ဒါကို တိရုံလို့ ခေါ်တာလား (Zo...

By SN_SwaeNyoe002

32.5K 5.3K 30

ဘာသာပြန်သူ - စွဲညို့အသင်း More

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
BL Completed Package Promotion
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Telegram ကို လာခဲ့နော်
Part 44
Part 45
☘️ကြေညာချက်လေးပါ☘️
Part 46
Completed Novels in Telegram

Part 35

597 130 2
By SN_SwaeNyoe002

35 01

အပိုင်း(၃၅)

"လာ လာ လာ ထိုင်ကြ"

လုံခြုံရေးအစောင့် ကောင်မလေးတစ်ယောက်က ဆုပိုင်၏ အရှေ့သို့ ရေနွေးကြမ်းတစ်ခွက်ကို ချပေးသည်။ ထို့နောက် ဆုပိုင်၏ လက်မောင်းအတွင်းမှ ကောင်ငယ်လေးကို မျက်တောင်မခတ်ပဲ တစ်ချက်ကြည့်သည်။ ထို့နောက် အဝေးကို တစ်လှမ်းချင်းစီ လျှောက်သွားသည်။ ထို့နောက် ဆုပိုင်က ပျားရည်ခွေးတူဝက်တူ၏ နဖူးလေးကို အသာပွတ်လိုက်သည်။

သူက ထိုအမျိုးသမီး၏ အကြည့်ကို ကျင့်သားရနေလေပြီ။ မည်သို့ပင်ဆိုစေ လုံခြုံရေးဌာနသို့ ရောက်နေခဲ့သည်မှာ သုံးနာရီ ကြာသွားပြီ ဖြစ်သည်။ ဌာနကြီးတစ်ခုလုံးက ရူးသွပ်လုနီးပါး ဖြစ်သွားသည်။

တာဝန်ကျ ကင်းလှည့်သူများက ခေါင်းပြားတာ့ကောကို လာရောက် ချောင်းကြည့်ရုံသာ မကသေးလေပဲ အပေါ်ထပ်မှ ဝန်ထမ်းများကလည်း လာချောင်းကြသည်။ သုံးနာရီအတောအတွင်း ဆုပိုင်အတွက် ရေနွေးကြမ်းခွက် သုံးဆယ်မက လဲပြီးလေပြီ။

ရေနွေးကြမ်းကို လာပို့သည့် အမျိုးသမီးတိုင်းက ခြားနားသည်။

စားဖိုဆောင်မှ ချက်ပြုတ်သူ ဒေါ်လေးကပင် သိချင်စိတ် ပြင်းပြစွာပင် ဆုပိုင်ကို လာထွက်ကြည့်သေးသည်။ ထို့နောက် စိုးရိမ်တကြီး သူ၏လက်ထဲမှ ကောင်ငယ်လေးက တိုဖူးစားမစား မေးမြန်းသေးသည်။

ဘယ်လောက် ဆိုးရွားလိုက်လဲ။

ကံကောင်းသည်မှာ ခေါင်းပြားတာ့ကောကလည်း ဒီနေ့တိုက်ပွဲကို အလွန်အမင်း ကျေနပ်သွားပုံ ရသည်။ သို့မဟုတ်လျှင် လုံခြုံရေးရုံးအတွင်း ရူးသွပ်သွားပါက မည်သူကမှ သူ့ကို ယှဉ်နိုင်မည် မဟုတ်ချေ။

"ဟွန့်"

ခေါင်းပြားတာ့ကောက ရေနွေးကြမ်းခွက် လာပို့ပြီး လျှောက်သွားသော အမျိုးသမီးကို ကြည့်ကာ ငြီးသည်။

"အမှိုက်တွေပဲ။ တစ်ကောင်မှ ယှဉ်ချင်စိတ်ကို မရှိဘူး"

ဆုပိုင် " ... "

"ဦးလေးဆုပိုင်"

ရုတ်တရက် တံခါးဝမှ အံ့အားတကြီး အော်သံက ထွက်လာသည်။ ဆုပိုင်က မော့ကြည့်လိုက်ပြီးနောက် ခပ်မြန်မြန် ထရပ်သည်။

"ကောင်းယွဲ့ကျဲကျဲ ကျဲကျဲကို ဒုက္ခပေးမိပြီ"

ကောင်းယွဲ့က မျက်လုံးပြူးကျယ်စွာဖြင့် အရှေ့မှ လူငယ်ကို ကြည့်သည်။ ထို့နောက် အချိန်အတန်ကြာအောင် တိတ်ဆိတ်သွားသည်။

"နင် နင် နင်က တကယ်ပဲ _ _ _ဘဏ်လုယက်သူတွေနဲ့"

ကောင်းယွဲ့က အံ့အားသင့်နေသည်။ မည်သည့်သာမာန်လူမှ ထိုကဲ့သို့သော အရာမျိုးကို ကြုံတွေ့နိုင်လိမ့်မည် မဟုတ်ချေ။ တီဗွီ ဒရမ်မာများကပင် ထိုသို့ မရိုက်ကူးရဲချေ။

လုယက်သူ သုံးယောက်ကို ကိုယ်တိုင်လဲချသော အချက်ကို ထည့်တွေးရန် မလိုအပ်ပေ။ မည်သို့ပင် ကြည့်ကြည့် ဒါက စိတ်ကူးယဉ်ဆန်လွန်းသည်။

"အမ်း"

ဆုပိုင်က ခေါင်းငုံ့သည်။ သူက အပြုံးနှင့် ခေါင်းညိတ်ကာ ပြောသည်။

"ဟုတ်ပါတယ် ငါ့ရဲ့ အိုင်ဒီကဒ် ပါလာလား။ ဒီနေရာကနေ အိုင်ဒီကဒ် မပါပဲ ထွက်သွားလို့ မရဘူး။ ဒါကြောင့် ဒုက္ခပေးမိပြီ"

"အာ ဦးလေးဆုပိုင်"

ရုတ်တရက် ဘေးဘက်ရှိ ဘေဘီက ဆုပိုင်၏ လက်မောင်းအတွင်းမှ တိရိစ္ဆာန်လေးကို မျက်လုံးအဝိုင်းလေးဖြင့် ကြည့်သည်။

"ဒါက တိရိစ္ဆာန်အသစ်လား"

"သူ့ကို ခဏချပါလား။ သမီး ဖက်ချင်တယ်"

"မရဘူး"

ဆုပိုင်က ထိုစကား ကြားသောအခါ ခပ်မြန်မြန် ခြေလှမ်းတစ်ဝက်ကို ဆုတ်လိုက်သည်။ သူက တည်ကြည်သော မျက်နှာမျိုးဖြင့် ပြောသည်။

"ဒါက ပျားရည်ခွေးတူဝက်တူလေ။ သူက ခက်ထန်ပြီး တခြားကြမ်းတမ်းတာ။ လူကိုက်နိုင်တယ်။ ဒါကြောင့် ဘေဘီက ဒီကောင်လေးနဲ့ ဝေးဝေး နေရမယ်နော်"

"ဟွန့် လိမ်နေတာ"

ဘေဘီက နှုတ်ခမ်းဆူသည်။ ထို့နောက် ပျားရည်ခွေးတူဝက်တူ၏ ကျဉ်းမြောင်းသော မျက်လုံးလေးများကို ကြည့်ကာ ဒေါသတကြီး ပြောသည်။

"ဒါက ဒီလောက် ချစ်စရာကောင်းတဲ့ ကောင်ငယ်လေးပါ။ သူက ဘယ်လိုဖြစ်ပြီး ကြမ်းတမ်းနိုင်မှာလဲ။ နည်းနည်းလေး ကြည့်ရဆိုးမဲ့ ပုံစံမျိုး ရှိပေမယ့်လည်း ယဉ်ပါးမဲ့ ပုံစံပါ"

"ကွက် ကွက်"

ရုတ်တရက် ခေါင်းပြားတာ့ကောက နှစ်ကြိမ်ခန့် အော်သည်။ ထို့နောက် ဆုပိုင်၏ လက်မောင်းအတွင်းမှ ထွက်၍ ရုန်းကန်သည်။

"မကောင်းတော့ဘူး"

ဆုပိုင်က တအံ့တဩအော်ပြီး ခေါင်းပြားတာ့ကောကို ခပ်မြန်မြန် ဆွဲသည်။

ဒီအကောင်က ကလေးတွေ၊ လူကြီးတွေ နားလည်မှာ မဟုတ်ဘူး။ ဒေါသထွက်လာတာနဲ့ ဘယ်သူ့ကိုမဆို နာကျင်အောင် လုပ်မှာပဲ။

"ဝူး ဝူး ဝူး"

ပေါင်ပေါင်ကလည်း အနောက်ဘက်မှ ခုန်ထွက်လာသော လူကို မြင်သောအခါ နောက်လှည့်ပြီး ဆောင့်ကြောင့် ထိုင်သည်။ ကောင်မလေးက ပျားရည်ခွေးတူဝက်တူ၏ နဖူးလေးကို အသာတို့ထိသည်။

"ဦးလေးဆုပိုင် တွေ့လား။ သူက နာခံပါတယ်"

"ကွက် ကွက် "

"မင်း ငါ့ကို ထိရဲရင် သေချင်နေတာပဲ"

ခေါင်းပြားတာ့ကောက အလွန်ဒေါသ ထွက်သွားသည်။ သူ၏တစ်ကိုယ်လုံးမှ အမွှေးများက ထွက်သွား၏။

သွားပြီ။

35 02

ပျားရည်ခွေးတူဝက်တူ၏ အမြှီးက တဖြည်းဖြည်းချင်း မြှောက်လာကြောင်း မြင်သောအခါ ဆုပိုင်က ကောင်းယွဲ့ကို ပတ်ပြီး ဘေဘီ၏အနားသို့ သွားသည်။

ဒီကောင်က ရူးတော့မှာ။

ထို့နောက် တစ်စက္ကန့်တွင် ဆုပိုင်က အမြှီးပြန်ကျသွားပြီး အမွှေးများကို ချောမွေ့သည်အထိ အသပ်ခံနေသော ပျားရည်ခွေးတူဝက်တူကို မယုံနိုင်သလို ကြည့်သည်။ သူက မျက်လုံးကို မှေးကျင်းနေသည်။ သူက လျှာတစ်လစ်လေး ထုတ်သည်။ သူက ခွေးတစ်ကောင်လိုမျိုး ဘေဘီ၏ လက်ထဲမှ သကြားလုံးကို ယက်နေသည်။

"ဟီး ဟီး ဟီး"

"အရသာ ရှိတယ်"

"တပိုင်ကလည်း ဒါကို ကြိုက်တယ်။ နောက်ပြီး မျောက်ဘုရင်ကလည်း ကြိုက်တာပဲ။ ဟီး ဟီး နောက်ထပ် အကြိုက်တစ်မျိုးပေါ့"

ဘေဘီက ပျားရည်ခွေးတူဝက်တူကို ကြည့်ပြီး တုတ်ချောင်းပါသည့် သကြားလုံးကို ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက် သူက လက်ခုပ်တီးလျက် ပြောသည်။

"ဦးလေးဆုပိုင် တွေ့ တွေ့လား။ သူက အရမ်းနာခံပါတယ်"

ဆုပိုင် "..."

ခွေးတစ်ကောင် မွေးရသလို ရိုးရှင်းတာလား။ သကြားလုံး တစ်လုံးနဲ့လေ။

မင်းက ခေါင်းပြားတာ့ကောနော်။ မင်းမှာ စည်းမျဉ်းတွေ ဘာတွေ မရှိတော့ဘူးလား။ မင်းရဲ့ လွှမ်မိုးမှုက ဘယ်မှာလဲ။

ကွက် ကွက် ကွက်

ပျားရည်ခွေးတူဝက်တူက သူ၏ပါးစပ်ထဲတွင် နို့နှင့် ပျားရည်ရောထားသော အရသာရှိသည့် သကြားလုံးကို စုပ်နေသည်။ သူ၏နှုတ်ခမ်းထောင့်စွန်းများက ကော့တက်နေသည်။ သူက အရှေ့မှ ကောင်ငယ်သေးသေးလေးကို ကြည့်လိုက်ပြီး သဘောတကျ အော်လိုက်သည်။

"ရတယ် ရတယ် မင်းကို အနာဂတ်မှာ တစ်ယောက်ယောက်က အနိုင်ကျင့်ရင် ငါ့ကိုပြော။ ငါ သူ့ကို သေတဲ့အထိ ကိုက်သတ်ပစ်မယ်"

"အနံ့က တအားမွှေးတယ်။ ပျားရည်ထက်တောင် အရသာရှိသေးတယ်"

သူက ဘေဘီ၏နောက်မှ လိုက်ပြီး ကြည့်လိုက်သည်။ ပျားရည်ခွေးတူဝက်တူ၏ နှုတ်ခမ်းများက ကော့တက်နေသည်။

ဒီကောင်မလေးက မှော်စွမ်းအင်နဲ့ မွေးဖွားလာတာ။ တိရိစ္ဆာန်ရုံ တစ်ခုလုံးမှာ ဘယ်လို တိရိစ္ဆာန်မျိုးပဲ ဖြစ်ဖြစ် ဘယ်သူကမှ ဘေဘီကို မကြိုက်ပဲ မနေဘူး။

တပိုင်ကလည်း ဒီကောင်မလေးကိုပဲ စီးခိုင်းတယ်။ အခြားသူတွေဆိုရင် တွေးတောင်တွေးလို့ မရဘူး။

နောက်ပြီး ကောင်ငယ်လေး တစ်ယောက်တော့ ရှိသေးတယ်။ ကြည့်ရတာ အခုကစပြီး တိရိစ္ဆာန်ရုံထဲမှာ ဒီကလေးနှစ်ယောက်က ဘေးတိုက်လျှောက်လို့ ရပြီထင်တယ်။

"ဟယ်လို လူကြီးမင်းဆုပိုင်"

ထိုအချိန်တွင် ကတုံးဆံပင်နှင့် သက်လတ်ပိုင်းအရွယ် လူကြီးက ဒုတိယထပ်မှ ခပ်မြန်မြန် ဆင်းလာသည်။ သူကလည်း နေ့ခင်းက ဟွန်းကိုင်ပြီး အော်ခဲ့သည့် ဒါရိုက်တာလျို ဖြစ်သည်။

သူက ဆုပိုင်နှင့် စိတ်အားထက်သန်စွာ လက်ဆွဲနှုတ်ဆက်သည်။ ထို့နောက် အောက်ဘက်ရှိ ပျားရည်ခွေးတူဝက်တူကို ဆက်တိုက်ကြည့်နေသည်။

အရာအားလုံးကို ဒီကောင်ငယ်လေးက ကိုင်တွယ်သွားတယ်လို့ မယုံနိုင်ဘူး။

တိုက်ခိုက်မှုက ကြီးကျယ်ရုံတင် မကသေးပဲ သက်ရောက်မှုလည်း ရှိသည်။

စုံစမ်းစစ်ဆေးမှု အပါအဝင် စောင့်ကြည့်ကင်မရာများကို စစ်ဆေးခဲ့ပြီးနောက် ပျားရည်ခွေးတူဝက်တူဟု ခေါ်သော ထိုအကောင်လေးက လုယက်သူလေးယောက်ကို နှစ်စက္ကန့်ပင် မကြာသောအချိန်တွင် အလဲထိုးလိုက်နိုင်ကြောင်း တွေ့လိုက်ရသည်။

ထို့ကြောင့် သူတို့၏ လက်ရွေးစင် ကင်းလှည့်သူများထက်ပင် ကျွမ်းကျင်နေသေးသည်။

သို့ရာတွင်_ _ _ သူ၏အထက် ရာထူးကြီးလူများထံမှ တဆင့် တိရိစ္ဆာန်များကို ကယ်တင်နိုင်နေသည့် သတင်းများကို ရထားပြီးသား ဖြစ်သည်။ ထိုကိစ္စကို သူတို့က မည်သို့ကိုင်တွယ်သင့်ကြောင်း ဆွေးနွေးနေကြ၏။ ထို့ကြောင့် သူ၏အရှေ့မှ လူငယ်ကို စကားပြောခွင့် ရရှိခြင်းကတင် သူကဲ့သို့ ဒါရိုက်တာငယ်လေးအတွက် ဂုဏ်ယူစရာ ဖြစ်နေလေပြီ။ သို့ရာတွင် အပေါ်မှ ထပ်ရလာသော သတင်းအသစ်အရ လူငယ်၏နောက်ကွယ်ရှိ အသင်းက အံ့အားသင့်စရာ ကောင်းသည်။ တိုင်းပြည်တစ်ခုလုံးကလည်း အကောင်းဆုံး တည်ဆောက်ပြီး သူ့ကို တရုတ်တွင်သာ နေရန် ကြိုးစားရမည် ဖြစ်သည်။

အတိုချုပ် ပြောရသော် ဒါရိုက်တာလျိုနှင့် အထက်မှ ရင်းနှီးသော လူများက စကားတစ်ခွန်းသာ ပြောသည်။

"ငါတို့တွေ သူနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ထားရမယ်။ မင်း ရဲခွေး မလိုချင်ဘူးလား"

ထိုစကားကြောင့် ဒါရိုက်တာလျိုက ကြောင်သွားသည်။ ရှေးခတ်ကလည်း သူတို့နှင့်အတူ တွဲလျက်တိုက်ခိုက်နိုင်သည့် တိရိစ္ဆာန်တစ်ကောင် ရှိခဲ့သည်။

"ဒါက ဖြောင့်မတ်မှန်ကန်တဲ့၊ တာဝန်သိတတ်တဲ့ လူတစ်ယောက်အတွက် ချီးမြှင့်တဲ့ တံဆိပ်ပြားပါ။ ထိန်းသိမ်းထားပါ ဒါရိုက်တာဆုပိုင်"

"ဒါကတော့ ဆုလာဒ် ယွမ်တစ်သိန်းပါ"

35 03

"ဒီနေ့ ကျေးဇူးအများကြီး တင်ပါတယ်။ မင်းကသာ မရှိခဲ့ရင် အကျိုးဆက်က တော်တော်လေး ဆိုးရွားသွားလိမ့်မယ်"

"ကျွန်တော်တို့ ထွက်သွားလို့ ရပြီလား"

ဆုပိုင်က ရွှေတံဆိပ်ပြားကို ယူသည်။ ထို့နောက် ချက်ကိုလည်း ယူလိုက်သည်။ သူက မျက်မှောင်ကြုတ်လျက် မေးလိုက်၏။

"ရပါပြီ ရပါပြီ"

"ဒါပေမယ့် အနာဂတ်မှာလည်း အဆက်အသွယ် လုပ်ကြရအောင်"

ဒါရိုက်တာလျိုက ဆုပိုင်ကို လက်ဆွဲနှုတ်ဆက်ပြန်သည်။ ထို့နောက် အဓိပ္ပာယ်ပြည့် ဘာသာစကားကို ပြောသည်။

ဆုပိုင်ကမူ စိတ်ရှုပ်ထွေးသွားသည်။ သူက ကောင်းယွဲ့နှင့် သမီးဖြစ်သူတို့နှင့်အတူ လုံခြုံရေးဌာနထဲမှ ထွက်လာခဲ့လိုက်သည်။

"ဒါရိုက်တာလျိုရဲ့ စကားက တစ်ခုခုတော့ တစ်ခုခု ဖြစ်နေလို့ပဲ။ ဒါပေမယ့်_ _ _"

"ဟိုး ဟိုး တိရိစ္ဆာန်ရုံအတွက် ယွမ်သိန်းငါးဆယ် ရပြီပဲ။ ဒီလိုဆိုရင် ဥယာဉ်အသစ် ဆောက်လို့ရပြီ"

သူ၏တိုက်ရိုက်ထုတ်လွှင့်မှုမှ အံ့အားသင့်မှုအမှတ်များက ပို၍အရေးကြီးသည်။ တစ်သုတ်တည်းနှင့် ရှစ်သောင်းကျော်သွား၏။

သူက ရက်အနည်းငယ်လောက် လှုပ်ရှားလိုက်မယ်ဆိုရင် နောက်ထပ်တိရိစ္ဆာန် အပိုင်းအစတစ်မျိုးနှင့် လဲလှယ်၍ ရလောက်ပေမည်။

Telegram မှာ အပိုင်း ၉၅အထိ ရောက်ပါပြီနော်။

Continue Reading

You'll Also Like

638K 71.2K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
770K 31K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
230K 26.4K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
35.6K 4.1K 48
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...