ဆံမြိတ်ချ လှပါပေ့.....

By KyaweSky

8.9K 330 20

"မိကြိုင် စကားပြောရင် ခေါင်းကိုမော့ထားစမ်း နောက်ပြီး အဲ့လက်တွေလိမ်ချိုးနေတာရပ် နောက်တခါ ပြူးကြောင်ကြောင်နဲ့ လ... More

intro
part 1
part 2
part 3
part 4
part 5
Ep.6
Ep.7
ep.8
ep.9
Ep.10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 21
part 22
part 23
part 24
part 25

part (20)

274 21 0
By KyaweSky

ဆံမြတ်ချ လှပါပေ့....🌻

အပိုင်း(၂၀)

သူ သူမနဲ့အဆက်အသွယ်ဖြတ်သွားခဲ့တာတစ်ပတ်ပြည့်လေပြီး

သူမ အလုပ်ကိုသွားတော့လည်း သူမအလုပ်ထွက်သွားပြီးဟုဆိုသည်။

ထို့ကြောင့် သူမ အိမ်ကိုစုံစမ်း၍ သူမအိမ်ရှေ့သို့ရောက်ခဲ့ပေမယ့် သူမအိမ်ထဲဝင်ဖို့ထိတော့သူ့မှာအင်အားမရှိပါ။

သူမအိမ်ရှေ့ကနေ လှည့်‌ပြန်ခဲ့တာလည်းအခါခါပါပဲ။

သူ သူမနဲ့ အဆက်အသွယ်ရဖို့ဘယ်လိုလုပ်ရမလဲ ....
သူမသိတော့။

သူမအိမ်ဆီသွားဖို့ သူမ မိဘတွေကိုမေးချင်ပေမယ့် သူ့ရဲ့ အခြေအနေကြောင့်တွန့်ဆုတ်နေမိသည်။

ကျွန်တော်ကအန်တီသမီးရဲ့ချစ်သူပါလို့ ဘယ်လိုမျက်နှာနဲ့ပြောရမလဲ။

ကိုယ့်ကို လက်မခံနိုင်ဘူးလို့ခါးခါးသီးသီးပြုမှု‌ခဲ့တဲ့သူမအသိုင်းအဝိုင်းဆီသူဘယ်လို ရင်ဆိုင်ရမှာလဲ

သူရဲဘောကြောင်တယ်ပဲ ပြောပြော ထိုသို့သွားတွေ့ရန် သူ့မှာ သတ္တိလည်းမရှိသလို အင်အားလည်းမရှိပါ။

သူစိတ်တွေလည်းပင်ပန်းနေကာ ကျောင်းကပြန်လာတာနှင့် အိပ်ယာထဲသာခွေခေါက်နေမိသည်။

အစာစားချင်စိတ်လည်းမရှိသလိုဘာမှလုပ်ချင်ကိုင်ချင်စိတ်လည်းမရှိပါ။

သူ‌အချိန်တွေကို ဆွေးမြေ့ခြင်းများဖြင့်ကျော်ဖြတ်ရင်း တစ်ပတ်ဆိုသည့် အချိန်သို့ကြာမြင့်လာသည်။

....

"ကိုကြီးဖိုးသာထူး ကိုကြီးဖိုးသာထူး ...."

မနက်စောစော
သူ့နားထဲ ထက်မြတ်ရဲ့အသံကစူးဝင်လာတော့ သူဒေါသကထောင်းခနဲထသွားရသည်။

"ကျစ်....ဘာလဲကွာ ...ဘာလို့အော်ဟစ်နေတာလဲ"

"ကိုကြီးဖိုးသာထူး မြန်မြန်ထ ဟိုမှာ....ကိုကြီးဖိုးသာထူး အမေတက်လို့တဲ့"

"ဟင်"

သူ ငေါက်ခနဲထထိုင်ကာ ထက်မြတ်၏ မျက်လုံးပြူးမျက်ဆံပြူးအနေအထားကြောင့် သူ့ရင်ထံထိတ်သွားကာ

"ဟာ အမေသင်း"

သူ ချက်ချင်းပဲထ၍ အမေသင်းအိမ်သို့ပြေးလာမိသည်။

ခြေဖလာနှင့် အမေသင်းအိမ်သို့ဒုန်းဆိုင်းပြေးလာရာ သူ့နောက်က ထက်မြတ်ကပါပြေးလိုက်လာသည်။

တစ်ပတ်လုံး စိတ်နဲ့လူနဲ့မကပ်၍ သူ့ပုံမှာ ဆံပင်ပွယောင်းယောင်းနှင့် ညှင်းသိုးသိုးဖြစ်နေမှာတော့အမှန်။

"အမေသင်း "

သူ အမေသင်းအိမ်ပေါ်ရောက်ချိန် ပါးစပ်၌အမြုပ်တွေထွက်ကာ ခြေတွေလက်တွေကွေးကောက်နေသည့် အမေသင်းကို ဒေါ်ရီတို့က ဝိုင်း၍ နှိပ်နယ်ပေးနေကြလေသည်။

"အမေသင်း ဒေါ်ရီ အမေသင်းဘယ်လိုဖြစ်တာလဲ အမေသင်း"

သူ ထိုလူတွေနားဝုန်းခနဲရောက်သွားကာ အမေသင်း၏ကွေးကောက်နေသည့်လက်တွေကိုဖိဆုပ်ကိုင်၍ မျက်ရည်များဝဲလျက် မေးလိုက်မိသည်။

"မသိပါဘူးဟယ် နင်တို့အမေသင်း တက်နေတာ မိကြိုက်ကမသိဘူး အိမ်နောက်မှ ထမင်းချက်နေတာ ငါက ခြံထဲ ကင်မွန်းရွက်ခူးနေရင်း ဝူးဝူးဝါးဝါးနှင့်အော်သံကြားလို့တက်ကြည့်တာ မြင်တဲ့အတိုင်းပဲကွယ်"

"အမေသင်းကိုဆေးရုံပို့ရမယ် ကျွန်တော်ဆေးရုံကားသွားခေါ်လိုက်မယ် အမေသင်း အားတင်းထားနော် ကျွန်တော်အမေသင်းကိုဆေးရုံခေါ်သွားမယ်"

ထူးသာ အမေသင်းကိုအားပေးလိုက်ပေမယ့် အမေသင်းကသူပြောနေတာတေ‌ွမကြားဘူး မျက်လုံးများပြုတ်ထွက်မတက်ပြူး၍ ခေါင်းစောင်းလျက်အနေအထားတက်နေလေသည်။

"ဖိုးသာထူး ‌စောနကပဲ နင့်အစ်ကိုဖိုးထောင် မာဃကားသွားခေါ်‌တယ် ဟော ဟိုမှာလာပြီး လာပြီး..."

ပီ...ပေါ်....

အိမ်ရှေ့သို့ လူမှုကယ်ဆယ်ရေးကားရပ်လိုက်ချိန် ထူးသာတစ်ယောက် စိတ်တို့လ‌ှုပ်ရှားနေကာ အိမ်အောက်သို့အလောသုံးဆယ်ပြေးဆင်းသွားမိသည်။

မေသင်းကြိုက်ကတော့ ပုံမှနိမဟုတ်သည့် ဒေါ်သင်းသင်းကိုကြည့်၍ သူ့အမေဘေးထိုင်ကာ သူ့အမေတစ်ခုခုဖြစ်သွားမှာကြောက်ရွံနေသည့်မျက်လုံးများဖြင့် သူ့အမေမျက်နှာကိုအရိပ်တကြည့်ကြည့်ကာ ရှိုက်ငိုနေလေသည်။

ထူးသာမှာ ခြေမကိုင်မိ လက်မကိုင်မိဖြင့် လူကပူထူနေကာ ကားပေါ်က လူနာတင်ကဒ်ကိုမနိုင်မနင်းပြေးဆွဲနေလို့ ဖိုးထောင်နှင့် စေတနာ့ဝန်ထမ်းတွေက သူ့ကိုဝိုင်းကူ၍ အိမ်ပေါ်သို့သယ်လာခဲ့လေသည်။

ဒေါ်သင်းသင်းအား ယောက်ျားသားများဝိုင်းမကာ ကဒ်ပေါ်တင်လိုက်ကြသည်။

"မိသင်း အားတင်းထားနော် မိကြိုင်နဲ့ဖိုးသာထူး နင့်ကိုချစ်ကြတာ သိတယ်မလား ညည်းဘာမှဖြစ်လို့မရဘူးနော်"

ဒေါ်ရီကလည်းတတွတ်တွတ်ဖြင့် ဒေါ်သင်းသင်းကိုသယ်သွားသည့် ဘေးကလိုက်၍ပြောရှာသည်။

မလှမြင့်ကလည်း ရှိုက်ငိုနေသည့်မေသင်းကြိုင်အားတွဲကာ နောက်ကလိုက်ပါလာကြသည်

ထူးသာတို့တွေ ဒေါ်သင်းသင်းအား လူနာတင်ကားပေါ်တင်၍ ဆေးရုံသို့ထွက်လာကြသည်။

ထူးသာက လူနာတင်ကားနှင့်တပါးတည်းလိုက်ပါသွားပြီး မေသင်းကြိုင်နှင့်ဒေါ်ရီတို့ကတော့ ဆိုက်ကားဖြင့် နောက်ကလိုက်လာကြသည်

မေသင်းကြိုင်မှာ တစ်ကိုယ်လုံးတုန်ကာ ချွေးတွေထွက်နေ၍ ‌မလှမြင့် က ဆိုက်ကာဘေးနောက်ခုံကထားကာ မေသင်းကြိုင်အားလှမ်းဖက်ထားပေးရသည်။

ကားပေါ်တွင်တက်၍ပါလာသော ဒေါ်သင်းသင်းကို ထူးသာနှင့် ဝန်ထမ်းတွေက ခြေတွေလက်တွေကိုဝိုင်း၍ နှိပ်နယ်ပေးကြသည်။

ထူးသာ အမေသင်းကိုကြည့်၍ သူ့ကိုယ်သူစိတ်ထဲကကြိမ်းဆဲလိုက်မိသည်

သူ သူ့ကိစ္စနဲ့သူ လုံးပန်းနေ၍ အမေသင်းတို့အိမ်ဘက်‌ေတာင်မ‌ေရာက်ဖြစ်‌ေတာ့ဘဲ သူဝတ္တရားတွေလည်းပျက်ကွက်ခဲ့ကာ အမေသင်းတို့အားပစ်ထားသလိုဖြစ်သွားခဲ့သည်။

သူ မေ့လျော့နေသည့် အချိန်အတွင်းမှာအမေသင်းခုလောက်ထိအဖြစ်ဆိုးသွားတာ သူ
့အပြစ်မကင်းသလိုခံစားရသည်။

လေဖြတ်နေသည့် လူနာတစ်ယောက်နှင့် အားနည်းသူ မိန်းကလေးတစ်ယောက်ကို သူဘယ်လိုစိတ်နဲ့များ မေ့လျော့ထားခဲ့မိပါလိမ့် ။

သူ ခုတော့တော်တော်လေးနောင်တရနေပါသည်။

ဆေးရုံသို့ရောက်ချိန် အရေးပေါ်လူနာအဖြစ် အမေသင်းဆီသို့ ဂျူတီကုပ်ဖြင့် ဆရာဝန်အမျိုးသမီးတစ်ဦးအပြေးအလွှားရောက်လာကာ နားကြပ်ဖြင့်အမေသင်းရင်ဘတ်ကိုစမ်းသပ်နေသည်။

"အောင်စီဂျင် လိုတယ် မြန်မြန်ယူလာခဲ့"

ဆရာဝန် အမျိုးသမီး ထအော်လိုက်ချိန် နပ်စ်တွေပါရောက်လာကြကာ အမေသင်းအားဝိုင်းနှိပ်ကြ အောင်စီဂျင်ဗူး ပြေးယူကြနှင့် အကုန်လုံး ယောက်ယက်ခတ်ကုန်ကြသည်။

‌ထိုအခန်းထောင့်နားတွင် ဒေါ်သင်းသင်းအား စိရိမ်တကြီးကြည့်နေသည့် မေသင်းကြိုင်ကိုတော့ မလှမြင့်ကဖက်ထ‌ားပေးသလို ဒေါ်ရီကလည်း ဆရာဝန်‌အမျိုးသမီးနှင့်သူနာပြုများ လုပ်ကိုင်နေပုံများကို စိတ်လှုပ်ရှားစ‌ွာကြည့်နေသည်။

ခုတင်နှင့်မလှမ်းမကမ်း‌တွင်တော့ ကိုဖိုးထောင်မှ ခါးထောက်ကာ ဒေါ်သင်းသင်းအခြေအနေကိုလှန်းကြည့်နေပြီး သူ့ဘေးတွင်တော့ ထူးသာမှာ ကျစ်နေအောင်ဆုပ်ထားသည့်လက်သီးကို သွားဖြင့် နာနာကိုက်၍

အမေသင်းဘာမှမဖြစ်ပါစေနဲ့ဟုသာ စိတ်ထဲမှာ အထပ်ထပ်အခါခါဆုတောင်းနေမိသည်။

သူတို့ရပ်ကြည့်နေစဉ်အတွင်းမှာပဲ
အမေသင်းကိုယ်က တက်နေရာမှငြိမ်သွား၍ အနည်းငယ်စိတ်သက်သာသွားရသည်။

"ဆရာမ အခြေအနေဘယ်လိုရှိလဲဟင်"

ထူးသာမှာ စိတ်လောအားကြီးစွာမေးလိုက်ရာ ဆရာဝန်အမျိုးသမီးမှ နားကြပ်ကို လည်ကုပ်၌ပက်ကာ
သူတို့ဘက်လျှောက်လာပြီး
ခေါင်းကိုခါယမ်းပြကာ

"ကျွန်မစိတ်မကောင်းပါဘူး လူနာက နောက်ဆုံးအချိန်ကိုရောက်နေပါပြီး သူ့စိတ်လေးငြိမ်ချမ်းအောင်သာ လုပ်ပေးလိုက်ကြပါ"

ထူးသာ နားထဲ ထိုစကားတွေက လူတစ်ကိုယ်လုံးကိုကိုင်ရိုက်တာထက် နာကျင်အောင် အရှိန်ပြင်းပြင်းဖြင့်ဝင်ရောက်လာသည်။

"ဖိုးသာထူး"

သူကိုယ်ယိမ်းယိုင်သွားချိန် ကိုဖိုးထောင်မှ အမြန်‌ထိန်းပေးသည်။

ဒေါ်ရီကလည်း သူတို့နားမှာရှိနေတာမို့ မျက်ရည်ဝဲလျက်

"ကဲ ကဲ ဖိုးသာထူးနဲ့မိကြိုင် လာ လာ....နင်တို့အမေသင်းဆီ"

ဟုပြော၍ အခန်းထောင့်၌ဘာမှမသိသေးပဲ မိခင် ကိုသာလှမ်းကြည့်နေသည့် မေသင်းကြိုင်လက်ကို ဒေါ်ရီမှ သွားဆွဲခေါ်ကာ ထူးသာကိုပါ ခေါင်းညိတ်ပြကာလာဖို့ခေါ်၍ ခုတင်နားချဉ်းကပ်သွားသည်။

ခုတင်ထပ် အသက်ကိုမျှင်မျှင်ရှူသွင်း၍ မျက်လုံးမပွင့်တပွင့်ဖြင့် အမေသင်းပုံကြောင့် သူရင်နာရသည်။

ရင်ထဲအောင့်တက်လာသည့်ခံစားချက်နှင့်အတူ ပါးနှစ်ဖက်ပေါ်သို့မျက်ရည်က ပေါက်ခနဲကျလာချိန် သူအမြန်ပင်ပွတ်ဆွဲသုတ်ကာအံကိုကြိတ်ထားမိသည်။

မေသင်းကြိုင်အား ခုတင်ဘေးနေရာချပေးကာ ထူးသာကိုပါလက်ဆွဲခေါ်၍ မေသင်းကြိုင်ဘေးကပ်ရပ်စေသည်။

"မိသင်း ဒီမှာ နင့်သားနဲ့သမီးလေ ကြည့်ပါအုံးအေ့"

ဒေါ်ရီမှ ကိုယ်ကိုကိုင်း၍ ဒေါ်သင်းသင်းနားနားကပ်ကာအသံပြုလိုက်ချိန် မှေးစင်းနေသည့် မျက်လုံးများကိုအားယူဖွင့်၍ သူတို့ရ‌ှိရာသို့ လှည့်ကြည့်လာသည်။

"သ....သမီး...လေး"

"ဟင့်....အမေ....အင့်"

ဒေါ်သင်းသင်းမှ မိကြိုင်ကို ကြည့်၍ မျက်ရည်မျကျလျက်အားယူခေါ်လိုက်ချိန် မေသင်းကြိုင်မှာ ရှိုက်လျက် ‌ကိုယ်ကိုကိုင်းကာ ဒေါ်သင်းသင်းရင်ဘတ်ပေါ် ခေါင်းတိုးဝင်၍ ခပ်တင်းတင်းဖက်ကာ ပုခုံးများတုန်ခါလျက်ငိုလေသည်။

"အမေ....အမေ....ဘာမှ....ဘာမှ မဖြစ်ဘူးမလား ဟင်....အကြိုင်....အကြိုင် စိတ်ပူလိုက်ရတာ"

မိကြိုင်မှ သူမမိခင်ကိုဖက်၍ ငိုသံယှက်လျက်ပြောလေသည်။

ထိုမြင်ကွင်းအား ထူးသာမှာ မခံစားနိုင်၍ အသက်ကိုပင့်ရှူကာ လေကိုသာပါးစပ်ထဲက ပြန်မှုတ်ထုတ်၍ စိတ်ကိုတင်းထားမိသည်

ဒေါ်ရီ၊ ကိုဖိုးထောင်နှင့် မလ‌ှမြင့်က ထိုမြင်ကွင်းကိုကြည့်ရင်း စိတ်မကောင်းဖြစ်ကာ မကြည့်ရက်နိုင်ဖြစ်နေကြသည်။

"သ....သား....ဖိုးသာ...ထူး.."

ဒေါ်သင်းသင်းမှ ထူးသာကို အားယူခေါ်လိုက်ချိန် နီရဲနေသည့် မျက်လုံးများဖြင့် ဟန်ဆောင်ကာ ပြုံးလျက် အမေသင်း၏လက်တစ်ဖက်ကို သူ့လက်နှစ်ဖက်လုံးဖြင့် ထွေးဆုပ်ကိုင်ကာ

"ကျွန်တော်ရှိတယ်နော် အမေသင်း"

အမေသင်းက သူ့ကိုကြည့်ကာခေါင်းကိုခပ်လေးလေးညိတ်ပြလျက် မျက်ရည်တသွင်သွင်စီးကျလျက် အသက်ကိုလှရှူနေသည့်ကြားက
သူ့ကိုစကားပြောရန်ကြိုးစားနေလေသည်။

"သမီး ....သ...သမီးလေး ...မိ ကြိုင်....ကို လက်ထပ်...‌ေပး....ပါ...ဟင့် ... တောင်း....ဆို ပါတယ်"

ဟင်...

"ဟဲ့ မိသင်း ညည်းဘာတွေပြောနေတာလဲ"

အမေသင်းကထိုစကားပြော၍ငိုသလို ထူးသာမှာလည်း အ‌ံ့ဩတုန်လှုပ်သွားရကာ အမေသင်းကို ကိုင်ထားသည့်လက်ပါ လျော့ရဲသွားပြီး မွေ့ယာပေါ် ပြန်ကျသွားရသည်။

ထိုချိန် အမေသင်းက ခဲရာခဲဆစ် သူ့လက်ကို လှမ်းဆွဲလိုက်ရာ လရ်လှမ်းမိသလောက်လက်မကိုသာ ရှိသမျှအားဖြင့်ဖမ်းဆုပ်ကိုင်၍

"တောင်း....တောင်းပန် ....ပါတယ်...သား....
မိကြိုင်...ကို လက်ထပ်....ပေးပါ နော်....ဟင်း"

ဒေါ်သင်းသင်းမှာ အသက်ကိုပင့်ယူလိုက်ချိန် ဒေါ်သင်းသင်းအသက်ရှုရခက်အောင် မေသင်းကြိုင်မှဖိထားသလို ဖြစ်နေ၍

"ဟဲ့ ဟဲ့ ညည်းအမေ အသက်ရှုရခက်နေပြီး ထ...ထ...မိကြိုင်"

ဟုဆွဲ၍ မေသင်းကြိုင်ကိုယ်ကိုဆွဲမသည်။

ထူးသာမှာသာ ကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်သွားပြီး....
အမေသင်းရဲ့စကားကိုမယုံနိုင်ခြင်းများစွာဖြင့်သာ မိကြိုင်ကိုတစ်လှည့် အမေသင်းကိုတစ်လှည့် ကြောင်ငေးကြည့်နေမိကာ နုတ်ဆိတ်နေမိသည်။

"ဟင်း....ဟင်း.....ဖိုးသာ....ထူး....မိကြိုင်....မိကြိုင်ကို ...လက်...ထပ် ပေးပါ  . ....တောင်းပန်...ပါတယ်...ဟင်း"

ဒေါ်သင်းသင်းမှာ အမောဖောက်လျက် အသက်ကိုခက်ခက်ခဲခဲရှူသွင်းကာ သူမတစ်ခါအသက်ရှူလိုက်တိုင်း သူမရင်ဘတ်က ကြွတက်လာသည့်အခြေအနေ ကြားက ထိုစကားကိုသာ ထပ်ခါတလဲလဲပြောလို့နေလေသည်။

"ကဲ....ဖိုးသာထူး မိသင်းအမောဖောက်နေပြီး ....သူ့ကို တစ်ခုခုပြောလိုက်ပါဟယ် ငါကတော့ သူ‌့ကိုနောက်ဆံတင်းတင်းပဲ ဘဝကူးစေချင်တယ် "

ဒေါ်သင်းသင်းမှ ကြောင်ရပ်နေသည့် သူ့လက်မောင်းကို ကိုင်လှုပ်ကာသတိပေးလာချိန် အမေသင်းအခြေအနေက မဟန်တော့မှန်းသိလိုက်သည်။

သူ....သူ ဘာလုပ်ရမလဲ...
သူနဲ့ မကြိုင်က ဘယ်လိုလုပ် လက်ထပ်မှာလဲ...
အမေသင်း ဘာတွေပြောနေတာလဲ
ဒီအချိန်မှာ အမေသင်းကိုစိတ်ဆိုးရန်တွေ့ကာ‌ပြန်မေးလိုက်ချင်ရင်တောင် မဖြစ်နိုင်ပါ။
ဒေါ်ရီပြောသလိုပဲ
အမေသင်းစိတ်ချမ်းသာအောင် ...ပြောရမလား...
အဲ့ဒါကျတော့လည်းမဖြစ်နိုင်ဘူး

သူ့မှာချစ်သူရှိတယ်လေ
အဲ့ဒါကိုအမေသင်းလည်း သိရဲ့သားနဲ့
ဘာလို့ဒီအချိန်ကျမှဒါတွေပြောနေတာလဲ

အမေသင်းဘာလို့ သူ့ကို ဘေးကြပ်နံကြပ်ဖြစ်အောင်လုပ်ရတာလဲ

သူ ရင်ထဲ ပလောင်ဆူနေသည့်မေးခွန်းတွေဟာ အမေသူရဲ့ ခဲရာခဲဆစ်သူ့လက်ကိုလှမ်းကိုင်ထားတာရယ်

မျက်ရည်တွေနဲ့ သူ့ကို အားကိုးတကြီးကြည့်နေတဲ့အကြည့်တွေရယ်

အချိန်သိပ်မရတော့မှန်းသိသားနေတဲ့အမေသင်းရဲ့အခြေအနေတွေရယ်

ဒီအဖြစ်အပျက်တွေကြားမှာ သူ့စိတ်ထဲကမေးခွန်းပေါင်းများစွာဟာပျောက်ရှသွားပြီး ခေါင်းကိုသာ ခပ်လေးလေးညိတ်လိုက်မိသည်။

"ကျွန်တော်....ကျွန်တော် ...မိကြိုင်ကိုလက်ထပ် ပါမယ် အမေသင်း"

"ဟင်း...."

သူ့စကားလည်းဆုံးရော အမေသင်းဆီက သက်ပြင်းချသံကြီးနှင့်အတူ မျက်ဖြူစိုက်တက်ကာ မျက်လုံးများပြန်ပိတ်သွားချိန် သူမကိုယ်ခန္ဓာသည်လည်းငြိမ်ကျသွားတော့သည်။

"အမေသင်း....အမေသင်း...ကျွန်တော်ခေါ်နေတာကြားလား အမေသင်း...ဟာ...."

"အ...အမေ...အမေ...ဟင် အမေ....အိပ်သွားတယ်...."

မေသင်းကြိုင်မှာ ဘာမှနည်းမလည်နိုင်စွာမျက်လုံးများမှိတ်၍ငြိမ်သွားသည့် မိခင်ကို အိပ်သွားတာလားဟု ဟိုလူ့ကြည့်ဒီလူ့ကြည့်၍ ပြောလိုက်ချိန် မလှမြင့်မှ မိကြိုင်အား တင်းတင်းကြပ်ကြပ်ဖက်လျက်

"မိကြိုင်ရယ်....မိကြိုင်လေးရယ် ...."

"မိသင်း ....ညည်းအေ...ဖြစ်မှဖြစ်ရလေ ...ဟင့်"

ဒေါ်ရီမှာလည်း ဒေါ်သင်းသင်း ကိုကြည့်၍ ရင်ထုလျက် ငိုလေသည်။

ထူးသာမှာ ‌မတ်တပ်ရပ်ဖို့ပင်အားမရှိတော့ပဲ ခြေထောက်များခွေကာ ယိုင်လျက် ကြမ်းပြင်ပေါ်လဲကျလို့သွားသည်။

"ဟာ...ဖိုးသာထူး-

ကိုဖိုးထောင်မှ ထူးသာဘေးရောက်လာကာ ထူးသာကိုယ်အား ဘေးကနေထိန်းလို့ပေးသည်။

"ကိုဖိုးထောင်.... အမေသင်း မရှိတော့ဘူး...ဟီး....အမေသင်း တကယ်မရှိတော့ဘူးဗျ"

"အေ့ပါကွာ စိတ်ထိန်းပါ ငါ့ညီရာ...."

"ကျွန်တော့ကြောင့် ကျွန်တော့ဂရုမစိုက်ခဲ့လို့ အမေသင်းခုလိုဖြစ်ရတာ ကျွန်တော်မကောင်းတာ ...တောက်....အသုံးမကျတဲ့ကောင် အမေသင်းက သူ့သွေးသားမဟုတ်‌တာတောင် ကျွန်တော့ကို သားတစ်ယောက်လို့ နို့တိုက်ခဲ့တာ ....ကျွန်တောကတော့..  ကျွန်တော်ကတော့ ဟာကွာ....တော်တော် ‌ေ-ာက်အသုံးမကျတဲ့ကောင်"

ထူးသာမှာ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ရင်း ငိုရင်း သူ့နားထင်နှစ်ဖက်ကို လက်ဖြင့်တဖြန်းဖြန်းမြည်အောင် ရိုက်လျက်အပြစ်ပေးတော့သည်။

ကိုဖိုးထောင်ကတော့ သူ့လက်တွေကိုလှမ်းဖမ်းကာ

"တရားနဲ့ဖြေပါ ဖိုးသာထူးရာ ...မင်း ဒေါ်သင်းသင်းတို့အပေါ် ကောင်းပေးတာ ငါနဲ့ တစ်ရပ်ကွက်လုံးသိတယ် ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်စမ်းပါနဲ့ကွာ ... လူကတော့သေမျိုးကြီးပဲ ...ဘယ်သူ့ ဘယ်သူ့ကြောင့်ရယ်မှ မဟုတ်ဘူး သေနေ့စေ့ရင်သေမှာပဲ တရားနဲ့သာဖြေစမ်းပါ ငါ့ကောင်ရာ"

မိကြိုင်မှာ မလှမြင့်ဖက်ထားသည့်ကြားက ထူးသာတို့ပြောနေသည့်စကားတို့ကိုနားလည်သဘောပေါက်လာကာ ခုတင်ပေါ်မှ အိပ်နေသည့်ဟုထင်ခဲ့သော မိခင်မျက်နှာကို အလန့်တကြားလေးကြည့်လိုက်မိချိန် ရင်ထဲ ဆို့တက်ကာ

"အမေ....."

မေသင်းကြိုင်တစ်ယောက် သူမအမေကို ဝမ်းခေါင်းသံဖြင့်ဟစ်ခေါ်ပြီး မျက်လုံးများပြူးကျယ်လျက် ကိုယ်လေးတစ်ဆက်ဆက်တုန်ကာအရုပ်ကြိုးပြတ်သတိလစ်သွာ‌းတော့သည်။

"ဟင် မိကြိုင်....ဟဲ့ မကြိုင် အိုး....လုပ်ကြအုံး ဒီမှာ မိကြိုင်သတိလစ်သွားလို့"

ဒေါ်ရီနှင့် မလှမြင့်တို့ ပျော့ခွေသွားသည့်မေသင်းကြိုင်ကြောင့်ထိတ်ထိတ်ပျာပျာဖြစ်ကြချိန်

ထူးသာမှာလည်း အမေသင်းအတွက်ပူဆွေးနေရင်းမှ မေသင်းကြိုင်အား ကြည့်မိချိန် အမြန်ပင် ထရပ်လိုက်ပြီး မိကြိုင်နားစိုးရိမ်စိတ်ဖြင့်ရောက်သွားကာ...

"မိကြိုင်...ဟာ...နင်ပါအဲ့လိုမလုပ်နဲ့လေ ...အမေသင်းက ငါ့ိကုထားခဲ့တာ အားမရလို့နင်ပါထပ်ထားခဲ့မလို့လား အဲ့လိုမလုပ်ကြပါနဲ့ဟာ မိကြိုင် မိကြိုင် ငါခေါ‌်နေတယ်လေ"

ထူးသာ မလှမြင့် လက်ထဲမှ ပျော့ခွေနေသည့် မေသင်းကြိုင်ကိုယ်လေးကိုပွေ့၍ ပါးကို ပုတ်ကာ လှုပ်ခေါ်နေသည်။

ထူးသာတို့လည်း ဘယ်လိုမှခေါ်မရတော့သည့်မေသင်းကြိုင်အားအမြန်ပွေ့ချီကာ ဆရာဝန်ညွှန်းပြသည့်ခုတင်ပေါ်အမြန်တင်လိုက်ရသည်။

....

"အမလေး ဖြစ်မှဖြစ်ရလေ အစ်မသင်းရယ်....ခုတော့ အစ်မသင်းယောက်ျားနောက်လိုက်သွားပြီးပေါ့ ဟင်....အစ်မသင်းရယ်အဖြစ်ဆိုးလှချည်းလား ....အမလေးသနားစရာ ငါတူမလေး ဟီး...."

ဒေါ်သင်းသင်းဆုံးပြီးနောက်တ်နေ့၌ ဒေါ်ညိုမြတို့မိသားစုလိုက်ရောက်ချလာကာ ဒေါ်ညိုမြတစ်ယောက်ရောက်ကတည်းက ဒေါ်သင်းသင်းဘေး ငိုချင်းချနေသည်မှာညနေစောင်းထိပင်။

မထွက်သည့်မျက်ရည်အားညှစ်ထုတ်၍ အာပေါင်အာရင်းသန်သန်ဖြင့် ပြောပြောပြီးငိုနေသည့် ဒေါ်ညိုမြအား အိမ်နောက်ဘက်တွင် အသုဘရှု့လာသူများအားကျွေးမွေးရန်ချက်ပြုတ်နေကြသည့် ဒေါ်ရီနှင့် ‌မလှမြင့်မှ အိမ်ရှေ့ဘက်သို့ မမြင်ရပေမယ့် လှမ်းမျက်စောင်းထိုးနေကြသည်။

မလှမြင့်မှနုတ်ခမ်းအားမဲ့ကာ ဒေါ်ရီနားကပ်၍ မကြားတကြားလေသံဖြင့်

"တကတည်း မသိရင် သူပဲ မသင်းတို့နဲ့ မဟတရား ရင်းနှီးနေသလိုလို ဘာလိုလိုနဲ့ အမြင်ကပ်ဖို့ကောင်းတယ်"

"သူလာတဲ့အခေါက်တွေတုန်းကရော မိသင်းတို့ဘာများအကူအညီရခဲ့ကြလို့လဲ အဲ့ဟာမကြောင့် မိကြိုင်လေး စိတ်လွတ်မလိုတောင်ဖြစ်အောင် ကလေးကိုရက်နှက်ခဲ့သေးတာ တစ်စက်မှကိုကြည့်မရတာ"

တီး....

ထူးသာနှင့်ကိုဖိုးထောင်မှ ဆေးပေါ်လိပ်နှင့် လက်ဖက်စသည့် ညဘက် ဖဲဝိုင်းအတွက် လိုအပ်သည်များ ဝယ်၍ ဆိုင်ကယ်ဖြင့်ပြန်ရောက်လာကြသည်။

ထူးသာ အိမ်ပေါ်သို့တက်လာစဉ် မနက်ကတည်းက ငိုနေသည့် ဒေါ်ညိုမြကိုတစ်ချက်ကြည့်ကာ သက်ပြင်းသာချ၍ အိမ်နောက်ဘက်သို့သာလျှောက်လာခဲ့လိုက်သည်။

မေသင်းကြိုင်မှာသတိပြန်လည်လာ‌ေသာ်လည်း ကိုယ်ခံအားနည်းလွန်းလှ၍ ဆေးရုံ၌သာဆေးလုံးကြီးချိတ်ကာ မလှမြင့်သမီးနှင့်သူမအဖော်တို့ဖြင့်ထားထားခဲ့ရသည်

ထူးသာမှာတော့ အိမ်၌ သူသာဦး‌ဆောင်လုပ်ကိုင်ရမှာမို့ ဒေါ်ညိုမြတို့နှင့်မတွေ့မမြင်ချင်သော်လည်း မမြင်ချင်ယောင်သာဆောင်ပြီး ကိုယ်လုပ်စရာရှိသည်များလုပ်ကိုင်နေလိုက်သည်။

ညနေစောင်းချိန် ဘုန်းကြီးကျောင်းပြန်ကာ ရေမိုးချိုး၍ တကျော့ အမေသင်းအိမ်သို့ပြန်ရောက်လာချိန် ရပ်ကွက်ထဲမှ လူများဖြင့်ကိုဖိုးထောင်က ဝိုင်းထိန်းလုပ်ကာ ဖဲဝိုင်းနှစ်ဝိုင်း အိမ်ရှေ့ခြံထဲတွင် တာလပတ်ခင်းကာ ‌ခေါင်းရင်း ဒေါ်ရီတို့အိမ်မှ မီးသွယ်၍ နှစ်ပေချောင်းကို သရက်ပင်ကိုင်းတွင်နိုင်လွန်ကြိုးဖြင့်တွဲလောင်းချည်ကာ  ဝိုင်းတည်နေကြလေပြီး။

ဒေါ်ရီနှင့်မလှမြင့်တို့ကလည်း ကွမ်းအစ်ကိုချ၍ အိမ်ရှေ့ သံဇကာဘေးတွင်ထိုင်ကာ လာကြည့်သူများကို စကားပြောဧည့်ခံပေးနေကြ၏။

"ဖိုးသာထူး ခန"

ကိုဖိုးထောင်မှ ထူးသာခြံထဲဝင်လာစဉ် ဖဲဝိုင်းတွင်ထိုင်ကစား၍လှမ်းခေါ်တာမို့ သူ ကိုဖိုးထောင်နားလျှောက်သွားလိုက်သည်။

"ဘာလိုလို့လဲ ကိုဖိုးထောင်"

ကိုဖိုးထောင်မှဖဲချပ်များကိုကိုင်ထားရင်း သူ့နားကပ်ကာခပ်အုပ်အုပ်လေသံဖြင့်

" မင်းကိုငါခွင့်တောင်းချင်လို့ ငါတို့နည်းနည်းလောက်ကစ်ချင်လို့ အဲ့ဒါရလား"

"ဖြစ်ပါ့မလားကိုဖိုးထောင်ရာ တော်ကြာနေ မူးရူးကုန်မှ ခက်နေမယ်"

"အေးဆေးပါကွာ ငါ့ကောင်တွေငါထိန်းနိုင်ပါတယ် အာသာပြေရုံပဲ လုပ်ပါကွာဟေ့ကောင်"

"ပြီးရောဗျာ...တစ်ခုတော့ရှိတယ် ကိုယ့်ကိစ္စကိုယ်နိုင်အောင်တော့ထိန်းပေါ့ဗျာ"

"အိုကေ အိုကေငါ့ကောင်စိတ်သာချ"

သူ့စကားကြောင့် ကိုဖိုးထောင်ကစပ်ဖြဲဖြဲပြုံးကာဖဲဆကရိုက်သည်။

"ဟောဒီမှာ ကိုးပေါက် ....တစ်စပေ့နဲ့နော် ဇနဲ့ ဇနဲ့ ဟဲဟဲ"

ကိုဖိုးထောင်က သူ့ဖဲချပ်ကိုလက်ဝါးပေါ်အားရပါးရ ရိုက်ချ၍လှန်ကာ ဖဲနိုင်သွား၍ ပျော်လို့နေသည်။

ထူးသာ ထိုအချင်းအရာကိုကြည့်ရင်း ပူဆွေးနေသည့် မသာအိမ်မှာတောင် ဖဲနိုင်လို့ ပျော်‌နိုင်သူတွေရှိကြတာပဲဟု သံဝေဂရမိသည်။

လူတွေကလည်းခက်သား... ကိုယ့်အသားနာမှ ကိုယ့်အသိုက်အမြုံထိမှ အပူလို့ထင်တက်ကြတာ မဟုတ်လား....

ဟင်း...

သူကတော့ တစ်နေ့ကုန် မဖြစ်မနေမို့လို့သာ လုပ်ကိုင်နေရတာ

သူ့စိတ်တစ်ခုလုံးလည်း ထုံပေနေကာ ဆေးရုံမှာကျန်ခဲ့သည့်မိကြိုင်ကိုလည်း စိတ်မချနိုင်သလို အမေသင်းဒီလောကမှာမရှိတော့ဘူးဆိုတဲ့အသိက လက်ခံဖို့ခက်ခဲနေတုန်းပင်။

သူအိမ်ပေါ်သို့ခေါင်းငိုက်စိုက်ဖြင့်တက်လာစဉ် ဒေါ်ကီကလည်း သူ့ဆီထလာကာ ပုခုံးအား ဖိကိုင်လျက် ကျောကို ပုတ်ပေးကာ

"ဘာမှစိတ်ဓာတ်မကျနဲ့ဖိုးသာထူး နင့်အမေသင်းမရှိတော့ရင်တောင် နင်က ငါတို့သားပဲ နင်အနှီးထာပ်လေးတည်းက ငါတို့တစ်လှည့်စီထိန်းလာတာ မိသင်းက နို့တိုက် ကျုပ်တို့က ဟောဒီကလေးပေါက်စလေးကို ရေချိုးပေး အဝတ်အစားလဲပေးနဲ့ နင်က ငါတြိုလက်ထဲမှာပဲကြီးလာခဲ့တဲ့အတွက် နင်က ငါတို့သားပဲ နင့်မှာ အမေတွေရှိသေးတယ် ကြားလား"

"ဟုတ်ကဲ့ ဒေါ်ရီ"

"အေအေ ကဲကဲ သက်သက်သာသာနေ...ကျန်တာငါတို့ ရှိတယ် ဘာမှစိတ်မပူနဲ့"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဒေါ်ရီနဲ့ဒေါ်လှမြင့်တို့"

"အေ့ပါကွယ် ရပါတယ် မိသားစုတွေပဲကို"

ထူးသာ ခေါင်းညိတ်ပြကာ အမေသင်းလျှဲ‌ေလျာင်းနေသည့် ဘေးသွားထိုင်လိုက်သည်။

တစ်နေကုန် ငိုယိုနေသည့် ဒေါ်ညိုမြကတော့သူ့မိသားစုနှင့်အတူ အိမ်နောက်ဘက်၌ ထမင်းလက်စုံစားလျက်ရှိနေသည်။

ထူးသာ အသက်မဲ့နေသော အမေသင်းမျက်နှာကို ခပ်တွေတွေလေးငေးနေမိသည်။

ဓလေ့ထုံးစံအတွင် အမေသင်းနှာခေါင်းပေါက်တွင် စံပယ်ပန်းကိုထည့်ထားကြပြီး ခြေမနှစ်ချောင်းကိုလည်းချည်ကြိုးဖြင့်ပူးချည်ထားကြသည်။

လက်နှစ်ဖက်ကိုလည်းဗိုက်ပေါ် တင်ထားစေပြီး သူမခေါင်းအုံးဘေးနှစ်ဖက်တွင် စံပယ်ပန်းကုံးများ ချလို့ထားကြ၏။

ရနံ့သင်းလှသော စံပယ်ပန်းတို့မှာလည်းယခုအချိန် သူ့ရင်ကိုမအေးမြစေပါ။

စံပယ်ပန်းနှင့်အတူ အမေသင်း၏အသက်မဲ့နေသည့်ရုပ်အလောင်းကို ပူးတွဲမြင်နေရ၍ စံပယ်ပန်းကိုပင် သူမုန်းချင်လာသည်။

အမေသင်းက သိပ်ကိုသဘောထားကောင်းတဲ့အမျိသမီးတစ်ယောက်...

သူ့လို ဘယ်သူကပစ်ပြီး ဘယ်လိုပေါက်လာမှန်းမသိတဲ့ကလေးတစ်ယောက်ကိုလည်း ‌မိခင်မေတ္တာတွေပေးခဲ့တယ်။

သူ့ခဗျာ ပင်ပင်ပန်းပန်းအဝတ်လျှော်လို့ရလာတဲ့သွေလေးနဲ့ သူနဲ့မိကြိုင်ကိုရှာကျွေးရှာတယ်

သူတို့ငယ်ငယ်က ဒီအိမ်လေးထဲမှာ အမေသင်းကိုယ်တိုင် သူနဲ့မိကြိုင်ကို သနပ်ခါးလိမ်းပေးခဲ့‌တာတွေ

ကျောင်းမှာ သူအနှိပ်ခံရတုန်းက အမေသင်းကကျောင်းကိုရောက်လာပြီး သူ့အတွက်မားမားမတ်မတ်ရပ်တည်ပေးခဲ့တာတွေ

မိကြိုင်ကို အနိုင်ယူမိတဲ့အခါ အမေသင်းက သူ့ကိုခေါင်းခေါက်ဆူတက်တာတွေ

အမေသင်း အဝတ်လျှောက်ကပြန်လာတိုင်း
သူနဲ့မိကြိုင်အတွက် မုန့်ထုတ်လေးတွေပြန်ပါလာတက်တာတွေ

သူ့ဝမ်းနဲ့လွယ်မမွေး ပေးခဲ့ပေမယ့် ရင်နှင့်သည်းချာ သားရင်းပမာ သူ့အပေါ် မိခင်မေတ္တာ ပေးခဲ့တာတွေ

အမေသင်းရဲ့သက်ရှိထင်ရှားရှိစဉ်အခါက လှုပ်ရှားမှုပူံရိပ်များကိုပြန်တွေးရင်း ဖြေမဆည်နိုင်စွာ သူ့ရင်တစ်ခုလုံး ဝမ်းနည်းပူဆွေးကြီးစွာ ဟန်မဆောင်နိုင်ဘဲငိုမိတော့သည်။

"အမေသင်း ....အမေသင်းရာ....ကျွန်တော် အမေသင်းကို တိုက်နဲ့တာနဲ့ထားနိုင်တဲ့အထိဘာလို့မစောင့်တာလဲ....ရွတ်....
ဘာလို့ခုလိုရုတ်တရက်ကြီးထားသွားရတာလဲဗျာ....ဟာ"

သူ ရင်တွေကွဲရကာ အမေသင်းလက်လတစ်ဖက်ကို ကျစ်နေအောင်ဆုပ်ကိုင်ကာ အမေသင်း ပုခုံးတစ်ဖက်ပေါ် မျက်နှာမှောက်၍ ယူကျုံးမရ သူဆိုမိသည်။

သူ့ပုခုံးတို့တုန်ရီနေသလို အံကြိတ်ထားသည့်ကြားက ရှိုက်သံကတစ်ချက်ချက်ထွက်လာရသည်။

ဤသည်ကိုလှမ်းမြင်နေရသည့် ဒေါ်ရီတို့ကိုယ်တိုင်လည်းစိတ်မကောင်းဖြစ်စွာ မျက်ရည်တစမ်းစမ်းနဲ့ ကြည့်နေကြသည်။

ဖိုးသာထူးဟာ တော်တော်လေး သံယောဇဉ်ကြီးရှာပါလားဟု ဒေါ်ရီမြင့် ဂရုဏာသက်နေမိသည်။

ဟင်း....လောကကြီးမှာ ဖြတ်ရအခက်ဆုံးက သံယောဇဉ်ပင်မဟုတ်လား...

လောကကြီးကထွက်ခွာသွားရတာပဲဖြစ်ဖြစ် အဝေးတစ်နေရာကို စွန့်ခွာသွားတာပဲဖြစ်ဖြစ် သံယောဇဉ်နောင်ကြိုးတွေကြောင့် လူတွေဟာ ကိုယ်ချစ်ရတဲ့လူတွေအပေါ်ကို တလွမ်းလွမ်း တသသနဲ့ ပူဆွေး သောက ဗျာပါတ တွေ များကြရတယ်။

အကြောင်းအမျိုးမျိုးကြောင့်ဘဝတွေခြားခဲ့ရင်တောင် ဒီသံယောဇဉ်ဆိုတဲ့ဆက်ထုံးတွေက ပြတ်တောက်မသွားပဲ သံသရာမှာ အထပ်ထပ်ဆက်ပြီး တွယ်ငြိကြရ
နှောင်တွယ်ကြရ

ဒေါ်ရီမြင့် တစ်ယောက် သူ့အတွေးဖြင့်သူ သက်ပြင်းတို့သာ အကြိမ်ကြိမ်ချလို့နေတော့သည်။

🌻🌻🌻

ရောက်ဖတ်ရှုပေးသူတစ်ဦးချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်♥️

🪄ကြွယ်

Continue Reading

You'll Also Like

48.9K 900 25
🌻ကျွန်မယောက်ျား သူကြီးသား 🌻 🚨🔞🚨 မင်းဗညား 🔥 မင်းကသာ ကိုယ့်ဘဝပါ ... တခြားမိန်းမတွေက ဖွဲနဲ့ဆန်ကွဲပဲ ... အရင်က ကိုယ်ပွေတယ်ရှုပ်တယ်ဆိုတာ မင်းနဲ့မတွေ...
24.5K 694 17
Ardor meaning:(n) Enthusiasm or Passion. You never were the social type of person. People and crowds never excited you and made you feel kind of nerv...
190K 4.9K 48
"ကျုပ်နားမလည်ဘူးကျုပ်ကဘာလို့ခင်ဗျားကြီးရဲ့မိန်းမလုပ်ရမှာလဲ" ဆောင်းနိုးမေ "ဘာလို့လဲဆို‌ေတာ့မင်းကိုကိုယ်အပိုင်ဝယ်လိုက်ပြီမို့လို‌့လေ" မင်းထက်ရာဇာ( or)A...
44.3K 1.1K 26
"မီးမီးက ကိုကို့ကိုမလိုက်ပဲ တစ်ခြားရုပ်ချောတဲ့ကောင်လေးကိုပဲရွေးပြီးလိုက်နေတာ" "ကိုကိုက ကိုကိုက ပုန်းနေတော့မီးမီးမှမတွေ့တာ အဲ့တာကြောင့်တွေ့တဲ့သူကိုလို...