Unicode
" ဤကမ္ဘာ၏နှောင်ကြိုး " (10)
အခန်း_၁၀(အချိန်တွေကသာစကားပြောတတ်ခဲ့ရင်
မင်းကို ကိုယ်ဘယ်လောက်ထိရူးသွပ်ခဲ့ကြောင်းပြောပြပါလိမ့်မယ်)
_"ရန်ယိချူး ငါ့တူတော်ပြောတာမှန်လား'
_"မှန်ပါတယ်"
ယိချူးက ခပ်သွက်သွက်ခေါင်းညိတ်လိုက်လေသည်။
သူမမှာကျောက်ဝမ်ရှန်းနဲ့လက်မထပ်ရရင်ပြီးရောဟုစိတ်ဒုံးဒုံးချလိုက်လေသည်။
" ကောင်းပြီ
ရှန့်လီ မင်းမိန်းကလေးကိုခေါ်သွားလို့ရပြီ "
" မင်္ဂလာပွဲကရော "ယိချူးကအရဲစွန့်ပြီးမေးလိုက်သည်။
" မင်္ဂလာပွဲက ငါကိုယ်တော်အမိန့်ထုတ်ပြန်ပြီးသားမလို့ ဒီလိုလုပ်လိုက်
သတို့သားနေရာမှာ မင်သားယန်(ရှန့်လီ)လို့
ငါကိုယ်တော်မကြာခင် တရားဝင်အမိန့်စာထုတ်ပြန်လိုက်မယ် ရလား "
" ရပါတယ် "ယိချူးက ခပ်သွက်သွက်ဖြေလိုက်လေသည်
ယိချူးသည် လီကျင်းချန်းလက်ဆွဲခေါ်ရာနောက်သို့ မည်သည့်စကားမျှစောဒကမတက်ပဲ တိတ်ဆိတ်စွာဖြင့်လိုက်ပါလာလေသည်။
သူမမှာ ယခူကဲ့သို လောင်လီတစ်ယောက်
ဒေါသထွက်နေသည်ကို အပြင်လောက၌
တစ်ကြိမ်တစ်ခါမျှနီးနီးကပ်ကပ်မမြင်ဖူးခဲ့၍
ကြောက်လန့်နေသည်လည်းပါသည်။
ဥယျာဉ်တော်၏အပြင်ဘက်တွင်မူ သူမ၏
အကိုဝေကွမ်းအား ခေါက်တုံ့ခေါက်ပြန်လမ်းသလားနေသည်ကိုတွေ့လိုက်ရလေသည်။
သူမတို့ နန်းတော်ဂိတ်ဝသို့ရောက်သောအခါ
နန်းတော်ဂိတ်ပေါက်၌ ရပ်စောင့်နေကြသော
ရန်ရုံနှင့်မော့လီတို့ကိုတွေ့လိုက်ရလေသည်။
သူတို့၏မလှမ်းမကမ်း၌လည်း မြင်းလှည်းတစ်စီး။
မြင်းလှည်းထဲ၌ထိုင်မိကြသောအခါ ရန်ရုံကစတင်ကာစကားဆိုလိုက်လေသည်။
" ချူးအယ် မင်းကြီးကဘာပြောလိုက်လဲ "
"ဘာပြောရမှာလဲ
မင်္ဂလာပွဲကယခင်အတိုင်းပဲ "
ယိချူး၏စကားကြောင့် ရန်ရုံမှာသက်ပြင်းချလိုက်လေသည်။
မော့လီကား တရှုံ့ရှုံ့ငိုလျက်၊
ထိုအခါ ယိချူးသည် ရယ်ချင်စိတ်ကိုအောင့်
အည်းကာ ပြောလိုက်လေသည်။
"ဒါပေမယ့် သတို့သားပြောင်းသွားပြီ
ရှန့်လီ "
" တ..တကယ်လား
သခင်မလေးရယ် ကျွန်မဖြင့်လန့်သွားတာပဲ
မနောက်ပါနဲ့ရှင် "
" ဟုတ်တယ် ကလေးမ ညည်း.ကျပ်ကျပ်နောက် "
ထို့နောက်သုံးယောက်သားရယ်နောလိုက်ကြလေသည်။
ထိုအခါ မြင်းလှည်းမောင်းနေသော ရှန့်စွေ
နှင့် မြင်းလှည်း၏ဘေး၌
မြင်းကိုယ်စီး၍လိုက်ပါလာသော လီကျင်းချန်း နှင့် ရန်ဝေကွမ်းတို့မှာအသီးသီးပြုံးလိုက်ကြလေသည်။
တဖက်တွင်လည်းနန်းတော်၌ကျန်ရစ်ခဲ့ကြသော ကျောက်ဝမ်ရှန်းမှာ
ခမည်းတော်၏သီးသန့်စာကြည့်ဆောင်၌အဆူခံနေရလေသည်။
"မင်းမရှက်ဖူးလား
ကိုယ့်အကိုတော့်မိန်းကလေးကိုမှမရမကလိုချင်နေတယ်
ခုကြည့်စမ်း ငါကိုယ်တော်ဘာဖြစ်သွားပြီလဲ"
" ခမည်းတော်..!
သူလိမ်ပြောနေတာ
သားတော်မေးကြည့်ဖူးတယ်
ယိချူးကို သူဘယ်တုန်းကမှသဘောမကျဖူးဘူး
ညီမလေးတစ်ယောက်လိုပဲသဘောထားတာ"
"အဲ့တာငယ်ငယ်တုန်းကလေ
အခု ရန်မိန်းကလေးပြောသွားတာကြားလား
သူချစ်တာ မင်းအကိုရှန့်လီတဲ့
တော်ပြီ ဘာမှထပ်မပြောနဲ့တော့
မင်းမယ်တော်သဘောတူနေတဲ့ ထုံးတမ်းရေရာအမတ်မင်းရဲ့သမီးနဲ့သာလက်ဆက်ဖို့ပြင်ထား"
ကျောက်ဝမ်ရှန်းမှာ စကားမတည်ခဲ့သော
အကိုတော်ကိုသာကျိန်ဆဲနေမိတော့သည်။
တစ်လမ်းလုံး အမျိုးသမီးသုံးယောက်၏
ရေပက်မဝင်အောင်ပြောဆိုရယ်မောနေကြသောအသံတို့အားနားထောင်ရင်းနှင့်ပင်
မဟာစစ်သူကြီးစံအိမ်ရှေ့သို့ရောက်လာခဲ့ကြလေသည်။
လမ်းခွဲခါနီး၌ရန်ဝေကွမ်းက လီကျင်းချန်းအားဤသို့ပြောလိုက်သည်။
"ရှောင်လီ..!
ငါ့ညီမကိုကူညီပေးတံ့အတွက်ကျေးဇူးတင်ပါတယ် "
[ငါ့ကိုယ်ငါကူညီလိုက်တာကွ]စိတ်ထဲ၌ထိုသို့ပြောနေပေမယ့် အပြင်ဘက်တွင်မူ
"မလိုပါဘူးကွာ "
လီကျင်းချန်းမှာ ရှန့်အိမ်တော်သို့ရောက်သည်နှင့် အဖြစ်မှန်တွေသိရှိသွားသော ရှန့်လီမိခင်၏ဆူပူသံကိုကြားရပါတော့သည်
"မင်းမရှက်ဖူးလား
ကိုယ့်ညီနဲ့လက်ဆက်မယ့်မိန်းကလေးကိုမှလုယူရလား"
"လုယူတာမဟုတ်ဘူး
ယိချူးကအစကတည်းက ကျွန်တော့်လူပါ"
လီကျင်းချန်း၏စကားကြောင့် ထိုက်ယန်မင်းသမီးကြီးမှာ ဤနှယ်ခနဲ့တဲ့တဲ့ဆိုလိုက်လေသည်။
"ဪ..!
ပြောပါဦး မင်းတို့ကဘယ်တုန်းကသဘောကျနေကြတာလဲ
မွေးကတည်းကလား
ယိချူးကို ညီမလေးတစ်ယောက်အပြင်မပိုခဲ့တဲ့မင်းက ညီနဲ့လက်ဆက်မယ်ဆိုကာမှ
သဘောကျတယ်ဆိုတော့
ငါ..ထင်တော့ထင်သား ယိချူးပြန်ရောက်လာကတည်းက မင်းအမူအရာတွေပြောင်းနေတာ
ဒါကြောင့် လဲ့ရှင်းကိုငြင်းနေတာကိုး"
"ဟန်မိန်းကလေးကိုငြင်းတာက ခုမှမဟုတ်ဘူး
လွန်ခဲ့တဲ့(၄)နှစ်ကတည်းကပါ အမေမေ့နေမှာစိုးလို့"
"အေးပါ မင်းကိုငါပြိုင်ပြီးစကားရည်မလုနိုင်ပါဘူး"
":ဒါဆိုလည်း ကျွန်တော်တို့မင်္ဂလာပွဲအတွက်ပြင်ဆင်ထားလိုက်ပါတော့
ဖြစ်နိုင်ရင်အမြန်ဆုံးကျင်းပချင်တယ်
မကြာခင်မှာ မင်းကြီးကတရားဝက်အမိန့်ထုတ်ပြန်လိမ့်မယ်
အမေနဲ့ဒေါ်လေးကိုပဲ အားကိုးပါတယ်ဗျာ "
ထိုက်ယန်မင်းသမီးကြီးသည်ကား ခေါင်းခါ၍သာကျန်ရစ်ခဲ့လေတော့သည်။
ညရောက်သောအခါ လီကျင်းချန်းမှာ
ရန်အိမ်တော်သို့လာရောက်၍ ရန်ကတော်(ရှီဆိုက်ဟွား)နှင့် ရန်ယိကွမ်းတို့အားလာရောက်တွေ့ဆုဲ၍ ၎င်းနှင့်ပတ်သတ်၍စိတ်အနှောက်အယှက်ဖြစ်ခံ့ရသည်တို့ကိုတောင်းပန်းစကားဆိုလေသည်။
ရန်ယိကွမ်းမှာ သမက်လောင်းအားအပြစ်ဆိုချင်ပါသော်လည်း သားနှင့်သမီးဖြစ်သူက
ရှေ့မှကားဆီးကာ ကာကွယ်ပြောဆိုနေသဖြင့်
ရင်ထဲရှိစကားတို့အားမြိူသိပ်ခံ့ရလေသည်။
ထို့ကြောင့် ၎င်းမှာ ပြီးပြီးရောဟူသောသဘောဖြင့် " မင်းတို့ချင်းအဆင်ပြေရင်ရပြီ"ဟုသာဆိုလိုက်ရလေသည်။
ဤသို့ဖြင့် ညစာစားပြီးကြသော်
ချွင်ချိုးဆောင်သို့ရောက်သောအခါ ယိချူကစတင်မေးလိုက်လေသည်။
" လောင်လီ.!
ခင်ဗျားဘယ်တုန်းကဝိညာဉ်ကူးပြောင်းလာတာလဲ
ကျောက်ဝမ်ရှန်းကိုကယ်ရင်း ဦးခေါင်းထိခိုက်မိတုန်းကလား?"
" မဟုတ်ဘူး အဲ့ထက်စောတယ်
အဆိပ်မြှားထိကတည်းက "
"ဒါဆို..!
" ဟုတ်တယ်
မင်းထက်အရင်ဝိညာဉ်ကူးပြောင်းလာခဲ့တာ
ကိုယ် ဒီကမ္ဘာကိုရောက်တော့
ကိုယ်ကအဆိပ်မြှားထိပြီး မင်အကိုကသေဒဏ်ကျတယ်
ရှန့်လီရဲ့မှတ်ဉာဏ်အရ သူတို့ကအချစ်ဆုံးသူငယ်ချင်းတွေလေ
ဒါကြောင့် ရွှေအမိန့်ပြားနဲ့သူကိုကယ်တင်ချင်ခဲ့တာပါ
ဒါပေမယ့် မင်းက.အဲ.ချူးအယ်က မင်းနဲ့နာမည်ရောရုပ်ရည်ပါတူနေခဲ့လို့ မင်းကိုပဲကယ်တင်ခဲ့လိုက်တာ
အဲ့တာတကယ်ကံကောင်းသွားတယ်
ကိုယ်မဟုတ်ပဲ ရှန့်လီဖြစ်နေလို့ ရန်ဝေကွမ်းကိုပဲကယ်တင်ခဲ့ရင်
ကျန်တဲ့ ရန်မိသားစုတွေအကုန်သေဒဏ်အပေးခံရမှာ "
ထိုအခါ ယိချူးသည် မျက်စောင်းထိုးလျက်ဆိုလေ၏။
" အဲ့တာများ စောစောစီးစီးမပြောဘူး
ဟန်ဆောင်နေသေးတယ်
ခင်ဗျားကြီးတော်တော်ဆိုး "
" ဘာ..ခင်ဗျားကြီးလဲ ကိုယ့်အိုင်ဒေါလ်ကိုမလေးမစား
ကိုယ်တို့စတွေ့တုန်းကလို ကိုကြီးပဲခေါ် "
လီကျင်းချန်း၏စကားကြားသော်
ယိချူးက အနည်းငယ်ရှက်ရွံ့နေခဲ့ပြီးမှ
ခေါင်းညိတ်ပြလိုက်လေသည်။
" ကိုယ် မင်းကိုသံသယဝင်ပြီးစစ်ဆေးဖူးတယ်
မင်းမှတ်မိလား
မင်းနဲ့ကိုယ်နဲ့ ဘယ်တုန်းကစတွေ့တာလဲဆိုတာလေ "
" အင်း မှတ်မိတယ် "
" အဲ့တုန်းက မင်းက ဒီယိချူးရဲ့အကြောင်းတွေအကုန်ပြောပြနိုင်တယ်လေ
ဒီအကြောင်းက ကိုယ်ရိုက်ကူးနေတဲ့ဇာတ်ကားထဲမပါဘူးကွ"
" ဟုတ်သား အဲ့တာပြောဖို့မေ့နေတာ
ဒီရန်ယိချူးအကြောင်းကလေ ညီမမသေခင်
ကြည့်ခဲ့တဲ့ဇာတ်လမ်းတွဲကအကြောင်းဖြစ်နေတာသိလား "
"ဪ ဒါကြောင့်ကိုး "
" ဒါနဲ့လေ လောင်လီ!
ဟိုဘက်ကမ္ဘာမှာဘာဖြစ်ခဲ့တာလဲဟင် "
ယိချူးက အဓိကအကြောင်းအရာကို
ယခုမှအင်သတိရကာ ကပျာကယာမေးမြန်းလိုက်လေသည်။
" ကားမတော်တဆဖြစ်ခဲ့တာ "
" ဟင် တိုက်ဆိုင်လိုက်တာ
ညီမရောပဲ "
" မင်းရောပဲလား
ခဏ..! ကိုယ်တစ်ခုတွေးမိလိုက်ပြီ
ဘယ်ရက်ဘယ်အချိန်ဘယ်နေရာမှာလဲ
ကိုယ့်ကိုသေချာပြောပြ "
" ဧပြီလ ၂၁ရက်နေ့
ညနေ ၆နာရီခန့်လောက်ထင်တယ်
နေရာက ဆာကူရာစားသောက်ဆိုင်ရှေ့ "
ထိုအခါ လီကျင်းချန်းက အထိတ်တလန့်ရေရွတ်လိုက်လေသည်။
" ဘုရားရေ..!
မင်းကိုဝင်တိုက်ခဲ့မိတာ ကိုယ်ပဲ
အဲ့တာ ကိုယ့်ကားပဲ "
" ဘယ်လို..!?
"အဲ့နေ့က ရိုက်ကွင်းစောစောပြီးတယ်
ကိုယ်လည်း အပြင်ထွက်ညစာမစားတာကြာပြီဖြစ်လို့ အဲ့ဒီစားသောက်ဆိုင်ကိုလာခဲ့တာ
သူငယ်ချင်းကညွှန်းနေလို့လေ
အဲ့မှာ မိန်းကလေးတစ်ယောက်က လမ်းမပေါ်တက်လာတာ
ကိုယ်လည်း ကားစတီယာရင်ကိုကွေ့လိုက်တော့ လမ်းဘေးထိုးကျသွားတာပဲမှတ်မိလိုက်တယ်"
" ဒါဖြင့် ညီမတို့နှစ်ယောက်တကယ်သေသွားကြပြီလားဟင် "
ယိချူးက ငိုတော့မည့်ကလေးတစ်ယောက်နှယ် မျက်နှာငယ်လေးဖြင့်မေးလိုက်ရာ
လီကျင်းချန်းသည်အသာအယာရယ်မောလိုက်လေသည်။
ထို့နောက် ၎င်းက သူ၏ရှေ့၌ထိုင်နေသော
သူငယ်မအား ခေါင်းလေးပွတ်သတ်လျက်ပြောလိုက်လေသည်။
" ပေါက်ကရတွေကွာ
မဖြစ်စလောက်လေးပွတ်မိရုံပါ မသေပါဘူး
ကိုယ်လည်းထိခိုက်မိလှ ခေါင်းထိရုံလောက်ပေါ့ "
တခဏကြာသော် ယိချူးမှာ တစ်စုံတစ်ခုကို
နားလည်သဘောပေါက်သွားလေသည်။
" နေဦး
ညီမဆက်စပ်မိလာသလိုပဲ
ညီမတို့စတွေ့တော့ ကိုကြီးအသက်(၂၀)
ညီမအသက်က(၁၄)
ဒီဘက်ကမ္ဘာမှာလည်းတူတယ်
နောက် ညီမတို့မတော်တဆဖြစ်ပြီး ရောက်
လာတဲ့ခေတ်ကာလတူတယ်
မတော်တဆဖြစ်တဲ့အချိန်က ညီမတို့အသက်
၃၁ နဲ့ ၂၅၊
ပြီးတော့ ကိုကြီးလက်ရှိရိုက်နေတဲ့ Novel မှာ
ရှန့်လီက ရန်ချူချူနဲ့ ၁၈နှစ်မှာစတွေ့တယ်
ညီမတို့က ၁၈နှစ်ရောက်မှ အဖြစ်မှန်သိတယ်
အဲ့တော့ ညီမတို့ဟိုဘက်ကမ္ဘာကိုပြန်ရမယ့်အချိန်က ဒါပဲ
Novel ထဲမှာ ရှန့်လီအသက် စစ်နြေပြင်မှာကျဆုံးသွားချိန်
အဲ့ဒီအချိန်မှာ သူ့အသက်က(၂၆)နှစ်အရွယ်လေ "
" အိုး..သဘောပေါက်ပြီ
ကိုယ့်ချာတိတ်မကဉာဏ်ကောင်းလိုက်တာကွာ "
" လာနောက်နေသေးတယ်နော် "
" ဒါနဲ့ကိုယ်ကတော့ဟုတ်ပါပြီ
မင်းကရော?"
" ခင်ဗျားသေမှတော့ ကျုပ်ကဒီမှာဘာလုပ်ဖို့ကျန်နေခဲ့ရမှာလဲ
အတူလိုက်သေမှာပေါ့ "
ယိချူးက စိတ်ပေါက်ပေါက်ဖြင့်ဆိုလေ၏။
" အားးး! ရင်ထဲထိသွားပြီကွာ "
ထိုအခါ လီကျင်းချန်းက သူ၏ရင်ဘတ်အားလက်ဖြင့်အသာအယာဖိလျက် ရွှတ်နောက်နောက်ဆိုလိုက်ရာ ယိချူးသည် လှပသောမျက်စောင်းလေးသာထိုးလိုက်လေသည်။
" မနောက်နဲ့ မနောက်နဲ့ "
" ဒါဖြင့် ကိုယ်တို့(၂နှစ်ကြီးတောင်နေရဦးမှာပဲ
တော်သေးတာပေါ့ကွာ
မင်းသာမရှိရင် ကိုယ်တော်တော်အထီးကျန်မှာ "
ထိုစကားကြောင့် ယိချူး၏စိတ်အစဉ်၌
အလွန်အေးမြသောစမ်းချောင်းလေးဖြတ်၍စီးဆင်းသွားသလိုခံစားလိုက်ရလေသည်။
ထို့နောက် သူမက သူမသိချင်နေသောအကြောင်းအားမေးမြန်းလိုက်လေသည်။
" ဒါနဲ့ ညီမကလေ
ညီမကို မမှတ်မိလောက်ဘူးထင်နေတာ
အင်တာဗျူးထဲထည့်ပြောမှသိတယ်
ဘယ်လိုလုပ်ပြီး ခုချိန်ထိမှတ်မိနေတာလဲဟင်? "
" မမှတ်မိစရာလားကွာ
ဓာတ်ပုံတောင်အတူရိုက်ခဲ့တာကို
အဲ့ဓာတ်ပုံ အခုထိကိုယ်သိမ်းထားတယ် "
" တကယ်.!?
" တကယ်! နောက်ပိုင်း မင်းကိုတွေ့လိုတွေ့ငြား အဲ့ဒီကားဝပ်ရှော့ကိုလာသေးတယ်
ဆိုင်ရှင်က မင်းတို့အိမ်ပြောင်းသွားပြီပြောတယ် "
" ဟုတ်တယ်
အဘိုးနေမကောင်းလို့ အဘိုးအိမ်ပြောင်းသွားကြတာ
အရင်ကအိမ်ခွဲနေတာလေ
အဘိုးက အမေ့ကိုသိပ်သဘောမကျလို့ "
" ဪ..!
လီကျင်းချန်းသည် သူ၏ချာတိတ်မလေးအား သနားဂရုဏာသက်မိသွားရလေသည်။
" ဒါနဲ့ ကိုယ်တစ်ခုသိချင်
အနာဂတ်ကမ္ဘာမှာ မင်း..မင်းမှာ ခင်ပွန်း
ဒါမှမဟုတ် ချစ်သူတို့..!
လီကျင်းချန်း၏စကားမဆုံးလိုက်ပါ ယိချူးက ခပ်သွက်သွက်ဖြေလိုက်သောကြောင့်ပင်။
" မရှိပါဘူး "
" အာ. ! ဒါဆိုရပြီ
ဘာဖြစ်ဖြစ် ကိုယ်တို့က ကိုယ့်တိုခန္တာမဟုတ်ပေမယ့် ဇနီးမောင်နှံအဖြစ်သရုပ်ဆောင်ရမယ့်ဆက်ဆံရေးလေကွာ
အဲ့တာရှိခဲ့ရင် သစ္စာမဲ့မနေဖူးလား
တဖက်လူကိုအားနာစရာကြီးလေကွာ "
" အင်း..!
ညီမ တစ်ခါမှချစ်သူမထားဖူးပါဘူး
ဒါကြောင့်စိတ်ချပါ "
[တဖက်သတ်တော့ချစ်ခဲ့ဖူးပါတယ်
ဒါပေမယ့် move on လိုက်ပြီ
ခုချိန်ကစပြီး ခင်ဗျားတစ်ယောက်ကိုပဲကြည့်တော့မလို့ပါ]
ယိချူးသည်ထိုစကားတို့ကို သူမ၏စိတ်ထဲ၌သာသိမ်းထားမိလိုက်သည်။
#_____________________________#
အပိုင်း_၁၁မျှော်
Thank for reading 🙏
#CherryRay🐦
1 April 2024
Monday 3:25PM
Zawgyi
" ဤကမ႓ာ၏ေနွာင္ႀကိဳး " (10)
အခန္း_၁၀(အခ်ိန္ေတြကသာစကားေျပာတတ္ခဲ့ရင္
မင္းကို ကိုယ္ဘယ္ေလာက္ထိရူးသြပ္ခဲ့ေၾကာင္းေျပာျပပါလိမ့္မယ္)
_"ရန္ယိခ်ူး ငါ့တူေတာ္ေျပာတာမွန္လား'
_"မွန္ပါတယ္"
ယိခ်ူးက ခပ္သြက္သြက္ေခါင္းညိတ္လိုက္ေလသည္။
သူမမွာေက်ာက္ဝမ္ရွန္းနဲ႔လက္မထပ္ရရင္ၿပီးေရာဟုစိတ္ဒံုးဒံုးခ်လိုက္ေလသည္။
" ေကာင္းၿပီ
ရွန႔္လီ မင္းမိန္းကေလးကိုေခၚသြားလို႔ရၿပီ "
" မဂၤလာပြဲကေရာ "ယိခ်ူးကအရဲစြန႔္ၿပီးေမးလိုက္သည္။
" မဂၤလာပြဲက ငါကိုယ္ေတာ္အမိန႔္ထုတ္ျပန္ၿပီးသားမလို႔ ဒီလိုလုပ္လိုက္
သတို႔သားေနရာမွာ မင္သားယန္(ရွန႔္လီ)လို႔
ငါကိုယ္ေတာ္မၾကာခင္ တရားဝင္အမိန႔္စာထုတ္ျပန္လိုက္မယ္ ရလား "
" ရပါတယ္ "ယိခ်ူးက ခပ္သြက္သြက္ေျဖလိုက္ေလသည္
ယိခ်ူးသည္ လီက်င္းခ်န္းလက္ဆြဲေခၚရာေနာက္သို႔ မည္သၫ့္စကားမ်ွေစာဒကမတက္ပဲ တိတ္ဆိတ္စြာျဖင့္လိုက္ပါလာေလသည္။
သူမမွာ ယခူကဲ့သို ေလာင္လီတစ္ေယာက္
ေဒါသထြက္ေနသည္ကို အျပင္ေလာက၌
တစ္ႀကိမ္တစ္ခါမ်ွနီးနီးကပ္ကပ္မျမင္ဖူးခဲ့၍
ေၾကာက္လန႔္ေနသည္လည္းပါသည္။
ဥယ်ာဉ္ေတာ္၏အျပင္ဘက္တြင္မူ သူမ၏
အကိုေဝကြမ္းအား ေခါက္တံု႔ေခါက္ျပန္လမ္းသလားေနသည္ကိုေတြ့လိုက္ရေလသည္။
သူမတို႔ နန္းေတာ္ဂိတ္ဝသို႔ေရာက္ေသာအခါ
နန္းေတာ္ဂိတ္ေပါက္၌ ရပ္ေစာင့္ေနၾကေသာ
ရန္ရံုႏွင့္ေမာ့လီတို႔ကိုေတြ့လိုက္ရေလသည္။
သူတို႔၏မလွမ္းမကမ္း၌လည္း ျမင္းလွည္းတစ္စီး။
ျမင္းလွည္းထဲ၌ထိုင္မိၾကေသာအခါ ရန္ရံုကစတင္ကာစကားဆိုလိုက္ေလသည္။
" ခ်ူးအယ္ မင္းႀကီးကဘာေျပာလိုက္လဲ "
"ဘာေျပာရမွာလဲ
မဂၤလာပြဲကယခင္အတိုင္းပဲ "
ယိခ်ူး၏စကားေၾကာင့္ ရန္ရံုမွာသက္ျပင္းခ်လိုက္ေလသည္။
ေမာ့လီကား တရႈံ႔ရႈံ႔ငိုလ်က္၊
ထိုအခါ ယိခ်ူးသည္ ရယ္ခ်င္စိတ္ကိုေအာင့္
အည္းကာ ေျပာလိုက္ေလသည္။
"ဒါေပမယ့္ သတို႔သားေျပာင္းသြားၿပီ
ရွန႔္လီ "
" တ..တကယ္လား
သခင္မေလးရယ္ ကြၽန္မျဖင့္လန႔္သြားတာပဲ
မေနာက္ပါနဲ႔ရွင္ "
" ဟုတ္တယ္ ကေလးမ ညည္း.က်ပ္က်ပ္ေနာက္ "
ထို႔ေနာက္သံုးေယာက္သားရယ္ေနာလိုက္ၾကေလသည္။
ထိုအခါ ျမင္းလွည္းေမာင္းေနေသာ ရွန္႔ေစြ
ႏွင့္ ျမင္းလွည္း၏ေဘး၌
ျမင္းကိုယ္စီး၍လိုက္ပါလာေသာ လီက်င္းခ်န္း ႏွင့္ ရန္ေဝကြမ္းတို႔မွာအသီးသီးၿပံဳးလိုက္ၾကေလသည္။
တဖက္တြင္လည္းနန္းေတာ္၌က်န္ရစ္ခဲ့ၾကေသာ ေက်ာက္ဝမ္ရွန္းမွာ
ခမည္းေတာ္၏သီးသန႔္စာၾကၫ့္ေဆာင္၌အဆူခံေနရေလသည္။
"မင္းမရွက္ဖူးလား
ကိုယ့္အကိုေတာ့္မိန္းကေလးကိုမွမရမကလိုခ်င္ေနတယ္
ခုၾကၫ့္စမ္း ငါကိုယ္ေတာ္ဘာျဖစ္သြားၿပီလဲ"
" ခမည္းေတာ္..!
သူလိမ္ေျပာေနတာ
သားေတာ္ေမးၾကၫ့္ဖူးတယ္
ယိခ်ူးကို သူဘယ္တုန္းကမွသေဘာမက်ဖူးဘူး
ညီမေလးတစ္ေယာက္လိုပဲသေဘာထားတာ"
"အဲ့တာငယ္ငယ္တုန္းကေလ
အခု ရန္မိန္းကေလးေျပာသြားတာၾကားလား
သူခ်စ္တာ မင္းအကိုရွန႔္လီတဲ့
ေတာ္ၿပီ ဘာမွထပ္မေျပာနဲ႔ေတာ့
မင္းမယ္ေတာ္သေဘာတူေနတဲ့ ထံုးတမ္းေရရာအမတ္မင္းရဲ့သမီးနဲ႔သာလက္ဆက္ဖို႔ျပင္ထား"
ေက်ာက္ဝမ္ရွန္းမွာ စကားမတည္ခဲ့ေသာ
အကိုေတာ္ကိုသာက်ိန္ဆဲေနမိေတာ့သည္။
တစ္လမ္းလံုး အမ်ိဳးသမီးသံုးေယာက္၏
ေရပက္မဝင္ေအာင္ေျပာဆိုရယ္ေမာေနၾကေသာအသံတို႔အားနားေထာင္ရင္းႏွင့္ပင္
မဟာစစ္သူႀကီးစံအိမ္ေရ႔ွသို႔ေရာက္လာခဲ့ၾကေလသည္။
လမ္းခြဲခါနီး၌ရန္ေဝကြမ္းက လီက်င္းခ်န္းအားဤသို႔ေျပာလိုက္သည္။
"ေရွာင္လီ..!
ငါ့ညီမကိုကူညီေပးတံ့အတြက္ေက်းဇူးတင္ပါတယ္ "
[ငါ့ကိုယ္ငါကူညီလိုက္တာကြ]စိတ္ထဲ၌ထိုသို႔ေျပာေနေပမယ့္ အျပင္ဘက္တြင္မူ
"မလိုပါဘူးကြာ "
လီက်င္းခ်န္းမွာ ရွန႔္အိမ္ေတာ္သို႔ေရာက္သည္ႏွင့္ အျဖစ္မွန္ေတြသိရိွသြားေသာ ရွန႔္လီမိခင္၏ဆူပူသံကိုၾကားရပါေတာ့သည္
"မင္းမရွက္ဖူးလား
ကိုယ့္ညီနဲ႔လက္ဆက္မယ့္မိန္းကေလးကိုမွလုယူရလား"
"လုယူတာမဟုတ္ဘူး
ယိခ်ူးကအစကတည္းက ကြၽန္ေတာ့္လူပါ"
လီက်င္းခ်န္း၏စကားေၾကာင့္ ထိုက္ယန္မင္းသမီးႀကီးမွာ ဤႏွယ္ခနဲ႔တဲ့တဲ့ဆိုလိုက္ေလသည္။
"ဪ..!
ေျပာပါဦး မင္းတို႔ကဘယ္တုန္းကသေဘာက်ေနၾကတာလဲ
ေမြးကတည္းကလား
ယိခ်ူးကို ညီမေလးတစ္ေယာက္အျပင္မပိုခဲ့တဲ့မင္းက ညီနဲ႔လက္ဆက္မယ္ဆိုကာမွ
သေဘာက်တယ္ဆိုေတာ့
ငါ..ထင္ေတာ့ထင္သား ယိခ်ူးျပန္ေရာက္လာကတည္းက မင္းအမူအရာေတြေျပာင္းေနတာ
ဒါေၾကာင့္ လဲ့ရွင္းကိုျငင္းေနတာကိုး"
"ဟန္မိန္းကေလးကိုျငင္းတာက ခုမွမဟုတ္ဘူး
လြန္ခဲ့တဲ့(၄)ႏွစ္ကတည္းကပါ အေမေမ့ေနမွာစိုးလို႔"
"ေအးပါ မင္းကိုငါၿပိဳင္ၿပီးစကားရည္မလုႏိုင္ပါဘူး"
":ဒါဆိုလည္း ကြၽန္ေတာ္တို႔မဂၤလာပြဲအတြက္ျပင္ဆင္ထားလိုက္ပါေတာ့
ျဖစ္ႏိုင္ရင္အျမန္ဆံုးက်င္းပခ်င္တယ္
မၾကာခင္မွာ မင္းႀကီးကတရားဝက္အမိန႔္ထုတ္ျပန္လိမ့္မယ္
အေမနဲ႔ေဒၚေလးကိုပဲ အားကိုးပါတယ္ဗ်ာ "
ထိုက္ယန္မင္းသမီးႀကီးသည္ကား ေခါင္းခါ၍သာက်န္ရစ္ခဲ့ေလေတာ့သည္။
ညေရာက္ေသာအခါ လီက်င္းခ်န္းမွာ
ရန္အိမ္ေတာ္သို႔လာေရာက္၍ ရန္ကေတာ္(ရွီဆိုက္ဟြား)ႏွင့္ ရန္ယိကြမ္းတို႔အားလာေရာက္ေတြ့ဆဲု၍ ၄ႏွင့္ပတ္သတ္၍စိတ္အေနွာက္အယွက္ျဖစ္ခံ့ရသည္တို႔ကိုေတာင္းပန္းစကားဆိုေလသည္။
ရန္ယိကြမ္းမွာ သမက္ေလာင္းအားအျပစ္ဆိုခ်င္ပါေသာ္လည္း သားႏွင့္သမီးျဖစ္သူက
ေရ႔ွမွကားဆီးကာ ကာကြယ္ေျပာဆိုေနသျဖင့္
ရင္ထဲရိွစကားတို႔အားၿမိဴသိပ္ခံ့ရေလသည္။
ထို႔ေၾကာင့္ ၄မွာ ၿပီးၿပီးေရာဟူေသာသေဘာျဖင့္ " မင္းတို႔ခ်င္းအဆင္ေျပရင္ရၿပီ"ဟုသာဆိုလိုက္ရေလသည္။
ဤသို႔ျဖင့္ ညစာစားၿပီးၾကေသာ္
ခြၽင္ခ်ိဳးေဆာင္သို႔ေရာက္ေသာအခါ ယိခ်ူကစတင္ေမးလိုက္ေလသည္။
" ေလာင္လီ.!
ခင္ဗ်ားဘယ္တုန္းကဝိညာဉ္ကူးေျပာင္းလာတာလဲ
ေက်ာက္ဝမ္ရွန္းကိုကယ္ရင္း ဦးေခါင္းထိခိုက္မိတုန္းကလား?"
" မဟုတ္ဘူး အဲ့ထက္ေစာတယ္
အဆိပ္ျမႇားထိကတည္းက "
"ဒါဆို..!
" ဟုတ္တယ္
မင္းထက္အရင္ဝိညာဉ္ကူးေျပာင္းလာခဲ့တာ
ကိုယ္ ဒီကမ႓ာကိုေရာက္ေတာ့
ကိုယ္ကအဆိပ္ျမႇားထိၿပီး မင္အကိုကေသဒဏ္က်တယ္
ရွန႔္လီရဲ့မွတ္ဉာဏ္အရ သူတို႔ကအခ်စ္ဆံုးသူငယ္ခ်င္းေတြေလ
ဒါေၾကာင့္ ေရႊအမိန႔္ျပားနဲ႔သူကိုကယ္တင္ခ်င္ခဲ့တာပါ
ဒါေပမယ့္ မင္းက.အဲ.ခ်ူးအယ္က မင္းနဲ႔နာမည္ေရာရုပ္ရည္ပါတူေနခဲ့လို႔ မင္းကိုပဲကယ္တင္ခဲ့လိုက္တာ
အဲ့တာတကယ္ကံေကာင္းသြားတယ္
ကိုယ္မဟုတ္ပဲ ရွန႔္လီျဖစ္ေနလို႔ ရန္ေဝကြမ္းကိုပဲကယ္တင္ခဲ့ရင္
က်န္တဲ့ ရန္မိသားစုေတြအကုန္ေသဒဏ္အေပးခံရမွာ "
ထိုအခါ ယိခ်ူးသည္ မ်က္ေစာင္းထိုးလ်က္ဆိုေလ၏။
" အဲ့တာမ်ား ေစာေစာစီးစီးမေျပာဘူး
ဟန္ေဆာင္ေနေသးတယ္
ခင္ဗ်ားႀကီးေတာ္ေတာ္ဆိုး "
" ဘာ..ခင္ဗ်ားႀကီးလဲ ကိုယ့္အိုင္ေဒါလ္ကိုမေလးမစား
ကိုယ္တို႔စေတြ့တုန္းကလို ကိုႀကီးပဲေခၚ "
လီက်င္းခ်န္း၏စကားၾကားေသာ္
ယိခ်ူးက အနည္းငယ္ရွက္ရြံ႔ေနခဲ့ၿပီးမွ
ေခါင္းညိတ္ျပလိုက္ေလသည္။
" ကိုယ္ မင္းကိုသံသယဝင္ၿပီးစစ္ေဆးဖူးတယ္
မင္းမွတ္မိလား
မင္းနဲ႔ကိုယ္နဲ႔ ဘယ္တုန္းကစေတြ့တာလဲဆိုတာေလ "
" အင္း မွတ္မိတယ္ "
" အဲ့တုန္းက မင္းက ဒီယိခ်ူးရဲ့အေၾကာင္းေတြအကုန္ေျပာျပႏိုင္တယ္ေလ
ဒီအေၾကာင္းက ကိုယ္ရိုက္ကူးေနတဲ့ဇာတ္ကားထဲမပါဘူးကြ"
" ဟုတ္သား အဲ့တာေျပာဖို႔ေမ့ေနတာ
ဒီရန္ယိခ်ူးအေၾကာင္းကေလ ညီမမေသခင္
ၾကၫ့္ခဲ့တဲ့ဇာတ္လမ္းတြဲကအေၾကာင္းျဖစ္ေနတာသိလား "
"ဪ ဒါေၾကာင့္ကိုး "
" ဒါနဲ႔ေလ ေလာင္လီ!
ဟိုဘက္ကမ႓ာမွာဘာျဖစ္ခဲ့တာလဲဟင္ "
ယိခ်ူးက အဓိကအေၾကာင္းအရာကို
ယခုမွအင္သတိရကာ ကပ်ာကယာေမးျမန္းလိုက္ေလသည္။
" ကားမေတာ္တဆျဖစ္ခဲ့တာ "
" ဟင္ တိုက္ဆိုင္လိုက္တာ
ညီမေရာပဲ "
" မင္းေရာပဲလား
ခဏ..! ကိုယ္တစ္ခုေတြးမိလိုက္ၿပီ
ဘယ္ရက္ဘယ္အခ်ိန္ဘယ္ေနရာမွာလဲ
ကိုယ့္ကိုေသခ်ာေျပာျပ "
" ဧၿပီလ ၂၁ရက္ေန့
ညေန ၆နာရီခန႔္ေလာက္ထင္တယ္
ေနရာက ဆာကူရာစားေသာက္ဆိုင္ေရ႔ွ "
ထိုအခါ လီက်င္းခ်န္းက အထိတ္တလန႔္ေရရြတ္လိုက္ေလသည္။
" ဘုရားေရ..!
မင္းကိုဝင္တိုက္ခဲ့မိတာ ကိုယ္ပဲ
အဲ့တာ ကိုယ့္ကားပဲ "
" ဘယ္လို..!?
"အဲ့ေန့က ရိုက္ကြင္းေစာေစာၿပီးတယ္
ကိုယ္လည္း အျပင္ထြက္ညစာမစားတာၾကာၿပီျဖစ္လို႔ အဲ့ဒီစားေသာက္ဆိုင္ကိုလာခဲ့တာ
သူငယ္ခ်င္းကၫႊန္းေနလို႔ေလ
အဲ့မွာ မိန္းကေလးတစ္ေယာက္က လမ္းမေပၚတက္လာတာ
ကိုယ္လည္း ကားစတီယာရင္ကိုေကြ့လိုက္ေတာ့ လမ္းေဘးထိုးက်သြားတာပဲမွတ္မိလိုက္တယ္"
" ဒါျဖင့္ ညီမတို႔ႏွစ္ေယာက္တကယ္ေသသြားၾကၿပီလားဟင္ "
ယိခ်ူးက ငိုေတာ့မၫ့္ကေလးတစ္ေယာက္ႏွယ္ မ်က္ႏွာငယ္ေလးျဖင့္ေမးလိုက္ရာ
လီက်င္းခ်န္းသည္အသာအယာရယ္ေမာလိုက္ေလသည္။
ထို႔ေနာက္ ၄က သူ၏ေရ႔ွ၌ထိုင္ေနေသာ
သူငယ္မအား ေခါင္းေလးပြတ္သတ္လ်က္ေျပာလိုက္ေလသည္။
" ေပါက္ကရေတြကြာ
မျဖစ္စေလာက္ေလးပြတ္မိရံုပါ မေသပါဘူး
ကိုယ္လည္းထိခိုက္မိလွ ေခါင္းထိရံုေလာက္ေပါ့ "
တခဏၾကာေသာ္ ယိခ်ူးမွာ တစ္စံုတစ္ခုကို
နားလည္သေဘာေပါက္သြားေလသည္။
" ေနဦး
ညီမဆက္စပ္မိလာသလိုပဲ
ညီမတို႔စေတြ့ေတာ့ ကိုႀကီးအသက္(၂၀)
ညီမအသက္က(၁၄)
ဒီဘက္ကမ႓ာမွာလည္းတူတယ္
ေနာက္ ညီမတို႔မေတာ္တဆျဖစ္ၿပီး ေရာက္
လာတဲ့ေခတ္ကာလတူတယ္
မေတာ္တဆျဖစ္တဲ့အခ်ိန္က ညီမတို႔အသက္
၃၁ နဲ႔ ၂၅၊
ၿပီးေတာ့ ကိုႀကီးလက္ရိွရိုက္ေနတဲ့ Novel မွာ
ရွန႔္လီက ရန္ခ်ူခ်ူနဲ႔ ၁၈ႏွစ္မွာစေတြ့တယ္
ညီမတို႔က ၁၈ႏွစ္ေရာက္မွ အျဖစ္မွန္သိတယ္
အဲ့ေတာ့ ညီမတို႔ဟိုဘက္ကမ႓ာကိုျပန္ရမယ့္အခ်ိန္က ဒါပဲ
Novel ထဲမွာ ရွန႔္လီအသက္ စစ္ေျႏျပင္မွာက်ဆံုးသြားခ်ိန္
အဲ့ဒီအခ်ိန္မွာ သူ႔အသက္က(၂၆)ႏွစ္အရြယ္ေလ "
" အိုး..သေဘာေပါက္ၿပီ
ကိုယ့္ခ်ာတိတ္မကဉာဏ္ေကာင္းလိုက္တာကြာ "
" လာေနာက္ေနေသးတယ္ေနာ္ "
" ဒါနဲ႔ကိုယ္ကေတာ့ဟုတ္ပါၿပီ
မင္းကေရာ?"
" ခင္ဗ်ားေသမွေတာ့ က်ဳပ္ကဒီမွာဘာလုပ္ဖို႔က်န္ေနခဲ့ရမွာလဲ
အတူလိုက္ေသမွာေပါ့ "
ယိခ်ူးက စိတ္ေပါက္ေပါက္ျဖင့္ဆိုေလ၏။
" အားးး! ရင္ထဲထိသြားၿပီကြာ "
ထိုအခါ လီက်င္းခ်န္းက သူ၏ရင္ဘတ္အားလက္ျဖင့္အသာအယာဖိလ်က္ ရႊတ္ေနာက္ေနာက္ဆိုလိုက္ရာ ယိခ်ူးသည္ လွပေသာမ်က္ေစာင္းေလးသာထိုးလိုက္ေလသည္။
" မေနာက္နဲ႔ မေနာက္နဲ႔ "
" ဒါျဖင့္ ကိုယ္တို႔(၂ႏွစ္ႀကီးေတာင္ေနရဦးမွာပဲ
ေတာ္ေသးတာေပါ့ကြာ
မင္းသာမရိွရင္ ကိုယ္ေတာ္ေတာ္အထီးက်န္မွာ "
ထိုစကားေၾကာင့္ ယိခ်ူး၏စိတ္အစဉ္၌
အလြန္ေအးျမေသာစမ္းေခ်ာင္းေလးျဖတ္၍စီးဆင္းသြားသလိုခံစားလိုက္ရေလသည္။
ထို႔ေနာက္ သူမက သူမသိခ်င္ေနေသာအေၾကာင္းအားေမးျမန္းလိုက္ေလသည္။
" ဒါနဲ႔ ညီမကေလ
ညီမကို မမွတ္မိေလာက္ဘူးထင္ေနတာ
အင္တာဗ်ူးထဲထၫ့္ေျပာမွသိတယ္
ဘယ္လိုလုပ္ၿပီး ခုခ်ိန္ထိမွတ္မိေနတာလဲဟင္? "
" မမွတ္မိစရာလားကြာ
ဓာတ္ပံုေတာင္အတူရိုက္ခဲ့တာကို
အဲ့ဓာတ္ပံု အခုထိကိုယ္သိမ္းထားတယ္ "
" တကယ္.!?
" တကယ္! ေနာက္ပိုင္း မင္းကိုေတြ့လိုေတြ့ျငား အဲ့ဒီကားဝပ္ေရွာ့ကိုလာေသးတယ္
ဆိုင္ရွင္က မင္းတို႔အိမ္ေျပာင္းသြားၿပီေျပာတယ္ "
" ဟုတ္တယ္
အဘိုးေနမေကာင္းလို႔ အဘိုးအိမ္ေျပာင္းသြားၾကတာ
အရင္ကအိမ္ခြဲေနတာေလ
အဘိုးက အေမ့ကိုသိပ္သေဘာမက်လို႔ "
" ဪ..!
လီက်င္းခ်န္းသည္ သူ၏ခ်ာတိတ္မေလးအား သနားဂရုဏာသက္မိသြားရေလသည္။
" ဒါနဲ႔ ကိုယ္တစ္ခုသိခ်င္
အနာဂတ္ကမ႓ာမွာ မင္း..မင္းမွာ ခင္ပြန္း
ဒါမွမဟုတ္ ခ်စ္သူတို႔..!
လီက်င္းခ်န္း၏စကားမဆံုးလိုက္ပါ ယိခ်ူးက ခပ္သြက္သြက္ေျဖလိုက္ေသာေၾကာင့္ပင္။
" မရိွပါဘူး "
" အာ. ! ဒါဆိုရၿပီ
ဘာျဖစ္ျဖစ္ ကိုယ္တို႔က ကိုယ့္တိုခႏၲာမဟုတ္ေပမယ့္ ဇနီးေမာင္ႏွံအျဖစ္သရုပ္ေဆာင္ရမယ့္ဆက္ဆံေရးေလကြာ
အဲ့တာရိွခဲ့ရင္ သစၥာမဲ့မေနဖူးလား
တဖက္လူကိုအားနာစရာႀကီးေလကြာ "
" အင္း..!
ညီမ တစ္ခါမွခ်စ္သူမထားဖူးပါဘူး
ဒါေၾကာင့္စိတ္ခ်ပါ "
[တဖက္သတ္ေတာ့ခ်စ္ခဲ့ဖူးပါတယ္
ဒါေပမယ့္ move on လိုက္ၿပီ
ခုခ်ိန္ကစၿပီး ခင္ဗ်ားတစ္ေယာက္ကိုပဲၾကၫ့္ေတာ့မလို႔ပါ]
ယိခ်ူးသည္ထိုစကားတို႔ကို သူမ၏စိတ္ထဲ၌သာသိမ္းထားမိလိုက္သည္။
#_____________________________#
အပိုင္း_၁၁ေမ်ွာ္
Thank for reading 🙏
#CherryRay🐦
1 April 2024
Monday 3:25PM