Chapter 78 – အနောက်ကအလိုက်ခံရခြင်း
.
ကံကောင်းစွာနဲ့ ဆောင်းဦးသီးနှံရိတ်သိမ်းချိန်သည် အချိန်အကြာကြီးမဟုတ်ပဲ တစ်ပတ်ခန့်သာကြာခဲ့သည်။
ရွာသားတွေသည် လုံ့လဝီရိယရှိရှိအလုပ်လုပ်ခဲ့ကြပြီး နောက်ဆုံးတွင်ကောက်ပဲသီးနှံတွေရိပ်သိမ်းခြင်းပြီးစီးသွားလေသည်။ လက်တလောတွင် စပါးချွေပြီး အခြောက်ခံရန်မိုးမရွာတဲ့ရာသီဥတုကိုအခွင့်ကောင်းယူကာ တလင်းပြင်မှာအစေ့အဆန်တွေကိုအခြောက်ခံထားသည်။
ရက်အနည်းငယ်အခြောက်ခံပြီးနောက် ပြောင်းဖူးတွေခြောက်တွေ့သွားချိန်တွင် လုရှနဲ့ကျန်သူတွေမှာ တစ်ဖန်အလုပ်များလာကြသည်။ ဒီတစ်ခေါက်မှာတော့ သူတို့မှာညစာထမင်းစားပြီးနောက် အနားယူဖို့အချိန်ပင်မရှိပဲ စက်ပစ္စည်းတွေမရှိသည့်အတွက် ပြောင်းစျေးတွေကိုလက်ဖြင့် ခပ်သွက်သွက်ခြွေကြရသည်။
အကြိမ်တိုင်းမှာလုရှရဲ့လက်တွေနာကျင်ကိုက်ခဲ့ရပေမယ့် တခြားရွေးချယ်စရာမရှိဘူး လူတိုင်းကသူမသာကိုယ်မသာပင်ရှိနေကြသည်။
ကံကောင်းစွာနဲ့ တဖြည်းဖြည်းချင်းနည်းစနစ်ကိုကျွမ်းကျင်လာပြီးနောက်မှာ အနည်းငယ်ပိုကောင်းမွန်လာပါသည်။
ဒါပေမဲ့ သူတို့တွေသည်ညပိုင်းမှာအလုပ်လုပ်ရတာကြောင့် လုရှသည်ပြီးခဲ့တဲ့နှစ်ရက်တွင် အလုပ်သွားချိန်နဲ့ပြန်လာချိန်မှာ တစ်ယောက်ယောက်ကသူမနောက်လိုက်နေတယ်လို့ ခံစားနေရသည်။ စိတ်ဝိဉာဥ်စမ်းရေကိုနေ့တိုင်းသောက်ပြီးနောက်မှာ သူမရဲ့တုံ့ပြန်နိုင်မှုသည် မြင့်တက်လာခဲ့သည့်အတွက် သူမရဲ့အလိုလိုသိစိတ်ကမမှားဘူးဆိုတာကို ယုံကြည်ချက်ရှိသည်။
ဒါပေမဲ့ လူတစ်ယောက်ကိုမမြင်နိုင်အောင် မှောင်မည်းလွန်းနေပေမဲ့ သတိလွှတ်ချပြီးမနေနိုင်ပေ။ ထို့ကြောင့် ထိုအချိန်ကစပြီး သူမသည်အမြဲတမ်း လူတိုင်းနဲ့အတူအပြင်ထွက်ပြီး ဘယ်တော့မှတစ်ယောက်တည်းလမ်းမလျှောက်ခဲ့ပေ။
မည်သည့်အဖြစ်အပျက်မှမရှိပဲ ရက်အနည်းငယ်ကုန်ဆုံးသွားသည်။ အစိုးရကိုလွှဲပြောင်းပေးရမည့် ပြောင်းပမာဏကိုခြွေလှေ့ပြီးစီးသွားပြီးနောက်တွင် ကျန်တာတွေကရွာသားတွေနဲ့ပဲဆိုင်တော့သည်။ သူတို့ကအာရုံတက်ချိန်ကနေ နေဝင်ရီတရောအချိန်ထိ အပြေးအလွှားအလုပ်လုပ်စရာမလိုတော့ပေ။ နောက်ဆိုသူတို့ကအချိန်ယူပြီး နေ့ဘက်အတွင်းမှာပဲအလုပ်လုပ်လို့ရနိုင်သွားသည်။
ရွာသားတွေသည် နောက်ဆုံးမှာစိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ ရွာလူကြီးသည်အစေ့အဆန်တွေကို မြို့ပေါ်သွားပို့ဆောင်ဖို့လူတွေစီမံခန့်ခွဲပေးလိုက်ပြီး ကျန်တဲ့သူတွေကတော့ယာယီအနားယူနိုင်ကြလေသည်။
ရက်အနည်းငယ်ကုန်ဆုံးသွားပြီး လုရှသည်သူမနောက်လိုက်နေတဲ့လူက လက်လျှော့သွားပြီဟုတွေးလိုက်ချိန်မှာပဲ နေ့ခင်းဖက်သူမအဝတ်သွားလျှော်နေစဉ်အတွင်းမှာ တစ်ယောက်ယောက်ကသူမကို နောက်တစ်ခါစောင့်ကြည့်နေပြန်ပြီလို့ ခံစားလိုက်ရသည်။
လုရှမျက်မှောင်ကျုံ့သွားပြီး သတိမပြုမိသယောင်ဟန်ဆောင်လိုက်သည်။ တိတ်တဆိတ်နဲ့ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ရာ အမှန်ပဲသူမညာဖက်ကသစ်ပင်တွေထဲမှာ အနက်ရောင်လူရိပ်တစ်ခုကိုမြင်လိုက်ရသည်။
လုရှရင်ထဲနစ်မြုပ်သွားတဲ့ခံစားချက်တစ်ခု ဖြစ်သွားသည်။ ကျေးလက်ကိုရောက်လာကတည်းက မထင်မရှားပုံစံကိုထိန်းထားတဲ့ သူမကဘာလို့ တစ်ယောက်ယောက်ဆီကပစ်မှတ်ထားခံရတာလဲဆိုတာ လုရှနားမလည်ပေ။
ဒါပေမဲ့ ဒီပြဿနာကိုသူမဖြေရှင်းမှရမည်။ အဆက်မပြတ်အလိုက်ခံနေဖို့ အဆင်မပြေတာကြောင့် သူမဘက်ကအရင်လက်ဦးမှုယူကာ အဆက်မပြတ်အကြောက်တရားနဲ့နေထိုင်ရခြင်းမှ သူမကိုယ်သူမကယ်တင်ရန် ကိုယ့်ဘာသာကိုယ်ဖြေရှင်းရပေမည်။ ပညာတတ်လူငယ်များနေရာဆီပြန်လာပြီးနောက် လုရှသည်ကျောမှာခြင်းတောင်းတစ်လုံးပိုးကာ နောက်တစ်ခါထွက်လာခဲ့သည်။
သူမအနောက်ကိုလူလိုက်လာနေတယ်လို့ ခံစားမိနေသေးတာကြောင့် သူမနေရာလွတ်ထဲမှာသိုလှောင်ထားတဲ့ မီးဖိုချောင်သုံးဓားအပါ ကျောက်တုံးတွေနဲ့သစ်သားတုတ်တွေကို တွေးလိုက်သည်။ ရင်ထဲမှာစိတ်ပိုင်းဖြတ်ထားပြီး ကျန်းကျွင်းမော့နဲ့သူမ မကြာခဏချက်ပြုတ်စားလေ့ရှိတဲ့ လူသူရှင်းတဲ့နေရာဆီဦးတည်လျှောက်လာခဲ့သည်။
များသောအားဖြင့် ဒီနေရာကိုဖြတ်သွားတဲ့သူတစ်ယောက်မှမရှိတတ်ရာ နေရာသို့ရောက်ပြီးနောက် သူမနောက်လိုက်လာတဲ့သူသည် ပို၍ပင်နီးကပ်လာကြောင်း လုရှရှင်းလင်းစွာခံစားရသည်။
ထိုလူကသတိကိုလွှတ်ချပြီး သူမဆီပြေးဝင်လာတာကို ခံစားမိလိုက်သည်တွင် လုရှသည်ကျောပိုးခြင်းတောင်းထဲ(တကယ်တော့နေရာလွတ်ထဲ) လျင်မြန်စွာနှိုက်ကာ သစ်သားတုတ်တစ်ချောင်းထုတ်ယူလိုက်ကာ တစ်ဖက်လှည့်ပြီး ထိုလူကိုကြမ်းတမ်းစွာရိုက်နှက်ပစ်လိုက်သည်။
" အားး!"
သစ်သားတုတ်သည်ထိုလူရဲ့နဖူးကို တည့်တည့်မတ်မတ်ထိသွားပြီး မူးဝေသွားစေကာ ထို့နောက် မြေကြီးပေါ်လဲကျသွားပြီး နာနာကျင်ကျင်အော်ဟစ်နေလေသည်
အခုလေးတင်ပဲ ဒီလူဘယ်သူလဲဆိုတာမှတ်မိသွားတာကြောင့် လုရှသည်ညှာတာမှုအနည်းငယ်မျှ မပြသခဲ့ပေ။ ထို့ကြောင့် သူမသည်သစ်သားတုတ်ကိုနောက်တစ်ခါလွှဲကာ သူ့ခန္ဓာကိုယ်ကိုပြင်းပြင်းရိုက်နှက်လိုက်ပြီး ထိုလူ့ကိုခေါင်းကိုတင်းတင်းအုပ်ထားကာ မြေကြီးပေါ်မှာလူးလှိမ့်ကွေးကောက်နေစေသည်။
သူ့ကိုထိုသို့သနားစဖွယ်အခြေအနေနဲ့မြင်လိုက်ရတော့ လုရှသည်ခြေထောက်ကိုမြှောက်ကာ သူ့ရဲ့ပျော့ကွက်နေရာကိုကန်ထည့်လိုက်သည်။
" အားး!"
မြေပြင်ပေါ်ကလူသည်နာနာကျင်ကျင်အော်သွားပေမဲ့ လုရှသည်စိတ်မကျေနပ်သေးပေ။ သူမခြေထောက်ကိုနောက်တစ်ကြိမ်မြှောက်ကာ ကန်ကျောက်တော့မဲ့အချိန်မှာပဲ အနောက်မှအသံတစ်သံကြားလိုက်ရသည်။
" မင်းအဲ့ဒီနေရာကိုထပ်ကန်ရင် ပျက်စီးသွားနိုင်တယ်"
လုရှလှည့်ကြည့်လိုက်ရာ ကျန်းကျွင်းမော့ကိုမြင်သွားသည်။
" ရှင်...ဒီကိုဘာလို့ရောက်နေတာလဲ?"
" ကျွန်တော်ဆူညံသံတွေကြားလိုက်မိပြီး မင်းကိုမြင်လိုက်ရလို့ လိုက်လာတာ"
သူကသူမအန္တရာယ်ထဲရောက်နေမှာစိုးရိမ်နေတာဆိုတာ လုရှသဘောပေါက်သွားသဖြင့် ရင်ထဲနွေးထွေးသွားသည်။ နောက်ဆုံးမှာတော့ ကျန်းကျွင်းမော့ရဲ့ကျန်းမာရေးကသိသိသာသာမကောင်းပဲ သူမလောက်ပင်အားအင်များများမရှိပေမဲ့ သူမကိုလာကူညီဖို့တွေးခဲ့ပါသေးသည်။
စိတ်ထဲထိုအတွေးနဲ့အတူ လုရှရဲ့ခုနကဒေါသတွေအနည်းငယ်ပြေပျောက်သွားကာ မြေပြင်ပေါ်ကလူကိုပြန်ကြည့်လိုက်သည်။
Zawgyi
Chapter 78 အေနာက္ကအလိုက္ခံရျခင္း
.
ကံေကာင္းစြာနဲ႕ ေဆာင္းဦးသီးႏွံရိတ္သိမ္းခ်ိန္သည္ အခ်ိန္အၾကာႀကီးမဟုတ္ပဲ တစ္ပတ္ခန႔္သာၾကာခဲ့သည္။
႐ြာသားေတြသည္ လုံ႕လဝီရိယရွိရွိအလုပ္လုပ္ခဲ့ၾကၿပီး ေနာက္ဆုံးတြင္ေကာက္ပဲသီးႏွံေတြရိပ္သိမ္းျခင္းၿပီးစီးသြားေလသည္။ လက္တေလာတြင္ စပါးေခြၽၿပီး အေျခာက္ခံရန္မိုးမ႐ြာတဲ့ရာသီဥတုကိုအခြင့္ေကာင္းယူကာ တလင္းျပင္မွာအေစ့အဆန္ေတြကိုအေျခာက္ခံထားသည္။
ရက္အနည္းငယ္အေျခာက္ခံၿပီးေနာက္ ေျပာင္းဖူးေတြေျခာက္ေတြ႕သြားခ်ိန္တြင္ လုရွနဲ႕က်န္သူေတြမွာ တစ္ဖန္အလုပ္မ်ားလာၾကသည္။ ဒီတစ္ေခါက္မွာေတာ့ သူတို႔မွာညစာထမင္းစားၿပီးေနာက္ အနားယူဖို႔အခ်ိန္ပင္မရွိပဲ စက္ပစၥည္းေတြမရွိသည့္အတြက္ ေျပာင္းေစ်းေတြကိုလက္ျဖင့္ ခပ္သြက္သြက္ေႁခြၾကရသည္။
အႀကိမ္တိုင္းမွာလုရွရဲ႕လက္ေတြနာက်င္ကိုက္ခဲ့ရေပမယ့္ တျခားေ႐ြးခ်ယ္စရာမရွိဘူး လူတိုင္းကသူမသာကိုယ္မသာပင္ရွိေနၾကသည္။
ကံေကာင္းစြာနဲ႕ တျဖည္းျဖည္းခ်င္းနည္းစနစ္ကိုကြၽမ္းက်င္လာၿပီးေနာက္မွာ အနည္းငယ္ပိုေကာင္းမြန္လာပါသည္။
ဒါေပမဲ့ သူတို႔ေတြသည္ညပိုင္းမွာအလုပ္လုပ္ရတာေၾကာင့္ လုရွသည္ၿပီးခဲ့တဲ့ႏွစ္ရက္တြင္ အလုပ္သြားခ်ိန္နဲ႕ျပန္လာခ်ိန္မွာ တစ္ေယာက္ေယာက္ကသူမေနာက္လိုက္ေနတယ္လို႔ ခံစားေနရသည္။ စိတ္ဝိဉာဥ္စမ္းေရကိုေန႕တိုင္းေသာက္ၿပီးေနာက္မွာ သူမရဲ႕တုံ႕ျပန္နိုင္မႈသည္ ျမင့္တက္လာခဲ့သည့္အတြက္ သူမရဲ႕အလိုလိုသိစိတ္ကမမွားဘူးဆိုတာကို ယုံၾကည္ခ်က္ရွိသည္။
ဒါေပမဲ့ လူတစ္ေယာက္ကိုမျမင္နိုင္ေအာင္ ေမွာင္မည္းလြန္းေနေပမဲ့ သတိလႊတ္ခ်ၿပီးမေနနိုင္ေပ။ ထို႔ေၾကာင့္ ထိုအခ်ိန္ကစၿပီး သူမသည္အၿမဲတမ္း လူတိုင္းနဲ႕အတူအျပင္ထြက္ၿပီး ဘယ္ေတာ့မွတစ္ေယာက္တည္းလမ္းမေလွ်ာက္ခဲ့ေပ။
မည္သည့္အျဖစ္အပ်က္မွမရွိပဲ ရက္အနည္းငယ္ကုန္ဆုံးသြားသည္။ အစိုးရကိုလႊဲေျပာင္းေပးရမည့္ ေျပာင္းပမာဏကိုေႁခြေလွ႕ၿပီးစီးသြားၿပီးေနာက္တြင္ က်န္တာေတြက႐ြာသားေတြနဲ႕ပဲဆိုင္ေတာ့သည္။ သူတို႔ကအာ႐ုံတက္ခ်ိန္ကေန ေနဝင္ရီတေရာအခ်ိန္ထိ အေျပးအလႊားအလုပ္လုပ္စရာမလိုေတာ့ေပ။ ေနာက္ဆိုသူတို႔ကအခ်ိန္ယူၿပီး ေန႕ဘက္အတြင္းမွာပဲအလုပ္လုပ္လို႔ရနိုင္သြားသည္။
႐ြာသားေတြသည္ ေနာက္ဆုံးမွာစိတ္သက္သာရာရစြာ သက္ျပင္းခ်လိဳက္ၾကသည္။ ႐ြာလူႀကီးသည္အေစ့အဆန္ေတြကို ၿမိဳ႕ေပၚသြားပို႔ေဆာင္ဖို႔လူေတြစီမံခန႔္ခြဲေပးလိုက္ၿပီး က်န္တဲ့သူေတြကေတာ့ယာယီအနားယူနိုင္ၾကေလသည္။
ရက္အနည္းငယ္ကုန္ဆုံးသြားၿပီး လုရွသည္သူမေနာက္လိုက္ေနတဲ့လူက လက္ေလွ်ာ့သြားၿပီဟုေတြးလိုက္ခ်ိန္မွာပဲ ေန႕ခင္းဖက္သူမအဝတ္သြားေလွ်ာ္ေနစဥ္အတြင္းမွာ တစ္ေယာက္ေယာက္ကသူမကို ေနာက္တစ္ခါေစာင့္ၾကည့္ေနျပန္ၿပီလို႔ ခံစားလိုက္ရသည္။
လုရွမ်က္ေမွာင္က်ဳံ႕သြားၿပီး သတိမျပဳမိသေယာင္ဟန္ေဆာင္လိုက္သည္။ တိတ္တဆိတ္နဲ႕ပတ္ဝန္းက်င္ကိုတစ္ခ်က္ၾကည့္လိုက္ရာ အမွန္ပဲသူမညာဖက္ကသစ္ပင္ေတြထဲမွာ အနက္ေရာင္လူရိပ္တစ္ခုကိုျမင္လိုက္ရသည္။
လုရွရင္ထဲနစ္ျမဳပ္သြားတဲ့ခံစားခ်က္တစ္ခု ျဖစ္သြားသည္။ ေက်းလက္ကိုေရာက္လာကတည္းက မထင္မရွားပုံစံကိုထိန္းထားတဲ့ သူမကဘာလို႔ တစ္ေယာက္ေယာက္ဆီကပစ္မွတ္ထားခံရတာလဲဆိုတာ လုရွနားမလည္ေပ။
ဒါေပမဲ့ ဒီျပႆနာကိုသူမေျဖရွင္းမွရမည္။ အဆက္မျပတ္အလိုက္ခံေနဖို႔ အဆင္မေျပတာေၾကာင့္ သူမဘက္ကအရင္လက္ဦးမႈယူကာ အဆက္မျပတ္အေၾကာက္တရားနဲ႕ေနထိုင္ရျခင္းမွ သူမကိုယ္သူမကယ္တင္ရန္ ကိုယ့္ဘာသာကိုယ္ေျဖရွင္းရေပမည္။ ပညာတတ္လူငယ္မ်ားေနရာဆီျပန္လာၿပီးေနာက္ လုရွသည္ေက်ာမွာျခင္းေတာင္းတစ္လုံးပိုးကာ ေနာက္တစ္ခါထြက္လာခဲ့သည္။
သူမအေနာက္ကိုလူလိုက္လာေနတယ္လို႔ ခံစားမိေနေသးတာေၾကာင့္ သူမေနရာလြတ္ထဲမွာသိုေလွာင္ထားတဲ့ မီးဖိုေခ်ာင္သုံးဓားအပါ ေက်ာက္တုံးေတြနဲ႕သစ္သားတုတ္ေတြကို ေတြးလိုက္သည္။ ရင္ထဲမွာစိတ္ပိုင္းျဖတ္ထားၿပီး က်န္းကြၽင္းေမာ့နဲ႕သူမ မၾကာခဏခ်က္ျပဳတ္စားေလ့ရွိတဲ့ လူသူရွင္းတဲ့ေနရာဆီဦးတည္ေလွ်ာက္လာခဲ့သည္။
မ်ားေသာအားျဖင့္ ဒီေနရာကိုျဖတ္သြားတဲ့သူတစ္ေယာက္မွမရွိတတ္ရာ ေနရာသို႔ေရာက္ၿပီးေနာက္ သူမေနာက္လိုက္လာတဲ့သူသည္ ပို၍ပင္နီးကပ္လာေၾကာင္း လုရွရွင္းလင္းစြာခံစားရသည္။
ထိုလူကသတိကိုလႊတ္ခ်ၿပီး သူမဆီေျပးဝင္လာတာကို ခံစားမိလိုက္သည္တြင္ လုရွသည္ေက်ာပိုးျခင္းေတာင္းထဲ(တကယ္ေတာ့ေနရာလြတ္ထဲ) လ်င္ျမန္စြာႏွိုက္ကာ သစ္သားတုတ္တစ္ေခ်ာင္းထုတ္ယူလိုက္ကာ တစ္ဖက္လွည့္ၿပီး ထိုလူကိုၾကမ္းတမ္းစြာရိုက္ႏွက္ပစ္လိုက္သည္။
" အားး!"
သစ္သားတုတ္သည္ထိုလူရဲ႕နဖူးကို တည့္တည့္မတ္မတ္ထိသြားၿပီး မူးေဝသြားေစကာ ထို႔ေနာက္ ေျမႀကီးေပၚလဲက်သြားၿပီး နာနာက်င္က်င္ေအာ္ဟစ္ေနေလသည္
အခုေလးတင္ပဲ ဒီလူဘယ္သူလဲဆိုတာမွတ္မိသြားတာေၾကာင့္ လုရွသည္ညွာတာမႈအနည္းငယ္မွ် မျပသခဲ့ေပ။ ထို႔ေၾကာင့္ သူမသည္သစ္သားတုတ္ကိုေနာက္တစ္ခါလႊဲကာ သူ႕ခႏၶာကိုယ္ကိုျပင္းျပင္းရိုက္ႏွက္လိုက္ၿပီး ထိုလူ႕ကိုေခါင္းကိုတင္းတင္းအုပ္ထားကာ ေျမႀကီးေပၚမွာလူးလွိမ့္ေကြးေကာက္ေနေစသည္။
သူ႕ကိုထိုသို႔သနားစဖြယ္အေျခအေနနဲ႕ျမင္လိုက္ရေတာ့ လုရွသည္ေျခေထာက္ကိုျမႇောက္ကာ သူ႕ရဲ႕ေပ်ာ့ကြက္ေနရာကိုကန္ထည့္လိုက္သည္။
" အားး!"
ေျမျပင္ေပၚကလူသည္နာနာက်င္က်င္ေအာ္သြားေပမဲ့ လုရွသည္စိတ္မေက်နပ္ေသးေပ။ သူမေျခေထာက္ကိုေနာက္တစ္ႀကိမ္ျမႇောက္ကာ ကန္ေက်ာက္ေတာ့မဲ့အခ်ိန္မွာပဲ အေနာက္မွအသံတစ္သံၾကားလိုက္ရသည္။
" မင္းအဲ့ဒီေနရာကိုထပ္ကန္ရင္ ပ်က္စီးသြားနိုင္တယ္"
လုရွလွည့္ၾကည့္လိုက္ရာ က်န္းကြၽင္းေမာ့ကိုျမင္သြားသည္။
" ရွင္...ဒီကိုဘာလို႔ေရာက္ေနတာလဲ?"
" ကြၽန္ေတာ္ဆူညံသံေတြၾကားလိုက္မိၿပီး မင္းကိုျမင္လိုက္ရလို႔ လိုက္လာတာ"
သူကသူမအႏၱရာယ္ထဲေရာက္ေနမွာစိုးရိမ္ေနတာဆိုတာ လုရွသေဘာေပါက္သြားသျဖင့္ ရင္ထဲႏြေးေထြးသြားသည္။ ေနာက္ဆုံးမွာေတာ့ က်န္းကြၽင္းေမာ့ရဲ႕က်န္းမာေရးကသိသိသာသာမေကာင္းပဲ သူမေလာက္ပင္အားအင္မ်ားမ်ားမရွိေပမဲ့ သူမကိုလာကူညီဖို႔ေတြးခဲ့ပါေသးသည္။
စိတ္ထဲထိုအေတြးနဲ႕အတူ လုရွရဲ႕ခုနကေဒါသေတြအနည္းငယ္ေျပေပ်ာက္သြားကာ ေျမျပင္ေပၚကလူကိုျပန္ၾကည့္လိုက္သည္။