CHANDLER { Ongoing }

By Xylo_19

173K 6.7K 327

Chandler Hayden ♡ Yein Yai Mhaine Warning//Fantasy// More

Intro
Part 1 U
Part 1 Z
Part 2 U
Part 2 Z
Part 3 U
Part 3 Z
Part 4 U
Part 4 Z
Part 5 U
Part 5 Z
part 6 U
Part 6 Z
Chibi Art
Part 7 U
Part 7 Z
Part 8 U
Part 8 Z
Part 9 U
Part 9 Z
Part 10 U
part10 Z
Part 11 U
Part 11 Z
Part 12 U
Part 12 Z
Part 13 U
Part 13 Z
Do or Die
Part 14 U
Part 14 Z
Part 15 U
Part 15 Z
Part 16 U
Part 16 Z
Part 17 U
Part 17 Z
Part 18 U
Part 18 Z
Part 19 U
Part 19 Z
Part 20 U
Part 20 Z
Part 21 U
Part 21 Z
Chandler 's POV!
Part 22 Z
Part 23 U
Part 23 Z
Attention !
Part 24 U
Part 24 Z

Part 22 U

2.5K 167 13
By Xylo_19

" ဒါလင် "

ခေါ်သံဟာ နူးညံ့ခြင်းလည်းမရှိသလို မာန်ပါခြင်းလည်းမရှိ။

" .... "

company ကနေပြန်လာသည့်တိုင် အိမ်ကိုတန်းဝင်လာခဲ့တာဖြစ်၏။နည်းနည်းတော့ နောက်ကျနေပြီဆိုပေမယ့်တစ်အောင့်နေ ဂိုဏ်းကိုပြန်သွားရအုန်းမှာပင်။ဒီလိုခနလေးအတွင်းတောင်ဦးဒေဝတို့ကိုသူ့ခန့်မှန်းလို့မရသည့်အတွက်အိမ်ပြန်ပြီး Bodyguard တွေကို အစီတကျထားခဲ့မလို့ဖြစ်၏။ဒါမယ့်အိမ်ပြန်ရောက်ရောက်ခြင်းအ‌မောမပြေမိပုဆီမှကြားရသည့်စကားက ' အစ်ကိုလေး တစ်နေ့လုံးအစာမစားပါဘူးတဲ့လေ ' အချိန်ကိုကြည့်တော့လည်း နေ့ခင်းသုံးနာရီတိတိရှိ‌ လေပြီဖြစ်သည်။ဒီအချိန် ဗိုက်မဆာတာတော့မဖြစ်နိုင်။မနက်ကတစ်ခုခုစားထားလို့လားဆို‌တော့လည်းမဟုတ်ပြန်တစ်မနက်လုံးအခန်းတွင်းအောင်းနေတာပါတဲ့။

ကျစ်!သူကိုယ်တိုင်လည်းရောက်ရောက်ခြင်းမနား အိမ်မှာလုပ်စရာကိုအမြန်လုပ်ပြီးတန်းပြန်ရမှာဒါကိုဘာတွေစိတ်အလိုမကျဖြစ်နေသည့်ခေါက်ဆွဲခြောက်ကတစ်မျိုး။ဒီတိုင်းမသိသလိုပစ်ထားခဲ့လည်းမဖြစ်ပြန်‌သူကအိမ်‌တော့ပြန်လာပြီးသူ့ကိုနည်းနည်းလေးတောင်မတွေ့သွားဘူးလားဆိုမကောင်းဖြစ်အုန်းမည်စိတ်ကျဥ်းကျပ်လာသဖြင့်မနက်ကတည်းကဝတ်ဆင်ထားသည့်နက်စ်ကတ်ိုင်ကိုအနည်းငယ်မျှ‌ဖြေလျှော့ကာအခန်းသို့သာတန်းတန်းမတ်မတ် တတ်လာခဲ့တော့သည်။။မိပုကိုလည်းထမင်းဝိုင်းပြင်ဖို့မှာထားခဲ့ဖို့မမေ့။

" ဒါလင်စောင်ထဲကထွက်ခဲ့ကွာ။ဘာဖြစ်နေသလဲဆိုတာ ဒီကကောင်ကိုပြောမှပေါ့ "

ချန်ဒလာကခြုံထားသည့်စောင်ကိုဆွဲလေယိမ်းယိုင်ကလည်း အောက်ကနေကိုယ်လုံးအောက်စောင်ကိုပတ်ပတ်လည်ဖိကာအတင်းဆွဲထားပြန်၏။ချန်ဒလာကဆွဲလိုက်ယိမ်းယိုင်က ပြန်ဆွဲချလိုက်နှင့်စောင်ကအလည်ကနေထက်ပိုင်းပြဲတော့မည်။တကယ်ဆို ချန်ဒလာအားပါပါဆွဲမယ်ဆို ဒီစောင်ဟာသူ့လက်ထဲပါမလာစရာအကြောင်းမရှိ။သို့သော် သူ့လက်ထဲစောင်ပါလာတာနဲ့ ယိမ်းယိုင်ကလည်းကုတင်ပေါ်ကနေခွေးကျဝက်ကျပြုတ်ကျမည်ဖြစ်သည်။

" စောက်စိတ်ကရှည်တာမဟုတ်ဘူးနော် ခုထ! "

ချန်ဒလာရဲ့အသံကစိတ်မရှည်တော့ကျယ်လာ၏။ဒါ‌တောင်ယိမ်းယိုင်ကလုံးဝကို တင်းခံနေတုန်း။ဒါမျိုးကျ ယိမ်းယိုင်မှိုင်းတို့များစောက်ကြောတင်းချက် သူသာတစ်ချက်ဆောင့်ဆွဲလိုက် သူ့လက်ထဲဒီစောင်ပါလာတာကြာပေါ့။ဟောစောင့်ဆွဲပြီးဖယ်လိုက်ပြီထား ဟိုအကြောတင်းကပြုတ်ကျအုန်းမယ်အဲ့ခါကျ အာပြဲကြီးနဲ့အော်မယ်အဘစံတို့ကကြားမယ်တတ်လာပြီးသူ့ကို ' ဘာလို့လုပ်ရတာလဲ ဘာဖြစ်လို့လဲ ' ပြောမယ်ဟောသူ့အလွန်ပါပေါ့။ကောင်းလိုက်တဲ့ ချန်ဒလာ။

" ထွက်သွား! "

နောက်ဆုံးတော့ အသံဩဩလေးတစ်ချက်ထွက်လာ၏။ဒါမယ့် စောင်ကိုတော့လုံးဝမလှန်ပေးသေး။

" ဘာဖြစ်သလဲဆိုတာ အရင်ပြော။ကျုပ်မှာ အလုပ်ကိစ္စတွေ ကျန်သေးတယ်ခင်ဗျားတစ်ယောက်ထဲနဲ့ပြီးသွားလို့မရဘူး "

" အဲ့တာဆိုလည်း ထွက်သွားပါလား။မင်းကိုငါကခေါ်နေလို့လား "

ကျစ်!

Coat အင်္ကျီကိုအားပါပါဆောင့်ချွတ်ချကာကြမ်းပြင်ပေါ်သို့ဘုန်းကနဲမြည်အောင်ပစ်ပေါက်ချလိုက်၏။ထို့နောက် လေပူတစ်ချက်မှုတ်ကာ နဖူးပေါ်သို့အနည်းငယ်ပြိုကျနေသည့်ဆံပင်စတွေကိုတစ်ချက်သပ်တင်လိုက်ကာကုတင်ပေါ်သို့ဘေးတစ်စောင်းဝင်ထိုင်လိုက်သည်။

" ခင်ဗျားမျက်နှာလေး အမောပြေကြည့်ချင်တယ် "

" ... "

" ပင်ပန်းလာသမျှက ခင်ဗျားမျက်နှာလေးမြင်လိုက်ရရင်စုပ်ယူခံလိုက်ရသလိုပဲ အကုန်ပျောက်သွားစေတယ် "

" လျှာရိုးမရှိတိုင်း လျှောက်ပြောမနေနဲ့! "

ဒါမျိုးကျချက်ချင်းကိုစောင်ပုံထဲကထွက်ကာရန်တွေ့တော့တာဖြစ်သည်။‌ခေါင်းအုံးနှင့်ပစ်ပေါက်ကာတရှူးရှူးတဒိုင်းဒိုင်းနဲ့ ဒေါသထွက်နေသူ၏နှာခေါင်းကိုခုမှသေချာကြည့်မိသည်။နှာခေါင်းထိပ်တည့်တည့်ဟာ နီရဲနေကာအနည်းငယ်ဖောင်းတတ်နေသည်။ယိမ်းယိုင်ကိုယ်တိုင်ကလည်းအသားဖြူတဲ့အထဲတွင်ပါတာမို့ နှာထိပ်နီရဲနေတာကိုအတိုင်းသားမြင်နေရသည်။မသိရင်နှာပွကြီးလို။

" နှာခေါင်းက .. "

သူ့ရဲ့နှာခေါင်းထိပ်ကို လှမ်းထိဖို့ လက်လှမ်းလိုက်သည်နှင့်တစ်ဖက်လူ၏ရိုက်ခတ်ခြင်းကိုခံလိုက်ရ၏။

" မင်းကြောင့်! မင်းကြောင့် မနက်ကစတော်ဘယ်ရီထုပ်နဲ့ပစ်ပေါက်လိုက်တာ ဒီမှာကြည့် "

မွေ့ယာပေါ် ဒူးထောက်ကာသူ့ကိုရန်တွေ့ကာပြန်ပြောနေသူကို ဒီတစ်ခါမှာတော့ချန်ဒလာဘာမှလက်တုံ့မပြန်မိ။ဦးရိုးရာမင်းရဲ့မျိုးဆက်လေးဟာမြင်တာနဲ့ကိုနှလုံးခုန်မြန်လာစေပြီး အသက်ရှူတွေပါကြပ်လာစေသည့်အဆိပ်တစ်ခုလို။မြင်တာနဲ့ကို သေစေနိုင်တာတော့အမှန်။

" မင်းလုပ်တာလို့ မြင်လား! "

ယိမ်းယိုင်ရဲ့အသံကိုကြားတော့သူ့ရဲ့အသိတို့ပြန်ကပ်လာ၏။ဒါဆို မနက်ကကိစ္စဘာမဟုတ်တာလေးနဲ့ခုလိုဖြစ်ပြနေတာပေါ့လေ။သဘာဝအရပြောမယ်ဆို စိတ်ကောက်ခြင်း၊စိတ်ဆိုးခြင်းပေါ့စောက်ရေးမပါတာတွေ သက်သက်ဒုက္ခပေးတာ။

" ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ လူကြီးတွေကိုဒုက္ခပေးနေတာလား။ယောကျာ်းမဟုတ်ဘူးလား ဒါလေးတောင်မခံနိုင်ဘူးလား အဲ့လောက်ထိနုယွပြမနေနဲ့ယောကျာ်းဆိုယောကျာ်းလိုနေ! "

" အေးယောကျာ်းလိုနေနေတဲ့ကောင်ကို မင်းပဲမင်းအောက်မှာအတင်းခံခိုင်းခဲ့တာမဟုတ်ဘူးလား "

" ခင်ဗျားလည်းကြိုက်ခဲ့တာပဲလေ! ခုမှကျုပ်တစ်ယောက်ထဲအပြစ်ရှိနေသလို မလုပ်နဲ့ပေါ့ "

" ... "

" ခုချက်ချင်း ထမင်းဆင်းစား! "

" မစားဘူး "

" ခင်ဗျားမှာ ကျုပ်ကိုငြင်းပိုင်ခွင့်မရှိဘူး ကျုပ်ကထဆိုထလိုက် သွားဆိုသွားလိုက် "

ယိမ်းယိုင် အံကိုတစ်ချက်ကြိတ်လိုက်၏။

" ဟုတ်တယ် မင်းကဒီအိမ်ကြီးရှင် ဒါကြောင့်မင်းစကားကိုနားထောင်မယ်ဟုတ်ပလား "

မျက်နှာတည့်တည့်ကို သေချာစိုက်ကြည့်ပြောကာ ထွက်သွားလေ၏။သူလိုချင်တာ ဒီလိုအခြေအနေမဟုတ်ပေမယ့် သူက်ိုယ်တိုင်ကဒီအခြေအနေကိုဖန်တီးခဲ့တာ။ပါးစပ်ကသာညာလို့ရမယ် မျက်ဝန်းကတော့ညာလို့မရဘူးဆိုတာအမှန်။ဘယ်လောက်ပဲယိမ်းယိုင်အရွဲ့တိုက်ပြီးပြန်ပြောပါစေ ဒီလိုအခြေအတင်ဖြစ်တိုင်းမျက်ရည်ကြည်တွေဝေ့ဝေ့တတ်လာတာ ပုံမှန်လိုတောင်ဖြစ်နေ၏။ဒါကိုလည်းသူအကြိမ်ကြိမ် မမြင်ချင်ယောင်ဆောင်နေခဲ့တာဖြစ်၏။

အမြဲတမ်းစကားတစ်ခုကိုအလေးနက်ထားပြောတတ်သည့်လူက တစ်ခါတစ်လေ ဟုတ်တာမဟုတ်တာတွေ ပါးစပ်ဖျားက ထွက်တတ်နေပြီဖြစ်သည်။

~•~•~•~•~•~•~•~•

" အစ်ကိုလေးဟယ်ရီ! "

" အိုလစ်! "

နာမည်နှစ်ခု၏ခေါ်သံက တစ်ပြိုင်ထဲအခန်းတစ်ခုအတွင်း၌ပေါ်ထွက်လာခဲ့သည်။အိုလစ်က ဟယ်ရီ့ကိုအော်ခေါ်ကာ မတ်စ်ကတော့အိုလစ်ကိုအော်ခေါ်လိုက်ခြင်းပင်။ဒီကောင်ဘယ်လောက်ပြောပြောအရိပ်အ‌ခြေအလိုက်ကန်းဆိုးလုံးဝမသိပေ။ဟိုကဖြင့် Company ကပြန်လာပြီးကတည်းကတမှိုင်မှိုင်‌တစ်ထွေထွေဖြင့်ဘယ်သူ့ကိုမှရှိတယ်မထင်တော့။ဘာမှမရှိတဲ့နံရံကိုပေါက်ထွက်မတတ်ကြည့်ကာလမ်းပျောက်နေတဲ့လူတစ်ယောက်လို။ဟယ်ရီ့ပုံစံဟာလုံးဝကိုအချစ်မှာနစ်သွားသည့်နှယ်။ဒါပေမယ့်လည်းဟယ်ရီ့ကိုသူတို့အပြစ်ပြောလို့မရ။အချစ်ပူမိရင်ဘယ်လောက်ခံစားရလည်းဆိုတာ သူတို့လည်းမခံစားရဖူးပေမယ့်သိသင့်သလောက်တော့သိပါတယ်။

" အိုလစ် သွားမခေါ်နဲ့! ခေါ်လည်းဟိုကမင်းကိုဂရုမစိုက်ဘူး။သူ့ဘာသာသူ ခုမှအသဲကွဲဖူးသလိုလုပ်နေတာ "

" ဒါပေမယ့်သူ ထမင်းမစားရသေးဘူးလေ "

" ကျစ်သခင်လေးသာပြန်လာရင်ဟယ်ရီဒီလိုနေလို့ရမှာတောင်မဟုတ်ဘူး။ဟိုကသေအောင်တောင်သတ်ပစ်အုန်းမယ် "

" ဒါမယ့် "

" လာစမ်းပါကွာ မင်းစောက်လုပ်ပဲပြီးအောင်လုပ်စမ်းပါ "

" ဟေး နာတယ် .. မတ်စ် လွှတ်! နာတယ် "

အပေါက်ဝနားရပ်နေသည့်သူ့ကို လည်ပင်းကနေသိုင်းဖက်ကာနောက်သို့တစ်ရွတ်တိုက်ဆွဲသွားပြန်သည်။လက်ကိုရိုက်ကာတားနေလည်းမရ မလွှတ်ပေးတော့သူ့ကိုဆို ဘယ်တော့မဆိုအကြမ်းပတမ်း။အကုန်လုံးထဲသူကအငယ်ဆုံးမို့ပိုဆိုးသည်။အငယ်ဆိုတိုင်းလုပ်ချင်တိုင်းလုပ်လို့ရကောလားနည်းနည်းပါးပါးအငယ်ဆိုပြီးကောညှာကောညှာကြရဲ့လား။ခန္ဓာချင်းသိပ်မမျှလို့သာ ကိုင်ပေါက်ချင်တာလက်ကိုယားလို့။

နောက်ပါးဆီက စကားသံတို့ကိုဟယ်ရီအတိုင်းသားကြားနေရသော်လည်း နည်းနည်းလေးတောင်ပြန် မပြောမိ။ခုသူ့ရင်ဘတ်တစ်ခုလုံးတင်းကျပ်နေကာပေါက်ထွက်မတတ်။ဖြစ်နိုင်ရင် ဒီလိုခံစားနေရတာထက်သေသွားတာမှပိုကောင်းနေပေအုန်းမည်။မမှီနိုင်တဲ့ပန်းကိုမှ လက်လှမ်းခူးယူချင်ခဲ့မှတော့ ပြန်ကျတဲ့အခါမှာအထိနာယုံပေါ့။ဒါမယ့်ဘယ်လိုလုပ်ရမလဲ ထိုနာကျင်မှုတွေကြား ကိုကိုဆိုတဲ့အရာကဖြစ်တည်လာတဲ့အတွက်နာကျင်ရရင်တောင်လက်ဝယ်ထားရှိဖို့အတွက် လုံလောက်သည်။

" ကျွန်တော်ကိုကို့ကို ချစ်ပါတယ် ဒါမယ့်ကိုကိုနှလုံးသားကတော့တစ်ခြားလူကိုရင်ခုန်နေခဲ့တာ။ "

ပုံမှန်လူတွေအတွက်ကော ဒီလိုပဲအမြဲခံစားနေကြရတာလား။ဒုတိယလူဖြစ်ရတာ ဘယ်လောက်တောင်ဆိုးလိုက်လဲ။ကိုယ့်အတွက်မဟုတ်တဲ့အရာကို‌ငေးကြည့်‌နေရတယ်။ကျွန်တော်က ပိုင်ဆိုင်ခွင့်မရှိတဲ့အရာတွေကိုသိပ်သဘောကျတာ ဥပမာ လ၊ကြယ်၊တိမ်၊နောက်ပြီးတော့ ကိုကို....

" ကျွန်တော်တို့နှစ်ယောက်ဝေးသွားပြီလို့ပြောရအောင်လည်း ဘယ်တုန်းကနီးစပ်ခဲ့လို့လည်းဆိုတဲ့အတွေးက ကျွန်တော့်ကိုအကြိမ်ကြိမ်ကျိုးကြေစေပတယ် "

ဘယ်ဘက်မျက်ဝန်းမှ ဦးစွာကျဆင်းလာသည့်မျက်ရည်စတို့ကို သူမသုတ်မိတော့လွတ်လပ်စွာကျဆင်းပါစေတော့။သူ့ရဲ့ခေါင်းတစ်ခုလုံးဟာ အတွေးတွေနဲ့ပဲပြည့်နှက်နေလေ၏။ခုချိန်မှာ သူအလုပ်ချင်ဆုံးအရာတစ်ခုသာရှိသည် ကိုကို့ရဲ့လက်ကလေးကိုတစ်ခါလောက်ဆုတ်ကိုင်ဖူးချင်ယုံပါ။ကျွန်တော်မပေးလိုက်ရတဲ့ချစ်ခြင်းမေတ္တာတွေကိုကိုချစ်တဲ့လူဆီကအပြည့်အဝရပါစေ။ဒီဆန္ဒဟာ ခုချိန်မှာကျွန်တော်အပြည့်ချင်ဆုံးဆန္ဒတစ်ခုပါပဲ။

ကျွန်တော်စကားတစ်ခုကြားဖူးတယ်။

" သူများက မချစ်ဘူးဆိုအတင်းအချစ်ခံဖို့မကြိုးစားရဘူးတဲ့ "

•~•~•~•~•~•~

ဝီးရော်...ဝီးရော်...ဝီးရော်

အဆက်မပြတ်ထွက်ပေါ်လာနေသည့် အချက်ပေးသံကြောင့် ဂိုဏ်းသားအားလုံးဟောခန်းမကြီးထဲသို့ပြေးဆင်းလာကြ၏။အောက်ကဘောင်းဘီအမဲပေါင်လည်လောက်မှာ ဓါးတိုထည့်သည့်အိတ်တွေဆွဲထားကြကာ ရင်ဘတ်၌လည်း သေနတ်ထည့်ဝတ်လို့ရသည့် Vest ကိုဝတ်ဆင်ထား၏။ဒီမှာနေလျှင်စည်းကမ်းတွေက မရေတွက်နိုင်အောင်များသည်။တစ်ခါတစ်လေ သန်မာလှပါတယ်ဆိုတဲ့ယောကျာ်းလေးတွေတောင် ဘယ်လိုမှမလုပ်နိုင်တဲ့အရာတွေ။အကုန်လုံးဟောခန်းထဲရောက်သည်နှင့် သုံးပေခြားအကွာနေကာ လက်ကိုနောက်ပစ်လျှက် ရှေ့တည့်တည့်ကိုသာစိုက်ကြည့်နေကြသည်။ဒီလိုအချိန်၌ ခြင်လာကိုက်လျှင်တောင် သူတို့မှာ လှုပ်ခွင့်မရှိတော့။

ဟယ်ရီလည်း သူ့မှာအခန်းထဲနားနေရင်းကာမှမျက်ရည်စတွေကိုသုတ်ကာ အသည်းအသန်အပြင်ထွက်ဖို့ပြင်ဆင်ရသည်။ခုလိုပုံစံကို တစ်ခြားသူတွေကိုမမြင်စေချင်။15 မိနစ်အတွင်းလည်း‌ရောက်သွားရအုန်းမည်။ထိုအချိန်အတွင်းရောက်အောင်မသွားမိလျှင် ကျောပိုးအိတ်ထဲကျောက်ခဲထည့်ကာတစ်နေ့လုံးသခင်လေးကျေနပ်သည်အထိထွက်ပြေးရမှာဖြစ်သည်။အချိန်တိကျတာကြိုက်သည့်လူအတွက် နည်းနည်းလေးတောင် မှားယွင်းလို့မရပေ။

ဟောခန်းထဲရောက်သည့်အခါအကုန်လုံးလူစုံနေလေပြီ။နောက်ကျတာသူတစ်ယောက်ထဲပေါ့။သူလည်းရှေ့ဆုံးတန်းအိုလစ်နားခပ်မြန်မြန်သွားကာဝင်ရပ်လိုက်သည်။စိတ်‌တွေကမကြည်တဲ့အခါမြင်မြင်သမျှဟာ‌ဒေါသထွက်စရာ။အိုလစ်ကအငယ်ဆုံးဆိုတော့တစ်ခါတစ်လေကလေးဆန်တတ်သည်။ခုလည်းဟောခန်းထဲရောက်နေတာတောင် မတ်စ်နှင့်တိတ်တိတ်လေးဗိုလ်ကြားသေနတ်ဆွဲနေသေးတယ်။ရှုံးတဲ့လူကနိုင်တဲ့လူခိုင်းသမျှကိုမညည်းမညူလုပ်ပေးရတာဖြစ်သည်။မတ်စ်ကလည်းအခေါက်တိုင်းအလျော့ပေးကာအိုလစ်ခိုင်းသမျှကိုလုပ်‌ပေးရှာသည်။သခင်လေးသာမြင်ကြည့်လက်ကိုဖြတ်ခုတ်ခံရအုန်းမယ်။

" အစ်ကိုလေးဟယ်ရီ တစ်ခါလောက်ဆော့မလား "

အိုလစ်ကသူ့ကြည့်နေတာသတိထားမိတော့ချက်ချင်းသူ့ဘက်လှည့်ကြည့်ကာမေးလာသည်။

" မဆော့ချင်ဘူး "

" လုပ်ပါတစ်ခါထဲ "

ဟယ်ရီခေါင်းတစ်ချက်ငြိမ့်ပြလိုက်၏။ ၁၈ နှစ်သားအိုလစ်ကိုအကြီးတန်း‌တွေကအလိုလိုက်ချင်ကြတာများသည်။အဲ့ထဲမှာသူ‌ကောမတ်စ်‌ကောအပါအဝင်ဖြစ်၏။အိုလစ်က ဖြတ်ထိုးဉာဏ်သိပ်ကောင်းသည့်ကောင်လေး။ဒါကြောင့်လည်း အဖွဲ့ C ရဲ့ခေါင်းဆောင်ဖြစ်နေတာမဆန်း။ထို့နောက်တစ်ယောက်နဲ့တစ်ယောက်လက်ဆွဲကာ ငယ်ငယ်တုန်းကလိုဗိုလ်ကြားသေနတ်ထဆွဲတော့သည်။

" ဗိုလ်ကြားသေနတ် သူကြိုက်တာဟယ်ရီ မဟုတ်! "

အိုလစ်ကစသည်။အသဲကွဲနေတဲ့လူကိုစရတဲ့အရသာဟာဘာနဲ့မှမလဲနိုင်။

" ဘာကွ "

သက်သက်မဲ့အပြောခံလိုက်ရသလိုပဲ။စိတ်ကမကြည်ရတဲ့ကြားထဲသက်သက်မဲ့လုပ်ကြံပြီးအပြောခံလိုက်ရတာမို့ဒေါသကထောင်းခနဲ။အလိုက်ကန်းဆိုးမသိတဲ့ကောင်တစ်ချက်‌လောက်တော့ဒင်းကိုမျက်ခွက်ပိတ်ရိုက်လိုက်မှကျေနပ်နိုင်မည်။ပြန်လုပ်ရန်ဟန်ပြင်လိုက်သည်နှင့်ချန်ဒလာရဲ့အသံနက်နက်ကပေါ်ထွက်လာခဲ့၏။အရေးထဲကွာမျက်ခွက်ကိုနှစ်ချက်လောက်ဆင့်ထိုးလိုက်ရမှာ။‌စောက်ရမ်းကံကောင်းနေတဲ့ကောင်။

" လူစုံပြီလား! "

" အကုန်စုံပါပြီ "

" အဖွဲ့ ABC ခုချက်ချင်းခွဲ! "

အစကတည်းက သူ့ရဲ့အဖွဲ့သားတွေကို ABC ခွဲအပ်ထားပြီးသားဖြစ်၏။အရေးပေါ်ဖြစ်ကာမှ ခွဲချလိုက်တာမျိုးမဟုတ်ပဲ သူနဲ့သင့်တော်တဲ့အဖွဲ့မှာထည့်ထားတာမျိုးဖြစ်၏။သူ့နေရာသူသေချာစီစစ်ထားကာအချိန်ခွဲကာသူ့ Targetနဲ့သူလေ့ကျင့်ရတာမျိုးလည်းဖြစ်၏။အဖွဲ့ AB ကစနိုက်ပါသမားတွေဖြစ်ကာ အဖွဲ့ C ကညွှန်ကြားရေးသမားတွေနှင့်လက်တန်းသမားသာဖြစ်၏။အဖွဲ့ A ကာမတ်စ် ဦးဆောင်သည်။အဖွဲ့ B ကဂျွန်ဦးဆောင်‌ကာ အဖွဲ့ C ကအိုလစ်ဦးဆောင်တာဖြစ်၏။

" အဖွဲ့ A လမ်းတစ်လျှောက်လုံးမင်းတို့အသက်နဲ့ရင်းပြီးကာကွယ်ရမယ့်လူက မင်းတို့အစ်ကိုလေးပဲ "

" အဖွဲ့ C အဖွဲ့ A ရဲ့လမ်းကြောတွေကို အချိန်နဲ့တစ်ပြေးညီ ညွှန်ကြားနေ! မင်းတို့စိတ်ထဲမှု စွဲစွဲမြဲမြဲမှတ်ထား ယိမ်းယိုင်မှိုင်းတစ်ခုခုဖြစ်တာနဲ့ မင်းတို့ရဲ့အရိုးတောင်ပြန်ကောက်လို့မရဘူးဖြစ်သွားလိမ့်မယ်! "

" အဖွဲ့ B မင်းတို့တာဝန်ကို ကျေပွန်စွာလုပ်ပါ! "

" yes sir "

ချန်ဒလာ၏အသံကားပြတ်သားလွန်းနေသည်။ဘာပဲဖြစ်ဖြစ် ဘယ်တော့မှသူ့ရဲ့ဆုံးဖြတ်ချက်တိုင်းကို ပြင်သည့်လူလည်းမဟုတ်။တိကျသည်။လေးနက်သည်။သူတို့သခင်ရဲ့ညွှန်ကြားချက်အတိုင်းတစ်သွေမသိမ်းလုပ်ကိုင်ရမှာ သူတို့တာဝန်။သခင်ကို အသက်သေဆုံးခါနီးထိကာကွယ်သွားရမှာသူတို့ ရေ့ချက်စ် ဂိုဏ်းသားတွေရဲ့ မဟာတာဝန်ကြီးပင်။

ချန်ဒလာသူ့ရှေ့တည့်တည့်ရှိ အဖွဲ့A ၏ခေါင်းဆောင်မတ်စ်နားထိတိုးကပ်သွားကာပုခုံးကိုတစ်ချက်ညစ်လိုက်၏။ထို့နောက်စကားတစ်ခုကိုပြောဖို့အကြိမ်ကြိမ်သက်ပြင်းချမိပြန်သည်။တစ်စုံတစ်ယောက်ကိုအကူအညီတောင်းဖူးတာမျိုးမရှိတာကြောင့်လည်းပါမည်။သူ့ဘဝမှာဘယ်အရာမဆိုတစ်ခါမှဒီလိုတွေဝေမနေဘူးခဲ့။ဒီစကားကိုသူပြောရတာဟာ သူမကာကွယ်ခြင်းနိုင်ခြင်းကြောင့်မဟုတ်ပေ။

သူ့စိတ်ထဲကြီးစိုးနေတာက ယိမ်းယိုင်ကိုအန္တရာယ်ကင်းကင်းနဲ့ မှည့်တစ်ပေါက်တောင်မစွန်းပဲတစ်ဖက်ကိုရောက်သွားစေချင်တာဖြစ်သည်။

" ငါဘာဖြစ်ဖြစ်မင်းလှည့်မကြည့်နဲ့ ယိမ်းကိုတော့ကနေဒါထိရောက်အောင်ပို့ပေး "

" သခင်လေး! "

သခင်လေးကဒီလိုစကားပြောသည်တဲ့လား။ဟင့်အင်းမဖြစ်။သူတို့သခင်လေးဒါမျိုးဘယ်တော့မှ အကြောင်းမရှိပဲမှာ,မှာလည်းမဟုတ်။ဘယ်လိုအခြေအနေ၊ဘယ်လိုအခိုက်အတန့်ပဲ‌ရောက်ရောက်သူတို့အတွက်တော့ အစ်ကိုလေးထက်သခင်လေးကိုပိုပြီးကာကွယ်ရမည့်လူ။

"ဦးဒေဝကငါ့ကိုဒီနိုင်ငံထဲကပေးထွက်မှာမဟုတ်ဘူး!"

ချန်ဒလာကလေးလေးနက်နက်ပြောသည်။မျက်ဝန်းတွေကလည်းခန့်မှန်းမရအောင်တည်ကြည်နေ၏။အမြဲတမ်းကိုယ့်ကိုယ်ကိုယုံကြည်ချက်အပြည့်အဝရှိနေတဲ့လူကဘာကိုစိတ်ပူနေရတာလဲ။အ‌ဖြေရှာသော်လည်းမရ။ဘယ်လိုဖြစ်နေပါစေ သူတို့သခင်သည်ယိမ်းယိုင်းမှိုင်းမဟုတ်၊ချန်ဒလာသာဖြစ်ပေသည်။

" ကျွန်တော် ဒီ Mission ကိုတော့စွမ်းဆောင်နိုင်မှာမဟုတ်ဘူး "

" မင်းသူ့ကို ကယ်တင်လိုက်တာငါ့ရဲ့အသက်ကိုကယ်တင်လိုက်တာနဲ့အတူတူပဲ "

" သခင်လေး "

ဘေးကလူတွေကလည်း ရုပ်တည်တွေနေနေသော်ညားသူတို့ပြောစကားကိုတော့ အနည်းအကျဉ်းကြားမှာပင်။ကိုယ့်နဲ့မဆိုင်လျှင်၊ကိုယ့်ကိုမပြောလျှင်ကြားနေရလျှင်တောင်နားထောင်ပိုင်ခွင့်မရှိ။သခင်‌ လေးကသူ့ကိုယုံကြည်လို့အမိန့်‌ပေးတာဆိုပေမယ့်သူ့ဖို့မလွယ်အကျပ်ရိုက်လှသည်။သခင့်စကားကိုဘယ်‌လောက်ပဲနားထောင်ရမယ်ဆို,ဆိုသခင်လေးကိုပယ်ပြီးတစ်ခြားသူကိုရွေးချယ်ရတာမျိုးသူမလုပ်နိုင်။နောက်ပြီးဟယ်ရီကလိုက်ပို့ရုံသာဒီမှာကျန်ခဲ့မှာဖြစ်၏‌ နောက်မှသူကသက်သက်လိုက်လာမှာပင်။အိုလစ်ကလည်းအတိုက်အခိုက်ကိုရပေမယ့် ဂျွန်လောက်တောင်မတော်ပေ။သူဘယ်လိုစိတ်ချရပါ့မလဲ။

ထိပ်ဆုံးမှာ မတ်တပ်ရပ်နေကြသူတွေကြား မတ်စ်တစ်ယောက်ဗျာများနေမိ၏။အားကိုးရငြားသူ့ဘေးနားရှိအိုလစ်ကို လှမ်းကြည့်မိတော့အိုလစ်ကသူ့ကိုတစ်စိုက်မတ်မတ်ကြည့်ကာ ခေါင်းတစ်ချက်ငြိမ့်ပြလာသည်။အိုလစ်ဘာကိုဆိုလိုတာဆိုတာလည်း သူသဘောပေါက်သည်။

ထို့နောက်သူ့ရှေ့တည့်တည့်မှာ မတ်တပ်ရပ်နေသူကို ဒူးထောက်လျှက်ခေါင်းငုံ့အရိုအသေပေးလိုက်ကာ

" သခင်လေးပေးတဲ့ mission ကို ရေ့ချက်စ်အဖွဲ့ A ခေါင်းဆောင်မတ်စ် လက်ခံရရှိပါတယ်! "

•~•~•~•~•~•~•~•~•~•~•~

တီ! တီ! တီ!

Alarm ပေးထားသည့်နာရီမှ အသံကြားသည်နှင့်ဖတ်လက်စစာအုပ်ကို ပြန်ပိတ်လိုက်သည်။သူ့ရှေ့ရှိ ကော်ဖီခွက်ကလည်းအချိန်ကြာမြင့်လာ‌တော့အေးစက်နေပြီဖြစ်သည်။ဒါမယ့်သူထိုကော်ဖီကို အကုန်ပြောင်စင်အောင်သောက်ချလိုက်သည်။ကော်ဖီကြိုက်တဲ့လူတွေဟာဒီလိုပါပဲပူရာကနေနွေး နွေးရာကနေအေးသွားရင်တောင်သွန်ပစ်တဲ့လူဟာမရှိပါဘူး။ဒါဟာကော်ဖီကြိုက်တတ်တဲ့လူတွေထားရှိတဲ့ သစ္စာ တရား။

စားပွဲခုံကို လက်ဖြင့်တစ်တောက်တောက်ခေါက်လျှက် ညအမှောင်ထဲထိန်ထိန်သာလင်းနေသည့်လမင်းထံ၌သူအကြည့်မလွှဲနိုင်။သူထမင်းစားပြီး ညနေလေးနာရီကတည်းကစာအုပ်တစ်အုပ်နဲ့ထိုင်နေတာဖြစ်သည်။နောက်ပြီးည ၈ နာရီဆိုတာကလည်းချန်ဒလာအမြဲပြန်လာနေကြအချိန်ဖြစ်၏။ခုတော့လူမပြောနဲ့ကားအလင်းရောင်တောင်မမြင်ရသေး။နောက်ပြီး ပုံမှန်ဆိုသူခြံထဲဆင်းမှာဆိုပေမယ့်ဒီနေတော့မဆင်းဖြစ်။ခြံထဲ၌ all black အပြည့်နှင့် Bodyguard တွေကသူ့ကိုစိတ်ရှုပ်စေသည်။တစ်ခါမှဒီလိုမထားဖူးသည့်လူကခုချိန်မှဘာတွေစိတ်ကူးပေါက်နေလည်းမသိပေ။

" အစ်ကိုလေး! "

" ဟင် "

အသိမပေးဘာမပေးခေါ်သံကြောင့် ယိမ်းယိုင်မှာအလန့်တကြား။လူကလည်းလစ်ခနဲ ဆိုသလိုသူ့အနားအပြေးငုတ်တုတ်လာထိုင်နေ၏။

" မိပုနဲ့ ခြံထဲဆင်းရအောင် "

" မဆင်းချင်ဘူး။ "

" မိပု ပန်းခူးချင်လို့ပါ လုပ်ပါအစ်ကိုလေးကလည်း နော် နော် ခနအဖော်လိုက်ခဲ့ပေးလေနော် ‌"

ဘေးကနေ လက်ကိုယမ်းကာပြောနေတဲ့မိပုက လွှတ်ပေးမည့်ပုံလည်းမပေါ်။သူတမင်တကာရစ်ချင်လို့သာပေကပ်နေနေတာဖြစ်၏။တစ်ခါတစ်လေမိပုက အရမ်းစလို့ကောင်းသည်။ခုလဲကြည့် သူမလိုက်ဘူးထင်၍ အသည်းအသန်ချွဲပြီးပြောနေတာ။မိပုရဲ့ အခုပုံစံကမလိုက်ဖက်။ဒါမယ့်ချစ်ဖို့ကောင်းတယ်လို့‌ တော့ပြောလို့ရမည်။မိပုက အခုမှအသက်၂၈ ပဲရှိကာကြမ်းကြမ်းတမ်းတမ်းမိန်းမသားကြီးပေါ့။ယောကျာ်းလည်းရမယ့်ပုံမပေါ်ပါဘူးလေ။

" ကံ့ကော်ပန်းတွေ ပွင့်နေပြီနောက်ခြံမှာအစက ဒီတိုင်းနေမလို့ပဲ ဒါမယ့်မိပုနောက်ဖေးမှာနေရင်းလေတစ်ချက်ဝေ့တိုင်းသူ့အနံ့လေးက မိပုကိုဆွဲဆောင်နေလို့ပါ။မိပု ဒီညကံ့ကော်ပန်းမခူးရရင်မအိပ်ဘူး "

" ညဘက် အပင်တွေမခူးရဘူးလေ။အပင်တွေအိပ်ချိန်လေမိပုအသက်ဖြင့်သေခါနီးဖြစ်နေပြီ ဒါတောင်မသိဘူး "

" ၈ နာရီပဲရှိပါသေးတယ်အစ်ကိုလေးရယ် မိပုတို့တောင်မအိပ်သေးတာ သူတို့လည်းအိပ်မှာမဟုတ်‌ပါဘူး နော် နော် လိုက်ခဲ့လို့နော် "

" ဒါဆိုလည်း ထထ မြန်မြန်! "

" ဒါမှ မိပုအစ်ကိုလေး .. "

ဒါမျိုးကျ မိပုတို့များတတ်ကြွနေလိုက်တာဆိုတာ။ဘယ်အချိန်ကတည်းကလိုချင်နေသလဲမသိ။ဝတ်ဆင်ထားသည့်ဘောင်းဘီအနက်ရောင်ကို တစ်ချက်ခါထုတ်လိုက်ကာ ‌မိပုနောက်ကိုသူ့မှာလိုက်ရပြန်သည်။

အောက်ထပ်ရောက်ပြန်တော့လည်း မိပုမှာတစ်ဖက်က Bodyguard တွေဖြင့်ရန်ဖြစ်နေပြန်၏။ကြည့်ရတာ ထိုလူတွေက အပြင်ထွက်ခွင့်ပြုပုံမပေါ်။

" မနက်ကျမှ ခူးပါအမ။သခင်လေးကညဘက်အပြင်မထွက်ဖို့မှာခိုင်းထားလို့ပါ "

" ခနလေးပါဆိုဟယ် နင်တို့သွားခူးပေးဟယ်ဒါဆိုလည်း "

မိပုကသူ့ခန္ဓာကိုယ်သေးသေးလေးမှအားမနာ ရှေ့ရှိခပ်ထွားထွားလူကို ပြန်ကာရန်တွေ့နေ၏။ထိုလူကလည်း မိန်းကလေးမို့ဘာမှမလုပ်ပဲလေပြေအေးနဲ့ပြောနေတဲ့ပုံ။ဟိုဘက်ကလျော့တော့ မိပုတို့ကအပေါ်စီးကနေခပ်စွာစွာပေါ့။မိန်းမတွေ မိန်းမတွေ ဘယ်နေရာရောက်ရောက်အနိုင်စားရမယ်ဆိုတာနဲ့တကယ့်အပေါ်စီးက မလွယ်ကြောတွေ။

" ငါတို့လည်းခြံထဲတင်လေ မင်းတို့လည်းအနောက်က‌လိုက်လို့ရနေတာပဲ။တစ်ခုခုဆို မင်းတို့လည်းသိမှာပါ "

" ဒါမယ့် သခင်လေးက .. "

" ချန်ဒလာက မင်းတို့ကိုမဆူစေရဘူးလို့ ငါအာမခံပါတယ် "

ထိုလူက ချက်ချင်းအဖြပြန်မပေးပဲတွေဝေနေ၏။သူလည်းနားလည်ပါသည် ချန်ဒလာ့စကားထက်သူ့စကားက ဘယ်လိုလုပ်အရမ်းကြီးအရာရောက်ပါ့မလဲ။ချန်ဒလာကလည်း ဘာတွေအရူးထမှန်းမသိ မနက်ဖြန်ပဲကနေဒါသွားတော့မှာကို ခုချက်ချင်းအိမ်ပတ်လည်၌ အစောင့်တွေထားထား၏။ချန်ဒလာနဲ့ အနေနီး‌သော်လည်း ချန်ဒလာ့စိတ်ကိုသူနားမလည်ခဲ့ဘူးကို။နားလည်အောင်ကြိုးစား၍လည်း ဘယ်တော့မှမရပါဘူးလေ။

" မြန်မြန်ပြန်လာခဲ့ပါ အစ်ကိုလေး "

" အင်း! "

အစောင့်ကို ခေါင်းတစ်ချက်ငြိမ့်ပြကာနှစ်ယောက်စလုံးထွက်လာခဲ့လိုက်တယ်။မိပုကတော့မကြောက်မရွံ့ ထိုလူ့ကို လက်သီးလက်မောင်းတန်းကာ လုပ်ပြနေလိုက်သေး၏။ဟိုကပြန်လုပ်ရင်တစ်ကိုင်စာ ပြီးရင်ပြန်လုပ်ရဲတာလည်းမဟုတ်။မိန်းမတွေ အာချောင်ချက်။

နောက်ဖေးဘက်တစ်ဖြေးဖြေးထွက်လာတော့ အဝါရောင်မီးလေးကလွဲဘာမှထပ်မရှိ။ခြံကလည်းကျယ်သောကြောင့် နည်းနည်းတော့ကျောချမ်းစရာ။သူကဒီဘက်ခြမ်းကို ယောင်လို့တောင်လှည့်လာတာမဟုတ်တော့ပိုဆိုးသည်။သူတို့အိမ်နောက်၌ ခြံလွတ်ကြီးတစ်ခုသာရှိသည်။သူရောက်ကတည်းကပြောရမည်ပိုင်ရှင်ဟူ၍ပေါ်မလာသေး။ဒါမယ့် ထိုခြံထဲ၌တော့ ကံ့ကော်ပင်၊အင်ကြင်းပင်တွေက ခြံကိုပတ်လည်ပေါက်နေတတ်သည်။မိပုမို့မကြောက်မရွံ့ဒီဘက်ခြမ်းလာချင်နေတယ်။ဟိုအစောင့်ထဲကတစ်ယောက်ထဲကိုခေါ်ခဲ့ရမှာ ခုတော့ကျောတောင်ချမ်းစိမ့်စိမ့်နဲ့။

" မိပု မြန်မြန်ခူးပြီး ပြန်ရအောင် "

" အင်းပါ မိပုဟိုဘက်ကအပင်သွားခူးအုန်းမယ် "

ယိမ်းယိုင် မိပု၏တီရှပ်အဖြူကို လှမ်းဆွဲလိုက်ကာ

" ဒီနားမှာပဲခူးလေ ဘာလို့ဟိုဘက်မှာသွားခူးမှာလည်း "

" ဒီမှာလည်းကြည့်အုန်း အင်ကြင်းပင်ကြီးပဲရှိတယ်။မဟုတ်မှအစ်ကိုလေးကြောက်နေတာလား "

မေးလည်းမေးတတ်တယ် ဒီလိုအမှောင်ထဲဘယ်သူကမကြောက်ပဲနေမလည်း။ယောကျာ်းဆိုတိုင်းလည်း တစ်ချို့နေရာတွေက ဟီးရိုးဆန်နေစရာလည်းမလိုဘူးထင်တယ်။

" မိုးချုပ်နေပြီ မိပုကိုမသွားစေချင်လို့ "

" ကြောက်ရင်ကြောက်တယ်ပေါ့။ဒီအလင်းအောက်မှာပဲနေ ဘယ်မှမရွေ့နဲ့ "

" ‌မိပု မသွားနဲ့လေ မိပု "

ယိမ်းယိုင်အော်ခေါ်လည်းမမှီတော့ အမတော်မိပုကပြေးထွက်သွားတာလုံးကနဲ။သူလည်းတစ်ယောက်ထဲကျန်ခဲ့တာဆိုတော့ ဟိုကြည့်ဒီကြည့်နဲ့လူကဂနာမငြိမ်တော့။လက်နှစ်ဖက်ကို ပိုက်ကာလက်မောင်းတွေကိုပွတ်သပ်နေမိသည်။အတွေးလွန်ဆန်စွာသူ့အတွေးထဲ၌တော့ သရဲများပေါ်လာမလား၊နောက်ကနေလက်နဲ့လှမ်းတို့မလားရင်တစ်ထိတ်ထိတ်။

" ဘာလို့လိုက်လာမိတာလဲ စိတ်ညစ်လိုက်တာ "

ဟိုကြည့် ဒီကြည့်နေရင်း‌နဲ့မှ သူ့တစ်ကိုယ်လုံးလေအေးဖြတ်တိုက်သလိုချမ်းစိမ့်လာကာခန္ဓာကိုယ်ဟာလည်းတောင့်ခနဲဖြစ်သွားရ၏။နောက်ပြီးသူ့မျက်ဝန်းထောင့်မှဖြတ်ခနဲပြေးသွားသည့်အရိပ်တစ်ခုကိုလည်းမြင်လိုက်ရသည်။တစ်ကိုယ်လုံးသွေးတွေပြောင်းပြန်စီးလာကာ လက်တို့ကိုပါးစပ်နှင့်ကိုက်နေမိသည်။ယောကျာ်းလေးပဲဆိုဆို သရဲတော့ကြောက်တာအမှန်။

" မိပု မိပုပြန်လာတော့လေ ဘယ်မှာလဲ "

ညဘက်တွေအသံကျယ်ကြီးနဲ့အော်မခေါ်ရတတ်ဘူးဆိုတာသူမေ့နေတာလား။

ပါးစပ်မှလည်းတစ်ဆာဆာအော်ခေါ်ကာ မိပုရှိလောက်မည့်နေရာသို့ တစ်ဖြေးဖြေးတိုးကပ်သွားလိုက်သည်။ဘေးကြည့်တောင်ကြည့်နဲ့ ခြေလက်တို့ဟာလည်းတစ်ယိမ်းတစ်ယိုင်။မိပုပဲစတာဖြစ်နေပါစေလို့ သူဆုတောင်းမိနေတာတော့အမှန်။

" မိပု မခြောက်နဲ့နော်! "

တစ်ဖြေးဖြေးမိပုဖြတ်သွားသည့်ဘက်သို့လိုက်သော်လည်း မိပုကိုတော့မတွေ့ ထို့အစားပုဆိုးတွေနှင့် အပေါ်ကတီရှပ်အဖြူဝတ်ဆင်ထားသည့်လူရယ်နောက်တစ်ယောက်က ဦး‌ထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းကာ ‌အပေါ်ကနေ ဂျာကင်ကိုထပ်ဝတ်ထား၏။ဂျာကင်ဝတ်ထားသည့်လူ၏ပုံစံကိုသေချာမခန့်မှန်းနိုင်ပေမယ့်အဖြူရောင်တီရှပ်ဝတ်ဆင်ထားသည့် လူ၏အသက်အရွယ်ကိုတော့ခန့်မှန်းလို့ရသည်။အဘစံတို့နှင့်ရွယ်တူလောက်ဖြစ်မည်။ဒါမယ့်ထိုလူ့ရဲ့ ခန္ဓာကိုယ်အချိုးအစားကိုကြည့်ရုံနဲ့ ဒါဟာအဘစံဆိုတာသေချာသည်။လွဲလည်းမလွဲနိုင် ဘာလို့ဆိုသူနှင့်တစ်အိမ်ထဲတူတူနေနေရသည့် လူကိုချက်ချင်းအမြင်လွဲနိုင်ပါ့မလား။

' အဘစံကဘယ်လိုလုပ်ပြီး ဒီရောက်နေရတာလဲနောက်ပြီးဂျာကင်နဲ့လူကကောဘယ်သူလဲ '

သူ့မှာရှေ့တိုးပြီးပဲအဘစံနားသွားရမလားနောက်ပဲဆုတ်ရမလား ဝေခွဲမရတော့။အဘစံကတစ်မနက်လုံးနေမကောင်းတောင်ဖြစ်နေတာလေ။ဒါနဲ့ဘယ်လိုလုပ်များ။သူအတွေးလွန်နေခိုက် ဂျာကင်နဲ့လူဟာတစ်ခုခုကိုသိသွားသလိုသူ့ဘက်ကိုလှည့်ကြည့်လာသည်။ဒီနေရာမှာ ပုန်းစရာနေရာတောင်နေရာမရှိ။တစ်ဖန်ရှေ့တည့်တည့်ကို ပြန်ကြည့်လိုက်သည်နှင့်ယိမ်းယိုင်ရဲ့မျက်ဝန်းတို့ဟာပြူးကျယ်လာကာ အသက်ရှုမဝတွေပါဖြစ်လာသည်။အဝါရောင်မီးကျန့်အောက်မှာ ဦးထုပ်ကိုချွတ်ကာသူ့ကိုကြည့်နေသည့်လူရဲ့မျက်နှာဟာအကျည်းတန်လှသည်။ဒီလောက်ရုပ်ဆိုးတဲ့လူမျိုးသူ့ဘဝမှာမတွေ့ဘူး မျက်လုံးတစ်ဖက်မရှိကာ ဘယ်ဘက်မျက်နှာတစ်ခြမ်းဟာဆုတ်ပြတ်သတ်နေသည်။အကြိမ်ကြိမ်ဖိနှိပ်ရိုက်ခံထားရသည့်ဒဏ်မျိုး။အသား‌ တွေတွန့်နေကာတစ်ဖက်ခြမ်းမျက်နှာကိုပါကူးစက်‌ နေ၏။ပါးစပ်နားမှာဆိုလျှင် အခွဲကြောင်းကြီးဖြစ်ကာချုပ်ထားရသည့်နှယ့်။ဘယ်လိုဒုက္ခကြောင့်‌ဒီလိုဖြစ်ပြီး။

အဘစံကလည်းသူ့ကိုလှမ်းကြည့်နေသည်။အံ့ဩသွားဟန်ဖြစ်သွားရုံလောက်ကလွဲ ဘာမှဖြစ်သွားပုံမရသူ့နားကိုလည်းမလာခဲ့။ထူးဆန်းတာကသူ့ကိုကြည့်ရုံနဲ့ ရင်းနှီးခဲ့သလိုခံစားနေရတာလည်း။ဘာလို့များရင်ဘတ်တစ်ခုလုံးအောင့်တတ်လာရတာလည်း။နောက်ပြီးဘာလို့များသူ့မျက်ဝန်းတွေကနေမျက်ရည်စတွေစီးဆင်းလာနေရတာလဲ။

" မောတယ်! မောတယ် ... "

မကြည့်ပါနဲ့တော့။ထိုလူကသူရှိရာဘက်သို့ခြေတစ်လှမ်းတိုးကပ်လာခဲ့သည်။မလာပါနဲ့ ဒီလိုအကျည်းတန်တဲ့မျက်နှာကိုကြောက်လွန်းလို့ပါမလာပါနဲ့။ခြေတစ်လှမ်းတိုးလာလေ ယိမ်းယိုင်မှာနောက်ပြန်တောင်မဆုတ်မိထိုနေရာ၌ပင်ရင်ဘတ်နားကအင်္ကျီစကိုဆုတ်ချေကာ ကြောင်ကြည့်နေမိသည်။ထွက်ပြေးလိုက်ချင်သည်ဒါမယ့်,ဒါမယ့် သူခြေထောက်တွေက စိတ်အလိုမလိုက်။ဒါကိုတစ်ဖက်လူကလည်းသ်ိလို့ပိုတိုးကပ်လာလေသလား။ထိုလူ့ရဲ့မျက်နှာဟာ သူ့တစ်သတ်နဲ့တစ်ကိုယ်အကြောက်ဆုံးအရွံ့ဆုံးမျက်နှာတစ်ခု။

' ဟင့်အင်းမလာနဲ့ ရွံ့တယ် '

" အားးးး! "

နားကိုအုပ် မျက်လုံးကိုစုံမှိတ်ကာယိမ်းယိုင်အားကုန်အော်ချလိုက်မိသည်။ယိမ်းယိုင်‌ရဲ့အသံခပ်စူးစူးအသံကိုကြားသည်နှင့် အဘစံကဂျာကင်နဲ့လူရဲ့လက်ကိုလှမ်းဆွဲကာထွက်သွားဖို့ ဟန့်တားလိုက်သည်။

" ကောင်းကြွယ်သွားတော့ ချန်ဒလာ ပြန်လာလောက်ပြီ! "

" ငါ ... ငါ သခင်...လေးကို.. မြင်.. မြင်ချင် "

" သွားတော့! "

အဘစံက တစ်ဖန်ထပ်အော်သည်။ကြည့်ရတာထိုလူနဲ့ချန်ဒလာ့ကိုတွေ့စေချင်ပုံမရ။ထိုလူ့ရဲ့ပါးစပ်တစ်ခြမ်းကဆွဲဆုတ်ပြီးချုပ်ထားရတာမို့ စကားသံတို့ဟာမပီ‌။စကားတစ်ခွန်းကိုတောင်မနည်းအားယူကာပြောနေရသည်။ယိမ်းယိုင် ထိုလူ့ကိုပြန်မော့ကြည့်လိုက်သည့်အခါ ထိုလူကအကြည့်စူးစူးတစ်ချက်ပို့ကာအမှောင်ထဲ့သို့ခပ်မြန်မြန်တိုးဝင်သွားသည်။အဘစံကလည်း သူ့အနားအမြန်ပြေးလာကာ

" ဒီနေ့ညတွေ့ခဲ့သမျှ အစ်ကိုလေးခေါင်းထဲကနေထုတ်လိုက်ပါ "

သူအဘစံရဲ့စကားကိုကြားသော်လည်းဘာမှမတုံ့ပြန်မိ။ထိုလူ့မျက်နှာကြီးကသာပြန်ပြန်မြင်ယောင်နေမိသည်။အဘစံကသူ့ကိုယ်ကို အနည်းငယ်တို့ထိသွားရင်တောင်သူခန္ဓာကိုယ်ဟာပြန်လှုပ်လို့ရမည်ဖြစ်သည်။ထို့နောက်အဘစံဟာအိမ်ဘက်ကြီးသို့တစ်ဖက်လမ်းမှထွက်သွားလေ၏။အခုဒီနေရာမှာကျန်နေခဲ့သူဟာသူတစ်‌ယောက်ထဲ။ခုချိန်ထိသူ့ရဲ့ခြေထောက်‌တွေဟာလှုပ်ရှား၍မရ။ဟိုလူဝင်သွားသည့်အ‌မှောင်ဘက်ခြမ်းကိုသာမျက်တောင်မခတ်ကြည့်နေမိပြန်သည်။ပြန်လာပြီးသူ့ကိုကြည့်‌နေရင်းတစ်ခုခုလုပ်သွားရင်ဘယ်လိုလုပ်မလဲ။မမြင်ချင်ဘူးကြောက်တယ်။နောက်ပြီးရင်ဘတ်ထဲကလည်းတင်းကျပ်နေကာပေါက်ထွက်မတတ်။

" ယိမ်းယိုင်မှိုင်း! "

နာမည်ခေါ်သံကြောင့် မျက်ရည်စ‌တွေနှင့်နောက်သို့လှည့်ကြည့်လိုက်သည်နှင့်ချန်ဒလာက ဒူးနှစ်ဖက်ပေါ်လက်တင်ကာအမောဖြေနေသည်။ကြည့်ရတာပြေးလာသည့်ပုံ။သူ့မှာချန်ဒလာ့ကိုပြေးဖက်လိုက်ချင်ပေမယ့် သူ့ရဲ့ခြေထောက်တွေက ခုချိန်ထိ,ခုချိန်ထိတောင်လှုပ်ရှားဖို့မစွမ်းသာခဲ့...မုန်းလိုက်တာ။

အင့်!

သူ့ရဲ့ခြေထောက်‌ တွေကိုပြန်ငုံ့ကြည့်ရင်းနှုတ်ခမ်းပါးမှရှိုက်သံတစ်ချို့တို့ကပေါ်ထွက်လာခဲ့သည်။အံကိုကြိတ်ကာတင်းခံနေခဲ့ပါသေးသည်ဒါပေမယ့်လည်း မုန်းလိုက်တာတစ်ခုခုဆိုသူ့ရဲ့ခန္ဓာကိုယ်ဟာရှိသမျှအကြောတွေသေသွားသလိုဖြစ်သွားတာကိုမုန်းလိုက်တာ ချန်ဒလာ့နားအပြေးသွားလိုက်ချင်ပေမယ့်စိတ်သွားတိုင်းကိုယ်မပါ။

မကြာလိုက် ယိမ်းယိုင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာခပ်နွေးနွေးအထိအတွေ့တွေနဲ့လုံခြုံမှုအပြည့်အဝပေးစွမ်းနိုင်သည့်ရင်ခွင်ထဲသို့သက်ဆင်းသွားရသည်။က်ိုယ်သင်းနံ့တစ်ချို့ရောနေသည့် ထိုလူ့ရဲ့ရင်ခွင်ဟာဒီအချိန်မှာတော့နွေးထွေးမှုတွေအပြည့်ပျော်ဝင်နေခဲ့သည်။‌ လွတ်မထွက်သွား‌အောင်ဖက်တွယ်ထားသည့်လက်မောင်းကြီးတွေကြားသူဟာစုန်းစုန်းမြုပ်နေခဲ့၏။ကျောပြင်ကိုတစ်ဖတ်ဖတ်ပုတ်နေသည့်လက်ကြမ်းကြီးတို့ဟာလည်း သူရှိပါတယ် ဆိုပြီး‌ပြောပြနေသလို။ပြိုကျတော့မည့်မိုးလိုဖြစ်နေသည့်ယိမ်းယိုင်ဟာခုမှအားကိုးရသွားသည့်နှယ့် ချန်ဒလာ၏အင်္ကျီစ‌တွေကိုလက်နုနုလေးတွေနဲ့မလွှတ်တမ်းဆုတ်ကိုင်ထားလိုက်၏။ထို့နောက်ရင်ဘတ်ကြားမျက်နှာအပ်ထားလျှက်ထိန်းထားသမျှလွှတ်ချပစ်ကာငိုချမိတော့၏။

" မောင် "

ကျွန်တော့်ရင်ကို နွေးထွေးစေတဲ့တစ်ခုသောနာမ်စားဟာ မောင် တဲ့။သူစိမ်း ဒီအမျိုးသားဟာ ကျွန်တော်ကြိုက်တဲ့စာအုပ်တွေကိုသိတဲ့ သူစိမ်း။ကျွန်တော့်အကျင့်တွေကိုသိတဲ့ သူစိမ်း။ကျွန်တော်နဲ့ပြသနာမဖြစ်ဖြစ်အောင်ပြောတတ်တဲ့ သူစိမ်း။ကျွန်တော့်ကို အလျော့ပေးတတ်တဲ့သူစိမ်း။နောက်ပြီးလိုအပ်ချိန်တိုင်း ကျွန်တော့်နားအပြေးရောက်လာနိုင်တဲ့ တစ်ယောက်ထဲသောသူစိမ်း။

" ဒါလင်က ကိုယ့်ဆီမလှမ်းလာခဲ့ရင်ကိုယ်ကဒါလင့်ဆီလှမ်းလာခဲ့ပါ့မယ် "

•~•~•~•~•~•~•~•~•~•~•~•~

3 • 4 • 2024 •
Kiran

Continue Reading

You'll Also Like

159K 4.5K 12
(COMPLETE) Grab your favorite drink and curl up to a quick romance! So, get ready to follow the adventure to finding love of Monica and Noah as they...
12.5K 625 43
darkness is all that he sees: for he's a boy with broken dreams. •• in which a homeless boy goes to audition for an entertainment company, and there...
7.1K 416 23
~~မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ရှိတယ်၊ စချစ်တက်သွားဖို့ စက္ကန့်အပိုင်းအခြားလေးနဲ့တင် လုံလောက်ပါတယ်~~ Take care of your health💫🙆❣️ ~~မြင်မြင်ချင်းအခ...
678 98 4
وەن شۆت ( کورتە چیرۆک ) بۆ هەموو کەیپۆپ و ئەکتەر و هەرچیەک بتانەوێت🤍 چیرۆکەکان موڵکی خۆمن بردن و کۆپیکردنی لاوازیت دەسەلمێنێت جا خۆت ریپۆرت باران مە...