Unlimited Love

Por NawMueGayPhaw

1.7K 110 12

💙 ကျောင်းသားဘဝလေး ပထမဆုံးရေးသားခြင်းဖြစ်ပါတယ် စာရေးသူလုံးဝမဟုတ်ပါဘူးနော် ကိုယ်ဖတ်ချင်တဲ့ပုံစံလေး ကောက်ရေးတာပ... Más

✿︎ 1 ✿︎
✿︎ 2 ✿︎
✿︎ 3 ✿︎
✿︎ 4 ✿︎
✿︎ 5 ✿︎
✿︎ 6 ✿︎
✿︎ 7 ✿︎
✿︎ 8 ✿︎
✿︎ 9 ✿︎
အသိပေးချက်ပါနော်
✿︎ 10 ✿︎
✿︎ 11 ✿︎
✿︎ 13 ✿︎

✿︎ 12 ✿︎

55 5 5
Por NawMueGayPhaw

Part-12
~~~~~~~

" ဂရုစိုက်သွားကြအုန်း..ရော့ သမီးလေး မုန့်ဖိုး "

" မွ...ကျေးဇူး မာမား..."

" သားငယ်အတွက် မာမားထမင်းဟင်းပိုထည့်ထည့်ထားပေးတယ် ထမင်းဘူးမပါဘူးမလာ မောင်နှမနှစ်ယောက် တူတူစားလို့ရရင်စားကြ "

sky ထိုအခွင့်အရေးကိုလက်လွှတ်မခံ

" ဟုတ်ဒီနေ့ထမင်းချိုင့်မယူလာဖြစ်ဘူး ညမလေးနဲ့ တူတူစားမယ်နော် ကျေးဇူးပါမားမား "

" ရတယ် ရတယ် ကျောင်းမှာလည်း စာသေချာလိုက်လုပ်အုန်းနော် ပြာယာခတ်မနေနဲ့... သားငယ် မင်းညမကိုထိန်းပေးအုန်း.."

" ဟာ..မာမားနော်.."

"စိတ်ချပါ မာမား "

"သွားပြီနော်မာမား... "

ကားတံခါးဖွင့် ခေါင်းမတိုက်မိအောင် သမီးလေးကို အရင်ဝင်ခိုင်းပြီးမှ ဝင်ထိုင်လိုက်သော ကလေးကို ကြည့်ပြီး ဒေါ်မေပန်းပြုံးလိုက်မိသည်။ သူ့သမီးပေါ်ထားတဲ့ သားငယ်ရဲ့ခံစားချက်ကို သိပါသည်။ ငယ်သေးလို့ လွှတ်ထားလိုက်သည်။ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်မယ်လို့လည်း သားငယ်ကို ယုံကြည်မိသည်။

.........

ကျောင်းပေါက်ဝတွင်စောင့်နေသော အာကာပိုင် ဖြိုးဉာဏ်လင်း ရွှန်းလဲ့သခင် သီရီ..

" ဟိုကောင် sky ဘာလို့နောက်ကျနေတာလဲမသိဘူး.."

" ထုံးစံအတိုင်းကွိုင်တက်နေကြတာထင်တယ်..."

အာကာပိုင်ရဲ့အမေး ကို ပြန်ဖြေလိုက်တဲ့ ဖြိုးဥာဏ်လင်း

" ဘာကွိုင်လဲဟင်... "

" ဘာ့မဟုတ်ပါဘူး ဒီတိုင်း ဟိုလို ဒီလိုပေါ့.."

သီရိသိပါသည်။sky အကြောင်းကို သူ့ကိုမပြောချင်မှန်း။ မပြောချင်လည်းဘာ့ဖြစ်မနေပါဘူး။တစ်ချိန်ကျ skyက ငါ့အပိုင်ဖြစ်လာမှာဘဲကို ဟင်းဟင်း ....ကွန်ဖီးဒက်လယ်ဗယ်စိုးဟိုက်နေသော သီရီ။

ထိုချိန်တွင် သူတို့ရှေ့ရပ်လိုက်သော ကားတစ်စီး..

skyထွက်လာပြီး တစ်ဖက်ခြမ်းကို အမြန်သွားပြီး တံခါးသွားဖွင့်တော့ ကြောင်သွားရသည်။ဘယ်သူမို့လို့ တစ်ကူးတစ်ကကြီးလဲ။ skyရဲ့ ထိုပုံစံကို မမြင်ဖူးသော အာကာပိုင်တို့မှာပါးစပ်လေးဟောင်းလောင်းး..

ကားထဲကထွက်လာမယ့်သူကို သိချင်တဲ့ထဲမှာ သီရိကအဆိုးဆုံးပင်....

"တိုက်မိမယ်နော် ခလေး..."

"ကျေးဇူးပါ..အကို.."

"ရပါတယ်ဗျာ.."

ပန်ပန် အကိုနဲ့အတူ ကျောင်းထဲဝင်ဖို့အလုပ် တစ်ယောက်ယောက်ကြည့်နေသည်ကို ခံစားမိလိုက်ပြီး ဝေ့ကြည့်လိုက်တော့ ကျောင်းပေါက်ဝကနေ  သူတို့နှစ်ယောက်ကိုကြည့်နေသူမှာ အကို့သူငယ်ချင်းတွေသာဖြစ်သည်..

အနားရောက်လာတဲ့skyနဲ့သူ့ခလေးဆိုသူကိုကြည့်ပြီး ...

" မင်းတို့ကဘယ်လိုဖြစ်လို့ တူတူလာကြတာလဲ.."

" အတန်းရောက်မှပြောပြမယ်ကွာ ခုတော့ သွားရအောင်.. လာခလေး ထမင်းချိုင့်ပေး.."

" ရပါတယ် အကိုရဲ့..ပန်ပန်သယ်နေကျပါနော်.."

" ကျစ်..ခလေးကလည်းကွာ သယ်နိုင်တာသိတာပေါ့  ကိုယ်ကိုင်ပေးချင်လို့ကို အရင်က ကိုယ်မရှိလို့လေခုကကိုယ်ရှိနေပြီဘဲဟာ .. ဖြစ်နိုင်ရင်တောင် ခလေးကျောပိုးအိတ်ကိုပါသယ်ပေးချင်တာနော်...

နေ့ခင်း ကိုယ့်အတန်းလာခဲ့နော် သူငယ်ချင်းပါခေါ်ခဲ့လိုက်"

" ဟုတ်..အကို "

ရှေ့ကလေပေးဖြောင့်နေသောနှစ်ယောက်ကိုကြည့်ပြီး အနောက်က သူတွေကစွံ့အလျက်

အရင်ကskyကလူစားလဲသွားသလား အရင်ကဆို သူများထမင်းချိုင့်ကိုင်ဖို့နေနေသာသာ သူ့ထမင်းချိုင့်တောင် သူတို့ကပင်တစ်ယောက်တစ်လှည့်ကိုင်ပေးရသေး skyရဲ့စိတ်ခံစားချက်တွေကိုသိလို့ သူတို့သူငယ်ချင်းတွေက skyအပေါ်  အစစအရာရာဂရုစိုက်ပြီး သူဖြစ်ချင်တာတွေအကုန်လုံးကိုအလိုလိုက်ခဲ့ကြတာလေ ခုတော့ သူကဖြင့်တခြားတစ်ယောက်တွက်...

သီရိ ကတော့လက်သီးလေးဆုပ်ပြီးအံကြိတ်လျက်။

၇တန်း(A)

" မမရွှန်းလဲ့ ပန်ပန်အတန်းထဲဝင်ပြီနော်.."

" အွန်းး ညီမလေး နေ့ခင်း မမတို့စောင့်နေမယ် "

"ဟုတ် မမ "

ရွှန်းလဲ့လည်းပြောပြီးသီရီလက်ကိုဆွဲ ဟိုနှစ်ကောင်နဲ့အတူ ၉တန်းအခန်းဆီဆက်သွားလိုက်လေသည်။

" အကို ပန်ပန်ဝင်တော့မှာ ထမင်းချိုင့်ပေးလေ.."

" နေ့ခင်းလာမှာဘဲဟာ ကိုယ်ယူသွားလိုက်မယ်...ရော့ ရေဘူးတော့ယူသွားနော်.."

" ဟုတ် ဒါဆို ပန်ပန်ဝင်ပြီနော် "

"ဟုတ်ပြီ ခလေး ဂရုစိုက်အုန်း တစ်ခုခုဆိုကိုယ့်ကိုပြောနော် "

"ဟုတ် "

"ကိုယ် သွားပြီ.."

ခေါင်းကို ဖွဖွလေး ပုတ်သွားပြီးထွက်သွားသောအကို့ရဲ့ကျောပြင်ကြည့်ပြီး ပန်ပန်ကြောင်နေစဥ်။

" ဟဲ့ ပန်ပန်မ ဝင်မလာဘဲဘာလုပ်နေတာလဲ "

" အော်...အေး လာပြီ "

" မနေ့က စက်ဘီးသော့ပါလာတယ် တောင်းပန်ပါတယ်ဟယ် နင်ပြန်ရတာအဆင်ပြေရဲ့လား "

"အစကမပြေဘူး ဒီလို^&^&^&^&^&"

ပန်ပန်လည်း ကျောင်းဆင်းချိန် အကိုကူညီပေးသည်မှစ၍ဒီမနက်ထိ ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်။

"အော် အာ့မို့ နင်တို့တူတူလာကြတာကို..."

" အွန်..."

"နင့်ကိုကိုက ချောတယ်ဟ "

"ဘာကိုကိုလည်း ဖူးဖူးနော် ငါတို့ကဘာ့မဆိုင်ဘူး"

" ဟားဟားအေးပါဟယ် ခုတော့မဆိုင်ဘူးပေါ့နောက်မှ..."

"ဖူး ဖူးးး!!"

" စတာပါဟယ် လူပုစိတ်တိုလေး"

"ပုမှလှတာ လောရှည်ရဲ့ ဗြဲ..."

လျှာထုတ်ပြောင်ပြနေသော ပန်ပန်ကပုံစံကဘယ်လောက်ထိချစ်ဖို့ကောင်းနေလဲဆိုတာတစ်ယောက်သောသူကိုမြင်စေချင်မိ။

" ဟျောင့် မင်းကတော့ယောက္ခမတွေနဲ့တောင်အဆင်ပြေနေပြီပေါ့လေ.."

"အဟွန်းး"

"ဟာ ကိုဖြိုးကြည့်စမ်း ဒီကောင့်ရုပ်ကို.."

"ထားစမ်းပါကွာ မင်းကလည်း မင်းမနာလိုရင် ရှာပေါ့ကွ... "

" မင်းရှာပါလားးး ငါက မျက်စိအစာကျွေးမှာ ဘယ်တော့မှမထားဘူးဟျောင့် "

"နိုးပါ ငါကလည်း ဝတ္ထုဖတ်ရတာနဲ့တင်ဘဝကြီးက အိုကေမှာစိုပြေလို့.."

"အာ့နဲ့ နေ့ခင်းကျရင်မင်းခလေးက ဒီကိုထမင်းလာစားရမယ်ပေါ့.."

" အေးး ငါခေါ်တာလေ သူ့အခန်းသွားရင်ကျ အဆင်မပြေဘူး ဒီမှာက ရွှန်းလဲ့လည်းရှိတော့ "

" အာ့လည်းဟုတ်ပါတယ်လေ "

ဒေါင်..ဒေါင်..ဒေါင်
(ကျောင်းတက်ခေါင်းလောင်းထိုးသံ)

Time skip....

ဒေါင်..ဒေါင်..ဒေါင်
(နေ့ခင်းထမင်းစားနားချိန်)

" သွားခေါ်အုန်းမှာလားဟျောင့်.. "

" မခေါ်တော့ဘူး ဟိုမှာထွက်လာနေပြီ... "

skyပြောရင်း အခန်းဝမှာသွားစောင့်နေလိုက်သည်။

" ပန်ပန် ငါထမင်းသွားမစားရဲဘူးဟ "

" ဘာ့မဖြစ်ပါဘူးဟာ သွားရအောင် မာမားကတူတူစားဖို့ပြောလိုက်တာကို "

" အေးပါ ဟိုမှာ နင့်အကို စောင့်နေတယ် "

ဖူးဖူးပြောလို့ကြည့်လိုက်တော့ ဟုတ်ပါရဲ့ အခန်းဝမှာ ​ပန်ပန်တို့လာရာဘက်ကို ကြည့်ပြီး ​ပန်ပန်တို့ကို ပြုံးပြနေသည်။

" လာ ခလေး.. အထဲဝင်.."

" ဟုတ် "

sky တို့အတန်းရောက်လာတော့ ရွှန်းလဲ့တို့ပါရောက်နှင့်နေပြီမို့ ဟိုနှစ်ကောင်ကို အရှေ့ဘက်ခုံမှာ ရွှန်းလဲ့တို့နဲ့ထိုင်ခိုင်းပြီး skyကတစ်ဖက်တွင် ဝင်ထိုင်လိုက်သည်။

" လာထိုင် ခလေး.. ညမလေးပါ ဝင်ထိုင်.."

" ဟုတ် "

"ဟုတ် "

ခလေးမာမားထည့်ပေးလိုက်တဲ့ထမင်း၃ဆင့် ချိုင့်လေးဖွင့်လိုက်သည်။ အပူခံချိုင့်လေး၂ဆင့်ချိုင့်ပါထပ်ဖွင့်လိုက်ပြီး ထမင်း၃ဆင့်ချိုင့်ထဲမှ ထမင်းတစ်ချိုင့်ကို ခလေးကိုပေးလိုက်သည်။ အပူခံချိုင့်ထဲက ကင်ပွန်းချဥ် ဟင်းချိုနွေးနွေးလေး ကို ကလေးမှီအောင်အရှေ့မာထားလိုက်သည်။ ဆွဲခြင်းထဲက ဇွန်းလေးယူပြီး လက်သုတ်ပဝါလေးနဲ့သုတ် ပြီးမှ ခလေးကိုပေးလိုက်သည်။

skyရဲ့ပြုလုပ်ပုံအဆင့်ဆင့်ကိုမြင်ပြီး ကျန်သူတွေမှာ ပါးစပ်ဟောင်းလောင်း

သီရိမှာတော့ ဇွန်းကိုကျစ်နေအောင်ကိုင်ထားပြီး ရှေ့ကမြင်ကွင်းကို အံကြိတ်ပြီးမျက်တောင်မခတ်ကြည့်နေသည်။

skyတစ်ယောက် အသံတိတ်နေလို့ ရှေ့ကိုကြည့်လိုက်တော့ ခုထိထမင်းမစားရသေးဘဲ ကြည့်နေသောသူငယ်ချင်းတွေကို မြင်ပြီးခေါင်းယမ်းလိုက်သည်။

" ဟျောင့်တွေ စားကြလေကွာ ဘာကြောင်ကြည့်နေတာလဲ "

" အော် အေးး စားကြတာပေါ့ "

"စားပါပြီကွာ "

"ဇိုင်းယံ အဲ့လောက်ထိလိုလို့လားဟယ် ညမလေးက ခလေးမှမဟုတ်တာ သူ့ဘာသာသူလုပ်တတ်ပါတယ်ဟ နော့လေ ညမလေး"

"ဟုတ် ဟုတ် အမ .."

" ကျစ် ရွှန်းလဲ့ နင်ကမိကျောင်းမသမီးလာ တော်တော်ရှည်တယ် ငါ့ဘာသာလုပ်ပေးချင်လို့ပေါ့ဟ ..

ခလေးကို​လည်းပြောရအုန်းမယ် မနက်ကတစ်ခါပြောပြီးပြီကို ထပ်ပြောမယ် ခလေးလုပ်တတ်တာကိုယ်သိတယ် ကိုယ်လုပ်ပေးချင်လို့ကိုလုပ်ပေးတာ ဟုတ်ပြီလာ ခေါင်းသေးသေးလေးထဲ ဘာ့မှလျှောက်မစဥ်းစားနဲ့ "

ခေါင်းလေးကိုပုတ်ပြီ ပြောနေတဲ့အကို့ကို ကြည့်ပြီးပန်ပန်နာခံစွာ ခေါင်းညိတ်လိုက်သည်။

" ဟုတ်..ဟုတ်အကို ကျေးဇူးပါ"

"ပြောပြန်ပြီကျေးဇူးကို..မလိုဘူးလို့ ဒါနောက်ဆုံးဖြစ်ပါစေနော် နောက်ခါပြောမိရင် ကိုယ့်အဆိုးမဆိုနဲ့..

ဟိုညမလေးလည်းစား ဘာ့ရှိန်စရာမလိုဘူးနော် "

"ဟုတ် "

"ဟုတ်ကဲ့ပါ အကိုsky"

sky ကြက်သားတစ်တုံးကိုယူလိုက်ပြီး တစ်လုပ်စာဖဲ့လိုက်သည်များကိုခလေးချိုင့်ထဲထည့်ပေးလိုက်သည်။ ဒါကို​မြင်တဲ့ အာကာပိုင်တို့က စပြန်ရော..

" skyတို့များကွာ ခုကတည်းက.. ဟားဟား ကိုယ့်ဘာသာထည့်စားစမ်းပါကွာ မြင်ရတာ မျက်လုံးနောက်လာပြီ.."

" အေးလေဟယ် ..ညမလေးဖူးဖူးတောင် အေးဆေးစားနေတာကို သူ့ခလေးကျမှ မူကြိုကလေးများထင်နေတာလားမသိဘူး "

"ပြောပြန်ပြီ မိကျောင်းမသားသမီးတွေ မျက်လုံး နောက်ရင်လည်းပိတ်ထားကြကွာ ဒါအခုမှအစကွ မှတ်ထားကြ အဟက်ဟက်.."

skyအပြောကို ကိုဖြိုးတုံ့ပြန်ပြောလိုက်တာကြောင့် သီရိမှလွဲ၍ အကုန်ရီနေလေရဲ့ ။ ပန်ပန်ကတော့မျက်နှာလေး စတော်ဘယ်ရီလို အရောင်လေး ဖြစ်နေလေတော့သည်။ကိုဖြိုးပြောတာက

" ခုမှခလေးကောက်ရထားတာ နားလည်ပေးလိုက်ကြစမ်းပါကွာ " တဲ့

သတိမထားမိလိုက်ခင်မှာဘဲ

" အာ့...."

************

ခုအပိုင်းထိဖတ်ပေးကြတဲ့သူတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင့်

နောက်အပိုင်း၁၄ကစပြီး ဇာတ်သိမ်းထိ အကုန်ရေးပြီးမှ တင်ရင်ကောင်းမလားဘဲ🤔

ဇာတ်သိမ်းထိဆိုတော့ ကိုယ်ဖတ်ချင်တာမျိုးရေးတာတွေဖြစ်လို့ စဥ်းစားရင်းရေးရင်း ကြာနေမှာမို့ ကြိုပြောထားခြင်းပါနော်..

Seguir leyendo

También te gustarán

1.4M 34.2K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1.4M 109K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.2M 65K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...