မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...

By XiaoManTou96

168K 29.2K 929

Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... More

Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ

733 149 3
By XiaoManTou96

Unicode

ဟဲမိသားစုရဲ့တိုက်ခန်းသည် 80 စတုရန်းမီတာသာ ကျယ်ဝန်းလေသည်။မီးဖိုချောင်နှင့် ဧည့်ခန်းတွင် တော့ တံခါးတစ်ခုရှိပြီးထိုဆွဲတံခါးမှာလည်း နံရံနားညပ်နေသည်မှာ အချိန်တော်ကြာပြီပင်။

ထို့ကြောင့် ချင်ယွီ မော့ကြည့်လိုက်သည်နှင့် မီးဖိုချောင်ထဲက ဟဲကျင့်နဲ့ ဟဲကျင့်အမေရဲ့ နောက် ကျောကို တွေ့လိုက်ရသည်။ ဟဲကျင့်သည် သူ့အမေ၏ ဆူပူခြင်းကို ခံရမည်ကိုလည်း စိုးရိမ်နေစရာမလိုပေ။

ချင်ယွီ ဆိုဖာပေါ်ထိုင်ချလိုက်သည်။ဟဲကျင့်အဖေက အနည်းငယ် စိတ်မသက်မသာဖြစ်ပုံရသော်
လည်း သူ့ဘေးနားရှိ ချောမောသော လူငယ်လေးအားမမေးပဲလည်းမနေနိုင်ခဲ့ချေ

"လူငယ်လေး မင်းနာမည်ဘယ်လိုခေါ်လဲ?"

ချင်ယွီ က သူ့နာမည်ကိုဟဲကျင့်အဖေကိုပြောပြလိုက်သည်။ သူက ချင်ယွီကို သူ့အသက် ဘယ်လောက်ရှိပြီလဲ ဘယ်ကလာလဲ လို့မေးတော့လည်းအလိုက်တသိပြန်ဖြေလေသည်

"အိုး ဒါဆို မင်းကဟဲကျင့်ထက်တစ်နှစ်ငယ်တာပဲ"

ဟဲကျင့်အဖေက သူနဲ့ဟဲကျင့်ရဲ့ဆက်ဆံရေးနဲ့ သူဘယ်လောက်တက်ကြွလဲဆိုတာကိုတွေးကြည့်လိုက်သည်။

ဟဲကျင့်အမေသည် မီးဖိုချောင်ထဲတွင် အသားနှင့်ဥများကို မျက်နှာအမူအရာမဲ့စွာဖြင့်ချက်ပြုတ်နေသော်လည်း ဧည့်ခန်းထဲတွင် စကားပြောဆိုသံများကို သူမ အာရုံစိုက်နေဆဲဖြစ်သည်။ ဟဲကျင့်သည်လည်း သူတို့ပြောနေတာကို သေချာနားထောင်နေခဲ့သည်။ ချင်ယွီ က သူ့မိဘတွေကို "အဖေ" နဲ့ "အမေ" လို့ ခေါ်တဲ့ပုံစံကြောင့် သူ ထိတ်လန့်နေတုန်းပဲ ပြီးတော့ အဲဒါနဲ့ ပတ်သက်ပြီး သူ အရမ်းရှက်သွားရပါ၏။ တစ်စုံတစ်ယောက်ရဲ့ မိဘတွေကို ပထမဆုံးကြိမ်တွေ့တဲ့အချိန်မှာပဲ  အဖေ အမေဆိုပြီးဘယ်သူကခေါ်လို့လဲ?သူကတကယ်ကြီးကိုမူမမှန်နေတာပဲ!

ချင်ယွီ: "ဟုတ်ကဲ့ ကျွန်တော်က သူ့ထက်ငယ်ပေမယ့် ပုံမှန်ဆိုလူတွေကသတိမထားမိကြဘူး သူနဲ့ရှိချိန်တိုင်းဆို ကျွန်တော်ကတော့ သူကပိုငယ်တယ်လို့ပဲခံစားနေရတော့တာပဲ"

ဟဲမိသားစု "..."

ဟဲကျင့်အမေသည် ဟဲကျင့်ကိုတချက်ကြည့်လိုက် သည် သူမအကြည့်မှာရှုပ်ထွေးလွန်းနေကာ ဟဲကျင့်ကိုယ်ပေါ်တွင် အပေါက်နှစ်ပေါက် ပေါက် တော့မတတ်ပင်

ဟဲကျင့်က သူ့ရင်ထဲမှာ ညည်းညူလိုက်သည်။

"ဘာကိုငယ်တာလဲ?တကယ်တမ်းဘယ်သူကကလေးဆန်တာလဲ? သူက အရှက်မဲ့လွန်းတယ်!"

ဟဲကျင့် အဖေသည်လည်း စိတ်ထဲတွင်ရုန်းကန်နေခဲ့ရသည်။သူတို့၏ အသွင်အပြင်ကို ကြည့်လျှင် သူ့သားသည် အကာအကွယ် ပေးခံထားရသူဖြစ်ကြောင်း ထင်ရှားသည်။ အားလုံးကိုခြုံပြောရရင် ချင်ယွီ က အရပ်ရှည်၍ သန်မာပြီး သူ့သားက ပိုပျော့ပျောင်းတယ်... ဒါပေမယ့် သူ့ကိုယ်သူ အဖြောင့်လို့လက် ခံထားတဲ့ဖခင်အတွက်တော့ လက်ခံဖို့ခက်တဲ့အပိုင်းတွေရှိနေသေးတာပါပဲ

ဟဲကျင့်အဖေက ထပ်မေးလာခဲ့သည်။

"မင်း ဘာအလုပ်လုပ်နေလဲ?"

ဤစကားကိုကြားပြီးနောက် ဟဲကျင့်သည် ရုတ်တရက် အလွန်ထိတ်လန့်သွားကာဖြင့် ချင်ယွီ က "ကျွန်တော်က အနုပညာရှင်တစ်ယောက်ပါ" လို့ ဖြေမှာကို တကယ်ကို စိုးရိမ်နေခဲ့သည်။ သူ့မိဘတွေက ဖျော်ဖြေရေးအစီအစဉ်တွေကိုကြည့်လေ့မရှိဘဲ အနုပညာရှင်တွေ အကြောင်းလည်း ဘာမှမသိကြချေ။အဲ့ဒါကြောင့်မလို့လဲ ချင်ယွီကိုသတိမထားမိကြတာပင်။ အဲ့ဒါကစိတ်ဝင်စားဖို့ကောင်းပေမယ့်လည်း ဟဲကျင့်မိဘတွေလိုရှေးရိုးဆန်တဲ့သူတွေအ
တွက်တော့အဲ့ဒါကဗုံးတစ်လုံးလိုပဲ..

"ဒါက နည်းနည်းတော့ ရှုပ်ထွေးတယ်" ဟုဆိုကာ ချင်ယွီ က ခေတ္တရပ်လျက်ဟဲကျင့်အဖေအားစိတ်ရှည်ရှည်ဖြင့် ရှင်းပြခဲ့သည်။

"ကျွန်တော်က ကိုယ်ပိုင်ကုမ္ပဏီအနည်းငယ်ထောင်ထားတယ်။တစ်ချို့က ဂိမ်းနဲ့ ဖျော်ဖြေရေးနယ်ပယ်မှာ တစ်ချို့က အစားအသောက် ဝန်ဆောင်မှု
လုပ်ငန်းတွေမှာပေါ့။ဒါပေမယ့်ရင်းနှီးမြုပ်နှံထားတာအများဆုံးကတော့ AI ထုတ်ကုန်ထုတ်တဲ့တစ်ခုမှာပါ။အဲ့ဒါက အနာဂတ်မှာ အီလက်ထရွန်းနစ်နည်းပညာနယ်ပယ်မှာ ရေပန်းစားတဲ့ လမ်းကြောင်းတစ် ခုဖြစ်လာလိမ့်မယ်ပြီးတော့အဲ့ဒါကအခုဆိုကြီးထွားလာတဲ့နယ်ပယ်တစ်ခုပါပဲ။ ကျွန်​တော်ပြောတာကို ဉီးလေးနားမလည်နိုင်ဘူး။ ဥပမာတစ်ခုဆိုရရင် အခုကျွန်တော်တို့က ညာဏ်ရည်အတုနဲ့ကလေးစက်ရုပ်လေးထုတ်လုပ်ဖို့ရှိတယ်။ ဒီစက်ရုပ်ကလေးကအတောင်ပံတွေပါပြီးတော့ပျံလဲပျံနိုင်လိမ့်မယ်။သူ့ရဲ့တည်ရှိမှုက အိမ်မွေးတိရစ္ဆာန်နှင့်တူပေမယ့်လည်းသူကကြောင်များနှင့် ခွေးတွေထက် ပိုပြီးတော့ ဉာဏ်ကောင်းမှာပေါ့ဗျာ။သူက လူသားတွေ တွေးနေတာတွေကို သိတယ်။ သူကပိုင်ရှင်နဲ့စကားပြောပြီး အပြန်အလှန် တုံ့ပြန်နိုင်တယ်၊ ဓာတ်ပုံရိုက်ဖို့၊ ဖုန်းခေါ်ဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့ သတိပေးလိမ့်မယ် ပြီးတော့ ပိုင်ရှင်ရဲ့ အိပ်စက်မှုအရည်အသွေးကို စစ်ဆေးဖို့လည်း ကူညီပေးလိမ့်မယ်"

ဟဲကျင့် အဖေကအံ့ဩသွားပြီး

"အဲ့ဒါက ဒီလောက်တောင် အစွမ်းထက်တာပဲလား"

ချင်ယွီ က ပြုံးပြီး "ကျွန်တော် ဒီမှာ ယွမ် သန်း ဆယ်ဂဏန်းလောက် ရင်းနှီးမြှုပ်နှံခဲ့တာ ဒါပေမယ့် ကျွန်တော့်မှာ စီမံခန့်ခွဲစရာတွေ အများကြီး ရှိသေးတယ် ဒီကုမ္ပဏီကို ကျွန်တော်တစ်ယောက်တည်းမထိန်းနိုင်ဘူး။ဒါကြောင့်မလို့ ကျွန်​​တော့်​ကို ကူညီဖို့ ဟဲကျင့်ကိုခေါ်ခဲ့တာပါ"

နောက်ဆုံးတော့ဟဲကျင့်အဖေက ဘာလို့ဟဲကျင့်အလုပ်ထွက်တာလဲဆိုတာကိုနားလည်ခဲ့သည်။
သို့သော်လည်း သူအနည်းငယ်စိုးရိမ်နေသေးသည်

"ဒါပေမယ့် ဒါက ဟဲကျင့် လုပ်နေကျအရာနဲ့ဘာမှမဆိုင်ဘူးထင်တယ်"

ချင်ယွီ: "ဘယ်လိုလုပ်မဆိုင်ရမှာလဲ?ဟဲကျင့်ကအ
ရင်က လူ့စွမ်းအားအရင်းအမြစ်ကို လေ့လာခဲ့တယ် လေ ပြီးတော့ကုမ္ပဏီတိုင်းမှာ HR Management က လိုအပ်တယ်ဗျ။ အဲ့ဒါထက်ကိုဟဲကျင့်က အရမ်း ထက်မြက်တဲ့အတွက် ကျွန်တော့်အကူအညီမပါဘဲ သူ မြန်မြန်ဆန်ဆန် သင်ယူနိုင်မယ်ဆိုတာ သေချာပါတယ်။"

ဟဲကျင့်:  "..."

ချင်ယွီက ချဲ့ကားပြောဆိုတဲ့နေရာမှာတော့ဆရာတဆူပါပဲ!

ဟဲကျင့်အဖေရဲ့ နှုတ်ခမ်းလှုပ်ရှားသွားတော့သည်။ချင်ယွီပြောတာနားထောင်ပြီးနောက်သူအသက်ကြီးလာပြီဆိုတာကိုသတိထားမိလိုက်ရပါ၏။လူငယ် တွေဟာ သူတို့ရဲ့ကိုယ်ပိုင်အတွေးတွေရှိနေပြီးတကယ်လို့သူကူညီချင်တယ်ဆိုရင်တောင်မကူညီနိုင် တော့ပါပေ။

ဟဲကျင့်အမေက မီးဖိုချောင်ထဲမှာ သူတို့စကားဝိုင်းကို တိတ်တဆိတ် နားထောင်နေခဲ့သည်။ ရေခဲသေတ္တာထဲက ကြက်သွန်မိတ်အချို့နဲ့ ဘေကွန်ကို ထုတ်လိုက်ပြီး ဟဲကျင့်ကို ကြက်သွန်မြိတ်ရေဆေးခိုင်းလိုက်သည်။ဟဲကျင့်က စကားတစ်ခွန်းမှ မပြောဘဲအဲ့ဒါတွေကိုယူသွားလိုက်သည် ။ တကယ်တော့ သူတော်တော်ပျော်နေတာ ဘာလို့ဆိုသူ့အမေကဟင်းများများချက်ဖို့ ဆန္ဒရှိနေတယ်လေ!

ဟဲကျင့်အမေက အိုးကို အပူပေးလိုက်တဲ့အချိန်မှာတော့ အနံ့က မီးဖိုချောင်ကနေ ဧည့်ခန်းဆီ အမြန်ပျံ့သွားတော့သည်။ သူ အများကြီး ကူညီစရာမရှိတာတွေ့လိုက်တော့ဟဲကျင့်ကမီးဖိုချောင်ထဲကထွက် သွားဖို့လုပ်တော့တယ်။အဲ့ဒီအချိန်မှာဟဲကျင့်အမေကမြင်သွားပြီး ချက်ချင်းကိုဆူလာတော့သည်။

"မင်းဘာလုပ်နေတာလဲ? ဒီမှာပဲနေ!"

ဟဲကျင့်: "... "

ဟဲကျင့်အမေက ဟင်းပွဲတွေစပြင်တော့ ဟဲကျင့်က သူမကိုပန်းကန်တွင်ကမ်းပေးသည်။အဲ့နောက်မှာတော့သူကအဲ့ဒါကိုထမင်းစားခန်းထဲသယ်သွားတော့လေရဲ့။ဟဲကျင့်ထွက်လာတိုင်းချင်ယွီက သူ့ကိုချစ်ခြင်းအပြည့် မျက်ဝန်းများနှင့်ကြည့်လေ့ရှိသည်။ဟဲကျင့်အဖေကအဲ့ဒါကိုမြင်တော့သူ့နှလုံးသားထဲချဉ်တူးသွားတော့တာပဲ။သူအသက် 70 နီးပါးရှိနေပြီဖြစ်ပေမယ့်လည်း ဘဝတန်ဖိုးတွေသင်ယူစရာရှိနေတုန်းပါပဲ။

ဟင်းငါးပွဲနှင့် စွပ်ပြုတ်တစ်ပွဲ ပြီးတဲ့အချိန်မှာ
တောင် ဟဲကျင့်အဖေကချင်ယွီနဲ့စကားစမြည်ပြောနေသေးသည်။ ဟဲကျင့်အမေကဒေါသတကြီးနဲ့ ဟင်းရည်ကို စားပွဲပေါ်တင်လိုက်ပြီး ဟဲကျင့်အဖေကိုစတင်ဆူပူတော့သည်။

"ဟဲလီကော!ရှင်စကားနည်းနည်းပဲပြောလို့မရဘူးလား?သူကရှင့်ကိုအဖေလို့တခါလေးခေါ်လိုက်တာနဲ့ ရှင်ဘာလုပ်နေလဲဆိုတာကိုလည်းကြည့်ဉီး!ရှင့်သားကိုအဝေးပို့ဖို့အရမ်းတွေအလျင်လိုနေပြီလားဟမ်?လာပြီးညစာလာစား!"

ဟဲကျင့်အဖေ:"..."

သားအဖနှစ်ယောက်ကတော့ တိတ်ဆိတ်နေပါလေရော။ အပြုံးမျက်နှာကို ထိန်းထားတာဆိုလို့ ချင်ယွီတစ်ယောက်သာရှိလေ၏။ သူကဟဲကျင့်အဖေကိုတက်ကြွစွာနဲ့ ထမင်းစားပွဲကိုခေါ်လိုက်ပြီး သူကစားပွဲရှိဟင်းပွဲတွေကိုကြည့်လျက်ပြောလာခဲ့သည်။

"အမေ ဟင်းတွေကအရမ်းမွှေးတာပဲ!ပင်ပန်းသွားပါပြီ!"

ဟဲကျင့်အမေကတော့ မကြားသလိုသာတုံ့ပြန်ခဲ့ပြီးတော့ မီးဖိုချောင်ထဲပြန်သွားကာအိုးခွက်တွေကိုဆေးကြောတော့တာပါပဲ။ဟဲကျင့်က ချင်ယွီကို တူတစုံလှမ်းပေးလိုက်ပြီးတော့စိုက်ကြည့်ကာဖြင့် အမေလို့ထပ်မခေါ်ဖို့ပြောလိုက်၏။ချင်ယွီကတော့ သူ့ကိုအချစ်တွေပြည့်နေတဲ့အကြည့်နဲ့ကြည့်နေဆဲဖြစ်ကာသူ့တစ်ကိုယ်လုံးထုံကျင်သွားရတော့သည်

ဟဲကျင့်အဖေက အရက်ပုလင်းကိုယူ၍ ချင်ယွီအားသောက်ချင်လားလို့မေးလာခဲ့သည်။ချင်ယွီကနာခံဟန်ဆောင်ကာဖြင့်

"ကျွန်တော်က ပုံမှန်ဆိုသောက်လေ့မရှိဘူး ဒီနေ့တော့သောက်ရမှာပဲ အဖေ ကျေးဇူးပြုပြီး"

ဟဲကျင့်ကတော့ မီးဖိုခန်းထဲသွားကာလေသံလေးဖြင့်

"အမေ ညစာအရင်စားလိုက်ပါ ပန်းကန်တွေကျွန် တော်နောက်မှဆေးလိုက်မယ်"

ဟဲကျင့်အမေက နှာမှုတ်လိုက်ပြီး

"မင်းတို့ပဲစားကြ ငါမစားချင်ဘူး"

လေထုဟာနေရခက်နေတော့သည်။ဟဲကျင့်လည်းအရမ်းစိတ်အနှောင့်ယှက်ဖြစ်လာရသည်။သူ့အမေကစပြီးမစားမှတော့ သူတို့ကဘယ်လိုစားရမှာတဲ့လဲ?ညစာစားတဲ့အဆုံးသတ်ကဆိုးလောက်လား?ဒီအခိုက်တန့်မှာပဲချင်ယွီကဝင်လာကာပြောတော့သည်။

"အမေညစာလာစားပါ ကျွန်တော်ပန်းကန်တွေဆေးလိုက်မယ်"

သူလည်းဒီစကားပဲပြောတာဟ!

ဟဲကျင့်အမေကအရမ်းဒေါသထွက်သွားကာဖြင့် အိုးကိုကြမ်းပြင်ပေါ်ပစ်ချလိုက်ရာ အသံအကျယ် ကြီးထွက်လာတော့သည်။ဟဲကျင့်ကချင်ယွီကိုကြည့်ကာဖြင့် အရင်ထွက်သွားခိုင်းလိုက်သည်။ချင်ယွီကမထွက်သွားရုံမကပဲသူကရှေ့တစ်လှမ်းတိုးလျက် အမေလို့ခေါ်နေသေး၏။သူကဟဲကျင့်ကို သန့်တဲ့အဝတ်ယူခိုင်းပြီးတော့ သူ့အမေရဲ့လက်ကိုခြောက်အောင်လုပ်ခိုင်းလိုက်သည်။အဲ့နောက်မှာတော့ ဟဲကျင့်အမေက မီးဖိုချောင်ထဲကနေသူနဲ့အတူလိုက်ထွက်တာနဲ့ပဲအဆုံးသတ်သွားတော့တာပဲ!

လူလေးယောက်ဟာညစာစစားခဲ့ကြသည်။ချင်ယွီက ဟဲကျင့်မိဘတွေကို အရက်ငှဲ့ပေးလိုက်၏။ဟဲကျင့်အမေကတော့ အရက်လည်းမသောက် ထမင်းလည်းမစားပဲချင်ယွီကိုသာကြည့်နေခဲ့သည်။ချင်ယွီကတော့ ဂရုမစိုက်ပုံရကာ သူ့ခွက်ထဲကအရက်အကုန်မော့လိုက်ကာဖြင့် ဟဲကျင့်ပန်းကန်ထဲအသားတချို့ထည့်ပေးလိုက်သည်။

"ဒါစားကြည့်"

ဟဲကျင့်ဘယ်လိုတုံ့ပြန်ရမလဲမသိချေ။ဘယ်ဧည့်သည်က အိမ်ရှင်ကိုပြန်ဧည့်ခံလို့လဲ?သူကအသားကိုပြန်ယူကာဖြင့်

"မင်းစား ဒါကအမေကမင်းအတွက် အထူးချက် ပေးထားတာ"

ချင်ယွီကစားလိုက်ရင်း အပြုံးကြီးကြီးပြုံးကာ

"ကျေးဇူးတင်ပါတယ် အမေ"

ဟဲကျင့်အမေက တူကိုချလိုက်ကာ ရုတ်တရက်ကြီးသူမ မျက်လုံးတွေနီရဲလာတော့သည်။သူမက ခေါင်းကိုငုံ့လိုက်ချိန်တွင်တော့ ယောကျ်ားသားသုံးယောက်က ထိုအပြောင်းအလဲကို သတိမထားမိဘူးဆိုတာမဖြစ်နိုင်တော့ပါချေ။

"ဟေး မင်းဘာဖြစ်တာလဲ?" ဟဲကျင့်အဖေက သူ့တူတွေကိုအလျင်အမြန်ပဲချလိုက်သည်။

ထိုစကားကိုကြားချိန်မှာတော့ ဟဲကျင့်အမေက မျက်ရည်ကျလာတော့သည်။သူမကထရပ်ကာဖြင့် ဘေးနားသွားငိုနေတော့သည်။သူမတကယ်ကိုစိတ် ဓာတ်ကျနေတာပင်။သူမအခက်အခဲမျိုးစုံနဲ့ ပြုစုပျိုးထောင်ခဲ့ရတဲ့သားက ယောကျ်ားလေးတစ်ယောက်နဲ့တွဲနေခဲ့တယ်လေ။ပြီးတော့ လူတိုင်းကိုသူမ မပျော်နေကြောင်းပြတာတောင် ဒီလူသုံးယောက်က ဂရုမစိုက်ယောင်ဆောင်နေခဲ့ကြသေးတယ်။သူ့ယောကျ်ားကလဲ ချင်ယွီကိုကျေနပ်နေပုံရပြီး ဟဲကျင့်ကပျော့ညံ့လွန်းလို့ သူမ သူ့ကိုတောင်ရိုက်ပစ်ချင် တယ်..ပြီးတော့အခုလည်းကြည့် သူမကသူမသားရဲ့ ရည်းစားကောင်လေးအတွက် ညစာတောင်ပြင် ပေးလိုက်ရသေးတယ်။သူမဘဝကဘယ်လောက်တောင်ခါးသီးနိုင်ဉီးမှာတဲ့လဲ!

ချင်ယွီက တခုခုပြောတော့ဖို့ပြင်နေတဲ့အချိန်မှာပဲ ဟဲကျင့်ကခုံအောက်ကနေသူ့လက်ကိုဆုတ်ကိုင်လာပြီးမပြောဖို့တားလာခဲ့သည်။ဟဲကျင့်အဖေက သူ့အရက်ခွက်ကိုချကာဖြင့် သူ့မိန်းမကိုအဖော်ပြုပေးဖို့သွားလေသည်။သူကဟဲကျင့်အမေကိုနှစ်သိမ့်ပေးဖို့ကြိုးစားနေတော့ ဟဲကျင့်နဲ့ချင်ယွီလည်းဆက်မစားဖြစ်ကြတော့ပဲ ဟဲကျင့်အမေပိုပြီးအဆင်ပြေလာတာကိုစောင့်နေခဲ့ကြသည်။

ဆယ်မိနစ်ခန့်ကြာချိန်တွင်တော့ ချင်ယွီသည် မစောင့်နိုင်တော့ပေ။ သူ မတ်တပ်ထရပ်လိုက်ပြီး ဟဲကျင့် အမေရှေ့ဒူးထောက်ကာဖြင့်

"အမေ ကျွန်တော်ဟဲကျင့်ကိုတကယ်ချစ်တယ်။လွန်ခဲ့တဲ့ ဆယ့်နှနှစ်တုန်းက ကျွန်တော်သူ့ကိုအွန်လိုင်းမှာပထမဆုံးတွေ့ခဲ့တာ။သူ့ကြောင့်ပဲ ကျွန် တော်ဟွားတက္ကသိုလ်ကိုဝင်ခွင့်ရအောင်ကြိုးစားခဲ့တာ။သူ့ကြောင့်ကျွန်တော်အလုပ်ကြိုးစားခဲ့ပြီးကျွန် တော့်ကိုယ်ကျွန်တော် သန်မာအောင်လုပ်ခဲ့တာ။ကျွန်တော်ကသူနဲ့ပဲအတူရှိချင်ခဲ့ပြီးသူ့ကိုပဲကာကွယ် ပေးချင်ခဲ့ပြီးသူ့ကိုကျွန်တော့်ဘေးမှာတသက်လုံးရှိစေချင်ခဲ့တာ။လွန်ခဲ့တဲ့သုံးနှစ်ကမိသားစုဖိအားကြောင့်သူထွက်သွားခဲ့တော့ ကျွန်တော်အရမ်းနာကျင်ခဲ့ရတယ်။အမေကသူ့အတွက်အမြဲအရေးကြီးတဲ့သူဖြစ်နေမယ်ဆိုတာကျွန်တော်သိတဲ့အလျောက်
ကျွန်တော့်အတွက်တော့ တခြားလမ်းလဲမရှိခဲ့ပါဘူး။သိပ်မကြာခင်ကမှသူ့ကိုပြန်တွေ့တော့ သူဒီနှစ် တွေမှာဖိအားတွေအများအပြားသည်းခံခံရတယ်ဆိုတာကျွန်တော်သိလိုက်ရတယ်။သူ့ရဲ့အခြေအနေကလည်းမကောင်းနေခဲ့ဘူး။ကျွန်တော် ဒီတစ်ကြိမ် တော့တကယ်ကြီးသူ့ကိုလက်မလွှတ်ပေးချင်တော့ပါဘူး..
ကျွန်တော် ဟဲကျင့်အကြောင်းအကုန်သိပါတယ် သူ့အစ်ကိုဘာဖြစ်သွားလဲဆိုတာအပြင်အမေနေမကောင်းဘူးဆိုတဲ့ကိစ္စကအစပေါ့။ကျွန်တော် အမေ အဖေလို့ခေါ်ရတဲ့အကြောင်းအရင်းကလဲ မျက်နှာရချင်လို့မဟုတ်ပဲဟဲကျင့်အပေါ်ထားတဲ့ကျွန်တော့်အချစ်တွေကြောင့်ပါပဲ။ဟဲကျင့်အတွက်အရေးကြီးတဲ့သူတွေကကျွန်တော့်အတွက်လည်းအရေးကြီးတာပဲလေ။ကျွန်တော်အမေတို့အပေါ်ဟဲကျင့်ကောင်းပေးတာထက်ပိုကောင်းပေးမှာပါ ဘာလို့ဆိုအဲ့ဒါကသူ့ကိုပျော်စေမှန်းသိလို့လေ။ကျွန်တော်ကိုယုံကြည်ပေးဖို့လည်းမျှော်လင့်ပါတယ်။အဲ့ဒါသွေးဆူနေတုန်းပြောတဲ့အကြောင်းအရာတွေမဟုတ်သလိုဟဲကျင့်ကိုအပျော်တွဲတာလဲမဟုတ်ပါဘူး။ကျွန်တော်နဲ့ အခုချက်ချင်းသတောတူပေးဖို့ကိုလည်းမမျှော်လင့်ပါဘူး။စမ်းသပ်ချက်တွေကိုရင် ဆိုင်ဖို့လည်း ကျွန်တော် အဆင့်သင့်ပါပဲ။ကျွန် တော်မျှော်လင့်တာလေးတစ်ခုကတော့ ဟဲကျင့်ကိုကျွန်တော်နဲ့ လမ်းမခွဲခိုင်းဖို့ပါပဲ။ဘာလို့ဆိုအဲ့ဒါက ကျွန်တော်တို့ နှစ်ယောက်လုံးအတွက်ကြီးမားတဲ့ညှင်းပန်းနှိပ်စက်မူမလို့ပါပဲ...အဖေနဲ့အမေ ကျွန်တော် ဟဲကျင့်နဲ့ တသက်လုံးအတူရှိချင်ပြီးတော့ သူ့ကိုပျော်ရွှင်စေချင်ပါတယ်"

ချင်ယွီက ဒါတွေအကုန်ပြောပြီးနောက်မှာတော့ ဧည့်ခန်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့သည်။ဟဲကျင့်အမေက အငိုတိတ်သွားပြီး ဟဲကျင့်အဖေကတော့ မျက်ရည်ဝဲလျက်ကြည့်နေခဲ့သည်။သူလွန်ခဲ့တဲ့ သုံးနှစ်က ဝင်ရောက်စွက်ဖက်ခဲ့တာကိုလည်း အပြစ်ရှိသလိုခံစားနေခဲ့ရ၏။

ဟဲကျင့်သည်လည်း အလွန်ရှုပ်ထွေးသလိုခံစားလိုက်ရသည်။သူ့နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရကာ သူ့ဒူးတွေလည်း အားနည်းသွားရသည်။သူလည်းပဲ ချင်ယွီဘေးနားတွင်ဒူးထောက်လိုက်ကာ သူတို့ရဲ့လက်တွေကိုဆုတ်ကိုင်လျက် လက်ချောင်းများကိုလည်းယှက်တွယ်ထားခဲ့ပါ၏

ချင်ယွီက သူ့ကိုကြည့်လိုက်ရာတွင်နှစ်ယောက်သား အကြည့်ချင်းဆုံသွားကြသည်။ ထို့နောက် သူသည် စိတ်ပိုင်းဖြတ်ထားသကဲ့သို့ ဟဲကျင့်၏ မိဘများကို မကြောက်မရွံ့ပြန်ကြည့်လိုက်သည်။

ဟဲကျင့်အမေက ဟဲကျင့်အဖေဆီက တစ်ရှူးကို ယူလိုက်ပြီး မျက်လုံးထောင့်ကို သုတ်လိုက်သည်။ ထို့နောက် သူမက ဒေါသတကြီးဖြင့်

"မင်းတို့နှစ်ယောက်လုံး ထကြ! ငါက စုန်းမကြီးလို့ ထင်နေတာလား? ငါ မင်းတို့ကို ခွဲခိုင်းနေလို့လား? မင်းတို့ငါ့ကိုအတင်းအကြပ်လုပ်နေတာပဲ!"

ဟဲကျင့်အဖေ: "အိုခေ အိုခေ ငါတို့ ဒီအကြောင်းကို နောက်မှ ပြောလို့ရတယ်။ အစားအသောက်တွေအေးကုန်တော့မယ် အရင်စားကြရအောင်"

ဟဲကျင့် နှင့် ချင်ယွီ သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြတော့သည်။ သူ့အမေက မင်းတို့ကိုခွဲခိုင်းနေလို့လားလို့ပြောတာကြားလိုက်ရတယ်လေ ပြီးတော့ သူ့အမေစိတ်ပျော့လာပြီဆိုတာကိုသူတို့သိပ်သေချာတာပေါ့

နောက်ဆုံးတော့ မိသားစုက အေးချမ်းစွာနဲ့ ညစာစားခဲ့ကြလေသည်။ ဟဲကျင့်အမေက ဘာမှပြန်မပြောသေးပေမဲ့ သူတို့ကို စိတ်အခြေအနေမကောင်းအောင်မလုပ်တော့ချေ။ ညစာစားပြီးနောက်တွင် တော့ချင်ယွီသည်ဟဲကျင့်အဖေနဲ့ခဏတာထိုင်ပြီးနောက်တွင်တော့ သွားတော့မည်ပင်

ဟဲကျင့်က သူ့ကိုအောက်ထပ်လိုက်ပို့ခဲ့သည်။သူတို့နှစ်ယောက်ဟာကားထဲမှာအချိန်တစ်ခုထိပွေ့ဖက်နမ်းရှုံ့ခဲ့ကြပြီးချင်ယွီက A မြို့သို့ချက်ချင်းပြန်ပြေးရတော့သည်။ဟဲကျင့်ကချင်ယွီကို နှုတ်ဆက်အနမ်းပေးကာပြောလိုက်သည်။

"နောက်တစ်ပတ်ကျတွေ့ကြမယ်"

ချင်ယွီ: "အင်း​ ​လေဆိပ်​မှာ​တွေ့မယ်​"

ချင်ယွီ ကားမောင်းထွက်သွားသည်ကိုကြည့်ပြီးနောက် ဟဲကျင့် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့မိဘတွေဆီက မေးသမျှကို သူဖြေရတော့မည်ပင်။ သူပြန်လာတော့ သူ့အိမ်တံခါးမပိတ်ထားတာကို သူတွေ့လိုက်ရပါ၏


Zawgyi

153:ႏွလုံးသားေလးတစ္ခုလုံးႏူးညံ့သြားရၿပီ

ဟဲမိသားစုရဲ႕တိုက္ခန္းသည္ 80 စတုရန္းမီတာသာ က်ယ္ဝန္းေလသည္။မီးဖိုေခ်ာင္ႏွင့္ ဧည့္ခန္းတြင္ ေတာ့ တံခါးတစ္ခုရွိၿပီးထိုဆြဲတံခါးမွာလည္း နံရံနားညပ္ေနသည္မွာ အခ်ိန္ေတာ္ၾကာၿပီပင္။

ထို႔ေၾကာင့္ ခ်င္ယြီ ေမာ့ၾကည့္လိုက္သည္ႏွင့္ မီးဖိုေခ်ာင္ထဲက ဟဲက်င့္နဲ႔ ဟဲက်င့္အေမရဲ႕ ေနာက္ ေက်ာကို ေတြ႕လိုက္ရသည္။ ဟဲက်င့္သည္ သူ႔အေမ၏ ဆူပူျခင္းကို ခံရမည္ကိုလည္း စိုးရိမ္ေနစရာမလိုေပ။

ခ်င္ယြီ ဆိုဖာေပၚထိုင္ခ်လိုက္သည္။ဟဲက်င့္အေဖက အနည္းငယ္ စိတ္မသက္မသာျဖစ္ပုံရေသာ္
လည္း သူ႔ေဘးနားရွိ ေခ်ာေမာေသာ လူငယ္ေလးအားမေမးပဲလည္းမေနႏိုင္ခဲ့ေခ်

"လူငယ္ေလး မင္းနာမည္ဘယ္လိုေခၚလဲ?"

ခ်င္ယြီ က သူ႔နာမည္ကိုဟဲက်င့္အေဖကိုေျပာျပလိုက္သည္။ သူက ခ်င္ယြီကို သူ႔အသက္ ဘယ္ေလာက္ရွိၿပီလဲ ဘယ္ကလာလဲ လို႔ေမးေတာ့လည္းအလိုက္တသိျပန္ေျဖေလသည္

"အိုး ဒါဆို မင္းကဟဲက်င့္ထက္တစ္ႏွစ္ငယ္တာပဲ"

ဟဲက်င့္အေဖက သူနဲ႔ဟဲက်င့္ရဲ႕ဆက္ဆံေရးနဲ႔ သူဘယ္ေလာက္တက္ႂကြလဲဆိုတာကိုေတြးၾကည့္လိုက္သည္။

ဟဲက်င့္အေမသည္ မီးဖိုေခ်ာင္ထဲတြင္ အသားႏွင့္ဥမ်ားကို မ်က္ႏွာအမူအရာမဲ့စြာျဖင့္ခ်က္ျပဳတ္ေနေသာ္လည္း ဧည့္ခန္းထဲတြင္ စကားေျပာဆိုသံမ်ားကို သူမ အာ႐ုံစိုက္ေနဆဲျဖစ္သည္။ ဟဲက်င့္သည္လည္း သူတို႔ေျပာေနတာကို ေသခ်ာနားေထာင္ေနခဲ့သည္။ ခ်င္ယြီ က သူ႔မိဘေတြကို "အေဖ" နဲ႔ "အေမ" လို႔ ေခၚတဲ့ပုံစံေၾကာင့္ သူ ထိတ္လန႔္ေနတုန္းပဲ ၿပီးေတာ့ အဲဒါနဲ႔ ပတ္သက္ၿပီး သူ အရမ္းရွက္သြားရပါ၏။ တစ္စုံတစ္ေယာက္ရဲ႕ မိဘေတြကို ပထမဆုံးႀကိမ္ေတြ႕တဲ့အခ်ိန္မွာပဲ  အေဖ အေမဆိုၿပီးဘယ္သူကေခၚလို႔လဲ?သူကတကယ္ႀကီးကိုမူမမွန္ေနတာပဲ!

ခ်င္ယြီ: "ဟုတ္ကဲ့ ကြၽန္ေတာ္က သူ႔ထက္ငယ္ေပမယ့္ ပုံမွန္ဆိုလူေတြကသတိမထားမိၾကဘူး သူနဲ႔ရွိခ်ိန္တိုင္းဆို ကြၽန္ေတာ္ကေတာ့ သူကပိုငယ္တယ္လို႔ပဲခံစားေနရေတာ့တာပဲ"

ဟဲမိသားစု "..."

ဟဲက်င့္အေမသည္ ဟဲက်င့္ကိုတခ်က္ၾကည့္လိုက္ သည္ သူမအၾကည့္မွာရႈပ္ေထြးလြန္းေနကာ ဟဲက်င့္ကိုယ္ေပၚတြင္ အေပါက္ႏွစ္ေပါက္ ေပါက္ ေတာ့မတတ္ပင္

ဟဲက်င့္က သူ႔ရင္ထဲမွာ ညည္းညဴလိုက္သည္။

"ဘာကိုငယ္တာလဲ?တကယ္တမ္းဘယ္သူကကေလးဆန္တာလဲ? သူက အရွက္မဲ့လြန္းတယ္!"

ဟဲက်င့္ အေဖသည္လည္း စိတ္ထဲတြင္႐ုန္းကန္ေနခဲ့ရသည္။သူတို႔၏ အသြင္အျပင္ကို ၾကည့္လွ်င္ သူ႔သားသည္ အကာအကြယ္ ေပးခံထားရသူျဖစ္ေၾကာင္း ထင္ရွားသည္။ အားလုံးကိုၿခဳံေျပာရရင္ ခ်င္ယြီ က အရပ္ရွည္၍ သန္မာၿပီး သူ႔သားက ပိုေပ်ာ့ေပ်ာင္းတယ္... ဒါေပမယ့္ သူ႔ကိုယ္သူ အေျဖာင့္လို႔လက္ ခံထားတဲ့ဖခင္အတြက္ေတာ့ လက္ခံဖို႔ခက္တဲ့အပိုင္းေတြရွိေနေသးတာပါပဲ

ဟဲက်င့္အေဖက ထပ္ေမးလာခဲ့သည္။

"မင္း ဘာအလုပ္လုပ္ေနလဲ?"

ဤစကားကိုၾကားၿပီးေနာက္ ဟဲက်င့္သည္ ႐ုတ္တရက္ အလြန္ထိတ္လန႔္သြားကာျဖင့္ ခ်င္ယြီ က "ကြၽန္ေတာ္က အႏုပညာရွင္တစ္ေယာက္ပါ" လို႔ ေျဖမွာကို တကယ္ကို စိုးရိမ္ေနခဲ့သည္။ သူ႔မိဘေတြက ေဖ်ာ္ေျဖေရးအစီအစဥ္ေတြကိုၾကည့္ေလ့မရွိဘဲ အႏုပညာရွင္ေတြ အေၾကာင္းလည္း ဘာမွမသိၾကေခ်။အဲ့ဒါေၾကာင့္မလို႔လဲ ခ်င္ယြီကိုသတိမထားမိၾကတာပင္။ အဲ့ဒါကစိတ္ဝင္စားဖို႔ေကာင္းေပမယ့္လည္း ဟဲက်င့္မိဘေတြလိုေရွး႐ိုးဆန္တဲ့သူေတြအ
တြက္ေတာ့အဲ့ဒါကဗုံးတစ္လုံးလိုပဲ..

"ဒါက နည္းနည္းေတာ့ ရႈပ္ေထြးတယ္" ဟုဆိုကာ ခ်င္ယြီ က ေခတၱရပ္လ်က္ဟဲက်င့္အေဖအားစိတ္ရွည္ရွည္ျဖင့္ ရွင္းျပခဲ့သည္။

"ကြၽန္ေတာ္က ကိုယ္ပိုင္ကုမၸဏီအနည္းငယ္ေထာင္ထားတယ္။တစ္ခ်ိဳ႕က ဂိမ္းနဲ႔ ေဖ်ာ္ေျဖေရးနယ္ပယ္မွာ တစ္ခ်ိဳ႕က အစားအေသာက္ ဝန္ေဆာင္မႈ
လုပ္ငန္းေတြမွာေပါ့။ဒါေပမယ့္ရင္းႏွီးျမဳပ္ႏွံထားတာအမ်ားဆုံးကေတာ့ AI ထုတ္ကုန္ထုတ္တဲ့တစ္ခုမွာပါ။အဲ့ဒါက အနာဂတ္မွာ အီလက္ထ႐ြန္းနစ္နည္းပညာနယ္ပယ္မွာ ေရပန္းစားတဲ့ လမ္းေၾကာင္းတစ္ ခုျဖစ္လာလိမ့္မယ္ၿပီးေတာ့အဲ့ဒါကအခုဆိုႀကီးထြားလာတဲ့နယ္ပယ္တစ္ခုပါပဲ။ ကြၽန္​ေတာ္ေျပာတာကို ဉီးေလးနားမလည္ႏိုင္ဘူး။ ဥပမာတစ္ခုဆိုရရင္ အခုကြၽန္ေတာ္တို႔က ညာဏ္ရည္အတုနဲ႔ကေလးစက္႐ုပ္ေလးထုတ္လုပ္ဖို႔ရွိတယ္။ ဒီစက္႐ုပ္ကေလးကအေတာင္ပံေတြပါၿပီးေတာ့ပ်ံလဲပ်ံႏိုင္လိမ့္မယ္။သူ႔ရဲ႕တည္ရွိမႈက အိမ္ေမြးတိရစာၦန္ႏွင့္တူေပမယ့္လည္းသူကေၾကာင္မ်ားႏွင့္ ေခြးေတြထက္ ပိုၿပီးေတာ့ ဉာဏ္ေကာင္းမွာေပါ့ဗ်ာ။သူက လူသားေတြ ေတြးေနတာေတြကို သိတယ္။ သူကပိုင္ရွင္နဲ႔စကားေျပာၿပီး အျပန္အလွန္ တုံ႔ျပန္ႏိုင္တယ္၊ ဓာတ္ပုံ႐ိုက္ဖို႔၊ ဖုန္းေခၚဖို႔၊ ေလ့က်င့္ခန္းလုပ္ဖို႔ သတိေပးလိမ့္မယ္ ၿပီးေတာ့ ပိုင္ရွင္ရဲ႕ အိပ္စက္မႈအရည္အေသြးကို စစ္ေဆးဖို႔လည္း ကူညီေပးလိမ့္မယ္"

ဟဲက်င့္ အေဖကအံ့ဩသြားၿပီး

"အဲ့ဒါက ဒီေလာက္ေတာင္ အစြမ္းထက္တာပဲလား"

ခ်င္ယြီ က ၿပဳံးၿပီး "ကြၽန္ေတာ္ ဒီမွာ ယြမ္ သန္း ဆယ္ဂဏန္းေလာက္ ရင္းႏွီးျမႇဳပ္ႏွံခဲ့တာ ဒါေပမယ့္ ကြၽန္ေတာ့္မွာ စီမံခန႔္ခြဲစရာေတြ အမ်ားႀကီး ရွိေသးတယ္ ဒီကုမၸဏီကို ကြၽန္ေတာ္တစ္ေယာက္တည္းမထိန္းႏိုင္ဘူး။ဒါေၾကာင့္မလို႔ ကြၽန္​​ေတာ့္​ကို ကူညီဖို႔ ဟဲက်င့္ကိုေခၚခဲ့တာပါ"

ေနာက္ဆုံးေတာ့ဟဲက်င့္အေဖက ဘာလို႔ဟဲက်င့္အလုပ္ထြက္တာလဲဆိုတာကိုနားလည္ခဲ့သည္။
သို႔ေသာ္လည္း သူအနည္းငယ္စိုးရိမ္ေနေသးသည္

"ဒါေပမယ့္ ဒါက ဟဲက်င့္ လုပ္ေနက်အရာနဲ႔ဘာမွမဆိုင္ဘူးထင္တယ္"

ခ်င္ယြီ: "ဘယ္လိုလုပ္မဆိုင္ရမွာလဲ?ဟဲက်င့္ကအ
ရင္က လူ႔စြမ္းအားအရင္းအျမစ္ကို ေလ့လာခဲ့တယ္ ေလ ၿပီးေတာ့ကုမၸဏီတိုင္းမွာ HR Management က လိုအပ္တယ္ဗ်။ အဲ့ဒါထက္ကိုဟဲက်င့္က အရမ္း ထက္ျမက္တဲ့အတြက္ ကြၽန္ေတာ့္အကူအညီမပါဘဲ သူ ျမန္ျမန္ဆန္ဆန္ သင္ယူႏိုင္မယ္ဆိုတာ ေသခ်ာပါတယ္။"

ဟဲက်င့္:  "..."

ခ်င္ယြီက ခ်ဲ႕ကားေျပာဆိုတဲ့ေနရာမွာေတာ့ဆရာတဆူပါပဲ!

ဟဲက်င့္အေဖရဲ႕ ႏႈတ္ခမ္းလႈပ္ရွားသြားေတာ့သည္။ခ်င္ယြီေျပာတာနားေထာင္ၿပီးေနာက္သူအသက္ႀကီးလာၿပီဆိုတာကိုသတိထားမိလိုက္ရပါ၏။လူငယ္ ေတြဟာ သူတို႔ရဲ႕ကိုယ္ပိုင္အေတြးေတြရွိေနၿပီးတကယ္လို႔သူကူညီခ်င္တယ္ဆိုရင္ေတာင္မကူညီႏိုင္ ေတာ့ပါေပ။

ဟဲက်င့္အေမက မီးဖိုေခ်ာင္ထဲမွာ သူတို႔စကားဝိုင္းကို တိတ္တဆိတ္ နားေထာင္ေနခဲ့သည္။ ေရခဲေသတၱာထဲက ၾကက္သြန္မိတ္အခ်ိဳ႕နဲ႔ ေဘကြန္ကို ထုတ္လိုက္ၿပီး ဟဲက်င့္ကို ၾကက္သြန္ၿမိတ္ေရေဆးခိုင္းလိုက္သည္။ဟဲက်င့္က စကားတစ္ခြန္းမွ မေျပာဘဲအဲ့ဒါေတြကိုယူသြားလိုက္သည္ ။ တကယ္ေတာ့ သူေတာ္ေတာ္ေပ်ာ္ေနတာ ဘာလို႔ဆိုသူ႔အေမကဟင္းမ်ားမ်ားခ်က္ဖို႔ ဆႏၵရွိေနတယ္ေလ!

ဟဲက်င့္အေမက အိုးကို အပူေပးလိုက္တဲ့အခ်ိန္မွာေတာ့ အနံ႔က မီးဖိုေခ်ာင္ကေန ဧည့္ခန္းဆီ အျမန္ပ်ံ႕သြားေတာ့သည္။ သူ အမ်ားႀကီး ကူညီစရာမရွိတာေတြ႕လိုက္ေတာ့ဟဲက်င့္ကမီးဖိုေခ်ာင္ထဲကထြက္ သြားဖို႔လုပ္ေတာ့တယ္။အဲ့ဒီအခ်ိန္မွာဟဲက်င့္အေမကျမင္သြားၿပီး ခ်က္ခ်င္းကိုဆူလာေတာ့သည္။

"မင္းဘာလုပ္ေနတာလဲ? ဒီမွာပဲေန!"

ဟဲက်င့္: "... "

ဟဲက်င့္အေမက ဟင္းပြဲေတြစျပင္ေတာ့ ဟဲက်င့္က သူမကိုပန္းကန္တြင္ကမ္းေပးသည္။အဲ့ေနာက္မွာေတာ့သူကအဲ့ဒါကိုထမင္းစားခန္းထဲသယ္သြားေတာ့ေလရဲ႕။ဟဲက်င့္ထြက္လာတိုင္းခ်င္ယြီက သူ႔ကိုခ်စ္ျခင္းအျပည့္ မ်က္ဝန္းမ်ားႏွင့္ၾကည့္ေလ့ရွိသည္။ဟဲက်င့္အေဖကအဲ့ဒါကိုျမင္ေတာ့သူ႔ႏွလုံးသားထဲခ်ဥ္တူးသြားေတာ့တာပဲ။သူအသက္ 70 နီးပါးရွိေနၿပီျဖစ္ေပမယ့္လည္း ဘဝတန္ဖိုးေတြသင္ယူစရာရွိေနတုန္းပါပဲ။

ဟင္းငါးပြဲႏွင့္ စြပ္ျပဳတ္တစ္ပြဲ ၿပီးတဲ့အခ်ိန္မွာ
ေတာင္ ဟဲက်င့္အေဖကခ်င္ယြီနဲ႔စကားစျမည္ေျပာေနေသးသည္။ ဟဲက်င့္အေမကေဒါသတႀကီးနဲ႔ ဟင္းရည္ကို စားပြဲေပၚတင္လိုက္ၿပီး ဟဲက်င့္အေဖကိုစတင္ဆူပူေတာ့သည္။

"ဟဲလီေကာ!ရွင္စကားနည္းနည္းပဲေျပာလို႔မရဘူးလား?သူကရွင့္ကိုအေဖလို႔တခါေလးေခၚလိုက္တာနဲ႔ ရွင္ဘာလုပ္ေနလဲဆိုတာကိုလည္းၾကည့္ဉီး!ရွင့္သားကိုအေဝးပို႔ဖို႔အရမ္းေတြအလ်င္လိုေနၿပီလားဟမ္?လာၿပီးညစာလာစား!"

ဟဲက်င့္အေဖ:"..."

သားအဖႏွစ္ေယာက္ကေတာ့ တိတ္ဆိတ္ေနပါေလေရာ။ အၿပဳံးမ်က္ႏွာကို ထိန္းထားတာဆိုလို႔ ခ်င္ယြီတစ္ေယာက္သာရွိေလ၏။ သူကဟဲက်င့္အေဖကိုတက္ႂကြစြာနဲ႔ ထမင္းစားပြဲကိုေခၚလိုက္ၿပီး သူကစားပြဲရွိဟင္းပြဲေတြကိုၾကည့္လ်က္ေျပာလာခဲ့သည္။

"အေမ ဟင္းေတြကအရမ္းေမႊးတာပဲ!ပင္ပန္းသြားပါၿပီ!"

ဟဲက်င့္အေမကေတာ့ မၾကားသလိုသာတုံ႔ျပန္ခဲ့ၿပီးေတာ့ မီးဖိုေခ်ာင္ထဲျပန္သြားကာအိုးခြက္ေတြကိုေဆးေၾကာေတာ့တာပါပဲ။ဟဲက်င့္က ခ်င္ယြီကို တူတစုံလွမ္းေပးလိုက္ၿပီးေတာ့စိုက္ၾကည့္ကာျဖင့္ အေမလို႔ထပ္မေခၚဖို႔ေျပာလိုက္၏။ခ်င္ယြီကေတာ့ သူ႔ကိုအခ်စ္ေတြျပည့္ေနတဲ့အၾကည့္နဲ႔ၾကည့္ေနဆဲျဖစ္ကာသူ႔တစ္ကိုယ္လုံးထုံက်င္သြားရေတာ့သည္

ဟဲက်င့္အေဖက အရက္ပုလင္းကိုယူ၍ ခ်င္ယြီအားေသာက္ခ်င္လားလို႔ေမးလာခဲ့သည္။ခ်င္ယြီကနာခံဟန္ေဆာင္ကာျဖင့္

"ကြၽန္ေတာ္က ပုံမွန္ဆိုေသာက္ေလ့မရွိဘူး ဒီေန႔ေတာ့ေသာက္ရမွာပဲ အေဖ ေက်းဇူးျပဳၿပီး"

ဟဲက်င့္ကေတာ့ မီးဖိုခန္းထဲသြားကာေလသံေလးျဖင့္

"အေမ ညစာအရင္စားလိုက္ပါ ပန္းကန္ေတြကြၽန္ ေတာ္ေနာက္မွေဆးလိုက္မယ္"

ဟဲက်င့္အေမက ႏွာမႈတ္လိုက္ၿပီး

"မင္းတို႔ပဲစားၾက ငါမစားခ်င္ဘူး"

ေလထုဟာေနရခက္ေနေတာ့သည္။ဟဲက်င့္လည္းအရမ္းစိတ္အေႏွာင့္ယွက္ျဖစ္လာရသည္။သူ႔အေမကစၿပီးမစားမွေတာ့ သူတို႔ကဘယ္လိုစားရမွာတဲ့လဲ?ညစာစားတဲ့အဆုံးသတ္ကဆိုးေလာက္လား?ဒီအခိုက္တန႔္မွာပဲခ်င္ယြီကဝင္လာကာေျပာေတာ့သည္။

"အေမညစာလာစားပါ ကြၽန္ေတာ္ပန္းကန္ေတြေဆးလိုက္မယ္"

သူလည္းဒီစကားပဲေျပာတာဟ!

ဟဲက်င့္အေမကအရမ္းေဒါသထြက္သြားကာျဖင့္ အိုးကိုၾကမ္းျပင္ေပၚပစ္ခ်လိုက္ရာ အသံအက်ယ္ ႀကီးထြက္လာေတာ့သည္။ဟဲက်င့္ကခ်င္ယြီကိုၾကည့္ကာျဖင့္ အရင္ထြက္သြားခိုင္းလိုက္သည္။ခ်င္ယြီကမထြက္သြား႐ုံမကပဲသူကေရွ႕တစ္လွမ္းတိုးလ်က္ အေမလို႔ေခၚေနေသး၏။သူကဟဲက်င့္ကို သန႔္တဲ့အဝတ္ယူခိုင္းၿပီးေတာ့ သူ႔အေမရဲ႕လက္ကိုေျခာက္ေအာင္လုပ္ခိုင္းလိုက္သည္။အဲ့ေနာက္မွာေတာ့ ဟဲက်င့္အေမက မီးဖိုေခ်ာင္ထဲကေနသူနဲ႔အတူလိုက္ထြက္တာနဲ႔ပဲအဆုံးသတ္သြားေတာ့တာပဲ!

လူေလးေယာက္ဟာညစာစစားခဲ့ၾကသည္။ခ်င္ယြီက ဟဲက်င့္မိဘေတြကို အရက္ငွဲ႔ေပးလိုက္၏။ဟဲက်င့္အေမကေတာ့ အရက္လည္းမေသာက္ ထမင္းလည္းမစားပဲခ်င္ယြီကိုသာၾကည့္ေနခဲ့သည္။ခ်င္ယြီကေတာ့ ဂ႐ုမစိုက္ပုံရကာ သူ႔ခြက္ထဲကအရက္အကုန္ေမာ့လိုက္ကာျဖင့္ ဟဲက်င့္ပန္းကန္ထဲအသားတခ်ိဳ႕ထည့္ေပးလိုက္သည္။

"ဒါစားၾကည့္"

ဟဲက်င့္ဘယ္လိုတုံ႔ျပန္ရမလဲမသိေခ်။ဘယ္ဧည့္သည္က အိမ္ရွင္ကိုျပန္ဧည့္ခံလို႔လဲ?သူကအသားကိုျပန္ယူကာျဖင့္

"မင္းစား ဒါကအေမကမင္းအတြက္ အထူးခ်က္ ေပးထားတာ"

ခ်င္ယြီကစားလိုက္ရင္း အၿပဳံးႀကီးႀကီးၿပဳံးကာ

"ေက်းဇူးတင္ပါတယ္ အေမ"

ဟဲက်င့္အေမက တူကိုခ်လိုက္ကာ ႐ုတ္တရက္ႀကီးသူမ မ်က္လုံးေတြနီရဲလာေတာ့သည္။သူမက ေခါင္းကိုငုံ႔လိုက္ခ်ိန္တြင္ေတာ့ ေယာက်္ားသားသုံးေယာက္က ထိုအေျပာင္းအလဲကို သတိမထားမိဘူးဆိုတာမျဖစ္ႏိုင္ေတာ့ပါေခ်။

"ေဟး မင္းဘာျဖစ္တာလဲ?" ဟဲက်င့္အေဖက သူ႔တူေတြကိုအလ်င္အျမန္ပဲခ်လိုက္သည္။

ထိုစကားကိုၾကားခ်ိန္မွာေတာ့ ဟဲက်င့္အေမက မ်က္ရည္က်လာေတာ့သည္။သူမကထရပ္ကာျဖင့္ ေဘးနားသြားငိုေနေတာ့သည္။သူမတကယ္ကိုစိတ္ ဓာတ္က်ေနတာပင္။သူမအခက္အခဲမ်ိဳးစုံနဲ႔ ျပဳစုပ်ိဳးေထာင္ခဲ့ရတဲ့သားက ေယာက်္ားေလးတစ္ေယာက္နဲ႔တြဲေနခဲ့တယ္ေလ။ၿပီးေတာ့ လူတိုင္းကိုသူမ မေပ်ာ္ေနေၾကာင္းျပတာေတာင္ ဒီလူသုံးေယာက္က ဂ႐ုမစိုက္ေယာင္ေဆာင္ေနခဲ့ၾကေသးတယ္။သူ႔ေယာက်္ားကလဲ ခ်င္ယြီကိုေက်နပ္ေနပုံရၿပီး ဟဲက်င့္ကေပ်ာ့ညံ့လြန္းလို႔ သူမ သူ႔ကိုေတာင္႐ိုက္ပစ္ခ်င္ တယ္..ၿပီးေတာ့အခုလည္းၾကည့္ သူမကသူမသားရဲ႕ ရည္းစားေကာင္ေလးအတြက္ ညစာေတာင္ျပင္ ေပးလိုက္ရေသးတယ္။သူမဘဝကဘယ္ေလာက္ေတာင္ခါးသီးႏိုင္ဉီးမွာတဲ့လဲ!

ခ်င္ယြီက တခုခုေျပာေတာ့ဖို႔ျပင္ေနတဲ့အခ်ိန္မွာပဲ ဟဲက်င့္ကခုံေအာက္ကေနသူ႔လက္ကိုဆုတ္ကိုင္လာၿပီးမေျပာဖို႔တားလာခဲ့သည္။ဟဲက်င့္အေဖက သူ႔အရက္ခြက္ကိုခ်ကာျဖင့္ သူ႔မိန္းမကိုအေဖာ္ျပဳေပးဖို႔သြားေလသည္။သူကဟဲက်င့္အေမကိုႏွစ္သိမ့္ေပးဖို႔ႀကိဳးစားေနေတာ့ ဟဲက်င့္နဲ႔ခ်င္ယြီလည္းဆက္မစားျဖစ္ၾကေတာ့ပဲ ဟဲက်င့္အေမပိုၿပီးအဆင္ေျပလာတာကိုေစာင့္ေနခဲ့ၾကသည္။

ဆယ္မိနစ္ခန႔္ၾကာခ်ိန္တြင္ေတာ့ ခ်င္ယြီသည္ မေစာင့္ႏိုင္ေတာ့ေပ။ သူ မတ္တပ္ထရပ္လိုက္ၿပီး ဟဲက်င့္ အေမေရွ႕ဒူးေထာက္ကာျဖင့္

"အေမ ကြၽန္ေတာ္ဟဲက်င့္ကိုတကယ္ခ်စ္တယ္။လြန္ခဲ့တဲ့ ဆယ့္ႏွႏွစ္တုန္းက ကြၽန္ေတာ္သူ႔ကိုအြန္လိုင္းမွာပထမဆုံးေတြ႕ခဲ့တာ။သူ႔ေၾကာင့္ပဲ ကြၽန္ ေတာ္ဟြားတကၠသိုလ္ကိုဝင္ခြင့္ရေအာင္ႀကိဳးစားခဲ့တာ။သူ႔ေၾကာင့္ကြၽန္ေတာ္အလုပ္ႀကိဳးစားခဲ့ၿပီးကြၽန္ ေတာ့္ကိုယ္ကြၽန္ေတာ္ သန္မာေအာင္လုပ္ခဲ့တာ။ကြၽန္ေတာ္ကသူနဲ႔ပဲအတူရွိခ်င္ခဲ့ၿပီးသူ႔ကိုပဲကာကြယ္ ေပးခ်င္ခဲ့ၿပီးသူ႔ကိုကြၽန္ေတာ့္ေဘးမွာတသက္လုံးရွိေစခ်င္ခဲ့တာ။လြန္ခဲ့တဲ့သုံးႏွစ္ကမိသားစုဖိအားေၾကာင့္သူထြက္သြားခဲ့ေတာ့ ကြၽန္ေတာ္အရမ္းနာက်င္ခဲ့ရတယ္။အေမကသူ႔အတြက္အၿမဲအေရးႀကီးတဲ့သူျဖစ္ေနမယ္ဆိုတာကြၽန္ေတာ္သိတဲ့အေလ်ာက္
ကြၽန္ေတာ့္အတြက္ေတာ့ တျခားလမ္းလဲမရွိခဲ့ပါဘူး။သိပ္မၾကာခင္ကမွသူ႔ကိုျပန္ေတြ႕ေတာ့ သူဒီႏွစ္ ေတြမွာဖိအားေတြအမ်ားအျပားသည္းခံခံရတယ္ဆိုတာကြၽန္ေတာ္သိလိုက္ရတယ္။သူ႔ရဲ႕အေျခအေနကလည္းမေကာင္းေနခဲ့ဘူး။ကြၽန္ေတာ္ ဒီတစ္ႀကိမ္ ေတာ့တကယ္ႀကီးသူ႔ကိုလက္မလႊတ္ေပးခ်င္ေတာ့ပါဘူး..
ကြၽန္ေတာ္ ဟဲက်င့္အေၾကာင္းအကုန္သိပါတယ္ သူ႔အစ္ကိုဘာျဖစ္သြားလဲဆိုတာအျပင္အေမေနမေကာင္းဘူးဆိုတဲ့ကိစၥကအစေပါ့။ကြၽန္ေတာ္ အေမ အေဖလို႔ေခၚရတဲ့အေၾကာင္းအရင္းကလဲ မ်က္ႏွာရခ်င္လို႔မဟုတ္ပဲဟဲက်င့္အေပၚထားတဲ့ကြၽန္ေတာ့္အခ်စ္ေတြေၾကာင့္ပါပဲ။ဟဲက်င့္အတြက္အေရးႀကီးတဲ့သူေတြကကြၽန္ေတာ့္အတြက္လည္းအေရးႀကီးတာပဲေလ။ကြၽန္ေတာ္အေမတို႔အေပၚဟဲက်င့္ေကာင္းေပးတာထက္ပိုေကာင္းေပးမွာပါ ဘာလို႔ဆိုအဲ့ဒါကသူ႔ကိုေပ်ာ္ေစမွန္းသိလို႔ေလ။ကြၽန္ေတာ္ကိုယုံၾကည္ေပးဖို႔လည္းေမွ်ာ္လင့္ပါတယ္။အဲ့ဒါေသြးဆူေနတုန္းေျပာတဲ့အေၾကာင္းအရာေတြမဟုတ္သလိုဟဲက်င့္ကိုအေပ်ာ္တြဲတာလဲမဟုတ္ပါဘူး။ကြၽန္ေတာ္နဲ႔ အခုခ်က္ခ်င္းသေတာတူေပးဖို႔ကိုလည္းမေမွ်ာ္လင့္ပါဘူး။စမ္းသပ္ခ်က္ေတြကိုရင္ ဆိုင္ဖို႔လည္း ကြၽန္ေတာ္ အဆင့္သင့္ပါပဲ။ကြၽန္ ေတာ္ေမွ်ာ္လင့္တာေလးတစ္ခုကေတာ့ ဟဲက်င့္ကိုကြၽန္ေတာ္နဲ႔ လမ္းမခြဲခိုင္းဖို႔ပါပဲ။ဘာလို႔ဆိုအဲ့ဒါက ကြၽန္ေတာ္တို႔ ႏွစ္ေယာက္လုံးအတြက္ႀကီးမားတဲ့ညႇင္းပန္းႏွိပ္စက္မူမလို႔ပါပဲ...အေဖနဲ႔အေမ ကြၽန္ေတာ္ ဟဲက်င့္နဲ႔ တသက္လုံးအတူရွိခ်င္ၿပီးေတာ့ သူ႔ကိုေပ်ာ္႐ႊင္ေစခ်င္ပါတယ္"

ခ်င္ယြီက ဒါေတြအကုန္ေျပာၿပီးေနာက္မွာေတာ့ ဧည့္ခန္းတစ္ခုလုံးတိတ္ဆိတ္သြားခဲ့သည္။ဟဲက်င့္အေမက အငိုတိတ္သြားၿပီး ဟဲက်င့္အေဖကေတာ့ မ်က္ရည္ဝဲလ်က္ၾကည့္ေနခဲ့သည္။သူလြန္ခဲ့တဲ့ သုံးႏွစ္က ဝင္ေရာက္စြက္ဖက္ခဲ့တာကိုလည္း အျပစ္ရွိသလိုခံစားေနခဲ့ရ၏။

ဟဲက်င့္သည္လည္း အလြန္ရႈပ္ေထြးသလိုခံစားလိုက္ရသည္။သူ႔ႏွလုံးသားေလးတစ္ခုလုံးႏူးညံ့သြားရကာ သူ႔ဒူးေတြလည္း အားနည္းသြားရသည္။သူလည္းပဲ ခ်င္ယြီေဘးနားတြင္ဒူးေထာက္လိုက္ကာ သူတို႔ရဲ႕လက္ေတြကိုဆုတ္ကိုင္လ်က္ လက္ေခ်ာင္းမ်ားကိုလည္းယွက္တြယ္ထားခဲ့ပါ၏

ခ်င္ယြီက သူ႔ကိုၾကည့္လိုက္ရာတြင္ႏွစ္ေယာက္သား အၾကည့္ခ်င္းဆုံသြားၾကသည္။ ထို႔ေနာက္ သူသည္ စိတ္ပိုင္းျဖတ္ထားသကဲ့သို႔ ဟဲက်င့္၏ မိဘမ်ားကို မေၾကာက္မ႐ြံ႕ျပန္ၾကည့္လိုက္သည္။

ဟဲက်င့္အေမက ဟဲက်င့္အေဖဆီက တစ္ရႉးကို ယူလိုက္ၿပီး မ်က္လုံးေထာင့္ကို သုတ္လိုက္သည္။ ထို႔ေနာက္ သူမက ေဒါသတႀကီးျဖင့္

"မင္းတို႔ႏွစ္ေယာက္လုံး ထၾက! ငါက စုန္းမႀကီးလို႔ ထင္ေနတာလား? ငါ မင္းတို႔ကို ခြဲခိုင္းေနလို႔လား? မင္းတို႔ငါ့ကိုအတင္းအၾကပ္လုပ္ေနတာပဲ!"

ဟဲက်င့္အေဖ: "အိုေခ အိုေခ ငါတို႔ ဒီအေၾကာင္းကို ေနာက္မွ ေျပာလို႔ရတယ္။ အစားအေသာက္ေတြေအးကုန္ေတာ့မယ္ အရင္စားၾကရေအာင္"

ဟဲက်င့္ ႏွင့္ ခ်င္ယြီ သည္ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာ ၿပဳံးလိုက္ၾကေတာ့သည္။ သူ႔အေမက မင္းတို႔ကိုခြဲခိုင္းေနလို႔လားလို႔ေျပာတာၾကားလိုက္ရတယ္ေလ ၿပီးေတာ့ သူ႔အေမစိတ္ေပ်ာ့လာၿပီဆိုတာကိုသူတို႔သိပ္ေသခ်ာတာေပါ့

ေနာက္ဆုံးေတာ့ မိသားစုက ေအးခ်မ္းစြာနဲ႔ ညစာစားခဲ့ၾကေလသည္။ ဟဲက်င့္အေမက ဘာမွျပန္မေျပာေသးေပမဲ့ သူတို႔ကို စိတ္အေျခအေနမေကာင္းေအာင္မလုပ္ေတာ့ေခ်။ ညစာစားၿပီးေနာက္တြင္ ေတာ့ခ်င္ယြီသည္ဟဲက်င့္အေဖနဲ႔ခဏတာထိုင္ၿပီးေနာက္တြင္ေတာ့ သြားေတာ့မည္ပင္

ဟဲက်င့္က သူ႔ကိုေအာက္ထပ္လိုက္ပို႔ခဲ့သည္။သူတို႔ႏွစ္ေယာက္ဟာကားထဲမွာအခ်ိန္တစ္ခုထိေပြ႕ဖက္နမ္းရႈံ႕ခဲ့ၾကၿပီးခ်င္ယြီက A ၿမိဳ႕သို႔ခ်က္ခ်င္းျပန္ေျပးရေတာ့သည္။ဟဲက်င့္ကခ်င္ယြီကို ႏႈတ္ဆက္အနမ္းေပးကာေျပာလိုက္သည္။

"ေနာက္တစ္ပတ္က်ေတြ႕ၾကမယ္"

ခ်င္ယြီ: "အင္း​ ​ေလဆိပ္​မွာ​ေတြ႕မယ္​"

ခ်င္ယြီ ကားေမာင္းထြက္သြားသည္ကိုၾကည့္ၿပီးေနာက္ ဟဲက်င့္ အသက္ျပင္းျပင္းရႉလိုက္သည္။ သူ႔မိဘေတြဆီက ေမးသမွ်ကို သူေျဖရေတာ့မည္ပင္။ သူျပန္လာေတာ့ သူ႔အိမ္တံခါးမပိတ္ထားတာကို သူေတြ႕လိုက္ရပါ၏

Continue Reading

You'll Also Like

25.1K 1.7K 38
❝Loving you isn't a big mistake, it is actually the best thing happened in my life, even though we didn't end up together.❞ In which a girl loves a b...
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
67.2K 11.1K 133
ခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love   အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတ...
3.8K 373 4
Title - 我把暗恋的人拉黑之后 Author - 古今 Total Chapters - 28 chapters + 1 extra Genre - school life, comedy, shounen ai Start Date - 10 06 2023 End Date - ▪︎T...