Unicode
ဝန်ကြီးဝမ် သည် ဟဲကျင့်ကစိတ်အားထက်သန်စွာတုံ့ပြန်လာမည်ကိုမျှော်လင့်ထားပုံမပေါ်ဘဲသိပ်ပြီးကျေနပ်ပုံလည်းပေါ်မနေချေ။ဟဲကျင့် သည် အ
တွင်းဝန်ထမ်းများနှင့် ဆက်ဆံရေးကြောင့် ကုမ္ပဏီကိုဝင်နိုင်ခဲ့ကြောင်း သူသိသော်လည်း ဟွားတက္ကသိုလ် မှ ဘွဲ့ရထားသည့် ကျောင်းသားကောင်းတစ်ဦးဖြစ်သည်။ ဒါ့အပြင် သူ့ရဲ့ CV ဟာ အမြဲတမ်း ပြီးပြည့်စုံနေပုံရပြီး ငယ်ငယ်လေးကတည်းက သူ့ဘ၀မှာ အမည်းစက်ကို ဘယ်တော့မှမထင်ကျန်စေခဲ့ပဲ အရည်အချင်းလည်းရှိပြီး HR ဌာနမှ မစ္စတာ ရွှီ
ကိုယ်တိုင်လည်းချီးကျူးခဲ့တာပင်
"ရှောင်ဟဲ ပြဿနာတွေ ကြုံလာတဲ့အခါ ဖြေရှင်းနည်းက အမြဲတမ်းရှိပါတယ်။ ပထမဉီးဆုံးအနေနဲ့ စိတ်လက်မာန်ပါမလုပ်ပါနဲ့မင်းကိစ္စနဲ့ ပတ်သက်ပြီး ငါ စုံစမ်းစစ်ဆေးမှုတွေ လုပ်မယ်။ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မင်းဆန္ဒမရှိရင်လည်းငါတို့နောက်မှဆက်ဆွေးနွေးလဲရတယ် ဟုတ်ပြီလား ..."
ဝန်ကြီးဝမ် က ဟဲကျင့်ကို ဆွဲဆောင်ရန်အတွက် သူ့မျက်နှာတွင်အပြုံးတစ်ခုကိုဆင်မြန်းထားခဲ့သည်။မစ္စတာရွှီ အနားယူသွားတာ တစ်နှစ်သာရှိသေးပြီးတကယ်လို့ဟဲကျင့်သာ ဒီကောလဟာလကြောင့် နုတ်ထွက်သွားခဲ့ရင် တခြားသူတွေကို ရှင်းပြဖို့ ခက်ပါလိမ့်မယ်။
ဝန်ကြီး ဝမ်က ကိစ္စများကို ပိုမိုလွယ်ကူအောင်ကြိုးစားနေသောကြောင့်ဟဲကျင့်သည်လည်းအလွန်ခက် ခဲအောင်မလုပ်ချင်ခဲ့ပါ။ ထို့နောက် သူသည် ကောလဟာလကို ပြန်တွေးလိုက်ကာစဉ်းစားမိသွားလေသည်
"ကျေးဇူးပြုပြီး ဒီကိစ္စကို နောက်ထပ် စုံစမ်းစစ် ဆေးမှုတွေ လုပ်ပေးပါ။ ဒီကုမ္ပဏီမှာ နှစ်အနည်း
ငယ်ကြာအောင် ကျွန်တော် ဘာအမှားမှ မလုပ်ခဲ့ဘူး။ဝယ်ထားတဲ့ ပစ္စည်းအားလုံးအတွက်၊ ခွင့်ပြုချက်စာရွက်စာတမ်းတွေကို copy သိမ်းထားတာတွေရှိတယ်အဲ့ဒါတွေကို စုံစမ်းစစ်ဆေးရေးအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် တွေနဲ့ လျှို့ဝှက်ဆက်သွယ်မှုနဲ့ပတ်သက်ပြီးတော့ သူတို့နဲ့ သေချာအကွာအဝေးကို အမြဲထားခဲ့တာပါ။ တစ်ယောက်ယောက်က ကျွန်တော့်ကို သတင်းပို့မယ်ဆိုရင်တောင် သက်သေမရှိဘဲနဲ့ကျွန် တော်လက်မခံနိုင်ပါဘူး။ပြီးတော့ ကျွန်တော့်ဆီကိုခြိမ်းခြောက်စာပို့တာလဲရှိတယ်။တကယ်လို့ ဒီကုမ္ပဏီကကျွန်တော်အပြစ်ကင်းတာကိုသက်သေမပြပေးနိုင်ဘူးဆိုရင်တော့ တခြားတစ်ယောက်ကိုစုံစမ်းဖို့ပါခိုင်းရပါလိမ့်မယ်"
ဟဲကျင့်သည် ဝန်ကြီးဝမ်ကသူ့ကိုလက်မလွှတ်နိုင် ဘူးဆိုတာသိတဲ့အတွက် သူကထွက်စာတင်မယ် ဆိုတဲ့ အချက်ကို အသုံးချပြီး သူ့ကို ပြန်ခြိမ်းခြောက်ခဲ့ပါ၏။ သူအလုပ်ထွက်မယ်ဆိုရင်တောင် ဒီကောလဟာလကို ဒီတိုင်းမထားခဲ့နိုင်ပါချေ။အဲ့လိုဆိုရင်သူကအပြစ်လုပ်ပြီးရှောင်ထွက်သွားတဲ့သူနဲ့တူနေလိမ့် မယ်
သူ့ရုံးခန်းကို ပြန်သွားတဲ့အခါမှာတော့ ရှောင်လီကသူ့ကို သေသေချာချာ စစ်ဆေးပြီး မေးလာခဲ့သည်။
"ကျင့်ကော ဝန်ကြီးဝမ်က မင်းကို ဘာလို့ ရှာနေတာလဲ?"
သူကဝန်ကြီး ဝမ်ပြောသည့် မင်းကိုတိုင်တာ တစ်ယောက်ထည်းမဟုတ်ဘူးဆိုသည့်စကားကိုသတိရသွားပြီး အခုရှောင်လီကိုလဲ သိပ်ပြီးအသေးစိတ်မပြောချင်တော့တဲ့အတွက်ကြောင့် ဟဲကျင့်တိုတိုတုတ်တုတ်သာဖြေလိုက်တော့သည်။
ခဏကြာတော့ သူ့လက်ပတ်ကတုန်ခါလာခဲ့ပြီးတော့ အဲ့ဒါက ချင်ယွီသူလေယာဉ်ပေါ်ကဆင်းပြီဖြစ်ကြောင်းနှင့် ဟဲကျင့်ဘာလုပ်နေလဲမေးထားတာပင်။
ဟဲကျင့်က "ရုံးမှာဉာဏ်ပညာနဲ့တိုက်နေတာ"လို့ပြန်ဖြေလိုက်သည်။
ချင်ယွီ: " တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်လို့လား?"
ဟဲကျင့်: "တကယ်တော့အနိုင်ကျင့်တာမဟုတ်ဘူး တစ်ယောက်ယောက်က ငါ့ကိုအကွက်ဆင်ခဲ့ရုံပဲ ကြည့်ရတာငါတယောက်ယောက်ကိုဆန့်ကျင် မိတယ်ထင်တယ်။မနေ့ကငါ့ကိုသတိထားနေလို့ပြောတဲ့မက်ဆေ့ချ်တောင်ပို့လာသေး"
ဒီစာကို ပို့ပြီးတာနဲ့ ချင်ယွီက သူ့ကိုချက်ချင်းဖုန်းဆက်လာခဲ့သည်။ဟဲကျင့်ကဖုန်းခေါ်လာတာနဲ့ချက်ချင်းကိုင်လိုက်ချိန်တွင် ချင်ယွီမှာတော်တော်လေးစိုးရိမ်နေတာကိုကြားလိုက်ရသည်။
"မင်းငါ့ကိုမနေ့ထဲကဘာလို့မပြောတာလဲ?"
ဟဲကျင့်ကထပြီးတော့စားသောက်ခန်းထဲကိုသွားကာဖြင့်ပြောလိုက်သည်။
"ငါကမင်းနားမလည်မှာစိုးရိမ်လို့ပါ မင်းကဒီလိုကိစ္စတွေကြုံဖူးတာလဲမဟုတ်ဘူးလေပြီးတော့ငါလည်းအလုပ်ထွက်တော့မှာပဲကို"
ချင်ယွီ က မကျေမနပ်ဖြစ်ကာဖြင့်
"ဘယ်လိုကြောင့် နားမလည်ရမှာလဲ?ငါ့အသိုင်းဝိုင်းထဲမှာမင်းထက်ဆိုးတဲ့ကိစ္စတွေငါကြုံဖူးပါတယ်။ပေါ့ပေါ့တန်တန်တွေးမနေနဲ့။ခဏလေးငါမင်းကိုနံပါတ်တစ်ခုပေးမယ် သူ့မျိူးရိုးနာမည်က ကျိုး သူကငါ့သက်တော်စောင့် လွန်ခဲ့တဲ့အပတ်ထဲကမင်းနောက် လိုက်ခိုင်းထားခဲ့တာ။ပြီးတော့မင်းလက်တလောကြုံနေတာကိုသူ့ကိုပြောပြထားလိုက်မယ် တခုခုဆိုသူ့ကိုဖုန်းဆက်လိုက်"
ဟဲကျင့်လန့်သွားတော့တယ် ဒါကြောင့်မနေ့ က သူ့နောက်ကို တစ်ယောက်ယောက် လိုက်နေတယ်လို့ ခံစားနေရတာပဲ!
ချင်ယွီက အပြစ်တင်ခံရမှာကို စိုးရိမ်နေပုံရပြီး သူကအရင်ရှင်းပြလာခဲ့သည်။
"ဒီလတုန်းကမှလိုက်ခိုင်းထားတာ မင်းကိုသေချာကြည့်ထားဖို့လေ မင်းတခုခုဖြစ်မှာစိုးရိမ်လို့!"
"ကောင်းပြီ ငါလည်း ငါ့ကိုယ်ငါ ဂရုစိုက်ပါ့မယ်။"
ဟဲကျင့် က သူ့ကို အပြစ်မတင်ချင်ခဲ့ပါပေ။ချစ်သူ၏ ဂရုစိုက်မှုကိုခံရတာက အထူးနွေးထွေးစေတယ်လေနော်။ သူစာစီထားခြင်းတောင်မရှိပဲသူကြုံတွေခဲ့ရတာတွေကိုချင်ယွီကို ရှင်းပြပြောပြခဲ့
သည်။
"ငါထွက်ဖို့ စိတ်ဆုံးဖြတ်ပြီးမှတော့ တိုက်ဖို့ကိုယုံကြည်မူအပြည့်ရှိတယ် စုံစမ်းစစ်ဆေးတာရဲ့ ရလဒ်ထွက် လာရင် ငါထွက်စာတင်မယ်"
ချင်ယွီသည် ယခုအခါတွင် စိတ်သက်သာရာရသွားကာ ဖုန်းမချမချင်း ဟဲကျင့်ကို ထမင်းစားဖို့ သတိရတို့ တနေကုန်ထိုင်မနေနဲ့ တက်တက်ကြွကြွနေတို့စသည့် ပေါက်ကရတွေပြောတော့တာပါပဲ
ဟဲကျင့်ကတော့အဲ့ဒါကိုအရမ်းရယ်ရတယ်လို့ထင်တာပဲ သူကကလေးမှမဟုတ်တော့တာ သူတွေးကြည့်လိုက်တယ် သူကကလေးမှမဟုတ်တော့ပဲကိုထမင်းစားဖို့ဘယ်လိုလုပ်မေ့မှာလဲနော်...
ဒါပေမယ့်လည်းဖုန်းထဲကချင်ယွီရဲ့ချိုမြိန်တဲ့အသံကိုပြန်စဉ်းစားမိတဲ့နောက်မှာတော့ ဟဲကျင့်စိတ်အခြေအနေမှာပြန်ကောင်းသွားခဲ့၏။
ညဘက်အလုပ်ပြီးတဲ့အချိန်ဟဲကျင့် အိမ်ပြန်ရောက် တော့ အိမ်မှာ ထူးဆန်းတဲ့အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူထင်သလောက်တော့ သူ့မိဘတွေကသူပြန်လာမယ်လို့မျှောလင့်ထားပုံမရချေ။ဟဲကျင့် အဖေဆိုသူဝင်သွားတာတောင်နောက်ကလိုက်
ကြည့်နေတော့တာပါပဲ
တစ်မိသားစုလုံး ညစာစားပြီးနောက် တီဗီကြည့်ခဲ့ကြသည်။ ဟဲကျင့်အမေကဟဲကျင့်နဲ့စကားမပြောချင်ခဲ့ပေမယ့် ဟဲကျင့်ကတော့ ချင်ယွီအကြောင်းကိုစကားမဟခဲ့ပဲနဲ့ တခြားအကြောင်း အရာများကိုစကားစရှာ၍ပြောခဲ့လေသည်။ည9နာရီတွင်တော့ ဟဲကျင့်ရဲ့ လက်ပတ်တုန်ခါသွားကာဟဲကျင့်ရဲ့အမေက သူ့အားသတိအနေအထားဖြင့်ကြည့်လာခဲ့တယ်!
ဟဲကျင့်က တောင်းပန်းရင်း ပြုံးလျက် အခန်းထဲဝင် ကာ ဖုန်းကိုင်လိုက်လေသည်။
ဟဲကျင့်အမေ:"..."
သေချာတာပေါ့ အဲ့ဒါချင်ယွီဆီကလေ ဖုန်းကိုင်လိုက်တာနဲ့ တရပ်စပ်ပြောလာတဲ့သူဆီကပေါ့
"မင်း တစ်နေ့ကို သုံးကြိမ်ဖုန်းခေါ်ရမယ်လို့ ငါတို့သဘောတူထားတယ်မဟုတ်ဘူးလား?မင်းအလုပ်ဆင်းချိန်တခါပဲခေါ်တယ်နော်!"
ဟဲကျင့် က စိတ်ရှည်ရှည်နဲ့ ရှင်းပြလာ၏
"ငါ အိပ်ရာမဝင်ခင်ဖုန်းခေါ်ဖို့စဉ်းစားထားတာ။တနေ့မှာ 24 နာရီရှိတယ်လေ ငါတို့အခုမှခွဲရတာ 16 နာရီပဲရှိသေးတယ် စိတ်ပူနေပြီလား?"
ချင်ယွီ: "..."
ဟဲကျင့်ကလေသံလေးနဲ့ "မင်းဘာလုပ်နေလဲ?"
ချင်ယွီ:" ငါအခုလေးတင်အလုပ်ပြီးသွားတာ ဒီနေ့တော်တော်စောပြီးတာ။ငါအိမ်ပြန်ပြီး အိပ်တော့မလို့ မင်းရော?"
ဟဲကျင့်: "ငါ ငါ့မိဘတွေနဲ့ tv ကြည့်နေတာ"
ချင်ယွီ: "မင်းအိမ်မှာလား?"
ဟဲကျင့်ကရယ်ကာဖြင့် "ငါကဘယ်ကိုသွားရမှာလဲ? ဟော်တယ်မှာလည်း တစ်ယောက်ထဲမနေချင်ပါဘူး"
ချင်ယွီ:"သူတို့ကမင်းကိုမဆူတော့ဘူးလား?"
ဟဲကျင့်:"ဟင့်အင်း ငါ့အဖေကတော့အရင်တိုင်းပါပဲ ငါ့အမေကတော့ ရုပ်တည်ကြီးနဲ့ ငါ့ကိုသူ့သားအနေနဲ့မမှတ်မိတော့တဲ့ပုံလိုမျိုးနေနေတယ်"
ချင်ယွီ က ခေတ္တရပ်လိုက်ကာ "ဖြည်းဖြည်းပေါ့"
ဧည့်ခန်းထဲတွင်တော့ ဟဲကျင့်အဖေက စီးကရက်ကိုမီးညှိကာဖြင့်ဟဲကျင့်ရဲ့အခန်းဘက်ကိုကြည့်နေခဲ့သည်။အမေကတော့ သူမရဲ့နားကိုစွင့်ကာဖြင့်ဟဲကျင့်ဘာပြောနေလဲဆိုတာကိုသိချင်နေခဲ့ပေမယ့်လည်း သူမကြားရတာကတော့ တီးတိုးဆိုပြီး တခစ်ခစ်ရယ်နေသံတွေပါပဲ.....
ခဏအကြာတွင်တော့ဟဲကျင့်ထွက်လာချိန်တွင် သူ့အမေကြည့်လိုက်တော့ သူမမြင်လိုက်ရတာကဟဲကျင့်မျက်နှာမှာဖုံးမရဖိမရပျော်ရွှင်နေခြင်းပါပဲအဲ့ဒါကိုမြင်ပြီးသူမလည်းကြောင်အသွားရတော့၏
သုံးနှစ်အတွင်းမှာ ဟဲကျင့်အရမ်းတွေပျော်ပြီးပြုံးနေတာကိုမြင်ရခြင်းမှာ ပထဆုံးအကြိမ်ပါပင်
နောက်ရက်များတွင်လည်း ကုမ္ပဏီတွင်းရှိလူများသည် ဝန်ကြီးဝမ်ထံမှ ဆွေးနွေးရန် အဆက်မပြတ် ခေါ်ခံကြရသည်။ တစ်ပတ်အတွင်း ဝန်ထမ်းအချို့သည် အဖွဲ့တွင်းစည်းလုံးညီညွတ်မှုကို ထိခိုက်စေသည့် အချက်အလက်များကို အတုအပပြုလုပ်ခဲ့ကြောင်း ၎င်းတို့ဘုတ်အဖွဲ့တွင် ဝေဖန်သည့် သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ အကြောင်းကြားစာတွင် ရှောင်လီ ၏အမည်ကိုလည်း ဖော်ပြခဲ့သည်။ ရှောင်လီကို ဟုန်တုန်ယွမ်ကဲ့သို့ ရင်းနှီးသော သူငယ်ချင်းအဖြစ် အမြဲတမ်းမြင်မိသောကြောင့်ဟဲကျင့်သည် အလွန်စိတ်ပျက်သွားခဲ့သည်။ လုပ်ဖော်ကိုင်ဖက်များနှင့် အတန်းဖော်များကြားတွင် ကွာဟချက်အမြဲရှိနေဆဲဖြစ်ကြောင်း ယခုအချိန်တွင်တော့ သူသေချာနေပြီဖြစ်သည်။
ဒီကိစ္စကို ဖြေရှင်းပြီးတာနဲ့ ၀န်ကြီး ဝမ် ကဟဲကျင့် ကိုလွှဲပြောင်းမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ထပ်မံ တောင်းဆိုခဲ့ပါ၏။ ဟဲကျင့် သည်တော့ သူ့၏ နုတ်ထွက်စာကို တင်ပြရန် တုံ့ဆိုင်းခြင်းမရှိခဲ့ပေ။ ဝန်ကြီးဝမ်မှာအရမ်းဒေါသထွက်သွားကာစားပွဲကိုမှောက်လုနီးနီးပင်။ ဒီအချိန်မှာတော့ သူတို့နှစ်ယောက်လုံးက ထပ်ပြီးပြောစရာမရှိတော့ပါချေ။ ဟဲကျင့် သည် သူ့ပစ္စည်းများကို ထုပ်ပိုးပြီး တစ်ပတ်အတွင်း သူ့အလုပ်ကို အခြားသူထံ လွှဲပြောင်းပြီးနောက် ထွက်ခွာရန် အသင့်ဖြစ်ခဲ့သည်။ အဲဒီကာလအတွင်းမှာ သူကိုသင်ပေးခဲ့တဲ့ ဒါရိုက်တာ ရွှီအပါအဝင်ပြန် စဉ်းစားဖို့ပြောလာသည်များကိုလည်းရရှိခဲ့သည်။ ဟဲကျင့်သည်တော့ သူရဲ့သဘောထားကို ထုတ်ဖော်ပြောကြားခဲ့ပြီး ၎င်း၏နုတ်ထွက်မှုသည် ချောက်တွန်းခံရသည့်အချက်နှင့် မသက်ဆိုင်ကြောင်း ပြောခဲ့သည်။
ထိုနေ့လည်ခင်းအလုပ်မဆင်းမီ တွင် ဟဲကျင့် သည် သူ့ကုမ္ပဏီမှ သေတ္တာကို သယ်လာစဉ်တွင် ဆောင်းဦးနှောင်းပိုင်း၏ နေရောင်ခြည်ရဲ့ နွေးထွေးမှုကို ခံစားခဲ့သေးသည်။
သူက တက္ကစီစောင့်နေဖို့လမ်းဘေးမှာရပ်နေစဉ် ချင်ယွီကိုဖုန်းခေါ်လိုက်ရာချင်ယွီမှချက်ချင်းဖုန်းကိုင်လာခဲ့ဖြင့်မေးလာခဲ့သည်
"အခြေအနေဘယ်လိုလဲ?"
"အင်း ငါ လွှဲပြောင်းတာတွေ ပြီးသွားပြီ"
ဟဲကျင့် သည် လွန်ခဲ့သော သုံးနှစ်ခန့်က သူလုပ်ကိုင်ခဲ့သည့် ကုမ္ပဏီကို တချက်ပြန်ကြည့်လိုက် သော်လည်း သူတချက်လေးမှမလွမ်းခဲ့ချေ။
"ငါအခုအလုပ်လက်မဲ့ဖြစ်သွားပြီ ငါဘာလုပ်ရမလဲ?"
သူကမျက်စောင်းထိုးကာဖြင့် သူ့အသံကချစ်ခြင်းဖြင့်လည်းပြည့်နှက်နေခဲ့သည်။
ချင်ယွီကငါမင်းကိုထောက်ပံ့ပေးမယ်လို့ပြောမိတော့မလိုဖြစ်ခဲ့ပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဟဲကျင့်ဒေါသထွက်လုနီးနီးဖြစ်ခဲ့တာကိုသတိရမိသွားတော့ သူပြန်မျိုချလိုက်တော့သည်။
"ငါ AI ကုမ္ပဏီ ထောင်ထားတာမင်းကိုပြောမိသေးလား?"
ဟဲကျင့်: "AI? ဉာဏ်ရည်တုမှာ ပါတဲ့အတိုင်း?"
ချင်ယွီ: "အင်း စက်ရုပ်ကလေးတွေကိုဖန်တီးပေးတဲ့ဟာ"
ဟဲကျင့်က စိတ်ဝင်စားသွားကာဖြင့် "စက်ရုပ်ကလေးတွေဆိုတာ ဘာလဲ?"
ချင်ယွီ က အသက်ပြင်းပြင်းရှူကာဖြင့်"Demon God နဲ့ ငါ စက်ရုပ်ကလေးကို တကယ့်ကိုယ်ထည် ရှိတဲ့စက်ရုပ်ကလေးတွေကိုဖန်တီးဖို့ခွင့်ပြုချက် တောင်းထားတာပြီးတော့ ကုမ္ပဏီကပထမဆုံးထုတ် မယ့် ထုတ်ကုန်က ဖတ်ထုပ်လေးပဲ"
ဟဲကျင့်မျက်လုံးများပြူးကျယ်သွားရကာ တက္ကစီနှစ်စီးလောက်ဖြတ်သွားတာကိုတောင်မတားမိတော့ဘူး....ဖက်ထုပ်လေးလား!!!
ချင်ယွီ က ပြုံးပြီးမေးလာသည်
"ပြီးတော့ ဒီကုမ္ပဏီက လက်ထောက်တစ်ယောက်ရှာနေတာ မင်းစိတ်ဝင်စားလား?"
Zawgyi
151:စက်ရုပ်ကလေး
သည်။
ကြည့်နေတော့တာပါပဲ
ဟဲကျင့်အမေ:"..."
ချင်ယွီ: "..."
"အခြေအနေဘယ်လိုလဲ?"