ရင်ခွင်တစ်စုံသို့တမ်းခြင်း

By SullySan7

334K 10.3K 1.3K

"ငါယဥ့်ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး" "ငါလည်း ညီ့ကိုချစ်တယ်လို့မပြောမိပါဘူး " "နင်စိတ်ချပါ နန်းစုယဥ်ဆိုတဲ့ငါက... More

အပိုင်း(၁) uni -zaw
အလွမ်းပြေ🤎
အပိုင်း(၂) zaw-uni
အပိုင်း(၃)uni-zaw
အပိုင်း(၄) uni-zaw
အပိုတင်ပေးထားတာလေးပါ☺️
အပိုင်း(၅)uni-zaw
အပိုင်း(၆) uni-zaw
အပိုင်း(၇) uni-zaw
အပိုင်း(၈) uni-zaw
အပိုင်း(၁၀) uni-zaw
အပိုင်း(၉)uni-zaw
အပိုင်း(၁၂)uni-zaw
အပိုင်း(၁၃)uni-zaw
အပိုင်း(၁၄)uni-zaw
အပိုင်း(၁၅) uni-zaw
အပိုင်း(၁၆)uni-zaw
အပိုင်း(၁၇)uni-zaw
အပိုင်း(၁၈) uni-zaw
အပိုင်း(၁၉) uni-zaw
အပိုင်း(၂၀) uni-zaw
အပိုင်း(၂၁) uni-zaw
အပိုင်း(၂၂)uni-zaw
အပိုင်း(၂၃) uni-zaw
အပိုင်း(၂၄) uni-zaw
အပိုင်း(၂၅)uni-zaw
အပိုင်း(၂၆) uni-zaw
အပိုင်း(၂၇) uni-zaw
အပိုင်း(၂၈) uni-zaw
အပိုင်း(၂၉) uni-zaw
အပိုင်း(၃၀)uni-zaw
အပိုင်(၃၁)uni-zaw
အပိုင်း(၃၂) uni-zaw
အပိုင်း(၃၃)uni-zaw
အပိုင်း(၃၄)uni-zaw
အပိုင်း(၃၅)uni-zaw
အပိုင်း(၃၆) uni-zaw
အပိုင်း(၃၇) uni-zaw
အပိုင်း(၃၈) uni-zaw
အပိုင်း(၃၉)uni-zaw
အပိုင်း(၄၀)uni-zaw
အပိုင်း(၄၁) uni-zaw
အပိုင်း(၄၂)uni-zaw
အပိုင်း(၄၃)uni-zaw
အပိုင်း(၄၄) uni-zaw
အပိုင်း(၄၅)uni-zaw
အပိုင်း(၄၆)uni-zaw
အပိုင်း(၄၇) uni-zaw
အပိုင်း(၄၈)uni-zaw
အပိုင်း(၄၉)uni-zaw
အပိုင်း(၅၀)uni-zaw
အပိုင်း(၅၁)uni-zaw
အပိုင်း(၅၂)uni-zaw
အပိုင်း(၅၃) uni-zaw
အပိုင်း(၅၄)uni-zaw
အပိုင်း(၅၅)uni-zaw
အပိုင်း(၅၆)uni-zaw
အပိုင်း(၅၇)uni-zaw
အပိုင်း(၅၈)uni-zaw
အပိုင်း(၅၉) uni-zaw
အပိုင်း(၆၀) uni-zaw
အပိုင်း(၆၁) End( uni-zaw)
EXTRA-1uni-zaw
EXTRA-2 uni-zaw
Extra 3 uni-zaw

အပိုင်း(၁၁) uni-zaw

3.9K 83 2
By SullySan7

ရင်ခွင်တစ်စုံသို့တမ်းခြင်း

ညီခန့်တစ်ယောက် Hotelမှာပဲအချိန်ကုန်ဖြစ်၏ အိမ်ကိုတော့မပြန်ဖြစ်ပေ နန်းစုယဥ်ကတော့ night jutyမို့ထင်တယ် ဟိုနေ့ညက အိမ်ပြန်တော့မတွေ့ရပေ ...ညီခန့်အခုထိ ဒီအိမ်ထောင်ရေးကိုဘယ်လိုလုပ်ရမယ်မှန်းမသိသေးပါ ဘာကိုမှလည်းမဆုံးဖြတ်ရသေးပေ
လေးလေးနက်နက်တွေးပစ်လိုက်ဖို့လည်း သူ
မရဲ၀ံ့ပေ နန်းစုယဥ််ကိုလည်း သူချစ်မနေချေ...ဒါမဲ့ကိုယ်မချစ်တဲ့သူနဲ့အတူတူနေရမယ့်၀ဠ်ကပါလာ၏ မချစ်သော်လည်းအောင့်ကာနမ်းရအောင်လည်း နန်းစုယဥ်က ဘယ်လိုမိန်းခလေးမှန်းညီခန်အသိဆုံးပင် သူ့အပြင်ဘယ်နှစ်ယောက်များရှိနေလိမ့်မလဲ သူတပ်အပ်မပြောနိုင်ပေ အဲအထဲမှ ညီ့ခန့်ကတော့ကံစပ်မဲပေါက်သလို ဖြစ်သွား၏

"ကျစ်!! မတွေးချင်ဘူးဆိုမှပေါ်ပေါ်လာတယ်" ညီခန့်အပြင်ထွက်ရန်ပြင်လိုက်တော့ ဖုန်းနံပါတ်အသစ်တစ်လုံး၀င်လာတော့ ဖုန်ကောက်ကိုင်လိုက်၏

"ဟယ်လို ညီလား"

"!ကျစ် !!" သူ မကြားချင်မမြင်ချင်သောအသံ
ပင် ဖြစ်၏ ဖုန်းကဒ်ပြောင်းထားပယ်မယ့် မာမီကတော့မွှေလိုက်ပြန်ပြီထင်၏

"ဘာလဲ ဘာကိစ္စဖုန်းဆက်တာလဲ "

"အိမ်ပြန်လာမယ်မလား!"

"မလာဘူးအဲတာမေးမလို့လား"

"ဟုတ်တယ် ယဥ် အိမ်မှာတစ်ယောက်တည်းမအိပ်ရဲ့ဘူး ညီလာခဲ့ပါ"

"ဟ!!!မင်းမအိပ်တတ်ဘူးဆိုတိုင်းလာပေးရအောင် မင်းကိုမင်းဘာထင်နေလဲနန်းစုယဥ် မလာဘူးအိပ်တတ်သလိုအိပ် "

"အပိုမပြောပါနဲ့ညီ ငါကနင့်မိန်းမလေ ကိုယ့်ယောကျ်ားကိုအိမ်ပြန်လာဖို့ခေါ်တာတောင် ငါကဘာကိုထင်နေရအုံးမလဲ နင်မလာဘူးပေါ့ အဲတာဆို နင်ရှိတဲ့နေရာကိုငါလာခဲ့မယ် ရလား"

"တောက်!!မလာနဲ့ အဲမှာနေ တစ်ဖ၀ါးမှမရွေ့ပဲနေ ငါမင်းကိုဟိုတယ်ကိုခြေချခွင့်မပေးဘူး"

"အော်!!အဲလိုဖြစ်ရအောင်ငါက နင့်တိတ်တိတ်ပုန်းမယားမဟုတ်ဘူး ညီ နင်နဲ့ငါတရား၀င်လင်မယားတွေသိရဲ့လား နင်နဲ့ငါတရား၀င်လက်ထပ်ထားတာ"

" မသိဘူး!! ငါ့မိန်းမဆိုပြီးမဏ္ဍုပ်တိုင်တက်မပြနဲ့နန်းစုယဥ် မင်းလိုမိန်းမကိုငါဘယ်တော့မှအထင်ကြီးလာမှာမဟုတ်ဘူးကိုယ့်အဆင့်ကိုယ်သိ"

"ငါအခုနင့်ကိုဘာပြောနေလို့လဲ ညီခန့် ငါတစ်ယောက်တည်းမအိပ်ရဲလို့နင်လာအိပ်ပေးဖို့ပြောနေတာလေ လာခဲ့ပါငါစောင့်နေမယ်"

"..."

ဒီလိုဆိုပြန်တော့လည်းညီခန့် မိန်းခလေးတစ်ယောက်အားနှိပ်စက်ရာကျပြန်တော့သည်ယဥ့်
ကိုပြောဆိုမိပြန်တော့လည်း စိတ်မကောင်းချေ..သူ့ဖက်ကလွန်သွားပြီလား...ကျစ်!!
နန်းစုယဥ်ငါ့ကိုဘယ်အချိန်ထိဒုက္ခပေးနေမှာလဲ...
ကားသော့ယူကာ အခန်းမှထွက်လာလိုက်တော့သည်
.

.
.

ယဥ်တစ်ယောက် ဧည့်ခန်းတွင်စိတ်ပျက်စွာထိုင်လျှက် ဟန်နီပြောသလိုချွဲချင်ပယ်မယ့် ယဥ်က ညီခန့်အား 'နင်မလာရင်ငါလာခဲ့မယ်ဆိုပြီး' ခြိမ်းခြောက်သလိုဖြစ်သွား၏ ခက်ခဲလိုက်တာ အရင်တုန်းကလွယ်သလောက်ခုကျမှဘာလို့ခက်ခဲရတာလဲ ...အရင်တုန်းက ညီခန့်ကပါ အလိုတူစွာဆက်ဆံတော့ယဥ့်အတွက်အဆင်ပြေ၏ ခုကျတော့ ယဥ့်ဖက်ကစချွဲရမှာနဲ့ ဟိုဖက်က ယဥ့်အားခါးခါးသီးသီးပင်....

ဟန်နီပြောတာတွေကိုအတွက်ရတော့ ယဥ်အပေါ်ပြန်တက်ကာ ဆံပင်ရှည်တွေကို ချထားလိုက်ကာနှုတ်ခမ်းနီဆိုးလိုက်၏

"အမလေး!!!ဘုရားကြီးငုတ်တုတ်"

၀တ်ထားတဲ့ဂါ၀န်ကအဖြူရောင်ရယ် ဖြန့်ချထားတော့ဆံပင်ရှည်ရှည်ရယ် ဆိုးထားတဲ့နှုတ်ခမ်းနီနဲ့
night jutyအဆင်းများတော့ ညိုနေသောမျက်ကွင်းရယ်က ဇာတ်ကားထဲမှ သရဲနဲ့တူနေ၏ မှန်ထဲတွင်ကိုယ့်ပုံကိုယ်ကြည့်ပြီးလန့်ရသည်အထိပင် ယဥ့်အားသရဲကားခေါ်ရိုက်ရင်တော့အဆင်ပြေနိုင်၏ ဒီပုံစံကိုညီမြင်ရင် ကုတင်ပေါ်မရောက်ခဲ့ပဲ နှလုံးဖောက်ပြီးကြွသွားနိုင်သေးသည်

ယဥ် ဂါ၀န်ကိုပြန်လဲလိုက်ပီးပေါ့ပေါ့ပါးပါးအိမ်နေ၀တ်ဖို့၀ယ်ထားသော စပန့်၀မ်းဆက်ကိုသာထုတ်၀တ်လိုက်တော့သည်

(ဖက်ရှင်အမြင်ရှိသော့ နာ့စမ🙂)

ဆံပင်ကိုထုံးထားလိုက်ပြီး နုတ်ခမ်းနီကိုလည်းဖျက်ပစ်လိုက်လေသည် စိတ်ပျက်စွာဧည့်ခန်းဆီကိုပဲပြန်ဆင်းလာပြီး ထိုင်နေလိုက်တော့သည်
ခဏကြာတော့ ကားသံကြား၍ ယဥ်အပြင်ကိုအပြေးတပိုင်းထွက်ပြီးတံခါးဖွင့်ပေးလိုက်သည်

ညီကကားပေါ်မှဆင်းတော့ ခါတိုင်းလိုပင် ယဥ့်အားစိတ်ပျက်စွာတချက်ကြည့်ပြီး အိမ်ထဲ၀င်သွားလေ၏ ယဥ်လည်းခြံတံခါးပြန်ပိတ်လိုက်ပြီးတာနဲ့ညီ့နောက်မှလိုက်ခဲ့လိုက်၏ မသိရင်အလုပ်ရှင်နဲ့အလုပ်သမားကျနေတာဘဲ

"ညီထမင်းစားပြီးပြီလား "

"စားလာပြီးပြီ"

"အင်းအင်း အိမ်မှာဘာမှချက်မထားဘူးလို့ပြောမလို့"

"....."

ဒါနဲ့များဘာလို့မေးနေသေးတာလဲ ...
ညီခန့်ဟိုကစားလာတာမှန်သွား၏

"ရေမချိုးရသေးဘူးမလားရေသွားချိုးလိုက်လေ
အန်တီပြောတယ် ညီညအိပ်တိုင်းနို့သောက်တတ်တယ်တဲ့ ယဥ် နို့ဖျော်ထားလိုက်မယ် "

ညီခန့်နန်းစုရည်အားဘာမှပြန်မပြောဘဲသူ့အခန်းထဲသာ၀င်သွားလိုက်တော့သည် ညီခန့်အခန်းမှာ တံခါးညာဖက်ထောင့်မှအခန်းဖြစ်ပြီးနန်းစုယဥ်ကိုတော့အပေါ်ထပ်မှအခန်းကိုပေးထား၏

သူရေမိုးချိုးပြီးတာနဲ့ ဧည့်ခန်းဖက်ကိုပြန်ထွက်လာလိုက်၏ နန်းစုယဥ်ကတော့ TVကြည့်နေဟန်

"ညီလာပြီလား ခဏလေးနို့သွားယူအုံးမယ် !"

ယဥ်နွှေးထားသောနို့ခွက်အားယူကာ ညီ့အားပေးလိုက်၏
"ရော့ ဒီမှာရပြီ"

"အွန်း"

ကျေးဇူးပဲလို့ပြောရင်မြွေကိုက်မှာစိုးလို့လားမသိ
ယဥ် ညီခန့်ကိုစိတ်ထဲမှကျိန်ဆဲမိသည်

"မင်းအိပ်သေးဘူးလား"

"အွန်းခဏနေရင်အိပ်တော့မယ် ညီရော"

"မအိပ်သေးဘူးလုပ်စရာလေးတွေရှိနေသေးလို့ မင်းဒီမှာနေရဲလားငါအခန်းထဲသွားတော့မယ် လုပ်စရာလေးတွေရှိလို့"

"ဟင့်အင် ယဥ်လည်း အပေါ်တက်တော့မယ်"

အခုဆိုပြန်တော့လည်း အဆင်ပြေသလိုတော့ရှိ၏ ညီ့ဖက်က အလိုက်အထိုက်ပြန်ပြောပေးနေတာကိုပဲ
ယဥ်ကျေနပ်မိလေသည်
ဖုန်းပြောတုန်းကတော့ သူမဟုတ်သည့်အတိုင်း စွာလိုက်များများ ဟွန့်

ယဥ်အိပ်ခန်းရောက်တော့ ဟန်နီဆီမှ deliနဲ့ပို့ပေးလိုက်သော ညအိပ်ဂါ၀န်အပါးလေးကို ၀တ်ဆင်လိုက်၏ ဘော်လီတော့မ၀တ်တော့ပေ ယဥ်ကကျန်းမာရေးအရ ဘော်လီ၀တ်အိပ်တတ်သူမဟုတ်တာကြာင့်လည်းပါသည် အတွင်းခံလောက်သာ၀တ်၏ရာသီလာခါနီးမို့ ရင်သားတွေတင်း၍နာနေတာကြောင့်ပင် ယဥ့်ဆံပင်ရှည်တွေကိုဖြန့်ချလိုက်ပြီး အိပ်ဖို့ပြင်လိုက်သည်

ဒီနေ့တော့ နဲနဲစိတ်ကြည်လင်နေသလိုခံစားနေရသည် အလုပ်လည်းပင်ပန်းထားတာကြောင့်တန်း၍အိပ်ပျော်သွား၏

၀ူး၀ူး၀ူးး၀ူး
ခွေးအူသံကအဆက်မပြတ်ကြားနေရတော့ ယဥ်နိုးလာ၏ နာရီကြည့်လိုက်တော့ ည၁နာရီ ဒုက္ခပါပဲ ခွေးအူသံတွေကကြောက်စရာကြီးဖြစ်၏
ငယ်ငယ်တုန်းကယဥ်ပြောသံကြားဖူးသည်
ညဘက်ကြီးခွေးအူရင် ခွေးကသရဲတွေ့လို့အူတာဆိုပြီးပင် စောင်ကိုခေါင်းအထိဆွဲခြုံလိုက်ပြီးစိတ်ကိုတင်းထားမိသည် အရင်နေ့တွေက ယဥ်ကဆေးရုံမှာအိပ်တော့ ခွေးအူတာကိုမသိပေ ယဥ်သည် ဆေးရုံမှာလည်းမကြာခဏ အခြောက်ခံရဖူးသည် ညဖက်ဆို 'ဆရာမလေးဆေးချိတ်ထားတာ ကုန်သွားပြီဟုလည်းလာခေါ်တတ်ကြသေးသည်'

၀ူး၀ူး၀ူး

ခွေးအူသံကရပ်မသွားတာကြောင့် ယဥ်ပို၍ကြောက်မိသည် ယဥ်တစ်ယောက်တည်းမအိပ်ရဲတော့ပါ
ဒါကြောင့် ညီ့ဆီကိုသွားရန်သာဆုံးဖြတ်လိုက်သည် စောင်တစ်ထည်နဲ့ခေါင်းအုံးတစ်လုံးယူကာ ယဥ်အောက်ထပ်ဆင်လာလိုက်သည်

"ဒေါက် ဒေါက် ဒေါက် ညီ ယဥ်ပါ တံခါးဖွင့်ပေးပါအုံး"
ခဏအကြာမှာတော့
အထဲမှညီခန့်တစ်ယောက်လည်းအိပ်ချင်မူးတူးဖြင့်တံခါးလာဖွင့်ပေးလေ၏
ညီက မျက်လုံးကိုလက်ဖြင့်ပွတ်လျှက် ယဥ့်အားနားမလည်သလိုကြည့်လာသည်

"ဘာလဲ ဒီအချိန်ကြီး"

"ဟို ယဥ်ကြောက်လို့ ခွေးတွေကဆက်တိုက်အူနေတော့ ယဥ်မအိပ်ရဲတော့ဘူး "

"အဲတော့ "

"ဟို!!!ညီခန့်နဲ့ တရက်လောက်လာအိပ်မလို့ရတယ်မလားဟင်"

"ကျစ်!!"

မရဘူးဟုပြောလိုက်လျှင်လည်း သူ့မိန်းမဆိုပြီးအာဏာပြပေအုံးမည်

"ဒီနေ့တရက်ပဲ"

"အွန်းပါ အဲလောက်အဖြစ်သည်းမနေနဲ့ ယဥ်လည်း နင်နဲ့မအိပ်ချင်ပါဘူးနော် အခုကမလွှဲသာလို့"

"နန်းစုယဥ်"

ယဥ်ကုတင်ပေါ်တက်ကာနေရာယူလိုက်တော့ ညီခန့်ကအော်လေသည်
ယဥ်နားမလာသလိုတချက်ကြည့်လိုက်တော့ ညီခန့်ကယဥ့်အားလက်ပိတ်ပြီးကြည့်နေ၏

"မင်းအဲမှာအိပ်ရမှာမဟုတ်ဘူး "

"ဟင် ဒါဆိုဘယ်မှာလဲ အခန်းထဲတော့ပြန်မသွားဘူးလို့ပြောပြီးပြီမလား"

"ဒီပေါ်မှာ"

ဆိုဖာကိုမှေးထိုးပြလိုက်တော့ စိတ်ပျက်သွားရသည်

"အား! အဲမှာယဥ်မအိပ်တတ်ဘူး"

"ဒါဆိုလည်း မင်းအခန်းထဲပြန်ကြွလိုက်တော့"

"ဟွန့်!အကျင့်ပုတ်လိုက်တာ တစ်ရက်ကလေးပဲကို ရုပ်ကလေးနဲ့မှမလိုက်အစကဒီလိုမှန်းမသိခဲ့ဘူး "

"မင်းဘာတွေ တိုးတိုးပြောနေတာလဲ ငါကြားတယ်နော် "

"မဟုတ်ပါဘူး ဆိုဖာပေါ်မှာပဲအိပ်မယ် လို့ လာပြီလာပြီ"

"အင့် ဘုန်း!!" မှတ်ပလား ကုတင်ကျိုးသွားပါစေ။

"အား!!!နန်းစုယဥ်!! မင်း မင်း"

"ဘာလဲ !!ဘာတွေစွတ်အော်နေတာလဲ ငါခုန်ဆင်းလိုက်ရုံနဲ့နင့်ကုတင်ကျိုးမသွားဘူးစိတ်ချ ကပ်စေးနေးလိုက်တာ"

"မင်းဘော်လီသွား၀တ်အခု!!"

"အမ်!!"

ညီ့မျက်နှာတစ်ခုလုံး နီမြန်းနေတော့မှယဥ်သဘောပေါက်လိုက်တော့သည် ဟုတ်သားပဲ ယဥ်မှဘော်လီမ၀တ်ထားတာ ဂါ၀န်ကလည်းလည်ဟိုက်မို့ အတွင်းသားနဲနဲမြင်နေရသည် ယဥ်ကခုန်ဆင်းလိုက်တော့ ပေါ်သွားဟန်ပါ

"ကျစ် !!မင်း မင်း တော်တော်အရှက်မရှိတာပဲ"

ညီသည် ယဥ်အားပြောဆိုပြီး ရေချိုးခန်းထဲသာ တန်း၀င်သွားလေ၏...

မျှော်
အပိုင်းတိုသွားတယ်နော်
ခုရေးခုတင်ပဲ😘
စာမစစ်တော့ဘူး

အရေးအသားမပေါ်လွင်ခဲ့ရင်ကြိုတောင်းပန်ပါတယ်🙏🙏🙏


မရဲဝံ့ပေ နန်းစုယဉ်ကိုလည်း သူချစ်မနေချေ...ဒါမဲ့ကိုယ်မချစ်တဲ့သူနဲ့အတူတူနေရမယ့်ဝဠ်ကပါလာ၏ မချစ်သော်လည်းအောင့်ကာနမ်းရအောင်လည်း နန်းစုယဉ်က ဘယ်လိုမိန်းခလေးမှန်းညီခန်အသိဆုံးပင် သူ့အပြင်ဘယ်နှစ်ယောက်များရှိနေလိမ့်မလဲ သူတပ်အပ်မပြောနိုင်ပေ အဲအထဲမှ ညီ့ခန့်ကတော့ကံစပ်မဲပေါက်သလို ဖြစ်သွား၏


"ဟယ်လို ညီလား"



"အိမ်ပြန်လာမယ်မလား!"




"အပိုမပြောပါနဲ့ညီ ငါကနင့်မိန်းမလေ ကိုယ့်ယောက်ျားကိုအိမ်ပြန်လာဖို့ခေါ်တာတောင် ငါကဘာကိုထင်နေရအုံးမလဲ နင်မလာဘူးပေါ့ အဲတာဆို နင်ရှိတဲ့နေရာကိုငါလာခဲ့မယ် ရလား"





"..."

.

.
.










"စားလာပြီးပြီ"


"....."



ညီခန့်နန်းစုရည်အားဘာမြှပန်မပြောဘဲသူ့အခန်းထဲသာဝင်သွားလိုက်တော့သည် ညီခန့်အခန်းမှာ တံခါးညာဖက်ထောင့်မှအခန်းဖြစ်ပြီးနန်းစုယဉ်ကိုတော့အပေါ်ထပ်မှအခန်းကိုပေးထား၏



"ရော့ ဒီမှာရပြီ"

"အွန်း"


"မင်းအိပ်သေးဘူးလား"




ယဉ်ကျေနပ်မိလေသည်


ဒီနေ့တော့ နဲနဲစိတ်ကြည်လင်နေသလိုခံစားနေရသည် အလုပ်လည်းပငျပန်းထားတာကြောင့်တန်း၍အိပ်ပျော်သွား၏

ဝူးဝူးဝူးးဝူး

ဝူးဝူးဝူး


ခဏအကြာမှာတော့
ညီက မျက်လုံးကိုလက်ဖြင့်ပွက်လျှက် ယဥါအား နားမလည်သလိုကြည့်လာသည်

"ဘာလဲ ဒီအချိန်ကြီး"


"အဲတော့ "


"ကျစ်!!"


"ဒီနေ့တရက်ပဲ"


"နန်းစုယဉ်"




"ဒီပေါ်မှာ"




"ဟွန့်!အကျင့်ပုတ်လိုက်တာ တစ်ရက်ကလေးပဲကို ရုပ်ကလေးနဲ့မှမလိုက်အစကဒီလိုမှန်းမသိဘူး "







"အမ်!!"




မျှော်
ခုရေးခုတင်ပဲ😘
စာမစစ်တော့ဘူး


Continue Reading

You'll Also Like

53.5K 2.1K 43
လူတိုင်းရဲ့ဘဝမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထောက်ပံ့အဖြစ် ဆွဲကိုင်ထားတဲ့ ဆောင်ပုဒ်တစ်ခုဆီတော့ရှိကြတာပဲ။ ငါ့မှာလည်း အဲ့လိုမျိုးဆောင်ပုဒ်တစ်ခု ရှိခဲ့ဖူးတယ်။...
124K 15.8K 114
ආදරේ කියන දෙය වචනෙන්ම කියන්න ඕන නෑ නේ ? -ආරධ්‍ය ශෙහාන්- ඒත් ආදරේ දැනෙන්න දෙන්න පුල...
24.8K 1.1K 6
ZawGyi code is below. Another little first love story
69.9K 1.5K 10
" I LOVE YOU" Perfect means nothing to me without you. " အဲ့ဒီသူနဲ့ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုကိုထူထောင်ဖို့ယုံကြည်ချက်ရှိတဲ့တစ်နေ့ကျွန်မလက်ထပ်မယ် "...