*တစ်ဖက်က ချုပ်နှောင်ခံထားရတဲ့ မောင်
*ကိုယ်၀န်ကိုလွယ်ထားရတဲ့ Wat
*သားငယ်မှမဟုတ်ရင် ထီးနန်းမလွဲချင်တဲ့ မိဖုရားကြီး
*အကြီးဆုံးသားမို့ ထီးနန်းလိုချင်နေတဲ့ မင်းသားတစ်ပါး
*ထီးနန်းကိုမက်မော၍ Watကိုသတ်ဖို့ကြံရွယ်နေသော မင်းသားအလတ်။
ဒါတွေက ဇာတ်လမ်းဆန်ဆန် ၀တ္ထုဆန်ဆန်ပဲ။ လက်တွေ့ ဖြစ်ပျက်နေတယ်...
အချစ်တစ်ခု နဲ့ ပုလ္လင်တစ်ခု၊ မင်းဘာကိုရွေးလေမလဲ Wat.....!
_____Married to the death man______
"ဒီကိုယ်၀န်က ဘယ်သူ့ကိုယ်၀န်လဲ၊ မောင်နဲ့ရတာရောဟုတ်ရဲ့လား"
Watတစ်ယောက်တီးတိုးရွတ်ဆိုရင်း ပြည့်တော့မယ့်လမင်းကြီးကိုကြည့်နေသည်။ မနက်ဖြန်ဆို လပြည့်ညရောက်ပြီ၊ မောင်ပြန်လာမယ် မသေချာလေတော့။
"မောင်ပြန်လာတဲ့အချိန်ထိ ငါဒီလိုပဲထိုင်စောင့်နေချင်တယ် မောင်"
ဗိုက်ကလေးကိုပွတ်သပ်ခါ ရွတ်ဆိုလိုက်ရာ...ကောင်းကင်ယံ အလင်းတန်းတစ်ခုဖြတ်သန်းသွားသည်ကိုတော့ သူလေးမြင်မိမယ်မထင်ဘူး။
"သခင်လေး ၀င်လာခဲ့မယ်နော်"
"ဘယ်သူလဲ"
"ကျတော် သန့်ရှင်းရေးလေး လုပ်ချင်လို့ပါ"
"ရတယ်၊ မလိုဘူး ငါဒီတိုင်းလေးနေချင်တယ်"
"အော် ဟုတ်ဟုတ်"
ဟုတ်တယ်၊ မောင်ပြန်လာမြဲအချိန်ထိ ဒီတိုင်းလေးနေချင်တယ်။ မောင်ထွက်သွားတုန်းက အငွေ့အသက်တွေ...မောင်ပြန်လာတဲ့အထိ ဒီတိုင်း ဒီနေရာအတိုင်းပဲရှိစေချင်တယ်။ ဘယ်ပစ္စည်းတစ်ခုတစ်လေမှ မရွေ့စေချင်ဘူး။
*တော်တော် လက်ပေါက်ကပ်တာပဲ...ဒီလောက်လင်*ရူးနေတာ၊ မင်းကိုငါသတ်မှာ။ ဒီတစ်နည်းမရလဲ ဘာအကြောင်းလဲ၊နောက်တစ်နည်းပေါ့ ဟင့်!*
တစ်ချက်တီးတိုးတွတ်သံက မကျေနပ်ခြင်းများစွာဖြင့် ထွက်လာသည်။ ထို့နောက် အခန်းရှေ့မှ ထွက်သွားသည်။
_______
"ဘာလို့ အရမ်းကြာနေတာလဲ၊ မရောက်နိုင်သေးဘူးလား"
"မယ်တော် ကျတော်တို့တောမှောက်ပြီထင်တယ်"
"ဟင်...မင်းလမ်းကိုသေချာမမှတ်ထားဘူးလား။ မင်းပြောတော့ သေချာပူးပေါင်းပြီး စုံစမ်းထားတာဆို...ဟိုအကောင် ငါ့သားကိုသတ်ပြီးနေလောက်ပြီ"
"အဲ့လောက်လဲစိတ်မပူပါနဲ့၊ ကျတော်ကြည့်စီစဉ်ပါ့မယ် မယ်တော်"
"မင်းတို့ဒီလောက်လေးကိုသုံးလို့မရလို့ မင်းတို့ကို နန်းတင်မပေးတာ...မြန်မြန်ရှာ ဒီည ချက်ချင်းတွေ့ချင်တယ်။နောက်ညဆို လပြည့်နေ့ရောက်ပြီ...ဒီညတစ်ညလုံးမှရှာမတွေ့ရင် နောက်ညတွေဆိုပိုဝေးသွားတော့မှာ"
မယ်တော်ဟာ အမြဲ ကျတော်တို့ကို ပစ်ပစ်ခါခါပြောတတ်တယ်။ မဖော်ပြမိပေမဲ့ သားတစ်ယောက်အနေနဲ့ နာကျင်ရပါတယ်။ ကိုယ့်အမေတစ်ယောက်လုံးက ကိုယ့်ကိုတောင် ဂရုမပြုနိုင်ပဲ အငယ်ဆုံးမှ အငယ်ဆုံးဖြစ်နေတာလေ...။ ခင်ဗျာတို့ရော ခံစားဖူးသလား။
ဒါကြောင့် NATTAWATကိုသတ်ဖို့အကြံကို မတားခဲ့တာ။
"ကျတော်တောင်းပန်ပါတယ် မယ်တော်၊ အခုချက်ချင်း သေချာကြိုးစားရှာပါ့မယ်"
တောအုပ်ထဲ ရထားလုံးနဲ့ လှည့်လည်ပတ်ကြည့်နေသည်။ စောနကတွေ့ခဲ့တဲ့ ချောင်းရဲ့ အဆက်ထင်တယ် ချောင်းတစ်ခုတွေ့တယ် ဒါဆိုသဘောက မြို့မကြီးလမ်းက ဒီနားမှာပေါ့။
ဆက်သွားရင်း သွားရင်းတွေ့ပါပြီ စံအိမ်ကြီး။မြစ်ချောင်းကိုဖြတ်ဖို့ရာ မယ်တော့်ကိုဘယ်လိုလုပ်ပေးရမလဲမသိ...စောနထဲက သေချာမစီစဉ်ခဲ့မိဘူး။ ကျတော်တကယ်ညံ့တာပဲနော် မယ်တော်။
"စံအိမ်ကြီး ..."
မယ်တော်က မြို့မကြီး စံအိမ်တော်ကြီးကိုကြည့်ရင်း လွမ်းသသအသံဖြင့် ရေရွတ်လေသည်။
"မယ်တော် အဆင်ပြေရဲ့လား"
"ငါအဆင်ပြေတယ်"
ဆင်းကျလာတဲ့ မျက်ရည်ဥလေးတွေကို ခပ်သွက်သွက်ဖိသုတ်ရင်း ပြန်ဖြေလာတယ်။မယ်တော်ဟာ သန်မာချင်ယောင်ဆောင်တာပဲ။ တစ်ချိန်က မယ်တော်တို့ရဲ့အချစ်တွေက ဆန်နဝီ တစ်ခုလုံးကိုစိုးမိုးခဲ့တာလို့ ခမည်းတော်က အမြဲပြောလေ့ရှိတယ်...
ထိုအချိန်က ခမည်းတော်ကျခဲ့တဲ့ ၀မ်းနည်းမျက်ရည်တွေကို ကျတော်လျစ်လျှူရှု့ခဲ့မိတယ်။
"ငါတို့ ဘယ်လို၀င်ကြမလဲ သားကြီး၊ အစောင့်တွေများလား"
"မများဘူး မယ်တော် အများစုက ချုပ်နှောင်ခံထားရတယ်...အထဲမှာ အနည်းစုပဲရှိတယ်"
"ဟုတ်ပြီ"
"ဒါပေမဲ့ တစ်ခုပဲ ဒီစံအိမ်ထဲ၀င်ဖို့ရာ ဒီချောင်းကိုဖြတ်ရမယ်"
"ဒါချောင်းမဟုတ်ဘူး...ထားပါတော့ လာ ငါ့နောက်လိုက်ခဲ့"
မယ်တော်က ကျတော့်ကိုဦးဆောင်ကာ စံအိမ်ကချောင်းနားခေါ်သွားသည်။
ချောင်းနားရောက်တော့ မယ်တော်က ချောင်းကမ်းပေါ်မှာရှိတဲ့ ကျောက်ခဲတစ်ခုကို အသာပုတ်လိုက်တော့ ကျလာတဲ့ တံတားလို လမ်းလေးတစ်ခု။
သူမကထိုအသေးအဖွဲလေးတွေကအစမှတ်မိနေသည်။ ခပ်ဆွေးဆွေးသော မျက်လုံးများဖြင့် တံတားလေးကိုငေးမောရင်း လိုက်လာဖို့ အချက်ပြသည်။ သူမအတွေးတွေထဲမှာ မှတ်ဉာဏ်တွေကို ပြန်လည်တူးဆွနေတယ်ထင်တယ်။
"မယ်တော်က ဒီတံတားလေးကိုသိပ်မြတ်နိုးခဲ့တာ"
"ဟုတ်လား"
"အိုးးး မပြောသင့်တာတွေ ပြောမိတော့မယ်လေ။ မြန်မြန်လေးသွားရအောင် Fourth Nattawat ကိုတွေ့ချင်လှပြီ"
"ဟုတ်ကဲ့ မယ်တော်"
စိတ်တော့မကောင်းပါဘူးမယ်တော်ရေ၊ မယ်တော့ သားငယ်က အလတ်ကောင်လက်ချက်နဲ့ ရှိတော့မယ်မထင်ဘူး။
စံအိမ်တော်ရှေ့ရောက်တော့ ကျတော် အံ့ဩမှင်သက်မိသည်။ ခဏက မြင်နေရသော ရုပ်ပျက်ဆင်းပျက်မြင်ကွင်းမှ ရုတ်ချည်းပြောင်းလဲသွားသည်။
ထိုညစ်ပတ်နေပါသော ချောင်းအစား လှပသန့်ရှင်းသော ကြာကန်၊ ညစ်ပတ်နေသော မြေပြင်ကျယ်အစား ဝါဝါထိန်ထိန်နှင့် တောက်ပနေပါသော နေကြာခင်းကြီး။
အဝေးကပဲ လှမ်းမြင်ခဲ့ရတဲ့ ညစ်ပေပေနိုင်တဲ့ စံအိမ်ကြီးက မှော်အစွမ်းဖြင့်ဖန်တီးထားသည်အလာ ခန့်ညားလှပေသည်။
"ချစ်နေကြတာလား၊ ချစ်နေကြပြီလား"
မယ်တော်ရဲ့ တုန်လှုပ်တဲ့ စကားသံကိုကြားမိတော့ ကျတော်လှမ်းကြည့်မိသည်။ မယ်တော်ဘာကိုပြောနေတာလဲ။
"ဘာကိုဆိုလိုတာလဲ မယ်တော်"
"တစ်သက်မှာ တစ်ခါပဲပွင့်ခဲ့ဖူးတဲ့ ကြာကန်က ကြာပန်းတွေနဲ့ ပြည့်နေတယ်၊ ၁၀နှစ်နေမှ တစ်ခါမပွင့်တတ်တဲ့ နေကြာခင်းက တောက်ပနေတယ်။ ဒါတွေရဲ့ ဆိုလိုရင်းက တစ်ယောက်ယောက်က တစ်ယောက်ယောက်ကိုသေမလိုချစ်နေတဲ့ အဓိပ္ပာယ်ပဲ၊ မဟုတ်မှ..."
"ဘယ်သူက ဘယ်သူ့ကိုချစ်နေတာလဲ မယ်တော်"
"သွေးသန့်မျိုးနွယ်တစ်ယောက်နဲ့ သွေးသောက်မျိုးနွယ်တစ်ယောက်၊ နက်နက်နဲနဲကိုချစ်နေကြတယ်...နေကြာခင်းထဲက နေကြာပန်းတစ်ပွင့်က သူတို့အချစ်ရဲ့ ၁%၊ ဒီမှာကြည့်စမ်း မရေမတွက်နိုင်တဲ့ နေကြာပန်းတွေက သမုဒ္ဒရာကြီးလို အဆုံးမှမရှိပဲ"
"Watနဲ့ ချစ်နေတဲ့ သူကိုမယ်တော်သိလား"
"သိတာပေါ့။ တစ်ချိန်က Watအရမ်းချစ်ခဲ့ရတဲ့သူပဲဖြစ်မှာပေါ့၊ Watက ၁၆နှစ်သားလောက်ကတည်းကဒီစံအိမ်ထဲက ကောင်လေးတစ်ယောက်ကိုချစ်ကြောင်း ဒိုင်ယာရီရေးနေခဲ့တာ။ မယ်တော်မိတော့လဲ သူဘယ်နေရမလဲ အပြစ်ပေးခံရတယ်၊ စာသင်တော်အလွတ်ခံရတယ်။ စာသင်တော်လွတ်တဲ့အချိန်မှာလဲ အဲ့သွေးစုပ်ကောင်တွေကို မုန်းဖို့အတွက်ပဲ သီးသန့်သင်ပေးဖို့လွှတ်ခဲ့တာ။ သူပြန်လာတော့ အရင်လိုမဟုတ်တော့ပဲ ခပ်မာမာတင်းတင်း၊ မာန်အပြည့်နဲ့ ဖြစ်ခဲ့တာမင်းလဲအမြင်ပဲလေ။ အခုမှ ဘယ်လိုပြန်ဖြစ်သွားရတာလဲ...သူက အမေထက်ခြေတစ်လှမ်းသာသွားပြီ။ မယ်တော် မနင်းရဲတဲ့လမ်းမှာ သူကပြေးလွှားရဲတယ်။ တော်ပါပေတယ် သားငယ်ရယ်"
မယ်တော်ကခနဲ့တဲ့အပြုံးနဲ့ ပြောနေတယ်။ မယ်တော်သိပ်ဟန်ဆောင်တယ်...၀မ်းနည်းရင်၀မ်းနည်းတယ်ပေါ့။ ငိုချင်ရင် ငိုချလိုက်မယ်ပေါ့။ အဲ့လိုမရှိဘူး သူမက တိတ်တစ်ခိုးငိုဖို့...အပြစ်တွေကို ကျတော်တို့ဆီပို့ဖို့လောက်ပဲသိတာ။
"သွားရအောင် မယ်တော်"
တံခါးကိုအသာလေးပဲဖွင့်နိုင်ခဲ့တဲ့ ကျတော်။
ဘယ်အစောင့်မှမရှိတာကိုသိ၍ ခပ်တည်တည်ပဲ၀င်သွားလိုက်သည်။ ထို့နောက် ခြေတစ်စုံက ပြေးလွှားလာပြီး မယ်တော့်ရှေ့ဒူထောက်လာလေသည်။
"မမကြီး..."
"ဟင် မြနန်း! ဘယ်လိုရောက်နေတာလဲ"
"မြနန်း ... မြနန်း မမကြီးကိုသတိရနေတာ မမကြီးရဲ့"
"မြနန်း ထထ ဘယ်လိုဖြစ်လို့ ဒီလိုပုံဖြစ်နေတာလဲ"
မြနန်းက မေမေ့ရဲ့ တူမလေး၊ မြနန်းကို မြန်မာကနေ မေမေခေါ်ယူမွေးစားခဲ့တာ၊ မြနန်းရဲ့ မိဘတွေက မြနန်းလေး ၁၇နှစ်လောက်ထဲက
ဆုံးပါးသွားတာမို့။
"မမကြီး ဒီမှာ လာထိုင်လေ၊ လာလာ"
မြနန်းက ဧည့်ခန်းဟန်တူတဲ့ ထိုင်ခုံတွေရှိတဲ့အခန်းထဲခေါ်သွားသည်။ အိမ်အတွင်းပိုင်းက အရင်လိုမဟုတ်ပဲ တော်တော်များများပြောင်းလဲသွားသည်။ နံရံတွေ ကော်ဇောတွေကအစ။
"နင်ပျောက်သွားတာနှစ်တွေချီနေပြီ၊ ဘယ်တွေရောက်နေခဲ့တာလဲ။ ဒီမှာတစ်ချိန်လုံးရှိနေခဲ့တာလား"
"ဟုတ်တယ် မမကြီး။ ကျွန်မ... ကျွန်မ ဒီမျိုးနွယ်ထဲက စစ်သည်တစ်ယောက်နဲ့ချစ်ကြိုက်မိသွားတယ်။ ဒါ့ကြောင့် ထွက်ပြေးလာတာ"
"ဟင် ၊ မေမေကြီးကိုဖွင့်ပြောခဲ့လိုက်ရောပေါ့ မြနန်းရယ်"
"မမကြီးရယ် အဲ့ဒီအချိန်တုန်းက မမကြီးနဲ့ သခင်ကြီးရဲ့ ပြဿနာတွေတက်နေခဲ့တာ ကျွန်မ ဒီလိုပဲဆိုပြီးပြောလိုက်ရင် ပိုဆိုးကုန်မှာပေါ့"
"အင်း အဲ့အချိန်းတုန်းက နင့်ကိုတောင်သေချာဂရုမစိုက်နိုင်ခဲ့မိဘူး မြနန်း"
"မမကြီး ဒီကိုဘယ်လိုရောက်နေတာလဲ"
"ငါ ငါ့ရဲ့သား Nattawat Jirochtikul ကိုလာခေါ်တာ သူအဆင်ပြေပြေရှိနေသေးတယ်မလား"
"သခင်လေးက ရှိပါတယ်၊ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လို့လဲ"
"သခင်လေးက...ဟို..."
"ပြောပါ မြနန်းရယ် ငါစိတ်တွေပူလှပြီ"
"သခင်လေးက ကြင်ဖက်ရသွားပါပြီ"
"ဟင်...ဘယ်တုန်းကလဲ ဘယ်သူနဲ့လဲ မဟုတ်မှ"
"ဟုတ်တယ် မမကြီး၊ ဆန့်ကျင်ဖက်မျိုးရိုးနဲ့ရတာပါ"
"ငါမှားတာပါ၊ ငါမှားတာ...ဟင့် ဒါတွေကငါ့ကြောင့်ဖြစ်ရတာ"
မယ်တော်ကငိုချလိုက်သည်။ ကျတော်ဒီစကားဝိုင်းထဲမပါဘူး ဒီကိစ္စတွေကကျတော်နဲ့မဆိုင်ဘူး။ ဒါပေမဲ့ Watကဘာလို့မသေသေးတာလဲ ညီလတ်ကရော ဘာလုပ်နေတာလဲ။
"မဟုတ်ပါဘူး မမကြီးရယ် ၊ မမကြီးလဲအကောင်းဆုံးပျိုးထောင်ခဲ့တာပဲ၊ သူလေးကအထူးအခြားလေးမို့ မမကြီးသူ့ကိုပိုပြီးဂရုစိုက်ခဲ့တာပဲ၊ သားကြီးတို့သားလတ်တို့ထက်သူ့ကိုဂရုစိုက်ခဲ့တာပဲ။ သူကဒီလူနဲ့ရေစက်ကိုပါတာ ဆုံကိုဆုံရမယ်ဆို ဟိုဘက်ကမ္ဘာနဲ့ ဒီကမ္ဘာဆိုလည်း သူတို့ဆုံကြရမှာပဲလေ"
"ညီငယ်က ဘာထူးခြားလို့လဲ"
"သူက ကိုယ်၀န်ဆောင်နိုင်တဲ့အမျိုးထဲမှာပါနေတာ၊ သူလေးကငယ်ငယ်ထဲက မိန်းမလေးလို ဟော်မုန်းတွေပြောင်းလဲခဲ့တာ၊ ဥပမာ သားငယ် ၁၄/၁၅တုန်းက ရင်သားတွေဆူထွက်တာတို့၊ ခန္ဓာကိုယ်ကောက်ကြောင်းပေါ်တာတို့လိုလေ။ သားကြီးတို့သတိမထားမိတာနေမယ်"
လို့ တီမြနန်းရှင်းပြခါမှ ဒါကြောင့် မယ်တော်ကသူ့ကိုယောက်ကျားလေးတွေနဲ့ပေးမဆော့တာတို့ ထိန်းထိန်းသိမ်းသိမ်းထားတတ်တာတို့ကိုသတိရမိသွားတယ်။ မယ်တော်က ညီငယ့်ကိုကျတော်တို့နဲ့ တစ်ဆောင်တည်းပေးမအိပ်ဘူး။ ညီငယ်ကသိပ်သိပ်အိပ်ရတာ။ ဒါကိုကျတော်တို့က ညီငယ့်ကို ပ စားပေးလို့ဆိုပြီး ပြဿနာရှာခဲ့ကြဖူးတယ်။
ကျတော်တို့မှားတော့မယ်၊ ညီငယ်ကဒီလိုအဖြစ်ဆိုးနဲ့တောင်ကြုံလာပြီးမှတော့ ..ကျတော်ပဲပြန်ကယ်တင်ပေးရမှာပေါ့။ ညီလတ် လက်လွန်ခြေလွန်မဖြစ်ခင် ကျတော်ကယ်မှသာဖြစ်မည်။
"ညီငယ် ဘယ်မှာရှိလဲ ကျတော်တွေ့ချင်တယ်"
"အပေါ်ထပ်မှာပါ သားကြီး၊ မမကြီးရော လိုက်မသွားဘူးလား။ "
"ဟင့်အင်း ငါသူ့ကိုအခုမတွေ့ချင်သေးဘူး။ ငါစိတ်ကိုပြင်ဆင်ရမယ်၊ သားကြီးမင်းသွားကြည့် မယ်တော် ရထားလုံးပေါ်ကစောင့်မယ်"
"မမကြီး အိမ်ထဲကစောင့်ပါ၊ အစောင့်တွေဘာတွေမရှိဘူး မနက်ဖြန်လပြည့်နေလေ။ မမကြီးသားငယ်လေးရဲ့ အမျိုးသားကမနက်ဖြန်ပြန်လာလောက်မယ်ထင်တယ် အဲ့တာစစ်သည်တွေအကုန်ထွက်သွားတယ်။ အခုကျမရယ် ကောင်လေးတစ်ယောက်ရယ်ပဲရှိတာ နေပါဦးလား"
"ဟိုလူကြီးရော ဘယ်ပြည်မှာနေသလဲ"
"သခင်ကြီးကတော့ ပါရာဖော့ ပြည်မှာပါ၊ သူကဒီပြည်ကိုစိတ်နာနာနဲ့ထွက်သွားမယ်လုပ်တော့၊ သခင်လေးWitက ဒီပြည်ကိုထားမသွားနိုင်ခဲ့ဘူး။"
"Nattawat ကြောင့်လား."
"ဟုတ်တာပေါ့ မမကြီးရယ်၊ သူ့မှာအလူးလူးအလဲလဲပါပဲ"
"သားငယ်ကလည်း သူ့ကိုချစ်တယ်တဲ့လား"
"အစကတော့ ခါးခါးသီးသီးကိုငြင်းဆန်ပါတယ်၊ ပြန်အသက်ရှင်ပြီးနောက်ပိုင်းမှ သခင်လေးကို ချစ်လာတဲ့ပုံပါပဲ"
"ပြန် အသက်ရှင်တယ်ဆိုတာ?"
ဒေါ်မြနန်းလည်း Watဖြစ်ခဲ့သမျှကိုရှင်းပြလေတော့။
"ဟင်...ဒါဆို ငါ့သားက သေရွာကပြန်လာသလိုပေါ့"
"မသေခဲ့တာလဲ ဖြစ်နိုင်ပါတယ် မမကြီးရယ်"
"Wat...သူအခုအဆင်ပြေရဲ့လား!"
"အားးးးး...."
ထိုအော်သံနက်နက်ကို အပေါ်ထပ်မှ ကြားလိုက်ရသည်။
_____Married To The Death Man_____
ကယ် နှစ်ရက်ဆက်တိုက်တင်ပေးလိုက်ပါပြီနော် မဖလုတ်ကြေး ။
ကျေးဇူးတင်ပါတယ်ဗျ❤️