ယိမ်းယိုင်အိပ်ပျော်သွားသည်အထိ ချန်ဒလာအနားမှာထိုင်စောင့်နေလိုက်သည်။စောင်အောက်မှထွက်နေသည့်လက်တစ်ဖက်ကိုလည်း ခပ်ဖွဖွကိုင်ကာလက်မဖြင့်ပွတ်သပ်ပေးနေ၏။ လက်တစ်ဖက်ကကော့ဖိုင်တွဲတစ်ခုကိုကိုင်ထားကာ မျက်ဝန်းတွေ၌လည်းရွှေရောင်ကိုင်းပါသည့်မျက်မှန်ကိုတပ်ဆင်ထားလေသည်။ State ကျောင်းသားဘဝတုန်းကတော့မျက်မှန်အထူကြီးကိုတပ်ရပေမယ့်နောက်ပိုင်းမျက်လုံးထဲမျက်ကပ် မှန်အသေထည့်ထားသောကြောင့်မျက်မှန်ကိုသိပ်မလိုတော့။ရံဖန်ရံခါမှသာတပ်ဖြစ်၏။တစ်ချက်,တစ်ချက် အိပ်ပျော်နေတဲ့လူကိုလည်းလှမ်း,လှမ်းကြည့်နေမိသည်။အချိန်တစ်ခုကြာလာသည့်နှင့်အမျှမျက်ရိုးတွေကိုနှိပ်လိုက်မျက်မှောင်တွေကိုကြုတ်လိုက်နှင့်ဖိုင်တွဲကိုကြည့်ကာတစ်ယောက်ထဲစိတ်ရှုပ်နေမိသည်။ဖိုင်တွဲထဲရှိအကြောင်းအရာတစ်ချို့ကချန်ဒလာ့၏စိတ်အဖုံဖုံကိုအမျိုးမျိုးပြောင်းလဲဖို့စွမ်းဆောင်လေသည်။
လက်မှာပတ်ထားသည့် Smart watch ကိုတစ်ချက်ကြည့်လိုက်ကာယိမ်းယိုင်ရဲ့လက်ကိုအသာအယာချခဲ့လိုက်၏။ထို့နောက် necktie ကိုအနည်းငယ်ဖြေလျော့ကာဖိုင်တွဲကိုလက်တစ်ဖက်ကလွှဲရင်းအိမ်အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။
အောက်ထပ်ရောက်သည်နှင့် အဘစံအပါအဝင်အစောင့်တွေအကုန်လုံးကိုသူ့ကိုဦးညွှတ်အရိုအသေပေးကြ၏။ကိုယ့်အပြစ်ကိုယ်သိကြလို့ ခုချိန်ကတည်းကစောင့်နေကြသည်ထင်။ချန်ဒလာထိုလူတွေနားရောက်သည်နှင့် ရွှေရောင်မျက်မှန်ကိုင်းကိုလက်ခလည်ဖြင့်တစ်ချက်တွန်းတင်လိုက်သည်။ဝတ်လက်စ Formal suits ဟာလည်း အနည်းဟနေသောကြောင့်လည်ပင်းထက်၌နေရာယူထားသည့် ပန်းပွင့်တွေနှင့်အတူမြွေတစ်ကောင်တတ်တူးကိုလည်းရှင်းရှင်းလင်းလင်းမြင်နေရသည်။
သူတို့ကိုတစ်စိုက်မတ်မတ်ကြည့်နေသည့် ချန်ဒလာ၏မျက်နှာဟာဒေါသထွက်ခြင်းမရှိကာငြိမ်သက်နေ၏။ဒါဟာသူတို့အတွက်ဖြေရခက်သည့်ပုစ္ဆာတစ်ပုဒ်လိုဖြစ်သွားစေသည်။စိတ်တိုရင်လည်းပေါက်လွဲလိုက်၊ပျော်ရင်လည်းရီရီမောမောနဲ့ ပျော်ချလိုက်လို့ရတယ်ဒါမယ့်ချန်ဒလာကတော့အဲ့လိုမဟုတ် မျက်နှာဟာတစ်သတ်မတ်တည်းသာသွားသည်။အဲ့လိုလူတွေဟာသိပ်ကြောက်ဖို့ကောင်းတယ် Physco ကောင်။မျက်နှာအမူအယာကြည့်ရုံနဲ့ လွယ်လွယ်ကူကူခန့်မှန်းနိုင်သည့်သူတို့တောင် ချန်ဒလာ့ကိုတော့မခန့်မှန်းနိုင်ခဲ့။'အစ်ကိုလေးကိုနည်းနည်းလေးတောင်မထိခိုက်စေနဲ့ တစ်ခုခုဖြစ်တာနဲ့ အရိုးတောင်ပြန်ကောက်မရဖြစ်သွားမယ် ' ဆိုပြီး မှာကြားခဲ့ပြီး ခုတော့ဘာမှမတုံ့ပြန်သည်တဲ့လား။
ဒီလိုကြာရှည်အကြည့်ခံနေရရင် မကြာခင်ပြာဖြစ်တော့မည်။တစ်နည်းနည်းတော့စကားစမှရမယ်။ နောက်ဆုံးအားလုံးထဲရှိ Bodyguard Leader ဟာရှေ့ကနေအကုန်လုံးအစားစကားစပြောလာ၏။
" သခင်လေး ကျွန်တော်တို့အပြစ်အတွက်သိတာမို့ သခင်လေးလက်နှင့် ကိုယ်တိုင်အပြစ်ပေး... "
ဖောင်း!
အားးး!
အရာဝတ္ထုနှစ်ခုရိုက်သံဟာကျယ်လောင်စွာတစ်ပြိုင်ထဲပေါ်ထွက်လာခဲ့၏။ဘာတွေဘယ်လိုဖြစ်သွားကြတာလည်း မျက်စိတစ်မှိတ်အတွင်းမှာလေ။ချန်ဒလာ့လက်ထဲရှိဖိုင်တွဲဒေါင့်၌သွေးတွေစွန်းထင်းနေကာ အင်္ကျီအဖြူ၌လည်း သွေးစတွေဟာလည်းစွန်းပေနေပြန်သည်။ဖိုင်တွဲရဲ့ဒေါင့်စောင်းနဲ့ သူတို့ Leader လည်ပင်းကအစ မျက်လုံးနားထိခြစ်ချလိုက်တာဖြစ်၏။ချန်ဒလာ့ရဲ့အမူအယာကိုသူတို့ကောင်းကောင်းကြီးမြင်လိုက်ရသည်။မေးရိုးသွေးကြောတွေထောင်ထနေသည့်ချန်ဒလာ့ရဲ့မျက်နှာဟာသားရိုင်းတစ်ကောင်တစ်ဖွယ်။ဒီလိုအချိန် တွေ၌သခင်လေးချန်ဒလာ၏မျက်ဝန်းတွေဟာရှိရင်းစွဲထက်နီလာပမာနီရဲနေတတ်၏။ နောက်ပြီးသူ့အနားကနေလူသတ်ချင်တဲ့အငွေ့တွေတောင်မြင်ရသလိုလို။သူ့ရဲ့မျက်နှာပေါ်အနည်းငယ်စွန်းထင်းနေသည့် သွေးစတို့ကိုလျှာဖြင့်သပ်ကာ Leader ,ကိုအရသာခံခံကြည့်နေပြန်သည်။
ကျန်တဲ့သူတွေဟာလည်းအနည်းငယ်လှုပ်ရှားသွားကာကြမ်းကိုပေါက်ထွက်မတတ်ကြည့်နေကြ၏။
Leader ဟာသူ့ရဲ့ဘယ်ဘက်မျက်နှာကိုအုပ်ကိုင်ကာကြမ်းပြင်ပေါ်၌လူးလှိမ့်ကာနာနာကျင်ကျင်အော်နေ၏။သူတို့မှာဆွဲထူပြီး အပြင်ပြေးထွက်ချင်ပေမယ့်မဖြစ်နိုင်ပေနည်းနည်းလေးလှုပ်မိတာနဲ့သူတို့ဘက်လှည့်လာနိုင်ခြေဟာ 100%
ချန်ဒလာ၏လည်သာဖိနပ်ဟာ Leader ရဲ့လက်ဖမိုးပေါ်သို့ထပ်ကာထပ်ကာဘယ်ညာဖိချေနင်းနေပြန်သည်။ဒီတစ်ခါမှာတော့ Leader မှာတော့အသံတောင်မထွက်နိုင်တော့။ကျန်ရှိနေတဲ့လူတွေဟာလည်း ဒီလောက်ထိဆိုးရွားလိမ့်မယ်လို့မထင်ထားခဲ့တာအမှန်။အခြေအနေတွေဟာမျက်စိတစ်မှိတ်အတွင်း ပြောင်းလဲခဲ့ချေပြီ။တကယ်တော့ မုန်တိုင်းမလာခင်လေပြေလေးဝင်ရောက်တိုက်ခတ်နေခဲ့တာပဲ။
" ငါ့လက်နဲ့ မင်းတို့ကိုထိဖို့တန်လို့လား! "
Leader ရဲ့လက်ကို အရိုးကြေသည်အထိနင်းထားရင်းနဲ့မှ ချန်ဒလာဟာအဘစံသို့ဘက်လှည့်လိုက်၏။ထို့နောက်အဘစံ၏မျက်ဝန်းနက်နက်တွေကိုတစ်စိုက်မတ်မတ်ကြည့်ကာ...
" ဖုံးကွယ်ထားတဲ့အကြောင်းတွေကိုနောက်မှသိရင်ကျုပ်ကဘယ်မျက်နှာမှထောက်နေမှာမဟုတ်ဘူး "
အဘစံဟာသက်ပြင်းတစ်ချက်ချ,စိတ်ကိုအတတ်နိုင်ဆုံးလျော့ချကာ
" အဘစံနားလည်ပါတယ် သခင်လေး "
ဒါဟာသခင်လေးကောင်းဖို့အတွက်မို့ ဘယ်လိုပဲကြံလာကြုံလာအဘစံလက်ခံမှာပါ။ဒီအိမ်တော်ကြီးကိုစရောက်ကတည်းအဘစံဟာ သခင်လေးကိုအသက်ပေးပြီးစောင့်ရှောက်ဖို့ဆုံးဖြတ်ထားသူဖြစ်၏။ဘာပဲဖြစ်ဖြစ် ဒီလူကရှေ့ကအရင်,ရင်ဆီးခံမည်ဖြစ်သည်။
ယိမ်းယိုင်ဟာအဘစံစကားကိုသိပ်နားထောင်သည့်ကောင်လေး။မြင်သမျှ၊ဖြစ်သမျှကို ချန်ဒလာ့ကိုတစ်ခွန်းမကျန်ပြန်ပြောချ၏။စကားသိပ်နားထောင်တတ်သည့်ကောင်လေး။ဘာမှကိုဖုံးချလို့မရ။
" မိပုကို နောက်ခြံထဲတစ်ညသွားအိပ်ခိုင်းလိုက် "
" ရှင်! သခင်လေး မိပုကြောက် .. "
" ငါ့အမျိုးသားကိုနင်တစ်ယောက်ထဲထားခဲ့တုန်းကကော သူဘယ်လောက်ကြောက်ခဲ့မလဲနင်စဉ်းစားရဲ့လား ဟမ်! "
ချန်ဒလာက မိပု၏လည်ပင်းကိုညစ်ကာပြောလာ၏။ဘယ်လောက်စိတ်တို စိတ်တိုအစ်ကိုလေးကမိပုကိုဒီလိုတစ်ခါမှမလုပ်ဖူး။ယောကျာ်းအားနဲ့အညစ်ခံရတာမို့ မိပုမှာအသက်ရှုတွေပါကြပ်လာခဲ့၏။သခင်လေးလက်လိုလည်းလွှတ်ပေးဖို့ ရိုက်ကာမပြောရဲ။ရှင်းရှင်းပြောရရင်ထိကိုမထိရဲတာ။
" ငါမေးနေတာဖြေလေ! "
မိပုက အဘစံကိုအားကိုးရှာသလိုကြည့်လာ၏။အဘစံသာမကယ်ရင် မိပုတကယ်သခင်လေးလက်ထဲသေတော့မှာ။
" သခင်လေး မိပုကိုလွှတ်ပေးလိုက်ပါ "
အဘစံက ကြားထဲကနေဝင်ဟန့်လိုက်၏။ချန်ဒလာကအဘစံကိုတစ်ချက်ကြည့်ကာမိပုကိုကြမ်းပြင် ပေါ်နောက်ပြန်ပြုတ်ကျအောင်ထိဆောင်တွန်းချလိုက်၏။မိပု၏လည်ပင်းထက်အနီရောင်လက်ချောင်းရာကြီးတွေဟာ အထင်းသား။အခုမှမိပုလည်း ကိုယ့်လည်ပင်းကိုကိုင်ကာ တစ်ဟွတ်ဟွတ်မြည်အောင်ချောင်းတွေဆိုးတော့၏။
တကယ်ဆို အစ်ကိုလေးကိုတစ်ယောက်ထဲတမင်တကာထားခဲ့တာမဟုတ်ပါဘူး။မိပု အဲ့နေရာပြန်ရောက်တော့အစ်ကိုလေးကမရှိတော့ဘူးလေဒါကြောင့်အိမ်ကြီးထဲပြန်ရောက်ပြီထင်ပြီး ဝင်ခဲ့မိတာပေါ့။ခြံဟာကျယ်ပြီးသစ်ပင်တွေဟာလည်းများသင့်သလောက်တော့သူလည်းဘယ်လိုလုပ်ရှာနိုင်မလဲ။အဲ့ခြံက လျှောက်လမ်းဆိုလို့ကလေးခြေလှမ်းတစ်လှမ်းစာသာရှိတယ်လေ။တကယ်ဆိုမိပုလည်းခံရသူပါ။
" ခြင်တွေပေါကပေါနဲ့ နောက်ပြီးမိန်းကလေးတစ်ယောက်ထဲက အဲ့မှာအကြာကြီးနေဖို့က... "
" ကျုပ်အမျိုးသားတုန်းကတော့ ယောကျာ်းလေးပဲနေချင်နေပေါ့ဟုတ်လား!ဪထပ်ပြီးမပူနဲ့ခြင်ကိုက်လို့တုတ်ကွေးဖြစ်ရင်တောင်ကျုပ်ကဆေးရုံကိုအခမဲ့လိုက်ပို့ပေးမယ်။ ဟုတ်ပြီနော်မိပု "
ခါးကိုကိုင်းပါးစောင်ကိုလျှာနဲ့ထိုးကာ အဘစံနှင့်သူ့ကိုတစ်ချက်စီကြည့်ကာပြောလာ၏။ထိုအကြည့်တွေကိုမိပုရင်မဆိုင်ရဲပါ။သိပ်ကြောက်စရာကောင်းသည်။သခင်လေးရဲ့ဒီလိုအချိန်တွေဟာသူနဲ့မျက်လုံခြင်းတစ်ချက်ဆုံရင်တောင်သေသွားမလားတွေးပူနေရတဲ့အချိန်မျိုးပေါ့။ဒီလိုအချိန်မှာအဘစံမပြောနဲ့ ဘုရားတောင်သူ့ကိုဆင်းကယ်နိုင်မှာမဟုတ်။
ကျန်ရှိနေသည့် Bodyguard တွေကိုတစ်ချက်စီကြည့်ကာအိမ်ပေါ်ထပ်သို့တတ်လာခဲ့လိုက်သည်။သူ့ရဲ့ခြေလှမ်းတွေကတတိယထပ်သို့သာဦးတည်နေခဲ့သည်။ဒီအထပ်ကနေဆို နောက်ဖေးခြံအဆုံးထိကောင်းကောင်းကြီးမြင်ရသည်။တတိယထပ် လသဆောင်ဘက်ရောက်သည်နှင့် ခြံဝန်းတစ်ခုလုံးကိုအပေါ်စီးကနေကြည့်နေမိသည်။ယိမ်းယိုင်နဲ့သူနဲ့တွေ့ခဲ့တဲ့နေရာဟာ ခြံရဲ့အလည်နားလောက်သွားကျသည်။သူ့ရဲ့မျက်လုံးကိုအနည်းငယ်ကစားပေးလိုက်သည်နှင့်ခြံရဲ့တစ်ဖက်အစွန်း၌တံခါးပေါက်၌အကြည့်တို့ဟာရပ်တန့်သွားသည်။ချန်ဒလာထိုနေရာကိုပဲ အကြည့်မလွှဲပဲတစ်စူးတစ်စိုက်ကြည့်ကာ..
" ဘယ်လိုကောင်ပဲဖြစ်ဖြစ် ကျုပ်လက်ထဲကလွတ်အောင်ပြေးထား "
•~•~•~•~•~•~•~•~•~•~•~•~•
စောဝန်းအစောကတည်းက အခန်းထဲ၌ဟိုလျှောက်ဒီလျှောက်နဲ့ဗျာများနေရ၏။ဦးသောကနဲ့ ဦးဒေဝရဲ့လုပ်ရပ်တွေကိုသူဘယ်လိုတားရမလဲတောင်မသိတော့။ဦးဒေဝကသူ့သားသေတာနဲ့ပတ်သတ်ပြီး ချန်ဒလာ့ကိုလုံးဝအစာကြေတာမဟုတ်တစ်နည်းနည်းနဲ့လိုက်ပြီးဟန့်တားနေတာဖြစ်၏။အဖေဖြစ်သူကလည်း ချန်ဒလာကိုလုပ်ငန်းပိုင်းနဲ့ပတ်သတ်ပြီးလုံးဝအစာကြေနေတဲ့သူမဟုတ်နှစ်ယောက်ပေါင်းမိတော့သူဘယ်လိုတားရမလဲအဖေကကောသူ့စကားဘယ်တော့မှနားဝင်တဲ့သူမဟုတ်တော့ခက်ရ၏။ဒါတွေရဲ့နောက်ကွယ်ကခေါင်းကိုင်ဖခင်ကြီးလည်းရှိနေသည်။သားရဲ့စကားထက်ထိုလူ့ရဲ့စကားကိုသာအဖေကနားဝင်သည်မလား။
ဒီကြားထဲချန်ဒလာကသူ့ဖုန်းကိုလုံးဝမက်ိုင်။ဆက်သွယ်မှုဧရိယာပြင်ပသာအမြဲရောက်နေကာ Blacklist ထဲထည့်ထားသလားပင်။အခန်းထဲဖုန်းကိုတစ်တောက်တောက်ခေါက်ကာအကြံစဥ်းစားနေရင်းနဲ့မှအောက်ထပ်မှကားသံကြောင့်အဖေပြန်လာနေပြီဆိုတာသိလိုက်၏။သူလည်း အောက်ထပ်သို့ခပ်မြန်မြန်ဆင်းလိုက်ကာ အဖေ့ကိုနားချဖို့သူအတတ်နိုင်ဆုံးကြိုးစားကြည့်ရမည်ဖြစ်သည်။
" အဖေ မလုပ်လို့မရဘူးလား "
အိမ်ပြန်ရောက်,ရောက်ခြင်းအမောဖြစ်နေတုန်းရှိသေးစောဝန်းကဆီးကာပြောလာ၏။ဒါလီယာဝမ်ပြောတာမှန်သည် ဒီကောင်ကအရှုပ်ထုပ်၊သူ့လုပ်ရပ်
တိုင်းကိုတစ်မျိုးမဟုတ်တစ်မျိုးအနှောင့်လာ,လာပေးနေသည့်ကောင်။
" ဖယ်စမ်း! စောဝန်း "
တိုက်ထုတ်ကာထွက်သွားတော့မည့်အဖေ့ရဲ့လက်ကိုဆွဲကာတားနေမိသည်။
" ဦးရိုးရာမင်းတို့က အဖေ့ကိုဆေးထိုးနေတာ "
" ငါကတော့ ချန်ဒလာကိုသတ်ချင်တယ်! အကြံတူလို့ငါရိုးရာမင်းတို့အုပ်စုနဲ့ပူးပေါင်းတယ် အဲ့တာဘာဖြစ်လဲစောဝန်း "
" ဦးရိုးရာမင်းနဲ့ဦးဒေဝတို့က ဘယ်တုန်းကများကောင်းနေခဲ့ဖူးလို့လည်းဖေဖေလည်းသိမှာပါ "
ဦးရိုးရာမင်းနဲ့ဦးဒေဝတို့ဟာ တစ်ကြိတ်ထဲတစ်ဉာဏ်ထဲသမားတွေ။နောက်ပြီးဒါလီယာဝမ်ဟာလည်းဦးရိုးရာမင်းရဲ့ သွေးအပြည့်ပါသည်ကောက်ကျစ်သည်။တစ်ကိုယ်ကောင်းဆန်သည်။ဘာသူဘာဖြစ်ဖြစ် ငါဒေမာပြီးကောဆိုတဲ့လူတန်းစား။ခုလည်းသူ့အဖေကို သူတို့အသုံးလိုလို့ခနတာသုံးနေတာဖြစ်သည်။
" တိတ်စမ်းစောဝန်း "
လိုတာထက်ပိုကာသူဒေါသထွက်နေမိပြီ။စောဝန်းဟာသူလုပ်တဲ့အရာတိုင်းကို ပိတ်ပင်နေတတ်သည့်ကောင်။စောဝန်းကိုသူမွေးဖွားလာကတည်းကမှားတာ စောဝန်းနဲ့သူတို့မိသားစုဟာလုံးဝမအပ်စပ်။တစ်ခါလာလည်းပန်းချီဆွဲလိုက် သီချင်းနားထောင်လိုက်နဲ့သူ့ဘဝကိုဇာတ်မြှုပ်နေ၏။တစ်ခါတစ်လေ သူများကိုပြန်ပြောဖို့တောင်သူကနောက်ကနေသင်ပေးနေရတယ်တဲ့လေ။ဖြစ်သင့်ရဲ့လား။တစ်ခါတစ်လေလူကြားထဲစောဝန်းရဲ့အဖေလို့အခေါ်ခံရမှာတောင်ရှက်မိပါရဲ့။
" ငါ့လုပ်ရပ်တိုင်းကို ရပ်မှာမဟုတ်ဘူးစောဝန်း! မနက်ဖြန် ချန်ဒလာမသေရင်တောင်ယိမ်းယိုင်မှိုင်းကိုတော့ငါအသေသတ်ပြမယ်! "
" သူတ်ို့ဘာသာ လွတ်လွတ်လပ်လပ်နေပါစေ "
ဖြောင်း! အသုံးမကျတဲ့ကောင်။
" မင်းဘာလုပ်နိုင်တာရှိလို့လည်း ယိမ်းယိုင်မှိုင်းကိုတောင်မှီရဲ့လားဟမ်။သူ့ရဲ့ဦးနှောက်သေးသေးလေးသာမင်းမှာပါရင် ငါနဲ့မင်းဒီလိုဆက်လုပ်နေရမှာမဟုတ်ဘူးကွ! "
အမြဲတမ်းပါပဲ အမြဲတမ်းတစ်ခုခုကြုံလာတိုင်းအဖေဟာသူ့ကိုတစ်စိမ်းနှင့်အမြဲယှဉ်လာတတ်၏။တစ်ဖြေးဖြေးနဲ့ သူ့ရဲ့ကိုယ်ပိုင်ဘဝတွေတောင်ပျောက်ဆုံးလာသလိုပါပဲ။သူဟာစောဝန်း၊ ယိမ်းယိုင်မှိုင်းမဟုတ်ဘူး။သူဟာသူ၊တစ်ခြားလူမဟုတ်။မတူတဲ့အရာနှစ်ခုကို ဘာလို့များခိုင်းနှိုင်းယှဉ်သင့်တယ်ထင်နေကြတာလဲ။ဒီလိုမတူတဲ့အရာနှစ်ခုကိုယှဉ်လိုက်တော့ကော ကိုယ့်ရဲ့သွေးသားဟာတစ်ခြားလူတစ်ယောက်အဖြစ်ပြောင်းလဲသွားမှာတဲ့လား။ပြောင်းလဲသွားမှာကိုပဲလိုချင်ကြတာလား။ဒါမှမဟုတ် သိမ်ငယ်စိတ်တွေနဲ့အတူလောကကြီးကိုပိုပြီးအရွဲ့တိုက်မှာကိုလိုချင်ကြတာလား။ဒါမှမဟုတ်အရှိကိုအရှိတိုင်းလက်ခံနိုင်တဲ့စိတ်ပျောက်ကွယ်ပြီးဟန်ဆောင်မျက်နှာဖုံးတွေအောက်နေထိုင်နေစေချင်နေတာလား။
" အဲ့လောက်တောင်ဖြစ်နေရင် ယိမ်းယိုင်မှိုင်းကိုမွေးစားလိုက်လေ "
" ဟေ့ကောင်! "
ဟားးးး!
ဦးသောကဘေးနားရှိပန်းအိုးတွေအပေါ်ဒေါသဖြေနေမိ၏။သူလုပ်သမျှအရာရာအားလုံးက သူ့သားဆိုတဲ့ကောင်ကို နေရာရစေချင်တာ။ဒါမယ့်ဒီကောင်က ဖအေအသင့်ခူးကျွေးနေတဲ့ထမင်းကိုတောင်လက်နဲ့ပုတ်ချကာစော်ကားပြန်၏။' မွေးမလာသင့်တဲ့ကောင် '
" ငါစီစဉ်ထားသမျှ ရှေ့ဆက်တိုးမှာမို့မင်းဘက်က ဝင်မပါနဲ့အဲ့ခါကျ မင်းကိုငါ့လက်နဲ့သေအောင်သတ်မယ် "
" သေပြီးသားပါ အဖေသတ်ပြီးသားမို့ကျွန်တော့်ရဲ့စိတ်တွေအကုန်သေနေပြီးသားပါ ဒီဘာမှမဟုတ်တဲ့ခန္ဓာပဲကျန်တော့တယ်သတ်လိုက်စမ်းပါဒီခန္ဓာကိုယ်ကိုပါဖျက်ဆီးကြလိုက်စမ်းပါ! "
ဟားးး!
အင်္ကျီကော်လံစကိုဆွဲကာ ထပ်ထိုးဖို့ပြင်လိုက်သည်နှင့်ငွေ့ရည်ဖွဲ့နေသည့် မျက်ဝန်းတွေကိုစုံတွေ့သည့်အခိုက်ဦးသောကရဲ့လက်တို့ဟာလေ၌ရပ်တန့်သွား၏။ထို့နောက်စောဝန်းကိုအားပါပါဆောင့်တွန်းချကာချထားသည့် Coat ကိုဆွဲကာအပြင်ပြန်ထွက်ဖို့သာပြင်လိုက်၏။ဒီမှာထပ်ရှိနေရင် သူစောဝန်းကိုတစ်ခုခုထပ်လုပ်မိတော့မှာ။စောဝန်းဒီကောင်သူ့ရဲ့ဆန္ဒတွေကိုဘယ်တော့မှနားလည်မှာလည်း။
ကားထဲရောက်သည်နှင့်စီယာတိုင်ကိုစိတ်ရှုပ်စွာတစ်ဖုန်းဖုန်းမြည်အောင်ထုချလိုက်၏။ထို့နောက်သူ၏အိတ်ကပ်ထဲမှဖုန်းသံဟာပေါ်ထွက်လာခဲ့၏။
" ဟယ်လို ရိုးရာမင်း "
" .... "
" ကျုပ်နားလည်ပြီ ရိုးရာမင်း ခင်ဗျားသာခင်ဗျားကတိတည်ပါစေ! "
လူတိုင်းဟာလူသတ်သမားတွေပါပဲ။သူတို့သည်းခံနိုင်တဲ့အတိုင်းအတာအထိလှုံ့ဆော်ပေးကြည့်လိုက် လူတွေဟာအရက်စက်ဆုံးသတ္တဝါတွေဖြစ်လာလိမ့်မယ်။ဒီလိုပါပဲဦးရိုးရာမင်းဟာပလ္လင်ပေါ်ကနေထိုင်နေရုံနဲ့အောက်ခြေလူတန်းစားကိုပါးစပ်လေးတစ်ချက်လှုပ်ရုံဖြင့်အရက်စက်ဆုံးလူသတ်သမားတစ်ရပ်ဖြစ်အောင်လှုံ့ဆော်နိုင်ခဲ့၏။
•~•~•~•~•~•~•~•~•~•~•~•~
တီ.......!
အဆက်မပြတ်ပေါ်ထွက်လာသည့် ကားဟွန်းသံကြောင့်မျိုးပင်မှိုင်းလုပ်လက်စအလုပ်ကိုရပ်ကာခြံထဲသို့ထွက်လာခဲ့လိုက်၏။ခြံအပြင်၌ သူမြင်ဖူးနေကြကားအမဲရောင်တစ်စီး။မမှားဘူးဆိုဒါဟယ်ရီ့ရဲ့ကားပင်။လက်မှာပတ်ထားသည့် နာရီကိုတစ်ချက်ကြည့်လိုက်တော့အချိန်ကတော်တော်နောက်ကျနေပြီဖြစ်သည်။ထို့နောက်သူလည်းခြံတံခါးဖွင့်ကားနားသို့သွားလိုက်ကာ,ကားမှန်ကိုနှစ်ဆင့်လောက်ထပ်ခေါက်လိုက်၏။
ဒေါက်! ဒေါက်!
ကားမှန်လေးဟာ တစ်ဖြေးဖြေးအောက်သို့နိမ့်ကျလာသည်နှင့်
" ဟယ်ရီ အချိန်မတော်ဘာဖြစ်တာလဲ "
မျိုးပင်မှိုင်းစကားတို့ကိုအတတ်နိုင်ဆုံးချိုသာအောင်ပြောလိုက်၏။ဘယ်လောက်ပဲကိုယ့်ဘက်ကကန့်သန့်ထားသည်ဆိုဆိုမနေ့ကတွေ့တုန်းပြောလိုက်မိတာသူလွန်သွားတယ်လို့ထင်မိတာကြောင့်ဖြစ်၏။ကိုယ့် ကြောင့်တစ်ဖက်သားအနည်းငယ်စိတ်ထိခိုက်သွားတယ်လို့ထင်မိတာကြောင့်သူဟယ်ရီကိုအားနာနေမိတာအကြိမ်ကြိမ်။
" ကိုကို့ကို ဖရဲသီးလာပို့တာပါ။ရင်အေးအောင်လို့ "
" မိုးချုပ်နေပြီဟယ်ရီ ဒီအချိန်ကမလာသင့်ဘူး "
" ဒါမယ့်ကိုကို Facebook Myday မှာဖရဲသီးစားချင်တယ်လို့တင်ထားတယ်လေ "
သူခုနကစားချင်စိတ်ဖြစ်တုန်းက ဒီတိုင်းဘာသဘောမှမဟုတ်ပဲတင်လိုက်တာသာဖြစ်၏။တင်ထားတာအနည်းဆုံးတော့နာရီဝက်လောက်တော့ရှိလောက်မယ်။အဲ့တာတွေအသာထားခုသူရလိုက်တာကအလေးပေးမှုသာဖြစ်၏။သူ့ဘဝမှာသူ့ဘက်ကသာကြည့်ခဲ့ရတာဖြစ်၏။တစ်ခါမှ ဘယ်သူမှသူ့အပေါ်သို့ ကြည့်ရှုပေးတဲ့လူမရှိခဲ့။ပြောရမယ်ဆိုတစ်ပါးသူဆီမှရရှိတဲ့ဒီလိုအရေးပေးမှုဟာပထမဆုံးအကြိမ်ပေါ့။သူ့အတွေးနဲ့သူမျိုးပင်မှိုင်းနှုတ်ခမ်းလေးတွေကော့တတ်မိအောင်ပြုံးလိုက်မိ၏။ ဒါကိုလည်း ဟယ်ရီမြင်ဖြစ်အောင်မြင်လိုက်၏။
" ဖရဲသီးက သကြားပွင့်ပြီးအချိုဓါတ်လေးရသလို ကိုကို့အပေါ်ထားတဲ့ကျွန်တော့်စိတ်တွေကလည်းဖရဲသီးလေးလိုအချိုဓါတ်ရနေစေရပါမယ် "
" ဟယ်ရီ! "
သူစည်းချထားတာဒါတွေပါသည်။မထင်ရင်မထင်သလိုသူ့ရဲ့စကားတွေ ဟုတ်ဟုတ်မဟုတ်ဟုတ် ပြောနေတတ်သည့်စကားတွေက ချစ်သူရှိတဲ့လူကိုမပြောသင့်ဘူးလို့ထင်တယ်။ဒါတွေကိုနှင်းသာသိခဲ့ရင်ကော သူ့ရဲ့စိတ်ထဲကောင့်ပါ့မလား။နှင်းဘယ်လိုတွေးမလဲ။
" ဟယ်ရီ ဒါပဲမလားပြန်တော့ "
" ကျွန်တော်နဲ့တူတူကားပတ်စီးရအောင် "
ခနလေးပဲဖြစ်ဖြစ်မဖြစ်နိုင်ဘူးဆိုပေမယ့် သူကြာကြာလေးပိုရှိနေဖို့ဆွဲထားမိ၏။အငြင်းစကားဆိုမယ့်နှုတ်ခမ်းပါးတွေကိုလည်းသူအပြစ်မဆိုရက်ပါဘူး။
သို့သော်မျိုးပင်မှိုင်းကချက်ချင်းအဖြေပြန်မပေး။ပါးကိုလက်သည်းနဲ့ခပ်ဖွဖွခြစ်ကုတ်ကာ စဉ်းစားဟန်ပြ၏။တကယ်ဆိုသူမသွားချင် အလုပ်တွေကလည်းမပြီးပြတ်သေးတာကတစ်ကြောင်း၊နောက်ပြီးကိုယ့်အပေါ်စိတ်ရှိနေသည့်လူနှင့်အတူတူသွားဖို့ဆိုတာ သူ့အတွက်တော့နည်းနည်းအနေကျဉ်းကျပ်စေသည်။ဟယ်ရီကဝန်မခံပေမယ့် သူလည်းခေတ်လူငယ်တစ်ယောက်မို့ ဘယ်သူကဘယ်လိုလုပ်ရင် ဘယ်ခြေလှမ်း,လှမ်းတယ်ဆိုတာအနည်းနဲ့အများတော့သိ၏။ဟယ်ရီ့ဘက်ကလည်းသူ့မှာချစ်သူရှိနေသရွေ့စည်းမကျော်လောက်ဘူးဟုသူကောင်းကောင်းကြီးတွေးထား၏။
" ငါလိုက်ခဲ့မယ်။ဒါမယ့်ဖရဲသီးတော့အိမ်ထဲသွားထားအုန်းမှာမို့ခနစောင့်ပေး "
" ဟုတ်ဗျ "
ဟယ်ရီက ခေါင်းကိုတစ်ဆတ်ဆတ်ငြိမ့်၏။မျက်နှာဟာခုနကလိုသုန်မှုန်မနေပဲ ရွှင်ရွှင်လန်းလန်းလေးပြန်ဖြစ်လာ၏။
သူ့အနေနဲ့လည်း ဘယ်လိုလုပ်ရမလဲမျက်ကွယ်ပြုဖို့အကြိမ်ကြိမ်ကြိုးစားခဲ့လည်းနှစ်လုံးသားကလုံးဝလက်မခံ။ထွက်သွားပြီဖြစ်သည့်ကျောပြင်လေးထံ၌ သူ့ဟာအကြည့်မလွဲခဲ့။ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်သူကတော့ဘယ်တော့မှကိုကို့ကိုကျောခိုင်းထွက်ခွါသွားမဟုတ်အရင်ဆုံးကျောခိုင်းမည့်လူက ကိုကိုသာဖြစ်ရမည်။ဘာလို့ဆိုသူကအမြဲသူ့ကိုကျောခိုင်းတတ်သည့်ကိုကို့ကျောပြင်လေးကိုကြည့်ရတာကြိုက်တယ်လေ။
အင်္ကျီလဲလိုက်ပုံရသည့်ကိုကိုက တစ်ဖြေးဖြေးသူ့နားသို့ချဉ်းကပ်လာ၏။သူလည်းကိုကို့ကို မြင်သည်နှင့်ကားပေါ်မှဆင်းကာ ကိုကို့ဘက်မှကားတံခါးကိုသွားဖွင့်ပေးလိုက်၏။ကိုကိုကတော့သူ့ကိုတစ်ချက်မျှသာကြည့်ကာဘာမှတော့ ထွေထွေထူးထူးပြောမလာ။သူလည်း ခပ်မြန်မြန်သွားကာ ကားထဲဝင်ထိုင်လိုက်သည်နှင့်
" ငါ့မှာလည်း လက်ပါ,ပါတယ် ဒီလောက်တော့လုပ်တတ်ပါတယ် "
" လုပ်ပေးချင်လို့ပါ "
ဟယ်ရီရဲ့အသံကားပျော်ရွှင်မြူးတူးနေ၏။တော်တော်လေးသဘောခွေ့နေပုံရ၏။ထို့နောက် ကားအမဲရောင်လေးဟာလေအနှင်နှင့်အတူအစတောင်ရှာမရအောင်ဝူးးခနဲ။
" ကိုကိုက မိန်းကလေးတွေပဲသဘောကျတာလား "
" အင်း "
" ဒါဆို နောင်ဘဝဆိုတာသာရှိရင်ကျွန်တော်မိန်းကလေးဖြစ်ချင်မိတယ် "
" ငါက မိန်းကလေးတိုင်းကို သဘောကျမှာမဟုတ်ဘူး။ကိုယ်နဲ့အိမ်ထောင်ဖက် ကိုက်ညီမှုရှိမယ့်မိန်းကလေးကိုပဲ သဘောကျတာ။အဲ့လူကိုသဘောကျပြီးရင်လည်း ငါကဖောက်ပြန်တယ်ဆိုတဲ့အရာကိုလုပ်မှာမဟုတ်ဘူး။ဖောက်ပြန်တယ်ဆိုတာဘယ်လောက်ခံရခက်လည်းဆိုတာကိုယ်တိုင်ကြုံမှမဟုတ်ဘူးပတ်ဝန်းကျင်ကိုကြည့်တာနဲ့တင်သိနိုင်တယ်။ "
" အခုကော ကိုကို့ကိုဖောက်ပြန်အောင်လုပ်နေတဲ့လူရှိနေလို့လား ဒီလောက်ထိပြောနေရအောင် "
" မီးဆိုတာမလောင်ခင်တားတဲ့ "
" ဟုတ်ပါပြီ ကိုကို့ကိုအရှုံးပေးပါတယ် "
ဟယ်ရီက ဘာမှဆက်မပြောတော့ပဲရှေ့တည့်တည့်ကိုသာမောင်းနှင်တော့၏။တစ်ဖြေးဖြေးနှင့်မောင်းနှင်လိုက်တာ အိမ်နှင့်တော်တော်ဝေးဝေးလံလံတောင်ရောက်ရှိနေပြီဖြစ်၏။ကားပြတင်းမှန်ဘက်ကိုပဲကြည့်နေရင်းတစ်နေရာရောက်တော့ကားက ထိုးရပ်သွား၏။ဟယ်ရီ့ကိုဘယ်နေရာရောက်နေလဲဟုမေးရန် သူ့ဘက်လှည့်လိုက်တော့ ဟယ်ရီကမရှိ။အပြင်ကနေ သူ့ကားတံခါးဘက်သို့လာကာ ကားတံခါးကိုလာဖွင့်ပေးဖို့ပြင်၏။
" ကိုကို ရောက်ပြီ "
" ငါ့ကို ကိုကိုလို့မခေါ်ဖို့ပြောထားတယ်လေ "
" ဒါတော့ ပြင်မရတာမို့ ခွင့်လွှတ်ကိုကို။ဆင်းပါတော့ "
" ဒါတွေလည်းငါလုပ်တတ်တယ် ပြောထားတယ်လေ "
ဟယ်ရီသက်ပြင်းချလိုက်၏။
" ကိုကိုက ဗျစ်တောက်ဗျစ်တောက်နဲ့ပါဗျာ "
" နေတော့ ငါပြန်မယ်! "
" ဟော ရောက်မှတော့ ဆင်းပါအုန်း "
မျိုးပင်မှိုင်းကားအတွင်းထဲကနေအပြင်ဘက်သို့တစ်ချက်ဝေ့ကြည့်လိုက်၏။အပြင်ဘက်ကမှောင်မဲနေကာ လူသူတို့ဖြင့်ကင်းမဲ့နေ၏။သူ့ကိုဘယ်ခေါ်လာပြန်တာလည်းကားပတ်မောင်းမယ်ဆိုပြီး ...
သူဆင်းလိုက်ပြီးပတ်ဝန်းကျင်ကိုမျက်စိအနည်းငယ်ကစားလိုက်သည်နှင့်။မျက်လုံးထဲအရင်တိုးဝင်လှသည်ကမြို့ပြရဲ့အလှသာဖြစ်၏။ခုသူတို့နှစ်ယောက်ကားမောင်းပတ်လမ်းအပေါ်လမ်း၌ရောက်နေကာအကုန်လုံးကို အထက်စီးကနေမြင်နေရတာဖြစ်၏။ညအချိန်မတော်ဖြစ်နေသည့်အတွက် ကားအသွားအလာကတော်တော်နည်းလှသည်။မြို့ပြကြီး၏ ညဘက် View ဟာဒီလိုဆိုတာကိုသူအပြင်မှာတစ်ခါမှမမြင်ဖူး။ဒါပထမဆုံးအကြိမ်သာဖြစ်၏။ညဘက်တော်တော်များများအပြင်မထွက်သည့် သူ့ဖို့ဒါမျိုးဟာမြင်ဖို့ခဲယဉ်းလှ၏။တိုက်လွှာကြီးကနေဆို ဒိထက်တောင်ပိုမြင်ရအုန်းမလား။လှပလွန်းတဲ့အရာကိုမြင်ရတဲ့အခါ လူတိုင်းဟာပို၍တပ်မက်လိုချင်လာသလိုပို၍မြင့်တွေ့ချင်လာ၏။
" လှလိုက်တာ "
" အင်း လှတယ် "
မျိုးပင်မှိုင်းကမြို့ပြ၏အလှကိုကိုကြည့်ကာပြော၏။ဟယ်ရီက မျိုးပင်မှိုင်းကိုကြည့်ကာပြော၏။လှလိုက်တာတဲ့ ဒီပမာဏသေးသေးလေးဟာ ကိုကိုအပြုံးနဲ့တွေ့ရင်မြူမှုန်တစ်စသာသာရှိတယ်ဆိုတာကိုကိုမသိတော့။နောက်ဆုံးတော့ပြုံးနေတဲ့ကိုကို့အပြုံးတွေဟာ သူ့ကြောင့်ဖြစ်တည်လာတာဖြစ်၏။ဒီလူ့ရဲ့အပြုံးတွေစွန့်ကြဲရာလူသည်သူတစ်ယောက်ထဲသာဖြစ်ချင်၏။ကိုကို့အပြုံးတွေကို မြင်ရတဲ့လူဟာသူတစ်ယောက်ထဲသာဖြစ်ချင်မိ၏။ကိုကို့အပေါ်အတ္တက သေးငယ်လွန်းပါတယ်။ဒါဟာမပိုင်ဆိုင်ချင်လို့မဟုတ် ကျွန်တော့်ကြောင့်ကိုကို့စိတ်ရှုပ်သွားမှာကိုပင်မလိုလားလို့ပဲ။
ကိုကိုက တစ်ဖြူးဖြူးတိုက်ခတ်နေသည့်လေအေးလေးတွေကို လက်နှစ်ဖက်ဖြန့်ကာမျက်လုံးစုံးမှိတ်ကာ အရသာခံနေပြန်၏။တစ်ချက်တစ်ချက်လေပြေနုနုလေးတိုက်ခတ်လာတိုင်းကိုကိုပြုံးသွားပြန်သည်။သူကြည့်နေရင်းမှဒီတစ်ခါမှာတော့ ကိုကိုကသူ့ဘက်ကိုလှည့်ကြည့်ကာပြုံးပြလာ၏။
" ကိုကို့အပြုံးတွေက ဒုက္ခများလိုက်တာ "
•~•~•~•~•~•~•~
ယိမ်းယိုင်နိုးလာတော့မနက် ၆ နာရီထိုးခါနီးလောက်ဖြစ်နေ၏။ဒီနေ့အပြင်သွားတော့မယ်ဆိုမနက်ကတည်းက အစောကြီးနိုးနေတတ်သည့်ကအကျင့်။နှိုးစက်ပေးထားတာမျိုးမဟုတ်ပဲသူ့ရဲ့မသိစိတ်ကကိုနိုးနေတာမျိုးဖြစ်၏။အဲ့လိုနိုးပြီရင်လည်းဘယ်လိုပြန်အိပ်အိပ်ပြန်အိပ်တော့မရတော့။သူထဖို့အနည်းငယ်ရုန်းလိုက်သည်နှင့် သူ့ခါးနားတစ်ဝိုက်ကို သန်မာတဲ့လက်တွေဖြင့်ရစ်ပတ်နှောင်တွယ်ထား၏။သူလည်း ထိုသန်မာတဲ့လက်တွေအပေါ်ကနေ တစ်ဆင့်ပြန်ကိုင်ကာပွတ်သပ်နေမိ၏။ဒီလိုအခိုက်အတန့်လေးမှာ ရပ်တန့်ထားချင်မိသည်အထိ။
ဖက်ထားရင်းနှင့်မှ ထိုလူ့ရဲ့မျက်နှာကိုအသေးစိတ်ကြည့်ရှုရန်သူ့ဘက်ကိုလှည့်လိုက်၏။ဆံပင်တွေကိုအကုန်ပြောင်သိမ်းထားတာမဟုတ်သည့်အတွက် နဖူးပေါ်သို့ဆံပင်တွေဟာပြန့်ကျဲကျနေခဲ့၏။ဆံပင်တွေကိုလက်ဖြင့်တို့ထိကစားနေရင်းမျက်ခုံးထူထူလေးတွေ၊နောက်ပြီး မျက်ရစ်မပါသည့်မျက်ခွံလေးတွေ၊ညာဘက်မျက်ဝန်းအောက်က မှည့်နက်ကလေးအကုန်လုံးကိုတို့ထိနေရင်း ခပ်ညိုညိုနှုတ်ခမ်းတစ်စုံရောက်တော့ သူ့ရဲ့လက်တို့ကိုရပ်တန့်လိုက်၏။ဆေးလိပ်သောက်ထားလို့ညိုနေသည့်နှုတ်ခမ်းညိုတွေဟာ ထိုလူနဲ့တော့တော်တော်လေးလိုက်ဖက်နေခဲ့၏။
" နမ်းချင်နမ်းလို့ရတယ် အနမ်းခံပေးမယ် "
မျက်ဝန်းနက်တစ်စုံနှင့် မျက်ဝန်းနီတစ်စုံတို့ထိပ်တိုက်တွေ့ဆုံ၍အချိန်အတော်ကြာမြင့်စွာစိုက်ကြည့်နေခဲ့မိ၏။မြန်မြန်အသိဝင်တဲ့ယိမ်းယိုင်ကပဲ အကြည့်လွှဲကာ...
" ဘယ်သူက နမ်းချင်တယ်ပြောလို့လဲ "
ဖက်ထားသည့်လက်တွေကိုပိုတိုးလို့ဖက်လိုက်ကာ
" ဒီကကောင်အနမ်းခံချင်လို့ နမ်းပေး "
" မင်းနော်! "
ပြွတ် ! ဘုန်း! ဘုန်း!
" လွှတ် "
ချန်ဒလာတစ်ခါနမ်းတိုင်း ယိမ်းယိုင်ကကျောပြင်ကိုတစ်ဘုန်းဘုန်းမြည်အောင်ပိတ်ချ၏။ဒါလည်းချန်ဒလာတို့က ပုရွတ်ဆိတ်ကိုက်ရုံသာပိုတိုးလို့သာနမ်း၏။
" ခင်ဗျားကမနမ်းပေးရင် ဒီကကောင်ကနမ်းမယ်! "
ချန်ဒလာက လေးလေးနက်ကြည့်ကာပြော၏။သူ့အကြည့် တွေအောက်လောင်မြိုက်နေတဲ့ခံစားချက်တို့ပျော်ဝင်နေတယ်ဆ်ိုတာယိမ်းယိုင်ကသတိမထားမိ။ဒီအကြည့်တွေနောက်ကအကြောင်းပြချက်ကိုသူချက်ချင်းရိပ်စားမိရင် တွန်းထုတ်မိမှာဖြစ်၏။
အင့်! ပြွတ် ပြွတ်!
တစ်ဖြည်းဖြည့်အရိုင်းဆန်လာသည့်အနမ်းတွေနဲ့အတူ ချန်ဒလာ့ကိုယ်လုံးဟာလည်းသူ့အပေါ်သို့အုံ့မိုးလာသည်ဖြစ်၏။အောက်ပိုင်းဘောင်းဘီအဖြူနှင့်အပေါ်ပိုင်းဗလာဖြစ်နေသည့်လူ၏ လက်တွေက သူ့ခန္ဓာကိုယ်အနှံ့လျှောက်သွားနေ၏။စောစောစီးစီး မကောင်းတဲ့အငွေ့အသက်တွေကိုသူရရှိနေ၏။တစ်ခုခုမကောင်းတာဖြစ်တော့မည့်ပုံပဲ။
ချန်ဒလာ ယိမ်းယိုင်ကိုနမ်းနေရာမှအနည်းငယ်ခွာလိုက်၏။ထို့နောက်စားပွဲပေါ်တင်ထားသည့်ဖုန်းမှနာရီကိုလှမ်းကြည့်ကာ ယိမ်းယိုင်ကိုပါတစ်ခါထဲပြလိုက်၏။
6:15
" တစ်ချီတော့ရသေးတယ် "
ခပ်ဖွဖွရေရွတ်လိုက်သော်လည်းယိမ်းယိုင်ကကြားဖြစ်အောင်ကြားလိုက်၏။
" ဘာတစ်ချီလဲ "
" ကနေဒါမပြန်ခင် ဒီနိုင်ငံကိုနှုတ်ဆက်ခဲ့တဲ့အနေနဲ့ morning Exercises လုပ်မလို့။ခင်ဗျားကပါဝိုင်းကူပေးပါအုန်း "
" ဟင် "
" ပြောနေတာကြာတယ် ကျုပ်ပေါ်ခွတတ် "
Position ကချက်ချင်းပြောင်းလဲသွား၏။ခုနသူကချန်ဒလာအောက်မှာ ခုတော့သူ့အပေါ်ဗိုက်အပေါ်နားထိရောက်သွားပြီဖြစ်၏။နောက်ပြီး သူ့အောက်ကဖုဖုဖောင်းဖောင်းအရာကဘောင်းဘီအပြင်လက်ထိရောက်အောင်ပူခြစ်နေ၏။ဝတ်ဆင်ထားသည့်မျှော့ကြိုးဘောင်းဘီဟာလည်းချန်ဒလာ့လက်ထဲသို့သက်ဆင်းသွားရပြီဖြစ်၏။မဟုတ်မှ,မဟုတ်မှ Morning Exercises ဆိုတာ ...
အ့!
" ဒီတစ်ခါမြင်းမစီးခိုင်းပဲ ချန်ဒလာဆိုတဲ့ကောင်ကိုစီးခိုင်းတာကြိုက်လား "
အကြည့်တို့က အရိုင်းဆန်နေ၏။အောက်ပိုင်းအရာနှစ်ခုကိုအပြင်ဘက်ကနေခနခနပွတ်တတ်နေကာအရသာခံနေပြန်၏။ခုချိန်ထိရောက်မှတော့ဘယ်လိုငြင်းဆန်,ငြင်းဆန်ရတော့မှာမဟုတ်ဘူးဆိုတာသိလိုက်၏။တားလို့မရမှန်းသိတာနဲ့ သူ့ရဲ့ရင်ဘတ်ပေါ်အိပ်ချကာတစ်ရစ်ချင်းတိုးဝင်လာသမျှကိုကြိတ်မှိတ်ကာသည်းခံနေမိသည်။အလည်မျှောင်းပေါ်အောင်လက်ကြမ်းကြီးတွေနဲ့အမွှာနှစ်ခုကိုခွဲချကာအောက်ကနေတစ်ချက်ဆောင့်ချလိုက်ရင်ဖြင့်ထိပ်ချွန်ချွန်လက်သည်းတွေဖြင့် ချန်ဒလာ့ရဲ့ရင်ဘတ်သို့စိုက်ဝင်မတတ်ဆွဲကုတ်နေမိ၏။
ဖောင်း! ဘုန်း!
တစ်ခါဆောင့်ချတိုင်းယိမ်းယိုင်ကရင်ဘတ်ကိုတစ်ချက်ချ၏။လုပ်ပြီးတာနဲ့ ချန်ဒလာရဲ့ရင်ဘတ်ဟာစုတ်နိုင်ချေဟာလည်း 100% မှာ 80%
" တစ်ခါထဲပါ "
ဟုတ်ပါသည်ချန်ဒလာကအပြောနဲ့အလုပ်ညီခဲ့၏တကယ်ကိုတစ်ခါထဲပါ။ဒါမယ့်ချန်ဒလာ့ရဲ့တစ်ခါထဲက အချိန်အားဖြင့်တော်တော်ကြာမြင့်သွားကာသူ့မှာခြေထောက်တောင်မထောက်နိုင်တဲ့အထိဖြစ်သွားရ၏။
•~•~•~•~•~•~•~•~•~•~•~
9 • 4 • 2024
Kiran
နွေအပူချိန်က အရမ်းပူနေတာနဲ့ကီရဲ့စာဖတ်သူလေးတွေဂရုစိုက်ကြပါနော်။နေပူကပြန်လာရင် အဲကွန်းအအေးဓါတ်ရတဲ့နေရာတွေ ရေခဲရေတွေတန်းမသောက်ပါနဲ့အဲ့တာမျိုးကအပူဆောင့်တတ်နိုင်လို့ပါ။သဘာဝရေကိုအနည်းငယ်လောက်သောက်ပြီးမှရေခဲရေကိုသောက်ပါနော်။