" ဤကမ္ဘာ၏နှောင်ကြိုး "(Comple...

KhayayKhat

8.6K 260 6

ယန်ယိချူးတစ်ယောက် သူငယ်ချင်းရဲ့သစ္စာဖောက်ခံလိုက်ရပြီးနောက် ကားတိုက်ခံရပြီး ရှေးခေတ်ထဲကိုဝိညာဉ်ကူးပြောင်းသွားခ... Еще

Into
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
Final(ဇာတ်သိမ်း)⚠️
ကျေးဇူးတင်လွှာ🙏

အခန်း(၁၃)

237 10 0
KhayayKhat

Unicode

" ဤကမ္ဘာ၏နှောင်ကြိုး " (13)

အခန်း_၁၃(မင်းမရှိရင် ကိုယ်ဘယ်လောက်တောင်အထီးကျန်ဆန်လိုက်မလဲ..)

လီကျင်းချန်းတို့၏မင်္ဂလာပွဲအပြီး နောက်ရက်အနည်းငယ်၌ နန်းမြို့တော်နှင့်
နန်းတွင်းထဲ၌ ကောလဟလအငြင်းပွားမှု့ပြဿနာတစ်ရပ်ထွက်ပေါ်လာလေသည်။
၎င်းမှာ အိမ်ရှေ့စံနှင့်ယိချူး၏ မင်္ဂလာကိစ္စအားသိရှိထားကြသူတစ်ချို့ထံမှ စတင်ပျံ့နှံ့လာခြင်းပင်။
ထိုကောလဟလမှာ
ရန်ယိချူးက ရိုင်းစိုင်းသဖြင့် မိဖုရားခေါင်းကြီးမှကန့်ကွက်၍ မင်္ဂလာပွဲပျက်ပြယ်သွားသည်ဟူသောသတင်းပင်။
ထိုမျှနှင့်မကသေး ရန်ယိချူး၏ဂုဏ်သိက္ခာအတွက် ရှန့်လီမှလက်ထပ်ယူလိုက်သည်ဟူသောနောက်ဆက်တွဲသတင်းပါ ပျံ့နှံ့လာလေသည်။
အဆိုပါသတင်းအား ရှန့်အိမ်တော်ထိန်းနှင့်မော့လီမှာ မနက်ခင်းဈေးဝယ်သွားရာမှကြားသိလာကြတာပင်။
ထိုသတင်းနှင့်ပတ်သတ်၍ ယိချူးတို့မှာစိတ်ထဲမထားသော်လည်း ထိုက်ယန်မင်းသမီးကြီးမှာမူ များစွာစိတ်ဆိုးဒေါသထွက်လေသည်။
သို့နှင့် ထိုကိစ္စ၏စတင်ပြန့်ပွားရာ သတင်းအရင်းအမြစ်၏တရားခံအား စုံစမ်းပါတော့သည်။
ထိုအခါ ထိုသတင်းတွေ၏နောက်ကွယ်၌
မိဖုရားခါင်းကြီးနှင့် အိမ်ရှေ့စံမိဖုရားတို့ရှိနေမှန်းသိလိုက်ရလေသည်။
ထို့ကြောင့် ထိုက်ယန်မင်းသမီးကြီးမှာ
သူမ မဝတ်တာကြာပြီဖြစ်သော ‌တော်ဝင်
မင်းသမီးကြီးတစ်ပါး၏အဆောင်အယောင်များပြင်ဆင်ဝတ်စားကာ နန်းတော်သို့ဝင်လေသည်။
သူမရောက်သွားသောအခါ မိဖုရားခေါင်းကြီး၏နန်းဆောင်၌ ဟန်လဲ့ရှင်းပါအတူရှိနေသဖြင့်
[ကောင်းတာပေါ့
နှစ်ယောက်စလုံးကိုတပြိုင်နက်သတိပေးလိုက်ရင် ငါလဲပါးစပ်ညောင်းသက်သာတာပေါ့ ]ဟုတွေးမိလိုက်လေသည်။

" ယောက်မတော်ပါလား
လာပါ မလာစဖူးအလာထူးလို့
အဆောင်အယောင်အပြည့်နဲ့ပါလား
ညီလာခံလာတက်တာလား "

" မဟုတ်ဘူး မိဖုရားခေါင်းကြီးဆီပဲလာတွေ့တာပါ "

ထိုစကားကြောင့် မိဖုရားခေါင်းကြီးမှာ
အနည်းငယ်တော့ထိတ်လန့်သွားရလေသည်
သို့သော်ဟန်မပျက်စေပဲမေးမြန်းလိုက်လေသည်။

" ဘာအကြောင်းထူးများရှိလို့ပါလိမ့်
အိမ်ရှေ့စံမိဖုရားက ကိုယ့်နန်းဆောင်အရင်ပြန်နှင့်လိုက်ပါ "

" ခဏလေး
သူမကိုပါ ငါပြောစရာရှိတယ် "

ထိုက်ယန်မင်းသမီးကြီးမှာဤသို့ဆိုလျက်
ခပ်တည်တည်ပင် ထိုနှစ်ယောက်၏
မျက်နှာချင်းဆိုင်၌ဝင်၍ထိုင်လိုက်လေသည်။

" ယောက်မ..!
ကျွန်မကဘယ်သူလဲ "

" ကျွန်မရဲ့ယောက်မတော်
မင်းကြီးရဲ့အစ်မတော်လေ "

ထိုအခါ ထိုက်ယန်မင်းသမီးကြီးကပြုံးလိုက်လေသည်။

" တော်သေးတာပေါ့ သတိရသေးတာ
အဲ့ဒီတော့စကားပြောရတာပိုလွယ်သွားပြီ
ယောက်မ..! သေချာနားထောင်နော်
ယောက်မရဲ့သွေးသားကပဲသွေးသားမဟုတ်သလို၊ ယောက်မရဲ့သားသမီးကပဲ တန်ဖိုးရှိတာမဟုတ်ပါဘူး
ငါ့သားကလည်း ငါ့အတွက်တန်ဖိုးထားရသူပါ
သူ့အတွက်ဆို ငါ့အသက်ကိုတောင်ပေးရဲပါတယ်
ချူးအယ်အတွက်လည်းထို့အတူပဲ
နောက်ထပ် ယခုလိုမျိုး ယုတ်မာတဲ့နည်းလမ်းတွေထုတ်သုံးမယ်ဆို ငါက ငြိမ်နေမှာမဟုတ်တော့ဘူးနော် "

မိဖုရားခေါင်းကြီးမှာ မည်သည့်စကားမျှပြန်လည်၍မဆိုနိုင်ရှာပါ
သူမမှာ အံ့ဩထိတ်လန့်နေရကား ဆွံ့အနေမိလေသည်။
ဟန်လဲ့ရှင်းကား မိဖုရားခေါင်းကြီးအစား
ဝင်ရောက်ဖြေရှင်းရန် ပါးစပ်ဟလိုက်စဉ်မှာပင်...

" ဪ ပြီးတော့အိမ်ရှေ့စံမိဖုရား..!
ဒီနေရာဒီရာထူးနဲ့ မင်း..တကယ်လိုက်ဖက်တယ်
ဒီယောက္ခမနဲ့ဒီလိုချွေးမ တကယ်လိုက်ဖက်ကြတာပဲ
ငါ့ချွေးမဖြစ်မလာတာ ငါတကယ်ကံကောင်းတယ်
ငါ့သားရှန့်လီကလူကြည့်တဲ့အမြင်က ဒီမအေထက်သာတယ်
ဒါကြောင့် မင်းမဟုတ်ပဲ ချူးအယ်ကိုရွေးချယ်လိုက်တာပေါ့ "

" ယောက်မ.!

ဟန်လဲ့ရှင်းကား မျက်ရည်ဝဲသွားလျက်
မိဖုရားခေါင်းကြီးက အော်ဟစ်လိုက်လေသည်။

" ခဏ..ငါ့စကားမဆုံးသေးဘူး
လက်ရှ်ိမှာ ငါ့မယ်တော်အရင်းကြီးက သက်ရှ်ိ
ထင်ရှားရှိနေသေးတယ်နော်
အဲ့တာက မင်းကြီးရဲ့မယ်တော်လည်းဖြစ်တယ်
ငါသာ မယ်တော့်ဆီလျှောက်တင်လိုက်ရင်
အိမ်ရှေ့စံရဲ့နေရာက ယခုလိုတည်မြဲနေဦးမယ်လို့ထင်လား "

" ယောက်မက ငါ့ကိုခြိမ်းခြောက်နေတာလား"

မိဖုရားခေါင်းကြီးက မျက်နှာပျက်ယွင်းနေလျက် လေသံမာမာဖြင့်မေးလိုက်ရာ ထိုက်ယန်မင်းသမီးကြီးက ပြုံးလျက်ဖြေလိုက်လေသည်။

" သတိပေးနေတာ
ငါက ဘာလဲဆိုတာမမေ့ဖို့ "

ထိုက်ယန်မင်းသမီးကြီးမှာ သူမပြောလိုသည့်စကားတို့အား အကုန်အစင်ပြောဆိုပြီးနောက်
သူမမှာ ထိုနန်းဆောင်ထဲမှထွက်လာခဲ့လေသည်။
ထို့နောက်တွင်တော့ သူမမှာ မယ်တော်ကြီး၏
နန်းဆောင်ဆီသို့ဦးတည့်လိုက်လေသည်။

ယောက်မတော်ပြန်သွားပြီးနောက် မိဖုရားခေါင်းကြီးမှာ ဒေါသထွက်ကာကျန်ရစ်ခဲ့လေသည်။
သူမ၏သက်တမ်းတလျှောက်၌ ဤမျှအထိတစ်ကြိမ်တစ်ခါမှ အစော်ကားမခံဖူးခဲ့ရာ
၎င်းမှာ သွေးပါတက်သွားသဖြင့်
နန်းတွင်းသမားတော်ပင့်ယူရသည့်အထိပင်။
ထိုသတင်းကိုကြားသော် ဖန်းမိဖုရားတစ်ယောက် အလွန်ပင်အားရကျေနပ်နေလေသည်။

" ဟားဟားးး
ငါက ရန်ယိချူးဆိုတဲ့ကလေးမရဲ့ပုံစံကိုရင်းနှီးနေပါတယ်ထင်နေတာ
ကျောက်တိန်ရှမ်းနဲ့တူနေတာကိုး
မထင်မှတ်ထားမိဘူး
ယောက်မတော်က သူ့လိုအဆိပ်ပြင်းတဲ့ချွေးမကိုရထားတာပဲ
မိဖုရားခေါင်းကြီးတော့ အိပ်ပျော်နေတဲ့မြွေဟောက်ကိုမှ ခေါင်းပုတ်မိလိုက်တာပဲ
ဟားးးဟားးးး "

" မယ်မယ်မိဖုရား!
ဒါဆို ကျွန်မတို့ ထိုက်ယန်မင်းသမီးကြီးနဲ့ပူးပေါင်းသင့်သလား "

" နေဦး ဆန္ဒမစောနဲ့
အရင်ဆုံး အခြေအနေတွေစောင့်ကြည့်ရအောင် "

" မှန်လှပါ "

တဖက်၌လည်း အိမ်ရှေ့စံမှာ သူ၏မယ်တော်
နန်းဆောင်သို့လာရောက်၍ သတင်းမေးလေသည်။
၎င်းမှာ မိခင်အားစိုးရိမ်ပူပန်၍လာခြင်းမဟုတ်ရကာ ရောက်ရာက်ချင်းပင်
တည့်တိုးမေးချလိုက်လေသည်။

" မယ်တော်လား
ယိချူးကိုဂုဏ်သိက္ခာပျက်ယွင်းအောင်
သတင်းအမှားတွေဖြန့်ခိုင်လိုက်တာ "

" ကျွန်မလုပ်လိုက်တာ
ကျွန်မက အရှင့်သားအတွက်လုပ်ပေးတာပါ"

ဟန်လဲ့ရှင်းမှဝင်ရောက်ဖြေဆိုလိုက်လေသည်။

" ဟားးးးး မင်းအတွက်မဟုတ်ဖူးလား
ဘာလဲ အကိုတော်ရှန့်လီက မင်းမဟုတ်ပဲ
ရန်ယိချူးကိုရွေးချယ်လိုက်လို့ မနာလိုတာလေ "

" အရှင့်သားရောဘာထူးလို့လဲ
ရန်ယိချူးက ရှန့်လီကိုရွေးချယ်သွားတာပဲလေ
ကျွန်မတို့အချင်းချင်းပူးပေါင်းသင့်တယ် "

" ပူးပေါင်းရမယ်
မင်း အထင်မှားမနေနဲ့
မင်းကိုငါလက်ထပ်တယ်ဆိုတာ ခမည်းတော်အမိန့်ကြောင့်
ယိချူးကိုမထိနဲ့
နောက်မှ ငါမင်းသားသတိမပေးဖူးမပြောနဲ့ "

ကျောက်ဝမ်ရှန်း၏စကားကြောင့် ဟန်လဲ့ရှင်း၏စိတ်ထဲ၌
[ ရန်ယိချူး ငါတို့ချူးချူးက
သိပ် အရည်အချင်းရှိတာပါလား
ယောင်္ကျားနှစ်ယောက်ကအပြိုင်အဆိုင်ကို
ချစ်မြတ်နိုးတာခံနေရတယ် ]

မိဖုရားခေါင်းကြီးကား သူမ၏သားတော်အားမည့်သည့်စကားမျှမဆိုလိုက်ပါချေ။
သူမမှာစိတ်ပျက်လက်ပျက်ဖြင့်သာအိပ်ယာထဲလှဲလျက်ကြည့်နေလိုက်ရသည်။

____________________

∆ရှန့်အိမ်တော်∆

ရှန့်အိမ်တော်၌မူ ထိုအကြောင်းအရာတို့အားမသိရှိသေးပဲ ယိချူးသည် ဥယျာဉ်တော်ထဲ၌ မော့လီ၊ရန်ရုံတို့နှင့်အဖွဲ့ကျလျက် ရယ်မောနေကြလေသည်။
လီကျင်းချန်းမှာမူ ပျင်းရိနေရကား
မိန်းမနားတောက်တဲ့လိုလိုက်လံတွယ်ကပ်ကာ ဂျီကျလျက်ရှိလေသည်။

" ရှောင်ပေါင်..မိန်းမ..!
ကိုယ်ပျင်းတယ် "

ယိချူးက သူမတို့နားသို့ရောက်လာလျက် ဤနှယ်ဆိုလိုက်သော လီကျင်းချန်းကြောင့် မျက်နှာပူသွားတော့သည်။
ဤရက်တွေအတွင်း၌ သူမမှာ လောင်လီ့အားမြင်တိုင်း ရင်ခုန်နေသဖြင့်
တမင်တကာရှောင်ဖယ်နေရတာကို ဒင်းက
အလိုက်ကမ်းဆိုးမသိလိုက်ပြီးစနေတယ်။
ထို့ကြောင့် ရှက်ရှက်နှင့်အော်လိုက်လေသည်။

" ပျင်းနေရင် အလုပ်တစ်ခုခုရှာလုပ်နေလေ "

" ဘာမှလုပ်စရာမရှိဘူး
ဒါကြောင့်မင်းဆီလာတာပေါ့ သွားမယ်
ကိုယ့်အဆောင်ကိုလိုက်ခဲ့ "

လီကျင်းချန်းမှာပြောလဲပြော ယိချူး၏
လက်ကိုဆတ်ခနဲဆွဲကာခေါ်သွားသဖြင့်
မော့လီမှာ တဟီးဟီး၊
ရန်ရုံမှာမူရှက်ရွံ့လျက် "လူငယ်တွေကတော့လေ နေ့ခင်းကြောင်တောင်ကြီးမှာတောင်
တော်တော်ဆိုးတယ် " ဟုရေရွတ်လိုက်လေသည်။

" ဘာလဲ ဘာလဲလို့
သူများတွေရှေ့မှာအဲ့လိုကြီးပြောလိုက်တော့
ဘယ်လိုထင်ကုန်ကြမလဲ "

" ဟင် ကိုယ်ဘာပြောလိုက်လို့လဲ
ကိုယ်ကရိုးရိုးသားသားခေါ်လိုက်တာပါကွာ
အာ..! မဟုတ်မှ မင်းက တစ်မျိုးထင်သွားတာကိုး "

" ဘာ..ဘာလဲ
မဟုတ်ပါဘူးနော် "

ယိချူးကား မျက်နှာနီလျက်ရှက်ရှက်ဖြင့်
အော်ဟစ်ပါတော့သည်။
လီကျင်းချန်းကမူ တဟားဟားအော်ဟစ်ရယ်မောလျက်။

" အမလေး..ကြည်နူးနေလိုက်ကြတာ "

အသံနှင့်အတူမြင်လိုက်ရသော ထိုက်ယန်မင်းသမီးကြီးအားနှစ်ယောက်သားပြိုင်တူခေါ်လိုက်ကြလေသည်။

" မယ်တော်..!

" အလကားကောင်
ကိုယ့်မိန်းမကိုထိပါးစော်ကားနေတာကို
လက်ပိုက်ကြည့်ငြိမ်ခံနေတယ်
မင်းမရှက်ဖူးလား "

" အာ..! မယ်တော်
သမီးကဘာမှမလုပ်ပဲငြိမ်နေဖို့ပြောထားလို့ပါ
ပြီးတော့ သတင်းအမှားတွေကိုဂရုစိုက်စရာမလိုဘူးထင်တယ်
တကယ်တော့ ဟန်လဲ့ရှင်းကိုနားလည်ပါတယ်
သူလိုချင်တပ်မက်နေတဲ့အရာကို သမီးကပိုင်ဆိုင်သွားတာဆိုတော့ မနာလိုဖြစ်တာမဆန်းပါဘူး
သူစိတ်ဖြေသာအောင်လွှတ်ထားပေးလိုက်ပါနော် "

" အိုးးး ငါ့မိန်းမက သဘောထားကြီးလိုက်တာ"

လီကျင်းချန်းက ယိချူး၏ပါးနှစ်ဖက်အား
ဖျစ်ညှစ်လိုက်ရင်း ပြုံးစစနှင့်ဆိုလေသည်။

" ဒါပေါ့ ညီမကအနိုင်ရသူပဲလေ ဟဲဟဲ "

ထိုအခါ ထိုက်ယန်မင်းသမီးကြီးမှာ
၎င်းတို့နှစ်ဦးအား စိတ်ပျက်လက်ပျက်ဖြင့်အော်ဟစ်လိုက်တော့သည်။

" တိတ်ကြစမ်း!
နှစ်ယောက်စလုံးပေါတောတောနဲ့ သွားကြ
ငါ့မျက်စိရှေ့ကနေသွားကြစမ်း "

လီကျင်းချန်းက‌ စောဒကတက်လိုက်လေသည်။

" မယ်တော်.!
ဒါ ကျွန်တော်တို့အဆောင်လေ ဘယ်ကိုသွားရမှာလဲ "

" သွားချင်တဲ့နေရာသာသွားကြ
ငါ့မျက်စိရှေ့ရောက်မလာရင်ရပြီ "

ထို့ကြောင့် ၎င်းတို့နှစ်ဦးမှာ အခြေအနေမဟန်မှန်းသိရကာ အချင်းချင်းမျက်စပြစ်လျက်
ထိုနေရာမှလစ်ထွက်လာခဲ့ရလေသည်။
အပြင်သို့ရောက်သောအခါ ယိချူးကသက်ပြင်းချလိုက်ရင်းဆို၏။

" ဟင်းးး!
မယ်တော် ယခုလိုစိတ်ဆိုးဒေါသထွက်တာ
ပထမဆုံးမြင်ဖူးတာပဲ "

" ကိုယ်ကတော့ရိူးသွားပြီ
ဒါနဲ့ မင်းတကယ်စိတ်ထဲမထားဖူးလား?"

_" ဘာကိုလဲ?"
_"ကိုယ့်အမေပြောတဲ့ကိစ္စလေ "

"'အင်း
တကယ်မထားပါဘူးဆို "

"'ကိုယ်ကတော့ထားတယ်
ဒါကြောင့်သွားကြစို့ "

" ဘယ်ကိုတုန်း?"

" ကောလဟလဖြန်တဲ့လူတွေပါးစပ်ပိတ်သွားအောင်
မင်းကို ကိုယ်ဘယ်လောက်ချစ်ကြောင်း
ကိုယ်တို့ဘယ်လောက်ပျော်ရွှင်နေလဲပြရမယ်လေ
ကိုယ်ကိုယုံစမ်းပါ
ကိုယ်က သရုပ်ဆောင်မင်းသားလီကျင်းချန်းပါကွ "

ယိချူးကအထိတ်တလန့်ဆို၏
" အာ..၊ထားလိုက်ပါ "
[ဟုတ်တယ်လေ သူကဟန်ဆောင်ချစ်ပြကြင်နာပြနဲ့ ငါကတော့ အဟုတ်ကြီးထင်ပြီး
ရင်တွေခုန်နေရတယ်
ကြာရင် နှလုံးရောဂါရပြီး ဟိုဘက်ကမ္ဘာပြန်မရောက်ခင် မာလကီးယားတော့မယ် ]

သို့သော် ယိချူးမှာငြင်းဆန်၍မရလိုက်ပါ
လီကျင်းချန်းခေါ်ရာနောက်သို့ ယက်ကန်ကန်ဖြင့်ပါသွာကာ ၎င်းပြင်ဆင်စီစဥ်ပေးသမျှ
ငြိမ်သက်စွာခံယူရတော့သည်။
ယိချူးမှာ ရန်ရုံနှင့်မော့လီတို့၏ပြင်ဆင်ခြယ်သပေးမှု့ကြောင့် ယခုအခါ အလွန်တရာမှ
လှပသောမိန်းမပျိုတစ်ဦးအသွင်သို့။
သူမမှာ ခရမ်းရောင်ဝတ်စုံဖြင့်မိန်းမဆန်စွာ၊
လီကျင်းချန်းက အဆောင်ထဲမှထွက်လာသော ယိချူးအား တဒင်္ဂမျှငေးမောသွားပြီးနောက် လက်မထောင်ပြလိုက်လေသည်။

" အားပါးပါးးး ငါ့မိန်းမလှလိုက်တာ "

ထိုအခါထုံးစံအတိုင်း ယိချူး၏မျက်စောင်းတစ်ချက်ကိုလက်ခံရရှိလိုက်လေသည်။

ဤသို့ဖြင့် နှစ်ဦးသားမှာလက်ချင်းတွဲလျက်ညနေခင်း၌စတင်အသက်ဝင်လာပြီဖြစ်သောမြို့တော်၏ညဈေးတန်တွင်လည်ပတ်စားသောက်ကြပါတော့သည်။
သူတို့၏နောက်တွင်မူ မော့လီ နှင့် အစေခံတစ်ချို့အပါအဝင် ရှန့်အိမ်တော်၏
လက်ရွေးစင်ကိုယ်ရံတော်အဖွဲ့မှာ အစောက်အရှောက်သဖွယ်လိုက်ပါလာလေသည်။
ဤမျှကြီးကျယ်ခမ်းနားလှသော အသွင်အပြင်ကြောင့် ယိချူးမှာအနည်းငယ်ရှက်ရွံ့မိသော်လည်း
လီကျင်းချန်းမှာမူ နည်းနည်းမျှဂရုမစိုက်ပေ။
၎င်းမှာ အနာဂတ်ကမ္ဘာတွင် အပြင်ထွက်တိုင်း
လူစိတ်ဝင်းစားခံရသည့်အနုပညာရှင်ဖြစ်လေရာ ယခုလိုကိစ္စမျိုးမှာ သူ့အတွက်
ထမင်းစားရေသောက်လိုပင်ဖြစ်နေသည်။
မတူညီသည့်အချက်မှာ ဤကမ္ဘာ၌မူ
ဓာတ်ပုံရိုက်ကူး၍သတင်းဖြန့်တင်မည့်လူများ
မရှိသည့်အတွက် ၎င်းမှာ စိတ်တိုင်းကျသွား
လာလည်ပတ်စားသောက်နေတော့သည်။
အစပထမတွင် ယိချူးမှာ အနည်းငယ်မျက်နှာပူမိသော်လည်း မုန့်ပဲသရေစာများစား
သောက်ဝါးတီးဆွဲနေရသောအခါ သူမမှာ
သူမ၏ဖြစ်တည်မှု့ကိုပင်မေ့လျာ့သွားလျက်
တဟီးဟီးဖြစ်နေလေတော့သည်။

ထိုအခါထုံးစံအတိုင်း လီကျင်းချန်းကစနောက်ပြန်သည်။

" စောနက ထားလိုက်ပါလို့ပြောတာဘယ်သူများပါလိမ့်
ခုတော့ လူစင်စစ်ကနေ မြင်းဖြစ်တော့မယ် "

ထိုအခါ ယိချူးကရှက်ရယ်ရယ်လိုက်ကာ
" သူများက ရှင်ကြီးပင်ပန်းမှာစိုးလို့ပါနော် "ဟုဆိုလျက် လီကျင်းချန်း၏အနားမှခပ်သုတ်သုတ်ထွက်သွားလေတော့သည်။
လီကျင်းချန်းမှာလည်း နောက်မှထက်ကြပ်မကွာလိုက်၍ ယိချူး၏လက်ကိုဆွဲကိုင်လျက်..။

#________________________________#

အပိုင်း_၁၄မျှော်
Thank for reading 🙏
#CherryRay🐦
2 April 2024
Tuesday 7:45PM



Zawgyi


" ဤကမ႓ာ၏ေနွာင္ႀကိဳး " (13)

အခန္း_၁၃(မင္းမရိွရင္ ကိုယ္ဘယ္ေလာက္ေတာင္အထီးက်န္ဆန္လိုက္မလဲ..)

လီက်င္းခ်န္းတို႔၏မဂၤလာပြဲအၿပီး ေနာက္ရက္အနည္းငယ္၌ နန္းၿမိဳ႔ေတာ္ႏွင့္
နန္းတြင္းထဲ၌ ေကာလဟလအျငင္းပြားမႈ႔ျပႆနာတစ္ရပ္ထြက္ေပၚလာေလသည္။
၄မွာ အိမ္ေရ႔ွစံႏွင့္ယိခ်ူး၏ မဂၤလာကိစၥအားသိရိွထားၾကသူတစ္ခ်ိဳ႕ထံမွ စတင္ပ်ံ့ႏွံ႔လာျခင္းပင္။
ထိုေကာလဟလမွာ
ရန္ယိခ်ူးက ရိုင္းစိုင္းသျဖင့္ မိဖုရားေခါင္းႀကီးမွကန႔္ကြက္၍ မဂၤလာပြဲပ်က္ျပယ္သြားသည္ဟူေသာသတင္းပင္။
ထိုမ်ွႏွင့္မကေသး ရန္ယိခ်ူး၏ဂုဏ္သိကၡာအတြက္ ရွန႔္လီမွလက္ထပ္ယူလိုက္သည္ဟူေသာေနာက္ဆက္တြဲသတင္းပါ ပ်ံ့ႏွံ႔လာေလသည္။
အဆိုပါသတင္းအား ရွန႔္အိမ္ေတာ္ထိန္းႏွင့္ေမာ့လီမွာ မနက္ခင္းေဈးဝယ္သြားရာမွၾကားသိလာၾကတာပင္။
ထိုသတင္းႏွင့္ပတ္သတ္၍ ယိခ်ူးတို႔မွာစိတ္ထဲမထားေသာ္လည္း ထိုက္ယန္မင္းသမီးႀကီးမွာမူ မ်ားစြာစိတ္ဆိုးေဒါသထြက္ေလသည္။
သို႔ႏွင့္ ထိုကိစၥ၏စတင္ျပန႔္ပြားရာ သတင္းအရင္းအျမစ္၏တရားခံအား စံုစမ္းပါေတာ့သည္။
ထိုအခါ ထိုသတင္းေတြ၏ေနာက္ကြယ္၌
မိဖုရားခါင္းႀကီးႏွင့္ အိမ္ေရ႔ွစံမိဖုရားတို႔ရိွေနမွန္းသိလိုက္ရေလသည္။
ထို႔ေၾကာင့္ ထိုက္ယန္မင္းသမီးႀကီးမွာ
သူမ မဝတ္တာၾကာၿပီျဖစ္ေသာ ‌ေတာ္ဝင္
မင္းသမီးႀကီးတစ္ပါး၏အေဆာင္အေယာင္မ်ားျပင္ဆင္ဝတ္စားကာ နန္းေတာ္သို႔ဝင္ေလသည္။
သူမေရာက္သြားေသာအခါ မိဖုရားေခါင္းႀကီး၏နန္းေဆာင္၌ ဟန္လဲ့ရွင္းပါအတူရိွေနသျဖင့္
[ေကာင္းတာေပါ့
ႏွစ္ေယာက္စလံုးကိုတၿပိဳင္နက္သတိေပးလိုက္ရင္ ငါလဲပါးစပ္ေညာင္းသက္သာတာေပါ့ ]ဟုေတြးမိလိုက္ေလသည္။

" ေယာက္မေတာ္ပါလား
လာပါ မလာစဖူးအလာထူးလို႔
အေဆာင္အေယာင္အျပၫ့္နဲ႔ပါလား
ညီလာခံလာတက္တာလား "

" မဟုတ္ဘူး မိဖုရားေခါင္းႀကီးဆီပဲလာေတြ့တာပါ "

ထိုစကားေၾကာင့္ မိဖုရားေခါင္းႀကီးမွာ
အနည္းငယ္ေတာ့ထိတ္လန႔္သြားရေလသည္
သို႔ေသာ္ဟန္မပ်က္ေစပဲေမးျမန္းလိုက္ေလသည္။

" ဘာအေၾကာင္းထူးမ်ားရိွလို႔ပါလိမ့္
အိမ္ေရ႔ွစံမိဖုရားက ကိုယ့္နန္းေဆာင္အရင္ျပန္ႏွင့္လိုက္ပါ "

" ခဏေလး
သူမကိုပါ ငါေျပာစရာရိွတယ္ "

ထိုက္ယန္မင္းသမီးႀကီးမွာဤသို႔ဆိုလ်က္
ခပ္တည္တည္ပင္ ထိုႏွစ္ေယာက္၏
မ်က္ႏွာခ်င္းဆိုင္၌ဝင္၍ထိုင္လိုက္ေလသည္။

" ေယာက္မ..!
ကြၽန္မကဘယ္သူလဲ "

" ကြၽန္မရဲ့ေယာက္မေတာ္
မင္းႀကီးရဲ့အစ္မေတာ္ေလ "

ထိုအခါ ထိုက္ယန္မင္းသမီးႀကီးကၿပံဳးလိုက္ေလသည္။

" ေတာ္ေသးတာေပါ့ သတိရေသးတာ
အဲ့ဒီေတာ့စကားေျပာရတာပိုလြယ္သြားၿပီ
ေယာက္မ..! ေသခ်ာနားေထာင္ေနာ္
ေယာက္မရဲ့ေသြးသားကပဲေသြးသားမဟုတ္သလို၊ ေယာက္မရဲ့သားသမီးကပဲ တန္ဖိုးရိွတာမဟုတ္ပါဘူး
ငါ့သားကလည္း ငါ့အတြက္တန္ဖိုးထားရသူပါ
သူ႔အတြက္ဆို ငါ့အသက္ကိုေတာင္ေပးရဲပါတယ္
ခ်ူးအယ္အတြက္လည္းထို႔အတူပဲ
ေနာက္ထပ္ ယခုလိုမ်ိဳး ယုတ္မာတဲ့နည္းလမ္းေတြထုတ္သံုးမယ္ဆို ငါက ၿငိမ္ေနမွာမဟုတ္ေတာ့ဘူးေနာ္ "

မိဖုရားေခါင္းႀကီးမွာ မည္သၫ့္စကားမ်ျွပန္လည္၍မဆိုႏိုင္ရွာပါ
သူမမွာ အံ့ဩထိတ္လန႔္ေနရကား ဆြံ႔အေနမိေလသည္။
ဟန္လဲ့ရွင္းကား မိဖုရားေခါင္းႀကီးအစား
ဝင္ေရာက္ေျဖရွင္းရန္ ပါးစပ္ဟလိုက္စဉ္မွာပင္...

" ဪ ၿပီးေတာ့အိမ္ေရ႔ွစံမိဖုရား..!
ဒီေနရာဒီရာထူးနဲ႔ မင္း..တကယ္လိုက္ဖက္တယ္
ဒီေယာကၡမနဲ႔ဒီလိုေခြၽးမ တကယ္လိုက္ဖက္ၾကတာပဲ
ငါ့ေခြၽးမျဖစ္မလာတာ ငါတကယ္ကံေကာင္းတယ္
ငါ့သားရွန႔္လီကလူၾကၫ့္တဲ့အျမင္က ဒီမေအထက္သာတယ္
ဒါေၾကာင့္ မင္းမဟုတ္ပဲ ခ်ူးအယ္ကိုေရြးခ်ယ္လိုက္တာေပါ့ "

" ေယာက္မ.!

ဟန္လဲ့ရွင္းကား မ်က္ရည္ဝဲသြားလ်က္
မိဖုရားေခါင္းႀကီးက ေအာ္ဟစ္လိုက္ေလသည္။

" ခဏ..ငါ့စကားမဆံုးေသးဘူး
လက္ရွ္ိမွာ ငါ့မယ္ေတာ္အရင္းႀကီးက သက္ရွ္ိ
ထင္ရွားရိွေနေသးတယ္ေနာ္
အဲ့တာက မင္းႀကီးရဲ့မယ္ေတာ္လည္းျဖစ္တယ္
ငါသာ မယ္ေတာ့္ဆီေလ်ွာက္တင္လိုက္ရင္
အိမ္ေရ႔ွစံရဲ့ေနရာက ယခုလိုတည္ၿမဲေနဦးမယ္လို႔ထင္လား "

" ေယာက္မက ငါ့ကိုၿခိမ္းေျခာက္ေနတာလား"

မိဖုရားေခါင္းႀကီးက မ်က္ႏွာပ်က္ယြင္းေနလ်က္ ေလသံမာမာျဖင့္ေမးလိုက္ရာ ထိုက္ယန္မင္းသမီးႀကီးက ၿပံဳးလ်က္ေျဖလိုက္ေလသည္။

" သတိေပးေနတာ
ငါက ဘာလဲဆိုတာမေမ့ဖို႔ "

ထိုက္ယန္မင္းသမီးႀကီးမွာ သူမေျပာလိုသၫ့္စကားတို႔အား အကုန္အစင္ေျပာဆိုၿပီးေနာက္
သူမမွာ ထိုနန္းေဆာင္ထဲမွထြက္လာခဲ့ေလသည္။
ထို႔ေနာက္တြင္ေတာ့ သူမမွာ မယ္ေတာ္ႀကီး၏
နန္းေဆာင္ဆီသို႔ဦးတၫ့္လိုက္ေလသည္။

ေယာက္မေတာ္ျပန္သြားၿပီးေနာက္ မိဖုရားေခါင္းႀကီးမွာ ေဒါသထြက္ကာက်န္ရစ္ခဲ့ေလသည္။
သူမ၏သက္တမ္းတေလ်ွာက္၌ ဤမ်ွအထိတစ္ႀကိမ္တစ္ခါမွ အေစာ္ကားမခံဖူးခဲ့ရာ
၄မွာ ေသြးပါတက္သြားသျဖင့္
နန္းတြင္းသမားေတာ္ပင့္ယူရသၫ့္အထိပင္။
ထိုသတင္းကိုၾကားေသာ္ ဖန္းမိဖုရားတစ္ေယာက္ အလြန္ပင္အားရေက်နပ္ေနေလသည္။

" ဟားဟားးး
ငါက ရန္ယိခ်ူးဆိုတဲ့ကေလးမရဲ့ပံုစံကိုရင္းႏွီးေနပါတယ္ထင္ေနတာ
ေက်ာက္တိန္ရွမ္းနဲ႔တူေနတာကိုး
မထင္မွတ္ထားမိဘူး
ေယာက္မေတာ္က သူ႔လိုအဆိပ္ျပင္းတဲ့ေခြၽးမကိုရထားတာပဲ
မိဖုရားေခါင္းႀကီးေတာ့ အိပ္ေပ်ာ္ေနတဲ့ေႁမြေဟာက္ကိုမွ ေခါင္းပုတ္မိလိုက္တာပဲ
ဟားးးဟားးးး "

" မယ္မယ္မိဖုရား!
ဒါဆို ကြၽန္မတို႔ ထိုက္ယန္မင္းသမီးႀကီးနဲ႔ပူးေပါင္းသင့္သလား "

" ေနဦး ဆႏၵမေစာနဲ႔
အရင္ဆံုး အေျခအေနေတြေစာင့္ၾကၫ့္ရေအာင္ "

" မွန္လွပါ "

တဖက္၌လည္း အိမ္ေရ႔ွစံမွာ သူ၏မယ္ေတာ္
နန္းေဆာင္သို႔လာေရာက္၍ သတင္းေမးေလသည္။
၄မွာ မိခင္အားစိုးရိမ္ပူပန္၍လာျခင္းမဟုတ္ရကာ ေရာက္ရာက္ခ်င္းပင္
တၫ့္တိုးေမးခ်လိုက္ေလသည္။

" မယ္ေတာ္လား
ယိခ်ူးကိုဂုဏ္သိကၡာပ်က္ယြင္းေအာင္
သတင္းအမွားေတျြဖန႔္ခိုင္လိုက္တာ "

" ကြၽန္မလုပ္လိုက္တာ
ကြၽန္မက အရွင့္သားအတြက္လုပ္ေပးတာပါ"

ဟန္လဲ့ရွင္းမွဝင္ေရာက္ေျဖဆိုလိုက္ေလသည္။

" ဟားးးးး မင္းအတြက္မဟုတ္ဖူးလား
ဘာလဲ အကိုေတာ္ရွန႔္လီက မင္းမဟုတ္ပဲ
ရန္ယိခ်ူးကိုေရြးခ်ယ္လိုက္လို႔ မနာလိုတာေလ "

" အရွင့္သားေရာဘာထူးလို႔လဲ
ရန္ယိခ်ူးက ရွန႔္လီကိုေရြးခ်ယ္သြားတာပဲေလ
ကြၽန္မတို႔အခ်င္းခ်င္းပူးေပါင္းသင့္တယ္ "

" ပူးေပါင္းရမယ္
မင္း အထင္မွားမေနနဲ႔
မင္းကိုငါလက္ထပ္တယ္ဆိုတာ ခမည္းေတာ္အမိန႔္ေၾကာင့္
ယိခ်ူးကိုမထိနဲ႔
ေနာက္မွ ငါမင္းသားသတိမေပးဖူးမေျပာနဲ႔ "

ေက်ာက္ဝမ္ရွန္း၏စကားေၾကာင့္ ဟန္လဲ့ရွင္း၏စိတ္ထဲ၌
[ ရန္ယိခ်ူး ငါတို႔ခ်ူးခ်ူးက
သိပ္ အရည္အခ်င္းရိွတာပါလား
ေယာက်ၤားႏွစ္ေယာက္ကအၿပိဳင္အဆိုင္ကို
ခ်စ္ျမတ္ႏိုးတာခံေနရတယ္ ]

မိဖုရားေခါင္းႀကီးကား သူမ၏သားေတာ္အားမၫ့္သၫ့္စကားမ်ွမဆိုလိုက္ပါေခ်။
သူမမွာစိတ္ပ်က္လက္ပ်က္ျဖင့္သာအိပ္ယာထဲလွဲလ်က္ၾကၫ့္ေနလိုက္ရသည္။

____________________

∆ရွန႔္အိမ္ေတာ္∆

ရွန႔္အိမ္ေတာ္၌မူ ထိုအေၾကာင္းအရာတို႔အားမသိရိွေသးပဲ ယိခ်ူးသည္ ဥယ်ာဉ္ေတာ္ထဲ၌ ေမာ့လီ၊ရန္ရံုတို႔ႏွင့္အဖြဲ႔က်လ်က္ ရယ္ေမာေနၾကေလသည္။
လီက်င္းခ်န္းမွာမူ ပ်င္းရိေနရကား
မိန္းမနားေတာက္တဲ့လိုလိုက္လံတြယ္ကပ္ကာ ဂ်ီက်လ်က္ရိွေလသည္။

" ေရွာင္ေပါင္..မိန္းမ..!
ကိုယ္ပ်င္းတယ္ "

ယိခ်ူးက သူမတို႔နားသို႔ေရာက္လာလ်က္ ဤႏွယ္ဆိုလိုက္ေသာ လီက်င္းခ်န္းေၾကာင့္ မ်က္ႏွာပူသြားေတာ့သည္။
ဤရက္ေတြအတြင္း၌ သူမမွာ ေလာင္လီ့အားျမင္တိုင္း ရင္ခုန္ေနသျဖင့္
တမင္တကာေရွာင္ဖယ္ေနရတာကို ဒင္းက
အလိုက္ကမ္းဆိုးမသိလိုက္ၿပီးစေနတယ္။
ထို႔ေၾကာင့္ ရွက္ရွက္ႏွင့္ေအာ္လိုက္ေလသည္။

" ပ်င္းေနရင္ အလုပ္တစ္ခုခုရွာလုပ္ေနေလ "

" ဘာမွလုပ္စရာမရိွဘူး
ဒါေၾကာင့္မင္းဆီလာတာေပါ့ သြားမယ္
ကိုယ့္အေဆာင္ကိုလိုက္ခဲ့ "

လီက်င္းခ်န္းမွာေျပာလဲေျပာ ယိခ်ူး၏
လက္ကိုဆတ္ခနဲဆြဲကာေခၚသြားသျဖင့္
ေမာ့လီမွာ တဟီးဟီး၊
ရန္ရံုမွာမူရွက္ရြံ႔လ်က္ "လူငယ္ေတြကေတာ့ေလ ေန့ခင္းေၾကာင္ေတာင္ႀကီးမွာေတာင္
ေတာ္ေတာ္ဆိုးတယ္ " ဟုေရရြတ္လိုက္ေလသည္။

" ဘာလဲ ဘာလဲလို႔
သူမ်ားေတြေရ႔ွမွာအဲ့လိုႀကီးေျပာလိုက္ေတာ့
ဘယ္လိုထင္ကုန္ၾကမလဲ "

" ဟင္ ကိုယ္ဘာေျပာလိုက္လို႔လဲ
ကိုယ္ကရိုးရိုးသားသားေခၚလိုက္တာပါကြာ
အာ..! မဟုတ္မွ မင္းက တစ္မ်ိဳးထင္သြားတာကိုး "

" ဘာ..ဘာလဲ
မဟုတ္ပါဘူးေနာ္ "

ယိခ်ူးကား မ်က္ႏွာနီလ်က္ရွက္ရွက္ျဖင့္
ေအာ္ဟစ္ပါေတာ့သည္။
လီက်င္းခ်န္းကမူ တဟားဟားေအာ္ဟစ္ရယ္ေမာလ်က္။

" အမေလး..ၾကည္ႏူးေနလိုက္ၾကတာ "

အသံႏွင့္အတူျမင္လိုက္ရေသာ ထိုက္ယန္မင္းသမီးႀကီးအားႏွစ္ေယာက္သားၿပိဳင္တူေခၚလိုက္ၾကေလသည္။

" မယ္ေတာ္..!

" အလကားေကာင္
ကိုယ့္မိန္းမကိုထိပါးေစာ္ကားေနတာကို
လက္ပိုက္ၾကၫ့္ၿငိမ္ခံေနတယ္
မင္းမရွက္ဖူးလား "

" အာ..! မယ္ေတာ္
သမီးကဘာမွမလုပ္ပဲၿငိမ္ေနဖို႔ေျပာထားလို႔ပါ
ၿပီးေတာ့ သတင္းအမွားေတြကိုဂရုစိုက္စရာမလိုဘူးထင္တယ္
တကယ္ေတာ့ ဟန္လဲ့ရွင္းကိုနားလည္ပါတယ္
သူလိုခ်င္တပ္မက္ေနတဲ့အရာကို သမီးကပိုင္ဆိုင္သြားတာဆိုေတာ့ မနာလိုျဖစ္တာမဆန္းပါဘူး
သူစိတ္ေျဖသာေအာင္လႊတ္ထားေပးလိုက္ပါေနာ္ "

" အိုးးး ငါ့မိန္းမက သေဘာထားႀကီးလိုက္တာ"

လီက်င္းခ်န္းက ယိခ်ူး၏ပါးႏွစ္ဖက္အား
ဖ်စ္ၫွစ္လိုက္ရင္း ၿပံဳးစစႏွင့္ဆိုေလသည္။

" ဒါေပါ့ ညီမကအႏိုင္ရသူပဲေလ ဟဲဟဲ "

ထိုအခါ ထိုက္ယန္မင္းသမီးႀကီးမွာ
၄တို႔ႏွစ္ဦးအား စိတ္ပ်က္လက္ပ်က္ျဖင့္ေအာ္ဟစ္လိုက္ေတာ့သည္။

" တိတ္ၾကစမ္း!
ႏွစ္ေယာက္စလံုးေပါေတာေတာနဲ႔ သြားၾက
ငါ့မ်က္စိေရ႔ွကေနသြားၾကစမ္း "

လီက်င္းခ်န္းက‌ ေစာဒကတက္လိုက္ေလသည္။

" မယ္ေတာ္.!
ဒါ ကြၽန္ေတာ္တို႔အေဆာင္ေလ ဘယ္ကိုသြားရမွာလဲ "

" သြားခ်င္တဲ့ေနရာသာသြားၾက
ငါ့မ်က္စိေရ႔ွေရာက္မလာရင္ရၿပီ "

ထို႔ေၾကာင့္ ၄တို႔ႏွစ္ဦးမွာ အေျခအေနမဟန္မွန္းသိရကာ အခ်င္းခ်င္းမ်က္စျပစ္လ်က္
ထိုေနရာမွလစ္ထြက္လာခဲ့ရေလသည္။
အျပင္သို႔ေရာက္ေသာအခါ ယိခ်ူးကသက္ျပင္းခ်လိုက္ရင္းဆို၏။

" ဟင္းးး!
မယ္ေတာ္ ယခုလိုစိတ္ဆိုးေဒါသထြက္တာ
ပထမဆံုးျမင္ဖူးတာပဲ "

" ကိုယ္ကေတာ့ရိူးသြားၿပီ
ဒါနဲ႔ မင္းတကယ္စိတ္ထဲမထားဖူးလား?"

_" ဘာကိုလဲ?"
_"ကိုယ့္အေမေျပာတဲ့ကိစၥေလ "

"'အင္း
တကယ္မထားပါဘူးဆို "

"'ကိုယ္ကေတာ့ထားတယ္
ဒါေၾကာင့္သြားၾကစို႔ "

" ဘယ္ကိုတုန္း?"

" ေကာလဟလျဖန္တဲ့လူေတြပါးစပ္ပိတ္သြားေအာင္
မင္းကို ကိုယ္ဘယ္ေလာက္ခ်စ္ေၾကာင္း
ကိုယ္တို႔ဘယ္ေလာက္ေပ်ာ္ရႊင္ေနလဲျပရမယ္ေလ
ကိုယ္ကိုယံုစမ္းပါ
ကိုယ္က သရုပ္ေဆာင္မင္းသားလီက်င္းခ်န္းပါကြ "

ယိခ်ူးကအထိတ္တလန႔္ဆို၏
" အာ..၊ထားလိုက္ပါ "
[ဟုတ္တယ္ေလ သူကဟန္ေဆာင္ခ်စ္ျပၾကင္နာျပနဲ႔ ငါကေတာ့ အဟုတ္ႀကီးထင္ၿပီး
ရင္ေတြခုန္ေနရတယ္
ၾကာရင္ ႏွလံုးေရာဂါရၿပီး ဟိုဘက္ကမ႓ာျပန္မေရာက္ခင္ မာလကီးယားေတာ့မယ္ ]

သို႔ေသာ္ ယိခ်ူးမွာျငင္းဆန္၍မရလိုက္ပါ
လီက်င္းခ်န္းေခၚရာေနာက္သို႔ ယက္ကန္ကန္ျဖင့္ပါသြာကာ ၄ျပင္ဆင္စီစဥ္ေပးသမ်ွ
ၿငိမ္သက္စြာခံယူရေတာ့သည္။
ယိခ်ူးမွာ ရန္ရံုႏွင့္ေမာ့လီတို႔၏ျပင္ဆင္ျခယ္သေပးမႈ႔ေၾကာင့္ ယခုအခါ အလြန္တရာမွ
လွပေသာမိန္းမပ်ိဳတစ္ဦးအသြင္သို႔။
သူမမွာ ခရမ္းေရာင္ဝတ္စံုျဖင့္မိန္းမဆန္စြာ၊
လီက်င္းခ်န္းက အေဆာင္ထဲမွထြက္လာေသာ ယိခ်ူးအား တဒဂၤမ်ွေငးေမာသြားၿပီးေနာက္ လက္မေထာင္ျပလိုက္ေလသည္။

" အားပါးပါးးး ငါ့မိန္းမလွလိုက္တာ "

ထိုအခါထံုးစံအတိုင္း ယိခ်ူး၏မ်က္ေစာင္းတစ္ခ်က္ကိုလက္ခံရရိွလိုက္ေလသည္။

ဤသို႔ျဖင့္ ႏွစ္ဦးသားမွာလက္ခ်င္းတြဲလ်က္ညေနခင္း၌စတင္အသက္ဝင္လာၿပီျဖစ္ေသာၿမိဳ႔ေတာ္၏ညေဈးတန္တြင္လည္ပတ္စားေသာက္ၾကပါေတာ့သည္။
သူတို႔၏ေနာက္တြင္မူ ေမာ့လီ ႏွင့္ အေစခံတစ္ခ်ိဳ႕အပါအဝင္ ရွန႔္အိမ္ေတာ္၏
လက္ေရြးစင္ကိုယ္ရံေတာ္အဖြဲ႔မွာ အေစာက္အေရွာက္သဖြယ္လိုက္ပါလာေလသည္။
ဤမ်ွႀကီးက်ယ္ခမ္းနားလွေသာ အသြင္အျပင္ေၾကာင့္ ယိခ်ူးမွာအနည္းငယ္ရွက္ရြံ႔မိေသာ္လည္း
လီက်င္းခ်န္းမွာမူ နည္းနည္းမ်ွဂရုမစိုက္ေပ။
၄မွာ အနာဂတ္ကမ႓ာတြင္ အျပင္ထြက္တိုင္း
လူစိတ္ဝင္းစားခံရသၫ့္အႏုပညာရွင္ျဖစ္ေလရာ ယခုလိုကိစၥမ်ိဳးမွာ သူ႔အတြက္
ထမင္းစားေရေသာက္လိုပင္ျဖစ္ေနသည္။
မတူညီသၫ့္အခ်က္မွာ ဤကမ႓ာ၌မူ
ဓာတ္ပံုရိုက္ကူး၍သတင္းျဖန႔္တင္မၫ့္လူမ်ား
မရိွသၫ့္အတြက္ ၄မွာ စိတ္တိုင္းက်သြား
လာလည္ပတ္စားေသာက္ေနေတာ့သည္။
အစပထမတြင္ ယိခ်ူးမွာ အနည္းငယ္မ်က္ႏွာပူမိေသာ္လည္း မုန႔္ပဲသေရစာမ်ားစား
ေသာက္ဝါးတီးဆြဲေနရေသာအခါ သူမမွာ
သူမ၏ျဖစ္တည္မႈ႔ကိုပင္ေမ့လ်ာ့သြားလ်က္
တဟီးဟီးျဖစ္ေနေလေတာ့သည္။

ထိုအခါထံုးစံအတိုင္း လီက်င္းခ်န္းကစေနာက္ျပန္သည္။

" ေစာနက ထားလိုက္ပါလို႔ေျပာတာဘယ္သူမ်ားပါလိမ့္
ခုေတာ့ လူစင္စစ္ကေန ျမင္းျဖစ္ေတာ့မယ္ "

ထိုအခါ ယိခ်ူးကရွက္ရယ္ရယ္လိုက္ကာ
" သူမ်ားက ရွင္ႀကီးပင္ပန္းမွာစိုးလို႔ပါေနာ္ "ဟုဆိုလ်က္ လီက်င္းခ်န္း၏အနားမွခပ္သုတ္သုတ္ထြက္သြားေလေတာ့သည္။
လီက်င္းခ်န္းမွာလည္း ေနာက္မွထက္ၾကပ္မကြာလိုက္၍ ယိခ်ူး၏လက္ကိုဆြဲကိုင္လ်က္..။

#________________________________#

အပိုင္း_၁၄မ်ွာ္
Thank for reading 🙏
#CherryRay🐦
2 April 2024
Tuesday 7:45PM


Продолжить чтение

Вам также понравится

Abhishree ~ The Queen of Mahabaleshgarh L A V L E E N

Исторические романы

6.1M 398K 74
Losing this war means captured by the enemy empire and considered as their prostitutes and servants. Dreaming that situation made my heart race even...
The untold story of the first wife Shobanamanivannan

Исторические романы

2.6M 139K 54
In ancient Times, we have heard about stories of kings who were in polygamous marriages. And certain movies have romanticised their life with second...
37.2K 2.9K 73
Translation Author:Dreamy Coffee Chater-575 translator by NORA
A Secret Ambition Laura

Исторические романы

127K 11.5K 34
Before giving herself over the the inevitable marriage mart that is the London Season, Lily Beresford is determined to make a clandestine foray out i...