မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...

By XiaoManTou96

168K 29.2K 929

Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... More

Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

152:တယောက်တော့ ပါလာပြီကွ!

830 155 20
By XiaoManTou96

Unicode

ဟဲကျင့် ဂိမ်းမကစားတာ သုံးနှစ်ရှိပြီဖြစ်ပြီး ဖက်ထုပ်လေးကိုလည်း မတွေ့တာကြာပြီပင်။တကယ်ကြီး ဟဲကျင့်လည်းဖက်ထုပ်လေးကိုလွမ်းနေခဲ့တာပါပဲ။ ဂိမ်းထဲက ကလေးလေးတစ်ယောက်သာ ဖြစ်ပေမယ့်လည်း သူဂိမ်းထဲကမထွက်သွားခင် ဖက်ထုပ် လေးက ဖေဖေလို့ခေါ်ခဲ့တာကို တွေးမိတဲ့အချိန်တိုင်း ဝမ်းနည်းခဲ့ရသည်။ဟဲကျင့်ကချင်ယွီကိုမေးလိုက်သည်။

"မင်းအခုထိ ဂိမ်းထဲမှာရှိသေးတာလား?"

ဂိမ်းထဲက ထွက်သွားပြီးနောက် ဟဲကျင့်သည် သူ့ဦးထုပ်ကိုပင် မယူသွားကြောင်း ချင်ယွီက သတိရသွားသဖြင့် စောဒကတက်တော့သည်

"မင်းမှမရှိတာကို ငါကဂိမ်းထဲဝင်ပြီးဘာလုပ်ရမှာလဲ?အိမ်အလွတ်ကို စောင့်ရှောက်ဖို့?"

တကယ်တော့ ချင်ယွီကဂိမ်းထဲဝင်ဖို့တောင် အလွန်အလုပ်များနေခဲ့ပြီးတကယ်လို့ သူဝင်ခဲ့ရင်တောင် ဖက်ထုပ်လေးနဲ့ တစ်ယောက်ကိုတစ်ယောက်ကြည့်နေရုံပဲရှိပြီး အဲ့ဒါကချင်ယွီကို ပိုပြီး ဝမ်းနည်းစေပါ၏။

ဟဲကျင့်က စကားထစ်ကာဖြင့် "မင်းအတွက် ဖက်ထုပ်လေးကမရှိနေပေးဘူးလား?"

အဲ့ဒါကိုတွေးမိသွားတော့ ချင်ယွီကဒေါသထွက် သွားပြီး

"မင်းက ဖက်ထုပ်လေးကိုအဲ့စကားတွေပြောပြီးထွက်သွားတာနဲ့ မင်းတာဝန်တွေကိုလွယ်လွယ်ထားသွားလို့ရတယ်လို့ထင်နေတာလား?ဒါက မင်းစကိုမစသင့်တဲ့ ကိစ္စကို အဆုံးသတ်သွားတာပဲကွ!"

ဟဲကျင့်: "!!!"  ချင်ယွီက သူဖက်ထုပ်လေးကိုပြောခဲ့တာတွေကိုသိတယ်လား?

ဟဲကျင့် တွေးနေတာတွေကို သူသိပုံပေါ်ပြီး

"ဖက်ထုပ်လေးမှာ အသံသွင်းတဲ့ လုပ်ဆောင်ချက်ရှိတယ်ဆိုတာ မင်းမသိဘူးလား?"

"ငါ....ငါမသိဘူး..."

ဟဲကျင့်က အပြစ်ရှိစိတ်ကိုမခံစားပဲမနေနိုင်ခဲ့ချေ။သူအဲ့ဒါကိုတွေးပြီးနောက်မှာတော့ ထပ်ပြီးတောင်းပန်ဖို့ဆုံးဖြတ်လိုက်လေသည်။

"ငါတောင်းပန်ပါတယ်"

ချင်ယွီ က သက်ပြင်းချပြီး "မေ့လိုက်တော့ အတိတ် ကို ငါ ဂရုမစိုက်တော့ဘူးအနာဂတ်မှာသာငါ့ကိုပိုပြီးဂရုစိုက်ပေးဖို့သတိရနော်"

ဟဲကျင့်:"ငါ မင်းကုမ္ပဏီကိုjoinမယ်လေ။ငါ့ကိုအချက်အလက်တွေပေးထားလိုက် ငါဒီရက်တွေမှာကြည့်ထားလိုက်မယ်"

နောက်ဆုံးတော့ချင်ယွီက ပိုပြီးပျော်သွားတဲ့ပုံပေါက်သွားကာ

"အလျင်လိုစရာမလိုပါဘူး။မင်းဒီအခွင့်ရေးမှာ ရက်အတော်ကြာအနားယူလိုက်ဉီး ပြီးတော့မင်းအလုပ်ရှုပ်နေခဲ့တာမလား မင်းမိဘတွေနဲ့အချိန်ပိုဖြုန်းလိုက်လေ"

ဟဲကျင့်က ချင်ယွီကို ဂိမ်းထဲကသူငယ်ချင်းတွေအကြောင်းလဲမေးမြန်းခဲ့သည်။အကုန်လုံးက ဂိမ်းထဲမှာရှိနေဉီးမယ်ဆိုတာကိုသူသိပေမယ့်လည်း Demon God ရဲ့ ဟိုလိုဂရပ်ဖစ် ဗားရှင်းပေါ်လာထဲက ကစားသမားအသစ်များပေါ်ပေါက်လာကာ ချင်ယွီမှန်းထားသလို အသင်းလိုက်ပြိုင်ပွဲတွေမှာလည်း ကျွမ်းကျင်ကစားသမားတွေနဲ့ဖွဲ့စည်းထားသည့် အသင်းများပေါ်လာခဲ့သည်။ချင်ယွီကသုံးနှစ်လုံးအလုပ်များနေခဲ့သဖြင့် သူ့အဆင့်သည်လည်း တခြားတယောက်နှင့်အစားထိုးသွားပြီဖြစ်ကာ နှလုံးသားမဲ့ မီး နဲ့ ရေသေဆိုသည်မှာ ဒဏ္ဏာရီလာ ဇာတ်ကောင် များဖြစ်ခဲ့တာလည်းကြာပြီပင်။

"မကြာခင်ကပဲ Demon God က upgrade လုပ်ခဲ့တယ်လေ အဲ့မှာ လိင်တူချင်းလဲလက်ထပ်လို့ရနေပြီ ပြီးတော့ ကလေးမွေးတာလည်းပိုပြီးလိုက်လျောညီထွေရှိလာတယ်။အခုဆိုမင်း ဥဥဖို့ 3 နှစ်ကြာလက် ထပ်ထားပြီးသားဖြစ်ဖို့ပဲလိုတယ်။ကြိုးကြာရိုင်းက ကိုယ်ဝန်ရှိနေပြီ....ရေသေနဲ့ကိုးခန်းမအရှင်မင်းမြတ်ကလက်ထပ်ထားတယ်..."

"အိုး!"

ဟဲကျင့်ကသွေးတောင် အန်မိတော့မလိုဖြစ်သွားရတော့တာပဲ

"သူတို့ကတွဲနေတာလား?"

ချင်ယွီကရယ်ကာဖြင့်  "ဘယ်လိုဖြစ်နိုင်မှာလဲ? လွင့်မျောတိမ်တိုက်နဲ့ ကြိုးကြာရိုင်းက လူသိရှင် ကြား ချစ်ခင်ပြနေတာကိုမြင်တော့ သူတို့မနာလိုဖြစ်ကြလို့လေ။ပြီးတော့လိင်တူလက်ထပ်တာက ဘယ်လိုလဲဆိုတာကိုလည်းသိချင်လို့လဲပါတာပေါ့ ငါထင်တာတော့ သူတို့အပျော်သဘောစမ်းသပ်တာပဲ"

ဟဲကျင့်: "..."

ချင်ယွီ:"မင်းလိုင်းတက်ခဲ့ရင် သူတို့ကိုတကယ့်အခြေအနေကိုမေးကြည့်လိုက်လေ။သူတို့လည်းမင်းကိုသတိရနေကြတာ မင်းဘယ်တော့ပြန်လာမလဲလို့ ငါ့ကိုမကြာခဏမေးတတ်သေးတယ်"

ဖုန်းချလိုက်ပြီးနောက်တွင်တော့ဟဲကျင့်ရုတ်တရက်တွေးမိသွားရသည်။သူဒီလောကကထွက်သွားပေမယ့်လည်း ကမ္ဘာကြီးကတော့ ပြောင်းလဲမူမရပ် တန့်ခဲ့ပါချေ။

သူ သေတ္တာတစ်လုံးနဲ့ အိမ်ပြန်ရောက်ချိန်မှာတော့ ဟဲကျင့်အမေက အံ့ဩသွားကာဖြင့်

"ဒီနေ့ အိမ်ပြန်လာတာစောလှချည်လား?"

ဟဲကျင့်:  "ကျွန်တော် အလုပ်ထွက်လိုက်တာ"

ဟဲကျင့် အမေမျက်နှာကဖြူဖျော့သွားပြီးတဖန်စိမ်းသွားကာ နောက်စက္ကန့်အကြာတွင်တော့ ဟဲမိသားစုထဲမှာ အော်သံအကျယ်ကြီးပေါ်လာတော့လေသည်။

"ဟဲကျင့်!!:

ရက်အနည်းငယ်ကြာပြီးနောက်တွင်တော့ ဟဲကျင့်သည်မီးဖိုချောင်တွင် သူ့အမေကို ကြက်သွန်ဖြူခွာပေးနေသော်လည်း နှစ်ယောက်သားကစကားမပြောကြပေ။ သူ့အမေက မီးဖိုချောင်သုံးဓားကိုကိုင် ပြီးဝက်သားကိုခုတ်ထစ်နေလေသည်။ဟဲကျင့်သည်တော့ အသားခုတ်သံကို သည်းထိတ်ရင်ဖိုစွာ နားထောင်နေလျက်အနည်းငယ်လည်းကြောက်လန့်နေခဲ့သည်

သူအလုပ်ထွက်ပြီး သုံးရက်အကြာထိ အိမ်မှာပဲနေခဲ့သည်။သူကစောစောထပြီး စောစောအိပ်ယာဝင်သည်။ သူ့အမေကို အိမ်မှုကိစ္စလုပ်ဖို့တောင် ကူညီပေးခဲ့သေး၏။ သူ့အမေက သူ့ကို မဆူမငေါက် မရိုက်ခဲ့ပေမဲ့ တစ်ချိန်လုံးတော့ ဒေါသအရမ်းထွက်နေသေးပါ၏။ သူ့အမေကဘုတ်ပြားပေါ်ကဝက်သားကိုဟဲကျင့်အမှတ်နဲ့ခုတ်ထစ်နေတာအသေအချာကြီးပါပဲနော်... (= _=)

"ဟင်းချက်ဝိုင်တစ်ပုလင်းသွားဝယ်!"

ဟဲကျင့်အမေက ကြက်သွန်ဖြူခွာပြီးဘာမှလုပ်စရာရှိပုံပေါ်နေတဲ့ဟဲကျင့်ကို အကြည့်စူးစူးနဲ့ကြည့်လိုက် တယ်

"ဟုတ်ကဲ့!"

ဟဲကျင့် က ကမန်းကတန်း ထရပ်လိုက်ပြီး သူ့လက် တွေကို သုတ်လိုက်၍ ပိုက်ဆံအိတ်နဲ့ သော့တွေကို ယူကာ အောက်ထပ်ကို ဆင်းသွားလိုက်တော့သည်

သူထွက်လာသည်နဲ့တပြိုင်နက်ဟဲကျင့် ပို၍ စိတ်သက်သာရာရသွားတော့သည်။ အိမ်၏ အငွေ့အသက် သည် စိတ်ပျက်စရာကောင်းလွန်းလှသည်။ အောက်ထပ်ကိုပြေးဆင်းပြီးနောက်သူ့လက်ပတ်ကိုကြည့်လိုက်လေသည်။သူက ဒီအခွင့်အရေးကိုယူပြီးချင်ယွီကိုဖုန်းခေါ်တော့မလို့ပင်။ထို့နောက်တွင်တော့ သူရုတ်တရက်လေတစ်ချက်ဝှေ့ကိုခံစားလိုက်ရပြီးနောက်တစက္ကန့်မှာပဲ သူအဖက်ခံလိုက်ရတယ်!

ဟဲကျင့် သူ့မျက်လုံးများပြူးကျယ်သွားကာ အော်လိုက်တော့သည်။

"ချင်ယွီ?"

ချင်ယွီ သည် နေကာမျက်မှန်တစ်လက်ကို ၀တ်ဆင် ထားပြီး ပါးစပ်ထောင့်များ မြင့်တက်နေကာ ဆိုးသွမ်းသော အပြုံးတစ်ခု ရှိနေခဲ့သည်။ သူသည်ဟဲကျင့်ကိုတစ်ပတ်လှည့်လိုက်ပြီး သူ့ခေါင်းကိုကိုင်ကာချက်ချင်းနမ်းလိုက်တော့သည်။ဟဲကျင့်သည်လည်းသူ့ကိုအားတက်သရောပြန်ဖက်လိုက်ပြီး သူတို့ရဲ့လျှာတွေ နှုတ်ခမ်းတွေဟာရောယှက်နေတော့လေရဲ့။

စက္ကန့်အနည်းငယ်ကြာ နမ်းပြီးနောက် ဟဲကျင့် သည် နောက်ဆုံးတွင်တော့ တုံ့ပြန်ခဲ့ပြီး ခဏနားရန် စိတ်အားထက်သန်နေခဲ့သည်။သူတုန်လှုပ်စွာဖြင့် ဘေးနားတဝိုက်ကိုကြည့်လိုက်သည်။အခုကအောက်ထပ်မှာရောက်နေတာဖြစ်ပြီး ဒီပတ်ဝန်းကျင်ကလူများသည် သူ့မိဘများနဲ့ရွယ်တူများဖြစ်ကြကာရှေးရိုးစွဲသူများလည်းဖြစ်သည်။အိမ်နီးချင်းတွေသာ သူတို့နမ်းနေတာကိုတွေ့သွားပါက သူ့မိဘတွေဒီမှာနေနိုင်မှာမဟုတ်တော့ဘူး!

"မင်းဒီကိုဘယ်လိုရောက်နေတာလဲ!"

ဟဲကျင့် သည် ချင်ယွီထံမှ အကြည့်မခွာနိုင်ခဲ့ပဲ သူတို့ထဲတွင်ပျော်ရွှင်မူတွေကိန်းအောင်းနေခဲ့သည်။

"မင်း ငါ့ကိုအရင်ကဘာလို့မပြောတာလဲ?"

"ငါ မင်းကို အံ့ဩသွားစေချင်လို့လေ"

ချင်ယွီက ဟဲကျင့်ရဲ့လက်ကိုမလွှတ်တမ်းဆုတ်ကိုင်ထားခဲ့သည်။ငှက်ပေါက်လေးလိုမျိုး သူကသူ့လည်ပင်းကိုဆန့်တန်းလိုက်ပြီး ဟဲကျင့်မျက်နှာကိုထိလာလေသည်။

"ငါမင်းကိုလွမ်းတယ် မင်းရောငါ့ကိုလွမ်းလား?"

ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ကာဖြင့် မျက်တောင်တဖျပ်ဖျပ်ခတ်လျက်ရိုးသားစွာပြောလာခဲ့သည်။

"ငါ မင်းကိုလွမ်းတယ်"

သေချာတာပေါ့ သူလွမ်းတယ်လေ နေ့တိုင်း အချိန် တိုင်း အခိုက်တန့်တိုင်းကိုလွမ်းနေခဲ့တာ။ပြီးတော့ သူလွမ်းတာကိုလည်း ဟန်ဆောင်စရာ ဖုံးကွယ်စရာမှမလိုတော့တာလေ။သူချင်ယွီကိုလွမ်းချင်သလောက်လွမ်းနိုင်ပြီပဲကို

ချင်ယွီ ကဟဲကျင့်ရဲ့လည်ပင်းမှာ သူ့မျက်နှာကို မြှုပ်နှံ့ထားပြီး နမ်းတာကို မရပ်တန့်နိုင်ခဲ့ချေ။သူဟဲကျင့်ကိုမတွေ့ရတာ သုံးပတ်သာရှိသေးသော်လည်း သုံးနှစ်လောက်ရှိနေသလိုပါပဲ

"မင်းဆီဘာလို့ ကြက်သွန်ဖြူနံ့ နံနေရတာလဲ?"

ချင်ယွီမျက်မှောင်အနည်းငယ်ကြုတ်မိသွားသည်။သူအနံ့အသက်မကောင်းနေသော်လည်း ဟဲကျင့်ကို မလွှတ်ပေးချင်သေးပေ။

"ငါ ငါ့အမေကိုကြက်သွန်ဖြူကူခွာပေးနေတာ"

ဟဲကျင့်က သူလုပ်ရမည့်ကိစ္စကိုရုတ်တရက်သတိရသွားကာဖြင့်

"အိုး! ငါ ဟင်းချက် ဝိုင်သွားဝယ်ရမှာ! မင်းက ဒီမှာ...ဘာ...ဘာလုပ်ရမလဲ..."

"ငါကဘာတတ်နိုင်မှာလဲ?ငါကမင်းကိုတွေ့ရုံလေးလာခဲ့တာလေ။ငါမင်းကိုအောက်ထပ်ဆင်းလာဖို့ခေါ်တော့မလို့ပဲရှိသေးမင်းရောက်လာတာပဲ...မင်းကငါ့ကိုမင်းအိမ်ထဲဝင်ခွင့်မပေးမှတော့ ငါဒီမှာပဲငါ့ကားထဲမှအိပ်ရုံပဲပေါ့"

ချင်ယွီကြည့်ရတာစောဒကတက်ချင်နေပုံပင်။

ဟဲကျင့်ကသူ့ကိုကြည့်၍ခဏလောက်ရုန်းကန်လျက်ပြောလာလေသည်။

"ငါနဲ့အပေါ်ထပ်ကိုလိုက်ခဲ့"

ချင်ယွီ ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး

"တကယ်လား?အဲ့ဒါကတကယ်ကြီးအဆင်ပြေလို့လား?"

ဟဲကျင့်ကခေါင်းငြိမ့်ပြပြီး

"ဒါပေမယ့် ငါ့အမေကမင်းကိုကန်ထုတ်ပစ်မလားဆိုတာတော့ငါလည်းမသေချာဘူး"

ချင်ယွီ က အရမ်းစိတ်လှုပ်ရှားနေပုံရပြီး ဟဲကျင့်ကိုပွေ့ဖက်လိုက်ကာဖြင့်

"ရဲရင့်တဲ့ စစ်သားက တိုက်ပွဲကို မကြောက်ဘူး။ငါ့ကိုကန်ထုတ်ရင် ငါတို့ဘာလုပ်လို့ရလဲဆိုတာကိုကြည့်ကြတာပေါ့!"

ဟဲကျင့် က သူ့ကို ဆွဲခေါ်သွားပြီး "ခဏနေဦး! ငါဟင်းချက်ဝိုင်ဝယ်ရဉီးမယ်!"

ချင်ယွီ:"အဲ့ဒါအကြံကောင်းပဲ ငါတို့ လက်ဗလာနဲ့ဝင်သွားလို့တော့မကောင်းဘူး"

သူတို့နှစ်ယောက် အနီးနားရှိ စူပါမားကတ်တစ်ခုသို့ ရောက်လာခဲ့ကြသည်။ ချင်ယွီ သည် ဦးထုပ်တစ် လုံး၊ နေကာမျက်မှန်နှင့်မာဖလာတစ်ထည်ကို ၀တ်ဆင်ထားသော်လည်း သူသည် အာရုံစူးစိုက်မှုများစွာကို ဖမ်းစားထားဆဲဖြစ်သည်။ ကျော်ကြားသူအဖြစ် သုံးနှစ်ကြာနေထိုင်ပြီးနောက်တွင် သူ၏စိတ်နေသဘောထားသည် သာမန်လူများနှင့် အမှန်တကယ် ကွဲပြားသွားခဲ့သည်။

လူထူထပ်သောနေရာများတွင်ဟဲကျင့် သည် သူနှင့် အလွန်နီးကပ်စွာ မနေရဲပေ။ သူသည် ဟင်းခတ်အမွှေးအကြိုင်များနှင့်ဝိုင်ထားသောနေရာသို့သွားကာ ဝိုင်ပုလင်းများကိုယူခဲ့သည်။ ချင်ယွီသည်တော့လက်ဆောင်ရောင်းသည့်နေရာတွင် ဝိုင်များကိုရွေးနေကာ သူကြိုက်တာကိုမတွေ့နေချေ။သူဟဲကျင့်ကိုတွေ့သည်နှင့်မေးလိုက်သည်။

"မင်းအမေ ဘာကြိုက်တတ်လဲ?"

ချင်ယွီက သူ့အမေကို ရွှေ ဒါမှမဟုတ် လက်ဝတ်ရတနာတွေ ပေးရင်တောင် သူ့အမေက ကြိုက်မှာမဟုတ်ဘူးလို့ ဟဲကျင့်ကတွေးမိလိုက်သည်။ သို့သော်သူ တဲ့တိုးကြီးမပြောချင်ပေ။ အဲဒီအစား သူက ရွှတ် နောက်နောက်ပြောလိုက်သည်

"မင်းတွေ့တာမှန်သမျှ ယူလိုက်။ငါတို့ကညစာစားရုံပဲကို လက်ထပ်ဖို့ခွင့်ပြုချက်ယူဖို့လည်းမှမဟုတ် တာ"

ချင်ယွီက နှုတ်ခမ်းစူလျက် ဈေးအကြီးဆုံးငှက်သိုက်ဗူးကိုယူလိုက်တော့သည်။အဲ့နောက်မှာတော့ဟဲကျင့်ရဲ့ဟင်းချက်ဝိုင်ပုလင်းတွေကိုပါယူကာငွေရှင်းဖို့သွားတော့သည်

ဟဲကျင့်ကသူ့နောက်ကလိုက်ခဲ့ပြီး နှလုံးခုန်သံတွေလည်း တအားမြန်လာခဲ့သည်။ ဒီအခိုက်အတန့်မှာပဲ သူ့ချစ်သူကောင်လေးကို အိမ်ခေါ်လာပြတယ်ဆိုတဲ့ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရတယ်။

စူပါမားကတ်ထဲက ထွက်လာတော့ ဟဲကျင့်ကမေးလိုက်သည်။

"မင်း ငါ့အဖေအတွက်ရောတခုခုမဝယ်တော့ဘူးလား?"

"မင်းအဖေကဆေးလိပ်သောက်တာကို ကြိုက်တယ် လို့ မင်းပြောခဲ့တယ်မလား?"

ချင်ယွီက ဟဲကျင့်ရဲ့ အိမ်အပြင်ဘက်မှာ ရပ်ထားတဲ့ Mini-suv ကို လက်ညှိုးထိုးပြပြီး

"ကားထဲမှာ စီးကရက်ကောင်းကောင်း နှစ်ဗူးရှိတယ် နောက်ဆုံးပွဲတုန်းက တစ်ယောက်ယောက်ကငါ့ကိုပေးခဲ့တာ"

ဟဲကျင့် က ကားကိုကြည့်လိုက်ပြီး

"မင်း ဒီကားကိုဝယ်ထားတာမကြာသေဘူးမလား?"

သူနောက်ဆုံးတခေါက်ကားပေါ်မှာတုန်းက အကုန်လုံးကအသစ်နံ့ရနေတာကိုသူတွေ့လိုက်တယ်လေ

ချင်ယွီက သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးရယ်လျက်ပြောလာခဲ့သည်။

"ပထမက ငါထင်တာကငါမင်းနဲ့ အချိန်တစ်ခုလောက်ထိQမြို့မှာပုန်းတမ်းလိုက်တမ်းဆော့ရဉီးမယ်လို့ထင်လိုက်တာအဲ့ဒါနဲ့ငါဒီကားဝယ်ဖို့ဆုံးဖြတ် လိုက်တာပဲ အဲ့လိုဆိုမင်းကိုဖမ်းပြီး မင်းနဲ့ကားထဲမှာ xxxလုပ်လို့ရတယ်လေ"

ဟဲကျင့်:"..."

ချင်ယွီ:"မင်းငါနဲ့သိပ်မကြာခင်ပဲအတူတူထွက်သွားမယ်လို့လဲမမျှော်လင့်ထားခဲ့ဘူးပြီးတော့ငါဒီကားကိုဘာလုပ်ရမလဲဆိုတာလဲအခုထိမသိသေးဘူး။မင်းမိဘတွေကားမောင်းတတ်လား?ငါဒီဟာကိုမင်းနေရာမှာပဲထားထားလိုက်မယ်လေအဲ့လိုဆိုမင်းပြန်လာတော့လည်းမောင်းလို့ရတာပေါ့"

"ငါ့ မိဘတွေက ကားမမောင်းဘူး။"

ဟဲကျင့်သည် ယမန်နှစ်က သူ့၏ ယာဉ်မောင်းလိုင်စင်ကို ရရှိခဲ့ပြီး မိခင်ဖြစ်သူက ကားလက်ဖွဲ့ပေးဖို့က မိနိးမဘက်ကလို့ အခိုင်အမာ ပြောကြားထားခဲ့သော ကြောင့် သူလေ့ကျင့်ရန် အခွင့်အလမ်း လုံးဝမရှိခဲ့ပေ။ ချင်ယွီ ပြောတာကို ကြားတော့ ဟဲကျင့် အနည်းငယ် ရှုပ်ထွေးသွားသည် ။သူလေးလေးနက်နက်တွေးကြည့်လိုက်တော့ အဲ့ဒါက ချင်ယွီဆီက မဂ်လာလက်ဖွဲ့လို့တွေးလိုက်လို့ရတာပဲလေနော်

"ဘာရယ်တာလဲ?"

ဟဲကျင့်ကမရယ်မိအောင်ထိန်းနေတာကိုချင်ယွီကတွေ့လိုက်တော့ သူ့မျက်နှာကိုလှမ်းပြီးဆွဲဆိတ်လိုက်လေ၏။ဘာလို့ဆိုလမ်းမကြီးမှာဆိုတော့ သူတို့ပွင့်ပွင့်လင်းလင်းနမ်းလို့မရနေဘူးလေနော်

ဟဲကျင့်: "..."

ချင်ယွီ သည် ကားပေါ်ရှိ စီးကရက်နှစ်ဗူးဖြစ်သည့် ကျုန်းနန်ဟိုင် နဲ့ Malboro ကိုယူလိုက်သည်။ သူသည် ငှက်သိုက်ကိုလည်း ယူကာဖြင့် ဟဲကျင့် ၏ အိမ် ဘက်သို့ဉီးတည်လိုက်တော့သည်

ဟဲကျင့် က ဟင်းချက်ဝိုင်တစ်ပုလင်းဝယ်ဖို့ နာရီဝက်လောက် အချိန်ယူခဲ့ရတယ် ဟဲကျင့်အမေကအလွန်ဂဏာမငြိမ်ဖြစ်နေပြီပင်။တံခါးဖွင့်သံကြားချိန်မှာတော့ ဒေါသထွက်နေသည့်မျက်နှာနဲ့ မီးဖိုခန်းထဲက ချက်ချင်းထွက်လာခဲ့သည်။ဟဲကျင့်ကို ကြိမ်းမောင်းဖို့ပြင်ရင်းပေါ့။ဒါပေမယ့်မထင်မှတ်ထားစွာပဲ ဟဲကျင့်ကို သူ့ထက်ခေါင်းတလုံးလောက်ပိုမြင့်တဲ့ သူစိမ်းကောင်လေးတစ်ယောက်နဲ့အတူတွေ့လိုက်ရတာပဲ

"အမေ..."

ဟဲကျင့် က သူ့အမေကို အားပျော့စွာ ခေါ်လိုက်ပြီး ချင်ယွီကို တိုက်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။သူ့လက်ထဲကပစ္စည်းတွေကိုယူလိုက်ပြီးစားပွဲတင် လိုက်သည်။ဟဲကျင့်အဖေသည်လည်းအံ့ဩလျက် ဆိုဖာပေါ်ကနေထရပ်လာခဲ့သည်

"ဒါက....?"

ချင်ယွီ သည် သူ၏နေကာမျက်မှန်နှင့် ဦးထုပ်များကို ချွတ်လိုက်ပြီး သူ၏ လက်ရာမြောက်ပြီး ချောမောသောအသွင်အပြင်ကို ထုတ်ဖော်ပြသလာခဲ့သည်။ သူ၏နက်နဲသောမျက်လုံးများသည်လည်း ဟဲကျင့်မိဘများ၏အကြည့်ကို လုံးဝရှောင်လွှဲခြင်းမရှိခဲ့ကာဖြင့် ရိုသေစွာပြောလိုက်သည်။

"အဖေ အမေ"

ဟဲမိသားစု:"...."

ဟဲကျင့် က သူ့ကို ဆွဲလိမ်လိုက်ပြီး ရှက်ကိုးရှက်ကန်းနဲ့

"မင်းဘယ်သူ့ကိုခေါ်နေတာလဲ!"

ဟဲကျင့်အမေကတော်တော်တုန်လှုပ်သွားပြီးအာရုံလည်းမစိုက်နိုင်တော့ချေ။သူမကမေ့လဲလုနီးနီးပါပဲ

ဟဲကျင့်အဖေသည်လည်းတောင့်တင်းနေကာ သူ့မျက်နှာပေါ်ကအရေးကြောင်းများသည်လည်း တင်းလိုက်လျော့လိုက်ဖြစ်နေခဲ့သည်

ချင်ယွီက ချဉ်းကပ်လွယ်မည့် ဟဲကျင့်အဖေကိုကြည့်ကာဖြင့် စားပွဲပေါ်က စီးကရက်ဗူးတွေကို ညွှန်ပြလျက်

"အဖေ ဟဲကျင့်ဆီက အဖေဆေးလိပ်သောက်ရတာကြိုက်တယ်လို့ကြားလို့လေ ကျွန်တော်လည်းအလျင်လိုနေတာနဲ့ သေချာတော့မပြင်ဆင်ခဲ့ရပါဘူး။ဒါကအဖေ့တွက်လက်ဆောင်သေးသေးလေးပါ။အဖေကြိုက်မယ်လို့မျှော်လင့်ပါတယ်။နောက်တစ် ခါကြရင်တော့ ဒီထက်ပိုကောင်းတာပြင်ဆင်ခဲ့ပါ့မယ်"

ဟဲကျင့်အဖေက စားပွဲပေါ်ကစီးကရက်ဗူးတွေကိုရွှေရောင်တောက်နေသလိုမျိုးကြည့်လိုက်လေသည်။မကြာခင်မှာပဲ သူ့ပါးများနီရဲလာကာသူပြုံးလဲပြုံးလာခဲ့သည်။သူကခေါင်းကိုငြင်သာစွာညိမ့် ကာဖြင့် ဆိုဖာကိုပုတ်လျက်

"လာ ဒီလာထိုင်"

ဟဲကျင့်နဲ့ သူ့အမေ "..."

ချင်ယွီက လက်သီးကိုဆုပ်လျက် သူ့စိတ်ထဲတွင် အော်ဟစ်မြည်ကြွေးနေခဲ့သည်။ယေး! တစ်ယောက် တော့ပါလာပြီကွ!

ဟဲကျင့်သည် စီးကရက် နှစ်ဗူးနဲ့တင်ပါသွားတဲ့ သူ့အဖေကိုကြည့်လျက်ဆွံ့အသွားတော့သည်။

ချင်ယွီသည် မသိမသာ နောက်သို့ ဆုတ်သွားသော ဟဲကျင့်အမေ ကို တဖန် ကြည့်လိုက်သည်။ တီဗီထဲက လူတစ်ယောက်လို ချောမောတဲ့ ဒီလူငယ်ကို သူမက ကြည့်နေတုန်းပဲ။ ချင်ယွီ ရှေ့တစ်လှမ်းတိုးလိုက်သောအခါတွင် သူမက နောက်ပြန်ဆုတ်သွားသည် ။ သူမကကြောက်လန့်ပြီး ဘယ်လိုတုံ့ပြန်ရမှန်းမသိ ဖြစ်နေပုံပါပဲ။

"အမေ~"

ချင်ယွီက သူ့မျက်နှာပေါ်တွင် အပြုံးကြီးကြီးဆင်မြန်းထားကာ ချစ်ခင်မူအပြည့်နှင့်ခေါ်လာခဲ့သည်။သူကလောကကြီးမှာရှိတဲ့အမျိုးသမီးတွေရဲ့ နှလုံးသားကိုအနိုင်ရခဲ့တဲ့အတွက်ကြောင့် ဟဲကျင့်အမေရဲ့ နှလုံးသားကိုလည်း အနိုင်မရဘူးဆိုတာမယုံပါဘူးနော်

သတ္တိရှိတဲ့သူက ဘယ်လောက်ခက်ခဲတဲ့လမ်းကိုမဆို အမြဲအနိုင်ရလိမ့်မယ်!

ချင်ယွီ သည် ပို၍ နီးကပ်လာသည်ကို မြင်လိုက်ရသည်နှင့် ဟဲကျင့် အမေသည် လုံးဝ အကာအကွယ်မဲ့သွားတော့သည်။

Zawgyi

152:တေယာက္ေတာ့ ပါလာၿပီကြ!

ဟဲက်င့္ ဂိမ္းမကစားတာ သုံးႏွစ္ရွိၿပီျဖစ္ၿပီး ဖက္ထုပ္ေလးကိုလည္း မေတြ႕တာၾကာၿပီပင္။တကယ္ႀကီး ဟဲက်င့္လည္းဖက္ထုပ္ေလးကိုလြမ္းေနခဲ့တာပါပဲ။ ဂိမ္းထဲက ကေလးေလးတစ္ေယာက္သာ ျဖစ္ေပမယ့္လည္း သူဂိမ္းထဲကမထြက္သြားခင္ ဖက္ထုပ္ ေလးက ေဖေဖလို႔ေခၚခဲ့တာကို ေတြးမိတဲ့အခ်ိန္တိုင္း ဝမ္းနည္းခဲ့ရသည္။ဟဲက်င့္ကခ်င္ယြီကိုေမးလိုက္သည္။

"မင္းအခုထိ ဂိမ္းထဲမွာရွိေသးတာလား?"

ဂိမ္းထဲက ထြက္သြားၿပီးေနာက္ ဟဲက်င့္သည္ သူ႔ဦးထုပ္ကိုပင္ မယူသြားေၾကာင္း ခ်င္ယြီက သတိရသြားသျဖင့္ ေစာဒကတက္ေတာ့သည္

"မင္းမွမရွိတာကို ငါကဂိမ္းထဲဝင္ၿပီးဘာလုပ္ရမွာလဲ?အိမ္အလြတ္ကို ေစာင့္ေရွာက္ဖို႔?"

တကယ္ေတာ့ ခ်င္ယြီကဂိမ္းထဲဝင္ဖို႔ေတာင္ အလြန္အလုပ္မ်ားေနခဲ့ၿပီးတကယ္လို႔ သူဝင္ခဲ့ရင္ေတာင္ ဖက္ထုပ္ေလးနဲ႔ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ေန႐ုံပဲရွိၿပီး အဲ့ဒါကခ်င္ယြီကို ပိုၿပီး ဝမ္းနည္းေစပါ၏။

ဟဲက်င့္က စကားထစ္ကာျဖင့္ "မင္းအတြက္ ဖက္ထုပ္ေလးကမရွိေနေပးဘူးလား?"

အဲ့ဒါကိုေတြးမိသြားေတာ့ ခ်င္ယြီကေဒါသထြက္ သြားၿပီး

"မင္းက ဖက္ထုပ္ေလးကိုအဲ့စကားေတြေျပာၿပီးထြက္သြားတာနဲ႔ မင္းတာဝန္ေတြကိုလြယ္လြယ္ထားသြားလို႔ရတယ္လို႔ထင္ေနတာလား?ဒါက မင္းစကိုမစသင့္တဲ့ ကိစၥကို အဆုံးသတ္သြားတာပဲကြ!"

ဟဲက်င့္: "!!!"  ခ်င္ယြီက သူဖက္ထုပ္ေလးကိုေျပာခဲ့တာေတြကိုသိတယ္လား?

ဟဲက်င့္ ေတြးေနတာေတြကို သူသိပုံေပၚၿပီး

"ဖက္ထုပ္ေလးမွာ အသံသြင္းတဲ့ လုပ္ေဆာင္ခ်က္ရွိတယ္ဆိုတာ မင္းမသိဘူးလား?"

"ငါ....ငါမသိဘူး..."

ဟဲက်င့္က အျပစ္ရွိစိတ္ကိုမခံစားပဲမေနႏိုင္ခဲ့ေခ်။သူအဲ့ဒါကိုေတြးၿပီးေနာက္မွာေတာ့ ထပ္ၿပီးေတာင္းပန္ဖို႔ဆုံးျဖတ္လိုက္ေလသည္။

"ငါေတာင္းပန္ပါတယ္"

ခ်င္ယြီ က သက္ျပင္းခ်ၿပီး "ေမ့လိုက္ေတာ့ အတိတ္ ကို ငါ ဂ႐ုမစိုက္ေတာ့ဘူးအနာဂတ္မွာသာငါ့ကိုပိုၿပီးဂ႐ုစိုက္ေပးဖို႔သတိရေနာ္"

ဟဲက်င့္:"ငါ မင္းကုမၸဏီကိုjoinမယ္ေလ။ငါ့ကိုအခ်က္အလက္ေတြေပးထားလိုက္ ငါဒီရက္ေတြမွာၾကည့္ထားလိုက္မယ္"

ေနာက္ဆုံးေတာ့ခ်င္ယြီက ပိုၿပီးေပ်ာ္သြားတဲ့ပုံေပါက္သြားကာ

"အလ်င္လိုစရာမလိုပါဘူး။မင္းဒီအခြင့္ေရးမွာ ရက္အေတာ္ၾကာအနားယူလိုက္ဉီး ၿပီးေတာ့မင္းအလုပ္ရႈပ္ေနခဲ့တာမလား မင္းမိဘေတြနဲ႔အခ်ိန္ပိုျဖဳန္းလိုက္ေလ"

ဟဲက်င့္က ခ်င္ယြီကို ဂိမ္းထဲကသူငယ္ခ်င္းေတြအေၾကာင္းလဲေမးျမန္းခဲ့သည္။အကုန္လုံးက ဂိမ္းထဲမွာရွိေနဉီးမယ္ဆိုတာကိုသူသိေပမယ့္လည္း Demon God ရဲ႕ ဟိုလိုဂရပ္ဖစ္ ဗားရွင္းေပၚလာထဲက ကစားသမားအသစ္မ်ားေပၚေပါက္လာကာ ခ်င္ယြီမွန္းထားသလို အသင္းလိုက္ၿပိဳင္ပြဲေတြမွာလည္း ကြၽမ္းက်င္ကစားသမားေတြနဲ႔ဖြဲ႕စည္းထားသည့္ အသင္းမ်ားေပၚလာခဲ့သည္။ခ်င္ယြီကသုံးႏွစ္လုံးအလုပ္မ်ားေနခဲ့သျဖင့္ သူ႔အဆင့္သည္လည္း တျခားတေယာက္ႏွင့္အစားထိုးသြားၿပီျဖစ္ကာ ႏွလုံးသားမဲ့ မီး နဲ႔ ေရေသဆိုသည္မွာ ဒဏၰာရီလာ ဇာတ္ေကာင္ မ်ားျဖစ္ခဲ့တာလည္းၾကာၿပီပင္။

"မၾကာခင္ကပဲ Demon God က upgrade လုပ္ခဲ့တယ္ေလ အဲ့မွာ လိင္တူခ်င္းလဲလက္ထပ္လို႔ရေနၿပီ ၿပီးေတာ့ ကေလးေမြးတာလည္းပိုၿပီးလိုက္ေလ်ာညီေထြရွိလာတယ္။အခုဆိုမင္း ဥဥဖို႔ 3 ႏွစ္ၾကာလက္ ထပ္ထားၿပီးသားျဖစ္ဖို႔ပဲလိုတယ္။ႀကိဳးၾကာ႐ိုင္းက ကိုယ္ဝန္ရွိေနၿပီ....ေရေသနဲ႔ကိုးခန္းမအရွင္မင္းျမတ္ကလက္ထပ္ထားတယ္..."

"အိုး!"

ဟဲက်င့္ကေသြးေတာင္ အန္မိေတာ့မလိုျဖစ္သြားရေတာ့တာပဲ

"သူတို႔ကတြဲေနတာလား?"

ခ်င္ယြီကရယ္ကာျဖင့္  "ဘယ္လိုျဖစ္ႏိုင္မွာလဲ? လြင့္ေမ်ာတိမ္တိုက္နဲ႔ ႀကိဳးၾကာ႐ိုင္းက လူသိရွင္ ၾကား ခ်စ္ခင္ျပေနတာကိုျမင္ေတာ့ သူတို႔မနာလိုျဖစ္ၾကလို႔ေလ။ၿပီးေတာ့လိင္တူလက္ထပ္တာက ဘယ္လိုလဲဆိုတာကိုလည္းသိခ်င္လို႔လဲပါတာေပါ့ ငါထင္တာေတာ့ သူတို႔အေပ်ာ္သေဘာစမ္းသပ္တာပဲ"

ဟဲက်င့္: "..."

ခ်င္ယြီ:"မင္းလိုင္းတက္ခဲ့ရင္ သူတို႔ကိုတကယ့္အေျခအေနကိုေမးၾကည့္လိုက္ေလ။သူတို႔လည္းမင္းကိုသတိရေနၾကတာ မင္းဘယ္ေတာ့ျပန္လာမလဲလို႔ ငါ့ကိုမၾကာခဏေမးတတ္ေသးတယ္"

ဖုန္းခ်လိုက္ၿပီးေနာက္တြင္ေတာ့ဟဲက်င့္႐ုတ္တရက္ေတြးမိသြားရသည္။သူဒီေလာကကထြက္သြားေပမယ့္လည္း ကမာၻႀကီးကေတာ့ ေျပာင္းလဲမူမရပ္ တန႔္ခဲ့ပါေခ်။

သူ ေသတၱာတစ္လုံးနဲ႔ အိမ္ျပန္ေရာက္ခ်ိန္မွာေတာ့ ဟဲက်င့္အေမက အံ့ဩသြားကာျဖင့္

"ဒီေန႔ အိမ္ျပန္လာတာေစာလွခ်ည္လား?"

ဟဲက်င့္:  "ကြၽန္ေတာ္ အလုပ္ထြက္လိုက္တာ"

ဟဲက်င့္ အေမမ်က္ႏွာကျဖဴေဖ်ာ့သြားၿပီးတဖန္စိမ္းသြားကာ ေနာက္စကၠန႔္အၾကာတြင္ေတာ့ ဟဲမိသားစုထဲမွာ ေအာ္သံအက်ယ္ႀကီးေပၚလာေတာ့ေလသည္။

"ဟဲက်င့္!!:

ရက္အနည္းငယ္ၾကာၿပီးေနာက္တြင္ေတာ့ ဟဲက်င့္သည္မီးဖိုေခ်ာင္တြင္ သူ႔အေမကို ၾကက္သြန္ျဖဴခြာေပးေနေသာ္လည္း ႏွစ္ေယာက္သားကစကားမေျပာၾကေပ။ သူ႔အေမက မီးဖိုေခ်ာင္သုံးဓားကိုကိုင္ ၿပီးဝက္သားကိုခုတ္ထစ္ေနေလသည္။ဟဲက်င့္သည္ေတာ့ အသားခုတ္သံကို သည္းထိတ္ရင္ဖိုစြာ နားေထာင္ေနလ်က္အနည္းငယ္လည္းေၾကာက္လန႔္ေနခဲ့သည္

သူအလုပ္ထြက္ၿပီး သုံးရက္အၾကာထိ အိမ္မွာပဲေနခဲ့သည္။သူကေစာေစာထၿပီး ေစာေစာအိပ္ယာဝင္သည္။ သူ႔အေမကို အိမ္မႈကိစၥလုပ္ဖို႔ေတာင္ ကူညီေပးခဲ့ေသး၏။ သူ႔အေမက သူ႔ကို မဆူမေငါက္ မ႐ိုက္ခဲ့ေပမဲ့ တစ္ခ်ိန္လုံးေတာ့ ေဒါသအရမ္းထြက္ေနေသးပါ၏။ သူ႔အေမကဘုတ္ျပားေပၚကဝက္သားကိုဟဲက်င့္အမွတ္နဲ႔ခုတ္ထစ္ေနတာအေသအခ်ာႀကီးပါပဲေနာ္... (= _=)

"ဟင္းခ်က္ဝိုင္တစ္ပုလင္းသြားဝယ္!"

ဟဲက်င့္အေမက ၾကက္သြန္ျဖဴခြာၿပီးဘာမွလုပ္စရာရွိပုံေပၚေနတဲ့ဟဲက်င့္ကို အၾကည့္စူးစူးနဲ႔ၾကည့္လိုက္ တယ္

"ဟုတ္ကဲ့!"

ဟဲက်င့္ က ကမန္းကတန္း ထရပ္လိုက္ၿပီး သူ႔လက္ ေတြကို သုတ္လိုက္၍ ပိုက္ဆံအိတ္နဲ႔ ေသာ့ေတြကို ယူကာ ေအာက္ထပ္ကို ဆင္းသြားလိုက္ေတာ့သည္

သူထြက္လာသည္နဲ႔တၿပိဳင္နက္ဟဲက်င့္ ပို၍ စိတ္သက္သာရာရသြားေတာ့သည္။ အိမ္၏ အေငြ႕အသက္ သည္ စိတ္ပ်က္စရာေကာင္းလြန္းလွသည္။ ေအာက္ထပ္ကိုေျပးဆင္းၿပီးေနာက္သူ႔လက္ပတ္ကိုၾကည့္လိုက္ေလသည္။သူက ဒီအခြင့္အေရးကိုယူၿပီးခ်င္ယြီကိုဖုန္းေခၚေတာ့မလို႔ပင္။ထို႔ေနာက္တြင္ေတာ့ သူ႐ုတ္တရက္ေလတစ္ခ်က္ေဝွ႔ကိုခံစားလိုက္ရၿပီးေနာက္တစကၠန႔္မွာပဲ သူအဖက္ခံလိုက္ရတယ္!

ဟဲက်င့္ သူ႔မ်က္လုံးမ်ားျပဴးက်ယ္သြားကာ ေအာ္လိုက္ေတာ့သည္။

"ခ်င္ယြီ?"

ခ်င္ယြီ သည္ ေနကာမ်က္မွန္တစ္လက္ကို ၀တ္ဆင္ ထားၿပီး ပါးစပ္ေထာင့္မ်ား ျမင့္တက္ေနကာ ဆိုးသြမ္းေသာ အၿပဳံးတစ္ခု ရွိေနခဲ့သည္။ သူသည္ဟဲက်င့္ကိုတစ္ပတ္လွည့္လိုက္ၿပီး သူ႔ေခါင္းကိုကိုင္ကာခ်က္ခ်င္းနမ္းလိုက္ေတာ့သည္။ဟဲက်င့္သည္လည္းသူ႔ကိုအားတက္သေရာျပန္ဖက္လိုက္ၿပီး သူတို႔ရဲ႕လွ်ာေတြ ႏႈတ္ခမ္းေတြဟာေရာယွက္ေနေတာ့ေလရဲ႕။

စကၠန႔္အနည္းငယ္ၾကာ နမ္းၿပီးေနာက္ ဟဲက်င့္ သည္ ေနာက္ဆုံးတြင္ေတာ့ တုံ႔ျပန္ခဲ့ၿပီး ခဏနားရန္ စိတ္အားထက္သန္ေနခဲ့သည္။သူတုန္လႈပ္စြာျဖင့္ ေဘးနားတဝိုက္ကိုၾကည့္လိုက္သည္။အခုကေအာက္ထပ္မွာေရာက္ေနတာျဖစ္ၿပီး ဒီပတ္ဝန္းက်င္ကလူမ်ားသည္ သူ႔မိဘမ်ားနဲ႔႐ြယ္တူမ်ားျဖစ္ၾကကာေရွး႐ိုးစြဲသူမ်ားလည္းျဖစ္သည္။အိမ္နီးခ်င္းေတြသာ သူတို႔နမ္းေနတာကိုေတြ႕သြားပါက သူ႔မိဘေတြဒီမွာေနႏိုင္မွာမဟုတ္ေတာ့ဘူး!

"မင္းဒီကိုဘယ္လိုေရာက္ေနတာလဲ!"

ဟဲက်င့္ သည္ ခ်င္ယြီထံမွ အၾကည့္မခြာႏိုင္ခဲ့ပဲ သူတို႔ထဲတြင္ေပ်ာ္႐ႊင္မူေတြကိန္းေအာင္းေနခဲ့သည္။

"မင္း ငါ့ကိုအရင္ကဘာလို႔မေျပာတာလဲ?"

"ငါ မင္းကို အံ့ဩသြားေစခ်င္လို႔ေလ"

ခ်င္ယြီက ဟဲက်င့္ရဲ႕လက္ကိုမလႊတ္တမ္းဆုတ္ကိုင္ထားခဲ့သည္။ငွက္ေပါက္ေလးလိုမ်ိဳး သူကသူ႔လည္ပင္းကိုဆန႔္တန္းလိုက္ၿပီး ဟဲက်င့္မ်က္ႏွာကိုထိလာေလသည္။

"ငါမင္းကိုလြမ္းတယ္ မင္းေရာငါ့ကိုလြမ္းလား?"

ပတ္ဝန္းက်င္ကိုတစ္ခ်က္ၾကည့္ကာျဖင့္ မ်က္ေတာင္တဖ်ပ္ဖ်ပ္ခတ္လ်က္႐ိုးသားစြာေျပာလာခဲ့သည္။

"ငါ မင္းကိုလြမ္းတယ္"

ေသခ်ာတာေပါ့ သူလြမ္းတယ္ေလ ေန႔တိုင္း အခ်ိန္ တိုင္း အခိုက္တန႔္တိုင္းကိုလြမ္းေနခဲ့တာ။ၿပီးေတာ့ သူလြမ္းတာကိုလည္း ဟန္ေဆာင္စရာ ဖုံးကြယ္စရာမွမလိုေတာ့တာေလ။သူခ်င္ယြီကိုလြမ္းခ်င္သေလာက္လြမ္းႏိုင္ၿပီပဲကို

ခ်င္ယြီ ကဟဲက်င့္ရဲ႕လည္ပင္းမွာ သူ႔မ်က္ႏွာကို ျမႇဳပ္ႏွံ႔ထားၿပီး နမ္းတာကို မရပ္တန႔္ႏိုင္ခဲ့ေခ်။သူဟဲက်င့္ကိုမေတြ႕ရတာ သုံးပတ္သာရွိေသးေသာ္လည္း သုံးႏွစ္ေလာက္ရွိေနသလိုပါပဲ

"မင္းဆီဘာလို႔ ၾကက္သြန္ျဖဴနံ႔ နံေနရတာလဲ?"

ခ်င္ယြီမ်က္ေမွာင္အနည္းငယ္ၾကဳတ္မိသြားသည္။သူအနံ႔အသက္မေကာင္းေနေသာ္လည္း ဟဲက်င့္ကို မလႊတ္ေပးခ်င္ေသးေပ။

"ငါ ငါ့အေမကိုၾကက္သြန္ျဖဴကူခြာေပးေနတာ"

ဟဲက်င့္က သူလုပ္ရမည့္ကိစၥကို႐ုတ္တရက္သတိရသြားကာျဖင့္

"အိုး! ငါ ဟင္းခ်က္ ဝိုင္သြားဝယ္ရမွာ! မင္းက ဒီမွာ...ဘာ...ဘာလုပ္ရမလဲ..."

"ငါကဘာတတ္ႏိုင္မွာလဲ?ငါကမင္းကိုေတြ႕႐ုံေလးလာခဲ့တာေလ။ငါမင္းကိုေအာက္ထပ္ဆင္းလာဖို႔ေခၚေတာ့မလို႔ပဲရွိေသးမင္းေရာက္လာတာပဲ...မင္းကငါ့ကိုမင္းအိမ္ထဲဝင္ခြင့္မေပးမွေတာ့ ငါဒီမွာပဲငါ့ကားထဲမွအိပ္႐ုံပဲေပါ့"

ခ်င္ယြီၾကည့္ရတာေစာဒကတက္ခ်င္ေနပုံပင္။

ဟဲက်င့္ကသူ႔ကိုၾကည့္၍ခဏေလာက္႐ုန္းကန္လ်က္ေျပာလာေလသည္။

"ငါနဲ႔အေပၚထပ္ကိုလိုက္ခဲ့"

ခ်င္ယြီ ၏ မ်က္လုံးမ်ား ႐ုတ္တရက္ ေတာက္ပလာၿပီး

"တကယ္လား?အဲ့ဒါကတကယ္ႀကီးအဆင္ေျပလို႔လား?"

ဟဲက်င့္ကေခါင္းၿငိမ့္ျပၿပီး

"ဒါေပမယ့္ ငါ့အေမကမင္းကိုကန္ထုတ္ပစ္မလားဆိုတာေတာ့ငါလည္းမေသခ်ာဘူး"

ခ်င္ယြီ က အရမ္းစိတ္လႈပ္ရွားေနပုံရၿပီး ဟဲက်င့္ကိုေပြ႕ဖက္လိုက္ကာျဖင့္

"ရဲရင့္တဲ့ စစ္သားက တိုက္ပြဲကို မေၾကာက္ဘူး။ငါ့ကိုကန္ထုတ္ရင္ ငါတို႔ဘာလုပ္လို႔ရလဲဆိုတာကိုၾကည့္ၾကတာေပါ့!"

ဟဲက်င့္ က သူ႔ကို ဆြဲေခၚသြားၿပီး "ခဏေနဦး! ငါဟင္းခ်က္ဝိုင္ဝယ္ရဉီးမယ္!"

ခ်င္ယြီ:"အဲ့ဒါအႀကံေကာင္းပဲ ငါတို႔ လက္ဗလာနဲ႔ဝင္သြားလို႔ေတာ့မေကာင္းဘူး"

သူတို႔ႏွစ္ေယာက္ အနီးနားရွိ စူပါမားကတ္တစ္ခုသို႔ ေရာက္လာခဲ့ၾကသည္။ ခ်င္ယြီ သည္ ဦးထုပ္တစ္ လုံး၊ ေနကာမ်က္မွန္ႏွင့္မာဖလာတစ္ထည္ကို ၀တ္ဆင္ထားေသာ္လည္း သူသည္ အာ႐ုံစူးစိုက္မႈမ်ားစြာကို ဖမ္းစားထားဆဲျဖစ္သည္။ ေက်ာ္ၾကားသူအျဖစ္ သုံးႏွစ္ၾကာေနထိုင္ၿပီးေနာက္တြင္ သူ၏စိတ္ေနသေဘာထားသည္ သာမန္လူမ်ားႏွင့္ အမွန္တကယ္ ကြဲျပားသြားခဲ့သည္။

လူထူထပ္ေသာေနရာမ်ားတြင္ဟဲက်င့္ သည္ သူႏွင့္ အလြန္နီးကပ္စြာ မေနရဲေပ။ သူသည္ ဟင္းခတ္အေမႊးအႀကိဳင္မ်ားႏွင့္ဝိုင္ထားေသာေနရာသို႔သြားကာ ဝိုင္ပုလင္းမ်ားကိုယူခဲ့သည္။ ခ်င္ယြီသည္ေတာ့လက္ေဆာင္ေရာင္းသည့္ေနရာတြင္ ဝိုင္မ်ားကိုေ႐ြးေနကာ သူႀကိဳက္တာကိုမေတြ႕ေနေခ်။သူဟဲက်င့္ကိုေတြ႕သည္ႏွင့္ေမးလိုက္သည္။

"မင္းအေမ ဘာႀကိဳက္တတ္လဲ?"

ခ်င္ယြီက သူ႔အေမကို ေ႐ႊ ဒါမွမဟုတ္ လက္ဝတ္ရတနာေတြ ေပးရင္ေတာင္ သူ႔အေမက ႀကိဳက္မွာမဟုတ္ဘူးလို႔ ဟဲက်င့္ကေတြးမိလိုက္သည္။ သို႔ေသာ္သူ တဲ့တိုးႀကီးမေျပာခ်င္ေပ။ အဲဒီအစား သူက ႐ႊတ္ ေနာက္ေနာက္ေျပာလိုက္သည္

"မင္းေတြ႕တာမွန္သမွ် ယူလိုက္။ငါတို႔ကညစာစား႐ုံပဲကို လက္ထပ္ဖို႔ခြင့္ျပဳခ်က္ယူဖို႔လည္းမွမဟုတ္ တာ"

ခ်င္ယြီက ႏႈတ္ခမ္းစူလ်က္ ေဈးအႀကီးဆုံးငွက္သိုက္ဗူးကိုယူလိုက္ေတာ့သည္။အဲ့ေနာက္မွာေတာ့ဟဲက်င့္ရဲ႕ဟင္းခ်က္ဝိုင္ပုလင္းေတြကိုပါယူကာေငြရွင္းဖို႔သြားေတာ့သည္

ဟဲက်င့္ကသူ႔ေနာက္ကလိုက္ခဲ့ၿပီး ႏွလုံးခုန္သံေတြလည္း တအားျမန္လာခဲ့သည္။ ဒီအခိုက္အတန႔္မွာပဲ သူ႔ခ်စ္သူေကာင္ေလးကို အိမ္ေခၚလာျပတယ္ဆိုတဲ့ခံစားခ်က္ကို ႐ုတ္တရက္ ခံစားလိုက္ရတယ္။

စူပါမားကတ္ထဲက ထြက္လာေတာ့ ဟဲက်င့္ကေမးလိုက္သည္။

"မင္း ငါ့အေဖအတြက္ေရာတခုခုမဝယ္ေတာ့ဘူးလား?"

"မင္းအေဖကေဆးလိပ္ေသာက္တာကို ႀကိဳက္တယ္ လို႔ မင္းေျပာခဲ့တယ္မလား?"

ခ်င္ယြီက ဟဲက်င့္ရဲ႕ အိမ္အျပင္ဘက္မွာ ရပ္ထားတဲ့ Mini-suv ကို လက္ညႇိဳးထိုးျပၿပီး

"ကားထဲမွာ စီးကရက္ေကာင္းေကာင္း ႏွစ္ဗူးရွိတယ္ ေနာက္ဆုံးပြဲတုန္းက တစ္ေယာက္ေယာက္ကငါ့ကိုေပးခဲ့တာ"

ဟဲက်င့္ က ကားကိုၾကည့္လိုက္ၿပီး

"မင္း ဒီကားကိုဝယ္ထားတာမၾကာေသဘူးမလား?"

သူေနာက္ဆုံးတေခါက္ကားေပၚမွာတုန္းက အကုန္လုံးကအသစ္နံ႔ရေနတာကိုသူေတြ႕လိုက္တယ္ေလ

ခ်င္ယြီက သူ႔ကိုတစ္ခ်က္ၾကည့္လိုက္ၿပီးရယ္လ်က္ေျပာလာခဲ့သည္။

"ပထမက ငါထင္တာကငါမင္းနဲ႔ အခ်ိန္တစ္ခုေလာက္ထိQၿမိဳ႕မွာပုန္းတမ္းလိုက္တမ္းေဆာ့ရဉီးမယ္လို႔ထင္လိုက္တာအဲ့ဒါနဲ႔ငါဒီကားဝယ္ဖို႔ဆုံးျဖတ္ လိုက္တာပဲ အဲ့လိုဆိုမင္းကိုဖမ္းၿပီး မင္းနဲ႔ကားထဲမွာ xxxလုပ္လို႔ရတယ္ေလ"

ဟဲက်င့္:"..."

ခ်င္ယြီ:"မင္းငါနဲ႔သိပ္မၾကာခင္ပဲအတူတူထြက္သြားမယ္လို႔လဲမေမွ်ာ္လင့္ထားခဲ့ဘူးၿပီးေတာ့ငါဒီကားကိုဘာလုပ္ရမလဲဆိုတာလဲအခုထိမသိေသးဘူး။မင္းမိဘေတြကားေမာင္းတတ္လား?ငါဒီဟာကိုမင္းေနရာမွာပဲထားထားလိုက္မယ္ေလအဲ့လိုဆိုမင္းျပန္လာေတာ့လည္းေမာင္းလို႔ရတာေပါ့"

"ငါ့ မိဘေတြက ကားမေမာင္းဘူး။"

ဟဲက်င့္သည္ ယမန္ႏွစ္က သူ႔၏ ယာဥ္ေမာင္းလိုင္စင္ကို ရရွိခဲ့ၿပီး မိခင္ျဖစ္သူက ကားလက္ဖြဲ႕ေပးဖို႔က မိနိးမဘက္ကလို႔ အခိုင္အမာ ေျပာၾကားထားခဲ့ေသာ ေၾကာင့္ သူေလ့က်င့္ရန္ အခြင့္အလမ္း လုံးဝမရွိခဲ့ေပ။ ခ်င္ယြီ ေျပာတာကို ၾကားေတာ့ ဟဲက်င့္ အနည္းငယ္ ရႈပ္ေထြးသြားသည္ ။သူေလးေလးနက္နက္ေတြးၾကည့္လိုက္ေတာ့ အဲ့ဒါက ခ်င္ယြီဆီက မဂ္လာလက္ဖြဲ႕လို႔ေတြးလိုက္လို႔ရတာပဲေလေနာ္

"ဘာရယ္တာလဲ?"

ဟဲက်င့္ကမရယ္မိေအာင္ထိန္းေနတာကိုခ်င္ယြီကေတြ႕လိုက္ေတာ့ သူ႔မ်က္ႏွာကိုလွမ္းၿပီးဆြဲဆိတ္လိုက္ေလ၏။ဘာလို႔ဆိုလမ္းမႀကီးမွာဆိုေတာ့ သူတို႔ပြင့္ပြင့္လင္းလင္းနမ္းလို႔မရေနဘူးေလေနာ္

ဟဲက်င့္: "..."

ခ်င္ယြီ သည္ ကားေပၚရွိ စီးကရက္ႏွစ္ဗူးျဖစ္သည့္ က်ဳန္းနန္ဟိုင္ နဲ႔ Malboro ကိုယူလိုက္သည္။ သူသည္ ငွက္သိုက္ကိုလည္း ယူကာျဖင့္ ဟဲက်င့္ ၏ အိမ္ ဘက္သို႔ဉီးတည္လိုက္ေတာ့သည္

ဟဲက်င့္ က ဟင္းခ်က္ဝိုင္တစ္ပုလင္းဝယ္ဖို႔ နာရီဝက္ေလာက္ အခ်ိန္ယူခဲ့ရတယ္ ဟဲက်င့္အေမကအလြန္ဂဏာမၿငိမ္ျဖစ္ေနၿပီပင္။တံခါးဖြင့္သံၾကားခ်ိန္မွာေတာ့ ေဒါသထြက္ေနသည့္မ်က္ႏွာနဲ႔ မီးဖိုခန္းထဲက ခ်က္ခ်င္းထြက္လာခဲ့သည္။ဟဲက်င့္ကို ႀကိမ္းေမာင္းဖို႔ျပင္ရင္းေပါ့။ဒါေပမယ့္မထင္မွတ္ထားစြာပဲ ဟဲက်င့္ကို သူ႔ထက္ေခါင္းတလုံးေလာက္ပိုျမင့္တဲ့ သူစိမ္းေကာင္ေလးတစ္ေယာက္နဲ႔အတူေတြ႕လိုက္ရတာပဲ

"အေမ..."

ဟဲက်င့္ က သူ႔အေမကို အားေပ်ာ့စြာ ေခၚလိုက္ၿပီး ခ်င္ယြီကို တိုက္ခန္းထဲသို႔ ေခၚေဆာင္သြားခဲ့သည္။သူ႔လက္ထဲကပစၥည္းေတြကိုယူလိုက္ၿပီးစားပြဲတင္ လိုက္သည္။ဟဲက်င့္အေဖသည္လည္းအံ့ဩလ်က္ ဆိုဖာေပၚကေနထရပ္လာခဲ့သည္

"ဒါက....?"

ခ်င္ယြီ သည္ သူ၏ေနကာမ်က္မွန္ႏွင့္ ဦးထုပ္မ်ားကို ခြၽတ္လိုက္ၿပီး သူ၏ လက္ရာေျမာက္ၿပီး ေခ်ာေမာေသာအသြင္အျပင္ကို ထုတ္ေဖာ္ျပသလာခဲ့သည္။ သူ၏နက္နဲေသာမ်က္လုံးမ်ားသည္လည္း ဟဲက်င့္မိဘမ်ား၏အၾကည့္ကို လုံးဝေရွာင္လႊဲျခင္းမရွိခဲ့ကာျဖင့္ ႐ိုေသစြာေျပာလိုက္သည္။

"အေဖ အေမ"

ဟဲမိသားစု:"...."

ဟဲက်င့္ က သူ႔ကို ဆြဲလိမ္လိုက္ၿပီး ရွက္ကိုးရွက္ကန္းနဲ႔

"မင္းဘယ္သူ႔ကိုေခၚေနတာလဲ!"

ဟဲက်င့္အေမကေတာ္ေတာ္တုန္လႈပ္သြားၿပီးအာ႐ုံလည္းမစိုက္ႏိုင္ေတာ့ေခ်။သူမကေမ့လဲလုနီးနီးပါပဲ

ဟဲက်င့္အေဖသည္လည္းေတာင့္တင္းေနကာ သူ႔မ်က္ႏွာေပၚကအေရးေၾကာင္းမ်ားသည္လည္း တင္းလိုက္ေလ်ာ့လိုက္ျဖစ္ေနခဲ့သည္

ခ်င္ယြီက ခ်ဥ္းကပ္လြယ္မည့္ ဟဲက်င့္အေဖကိုၾကည့္ကာျဖင့္ စားပြဲေပၚက စီးကရက္ဗူးေတြကို ၫႊန္ျပလ်က္

"အေဖ ဟဲက်င့္ဆီက အေဖေဆးလိပ္ေသာက္ရတာႀကိဳက္တယ္လို႔ၾကားလို႔ေလ ကြၽန္ေတာ္လည္းအလ်င္လိုေနတာနဲ႔ ေသခ်ာေတာ့မျပင္ဆင္ခဲ့ရပါဘူး။ဒါကအေဖ့တြက္လက္ေဆာင္ေသးေသးေလးပါ။အေဖႀကိဳက္မယ္လို႔ေမွ်ာ္လင့္ပါတယ္။ေနာက္တစ္ ခါၾကရင္ေတာ့ ဒီထက္ပိုေကာင္းတာျပင္ဆင္ခဲ့ပါ့မယ္"

ဟဲက်င့္အေဖက စားပြဲေပၚကစီးကရက္ဗူးေတြကိုေ႐ႊေရာင္ေတာက္ေနသလိုမ်ိဳးၾကည့္လိုက္ေလသည္။မၾကာခင္မွာပဲ သူ႔ပါးမ်ားနီရဲလာကာသူၿပဳံးလဲၿပဳံးလာခဲ့သည္။သူကေခါင္းကိုျငင္သာစြာညိမ့္ ကာျဖင့္ ဆိုဖာကိုပုတ္လ်က္

"လာ ဒီလာထိုင္"

ဟဲက်င့္နဲ႔ သူ႔အေမ "..."

ခ်င္ယြီက လက္သီးကိုဆုပ္လ်က္ သူ႔စိတ္ထဲတြင္ ေအာ္ဟစ္ျမည္ေႂကြးေနခဲ့သည္။ေယး! တစ္ေယာက္ ေတာ့ပါလာၿပီကြ!

ဟဲက်င့္သည္ စီးကရက္ ႏွစ္ဗူးနဲ႔တင္ပါသြားတဲ့ သူ႔အေဖကိုၾကည့္လ်က္ဆြံ႕အသြားေတာ့သည္။

ခ်င္ယြီသည္ မသိမသာ ေနာက္သို႔ ဆုတ္သြားေသာ ဟဲက်င့္အေမ ကို တဖန္ ၾကည့္လိုက္သည္။ တီဗီထဲက လူတစ္ေယာက္လို ေခ်ာေမာတဲ့ ဒီလူငယ္ကို သူမက ၾကည့္ေနတုန္းပဲ။ ခ်င္ယြီ ေရွ႕တစ္လွမ္းတိုးလိုက္ေသာအခါတြင္ သူမက ေနာက္ျပန္ဆုတ္သြားသည္ ။ သူမကေၾကာက္လန႔္ၿပီး ဘယ္လိုတုံ႔ျပန္ရမွန္းမသိ ျဖစ္ေနပုံပါပဲ။

"အေမ~"

ခ်င္ယြီက သူ႔မ်က္ႏွာေပၚတြင္ အၿပဳံးႀကီးႀကီးဆင္ျမန္းထားကာ ခ်စ္ခင္မူအျပည့္ႏွင့္ေခၚလာခဲ့သည္။သူကေလာကႀကီးမွာရွိတဲ့အမ်ိဳးသမီးေတြရဲ႕ ႏွလုံးသားကိုအႏိုင္ရခဲ့တဲ့အတြက္ေၾကာင့္ ဟဲက်င့္အေမရဲ႕ ႏွလုံးသားကိုလည္း အႏိုင္မရဘူးဆိုတာမယုံပါဘူးေနာ္

သတၱိရွိတဲ့သူက ဘယ္ေလာက္ခက္ခဲတဲ့လမ္းကိုမဆို အၿမဲအႏိုင္ရလိမ့္မယ္!

ခ်င္ယြီ သည္ ပို၍ နီးကပ္လာသည္ကို ျမင္လိုက္ရသည္ႏွင့္ ဟဲက်င့္ အေမသည္ လုံးဝ အကာအကြယ္မဲ့သြားေတာ့သည္။

Continue Reading

You'll Also Like

56.7K 1.9K 39
Thirteen year-old Taylor Landt's step-mother believes that he should be the next great football player for the high school he'll be attending in the...
67.2K 11.1K 133
ခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love   အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတ...
25.1K 1.7K 38
❝Loving you isn't a big mistake, it is actually the best thing happened in my life, even though we didn't end up together.❞ In which a girl loves a b...
30.9K 3.8K 66
This is not my own story English Title- Flying ash Author - 余酲 Translator- IQ Team