" ဤကမ္ဘာ၏နှောင်ကြိုး "(Comple...
By KhayayKhat
8.6K 260 6
ယန်ယိချူးတစ်ယောက် သူငယ်ချင်းရဲ့သစ္စာဖောက်ခံလိုက်ရပြီးနောက် ကားတိုက်ခံရပြီး ရှေးခေတ်ထဲကိုဝိညာဉ်ကူးပြောင်းသွားခ... More
Into
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
Final(ဇာတ်သိမ်း)⚠️
ကျေးဇူးတင်လွှာ🙏
အခန်း(၁၅)
299 6 0
By KhayayKhat
Unicode
" ဤကမ္ဘာ၏နှောင်ကြိုး " (15)
အခန်း_၁၅(တရေးနိုးညတွေမှာတောင် ယောင်ယမ်းပြီး ငါညည်းမိတယ် "မင်းကိုချစ်တယ် ")
"ရှောင်ပေါင်..!
ကိုယ်တို့ တကယ့်ဇနီးမောင်နှံအစစ်လုပ်ကြမလား "
" အာ..ရူးနေလား
မ..မဖြစ် မဖြစ်ဘူး "
ယိချူးကအထိတ်တလန့်ဖြင့်ထအော်ပါတော့သည်။
ထိုမျှနှင့်မကသေး လီကျင်းချန်း၏ရင်ခွင်ထဲကပါထွက်သွားလေသည်။
" ဘာလို့လဲ ?"
" ဘာလို့လဲတဲ့လား
အဲ့ဒီမေးခွန်းကို ကိုကြီးတကယ်ပဲမသိတာလား
ခု ကျွန်မတို့ကဘာလဲ ဘယ်လိုပတ်သတ်နေတာလဲ
ဟန်ဆောင်နေတာလား
မချစ်ပဲနဲ့ ခင်ဗျားကြီး ကျုပ်ကိုကစားနေတာလား?"
ယိချူးမှာပြောရင်း ဒေါသသံပါလာကာ
မျက်ရည်တွေပါဝဲတက်လာခဲ့သည်။
" အရူးရ မချစ်ပဲခုလိုလုပ်ပါ့မလား
ချစ်လို့မှ မင်းနဲ့ခုလိုဖက်ရမ်းနမ်းရှုပ်
အတူနေ ဟိုဒင်းချင်တာပေါ့ကွ "
လီကျင်းချန်းသည်လည်းစိတ်ပေါက်ပေါက်ဖြင့် ထအော်ပါတော့သည်။
ထိုအခါ ယိချူးက ခပ်ဟဟရယ်မောလိုက်
လေသည်။
" အာ..!
ကျွန်မက သရုပ်ဆောင်တယ်ထင်နေတာ
လတ်စသတ်တော့ ဆရာလီက ချစ်တယ်လို့ပြောဖော်ရသေးတာပဲ "
" မခနဲ့နဲ့ကွာ "
ထိုနေ့ညကတော့ ယိချူးအားချော့မော့၍မရသဖြင့် ညအချိန်မတော်မှ ကိုယ့်အဆောင်ကိုယ်ပြန်လာခဲ့ရသည်။
ဒါဟာ သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ်
မိန်းကလေးတစ်ယောက်စိတ်ကောက်တာကိုချော့ဖူးခြင်းပင်။
_____________________________
" ရှောင်ပေါင်..!
ကိုယ်ပြောတာစဉ်းစားပေးပါကွာ နော် "
မနက်မျက်လုံးဖွင့်သည်မှစ၍ သူမသွားလေရာနောက်သို့ တကောက်ကောက်လိုက်ပါလျက် တတွတ်တွတ်ပြောဆိုနေပါသော
လောင်လီ။
မကြားချင်ယောင်ဆောင်လည်းမရ
အိမ်တော်ကလူတွေက‌တော့ပြုံးစိစိ၊
မိန်းမကိုလိုက်ချော့နေတယ်ပဲမြင်နေကြတာ
မော့လီတို့တောင်ရှောင်ပေးသွားကြတယ်။
" ကိုယ့်ကိုလက်ခံပေးရင် မင်းအတွက်အကျိုးမယုတ်စေရပါဘူးလို့အာမခံတယ်
လီကျင်းချန်းကိုခင်ပွန်းတော်ရတဲ့အကျိုးကျေးဇူးကိုတဝကြီးခံစားစေရမယ်လေ နော် "
[ အမယ် လာ လာချည်သေးရဲ့]
"ငါ့နှယ်!
ရှင်ကြီးကို လင်လုပ်ရင် ကျုပ်က
ဘာအကျိုးကျေးဇူးတွေများရမှာတုန်း ဟင်
ပြောပြပါဦး ဥပမာ "
" ဥပမာ_မင်းသဘောကျတဲ့ ဆစ်ပတ်ကြီးကို
ထိတွေကိုင်တွယ်ခွင့်ရမယ်
အရင်လို ဓာတ်ပုံတို့ ဖုန်းတို့ တီဗီမှန်သားပြင်တို့ကနေပဲငမ်းစရာမလိုတော့ဘူး
လက်တွေ့အပြင်လောကမှာငမ်းခွင့်ရလာမယ်
ထိတွေ့ကိုင်တွယ်ခွင့်ရလာမယ်
နောက်ဆို ကိုယ့်ရဲ့ဒီလယ်ခြောက်ကွက်က
မင်းတစ်ယောက်ထဲသီးသန့်ပိုင်ဖြစ်လာမယ် "
" ဟက်..! အဲ့တာပဲလား?
လာနောက်နေတယ် "
ယိချူးက မထိတရိအမူအရာဖြင့် ခပ်လှောင်လှောင်ရယ်လိုက်လေသည်။
[ ဟားးး ညဘက် သူအိပ်ပျော်နေတဲ့အချိန်
ငါက အားပါးတရငမ်းပြီးတာ သူမသိသေးဘူး ]
" နေဦးလေ ဒါက ဥပမာပဲရှိသေးတာ
နောက်ထပ်ကောင်းကျိုးတွေရှိသေးတယ် "
လီကျင်းချန်းသည်လည်းအလျှော့မပေး
ဆက်တိုက်ပင် တရစပ်တိုက်စစ်ဆင်ပြန်သည်။
" ပြောပါဦး "
ယိချူးက လမ်းလျှောက်နေရာမှရပ်ကာ
အနီးရှိကျောက်တုံးကြီးတစ်ခုအပေါ်၌ ဝင်ထိုင်လိုက်လေသည်။
ထိုအခါ လီကျင်းချန်းက ယိချူး၏ဘေးနား၌
မတ်တပ်ရပ်လျက်၊
" မင်း ကိုယ့်ရဲ့ဖန်ဂဲလ်ဘဝမှာ မရဖူးတဲ့အခွင့်အရေးတွေရမယ်
ဥပမာ_ကိုယ်ဘယ်သွားသွား လိုက်ပါခွင့်တို့
ငါက လီကျင်းချန်းကောင်မလေးဆိုပြီးလည်းဂုဏ်ဆာခွင့်ရမယ် "
" အဲ့တာက အနာဂတ်ကမ္ဘာမှာလေ
ခု ရှင်ကြီးရောက်နေတာ ရှေးခေတ် "
" ကဲကွာ နောက်ဆုံးလက်နက်
(ထိုသို့ဆိုလျက် လီကျင်းချန်းမှာ လူယုတ်မာပြုံး ပြုံးလိုက်ကာ ယိချူးနားနားသို့ကပ်လျက်ပြောလိုက်လေသည်)
ဘယ်တွင်းမှမအောင်းဖူးသေးတဲ့ ကိုယ့်မြွေနဂါးကြီးလည်းမင်းအပိုင်ပဲ "
" ဘာပြောတယ်..!
နှာဘူးကြီး "
ယိချူးကား ထိုနေရာမှထကာထွက်ပြေးသွားတော့သည်။
လီကျင်းချန်းသည်ကား အောင်ပွဲရစစ်သူကြီးတစ်ဦး၏အပြုံးမျိုးဖြင့်ကျန်ရစ်ခဲ့လေသည်။
< ညရောက်သောအခါ >
🎵ကိုယ်အခု တောင်းပန်စကားပြောဖို နောက်ကျသွားပြီလား?
မင်းကိုစိတ်ပျက်စေခဲ့တာ ကိုယ်သိပါတယ်
Sorry Sorry !
မင်းသာအလိုရှိရင် မင်းဘယ်လိုအပြစ်ပေးပေး ကိုယ်ခံယူပါ့မယ်🎵
" လောင်လီ..!"
ယိချူးက အံ့ဩဆွံ့အလျက် လီကျင်းချန်းအားငေးကြည့်နေမိလေသည်။
🎵ဒါပေမယ့် မင်းသိပါတယ်
ဒီကစားပွဲမှာ ကိုယ်တို့နှစ်ယောက်လုံး အပြစ်မကင်းခဲ့ဘူးဆိုတာ
ကိုယ်ဝန်ခံလိုက်ပြီမို့ အခု..မင်းဝန်ခံပြီး
အမှန်တရားကိုပြောလိုက်ပါတော့🎵
လောင်လီက သူမအတွက်သီးသန့် သီချင်းဆိုတယ်တဲ့
[ မြတ်စွာဘုရား..!
ဒါအိမ်မက်တွေပဲဖြစ်မယ်
တကယ်သာဆို ဒီယန်ယိချူး သေပျော်ပါပြီ]
" Baby!
I am sorry I love you"
လီကျင်းချန်းက ပြောလဲပြော ဒူးထောက်ချလိုက်လေသည်။
ယိချူးကား ပျော်လည်းပျော်၊ရင်လည်းခုန်၊ရှက်လည်းရှက်ဖြင့် မျက်နှာနီမြန်းလျက်ရှိလေသည်။
သူမတို့အားမလှမ်မကမ်းမှရပ်ကြည့်နေကြသော ရှန့်အိမ်တော်ကလူတွေကတော့မသိရှာပါ။
သူတို့ချင်းသာသိသည့်လျှို့ဝှက်ဘာသာစကားဟုသာယူဆလျက် ပြုံးကြည့်နေကြလေသည်။
ထို့ကြောင့် အလျှင်အမြန်ခေါင်းညိတ်ပြလိုက်မိသည်။
သူမသည် ဖြစ်နိုင်လျင် ဒီနေရာမှအမြန်ဆုံးထွက်ခွာသွားချင်ပုံပင်။
လီကျင်းချန်းသည်လည်း ရိပ်စားမိပုံပင်
ယိချူးက သူ့အားခွင့်လွှတ်ကြောင်းခေါင်းညိတ်လိုက်သည်နှင့် ယိချူးအားပွေ့ချီကာ ထိုနေရာမှထွက်လာခဲ့လေသည်။
ထိုက်ယန်မင်းသမီးကြီးအပါအဝင် ရှန့်အိမ်တော်ရှ်ိသူများမှာ လက်ခုပ်လက်ဝါးတီးလျက်
ကျန်ရစ်ခဲ့ကြလေသည်။
ထိုက်ယန်မင်းသမီးကြီးကဆို၏
" ဒီပုဲစံအတိုင်းဆို မကြာခင်မြေးချီရလောက်ပါပြီနော် "
ထိုအခါ အားလုံးပင်ရယ်မောလိုက်ကြတော့သည်။
ထိုအသံတို့ကိုကြားလိုက်သောယိချူးမှ
" ရှက်ဖို့ကောင်းလိုက်တာ
ဘာလို့တစ်အိမ်သားလုံးပါခေါ်ထားရတာလဲ
ဘာလဲ မျောက်ပွဲပြစားမလို့လား?"
" ဒါမှ မင်းက ကိုယ့်ကိုခွင့်လွှတ်မှာလေ "
[ သူထင်တဲ့အတိုင်းပင် မယ်တော်တို့ကိုပါခေါ်ပြီးချော့လိုက်တော့ ဒင်းလေးကရှက်ပြီး
ချက်ချင်းခွင့်လွှတ်လိုက်တာ ]
ထိုအခါ ယိချူးကရွဲ့တဲ့တဲ့ဆိုလိုက်လေသည်။
" ဪ ရန်အိမ်တော်ကလူတွေပါခေါ်လိုက်ပါတော့လား
ပိုပြီးပွဲစည်သွားအောင် "
" အစကတော့ခေါ်မလို့ပဲ
ယောက္ခထီးနဲ့ယောက်ဖတို့သိရင်စိတ်ဆိုးမှာစိုးလို့
သူတို့က မင်းကိုပျော်အောင်ထားဖို့သတိပေးထားတာ ခုလိုစိတ်ဆိုးတာသိကြည့်ပါလား "
သူ့ဘက်ကျ သူတော်တော်သိ
ဒီလူကအကြောင်းသိရလေလေ တကယ့်လူလည်ကြီး
ညဘက်မှောင်စပျိုးသည့်အချိန်၌ မော့လီကလာခေါ်တာ
ထိုက်ယန်မင်းသမီးကြီးခေါ်နေတယ်ဆိုတာကြောင့်လိုက်လာခဲ့တာ ဒီရောက်တော့
လောင်လီ့လက်ချက်ဖြစ်နေတယ်။
အိမ်တော်ဥယျာဉ်ထဲမှာ မီးအိမ်တွေအပြည့်ထွန်းညှိထားပြီ လာရိုပြနေတယ်
အမယ် သီချင်းတောင်ဆိုလိုက်သေးတယ်
တောင်းပန်တာတောင် သီချင်းလေးနဲ့
နဂိုကမှယိုင်လဲနေတဲ့ သူမနှလုံးသားလေးက
အရည်ပျော်ကျသွားရော ကုန်ကောက်စရာတောင်မကျန်တော့ဘူး။
လီကျင်းချန်းက ယိချူး၏အဆောင်သို့ရောက်သောအခါ အိပ်ယာထက်ဝယ်အသာ
အယာချလိုက်ရင်း ဤသို့မေးလိုက်လေသည်
" ခု ကိုယ့်ကိုစိတ်ဆိုးပြေသွားပြီပေါ့
ကိုယ်တို့ပြန်ခေါ်သွားကြပြီပေါ့နော် "
" အင်း "
" ဒါဆို ကိုပြောထားတာလက်ခံတယ်ပေါ့ "
' ဘာလဲ?" (ယိချူးက မသိချင်ယောင်ဆောင်လိုက်လေသည်။)
" ဇနီးမောင်နှံအစစ်လုပ်ကြဖို့ "
" အ..အဲ့တာ ဟို..ညီမစိတ်ပူနေတာ
တစ်ခုရှိလို့
ဒီခေတ်မှာက အကာအကွယ်လည်းရှိတာမဟုတ်ဘူး
ဟိုလေ ညီမတို့အနာဂတ်ကမ္ဘာကိုပြန်တဲ့အချိန်ကျ ကလေးကျန်နေခဲ့ရင် စိတ်ဖြောင့်ပါ့မလားလို့လေ "
ယိချူးက မျက်နှာပူစွာဖြင့်ပင်မရဲတရဲဆိုလေသည်။
" ဟားးး ကိုယ့်ရှောင်ပေါင်စိတ်ပူနေတာ ဒါလား
အရန်ကောကွာ
ကိုယ်က ကလေးယူမယ်ပြောနေလို့လား "
" ကလေးမယူရင်ဘာလို့..အဲ..မယ်တော့်ကိုဘယ်လိုပြောမလဲ "
" အဲ့တာကိုယ့်တာဝန်ထားလိုက်ပါ
လတ်တလောကတော့ သမားတော်ကြီးလာဆေးစစ်တဲ့အခါ မင်းလေးက အပျိုစင်ဟုတ်မနေတော့ဖို့ပဲလိုတာ "
[ ဟုတ်တယ်လေ ရှန့်လီမိခင်က
၂နှစ်ကြာတာတောင် သူတို့ရင်သွေးမရလို့ နန်းတွင်းသမားတော်ကိုတောင်ခေါ်နေပြီ မနက်ဖြန် သဘက်ခါဆိုအလိမ်ပေါ်တော့မှာ ]
ထိုအခါယိချူးမှာ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားတော့သည်။
ဤ ၂နှစ်တာကာလ၌ ရန်ရုံမှာ
နောက်ထပ်ရင်သွေး သားယောင်္ကျားလေး
ထပ်မံမွေးဖွားခဲ့သလို၊ ရန်ဝေကွမ်း၏ဇနီးမှာလည်း ကိုယ်ဝန်လွယ်ထားရပြီး
ယုတ်စွအဆုံး ကျောက်ဝမ်ရှန်းတို့သည်ပင်
သားတော်လေးထွန်းကားခဲ့ပြီဖြစ်ရာ
ထိုက်ယန်မင်းသမီးကြီးမှာ သူမ၏သားရှန့်လီအား များစွာဖိအားပေးလာတော့သည်။
ယိချူးအတွက်လည်းဆေးစစ်ရန် နန်းတွင်းသမားတော်အထိပင့်ခေါ်နေချေပြီ။
လီကျင်းချန်းမှာ မူလက ဒါတွေဂရုမစိုက်သော်လည်း နန်းတွင်းသမားတော်မှ လာရောက်စစ်ဆေးမည်ဟုဆိုသောအခါ၌ ခြေမကိုင်မှီလက်မကိုင်မှီဖြစ်ရတော့သည်။
ထိုအခါ ယိချူးသည် ယခုထက်ထိ အပျိုစင်ဘဝ၌သာရှိသေးသည်ကို ကျောက်ဝမ်ရှန်းသိသွားပါက ယိချူးအားအလွတ်ပေးတော့မည်မဟုတ်ပါ။
ရှန့်လီ၏ဂုဏ်သိက္ခာ၊ ထိုက်ယန်မင်းသမီးကြီး၏ဂုဏ်သိက္ခာတင်မက ရန်မိသားစု၏
ဂုဏ်သိက္ခာသည်လည်းကျဆင်းရပေတော့မည်။
ယိချူးသည်ကားဆိုဖွယ်ရာပင်ရှိတော့မည်မဟုတ်ပါ။
သူမ၏အရှက်နှင့်သိက္ခာကိုကာကွယ်ရပေမည်။
ထို့ကြောင့် ယိချူးအား အရဲစွန့်၍ပြောလိုက်မိသည်။
" ရှောင်ပေါင်..!
မိန်းမ ဒီညကိုယ့်ကိုခွင့်ပြုမယ်မလားဟင်?"
ယိချူးကမော့မကြည့်ပဲ အသာအယာခေါင်းညိတ်ပြလိုက်လေသည်။
" စိတ်ချပါ မကြောက်နဲ့
မင်းကိုနာကျင်အောင် ကိုယ်မလုပ်ပါဘူး "
လောင်လီ၏တိုးသဲ့သဲ့စကားသံသည် သူမ၏နားနှင့်နှလုံးသားထဲအထိ ကျယ်လောင်သောဗုံးတစ်လုံအလား..
ထို့နောက်တွင်တော့ သူမ၏ခန္တာကိုယ်တစ်ခုလုံးမှာ လောင်လီ၏လက်အောက်သို့ကျရောက်သွားလေတော့သည်။
လီကျင်းချန်းက သူ၏ရင်ခွင်ထက်၌ နှစ်ခြိုက်စွာအိပ်မောကျနေသော ချစ်ဇနီးလေးအား ငုံ့ကြည့်လိုက်လေသည်။
ဆောင်းရာသီ၏အအေးဓာတ်လျင်ပင် သူ၏
စိတ်နှင့်ခန္တာကိုယ်ထဲရှိနွေးထွေးမှု့အား အနိုင်မယူနိုင်ရှာတော့ပါ။
သူသည် ဤကာလအတွင်း၌ ညအိပ်ယာဝင်ချိန်တိုင်း ယိချူးပြောပြတတ်သော သူမ၏မွေးရပ်မြေအကြောင်းများ၊ ကိုယ်တွေ့ဖြစ်ရပ်ဆန်းများ၊ ဟာသများ၊ အွန်လိုင်းပေါ်မှခင်မင်ရင်းနှီးခဲ့သောသူငယ်ချင်းများအကြောင်းအား နားထောင်ပြီး အိပ်စက်ရခြင်းကိုနှစ်ခြိုက်လာခဲ့သည်။
ယခုအခါ သူ့ထံ၌စွဲလန်းနှစ်ခြိုက်မှု့တစ်ခုထပ်မံတိုးလာခဲ့ပြန်သည်။
လီကျင်းချန်းက ငုံ့ကြည့်နေရင်းမှ မချင့်မရဲဖြစ်မိလာရကား ယိချူး၏နှုတ်ခမ်းလေးအား ဖိကပ်နမ်းရှိုက်လျက် ခပ်တိုးတိုးပြောဆိုလိုက်လေသည်။
" မင်းက ပထမဆုံးအကြိမ်မှာတင်
ကိုယ့်ကိုရူးသွပ်သွားအောင်ပြုစားလိုက်ပြီမို့
အခု ကိုယ်တို့ညီမျှသွားပြီ
မင်းက လီကျင်းချန်းအရူးဆို ကိုယ်ကယန်ယိချူးအရူး "
ထို့နောက် ၎င်းက တို့သဲ့သဲ့ရယ်မောလိုက်ပြန်သည်။
" ဘာလို့ခုထိမအိပ်သေးတာလဲ
တော်တော်လေးမှအူးးမြူးနေ "
" ဆောရီးပါ! ကိုယ့်ကြောင့်နိုးသွားတာလား"
" မနိုးပဲနေမလား
လက်ရော ပါးစပ်ရောအငြိမ်မှမနေတာ "
" ဒါဆို အငြိမ်မနေလက်စနဲ့
ကိုယ်တို့ထပ်လုပ်ကြမလား "
လီကျင်းချန်းကအရှက်မဲ့စွာတောင်းဆိုလိုက်လေသည်။
" အာ..! ရူးနေလား
ပြောတော့တစ်ခါတည်းဆို
ဘယ်လိုဖြစ်နေတာလဲ?"
ယိချူးက ရှက်ရှက်နှင့်အော်လိုက်လေသည်
ထိုမျှမကသေး သူမမှာ လီကျင်းချန်း၏
ခန္တာကိုယ်ထက်မှထကာ ဖရိူဖရဲဖြစ်နေသော
သူမ၏ခန္တာကိုယ်ရှိ အဝတ်အစားတို့အား ကပျာကယာဖုံးကွယ်လိုက်လေသည်။
" မင်းလည်းနိုးနေပြီ အိပ်မှမပျော်တော့တဲ့ဟာ
လေ့ကျင့်ခန်းသဘောထားပြီးလုပ်ရအောင်
နော်..!
ဒီတစ်ခါ တကယ်တစ်ကြိမ်တည်းပါကွာ
ကိုယ့်အကောင်ကြီးက ခုထိမငြိမ်သေးလို့ "
ယိချူးက သူမ၏နားနှင့်မျက်လုံးတွေပါပိတ်ထားလိုက်လေတော့သည်။
" လောင်လီ..!
လီကျင်းချန်းးး လူယုတ်မာကြီး
နာ နာတယ် "
လီကျင်းချန်းက အိပ်ပျော်နေရင်းယောင်နေသော ယိချူးအားလှုပ်ကိုင်ကြည့်လိုက်ရာ
သူမ၏ခန္တာကိုယ်မှာပူခြစ်နေသည်ကိုသတိထားမိလိုက်လေသည်။
" အာ..ကိုယ်တွေပူနေပါလား
ရှောင်ပေါင် !မိန်းမ သတိထားဦးလေ"
[ ထိုနေညက ရှောင်ပေါင်တစ်ယောက်
အကြီးအကျယ်ဖျားခဲ့တယ်...
လီကျင်းချန်းဆိုတဲ့ ကျွန်တော့်နာမည်ကိုယောင်ရမ်းရင်းနဲ့ပေါ့ ]
ယိချူးမှာ တစ်ညလုံးဖျားနာပြီးနောက်
မနက်မိုးလင်းသောအခါ ခေါင်းမထောင်နိုင်တော့ပေ။
လီကျင်းချန်းသည်ကား ခြေမကိုင်မှီလက်မကိုင်မှီဖြစ်ပြီး ရှန့်လီ၏မိခင်ကိုသာအပူကပ်ရတော့သည်။
ထို့ကြောင့် ထိုက်ယန်မင်းသမီးကြီးမှာ မယ်တော်၏သီးသန့်သမားတော်အားပင့်ဖိတ်ရတော့သည်။
နန်းတွင်းသမားတော်အမျိုးသမီးမှ ယိချူးအားစမ်းသပ်စစ်ဆေးပြီးသောအခါ ပြုံးစိစိဖြင့်ဆိုလေသည်။
" မင်းသားက အရမ်းကြမ်းသွားလို့ဖျားနာတာပါ စိတ်ပူစရာမရှိပါဘူး
ကျွန်တော်မျိုးမ လိမ်းဆေးရောသောက်ဆေးရောပေးခဲ့မယ် "
ထိုအခါ လီကျင်းချန်းက ရှက်ရယ်ရယ်လိုက်လေသည်။
ယိချူးသည်ကား ရှက်လွန်းသဖြင့်သူမ၏
မျက်နှာကိုစောင်ဖြင့်ဖုံးအုံးလိုက်တော့သည်။
ထိုက်ယန်မင်းသမီးကြီးမှာ နန်းတွင်းသမား
တော်၏စကားကြောင့် သူမမှာ
မကြာခင်မြေးချီရတော့မည်ဟူယူဆလျက်
ဝမ်းသာပျော်ရွှင်လျက်ရှိနေတော့သည်။
#_______________________________#
အပိုင်း_၁၆မျှော်
Thank for reading🙏
#CherryRay🐦
3 April 2024
Wednesday 5:10PM
Zawgyi
"ရှောင်ပေါင်..!
" အာ..ရူးနေလား
မ..မဖြစ် မဖြစ်ဘူး "
" ဘာလို့လဲ ?"
" ဘာလို့လဲတဲ့လား
ဟန်ဆောင်နေတာလား
လေသည်။
" အာ..!
" မခနဲ့နဲ့ကွာ "
_____________________________
" ရှောင်ပေါင်..!
လောင်လီ။
[ အမယ် လာ လာချည်သေးရဲ့]
"ငါ့နှယ်!
ပြောပြပါဦး ဥပမာ "
" ဟက်..! အဲ့တာပဲလား?
လာနောက်နေတယ် "
" ပြောပါဦး "
မတ်တပ်ရပ်လျက်၊
" ဘာပြောတယ်..!
နှာဘူးကြီး "
< ညရောက်သောအခါ >
Sorry Sorry !
" လောင်လီ..!"
🎵ဒါပေမယ့် မင်းသိပါတယ်
[ မြတ်စွာဘုရား..!
" Baby!
I am sorry I love you"
ထိုက်ယန်မင်းသမီးကြီးအပါအဝင် ရှန့်အိမ်တော်ရှိသူများမှာ လက်ခုပ်လက်ဝါးတီးလျက်
ကျန်ရစ်ခဲ့ကြလေသည်။
" ဒီပဲုစံအတိုင်းဆို မကြာခင်မြေးချီရလောက်ပါပြီနော် "
" အစကတော့ခေါ်မလို့ပဲ
" အင်း "
တစ်ခုရှိလို့
အရန်ကောကွာ
" ရှောင်ပေါင်..!
" စိတ်ချပါ မကြောက်နဲ့
ထို့နောက် ၄က တို့သဲ့သဲ့ရယ်မောလိုက်ပြန်သည်။
" မနိုးပဲနေမလား
" အာ..! ရူးနေလား
ဘယ်လိုဖြစ်နေတာလဲ?"
ခန္တာကိုယ်ထက်မှထကာ ဖရိုဖရဲဖြစ်နေသော
နော်..!
" လောင်လီ..!
နာ နာတယ် "
" အာ..ကိုယ်တွေပူနေပါလား
#_______________________________#
အပိုင်း_၁၆မျှော်
Thank for reading🙏
#CherryRay🐦
3 April 2024
Wednesday 5:10PM
Continue Reading
You'll Also Like
Meenakshi By Raji
Historical Fiction
13.7K 1K 38
"Do you know, Guruma told me how much she likes me being there." Thirteen year old Meenakshi spoke about her new life. "She is absolutely right. Havi...
351K 66.4K 12
Everything changed the day the King ordered me to seduce his son and bring him back to the Kingdom. He was my best friend. As per the order of things...
13K 929 61
Just like how two shores of sea can never meet, they can never meet too, might be physically but never mentally. The other shore is too far to even t...
A Secret Ambition By Laura
Historical Fiction
127K 11.5K 34
Before giving herself over the the inevitable marriage mart that is the London Season, Lily Beresford is determined to make a clandestine foray out i...