မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...

By XiaoManTou96

203K 33.8K 985

Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... More

Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

150:ငါ ရှိတယ်

1.2K 194 6
By XiaoManTou96

Unicode

ချင်ယွီအတွက်ဒီလိုတောင်းဆိုရတာကအရမ်းခက်ခဲပါသည် သူဟဲကျင့်ရဲ့မာနကိုထိခိုက်မှာလည်းစိုးလို့ပင်။ ခြုံပြောရလျှင် ဟဲကျင့် သည် ယခုအခါတွင် တည်ငြိမ်သောအလုပ်တစ်ခုရနေပြီဖြစ်ပြီး အခြားသူတစ်ဦးကြောင့် သူ၏အသက်မွေးဝမ်းကြောင်းကို မည်သူမှ အလွယ်တကူလက်မလွှတ်နိုင်ပေ။

မထင်မှတ်ထားဘဲ ဒါကိုမေးပြီးတဲ့နောက်မှာတော့ စိတ်‌ကျေနပ်ဖွယ်အဖြေတစ်ခုကို သူကြားလိုက်ရတော့သည်

"ကောင်းပြီ"

ချင်ယွီယုံရခက်နေခဲ့သည်။သူသည်ဒီညတွင်အံ့သြဖွယ်ရာများစွာကို ကြုံတွေ့ခဲ့ရသည်။ ဟဲကျင့် က ငိုခဲ့ပြီး သူ့ကိုထပ်ခါထပ်ခါလည်းနမ်းခဲ့သည်။ပြီးတော့ကားထဲမှာ ရင်းနှီးတဲ့ကိစ္စကိုလုပ်ပြီးသွားတဲ့နောက် သူ့မိဘတွေရှေ့မှာဝန်ခံခဲ့ပြီး အခုလည်း သူလိုက်လာမယ်လို့ ကတိပေးပြန် သည်... ချင်ယွီကရုတ်တရက်ကြီး ဒါတွေအားလုံး အတုယောင်ဖြစ်နေမှာကိုကြောက်ရွံ့လာတော့သည်

သူသည် ဟဲကျင့်၏လက်ကိုလွှတ်လိုက်ပြီး အံ့ဩတကြီးသူ့ကိုကြည့်လိုက်သည်။ သူ့မျက်နှာအမူအရာက အနည်းငယ်ဗလာဖြစ်နေပြီး

"မင်းတကယ်ပြောတာလား?"

ဒီလိုအဖြစ်ပျက်မျိုးက လွန်ခဲ့သုံးနှစ်ကလည်းဖြစ်ခဲ့ဖူးသေးသည်။ချင်ယွီက သူ့ကိုယ်သူအ ကောင်းဆုံးအခိုက်အတန့်မှာရှိနေတယ်လို့ထင်ခဲ့သော်လည်း ဟဲကျင့်ကရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်လေ။ ဟဲကျင့် သည် နောက်စက္ကန့်တွင် သူ့စိတ်ပြောင်းသွားနိုင်သောကြောင့် ဤအရာအားလုံးသည် ချိုမြိန်သောမျက်နှာစာတစ်ခုမျှသာဖြစ်သည်ဟု သူ့ကိုခံစားရစေသည်။

ဟဲကျင့် က သူ့ကို ညင်သာစွာကြည့်၍ "ငါရွေးချယ်ထားတဲ့လူနောက်ကို လိုက်ရမှာပေါ့" ဟု ရယ်ရယ်မောမောပြောလာခဲ့သည်။

ချင်ယွီ: "..."

ချင်ယွီသည် ဟဲကျင့် ၏လက်မောင်းကို ဖက်တွယ်လိုက်ပြီးလွန်စွာနူးညံ့ခြင်းတွေကြားမှာ ချိန်းခြောက်ဟန်လေးကပ်ပါနေလျက်ဆိုလာခဲ့သည်။

"မင်းပြောတာမင်းမှတ်ထားနော် မင်းငါ့ကိုနောက်ထပ်လှည့်စားရဲလို့ကတော့မင်းရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံးကိုပိတ်လှောင်ထားပစ်မယ်!"

ဟဲကျင့်ရင်ထဲထိခတ်သွားရသည်။ စိတ်မလုံမခြုံဖြစ်နေသောချင်ယွီ၏ပုံပန်းသဏ္ဍာန်ကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါ၏။ လွန်ခဲ့သည့် တစ်နာရီခန့်က အဆောက်အဦးမှ ထွက်လာခဲ့သည့်အချိန်တွင်လဲထိုကဲ့သို့မျက်နှာအမူအရာကိုတွေ့လိုက်ရသေးသည်။ သူ့မျက်နှာပေါ်ရှိ အထီးကျန်မှုသည် စွန့်ပစ်ခံထားရသောအိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်လို ဖြစ်နေခဲ့သည်။

သေချာသလောက်ကိုဟဲကျင့် ချင်ယွိကိုအကြွေးအရမ်းတင်နေပါပြီပင်....

"ငါအလုပ်ကတော့ထွက်မှာ ဒါပေမယ့်အရမ်းတော့မြန်မှာမဟုတ်ဘူး။ငါအလုပ်ထွက်စာတင်ပြီးရင်တောင်တစ်လလောက်တော့ကြာဉီးမှာ။ပြီးတော့ငါအိမ်မှာကျန်တဲ့ကိစ္စတွေရှင်းရဉီးမယ်။မင်းဘာလို့မနက်ဖန်အရင်မပြန်နှင့်ရမှာလဲ ပြီးရင်ငါကိစ္စအားလုံးရှင်းပြီးတာနဲ့A မြို့ကိုချက်ချင်းလိုက်လာခဲ့မယ် အဲ့လိုဆို အဆင်ပြေလား?"

ဟဲကျင့်ကချင်ယွီကိုကြည့်ကာအကြံပေးလိုက်သည်

ချင်ယွီကမျက်မှောင်ကြုတ်ကာဖြင့် သူဟဲကျင့်ကိုQ မြို့မှာမထားခဲ့နိုင်ပါ မနက်ဖန်သူနဲ့အတူတပါးထဲခေါ်သွားချင်တယ် အဲ့ဒါမှဟဲကျင့်သူထပ်ပြီးစိတ်ပြောင်းလို့မရတော့မှာ အဲ့လိုဆိုသူလဲစိုးရိမ်စရာမလိုတော့ဘူးလေ

ဟဲကျင့် က သူစိုးရိမ်တာကို နားလည်သွားပုံရပြီး သူက

"မင်းကို နေ့တိုင်း ဖုန်းဆက်မယ်လေ တကယ်လို့ပိတ်ရက်တွေမှာငါအားရင် မင်းအလုပ်ရှိတဲ့နေရာကိုငါလာတွေ့မယ် ငါက မင်းငါ့ကြောင့် ဒုက္ခများမှာကိုပဲစိုးရိမ်တာ ဘာလို့ဆိုမင်းကနာမည်အရမ်းကြီးနေပြီဆိုတော့အချိန်တိုင်းကြည့်နေတဲ့မျက်လုံးတွေကလည်းရှိနေတာကိုး"

ချင်ယွီသည် ဟဲကျင့်ကိုတင်းတင်းကြပ်ကြပ်ဖက်လျက်လှည့်ကာဖြင့်နေရာအနှံ့လိုက်နမ်းတော့သည်။ သူ့ချစ်သူ သူ့ရင်ခွင်ထဲမှာရှိနေတာထက် ဘယ်အရာမှမကောင်းနိုင်တော့ပါချေ။

ဟဲကျင့်က သူ့အောက်သို့လှဲချခံလိုက်ရသဖြင့် ကူကယ်ရာမဲ့စွာဖြင့်ရယ်မောလိုက်သည်။ သူကချင်ယွီကို သူ့တစ်ကိုယ်လုံးကို နမ်းခွင့်ပေးထားလိုက်ပြီး သူသည်လည်းချင်ယွီကိုပြန်နမ်းနေလိုက်သည်

ခဏလောက်နမ်းပြီးတဲ့နောက်တွင်တော့ ချင်ယွီက ဟဲကျင့်ကို လေးလေးနက်နက် ကြည့်လိုက်ပြီး

"မင်း ငါ့ကို တစ်နေ့ အနည်းဆုံး သုံးကြိမ် ဖုန်းဆက်ရမယ် ပြီးတော့မင်းဘက်ကအရင်ဖုန်းချလို့မရဘူး ငါ့မက်ဆေ့ချ်ကို မင်းမြင်တဲ့အခါ မင်း ချက်ချင်းပြန်ဖြေရမယ်။ ပြီးတော့ မင်းရဲ့ အိမ်ထောင်ဘက်တွေ့ခဲ့တဲ့သူတွေနဲ့တွေ့တာကိုလည်းတားမြစ်တယ် မင်းသိပြီလား?"

ဟဲကျင့်: "ကောင်းပြီ..."

ချင်ယွီ က သက်ပြင်းချလိုက်ပြီး စိုးရိမ်နေသေးပုံရလေသည်။ သူကဟဲကျင့်ပေါ်ဖိချလိုက်ပြီးလည်ပင်းနားကပ်ကာပြောလိုက်သည်

"ငါမင်းဆီက ဘာများတောင်းဆိုစရာကျန်သေးလဲ?"

ဟဲကျင့်: "..."

"မင်း ဆေးလိပ်သောက်နေတာလား?"

ဟဲကျင့် သည် ချင်ယွီ၏ ခန္ဓာကိုယ်ပေါ်ရှိ စီးကရက်အနံ့ကို ရှူရှိုက်မိပြန်သည်။

"ဟုတ်​တယ်​ ဘာလို့လဲ?"

"ဘာမှမဟုတ်ပါဘူး။"

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးအတွက် မကောင်းပါ။ ဟဲကျင့်သည်ချင်ယွီကိုဆေးလိပ်ဖြတ်စေချင်ခဲ့သည်။သူ့အဖေသည်လည်း ဆေးလိပ်စွဲနေခဲ့ကာ ဟဲကျင့်ကဆေးလိပ်ဖြတ်ရန် စည်းရုံးရာတွင် မအောင်မြင်ခဲ့ပေ။ သူကချင်ယွီကိုလည်းဆေးလိပ်မသောက်စေချင်ပါ။ ဒါပေမယ့်လည်း စကားလုံးတွေက လျှာဖျားမှာသာရှိနေခဲ့ကာ ပြောမထွက်ခဲ့ချေ။ချင်ယွီဆေးလိပ်သောက်ရတဲ့အကြောင်းပြချက်က သူချင်ယွီကိုအရမ်းလွမ်းလို့ ဘားမှာတစ်ယောက်ထဲသွားသောက်ခဲ့သလိုမျိုး ချင်ယွီကသူ့ကိုအရမ်းလွမ်းလို့စိတ်သက်ရာရအောင်သောက်ခဲ့တာဆိုတာမျိုးကိုမသိချင်ခဲ့ပါ။

ချင်ယွီကသူ့ကိုလေသံလေးနဲ့ပြောလာခဲ့သည်။

"မင်းငါ့ဆီပြန်လာပြီဆိုတော့ ငါ ဆေးလိပ်မသောက်တော့ပါဘူး"

သူတို့နှစ်ယောက်လုံးက တစ်ယောက်အတွက်တစ်ယောက်စဉ်းစားပေးပြီး တစ်ယောက်ကိုတစ်ယောက်ပိုကောင်းတဲ့သူဖြစ်စေချင်ကြသည်။ဒါပေမယ့်အဲ့လူမရှိခဲ့ရင်တော့ ဘယ်လိုလူဖြစ်ဖြစ်အရေးမကြီးတော့ပါပေ။

ဟဲကျင့်က ချက်ချင်းသဘောပေါက်သွားပြီးရင်ထဲထိသွားရကာ ချင်ယွီရဲ့နားရွက်ကို ချက်ချင်း နမ်းလိုက်တော့လေရဲ့

ချင်ယွီကနှာမှုတ်လိုက်ဟာဟဲကျင့်ခါးကိုကိုင်လျက်တစ်ချက်ဆောင့်လိုက်ပြီး သူ့အသံနိမ့်နိမ့်ဖြင့်

"မနက်ဖြန် အလုပ်ဆက်လုပ်ချင်သေးရင် ငါ့ကိုလာမမြူဆွယ်နဲ့တော့.."

ဟဲကျင့် က ရှက်သွားပြီး ချင်ယွီကို ခပ်ဝေးဝေးသို့ တွန်းထုတ်လိုက်တော့သည်။ သူတကယ်ကြီးနောက်တစ်ကြိမ်လက်မခံနိုင်တော့ပါချေ အဲ့ဒါကတော်တော်ကြီးကိုနာနေတုန်းပဲနော်

နှစ်ယောက်သား မျက်နှာချင်းဆိုင် လဲလျောင်းနေခဲ့ပြီး ဟဲကျင့်သည် သူ့လက်ကိုမြှောက်၍ချင်ယွီမျက်နှာကိုမထိပဲမနေနိုင်ခဲ့ချေ။ သူသည်ထိုသူရဲ့အသွင်အပြင်များကို သူ့လက်နှင့်ထိတွေ့ခဲ့သည်။ ဤလူအတွက် သူ့ခံစားချက်များကို သူ့နှလုံးသားထဲတွင် အမြဲတမ်း မျိုသိပ်ထားခဲ့ရတာကြောင် ယနေ့အချိန်တွင်တော့ ထိုခံစားချက်များသည် မျက်နှာပြင်ပေါ်တွင်လွင့်မျောနေပုံရပြီး ၎င်းတို့ကို ထိန်းချုပ်ရန် မဖြစ်နိုင်တော့ပါ။

ချင်ယွီရဲ့ပုံစံ၊သူ့အသံနှင့် သူ့အမူအရာအားလုံးသည် ဟဲကျင့်ကိုနစ်မြုပ်စေနိုင်သည့် အနက်ရှိုင်းဆုံးသော သမုဒ္ဒရာကဲ့သို့ပင် နက်ရှိုင်းလှသည့်ချစ်ခြင်းမေတ္တာကိုပြသနေခဲ့သည်။

ဤသုံးနှစ်အတွင်းတွင် ချင်ယွီရဲ့မျက်နှာပေါ်မှာဘာခြေရာလက်ရာမှမပျက်ခဲ့ပဲ သူကအရင်ကထက်ပိုပိုပြီးချောမောလာခဲ့သည်

ချင်ယွီသည် ရံဖန်ရံခါ မကြာခဏ မိတ်ကပ်လိမ်းရလေ့ရှိပြီး အမျိုးသမီးများအတွက် အသားအရေထိန်းပစ္စည်းများကို အသုံးပြုခဲ့ရသည့်အတွက်ကြောင့် သူ၏အသားအရေသည် ပိုမိုချောမွေ့တောက်ပလာခဲ့သည်။ သူက ပိုပြီးအပြစ်ကင်းစင်တဲ့ပုံပေါက်လာခဲ့သော်လည်းဟဲကျင့်ကတော့ မိန်းကလေးဆန်တယ်လို့မထင်ပါပေ။တခြားတစ်ဖက်မှာတော့ သူကပိုပြီးတောင့်တင်းလာကာလွန်ခဲ့တဲ့ သုံးနှစ်ကထက်ပိုပြီးရင့်ကျက်သည့်ပုံစံကိုဖော်ပြထားခဲ့သည်။

အရင်ကတော့ ချင်ယွီ ဟဲကျင့်ရှေ့တွင်ရှိချိန်တိုင်း သူကတခြားသူတွေကိုဆွဲဆောင်နေခဲ့တဲ့ကောင်လေးတစ်ယောက်လိုဖြစ်ခဲ့ပြီး သူ့စိတ်ခံစားချက်တွေကလည်းအမြဲတမ်းသိသာနေခဲ့သည်။ဒါပေမယ့်အခုချိန်မှာတော့သူကဘယ်လိုသိုသိုသိပ်သိပ်နေရမယ်ဆိုတာကိုသိခဲ့ပြီပင်

သူ့အသွင်အပြင်တင်မကဘဲ သူ့အမူအရာလည်း အများကြီး ပြောင်းလဲသွားခဲ့သည်။ ဘယ်ရှုထောင့်ကကြည့်ကြည့်ချင်ယွီကပိုပြီးစဉ်းစားတွေးခေါ်တတ်လာတာကိုဟဲကျင့်မြင်နေရပါ၏

ဟဲကျင့်၏ လက်ချောင်းများသည် ချင်ယွီ၏နှုတ်ခမ်းများပေါ်တွင် ပွတ်တိုက်သွားခဲ့သည်။ ချင်ယွီကထိုအခိုက်အတန့်ကိုအခွင့်ရေးယူကာ သူ့လက်ချောင်းထိပ်တွေကို သူ့နှုတ်ခမ်းတွေနဲ့ ပွတ်သပ်လိုက်သည်။ ဟဲကျင့် တုန်ယင်သွားရကာ သူ့လက်ချောင်းကို ချင်ယွီ က ဆုပ်ကိုင်လိုက်ပြီးနောက်တွင်တော့ သူ့ပါးစပ်ဆီသို့ ပို့လိုက်တော့သည်...

ဒီလိုပြောင်းလဲမှုက ချင်ယွီ အတွက် ကောင်းလားဆိုတာတော့ဟဲကျင့်မသိပါ ။သူသိတာကတော့ သူ့ချစ်သူက အကောင်းဆုံးဆိုတာပါပဲ။ချင်ယွီကဘယ်လိုပဲ ပြောင်းလဲသွားပါစေ သူက သူချစ်ရတဲ့ ချင်ယွီဖြစ်နေတုန်းပဲလေ

သို့သော်ချင်ယွီ မည်မျှကျော်ကြားလာသည်ကို တွေးကြည့်မိသောအခါဟဲကျင့်သည်ကူရာမဲ့စွာဖြင့်ကြောက်ရွံ့စိတ်ကိုပြန်ခံစားခဲ့ရတော့သည်။ ဤသုံးနှစ်အတွင်း သူသည်ချင်ယွီနှင့် လုံးဝမတူသော အတွေ့အကြုံများ ရှိခဲ့သည်။ ရှောင်လီ  ကုမ္ပဏီသို့မရောက်ခင်တွင် သူသည် လူလတ်ပိုင်းအရွယ်ရှိလူများနှင့် ဆက်ဆံခဲ့ရပြီး လူတစ်ဦး၏ စိတ်နေစိတ်ထားနှင့် စကားပြောဆိုပုံသည် သူ့ပတ်ဝန်းကျင်ရှိလူများ၏ လွှမ်းမိုးမှုကိုခံရမည်ကို သူသိခဲ့သည်။ အချောဆုံး ဖက်ရှင်အကျဆုံး ချင်ယွီနဲ့ ရင်ဆိုင်ရတဲ့အခါ ဟဲကျင့်ဟာ သူ့ရဲ့ အနက်ရောင် မျက်မှန်နဲ့ အညိုရောင် ရှူးဖိနပ်တွေကို ကြည့်ပြီး ရှက်ခဲ့ရသေးတယ်လေ!

ချင်ယွီကသူ့ လက်ချောင်းများကို နမ်းလိုက်ပြီး မေးလာခဲ့သည်

"ဘာတွေတွေးနေတာလဲ?" 

ဟဲကျင့် က သူ့လက်ချောင်းတွေကိုပြန်ရုတ်လိုက်ပြီးသူ့မျက်နှာကို ချင်ယွီရဲ့ရင်ဘတ်ထဲမှာမြှုပ်ထားလိုက်သည်။ သူ့ချစ်သူရှေ့မှာ သူ့အသွင်အပြင်ကို အရမ်းဂရုစိုက်ရလိမ့်မယ်လို့ ဘယ် တုန်းကမှ မမျှော်လင့်ထားခဲ့ပါချေ။ ရှင်းရှင်းပြောရရင် သူအရင်က ဒီလိုကြီးမှေးမှိန်နေတာတော့မဟုတ်ခဲ့ပါဘူးနော်

"ဘာလို့ရှက်နေတာလဲ?" 

ဟဲကျင့်ကဒီလိုတုံ့ပြန်တာကိုတွေ့ရတာချင်ယွီအတွက်လည်းပထမဆုံးအကြိမ်ဖြစ်ပြီးတော့ အဲ့ဒါကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတာကိုတွေ့လိုက်ရလေတယ်။သူကနှာမှုတ်လျက် သူ့ခေါင်းကိုကိုင်ရင်းကုတ်ပေးရင်း သူ့ကိုစနောက်လာသည်။

"မင်း ငါ့အကြောင်းတွေးနေတာလား?"

"အင်း ဟုတ်တယ်" ဟဲကျင့်ကပေါ့ပေါ့ပါးပါးပဲပြန်ဖြေလာခဲ့သည်။

ချင်ယွီသည် ဟဲကျင့်ပြန်ဖြေမယ်လို့မမျှော်လင့်ထားခဲ့ပဲပြန်ဖြေလာချိန်မှာတော့အူမြူးသွားတော့သည်။ သူသည် ဟဲကျင့်ကိုပိုနီးအောင်ဆွဲယူလိုက်ပြီးတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။သူကဟဲကျင့်ကို သူ့ရင်ခုန်သံကိုနားထောင်ခွင့်ပေးလိုက်၏၊သူရဲ့သံလိုက်လိုအသံနှင့် သူ့ရဲ့နှလုံးခုန်သံပေါင်းသွားသောအခါ ဟဲကျင့်ကိုကြက်သီးများပင်ထလာစေတော့သည်။

"ငါ ရှိတယ်"

နောက်တစ်နေ့ နံနက်စောစောတွင်တော့ ချင်ယွီသည် အစောဆုံး လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့သည်။ ဟဲကျင့်သည်တော့ ဟိုတယ်မှ သူ့ရုံးခန်းသို့ တိုက်ရိုက်သွားခဲ့သည်။သူကရာထူးကဘယ်လိုနှုတ်ထွက်ရမလဲဆိုတာတွေးနေခဲ့ပါ၏။ သူရုံးသို့ရောက်ရောက်ချင်းပဲ ဝန်ကြီးဝမ်က သူ့ကိုခေါ်လာခဲ့လေသည်။

"ရှောင်ဟဲ ငါ့ရုံးခန်းကိုလာခဲ့ဉီး"

ဟဲကျင့်ကထူးဆန်းနေတာကိုသိလိုက်သည်။ တော်ရုံအရေးကြီးသည့်အရာမဟုတ်ပါက ဝန်ကြီး ဝမ် သည် သူ့ကို ပုဂ္ဂိုလ်ရေးအရ ဘယ်တော့မှ ရှာမည်မဟုတ်ပါ။ သူ အမြန်ပြေးပြီး သူ့ရုံးခန်းထဲဝင်သွားတော့ အသက် ၅၀ အရွယ် အမျိုးသားက တံခါးပိတ်ဖို့ အချက်ပြခဲ့သည်။ သူကစပြောလာခဲ့သည်

"ရှောင်ဟဲ မင်းတခြားဌာနက လုပ်ဖော်ကိုင်ဖက်တွေဆီက အနီရောင်စာအိတ်တွေလက်ခံနေတယ်လို့ အမည်မသိတိုင်ကြားစာတွေငါရထားတယ်"

ဟဲကျင့် အံ့အားသင့်သွားပြီး သူ့မျက်နှာအမူအရာ ချက်ချင်းပြောင်းသွားတော့သည်။ သူက အသံကို နှိမ့်လိုက်ပြီး 

"ဒါတွေအကုန်လုံးက ကြံစည်ထားတာတွေပါ"

ဝန်ကြီးဝမ်က သူ့ကိုကြည့်ကာဖြင့်ရေတခွက်ထည့်ပေးလိုက်ပြီး

"လာ၊ ထိုင်ပါဦး"

ဟဲကျင့် စိတ်ရှုပ်သွားကာဖြင့် မနေ့တုန်းက ဖြစ်ပျက်ခဲ့တာတွေကို ပြန်သတိရဖို့ ကြိုးစားနေသည်။ ဒါရိုက်တာရှု ပဲဖြစ်ရမယ် သူက ဒီလူနဲ့ အရာအားလုံးအကြောင်း ဝန်ကြီး ဝမ်ကို ပြောပြတော့မယ့်အချိန်မှာပဲ ဝန်ကြီးဝမ်ဆက်ပြောလာခဲ့သည်က 

"မင်းကိုတိုင်ထားတာက တစ်ယောက်မကဘူး"

ဟဲကျင့်အခုတော့လုံးဝကိုအံ့အားသင့်သွားတော့တာပဲ သူဘာမှမလုပ်ထားပဲနဲ့လေ!

ဝန်ကြီး ဝမ်: "မင်းငါ့ကို ရှင်းပြနေစရာမလိုပါဘူး။ မင်း ဘာမှ မလုပ်ခဲ့ဘူးလို့ ငါယုံတယ်။လောင်ရှုက အငြိမ်းစားယူခါနီးတုန်းက မင်းက လေးနက်ပြီး အလုပ်ကြိုးစားတဲ့သူလို့ ပြောခဲ့တယ်။ အေးဆေးတည်ငြိမ်ပြီးတော့ ဒီရာထူးကို ကောင်းကောင်းကိုင်တွယ်နိုင်လိမ့်မယ်တဲ့လေ။ ဒါပေမယ့် မင်းက အရမ်းငယ်သေးတာမလို့ ဒဲ့တိုးဆန်ပြီးလူတော်တော်များများနဲ့အတိုက်အခံဖြစ်သွားတယ်လို့ငါထင်တယ်"

ဟဲကျင့်: "..."

ဝန်ကြီး ဝမ်က စာရွက်စာတမ်းတစ်ခုပေးကာဖြင့်

"ဒါကိုကြည့်ကြည့်"

ဟဲကျင့် က စာရွက်ကို မျက်လုံးကျယ်ကျယ်ဖြင့် တစ်ချက်ကြည့်လိုက်သည် - ဒါက ပြောင်းရွေ့ဖို့မူကြမ်းပင်

၀န်ကြီး ဝမ်:  "HR ဌာနမှာလူငယ်ဆိုလို့မင်းနဲ့ရှောင်လီပဲရှိတာ လူငယ် နှစ်ယောက်က ကြီးကြပ်ဖို့ ဆိုတာကို လူတွေက မယုံကြဘူး။ မင်းကို နိုင်ငံရေး ဝါဒဖြန့်ရေးဌာနကိုပြောင်းပြီးတော့ လောင်ကျိုးအောက်မှာ နှနှစ်လောက်အလုပ်လုပ်ဖို့ ငါစီစဉ်ထားတယ်။အဲ့ဌာနများလူလည်းတော်တော်များပြီးတော့ ဒီနှစ်တွေမှာလူငယ်တွေအများကြီးလဲခန့်ထားတယ်။ပြီးတော့ အလုပ်ခရီးတွေသွားဖို့လည်း အခွင့်အရေးရှိတယ်..."

ဝန်ကြီးဝမ် သည် အလွန်ကောင်းမွန်စွာ ပြောဆိုခဲ့သော်လည်း ဟဲကျင့်သည် နိုင်ငံရေးဝါဒဖြန့်ချိရေးဌာနတွင် လူအင်အား ပြတ်တောက်မှုမရှိကြောင်း တစ်ချက်ကြည့်ရုံနဲ့သိလိုက်သည်။ အရေးမကြီးသော ဝန်ထမ်းတစ်ဦးအဖြစ်သာ လုပ်ကိုင်ရန် တာဝန်ပေးခံခဲ့ရခြင်းပင်။ ဒါက လွှဲပြောင်းခြင်းမဟုတ်ပဲ ရာထူးအဆင့်ချတာကိုလူကြားကောင်းအောင်ပြောတာပါပဲ

ဟဲကျင့် သည် အစပိုင်းတုန်းကတော့ သူ၏နုတ်ထွက်စာကို မည်သို့အကြောင်းပြရင်ကောင်းမလဲလို့ ရုန်းကန်နေခဲ့ရသည်။ အခုတော့ ဆင်ခြေရှာနေစရာ မလိုတော့ဘူး။ သူက စာရွက်စာတမ်းကို ပြန်ပေးလိုက်ပြီး လေးလေးစားပြောလိုက်သည်

"ဝန်ကြီး ဝမ် ခင်များရဲ့သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ်။ ရိုးရိုးသားသားပြောရရင် ကျွန်တော် အခုတောင်အလုပ်ထွက်ဖို့စဉ်းစားနေတာ ခင်များပြောခဲ့တဲ့အတိုင်းပဲကျွန်တော်က ရာထူးအတွက် အရမ်းငယ်သေးတယ်။ HR ဌာနကကြီးပြီးတော့ တယောက်ထည်းကိုင်တွယ်ရလောက်အောင် အရည်အချင်းမရှိဘူးလို့ ခံစားရတယ်။ စိတ်ပင်ပန်းရဆုံးအရာကတော့ အလုပ်နဲ့ မပတ်သက်တဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို ကိုင်တွယ်ရတာပါပဲ" 

တစ်နှစ်ကြာပြီးနောက် သူသည် နေရာတိုင်းတွင် ဂရုတစိုက်လုပ်ဆောင်ခဲ့ပြီး လာဘ်ပေးလာဘ်ယူမှုအား ငြင်းဆိုသည့်အချိန်မှာတော့အပြုံးတုများပင်တပ်ဆင်ခဲ့ရသေးသည်။ အဆုံးတွင်တော့ သူသည် သူ၏ရိုးသားမှုကြောင့် လူများကို အတိုက်အခံလုပ်တယ်ဆိုပြီးတော့  တိုင်ကြားခံခဲ့ရတယ်တဲ့လေ။ဟဲကျင့် ဤအပေါ်ယံဆန်ပြီးအသုံးမဝင်သော စီးပွားရေးဆက်ဆံရေးအတွက် တကယ်ကို စိတ်ကုန်နေပြီပင်။ 

" ဒီအလုပ်ထက်စာရင် ကျွန်တော့်ရဲ့ကံကို အပြင်မှာပဲစမ်းကြည့်ချင်ပါတယ်။ နောက်မှ ခင်များကို တရားဝင် နုတ်ထွက်စာတစ်စောင် ပို့ပေးလိုက်ပါ့မယ်။ ဒီသုံးနှစ်အတွင်း ခင်များရဲ့ သင်ကြားပေး မှု အတွက်လည်း ကျေးဇူးတင်ပါတယ်ပြီးတော့ ကျွန်တော့် ကျွန်တော့်ရဲ့ အကြောင်းပြချက်ကို ခင်များနားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်"

ဟဲကျင့်က ဒါတွေကိုရှင်းပြနေတဲ့အချိန်မှာ မပင်ပန်းနေခဲ့သလို နှလုံးခုန်လည်းမမြန်နေခဲ့ပါချေ။သူအဲ့ဒါကိုပြင်ဆင်စရာတောင်မလိုခဲ့ပါဘာလို့ဆိုသူတစ်ချိန်လုံးတွေးနေခဲ့တဲ့ကိစ္စမလို့လေ။သူကဒီနေရာနဲ့မသက်ဆိုင်သလို ဒီအလုပ်ကလည်း သူလုပ်ချင်ခဲ့တဲ့အလုပ်လည်းဟုတ်မနေခဲ့ပါ။

ဒါတွေအားလုံးကို သူ့အထက်လူကြီးကို ရှင်းပြနေချိန်မှာ သူ ဒီလောက်သက်တောင့်သက်သာရှိနေခဲ့လိမ့်မယ်လို့ဟဲကျင့်ဘယ်တုန်းကမှမမျှော်လင့်ထားခဲ့ပါချေ။ နောင်တမရှိ၊ နာကြည်းစရာမရှိသလို ဝန်ကြီးဝမ်၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါတွင်တောင် နားမလည်နိုင်သည့် လက်စားချေလိုက်ရသလို ကြည်နူးမှုတစ်ခုကိုပင် ခံစားခဲ့ရသည်။

ဤသုံးနှစ်တာကာလအတွင်း သူသည် သူ့မိသားစုနှင့် ဤလူ့အဖွဲ့အစည်းရှိ စည်းကမ်းအားလုံးအတွက် လုံလောက်စွာ ကြံ့ကြံ့ခံခဲ့ပြီးဖြစ်သည်။နောက်ဆုံးတော့ ဒီအခိုက်အတန့်မှာပဲ သူ့ကိုယ်သူလွတ်မြောက်ခွင့်ပေးလိုက်ပြီပင်။

The ending is near guys ^_^


Zawgyi

150:ငါ ရွိတယ္

ခ်င္ယြီအတြက္ဒီလိုေတာင္းဆိုရတာကအရမ္းခက္ခဲပါသည္ သူဟဲက်င့္ရဲ႕မာနကိုထိခိုက္မွာလည္းစိုးလို႔ပင္။ ၿခဳံေျပာရလွ်င္ ဟဲက်င့္ သည္ ယခုအခါတြင္ တည္ၿငိမ္ေသာအလုပ္တစ္ခုရေနၿပီျဖစ္ၿပီး အျခားသူတစ္ဦးေၾကာင့္ သူ၏အသက္ေမြးဝမ္းေၾကာင္းကို မည္သူမွ အလြယ္တကူလက္မလႊတ္ႏိုင္ေပ။

မထင္မွတ္ထားဘဲ ဒါကိုေမးၿပီးတဲ့ေနာက္မွာေတာ့ စိတ္‌ေက်နပ္ဖြယ္အေျဖတစ္ခုကို သူၾကားလိုက္ရေတာ့သည္

"ေကာင္းၿပီ"

ခ်င္ယြီယုံရခက္ေနခဲ့သည္။သူသည္ဒီညတြင္အံ့ၾသဖြယ္ရာမ်ားစြာကို ႀကဳံေတြ႕ခဲ့ရသည္။ ဟဲက်င့္ က ငိုခဲ့ၿပီး သူ႔ကိုထပ္ခါထပ္ခါလည္းနမ္းခဲ့သည္။ၿပီးေတာ့ကားထဲမွာ ရင္းႏွီးတဲ့ကိစၥကိုလုပ္ၿပီးသြားတဲ့ေနာက္ သူ႔မိဘေတြေရွ႕မွာဝန္ခံခဲ့ၿပီး အခုလည္း သူလိုက္လာမယ္လို႔ ကတိေပးျပန္ သည္... ခ်င္ယြီက႐ုတ္တရက္ႀကီး ဒါေတြအားလုံး အတုေယာင္ျဖစ္ေနမွာကိုေၾကာက္႐ြံ႕လာေတာ့သည္

သူသည္ ဟဲက်င့္၏လက္ကိုလႊတ္လိုက္ၿပီး အံ့ဩတႀကီးသူ႔ကိုၾကည့္လိုက္သည္။ သူ႔မ်က္ႏွာအမူအရာက အနည္းငယ္ဗလာျဖစ္ေနၿပီး

"မင္းတကယ္ေျပာတာလား?"

ဒီလိုအျဖစ္ပ်က္မ်ိဳးက လြန္ခဲ့သုံးႏွစ္ကလည္းျဖစ္ခဲ့ဖူးေသးသည္။ခ်င္ယြီက သူ႔ကိုယ္သူအ ေကာင္းဆုံးအခိုက္အတန႔္မွာရွိေနတယ္လို႔ထင္ခဲ့ေသာ္လည္း ဟဲက်င့္က႐ုတ္တရက္ေပ်ာက္ကြယ္သြားခဲ့တယ္ေလ။ ဟဲက်င့္ သည္ ေနာက္စကၠန႔္တြင္ သူ႔စိတ္ေျပာင္းသြားႏိုင္ေသာေၾကာင့္ ဤအရာအားလုံးသည္ ခ်ိဳၿမိန္ေသာမ်က္ႏွာစာတစ္ခုမွ်သာျဖစ္သည္ဟု သူ႔ကိုခံစားရေစသည္။

ဟဲက်င့္ က သူ႔ကို ညင္သာစြာၾကည့္၍ "ငါေ႐ြးခ်ယ္ထားတဲ့လူေနာက္ကို လိုက္ရမွာေပါ့" ဟု ရယ္ရယ္ေမာေမာေျပာလာခဲ့သည္။

ခ်င္ယြီ: "..."

ခ်င္ယြီသည္ ဟဲက်င့္ ၏လက္ေမာင္းကို ဖက္တြယ္လိုက္ၿပီးလြန္စြာႏူးညံ့ျခင္းေတြၾကားမွာ ခ်ိန္းေျခာက္ဟန္ေလးကပ္ပါေနလ်က္ဆိုလာခဲ့သည္။

"မင္းေျပာတာမင္းမွတ္ထားေနာ္ မင္းငါ့ကိုေနာက္ထပ္လွည့္စားရဲလို႔ကေတာ့မင္းရဲ႕က်န္တဲ့ဘဝတစ္ေလွ်ာက္လုံးကိုပိတ္ေလွာင္ထားပစ္မယ္!"

ဟဲက်င့္ရင္ထဲထိခတ္သြားရသည္။ စိတ္မလုံမၿခဳံျဖစ္ေနေသာခ်င္ယြီ၏ပုံပန္းသ႑ာန္ကို သူ ရွင္းရွင္းလင္းလင္း ျမင္လိုက္ရပါ၏။ လြန္ခဲ့သည့္ တစ္နာရီခန႔္က အေဆာက္အဦးမွ ထြက္လာခဲ့သည့္အခ်ိန္တြင္လဲထိုကဲ့သို႔မ်က္ႏွာအမူအရာကိုေတြ႕လိုက္ရေသးသည္။ သူ႔မ်က္ႏွာေပၚရွိ အထီးက်န္မႈသည္ စြန႔္ပစ္ခံထားရေသာအိမ္ေမြးတိရစာၦန္ေလးတစ္ေကာင္လို ျဖစ္ေနခဲ့သည္။

ေသခ်ာသေလာက္ကိုဟဲက်င့္ ခ်င္ယြိကိုအေႂကြးအရမ္းတင္ေနပါၿပီပင္....

"ငါအလုပ္ကေတာ့ထြက္မွာ ဒါေပမယ့္အရမ္းေတာ့ျမန္မွာမဟုတ္ဘူး။ငါအလုပ္ထြက္စာတင္ၿပီးရင္ေတာင္တစ္လေလာက္ေတာ့ၾကာဉီးမွာ။ၿပီးေတာ့ငါအိမ္မွာက်န္တဲ့ကိစၥေတြရွင္းရဉီးမယ္။မင္းဘာလို႔မနက္ဖန္အရင္မျပန္ႏွင့္ရမွာလဲ ၿပီးရင္ငါကိစၥအားလုံးရွင္းၿပီးတာနဲ႔A ၿမိဳ႕ကိုခ်က္ခ်င္းလိုက္လာခဲ့မယ္ အဲ့လိုဆို အဆင္ေျပလား?"

ဟဲက်င့္ကခ်င္ယြီကိုၾကည့္ကာအႀကံေပးလိုက္သည္

ခ်င္ယြီကမ်က္ေမွာင္ၾကဳတ္ကာျဖင့္ သူဟဲက်င့္ကိုQ ၿမိဳ႕မွာမထားခဲ့ႏိုင္ပါ မနက္ဖန္သူနဲ႔အတူတပါးထဲေခၚသြားခ်င္တယ္ အဲ့ဒါမွဟဲက်င့္သူထပ္ၿပီးစိတ္ေျပာင္းလို႔မရေတာ့မွာ အဲ့လိုဆိုသူလဲစိုးရိမ္စရာမလိုေတာ့ဘူးေလ

ဟဲက်င့္ က သူစိုးရိမ္တာကို နားလည္သြားပုံရၿပီး သူက

"မင္းကို ေန႔တိုင္း ဖုန္းဆက္မယ္ေလ တကယ္လို႔ပိတ္ရက္ေတြမွာငါအားရင္ မင္းအလုပ္ရွိတဲ့ေနရာကိုငါလာေတြ႕မယ္ ငါက မင္းငါ့ေၾကာင့္ ဒုကၡမ်ားမွာကိုပဲစိုးရိမ္တာ ဘာလို႔ဆိုမင္းကနာမည္အရမ္းႀကီးေနၿပီဆိုေတာ့အခ်ိန္တိုင္းၾကည့္ေနတဲ့မ်က္လုံးေတြကလည္းရွိေနတာကိုး"

ခ်င္ယြီသည္ ဟဲက်င့္ကိုတင္းတင္းၾကပ္ၾကပ္ဖက္လ်က္လွည့္ကာျဖင့္ေနရာအႏွံ႔လိုက္နမ္းေတာ့သည္။ သူ႔ခ်စ္သူ သူ႔ရင္ခြင္ထဲမွာရွိေနတာထက္ ဘယ္အရာမွမေကာင္းႏိုင္ေတာ့ပါေခ်။

ဟဲက်င့္က သူ႔ေအာက္သို႔လွဲခ်ခံလိုက္ရသျဖင့္ ကူကယ္ရာမဲ့စြာျဖင့္ရယ္ေမာလိုက္သည္။ သူကခ်င္ယြီကို သူ႔တစ္ကိုယ္လုံးကို နမ္းခြင့္ေပးထားလိုက္ၿပီး သူသည္လည္းခ်င္ယြီကိုျပန္နမ္းေနလိုက္သည္

ခဏေလာက္နမ္းၿပီးတဲ့ေနာက္တြင္ေတာ့ ခ်င္ယြီက ဟဲက်င့္ကို ေလးေလးနက္နက္ ၾကည့္လိုက္ၿပီး

"မင္း ငါ့ကို တစ္ေန႔ အနည္းဆုံး သုံးႀကိမ္ ဖုန္းဆက္ရမယ္ ၿပီးေတာ့မင္းဘက္ကအရင္ဖုန္းခ်လို႔မရဘူး ငါ့မက္ေဆ့ခ်္ကို မင္းျမင္တဲ့အခါ မင္း ခ်က္ခ်င္းျပန္ေျဖရမယ္။ ၿပီးေတာ့ မင္းရဲ႕ အိမ္ေထာင္ဘက္ေတြ႕ခဲ့တဲ့သူေတြနဲ႔ေတြ႕တာကိုလည္းတားျမစ္တယ္ မင္းသိၿပီလား?"

ဟဲက်င့္: "ေကာင္းၿပီ..."

ခ်င္ယြီ က သက္ျပင္းခ်လိုက္ၿပီး စိုးရိမ္ေနေသးပုံရေလသည္။ သူကဟဲက်င့္ေပၚဖိခ်လိုက္ၿပီးလည္ပင္းနားကပ္ကာေျပာလိုက္သည္

"ငါမင္းဆီက ဘာမ်ားေတာင္းဆိုစရာက်န္ေသးလဲ?"

ဟဲက်င့္: "..."

"မင္း ေဆးလိပ္ေသာက္ေနတာလား?"

ဟဲက်င့္ သည္ ခ်င္ယြီ၏ ခႏၶာကိုယ္ေပၚရွိ စီးကရက္အနံ႔ကို ရႉရႈိက္မိျပန္သည္။

"ဟုတ္​တယ္​ ဘာလို႔လဲ?"

"ဘာမွမဟုတ္ပါဘူး။"

ေဆးလိပ္ေသာက္ျခင္းသည္ က်န္းမာေရးအတြက္ မေကာင္းပါ။ ဟဲက်င့္သည္ခ်င္ယြီကိုေဆးလိပ္ျဖတ္ေစခ်င္ခဲ့သည္။သူ႔အေဖသည္လည္း ေဆးလိပ္စြဲေနခဲ့ကာ ဟဲက်င့္ကေဆးလိပ္ျဖတ္ရန္ စည္း႐ုံးရာတြင္ မေအာင္ျမင္ခဲ့ေပ။ သူကခ်င္ယြီကိုလည္းေဆးလိပ္မေသာက္ေစခ်င္ပါ။ ဒါေပမယ့္လည္း စကားလုံးေတြက လွ်ာဖ်ားမွာသာရွိေနခဲ့ကာ ေျပာမထြက္ခဲ့ေခ်။ခ်င္ယြီေဆးလိပ္ေသာက္ရတဲ့အေၾကာင္းျပခ်က္က သူခ်င္ယြီကိုအရမ္းလြမ္းလို႔ ဘားမွာတစ္ေယာက္ထဲသြားေသာက္ခဲ့သလိုမ်ိဳး ခ်င္ယြီကသူ႔ကိုအရမ္းလြမ္းလို႔စိတ္သက္ရာရေအာင္ေသာက္ခဲ့တာဆိုတာမ်ိဳးကိုမသိခ်င္ခဲ့ပါ။

ခ်င္ယြီကသူ႔ကိုေလသံေလးနဲ႔ေျပာလာခဲ့သည္။

"မင္းငါ့ဆီျပန္လာၿပီဆိုေတာ့ ငါ ေဆးလိပ္မေသာက္ေတာ့ပါဘူး"

သူတို႔ႏွစ္ေယာက္လုံးက တစ္ေယာက္အတြက္တစ္ေယာက္စဥ္းစားေပးၿပီး တစ္ေယာက္ကိုတစ္ေယာက္ပိုေကာင္းတဲ့သူျဖစ္ေစခ်င္ၾကသည္။ဒါေပမယ့္အဲ့လူမရွိခဲ့ရင္ေတာ့ ဘယ္လိုလူျဖစ္ျဖစ္အေရးမႀကီးေတာ့ပါေပ။

ဟဲက်င့္က ခ်က္ခ်င္းသေဘာေပါက္သြားၿပီးရင္ထဲထိသြားရကာ ခ်င္ယြီရဲ႕နား႐ြက္ကို ခ်က္ခ်င္း နမ္းလိုက္ေတာ့ေလရဲ႕

ခ်င္ယြီကႏွာမႈတ္လိုက္ဟာဟဲက်င့္ခါးကိုကိုင္လ်က္တစ္ခ်က္ေဆာင့္လိုက္ၿပီး သူ႔အသံနိမ့္နိမ့္ျဖင့္

"မနက္ျဖန္ အလုပ္ဆက္လုပ္ခ်င္ေသးရင္ ငါ့ကိုလာမျမဴဆြယ္နဲ႔ေတာ့.."

ဟဲက်င့္ က ရွက္သြားၿပီး ခ်င္ယြီကို ခပ္ေဝးေဝးသို႔ တြန္းထုတ္လိုက္ေတာ့သည္။ သူတကယ္ႀကီးေနာက္တစ္ႀကိမ္လက္မခံႏိုင္ေတာ့ပါေခ် အဲ့ဒါကေတာ္ေတာ္ႀကီးကိုနာေနတုန္းပဲေနာ္

ႏွစ္ေယာက္သား မ်က္ႏွာခ်င္းဆိုင္ လဲေလ်ာင္းေနခဲ့ၿပီး ဟဲက်င့္သည္ သူ႔လက္ကိုေျမႇာက္၍ခ်င္ယြီမ်က္ႏွာကိုမထိပဲမေနႏိုင္ခဲ့ေခ်။ သူသည္ထိုသူရဲ႕အသြင္အျပင္မ်ားကို သူ႔လက္ႏွင့္ထိေတြ႕ခဲ့သည္။ ဤလူအတြက္ သူ႔ခံစားခ်က္မ်ားကို သူ႔ႏွလုံးသားထဲတြင္ အၿမဲတမ္း မ်ိဳသိပ္ထားခဲ့ရတာေၾကာင္ ယေန႔အခ်ိန္တြင္ေတာ့ ထိုခံစားခ်က္မ်ားသည္ မ်က္ႏွာျပင္ေပၚတြင္လြင့္ေမ်ာေနပုံရၿပီး ၎တို႔ကို ထိန္းခ်ဳပ္ရန္ မျဖစ္ႏိုင္ေတာ့ပါ။

ခ်င္ယြီရဲ႕ပုံစံ၊သူ႔အသံႏွင့္ သူ႔အမူအရာအားလုံးသည္ ဟဲက်င့္ကိုနစ္ျမဳပ္ေစႏိုင္သည့္ အနက္ရႈိင္းဆုံးေသာ သမုဒၵရာကဲ့သို႔ပင္ နက္ရႈိင္းလွသည့္ခ်စ္ျခင္းေမတၱာကိုျပသေနခဲ့သည္။

ဤသုံးႏွစ္အတြင္းတြင္ ခ်င္ယြီရဲ႕မ်က္ႏွာေပၚမွာဘာေျခရာလက္ရာမွမပ်က္ခဲ့ပဲ သူကအရင္ကထက္ပိုပိုၿပီးေခ်ာေမာလာခဲ့သည္

ခ်င္ယြီသည္ ရံဖန္ရံခါ မၾကာခဏ မိတ္ကပ္လိမ္းရေလ့ရွိၿပီး အမ်ိဳးသမီးမ်ားအတြက္ အသားအေရထိန္းပစၥည္းမ်ားကို အသုံးျပဳခဲ့ရသည့္အတြက္ေၾကာင့္ သူ၏အသားအေရသည္ ပိုမိုေခ်ာေမြ႕ေတာက္ပလာခဲ့သည္။ သူက ပိုၿပီးအျပစ္ကင္းစင္တဲ့ပုံေပါက္လာခဲ့ေသာ္လည္းဟဲက်င့္ကေတာ့ မိန္းကေလးဆန္တယ္လို႔မထင္ပါေပ။တျခားတစ္ဖက္မွာေတာ့ သူကပိုၿပီးေတာင့္တင္းလာကာလြန္ခဲ့တဲ့ သုံးႏွစ္ကထက္ပိုၿပီးရင့္က်က္သည့္ပုံစံကိုေဖာ္ျပထားခဲ့သည္။

အရင္ကေတာ့ ခ်င္ယြီ ဟဲက်င့္ေရွ႕တြင္ရွိခ်ိန္တိုင္း သူကတျခားသူေတြကိုဆြဲေဆာင္ေနခဲ့တဲ့ေကာင္ေလးတစ္ေယာက္လိုျဖစ္ခဲ့ၿပီး သူ႔စိတ္ခံစားခ်က္ေတြကလည္းအၿမဲတမ္းသိသာေနခဲ့သည္။ဒါေပမယ့္အခုခ်ိန္မွာေတာ့သူကဘယ္လိုသိုသိုသိပ္သိပ္ေနရမယ္ဆိုတာကိုသိခဲ့ၿပီပင္

သူ႔အသြင္အျပင္တင္မကဘဲ သူ႔အမူအရာလည္း အမ်ားႀကီး ေျပာင္းလဲသြားခဲ့သည္။ ဘယ္ရႈေထာင့္ကၾကည့္ၾကည့္ခ်င္ယြီကပိုၿပီးစဥ္းစားေတြးေခၚတတ္လာတာကိုဟဲက်င့္ျမင္ေနရပါ၏

ဟဲက်င့္၏ လက္ေခ်ာင္းမ်ားသည္ ခ်င္ယြီ၏ႏႈတ္ခမ္းမ်ားေပၚတြင္ ပြတ္တိုက္သြားခဲ့သည္။ ခ်င္ယြီကထိုအခိုက္အတန႔္ကိုအခြင့္ေရးယူကာ သူ႔လက္ေခ်ာင္းထိပ္ေတြကို သူ႔ႏႈတ္ခမ္းေတြနဲ႔ ပြတ္သပ္လိုက္သည္။ ဟဲက်င့္ တုန္ယင္သြားရကာ သူ႔လက္ေခ်ာင္းကို ခ်င္ယြီ က ဆုပ္ကိုင္လိုက္ၿပီးေနာက္တြင္ေတာ့ သူ႔ပါးစပ္ဆီသို႔ ပို႔လိုက္ေတာ့သည္...

ဒီလိုေျပာင္းလဲမႈက ခ်င္ယြီ အတြက္ ေကာင္းလားဆိုတာေတာ့ဟဲက်င့္မသိပါ ။သူသိတာကေတာ့ သူ႔ခ်စ္သူက အေကာင္းဆုံးဆိုတာပါပဲ။ခ်င္ယြီကဘယ္လိုပဲ ေျပာင္းလဲသြားပါေစ သူက သူခ်စ္ရတဲ့ ခ်င္ယြီျဖစ္ေနတုန္းပဲေလ

သို႔ေသာ္ခ်င္ယြီ မည္မွ်ေက်ာ္ၾကားလာသည္ကို ေတြးၾကည့္မိေသာအခါဟဲက်င့္သည္ကူရာမဲ့စြာျဖင့္ေၾကာက္႐ြံ႕စိတ္ကိုျပန္ခံစားခဲ့ရေတာ့သည္။ ဤသုံးႏွစ္အတြင္း သူသည္ခ်င္ယြီႏွင့္ လုံးဝမတူေသာ အေတြ႕အႀကဳံမ်ား ရွိခဲ့သည္။ ေရွာင္လီ ကုမၸဏီသို႔မေရာက္ခင္တြင္ သူသည္ လူလတ္ပိုင္းအ႐ြယ္ရွိလူမ်ားႏွင့္ ဆက္ဆံခဲ့ရၿပီး လူတစ္ဦး၏ စိတ္ေနစိတ္ထားႏွင့္ စကားေျပာဆိုပုံသည္ သူ႔ပတ္ဝန္းက်င္ရွိလူမ်ား၏ လႊမ္းမိုးမႈကိုခံရမည္ကို သူသိခဲ့သည္။ အေခ်ာဆုံး ဖက္ရွင္အက်ဆုံး ခ်င္ယြီနဲ႔ ရင္ဆိုင္ရတဲ့အခါ ဟဲက်င့္ဟာ သူ႔ရဲ႕ အနက္ေရာင္ မ်က္မွန္နဲ႔ အညိဳေရာင္ ရႉးဖိနပ္ေတြကို ၾကည့္ၿပီး ရွက္ခဲ့ရေသးတယ္ေလ!

ခ်င္ယြီကသူ႔ လက္ေခ်ာင္းမ်ားကို နမ္းလိုက္ၿပီး ေမးလာခဲ့သည္

"ဘာေတြေတြးေနတာလဲ?"

ဟဲက်င့္ က သူ႔လက္ေခ်ာင္းေတြကိုျပန္႐ုတ္လိုက္ၿပီးသူ႔မ်က္ႏွာကို ခ်င္ယြီရဲ႕ရင္ဘတ္ထဲမွာျမႇဳပ္ထားလိုက္သည္။ သူ႔ခ်စ္သူေရွ႕မွာ သူ႔အသြင္အျပင္ကို အရမ္းဂ႐ုစိုက္ရလိမ့္မယ္လို႔ ဘယ္ တုန္းကမွ မေမွ်ာ္လင့္ထားခဲ့ပါေခ်။ ရွင္းရွင္းေျပာရရင္ သူအရင္က ဒီလိုႀကီးေမွးမွိန္ေနတာေတာ့မဟုတ္ခဲ့ပါဘူးေနာ္

"ဘာလို႔ရွက္ေနတာလဲ?"

ဟဲက်င့္ကဒီလိုတုံ႔ျပန္တာကိုေတြ႕ရတာခ်င္ယြီအတြက္လည္းပထမဆုံးအႀကိမ္ျဖစ္ၿပီးေတာ့ အဲ့ဒါကေတာ္ေတာ္ေလးစိတ္ဝင္စားဖို႔ေကာင္းတာကိုေတြ႕လိုက္ရေလတယ္။သူကႏွာမႈတ္လ်က္ သူ႔ေခါင္းကိုကိုင္ရင္းကုတ္ေပးရင္း သူ႔ကိုစေနာက္လာသည္။

"မင္း ငါ့အေၾကာင္းေတြးေနတာလား?"

"အင္း ဟုတ္တယ္" ဟဲက်င့္ကေပါ့ေပါ့ပါးပါးပဲျပန္ေျဖလာခဲ့သည္။

ခ်င္ယြီသည္ ဟဲက်င့္ျပန္ေျဖမယ္လို႔မေမွ်ာ္လင့္ထားခဲ့ပဲျပန္ေျဖလာခ်ိန္မွာေတာ့အူျမဴးသြားေတာ့သည္။ သူသည္ ဟဲက်င့္ကိုပိုနီးေအာင္ဆြဲယူလိုက္ၿပီးတင္းတင္းၾကပ္ၾကပ္ဖက္ထားလိုက္သည္။သူကဟဲက်င့္ကို သူ႔ရင္ခုန္သံကိုနားေထာင္ခြင့္ေပးလိုက္၏၊သူရဲ႕သံလိုက္လိုအသံႏွင့္ သူ႔ရဲ႕ႏွလုံးခုန္သံေပါင္းသြားေသာအခါ ဟဲက်င့္ကိုၾကက္သီးမ်ားပင္ထလာေစေတာ့သည္။

"ငါ ရွိတယ္"

ေနာက္တစ္ေန႔ နံနက္ေစာေစာတြင္ေတာ့ ခ်င္ယြီသည္ အေစာဆုံး ေလယာဥ္ျဖင့္ ထြက္ခြာသြားခဲ့သည္။ ဟဲက်င့္သည္ေတာ့ ဟိုတယ္မွ သူ႔႐ုံးခန္းသို႔ တိုက္႐ိုက္သြားခဲ့သည္။သူကရာထူးကဘယ္လိုႏႈတ္ထြက္ရမလဲဆိုတာေတြးေနခဲ့ပါ၏။ သူ႐ုံးသို႔ေရာက္ေရာက္ခ်င္းပဲ ဝန္ႀကီးဝမ္က သူ႔ကိုေခၚလာခဲ့ေလသည္။

"ေရွာင္ဟဲ ငါ့႐ုံးခန္းကိုလာခဲ့ဉီး"

ဟဲက်င့္ကထူးဆန္းေနတာကိုသိလိုက္သည္။ ေတာ္႐ုံအေရးႀကီးသည့္အရာမဟုတ္ပါက ဝန္ႀကီး ဝမ္ သည္ သူ႔ကို ပုဂၢိဳလ္ေရးအရ ဘယ္ေတာ့မွ ရွာမည္မဟုတ္ပါ။ သူ အျမန္ေျပးၿပီး သူ႔႐ုံးခန္းထဲဝင္သြားေတာ့ အသက္ ၅၀ အ႐ြယ္ အမ်ိဳးသားက တံခါးပိတ္ဖို႔ အခ်က္ျပခဲ့သည္။ သူကစေျပာလာခဲ့သည္

"ေရွာင္ဟဲ မင္းတျခားဌာနက လုပ္ေဖာ္ကိုင္ဖက္ေတြဆီက အနီေရာင္စာအိတ္ေတြလက္ခံေနတယ္လို႔ အမည္မသိတိုင္ၾကားစာေတြငါရထားတယ္"

ဟဲက်င့္ အံ့အားသင့္သြားၿပီး သူ႔မ်က္ႏွာအမူအရာ ခ်က္ခ်င္းေျပာင္းသြားေတာ့သည္။ သူက အသံကို ႏွိမ့္လိုက္ၿပီး

"ဒါေတြအကုန္လုံးက ႀကံစည္ထားတာေတြပါ"

ဝန္ႀကီးဝမ္က သူ႔ကိုၾကည့္ကာျဖင့္ေရတခြက္ထည့္ေပးလိုက္ၿပီး

"လာ၊ ထိုင္ပါဦး"

ဟဲက်င့္ စိတ္ရႈပ္သြားကာျဖင့္ မေန႔တုန္းက ျဖစ္ပ်က္ခဲ့တာေတြကို ျပန္သတိရဖို႔ ႀကိဳးစားေနသည္။ ဒါ႐ိုက္တာရႈ ပဲျဖစ္ရမယ္ သူက ဒီလူနဲ႔ အရာအားလုံးအေၾကာင္း ဝန္ႀကီး ဝမ္ကို ေျပာျပေတာ့မယ့္အခ်ိန္မွာပဲ ဝန္ႀကီးဝမ္ဆက္ေျပာလာခဲ့သည္က

"မင္းကိုတိုင္ထားတာက တစ္ေယာက္မကဘူး"

ဟဲက်င့္အခုေတာ့လုံးဝကိုအံ့အားသင့္သြားေတာ့တာပဲ သူဘာမွမလုပ္ထားပဲနဲ႔ေလ!

ဝန္ႀကီး ဝမ္: "မင္းငါ့ကို ရွင္းျပေနစရာမလိုပါဘူး။ မင္း ဘာမွ မလုပ္ခဲ့ဘူးလို႔ ငါယုံတယ္။ေလာင္ရႈက အၿငိမ္းစားယူခါနီးတုန္းက မင္းက ေလးနက္ၿပီး အလုပ္ႀကိဳးစားတဲ့သူလို႔ ေျပာခဲ့တယ္။ ေအးေဆးတည္ၿငိမ္ၿပီးေတာ့ ဒီရာထူးကို ေကာင္းေကာင္းကိုင္တြယ္ႏိုင္လိမ့္မယ္တဲ့ေလ။ ဒါေပမယ့္ မင္းက အရမ္းငယ္ေသးတာမလို႔ ဒဲ့တိုးဆန္ၿပီးလူေတာ္ေတာ္မ်ားမ်ားနဲ႔အတိုက္အခံျဖစ္သြားတယ္လို႔ငါထင္တယ္"

ဟဲက်င့္: "..."

ဝန္ႀကီး ဝမ္က စာ႐ြက္စာတမ္းတစ္ခုေပးကာျဖင့္

"ဒါကိုၾကည့္ၾကည့္"

ဟဲက်င့္ က စာ႐ြက္ကို မ်က္လုံးက်ယ္က်ယ္ျဖင့္ တစ္ခ်က္ၾကည့္လိုက္သည္ - ဒါက ေျပာင္းေ႐ြ႕ဖို႔မူၾကမ္းပင္

၀န္ႀကီး ဝမ္: "HR ဌာနမွာလူငယ္ဆိုလို႔မင္းနဲ႔ေရွာင္လီပဲရွိတာ လူငယ္ ႏွစ္ေယာက္က ႀကီးၾကပ္ဖို႔ ဆိုတာကို လူေတြက မယုံၾကဘူး။ မင္းကို ႏိုင္ငံေရး ဝါဒျဖန႔္ေရးဌာနကိုေျပာင္းၿပီးေတာ့ ေလာင္က်ိဳးေအာက္မွာ ႏွႏွစ္ေလာက္အလုပ္လုပ္ဖို႔ ငါစီစဥ္ထားတယ္။အဲ့ဌာနမ်ားလူလည္းေတာ္ေတာ္မ်ားၿပီးေတာ့ ဒီႏွစ္ေတြမွာလူငယ္ေတြအမ်ားႀကီးလဲခန႔္ထားတယ္။ၿပီးေတာ့ အလုပ္ခရီးေတြသြားဖို႔လည္း အခြင့္အေရးရွိတယ္..."

ဝန္ႀကီးဝမ္ သည္ အလြန္ေကာင္းမြန္စြာ ေျပာဆိုခဲ့ေသာ္လည္း ဟဲက်င့္သည္ ႏိုင္ငံေရးဝါဒျဖန႔္ခ်ိေရးဌာနတြင္ လူအင္အား ျပတ္ေတာက္မႈမရွိေၾကာင္း တစ္ခ်က္ၾကည့္႐ုံနဲ႔သိလိုက္သည္။ အေရးမႀကီးေသာ ဝန္ထမ္းတစ္ဦးအျဖစ္သာ လုပ္ကိုင္ရန္ တာဝန္ေပးခံခဲ့ရျခင္းပင္။ ဒါက လႊဲေျပာင္းျခင္းမဟုတ္ပဲ ရာထူးအဆင့္ခ်တာကိုလူၾကားေကာင္းေအာင္ေျပာတာပါပဲ

ဟဲက်င့္ သည္ အစပိုင္းတုန္းကေတာ့ သူ၏ႏုတ္ထြက္စာကို မည္သို႔အေၾကာင္းျပရင္ေကာင္းမလဲလို႔ ႐ုန္းကန္ေနခဲ့ရသည္။ အခုေတာ့ ဆင္ေျခရွာေနစရာ မလိုေတာ့ဘူး။ သူက စာ႐ြက္စာတမ္းကို ျပန္ေပးလိုက္ၿပီး ေလးေလးစားေျပာလိုက္သည္

"ဝန္ႀကီး ဝမ္ ခင္မ်ားရဲ႕သတိေပးခ်က္အတြက္ ေက်းဇူးတင္ပါတယ္။ ႐ိုး႐ိုးသားသားေျပာရရင္ ကြၽန္ေတာ္ အခုေတာင္အလုပ္ထြက္ဖို႔စဥ္းစားေနတာ ခင္မ်ားေျပာခဲ့တဲ့အတိုင္းပဲကြၽန္ေတာ္က ရာထူးအတြက္ အရမ္းငယ္ေသးတယ္။ HR ဌာနကႀကီးၿပီးေတာ့ တေယာက္ထည္းကိုင္တြယ္ရေလာက္ေအာင္ အရည္အခ်င္းမရွိဘူးလို႔ ခံစားရတယ္။ စိတ္ပင္ပန္းရဆုံးအရာကေတာ့ အလုပ္နဲ႔ မပတ္သက္တဲ့ကိုယ္ေရးကိုယ္တာကိစၥေတြကို ကိုင္တြယ္ရတာပါပဲ"

တစ္ႏွစ္ၾကာၿပီးေနာက္ သူသည္ ေနရာတိုင္းတြင္ ဂ႐ုတစိုက္လုပ္ေဆာင္ခဲ့ၿပီး လာဘ္ေပးလာဘ္ယူမႈအား ျငင္းဆိုသည့္အခ်ိန္မွာေတာ့အၿပဳံးတုမ်ားပင္တပ္ဆင္ခဲ့ရေသးသည္။ အဆုံးတြင္ေတာ့ သူသည္ သူ၏႐ိုးသားမႈေၾကာင့္ လူမ်ားကို အတိုက္အခံလုပ္တယ္ဆိုၿပီးေတာ့ တိုင္ၾကားခံခဲ့ရတယ္တဲ့ေလ။ဟဲက်င့္ ဤအေပၚယံဆန္ၿပီးအသုံးမဝင္ေသာ စီးပြားေရးဆက္ဆံေရးအတြက္ တကယ္ကို စိတ္ကုန္ေနၿပီပင္။

" ဒီအလုပ္ထက္စာရင္ ကြၽန္ေတာ့္ရဲ႕ကံကို အျပင္မွာပဲစမ္းၾကည့္ခ်င္ပါတယ္။ ေနာက္မွ ခင္မ်ားကို တရားဝင္ ႏုတ္ထြက္စာတစ္ေစာင္ ပို႔ေပးလိုက္ပါ့မယ္။ ဒီသုံးႏွစ္အတြင္း ခင္မ်ားရဲ႕ သင္ၾကားေပး မႈ အတြက္လည္း ေက်းဇူးတင္ပါတယ္ၿပီးေတာ့ ကြၽန္ေတာ့္ ကြၽန္ေတာ့္ရဲ႕ အေၾကာင္းျပခ်က္ကို ခင္မ်ားနားလည္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္"

ဟဲက်င့္က ဒါေတြကိုရွင္းျပေနတဲ့အခ်ိန္မွာ မပင္ပန္းေနခဲ့သလို ႏွလုံးခုန္လည္းမျမန္ေနခဲ့ပါေခ်။သူအဲ့ဒါကိုျပင္ဆင္စရာေတာင္မလိုခဲ့ပါဘာလို႔ဆိုသူတစ္ခ်ိန္လုံးေတြးေနခဲ့တဲ့ကိစၥမလို႔ေလ။သူကဒီေနရာနဲ႔မသက္ဆိုင္သလို ဒီအလုပ္ကလည္း သူလုပ္ခ်င္ခဲ့တဲ့အလုပ္လည္းဟုတ္မေနခဲ့ပါ။

ဒါေတြအားလုံးကို သူ႔အထက္လူႀကီးကို ရွင္းျပေနခ်ိန္မွာ သူ ဒီေလာက္သက္ေတာင့္သက္သာရွိေနခဲ့လိမ့္မယ္လို႔ဟဲက်င့္ဘယ္တုန္းကမွမေမွ်ာ္လင့္ထားခဲ့ပါေခ်။ ေနာင္တမရွိ၊ နာၾကည္းစရာမရွိသလို ဝန္ႀကီးဝမ္၏ မ်က္ႏွာအမူအရာ သိသိသာသာ ေျပာင္းလဲသြားသည္ကို ျမင္လိုက္ရေသာအခါတြင္ေတာင္ နားမလည္ႏိုင္သည့္ လက္စားေခ်လိုက္ရသလို ၾကည္ႏူးမႈတစ္ခုကိုပင္ ခံစားခဲ့ရသည္။

ဤသုံးႏွစ္တာကာလအတြင္း သူသည္ သူ႔မိသားစုႏွင့္ ဤလူ႔အဖြဲ႕အစည္းရွိ စည္းကမ္းအားလုံးအတြက္ လုံေလာက္စြာ ႀကံ့ႀကံ့ခံခဲ့ၿပီးျဖစ္သည္။ေနာက္ဆုံးေတာ့ ဒီအခိုက္အတန႔္မွာပဲ သူ႔ကိုယ္သူလြတ္ေျမာက္ခြင့္ေပးလိုက္ၿပီပင္။

The ending is near guys ^_^

Continue Reading

You'll Also Like

1M 143K 72
▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s)...
627K 59.3K 122
AOB type ဖတ်သူတွေအတွက် ခြင်္သေ့ဖြူကြီး Bái Chǔ Nián(ပိုင်ချူနျန်)နဲ့ ရေသူထီးလေး Lán Bō(လန်ပေါ)ရဲ့ Omegaverse ပုံစံဇာတ်လမ်းလေး🦁💙 Author(s) : 麟潜(Li...
26M 779K 76
"You are mine!" He roars. "I will do whatever it takes to make you know that. Whether it means I lock you up in a prison and throw away the key." Foo...
55.3M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...