အဆုံးမရှိတန်ခိုးထွားလှပါသောအမ...

By dream_n99

199K 23.8K 171

Genre- Drama Fantasy Historical Romance Slice of Life Author(s)- 静似骄阳 Associated Names- 穿书七零:我的炮灰丈夫十项全能 Eng N... More

Discription
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
ဂရုရပါပြီ🎉
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43+44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108

Chapter 70

1.8K 244 1
By dream_n99

Chapter 70 –  ကျိုးလိုင်အာရဲ့မင်္ဂလာပွဲ

.

လက်ရှိတွင် ပညာတတ်လူငယ်များလူငယ်များနေရာသည် အတော်လေးတိတ်ဆိတ်နေပြီး လူတိုင်းသည်မနက်ကအဖြစ်အပတက်ကြောင့် သက်ရောက်မှုခံနေရဆဲဖြစ်နိုင်ကာ အတော်လေးနှုတ်ဆိတ်နေကြသည်။

လုရှအခန်းထဲဝင်လာချိန်တွင် ကျိုးလိုင်အာသည်ယွီဖန်းအိပ်လေ့ရှိတဲ့နေရာမှာ လှဲလျောင်းနေတာကိုမြင်လိုက်ရသည်။ သူမပဟေဠိဖြစ်သွားပေမဲ့ လတ်တလောတွင်အခန်းထဲမှာဘယ်သူမှမရှိတာကြောင့် ထိုနောက်ကွယ်ကအကြောင်းရင်းကို မသိခဲ့ရပေ။

အခန်းထဲတွင်ခဏတဖြုတ်နေပြီးနောက် လုရှသည်လျှော်ဖို့လိုတဲ့အဝတ်အစားတွေကိုယူကာ မြစ်ကမ်းနံဘေးကိုထွက်လာခဲ့ပြီး ရှန်ချင်းချင်းနဲ့ဆုံလိုက်သည်။ သူမရှန်ချင်းချက်းကိုမေးမြန်းကြည့်လိုက်ရာ သူမတို့မြို့ကိုထွက်သွားကြတော့ ကျိုးလိုင်အာကိုရွာသားတွေက ပြန်လာပို့ပေးသွားခဲ့ကြောင်း သိလိုက်ရသည်။

နောက်တော့ ဟူကျန့်ကျွင်းလည်းရောက်လာသည်။ သူကချန်းရွှယ်နဲ့စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းရန်လာခဲ့သည်။ ချန်းရွှယ်သည်မလိုလားပေမဲ့ ဒီအခြေအနေကိုသူမမပြောင်းလဲပစ်နိုင်ခဲ့ပေ။

နောက်တော့ ဟူကျန့်ကျွင်းထွက်သွားပြီး ချန်းရွှယ်နဲ့ကျိုးလိုင်အာတို့ရန်ဖြစ်ခဲ့ကြသည်။ ချန်းရွှယ်သည်ရုပ်ပိုင်းဆိုင်ရာ အားနည်းနူးညံ့သူဖြစ်ပေမဲ့ ကျိုးလိုင်အာသည်လည်းမြစ်ထဲခုန်ချ၊ တစ်မနက်လုံးငိုကြွေးထားပြီး အများကြီးဖြတ်ကျော်ခဲ့ရရာ သူမမှာလည်းအားသိပ်မကျန်တော့ပေ။

နှစ်ယောက်သားကညီတူမျှတူလက်ရည်တူခဲ့ကြပြီ နောက်ဆုံးမှာတခြားသူတွေဝိုင်းခွဲပေးလိုက်ကြပေမဲ့ တစ်ခန်းထဲအတူဆက်မနေတော့ပေ။ နောက်တော့ စွင်းရှန်းနန်ကကျိုးလိုင်အာနဲ့ယွီဖန်းတို့ကို အခန်းလဲကြဖို့အတွက် ဆုံးဖြတ်ပေးခဲ့သည်။

ဘာပဲဖြစ်ဖြစ် သူမကရက်အနည်းငယ်အတွင်းမှာလက်ထပ်တော့မှာဖြစ်ပြီး အဲ့ဒီအခါကျလူငါးယောက်ရှ်ိတဲ့လုရှတို့အခန်းသည်လည်း နောက်တစ်ခန်းကိုပြောင်းပေးရမည်ဖြစ်သည်။ ထို့ကြောင့် ကျိုးလိုင်အာကသူမတို့အခန်းထဲရှိနေတာပင်။

အခန်းတွေလဲပြီးနောက် ကျိုးလိုင်အာသည်အမှန်တကယ်အားနည်းသွားခဲ့ပုံရပြီး တစ်ချိန်လုံးလှဲလျောင်းနေခဲ့သည်။ ဒါပေမဲ့ သူမလုပ်ခဲ့တဲ့အပြုအမူတွေကြောင့် ဘယ်သူကမှသူမအဆင်ပြေရဲ့လားလို့ အပင်ပန်းခံမမေးမြန်းခဲ့ကြပေ။

ချန်းရွှယ်ကတော့ သူမလည်းငိုယိုလျက်နောက်တစ်ခန်းထဲမှာလှဲလျောင်းနေသည်။ ပညာတတ်လူငယ်များနေရာကလေထုသည် သိပ်မကောင်းလှပေ။ ဖြစ်စဉ်ကိုကြားလိုက်ရတော့ လုရှသက်ပြင်းချလိုက်သည်။ မင်္ဂလာပွဲတစ်ခုကဒီလောက်ပြဿနာတွေဖြစ်စေမယ်လို့ ဘယ်သူကထင်မိမှာလဲ?

ကျိုးလိုင်အာသည်ပညာတတ်လူငယ်များနေရာမှာ ရေပန်းစားမှုအားလုံးဆုံးရှုံးသွားခဲ့ပုံရသည်။ ဘာပဲဖြစ်ဖြစ် လူတိုင်းကသူမရဲ့အကြံအစည်တွေကို ထွင်းဖောက်မြင်နိုင်ကြပါသည်။

ဒါပေမဲ့ သူတို့မြင်နိုင်ရင်တောင် ဘယ်သူကမှရွာသားတွေကိုပြောပြမည်မဟုတ်ပေ။ နောက်ဆုံးမှာတော့ ကျိုးလိုင်အာကဘယ်လောက်ပဲဆိုးရွားနေပါစေ သူမကပညာတတ်လူငယ်တွေကို ကိုယ်စားပြုနေတုန်းပင်။ ရွာသားတွေရဲ့မျက်လုံးထဲမှာ သူတို့ကအုပ်စုတစ်ခုတည်းဖြစ်သည်။

ပညာတတ်လူငယ်တွေဘယ်လောက်အကောက်ကြံတတ်ကြောင်း သူများတွေသာသိသွားမယ်ဆိုရင် သူတို့အပေါ်ရွာသားတွေရဲ့ထင်မြင်ချက်က ပို၍ပင်ဆိုးရွားသွားနိုင်ပေသည်။ ထို့ကြောင့် သူတို့ကဒီအကြောင်းမသိချင်ယောင်ဆောင်ထားကြရသည်။

ချန်းရွှယ်လည်းဒါကိုသဘောပေါက်တာဖြစ်နိုင်ပြီး ဒါကြောင့်ပဲသူမအသည်းတွေကွဲကြေရပေမဲ့ ပြဿနာဆက်မရှာနိုင်ခဲ့တာပါပဲ။ ဘာပဲဖြစ်ဖြစ် အခုချိန်မှာသူမကနစ်နာသူတစ်ယောက်ဖြစ်ပြီး သူမသာဆက်ပြဿနာရှာမယ်ဆိုပါက လူ‌တိုင်းကသူမကိုမကျေမနပ်ဖြစ်သွားကြပြီး ရရှိမှာကဆုံးရှုံးမှာနဲ့မတန်ဖြစ်သွားပေလိမ့်မည်။

သူမနဲ့ဟူကျန့်ကျွင်းတို့ကအတူရှိဖို့ရေစက်မပါခဲ့ဟုပဲ ဆိုနိုင်သည်။

လုရှသက်ပြင်းချလိုက်မိပေမဲ့ သူများတွေရဲ့ကိစ္စကသူမနဲ့ဘာမှမဆိုင်ပါချေ။ ညဖက်အိပ်ရာဝင်ချိန်မှာပင် လူတိုင်းသည်ကျိုးလိုင်အာကိုလျစ်လျူရှူထားခဲ့ကြလေသည်။ သူတို့တွေအံ့အားသင့်သွားကြရသည်မှာ ကျိုးလိုင်အာနဲ့ဟူကျန့်ကျွင်းတို့သည် နောက်ရက်တွင်လက်ထပ်မှတ်ပုံတင်ယူခဲ့ကြပြီး မင်္ဂလာပွဲလေးပင်မကျင်းပခဲ့ကြပေ။ သူတို့ကကျင်းပပေးဖို့ရည်ရွယ်ချက်မရှိဘူးလို့ဆိုကြသည်။

ဒီရုတ်တရက်သတို့သမီးအပြောင်းအလဲက ဟူမိသားစုကိုအရှက်ရသွားစေတာဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ပြင် အမေဟူသည်ကျိုးလိုင်အာအပေါ် မနှစ်မြို့ကြောင်း‌အတော်လေးသိသိသာသာလုပ်ခဲ့သည်။

ကျိုးလိုင်အာဒေါသဖြစ်ရပေမဲ့ သူမရဲ့လက်ရှိအနေအထားကို အရင်ကအခြေအနေနဲ့ယှဉ်ကြည့်လိုက်တဲ့အခါ စိတ်သက်သာသလိုလည်းခံစားလိုက်ရသည်။ လက်ထပ်မှတ်ပုံတင်ရယူပြီးနောက် အရာအားလုံးအတည်ဖြစ်သွားရာ မပြောင်းလဲနိုင်တော့ပေ။ ထို့ကြောင့် ထိုနေ့ပညာတတ်လူငယ်များနေရာဆီပြန်ရောက်လာချိန်တွင် ဟူမိသားစုအိမ်ကိုချက်ချင်းပြောင်းရွှေ့သွားရန် ရည်ရွယ်လျက် သူမရဲ့ပစ္စည်းပစ္စယတွေကိုစိတ်အားထက်သန်စွာ စတင်ထုတ်ပိုးတော့သည်။

လက်ထပ်ပြီးနောက်မှာပဲ သူမပြောင်းသွားဖို့ပြင်ဆင်နေကြောင်း ပညာတတ်လူငယ်များနေရာကလူတွေသိသွားကြချိန်တွင် သူတို့ကဘာမှမပြောခဲ့ကြသလို တခြားပညာတတ်လူငယ်တွေလက်ထပ်သွားတော့ လက်ဆောင်ပေးခဲ့ကြသလိုမျိုး သူမကိုဘယ်သူကမှလက်ဆောင်မပေးခဲ့ကြပေ။ သူတို့ကသူမရဲ့စရိုက်ကိုမကြိုက်တာ ရှင်းလင်းပါသည်။

ဒါပေမဲ့ ကျိုးလိုင်အာကတော့စိတ်ထဲမရှိပေ။ ဆန့်ကျင်ဖက်အနေနဲ့ သူမကပျော်ရွှင်နေသည်။ ညစာစားချိန်အတွင်း အားလုံးရှိနေကြချိန်မှာ သူမကပြုံးပြီးအားလုံးကိုဝေပေးရန် သကြားလုံးအနည်းငယ်ထုတ်ယူလာခဲ့သည်။

" အစ်ကိုကျန့်ကျွင်းနဲ့ကျွန်မရဲ့မင်္ဂလာဆောင်က အဆောတလျင်ဖြစ်သွားခဲ့တော့ မင်္ဂလာပွဲမကျင်းပနိုင်ခဲ့ဘူး ကျွန်မကရက်အနည်းငယ်အတွင်းမှာစစ်တပ်ထဲလိုက်သွားတော့မှာ နင်တို့ကိုထပ်တွေ့နိုင်ပါ့မလားမသေချာဘူးရယ် ကျွန်မတို့ကပညာတတ်လူငယ်များနေရာတစ်ခုထဲမှာ ဒီလောက်အကြာကြီးအတူနေခဲ့ကြတာ ဒါကြောင့်ဒီသကြားလုံးတွေကို လူတိုင်းအတွက်ဝေပေးလိုက်မယ် ဒါတွေကိုကျွန်မရဲ့ကောင်းချီးမင်္ဂလာလို့သတ်မှတ်ပြီး အားလုံးကိုပျော်စရာတွေဝေမျှပါရစေ"

သူမရဲ့စိတ်ရင်းမှန်ပေမဲ့ လေလုံးထွားတဲ့စကားလုံးတွေကိုနားထောင်ပြီး ဘယ်သူကမှဘာမှမပြောခဲ့ကြပေ။ စားပွဲနှစ်ဖက်စလုံးသည် နှုတ်ဆိတ်နေမြဲနှုတ်ဆိတ်နေလျက်ပင်။

လုရှပင်ကျိုးလိုင်အာအစားရှက်သလိုခံစားလိုက်ရသည်။

Zawgyi

Chapter 70   က်ိဳးလိုင္အာရဲ႕မဂၤလာပြဲ

.

လက္ရွိတြင္ ပညာတတ္လူငယ္မ်ားလူငယ္မ်ားေနရာသည္ အေတာ္ေလးတိတ္ဆိတ္ေနၿပီး လူတိုင္းသည္မနက္ကအျဖစ္အပတက္ေၾကာင့္ သက္ေရာက္မႈခံေနရဆဲျဖစ္နိုင္ကာ အေတာ္ေလးႏႈတ္ဆိတ္ေနၾကသည္။

လုရွအခန္းထဲဝင္လာခ်ိန္တြင္ က်ိဳးလိုင္အာသည္ယြီဖန္းအိပ္ေလ့ရွိတဲ့ေနရာမွာ လွဲေလ်ာင္းေနတာကိုျမင္လိုက္ရသည္။ သူမပေဟဠိျဖစ္သြားေပမဲ့ လတ္တေလာတြင္အခန္းထဲမွာဘယ္သူမွမရွိတာေၾကာင့္ ထိုေနာက္ကြယ္ကအေၾကာင္းရင္းကို မသိခဲ့ရေပ။

အခန္းထဲတြင္ခဏတျဖဳတ္ေနၿပီးေနာက္ လုရွသည္ေလွ်ာ္ဖို႔လိုတဲ့အဝတ္အစားေတြကိုယူကာ ျမစ္ကမ္းနံေဘးကိုထြက္လာခဲ့ၿပီး ရွန္ခ်င္းခ်င္းနဲ႕ဆုံလိုက္သည္။ သူမရွန္ခ်င္းခ်က္းကိုေမးျမန္းၾကည့္လိုက္ရာ သူမတို႔ၿမိဳ႕ကိုထြက္သြားၾကေတာ့ က်ိဳးလိုင္အာကို႐ြာသားေတြက ျပန္လာပို႔ေပးသြားခဲ့ေၾကာင္း သိလိုက္ရသည္။

ေနာက္ေတာ့ ဟူက်န႔္ကြၽင္းလည္းေရာက္လာသည္။ သူကခ်န္း႐ႊယ္နဲ႕ေစ့စပ္ေၾကာင္းလမ္းမႈကို ဖ်က္သိမ္းရန္လာခဲ့သည္။ ခ်န္း႐ႊယ္သည္မလိုလားေပမဲ့ ဒီအေျခအေနကိုသူမမေျပာင္းလဲပစ္နိုင္ခဲ့ေပ။

ေနာက္ေတာ့ ဟူက်န႔္ကြၽင္းထြက္သြားၿပီး ခ်န္း႐ႊယ္နဲ႕က်ိဳးလိုင္အာတို႔ရန္ျဖစ္ခဲ့ၾကသည္။ ခ်န္း႐ႊယ္သည္႐ုပ္ပိုင္းဆိုင္ရာ အားနည္းႏူးညံ့သူျဖစ္ေပမဲ့ က်ိဳးလိုင္အာသည္လည္းျမစ္ထဲခုန္ခ်၊ တစ္မနက္လုံးငိုေႂကြးထားၿပီး အမ်ားႀကီးျဖတ္ေက်ာ္ခဲ့ရရာ သူမမွာလည္းအားသိပ္မက်န္ေတာ့ေပ။

ႏွစ္ေယာက္သားကညီတူမွ်တူလက္ရည္တူခဲ့ၾကၿပီ ေနာက္ဆုံးမွာတျခားသူေတြဝိုင္းခြဲေပးလိုက္ၾကေပမဲ့ တစ္ခန္းထဲအတူဆက္မေနေတာ့ေပ။ ေနာက္ေတာ့ စြင္းရွန္းနန္ကက်ိဳးလိုင္အာနဲ႕ယြီဖန္းတို႔ကို အခန္းလဲၾကဖို႔အတြက္ ဆုံးျဖတ္ေပးခဲ့သည္။

ဘာပဲျဖစ္ျဖစ္ သူမကရက္အနည္းငယ္အတြင္းမွာလက္ထပ္ေတာ့မွာျဖစ္ၿပီး အဲ့ဒီအခါကျလူငါးယောက်ရှ်ိတဲ့လုရှတို့အခန်းသည်လည်း ေနာက္တစ္ခန္းကိုေျပာင္းေပးရမည္ျဖစ္သည္။ ထို႔ေၾကာင့္ က်ိဳးလိုင္အာကသူမတို႔အခန္းထဲရွိေနတာပင္။

အခန္းေတြလဲၿပီးေနာက္ က်ိဳးလိုင္အာသည္အမွန္တကယ္အားနည္းသြားခဲ့ပုံရၿပီး တစ္ခ်ိန္လုံးလွဲေလ်ာင္းေနခဲ့သည္။ ဒါေပမဲ့ သူမလုပ္ခဲ့တဲ့အျပဳအမူေတြေၾကာင့္ ဘယ္သူကမွသူမအဆင္ေျပရဲ႕လားလို႔ အပင္ပန္းခံမေမးျမန္းခဲ့ၾကေပ။

ခ်န္း႐ႊယ္ကေတာ့ သူမလည္းငိုယိုလ်က္ေနာက္တစ္ခန္းထဲမွာလွဲေလ်ာင္းေနသည္။ ပညာတတ္လူငယ္မ်ားေနရာကေလထုသည္ သိပ္မေကာင္းလွေပ။ ျဖစ္စဥ္ကိုၾကားလိုက္ရေတာ့ လုရွသက္ျပင္းခ်လိဳက္သည္။ မဂၤလာပြဲတစ္ခုကဒီေလာက္ျပႆနာေတြျဖစ္ေစမယ္လို႔ ဘယ္သူကထင္မိမွာလဲ?

က်ိဳးလိုင္အာသည္ပညာတတ္လူငယ္မ်ားေနရာမွာ ေရပန္းစားမႈအားလုံးဆုံးရႈံးသြားခဲ့ပုံရသည္။ ဘာပဲျဖစ္ျဖစ္ လူတိုင္းကသူမရဲ႕အႀကံအစည္ေတြကို ထြင္းေဖာက္ျမင္နိုင္ၾကပါသည္။

ဒါေပမဲ့ သူတို႔ျမင္နိုင္ရင္ေတာင္ ဘယ္သူကမွ႐ြာသားေတြကိုေျပာျပမည္မဟုတ္ေပ။ ေနာက္ဆုံးမွာေတာ့ က်ိဳးလိုင္အာကဘယ္ေလာက္ပဲဆိုး႐ြားေနပါေစ သူမကပညာတတ္လူငယ္ေတြကို ကိုယ္စားျပဳေနတုန္းပင္။ ႐ြာသားေတြရဲ႕မ်က္လုံးထဲမွာ သူတို႔ကအုပ္စုတစ္ခုတည္းျဖစ္သည္။

ပညာတတ္လူငယ္ေတြဘယ္ေလာက္အေကာက္ႀကံတတ္ေၾကာင္း သူမ်ားေတြသာသိသြားမယ္ဆိုရင္ သူတို႔အေပၚ႐ြာသားေတြရဲ႕ထင္ျမင္ခ်က္က ပို၍ပင္ဆိုး႐ြားသြားနိုင္ေပသည္။ ထို႔ေၾကာင့္ သူတို႔ကဒီအေၾကာင္းမသိခ်င္ေယာင္ေဆာင္ထားၾကရသည္။

ခ်န္း႐ႊယ္လည္းဒါကိုသေဘာေပါက္တာျဖစ္နိုင္ၿပီး ဒါေၾကာင့္ပဲသူမအသည္းေတြကြဲေၾကရေပမဲ့ ျပႆနာဆက္မရွာနိုင္ခဲ့တာပါပဲ။ ဘာပဲျဖစ္ျဖစ္ အခုခ်ိန္မွာသူမကနစ္နာသူတစ္ေယာက္ျဖစ္ၿပီး သူမသာဆက္ျပႆနာရွာမယ္ဆိုပါက လူတိုင္းကသူမကိုမေက်မနပ္ျဖစ္သြားၾကၿပီး ရရွိမွာကဆုံးရႈံးမွာနဲ႕မတန္ျဖစ္သြားေပလိမ့္မည္။

သူမနဲ႕ဟူက်န႔္ကြၽင္းတို႔ကအတူရွိဖို႔ေရစက္မပါခဲ့ဟုပဲ ဆိုနိုင္သည္။

လုရွသက္ျပင္းခ်လိဳက္မိေပမဲ့ သူမ်ားေတြရဲ႕ကိစၥကသူမနဲ႕ဘာမွမဆိုင္ပါေခ်။ ညဖက္အိပ္ရာဝင္ခ်ိန္မွာပင္ လူတိုင္းသည္က်ိဳးလိုင္အာကိုလ်စ္လ်ဴရႉထားခဲ့ၾကေလသည္။ သူတို႔ေတြအံ့အားသင့္သြားၾကရသည္မွာ က်ိဳးလိုင္အာနဲ႕ဟူက်န႔္ကြၽင္းတို႔သည္ ေနာက္ရက္တြင္လက္ထပ္မွတ္ပုံတင္ယူခဲ့ၾကၿပီး မဂၤလာပြဲေလးပင္မက်င္းပခဲ့ၾကေပ။ သူတို႔ကက်င္းပေပးဖို႔ရည္႐ြယ္ခ်က္မရွိဘူးလို႔ဆိုၾကသည္။

ဒီ႐ုတ္တရက္သတို႔သမီးအေျပာင္းအလဲက ဟူမိသားစုကိုအရွက္ရသြားေစတာျဖစ္ေကာင္းျဖစ္နိုင္သည္။ ထို႔ျပင္ အေမဟူသည္က်ိဳးလိုင္အာအေပၚ မႏွစ္ၿမိဳ႕ေၾကာင္းအေတာ္ေလးသိသိသာသာလုပ္ခဲ့သည္။

က်ိဳးလိုင္အာေဒါသျဖစ္ရေပမဲ့ သူမရဲ႕လက္ရွိအေနအထားကို အရင္ကအေျခအေနနဲ႕ယွဥ္ၾကည့္လိုက္တဲ့အခါ စိတ္သက္သာသလိုလည္းခံစားလိုက္ရသည္။ လက္ထပ္မွတ္ပုံတင္ရယူၿပီးေနာက္ အရာအားလုံးအတည္ျဖစ္သြားရာ မေျပာင္းလဲနိုင္ေတာ့ေပ။ ထို႔ေၾကာင့္ ထိုေန႕ပညာတတ္လူငယ္မ်ားေနရာဆီျပန္ေရာက္လာခ်ိန္တြင္ ဟူမိသားစုအိမ္ကိုခ်က္ခ်င္းေျပာင္းေ႐ႊ႕သြားရန္ ရည္႐ြယ္လ်က္ သူမရဲ႕ပစၥည္းပစၥယေတြကိုစိတ္အားထက္သန္စြာ စတင္ထုတ္ပိုးေတာ့သည္။

လက္ထပ္ၿပီးေနာက္မွာပဲ သူမေျပာင္းသြားဖို႔ျပင္ဆင္ေနေၾကာင္း ပညာတတ္လူငယ္မ်ားေနရာကလူေတြသိသြားၾကခ်ိန္တြင္ သူတို႔ကဘာမွမေျပာခဲ့ၾကသလို တျခားပညာတတ္လူငယ္ေတြလက္ထပ္သြားေတာ့ လက္ေဆာင္ေပးခဲ့ၾကသလိုမ်ိဳး သူမကိုဘယ္သူကမွလက္ေဆာင္မေပးခဲ့ၾကေပ။ သူတို႔ကသူမရဲ႕စရိုက္ကိုမႀကိဳက္တာ ရွင္းလင္းပါသည္။

ဒါေပမဲ့ က်ိဳးလိုင္အာကေတာ့စိတ္ထဲမရွိေပ။ ဆန႔္က်င္ဖက္အေနနဲ႕ သူမကေပ်ာ္႐ႊင္ေနသည္။ ညစာစားခ်ိန္အတြင္း အားလုံးရွိေနၾကခ်ိန္မွာ သူမကၿပဳံးၿပီးအားလုံးကိုေဝေပးရန္ သၾကားလုံးအနည္းငယ္ထုတ္ယူလာခဲ့သည္။

" အစ္ကိုက်န႔္ကြၽင္းနဲ႕ကြၽန္မရဲ႕မဂၤလာေဆာင္က အေဆာတလ်င္ျဖစ္သြားခဲ့ေတာ့ မဂၤလာပြဲမက်င္းပနိုင္ခဲ့ဘူး ကြၽန္မကရက္အနည္းငယ္အတြင္းမွာစစ္တပ္ထဲလိုက္သြားေတာ့မွာ နင္တို႔ကိုထပ္ေတြ႕နိုင္ပါ့မလားမေသခ်ာဘူးရယ္ ကြၽန္မတို႔ကပညာတတ္လူငယ္မ်ားေနရာတစ္ခုထဲမွာ ဒီေလာက္အၾကာႀကီးအတူေနခဲ့ၾကတာ ဒါေၾကာင့္ဒီသၾကားလုံးေတြကို လူတိုင္းအတြက္ေဝေပးလိုက္မယ္ ဒါေတြကိုကြၽန္မရဲ႕ေကာင္းခ်ီးမဂၤလာလို႔သတ္မွတ္ၿပီး အားလုံးကိုေပ်ာ္စရာေတြေဝမွ်ပါရေစ"

သူမရဲ႕စိတ္ရင္းမွန္ေပမဲ့ ေလလုံးထြားတဲ့စကားလုံးေတြကိုနားေထာင္ၿပီး ဘယ္သူကမွဘာမွမေျပာခဲ့ၾကေပ။ စားပြဲႏွစ္ဖက္စလုံးသည္ ႏႈတ္ဆိတ္ေနၿမဲႏႈတ္ဆိတ္ေနလ်က္ပင္။

လုရွပင္က်ိဳးလိုင္အာအစားရွက္သလိုခံစားလိုက္ရသည္။

Continue Reading

You'll Also Like

178K 3.1K 22
Literally in love with Dead Poets Society. Just a little collection of preferences and imagines I've written and (finally) decided to publish. Feel...
213K 10.1K 55
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...
113K 4.6K 43
(This is not machine translated!) (Starts from chapter 241.) A guy in his late twenties one day wakes up in someone else's body and realises he's gon...
24K 754 14
•You are mine• [Min Yoongi] [BTS AU]