အဆုံးမရှိတန်ခိုးထွားလှပါသောအမ...

By dream_n99

221K 25.8K 181

Genre- Drama Fantasy Historical Romance Slice of Life Author(s)- 静似骄阳 Associated Names- 穿书七零:我的炮灰丈夫十项全能 Eng N... More

Discription
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
ဂရုရပါပြီ🎉
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43+44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Tele Channel

Chapter 79

1.2K 196 0
By dream_n99

Chapter 79 –  ချန်းအာ့
.

ထိုလူကိုသူမချက်ချင်းမှတ်မိသွားတယ်။ ရွာရဲ့ပြဿနာကောင်ချန်းအာ့ပဲ။

လုရှသည်မူလကဒီဘဝမှာ သူ့ကိုသူမဘက်ကသွားရန်မစသရွေ့ သူကသူမကိုလွှတ်ပေးလိမ့်မယ်လို့ တွေးခဲ့သည်။ ဒါပေမဲ့ သူကပြဿနာလာရှာအုံးမယ်လို့ သူမမထင်ထားခဲ့ပေ။ သူမတကယ်ပဲဒင်းကိုနောက်တစ်ခေါက်လောက်ထပ်ကန်ပြီး ဖျက်ဆီးပစ်လိုက်ချင်ပေမဲ့ ကျန်းကျွင်းမော့ကဒီနေရာမှာရှိနေတာကြောင့် သူမအကြမ်းပတမ်းကြီးပြုမူလို့မရပေ။

ထို့ပြင် ချန်းအာ့ရဲ့ဂုဏ်သတင်းကမကောင်းစေကာမူ သူကရွာသားတစ်ယောက်ဖြစ်နေဆဲဖြစ်ကာ ချန်းမိသားစုရဲ့တစ်ဦးတည်းသောကလေးဖြစ်သည်။ ကိစ္စတွေအရမ်းတင်းမာသွားရင် အနာဂတ်မှာသူမအတွက် ရွာထဲမှာလွယ်ကူတဲ့အချိန်တွေမရှိနိုင်လောက်ပေ။

ထို့ကြောင့် သူမဆန္ဒမရှိသော်ငြား သူမမှာရပ်တန့်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိပေ။ အေးစက်စက်မျက်နှာထားဖြင့် လုရှသည်မြေပြင်ပေါ်ကလူကို ငုံ့မိုးကြည့်ပြီးမေးလိုက်သည်။

" ပြော နင်ဘာလို့ငါ့နောက်ခိုးကြောင်ခိုးဝှက်လိုက်နေတာလဲ?"

ချန်းအာ့သည်မူးဝေလာသည်အထိ ခေါင်းကိုတုတ်နဲ့အရိုက်ခံခဲ့ရပြီး ခန္ဓာကိုယ်ကိုအထပ်ထပ်အခါခါ အရိုက်ခံခဲ့ရတော့ အခုချိန်မှာတစ်ကိုယ်လုံးနာကျင်နေသည်။ အခု သူမစကားပြောလိုက်သဖြင့် အလျင်အမြန်အသနားခံလိုက်သည်။
" ကျုပ်မှားသွားပါတယ် ကျုပ်မလုပ်ရဲတော့ပါဘူး ချမ်းသာပေးပါ မမလေး"

ဒါပေမဲ့ လုရှသည်မယိမ်းယိုင်သွားခဲ့ပဲ သူ့ကိုနောက်တစ်ကြိမ်ကြမ်းကြမ်းလေးရိုက်နှက်ပေးလိုက်သည်။
" ပြောစမ်း နင်ဘာလို့ငါ့နောက်ကိုလိုက်နေတာလဲ?"

" အားး! ကျုပ်ပြောမယ် ပြောပြပါ့မယ်! ကျေးဇူးပြုပြီးရပ်ပါတော့ မရိုက်ပါနဲ့တော့ နာတယ်!"

ထိုတော့မှသာလုရှလက်ပိုက်ပြီး အေးစက်စက်မျက်နှာထားကိုဆက်ထိန်းသိမ်းထားသည်။
" ဒါဆို ပြောစမ်း!"

ချန်းအာ့သည်လုရှကိုသတိထားလျက်တစ်ချက်ကြည့်လိုက်ပြီး ထိန်းမရအောင်တုန်ယင်သွားကာ သူမကိုရန်စမိတဲ့အတွက် နောင်တရမိသွားသည်။ နူးညံ့သိမ်မွေ့တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ဟန်ရတဲ့သူတစ်ယောက်က ဒီလောက်ကြမ်းတမ်းရက်စက်မယ်လို့ သူ့မှာလုံးဝမထင်ထားခဲ့ပေ။

ကံကောင်းစွာနဲ့ သူမကိုအိမ်ပြန်ခေါ်သွားပြီး လက်မထပ်လိုက်လို့ပေါ့။ မဟုတ်ရင် သူတောင့်ခံနိုင်မှာမဟုတ်ပေ။

လုရှသည်သူ့ရဲ့ခိုးကြောင်ခိုးဝှက်အကြည့်တွေနဲ့ မျက်စိလှိမ့်လိုက်တာကို အကဲခတ်လိုက်ပြီး ဒင်းဘာတွေတွေးနေမှန်းသိချင်မိသွားသည်။ သူမလက်ထဲကတုတ်မြင့်တတ်သွားပြီး နောက်တစ်ခါထပ်ရိုက်ရန် ရည်ရွယ်လိုက်သည်။

ချန်းအာ့သည်ကြောက်လန့်တကြားဖြစ်သွားပြီး အလျင်မြန်ပြောလိုက်သည်။
" ကျေးဇူးပြုပြီး မရိုက်ပါနဲ့တော့! ကျုပ်ပြောပါ့မယ်! ပြောပါ့မယ်! လူတစ်ယောက်ကကျုပ်ကိုမင်းအနောက်လိုက်ခိုင်းခဲ့တာပါ"

လုရှမျက်မှောင်ကျုံ့သွားလျက် " ဘယ်သူလဲ? ဘယ်သူကနင့်ကိုငါ့နောက်လိုက်ခိုင်းတာလဲ?"

သူမစကားကြောင့် ထိတ်လန့်သွားပြီး ချန်းအာ့သည်အမှန်တရားကို မထိန်ချန်ဝံ့တော့ပဲ သိသမျှအားလုံးအိတ်သွန်ဖာမှောက်‌ ဖွင့်ချလိုက်တော့သည်။

" မင်းတို့ပညာတတ်လူငယ်များနေရာကအမျိုးသမီးပညာတတ်လူငယ်တစ်ယောက်ပါပဲ သူ့မျိုးရိုးကကျွမ်းဆိုလားပဲ သူကကျုပ်ကိုမင်းနောက်လိုက်ပြီး မင်းဂုဏ်သတင်းကိုဖျက်ဆီးဖို့အခွင့်အရေးရှာလိုက်တဲ့ ဒါဆို ကျုပ်မင်းကိုလက်ထပ်နိုင်မယ်တဲ့လေ"

ဒီစကားကြားလိုက်ရတော့ လုရှခဏလောက်မယုံကြည်နိုင်ဖြစ်သွားသည်။ ကျွမ်းမျိုးရိုးဆိုတော့ ကျွမ်းဟုန်မိန်လား?

သူမမျက်နှာချက်ချင်းအေးစက်သွားပြီး ယုံကြည်ဖို့ခက်ခဲသွားသည်။ ကျွမ်းဟုန်မိန်သည်သူမကိုပစ်မှတ်ထားလိုဟန်ရှိတာကို သူမသိပေမဲ့ အဲ့ဒါကစကားသက်သက်သာဖြစ်သည်။ တစ်ခါနှစ်ခါလောက်ခြောက်ပေးပြီးလိုက်တဲ့နောက်မှာ ကျွမ်းဟုန်မိန်တစ်ယောက်သူမကိုကြောက်သွားပြီလို့ သူမထင်ခဲ့မိသည်။

ကျွမ်းဟုန်မိန်ကသူမကိုဖျက်ဆီးပစ်ဖို့အတွက် ဒီလောက်ပမာဏထိသွားလိမ့်မယ်လို့ သူမဘယ်တုန်းကမှထင်မထားမိခဲ့ပေ။ သူမဒီလောက်ရက်စက်မယ်လို့ လုံးဝထင်မထားမိခဲ့ဘူး။

ချန်းအာ့သည်သူစကားပြောပြီးနောက်မှာ လုရှဘာမှပြန်မဖြေတာကိုမြင်လိုက်ရတော့ မဝံ့မရဲလေးမေးလိုက်တယ်။
" မမလေးရယ် ကျွန်တော်သိသမျှအားလုံးပြောပြပြီးပါပြီ အခုကျွန်တော့်ကိုလွှတ်ပေးနိုင်မလား?"

ဒါပေမဲ့ လုရှသည်လက်ရှိအချိန်မှာ ကျွမ်းဟုန်မိန်အကြောင်းအတွေးတွေနဲ့ နစ်မြုပ်နေဆဲဖြစ်ရာ မျက်နှာသည်အေးစက်နေပြီးအဖြေပြန်မပေးခဲ့ပေ။

အနောက်မှာရပ်နေတဲ့ကျန်းကျွင်းမော့သည် အခြေအနေကိုသတိပြုမိသွားပြီး မေးလိုက်သည်။
" မင်းကပညာတတ်လူငယ်ကျွမ်းလိုက်ခိုင်းတာကို ဒီအတိုင်းပဲသဘောတူလိုက်တာလား? သူကမင်းကိုအကျိုးအမြတ်တစ်ခုခုများကမ်းလှမ်းခဲ့သေးလား?"

ချန်းအာ့သည်ဒီစကားကြားလိုက်ရတော့ မသိစိတ်နဲ့အလိုလိုအိတ်ကပ်ကို ကာလိုက်မိပေမဲ့ လုရှရဲ့သစ်သားတုတ်နောက်တစ်ခါမြောက်တတ်သွားတာ မြင်လိုက်ရတော့ အလျင်အမြန်ရှင်းပြလိုက်သည်။

" သူကကျုပ်ကိုကမ်းလှမ်းခဲ့ပါတယ် ငါးယွမ်ပေးခဲ့တာပါ လွယ်လွယ်နဲ့ငွေရပြီး ဇနီးတစ်ယောက်ရဖို့အခွင့်အရေးပဲလို့ တွေးလိုက်မိလို့သဘောတူလိုက်တာပါ"

ထိုစကားပြောပြီးနောက် သူကလုရှရဲ့မည်းနက်နေတဲ့မျက်နှာနဲ့ တင်းတင်းကိုင်ထားတဲ့သစ်သားတုတ်ကိုတချက်ကြည့်လိုက်ပြီး အသည်းအသန်ရှင်းပြလိုက်သည်။
" လုံးဝကျုပ်အမှားချည်းပဲတော့မဟုတ်ပါဘူး ဒီလိုလုပ်တဲ့သူကကျုပ်မဟုတ်ရင်တောင် တခြားသူတွေရှိမှာပဲ ပညာတတ်လူငယ်လုကအခြေအနေကောင်းကောင်းရှိပြီး အလုပ်လုပ်နိုင်တယ် မင်းကိုစိတ်ဝင်စားနေကြတဲ့ လူပျိုတချို့ရွာထဲမှာရှိနေပြီးသား သူတို့ကလျှိုရှောင်ဇီကပညာတတ်လူငယ်ဝူကို လက်ထက်ခဲ့သလိုမျိုးတစ်ပုံစံနဲ့လုပ်ဖို့ကြံနေကြတာ အချိန်ကျလာတဲ့အခါ သူတို့ကလည်းလျှိုရှောင်ဇီအောင်မြင်ခဲ့သလိုမျိုး ပညာတတ်လူငယ်လုကိုလက်ထပ်ယူလိမ့်မယ်"

ဒီစကားကြားလိုက်ရတော့ လုရှမျက်နှာသည်ပို၍ပင်နက်မှောင်သွားလေသည်။ သူမကတစ်လျှောက်လုံး မထင်မရှားပုံစံလေးထိန်းသိမ်းထားခဲ့ပေမဲ့ အာရုံတွေကိုဆွဲဆောင်မိအုံးမယ်လို့ မထင်ထားခဲ့ပေ။

ချန်းအာ့စကားဆုံးသွားပြီးနောက်မှာ လုရှရဲ့မျက်နှာအမူအရာကို အကဲခတ်ပြီး ဆက်အသနားခံလိုက်သည်။
" ကျုပ်သိသမျှအားလုံးပြောပြပေးပါပြီ မမလေးရယ် ကျေးဇူးပြုပေးချမ်းသာပေးပါတော့ နောက်မလုပ်ရဲတော့ပါဘူး နောက်ဆိုမင်းကိုတွေ့တဲ့အခါ ရှောင်သွားပါ့မယ်လို့ကတိပေးပါတယ်!"

*

Zawgyi

Chapter 79   ခ်န္းအာ့
.

ထိုလူကိုသူမခ်က္ခ်င္းမွတ္မိသြားတယ္။ ႐ြာရဲ႕ျပႆနာေကာင္ခ်န္းအာ့ပဲ။

လုရွသည္မူလကဒီဘဝမွာ သူ႕ကိုသူမဘက္ကသြားရန္မစသေ႐ြ႕ သူကသူမကိုလႊတ္ေပးလိမ့္မယ္လို႔ ေတြးခဲ့သည္။ ဒါေပမဲ့ သူကျပႆနာလာရွာအုံးမယ္လို႔ သူမမထင္ထားခဲ့ေပ။ သူမတကယ္ပဲဒင္းကိုေနာက္တစ္ေခါက္ေလာက္ထပ္ကန္ၿပီး ဖ်က္ဆီးပစ္လိုက္ခ်င္ေပမဲ့ က်န္းကြၽင္းေမာ့ကဒီေနရာမွာရွိေနတာေၾကာင့္ သူမအၾကမ္းပတမ္းႀကီးျပဳမူလို႔မရေပ။

ထို႔ျပင္ ခ်န္းအာ့ရဲ႕ဂုဏ္သတင္းကမေကာင္းေစကာမူ သူက႐ြာသားတစ္ေယာက္ျဖစ္ေနဆဲျဖစ္ကာ ခ်န္းမိသားစုရဲ႕တစ္ဦးတည္းေသာကေလးျဖစ္သည္။ ကိစၥေတြအရမ္းတင္းမာသြားရင္ အနာဂတ္မွာသူမအတြက္ ႐ြာထဲမွာလြယ္ကူတဲ့အခ်ိန္ေတြမရွိနိုင္ေလာက္ေပ။

ထို႔ေၾကာင့္ သူမဆႏၵမရွိေသာ္ျငား သူမမွာရပ္တန႔္ဖို႔ကလြဲၿပီး ေ႐ြးခ်ယ္စရာမရွိေပ။ ေအးစက္စက္မ်က္ႏွာထားျဖင့္ လုရွသည္ေျမျပင္ေပၚကလူကို ငုံ႕မိုးၾကည့္ၿပီးေမးလိုက္သည္။

" ေျပာ နင္ဘာလို႔ငါ့ေနာက္ခိုးေၾကာင္ခိုးဝွက္လိုက္ေနတာလဲ?"

ခ်န္းအာ့သည္မူးေဝလာသည္အထိ ေခါင္းကိုတုတ္နဲ႕အရိုက္ခံခဲ့ရၿပီး ခႏၶာကိုယ္ကိုအထပ္ထပ္အခါခါ အရိုက္ခံခဲ့ရေတာ့ အခုခ်ိန္မွာတစ္ကိုယ္လုံးနာက်င္ေနသည္။ အခု သူမစကားေျပာလိုက္သျဖင့္ အလ်င္အျမန္အသနားခံလိုက္သည္။
" က်ဳပ္မွားသြားပါတယ္ က်ဳပ္မလုပ္ရဲေတာ့ပါဘူး ခ်မ္းသာေပးပါ မမေလး"

ဒါေပမဲ့ လုရွသည္မယိမ္းယိုင္သြားခဲ့ပဲ သူ႕ကိုေနာက္တစ္ႀကိမ္ၾကမ္းၾကမ္းေလးရိုက္ႏွက္ေပးလိုက္သည္။
" ေျပာစမ္း နင္ဘာလို႔ငါ့ေနာက္ကိုလိုက္ေနတာလဲ?"

" အားး! က်ဳပ္ေျပာမယ္ ေျပာျပပါ့မယ္! ေက်းဇူးျပဳၿပီးရပ္ပါေတာ့ မရိုက္ပါနဲ႕ေတာ့ နာတယ္!"

ထိုေတာ့မွသာလုရွလက္ပိုက္ၿပီး ေအးစက္စက္မ်က္ႏွာထားကိုဆက္ထိန္းသိမ္းထားသည္။
" ဒါဆို ေျပာစမ္း!"

ခ်န္းအာ့သည္လုရွကိုသတိထားလ်က္တစ္ခ်က္ၾကည့္လိုက္ၿပီး ထိန္းမရေအာင္တုန္ယင္သြားကာ သူမကိုရန္စမိတဲ့အတြက္ ေနာင္တရမိသြားသည္။ ႏူးညံ့သိမ္ေမြ႕တဲ့အမ်ိဳးသမီးတစ္ေယာက္ျဖစ္ဟန္ရတဲ့သူတစ္ေယာက္က ဒီေလာက္ၾကမ္းတမ္းရက္စက္မယ္လို႔ သူ႕မွာလုံးဝမထင္ထားခဲ့ေပ။

ကံေကာင္းစြာနဲ႕ သူမကိုအိမ္ျပန္ေခၚသြားၿပီး လက္မထပ္လိုက္လို႔ေပါ့။ မဟုတ္ရင္ သူေတာင့္ခံနိုင္မွာမဟုတ္ေပ။

လုရွသည္သူ႕ရဲ႕ခိုးေၾကာင္ခိုးဝွက္အၾကည့္ေတြနဲ႕ မ်က္စိလွိမ့္လိုက္တာကို အကဲခတ္လိုက္ၿပီး ဒင္းဘာေတြေတြးေနမွန္းသိခ်င္မိသြားသည္။ သူမလက္ထဲကတုတ္ျမင့္တတ္သြားၿပီး ေနာက္တစ္ခါထပ္ရိုက္ရန္ ရည္႐ြယ္လိုက္သည္။

ခ်န္းအာ့သည္ေၾကာက္လန႔္တၾကားျဖစ္သြားၿပီး အလ်င္ျမန္ေျပာလိုက္သည္။
" ေက်းဇူးျပဳၿပီး မရိုက္ပါနဲ႕ေတာ့! က်ဳပ္ေျပာပါ့မယ္! ေျပာပါ့မယ္! လူတစ္ေယာက္ကက်ဳပ္ကိုမင္းအေနာက္လိုက္ခိုင္းခဲ့တာပါ"

လုရွမ်က္ေမွာင္က်ဳံ႕သြားလ်က္ " ဘယ္သူလဲ? ဘယ္သူကနင့္ကိုငါ့ေနာက္လိုက္ခိုင္းတာလဲ?"

သူမစကားေၾကာင့္ ထိတ္လန႔္သြားၿပီး ခ်န္းအာ့သည္အမွန္တရားကို မထိန္ခ်န္ဝံ့ေတာ့ပဲ သိသမွ်အားလုံးအိတ္သြန္ဖာေမွာက္ ဖြင့္ခ်လိဳက္ေတာ့သည္။

" မင္းတို႔ပညာတတ္လူငယ္မ်ားေနရာကအမ်ိဳးသမီးပညာတတ္လူငယ္တစ္ေယာက္ပါပဲ သူ႕မ်ိဳးရိုးကကြၽမ္းဆိုလားပဲ သူကက်ဳပ္ကိုမင္းေနာက္လိုက္ၿပီး မင္းဂုဏ္သတင္းကိုဖ်က္ဆီးဖို႔အခြင့္အေရးရွာလိုက္တဲ့ ဒါဆို က်ဳပ္မင္းကိုလက္ထပ္နိုင္မယ္တဲ့ေလ"

ဒီစကားၾကားလိုက္ရေတာ့ လုရွခဏေလာက္မယုံၾကည္နိုင္ျဖစ္သြားသည္။ ကြၽမ္းမ်ိဳးရိုးဆိုေတာ့ ကြၽမ္းဟုန္မိန္လား?

သူမမ်က္ႏွာခ်က္ခ်င္းေအးစက္သြားၿပီး ယုံၾကည္ဖို႔ခက္ခဲသြားသည္။ ကြၽမ္းဟုန္မိန္သည္သူမကိုပစ္မွတ္ထားလိုဟန္ရွိတာကို သူမသိေပမဲ့ အဲ့ဒါကစကားသက္သက္သာျဖစ္သည္။ တစ္ခါႏွစ္ခါေလာက္ေျခာက္ေပးၿပီးလိုက္တဲ့ေနာက္မွာ ကြၽမ္းဟုန္မိန္တစ္ေယာက္သူမကိုေၾကာက္သြားၿပီလို႔ သူမထင္ခဲ့မိသည္။

ကြၽမ္းဟုန္မိန္ကသူမကိုဖ်က္ဆီးပစ္ဖို႔အတြက္ ဒီေလာက္ပမာဏထိသြားလိမ့္မယ္လို႔ သူမဘယ္တုန္းကမွထင္မထားမိခဲ့ေပ။ သူမဒီေလာက္ရက္စက္မယ္လို႔ လုံးဝထင္မထားမိခဲ့ဘူး။

ခ်န္းအာ့သည္သူစကားေျပာၿပီးေနာက္မွာ လုရွဘာမွျပန္မေျဖတာကိုျမင္လိုက္ရေတာ့ မဝံ့မရဲေလးေမးလိုက္တယ္။
" မမေလးရယ္ ကြၽန္ေတာ္သိသမွ်အားလုံးေျပာျပၿပီးပါၿပီ အခုကြၽန္ေတာ့္ကိုလႊတ္ေပးနိုင္မလား?"

ဒါေပမဲ့ လုရွသည္လက္ရွိအခ်ိန္မွာ ကြၽမ္းဟုန္မိန္အေၾကာင္းအေတြးေတြနဲ႕ နစ္ျမဳပ္ေနဆဲျဖစ္ရာ မ်က္ႏွာသည္ေအးစက္ေနၿပီးအေျဖျပန္မေပးခဲ့ေပ။

အေနာက္မွာရပ္ေနတဲ့က်န္းကြၽင္းေမာ့သည္ အေျခအေနကိုသတိျပဳမိသြားၿပီး ေမးလိုက္သည္။
" မင္းကပညာတတ္လူငယ္ကြၽမ္းလိုက္ခိုင္းတာကို ဒီအတိုင္းပဲသေဘာတူလိုက္တာလား? သူကမင္းကိုအက်ိဳးအျမတ္တစ္ခုခုမ်ားကမ္းလွမ္းခဲ့ေသးလား?"

ခ်န္းအာ့သည္ဒီစကားၾကားလိုက္ရေတာ့ မသိစိတ္နဲ႕အလိုလိုအိတ္ကပ္ကို ကာလိုက္မိေပမဲ့ လုရွရဲ႕သစ္သားတုတ္ေနာက္တစ္ခါေျမာက္တတ္သြားတာ ျမင္လိုက္ရေတာ့ အလ်င္အျမန္ရွင္းျပလိုက္သည္။

" သူကက်ဳပ္ကိုကမ္းလွမ္းခဲ့ပါတယ္ ငါးယြမ္ေပးခဲ့တာပါ လြယ္လြယ္နဲ႕ေငြရၿပီး ဇနီးတစ္ေယာက္ရဖို႔အခြင့္အေရးပဲလို႔ ေတြးလိုက္မိလို႔သေဘာတူလိုက္တာပါ"

ထိုစကားေျပာၿပီးေနာက္ သူကလုရွရဲ႕မည္းနက္ေနတဲ့မ်က္ႏွာနဲ႕ တင္းတင္းကိုင္ထားတဲ့သစ္သားတုတ္ကိုတခ်က္ၾကည့္လိုက္ၿပီး အသည္းအသန္ရွင္းျပလိုက္သည္။
" လုံးဝက်ဳပ္အမွားခ်ည္းပဲေတာ့မဟုတ္ပါဘူး ဒီလိုလုပ္တဲ့သူကက်ဳပ္မဟုတ္ရင္ေတာင္ တျခားသူေတြရွိမွာပဲ ပညာတတ္လူငယ္လုကအေျခအေနေကာင္းေကာင္းရွိၿပီး အလုပ္လုပ္နိုင္တယ္ မင္းကိုစိတ္ဝင္စားေနၾကတဲ့ လူပ်ိဳတခ်ိဳ႕႐ြာထဲမွာရွိေနၿပီးသား သူတို႔ကလွ်ိုေရွာင္ဇီကပညာတတ္လူငယ္ဝူကို လက္ထက္ခဲ့သလိုမ်ိဳးတစ္ပုံစံနဲ႕လုပ္ဖို႔ႀကံေနၾကတာ အခ်ိန္က်လာတဲ့အခါ သူတို႔ကလည္းလွ်ိုေရွာင္ဇီေအာင္ျမင္ခဲ့သလိုမ်ိဳး ပညာတတ္လူငယ္လုကိုလက္ထပ္ယူလိမ့္မယ္"

ဒီစကားၾကားလိုက္ရေတာ့ လုရွမ်က္ႏွာသည္ပို၍ပင္နက္ေမွာင္သြားေလသည္။ သူမကတစ္ေလွ်ာက္လုံး မထင္မရွားပုံစံေလးထိန္းသိမ္းထားခဲ့ေပမဲ့ အာ႐ုံေတြကိုဆြဲေဆာင္မိအုံးမယ္လို႔ မထင္ထားခဲ့ေပ။

ခ်န္းအာ့စကားဆုံးသြားၿပီးေနာက္မွာ လုရွရဲ႕မ်က္ႏွာအမူအရာကို အကဲခတ္ၿပီး ဆက္အသနားခံလိုက္သည္။
" က်ဳပ္သိသမွ်အားလုံးေျပာျပေပးပါၿပီ မမေလးရယ္ ေက်းဇူးျပဳေပးခ်မ္းသာေပးပါေတာ့ ေနာက္မလုပ္ရဲေတာ့ပါဘူး ေနာက္ဆိုမင္းကိုေတြ႕တဲ့အခါ ေရွာင္သြားပါ့မယ္လို႔ကတိေပးပါတယ္!"

*

Continue Reading

You'll Also Like

242K 9.6K 32
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚
2M 99.9K 37
Presenting the story of ISHIKA MEHRA Whose innocence made the king bow down to her AND ABHIRAJ SINGH RATHORE Whose presence is enough to make the per...
101K 2.9K 27
"𝐜𝐚𝐮𝐬𝐞 𝐢'𝐯𝐞 𝐡𝐚𝐝 𝐞𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠, 𝐛𝐮𝐭 𝐧𝐨 𝐨𝐧𝐞'𝐬 𝐥𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠, 𝐚𝐧𝐝...