" ဤကမ္ဘာ၏နှောင်ကြိုး "(Comple...

By KhayayKhat

8.2K 252 4

ယန်ယိချူးတစ်ယောက် သူငယ်ချင်းရဲ့သစ္စာဖောက်ခံလိုက်ရပြီးနောက် ကားတိုက်ခံရပြီး ရှေးခေတ်ထဲကိုဝိညာဉ်ကူးပြောင်းသွားခ... More

Into
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
Final(ဇာတ်သိမ်း)⚠️
ကျေးဇူးတင်လွှာ🙏

အခန်း(၁၇)

226 9 0
By KhayayKhat

Unicode

" ဤကမ္ဘာ၏နှောင်ကြိုး " (17)

အခန်း_၁၇(ကိုယ် သူ့ကိုဘယ်လောက်မြတ်နိုးခဲ့တဲ့အကြောင်း ချည်နှောင်ဖူးတဲ့ ကြိုးနီလေးကပြောပြပါလိမ့်မယ် )

" ဒေါက်တာ..!
ကျွန်မသမီးလေး ခုထိဘာလို့သတိမရသေးတာလဲ
ဒေါက်တာပြောတော့ ကြီးကြီးမားမားထိခိုက်မိတာမရှိဘူးဆို
ခု ခြောက်လတောင်ရှိနေပြီ
တစ်ခုခုများမှားနေတာလား "

" ကျွန်တော်တို့ဘက်က အမှားအယွင်းမရှိအကောင်းဆုံးကြိုးစားပြီးပါပြီ
ခင်ဗျားတို့လည်းမြင်တာပဲ သူမရဲ့နှလုံးခုန်နှုန်းမှာ ဘာပြဿနာမှမရှိဘူးလေ
သူမမှာ ခေါင်းနည်းနည်းထိခိုက်မိလို့ချုပ်ရတာရယ်
လက်ကျိုးတာရယ်ကလွဲရင် ဘာမှကြီးကြီးမားမားထိခိုက်မိတာမရှိဘူးလေ
ခုထိ ဘာလို့သတိမရသေးတာလဲဆိုတာကတော့ ဘုရားသခင်ပဲသိလိမ့်မယ် "

တာဝန်ကျဆရာဝန်၏စကားကြောင့်
ပိုင်ယိချင်းမှာ ဒေါသထွက်သွားရကာ အနှီး
ဆရာဝန်၏ဂျူတီကုတ်ကိုဆွဲကိူင်လျက်
ရန်တွေ့ပါတော့သည်။

" ရှင်..ဘာစကားပြောလိုက်တာလဲ
တာဝန်မဲ့လှချည်လား
ခုချက်ချင်း ဆေးရုံအုပ်ကိုခေါ်ပေး "

" မိန်းမ
တောင်းပန်ပါတယ် ဒေါက်တာ
ကျွန်တော့်ဇနီးကစိတ်ထိခိုက်နေလို့ပါ "

ယန်ကျစ်ယွီက အားနာသွားရလျက်
တာဝန်ကျဆရာဝန်အား တောင်းပန်စကားဆိုလိုက်လေသည်။

" ရပါတယ် ဒါရိုက်တာယန်
ကျွန်တော်နားလည်ပါတယ် "

" ချူးချူး..! သမီးရယ်
သတိရပါတော့ အမေရင်ကျိုးအောင်မလုပ်ပါနဲ့နော် "

"မားးး စိတ်ထိန်းပါဗျာ
စိတ်ရှည်ရှည်နဲ့စောင့်ကြည့်ရအောင်ပါ နော် "

ယန်ယိလျိုမှာ မိခင်ဖြစ်သူအားဖျောင့်ဖျကာ
ထိုင်ခုံ၌ထိုင်စေလိုက်လေသည်။
သူ၏စိတ်ထဲ၌လည်း မမသာပြန်လည်သတိ
ရလာပါက အရင်လိုရန်မဖြစ်ပဲချစ်ခင်ကြင်တာစွာဆက်ဆံတော့မည်ဟုတွေးလျက်ရှိလေသည်။

" ချူးချူး..သမီး..!
မေ့သမီးလေး မြန်မြန် နိုးထပါတော့ကွယ် "

" ယောင်္ကျား..!
ထ..ထ ကြည့်စမ်းပါဦး
ကျွန်မ..ကျွန်မတို့သမီးလေးငိုနေတယ်
ယိလျို..သား...ပါမောက္ခကျင်းကိုသွားခေါ်ချေ "

ညဘက်အထိမအိပ်ပဲစောင့်နေသော ယိချူး၏မိခင်မှာ သူမသမီးဖြစ်သူမျက်လုံးအိမ်ထဲမှ မျက်ရည်စတို့လိမ့်ဆင်းကျလာသည်ကိုမြင်လိုက်ရသော်
သူမ၏ဘေး၌အိပ်ငိုက်နေသော ခင်ပွန်းသည်တင်မက Vip လူနာဆောင်ရှိ အိပ်ခန်း၌အိပ်ပျော်နေသော သားဖြစ်သူကိုပါလှုပ်နှိုးလိုက်လေသည်။

" မားးး! မမ သူ သတိရလာတော့မယ်ထင်တယ်
သား ပါမောက္ခကျင်းကိုသွားခေါ်လိုက်မယ်နော် "

ယိလျိုကား ဝမ်းသာပျော်ရွှင်လျက်ပြေးထွက်သွားလေတော့သည်။

________________________

∆ တာ့စုန့်ခေတ်၌ ∆

" မိန်းမ....ဘယ်လိုလဲ
ချွေးမလေး... သူ..ဘာဖြစ်တာလဲ "

ထိုက်ယန်မင်းသမီးကြီးတစ်ယောက်
ယိချူး၏စစ်တဲအတွင်းမှပြန်ထွက်လာသော် အပြင်ဘက၌ စောင့်နေကြသော ရှန့်ကျန်းကမေးလိုက်လေသည်။

" ကြည့်ရတာ... သူမ စိတ်ထိခိုက်သွားပုံရတယ်
ဒါကြောင့် လန့်ပြီးသတိလစ်သွားတာပါ
စိုးရိမ်စရာမရှိပါဘူး
မကြာခင်သတိပြန်ရလာလိမ့်မယ်ပြောတယ် "

" တော်သေးတာပေါ့ ဟူးးးး "

" သခင်မကြီး
ကျွန်မတို့မမလေး အခြေအနေဘယ်လိုလဲဟင် "

မော့လီမှမရဲတရဲမေးလိုက်လေသည်။
သူမမှာ သူမ၏သခင်မလေးအားအနီးကပ်ပြုစုပေးချင်ပါသော်လည်း သခင်လေးကလက်မခံ၍ စစ်တဲအတွင်းသို့ဝင်ခွင့်မရရှာပါ။

" မကြာခင်သတိရလာမယ်တဲ့
စိုးရိမ်စရာမရှိဘူးပြောတယ် "

" ရှောင်ပေါင်..!
မိန်းမ ဘာလို့ခုထိသတိမရသေးတာလဲကွာ
ကိုယ်ကိုကတိပေးထားတယ်လေ
ကိုယ်တို့အတူအိမ်ပြန်ကြမယ်လို့
သတိရပါတော့ကွာ "

လီကျင်းချန်းသည်ကား သူ၏ဒဏ်ရာများကိုဂရုမစိုက်အား ယိချူး၏အနား၌သာထိုင်လျက် တတွတ်တွတ်ပြောဆိုနေလေသည်။

(သတိလစ်နေသောယိချူး၏အိမ်မက်ထဲတွင် )

" ချူးအယ်
မပြေးနဲ့လေ...ဒီကောင်မလေး  "

" အဖေ...လာ..
လာကြည့် လိပ်ပြာလေးတွေအများကြီးပဲ
လှလိုက်တာ..."

" ချူးချူး. သမီး..!
ဒါက..အမေတို့အိမ်မဟုတ်ဘူး
လျှောက်မသွားရဘူး ပြန်လာခဲ့ပါ ကြားလား"

ယိချူးမှာ အနာဂတ်ကမိခင်နှင့် လက်ရှိကမ္ဘာကဖခင်တို့၏ခေါ်သံတွေအကြား လွန်းဆွဲနေရလေသည်။

" အမေ...အဖေ.....
အမေ..အမေဘယ်မှာလဲ?
သမီးကြောက်တယ်..
အမေ....အဖေ...
အားးးးးးး! "

ညည့်နက်ချိန် ယိချူး၏အော်သံကြီးကြောင့်
စစ်စခန်းချရာ တဲထဲရှိလုံးရှိလူတွေအကုန်လန့်နိုးလာကြလေသည်။

< နောက်တစ်နေ့မနက် >

တပ်မှူးချုပ်ရှန့်ကျန်းအပါအဝင်
လီကျင်းချန်းတို့အားလုံး စစ်စခန်းရှိရွက်ဖျင်တဲ၌စုဝေးနေကြသည်။
အကြောင်းကား..
ကျန့်တင်းသို့အန္တရယ်ကင်းစွာပြန်လည်ဆုတ်ခွာနိုင်ရေးပင်။
ယခုအခါ ၎င်းတို့မှာ ချီတန်နှင့်ပေဟန်လူမျိုးတို့၏အလည်တွင်ကျရောက်နေလေသည်။
အရှေ့ဘက်ကိုဖောက်ထွက်ပြီး ချီတန်တွေကိုတိုက်ခိုက်ပါကအင်အားမမျှပေ။
တာ့ထုန်ဘက်ကနေလှည့်ထွက်မည်ဆိုပါက
ရန်သူ့ပိုင်နက်ဖြစ်သဖြင့် ခရီးဝေးပြီး စစ်သည်တွေပင်ပန်းမည်ဖြစ်၍
ဆုတ်လည်းစူးစားလည်းဆူးအခြေအနေဖြစ်နေသည်။
အဓိကအချက်မှာ စစ်သည်အားလုံးပင်ဒဏ်ရာရထားကြလေသည်။
ယုတ်စွအဆုံး လီကျင်းချန်းသည်ပင် ဒဏ်ရာရထားလေသည်။

ထိုအချိန်မှာပင် စစ်တဲအတွင်းသို့ဝင်ရောက်လာသော ယိချူး
သူမကပြတ်သားစွာဆိုလိုက်လေသည်။

" ဒီလမ်းကိုသေဖို့ဆုံးဖြတ်ပြီးမှလာတာ
ဒါကြောင့် မယ်တော်နဲ့အကူးတို့က ကိုကိုနဲ့ဒဏ်ရာရနေတဲ့စစ်သည်တွေကိုခေါ်ထုတ်သွား
သမီးနဲ့ကိုကြီးက အဖေနဲ့ဦးလေးတို့နဲ့အတူ
လျောင်နယ်စပ်အထိ ချီတန်တွေကိုလိုက်လံတိုက်ထုတ်မယ် "

" ချူးအယ် မဖြစ်ဘူး
သမီးအသက်ရှင်ရမယ်
မယ်တော်တို့အားလုံးအသက်ပေးရရင်တောင်
သမီးတို့လူငယ်တွေကအသက်ရှင်သွားရမယ် '
" မယ်တော် သမီးဆုံးဖြတ်ပြီးပြီ
သမီးကတိပေးတယ် အသက်ရှင်လျက်
ဆက်ဆက်ပြန်လာပါ့မယ် "

" ချူးအယ်..!
နင်က ငါ့ကိုကယ်ဖို့အသေခံတော့ ငါကဘာဖြစ်သွားမလဲ
ငါက ဆက်ပြီးအသက်ရှင်ရမှာလား "

" အစ်ကိုမမေ့နဲ့ ယောက်မနဲ့ကလေးက
အစ်ကို့ကိုစောင့်နေတယ်
အဖေ့ကိုဆုံးရှုံးပြီးပြီ
အစ်ကို့ကိုသာထပ်ပြီးဆုဲးရှုံးရရင် ဖွားတော်
သူ သေလိမ့်မယ်
ညီမလည်းသေမယ်
ဒါကြောင့် ရန်အိမ်အတွက်အစ်ကိုအသက်ရှင်နေရမယ် နားလည်လား "

" နင်..!"

" တော်တော့ စကားမများကြနဲ့
ချွေးမပြောသလိုလုပ်ကြတာပေါ့
မိန်းမ မင်းက ခယ်မလေးနဲ့အတူပြန်လိုက်သွားပြီး ထိုက်ယွမ်မှာစောင့်နေ
ဒါ အမိန့်ပဲ
ကလေးတွေကိူ ဆက်ဆက်ပြန်ခေါ်လာခဲ့မယ်လို့ ကိုယ်ကတိပေးတယ် "

လက်ရှိ၌ရာထူးအမြင့်ဆုံး ရှန့်ကျန်း၏စကားကြောင့် အားလုံးပင်လက်ခံလိုက်ရလေသည်

______________________

ညဘက် လေတဖြူးဖြူးတိုက်ခတ်နေသော
ကုန်းမြင့်ထက်၌ လီကျင်းချန်းကသီချင်းဆိုလျက် ယိချူသည် ၎င်း၏ရင်ခွင်ထဲ၌
လှဲလှောင်းနေလေသည်။

🎵..ကြယ်တွေကြွေပြီး လေပြည်လေးလည်းတိုက်ခတ်နေတယ်..
နောက်ဆုံးတော့..မင်းကို ကိုယ့်လက်နဲ့ပွေ့ဖက်ခွင့်ရခဲ့ပြီ
နှလုံးသားနှစ်ခု ထပ်တူ ရင်ခုန်နေတယ်
ယုံလိုက်ပါ ကိုယ့်နှလုံးသားက ပြောင်းလဲမှာ မဟုတ်ဘူးဆိုတာကို..
ကတိပေးထားတဲ့အတိုင်း နှစ်ပေါင်းများစွာ ကြာလဲ စောင့်နေမှာပါ
ဆောင်းရာသီတွေ ဘယ်လောက်ပဲ ကုန်ဆုံးသွားပါစေ
မင်းကိုတော့ လက်မလွှတ်နိုင်ပါဘူး..🎵

လီကျင်းချန်းက ဆိုလက်စသီချင်းကိုရပ်လိုက်ပြီးနောက် ချစ်ဇနီး၏မျက်နှာလေးကိုငုံ့ကြည့်လိုက်လေသည်။

" ရှောင်ပေါင်..!
ကိုယ်တို့ မနက်ဖြန်တိုက်ပွဲမှာအသက်ရှင်ဖို့မသေချာဘူး
ဒါကြောင့် ကိုယ်ပြောတာနားထောင်
အနာဂတ်ကမ္ဘာမှာ ကိုယ်မင်းကိုဆက်ဆက်လာရှာမယ်
ကိုယ့်ကိုဘယ်တော့မှမမေ့လိုက်နဲ့ "

" အင်း ညီကိုလည်းမမေ့လိုက်နဲ့
ညီမတို့ချစ်ခဲ့တာကိုလည်းမမေ့နဲ့ "

" ကိုယ်ကတိပေးတယ်
မင်းကိုရော မင်းနဲ့ချစ်ခဲ့တာတွေရော
မင်းဆိုပြဖူးတဲ့သီချင်းလေးကိုရော ကိုယ်
ဘယ်တော့မှမမေ့ဘူး မေ့မှာမဟုတ်ဘူး "

လီကျင်းချန်းက ပြောလည်းပြော
ယိချူး၏နှုတ်ခမ်းလေးအားဖိကပ်နမ်းရှိုက်လိုက်လေသည်။
ယိချူးသည်လည်းအလိုက်သင့်ပြန်လည်တုံ့ပြန်လိုက်လေသည်။
ထို့နောက် နှစ်ယောက်သားမှာအချင်းချင်း
လွတ်ထွက်သွားမှာစိုးသည့်အလား ဖက်တွယ်ထားလိုက်ကြလေသည်။

__________________________

ဘဝမှာ ဝမ်းအနည်းဆုံးအချိန်နဲ့ အထီးကျန်တဲ့အချိန် ကိုယ့်ဘေးနာရပ်ပြီး အတူရှိနေခဲ့တာက မိသားစုလည်းမဟုတ်သလို၊
ရူးမတတ်ချစ်ခဲ့တဲ့လောင်လီလည်းမဟုတ်ဘူး။
ကျွန်မကချစ်စနိုးနဲ့ ယိချန်းလို့နာမည်ပေးထားခဲ့တဲ့ ကျွန်မရဲ့ဗိုက်ထဲက ရင်သွေးလေ
သာ၊

" ဟင်! သခင်မလေး...ခုထိ.မအိပ်သေးဖူးလား.."

အပြင်မှာ တစ်ဖောက်ဖောက်ကျဆင်းနေတဲ့
မိုးစက်တွေကိုငေးကြည့်နေတဲ့
ကျွန်မဘေးနား အုပ်မိုးလာတဲအရိပ်ကလေးတစ်ခု...
မော့လီပေါ့

" အိပ်မပျော်လို့ပါ
နင်ရော ဘာလို့မအိပ်သေးတာလဲ
သွားအိပ်တော့လေ "

" တရေးနိုးလာတာ...
မိုးရွာနေတဲ့အသံကြားလို့ သခင်မလေးကိုစိတ်ပူလို့ "

နောက်ဆုံး ဤရှန့်အိမ်တော်မှာ
သူမကိုနားလည်ပေးပြီး သူမအားကိုးရတဲ့လူက မော့လီတစ်ယောက်ထဲသာ။

လောင်လီပြောခဲ့သလိုပင် ရှီးကျင်ပြည်နယ်ရှိတိုက်ပွဲဟာ လောင်လီရဲ့နောက်ဆုံးတိုက်ပွဲဖြစ်ခဲ့တယ်။
လောင်လီအပါအဝင်
ရှန့်လီဖခင် တပ်မှူးချုပ်ရှန့်ကျန်း
အကူးရန်ရုဲ၏ခင်ပွန်းလက်ယာစစ်သူကြီးရှန့်စွေ၊တို့ ထိုတိုက်ပွဲမှာကျဆုံးခဲ့ကြတယ်။
ဖြစ်နိုင်လျှင် ထိုနေရာမှာတင် သူမပါအတူလိုက်သေဖို့ဆန္ဒရှိခဲ့ပေမယ့် လောင်လီတို့ကို
နန်းမြို့တော်ဆီပြန်ခေါ်ရမယ်မလား
လောင်လီ့ဈာပနပွဲပြီးမှသေလည်းနောက်မကျသေးပါဘူးဆိုပြီးတွေးခဲ့တာပါ။
ဒါပေမယ့် မထင်မှတ်ထားမိတာက သူမမှာ
လောင်လီရဲ့ရင်သွေးလေးရှိနေခဲ့တာပင်။
တိုက်ပွဲမနွဲခင် ထိုနေ့ညကဖြစ်မယ်ထင်တယ်
လောင်လီနဲ့နောက်ဆုံးအကြိမ်က ဒီကိုယ်ဝန်ဖြစ်လာတာပဲ။
ထိုအခါ မိမိမှာ သေလို့လည်းမရ ရှင်လျက်လည်းသေဆိုသလို ဘဝဖြစ်ခဲ့ရတော့တယ်။
ယောက္ခမကလည်းမကြည်ဖြူတော့ဘူး
သားနဲ့ခင်ပွန်းကိုဆုံးရှုံးခဲ့ရလို့ သူမကို အမုန်းကြီးမုန်းသွားခဲ့လေပြီ။
ရန်သူတွေကိုအပြီးအပိုင်ချေမှုန်းခဲ့လို့ မင်းကြီးချီးမြှင့်လာတဲ့ရာထူးဂုဏ်ထူးဘွဲ့ထူးတွေဟာလည်း သူမအတွက် မလိုအပ်တဲ့ပကာသနသက်သက်သာ၊

[ လီကျင်းချန်း ရှင်ကြီးကတော့ကောင်းလေစွ
ကျွန်မမှာသာ ဒီကမ္ဘာမှာသောင်တင်ကျန်ခဲ့ရတယ် ]

အနာဂတ်ကမ္ဘာအကြောင်းတွေးမိတိုင်းလည်းနာကျင်တယ်။
ဟိုမှာက ဘယ်အချိန်ကာလအထိသွားနေပြီလဲမသိရ (၇)လလား?
ဒါမှမဟုတ် ဒီဘက်အချိန်ကာလအတိုင်း
(၇)နှစ်လား?
အချိန်တွေသာထပ်တူညီနေခဲ့ရင်
အနာဂတ်ကမ္ဘာမှာ လောင်လီတစ်ယောက်
အိမ်ထောင်ကျပြီး သားသားမီးမီးတွေပါရနေလောက်ပြီလားလို့တွေးလိုက်မိရင် ရင်ထဲကအဆမတန်ကိုမှနာကျင်ရတယ်။

" အ..အားး
မော့ မော့လီ ငါဗိုက်နာတယ် "

ယိချူး၏စကားကြောင့် မော့လီမှာ ‌ပျာယာခတ်သွားရလေသည်။

"ဟင်! မွေး..မွေးတော့မယ်ထင်တယ်
ခဏတောင့်ခံထားအုံး
ကျွန်မ သခင်မကြီးနဲ့ဒေါ်လေးတို့ကိုသွားခေါ်လိုက်မယ် "

" အင်း မြန်မြန်ပြန်လာခဲ့နော် "

မော့လီမှာပြောလဲပြော ယိချူးအား
အိပ်ယာထက်တင်ပေးခဲ့ကာ အဆောင်ထဲမှလေအလျင်ဖြင့်ပြေးထွက်သွားလေသည်။
သူမမှာ မိုးရေထဲအဆောင်းပင်ယူမသွာနိုင်ရှာပေ။

ရှန့်တော်တစ်ခုလုံးမီးတွေထိန်လင်းသွားကာ
အိမ်သားတွေအားလုံးပွက်လောရိုက်ကုန်
ကြတော့သည်။

"မိုးနတ်မင်းစောင့်ရှောက်ပါ
ချူးအယ်နဲ့ကလေး ဘာမှမဖြစ်ပါစေနဲ့ "

[ သားရေ ရှန့်လီ
တမလွန်ကနေ ချူးအယ်ကိုစောင့်ရှောက်ပေးပါနော် ]

ခင်ပွန်းနဲ့သားသေဆုံးရတာက ဒီကလေးမအပြစ်လည်းမဟုတ်ပါပဲ မိမိကမုန်းတီးမိ
ခဲ့သည်။
သားဖြစ်သူက စစ်မြေပြင်မှာဖခင်ကိုကာကွယ်ရင်း တန်ဖိုးရှိစွာကျဆုံးသွားသလိူ
ခင်ပွန်းသည်ကလည်း ရန်သူတွေကိုအပြီးအပိုင်တိုက်ထုတ်ပြီး ဒဏ်ရာအပြင်းအထန်နဲ့ ထိုက်ယွမ်ရောက်မှ မိမိလက်ပေါ်မှာတင်အသက်ပျောက်သွားတာပါ။
ဒီကလေးမချူးအယ်အပြစ်စိုးစိမျှမပါပဲ မိမိကတဖက်သတ်စွပ်စွဲပြစ်တင်ခဲ့တာတောင်
သူ့မိဘအိမ်မပြန်ပဲ ရှန့်အိမ်တော်မှာပဲ ကြိုးစားအားတင်းပြီးရှင်သန်နေခဲ့တဲ့ကလေးကို သူမကအမှားကြီးလုပ်ခဲ့မိပြီ။
တကယ်သူ ဒီကလေးမလည်းလိုက်သေဖို့ပြင်ဆင်ခဲ့တာပါ
သားရဲ့ကိုယ်ဝန်ကိုလွယ်ထားရတာကြောင့်သာ မသေနိုင်ခဲ့တာ။
ချစ်ရတဲ့ ဖခင်နဲ့ခင်ပွန်း နှစ်ယောက်စလုံး
သူမလက်ပေါ်မှာတင်သေဆုံးသွားကြတာကိုမြင်ပြီး ရူးမတတ်ခံစားခဲ့ရတဲ့ကလေးကို
မိမိက အပြစ်တင်ခဲ့မိတယ်။
ရှန့်လီသာ တမလွန်ကနေသိခဲ့ပါက ဒီမအေကိုမုန်းတီးနေတော့မှာပင်။
သေချင်တာတောင်သေလို့မရပဲ မွေးဖွားမလာသေးတဲ့ ရင်သွေးလေးအတွက်
အားတင်းအသက်ရှင်နေခဲ့ရတဲ့ကလေးကိုမှ
ကျောက်တိန်ရှမ်း(ထိုက်ယန်မင်းသမီးကြီး)မှာ
သူမကိုယ်သူမအပြစ်တင်နေရှာတော့သည်။

" ဒေါ်လေး..!
ဖွား ဖွားတော်နဲ့ကိုကို့ကိုခေါ်ပေးပါ "

" ခေါ်ထားတယ် လာလိမ့်မယ်နော်
အားတင်းထားပါ
ကလေးကထွက်လာတော့မယ် "

" ဟော.! ထွက် ထွက်လာပြီ
မွေးပြီ မွေးပြီဟေ့ ယောင်္ကျားလေးတော့
သားလေးဟေ့ "

ရန်ရုံနှင့်သမားတော်အမျိုးသမီးတို့၏အားရ
ဝမ်းးသာအော်ဟစ်သံအဆုံး အပြင်ဘက်၌
စောင့်နေကြသော ထိုက်ယန်မင်းသမီးကြီးနှင့်
မော့ဘီတို့မှာ အဆောင်ထဲသို့ပြေးဝင်လာကြလေသည်။
ယိချူးက ထိုက်ယန်မင်းသမီးကြီးအားလက်အုပ်ချီလျက်ပြောဆိုတောင်းပန်လိုက်
လေသည်။

" မယ်..မယ်တော်..!
မယ်တော့်သားကိုဆုံးရှုံးစေခဲ့လို့ တောင်းပန်ပါတယ်နော်
သ..သမီးကိုခွင့်မလွှတ်နိုင်ရင်တောင်
မယ်တော့်မြေးလေးကိုတော့ ချစ်ခင်ပေးပါ
တောင်း..တောင်းဆိုပါတယ်နော် "

" ချူးအယ်!. မယ်တော့်အမှားတွေပါ
သမီးစကားမပြောနဲ့
ကြည့်စမ်း မြေးလေးကို ဘယ်လောက်တောင်ချစ်စရာကောင်းလိုက်လဲလို့
မယ်တော်တို့အတူတူပျိုးထောင်ကြမယ်နော် "

" ကျေး..ဇူး..တင်...! "

ယိချူးမှာ ပြောပြီးသည်နှင့်စိတ်လျော့လိုက်ဟန်တူပါသည်။
သူမသည်ညင်သာစွာပင်ဝင်သက်ထွက်သက်တို့ရပ်တန့်သွားရှာလေသည်။
သူမ၏မျက်ဝန်းမှ မျက်ရည်တစ်စက်က
သူမ၏ဘေး၌လဲလျောင်းနေသော သားလေးယိချန်း၏ လက်ပေါ်သို့ပေါက်ကနဲ
ထိုအခါ ယိချန်းလေးမှာ အော်ဟစ်ငိုယိုလိုက်လေတော့သည်။

"အူဝဲ..."

ယိချူး၏ဖွားတော်မှာပျာယိပျာယာဖြင့် ရောက်လာပြီးနောက် ယိချူးကိုမြင်လိုက်ရသည့်ခဏ..

" အမလေး.. ချူးအယ် ငါ့ရဲ့ မြေးလေး... ဘယ်လိုဖြစ်ရတာလဲ .. သမီးရေ.... "

ရှန့်အိမ်တော်တော်တစ်ခုလုံးငိုကြွေးသံ
တွေဖြင့်ဖုံးလွှမ်းသွားတော့သည်။

#______________________________#

အပိုင်း_၁၈မျှော်
Thank for reading🙏
#CherryRay🐦
4 April 2024
Thursday 6:40PM









Zawgyi





" ဒေါက်တာ..!


ဆရာဝန်၏ဂျူတီကုတ်ကိုဆွဲကိုင်လျက်
ရန်တွေ့ပါတော့သည်။

တာဝန်မဲ့လှချည်လား

" မိန်းမ


" ရပါတယ် ဒါရိုက်တာယန်

" ချူးချူး..! သမီးရယ်

"မားးး စိတ်ထိန်းပါဗျာ


" ချူးချူး..သမီး..!

" ယောင်္ကျား..!
ထ..ထ ကြည့်စမ်းပါဦး




________________________

∆ တာ့စုန့်ခေတ်၌ ∆

" မိန်းမ....ဘယ်လိုလဲ

ယိချူး၏စစ်တဲအတွင်းမြှပန်ထွက်လာသော် အပြင်ဘက၌ စောင့်နေကြသော ရှန့်ကျန်းကမေးလိုက်လေသည်။


" တော်သေးတာပေါ့ ဟူးးးး "

" သခင်မကြီး


" မကြာခင်သတိရလာမယ်တဲ့

" ရှောင်ပေါင်..!
သတိရပါတော့ကွာ "



" ချူးအယ်

" အဖေ...လာ..
လှလိုက်တာ..."

" ချူးချူး. သမီး..!


" အမေ...အဖေ.....
အမေ..အမေဘယ်မှာလဲ?
သမီးကြောက်တယ်..
အမေ....အဖေ...
အားးးးးးး! "


< နောက်တစ်နေ့မနက် >

အကြောင်းကား..
ယခုအခါ ၄တို့မှာ ချီတန်နှင့်ပေဟန်လူမျိုးတို့၏အလည်တွင်ကျရောက်နေလေသည်။



" ချူးအယ် မဖြစ်ဘူး
သမီးအသက်ရှင်ရမယ်
ဆက်ဆက်ပြန်လာပါ့မယ် "

" ချူးအယ်..!

အစ်ကို့ကိုသာထပ်ပြီးဆဲုးရှုံးရရင် ဖွားတော်
သူ သေလိမ့်မယ်
ညီမလည်းသေမယ်

" နင်..!"

ဒါ အမိန့်ပဲ
ကလေးတွေကို ဆက်ဆက်ပြန်ခေါ်လာခဲ့မယ်လို့ ကိုယ်ကတိပေးတယ် "


______________________

ကုန်းမြင့်ထက်၌ လီကျင်းချန်းကသီချင်းဆိုလျက် ယိချူသည် ၄၏ရင်ခွင်ထဲ၌
လှဲလှောင်းနေလေသည်။

🎵..ကြယ်တွေကြွေပီး လေပြည်လေးလည်းတိုက်ခတ်နေတယ်..


" ရှောင်ပေါင်..!


" ကိုယ်ကတိပေးတယ်


__________________________

သာ၊


မော့လီပေါ့

" အိပ်မပျော်လို့ပါ
သွားအိပ်တော့လေ "

" တရေးနိုးလာတာ...


လောင်လီအပါအဝင်
အကူးရန်ရဲု၏ခင်ပွန်းလက်ယာစစ်သူကြီးရှန့်စွေ၊တို့ ထိုတိုက်ပွဲမှာကျဆုံးခဲ့ကြတယ်။


(၇)နှစ်လား?

" အ..အားး


ခဏတောင့်ခံထားအုံး



ကြတော့သည်။


[ သားရေ ရှန့်လီ

ခဲ့သည်။
သားဖြစ်သူက စစ်မြေပြင်မှာဖခင်ကိုကာကွယ်ရင်း တန်ဖိုးရှိစွာကျဆုံးသွားသလို

" ဒေါ်လေး..!

အားတင်းထားပါ
ကလေးကထွက်လာတော့မယ် "

" ဟော.! ထွက် ထွက်လာပြီ
သားလေးဟေ့ "

လေသည်။

" မယ်..မယ်တော်..!

သမီးစကားမပြောနဲ့

" ကျေး..ဇူး..တင်...! "


"အူဝဲ..."



တြွေဖင့်ဖုံးလွှမ်းသွားတော့သည်။

#______________________________#

အပိုင်း_၁၈မျှော်
Thank for reading🙏
#CherryRay🐦
4 April 2024
Thursday 6:40PM











Continue Reading

You'll Also Like

84.7K 3K 41
Hey this is where the story will continue since I couldn't log back in to my other account anyways WARNING: Short chapters ahead THIS BOOK WAS HORRI...
11.7K 321 23
အချစ်ကိုမင်းဘယ်လိုလက်ခံသလဲ ပေးဆပ်ခြင်းလား ပေးဆပ်ခြင်းဆိုရင် မင်းဘယ်လောက်ထိပေးဆပ်နိုင်လဲ အနစ်နာခံခြင်းလား ဘယ်လောက်ထိ အနစ်နာခံနိုင်လဲ ယောက်ျားတစ်ယောက်အ...
665 98 26
Hyunjin's boyfriend... or should I say ex boyfriend, is now going out with who he thought was his best friend. This au is a college one, as you can s...
277K 7.2K 170
After six years of war, my fiancé returned. With a woman and his child in tow. While saying that he couldn't leave her. The same irresponsible fiancé...