Rebirth As Khattar (ခတ္တာအဖြစ...

By KeeLowie

569K 40.4K 1.4K

နေညိုသွေးဆိုတဲ့ကောင်လေးတစ်​ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့်... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
note*
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၄၀
🚨
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
Hello!
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၄
အပိုင်း ၆၅
အပိုင်း ၆၆
အပိုင်း ၆၇
အပိုင်း ၆၈
အပိုင်း ၆၉
အပိုင်း ၇၀
ကျေးဇူးတင်လွှာ

အပိုင်း ၃၉

7K 529 34
By KeeLowie

''ဟင်း...ဒီလိုစိတ်ရှိမယ်မှန်းရိပ်မိခဲ့ပါရဲ့ ဒါကြောင့်အကို့ကိုရောအကိုညီမကိုပါ ဒီကောင်လေးကပ်နေတာကိုး''

''မင်းပါးစပ်ကိုပိတ်ထားလိုက်စမ်းပါ ထားထားခင်''

ဆက်ထင် စိတ်ရှုပ်စွာခပ်ကျယ်ကျယ်အော်လိုက်မိတာကြောင့်ထားထားခင်ရော အနားကလူတွေပါလန့်သွားကြသည်။

''အကို ထားက နစ်နာသူပါနော် ဘာကြောင့်ထားကိုဒေါသထွက်နေရသလဲ''

''အေး မင်းသိအောင်ပြောချင်ရဲ့ ငါအမျိုးမျိုးစမ်းသပ်ထားတဲ့ကလေးပဲ တန်ဖိုးကြီးတဲ့အရာကိုသူကောက်ရခဲ့တာတောင်ငါ့ထံပြန်လာအပ်တဲ့အထိရိုးသားတယ် ''

ထိုအခါထားထားခင်ရဲ့မျက်နှာဟာပျက်ယွင်းသွားသည်။ ပြီးနောက်ခြံအတွင်းမှရှိသမျှလူအားလုံးဘက်သို့ဆက်ထင်လှည့်လိုက်သည်။

''ဘယ်သူပူးပေါင်းပေးသလဲ အမှားဆိုတာကျူးလွန်ပြီးရင်ရဲရဲဝင့်ဝင့်ဝန်ခံရတတ်ရတယ် ကိုယ့်ကြောင့်မဆိုင်တဲ့ဘေးလူတွေပါဒုက္ခရောက်ခဲ့ရင်ကျုပ်အဆိုးမဆိုနဲ့''

အားလုံးဟာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက်ငြိမ်သက်နေကြသည်။

''အကိုရယ် ထားအမှန်တိုင်းပြော...''

''အီးဟီး...''

ငိုသံတစ်သံဟာ ကျယ်လောင်စွာထွက်ပေါ်လာသည်။ဆက်ထင် အပါအဝင် အားလုံးဟာ ငိုနေသည့်ကလေးမထံသို့အကြည့်များရောက်လာကြသည်။ထို့နောက်ယဥ်ယဥ်ဆိုတဲ့ကလေးမဟာ မြေပြင်ပေါ်ဒူးထောက်လျက်။

''ခွင့်လွှတ်ပါသူဌေးကြီးရယ် ယဥ်ယဥ်ငွေမက်မိတာနဲ့မမလေးထားထားခင်ပြောသလို လုပ်လိုက်မိရဲ့ ငွေကျပ်၂၀နဲ့ ကိုအတာကိုဒီလိုဇာတ်သွင်းမိပါရဲ့အီးဟီး''

အားလုံးဟာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက် အံ့သြကုန်ကြသည်။ဆက်ထင် ဘေးမှာရှိတဲ့ထားထားခင်ဟာလဲ သွေးပျက်နေပြီဖြစ်သည်။

''ယဥ်ယဥ် နင်..နင်ဟာ နင့်အပေါ်ကိုအတာဒီလောက်သံယောဇဥ်ရှိပြီးအရာရာဂရုစိုက်ပေးကောင်းပေးတာကိုနင်မလို့ဒီလိုလုပ်ရက်တယ်''

''သိပ်မိုက်တာပဲယဥ်ယဥ်ရယ်''

ခြံတွင်းမှလူတွေဟာထိုကလေးမအားဝိုင်းပြောနေကြသည်။ဆက်ထင်စိတ်ပျက်လွန်း၍ ဘာမှပြောစရာပင်မရှိတော့ ဒီရက်ပိုင်း ဆက်ထင်ကပဲကံဆိုးမိုးမှောင်ကျနေသည်လားခတ္တာကပဲကံဆိုးမိုးမှောင်ကျနေသည်လား မပြောတတ်သည်အထိ။

''မောင်ရင် ခတ္တာအနောက်လိုက်သွားစမ်းပါ''

ဆက်ထင် ကျော်ကျော်ဆိုသည့်ကောင်လေးအား ပြောလိုက်တော့ ကျော်ကျော်ဟာ ခြံထဲသို့ပြေးထွက်သွားသည်။

''မထားခင် ရှင်ဘာရည်ရွယ်ချက်နဲ့ခတ္တာအပေါ်လုပ်သလဲ မဟုတ်မမှန်စွပ်စွဲတဲ့အပြင် ရှင်က ကလေးကိုကိုယ်ထိလက်ရောက်ပါစော်ကားလိုက်သေးရဲ့''

ဆက်ထင်မေရီစကားကြောင့် ရင်ထဲလှိုင်းတစ်ခုဖြတ်ပြေးသွားသည်။ထို့နောက်မေရီ့ဘက်ကိုလှည့်ကြည့်ကာ။

''ကိုယ်ထိလက်ရောက်ဟုတ်သလားဟမ်''

''ပါးရိုက်လိုက်ရဲ့ကိုကိုကြီးရယ်''

ဆက်ထင်ဒေါသတို့ဟာငယ်ထိပ်တက်ဆောင့်သည်။ကိုယ့်စိတ်ကိုယ်မထိန်းလိုက်နိုင် မျက်လုံးထဲဘာမှမမြင်တော့သည့်အထိ ပူထူသွား၍အလျင်အမြန်ပင်ထားထားခင်ဘက်လှည့်လိုက်ပြီးနောက်...။

ဖြောင်း!

လက်တဖက်ဟာ ထားထားခင်ရဲ့ဘယ်ဘက်ပါးပေါ်သို့ကျရောက်သွားသည်။ညာလက်ကဒဏ်ရာကြောင့်ဘယ်ဘက်လက်ကိုအသုံးပြုလိုက်သော်လည်းယောကျာ်းသားအားနှင့်ရိုက်လိုက်သောအခါ ထားထားခင်ဟာမြေပြင်ပေါ်သို့လဲကျသွားသည်။

''ကိုကိုကြီး!''

''သူဌေးမင်း စိတ်လျော့ပါ ရှုပ်ကုန်ပါမယ်လေ''

ဆက်ထင်လက်တစ်ဖက်စီကိုလာထိန်းကြသည်မလို့ ဆက်ထင် လက်တွေကိုရုန်းထွက်လိုက်၏။

''အကို...ဘယ်လိုများ ထားကို''

''ကောင်းသလား ဟမ်!''

မြေပြင်ပေါ်လဲကျနေသည့်ထားထားခင်အား ကလေးမတစ်ယောက်ဟာထူပေးမည်အပြုတွင်။

''ဒီမိန်းမကိုထူပေးစရာဘာအကြောင်းမှမရှိဘူး...ဒီမယ်ထားထားခင် မင်းက ဘာတန်ဖိုးမှမရှိတဲ့နားကပ်ကြောင့်ရာရာစစ ထိခွင့်မရှိတဲ့သူကို ထိလိုက်တာပဲ''

''ရှင်သိပ်ရက်စက်တာပဲကိုမျိုးဆက်ထင်''

''ငါ့ကိုဒီလိုပြောပိုင်ခွင့်မင်းမှာမရှိဘူး''

ဆက်ထင် နားထင်သွေးကြောများထောင်လာသည်အထိ ပေါက်ကွဲလာသည်မလို့ အားလုံးဟာအနောက်ကိုဆုတ်သွားကြသည်။

''ဒီအိမ်ပေါ် မင်းဘာအကြောင်းကြောင့်ရောက်လာခဲ့လဲ ဆိုတာ မင်းမရောက်ခင်ကတည်းက ငါသိနှင့်ပြီးပြီ အခုထပ်ပြောပြလိုက်မယ် မင်းရဲ့မောင်လောင်းကစားကြွေးကြောင့်မင်းတို့ခြံဝိုင်းတစ်ခုလုံးဆုံးကာနီးဖြစ်နေလို့ငါ့ဆီလာကပ်မှန်းငါသိရဲ့ ထားထားခင်''

နှစ်များစွာကြာကာမှ ဆက်ထင်ဆီပြန်ကပ်လာတဲ့အကြောင်းအရင်း ထားထားခင်ရဲ့ဖခင်ဟာသူ့သမီးအား ဆက်ထင်ရဲ့အိမ်တွင်းသာအတင်းနေစေခဲ့သည့်အကြောင်းအရင်းကိုမသင်္ကါသောကြောင့် ထားထားခင်တို့နေထိုင်ရာမြို့၏အရာရှိမင်းတစ်ယောက်အားတယ်လီဖုန်းနှင့်ဆက်ကာ စုံစမ်းခိုင်းစေခဲ့သည်။ထိုအခါမှအဖြစ်အမှန်အားလုံးကိုသိလိုက်ရသည့်အတွက် ဆက်ထင်များစွာသတိထား၍ နေခဲ့ရသည်။

အိပ်ခန်းရှေ့ထိလာလာနေတဲ့ထိုမိန်းမရဲ့ခြေသံအားဆက်ထင်ညတိုင်းနားစွင့်မိ၏။ ဘယ်အချက်ထောင်ဖမ်းဖို့စဥ်းစားနေလဲဆက်ထင်မသိပေမယ့်ညအိပ်ယာဝင်တိုင်းသတိဝီရိယနှင့်အိပ်စက်ရပြီးမအိပ်ပျော်ခဲ့သည်ကများသည်။

လက်ပူးလက်ကြပ်မိပါက ထောင်ဖမ်း၍ သက်ဆိုင်ရာလက်ထဲတမျိုးလုံးအပ်လိုက်မည်ဟုစဥ်းစားထားသောကြောင့်ယခုချိန်ထိအိမ်ပေါ်ပေါ်ထားထားသော်လည်း ခတ္တာအပေါ်ဒီလိူမျိုးကောက်ကျစ်ခဲ့သည်။

ထားထားခင်ဟာ မျက်ရည်များစွာနှင့်ငိုကြွေးလျက်ခေါင်းခါသည်။ ထို့နောက်မြေပြင်ပေါ်မှထလာပြီး ဆက်ထင်ရဲ့လက်အားဆွဲယူလိုက်သည့်အခါ ဆက်ထင် ရွံရှာစွာနှင့် ခါထုတ်ပစ်လိုက်သည်။ထို့နောက် ထားထားခင်အားကြည့်လိုက်ပြီး။

''ငါဆိုတဲ့ကောင်ဟာ နောက်ကျောခိုင်းထားရင်တောင်စိတ်မချရတဲ့မိန်းမတစ်ယောက်ကို နွားကျခံပြီးပြန်နွယ်ဖို့စိတ်ကူးမရှိဘူးဆိုတာမင်းသိထား''

သက်ပြင်းချလိုက်သည်။ စိတ်ဟာပင်ပန်းလာယောင်ရှိသည်။သူတို့နှစ်ယောက်အကြောင်းတွေဟာ တစ်စတစ်စပြန်ပေါ်လာသည့်အတွက်ဆက်ထင်မျက်ခုံးစပ်ကိုလက်ချောင်းများနှင့်ဖိလိုက်သည်။တကယ်ပဲ စိုင်းသိဒ္ဓိနှင့်ထားထားခင်ဟာ ခတ္တာအားတစ်ယောက်တစ်မျိုးစီးဒုက္ခပေးနေကြသည်ပင်။

''မိန်းမတစ်ယောက်ရဲ့တန်ဖိုးဟာ နှုတ်နဲ့အပြုအမူမှာတည်ပါရဲ့ ထားထားခင် အဲ့ဒီအရာတွေနဲ့သာမင်းကိုတိုင်းတာရရင် မင်းဖိနပ်မယ်ကပ်နေတဲ့သဲမှုန်လောက်တောင် မင်းဟာတန်ဖိုးမရှိတဲ့မိန်းမပဲ''

ထားထားခင်မျက်နှာအား ဆက်ထင်မကြည့်ချင်သည်အထိ မုန်းမိသည်မလို့ မျက်နှာလွှဲထားလိုက်၏။

''ထွက်သွားစမ်းထားထားခင် ငါ့အိမ် ငါရှိတဲ့နေရာမှန်သမျှအရိပ်တောင်ထပ်မနင်းမိစေနဲ့ အထူးသဖြင့် ခတ္တာကိုထပ်ပြီးထိလာခဲ့ရင် ငါဘာကောင်လဲဆိုတာမင်းရော မင်းအဖေဝန်ထောက်ပါသိစေရမယ်လို့ငါကျိန်ပြောရဲတယ် ဒီလောက်နဲ့ပြီးသွားတာမင်းအတွက်ကံကောင်းခြင်းပဲ''

ဆက်ထင် ထိုနေရာမှထွက်လာခဲ့သည်။ခြေလှမ်းတို့အားယိုင်လဲမသွားအောင်ပင်မနည်းထိန်းထားရသည်။ဘယ်လောက်တောင်မုန်းဖို့ကောင်းသည့်မိန်းမပါလဲ။သိက္ခာမရှိ အရှက်တရားမရှိ ပညာတွေသာရှိပြီး အသိဉာဏ်မရှိသည့်ပညာတတ်အောက်တန်းစားဖြစ်နေ၏။

ဆက်ထက်အိမ်ထဲဝင်ခင် ခြံထဲတွင် ဒူးလေးပိုက်လျက်ငိုနေသည့် ခတ္တာအားတွေ့သောကြောင့် သွားရန်ခြေလှမ်းပြင်လိုက်သော်လည်း ဦးနှောက်ကထိန်းချုပ်ထားသည်မလို့ လက်သီးတစ်ဖက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်လိုက်ပြီးနောက် မျက်နှာလွှဲကာ အိမ်ထဲသာဝင်ခဲ့လိုက်သည်။

အပေါ်ထပ်မှစာကြည့်ခန်းအတွင်းဝင်လိုက်သောအခါ ဆေးလိပ်ငွေ့အနံ့များဟာထောင်းခနဲပင်။စားပွဲပေါ်မှ ဆေးလိပ်မီးခွက်ထဲတွင် ရှိနေသည့်ဆေးပေါလိပ်နှင့်စီးကရက်အတိုအဆာများမနည်းမနော။နောက်ထပ်ဆေးပေါလိပ်တစ်လိပ်ကိုယူလိုက်ပြီး မီးညှိ့လိုက်သည်။ တဖွာရှိုက်လိုက်ပြီးသည့်အခါ ဆေးလိပ်အားမီးခွက်ထဲသို့ထည့်လိုက်၏။ ထို့နောက် ခတ္တာပြောသည့်စကားများအားပြန်ကြားမိပြီး နောင်တများစွာရ၏။ ဒီကလေးသာဆက်ထင်အနားရှိနေရင်ထပ်၍ ထပ်၍နာကျင်နေရဦးမည်။စိတ်တွေရှုပ်ထွေးစွာ ဆံပင်တွေကြား လက်ချောင်းများထိုးထည့်လိုက်ပြီး တောက်ခေါက်လိုက်၏။

''ရူးနေပြီပဲ မျိုးဆက်ထင်''။

(ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)

ဆက်ထင်ပန်းရုံထဲတွင် ပွင့်နေသောပန်းများကိုကြည့်နေမိသည်။အဖြူရောင်ပန်းလေးဟာ လန်းလန်းဆန်းဆန်းရှိနေဆဲပင်။တလောက ထားထားခင် ဟာ ဒီနှင်းဆီအဖြူလေးအားခူးဖို့လုပ်နေတဲ့အချိန်ဆက်ထင်တွေ့သွား၍ အမြန်ပင်တားခဲ့ရ၏။ အဖြူရောင်နှင်းဆီလေးဟာခတ္တာအကြိုက်ဆုံးဟုပြောခဲ့သည့်အတွက် ထားထားခင်ခူးသွားပါကဒီကလေးအတော်လေးဝမ်းနည်းနေမည်ဟုထင်ကာ တခြားတပွင့်ကိုယူရန်ပြောလိုက်သည့်အခါ အနီရောင်ပန်းလေးအားဆက်ထင်အားခူးပေးခိုင်းသည့်အတွက် ခူးပေးလိုက်ရသည်။
ပန်းရုံထဲကပန်းများစွာဆက်ထင်ကြည့်နေမိသည်။ခတ္တာ ပန်းရုံကိုအတော်လေးဂရုစိုက်ထားသည့်ပုံပါပဲ အားလုံးဟာ စိမ်းမြလန်းဆန်းပြီးပွင့်လန်းလျက်ရှိသည်။

''သူဌေးကြီး...''

ခေါ်သံကြောင့်ဆက်ထင်ပန်းရုံလေးမှထွက်လာလိုက်သည့်အခါ ဘထွန်းဟာလက်ထဲတွင်ဗူးလေးတစ်ဗူးနှင့်ဆက်ထင်အားကြည့်နေသည်။

''ခတ္တာ ဒီမနက်ပဲရထားနဲ့ပြန်သွားပါပြီ''

''ဘာ!''

ဆက်ထင် မယုံနိုင်စွာနှင့် အာမေဋိတ်အသံထွက်မိသည်အထိ။ ဆက်ထင်ခတ္တာအားခြံအတွင်းတွင်ပဲရှိနေသည်ဟုထင်နေခဲ့သည်။မနက် ၆နာရီလောက်နိုးလာတာကိုဘယ်အချိန်များထွက်သွားရသလဲဟုတွေးကာ အသက်ရှုသံများကလည်းပြင်းပျစွာ ။

''ဒါ...သူဌေးကြီးအတွက်ပေးထားခိုင်းခဲ့လို့ကျုပ်လာပေးတာပါ''

ဘထွန်းကမ်းပေးသည့် ယွန်းသေတ္တာဗူးသေးသေးကိုဆက်ထင်ယူလိုက်သည့်အခါဘထွန်းကနေရာမှထွက်သွားသည်။ ပြန်တော့မယ်ဆိုတာသိနှင့်ပြီးသားပေမယ့်ဒီလောက်မြန်မြန်ဆန်ဆန်ထွက်သွားမည်ဟုဆက်ထင် မတွေးခဲ့မိပါ ။ ဆက်ထင်အနားကလူတွေကြောင့်ဒီကလေး ဟာတော်တော်ပင်နာကျင်သွားရသည့်ပုံပင်။

သစ်ထွင်းထားသည့်ခုံပေါ်တွင်ထိုင်လိုက်ပြီးနောက်ဆက်ထင် လက်ထဲက ယွန်းဗူးလေးအားဖွင့်ကြည့်သည့်အခါ ယွန်းလက်ပတ်လေးတစ်ခုအားတွေ့ရသည်။ အညိုရောင်ပုတီးသီးများတွင် ငွေရောင် ပန်းခက်များကိုထွင်းထားသည်။ပုတီးများဟာအရွယ်စားမတူကြသော်လည်း လက်ဝင်ပြီးလှပနေ၏။

လက်ပတ်ကလေးအောက်တွင်စာရွက်လေးတစ်ရွက်ရှိနေ၍ဆက်ထင် ယွန်းဗူးလေးကိုဘေးချကာ အထဲကစာရွက်လေးကိုယူလိုက်သည်။ ဖြန့်လိုက်တဲ့စာရွက်လေးမှာလက်ရေးဝိုင်းကလေးများဖြင့်သေသပ်အောင်ရေးထားသည်စာလုံးများကိုဆက်ထင်တွေ့ရသည်။

''ဦးထင်'ဆိုတဲ့နာမ်စားကို ၁၀ခွန်းပြည့်အောင်မခေါ်ခဲ့ရလို့တောင်းပန်ပါတယ်ခဗျ ဒါတွေကြောင့်မဟုတ်ရင်တောင် ကျွန်တော်ထွက်သွားဖို့ကိုစဥ်းစားထားပြီးသားပါ ဦးထင် ကျန်းမာရေးဂရုစိုက်ပါ ဆေးလိပ်တွေကိုလည်းထပ်လျော့သောက်ပါဦးခဗျ ဒီလက်ဆောင်လေးကိုဦးထင်ကိုပေးဖို့ ကျွန်တော့်မှာ အခွင့်အရေးမရှိခဲ့ဘူး ပေးမယ်လို့ရည်ရွယ်ခဲ့ပေမယ့် ကျွန်တော်ထွက်သွားမှပေးဖြစ်မယ်လို့မထင်မိဘူး လက်မှာမဝတ်ထားရင်တောင်မလွှင့်ပစ်ဖို့ကျွန်တော်ကတောင်းဆိုပါတယ်ကျွန်တော်ဦးထင်ကိုအမြဲတမ်းသတိရနေမှာပါ ''

ဝါကျန့်ကျန့်စာရွက်ကလေးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီးနောက် ရင်ဘတ်ထဲအောင့်မျက်လာသည်။အရိပ်လေးတောင်နောက်ထပ်မမြင်ရတော့မယ့်နေ့ရက်တွေအတွက် ဆက်ထင် ဘယ်လိုပုံစံနဲ့ဖြတ်သန်းရပါမလဲ။

ကိုယ့်ကြောင့် / ကိုယ့်အနားမှာ ကိုယ့်အရိပ်အောက်မှာ လုံခြုံစွာမထားပေးနိုင်ခဲ့လို့ဒီလိုထွက်သွားသည့်အခါ ဆက်ထင်ကိုယ့်ကိုယ်ကိုအပြစ်ဖို့မိ၍တဆက်တည်းမှာပဲဆက်ထင်အပေါ် မနာကျည်းဖို့ရာ မမုန်းဖို့ရာ ဆုတောင်းမိသည် ။
နေရာတွင် ဆက်ထင် အချိန်အတော်ကြာသည်အထိငြိမ်သက်နေမိသည်။ ခြံထဲအနှံ့ကြည့်နေမိသည့်အခါ နေရာတိုင်းခေါင်းတလှုပ်လှုပ်လေးရှိတတ်သည့်ကလေးတစ်ယောက်အရိပ််များအမြင်အာရုံထဲပေါ်ပေါ်လာသည်။ တစ်ကြိမ်တစ်ခါမှကြားဖူးနားဝမရှိဖူးသည့် သီချင်းလေးတွေညည်းသံလေးတွေကိုဆက်ထင်ထပ်ကြားနိုင်ဖို့ရာအခွင့်အရေးရှိပါဦးမလား။

ကိုယ့်အတ္တတစ်ခုတည်းကြောင့် အနားမှာပဲဆက်ထားမိပါက ဒီကလေးအတွက်အန္တရယ်များရသည်။ အမြဲလန်းဆန်းနေသည့်ပန်းကလေးဟာ တစ်ကြိမ်တစ်ခါငြိုးနွမ်းခဲ့ပြီးဖြစ်သည့်အတွက် သဘာဝအတိုင်းသာရှင်သန်ခွင့်ပေးလိုက်ရန် ဆက်ထင်စဥ်းစားမိသည်။

''တောင်းပန်ပါရဲ့ ခတ္တာရယ်''။

Zaw Gyi
''ဟင္း...ဒီလိုစိတ္ရွိမယ္မွန္းရိပ္မိခဲ့ပါရဲ႕ ဒါေၾကာင့္အကို႔ကိုေရာအကိုညီမကိုပါ ဒီေကာင္ေလးကပ္ေနတာကိုး''

''မင္းပါးစပ္ကိုပိတ္ထားလိုက္စမ္းပါ ထားထားခင္''

ဆက္ထင္ စိတ္ရႈပ္စြာခပ္က်ယ္က်ယ္ေအာ္လိုက္မိတာေၾကာင့္ထားထားခင္ေရာ အနားကလူေတြပါလန့္သြားၾကသည္။

''အကို ထားက နစ္နာသူပါေနာ္ ဘာေၾကာင့္ထားကိုေဒါသထြက္ေနရသလဲ''

''ေအး မင္းသိေအာင္ေျပာခ်င္ရဲ႕ ငါအမ်ိဳးမ်ိဳးစမ္းသပ္ထားတဲ့ကေလးပဲ တန္ဖိုးႀကီးတဲ့အရာကိုသူေကာက္ရခဲ့တာေတာင္ငါ့ထံျပန္လာအပ္တဲ့အထိရိုးသားတယ္ ''

ထိုအခါထားထားခင္ရဲ႕မ်က္ႏွာဟာပ်က္ယြင္းသြားသည္။ ၿပီးေနာက္ၿခံအတြင္းမွရွိသမွ်လူအားလုံးဘက္သို႔ဆက္ထင္လွည့္လိုက္သည္။

''ဘယ္သူပူးေပါင္းေပးသလဲ အမွားဆိုတာက်ဴးလြန္ၿပီးရင္ရဲရဲဝင့္ဝင့္ဝန္ခံရတတ္ရတယ္ ကိုယ့္ေၾကာင့္မဆိုင္တဲ့ေဘးလူေတြပါဒုကၡေရာက္ခဲ့ရင္က်ဳပ္အဆိုးမဆိုနဲ႕''

အားလုံးဟာတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လ်က္ၿငိမ္သက္ေနၾကသည္။

''အကိုရယ္ ထားအမွန္တိုင္းေျပာ...''

''အီးဟီး...''

ငိုသံတစ္သံဟာ က်ယ္ေလာင္စြာထြက္ေပၚလာသည္။ဆက္ထင္ အပါအဝင္ အားလုံးဟာ ငိုေနသည့္ကေလးမထံသို႔အၾကည့္မ်ားေရာက္လာၾကသည္။ထို႔ေနာက္ယွဥ္ယွဥ္ဆိုတဲ့ကေလးမဟာ ေျမျပင္ေပၚဒူးေထာက္လ်က္။

''ခြင့္လႊတ္ပါသူေဌးႀကီးရယ္ ယွဥ္ယွဥ္ေငြမက္မိတာနဲ႕မမေလးထားထားခင္ေျပာသလို လုပ္လိုက္မိရဲ႕ ေငြက်ပ္၂၀နဲ႕ ကိုအတာကိုဒီလိုဇာတ္သြင္းမိပါရဲ႕အီးဟီး''

အားလုံးဟာတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လ်က္ အံ့ၾသကုန္ၾကသည္။ဆက္ထင္ ေဘးမွာရွိတဲ့ထားထားခင္ဟာလဲ ေသြးပ်က္ေနၿပီျဖစ္သည္။

''ယွဥ္ယွဥ္ နင္..နင္ဟာ နင့္အေပၚကိုအတာဒီေလာက္သံေယာဇဥ္ရွိၿပီးအရာရာဂ႐ုစိုက္ေပးေကာင္းေပးတာကိုနင္မလို႔ဒီလိုလုပ္ရက္တယ္''

''သိပ္မိုက္တာပဲယွဥ္ယွဥ္ရယ္''

ၿခံတြင္းမွလူေတြဟာထိုကေလးမအားဝိုင္းေျပာေနၾကသည္။ဆက္ထင္စိတ္ပ်က္လြန္း၍ ဘာမွေျပာစရာပင္မရွိေတာ့ ဒီရက္ပိုင္း ဆက္ထင္ကပဲကံဆိုးမိုးေမွာင္က်ေနသည္လားခတၱာကပဲကံဆိုးမိုးေမွာင္က်ေနသည္လား မေျပာတတ္သည္အထိ။

''ေမာင္ရင္ ခတၱာအေနာက္လိုက္သြားစမ္းပါ''

ဆက္ထင္ ေက်ာ္ေက်ာ္ဆိုသည့္ေကာင္ေလးအား ေျပာလိုက္ေတာ့ ေက်ာ္ေက်ာ္ဟာ ၿခံထဲသို႔ေျပးထြက္သြားသည္။

''မထားခင္ ရွင္ဘာရည္႐ြယ္ခ်က္နဲ႕ခတၱာအေပၚလုပ္သလဲ မဟုတ္မမွန္စြပ္စြဲတဲ့အျပင္ ရွင္က ကေလးကိုကိုယ္ထိလက္ေရာက္ပါေစာ္ကားလိုက္ေသးရဲ႕''

ဆက္ထင္ေမရီစကားေၾကာင့္ ရင္ထဲလွိုင္းတစ္ခုျဖတ္ေျပးသြားသည္။ထို႔ေနာက္ေမရီ႕ဘက္ကိုလွည့္ၾကည့္ကာ။

''ကိုယ္ထိလက္ေရာက္ဟုတ္သလားဟမ္''

''ပါးရိုက္လိုက္ရဲ႕ကိုကိုႀကီးရယ္''

ဆက္ထင္ေဒါသတို႔ဟာငယ္ထိပ္တက္ေဆာင့္သည္။ကိုယ့္စိတ္ကိုယ္မထိန္းလိုက္နိုင္ မ်က္လုံးထဲဘာမွမျမင္ေတာ့သည့္အထိ ပူထူသြား၍အလ်င္အျမန္ပင္ထားထားခင္ဘက္လွည့္လိုက္ၿပီးေနာက္...။

ေျဖာင္း!

လက္တဖက္ဟာ ထားထားခင္ရဲ႕ဘယ္ဘက္ပါးေပၚသို႔က်ေရာက္သြားသည္။ညာလက္ကဒဏ္ရာေၾကာင့္ဘယ္ဘက္လက္ကိုအသုံးျပဳလိုက္ေသာ္လည္းေယာက်ာ္းသားအားႏွင့္ရိုက္လိုက္ေသာအခါ ထားထားခင္ဟာေျမျပင္ေပၚသို႔လဲက်သြားသည္။

''ကိုကိုႀကီး!''

''သူေဌးမင္း စိတ္ေလ်ာ့ပါ ရႈပ္ကုန္ပါမယ္ေလ''

ဆက္ထင္လက္တစ္ဖက္စီကိုလာထိန္းၾကသည္မလို႔ ဆက္ထင္ လက္ေတြကို႐ုန္းထြက္လိုက္၏။

''အကို...ဘယ္လိုမ်ား ထားကို''

''ေကာင္းသလား ဟမ္!''

ေျမျပင္ေပၚလဲက်ေနသည့္ထားထားခင္အား ကေလးမတစ္ေယာက္ဟာထူေပးမည္အျပဳတြင္။

''ဒီမိန္းမကိုထူေပးစရာဘာအေၾကာင္းမွမရွိဘူး...ဒီမယ္ထားထားခင္ မင္းက ဘာတန္ဖိုးမွမရွိတဲ့နားကပ္ေၾကာင့္ရာရာစစ ထိခြင့္မရွိတဲ့သူကို ထိလိုက္တာပဲ''

''ရွင္သိပ္ရက္စက္တာပဲကိုမ်ိဳးဆက္ထင္''

''ငါ့ကိုဒီလိုေျပာပိုင္ခြင့္မင္းမွာမရွိဘူး''

ဆက္ထင္ နားထင္ေသြးေၾကာမ်ားေထာင္လာသည္အထိ ေပါက္ကြဲလာသည္မလို႔ အားလုံးဟာအေနာက္ကိုဆုတ္သြားၾကသည္။

''ဒီအိမ္ေပၚ မင္းဘာအေၾကာင္းေၾကာင့္ေရာက္လာခဲ့လဲ ဆိုတာ မင္းမေရာက္ခင္ကတည္းက ငါသိႏွင့္ၿပီးၿပီ အခုထပ္ေျပာျပလိုက္မယ္ မင္းရဲ႕ေမာင္ေလာင္းကစားေႂကြးေၾကာင့္မင္းတို႔ၿခံဝိုင္းတစ္ခုလုံးဆုံးကာနီးျဖစ္ေနလို႔ငါ့ဆီလာကပ္မွန္းငါသိရဲ႕ ထားထားခင္''

ႏွစ္မ်ားစြာၾကာကာမွ ဆက္ထင္ဆီျပန္ကပ္လာတဲ့အေၾကာင္းအရင္း ထားထားခင္ရဲ႕ဖခင္ဟာသူ႕သမီးအား ဆက္ထင္ရဲ႕အိမ္တြင္းသာအတင္းေနေစခဲ့သည့္အေၾကာင္းအရင္းကိုမသကၤါေသာေၾကာင့္ ထားထားခင္တို႔ေနထိုင္ရာၿမိဳ႕၏အရာရွိမင္းတစ္ေယာက္အားတယ္လီဖုန္းႏွင့္ဆက္ကာ စုံစမ္းခိုင္းေစခဲ့သည္။ထိုအခါမွအျဖစ္အမွန္အားလုံးကိုသိလိုက္ရသည့္အတြက္ ဆက္ထင္မ်ားစြာသတိထား၍ ေနခဲ့ရသည္။

အိပ္ခန္းေရွ႕ထိလာလာေနတဲ့ထိုမိန္းမရဲ႕ေျခသံအားဆက္ထင္ညတိုင္းနားစြင့္မိ၏။ ဘယ္အခ်က္ေထာင္ဖမ္းဖို႔စဥ္းစားေနလဲဆက္ထင္မသိေပမယ့္ညအိပ္ယာဝင္တိုင္းသတိဝီရိယႏွင့္အိပ္စက္ရၿပီးမအိပ္ေပ်ာ္ခဲ့သည္ကမ်ားသည္။

လက္ပူးလက္ၾကပ္မိပါက ေထာင္ဖမ္း၍ သက္ဆိုင္ရာလက္ထဲတမ်ိဳးလုံးအပ္လိုက္မည္ဟုစဥ္းစားထားေသာေၾကာင့္ယခုခ်ိန္ထိအိမ္ေပၚေပၚထားထားေသာ္လည္း ခတၱာအေပၚဒီလိူမ်ိဳးေကာက္က်စ္ခဲ့သည္။

ထားထားခင္ဟာ မ်က္ရည္မ်ားစြာႏွင့္ငိုေႂကြးလ်က္ေခါင္းခါသည္။ ထို႔ေနာက္ေျမျပင္ေပၚမွထလာၿပီး ဆက္ထင္ရဲ႕လက္အားဆြဲယူလိုက္သည့္အခါ ဆက္ထင္ ႐ြံရွာစြာႏွင့္ ခါထုတ္ပစ္လိုက္သည္။ထို႔ေနာက္ ထားထားခင္အားၾကည့္လိုက္ၿပီး။

''ငါဆိုတဲ့ေကာင္ဟာ ေနာက္ေက်ာခိုင္းထားရင္ေတာင္စိတ္မခ်ရတဲ့မိန္းမတစ္ေယာက္ကို ႏြားက်ခံၿပီးျပန္ႏြယ္ဖို႔စိတ္ကူးမရွိဘူးဆိုတာမင္းသိထား''

သက္ျပင္းခ်လိဳက္သည္။ စိတ္ဟာပင္ပန္းလာေယာင္ရွိသည္။သူတို႔ႏွစ္ေယာက္အေၾကာင္းေတြဟာ တစ္စတစ္စျပန္ေပၚလာသည့္အတြက္ဆက္ထင္မ်က္ခုံးစပ္ကိုလက္ေခ်ာင္းမ်ားႏွင့္ဖိလိုက္သည္။တကယ္ပဲ စိုင္းသိဒၶိႏွင့္ထားထားခင္ဟာ ခတၱာအားတစ္ေယာက္တစ္မ်ိဳးစီးဒုကၡေပးေနၾကသည္ပင္။

''မိန္းမတစ္ေယာက္ရဲ႕တန္ဖိုးဟာ ႏႈတ္နဲ႕အျပဳအမူမွာတည္ပါရဲ႕ ထားထားခင္ အဲ့ဒီအရာေတြနဲ႕သာမင္းကိုတိုင္းတာရရင္ မင္းဖိနပ္မယ္ကပ္ေနတဲ့သဲမႈန္ေလာက္ေတာင္ မင္းဟာတန္ဖိုးမရွိတဲ့မိန္းမပဲ''

ထားထားခင္မ်က္ႏွာအား ဆက္ထင္မၾကည့္ခ်င္သည္အထိ မုန္းမိသည္မလို႔ မ်က္ႏွာလႊဲထားလိုက္၏။

''ထြက္သြားစမ္းထားထားခင္ ငါ့အိမ္ ငါရွိတဲ့ေနရာမွန္သမွ်အရိပ္ေတာင္ထပ္မနင္းမိေစနဲ႕ အထူးသျဖင့္ ခတၱာကိုထပ္ၿပီးထိလာခဲ့ရင္ ငါဘာေကာင္လဲဆိုတာမင္းေရာ မင္းအေဖဝန္ေထာက္ပါသိေစရမယ္လို႔ငါက်ိန္ေျပာရဲတယ္ ဒီေလာက္နဲ႕ၿပီးသြားတာမင္းအတြက္ကံေကာင္းျခင္းပဲ''

ဆက္ထင္ ထိုေနရာမွထြက္လာခဲ့သည္။ေျခလွမ္းတို႔အားယိုင္လဲမသြားေအာင္ပင္မနည္းထိန္းထားရသည္။ဘယ္ေလာက္ေတာင္မုန္းဖို႔ေကာင္းသည့္မိန္းမပါလဲ။သိကၡာမရွိ အရွက္တရားမရွိ ပညာေတြသာရွိၿပီး အသိဉာဏ္မရွိသည့္ပညာတတ္ေအာက္တန္းစားျဖစ္ေန၏။

ဆက္ထက္အိမ္ထဲဝင္ခင္ ၿခံထဲတြင္ ဒူးေလးပိုက္လ်က္ငိုေနသည့္ ခတၱာအားေတြ႕ေသာေၾကာင့္ သြားရန္ေျခလွမ္းျပင္လိုက္ေသာ္လည္း ဦးႏွောက္ကထိန္းခ်ဳပ္ထားသည္မလို႔ လက္သီးတစ္ဖက္ကိုတင္းတင္းၾကပ္ၾကပ္ဆုပ္လိုက္ၿပီးေနာက္ မ်က္ႏွာလႊဲကာ အိမ္ထဲသာဝင္ခဲ့လိုက္သည္။

အေပၚထပ္မွစာၾကည့္ခန္းအတြင္းဝင္လိုက္ေသာအခါ ေဆးလိပ္ေငြ႕အနံ႕မ်ားဟာေထာင္းခနဲပင္။စားပြဲေပၚမွ ေဆးလိပ္မီးခြက္ထဲတြင္ ရွိေနသည့္ေဆးေပါလိပ္ႏွင့္စီးကရက္အတိုအဆာမ်ားမနည္းမေနာ။ေနာက္ထပ္ေဆးေပါလိပ္တစ္လိပ္ကိုယူလိုက္ၿပီး မီးညွိ့လိုက္သည္။ တဖြာရွိုက္လိုက္ၿပီးသည့္အခါ ေဆးလိပ္အားမီးခြက္ထဲသို႔ထည့္လိုက္၏။ ထို႔ေနာက္ ခတၱာေျပာသည့္စကားမ်ားအားျပန္ၾကားမိၿပီး ေနာင္တမ်ားစြာရ၏။ ဒီကေလးသာဆက္ထင္အနားရွိေနရင္ထပ္၍ ထပ္၍နာက်င္ေနရဦးမည္။စိတ္ေတြရႈပ္ေထြးစြာ ဆံပင္ေတြၾကား လက္ေခ်ာင္းမ်ားထိုးထည့္လိုက္ၿပီး ေတာက္ေခါက္လိုက္၏။

''႐ူးေနၿပီပဲ မ်ိဳးဆက္ထင္''။

(ခတၱာအျဖစ္ျပန္လည္ေမြးဖြားျခင္း)

ဆက္ထင္ပန္း႐ုံထဲတြင္ ပြင့္ေနေသာပန္းမ်ားကိုၾကည့္ေနမိသည္။အျဖဴေရာင္ပန္းေလးဟာ လန္းလန္းဆန္းဆန္းရွိေနဆဲပင္။တေလာက ထားထားခင္ ဟာ ဒီႏွင္းဆီအျဖဴေလးအားခူးဖို႔လုပ္ေနတဲ့အခ်ိန္ဆက္ထင္ေတြ႕သြား၍ အျမန္ပင္တားခဲ့ရ၏။ အျဖဴေရာင္ႏွင္းဆီေလးဟာခတၱာအႀကိဳက္ဆုံးဟုေျပာခဲ့သည့္အတြက္ ထားထားခင္ခူးသြားပါကဒီကေလးအေတာ္ေလးဝမ္းနည္းေနမည္ဟုထင္ကာ တျခားတပြင့္ကိုယူရန္ေျပာလိုက္သည့္အခါ အနီေရာင္ပန္းေလးအားဆက္ထင္အားခူးေပးခိုင္းသည့္အတြက္ ခူးေပးလိုက္ရသည္။
ပန္း႐ုံထဲကပန္းမ်ားစြာဆက္ထင္ၾကည့္ေနမိသည္။ခတၱာ ပန္း႐ုံကိုအေတာ္ေလးဂ႐ုစိုက္ထားသည့္ပုံပါပဲ အားလုံးဟာ စိမ္းျမလန္းဆန္းၿပီးပြင့္လန္းလ်က္ရွိသည္။

''သူေဌးႀကီး...''

ေခၚသံေၾကာင့္ဆက္ထင္ပန္း႐ုံေလးမွထြက္လာလိုက္သည့္အခါ ဘထြန္းဟာလက္ထဲတြင္ဗူးေလးတစ္ဗူးႏွင့္ဆက္ထင္အားၾကည့္ေနသည္။

''ခတၱာ ဒီမနက္ပဲရထားနဲ႕ျပန္သြားပါၿပီ''

''ဘာ!''

ဆက္ထင္ မယုံနိုင္စြာႏွင့္ အာေမဋိတ္အသံထြက္မိသည္အထိ။ ဆက္ထင္ခတၱာအားၿခံအတြင္းတြင္ပဲရွိေနသည္ဟုထင္ေနခဲ့သည္။မနက္ ၆နာရီေလာက္နိုးလာတာကိုဘယ္အခ်ိန္မ်ားထြက္သြားရသလဲဟုေတြးကာ အသက္ရႈသံမ်ားကလည္းျပင္းပ်စြာ ။

''ဒါ...သူေဌးႀကီးအတြက္ေပးထားခိုင္းခဲ့လို႔က်ဳပ္လာေပးတာပါ''

ဘထြန္းကမ္းေပးသည့္ ယြန္းေသတၱာဗူးေသးေသးကိုဆက္ထင္ယူလိုက္သည့္အခါဘထြန္းကေနရာမွထြက္သြားသည္။ ျပန္ေတာ့မယ္ဆိုတာသိႏွင့္ၿပီးသားေပမယ့္ဒီေလာက္ျမန္ျမန္ဆန္ဆန္ထြက္သြားမည္ဟုဆက္ထင္ မေတြးခဲ့မိပါ ။ ဆက္ထင္အနားကလူေတြေၾကာင့္ဒီကေလး ဟာေတာ္ေတာ္ပင္နာက်င္သြားရသည့္ပုံပင္။

သစ္ထြင္းထားသည့္ခုံေပၚတြင္ထိုင္လိုက္ၿပီးေနာက္ဆက္ထင္ လက္ထဲက ယြန္းဗူးေလးအားဖြင့္ၾကည့္သည့္အခါ ယြန္းလက္ပတ္ေလးတစ္ခုအားေတြ႕ရသည္။ အညိုေရာင္ပုတီးသီးမ်ားတြင္ ေငြေရာင္ ပန္းခက္မ်ားကိုထြင္းထားသည္။ပုတီးမ်ားဟာအ႐ြယ္စားမတူၾကေသာ္လည္း လက္ဝင္ၿပီးလွပေန၏။

လက္ပတ္ကေလးေအာက္တြင္စာ႐ြက္ေလးတစ္႐ြက္ရွိေန၍ဆက္ထင္ ယြန္းဗူးေလးကိုေဘးခ်ကာ အထဲကစာ႐ြက္ေလးကိုယူလိုက္သည္။ ျဖန့္လိုက္တဲ့စာ႐ြက္ေလးမွာလက္ေရးဝိုင္းကေလးမ်ားျဖင့္ေသသပ္ေအာင္ေရးထားသည္စာလုံးမ်ားကိုဆက္ထင္ေတြ႕ရသည္။

'ဦးထင္'ဆိုတဲ့နာမ္စားကို ၁၀ခြန္းျပည့္ေအာင္မေခၚခဲ့ရလို႔ေတာင္းပန္ပါတယ္ခဗ် ဒါေတြေၾကာင့္မဟုတ္ရင္ေတာင္ ကြၽန္ေတာ္ထြက္သြားဖို႔ကိုစဥ္းစားထားၿပီးသားပါ ဦးထင္ က်န္းမာေရးဂ႐ုစိုက္ပါ ေဆးလိပ္ေတြကိုလည္းထပ္ေလ်ာ့ေသာက္ပါဦးခဗ် ဒီလက္ေဆာင္ေလးကိုဦးထင္ကိုေပးဖို႔ ကြၽန္ေတာ့္မွာ အခြင့္အေရးမရွိခဲ့ဘူး ေပးမယ္လို႔ရည္႐ြယ္ခဲ့ေပမယ့္ ကြၽန္ေတာ္ထြက္သြားမွေပးျဖစ္မယ္လို႔မထင္မိဘူး လက္မွာမဝတ္ထားရင္ေတာင္မလႊင့္ပစ္ဖို႔ကြၽန္ေတာ္ကေတာင္းဆိုပါတယ္ကြၽန္ေတာ္ဦးထင္ကိုအၿမဲတမ္းသတိရေနမွာပါ '

ဝါက်န့္က်န့္စာ႐ြက္ကေလးကိုတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားၿပီးေနာက္ ရင္ဘတ္ထဲေအာင့္မ်က္လာသည္။အရိပ္ေလးေတာင္ေနာက္ထပ္မျမင္ရေတာ့မယ့္ေန႕ရက္ေတြအတြက္ ဆက္ထင္ ဘယ္လိုပုံစံနဲ႕ျဖတ္သန္းရပါမလဲ။

ကိုယ့္ေၾကာင့္ / ကိုယ့္အနားမွာ ကိုယ့္အရိပ္ေအာက္မွာ လုံၿခဳံစြာမထားေပးနိုင္ခဲ့လို႔ဒီလိုထြက္သြားသည့္အခါ ဆက္ထင္ကိုယ့္ကိုယ္ကိုအျပစ္ဖို႔မိ၍တဆက္တည္းမွာပဲဆက္ထင္အေပၚ မနာက်ည္းဖို႔ရာ မမုန္းဖို႔ရာ ဆုေတာင္းမိသည္ ။
ေနရာတြင္ ဆက္ထင္ အခ်ိန္အေတာ္ၾကာသည္အထိၿငိမ္သက္ေနမိသည္။ ၿခံထဲအႏွံ႕ၾကည့္ေနမိသည့္အခါ ေနရာတိုင္းေခါင္းတလႈပ္လႈပ္ေလးရွိတတ္သည့္ကေလးတစ္ေယာက္အရိပ္္မ်ားအျမင္အာ႐ုံထဲေပၚေပၚလာသည္။ တစ္ႀကိမ္တစ္ခါမွၾကားဖူးနားဝမရွိဖူးသည့္ သီခ်င္းေလးေတြညည္းသံေလးေတြကိုဆက္ထင္ထပ္ၾကားနိုင္ဖို႔ရာအခြင့္အေရးရွိပါဦးမလား။

ကိုယ့္အတၱတစ္ခုတည္းေၾကာင့္ အနားမွာပဲဆက္ထားမိပါက ဒီကေလးအတြက္အႏၱရယ္မ်ားရသည္။ အၿမဲလန္းဆန္းေနသည့္ပန္းကေလးဟာ တစ္ႀကိမ္တစ္ခါၿငိဳးႏြမ္းခဲ့ၿပီးျဖစ္သည့္အတြက္ သဘာဝအတိုင္းသာရွင္သန္ခြင့္ေပးလိုက္ရန္ ဆက္ထင္စဥ္းစားမိသည္။

''ေတာင္းပန္ပါရဲ႕ ခတၱာရယ္''။

Continue Reading

You'll Also Like

95.6K 7.8K 43
I must be able to marry a doctor in future. အနာဂတ်မှာ ငါ ဆရာဝန်တစ်ယောက်ကို လက်ထပ်နိုင်ရမယ်။ ဇီဇီနဲ့ အ၀န်းအ၀ိုင်းလို့ခေါ်တဲ့ ကောင်လေးနှစ်ယောက်ကြားက ခ...
5.6K 106 20
What if shin Wolford have a twin sister? And her name is Harumi Wolford... What if she has the solution and peace that everyone wants What will thei...
4.8M 301K 108
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
8.3M 283K 37
Ginelle Hayes is orphaned, and after escaping her abusive guardian with a dark secret, she finds herself alone on the cruel streets of London. Then E...