Unicode
ဟဲကျင့် မိဘများ ၏ သဘောထားသည် လျင်မြန် စွာပြောင်းလဲသွားခဲ့ပြီး ၎င်းသည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။ လွန်ခဲ့တဲ့ သုံးနှစ်ကသာ ဒီလိုဖြစ်ခဲ့ရင် ဟဲကျင့်ရဲ့ အမေက သူမကိုယ်သူမသတ်သေမယ်လို့ ခြိမ်းခြောက်မှာ သေချာပါ၏။ သူ၏ စိတ်နေသဘောထားနှင့် ကြိုးစားအားထုတ်မှုများ အပြောင်းအလဲအတွက် ဘုရားသခင် ထံမှ ဆုလာဘ်တစ်ခုလား ဒါမှမဟုတ်ဤသုံးနှစ်အတွင်း သူလုပ်ဆောင်ခဲ့သည့်အရာသည် နောက် ဆုံးတော့ပြေလည်သွားခဲ့တာလားလို့ သူတွေးနေမိလေသည်။ ကောင်းကင်က တိမ်တွေ ကင်းစင်သွားသလိုပဲ သူရုတ်တရက် ပေါ့ပါးပြီး သက်သာရာရသွားတော့သည်
နောက်ရက်အနည်းငယ်ကြာသည့်အထိ ဟဲကျင့်အမေက ချင်ယွီရဲ့နောက်ခံကိုမေးနေဆဲပင်။ အသက် 26 နှစ်အရွယ်တွင် သူကိုယ်တိုင် ကုမ္ပဏီအနည်းငယ်ဖွင့်ထားနိုင် ပြီး စက်ရုပ်များကိုပင် စတင်ထုတ်လုပ်နေပြီဟု ကြားသိရသဖြင့်အံ့အားသင့်နေတော့သည်။ တူညီသောအောင်မြင်မှုများကိုတောင် လူများစွာမရရှိနိုင်ကြောင်း ထင်ရှားပါသည်။
"သူကိုယ်တိုင်ပဲတကယ်ကြိုးစားခဲ့တာ"
ဟဲကျင့်ကဆက်ပြောခဲ့လေသည်။
"သူ့အမေက သူငယ်ငယ်လေးထဲကဆုံးပါးသွားတာပြီးတော့ သူ့အဖေက သူ့ကိုယ်ပိုင်စီးပွါးရေးရှိတယ် သူ့အသက် 18 လောက်ထဲက အိမ်ကငွေတပြားတကျပ်မှမသုံးပဲ သူကိုယ်ပိုင်ငွေသူရှာသုံးခဲ့တာ"
သူ့အမေက ဘယ်လောက်တောင် သိချင်နေလဲဆိုရင် ဟဲကျင့်မှာအကုန်ပြောပြရုံသာတတ်နိုင်ခဲ့သည်။ချင်ယွီက ဖျော်ဖြေရေးအသိုင်းအဝန်းတွင် အလုပ် လုပ်သည်ဟူသောအချက်ကို ဖုံးကွယ်၍မရကြောင်း သူသိသည်။ သူ့မိဘတွေက အသက်ကြီးပေမယ့် တီဗီကြည့်နေတုန်းပဲလေ တနေ့တနေ့ကျရင် ချင်ယွီကိုမတွေ့သွားဘူးဆိုတာမပြောနိုင်ဘူး။ သူမကို အခု အမှန်အတိုင်းပြောလိုက်တာပိုကောင်းပါ၏။ သို့သော် အမှန်အတိုင်းပြောဖို့ကလဲစကေးကလိုသေးတယ် သူသူ့အမေကိုဖျော်ဖြေရေးအသိုင်းအဝိုင်းမှာအလုပ်လုပ်တယ်လို့ပြောလိုက်သော်လည်းအနုပညာရှင်လို့တော့မပြောလိုက်ပေ။
"ဒါဆို သူ့အဖေက ဘာမှ မပြောဘူးလား?သူကချောလဲချောတယ်အရည်အချင်းလဲရှိတယ်လေမင်းရဲ့ဆက်ဆံရေးနဲ့ ပတ်သက်ပြီး သူ့အဖေက ဘာမှမပြောဘူးလား?"
ဟဲကျင့်ရဲ့မိခင်သည် ဟဲကျင့်ရဲ့ဆက်ဆံရေးကိုပြဿနာတစ်စုံတစ်ရာဖြစ်မှာစိုးရိမ်နေခဲ့သည်။
"လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူ့မိသားစုဆီကိုသွားလည်ဖူးတယ်ပြီးတော့ သူ့အဖေက ကျွန်တော်နဲ့အကြောင်းကိုသိထားပြီးသား သူကကျွန်တော်တို့ရဲ့ ဆက်ဆံရေးကိုအရမ်းလည်းထောက်ခံအားပေးခဲ့သေးတာ။ချင်ယွီမှာ အမေမတူတဲ့ ညီလေးနဲ့ ညီမလေးလဲရှိတယ်"
လွန်ခဲ့တဲ့သုံးနှစ်ကချင်ယွီနဲ့လမ်းခွဲခဲ့တဲ့အကြောင်းပြောတဲ့အချိန်မှာတော့သူအပြစ်ရှိစိတ်ခံစားနေရဆဲဖြစ်ကာ ချင်ယွီအဖေကိုဘယ်လိုရှင်းပြရမလဲတောင်မသိသေးပါချေ။
ဟဲကျင့်အမေက နှုတ်ခမ်းစူလိုက်ပြီး ချမ်းသာပြီး အောင်မြင်တဲ့ ယောက်ျားတွေက ဇနီးမယားကို စွန့်ပစ်ပြီး ချောမောပြီး နုပျိုတဲ့ တခြားမိန်းမနဲ့ လက်ထပ် တယ်ဆိုပြီးချက်ချင်းတွေးလိုက်လေရဲ့။သူမက နည်းနည်းလေး ညည်းညူရင်း
"ဘယ်အဖေက သားကို ဒီလိုလုပ်မှာလဲ? အမေတော့ သူ့ရဲ့မောင်နှမတွေကိုပိုဂရုစိုက်တယ်လို့ထင် တယ် အဲ့ဒါကြောင့်ချင်ယွီက အရမ်းအမှီအခိုကင်းနေတာ"
ဟဲကျင့်သည် ပြောစရာစကားမဲ့သွားရသည်။ချင်ယွီရဲ့မိသားစုကြားကလေထုကိုတွေ့ရင်ရော ဒီလိုပဲပြောဉီးမလားဆိုတာကိုသူသိချင်မိပါရဲ့။ဟဲကျင့်ကဘာမှဆက်မပြောခဲ့တော့ပေ။မိဘတွေကတော့ သူတို့ရဲ့မျက်လုံးထဲမှာကိုယ့်သားသမီးကိုအကောင်းဆုံးလို့မြင်ကြတာပဲလေ
အိမ်တွင်ကိစ္စများဖြေရှင်းပြီးနောက်တွင်တော့ ဟဲကျင့်သည် သူ၏မိဘများကို တစ်လလျှင် အနည်းဆုံးတစ်ကြိမ် အိမ်ပြန်လာမည်ဟုကတိပေးခဲ့သည်။သူသည် ပစ္စည်းတွေ ထုပ်ပိုးပြီး ထွက်သွားဖို့အသင့်ဖြစ်နေပြီပင်
သူသွားမယ့်နေ့ မနက်(၆)နာရီမှာတော့ သူ့အမေက ဈေးကိုသွားပြီး ဈေးကြီးတဲ့ပုစွန်နဲ့ ဝက်သားနက် တွေကို ရွေးဝယ်ခဲ့သည်။ သူမသည် ဟဲကျင့်အတွက်ဟင်းပွဲများစွာကို ပြုလုပ်ပေးခဲ့သည်။
ဤတစ်ကြိမ်တွင်တော့ ဟဲကျင့်သည် အဲ့ဒါကိုသည်းမခံနိုင်ဘူးဟုလည်းမခံစားခဲ့ရတော့ချေ။ ဟင်းလျာများက သူ့အမေထံမှ ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နေခဲ့သည်။ အတိတ်က နာကျည်းမှုတွေ ဘယ်လောက်ပဲရှိခဲ့ရှိခဲ့ ဒီအချိန်မှာတော့ အားလုံး ပျောက်ကွယ်သွားခဲ့ပါပြီပင်။
ထမင်းစားနေစဉ်တွင် ဟဲကျင့်အမေက ဟဲကျင့်ကိုထပ်ပြီးသတိပေးလာခဲ့သည်။
"မင်းကယောကျ်ားလေးနော် မင်းကိုယ်မင်းအားကိုးရမယ်။မင်းသူ့ကိုကူညီတာတို့ သူနဲ့မင်းတစ်ဘဝလုံးကုန်ဆုံးရင်တောင် မင်း ငွေရေးကြေးရေးအမှီအခိုကင်း ဖို့ကလိုသေးတယ်။မင်းတို့က တစ်ယောက်ချင်းစီပဲ သူဘယ်လောက်ချမ်းသာချမ်းသာ မင်းကိုယ် ပိုင်ပိုက်ဆံတော့ကိုယ့်ဘာသာကိုရှာရမှာပဲ။ဘယ်သူက ကိုယ့်လက်တွဲဖော်ကိုပဲအမြဲအားကိုးနေမှာလဲ?မှတ်ထားဉီး မင်းလက်ထပ်လို့မရဘူးနော် အနာဂတ် မှာဘာဖြစ်လာမလဲဆိုတာကိုဘယ်သူသိမှာလဲ?"
ဟဲကျင့်လဲအရင်ကအဲ့လိုပဲတွေးခဲ့မိတာပင် ဒါပေမယ့်အခုတော့ချင်ယွီနဲ့ သူတစ်ယောက်ကိုတစ်ယောက်မှီခိုလို့ရမှန်းသူယုံပါ၏။ပြီးတော့ သူ့အမေကသူ့ကို သူမရဲ့အတွေ့အကြုံတွေကနေသတိပေးနေတာဆိုပြီးလည်းယုံကြည်ထားလေသည်။သူ သူမနဲ့လည်းစကားမများချင်တဲ့အတွက်ကြောင့် ခေါင်းသာငြိမ့်ပြလိုက်တော့သည်။သူ ချင်ယွီဆီမှ မလိုအပ်ပဲလဲပိုက်ဆံတောင်းမည်မဟုတ်ပေ။
သူ့အဖေကတော့ ပြောစရာအများကြီးမရှိချေ။ ချင်ယွီ ပေးခဲ့သော စီးကရက်တစ်လိပ်ကို ကိုင်ထားပြီး မျက်လုံးမှိတ်လျက် ပျော်ရွှင်စွာဖြင့် ဆေးလိပ် သောက်နေလေသည်။ ဟဲကျင့်သွားဖို့လုပ်တဲ့အချိန်မှာတော့ သူကပြောလာခဲ့သည်။
" ဒါက တံဆိပ်ကောင်းတစ်ခုပဲ ချင်ယွီကို ငါ့အစားကျေးဇူးတင်ကြောင်းပြောပေးဉီး"
ဟဲကျင့်: "..."
ချင်ယွီက ဟဲကျင့်အတွက်လက်မှတ်ဝယ်ပေးခဲ့ကာ လေဆိပ်မှာလဲ သူ့ကိုလာကြိုခဲ့သည်။လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ သူကနိုင်ငံအတွင်းကနေရာတော်တော်များများကိုသွားခဲ့ပြီး fan များရဲ့ကြိုဆိုခြင်းကိုခံခဲ့ရကာ သူကိုယ်တိုင်တော့ ဘယ်သူ့ကိုမှလာမကြိုဖူးချေ။
သူကလူများတဲ့ဂိတ်ပေါက်မှာမနေရဲပါ။ထိုအစားသူက ကားပါကင်ကိုမောင်းသွားကာစောင့်နေခဲ့သည်။ဟဲကျင့်ကလေဆိပ်ကထွက်ခဲ့ကာ ချင်ယွီပို့လိုက်သည့် မက်ဆေ့ချ်အရဆုံရန်နေရာကိုသွားခဲ့သည်။သူအဖြူသန့်သန့် Porsche ကားလေးကိုတွေ့လိုက်ရပါ၏
ချင်ယွီက ကားမောင်းသူနေရာတွင်ထိုင်နေကာ ကားမှန်ကိုချလျက် ဟဲကျင့်ကိုလေချွန်ပြကာဖြင့်
"လူချောလေး လိုက်ပို့ပေးရမလား?"
ဟဲကျင့်:"...."
သူ ကားထဲသို့ဝင်ထိုင်လိုက်ချိန်တွင်တော့ ဟဲကျင့် က အရာအားလုံးကိုစပ်စပ်စုစုဖြင့်ထိကြည့်လေ
သည် ။ဒါက Mini နဲ့ Jaguar နဲ့လုံးဝမတူတဲ့အနေအထားမှာရှိတဲ့ Porscheပဲ!
"မင်းဘာလို့ ကားပြောင်းလိုက်တာလဲ?Jaguar ရောဘာဖြစ်သွားပြီလဲ?"
ချင်ယွီက ကားကိုအရှိန်တင်လိုက်ရာကားက ချောချောမောမောမောင်းထွက်သွားတော့သည်။
"အဲ့ဒါက အိမ်မှာ ဒါကငါမိန်းမနဲ့လျှောက်မောင်းဖို့နဲ့ ကြွားဖို့"
ဟဲကျင့်က ရယ်လျက် အရင်ကချင်ယွီပြန်ရောက် လာသလိုခံစားလိုက်ရသည်
"ငါတို့ ဘယ်သွားနေကြတာလဲ?"
ဟဲကျင့်ကအနည်းငယ်တွေဝေနေခဲ့သည်။ဖုန်းထဲမှာတုန်းကတော့ချင်ယွီပြောတာက အိမ်ကိုအရင်ပြန်မယ်လို့ပြောခဲ့တာပင်။3 နှစ်နီးပါးကြာပြီးနောက်မှာတော့ ချင်ယွီကအိမ်ပြောင်းသွားလောက်ပြီနော် ဒါမှမဟုတ်သူ့မိဘအိမ်များလား?
"အဲဒီကိုရောက်ရင် မင်းသိလိမ့်မယ်"
ချင်ယွီ က တိုက်ရိုက်မဖြေခဲ့ဘဲ ကားသည် အဝေးပြေးလမ်းမကြီးပေါ် အမြန်တက်သွားကာဖြင့် မြို့အနောက်ဘက် ခရိုင်ဆီသို့ ဦးတည်သွားခဲ့သည်။
ဟဲကျင့် သည် အထပ်မြင့်အဆောက်အအုံများနှင့် ပြတင်းပေါက်အပြင်ဘက်ရှိ လူသွားလမ်းကို ကြည့်လိုက်ရင်းသူ့ရင်တွင်း၌ အကြာကြီးမခံစားခဲ့ရသည့် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေခဲ့သည်။အဲ့ဒါက သူလွန်ခဲ့တဲ့ 7 နှစ်က ဟွားတက္ကသိုလ်ကိုစရောက်တဲ့အချိန် လွတ်လပ်မူဆိုတာဘာလဲစသိ
တုန်းကအချိန်လိုပင်။
နာရီဝက်ကျော်ကြာပြီးနောက်မှာတော့ ဟဲကျင့် သည် ရင်းနှီးသောပတ်ဝန်းကျင်ကို စတင်တွေ့မြင်ရလေသည်။ သူသိချင်သွားရသည်။
"မင်း ဟွားတက္ကသိုလ်အနီးမှာနေနေသေးတာလား?"
ချင်ယွီကမဖြေခဲ့ပေ။သူမောင်းလာတာနေရာအတိအကျကိုရောက်လာချိန်ထိဟဲကျင့်မှာမယုံနိုင်သေးပေ။
"မင်းအခုထိ မပြောင်းသေးတာလား?"
အဲ့ဒါ သူတို့လွန်ခဲ့တဲ့ သုံးနှစ်က ငှားခဲ့တဲ့ တိုက်ခန်းအတိအကျပဲ!
ချင်ယွီ ကားပေါ်မှ ဆင်းလိုက်သည်။ဟဲကျင့်ကသူ့ခရီးဆောင်အိတ်ကိုဆွဲနေတာကိုမကူညီတော့ပဲ ဟဲကျင့်ကိုသာတိုက်ရိုက်ဆွဲခေါ်သွားခဲ့သည်။
ချင်ယွီက သူ့ကိုဆွဲခေါ်သွားတဲ့အချိန်မှာဟဲကျင့်မှာခြေခေါက်လုနီးပါးပင်။သူတို့တတိယအထပ်သို့ရောက်ချိန်မှာတော့ချင်ယွီက ဟဲကျင့်ရဲ့လက်ကောက်ဝတ်ကိုလက်တစ်ဖက်ဖြင့်ဆွဲကိုင်လျက် ကျန်လက်တစ်ဖက်ဖြင့်တံခါးသော့ဖွင့်ခဲ့သည်။အဲ့နောက်မှာတော့သူဟဲကျင့်ကိုအရင်တွန်းထည့်လိုက်ကာ နောက်မှသူလိုက်ဝင်ခဲ့ပါ၏
ဟဲကျင့် မော့ကြည့်လိုက်သည်။ အခန်းတွင်းရှိ အပြာဖျော့ဖျော့နံရံများ၊ ကော်ဖီ စားပွဲပေါ်ရှိ အပင်များ၊ အနွေးရောင် ဆိုဖာနှင့် အနည်းငယ် တိမ်းစောင်းနေသော ဆိုဖာကူရှင်တို့ကို သူမြင်လိုက် ရသည်။
အိပ်ခန်းတံခါးကပွင့်လျက်ရှိနေခဲ့ပြီး ချိတ်မှာချိတ်ထားတဲ့ ညအိပ်ဝတ်စုံ၊စားပွဲပေါ်ရှိစာအုပ်များ၊ရှုပ်ပွနေသည့်အိပ်ရာခင်း၊ကော်ဇော်ပေါ်ရှိဖိနပ်ပါးတရံ.....
အကုန်လုံးကလွန်ခဲ့တဲ့သုံးနှစ်ကအတိုင်းလုံးဝမပြောင်းမလဲရှိနေခဲ့တယ်!
ခဏလောက်တော့ ဟဲကျင့် သူ လွန်ခဲ့တဲ့ သုံးနှစ် လောက်ကိုပြန်ရောက်သွားတယ်လို့တောင်ထင်လိုက်မိတော့မလို့!
"ဟဲကျင့် သုံးနှစ်တောင်ရှိသွားပြီ ဒီတစ်လျှောက်လုံးငါမင်းကိုပဲစောင့်နေခဲ့တာ..."
ချင်ယွီကပြောရင်းဟဲကျင့်ကို အနောက်ကနေပွေ့ဖက်လိုက်ပါ၏။
ဟဲကျင့်ဟာ သူ့အမှတ်တရတွေကနေနိုးထလာရပြီး စိတ်ခံစားလွယ်နေခဲ့သည်။
"လွန်ခဲ့တဲ့သုံးနှစ်က မင်းငါ့ကိုထားသွားတဲ့နေ့ကိုမှတ်မိသေးလား အဲ့နေ့ကရှိနေခဲ့တဲ့ ဒီအခန်းအနေအထားပဲ။ငါနိုးလာတဲ့အချိန်တုန်းက မင်းပစ္စည်းတွေကဒီမှာရှိနေတုန်းပဲ။မင်းငါ့ကိုချစ်ခဲ့တာလား
ရက်စက်ခဲ့တာလားတောင်ငါမသိတော့ဘူး"
ချင်ယွီကဟဲကျင့်ရဲ့လည်ပင်းကိုကိုက်လိုက်လေသည်။သူကကိုက်ရုံတင်မဟုတ်ပဲ ဒေါသကိုပြေလျော့ရန်အတွက်သွားနဲ့ပါကျိတ်လိုက်သေး၏
ဟဲကျင့် သည် နာကျင်မှုနှင့်အတူပင့်သက်ရှိုက်လျက် ချင်ယွီရင်ခွင်ထဲမှီကာ ဘာစကားမှမပြောနိုင်ခဲ့ချေ။
ချင်ယွီက ကိုက်နေရာကနေနမ်းလာခဲ့ပြီးနောက် ညင်သာစွာယက်လာခဲ့လေသည်။သူကသူ့ခေါင်းကိုဟဲကျင့်ပုခုံးပေါ်တင်လိုက်လေရာ သူတို့နှစ်ယောက် ရဲ့မျက်နှာတွေမှာထိနေတော့သည်။
"မင်းငါ့ကိုဘာလို့ဒီလိုလုပ်နိုင်လဲဆိုတာငါသိချင်ခဲ့တယ်မင်းငါနဲ့အရင်ညတုန်းကတောင် တရင်းတနှီးရှိနေခဲ့တာကိုပြီးတော့ မင်းမိဘတွေခွဲရင်တောင် ငါ့ကိုမထားခဲ့ပါဘူးလို့ပြောခဲ့ပြီးတော့လေ ဒါပေမယ့်မင်းကထားခဲ့တာပဲ..ငါတကယ်ကြီးမင်းကိုမုန်းတယ်!"
ဟဲကျင့်သည် ခဏတာတိတ်ဆိတ်သွားပြီးနောက် တောင်းပန်ပါတယ်ဟုဆိုတော့မယ့်အချိန်တွင် ချင်ယွီက သူ့ပါးစပ်ကိုပိတ်လာခဲ့သည်။
"ငါ အရမ်းဒေါသထွက်လွန်းလို့ ဒီမှာရှိသမျှရိုက်ခွဲလုနီးနီးပဲ ငါမင်းကို Q မြို့မှာ ချက်ချင်းလိုက်ပြန် ခေါ်လာပြီး အလုပ်လဲမလုပ်ခိုင်းဘူး အဲ့လိုဆို ငါမင်းကိုချက်ကျွေးလို့ရပြီး ငါတို့နေ့တိုင်းအတူရှိနေလို့ရတယ်။ပြီးကျရင် မင်းမိဘတွေကွယ်လွန်သွားတဲ့အချိန်ကျ မင်းငါနဲ့ပဲတသက်လုံးသက်ဆိုင်သွားတော့မှာ"
ဟဲကျင့် က နားထောင်နေရင်း တုန်ယင်နေခဲ့သည်။ ချင်ယွီကဒီလိုဆိုးသွမ်းတဲ့အတွေးတွေရှိနေတယ်ဆိုတာကိုသူမသေချာပါ။
ချင်ယွီက သက်ပြင်းချလိုက်ပြီးဆက်ပြောလာလေသည်
"ဒါပေမယ့် ဒီလိုလုပ်ရင် မင်းငါ့ကိုမုန်းသွားမယ်ဆိုတာ ငါသိတယ်။ ရာဇ၀တ်မှုဖြစ်မယ်ဆိုတာလည်း သိတယ်။ မင်းငါ့ကိုမုန်းမယ်ဆိုတာသိလို့ ငါဘာမှ ဆက်မလုပ်ရဲတော့ဘူး။ နောက်တော့ငါလက်လျှော့လိုက်တော့တယ် လမ်းပျောက်နေတဲ့ခွေးတစ်ကောင်လိုပဲ။ပြီးတော့ငါလုံးဝမေ့သွားအောင်လို့ ငါ့ကိုယ် ငါ နှစ်သိမ့်ခဲ့တယ်ပြီးတော့ငါ့ကိုယ်ငါပြောခဲ့တာကတနေ့မှာမင်းနဲ့ကြုံကြိုက်ဉီးမယ် မင်းငါ့နာမည်ကိုခေါ်နေဉီးမယ် ငါ့ကိုမင်းမှတ်မိနေဉီးမယ်လို့ပေါ့"
ဟဲကျင့်ရဲ့မျက်လုံးများနီရဲလာကာမျက်ရည်များကချင်ယွီလက်ချောင်းထိပ်ပေါ်သို့စီးကျသွားတော့သည်။
ဟဲကျင့် ၏ နှုတ်ခမ်းများသည် ညင်သာစွာ လှုပ်ရှားသွားကာ ချင်ယွီရဲ့နာမည်ကိုခေါ်ခဲ့သည်။
ချင်ယွီ က သူ့နားရွက်ကို နမ်းလိုက်ပြီးပြောလာခဲ့သည်
"အခုတော့အကုန်အဆင်ပြေသွားပါပြီ မင်းပြန်လာပီပဲလေ။ဘယ်လိုပဲဖြစ်ဖြစ်ငါပထမအကြိမ် ဒုတိယအကြိမ် ထိတော့သည်းခံနိုင်တယ် ဒါပေမယ့်တတိယအကြိမ်တော့အာမမခံနိုင်ဘူး။ဒီသုံးနှစ်အတွင်းမှာငါမင်းအကြောင်းနေ့တိုင်းတွေးခဲ့တယ်။ငါတကယ်ကိုမကောင်းတဲ့အတွေးတွေလည်းရှိခဲ့တယ်။ငါမင်းကိုပြန်ပေးဆွဲပြီးတစ်သက်လုံးဝှက်ထားချင်ခဲ့တယ်။အခုတောာင်မှအဲ့မကောင်းတဲ့အတွေးတွေကိုဖိနှိပ်ထားရတာ။ငါမင်းကိုသိခဲ့တာ 12 နှစ် တောင်ရှိနေပြီတကယ်လို့ငါတတ်နိုင်ခဲ့ရင်မင်းကိုလက်လွှတ်ပေးခဲ့မှာ ငါမလွှတ်ပေးနိုင်ခဲ့ဘူး အဲ့တော့အခုမင်းပြန်လာပြီဆိုတော့ မင်းစိတ်ကိုပြင်ဆင် ထားလိုက်တော့ ဘာလို့ဆိုငါမင်းကိုတသက်လုံးချည်နှောင်ထားတော့မှာမလို့။ငါ့ကိုကတိပေးပါ ငါလူဆိုးဖြစ်သွားအောင်မလုပ်ပါဘူးလို့လေ"
ဟဲကျင့် က ခေါင်းညိတ်လိုက်ပြီး သူ့လည်ချောင်းထဲက "အွန်း" လို့ အသံထွက်လာခဲ့လေသည်။ချင်ယွီပြောခဲ့တာကိုသူမကြောက်ပါချေ။သူဒီတိုင်းကိုယ်ချင်းစားမိရုံပါပဲ။တစ်စုံတစ်ယောက်အရမ်းပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာခဲ့ရင် သူက နတ်ဆိုးဖြစ်သွားတော့တာပဲလေ
ချင်ယွီသည်သူ့လက်ဖဝါးကိုဖြေလျှော့ပေးလိုက် ကာတင်းတင်းကြပ်ကြပ်ဖက်ထားရင်း သူ့နားထဲလေမှုတ်လိုက်ကာပြောလာသည်။
"ဟဲကျင့် ငါတို့အစကနေပြန်စရအောင် ငါတို့ခွဲခွါခဲ့တဲ့နေရာကစပြီးလေ ဟုတ်ပြီလား?"
ဟဲကျင့်ကတုန်ယင်နေလျက်ဖြေလိုက်လေသည်။
"ကောင်းပြီ"
Zawgyi
154:ပိုင္ဆိုင္လိုစိတ္ႀကီးၿပီးေခါင္းမာတဲ့သူ
ဟဲက်င့္ မိဘမ်ား ၏ သေဘာထားသည္ လ်င္ျမန္ စြာေျပာင္းလဲသြားခဲ့ၿပီး ၎သည္ သူေမွ်ာ္လင့္ထားသည္ထက္ ေက်ာ္လြန္သြားခဲ့သည္။ လြန္ခဲ့တဲ့ သုံးႏွစ္ကသာ ဒီလိုျဖစ္ခဲ့ရင္ ဟဲက်င့္ရဲ႕ အေမက သူမကိုယ္သူမသတ္ေသမယ္လို႔ ၿခိမ္းေျခာက္မွာ ေသခ်ာပါ၏။ သူ၏ စိတ္ေနသေဘာထားႏွင့္ ႀကိဳးစားအားထုတ္မႈမ်ား အေျပာင္းအလဲအတြက္ ဘုရားသခင္ ထံမွ ဆုလာဘ္တစ္ခုလား ဒါမွမဟုတ္ဤသုံးႏွစ္အတြင္း သူလုပ္ေဆာင္ခဲ့သည့္အရာသည္ ေနာက္ ဆုံးေတာ့ေျပလည္သြားခဲ့တာလားလို႔ သူေတြးေနမိေလသည္။ ေကာင္းကင္က တိမ္ေတြ ကင္းစင္သြားသလိုပဲ သူ႐ုတ္တရက္ ေပါ့ပါးၿပီး သက္သာရာရသြားေတာ့သည္
ေနာက္ရက္အနည္းငယ္ၾကာသည့္အထိ ဟဲက်င့္အေမက ခ်င္ယြီရဲ႕ေနာက္ခံကိုေမးေနဆဲပင္။ အသက္ 26 ႏွစ္အ႐ြယ္တြင္ သူကိုယ္တိုင္ ကုမၸဏီအနည္းငယ္ဖြင့္ထားႏိုင္ ၿပီး စက္႐ုပ္မ်ားကိုပင္ စတင္ထုတ္လုပ္ေနၿပီဟု ၾကားသိရသျဖင့္အံ့အားသင့္ေနေတာ့သည္။ တူညီေသာေအာင္ျမင္မႈမ်ားကိုေတာင္ လူမ်ားစြာမရရွိႏိုင္ေၾကာင္း ထင္ရွားပါသည္။
"သူကိုယ္တိုင္ပဲတကယ္ႀကိဳးစားခဲ့တာ"
ဟဲက်င့္ကဆက္ေျပာခဲ့ေလသည္။
"သူ႔အေမက သူငယ္ငယ္ေလးထဲကဆုံးပါးသြားတာၿပီးေတာ့ သူ႔အေဖက သူ႔ကိုယ္ပိုင္စီးပြါးေရးရွိတယ္ သူ႔အသက္ 18 ေလာက္ထဲက အိမ္ကေငြတျပားတက်ပ္မွမသုံးပဲ သူကိုယ္ပိုင္ေငြသူရွာသုံးခဲ့တာ"
သူ႔အေမက ဘယ္ေလာက္ေတာင္ သိခ်င္ေနလဲဆိုရင္ ဟဲက်င့္မွာအကုန္ေျပာျပ႐ုံသာတတ္ႏိုင္ခဲ့သည္။ခ်င္ယြီက ေဖ်ာ္ေျဖေရးအသိုင္းအဝန္းတြင္ အလုပ္ လုပ္သည္ဟူေသာအခ်က္ကို ဖုံးကြယ္၍မရေၾကာင္း သူသိသည္။ သူ႔မိဘေတြက အသက္ႀကီးေပမယ့္ တီဗီၾကည့္ေနတုန္းပဲေလ တေန႔တေန႔က်ရင္ ခ်င္ယြီကိုမေတြ႕သြားဘူးဆိုတာမေျပာႏိုင္ဘူး။ သူမကို အခု အမွန္အတိုင္းေျပာလိုက္တာပိုေကာင္းပါ၏။ သို႔ေသာ္ အမွန္အတိုင္းေျပာဖို႔ကလဲစေကးကလိုေသးတယ္ သူသူ႔အေမကိုေဖ်ာ္ေျဖေရးအသိုင္းအဝိုင္းမွာအလုပ္လုပ္တယ္လို႔ေျပာလိုက္ေသာ္လည္းအႏုပညာရွင္လို႔ေတာ့မေျပာလိုက္ေပ။
"ဒါဆို သူ႔အေဖက ဘာမွ မေျပာဘူးလား?သူကေခ်ာလဲေခ်ာတယ္အရည္အခ်င္းလဲရွိတယ္ေလမင္းရဲ႕ဆက္ဆံေရးနဲ႔ ပတ္သက္ၿပီး သူ႔အေဖက ဘာမွမေျပာဘူးလား?"
ဟဲက်င့္ရဲ႕မိခင္သည္ ဟဲက်င့္ရဲ႕ဆက္ဆံေရးကိုျပႆနာတစ္စုံတစ္ရာျဖစ္မွာစိုးရိမ္ေနခဲ့သည္။
"လြန္ခဲ့တဲ့ သုံးႏွစ္ေလာက္က သူ႔မိသားစုဆီကိုသြားလည္ဖူးတယ္ၿပီးေတာ့ သူ႔အေဖက ကြၽန္ေတာ္နဲ႔အေၾကာင္းကိုသိထားၿပီးသား သူကကြၽန္ေတာ္တို႔ရဲ႕ ဆက္ဆံေရးကိုအရမ္းလည္းေထာက္ခံအားေပးခဲ့ေသးတာ။ခ်င္ယြီမွာ အေမမတူတဲ့ ညီေလးနဲ႔ ညီမေလးလဲရွိတယ္"
လြန္ခဲ့တဲ့သုံးႏွစ္ကခ်င္ယြီနဲ႔လမ္းခြဲခဲ့တဲ့အေၾကာင္းေျပာတဲ့အခ်ိန္မွာေတာ့သူအျပစ္ရွိစိတ္ခံစားေနရဆဲျဖစ္ကာ ခ်င္ယြီအေဖကိုဘယ္လိုရွင္းျပရမလဲေတာင္မသိေသးပါေခ်။
ဟဲက်င့္အေမက ႏႈတ္ခမ္းစူလိုက္ၿပီး ခ်မ္းသာၿပီး ေအာင္ျမင္တဲ့ ေယာက္်ားေတြက ဇနီးမယားကို စြန႔္ပစ္ၿပီး ေခ်ာေမာၿပီး ႏုပ်ိဳတဲ့ တျခားမိန္းမနဲ႔ လက္ထပ္ တယ္ဆိုၿပီးခ်က္ခ်င္းေတြးလိုက္ေလရဲ႕။သူမက နည္းနည္းေလး ညည္းညဴရင္း
"ဘယ္အေဖက သားကို ဒီလိုလုပ္မွာလဲ? အေမေတာ့ သူ႔ရဲ႕ေမာင္ႏွမေတြကိုပိုဂ႐ုစိုက္တယ္လို႔ထင္ တယ္ အဲ့ဒါေၾကာင့္ခ်င္ယြီက အရမ္းအမွီအခိုကင္းေနတာ"
ဟဲက်င့္သည္ ေျပာစရာစကားမဲ့သြားရသည္။ခ်င္ယြီရဲ႕မိသားစုၾကားကေလထုကိုေတြ႕ရင္ေရာ ဒီလိုပဲေျပာဉီးမလားဆိုတာကိုသူသိခ်င္မိပါရဲ႕။ဟဲက်င့္ကဘာမွဆက္မေျပာခဲ့ေတာ့ေပ။မိဘေတြကေတာ့ သူတို႔ရဲ႕မ်က္လုံးထဲမွာကိုယ့္သားသမီးကိုအေကာင္းဆုံးလို႔ျမင္ၾကတာပဲေလ
အိမ္တြင္ကိစၥမ်ားေျဖရွင္းၿပီးေနာက္တြင္ေတာ့ ဟဲက်င့္သည္ သူ၏မိဘမ်ားကို တစ္လလွ်င္ အနည္းဆုံးတစ္ႀကိမ္ အိမ္ျပန္လာမည္ဟုကတိေပးခဲ့သည္။သူသည္ ပစၥည္းေတြ ထုပ္ပိုးၿပီး ထြက္သြားဖို႔အသင့္ျဖစ္ေနၿပီပင္
သူသြားမယ့္ေန႔ မနက္(၆)နာရီမွာေတာ့ သူ႔အေမက ေဈးကိုသြားၿပီး ေဈးႀကီးတဲ့ပုစြန္နဲ႔ ဝက္သားနက္ ေတြကို ေ႐ြးဝယ္ခဲ့သည္။ သူမသည္ ဟဲက်င့္အတြက္ဟင္းပြဲမ်ားစြာကို ျပဳလုပ္ေပးခဲ့သည္။
ဤတစ္ႀကိမ္တြင္ေတာ့ ဟဲက်င့္သည္ အဲ့ဒါကိုသည္းမခံႏိုင္ဘူးဟုလည္းမခံစားခဲ့ရေတာ့ေခ်။ ဟင္းလ်ာမ်ားက သူ႔အေမထံမွ ခ်စ္ျခင္းေမတၱာမ်ားျဖင့္ ျပည့္ေနခဲ့သည္။ အတိတ္က နာက်ည္းမႈေတြ ဘယ္ေလာက္ပဲရွိခဲ့ရွိခဲ့ ဒီအခ်ိန္မွာေတာ့ အားလုံး ေပ်ာက္ကြယ္သြားခဲ့ပါၿပီပင္။
ထမင္းစားေနစဥ္တြင္ ဟဲက်င့္အေမက ဟဲက်င့္ကိုထပ္ၿပီးသတိေပးလာခဲ့သည္။
"မင္းကေယာက်္ားေလးေနာ္ မင္းကိုယ္မင္းအားကိုးရမယ္။မင္းသူ႔ကိုကူညီတာတို႔ သူနဲ႔မင္းတစ္ဘဝလုံးကုန္ဆုံးရင္ေတာင္ မင္း ေငြေရးေၾကးေရးအမွီအခိုကင္း ဖို႔ကလိုေသးတယ္။မင္းတို႔က တစ္ေယာက္ခ်င္းစီပဲ သူဘယ္ေလာက္ခ်မ္းသာခ်မ္းသာ မင္းကိုယ္ ပိုင္ပိုက္ဆံေတာ့ကိုယ့္ဘာသာကိုရွာရမွာပဲ။ဘယ္သူက ကိုယ့္လက္တြဲေဖာ္ကိုပဲအၿမဲအားကိုးေနမွာလဲ?မွတ္ထားဉီး မင္းလက္ထပ္လို႔မရဘူးေနာ္ အနာဂတ္ မွာဘာျဖစ္လာမလဲဆိုတာကိုဘယ္သူသိမွာလဲ?"
ဟဲက်င့္လဲအရင္ကအဲ့လိုပဲေတြးခဲ့မိတာပင္ ဒါေပမယ့္အခုေတာ့ခ်င္ယြီနဲ႔ သူတစ္ေယာက္ကိုတစ္ေယာက္မွီခိုလို႔ရမွန္းသူယုံပါ၏။ၿပီးေတာ့ သူ႔အေမကသူ႔ကို သူမရဲ႕အေတြ႕အႀကဳံေတြကေနသတိေပးေနတာဆိုၿပီးလည္းယုံၾကည္ထားေလသည္။သူ သူမနဲ႔လည္းစကားမမ်ားခ်င္တဲ့အတြက္ေၾကာင့္ ေခါင္းသာၿငိမ့္ျပလိုက္ေတာ့သည္။သူ ခ်င္ယြီဆီမွ မလိုအပ္ပဲလဲပိုက္ဆံေတာင္းမည္မဟုတ္ေပ။
သူ႔အေဖကေတာ့ ေျပာစရာအမ်ားႀကီးမရွိေခ်။ ခ်င္ယြီ ေပးခဲ့ေသာ စီးကရက္တစ္လိပ္ကို ကိုင္ထားၿပီး မ်က္လုံးမွိတ္လ်က္ ေပ်ာ္႐ႊင္စြာျဖင့္ ေဆးလိပ္ ေသာက္ေနေလသည္။ ဟဲက်င့္သြားဖို႔လုပ္တဲ့အခ်ိန္မွာေတာ့ သူကေျပာလာခဲ့သည္။
" ဒါက တံဆိပ္ေကာင္းတစ္ခုပဲ ခ်င္ယြီကို ငါ့အစားေက်းဇူးတင္ေၾကာင္းေျပာေပးဉီး"
ဟဲက်င့္: "..."
ခ်င္ယြီက ဟဲက်င့္အတြက္လက္မွတ္ဝယ္ေပးခဲ့ကာ ေလဆိပ္မွာလဲ သူ႔ကိုလာႀကိဳခဲ့သည္။လြန္ခဲ့တဲ့ သုံးႏွစ္အတြင္းမွာ သူကႏိုင္ငံအတြင္းကေနရာေတာ္ေတာ္မ်ားမ်ားကိုသြားခဲ့ၿပီး fan မ်ားရဲ႕ႀကိဳဆိုျခင္းကိုခံခဲ့ရကာ သူကိုယ္တိုင္ေတာ့ ဘယ္သူ႔ကိုမွလာမႀကိဳဖူးေခ်။
သူကလူမ်ားတဲ့ဂိတ္ေပါက္မွာမေနရဲပါ။ထိုအစားသူက ကားပါကင္ကိုေမာင္းသြားကာေစာင့္ေနခဲ့သည္။ဟဲက်င့္ကေလဆိပ္ကထြက္ခဲ့ကာ ခ်င္ယြီပို႔လိုက္သည့္ မက္ေဆ့ခ်္အရဆုံရန္ေနရာကိုသြားခဲ့သည္။သူအျဖဴသန႔္သန႔္ Porsche ကားေလးကိုေတြ႕လိုက္ရပါ၏
ခ်င္ယြီက ကားေမာင္းသူေနရာတြင္ထိုင္ေနကာ ကားမွန္ကိုခ်လ်က္ ဟဲက်င့္ကိုေလခြၽန္ျပကာျဖင့္
"လူေခ်ာေလး လိုက္ပို႔ေပးရမလား?"
ဟဲက်င့္:"...."
သူ ကားထဲသို႔ဝင္ထိုင္လိုက္ခ်ိန္တြင္ေတာ့ ဟဲက်င့္ က အရာအားလုံးကိုစပ္စပ္စုစုျဖင့္ထိၾကည့္ေလ
သည္ ။ဒါက Mini နဲ႔ Jaguar နဲ႔လုံးဝမတူတဲ့အေနအထားမွာရွိတဲ့ Porscheပဲ!
"မင္းဘာလို႔ ကားေျပာင္းလိုက္တာလဲ?Jaguar ေရာဘာျဖစ္သြားၿပီလဲ?"
ခ်င္ယြီက ကားကိုအရွိန္တင္လိုက္ရာကားက ေခ်ာေခ်ာေမာေမာေမာင္းထြက္သြားေတာ့သည္။
"အဲ့ဒါက အိမ္မွာ ဒါကငါမိန္းမနဲ႔ေလွ်ာက္ေမာင္းဖို႔နဲ႔ ႂကြားဖို႔"
ဟဲက်င့္က ရယ္လ်က္ အရင္ကခ်င္ယြီျပန္ေရာက္ လာသလိုခံစားလိုက္ရသည္
"ငါတို႔ ဘယ္သြားေနၾကတာလဲ?"
ဟဲက်င့္ကအနည္းငယ္ေတြေဝေနခဲ့သည္။ဖုန္းထဲမွာတုန္းကေတာ့ခ်င္ယြီေျပာတာက အိမ္ကိုအရင္ျပန္မယ္လို႔ေျပာခဲ့တာပင္။3 ႏွစ္နီးပါးၾကာၿပီးေနာက္မွာေတာ့ ခ်င္ယြီကအိမ္ေျပာင္းသြားေလာက္ၿပီေနာ္ ဒါမွမဟုတ္သူ႔မိဘအိမ္မ်ားလား?
"အဲဒီကိုေရာက္ရင္ မင္းသိလိမ့္မယ္"
ခ်င္ယြီ က တိုက္႐ိုက္မေျဖခဲ့ဘဲ ကားသည္ အေဝးေျပးလမ္းမႀကီးေပၚ အျမန္တက္သြားကာျဖင့္ ၿမိဳ႕အေနာက္ဘက္ ခ႐ိုင္ဆီသို႔ ဦးတည္သြားခဲ့သည္။
ဟဲက်င့္ သည္ အထပ္ျမင့္အေဆာက္အအုံမ်ားႏွင့္ ျပတင္းေပါက္အျပင္ဘက္ရွိ လူသြားလမ္းကို ၾကည့္လိုက္ရင္းသူ႔ရင္တြင္း၌ အၾကာႀကီးမခံစားခဲ့ရသည့္ စိတ္လႈပ္ရွားမႈမ်ားႏွင့္ ျပည့္ႏွက္ေနခဲ့သည္။အဲ့ဒါက သူလြန္ခဲ့တဲ့ 7 ႏွစ္က ဟြားတကၠသိုလ္ကိုစေရာက္တဲ့အခ်ိန္ လြတ္လပ္မူဆိုတာဘာလဲစသိ
တုန္းကအခ်ိန္လိုပင္။
နာရီဝက္ေက်ာ္ၾကာၿပီးေနာက္မွာေတာ့ ဟဲက်င့္ သည္ ရင္းႏွီးေသာပတ္ဝန္းက်င္ကို စတင္ေတြ႕ျမင္ရေလသည္။ သူသိခ်င္သြားရသည္။
"မင္း ဟြားတကၠသိုလ္အနီးမွာေနေနေသးတာလား?"
ခ်င္ယြီကမေျဖခဲ့ေပ။သူေမာင္းလာတာေနရာအတိအက်ကိုေရာက္လာခ်ိန္ထိဟဲက်င့္မွာမယုံႏိုင္ေသးေပ။
"မင္းအခုထိ မေျပာင္းေသးတာလား?"
အဲ့ဒါ သူတို႔လြန္ခဲ့တဲ့ သုံးႏွစ္က ငွားခဲ့တဲ့ တိုက္ခန္းအတိအက်ပဲ!
ခ်င္ယြီ ကားေပၚမွ ဆင္းလိုက္သည္။ဟဲက်င့္ကသူ႔ခရီးေဆာင္အိတ္ကိုဆြဲေနတာကိုမကူညီေတာ့ပဲ ဟဲက်င့္ကိုသာတိုက္႐ိုက္ဆြဲေခၚသြားခဲ့သည္။
ခ်င္ယြီက သူ႔ကိုဆြဲေခၚသြားတဲ့အခ်ိန္မွာဟဲက်င့္မွာေျခေခါက္လုနီးပါးပင္။သူတို႔တတိယအထပ္သို႔ေရာက္ခ်ိန္မွာေတာ့ခ်င္ယြီက ဟဲက်င့္ရဲ႕လက္ေကာက္ဝတ္ကိုလက္တစ္ဖက္ျဖင့္ဆြဲကိုင္လ်က္ က်န္လက္တစ္ဖက္ျဖင့္တံခါးေသာ့ဖြင့္ခဲ့သည္။အဲ့ေနာက္မွာေတာ့သူဟဲက်င့္ကိုအရင္တြန္းထည့္လိုက္ကာ ေနာက္မွသူလိုက္ဝင္ခဲ့ပါ၏
ဟဲက်င့္ ေမာ့ၾကည့္လိုက္သည္။ အခန္းတြင္းရွိ အျပာေဖ်ာ့ေဖ်ာ့နံရံမ်ား၊ ေကာ္ဖီ စားပြဲေပၚရွိ အပင္မ်ား၊ အေႏြးေရာင္ ဆိုဖာႏွင့္ အနည္းငယ္ တိမ္းေစာင္းေနေသာ ဆိုဖာကူရွင္တို႔ကို သူျမင္လိုက္ ရသည္။
အိပ္ခန္းတံခါးကပြင့္လ်က္ရွိေနခဲ့ၿပီး ခ်ိတ္မွာခ်ိတ္ထားတဲ့ ညအိပ္ဝတ္စုံ၊စားပြဲေပၚရွိစာအုပ္မ်ား၊ရႈပ္ပြေနသည့္အိပ္ရာခင္း၊ေကာ္ေဇာ္ေပၚရွိဖိနပ္ပါးတရံ.....
အကုန္လုံးကလြန္ခဲ့တဲ့သုံးႏွစ္ကအတိုင္းလုံးဝမေျပာင္းမလဲရွိေနခဲ့တယ္!
ခဏေလာက္ေတာ့ ဟဲက်င့္ သူ လြန္ခဲ့တဲ့ သုံးႏွစ္ ေလာက္ကိုျပန္ေရာက္သြားတယ္လို႔ေတာင္ထင္လိုက္မိေတာ့မလို႔!
"ဟဲက်င့္ သုံးႏွစ္ေတာင္ရွိသြားၿပီ ဒီတစ္ေလွ်ာက္လုံးငါမင္းကိုပဲေစာင့္ေနခဲ့တာ..."
ခ်င္ယြီကေျပာရင္းဟဲက်င့္ကို အေနာက္ကေနေပြ႕ဖက္လိုက္ပါ၏။
ဟဲက်င့္ဟာ သူ႔အမွတ္တရေတြကေနႏိုးထလာရၿပီး စိတ္ခံစားလြယ္ေနခဲ့သည္။
"လြန္ခဲ့တဲ့သုံးႏွစ္က မင္းငါ့ကိုထားသြားတဲ့ေန႔ကိုမွတ္မိေသးလား အဲ့ေန႔ကရွိေနခဲ့တဲ့ ဒီအခန္းအေနအထားပဲ။ငါႏိုးလာတဲ့အခ်ိန္တုန္းက မင္းပစၥည္းေတြကဒီမွာရွိေနတုန္းပဲ။မင္းငါ့ကိုခ်စ္ခဲ့တာလား
ရက္စက္ခဲ့တာလားေတာင္ငါမသိေတာ့ဘူး"
ခ်င္ယြီကဟဲက်င့္ရဲ႕လည္ပင္းကိုကိုက္လိုက္ေလသည္။သူကကိုက္႐ုံတင္မဟုတ္ပဲ ေဒါသကိုေျပေလ်ာ့ရန္အတြက္သြားနဲ႔ပါက်ိတ္လိုက္ေသး၏
ဟဲက်င့္ သည္ နာက်င္မႈႏွင့္အတူပင့္သက္ရႈိက္လ်က္ ခ်င္ယြီရင္ခြင္ထဲမွီကာ ဘာစကားမွမေျပာႏိုင္ခဲ့ေခ်။
ခ်င္ယြီက ကိုက္ေနရာကေနနမ္းလာခဲ့ၿပီးေနာက္ ညင္သာစြာယက္လာခဲ့ေလသည္။သူကသူ႔ေခါင္းကိုဟဲက်င့္ပုခုံးေပၚတင္လိုက္ေလရာ သူတို႔ႏွစ္ေယာက္ ရဲ႕မ်က္ႏွာေတြမွာထိေနေတာ့သည္။
"မင္းငါ့ကိုဘာလို႔ဒီလိုလုပ္ႏိုင္လဲဆိုတာငါသိခ်င္ခဲ့တယ္မင္းငါနဲ႔အရင္ညတုန္းကေတာင္ တရင္းတႏွီးရွိေနခဲ့တာကိုၿပီးေတာ့ မင္းမိဘေတြခြဲရင္ေတာင္ ငါ့ကိုမထားခဲ့ပါဘူးလို႔ေျပာခဲ့ၿပီးေတာ့ေလ ဒါေပမယ့္မင္းကထားခဲ့တာပဲ..ငါတကယ္ႀကီးမင္းကိုမုန္းတယ္!"
ဟဲက်င့္သည္ ခဏတာတိတ္ဆိတ္သြားၿပီးေနာက္ ေတာင္းပန္ပါတယ္ဟုဆိုေတာ့မယ့္အခ်ိန္တြင္ ခ်င္ယြီက သူ႔ပါးစပ္ကိုပိတ္လာခဲ့သည္။
"ငါ အရမ္းေဒါသထြက္လြန္းလို႔ ဒီမွာရွိသမွ်႐ိုက္ခြဲလုနီးနီးပဲ ငါမင္းကို Q ၿမိဳ႕မွာ ခ်က္ခ်င္းလိုက္ျပန္ ေခၚလာၿပီး အလုပ္လဲမလုပ္ခိုင္းဘူး အဲ့လိုဆို ငါမင္းကိုခ်က္ေကြၽးလို႔ရၿပီး ငါတို႔ေန႔တိုင္းအတူရွိေနလို႔ရတယ္။ၿပီးက်ရင္ မင္းမိဘေတြကြယ္လြန္သြားတဲ့အခ်ိန္က် မင္းငါနဲ႔ပဲတသက္လုံးသက္ဆိုင္သြားေတာ့မွာ"
ဟဲက်င့္ က နားေထာင္ေနရင္း တုန္ယင္ေနခဲ့သည္။ ခ်င္ယြီကဒီလိုဆိုးသြမ္းတဲ့အေတြးေတြရွိေနတယ္ဆိုတာကိုသူမေသခ်ာပါ။
ခ်င္ယြီက သက္ျပင္းခ်လိုက္ၿပီးဆက္ေျပာလာေလသည္
"ဒါေပမယ့္ ဒီလိုလုပ္ရင္ မင္းငါ့ကိုမုန္းသြားမယ္ဆိုတာ ငါသိတယ္။ ရာဇ၀တ္မႈျဖစ္မယ္ဆိုတာလည္း သိတယ္။ မင္းငါ့ကိုမုန္းမယ္ဆိုတာသိလို႔ ငါဘာမွ ဆက္မလုပ္ရဲေတာ့ဘူး။ ေနာက္ေတာ့ငါလက္ေလွ်ာ့လိုက္ေတာ့တယ္ လမ္းေပ်ာက္ေနတဲ့ေခြးတစ္ေကာင္လိုပဲ။ၿပီးေတာ့ငါလုံးဝေမ့သြားေအာင္လို႔ ငါ့ကိုယ္ ငါ ႏွစ္သိမ့္ခဲ့တယ္ၿပီးေတာ့ငါ့ကိုယ္ငါေျပာခဲ့တာကတေန႔မွာမင္းနဲ႔ႀကဳံႀကိဳက္ဉီးမယ္ မင္းငါ့နာမည္ကိုေခၚေနဉီးမယ္ ငါ့ကိုမင္းမွတ္မိေနဉီးမယ္လို႔ေပါ့"
ဟဲက်င့္ရဲ႕မ်က္လုံးမ်ားနီရဲလာကာမ်က္ရည္မ်ားကခ်င္ယြီလက္ေခ်ာင္းထိပ္ေပၚသို႔စီးက်သြားေတာ့သည္။
ဟဲက်င့္ ၏ ႏႈတ္ခမ္းမ်ားသည္ ညင္သာစြာ လႈပ္ရွားသြားကာ ခ်င္ယြီရဲ႕နာမည္ကိုေခၚခဲ့သည္။
ခ်င္ယြီ က သူ႔နား႐ြက္ကို နမ္းလိုက္ၿပီးေျပာလာခဲ့သည္
"အခုေတာ့အကုန္အဆင္ေျပသြားပါၿပီ မင္းျပန္လာပီပဲေလ။ဘယ္လိုပဲျဖစ္ျဖစ္ငါပထမအႀကိမ္ ဒုတိယအႀကိမ္ ထိေတာ့သည္းခံႏိုင္တယ္ ဒါေပမယ့္တတိယအႀကိမ္ေတာ့အာမမခံႏိုင္ဘူး။ဒီသုံးႏွစ္အတြင္းမွာငါမင္းအေၾကာင္းေန႔တိုင္းေတြးခဲ့တယ္။ငါတကယ္ကိုမေကာင္းတဲ့အေတြးေတြလည္းရွိခဲ့တယ္။ငါမင္းကိုျပန္ေပးဆြဲၿပီးတစ္သက္လုံးဝွက္ထားခ်င္ခဲ့တယ္။အခုေတာာင္မွအဲ့မေကာင္းတဲ့အေတြးေတြကိုဖိႏွိပ္ထားရတာ။ငါမင္းကိုသိခဲ့တာ 12 ႏွစ္ ေတာင္ရွိေနၿပီတကယ္လို႔ငါတတ္ႏိုင္ခဲ့ရင္မင္းကိုလက္လႊတ္ေပးခဲ့မွာ ငါမလႊတ္ေပးႏိုင္ခဲ့ဘူး အဲ့ေတာ့အခုမင္းျပန္လာၿပီဆိုေတာ့ မင္းစိတ္ကိုျပင္ဆင္ ထားလိုက္ေတာ့ ဘာလို႔ဆိုငါမင္းကိုတသက္လုံးခ်ည္ေႏွာင္ထားေတာ့မွာမလို႔။ငါ့ကိုကတိေပးပါ ငါလူဆိုးျဖစ္သြားေအာင္မလုပ္ပါဘူးလို႔ေလ"
ဟဲက်င့္ က ေခါင္းညိတ္လိုက္ၿပီး သူ႔လည္ေခ်ာင္းထဲက "အြန္း" လို႔ အသံထြက္လာခဲ့ေလသည္။ခ်င္ယြီေျပာခဲ့တာကိုသူမေၾကာက္ပါေခ်။သူဒီတိုင္းကိုယ္ခ်င္းစားမိ႐ုံပါပဲ။တစ္စုံတစ္ေယာက္အရမ္းပိုင္ဆိုင္လိုစိတ္ႀကီးၿပီးေခါင္းမာခဲ့ရင္ သူက နတ္ဆိုးျဖစ္သြားေတာ့တာပဲေလ
ခ်င္ယြီသည္သူ႔လက္ဖဝါးကိုေျဖေလွ်ာ့ေပးလိုက္ ကာတင္းတင္းၾကပ္ၾကပ္ဖက္ထားရင္း သူ႔နားထဲေလမႈတ္လိုက္ကာေျပာလာသည္။
"ဟဲက်င့္ ငါတို႔အစကေနျပန္စရေအာင္ ငါတို႔ခြဲခြါခဲ့တဲ့ေနရာကစၿပီးေလ ဟုတ္ၿပီလား?"
ဟဲက်င့္ကတုန္ယင္ေနလ်က္ေျဖလိုက္ေလသည္။
"ေကာင္းၿပီ"