(၁လ ခန့်ကြာသော အခါ)
ဘထွေး ရွာပြန်လာမှာဖြစ်သောကြောင့်ခတ္တာပျော်နေမိသည်။ ဦးမျိုးဆက်ထင်သတင်းတွေရော အရီးစုံတို့အေးမြတို့ယှဥ်ယှဥ်တို့အကြောင်းတွေကိုခတ္တာသိချင်သည်မလို့တမျှော်မျှော်ဖြစ်နေရသည်။လွန်ခဲ့တဲ့ရက်ပိုင်းကမေရီပေးတဲ့စာ အိမ်ကလူတွေပေးတဲ့စာရယ် လူကြုံနှင့်ခတ္တာရခဲ့သည်။
မေရီဟာသီတင်းကျွတ်အခါကျ ခတ္တာအားမြို့သို့အလည်လာရန်ခေါ်ပြီး ဝင်းကိုနှင့်တွေ့ကြောင်း ဝင်းကိုဟာသူ့အဖေရဲ့စက်ရုံတွင်အလုပ်ဝင်လုပ်နေ၍ လိမ္မာနေကြောင်းပြောထားတော့ ခတ္တာဝမ်းသာရသည်။ဦးမျိုးဆက်ထင်ရဲ့ဒဏ်ရာ ဟာလည်းအတော်လေးသက်သာနေပြီဖြစ်ကြောင်းလဲပြောသေးသည်။ ယဥ်ယဥ်ကတော့ခတ္တာအပေါ်အပြစ်လုပ်ထား၍တောင်းပန်သည့်ကြောင်းနှင့် ဦးမျိုးဆက်ထင်ကယဥ်ယဥ့်အားသတိသာပေးခဲ့ပြီး အလုပ်မထုတ်ခဲ့ပါဘူးတဲ့။
ခတ္တာယဥ်ယဥ့်အားနားလည်ပါသည်။အဲ့ဒီအချိန်တုန်းက သူ့အမေနေမကောင်းလို့ရွာကိုငွေထပ်ပို့ချင်တယ်ပြောလို့ခတ္တာတောင် စုထားတဲ့ထဲကနည်းနည်းပေးခဲ့သေးသည်။ သို့ပေမယ့် ရေဆာနေတဲ့လူကို ဘာရေပဲဖြစ်ဖြစ်လာတိုက်တဲ့အခါမစဥ်းစားမိပဲသောက်မိတာဟာဖြစ်လေ့ဖြစ်ထရှိတဲ့အရာပါပဲ။ယဥ်ယဥ်ဟာရိုးသားတဲ့ကလေးမလေးပီပီသူ့အမှားကိုကြာကြာမဖုံးနိုင်ပဲဖွင့်ပြောတာကိုပဲ သူ့အတွက်ခတ္တာဂုဏ်ယူရသည်။
အော်...ကျော်ကျော်နဲ့အေးမြဟာလည်းချစ်ကြိုက်နေပြီဖြစ်ပြီး ဝါကျွတ်လျှင်ရွာတွင်မင်္ဂလာပြန်ဆောင်ကြမည်တဲ့။
ခတ္တာပျိုးခဲ့သည့်ပန်းရုံလေးဟာလည်းထပ်ချဲ့လိုက်ပြီဖြစ်ပြီး ဦးမျိုးဆက်ထင်ကိုယ်တိုင်အပင်တွေကိုဂရုစိုက်နေသည့်အကြောင်းရယ် ထပ်ပျိုးထားတဲ့ နှင်းဆီပန်းတွေအားလုံးဟာ အဖြူရောင်တွေပဲဖြစ်၍ လှမ်းကြည့်လိုက်တာနဲ့လှလွန်းသောကြောင့်မေရီတစ်ပွင့်လောက်ခိုးခူးတာ မိသွားလို့ဦးမျိုးဆက်ထင် ရဲ့အဆူခံရပြီးအိမ်ပြန်ပို့ခံရကြောင်းလဲရေးထားသည်။ဘယ်လောက်တွန့်တိုတဲ့လူကြီးပါလဲ။
မေရီရေးထားတဲ့စာဟာ ၃မျက်နှာတောင်ဖြစ်ပြီးအိမ်ရှိလူနေမှာတဲ့စကားများ သူတို့အကြောင်းများနှင့်သတိရကြောင်းများပါပါသော်လည်း ထိုလူတွေထဲတွင်ဦးမျိုးဆက်ထင်တော့မပါခဲ့။ဟုတ်ပါရဲ့ ဘယ်လိုများသတိရပါမလဲ ခတ္တာဟာအဲ့လောက်ကြီးအရေးပါနေတဲ့သူမှမဟုတ်တာ သူကလဲသူ့အလုပ်တွေနှင့်သူကို။နေကောင်းကျန်းမာကြောင်းသိရတဲ့အခါခတ္တာပျော်ရပါသည်။ ဒီ၁လအတွင်းအားလုံးဟာပြောင်းလဲနေခြင်းပင်။
ရေမိုးချိုးပြီးသည့်နောက် ခတ္တာရေလဲပုဆိုးသာဝတ်ထားပြီးရေလျှော်ထားသည့်ပုဆိုးအသစ်ကိုလှမ်းထားတဲ့နေရာကနေရုတ်လိုက်သည်။အစ်မတို့ဟာအဝတ်နေပြသည့်အခါမြေပြင်ပေါ်မှာပဲနေလှန်းလေ့ရှိတာကြောင့် လျှော်တဲ့အဝတ်တွေကပြန်ညစ်ပတ်သည့်အတွက် ခတ္တာအုန်းဆံကြိုးကိုအသုံးပြုကာ အိမ်တိုင်နှင့် သရက်ပင်ကို တွဲ၍အဝတ်တန်းနှစ်ခုလုပ်ထားတာကို အိမ်လာလည်တဲ့သူများကသဘောကျပြီးသူတို့အားလုပ်ပေးရန်ပြောသည့်အခါ ခတ္တာမှာတစ်အိမ်တက်ဆင်းကြိုးလိုက်တန်းပေးရသေးသည်။
''အမေ ခုချိန်သွားရင်ရပြီလား''
''အေ့ထွက်တော့ ဇက်လှေကဒီချိန်ဆိုက်တာ လမ်းမယ်မင့်အစ်မနှစ်ယောက်တွေ့ရင်မိပုဆီအကြွေးတောင်းခဲ့ချေလို့နော့်''
''ပြောလိုက်မယ်အမေ''
ခတ္တာ အဝတ်စားလဲပြီးအိမ်ကထွက်လာခဲ့သည်။ ခေါင်းမဖီးရသလိုမျက်နှာလဲဘာမှမလိမ်းရ ခတ္တာရဲ့skin ကကြည်လင်ပြီးသဘာဝအတိုင်းပြောင်ချောနေသည်။ ခေါင်းလဲမဖီးပါ ဆီနှင့်တောင်ထောင်မရပဲ ပျော့စင်းနေသည့်ဆံပင်ဟာ လက်နှင့်ရှင်းလိုက်ရရုံနှင့်အဆင်ပြေသည်မလို့ ခတ္တာအပြင်သွားလဲဒီပုံ အိမ်ထဲနေလဲဒီပုံသို့ပေမယ့်ဘယ်လိုနေနေချောနေသည်ကအမှန်တရားပင်။တော်တော်ကုသိုလ်ကောင်းတဲ့ကောင်ပါလေ။
ခတ္တာ ရွာလမ်းမကြီးတစ်လျှောက်လာခဲ့သည်။မိုးတော့အုပ်နေပေမယ့် ညကအသည်းသန်းရွာထားတာကြောင့်ထပ်တော့မရွာလောက် တစ်ခုတော်သေးတာကအိမ်ဟာထရံတွေဓနိတွေလဲပြီးပြင်လိုက်လို့မဟုတ်ရင်များမိုးရေထဲအိပ်ရမည့်အဖြစ်။
နောက်ပိုင်းခတ္တာတို့စီးပွားရေးကောင်းလာသည်။အမေစုထားတဲ့ငွေအားလုံးကို ခေါင်းရင်းအိမ်ကဗိုက်နာလို့ရောင်းတဲ့လယ်ကိုဝယ်ခိုင်းလိုက်ပြီးထိုလယ်တွင်အမနှစ်ယောက်ဟာလယ်ဆင်းအလုပ်လုပ်သည် နောက်ထပ်၄ယောက်ကိုကျ နေ့စားနဲ့ငှားထားသည်။ ပြီးတော့ကျန်တဲ့ငွေကိုအမေ့အားငွေတိုးချေးစားခိုင်းသည်အတိုးကပိစိပေါ့။ ခတ္တာအိမ်စီးပွားရေးအတွက်အားလုံးစီမံပြီးမြေကွက်တစ်ကွက်မှာပန်းပင်စိုက်ဖို့တော့စဥ်းစားထားပြီးအခုမှပိုက်ဆံစစုတုန်း။
အမေနဲ့အမတွက် ရွှေလုပ်ပေးမည်ဟုစဥ်းစားထားပါသည်။သို့သော်အလုပ်ကလဲလယ်ထဲဆင်းတာကလွဲမရှိ အမေတို့ကလဲ လယ်ထဲသိပ်မဆင်းခိုင်း ဆင်းတာနဲ့ခြေထောက်ရိုက်ချိုးမည်ဆိုလို့ မလွန်ဆန်နိုင်။
''ခတ္တာလေး...''
သွားနေတဲ့လမ်းရှေ့လူတစ်ယောက်ပိတ်ရပ်လာသည်မလို့ ခတ္တာမော့ကြည့်လိုက်တော့။
''ခဗျား...''
ခတ္တာရဲ့မျက်ခုံးတွေစုကျုံ့သွားသည်။ ရွာပြန်ရောက်ပြီးနောက်ပိုင်းဒီလူ့ကိုခတ္တာမတွေ့ ..ဘာလို့အခုမှပေါ်လာရသလဲမသိ။
ဆရာထွန်းနိုင်ရဲ့ရုပ်ဟာအရင်တုန်းကထပ်အိုစာလျက်ရှိပြီးသူ့ထပ်အသက်နှစ်ပြန်လောက်ကြီးသည့်ဦးမျိုးဆက်ထင်ရဲ့ခြေဖျားတောင်မမှီ။ မျက်လုံးတွေဟာညိုးငယ်နေပြီး ခတ္တာအားကြည့်လာသည့်အကြည့်တွေကိုကစိတ်ရှုပ်ဖို့ကောင်းသည့်အသွင်ပါပဲ။
''ကောလိပ်ကျောင်းသားတောင်ဖြစ်ပါရောလား''
ဒီပရောပရီအသံကဘာအသံပါလိမ့် ။ ပြီးနောက် ခတ္တာခေါင်းပေါ်ကျရောက်လာတော့မည့်လက်တွေကို အားခတ္တာရိုက်ထုတ်ပစ်လိုက်သည်။
''ခဗျားရှေ့ကမြင်နေရတဲ့ခတ္တာဟာအရင်တုန်းကပျော့တိပျော့ဖက်ခတ္တာမဟုတ်ဘူး အသက်နဲ့ခန္ဓာ အိုးစားမကွဲချင် ဒီဝဋ်ကြွေးကြီးတဲ့ကောင်နားကနေခပ်ခွာခွာနေ''
ခတ္တာထိုသို့ပြောလိုက်သည့်အခါ ဆရာထွန်းနိုင်ကအံ့သြသွားသည်။ ထွက်သွားရန်ပြင်လိုက်သည့်ခတ္တာရဲ့လက်မောင်းအားဆွဲလိုက်သည့်အခါ ခတ္တာထပ်၍ ခပ်ပြင်းပြင်းဖယ်ချလိုက်သည်။
''ဆရာ... မိန်းမနဲ့ကွဲသွားပါပြီ ခတ္တာ''
ခတ္တာဒေါသထွက်လွန်းလို့ လက်သီးကိုတင်းကြပ်အောင်ဆုပ်ကိုင်ထားပြီးမထိုးမိအောင်မနည်းပင်ထိန်းထားရသည်။အခု ဒီလူဟာ ခတ္တာ ကို ဘယ်လိုကောင်စားလို့လာထင်လိုက်တာလဲ။
''အဲ့တာကခဗျားကိစ္စလေ''
ထိုအခါ ထွန်းနိုင်ဟာပြုံးလျက် ခတ္တာအားကြည့်လာပြီး။
''မင်း...သိပ်ပြောင်းလဲသွားတယ် ခတ္တာ''
''ဟုတ်တယ်အခုကျွန်တော့်မှာခဗျားကိုပတ်သက်ချင်စိတ်ကိုမရှိတော့တာမလို့ကြိုပြောလိုက်မယ် ကျွန်တော်နဲ့ခပ်ဝေးဝေးနေလမ်းမှာတွေ့ရင်တောင်မခေါ်နဲ့ ရှင်းလား''
ခတ္တာ ထိုလူအားလက်ညိုးငေါက်ငေါက်ထိုး၍ပြောခဲ့ပြီးထွက်လာလိုက်သည်။တနေ့တာဟာ နေ့တပိုင်းမကုန်ခင်ကျက်သရေအဖြာဖြာတုန်းသွားခဲ့ပြီဖြစ်သည်။ဒီလိုလူကိုချစ်ကြိုက်ခဲ့သည့်ခတ္တာအားနားမလည်နိုင်ဖြစ်ရသည်။ဒီလိုလူမျိုးသိရက်နဲ့နီးနီးကပ်ကပ်နေခဲ့ခြင်းအသားယူခဲ့ခြင်းတွေဟာ နှာဗူးထခြင်းသာဖြစ်မည်။ ဒါကိုမေတ္တာလို့ခေါင်းစဥ်တပ်ထားသည့်အခါ ခတ္တာ အရမ်းပင်ရွံရှာလွန်း၏။
ရွာထဲကလူတွေအထင်သေးအမြင်သေးတဲ့မျက်လုံးတွေကိုခတ္တာဖယ်ရှားခဲ့ပြီးဖြစ်သည်။ပိုက်ဆံလေးနည်းနည်းရှိလာတာနှင့် အော်တို ကပ်ဖားရပ်ဖားလုပ်လာကြသည်ဖြစ်ပြီး အတင်းအဖျင်းလဲမပြောကြတော့။အခုမှလာပြီးဒီလူနဲ့မေးထူးခေါ်ပြောလုပ်ရရင်ထပ်ပြီး ပတ်ဝန်းကျင်ကအမြင်စောင်းဦးမည်ဖြစ်သောကြောင့် ဒီလူ့အားခတ္တာလုံးဝရှောင်ရမည်ဖြစ်သည်။
ခတ္တာပြန်ကိုလှည့်မကြည့်ပါပဲ ဇက်လှေဆိုက်မည့်တဖက်ကမ်းသို့မြန်မြန်လေးလျှောက်လာလိုက်သည်။ ၁၀မိနစ်လောက်လမ်းလျှောက်ရပြီး မိုးအုံ့နေသောကြောင့်လေတဖြူးဖြူးတိုက်ခတ်သည်မလို့ မောသော်လည်းချွေးတော့မထွက်။
ကမ်းနားရောက်တော့ ဇက်လှေကခတ္တာရောက်မှကမ်းကပ်တာမလို့ ရင်အေးသွားရသည်။ မဟုတ်လျှင်ဘထွေးခတ္တာကိုစောင့်နေရဦးမည်။ ဇက်ပေါ်က ဘထွေးဆင်းလာသည့်အခါ ခတ္တာသွားတက်လေးတွေပေါ်သည်အထိပြုံးပြီး အလျင်အမြန်ပင် ဘထွေးဆီသွားလိုက်ပြီးဘထွေးလက်ထဲကအထုပ်တွေသယ်ပေးလိုက်သည်။
''လူလေး တယ်ချောမောလာတာပါလား''
''ဘထွေးကလဲဗျာလုပ်ပြီ..ကျွန်တော်က ဘယ်ချိန်ကြည့်ကြည့်ချောပါတယ်ခုမှမဟုတ်ဘူး''
''ဟားဟား မင်းကတော့လေ''
ဘထွေးက လှေဆိပ်ကနေ ကမ်းပေါ်တက်တော့ ဇက်ပေါ်လှည့်တကြည်ကြည့်နှင့်မလို့ ခတ္တာ ပင်လှမ်းကြည့်မိသည်။
''ဘထွေးဘာတွေကြည့်နေတာလဲဗျ တခုခုကျန်ခဲ့တာလားကျွန်တော်သွားယူ...''
''ဟေ မ..မကျန်ဘူး လာလာသွားရအောင်''
ခတ္တာဘာမှဆက်မပြောတော့ပဲ ရှေ့ကသွားနေတဲ့ဘထွေးနောက်သို့ အထုပ်အပိုးများကိုင်ကာပြေးလိုက်သွားလိုက်သည်။
(ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)
''အိမ်ပြန်ပြင်ထားတာပဲ ကောင်းပါ့ကွာ''
ခတ္တာ ကွပ်ပြစ်ပေါ်ထိုင်နေသည့်ဘထွေးရှေ့သို့ ရေနွေးနှင့်ပဲလှော်ချပေးသည်။ဘထွေးရောက်တဲ့နေ့ကတည်းကအခုထိခတ္တာချီးမွှမ်းခံဖွင့်၍မပြီးသည်မလို့ ခတ္တာနေရခက်လာသည်။တကယ်ဆိုခတ္တာဘာမှမလုပ်လဲမယ်မယ်ရရမလုပ်ရသေးပါ။
''လူလေး ကျုပ်ပြောစရာရှိရဲ့ ဟေ့မိညိုနင်လည်းလာချေဦး''
အမေက ပေါက်နေသည့်မြက်နုများကိုနှုတ်နေရင်း ဘထွေးခေါ်လိုက်တော့ အိမ်အနောက်ပြေးသွားကာ လက်ဆေးပြီးဘထွေးအနားသို့ပြန်လာ၏။
''ဘာများလဲ အစ်ကိုကြီး''
''ညည်းသားနောက်နှစ်ကောလိပ်ဆက်ထားဦးမလားကျုပ်ပြောဦး''
''ဟာဘထွေး ကျွန်တော်မတက်တော့ဘူးဗျ ရွာမှာပဲ..''
''လူလေးငြိမ်ငြိမ်နေဦး''
အမေကခတ္တာဘက်ကြည့်ကာ လှမ်းပြောသည်မလို့ခတ္တာဘာမှမပြောနိုင်တော့။ အမေဟာခတ္တာအတွက် ကောလိပ်ဆက်ထားဖို့အစီစဥ်ရှိသည့်ပုံပင်။ဒီလိုဆိုရင်တော့မဖြစ်ပါ ကောလိပ်တက်သည့်စရိတ်စားခဘယ်လောက်ကြီးလဲဆိုတာခတ္တာသာ သိသည်။ဒါတောင်ဘာမှမသုံးမဖြုန်းလို့လက်ထဲစုမိဆောင်းမိလာခြင်းဖြစ်သည်။
သူများနည်းတူပိုက်ဆံသုံးရင် လုပ်အားခရော ဦးမျိုးဆက်ထင်ပေးတဲ့ကျောင်းစာရိတ်တောင်လောက်မည်မထင်။
''ကျုပ် ဘွဲ့ရတဲ့ထိကျုပ်သားလေးကိုပညာဆက်သင်စေချင်ရဲ့အစ်ကိုကြီး''
''ဒါဖြင့်လူလေးမင်းသဘောကရော''
''အကုန်အကျအရမ်းများပါတယ်ဗျာ ဘထွေးလဲသိမှာပါ''
ဘထွေးခေါင်းခါလျက် ဘေးတွင်ထိုင်နေသည့်ခတ္တာလက်အားခပ်ဖွဖွ ပုတ်သည်။
''ဒါ့တွက်ကျုပ်စဥ်းစားပြီးမှကျုပ်ပြောတာ''
ခတ္တာတွေဝေသွားပြီး အမေရောခတ္တာရော ဘထွေးတစ်ခုခုပြောလာမည်ကိုသေချာနားထောင်နေကြ၏။
''ကျုပ်မိတ်ဆွေရဲ့ အိမ်တစ်လုံးမြို့စွန်နားမယ်ရှိပါရဲ့ အဲ့ဒီမှာအစောင့်လိုတယ်ပြောလို့ မြို့စွန်ဆိုပေတိ ရပ်ကွက်လဲရှိရဲ့အနီးနားလူနေအိမ်ခြေလဲရှိရဲ့ အဲ့ဒီမှာသွားနေချင်သလား လူလေးတစ်ယောက်ထဲတော့နေရလိမ့်မယ်''
ခတ္တာမျက်ဝန်းလေးများဝိုင်းဝန်းသွားသလိုဝမ်းသာသွားသည်။
''ဘယ်လောက်ရမှာလဲဘထွေး''
''အင်း...အရင်လုပ်သွားတဲ့သူကတော့ ၁၀၀ကျပ်လောက်ရရဲ့''
ခတ္တာ နှုတ်ခမ်းကိုလျှာသပ်လိုက်သည်။ဒီလောက်လစာကောင်းသည့်အလုပ်အားခတ္တာမလုပ်ပါကနောင်တရမည်။ အမေကလည်းကျောင်းတက်စေချင်သည် ပြီးတော့ခတ္တာကလဲ အစ်မနဲ့အမေတို့အတွက်ရွှေလုပ်ပေးချင်သည်မလို့ငွေစုရမည်ဖြစ်သည်။ရွာမှာသာနေနေရရင်ခတ္တာအမေတို့ကြောင့်ဘာအလုပ်မှလုပ်မှာမဟုတ်သလိုငွေလဲစုလို့ရမည်မဟုတ် ထိုင်ပဲစားနေရမှာအသေချာပင်။
''များများစားစားမရှိ ခြံသန့်ရှင်းရေး အိမ်အတွင်းသန့်ရှင်းရေးဒါပဲပေါ့ စားစရာအပြည့်အစုံရှိ
တစ်ယောက်ထဲသီးသန့်နေရမှာဆိုတော့လူလေးတွက်အဆင်ပြေရဲ့''
''ကျွန်တော်လုပ်ပါ့မယ်ဘထွေး...ဒါနဲ့အဲ့အိမ်မှာသရဲတော့မရှိပါဘူးနော်''
''ဘယ်နှယ့်...''
ခတ္တာတလောကရွာဘုန်းကြီးကျောင်းဆွမ်းချိုင့်ပို့တဲ့နေ့ကစလို့ မမြင်အပ်မြင်အပ်သောအရာတွေကိုယုံကြည်လာပြီးကြောက်လဲကြောက်လာ၏။ကျောင်းထဲတွင်တော့အစောင့်ပေါင်းများစွာရှိသည်ဟုပြောကြသည်မလို့ကျောင်းထိုင်ဆရာတော်နှင့်ထပ်စကားပြောချင်သော်လည်းမသွားရဲတော့။
''မိညိုညည်းသဘောကရော''
ခတ္တာ အမေ့ဘက်ကိုအလျင်အမြန်လှည့်ကြည့်လိုက်၏။ အမေကတားမည်ထင်ခဲ့သော်လည်း အမေဟာခတ္တာအားကြည့်လျက်။
''ဒီကောင်လေးဟာကျုပ်တို့ထပ်အသိဉာဏ်ရှိရဲ့ကျုပ်သဘောဟာသူ့သဘော''
ခတ္တာပျော်သွားသည်မလို့ သွားတက်လေးတွေပေါ်သည်ထိအမေ့အားပြုံးပြလိုက်တော့ အမေကခတ္တာအားပုခုံးကိုခပ်ဆတ်ဆတ်လေးရိုက်လိုက်ပြီး။
''တော်လေး ကျေနပ်ရင်ပြီးတာပါပဲ''
''ကဲ ဒါဖြင့်အထုပ်ပြင်ထားချေတော့လူလေး အဘတို့ဒီရက်ထဲမယ်သွားကြတာပေါ့''
''ဟုတ်ကဲ့ဘထွေး''
ခတ္တာခေါင်းငြိမ့်လိုက်သည်။ မြို့စွန်ဆိုတော့မြို့နားခဏခဏသွားလည်ပြီး မေရီနှင့်ဝင်းကိုအားသွားသွားတွေ့လို့ရသလို ပိုက်ဆံလဲရ ဝမ်းလဲဝမလို့ ပျော်ရွှင်စွာနှင့်စိတ်ပင်လှုပ်ရှားနေမိသည်။
Zaw Gyi
(၁လ ခန့္ၾကာေသာ အခါ)
ဘေထြး ႐ြာျပန္လာမွာျဖစ္ေသာေၾကာင့္ခတၱာေပ်ာ္ေနမိသည္။ ဦးမ်ိဳးဆက္ထင္သတင္းေတြေရာ အရီးစုံတို႔ေအးျမတို႔ယွဥ္ယွဥ္တို႔အေၾကာင္းေတြကိုခတၱာသိခ်င္သည္မလို႔တေမွ်ာ္ေမွ်ာ္ျဖစ္ေနရသည္။လြန္ခဲ့တဲ့ရက္ပိုင္းကေမရီေပးတဲ့စာ အိမ္ကလူေတြေပးတဲ့စာရယ္ လူႀကဳံႏွင့္ခတၱာရခဲ့သည္။
ေမရီဟာသီတင္းကြၽတ္အခါက် ခတၱာအားၿမိဳ႕သို႔အလည္လာရန္ေခၚၿပီး ဝင္းကိုႏွင့္ေတြ႕ေၾကာင္း ဝင္းကိုဟာသူ႕အေဖရဲ႕စက္႐ုံတြင္အလုပ္ဝင္လုပ္ေန၍ လိမၼာေနေၾကာင္းေျပာထားေတာ့ ခတၱာဝမ္းသာရသည္။ဦးမ်ိဳးဆက္ထင္ရဲ႕ဒဏ္ရာ ဟာလည္းအေတာ္ေလးသက္သာေနၿပီျဖစ္ေၾကာင္းလဲေျပာေသးသည္။ ယဥ္ယဥ္ကေတာ့ခတၱာအေပၚအျပစ္လုပ္ထား၍ေတာင္းပန္သည့္ေၾကာင္းႏွင့္ ဦးမ်ိဳးဆက္ထင္ကယဥ္ယဥ့္အားသတိသာေပးခဲ့ၿပီး အလုပ္မထုတ္ခဲ့ပါဘူးတဲ့။
ခတၱာယဥ္ယဥ့္အားနားလည္ပါသည္။အဲ့ဒီအခ်ိန္တုန္းက သူ႕အေမေနမေကာင္းလို႔႐ြာကိုေငြထပ္ပို႔ခ်င္တယ္ေျပာလို႔ခတၱာေတာင္ စုထားတဲ့ထဲကနည္းနည္းေပးခဲ့ေသးသည္။ သို႔ေပမယ့္ ေရဆာေနတဲ့လူကို ဘာေရပဲျဖစ္ျဖစ္လာတိုက္တဲ့အခါမစဥ္းစားမိပဲေသာက္မိတာဟာျဖစ္ေလ့ျဖစ္ထရွိတဲ့အရာပါပဲ။ယဥ္ယဥ္ဟာရိုးသားတဲ့ကေလးမေလးပီပီသူ႕အမွားကိုၾကာၾကာမဖုံးနိုင္ပဲဖြင့္ေျပာတာကိုပဲ သူ႕အတြက္ခတၱာဂုဏ္ယူရသည္။
ေအာ္...ေက်ာ္ေက်ာ္နဲ႕ေအးျမဟာလည္းခ်စ္ႀကိဳက္ေနၿပီျဖစ္ၿပီး ဝါကြၽတ္လွ်င္႐ြာတြင္မဂၤလာျပန္ေဆာင္ၾကမည္တဲ့။
ခတၱာပ်ိဳးခဲ့သည့္ပန္း႐ုံေလးဟာလည္းထပ္ခ်ဲ့လိုက္ၿပီျဖစ္ၿပီး ဦးမ်ိဳးဆက္ထင္ကိုယ္တိုင္အပင္ေတြကိုဂ႐ုစိုက္ေနသည့္အေၾကာင္းရယ္ ထပ္ပ်ိဳးထားတဲ့ ႏွင္းဆီပန္းေတြအားလုံးဟာ အျဖဴေရာင္ေတြပဲျဖစ္၍ လွမ္းၾကည့္လိုက္တာနဲ႕လွလြန္းေသာေၾကာင့္ေမရီတစ္ပြင့္ေလာက္ခိုးခူးတာ မိသြားလို႔ဦးမ်ိဳးဆက္ထင္ ရဲ႕အဆူခံရၿပီးအိမ္ျပန္ပို႔ခံရေၾကာင္းလဲေရးထားသည္။ဘယ္ေလာက္တြန့္တိုတဲ့လူႀကီးပါလဲ။
ေမရီေရးထားတဲ့စာဟာ ၃မ်က္ႏွာေတာင္ျဖစ္ၿပီးအိမ္ရွိလူေနမွာတဲ့စကားမ်ား သူတို႔အေၾကာင္းမ်ားႏွင့္သတိရေၾကာင္းမ်ားပါပါေသာ္လည္း ထိုလူေတြထဲတြင္ဦးမ်ိဳးဆက္ထင္ေတာ့မပါခဲ့။ဟုတ္ပါရဲ႕ ဘယ္လိုမ်ားသတိရပါမလဲ ခတၱာဟာအဲ့ေလာက္ႀကီးအေရးပါေနတဲ့သူမွမဟုတ္တာ သူကလဲသူ႕အလုပ္ေတြႏွင့္သူကို။ေနေကာင္းက်န္းမာေၾကာင္းသိရတဲ့အခါခတၱာေပ်ာ္ရပါသည္။ ဒီ၁လအတြင္းအားလုံးဟာေျပာင္းလဲေနျခင္းပင္။
ေရမိုးခ်ိဳးၿပီးသည့္ေနာက္ ခတၱာေရလဲပုဆိုးသာဝတ္ထားၿပီးေရေလွ်ာ္ထားသည့္ပုဆိုးအသစ္ကိုလွမ္းထားတဲ့ေနရာကေန႐ုတ္လိုက္သည္။အစ္မတို႔ဟာအဝတ္ေနျပသည့္အခါေျမျပင္ေပၚမွာပဲေနလွန္းေလ့ရွိတာေၾကာင့္ ေလွ်ာ္တဲ့အဝတ္ေတြကျပန္ညစ္ပတ္သည့္အတြက္ ခတၱာအုန္းဆံႀကိဳးကိုအသုံးျပဳကာ အိမ္တိုင္ႏွင့္ သရက္ပင္ကို တြဲ၍အဝတ္တန္းႏွစ္ခုလုပ္ထားတာကို အိမ္လာလည္တဲ့သူမ်ားကသေဘာက်ၿပီးသူတို႔အားလုပ္ေပးရန္ေျပာသည့္အခါ ခတၱာမွာတစ္အိမ္တက္ဆင္းႀကိဳးလိုက္တန္းေပးရေသးသည္။
''အေမ ခုခ်ိန္သြားရင္ရၿပီလား''
''ေအ့ထြက္ေတာ့ ဇက္ေလွကဒီခ်ိန္ဆိုက္တာ လမ္းမယ္မင့္အစ္မႏွစ္ေယာက္ေတြ႕ရင္မိပုဆီအေႂကြးေတာင္းခဲ့ေခ်လိဳ႕ေနာ့္''
''ေျပာလိုက္မယ္အေမ''
ခတၱာ အဝတ္စားလဲၿပီးအိမ္ကထြက္လာခဲ့သည္။ ေခါင္းမဖီးရသလိုမ်က္ႏွာလဲဘာမွမလိမ္းရ ခတၱာရဲ႕skin ကၾကည္လင္ၿပီးသဘာဝအတိုင္းေျပာင္ေခ်ာေနသည္။ ေခါင္းလဲမဖီးပါ ဆီႏွင့္ေတာင္ေထာင္မရပဲ ေပ်ာ့စင္းေနသည့္ဆံပင္ဟာ လက္ႏွင့္ရွင္းလိုက္ရ႐ုံႏွင့္အဆင္ေျပသည္မလို႔ ခတၱာအျပင္သြားလဲဒီပုံ အိမ္ထဲေနလဲဒီပုံသို႔ေပမယ့္ဘယ္လိုေနေနေခ်ာေနသည္ကအမွန္တရားပင္။ေတာ္ေတာ္ကုသိုလ္ေကာင္းတဲ့ေကာင္ပါေလ။
ခတၱာ ႐ြာလမ္းမႀကီးတစ္ေလွ်ာက္လာခဲ့သည္။မိုးေတာ့အုပ္ေနေပမယ့္ ညကအသည္းသန္း႐ြာထားတာေၾကာင့္ထပ္ေတာ့မ႐ြာေလာက္ တစ္ခုေတာ္ေသးတာကအိမ္ဟာထရံေတြဓနိေတြလဲၿပီးျပင္လိုက္လို႔မဟုတ္ရင္မ်ားမိုးေရထဲအိပ္ရမည့္အျဖစ္။
ေနာက္ပိုင္းခတၱာတို႔စီးပြားေရးေကာင္းလာသည္။အေမစုထားတဲ့ေငြအားလုံးကို ေခါင္းရင္းအိမ္ကဗိုက္နာလို႔ေရာင္းတဲ့လယ္ကိုဝယ္ခိုင္းလိုက္ၿပီးထိုလယ္တြင္အမႏွစ္ေယာက္ဟာလယ္ဆင္းအလုပ္လုပ္သည္ ေနာက္ထပ္၄ေယာက္ကိုက် ေန႕စားနဲ႕ငွားထားသည္။ ၿပီးေတာ့က်န္တဲ့ေငြကိုအေမ့အားေငြတိုးေခ်းစားခိုင္းသည္အတိုးကပိစိေပါ့။ ခတၱာအိမ္စီးပြားေရးအတြက္အားလုံးစီမံၿပီးေျမကြက္တစ္ကြက္မွာပန္းပင္စိုက္ဖို႔ေတာ့စဥ္းစားထားၿပီးအခုမွပိုက္ဆံစစုတုန္း။
အေမနဲ႕အမတြက္ ေ႐ႊလုပ္ေပးမည္ဟုစဥ္းစားထားပါသည္။သို႔ေသာ္အလုပ္ကလဲလယ္ထဲဆင္းတာကလြဲမရွိ အေမတို႔ကလဲ လယ္ထဲသိပ္မဆင္းခိုင္း ဆင္းတာနဲ႕ေျခေထာက္ရိုက္ခ်ိဳးမည္ဆိုလို႔ မလြန္ဆန္နိုင္။
''ခတၱာေလး...''
သြားေနတဲ့လမ္းေရွ႕လူတစ္ေယာက္ပိတ္ရပ္လာသည္မလို႔ ခတၱာေမာ့ၾကည့္လိုက္ေတာ့။
''ခဗ်ား...''
ခတၱာရဲ႕မ်က္ခုံးေတြစုက်ဳံ႕သြားသည္။ ႐ြာျပန္ေရာက္ၿပီးေနာက္ပိုင္းဒီလူ႕ကိုခတၱာမေတြ႕ ..ဘာလို႔အခုမွေပၚလာရသလဲမသိ။
ဆရာထြန္းနိုင္ရဲ႕႐ုပ္ဟာအရင္တုန္းကထပ္အိုစာလ်က္ရွိၿပီးသူ႕ထပ္အသက္ႏွစ္ျပန္ေလာက္ႀကီးသည့္ဦးမ်ိဳးဆက္ထင္ရဲ႕ေျခဖ်ားေတာင္မမွီ။ မ်က္လုံးေတြဟာညိုးငယ္ေနၿပီး ခတၱာအားၾကည့္လာသည့္အၾကည့္ေတြကိုကစိတ္ရႈပ္ဖို႔ေကာင္းသည့္အသြင္ပါပဲ။
''ေကာလိပ္ေက်ာင္းသားေတာင္ျဖစ္ပါေရာလား''
ဒီပေရာပရီအသံကဘာအသံပါလိမ့္ ။ ၿပီးေနာက္ ခတၱာေခါင္းေပၚက်ေရာက္လာေတာ့မည့္လက္ေတြကို အားခတၱာရိုက္ထုတ္ပစ္လိုက္သည္။
''ခဗ်ားေရွ႕ကျမင္ေနရတဲ့ခတၱာဟာအရင္တုန္းကေပ်ာ့တိေပ်ာ့ဖက္ခတၱာမဟုတ္ဘူး အသက္နဲ႕ခႏၶာ အိုးစားမကြဲခ်င္ ဒီဝဋ္ေႂကြးႀကီးတဲ့ေကာင္နားကေနခပ္ခြာခြာေန''
ခတၱာထိုသို႔ေျပာလိုက္သည့္အခါ ဆရာထြန္းနိုင္ကအံ့ၾသသြားသည္။ ထြက္သြားရန္ျပင္လိုက္သည့္ခတၱာရဲ႕လက္ေမာင္းအားဆြဲလိုက္သည့္အခါ ခတၱာထပ္၍ ခပ္ျပင္းျပင္းဖယ္ခ်လိဳက္သည္။
''ဆရာ... မိန္းမနဲ႕ကြဲသြားပါၿပီ ခတၱာ''
ခတၱာေဒါသထြက္လြန္းလို႔ လက္သီးကိုတင္းၾကပ္ေအာင္ဆုပ္ကိုင္ထားၿပီးမထိုးမိေအာင္မနည္းပင္ထိန္းထားရသည္။အခု ဒီလူဟာ ခတၱာ ကို ဘယ္လိုေကာင္စားလို႔လာထင္လိုက္တာလဲ။
''အဲ့တာကခဗ်ားကိစၥေလ''
ထိုအခါ ထြန္းနိုင္ဟာၿပဳံးလ်က္ ခတၱာအားၾကည့္လာၿပီး။
''မင္း...သိပ္ေျပာင္းလဲသြားတယ္ ခတၱာ''
''ဟုတ္တယ္အခုကြၽန္ေတာ့္မွာခဗ်ားကိုပတ္သက္ခ်င္စိတ္ကိုမရွိေတာ့တာမလို႔ႀကိဳေျပာလိုက္မယ္ ကြၽန္ေတာ္နဲ႕ခပ္ေဝးေဝးေနလမ္းမွာေတြ႕ရင္ေတာင္မေခၚနဲ႕ ရွင္းလား''
ခတၱာ ထိုလူအားလက္ညိုးေငါက္ေငါက္ထိုး၍ေျပာခဲ့ၿပီးထြက္လာလိုက္သည္။တေန႕တာဟာ ေန႕တပိုင္းမကုန္ခင္က်က္သေရအျဖာျဖာတုန္းသြားခဲ့ၿပီျဖစ္သည္။ဒီလိုလူကိုခ်စ္ႀကိဳက္ခဲ့သည့္ခတၱာအားနားမလည္နိုင္ျဖစ္ရသည္။ဒီလိုလူမ်ိဳးသိရက္နဲ႕နီးနီးကပ္ကပ္ေနခဲ့ျခင္းအသားယူခဲ့ျခင္းေတြဟာ ႏွာဗူးထျခင္းသာျဖစ္မည္။ ဒါကိုေမတၱာလို႔ေခါင္းစဥ္တပ္ထားသည့္အခါ ခတၱာ အရမ္းပင္႐ြံရွာလြန္း၏။
႐ြာထဲကလူေတြအထင္ေသးအျမင္ေသးတဲ့မ်က္လုံးေတြကိုခတၱာဖယ္ရွားခဲ့ၿပီးျဖစ္သည္။ပိုက္ဆံေလးနည္းနည္းရွိလာတာႏွင့္ ေအာ္တို ကပ္ဖားရပ္ဖားလုပ္လာၾကသည္ျဖစ္ၿပီး အတင္းအဖ်င္းလဲမေျပာၾကေတာ့။အခုမွလာၿပီးဒီလူနဲ႕ေမးထူးေခၚေျပာလုပ္ရရင္ထပ္ၿပီး ပတ္ဝန္းက်င္ကအျမင္ေစာင္းဦးမည္ျဖစ္ေသာေၾကာင့္ ဒီလူ႕အားခတၱာလုံးဝေရွာင္ရမည္ျဖစ္သည္။
ခတၱာျပန္ကိုလွည့္မၾကည့္ပါပဲ ဇက္ေလွဆိုက္မည့္တဖက္ကမ္းသို႔ျမန္ျမန္ေလးေလွ်ာက္လာလိုက္သည္။ ၁၀မိနစ္ေလာက္လမ္းေလွ်ာက္ရၿပီး မိုးအုံ႕ေနေသာေၾကာင့္ေလတျဖဴးျဖဴးတိုက္ခတ္သည္မလို႔ ေမာေသာ္လည္းေခြၽးေတာ့မထြက္။
ကမ္းနားေရာက္ေတာ့ ဇက္ေလွကခတၱာေရာက္မွကမ္းကပ္တာမလို႔ ရင္ေအးသြားရသည္။ မဟုတ္လွ်င္ဘေထြးခတၱာကိုေစာင့္ေနရဦးမည္။ ဇက္ေပၚက ဘေထြးဆင္းလာသည့္အခါ ခတၱာသြားတက္ေလးေတြေပၚသည္အထိၿပဳံးၿပီး အလ်င္အျမန္ပင္ ဘေထြးဆီသြားလိုက္ၿပီးဘေထြးလက္ထဲကအထုပ္ေတြသယ္ေပးလိုက္သည္။
''လူေလး တယ္ေခ်ာေမာလာတာပါလား''
''ဘေထြးကလဲဗ်ာလုပ္ၿပီ..ကြၽန္ေတာ္က ဘယ္ခ်ိန္ၾကည့္ၾကည့္ေခ်ာပါတယ္ခုမွမဟုတ္ဘူး''
''ဟားဟား မင္းကေတာ့ေလ''
ဘေထြးက ေလွဆိပ္ကေန ကမ္းေပၚတက္ေတာ့ ဇက္ေပၚလွည့္တၾကည္ၾကည့္ႏွင့္မလို႔ ခတၱာ ပင္လွမ္းၾကည့္မိသည္။
''ဘေထြးဘာေတြၾကည့္ေနတာလဲဗ် တခုခုက်န္ခဲ့တာလားကြၽန္ေတာ္သြားယူ...''
''ေဟ မ..မက်န္ဘူး လာလာသြားရေအာင္''
ခတၱာဘာမွဆက္မေျပာေတာ့ပဲ ေရွ႕ကသြားေနတဲ့ဘေထြးေနာက္သို႔ အထုပ္အပိုးမ်ားကိုင္ကာေျပးလိုက္သြားလိုက္သည္။
(ခတၱာအျဖစ္ျပန္လည္ေမြးဖြားျခင္း)
''အိမ္ျပန္ျပင္ထားတာပဲ ေကာင္းပါ့ကြာ''
ခတၱာ ကြပ္ျပစ္ေပၚထိုင္ေနသည့္ဘေထြးေရွ႕သို႔ ေရႏြေးႏွင့္ပဲေလွာ္ခ်ေပးသည္။ဘေထြးေရာက္တဲ့ေန႕ကတည္းကအခုထိခတၱာခ်ီးမႊမ္းခံဖြင့္၍မၿပီးသည္မလို႔ ခတၱာေနရခက္လာသည္။တကယ္ဆိုခတၱာဘာမွမလုပ္လဲမယ္မယ္ရရမလုပ္ရေသးပါ။
''လူေလး က်ဳပ္ေျပာစရာရွိရဲ႕ ေဟ့မိညိုနင္လည္းလာေခ်ဦး''
အေမက ေပါက္ေနသည့္ျမက္ႏုမ်ားကိုႏႈတ္ေနရင္း ဘေထြးေခၚလိုက္ေတာ့ အိမ္အေနာက္ေျပးသြားကာ လက္ေဆးၿပီးဘေထြးအနားသို႔ျပန္လာ၏။
''ဘာမ်ားလဲ အစ္ကိုႀကီး''
''ညည္းသားေနာက္ႏွစ္ေကာလိပ္ဆက္ထားဦးမလားက်ဳပ္ေျပာဦး''
''ဟာဘေထြး ကြၽန္ေတာ္မတက္ေတာ့ဘူးဗ် ႐ြာမွာပဲ..''
''လူေလးၿငိမ္ၿငိမ္ေနဦး''
အေမကခတၱာဘက္ၾကည့္ကာ လွမ္းေျပာသည္မလို႔ခတၱာဘာမွမေျပာနိုင္ေတာ့။ အေမဟာခတၱာအတြက္ ေကာလိပ္ဆက္ထားဖို႔အစီစဥ္ရွိသည့္ပုံပင္။ဒီလိုဆိုရင္ေတာ့မျဖစ္ပါ ေကာလိပ္တက္သည့္စရိတ္စားခဘယ္ေလာက္ႀကီးလဲဆိုတာခတၱာသာ သိသည္။ဒါေတာင္ဘာမွမသုံးမျဖဳန္းလို႔လက္ထဲစုမိေဆာင္းမိလာျခင္းျဖစ္သည္။
သူမ်ားနည္းတူပိုက္ဆံသုံးရင္ လုပ္အားခေရာ ဦးမ်ိဳးဆက္ထင္ေပးတဲ့ေက်ာင္းစာရိတ္ေတာင္ေလာက္မည္မထင္။
''က်ဳပ္ ဘြဲ႕ရတဲ့ထိက်ဳပ္သားေလးကိုပညာဆက္သင္ေစခ်င္ရဲ႕အစ္ကိုႀကီး''
''ဒါျဖင့္လူေလးမင္းသေဘာကေရာ''
''အကုန္အက်အရမ္းမ်ားပါတယ္ဗ်ာ ဘေထြးလဲသိမွာပါ''
ဘေထြးေခါင္းခါလ်က္ ေဘးတြင္ထိုင္ေနသည့္ခတၱာလက္အားခပ္ဖြဖြ ပုတ္သည္။
''ဒါ့တြက္က်ဳပ္စဥ္းစားၿပီးမွက်ဳပ္ေျပာတာ''
ခတၱာေတြေဝသြားၿပီး အေမေရာခတၱာေရာ ဘေထြးတစ္ခုခုေျပာလာမည္ကိုေသခ်ာနားေထာင္ေနၾက၏။
''က်ဳပ္မိတ္ေဆြရဲ႕ အိမ္တစ္လုံးၿမိဳ႕စြန္နားမယ္ရွိပါရဲ႕ အဲ့ဒီမွာအေစာင့္လိုတယ္ေျပာလို႔ ၿမိဳ႕စြန္ဆိုေပတိ ရပ္ကြက္လဲရွိရဲ႕အနီးနားလူေနအိမ္ေျခလဲရွိရဲ႕ အဲ့ဒီမွာသြားေနခ်င္သလား လူေလးတစ္ေယာက္ထဲေတာ့ေနရလိမ့္မယ္''
ခတၱာမ်က္ဝန္းေလးမ်ားဝိုင္းဝန္းသြားသလိုဝမ္းသာသြားသည္။
''ဘယ္ေလာက္ရမွာလဲဘေထြး''
''အင္း...အရင္လုပ္သြားတဲ့သူကေတာ့ ၁၀၀က်ပ္ေလာက္ရရဲ႕''
ခတၱာ ႏႈတ္ခမ္းကိုလွ်ာသပ္လိုက္သည္။ဒီေလာက္လစာေကာင္းသည့္အလုပ္အားခတၱာမလုပ္ပါကေနာင္တရမည္။ အေမကလည္းေက်ာင္းတက္ေစခ်င္သည္ ၿပီးေတာ့ခတၱာကလဲ အစ္မနဲ႕အေမတို႔အတြက္ေ႐ႊလုပ္ေပးခ်င္သည္မလို႔ေငြစုရမည္ျဖစ္သည္။႐ြာမွာသာေနေနရရင္ခတၱာအေမတို႔ေၾကာင့္ဘာအလုပ္မွလုပ္မွာမဟုတ္သလိုေငြလဲစုလို႔ရမည္မဟုတ္ ထိုင္ပဲစားေနရမွာအေသခ်ာပင္။
''မ်ားမ်ားစားစားမရွိ ၿခံသန့္ရွင္းေရး အိမ္အတြင္းသန့္ရွင္းေရးဒါပဲေပါ့ စားစရာအျပည့္အစုံရွိ
တစ္ေယာက္ထဲသီးသန့္ေနရမွာဆိုေတာ့လူေလးတြက္အဆင္ေျပရဲ႕''
''ကြၽန္ေတာ္လုပ္ပါ့မယ္ဘေထြး...ဒါနဲ႕အဲ့အိမ္မွာသရဲေတာ့မရွိပါဘူးေနာ္''
''ဘယ္ႏွယ့္...''
ခတၱာတေလာက႐ြာဘုန္းႀကီးေက်ာင္းဆြမ္းခ်ိဳင့္ပို႔တဲ့ေန႕ကစလို႔ မျမင္အပ္ျမင္အပ္ေသာအရာေတြကိုယုံၾကည္လာၿပီးေၾကာက္လဲေၾကာက္လာ၏။ေက်ာင္းထဲတြင္ေတာ့အေစာင့္ေပါင္းမ်ားစြာရွိသည္ဟုေျပာၾကသည္မလို႔ေက်ာင္းထိုင္ဆရာေတာ္ႏွင့္ထပ္စကားေျပာခ်င္ေသာ္လည္းမသြားရဲေတာ့။
''မိညိုညည္းသေဘာကေရာ''
ခတၱာ အေမ့ဘက္ကိုအလ်င္အျမန္လွည့္ၾကည့္လိုက္၏။ အေမကတားမည္ထင္ခဲ့ေသာ္လည္း အေမဟာခတၱာအားၾကည့္လ်က္။
''ဒီေကာင္ေလးဟာက်ဳပ္တို႔ထပ္အသိဉာဏ္ရွိရဲ႕က်ဳပ္သေဘာဟာသူ႕သေဘာ''
ခတၱာေပ်ာ္သြားသည္မလို႔ သြားတက္ေလးေတြေပၚသည္ထိအေမ့အားၿပဳံးျပလိုက္ေတာ့ အေမကခတၱာအားပုခုံးကိုခပ္ဆတ္ဆတ္ေလးရိုက္လိုက္ၿပီး။
''ေတာ္ေလး ေက်နပ္ရင္ၿပီးတာပါပဲ''
''ကဲ ဒါျဖင့္အထုပ္ျပင္ထားေခ်ေတာ့လူေလး အဘတို႔ဒီရက္ထဲမယ္သြားၾကတာေပါ့''
''ဟုတ္ကဲ့ဘေထြး''
ခတၱာေခါင္းၿငိမ့္လိုက္သည္။ ၿမိဳ႕စြန္ဆိုေတာ့ၿမိဳ႕နားခဏခဏသြားလည္ၿပီး ေမရီႏွင့္ဝင္းကိုအားသြားသြားေတြ႕လို႔ရသလို ပိုက္ဆံလဲရ ဝမ္းလဲဝမလို႔ ေပ်ာ္႐ႊင္စြာႏွင့္စိတ္ပင္လႈပ္ရွားေနမိသည္။