Rebirth As Khattar (ခတ္တာအဖြစ...

By KeeLowie

571K 40.5K 1.4K

နေညိုသွေးဆိုတဲ့ကောင်လေးတစ်​ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့်... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
note*
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
🚨
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
Hello!
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၄
အပိုင်း ၆၅
အပိုင်း ၆၆
အပိုင်း ၆၇
အပိုင်း ၆၈
အပိုင်း ၆၉
အပိုင်း ၇၀
ကျေးဇူးတင်လွှာ

အပိုင်း ၅၃

6.9K 545 23
By KeeLowie

ပွဲဈေးတန်းကြီးမှာစည်းကားလျက်ရှိပြီးစားစရာတွေစုံလင်ပေါများပြီးပွဲသဘင်တွေလည်းအများကြီးရှိသည်။မင်းဝတ်မင်းစားများဝတ်ကာကျောက်ရုပ်သဖွယ်ထိုင်နေကြသည့်သူများသည်လည်းမလှုပ်မယှက်နှင့်ရုပ်သေသဖွယ်။ အမြင်ဆန်းနေသည့်အရာမှန်သမျှကိုခတ္တာကိုသဘောတကျကျနှင့်လိုက်ကြည့်နေမိ၏။

မုန့်တန်းများစီသို့မျက်လုံးရောက်မိသည့်အခါ မုန့်ရေပါး(ရေမုန့်) မုန့်လင်မယားနှင့်မြန်မာစားဖွယ်အစုံအလင်။

''ဦးထင်...''

ကိုင်ထားသည့်လက်ကိုအသာလှုပ်ကိုင်ပြီးခေါ်လိုက်သည့်အခါတွင်ဦးမျိုးဆက်ထင်ဟာခတ္တာအားလှည့်ကြည့်လာသည်။

''မုန့်စားချင်ပါတယ်''

''ဘယ်မုန့်စားချင်သလဲ''

ခတ္တာလက်ညိုးညွှန်ပြလိုက်သည်။ ကပ်စေးနဲသည်ကို ဦးမျိုးဆက်ထင်ကတချက်ကြည့်လိုက်ပြီးမျက်ခုံးများကျုံ့သွား၏။

''ရင်ကြပ်မယ်မောင်ခတ္တာ''

ကပ်စေးနဲကိုအရမ်းကြိုက်လွန်း၍မြင်တိုင်းမစားရလျှင်မနေနိုင်။တကယ်ပဲကျော်သွားပါက အဲ့ဒီစိတ်နဲ့အိပ်ရမည်ပင်မထင်။

''တစ်ခုလောက်ပါပဲ ဦးထင်''

ခတ္တာ ကိုင်ထားသည့်ဦးမျိုးဆက်ထင်ရဲ့လက်ကိုလက်တစ်ဖက်ဖြင့်အုပ်မိုး၍မျက်နှာငယ်နှင့်ထပ်ပြောလိုက်သည့်အခါ ဦးမျိုးဆက်ထင်ဟာအံ့သြသွားဟန်နှင့်ခတ္တာအားကြည့်လာ၏။

''ကောင်းပြီ''

မချွဲတတ်ဘူးမထင်လိုက်ပါနှင့် မမ teamကနေခဲ့သူမလို့ ချွဲတဲ့နေရာမှာ နေညိုသွေးဆိုသည့်ကောင်ဟာဆရာကြီးဖြစ်၏။ ဦးမျိုးဆက်ထင်ဟာသူ့လက်ထဲမှ အညိုရောင်လည်သာခေါက်အိတ်အားခတ္တာဆီသို့ပေးသည်။

''ကြိုက်ရာဝယ်စားပါ''

ခတ္တာမျက်ဝန်းနှစ်ဖက်ဟာ ကြယ်လေးတွေလိုတလက်လက်နှင့်တောက်ပသွား၍သွားတက်လေးတွေပေါ်သည်အထိ ရယ်ပြလိုက်သည့်အခါ တည်ငြိမ်နေသည့်ဦးမျိုးဆက်ထင်ရဲ့မျက်လုံးများဟာပြုံးသွားယောင်ရှိသည်ကိုတွေ့လိုက်ပါသော်လည်း အလျင်အမြန်ပင်မျက်နှာလွှဲသွားသည့်အခါ ခဏတာသာ။

ခတ္တာကပ်စေးနဲဝယ်ပြီးသည့်အခါ မျောက်ငှက်ပျောသီးရလိုက်သလိုပျော်ရွှင်မိသည်။

''ကောင်းလိုက်တာ''

လုံးဝဆေးသကြားအချိုဓာတ်မဟုတ်ပါပဲထန်းညက်ရဲ့သဘာဝအရသာ မြေပဲရဲ့အစိမ့်အရသာကြောင့်ကောင်းမွန်းလွန်၍ဒီကပ်စေးနှဲအရသာစစ်စစ်ကို၂၁တွင်ရမည်မထင်။

''ဒါကိုအဲ့ဒီလောက်ကြိုက်သလား''

''ဟုတ်ကဲ့ ငယ်ငယ်ကတည်းကကြိုက်တာဗျ''

ဦးမျိုးဆက်ထင်ဟာခေါင်းတချက်ငြိမ့်လျက်အရှေ့သို့လျှောက်၏။ဆူညံပြီးလူများသည့်နေရာတွေကိုမကြိုက်သော်လည်းခတ္တာအတွက်ကြိုးစား၍ လူကြားထဲလမ်းလျှောက်နေရသည့်ပုံမလို့အားနာမိသည်။

ဒီလောက်လူတွေစည်းကားသည့်ပွဲဈေးဟာဘယ်ပွဲဈေးဖြစ်မည်နည်း။သဘင်တွေရောအငြိမ့်တွေရောရုပ်သေးပြဇာတ်များနှင့်ဇာတ်ကြီးဆယ်ဘွဲ့ပြဇာတ်တွေရယ်အခြားသောပြပွဲတွေသရုပ်ဖော်ပွဲတွေ။ပြီးတော့ပွဲစျေးထဲမှလူတော်တော်များများဟာ သစ်လွင်သည့်အဝတ်စားများကိုဝတ်ဆင်ထားကြသည်။

လမ်းလျှောက်နေရင်း ခတ္တာအမြင်အာရုံထဲရင်းနှီးသည့်တစ်စုံတစ်ခုကိုမြင်လိုက်သည့်အခါခြေလှမ်းများရပ်တန့်သွား၏။ ထို့အခါဦးမျိုးဆက်ထင်ဟာနောက်တကြိမ်ထပ်၍လှည့်ကြည့်လာသည်။

''ခဏပါဦးထင်''

တွဲထားသည့်လက်ကိုဖြုတ်လိုက်ပြီးနောက်တွင်ခတ္တာအနောက်ဘက်သို့ဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည့်အခါတွင်။

''ဦးလေး...ကျွန်တော့်ကိုမှတ်မိလားဗျ''

ယွန်းပစ္စည်းဆိုင်မှဦးလေးကြီးဟာခတ္တာကိုကြည့်၍ တစ်ဟားဟားရယ်လျက်ခေါင်းငြိမ့်သည်။

''သိပ်မှတ်မိတာပေါ့ကွ လူလည်လေးပဲ''

လူလည်လေးဟုဆိုလိုက်သည့်အခါ ခတ္တာ ခေါင်းလေးစောင့်၍ ထိုဦးလေးကြီးအားကြည့်လိုက်သည်။

''မိခင်အတွက်ဆိုပြီးလိမ်ညာဝယ်သွားရဲ့လေ''

ခတ္တာလန့်သွားသည့်အသွင်ဖြစ်သွားသောအခါတွင်ထိုအမျိုးသားကြီးဟာ တဟားဟားနှင့်ရယ်သည်။

''ဒါကိုဘယ်လိုသိ...''

''နေဦးမင့်အတွက်ပစ္စည်းရှိရဲ့''

ခတ္တာမျက်လုံးများဝိုင်းသွားသည်။ဦးလေးကြီးဟာ သူ့အနောက်မှတစ်ခုခုကိုရှာပြီးယွန်းဗူးလေးတစ်ဗူးကိုတွေ့သည့်အခါပြုံး၍ ခတ္တာအားကမ်းပေးသည်။ လှမ်းယူ၍အထဲကိုဖွင့်ကြည့်လိုက်တော့ ဦးထင်ကိုဝတ်ပေးထားသည့်လက်ပတ်လေးနှင့်ဆင်တူနောက်ထပ်နှစ်ကွင်းဖြစ်နေတာကြောင့်အံ့သြမင်သက်စွာနှင့်ဦးလေးကြီးအားကြည့်လိုက်သည်။

''နှစ်..နှစ်ခုတောင်ဖြစ်နေတာ ကျွန်တော်တစ်ခုပဲထပ်ယူပါမယ်''

ဦးထင်ကအနားသို့ရောက်လာပြီး လက်ပိုက်ကာ အခြေနေကိုကြည့်နေ၏။

''နှစ်ခုလုံးယူလိုက်ပါ''

''ဒါပေမယ့် ကျွန်တော့်မှာပိုက်ဆံမပါဘူး...''

''ဘယ်လောက်ကျသင့်မလဲ''

ဦးမျိုးဆက်ထင်ကဝင်မေးလိုက်သည့်အတွက် ခတ္တာခေါင်းမော့ပြီး ဦးမျိုးဆက်ထင်အားခေါင်းခါရမ်းပြလိုက်သည်။တကယ်ဆိုဆင်တူတစ်ယောက်တစ်ခုအဆင်ပြေသေးသည် နောက်တစ်ခုကဘာအတွက်ယူရမလဲ။

''၁၀''

ဦးထင်က ငွေရှင်းပေးပြီး ယွန်းဗူးလေးထဲမှလက်ပတ်တစ်ခုအားခတ္တာလက်တွင်ဝတ်ပေး၍''တစ်ခုသိမ်းထားလိုက်ချေ''ဟုပြောလာသည်။

''ရေစက်တွေ...''

ဆိုင်ရှင်ဦးလေးကြီးရဲ့စကားကြောင့်နှစ်ယောက်စလုံးလှမ်းကြည့်မိသွားသည်။

''ဘာ..ဘာကို''

''အို...မိုးရွာချေတော့မယ်''

ကောင်းကင်ကိုကြည့်လိုက်သည့်အခါ ကြယ်တစ်ချို့ပင်ရှိနေသေးသည်ကိုဘာကြောင့်များမိုးရွာတော့မည်ဟုပြောလဲမသိ။အနည်းငယ်ထူးဆန်းသည့်အငွေ့အသက်များရသလို ကျောပြင်ဟာလဲအေးလာသည်။

ကြောင်တောင်တောင်လေးရပ်နေမိတဲ့ခတ္တာအားဦးထင်ကလက်ကိုဆွဲ၍ခေါ်သွားသည်မလို့အနောက်ကပါသွားရပြန်သည်။ထွက်သွားသည့်ခတ္တာနှင့်ဦးမျိုးဆက်ထင်အားဆိုင်ရှင်ကြီးဟာတစ်ဆုံးထိလိုက်ကြည့်ရင်းပြုံးပြသည်မလို့ပို၍လန့်လာမိသည်။

ရှေ့သို့ဆက်လျှောက်လာရင်းနှင့်ရုပ်သေးပြပွဲရှိနေ၏။လူအများပြားရှိနေပြီး အားလုံးဟာစိတ်ဝင်တစားနှင့်အာရုံစူးစိုက်စွာကြည့်နေကြသည်။

''ကြည့်ချင်သလား''

''ခဏလောက်ပဲဗျ''

ဦးမျိုးဆက်ထင်ဟာလူရှင်းတဲ့ဘက်တွင်ခတ္တာအား နေစေပြီး ခတ္တာပုခုံးပေါ်သူ၏လက်များကိုတင်၍ဖက်ထားသည်။သဘောကျလွန်းလို့လက်ကလေးတစ်ဖက်နှင့်တစ်ဖက်ယှက်နွယ်၍ ရုပ်သေးပွဲဆီ အကြည့်တွေပို့ထားသည့်ဦးမျိုးဆက်ထင်အားခဏခဏခိုးကြည့်မိသည်။

ရုပ်သေးပွဲမှာ မင်းသမီးနှင့်မင်းသားအရုပ်ကို အပေါ်ကကြိုးထိန်းကဆွဲ၍ဇာတ်လမ်းတစ်ပုဒ်ကိုသရုပ်ဖော်နေခြင်းဖြစ်သည်။ ရုပ်သေးပြပွဲများအကြောင်းကိုယ်တိုင်မကြည့်ဖူးပေမယ့်စာတွေထဲမှာတော့ ၁၅ရာစုနှစ်ကတည်းကပေါ်ပေါက်ခဲ့ပြီးမင်းမျိုးမင်းနွယ်တွေဟာ ပြည်သူအားလုံးကိုတစ်တန်းတည်းထားကာပထမဆုံးဖျော်ဖြေ​ပြခဲ့သည့် ဖျော်ဖြေပွဲတစ်ခုဟုဖတ်ထားဖူးသည်။သို့ပေမယ့် ရုပ်သေးပြပွဲတို့ရုပ်သေးရုပ်တို့ဟာ၂၁ရာစုအတွင်းအတော်လေးရှားပါးသွားပြီး အယူသည်းမှုတစ်ခုကြောင့် ပျောက်ကွယ်သွားသည်ဟုလဲကြားဖူးထားသည်။

ဇာတ်လမ်းအစထဲကမကြည့်လိုက်လ်ို့ထင်သည်ဘာမှသိပ်နားမလည်သော်လည်းဘေးတွင်ရုပ်သေးထပ်ကြည့်လို့ကောင်းသည့်လူကြီးကရှိနေသည်။ဘေးတိုက်အနေအထားတွင်တောင်ချောမောလွန်းနေ၏။ဒီလူသည်တစ်ခုခုကိုအလေးနက်ထားပြီးအာရုံစိုက်ထားသည့်အချိန်တွေဆိုသာမာန်အချိန်တွေထပ်ပို၍ကြည့်လို့ကောင်းသည်။

''ဟင် ချာတိတ်...''

ရုတ်တရက်လက်မောင်းရင်းကနေ တစ်ယောက်ယောက်ဆွဲခံလိုက်သည့်အတွက်ခတ္တာအနောက်လှည့်ကြည့်လိုက်မိသည့်အခါတွင်။

''ခဗျား...''

''မြို့ပြန်ရောက်နေသလား''

ဦးမျိုးဆက်ထင်ဟာ သူ့အားနှင့်ခတ္တာကိုအနောက်ဘက်သို့ဆွဲပို့လိုက်သည်။

''မျိုးထင် မင်း...မင်းရောပါလား ဒါနဲ့ဒီလိုအရပ်တွေကိုမလာတတ်ဘူးဟုတ်စ''

''မြို့ဝန်တစ်ယောက်တောင်ပွဲထဲမယ်ရှိနေသေးတာပဲ''

''ခတ္တာနဲ့ခဏစကားပြောပါရစေ''

ခတ္တာအားကိုင်ထားသည့်ဦးမျိုးဆက်ထင်ရဲ့လက်တို့ဟာတင်းကြပ်သွားပြီး ဒေါသထွက်လာဟန်ရှိသည်မလို့ခတ္တာမျက်ခုံးများပင်လှုပ်လာသည်။ ပွဲထဲမှမိန်းကလေးတွေဟာ မျက်နှာချင်းဆိုင်ရပ်နေကြသည့်ယောကျာ်းသားနှစ်ယောက်အားငေးငေးကြည့်သွားကြ၏။

အနီးအနားရုပ်သေးပွဲကြည့်သူများစျေးသည်များဟာလည်းဦးမျိုးဆက်ထင်နှင့်ဦးစိုင်းသိဒ္ဓိဘက်ကိုကြည့်ရင်းနားစွင့်နေကြသည်။

''မင်းနဲ့သူ့အကြားမယ်ပြောစရာရှိမယ်မထင်ဘူး ရှိခဲ့ရင်လဲပြောခွင့်ပေးမှာမဟုတ်ဘူး''

''မျိုးထင် ဘာကြောင့်များ မင်းဒေါသစိတ်တွေဖြစ်နေရသလဲ ငါချာတိတ်နဲ့...''

''အဲ့ဒီလိုမခေါ်နဲ့ချေ''

ဦးမျိုးဆက်ထင်လေသံဟာမြင့်မားလာသည်နှင့်အနားကလူများပို၍ကွက်ကြည့်ကွက်ကြည့်ဖြစ်သွားကြသည်။နှစ်ယောက်စလုံးရဲ့မျက်လုံးတွေဟာမီးတောက်များသဖွယ်ဖြစ်နေပြီးမကြာခင်ဒီနားတွင်လက်ဝှေ့ပွဲဖြစ်သွားလောက်သည်။

''ဦးထင် ပြန်ရအောင်ခဗျ''

လက်ကလဲ အတော်လေးနာကျင်နေပြီဖြစ်သော်လည်း ဦးမျိုးဆ​က်ထင်ဟာ လုံးဝမလျော့စွာနှင့်ထိုနည်းအတူဦးစိုင်းသိဒ္ဓိကရော..။

''ဟာ...သူဌေးမင်း''

''ဟောမြို့ဝန်ရောပါလားဟေ့''

အနားကရောက်လာသည့်လူတစ်စုကြောင့် ဦးစိုင်းသိဒ္ဓိဟာမျက်နှာလွှဲလိုက်ပြီးဟန်မပျက်နှင့်ထိုလူတွေအားပြုံးပြလေသည်။ထိုအခါမှသာတင်းကြပ်စွာကိုင်ခံထားရသည့်လက်တို့ဟာပြေလျော့သွားပြီးခတ္တာရဲ့လက်တစ်ဖက်မှာ အနီရောင်လက်ရာများထင်သွား၏။

''တူတူပွဲထဲလျှောက်ကြသလား''

''လမ်းမယ်တွေ့လို့ပါ...''

ဦးစိုင်းသိဒ္ဓိဟာ ပြုံး၍ပြောသည့်အခါထိုလူတွေကခေါင်းငြိမ့်သည်။

''ကျုပ်တို့သူဌေးမင်းပွဲထဲလျှောက်လာတယ်ဆိုတာမယုံနိုင်စရာပါပဲ ဘယ်လိုလဲစည်းကားရဲ့လားခဗျာ''

ငြိမ်သက်နေသည့်ဦးမျိုးဆက်ထင်ဟာဘာတစ်ခုမျှမပြောပါပဲ ဦးစိုင်းသိဒ္ဓိကိုသာကြည့်နေ၏။ထိုသူတွေရဲ့အကြည့်ဟာ ဦးမျိုးဆက်ထင်အနောက်ကခတ္တာဆီသို့ရောက်ရှိလာသောကြောင့်ခတ္တာတဖက်ကိုမျက်နှာလွှဲလိုက်ရသည်။

''အို ချစ်စဖွယ်လေးပါလား ဒီကောင်လေးကဘယ်သူများ...''

''ဘယ်လိုများဒီလိုစကားနဲ့ထိပါးရဲသလဲ...''

အသံဟာအတော်လေးကျယ်လောင်သွားပြီးနောက်အနီးနားကလူတွေကဝိုင်းကြည့်နေ၍အရှေ့မှာရှိသည့်လူ၃ ၄ယောက်နှင့်ဦးစိုင်းသိဒ္ဓိအပါဝင်အားလုံးဟာအလန့်တကြားရှိလျက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာကိုယ်ရှိန်သတ်သွားကြပြီးခပ်ရို့ရို့ဖြစ်သွားကြသည်။ ဘာလို့များဦးမျိုးဆက်ထင်ဒေါသထွက်ရင်တခြားသူလိုဖြစ်သွားလဲစဥ်းစားမရတော့။

''သွားရအောင်''

ပွဲခင်းထဲကထွက်ရာလမ်းဘက်သို့ဦးတည်ပြီးဦးမျိုးဆက်ထင်ဟာအရှေ့မှဦးဆောင်၍သွားသည်။ဒီ့ထပ်မကလည်ပတ်ချင်ပါသေးသည်ပွဲလေးလဲဆက်ကြည့်မည်ဟုစိတ်ကူးသော်လည်းအခုတော့အစီစဥ်ပျက်ရပြီဖြစ်သည်။

မိုးဖွဲများဟာရုတ်တရက်ကျလာသည် ကောင်းကင်ပေါ်ကြည့်လိုက်သည့်အခါ ညိုမဲနေသည့်တိမ်များတရိပ်ရိပ်ပြေးလျက်ရှိပြီးလွန်ခဲ့သောမိနစ်ပိုင်းကမြင်ခဲ့သည့်ကြယ်များလဲမရှိတော့။ လက်ထဲကယွန်းဗူးလေးနှင့်အညိုရောင်အိတ်ကလေးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး သွားနေသည့်လမ်းတစ်လျှောက် ယွန်းပစ္စည်းတွေရောင်းသည့်ဦးလေးကြီးရဲ့အရိပ်အားတစ်စမျှပင်မတွေ့​တော့ပါ။ထပ်ပြီးထူးဆန်းသည့်လူများလားသို့မဟုတ် တိုင်ဆိုင်တာများလား။

''ရေစက်တွေ...''

ဒါကရောဘာကိုဆိုလိုလဲ...ပြီးတော့သူ့ဟာနှင့်သူတန်ကြေးတစ်ခုထိရှိသည့်လက်ပတ်တွေအားဘာကြောင့်၁၀နှင့်ပေးလိုက်လဲ ​ဘာလို့များလက်ပတ်က၂ခုဖြစ်နေရတာလဲ တွေးရင်းခေါင်းများပင်ရှုပ်ထွေးလွန်းလာသည်။

''ကားပေါ်တက်ချေ''

ကားရပ်ထားသည့်အိမ်အရှေ့သို့ဘယ်လိုရောက်လာမှန်းမသိ ဦးမျိုးဆက်ထင်ကခတ္တာအားကားတံခါးဖွင့်ပေးသည်မလို့ဝင်ထိုင်လိုက်သည်။ အိမ်ထဲကထွက်လာသည့်အမျိုးသားကြီးကိုဦးမျိုးဆက်ထင်ဟာတစ်ခုခုပြောနေသည့်ပုံစံအားကားထဲမှမြင်ရ၏။ပြီးနောက်ကားပေါ်သို့တက်လာပြီးစက်နှိုးကာ ထိုအိမ်အရှေ့မှထွက်လာခဲ့သည်။

ပါးရိုးနားထင်ကြောများထောင်နေသည်အထိဒေါသများထွက်နေသည့်ပုံစံကိုကြည့်ရင်းငြိမ်သက်နေမိသည်။မိုးကလည်းတဖြည်းဖြည်းသည်းလာ၏။

''ဦးထင်''

ခတ္တာမဝံ့မရဲခေါ်လိုက်သော်လည်း ပြန်မဖြေပါပဲအရှေ့ကိုသာတည့်တည့်လှည့်ပြီးကားကိုအာရုံစိုက်မောင်းနေသည်။မိုးဟာပို၍ပို၍သည်းထန်စွာရွာလာသည်မလို့ရင်တွေပါတုန်လာမိသည်​။ပွဲစျေးလည်းပျက်လောက်ပြီ ဆက်လုပ်နေ၍လည်းမရ မိုးဟာမြင်ကွင်းတွေပါမှုန်ဝါးစေသည်အထိသည်းထန်နေသည်။

''ကားရပ်လိုက်ရင်ကောင်းမယ်ဦးထင် မိုးကအရမ်းသည်း...''

ရုတ်တရက်လမ်းဘေးသို့ကားကိုထိုးရပ်လိုက်သည်မလို့ရင်ထဲထိတ်ခနဲဖြစ်သွားရသည်။အခြေနေကသိပ်မဟန်ပုံ ဦးမျိုးဆက်ထင်ဟာကားတံခါးဖွင့်ကာဆင်းသွားပြီးကားနောက်ခန်းဆီသို့ဝင်ထိုင်၍ကျောမှီကာမျက်လုံးတွေလည်းမှိတ်ထားသည်။အပြုအမူတစ်ခုချင်းစီကိုတစ်ယောက်ထဲကြောင်အစွာနှင့်ကြည့်နေတုန်းတွင်။

''လာခဲ့...''

ကားအရှေ့ခန်းမှခတ္တာအားပြောလာသည်မလို့​အံ့သြတကြီးနှင့်မျက်လုံးပေကလပ်ပေကလပ်နှင့်ထပ်ကြည့်နေမိသည်။

''ကျုပ်ဘေးနားလာခဲ့ပါ''

ခတ္တာခေါင်းငြိမ့်၍ကားတံခါးဖွင့်လိုက်သည့်အခါတွင် စင်လာသောမိုးရေစက်များဟာအေးစိမ့်လျက်၊ အလျင်အမြန်ပဲအရှေ့တံခါးကိုပိတ်ပြီးအနောက်တံခါးကိုဖွင့်လိုက်ကာဝင်ထိုင်လိုက်၏။

ကြားထဲလူတစ်ယောက်စာလောက်ဝေးကွာသည့်အနေအထားတွင်တစ်ယောက်နှင့်တစ်ယောက်မကြည့်ပါပဲငြိမ်သက်နေမိသည်။ဒီလိုအခြေနေမျိုးမှာဘာလုပ်သင့်လဲ ဟုစဥ်းစားလိုက်တုန်းမသင့်တော်သည့်အတွေးများကတစ်စီတစ်တန်းဝင်လာသည်မလို့ ကိုယ့်ကိုယ်ကိုသာကြိတ်ဆဲလိုက်သည်။

''ကျွန်တော့်ကြောင့်ဒေါသထွက်သွားတာလားခဗျာ''

တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်မိသည့်အခါဦးမျိုးဆက်ထင်ဟာ မျက်လုံးတွေမှိတ်ထားရင်းခေါင်းခါသည်။ခတ္တာသက်ပြင်းတစ်ချက်ချလိုက်ပြီး တဖက်ကိုမျက်နှာလွဲလိုက်သည်။သည်းထန်စွာရွာနေသည့်မိုးများနှင့်အတူတချက်ချက်လျှပ်စီးများကလည်းလက်နေသေး၏။

ဘယ်အချိန်မှတိတ်မလဲမသိသော်လည်းအိမ်ကိုတော့အရမ်းပြန်ချင်နေပြီဖြစ်သည်။ဘာလို့များတိုက်တိုက်ဆိုင်ဆိုင် နှစ်ယောက်သား dateလုပ်နေတဲ့အချိန်မှာမှ ဦးစိုင်းသိဒ္ဓိကပေါ်လာရတာပါလဲ။ဟိုလူတွေကရောဘာလို့ပေါ်လာကြတာလဲ။မဟုတ်ရင်တောင်အခြေနေဟာအတော်လေးကောင်းနေခဲ့ပြီကို။မပြုံးမရယ်သော်လည်း ဦးမျိုးဆက်ထင်ပျော်နေတာကိုခတ္တာခံစားမိ၏။

အခုတော့ လက်သီးများကိုတင်းကြပ်စွာဆုပ်ထားပြီး မျက်လုံးများကိုလည်းမှိတ်ထားသေးသည်။သေချာပေါက်ဒေါသထွက်နေသည့်အရိပ်အယောင်များပင် ဘာကြောင့်များဦးမျိုးဆက်ထင်ကဦးစိုင်းသိဒ္ဓိနဲ့ပတ်သက်ပြီးဒီလောက်ထိတောင်ဖြစ်သွားရသလဲမသိ။

''မောင်ခတ္တာ''

''ခဗျာ...''

ခတ္တာတဖက်ကနေဦးမျိုးဆက်ထင်ဘက်သို့လှည့်ကြည့်လိုက်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံးဆွဲယူခံလိုက်ပြီးဦးမျိုးဆက်ထင်၏ရင်ခွင်တွင်းရောက်သွားသည်။ကြက်သီးမွှေးညှင်းများထသွားသလို ခတ္တာအား တင်းကြပ်စွာဖက်ထားသည့်ဦးမျိုးဆက်ထင်ဆီမှရသည့်ကိုယ်သင်းရနံ့ကြောင့် နှလုံးခုန်ဟာမြန်ဆန်လာ၏။

''ဦး..ဦးထင်''

လန့်သွား၍ရုန်းကန်မိပါသော်လည်း ဦးမျိုးဆက်ထင်ဟာ ပိုမိုတင်းကြပ်စွာဖက်ထားသောကြောင့်ရုန်းမရတော့။သဘောကျသလိုလို မကျသလိုလိုနှင့်ဘယ်လိုခံစားချက်မှန်းမသိပေမယ့်ဒီရင်ခွင်ဟာနွေးလွန်း၍ တချက်ချက်ရသည့်ဦးမျိုးဆက်ထင်ရဲ့ကိုယ်သင်းရနံ့ဟာလဲမွှေးလွန်းသည်။ခတ္တာ မတတ်နိုင်သည့်အဆုံးရင်ခွင်ကျယ်ကြီးတွင်မျက်နှာအပ်ထားကာ ငြိမ်သက်နေလိုက်ရတော့၏။

''ကျုပ်မင်းကိုတပါးသူလုယူမှာ သိပ်ကြောက်ရွံ့မိရဲ့''

ဖက်ထားရာမှာဖယ်ပြီးမျက်နှာချင်းဆိုင်လိုက်သည့်အခါ ချောမော၍ရှင်းလင်းနေသည့်ဦးမျိုးဆက်ထင်မျက်နှာဟာခတ္တာနှင့်နီးစပ်စွာရှိနေ၏။ဦးမျိုးဆက်ထင်ရဲ့လက်ဖဝါးနွေးနွေးဟာခတ္တာရဲ့​ပါးပြင်ပေါ်သို့ထိတွေ့လာသည်။

''ကျွန်တော်ဦးထင်ဆီကနေထွက်မသွားပါဘူး''

တိုးတိုးလေးပြောလိုက်သော်လည်း မိုးရေသံများကြားခတ္တာရဲ့အသံဟာရှင်းလင်းနေသည်။အမှောင်ထုကြောင့်လား မိုးအသံများကြောင့်လားတချက်တချက်လက်လာသည့်လျှပ်စီးများကြောင့်လားမသိပေမယ့်ဒီအခြေအနေဟာရင်ခုန်ဖွယ်ရာကောင်းလွန်နေ၏။

ဦးမျိုးဆက်ထင်ဟာ ခတ္တာရဲ့ လက်ကိုဆွဲယူလိုက်ပြီး လက်ဖမိုးဆီသို့သူ၏နှုတ်ခမ်းဖျားနှင့်ထိကပ်ကာတမြတ်တနိုးနှင့်နမ်းလာခဲ့သည်။

''ဦးထင်''

''လောဘထားခွင့်ပြုပါ''

ထို့နောက်ဦးမျိုးဆက်ထင်ဟာမျက်ခွံပေါ်လောက်ထိကျနေသည့်ခတ္တာရဲ့ဆံပင်တို့ကို ဘေးသို့ညင်သာစွာသပ်တင်ပေးပြီးနှဖူးပေါ်သို့ကျရောက်လာသည့်နောက်ထပ်အနမ်းတစ်ပွင့်။အတိုင်းအဆမရှိရင်ခုန်လာပြီးဦးမျိုးဆက်ထင်ရဲ့ဝင်လေထွက်လေနွေးနွေးအားခတ္တာအနီးကပ်ဆုံးခံစားမိ​နေရ၏။ထို့နောက်မေးဖျားကနေကိုင်၍မျက်နှာအားမော့စေကာနူးညံ့သည့်အကြည့်တို့နှင့်မျက်လုံးချင်းစုံ​စေသည်။

''ကျုပ်နဲ့လက်ထပ်ချင်တဲ့ဆန္ဒရှိသလား ကလေးငယ်''

လက်ဖျားများအေးစက်သွား​သလို သည်းထန်စွာရွာနေသည့်မိုးဟာ မိုးဖွဲများအဖြစ်သို့ရုတ်တရက်ပြောင်းလဲသွား၍ နှလုံးသားရဲ့ အသံပေးသံဟာတချက်ချက်မြည်ဟီးလျက်။ ဒါဟာ သိပ်ကိုနူးညံ့လွန်းတဲ့ ၂၀ ရာစုကလက်ထပ်ခွင့်တောင်းနည်းများလား။

Zaw Gyi

။ပြဲေဈးတန္းႀကီးမွာစည္းကားလ်က္ရွိၿပီးစားစရာေတြစုံလင္ေပါမ်ားၿပီးပြဲသဘင္ေတြလည္းအမ်ားႀကီးရွိသည္။မင္းဝတ္မင္းစားမ်ားဝတ္ကာေက်ာက္႐ုပ္သဖြယ္ထိုင္ေနၾကသည့္သူမ်ားသည္လည္းမလႈပ္မယွက္ႏွင့္႐ုပ္ေသသဖြယ္။ အျမင္ဆန္းေနသည့္အရာမွန္သမွ်ကိုခတၱာကိုသေဘာတက်က်ႏွင့္လိုက္ၾကည့္ေနမိ၏။

မုန႔္တန္းမ်ားစီသို႔မ်က္လုံးေရာက္မိသည့္အခါ မုန႔္ေရပါး(ေရမုန႔္) မုန႔္လင္မယားႏွင့္ျမန္မာစားဖြယ္အစုံအလင္။

''ဦးထင္...''

ကိုင္ထားသည့္လက္ကိုအသာလႈပ္ကိုင္ၿပီးေခၚလိုက္သည့္အခါတြင္ဦးမ်ိဳးဆက္ထင္ဟာခတၱာအားလွည့္ၾကည့္လာသည္။

''မုန႔္စားခ်င္ပါတယ္''

''ဘယ္မုန႔္စားခ်င္သလဲ''

ခတၱာလက္ညိုးၫႊန္ျပလိုက္သည္။ ကပ္ေစးနဲသည္ကို ဦးမ်ိဳးဆက္ထင္ကတခ်က္ၾကည့္လိုက္ၿပီးမ်က္ခုံးမ်ားက်ဳံ႕သြား၏။

''ရင္ၾကပ္မယ္ေမာင္ခတၱာ''

ကပ္ေစးနဲကိုအရမ္းႀကိဳက္လြန္း၍ျမင္တိုင္းမစားရလွ်င္မေနနိုင္။တကယ္ပဲေက်ာ္သြားပါက အဲ့ဒီစိတ္နဲ႕အိပ္ရမည္ပင္မထင္။

''တစ္ခုေလာက္ပါပဲ ဦးထင္''

ခတၱာ ကိုင္ထားသည့္ဦးမ်ိဳးဆက္ထင္ရဲ႕လက္ကိုလက္တစ္ဖက္ျဖင့္အုပ္မိုး၍မ်က္ႏွာငယ္ႏွင့္ထပ္ေျပာလိုက္သည့္အခါ ဦးမ်ိဳးဆက္ထင္ဟာအံ့ၾသသြားဟန္ႏွင့္ခတၱာအားၾကည့္လာ၏။

''ေကာင္းၿပီ''

မခြၽဲတတ္ဘူးမထင္လိုက္ပါႏွင့္ မမ teamကေနခဲ့သူမလို႔ ခြၽဲတဲ့ေနရာမွာ ေနညိုေသြးဆိုသည့္ေကာင္ဟာဆရာႀကီးျဖစ္၏။ ဦးမ်ိဳးဆက္ထင္ဟာသူ႕လက္ထဲမွ အညိုေရာင္လည္သာေခါက္အိတ္အားခတၱာဆီသို႔ေပးသည္။

''ႀကိဳက္ရာဝယ္စားပါ''

ခတၱာမ်က္ဝန္းႏွစ္ဖက္ဟာ ၾကယ္ေလးေတြလိုတလက္လက္ႏွင့္ေတာက္ပသြား၍သြားတက္ေလးေတြေပၚသည္အထိ ရယ္ျပလိုက္သည့္အခါ တည္ၿငိမ္ေနသည့္ဦးမ်ိဳးဆက္ထင္ရဲ႕မ်က္လုံးမ်ားဟာၿပဳံးသြားေယာင္ရွိသည္ကိုေတြ႕လိုက္ပါေသာ္လည္း အလ်င္အျမန္ပင္မ်က္ႏွာလႊဲသြားသည့္အခါ ခဏတာသာ။

ခတၱာကပ္ေစးနဲဝယ္ၿပီးသည့္အခါ ေမ်ာက္ငွက္ေပ်ာသီးရလိုက္သလိုေပ်ာ္႐ႊင္မိသည္။

''ေကာင္းလိုက္တာ''

လုံးဝေဆးသၾကားအခ်ိဳဓာတ္မဟုတ္ပါပဲထန္းညက္ရဲ႕သဘာဝအရသာ ေျမပဲရဲ႕အစိမ့္အရသာေၾကာင့္ေကာင္းမြန္းလြန္၍ဒီကပ္ေစးႏွဲအရသာစစ္စစ္ကို၂၁တြင္ရမည္မထင္။

''ဒါကိုအဲ့ဒီေလာက္ႀကိဳက္သလား''

''ဟုတ္ကဲ့ ငယ္ငယ္ကတည္းကႀကိဳက္တာဗ်''

ဦးမ်ိဳးဆက္ထင္ဟာေခါင္းတခ်က္ၿငိမ့္လ်က္အေရွ႕သို႔ေလွ်ာက္၏။ဆူညံၿပီးလူမ်ားသည့္ေနရာေတြကိုမႀကိဳက္ေသာ္လည္းခတၱာအတြက္ႀကိဳးစား၍ လူၾကားထဲလမ္းေလွ်ာက္ေနရသည့္ပုံမလို႔အားနာမိသည္။

ဒီေလာက္လူေတြစည္းကားသည့္ပြဲေဈးဟာဘယ္ပြဲေဈးျဖစ္မည္နည္း။သဘင္ေတြေရာအၿငိမ့္ေတြေရာ႐ုပ္ေသးျပဇာတ္မ်ားႏွင့္ဇာတ္ႀကီးဆယ္ဘြဲ႕ျပဇာတ္ေတြရယ္အျခားေသာျပပြဲေတြသ႐ုပ္ေဖာ္ပြဲေတြ။ၿပီးေတာ့ပြဲေဈးထဲမွလူေတာ္ေတာ္မ်ားမ်ားဟာ သစ္လြင္သည့္အဝတ္စားမ်ားကိုဝတ္ဆင္ထားၾကသည္။

လမ္းေလွ်ာက္ေနရင္း ခတၱာအျမင္အာ႐ုံထဲရင္းႏွီးသည့္တစ္စုံတစ္ခုကိုျမင္လိုက္သည့္အခါေျခလွမ္းမ်ားရပ္တန႔္သြား၏။ ထို႔အခါဦးမ်ိဳးဆက္ထင္ဟာေနာက္တႀကိမ္ထပ္၍လွည့္ၾကည့္လာသည္။

''ခဏပါဦးထင္''

တြဲထားသည့္လက္ကိုျဖဳတ္လိုက္ၿပီးေနာက္တြင္ခတၱာအေနာက္ဘက္သို႔ျဖည္းျဖည္းခ်င္းေလွ်ာက္သြားလိုက္သည့္အခါတြင္။

''ဦးေလး...ကြၽန္ေတာ့္ကိုမွတ္မိလားဗ်''

ယြန္းပစၥည္းဆိုင္မွဦးေလးႀကီးဟာခတၱာကိုၾကည့္၍ တစ္ဟားဟားရယ္လ်က္ေခါင္းၿငိမ့္သည္။

''သိပ္မွတ္မိတာေပါ့ကြ လူလည္ေလးပဲ''

လူလည္ေလးဟုဆိုလိုက္သည့္အခါ ခတၱာ ေခါင္းေလးေစာင့္၍ ထိုဦးေလးႀကီးအားၾကည့္လိုက္သည္။

''မိခင္အတြက္ဆိုၿပီးလိမ္ညာဝယ္သြားရဲ႕ေလ''

ခတၱာလန႔္သြားသည့္အသြင္ျဖစ္သြားေသာအခါတြင္ထိုအမ်ိဳးသားႀကီးဟာ တဟားဟားႏွင့္ရယ္သည္။

''ဒါကိုဘယႅိုသိ...''

''ေနဦးမင့္အတြက္ပစၥည္းရွိရဲ႕''

ခတၱာမ်က္လုံးမ်ားဝိုင္းသြားသည္။ဦးေလးႀကီးဟာ သူ႕အေနာက္မွတစ္ခုခုကိုရွာၿပီးယြန္းဗူးေလးတစ္ဗူးကိုေတြ႕သည့္အခါၿပဳံး၍ ခတၱာအားကမ္းေပးသည္။ လွမ္းယူ၍အထဲကိုဖြင့္ၾကည့္လိုက္ေတာ့ ဦးထင္ကိုဝတ္ေပးထားသည့္လက္ပတ္ေလးႏွင့္ဆင္တူေနာက္ထပ္ႏွစ္ကြင္းျဖစ္ေနတာေၾကာင့္အံ့ၾသမင္သက္စြာႏွင့္ဦးေလးႀကီးအားၾကည့္လိုက္သည္။

''ႏွစ္..ႏွစ္ခုေတာင္ျဖစ္ေနတာ ကြၽန္ေတာ္တစ္ခုပဲထပ္ယူပါမယ္''

ဦးထင္ကအနားသို႔ေရာက္လာၿပီး လကၸိုကၠာ အေျခေနကိုၾကည့္ေန၏။

''ႏွစ္ခုလုံးယူလိုက္ပါ''

''ဒါေပမယ့္ ကြၽန္ေတာ့္မွာပိုက္ဆံမပါဘူး...''

''ဘယ္ေလာက္က်သင့္မလဲ''

ဦးမ်ိဳးဆက္ထင္ကဝင္ေမးလိုက္သည့္အတြက္ ခတၱာေခါင္းေမာ့ၿပီး ဦးမ်ိဳးဆက္ထင္အားေခါင္းခါရမ္းျပလိုက္သည္။တကယ္ဆိုဆင္တူတစ္ေယာက္တစ္ခုအဆင္ေျပေသးသည္ ေနာက္တစ္ခုကဘာအတြက္ယူရမလဲ။

''၁၀''

ဦးထင္က ေငြရွင္းေပးၿပီး ယြန္းဗူးေလးထဲမွလက္ပတ္တစ္ခုအားခတၱာလက္တြင္ဝတ္ေပး၍''တစ္ခုသိမ္းထားလိုက္ေခ်''ဟုေျပာလာသည္။

''ေရစက္ေတြ...''

ဆိုင္ရွင္ဦးေလးႀကီးရဲ႕စကားေၾကာင့္ႏွစ္ေယာက္စလုံးလွမ္းၾကည့္မိသြားသည္။

''ဘာ..ဘာကို''

''အို...မိုး႐ြာေခ်ေတာ့မယ္''

ေကာင္းကင္ကိုၾကည့္လိုက္သည့္အခါ ၾကယ္တစ္ခ်ိဳ႕ပင္ရွိေနေသးသည္ကိုဘာေၾကာင့္မ်ားမိုး႐ြာေတာ့မည္ဟုေျပာလဲမသိ။အနည္းငယ္ထူးဆန္းသည့္အေငြ႕အသက္မ်ားရသလို ေက်ာျပင္ဟာလဲေအးလာသည္။

ေၾကာင္ေတာင္ေတာင္ေလးရပ္ေနမိတဲ့ခတၱာအားဦးထင္ကလက္ကိုဆြဲ၍ေခၚသြားသည္မလို႔အေနာက္ကပါသြားရျပန္သည္။ထြက္သြားသည့္ခတၱာႏွင့္ဦးမ်ိဳးဆက္ထင္အားဆိုင္ရွင္ႀကီးဟာတစ္ဆုံးထိလိုက္ၾကည့္ရင္းၿပဳံးျပသည္မလို႔ပို၍လန႔္လာမိသည္။

ေရွ႕သို႔ဆက္ေလွ်ာက္လာရင္းႏွင့္႐ုပ္ေသးျပပြဲရွိေန၏။လူအမ်ားျပားရွိေနၿပီး အားလုံးဟာစိတ္ဝင္တစားႏွင့္အာ႐ုံစူးစိုက္စြာၾကည့္ေနၾကသည္။

''ၾကည့္ခ်င္သလား''

''ခဏေလာက္ပဲဗ်''

ဦးမ်ိဳးဆက္ထင္ဟာလူရွင္းတဲ့ဘက္တြင္ခတၱာအား ေနေစၿပီး ခတၱာပုခုံးေပၚသူ၏လက္မ်ားကိုတင္၍ဖက္ထားသည္။သေဘာက်လြန္းလို႔လက္ကေလးတစ္ဖက္ႏွင့္တစ္ဖက္ယွက္ႏြယ္၍ ႐ုပ္ေသးပြဲဆီ အၾကည့္ေတြပို႔ထားသည့္ဦးမ်ိဳးဆက္ထင္အားခဏခဏခိုးၾကည့္မိသည္။

႐ုပ္ေသးပြဲမွာ မင္းသမီးႏွင့္မင္းသားအ႐ုပ္ကို အေပၚကႀကိဳးထိန္းကဆြဲ၍ဇာတ္လမ္းတစ္ပုဒ္ကိုသ႐ုပ္ေဖာ္ေနျခင္းျဖစ္သည္။ ႐ုပ္ေသးျပပြဲမ်ားအေၾကာင္းကိုယ္တိုင္မၾကည့္ဖူးေပမယ့္စာေတြထဲမွာေတာ့ ၁၅ရာစုႏွစ္ကတည္းကေပၚေပါက္ခဲ့ၿပီးမင္းမ်ိဳးမင္းႏြယ္ေတြဟာ ျပည္သူအားလုံးကိုတစ္တန္းတည္းထားကာပထမဆုံးေဖ်ာ္ေျဖျပခဲ့သည့္ ေဖ်ာ္ေျဖပြဲတစ္ခုဟုဖတ္ထားဖူးသည္။သို႔ေပမယ့္ ႐ုပ္ေသးျပပြဲတို႔႐ုပ္ေသး႐ုပ္တို႔ဟာ၂၁ရာစုအတြင္းအေတာ္ေလးရွားပါးသြားၿပီး အယူသည္းမႈတစ္ခုေၾကာင့္ ေပ်ာက္ကြယ္သြားသည္ဟုလဲၾကားဖူးထားသည္။

ဇာတလြမြးအစထဲကမကွၫြ႕လိုကလြြို႔ထငသြညဘြာမွသိပႏြားမလညေသြာလြၫြးေဘးတွင႐ြုပေသြးထပကႊၫြ႕လို႔ေကာငြးသၫြ႕လူကွီးကရွိနသၫြေ။ေဘးတိုကအြနအေထားတွငေတြာငေခႊာေမာလွႏြးေန၏။ဒီလူသညတြဈခုခုကိုအေလးနကထြားပွီးအာ႐ုံစိုကထြားသၫြ႕အခွိနတႊေဆိုသာမာနအြခွိနတႊထပေပြို၍ကွၫြ႕လို႔ေကာငြးသၫြ။

''ဟင္ ခ်ာတိတ္...''

႐ုတ္တရက္လက္ေမာင္းရင္းကေန တစ္ေယာက္ေယာက္ဆြဲခံလိုက္သည့္အတြက္ခတၱာအေနာက္လွည့္ၾကည့္လိုက္မိသည့္အခါတြင္။

''ခဗ္ား...''

''ၿမိဳ႕ျပန္ေရာက္ေနသလား''

ဦးမ်ိဳးဆက္ထင္ဟာ သူ႕အားႏွင့္ခတၱာကိုအေနာက္ဘက္သို႔ဆြဲပို႔လိုက္သည္။

''မ်ိဳးထင္ မင္း...မင္းေရာပါလား ဒါနဲ႕ဒီလိုအရပ္ေတြကိုမလာတတ္ဘူးဟုတ္စ''

''ၿမိဳ႕ဝန္တစ္ေယာက္ေတာင္ပြဲထဲမယ္ရွိေနေသးတာပဲ''

''ခတၱာနဲ႕ခဏစကားေျပာပါရေစ''

ခတၱာအားကိုင္ထားသည့္ဦးမ်ိဳးဆက္ထင္ရဲ႕လက္တို႔ဟာတင္းၾကပ္သြားၿပီး ေဒါသထြက္လာဟန္ရွိသည္မလို႔ခတၱာမ်က္ခုံးမ်ားပင္လႈပ္လာသည္။ ပြဲထဲမွမိန္းကေလးေတြဟာ မ်က္ႏွာခ်င္းဆိုင္ရပ္ေနၾကသည့္ေယာက်ာ္းသားႏွစ္ေယာက္အားေငးေငးၾကည့္သြားၾက၏။

အနီးအနား႐ုပ္ေသးပြဲၾကည့္သူမ်ားေဈးသည္မ်ားဟာလည္းဦးမ်ိဳးဆက္ထင္ႏွင့္ဦးစိုင္းသိဒၶိဘက္ကိုၾကည့္ရင္းနားစြင့္ေနၾကသည္။

''မင္းနဲ႕သူ႕အၾကားမယ္ေျပာစရာရွိမယ္မထင္ဘူး ရွိခဲ့ရင္လဲေျပာခြင့္ေပးမွာမဟုတ္ဘူး''

''မ်ိဳးထင္ ဘာေၾကာင့္မ်ား မင္းေဒါသစိတ္ေတြျဖစ္ေနရသလဲ ငါခ်ာတိတ္နဲ႕...''

''အဲ့ဒီလိုမေခၚနဲ႕ေခ်''

ဦးမ်ိဳးဆက္ထင္ေလသံဟာျမင့္မားလာသည္ႏွင့္အနားကလူမ်ားပို၍ကြက္ၾကည့္ကြက္ၾကည့္ျဖစ္သြားၾကသည္။ႏွစ္ေယာက္စလုံးရဲ႕မ်က္လုံးေတြဟာမီးေတာက္မ်ားသဖြယ္ျဖစ္ေနၿပီးမၾကာခင္ဒီနားတြင္လက္ေဝွ႕ပြဲျဖစ္သြားေလာက္သည္။

''ဦးထင္ ျပန္ရေအာင္ခဗ်''

လကၠလဲ အေတာ္ေလးနာက်င္ေနၿပီျဖစ္ေသာ္လည္း ဦးမ်ိဳးဆက္ထင္ဟာ လုံးဝမေလ်ာ့စြာႏွင့္ထိုနည္းအတူဦးစိုင္းသိဒၶိကေရာ..။

''ဟာ...သူေဌးမင္း''

''ေဟာၿမိဳ႕ဝန္ေရာပါလားေဟ့''

အနားကေရာက္လာသည့္လူတစ္စုေၾကာင့္ ဦးစိုင္းသိဒၶိဟာမ်က္ႏွာလႊဲလိုက္ၿပီးဟန္မပ်က္ႏွင့္ထိုလူေတြအားၿပဳံးျပေလသည္။ထိုအခါမွသာတင္းၾကပ္စြာကိုင္ခံထားရသည့္လက္တို႔ဟာေျပေလ်ာ့သြားၿပီးခတၱာရဲ႕လက္တစ္ဖက္မွာ အနီေရာင္လက္ရာမ်ားထင္သြား၏။

''တူတူပြဲထဲေလွ်ာက္ၾကသလား''

''လမ္းမယ္ေတြ႕လို႔ပါ...''

ဦးစိုင္းသိဒၶိဟာ ၿပဳံး၍ေျပာသည့္အခါထိုလူေတြကေခါင္းၿငိမ့္သည္။

''က်ဳပ္တို႔သူေဌးမင္းပြဲထဲေလွ်ာက္လာတယ္ဆိုတာမယုံနိုင္စရာပါပဲ ဘယ္လိုလဲစည္းကားရဲ႕လားခဗ်ာ''

ၿငိမ္သက္ေနသည့္ဦးမ်ိဳးဆက္ထင္ဟာဘာတစ္ခုမွ်မေျပာပါပဲ ဦးစိုင္းသိဒၶိကိုသာၾကည့္ေန၏။ထိုသူေတြရဲ႕အၾကည့္ဟာ ဦးမ်ိဳးဆက္ထင္အေနာက္ကခတၱာဆီသို႔ေရာက္ရွိလာေသာေၾကာင့္ခတၱာတဖက္ကိုမ်က္ႏွာလႊဲလိုက္ရသည္။

''အို ခ်စ္စဖြယ္ေလးပါလား ဒီေကာင္ေလးကဘယ္သူမ်ား...''

''ဘယ္လိုမ်ားဒီလိုစကားနဲ႕ထိပါးရဲသလဲ...''

အသံဟာအေတာ္ေလးက်ယ္ေလာင္သြားၿပီးေနာက္အနီးနားကလူေတြကဝိုင္းၾကည့္ေန၍အေရွ႕မွာရွိသည့္လူ၃ ၄ေယာက္ႏွင့္ဦးစိုင္းသိဒၶိအပါဝင္အားလုံးဟာအလန႔္တၾကားရွိလ်က္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာကိုယ္ရွိန္သတ္သြားၾကၿပီးခပ္ရို႔ရို႔ျဖစ္သြားၾကသည္။ ဘာလို႔မ်ားဦးမ်ိဳးဆက္ထင္ေဒါသထြက္ရင္တျခားသူလိုျဖစ္သြားလဲစဥ္းစားမရေတာ့။

''သြားရေအာင္''

ပြဲခင္းထဲကထြက္ရာလမ္းဘက္သို႔ဦးတည္ၿပီးဦးမ်ိဳးဆက္ထင္ဟာအေရွ႕မွဦးေဆာင္၍သြားသည္။ဒီ့ထပ္မကလည္ပတ္ခ်င္ပါေသးသည္ပြဲေလးလဲဆက္ၾကည့္မည္ဟုစိတ္ကူးေသာ္လည္းအခုေတာ့အစီစဥ္ပ်က္ရၿပီျဖစ္သည္။

မိုးဖြဲမ်ားဟာ႐ုတ္တရက္က်လာသည္ ေကာင္းကင္ေပၚၾကည့္လိုက္သည့္အခါ ညိုမဲေနသည့္တိမ္မ်ားတရိပ္ရိပ္ေျပးလ်က္ရွိၿပီးလြန္ခဲ့ေသာမိနစ္ပိုင္းကျမင္ခဲ့သည့္ၾကယ္မ်ားလဲမရွိေတာ့။ လက္ထဲကယြန္းဗူးေလးႏွင့္အညိုေရာင္အိတ္ကေလးကိုက်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားၿပီး သြားေနသည့္လမ္းတစ္ေလွ်ာက္ ယြန္းပစၥည္းေတြေရာင္းသည့္ဦးေလးႀကီးရဲ႕အရိပ္အားတစ္စမွ်ပင္မေတြ႕ေတာ့ပါ။ထပ္ၿပီးထူးဆန္းသည့္လူမ်ားလားသို႔မဟုတ္ တိုင္ဆိုင္တာမ်ားလား။

''ေရစက္ေတြ...''

ဒါေကရာဘာကိုဆိုလိုလဲ...ၿပီးေတာ့သူ႕ဟာႏွင့္သူတန္ေၾကးတစ္ခုထိရွိသည့္လက္ပတ္ေတြအားဘာေၾကာင့္၁၀ႏွင့္ေပးလိုက္လဲ ဘာလို႔မ်ားလက္ပတ္က၂ခုျဖစ္ေနရတာလဲ ေတြးရင္းေခါင္းမ်ားပင္ရႈပ္ေထြးလြန္းလာသည္။

''ကားေပၚတက္ေခ်''

ကားရပ္ထားသည့္အိမ္အေရွ႕သို႔ဘယ္လိုေရာက္လာမွန္းမသိ ဦးမ်ိဳးဆက္ထင္ကခတၱာအားကားတံခါးဖြင့္ေပးသည္မလို႔ဝင္ထိုင္လိုက္သည္။ အိမ္ထဲကထြက္လာသည့္အမ်ိဳးသားႀကီးကိုဦးမ်ိဳးဆက္ထင္ဟာတစ္ခုခုေျပာေနသည့္ပုံစံအားကားထဲမွျမင္ရ၏။ၿပီးေနာက္ကားေပၚသို႔တက္လာၿပီးစက္ႏွိုးကာ ထိုအိမ္အေရွ႕မွထြက္လာခဲ့သည္။

ပါးရိုးနားထင္ေၾကာမ်ားေထာင္ေနသည္အထိေဒါသမ်ားထြက္ေနသည့္ပုံစံကိုၾကည့္ရင္းၿငိမ္သက္ေနမိသည္။မိုးကလည္းတျဖည္းျဖည္းသည္းလာ၏။

''ဦးထင္''

ခတၱာမဝံ့မရဲေခၚလိုက္ေသာ္လည္း ျပန္မေျဖပါပဲအေရွ႕ကိုသာတည့္တည့္လွည့္ၿပီးကားကိုအာ႐ုံစိုက္ေမာင္းေနသည္။မိုးဟာပို၍ပို၍သည္းထန္စြာ႐ြာလာသည္မလို႔ရင္ေတြပါတုန္လာမိသည္။ပြဲေဈးလည္းပ်က္ေလာက္ၿပီ ဆက္လုပ္ေန၍လည္းမရ မိုးဟာျမင္ကြင္းေတြပါမႈန္ဝါးေစသည္အထိသည္းထန္ေနသည္။

''ကားရပ္လိုက္ရင္ေကာင္းမယ္ဦးထင္ မိုးကအရမ္းသည္း...''

႐ုတ္တရက္လမ္းေဘးသို႔ကားကိုထိုးရပ္လိုက္သည္မလို႔ရင္ထဲထိတ္ခနဲျဖစ္သြားရသည္။အေျခေနကသိပ္မဟန္ပုံ ဦးမ်ိဳးဆက္ထင္ဟာကားတံခါးဖြင့္ကာဆင္းသြားၿပီးကားေနာက္ခန္းဆီသို႔ဝင္ထိုင္၍ေက်ာမွီကာမ်က္လုံးေတြလည္းမွိတ္ထားသည္။အျပဳအမူတစ္ခုခ်င္းစီကိုတစ္ေယာက္ထဲေၾကာင္အစြာႏွင့္ၾကည့္ေနတုန္းတြင္။

''လာခဲ့...''

ကားအေရွ႕ခန္းမွခတၱာအားေျပာလာသည္မလို႔အံ့ၾသတႀကီးႏွင့္မ်က္လုံးေပကလပ္ေပကလပ္ႏွင့္ထပ္ၾကည့္ေနမိသည္။

''က်ဳပ္ေဘးနားလာခဲ့ပါ''

ခတၱာေခါင္းၿငိမ့္၍ကားတံခါးဖြင့္လိုက္သည့္အခါတြင္ စင္လာေသာမိုးေရစက္မ်ားဟာေအးစိမ့္လ်က္၊ အလ်င္အျမန္ပဲအေရွ႕တံခါးကိုပိတ္ၿပီးအေနာက္တံခါးကိုဖြင့္လိုက္ကာဝင္ထိုင္လိုက္၏။

ၾကားထဲလူတစ္ေယာက္စာေလာက္ေဝးကြာသည့္အေနအထားတြင္တစ္ေယာက္ႏွင့္တစ္ေယာက္မၾကည့္ပါပဲၿငိမ္သက္ေနမိသည္။ဒီလိုအေျခေနမ်ိဳးမွာဘာလုပ္သင့္လဲ ဟုစဥ္းစားလိုက္တုန္းမသင့္ေတာ္သည့္အေတြးမ်ားကတစ္စီတစ္တန္းဝင္လာသည္မလို႔ ကိုယ့္ကိုယ္ကိုသာႀကိတ္ဆဲလိုက္သည္။

''ကြၽန္ေတာ့္ေၾကာင့္ေဒါသထြက္သြားတာလားခဗ်ာ''

တိတ္ဆိတ္မႈကိုၿဖိဳခြင္းလိုက္မိသည့္အခါဦးမ်ိဳးဆက္ထင္ဟာ မ်က္လုံးေတြမွိတ္ထားရင္းေခါင္းခါသည္။ခတၱာသက္ျပင္းတစ္ခ်က္ခ်လိဳက္ၿပီး တဖက္ကိုမ်က္ႏွာလြဲလိုက္သည္။သည္းထန္စြာ႐ြာေနသည့္မိုးမ်ားႏွင့္အတူတခ်က္ခ်က္လွ်ပ္စီးမ်ားကလည္းလက္ေနေသး၏။

ဘယ္အခ်ိန္မွတိတ္မလဲမသိေသာ္လည္းအိမ္ကိုေတာ့အရမ္းျပန္ခ်င္ေနၿပီျဖစ္သည္။ဘာလို႔မ်ားတိုက္တိုက္ဆိုင္ဆိုင္ ႏွစ္ေယာက္သား dateလုပ္ေနတဲ့အခ်ိန္မွာမွ ဦးစိုင္းသိဒၶိကေပၚလာရတာပါလဲ။ဟိုလူေတြကေရာဘာလို႔ေပၚလာၾကတာလဲ။မဟုတ္ရင္ေတာင္အေျခေနဟာအေတာ္ေလးေကာင္းေနခဲ့ၿပီကို။မၿပဳံးမရယ္ေသာ္လည္း ဦးမ်ိဳးဆက္ထင္ေပ်ာ္ေနတာကိုခတၱာခံစားမိ၏။

အခုေတာ့ လက္သီးမ်ားကိုတင္းၾကပ္စြာဆုပ္ထားၿပီး မ်က္လုံးမ်ားကိုလည္းမွိတ္ထားေသးသည္။ေသခ်ာေပါက္ေဒါသထြက္ေနသည့္အရိပ္အေယာင္မ်ားပင္ ဘာေၾကာင့္မ်ားဦးမ်ိဳးဆက္ထင္ကဦးစိုင္းသိဒၶိနဲ႕ပတ္သက္ၿပီးဒီေလာက္ထိေတာင္ျဖစ္သြားရသလဲမသိ။

''ေမာင္ခတၱာ''

''ခဗ္ာ...''

ခတၱာတဖက္ကေနဦးမ်ိဳးဆက္ထင္ဘက္သို႔လွည့္ၾကည့္လိုက္သည္ႏွင့္ ခႏၶာကိုယ္တစ္ခုလုံးဆြဲယူခံလိုက္ၿပီးဦးမ်ိဳးဆက္ထင္၏ရင္ခြင္တြင္းေရာက္သြားသည္။ၾကက္သီးေမႊးညွင္းမ်ားထသြားသလို ခတၱာအား တင္းၾကပ္စြာဖက္ထားသည့္ဦးမ်ိဳးဆက္ထင္ဆီမွရသည့္ကိုယ္သင္းရနံ႕ေၾကာင့္ ႏွလုံးခုန္ဟာျမန္ဆန္လာ၏။

''ဦး..ဦးထင္''

လန႔္သြား၍႐ုန္းကန္မိပါေသာ္လည္း ဦးမ်ိဳးဆက္ထင္ဟာ ပိုမိုတင္းၾကပ္စြာဖက္ထားေသာေၾကာင့္႐ုန္းမရေတာ့။သေဘာက်သလိုလို မက်သလိုလိုႏွင့္ဘယ္လိုခံစားခ်က္မွန္းမသိေပမယ့္ဒီရင္ခြင္ဟာႏြေးလြန္း၍ တခ်က္ခ်က္ရသည့္ဦးမ်ိဳးဆက္ထင္ရဲ႕ကိုယ္သင္းရနံ႕ဟာလဲေမႊးလြန္းသည္။ခတၱာ မတတ္နိုင္သည့္အဆုံးရင္ခြင္က်ယ္ႀကီးတြင္မ်က္ႏွာအပ္ထားကာ ၿငိမ္သက္ေနလိုက္ရေတာ့၏။

''က်ဳပ္မင္းကိုတပါးသူလုယူမွာ သိပ္ကိုေၾကာက္႐ြံ႕မိရဲ႕''

ဖက္ထားရာမွာဖယ္ၿပီးမ်က္ႏွာခ်င္းဆိုင္လိုက္သည့္အခါ ေခ်ာေမာ၍ရွင္းလင္းေနသည့္ဦးမ်ိဳးဆက္ထင္မ်က္ႏွာဟာခတၱာႏွင့္နီးစပ္စြာရွိေန၏။ဦးမ်ိဳးဆက္ထင္ရဲ႕လက္ဖဝါးႏြေးႏြေးဟာခတၱာရဲ႕ပါးျပင္ေပၚသို႔ထိေတြ႕လာသည္။

''ကြၽန္ေတာ္ဦးထင္ဆီကေနထြက္မသြားပါဘူး''

တိုးတိုးေလးေျပာလိုက္ေသာ္လည္း မိုးေရသံမ်ားၾကားခတၱာရဲ႕အသံဟာရွင္းလင္းေနသည္။အေမွာင္ထုေၾကာင့္လား မိုးအသံမ်ားေၾကာင့္လားတခ်က္တခ်က္လက္လာသည့္လွ်ပ္စီးမ်ားေၾကာင့္လားမသိေပမယ့္ဒီအေျခအေနဟာရင္ခုန္ဖြယ္ရာေကာင္းလြန္ေန၏။

ဦးမ်ိဳးဆက္ထင္ဟာ ခတၱာရဲ႕ လက္ကိုဆြဲယူလိုက္ၿပီး လက္ဖမိုးဆီသို႔သူ၏ႏႈတ္ခမ္းဖ်ားႏွင့္ထိကပ္ကာတျမတ္တနိုးႏွင့္နမ္းလာခဲ့သည္။

''ဦးထင္''

''ေလာဘထားခြင့္ျပဳပါ''

ထို႔ေနာက္ဦးမ်ိဳးဆက္ထင္ဟာမ်က္ခြံေပၚေလာက္ထိက်ေနသည့္ခတၱာရဲ႕ဆံပင္တို႔ကို ေဘးသို႔ညင္သာစြာသပ္တင္ေပးၿပီးႏွဖူးေပၚသို႔က်ေရာက္လာသည့္ေနာက္ထပ္အနမ္းတစ္ပြင့္။အတိုင္းအဆမရွိရင္ခုန္လာၿပီးဦးမ်ိဳးဆက္ထင္ရဲ႕ဝင္ေလထြက္ေလႏြေးႏြေးအားခတၱာအနီးကပ္ဆုံးခံစားမိေနရ၏။ထို႔ေနာက္ေမးဖ်ားကေနကိုင္၍မ်က္ႏွာအားေမာ့ေစကာႏူးညံ့သည့္အၾကည့္တို႔ႏွင့္မ်က္လုံးခ်င္းစုံေစသည္။

''က်ဳပ္နဲ႕လက္ထပ္ခ်င္တဲ့ဆႏၵရွိသလား ကေလးငယ္''

လက္ဖ်ားမ်ားေအးစက္သြားသလို သည္းထန္စြာ႐ြာေနသည့္မိုးဟာ မိုးဖြဲမ်ားအျဖစ္သို႔႐ုတ္တရက္ေျပာင္းလဲသြား၍ ႏွလုံးသားရဲ႕ အသံေပးသံဟာတခ်က္ခ်က္ျမည္ဟီးလ်က္။ ဒါဟာ သိပ္ကိုႏူးညံ့လြန္းတဲ့ ၂၀ ရာစုကလက္ထပ္ခြင့္ေတာင္းနည္းမ်ားလား။

Continue Reading

You'll Also Like

3.7K 314 42
မွေးနေ့မှာပျော်ရွှင်ပါစေ ငါ့ရဲ့မစ်စ်၀မ်လေး..။ ၀မ်ရိပေါ် ဘုရားပေးတဲ့ဆုလာဘ်ကိုမလိုချင်ဘူးရိပေါ်..မင်းပေးတဲ့ဆုလာဘ်အဖြစ်သာငါ့ကိုမင်းနောက်ကတကောက်ကောက်လိုက...
5.6K 106 20
What if shin Wolford have a twin sister? And her name is Harumi Wolford... What if she has the solution and peace that everyone wants What will thei...
756 82 11
ကိုကို့ကို တိတ်တိတ်ကလေး ခိုးချစ်မယ် ... ကျွန်တော့်ကမ္ဘာမှာ ကိုကို့ကြောင့်ပဲ ပန်းတွေပွင့်တယ်။ ကောင်းဆက်တည် x ခွန်းမြတ်ခန့်သူ