလိုက်ရသည်။ သူမမင်္ဂလာပွဲကိုဒီလောက်အလောတကြီးလုပ်ဖြစ်သွားမယ်လို့ သူမ,မထင်ထားခဲ့ပေ။ အထူးသဖြင့် သူမနဲ့ကျန်းကျွင်းမော့တို့က အချင်းချင်းသိပ်မရင်းနှီးကြသေးတာကြောင့်ပင်။
ကံကောင်းထောက်မစွာနဲ့ သူတို့သည်အရင်ကအကြိမ်အနည်းငယ်လောက် အဆက်အဆံရှိခဲ့ပြီး ကျန်းကျွင်းမော့ရဲ့ကိုယ်ကျင့်စရိုက်ကမဆိုးလို့သာပေါ့။ သူမတို့နှစ်ယောက်ကအနာဂတ်မှာ အဆင်ပြေပြေဆက်ဆံနိုင်လောက်ပါသည်။ လုရှစိတ်သက်သာရာရသွားသည်။
သူတို့အစီအစဉ်တွေကိုဆွေးနွေးပြီးနောက် ပညာတတ်လူငယ်များနေရာဆီပြန်လာခဲ့ကြသည်။ ညနေစောင်းတွင် အလုပ်တွေပြီးစီးလို့ညစာစားပြီးနောက် နှစ်ယောက်အတူရွာလူကြီးအိမ်သို့ထွက်လာကြသည်။
ဒါပေမဲ့ လုရှသည်လက်ဗလာနဲ့မလာခဲ့ချေ။ သူမကသကြားညိုနှစ်ပေါင်ယူလာခဲ့သည်။
သူမသကြားညိုတွေယူလာတာကိုမြင်လိုက်ရတော့ ကျန်းကျွင်းမော့က " ကျွန်တော့်မှာသကြားလက်မှတ်နည်းနည်းရှိသေးတယ် နောက်ပြီးကျရင်မင်းကိုပေးမယ်"
သူမတို့နှစ်ယောက်ကလက်ထပ်မှတ်ပုံတင်တော့မှာဖြစ်တာကြောင့် လုရှသည်အားနာနေစရာမလိုတော့ပေ။
" ကောင်းပြီ"
Zawgyi
Chapter 82 အိမ္ေထာင္ျပဳဖို႔ေဆြးႏြေးျခင္း
.
" ဘယ္လို?!"
လုရွရဲ႕႐ုတ္တရက္စကားေၾကာင့္ က်န္းကြၽင္းေမာ့အလန႔္တၾကားျဖစ္သြားသည္။
တကယ္ေတာ့ လုရွသည္ဒီအေၾကာင္းကိုအခုေလးတင္ေတြးမိလိုက္ၿပီး ေရွ႕ေနာက္မစဥ္းစားပဲလႊတ္ခနဲေျပာလိုက္မိတာျဖစ္သည္။ ဒါေပမဲ့ သူမေတြးၾကည့္ေလေလ ဒီအႀကံကအေတာ္ေလးေကာင္းတယ္လို႔ သေဘာေပါက္လာေလပင္။ ဘာပဲျဖစ္ျဖစ္ သူမကမၾကာေသးမီကဆယ့္ရွစ္ႏွစ္ျပည့္ၿပီးသြားလို႔ လက္ထပ္လို႔အသက္ျပည့္မီသြားၿပီ။
ထို႔ေၾကာင့္ စိတ္အားထက္သန္စြာေျပာလိုက္သည္။
" ဟုတ္တယ္ ကြၽန္မဒါကိုဘာလို႔အရင္ကမေတြးမိခဲ့တာလဲ? ကြၽန္မတို႔ႏွစ္ေယာက္စလုံးလက္ထပ္လိုက္ရင္ ဒီျပႆနာကေျဖရွင္းၿပီးသားျဖစ္သြားမွာပဲ ႐ြာသားေတြကကြၽန္မကိုႏွောက္ယွက္ေတာ့မွာမဟုတ္ဘူး ရွစ္ခြၽင္းယန္လည္းရွင့္ကိုလက္ေလွ်ာ့သြားေလာက္တယ္ ဒါကႏွစ္ဦးႏွစ္ဖက္အက်ိဳးရွိတဲ့အေျခအေနပဲမဟုတ္ဘူးလား?"
ဒါေပမဲ့ က်န္းကြၽင္းေမာ့သည္သူမစကားေတြေၾကာင့္ အထိတ္တလန႔္ျဖစ္ေနဆဲပင္။ ခဏေလာက္ၾကာၿပီးေနာက္မွာ သူကအထစ္ထစ္အေငါ့ေငါ့နဲ႕ " ဒါေပမဲ့ ....လက္ထပ္ၾကမွာလား? ဒီကိစၥနဲ႕ပတ္သတ္ၿပီးကြၽန္ေတာ္တို႔ဘယ္လိုလုပ္ၿပီး ေပါ့ေပါ့တန္တန္သေဘာထားလို႔ရမွာလဲ?"
လုရွမ်က္ေမွာင္က်ဳံ႕သြားသည္။
" ဒါဆို ရွင္ဘယ္လိုလုပ္ဖို႔စီစဥ္ထားလဲ? ရွစ္ခြၽင္းယန္ကိုရွင္းထုတ္ဖို႔ ရွင့္မွာပိုေကာင္းတဲ့နည္းလမ္းရွိလား?"
က်န္းကြၽင္းေမာ့ႏႈတ္ဆိတ္ေနတာျမင္လိုက္ရေတာ့ လုရွသည္လက္ထပ္ျခင္းရဲ႕အက်ိဳးေက်းဇူးေတြကို ဆက္ရွင္းျပလိုက္သည္။
" ၿပီးေတာ့ ကြၽန္မတို႔လက္ထပ္ၿပီးသြားတာနဲ႕ ကိုယ္ပိုင္အိမ္ေဆာက္ဖို႔႐ြာကိုေလွ်ာက္ထားလို႔ရတယ္ ကြၽန္မတို႔ပညာတတ္လူငယ္မ်ားေနရာကေျပာင္းလို႔ရၿပီး သူမ်ားေတြနဲ႕ဘာမွေဝမွ်စရာမလိုေတာ့ဘူး ခ်က္ျပဳတ္စားေသာက္ဖို႔အတြက္လည္းအဆင္ေျပသြားလိမ့္မယ္ အျပင္ထြက္ၿပီးခိုးေၾကာင္ခိုးဝွက္အသားစားစရာမလိုေတာ့ဘူး"
သူမခ်က္ျပဳတ္စားေသာက္တဲ့အေၾကာင္းေျပာတာ ၾကားလိုက္ရေတာ့ က်န္းကြၽင္းေမာ့သည္အနည္းငယ္စိတ္ပါသြားေပမဲ့ တိက်တဲ့အေျဖမေပးေသးေပ။
ေနာက္ဆုံးမွာေတာ့ လုရွသည္ " အကယ္၍ရွင္တကယ္ပဲဆႏၵမရွိဘူးဆိုရင္ ယာယီပူးေပါင္းရေအာင္ေလ ၿမိဳ႕ကိုျပန္ေရာက္တဲ့အခါ ကြာရွင္းလို႔ရတယ္"
သူမစကားေတြကိုၾကားလိုက္ရေတာ့ က်န္းကြၽင္းေမာ့စိုးရိမ္သြားသည္။
" ကြၽန္ေတာ္ဆႏၵမရွိတာမဟုတ္ပါဘူး"
သူ႕အေျဖေၾကာင့္လုရွအံ့အားသင့္သြားသည္။
" တကယ္လား? ဒါဆိုဆႏၵရွိတာလား?"
က်န္းကြၽင္းေမာ့ေခါင္းညိတ္လိုက္ၿပီး နား႐ြက္ေတြနီရဲသြားသည္။ သူကသူမကိုတိုက္ရိုက္မၾကည့္ရဲေပမဲ့ အေလးထားကာေျပာလိုက္ပါေသးသည္။
" ကြၽန္ေတာ္ဆႏၵရွိပါတယ္"
သူ႕ရဲ႕ဒီလိုပုံကိုျမင္လိုက္ရေတာ့ သူအေနရခက္ေနတာပဲျဖစ္မယ္လို႔ထင္လိုက္ၿပီး လုရွဘာမွဆက္မေျပာေတာ့ေပ။ ရင္ထဲမွာေတာ့ ဒီလိုေျပာင္ေျမာက္တဲ့ေျဖရွင္းနည္းထြက္လာခဲ့တဲ့အတြက္ သူမကိုယ္သူမမခ်ီးက်ဴးမိပဲမေနနိုင္ေပ။ ေနာက္ဆုံးမွာေတာ့ ဒီျပႆနာေတြအားလုံးကို သူမအဆုံးသတ္လိုက္နိုင္ၿပီေလ။
" ကြၽန္မတို႔မႏွောင့္ႏွေးသင့္ဘူး ဒီညပဲ႐ြာလူႀကီးကိုသြားရွာၿပီး မိတ္ဆက္စာနဲ႕သက္ေသသြားယူၾကရေအာင္ ဒါဆို ကြၽန္မတို႔မနက္ျဖန္က်ရင္ မွတ္ပုံတင္သြားလုပ္လို႔ရၿပီ"
သူမကက်န္းကြၽင္းေမာ့အငိုက္မိသြားတာကိုဖမ္းၿပီး အလ်င္ျမန္ဆုံးျဖတ္ခ်က္ခ်လိဳက္သည္။ သူကသူမရဲ႕အေတြးရထားႀကီးကိုလိုက္မမီနိုင္နိုင္ေပမဲ့ ေခါင္းညိတ္လိုက္တုန္းပါပဲ။
" ေကာင္းပါၿပီ"
စကားေျပာၿပီးေနာက္ သူကသူမကိုေနာက္တစ္ႀကိမ္ၾကည့္လိုက္ၿပီး တစ္ခုခုကိုေျပာခ်င္ေပမဲ့ အနည္းငယ္တုံ႕ဆိုင္းေနသည္။
" ဘာျဖစ္လို႔လဲ? တျခားေမးစရာေတြရွိလို႔လား?"
က်န္းကြၽင္းေမာ့ပါးစပ္ဖြင့္လိုက္ကာ တကယ္တမ္းတြင္ သူမကိုသူ႕ကိုသေဘာက်ရဲ႕လားလို႔ေမးလိုက္ခ်င္ေပမဲ့ အဆုံးမွာေတာ့မေမးျဖစ္ခဲ့ေပ။ သူကေခါင္းယမ္းလိုက္ၿပီး " ေမးစရာမရွိပါဘူး"
လုရွစိတ္သက္သာရာရစြာသက္ျပင္းခ်လိဳက္သည္။
" ဒါဆိုေကာင္းၿပီ"
ထို႔ေနာက္ သူမကလက္ထပ္ဖို႔အစီအစဥ္ေတြအေၾကာင္း ေျပာျပလိုက္သည္။
" ကြၽန္မတို႔ႏွစ္ေယာက္စလုံးကပညာတတ္လူငယ္ေတြပဲဆိုေတာ့ မဂၤလာပြဲႀကီးႀကီးမလုပ္ၾကရေအာင္ ကြၽန္မတို႔အရင္ဆုံးအိမ္တစ္လုံးေဆာက္ဖို႔ေလွ်ာက္ထားလို႔ရတယ္ အခုအလုပ္မ်ားတဲ့လယ္လုပ္ရာသီၿပီးၿပီဆိုေတာ့ ႐ြာသားေတြမွာလုပ္စရာအလုပ္သိပ္မရွိဘူး အိမ္ျမန္ျမန္ေဆာက္ၿပီးေလာက္ပါတယ္ ၿပီးသြားတဲ့အခါက် ပညာတတ္လူငယ္မ်ားေနရာကလူေတြကိုဖိတ္ၿပီး ထမင္းအတူစားေသာက္လို႔ရတယ္ ရွင္ဘယ္လိုထင္လဲ?"
က်န္းကြၽင္းေမာ့မ်က္ႏွာမွာအနည္းငယ္နီျမန္းေနလ်က္ ေခါင္းညိတ္လိုက္သည္။
" မင္းသေဘာပါပဲ"
သူ႕ရဲ႕ရွက္ေနတဲ့ဇနီးငယ္ေလးပုံစံကိုျမင္လိုက္ရတာ့ လုရွၿပဳံးမိသြားသည္။ ထို႔ေနာက္ သူမကိုယ္တိုင္လည္းအနည္းငယ္ရွက္သလိုခံစားလိုက္ရသည္။ သူမမဂၤလာပြဲကိုဒီေလာက္အေလာတႀကီးလုပ္ျဖစ္သြားမယ္လို႔ သူမ,မထင္ထားခဲ့ေပ။ အထူးသျဖင့္ သူမနဲ႕က်န္းကြၽင္းေမာ့တို႔က အခ်င္းခ်င္းသိပ္မရင္းႏွီးၾကေသးတာေၾကာင့္ပင္။
ကံေကာင္းေထာက္မစြာနဲ႕ သူတို႔သည္အရင္ကအႀကိမ္အနည္းငယ္ေလာက္ အဆက္အဆံရွိခဲ့ၿပီး က်န္းကြၽင္းေမာ့ရဲ႕ကိုယ္က်င့္စရိုက္ကမဆိုးလို႔သာေပါ့။ သူမတို႔ႏွစ္ေယာက္ကအနာဂတ္မွာ အဆင္ေျပေျပဆက္ဆံနိုင္ေလာက္ပါသည္။ လုရွစိတ္သက္သာရာရသြားသည္။
သူတို႔အစီအစဥ္ေတြကိုေဆြးႏြေးၿပီးေနာက္ ပညာတတ္လူငယ္မ်ားေနရာဆီျပန္လာခဲ့ၾကသည္။ ညေနေစာင္းတြင္ အလုပ္ေတြၿပီးစီးလို႔ညစာစားၿပီးေနာက္ ႏွစ္ေယာက္အတူ႐ြာလူႀကီးအိမ္သို႔ထြက္လာၾကသည္။
ဒါေပမဲ့ လုရွသည္လက္ဗလာနဲ႕မလာခဲ့ေခ်။ သူမကသၾကားညိုႏွစ္ေပါင္ယူလာခဲ့သည္။
သူမသၾကားညိုေတြယူလာတာကိုျမင္လိုက္ရေတာ့ က်န္းကြၽင္းေမာ့က " ကြၽန္ေတာ့္မွာသၾကားလက္မွတ္နည္းနည္းရွိေသးတယ္ ေနာက္ၿပီးက်ရင္မင္းကိုေပးမယ္"
သူမတို႔ႏွစ္ေယာက္ကလက္ထပ္မွတ္ပုံတင္ေတာ့မွာျဖစ္တာေၾကာင့္ လုရွသည္အားနာေနစရာမလိုေတာ့ေပ။
" ေကာင္းၿပီ"