Unicode
"မင်းဘယ်လိုကောင်လဲ?"
ဟဲကျင့် က ထူးဆန်းသဖြင့် အနည်းငယ် စိုးရိမ်သွားသည်။ လတ်တလောသူ ဘယ်သူ့ကိုမှ မဆန့်ကျင်မိခဲ့ဘူးမလား?အဲ့ဒါကဒါရိုက်တာရှုများဖြစ်နိုင်လား?
အဲဒါကို စဉ်းစားနေတုန်းမှာပဲဒါရိုက်တာ ရှုရောက် လာခဲ့လေသည်
"ရှောင်ဟဲ တစ်ယောက်တည်း စားနေတာလား?"
ဗိုက်ရွှဲရွှဲနဲ့ အသက်လေးဆယ်နီးပါးအရွယ် အမျိုးသားတစ်ယောက်က ဟဲကျင့်ရှေ့မှာ ထိုင်လိုက်ပြီးသံသယနဲ့မေးလာခဲ့သည်။
"မင်း ငါ့လျှောက်လွှာကို ဘာလို့ ပယ်ချလိုက်တာလဲ?"
သူ့မျက်နှာပေါ်မှာ အပြုံးဆင်မြန်းထားတဲ့ ထိုလူကို ကြည့်လိုက်ရာ ဟဲကျင့်သည် ခုနကရန်လိုတဲ့မက်ဆေ့ချ်ပို့လာတဲ့သူနဲ့ဆက်စပ်ကြည့်လို့မရနေပေ။
ဟဲကျင့်ကယဉ်ယဉ်ကျေးကျေးပဲပြန်ဖြေလိုက်သည်
"ဒါရိုက်တာ ရှု အဲဒါကို ကျွန်တော် ငြင်းပယ်တာ မဟုတ်ဘူး ညွှန်ကြားချက်တွေအတိုင်းပဲ လုပ်တာပါ"
ဒါရိုက်တာ ရှု : "အဲဒါကို ငါဖတ်ပြီးပြီး မင်းကလိုအပ်ချက်နဲ့မပြည့်စုံဘူးပြောထားတာ။ဘာလို့လဲပြောကြည့်လေ ငါပြင်ပြီးပြန်တင်လိုက်မယ်"
ဟဲကျင့် က မျက်မှောင်ကြုတ်ကာဖြင့်
"ခင်များပြောခဲ့တဲ့ ကွန်ပျူတာနဲ့ ပတ်သက်ပြီး ကျွန်တော်ကုမ္ပဏီကိုခွင့်တောင်းပြီးရှောင်လီကိုသွားကြည့်ခိုင်းတော့ သူတို့ပြောတာက အဲ့ဒါကကောင်းကောင်းအလုပ်လုပ်သေးတယ်တဲ့လေ"
ဒါရိုက်တာ ရှု က အနည်းငယ်ရှက်သွားကာ ပတ်ဝန်းကျင်ကို ခိုးကြောင်ခိုးဝှက်ကြည့်ရင်း
"ရှောင်ဟဲမင်းဒီလောက်ကြီးတဲ့အနီရောင်စာအိတ်ကိုလက်ခံထားပြီးတော့ ဒီလိုလုပ်နေတာတော့မသင့်တော်ဘူးထင်တယ်နော် ပြီးတော့ငါအများကြီးတောင်းဆိုနေတာလဲမဟုတ်ပါဘူး ဒီတိုင်းဘာလို့မကျော်သွားပေးရမှာလဲ?ငါတို့ကဌာနအတူတူပဲကို မင်းလိုရင်လည်းငါပြန်ကူမယ်လေ"
ဟဲကျင့်ကအံ့အားသင့်သွားပြီး "ဘာအနီရောင်စာအိတ်လဲ?"
ဒါရိုက်တာ ရှု ရဲ့ မျက်ဆံတွေက ပိုကြီးလာကာ
"မင်းရဲ့ဖိုင်ထဲမှာ ငါမထည့်ထားပေးလိုက်ဘူးလား?"
ဟဲကျင့် လန့်သွားပြီး "ရှောင်လီက ခင်များရဲ့ဖိုင်ကိုပေးတုန်းက ကျွန်တော်ဖိုင်ပဲတွေ့တာ ကျန်တာဘာမှမရှိဘူး ရှိခဲ့ရင်တောင်ကျွန်တော်လက်ခံမှာမဟုတ်ဘူး"
ဒါရိုက်တာ ရှု ၏ မျက်နှာသည် ဖြူဖျော့လာပြီးနှုတ်ခမ်းများ အနည်းငယ် တုန်လှုပ်သွားကာ
"ရှောင်ဟဲ မင်းအရမ်းတွေ ရိုးသားဖြူစင်လွန်းလို့မကောင်းဘူးဆိုတာမကြားဖူးဘူးလား?အဲ့လိုမှ
မဟုတ် မင်းမှာမိတ်ဆွေတွေသူငယ်ချင်းတွေရှိမှာမဟုတ်ဘူးဆိုတာလေ မင်းနဲ့မင်းရဲ့စရိုက်ကို ပြန်ဆန်းစစ်ဖို့ငါတော့အကြံပြုချင်တာပဲ"
ဒီစကားပြောပြီးနောက်မှာတော့ သူကဒေါသတကြီးဖြင့်ထွက်သွားတော့သည်
ဟဲကျင့် သူပြောတာကို နားမလည်ပါချေ။ တကယ်လို့ ရန်လိုတဲ့ မက်ဆေ့ချ်ကို အခုလေးတင်လက်ခံရခဲ့တာဆိုရင် သူဒါရိုက်တာရှုဒေါသထွက်တာကိုနားလည်နိုင်ပါသေးတယ် ။ဒါပေမယ့်အခုက မက်ဆေ့ချ်ကရှင်းရှင်းလင်းလင်းကြီးကို ဒီမတိုင်ခင်ပို့ထားခဲ့တာပင်။အဲ့တော့ အဲ့ဒါကဘာအကြောင်းလဲ?
ရုံးပြန်ရောက်ပြီးနောက်ဟဲကျင့်သည်သေချာအောင်လို့ရှောင်လီကိုမေးကြည့်လိုက်သေးသည်။ရှောင်လီကလက်ကိုဝှေ့ယမ်းကာဖြင့်
"မင်းဘာတွေပြောနေတာလဲ?ကျွန်တော်တော့ဘာမှမတွေ့ဘူး!"
ဟဲကျင့် တွင် စစ်ဆေးရန် စာရွက်စာတမ်းများနှင့် အစီရင်ခံစာများ အများအပြားရှိသည်။ ဒီထက်ပိုပြီး တူးဆွဖို့လည်း အစီအစဉ်မရှိချေ။ပြောရမယ်ဆို သူကမှန်ကန်တဲ့လုပ်ရပ်ကိုလုပ်ခဲ့တာပဲလေ ပြဿနာလာရှာမှာကို စိုးရိပ်စရာမရှိပါပေ။
သူ့လို ကုမ္ပဏီသေးသေးလေးတွေမှာဆို ရည်ရွယ်ချက်ဆိုးတဲ့ လူငယ်တိုင်းက အလွယ်တကူ လာဘ်ပေးလာဘ်ယူလုပ်လေ့ရှိလေသည်။ ဒါပေမယ့် ဟဲကျင့်ကတော့ မလုပ်ပါချေ။ အကယ်၍ သူသည် ပြဿနာကို စတင်ခဲ့မည်ဆိုလျှင်တစ်ဖက်လူက သူ့ကို ထိန်းချုပ်ရန် တစ်စုံတစ်ခုရှိနေမည်ဖြစ်သောကြောင့်ထိုအရာကိုရပ်တန့်ရန်ခက်သွားပါလိမ့်မည်။ ထို့အပြင် တစ်စုံတစ်ရာ မှားယွင်းသွားပါက ဟဲကျင့်သည်လည်းသူ့တာဝန်ကို သူယူရပေလိမ့်မည်။ ဒါရိုက်တာ ရှု ၏နည်းလမ်းသည် ကောင်းသည့်နည်းလမ်းမဟုတ်ပေ။သူသည် အကျိုးမြတ်ကိုရယူလိုပါက ပိုမိုကောင်းမွန်သောနည်းလမ်းကိုတွေးလို့ရပါ၏။သူ့လှည့်ကွက်က တစ်စုံတစ်ဉီးမှသိရှိသွားရန်အချိန်ကြာကြီးယူရန်မလိုအပ်ပါချေ။
အလုပ်ပြီးသောအခါ ဟဲကျင့်သည်သွမ့်ရှုရုန် ရွေးချယ်ထားသော စားသောက်ဆိုင်သို့ သွားခဲ့သည်။ ထိုဆိုင် သည် မဝေးသည့်အတွက်ကြောင့် ခြေလျင်ဖြင့် 15 မိနစ်အတွင်း ရောက်နိုင်သည် ၎င်းသည် စီချွမ် စားသောက်ဆိုင်တစ်ခုဖြစ်သည်။
သွမ့်ရှုရုန်ကရောက်နှင့်နေပြီပင်။သူလက်ဆောင်ဘူးနှစ်ခုနဲ့ဝင်လာတာကိုတွေ့တဲ့အခါမှာတော့သူမက ထူးဆန်းသွားကာမေးလာတော့သည်။
"ဘာတွေလဲ? ရှင့်ကုမ္ပဏီကဟာတွေလား?"
ဟဲကျင့်က ခေါင်းခါပြပြီး ရှက်ကိုးရှက်ကန်းနဲ့ ပြန်ပြောတယ်
"ငါ့အမေကအဲ့ဒါကိုယူသွားခိုင်းတာ သူမကအလယ်တန်းတုန်းကဖြစ်ခဲ့တာတွေကိုတောင်းပန်ချင်လို့တဲ့"
ဟဲကျင့်ကခုနတုန်းကမှရှာထားတဲ့ အကြောင်းပြချက်ကိုပေးလိုက်သည်ပြီးတော့အဲ့တာက တော်တော်လေးကိုကျိုးကြောင်းဆီလျော်မူလည်းရှိပါရဲ့။သူ ငါမင်းနေရာကိုဖိတ်ရင် ဒီလက် ဆောင်ကိုပေးဖို့ဆိုပြီး ပြောစရာအကြောင်းလဲမရှိနေဘူးလေ
သွမ့်ရှုရုန်သည် ရှက်သွေးဖြာသွားပြီး သူပျော်ရမလားရှက်ရမလားဆိုတာတောင်မသိတော့ချေ။
"နင်သူမကိုပြောလိုက်တာလား?"
"အင်း"
ဟဲကျင့်ထိုင်လိုက်ပြီးနောက်တွင်တော့ သူသွမ့်ရှုရုန်ကိုကြည့်လိုက်လေသည်။သူမသည်ဆံပင်ပုံစံအသစ်လုပ်ထားခဲ့သည်။သူမက ကိုရီးယားစတိုင် ဘီးကုတ်ကိုဝတ်ထားပြီး နူးညံ့ပုံရသည့်ပုလဲနားကပ်တစ်စုံကိုပန်ဆင်ထားလေသည်။သူမသည် ချိုချဉ်ရောင်လက်သည်းနီလည်းဆိုးထားခဲ့သည်။အရင်တစ်ခေါက်က ပုံစံနှင့်ယှဉ်လျှင်အခုသူမသည် ပိုပြီးချိုမြိန်ပုံရကာ ပိုပြီးလည်းလှပလေသည်။
ကံမကောင်းစွာပဲဟဲကျင့်က ဒါကိုစိတ်မ၀င်စားခဲ့ဘဲ သွမ့်ရှုရုန် ရဲ့အလှကို သူဘာမှမခံစားခဲ့ရပါချေ။
"မင်းစောင့်နေတာကြာပြီလား?အရင်မှာကြရအောင်"
ယခု သူမကို ငြင်းဆိုခြင်းသည် ကောင်းသောအကြံမဟုတ်ပေ အဲ့လိုမှမဟုတ်ရင် သူသည် အလွန်မယဉ်ကျေးရာရောက်လေသည်။
"ငါလည်း အခုမှရောက်တာ။"
သွမ့်ရှုရုန် က မီနူးကို လှန်ကြည့်ရင်းပြောလာခဲ့သည်
"နင်စီချွမ်အစားအစားကြိုက်လားဆိုတာတောင်မမေးလိုက်ရဘူး ငါ့လုပ်ဖော်ကိုင်ဖက်ပြောတာတော့ ဒီမှာငါးရှဉ့်ဟင်းကောင်းတယ်တဲ့"
"အင်း ဒါဆို ငါးရှဉ့်ဟင်းပဲမှာလိုက်ရအောင်"
ဟဲကျင့် အနည်းငယ် မျက်မှောင်ကြုတ်မိလိုက်သည်။ သူရုတ်တရက် Demon God ပြိုင်ပွဲနိုင်သွားတုန်းက ချင်ယွီနဲ့ ပထမဆုံးညစာအတူထွက်စားတာကိုသတိရသွားခဲ့သည်။အဲ့တုန်းကလဲ ဟော်တယ်နားက စီချွမ်စားသောက်ဆိုင်မှာစားခဲ့တာပင်။သူတို့ဘီယာတွေလည်းအများကြီးသောက်ခဲ့ကြပြီးတော့ ဟဲကျင့်ကိုချင်ယွီကအိပ်ယာပေါ်ခေါ်သွားပေးခဲ့ရလေသည်။သူနားရွက်တွေပူလောင်လာကာသူချက်ချင်းပဲအမှတ်တရတွေကိုတွေးနေတာကိုရပ်လိုက်တော့လေရဲ့။
ဟင်းလျာများရောက်လာသောအခါနှစ်ယောက်သားစကားစမြည်ပြောရင်းဟဲကျင့်သည်အဓိကအကြောင်းအရာကိုသွားဖို့လုပ်လေသည်
"သွမ့်ရှုရုန်" သူကသူရဲ့တူတွေကိုချလိုက်ကာဖြင့် သူတည့်တည့်မတ်မတ်ထိုင်လျက်
"တကယ်တော့ ငါမင်းကိုညစာစားဖို့ဖိတ်တယ်ဆိုတာက ငါမင်းကိုပြော..."
သွမ့်ရှုရုန်သည် စကားအပြည့်အစုံကို မကြားမီတွင် ရုတ်တရက် အေးခဲသွားခဲ့သည်။ သူမ၏မျက်နှာပေါ်တွင် ထူးဆန်းသောအကြည့်တစ်ခုရှိနေသော်လည်း ထိုအချိန်တွင် သူမသည် ဟဲကျင့် ကို မကြည့်နေခဲ့ပေ။ ထိုအစား သူမသည် ဟဲကျင့်၏ နောက်ဘက်မှတစ်စုံတစ်ယောက်အားကြည့်နေခဲ့လေသည်။
ဟဲကျင့်ကထူးဆန်းတာကိုသိလိုက်ရသည်။ သူ နောက်ပြန်လှည့်ကြည့်ခါနီးမှာပဲ သူ့လက်မောင်းမှာ စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးက နောက်ကနေ ပြင်းထန်စွာ ဆွဲခံလိုက်ရတော့ပါ၏
ဒုန်း ဟု အသံမြည်ပြီးနောက်မှာတော့သူ့ကုလားထိုင်လဲကျသွားပြီး သွမ့်ရှုရုန် က သူမပါးစပ်ကို လက်နဲ့အုပ်ပြီး အော်လိုက်သည်။ ဟဲကျင့် က သူ့ကို ဘယ်သူဆွဲနေတာလဲဆိုတာတောင် ကြည့်ဖို့အချိန်မရှိခဲ့ပဲစားသောက်ဆိုင်ထဲကတောက်လျောက်ဆွဲထုတ်သွားခံရလေသည်။ စားသောက် ဆိုင်ရှိလူတိုင်းက သူတို့ကို ကြည့်နေကြပြီး တစ်စုံတစ်ယောက်ဆိုသူတို့ကိုဓာတ်ပုံတောင်ရိုက်လိုက်သေးသည်။
ဟဲကျင့်သည်ခက်ခက်ခဲခဲခေါင်းလှည့်ကြည့်လိုက်ရာ ရင်းနှီးသည့်ရုပ်ပုံကိုတွေ့လိုက်ရကာ ကြောက်လန့်တကြားထအော်တော့သည်
"ချင်ယွီ...!"
ချင်ယွီသည် ဟဲကျင့်ကိုဆွဲခေါ်သွားခဲ့ပြီး လမ်းတစ်ဖက်တွင်တော့ burgundy retro mini-suv တစ်စီးရပ်ထားလျက်ရှိနေသည်။သူက တံခါးကိုဆွဲဖွင့်ကာဖြင့်ဟဲကျင့်ကို ကားထဲသို့ အကြမ်း ပတမ်းတွန်းထည့်လိုက်တော့သည်။
သွမ့်ရှုရုန်သည် သူမနဲ့ချိန်းတွေ့နေတဲ့သူကို ရုပ်ချောချောလူငယ်လေးမှခေါ်ဆောင်သွားတာကိုကြည့်နေခဲ့ရသည်။ ခဏအကြာတွင်တော့ သူမတုံ့ပြန်လိုက်ပြီး နောက်မှလိုက်ရန် ဆုံးဖြတ်လိုက်သော်လည်း သူမအတွက် ကျန်ခဲ့သည့်အရာမှအရူးအမူးမောင်းထွက်သွားသော အနီရောင်ကားတစ်စီးမှ အလင်းတန်းသာဖြစ်နေခဲ့သည်။
"ချင်...ချင်ယွီ!"
ဟဲကျင့်သည် အနောက်ဘက်ခုံတွင် ခဏကြာအထိတ်တလန့်ဖြစ်ပြီးနောက်မှတုံ့ပြန်လာလေသည်။သူက ကားမောင်းသူခုံရဲ့နောက်ကျောကိုပုတ်လိုက်ကာမေးလိုက်သည်။
"မင်းဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ?!မင်းအခုဘာလုပ်နေတာလဲ.."
"ပါးစပ်ပိတ်ထား!"
ချင်ယွီကသူ့ကိုကြမ်းတမ်းစွာအော်ဟစ်လာလေသည်။ထို့နောက်တွင်တော့ မီးနီနေတာတောင်နှစ်ခါမစဉ်းစားပဲကြမ်းကြမ်းတမ်းတမ်းဖြတ်မောင်းသွားခဲ့သည်။
ဟဲကျင့်က စိတ်လှုပ်ရှားကာ ဖြူဖျော့နေပုံရသည်။ သူကလက်ပတ်ကိုပြောင်းလိုက်ပြီး သွမ့်ရှုရုန်ကိုခေါ်ဖို့လုပ်လေသည်။ချင်ယွီကနောက်ကြည့်မှန်ကနေသူဘာလုပ်တော့မယ်ဆိုတာမြင်သောအခါ သူဟဲကျင့်ကိုချိန်းခြောက်လာလေသည်။
"မင်းသူမကိုခေါ်ရဲခေါ်ကြည့် ငါအခုချက်ချင်းဒီနေရာမှာပဲမင်းကိုမုဒိန်းကျင့်ပစ်မယ်"
ဟဲကျင့်: "..."
ချင်ယွီအတွက် ယာယီအပိုအလုပ်အစီအစဉ်တစ်ခုရှိခဲ့သည်။ သူနံနက် 6 နာရီမှ နေ့လယ်အထိ အစီအစဉ်များ စတင်ရိုက်ကူးခဲ့ရသည်။ ထို့နောက် Q မြို့ သို့ လေယာဉ်လက်မှတ်ကို ကြိုတင်မှာယူပြီး မဆိုင်းမတွ ချက်ချင်းပြန်လာခဲ့သည်။ သုံးရက်ဆက်တိုက်သူ့မှာအိပ်ချိန် 8 နာရီအောက်သာ ရှိခဲ့သည်။
Q မြို့သို့ရောက်သောအခါတွင်တော့ ရှောင်ကျိုး ထံမှ မှတ်တမ်းတစ်ခုကို ချက်ချင်းရရှိခဲ့သည်။ ဟဲကျင့် သည် သုံးနှစ်အတွင်း အိမ်ထောင်ဘက်တွေ့ပွဲအတွက် 18 ယောက်တွေ့ခဲ့ပြီး ဒီညအတွက်တစ်ခုရှိတယ်လို့တောင်ပါသေးတယ်!
ပျမ်းမျှအားဖြင့်သူကနှစ်လကိုတစ်ကြိမ် အိမ်ထောင်ဘက်တွေ့နေခဲ့တာပဲ ဟဟ ဘယ်ဆိုးလို့လဲ!
သူ ငါ့ကို ချစ်တယ်လို့ မပြောခဲ့ဘူးလား? ငါ့ကိုဘယ်တော့မှထားခဲ့မှာမဟုတ်ဘူးလို့ သူပြောခဲ့တယ်မဟုတ်ဘူးလား?သူငါ့ကိုဘယ်လိုတောင် လှည့်စားရဲတာလဲ !!
ချင်ယွီသည် ပြီးခဲ့သည့်စနေနေ့တင်ကပဲ ဟိုတယ်ခန်းထဲတွင် အပြင်းထန်ဆုံးအချိန်များကို နှစ်ယောက်သား ခံစားခဲ့ရပုံနှင့် ဟဲကျင့်က စားသောက်ဆိုင်တစ်ခုတွင် အမည်မသိမိန်းကလေးနှင့် စကားစမြည်ပြောကာ ရယ်မောနိုင်ပုံကို တွေးမိသောအခါတွင်ပေါက်ကွဲလုမတတ် ဖြစ်သွားတော့သည်။
Q မြို့က မကြီးပါပေ။ ချင်ယွီ က လမ်းမကြီးပေါ်မှာ ပိုလို့တောင် ခက်ထန်စွာ မောင်းနှင်နေခဲ့လေရဲ့။ သိပ်မကြာခင်မှာပဲ သူတို့ မြို့လယ်ခေါင်ကနေထွက်လာတော့သည်။
"အရှိန်လျှော့ပါဉီး ချင်ယွီဖြည်းဖြည်းမောင်းပါ..."
ချင်ယွီ လျစ်လျူရှုခဲ့သည့် မီးနီမည်မျှရှိသည်ကို ဘုရားသခင်သာသိလိမ့်မည်။ အရှိန်က 180 ကျော်နေပြီပင် ဟဲကျင့်က သူ့လက်သီးတွေကို ဆုပ်ကိုင်လိုက်ပြီး သူ့ကို သတိပေးဖို့ ကြိုးစားခဲ့ပါ၏
ဆင်ခြေဖုံးမှာ လူသိပ်မရှိပါချေ။ချင်ယွီက ဆက်ပြီး အရှိန်ပြင်းပြင်း မောင်းနေမယ်လို့ ဟဲကျင့်ကထင်ခဲ့မိလေသည်။မမျှော်လင့်ထားစွာပဲ ချင်ယွီက ဘရိတ်ကိုရုတ်တရက်နင်းလိုက်ရာ ဟဲကျင့်မှာထွက်ကျတော့မတတ်ပင်။သူသူ့ရင်ဘတ်ကိုကိုင်ကာခဏလောက်တော့အသက်ရှူလိုက်ရသေးသည်။သူ့နှလုံးထွက်ကျတော့မလိုပဲ
ချင်ယွီ က သူ့ထိုင်ခုံခါးပတ်ကို ဖြုတ်ပြီး ကားသော့ကို ဆွဲထုတ်၍ကားထဲက ထွက်လာသည်။ သူက တံခါးlockကို နှိပ်လိုက်ပြီး ဟဲကျင့်ကိုကားထဲမှာပိတ်ထားလိုက်သည်။
ဟဲကျင့်သည် သူဘယ်သွားနေမှန်းမသိပါချေ။ သူက တံခါးခလုတ်ကို အလျင်စလိုနှိပ်ခဲ့ပေမယ့်လည်း lock ကျနေခဲ့သည်။ သူက ကားမှန်ကနေ ချင်ယွီကို လှမ်းကြည့်လိုက်တယ်။ ချင်ယွီ သည် ဝေးဝေးမသွားခဲ့ဘဲ 5 မီတာ6 မီတာအကွာတွင်သာရှိနေခဲ့သည်။ သူ့အိတ်ကပ်ထဲမှာ စီးကရက်တစ်ဗူးယူလိုက်ပြီး စီးကရက်တစ်လိပ်ကို မီးညှိ၍လမ်းတစ်ဖက်မှာ ဆေးလိပ်သောက်ဖို့လုပ်သည်။
ချင်ယွီသည် ဟဲကျင့် နှင့် တူညီသောနေရာ၌ တစ်မိနစ်ကြာအောင်ထပ်နေပါက ကားမ တော်တဆမဖြစ်တော့မယ်ဆိုတာအသေအချာပါပဲ။သူ ထရပ်ကားကြီးတစ်စင်း ဖြတ်သွားသည်ကို မြင်လိုက်တော့ ကားနဲ့အဲ့ရှေ့ကိုပြေးဝင်ပြီးဟဲကျင့်နဲ့အတူသေလိုက်ရင်ကောင်းမယ်လို့တောင်တွေးလိုက်သေးတယ်!
သွမ့်ရှုရုန်ထံမှ missed call များနှင့် မဖတ်ရသေးသော မက်ဆေ့ချ်အချို့ ရှိခဲ့သည်။ သူဘာတွေဖြစ်နေတာလဲလို့မေးထားကာ စိတ်ပူလွန်းလို့ ရဲကိုဖုန်းဆက်တော့မယ်ဆိုတဲ့အကြောင်းပြောထားခဲ့သည်
သိပ်မဝေးတဲ့နေရာမှာရှိနေတဲ့ချင်ယွီကိုလှမ်းကြည့်လျက် လက်တွေတုန်ကာဖြင့် စာပြန်ပို့လိုက်သည်။
"ငါအဆင်ပြေပါတယ် အဲ့လူက ငါ့ရည်းစားဟောင်းပါ။ငါတို့ညစာစားတုန်းကငါတို့နှစ်ယောက်တွဲလို့အဆင်မပြေဘူးလို့ပြောမလို့ပဲ ငါတောင်းပန်ပါတယ် ညစာအတွက်ပိုက်ဆံငါလွှဲပေးလိုက်မယ်"
ဟဲကျင့်က သူ့နှုတ်ခမ်းကိုကိုက်ကာဖြင့်ထပ်ပြောလိုက်သည်။
"သွမ့်ရှုရုန် ငါတို့ထပ်ပြီးမဆက်သွယ်ကြရအောင် မင်းကပိုကောင်းတဲ့သူနဲ့ထိုက်တန်ပါတယ်"
ဟဲကျင့်ကပေးပို့သည်ကို နှိပ်လိုက်၍ ယွမ်300ကိုသွမ်ထံ ပေးပို့ပြီးနောက် သူ့လက်ပတ်ကို ချွတ်လိုက်သည်။ ဒါတွေကိုလုပ်ပြီးနောက်မှာတော့ ချင်ယွီက ရန်လိုနေတဲ့အကြည့်နဲ့ ဒီဘက်ကိုပြန်လျှောက်လာတာကိုတွေ့လိုက်ရသည်။ ။ သူ အားနည်းသလို ခံစားရပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေတော့သည်။
ချင်ယွီက တံခါးlock ကိုဖွင့်ပြီးနောက် နောက်ခန်းကိုဖွင့်လျက်အော်တော့သည်။
"ထွက်လာခဲ့"
ဟဲကျင့် က ချင်ယွီရဲ့ နာမည်ကို တိုးတိုးလေးဆိုကာ ကြောက်ရွံ့နေတဲ့ ပုံနဲ့ကားထဲက ဖြည်းညှင်းစွာဆင်းလိုက်တော့လေရဲ့
ချင်ယွီ က သူ့လက်ကိုဆွဲပြီး ဆွဲထုတ်လိုက်သည်။ ဟဲကျင့်ရဲ့နောက်ကျောကကားတံခါးနဲ့ဖိကပ်သွားပြီးချင်ယွီကချက်ချင်းနမ်းလာတော့သည်။
ဟဲကျင့်မျက်လုံးပြူးသွားရသည်။သူအရက်မမူးနေပါချေပြီးတော့သေချာသလောက်ကိုချင်ယွီလုပ်ချင်ရာလုပ်နေတာကိုခွင့်မပြုနိုင်ပါ။သူကခေါင်းကိုယမ်းကာဖြင့်ရှောင်ပုန်းချင်ခဲ့သည်
ချင်ယွီ က သူ့ကို ကားတံခါးနဲ့ ဖိ၍ပါးစပ်ကို ပြင်းပြင်းထန်ထန် ဖိကပ်လိုက်သည်။
"ဟေး!"
ဟဲကျင့် နာကျင်စွာ ဟစ်အော်လိုက်သည်။သူ့နှုတ်ခမ်းများသည် မကြာသေးမီကပင် ပျောက် ကင်းသွားခဲ့ပြီး ယခုအခါတွင်တော့ စုတ်ပြဲသွားပြန်သည်။ စီးကရက်နံ့က ဘယ်ကလာတယ်ဆိုတာကိုဟဲကျင့်သိသွားတော့ပါ၏။
"ချင်ယွီ!"
ဟဲကျင့် က ချင်ယွီ ကို တွန်းထုတ်လိုက်ပြီး သူ အသက်ကိုလုရှုလိုက်သည်။ သူ့အသံက တုန်ခါနေခဲ့ပြီး သူ့အလိုကို ဆန့်ကျင်လျက်ပြောလိုက်သည်က
"ငါတို့ လမ်းခွဲပြီးပြီ"
- မင်းနဲ့ပတ်သက်ပြီးရုန်းကန်နေရတာတွေမရှိသင့်တော့ဘူး။ငါ့ကိုထပ်ပြီးလာမရှာပါနဲ့တော့။မင်းကိုငါငြင်းဆန်နိုင်စွမ်းမရှိတာကိုမင်းသိပါတယ်
ချင်ယွီက သူ့ရဲ့လက်ကိုဆန့်တန်းကာသူ့ကို လက်မောင်းထဲတွင်ချုပ်နှောင်ထားခဲ့လေသည်။သူပုံစံကခက်ထန်နေကာ ဟဲကျင့်ထက်ပိုကျယ်သောအသံဖြင့်အော်လာတော့သည်။
"မင်းမှာ သတ္တိရှိတယ်ဆိုရင် အဲ့ဒါကိုထပ်ပြောလိုက်!"
ဟဲကျင့်: "ငါတို့... ငါတို့..."
ချင်ယွီက သူ့မေးစေ့ကို ဆွဲကိုင်ပြီး
"ငါ့ကိုကြည့်!ထပ်ပြောလိုက်! ငါနဲ့ လမ်းခွဲချင်တယ်လို့ ပြောလိုက်! ပြောလိုက်စမ်း!!!"
ဟဲကျင့်တကိုယ်လုံး တုန်နေခဲ့သည်။ သူ့မျက်လုံးများစိုစွတ်နေခဲ့ကာ သူဒီတိုင်းပြောမထွက်နိုင်ခဲ့ချေ
ချင်ယွီ က သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်လှုပ်လိုက်ပြီး သူအော်ဟစ်လာတော့သည်
"မင်းငါ့ကိုလမ်းခွဲသွားတယ် ပြီးတော့ဒီသုံးနှစ်အတွင်းမင်းဘယ်လိုနေထိုင်ခဲ့လဲ!မင်းကိုယ်မင်းကြည့်လိုက်ဉီး!မင်းကိုယ်မင်းနှိပ်စက်နေတာလး ငါ့ကိုနှိပ်စက်နေတာလားဟမ်?!"
ဟဲကျင့်အရမ်းစိတ်ခံစားလွယ်လာကာ သူ့မျက်ရည်တွေအဆက်မပြတ်စီးကျလျက်ပြိုကွဲသွားကာပြန်အော်တော့သည်။
"မင်း...မင်းဘာလို့ငါ့ကိုဒီလိုလုပ်နေရတာလဲ?!ငါတို့နှစ်ယောက်မဖြစ်နိုင်ဘူးလို့အစထဲကပြောပြီးသားလေ။မင်းဘာလို့....ငါ့ကိုထပ်ပြီးဒုက္ခမပေးပါနဲ့တော့ကျေးဇူးပြုပြီး!"
"ငါကမင်းကို ဒုက္ခပေးတယ်?ငါကမင်းကိုဒုက္ခပေးတယ်ပေါ့?!"
ချင်ယွီက သူ့လက်ကောက်ဝတ်ကိုဆုတ်ကိုင်ကာတံခါးပေါ်ဖိချလိုက်လေသည်။သူကအရမ်းဒေါသထွက်နေခဲ့ကာ သူ့မျက်လုံးထဲတွင်လည်းငွေ့ရည်ဖွဲ့နေခဲ့ပါ၏။ဒါပေမယ့်လည်းသူ့အတင်းအကြပ်မျက်ရည်တွေကိုပြန်ထိန်းထားလိုက်လေရဲ့။သူဆက်အော်လိုက်သည်။
"ဟိုနေ့ကမင်းငါနဲ့အတူရှိနေတုန်းကတော့ မင်းကိုထားမသွားပါနဲ့ ကယ်ပါဆိုပြီးတောင်းဆိုနေခဲ့တာကရော အဲ့ဒါကဘာသဘောလဲ?မင်းငါ့ကိုတောင်းဆိုနေခဲ့တုန်းကရောဘယ်လိုဖြစ်လို့ငါမင်းကိုဒုက္ခပေးတယ်ဆိုတဲ့စကားကမထွက်လာရတာလဲ ဟမ်?!"
Zawgyi
148:အဲ့ဒါကိုထပ္ေျပာလိုက္!
"မင္းဘယ္လိုေကာင္လဲ?"
ဟဲက်င့္ က ထူးဆန္းသျဖင့္ အနည္းငယ္ စိုးရိမ္သြားသည္။ လတ္တေလာသူ ဘယ္သူ႔ကိုမွ မဆန္႔က်င္မိခဲ့ဘူးမလား?အဲ့ဒါကဒါ႐ိုက္တာရႈမ်ားျဖစ္ႏိုင္လား?
အဲဒါကို စဥ္းစားေနတုန္းမွာပဲဒါ႐ိုက္တာ ရႈေရာက္ လာခဲ့ေလသည္
"ေရွာင္ဟဲ တစ္ေယာက္တည္း စားေနတာလား?"
ဗိုက္႐ႊဲ႐ႊဲနဲ႔ အသက္ေလးဆယ္နီးပါးအ႐ြယ္ အမ်ိဳးသားတစ္ေယာက္က ဟဲက်င့္ေရွ႕မွာ ထိုင္လိုက္ၿပီးသံသယနဲ႔ေမးလာခဲ့သည္။
"မင္း ငါ့ေလွ်ာက္လႊာကို ဘာလို႔ ပယ္ခ်လိုက္တာလဲ?"
သူ႔မ်က္ႏွာေပၚမွာ အၿပဳံးဆင္ျမန္းထားတဲ့ ထိုလူကို ၾကည့္လိုက္ရာ ဟဲက်င့္သည္ ခုနကရန္လိုတဲ့မက္ေဆ့ခ်္ပို႔လာတဲ့သူနဲ႔ဆက္စပ္ၾကည့္လို႔မရေနေပ။
ဟဲက်င့္ကယဥ္ယဥ္ေက်းေက်းပဲျပန္ေျဖလိုက္သည္
"ဒါ႐ိုက္တာ ရႈ အဲဒါကို ကြၽန္ေတာ္ ျငင္းပယ္တာ မဟုတ္ဘူး ၫႊန္ၾကားခ်က္ေတြအတိုင္းပဲ လုပ္တာပါ"
ဒါ႐ိုက္တာ ရႈ : "အဲဒါကို ငါဖတ္ၿပီးၿပီး မင္းကလိုအပ္ခ်က္နဲ႔မျပည့္စုံဘူးေျပာထားတာ။ဘာလို႔လဲေျပာၾကည့္ေလ ငါျပင္ၿပီးျပန္တင္လိုက္မယ္"
ဟဲက်င့္ က မ်က္ေမွာင္ၾကဳတ္ကာျဖင့္
"ခင္မ်ားေျပာခဲ့တဲ့ ကြန္ပ်ဴတာနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္ကုမၸဏီကိုခြင့္ေတာင္းၿပီးေရွာင္လီကိုသြားၾကည့္ခိုင္းေတာ့ သူတို႔ေျပာတာက အဲ့ဒါကေကာင္းေကာင္းအလုပ္လုပ္ေသးတယ္တဲ့ေလ"
ဒါ႐ိုက္တာ ရႈ က အနည္းငယ္ရွက္သြားကာ ပတ္ဝန္းက်င္ကို ခိုးေၾကာင္ခိုးဝွက္ၾကည့္ရင္း
"ေရွာင္ဟဲမင္းဒီေလာက္ႀကီးတဲ့အနီေရာင္စာအိတ္ကိုလက္ခံထားၿပီးေတာ့ ဒီလိုလုပ္ေနတာေတာ့မသင့္ေတာ္ဘူးထင္တယ္ေနာ္ ၿပီးေတာ့ငါအမ်ားႀကီးေတာင္းဆိုေနတာလဲမဟုတ္ပါဘူး ဒီတိုင္းဘာလို႔မေက်ာ္သြားေပးရမွာလဲ?ငါတို႔ကဌာနအတူတူပဲကို မင္းလိုရင္လည္းငါျပန္ကူမယ္ေလ"
ဟဲက်င့္ကအံ့အားသင့္သြားၿပီး "ဘာအနီေရာင္စာအိတ္လဲ?"
ဒါ႐ိုက္တာ ရႈ ရဲ႕ မ်က္ဆံေတြက ပိုႀကီးလာကာ
"မင္းရဲ႕ဖိုင္ထဲမွာ ငါမထည့္ထားေပးလိုက္ဘူးလား?"
ဟဲက်င့္ လန႔္သြားၿပီး "ေရွာင္လီက ခင္မ်ားရဲ႕ဖိုင္ကိုေပးတုန္းက ကြၽန္ေတာ္ဖိုင္ပဲေတြ႕တာ က်န္တာဘာမွမရွိဘူး ရွိခဲ့ရင္ေတာင္ကြၽန္ေတာ္လက္ခံမွာမဟုတ္ဘူး"
ဒါ႐ိုက္တာ ရႈ ၏ မ်က္ႏွာသည္ ျဖဴေဖ်ာ့လာၿပီးႏႈတ္ခမ္းမ်ား အနည္းငယ္ တုန္လႈပ္သြားကာ
"ေရွာင္ဟဲ မင္းအရမ္းေတြ ႐ိုးသားျဖဴစင္လြန္းလို႔မေကာင္းဘူးဆိုတာမၾကားဖူးဘူးလား?အဲ့လိုမွ
မဟုတ္ မင္းမွာမိတ္ေဆြေတြသူငယ္ခ်င္းေတြရွိမွာမဟုတ္ဘူးဆိုတာေလ မင္းနဲ႔မင္းရဲ႕စ႐ိုက္ကို ျပန္ဆန္းစစ္ဖို႔ငါေတာ့အႀကံျပဳခ်င္တာပဲ"
ဒီစကားေျပာၿပီးေနာက္မွာေတာ့ သူကေဒါသတႀကီးျဖင့္ထြက္သြားေတာ့သည္
ဟဲက်င့္ သူေျပာတာကို နားမလည္ပါေခ်။ တကယ္လို႔ ရန္လိုတဲ့ မက္ေဆ့ခ်္ကို အခုေလးတင္လက္ခံရခဲ့တာဆိုရင္ သူဒါ႐ိုက္တာရႈေဒါသထြက္တာကိုနားလည္ႏိုင္ပါေသးတယ္ ။ဒါေပမယ့္အခုက မက္ေဆ့ခ်္ကရွင္းရွင္းလင္းလင္းႀကီးကို ဒီမတိုင္ခင္ပို႔ထားခဲ့တာပင္။အဲ့ေတာ့ အဲ့ဒါကဘာအေၾကာင္းလဲ?
႐ုံးျပန္ေရာက္ၿပီးေနာက္ဟဲက်င့္သည္ေသခ်ာေအာင္လို႔ေရွာင္လီကိုေမးၾကည့္လိုက္ေသးသည္။ေရွာင္လီကလက္ကိုေဝွ႔ယမ္းကာျဖင့္
"မင္းဘာေတြေျပာေနတာလဲ?ကြၽန္ေတာ္ေတာ့ဘာမွမေတြ႕ဘူး!"
ဟဲက်င့္ တြင္ စစ္ေဆးရန္ စာ႐ြက္စာတမ္းမ်ားႏွင့္ အစီရင္ခံစာမ်ား အမ်ားအျပားရွိသည္။ ဒီထက္ပိုၿပီး တူးဆြဖို႔လည္း အစီအစဥ္မရွိေခ်။ေျပာရမယ္ဆို သူကမွန္ကန္တဲ့လုပ္ရပ္ကိုလုပ္ခဲ့တာပဲေလ ျပႆနာလာရွာမွာကို စိုးရိပ္စရာမရွိပါေပ။
သူ႔လို ကုမၸဏီေသးေသးေလးေတြမွာဆို ရည္႐ြယ္ခ်က္ဆိုးတဲ့ လူငယ္တိုင္းက အလြယ္တကူ လာဘ္ေပးလာဘ္ယူလုပ္ေလ့ရွိေလသည္။ ဒါေပမယ့္ ဟဲက်င့္ကေတာ့ မလုပ္ပါေခ်။ အကယ္၍ သူသည္ ျပႆနာကို စတင္ခဲ့မည္ဆိုလွ်င္တစ္ဖက္လူက သူ႔ကို ထိန္းခ်ဳပ္ရန္ တစ္စုံတစ္ခုရွိေနမည္ျဖစ္ေသာေၾကာင့္ထိုအရာကိုရပ္တန႔္ရန္ခက္သြားပါလိမ့္မည္။ ထို႔အျပင္ တစ္စုံတစ္ရာ မွားယြင္းသြားပါက ဟဲက်င့္သည္လည္းသူ႔တာဝန္ကို သူယူရေပလိမ့္မည္။ ဒါ႐ိုက္တာ ရႈ ၏နည္းလမ္းသည္ ေကာင္းသည့္နည္းလမ္းမဟုတ္ေပ။သူသည္ အက်ိဳးျမတ္ကိုရယူလိုပါက ပိုမိုေကာင္းမြန္ေသာနည္းလမ္းကိုေတြးလို႔ရပါ၏။သူ႔လွည့္ကြက္က တစ္စုံတစ္ဉီးမွသိရွိသြားရန္အခ်ိန္ၾကာႀကီးယူရန္မလိုအပ္ပါေခ်။
အလုပ္ၿပီးေသာအခါ ဟဲက်င့္သည္သြမ့္ရႈ႐ုန္ ေ႐ြးခ်ယ္ထားေသာ စားေသာက္ဆိုင္သို႔ သြားခဲ့သည္။ ထိုဆိုင္ သည္ မေဝးသည့္အတြက္ေၾကာင့္ ေျခလ်င္ျဖင့္ 15 မိနစ္အတြင္း ေရာက္ႏိုင္သည္ ၎သည္ စီခြၽမ္ စားေသာက္ဆိုင္တစ္ခုျဖစ္သည္။
သြမ့္ရႈ႐ုန္ကေရာက္ႏွင့္ေနၿပီပင္။သူလက္ေဆာင္ဘူးႏွစ္ခုနဲ႔ဝင္လာတာကိုေတြ႕တဲ့အခါမွာေတာ့သူမက ထူးဆန္းသြားကာေမးလာေတာ့သည္။
"ဘာေတြလဲ? ရွင့္ကုမၸဏီကဟာေတြလား?"
ဟဲက်င့္က ေခါင္းခါျပၿပီး ရွက္ကိုးရွက္ကန္းနဲ႔ ျပန္ေျပာတယ္
"ငါ့အေမကအဲ့ဒါကိုယူသြားခိုင္းတာ သူမကအလယ္တန္းတုန္းကျဖစ္ခဲ့တာေတြကိုေတာင္းပန္ခ်င္လို႔တဲ့"
ဟဲက်င့္ကခုနတုန္းကမွရွာထားတဲ့ အေၾကာင္းျပခ်က္ကိုေပးလိုက္သည္ၿပီးေတာ့အဲ့တာက ေတာ္ေတာ္ေလးကိုက်ိဳးေၾကာင္းဆီေလ်ာ္မူလည္းရွိပါရဲ႕။သူ ငါမင္းေနရာကိုဖိတ္ရင္ ဒီလက္ ေဆာင္ကိုေပးဖို႔ဆိုၿပီး ေျပာစရာအေၾကာင္းလဲမရွိေနဘူးေလ
သြမ့္ရႈ႐ုန္သည္ ရွက္ေသြးျဖာသြားၿပီး သူေပ်ာ္ရမလားရွက္ရမလားဆိုတာေတာင္မသိေတာ့ေခ်။
"နင္သူမကိုေျပာလိုက္တာလား?"
"အင္း"
ဟဲက်င့္ထိုင္လိုက္ၿပီးေနာက္တြင္ေတာ့ သူသြမ့္ရႈ႐ုန္ကိုၾကည့္လိုက္ေလသည္။သူမသည္ဆံပင္ပုံစံအသစ္လုပ္ထားခဲ့သည္။သူမက ကိုရီးယားစတိုင္ ဘီးကုတ္ကိုဝတ္ထားၿပီး ႏူးညံ့ပုံရသည့္ပုလဲနားကပ္တစ္စုံကိုပန္ဆင္ထားေလသည္။သူမသည္ ခ်ိဳခ်ဥ္ေရာင္လက္သည္းနီလည္းဆိုးထားခဲ့သည္။အရင္တစ္ေခါက္က ပုံစံႏွင့္ယွဥ္လွ်င္အခုသူမသည္ ပိုၿပီးခ်ိဳၿမိန္ပုံရကာ ပိုၿပီးလည္းလွပေလသည္။
ကံမေကာင္းစြာပဲဟဲက်င့္က ဒါကိုစိတ္မ၀င္စားခဲ့ဘဲ သြမ့္ရႈ႐ုန္ ရဲ႕အလွကို သူဘာမွမခံစားခဲ့ရပါေခ်။
"မင္းေစာင့္ေနတာၾကာၿပီလား?အရင္မွာၾကရေအာင္"
ယခု သူမကို ျငင္းဆိုျခင္းသည္ ေကာင္းေသာအႀကံမဟုတ္ေပ အဲ့လိုမွမဟုတ္ရင္ သူသည္ အလြန္မယဥ္ေက်းရာေရာက္ေလသည္။
"ငါလည္း အခုမွေရာက္တာ။"
သြမ့္ရႈ႐ုန္ က မီႏူးကို လွန္ၾကည့္ရင္းေျပာလာခဲ့သည္
"နင္စီခြၽမ္အစားအစားႀကိဳက္လားဆိုတာေတာင္မေမးလိုက္ရဘူး ငါ့လုပ္ေဖာ္ကိုင္ဖက္ေျပာတာေတာ့ ဒီမွာငါးရွဥ့္ဟင္းေကာင္းတယ္တဲ့"
"အင္း ဒါဆို ငါးရွဥ့္ဟင္းပဲမွာလိုက္ရေအာင္"
ဟဲက်င့္ အနည္းငယ္ မ်က္ေမွာင္ၾကဳတ္မိလိုက္သည္။ သူ႐ုတ္တရက္ Demon God ၿပိဳင္ပြဲႏိုင္သြားတုန္းက ခ်င္ယြီနဲ႔ ပထမဆုံးညစာအတူထြက္စားတာကိုသတိရသြားခဲ့သည္။အဲ့တုန္းကလဲ ေဟာ္တယ္နားက စီခြၽမ္စားေသာက္ဆိုင္မွာစားခဲ့တာပင္။သူတို႔ဘီယာေတြလည္းအမ်ားႀကီးေသာက္ခဲ့ၾကၿပီးေတာ့ ဟဲက်င့္ကိုခ်င္ယြီကအိပ္ယာေပၚေခၚသြားေပးခဲ့ရေလသည္။သူနား႐ြက္ေတြပူေလာင္လာကာသူခ်က္ခ်င္းပဲအမွတ္တရေတြကိုေတြးေနတာကိုရပ္လိုက္ေတာ့ေလရဲ႕။
ဟင္းလ်ာမ်ားေရာက္လာေသာအခါႏွစ္ေယာက္သားစကားစျမည္ေျပာရင္းဟဲက်င့္သည္အဓိကအေၾကာင္းအရာကိုသြားဖို႔လုပ္ေလသည္
"သြမ့္ရႈ႐ုန္" သူကသူရဲ႕တူေတြကိုခ်လိုက္ကာျဖင့္ သူတည့္တည့္မတ္မတ္ထိုင္လ်က္
"တကယ္ေတာ့ ငါမင္းကိုညစာစားဖို႔ဖိတ္တယ္ဆိုတာက ငါမင္းကိုေျပာ..."
သြမ့္ရႈ႐ုန္သည္ စကားအျပည့္အစုံကို မၾကားမီတြင္ ႐ုတ္တရက္ ေအးခဲသြားခဲ့သည္။ သူမ၏မ်က္ႏွာေပၚတြင္ ထူးဆန္းေသာအၾကည့္တစ္ခုရွိေနေသာ္လည္း ထိုအခ်ိန္တြင္ သူမသည္ ဟဲက်င့္ ကို မၾကည့္ေနခဲ့ေပ။ ထိုအစား သူမသည္ ဟဲက်င့္၏ ေနာက္ဘက္မွတစ္စုံတစ္ေယာက္အားၾကည့္ေနခဲ့ေလသည္။
ဟဲက်င့္ကထူးဆန္းတာကိုသိလိုက္ရသည္။ သူ ေနာက္ျပန္လွည့္ၾကည့္ခါနီးမွာပဲ သူ႔လက္ေမာင္းမွာ စူးစူးရွရွ နာက်င္မႈကို ခံစားလိုက္ရၿပီး တစ္ကိုယ္လုံးက ေနာက္ကေန ျပင္းထန္စြာ ဆြဲခံလိုက္ရေတာ့ပါ၏
ဒုန္း ဟု အသံျမည္ၿပီးေနာက္မွာေတာ့သူ႔ကုလားထိုင္လဲက်သြားၿပီး သြမ့္ရႈ႐ုန္ က သူမပါးစပ္ကို လက္နဲ႔အုပ္ၿပီး ေအာ္လိုက္သည္။ ဟဲက်င့္ က သူ႔ကို ဘယ္သူဆြဲေနတာလဲဆိုတာေတာင္ ၾကည့္ဖို႔အခ်ိန္မရွိခဲ့ပဲစားေသာက္ဆိုင္ထဲကေတာက္ေလ်ာက္ဆြဲထုတ္သြားခံရေလသည္။ စားေသာက္ ဆိုင္ရွိလူတိုင္းက သူတို႔ကို ၾကည့္ေနၾကၿပီး တစ္စုံတစ္ေယာက္ဆိုသူတို႔ကိုဓာတ္ပုံေတာင္႐ိုက္လိုက္ေသးသည္။
ဟဲက်င့္သည္ခက္ခက္ခဲခဲေခါင္းလွည့္ၾကည့္လိုက္ရာ ရင္းႏွီးသည့္႐ုပ္ပုံကိုေတြ႕လိုက္ရကာ ေၾကာက္လန႔္တၾကားထေအာ္ေတာ့သည္
"ခ်င္ယြီ...!"
ခ်င္ယြီသည္ ဟဲက်င့္ကိုဆြဲေခၚသြားခဲ့ၿပီး လမ္းတစ္ဖက္တြင္ေတာ့ burgundy retro mini-suv တစ္စီးရပ္ထားလ်က္ရွိေနသည္။သူက တံခါးကိုဆြဲဖြင့္ကာျဖင့္ဟဲက်င့္ကို ကားထဲသို႔ အၾကမ္း ပတမ္းတြန္းထည့္လိုက္ေတာ့သည္။
သြမ့္ရႈ႐ုန္သည္ သူမနဲ႔ခ်ိန္းေတြ႕ေနတဲ့သူကို ႐ုပ္ေခ်ာေခ်ာလူငယ္ေလးမွေခၚေဆာင္သြားတာကိုၾကည့္ေနခဲ့ရသည္။ ခဏအၾကာတြင္ေတာ့ သူမတုံ႔ျပန္လိုက္ၿပီး ေနာက္မွလိုက္ရန္ ဆုံးျဖတ္လိုက္ေသာ္လည္း သူမအတြက္ က်န္ခဲ့သည့္အရာမွအ႐ူးအမူးေမာင္းထြက္သြားေသာ အနီေရာင္ကားတစ္စီးမွ အလင္းတန္းသာျဖစ္ေနခဲ့သည္။
"ခ်င္...ခ်င္ယြီ!"
ဟဲက်င့္သည္ အေနာက္ဘက္ခုံတြင္ ခဏၾကာအထိတ္တလန႔္ျဖစ္ၿပီးေနာက္မွတုံ႔ျပန္လာေလသည္။သူက ကားေမာင္းသူခုံရဲ႕ေနာက္ေက်ာကိုပုတ္လိုက္ကာေမးလိုက္သည္။
"မင္းဒီကိုဘယ္လိုလုပ္ေရာက္လာတာလဲ?!မင္းအခုဘာလုပ္ေနတာလဲ.."
"ပါးစပ္ပိတ္ထား!"
ခ်င္ယြီကသူ႔ကိုၾကမ္းတမ္းစြာေအာ္ဟစ္လာေလသည္။ထို႔ေနာက္တြင္ေတာ့ မီးနီေနတာေတာင္ႏွစ္ခါမစဥ္းစားပဲၾကမ္းၾကမ္းတမ္းတမ္းျဖတ္ေမာင္းသြားခဲ့သည္။
ဟဲက်င့္က စိတ္လႈပ္ရွားကာ ျဖဴေဖ်ာ့ေနပုံရသည္။ သူကလက္ပတ္ကိုေျပာင္းလိုက္ၿပီး သြမ့္ရႈ႐ုန္ကိုေခၚဖို႔လုပ္ေလသည္။ခ်င္ယြီကေနာက္ၾကည့္မွန္ကေနသူဘာလုပ္ေတာ့မယ္ဆိုတာျမင္ေသာအခါ သူဟဲက်င့္ကိုခ်ိန္းေျခာက္လာေလသည္။
"မင္းသူမကိုေခၚရဲေခၚၾကည့္ ငါအခုခ်က္ခ်င္းဒီေနရာမွာပဲမင္းကိုမုဒိန္းက်င့္ပစ္မယ္"
ဟဲက်င့္: "..."
ခ်င္ယြီအတြက္ ယာယီအပိုအလုပ္အစီအစဥ္တစ္ခုရွိခဲ့သည္။ သူနံနက္ 6 နာရီမွ ေန႔လယ္အထိ အစီအစဥ္မ်ား စတင္႐ိုက္ကူးခဲ့ရသည္။ ထို႔ေနာက္ Q ၿမိဳ႕ သို႔ ေလယာဥ္လက္မွတ္ကို ႀကိဳတင္မွာယူၿပီး မဆိုင္းမတြ ခ်က္ခ်င္းျပန္လာခဲ့သည္။ သုံးရက္ဆက္တိုက္သူ႔မွာအိပ္ခ်ိန္ 8 နာရီေအာက္သာ ရွိခဲ့သည္။
Q ၿမိဳ႕သို႔ေရာက္ေသာအခါတြင္ေတာ့ ေရွာင္က်ိဳး ထံမွ မွတ္တမ္းတစ္ခုကို ခ်က္ခ်င္းရရွိခဲ့သည္။ ဟဲက်င့္ သည္ သုံးႏွစ္အတြင္း အိမ္ေထာင္ဘက္ေတြ႕ပြဲအတြက္ 18 ေယာက္ေတြ႕ခဲ့ၿပီး ဒီညအတြက္တစ္ခုရွိတယ္လို႔ေတာင္ပါေသးတယ္!
ပ်မ္းမွ်အားျဖင့္သူကႏွစ္လကိုတစ္ႀကိမ္ အိမ္ေထာင္ဘက္ေတြ႕ေနခဲ့တာပဲ ဟဟ ဘယ္ဆိုးလို႔လဲ!
သူ ငါ့ကို ခ်စ္တယ္လို႔ မေျပာခဲ့ဘူးလား? ငါ့ကိုဘယ္ေတာ့မွထားခဲ့မွာမဟုတ္ဘူးလို႔ သူေျပာခဲ့တယ္မဟုတ္ဘူးလား?သူငါ့ကိုဘယ္လိုေတာင္ လွည့္စားရဲတာလဲ !!
ခ်င္ယြီသည္ ၿပီးခဲ့သည့္စေနေန႔တင္ကပဲ ဟိုတယ္ခန္းထဲတြင္ အျပင္းထန္ဆုံးအခ်ိန္မ်ားကို ႏွစ္ေယာက္သား ခံစားခဲ့ရပုံႏွင့္ ဟဲက်င့္က စားေသာက္ဆိုင္တစ္ခုတြင္ အမည္မသိမိန္းကေလးႏွင့္ စကားစျမည္ေျပာကာ ရယ္ေမာႏိုင္ပုံကို ေတြးမိေသာအခါတြင္ေပါက္ကြဲလုမတတ္ ျဖစ္သြားေတာ့သည္။
Q ၿမိဳ႕က မႀကီးပါေပ။ ခ်င္ယြီ က လမ္းမႀကီးေပၚမွာ ပိုလို႔ေတာင္ ခက္ထန္စြာ ေမာင္းႏွင္ေနခဲ့ေလရဲ႕။ သိပ္မၾကာခင္မွာပဲ သူတို႔ ၿမိဳ႕လယ္ေခါင္ကေနထြက္လာေတာ့သည္။
"အရွိန္ေလွ်ာ့ပါဉီး ခ်င္ယြီျဖည္းျဖည္းေမာင္းပါ..."
ခ်င္ယြီ လ်စ္လ်ဴရႈခဲ့သည့္ မီးနီမည္မွ်ရွိသည္ကို ဘုရားသခင္သာသိလိမ့္မည္။ အရွိန္က 180 ေက်ာ္ေနၿပီပင္ ဟဲက်င့္က သူ႔လက္သီးေတြကို ဆုပ္ကိုင္လိုက္ၿပီး သူ႔ကို သတိေပးဖို႔ ႀကိဳးစားခဲ့ပါ၏
ဆင္ေျခဖုံးမွာ လူသိပ္မရွိပါေခ်။ခ်င္ယြီက ဆက္ၿပီး အရွိန္ျပင္းျပင္း ေမာင္းေနမယ္လို႔ ဟဲက်င့္ကထင္ခဲ့မိေလသည္။မေမွ်ာ္လင့္ထားစြာပဲ ခ်င္ယြီက ဘရိတ္ကို႐ုတ္တရက္နင္းလိုက္ရာ ဟဲက်င့္မွာထြက္က်ေတာ့မတတ္ပင္။သူသူ႔ရင္ဘတ္ကိုကိုင္ကာခဏေလာက္ေတာ့အသက္ရႉလိုက္ရေသးသည္။သူ႔ႏွလုံးထြက္က်ေတာ့မလိုပဲ
ခ်င္ယြီ က သူ႔ထိုင္ခုံခါးပတ္ကို ျဖဳတ္ၿပီး ကားေသာ့ကို ဆြဲထုတ္၍ကားထဲက ထြက္လာသည္။ သူက တံခါးlockကို ႏွိပ္လိုက္ၿပီး ဟဲက်င့္ကိုကားထဲမွာပိတ္ထားလိုက္သည္။
ဟဲက်င့္သည္ သူဘယ္သြားေနမွန္းမသိပါေခ်။ သူက တံခါးခလုတ္ကို အလ်င္စလိုႏွိပ္ခဲ့ေပမယ့္လည္း lock က်ေနခဲ့သည္။ သူက ကားမွန္ကေန ခ်င္ယြီကို လွမ္းၾကည့္လိုက္တယ္။ ခ်င္ယြီ သည္ ေဝးေဝးမသြားခဲ့ဘဲ 5 မီတာ6 မီတာအကြာတြင္သာရွိေနခဲ့သည္။ သူ႔အိတ္ကပ္ထဲမွာ စီးကရက္တစ္ဗူးယူလိုက္ၿပီး စီးကရက္တစ္လိပ္ကို မီးညႇိ၍လမ္းတစ္ဖက္မွာ ေဆးလိပ္ေသာက္ဖို႔လုပ္သည္။
ခ်င္ယြီသည္ ဟဲက်င့္ ႏွင့္ တူညီေသာေနရာ၌ တစ္မိနစ္ၾကာေအာင္ထပ္ေနပါက ကားမ ေတာ္တဆမျဖစ္ေတာ့မယ္ဆိုတာအေသအခ်ာပါပဲ။သူ ထရပ္ကားႀကီးတစ္စင္း ျဖတ္သြားသည္ကို ျမင္လိုက္ေတာ့ ကားနဲ႔အဲ့ေရွ႕ကိုေျပးဝင္ၿပီးဟဲက်င့္နဲ႔အတူေသလိုက္ရင္ေကာင္းမယ္လို႔ေတာင္ေတြးလိုက္ေသးတယ္!
သြမ့္ရႈ႐ုန္ထံမွ missed call မ်ားႏွင့္ မဖတ္ရေသးေသာ မက္ေဆ့ခ်္အခ်ိဳ႕ ရွိခဲ့သည္။ သူဘာေတြျဖစ္ေနတာလဲလို႔ေမးထားကာ စိတ္ပူလြန္းလို႔ ရဲကိုဖုန္းဆက္ေတာ့မယ္ဆိုတဲ့အေၾကာင္းေျပာထားခဲ့သည္
သိပ္မေဝးတဲ့ေနရာမွာရွိေနတဲ့ခ်င္ယြီကိုလွမ္းၾကည့္လ်က္ လက္ေတြတုန္ကာျဖင့္ စာျပန္ပို႔လိုက္သည္။
"ငါအဆင္ေျပပါတယ္ အဲ့လူက ငါ့ရည္းစားေဟာင္းပါ။ငါတို႔ညစာစားတုန္းကငါတို႔ႏွစ္ေယာက္တြဲလို႔အဆင္မေျပဘူးလို႔ေျပာမလို႔ပဲ ငါေတာင္းပန္ပါတယ္ ညစာအတြက္ပိုက္ဆံငါလႊဲေပးလိုက္မယ္"
ဟဲက်င့္က သူ႔ႏႈတ္ခမ္းကိုကိုက္ကာျဖင့္ထပ္ေျပာလိုက္သည္။
"သြမ့္ရႈ႐ုန္ ငါတို႔ထပ္ၿပီးမဆက္သြယ္ၾကရေအာင္ မင္းကပိုေကာင္းတဲ့သူနဲ႔ထိုက္တန္ပါတယ္"
ဟဲက်င့္ကေပးပို႔သည္ကို ႏွိပ္လိုက္၍ ယြမ္300ကိုသြမ္ထံ ေပးပို႔ၿပီးေနာက္ သူ႔လက္ပတ္ကို ခြၽတ္လိုက္သည္။ ဒါေတြကိုလုပ္ၿပီးေနာက္မွာေတာ့ ခ်င္ယြီက ရန္လိုေနတဲ့အၾကည့္နဲ႔ ဒီဘက္ကိုျပန္ေလွ်ာက္လာတာကိုေတြ႕လိုက္ရသည္။ ။ သူ အားနည္းသလို ခံစားရၿပီး ဘာလုပ္ရမွန္းမသိ ျဖစ္ေနေတာ့သည္။
ခ်င္ယြီက တံခါးlock ကိုဖြင့္ၿပီးေနာက္ ေနာက္ခန္းကိုဖြင့္လ်က္ေအာ္ေတာ့သည္။
"ထြက္လာခဲ့"
ဟဲက်င့္ က ခ်င္ယြီရဲ႕ နာမည္ကို တိုးတိုးေလးဆိုကာ ေၾကာက္႐ြံ႕ေနတဲ့ ပုံနဲ႔ကားထဲက ျဖည္းညႇင္းစြာဆင္းလိုက္ေတာ့ေလရဲ႕
ခ်င္ယြီ က သူ႔လက္ကိုဆြဲၿပီး ဆြဲထုတ္လိုက္သည္။ ဟဲက်င့္ရဲ႕ေနာက္ေက်ာကကားတံခါးနဲ႔ဖိကပ္သြားၿပီးခ်င္ယြီကခ်က္ခ်င္းနမ္းလာေတာ့သည္။
ဟဲက်င့္မ်က္လုံးျပဴးသြားရသည္။သူအရက္မမူးေနပါေခ်ၿပီးေတာ့ေသခ်ာသေလာက္ကိုခ်င္ယြီလုပ္ခ်င္ရာလုပ္ေနတာကိုခြင့္မျပဳႏိုင္ပါ။သူကေခါင္းကိုယမ္းကာျဖင့္ေရွာင္ပုန္းခ်င္ခဲ့သည္
ခ်င္ယြီ က သူ႔ကို ကားတံခါးနဲ႔ ဖိ၍ပါးစပ္ကို ျပင္းျပင္းထန္ထန္ ဖိကပ္လိုက္သည္။
"ေဟး!"
ဟဲက်င့္ နာက်င္စြာ ဟစ္ေအာ္လိုက္သည္။သူ႔ႏႈတ္ခမ္းမ်ားသည္ မၾကာေသးမီကပင္ ေပ်ာက္ ကင္းသြားခဲ့ၿပီး ယခုအခါတြင္ေတာ့ စုတ္ၿပဲသြားျပန္သည္။ စီးကရက္နံ႔က ဘယ္ကလာတယ္ဆိုတာကိုဟဲက်င့္သိသြားေတာ့ပါ၏။
"ခ်င္ယြီ!"
ဟဲက်င့္ က ခ်င္ယြီ ကို တြန္းထုတ္လိုက္ၿပီး သူ အသက္ကိုလုရႈလိုက္သည္။ သူ႔အသံက တုန္ခါေနခဲ့ၿပီး သူ႔အလိုကို ဆန႔္က်င္လ်က္ေျပာလိုက္သည္က
"ငါတို႔ လမ္းခြဲၿပီးၿပီ"
- မင္းနဲ႔ပတ္သက္ၿပီး႐ုန္းကန္ေနရတာေတြမရွိသင့္ေတာ့ဘူး။ငါ့ကိုထပ္ၿပီးလာမရွာပါနဲ႔ေတာ့။မင္းကိုငါျငင္းဆန္ႏိုင္စြမ္းမရွိတာကိုမင္းသိပါတယ္
ခ်င္ယြီက သူ႔ရဲ႕လက္ကိုဆန႔္တန္းကာသူ႔ကို လက္ေမာင္းထဲတြင္ခ်ဳပ္ေႏွာင္ထားခဲ့ေလသည္။သူပုံစံကခက္ထန္ေနကာ ဟဲက်င့္ထက္ပိုက်ယ္ေသာအသံျဖင့္ေအာ္လာေတာ့သည္။
"မင္းမွာ သတၱိရွိတယ္ဆိုရင္ အဲ့ဒါကိုထပ္ေျပာလိုက္!"
ဟဲက်င့္: "ငါတို႔... ငါတို႔..."
ခ်င္ယြီက သူ႔ေမးေစ့ကို ဆြဲကိုင္ၿပီး
"ငါ့ကိုၾကည့္!ထပ္ေျပာလိုက္! ငါနဲ႔ လမ္းခြဲခ်င္တယ္လို႔ ေျပာလိုက္! ေျပာလိုက္စမ္း!!!"
ဟဲက်င့္တကိုယ္လုံး တုန္ေနခဲ့သည္။ သူ႔မ်က္လုံးမ်ားစိုစြတ္ေနခဲ့ကာ သူဒီတိုင္းေျပာမထြက္ႏိုင္ခဲ့ေခ်
ခ်င္ယြီ က သူ႔လက္ေကာက္ဝတ္ကို ဆြဲကိုင္လႈပ္လိုက္ၿပီး သူေအာ္ဟစ္လာေတာ့သည္
"မင္းငါ့ကိုလမ္းခြဲသြားတယ္ ၿပီးေတာ့ဒီသုံးႏွစ္အတြင္းမင္းဘယ္လိုေနထိုင္ခဲ့လဲ!မင္းကိုယ္မင္းၾကည့္လိုက္ဉီး!မင္းကိုယ္မင္းႏွိပ္စက္ေနတာလး ငါ့ကိုႏွိပ္စက္ေနတာလားဟမ္?!"
ဟဲက်င့္အရမ္းစိတ္ခံစားလြယ္လာကာ သူ႔မ်က္ရည္ေတြအဆက္မျပတ္စီးက်လ်က္ၿပိဳကြဲသြားကာျပန္ေအာ္ေတာ့သည္။
"မင္း...မင္းဘာလို႔ငါ့ကိုဒီလိုလုပ္ေနရတာလဲ?!ငါတို႔ႏွစ္ေယာက္မျဖစ္ႏိုင္ဘူးလို႔အစထဲကေျပာၿပီးသားေလ။မင္းဘာလို႔....ငါ့ကိုထပ္ၿပီးဒုကၡမေပးပါနဲ႔ေတာ့ေက်းဇူးျပဳၿပီး!"
"ငါကမင္းကို ဒုကၡေပးတယ္?ငါကမင္းကိုဒုကၡေပးတယ္ေပါ့?!"
ခ်င္ယြီက သူ႔လက္ေကာက္ဝတ္ကိုဆုတ္ကိုင္ကာတံခါးေပၚဖိခ်လိုက္ေလသည္။သူကအရမ္းေဒါသထြက္ေနခဲ့ကာ သူ႔မ်က္လုံးထဲတြင္လည္းေငြ႕ရည္ဖြဲ႕ေနခဲ့ပါ၏။ဒါေပမယ့္လည္းသူ႔အတင္းအၾကပ္မ်က္ရည္ေတြကိုျပန္ထိန္းထားလိုက္ေလရဲ႕။သူဆက္ေအာ္လိုက္သည္။
"ဟိုေန႔ကမင္းငါနဲ႔အတူရွိေနတုန္းကေတာ့ မင္းကိုထားမသြားပါနဲ႔ ကယ္ပါဆိုၿပီးေတာင္းဆိုေနခဲ့တာကေရာ အဲ့ဒါကဘာသေဘာလဲ?မင္းငါ့ကိုေတာင္းဆိုေနခဲ့တုန္းကေရာဘယ္လိုျဖစ္လို႔ငါမင္းကိုဒုကၡေပးတယ္ဆိုတဲ့စကားကမထြက္လာရတာလဲ ဟမ္?!"