မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...

By XiaoManTou96

204K 33.9K 987

Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... More

Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး

971 161 22
By XiaoManTou96

Unicode

ခုနှစ်နာရီခွဲတွင်တော့ ဟဲကျင့်၏ မျက်ခွံများအနည်းငယ် လှုပ်သွားပြီး ဖြည်းညှင်းစွာ သတိပြန်လည်လာခဲ့သည်။

သူ့ရဲ့ဇီဝနာရီကြောင့် နိုးလာသော်လည်း သူ့တစ်ကိုယ်လုံး ကျိုးကြေသွားသလို ခံစားနေရသည်။ သူကအိပ်ရာပေါ်မှာလှဲနေခဲ့ပြီး အထူးသဖြင့် သူ၏ ခါး၊ တင်ပါးနှင့် ခြေထောက်တွေက ဦးနှောက်ရဲ့ ညွှန်ကြားချက်များကို မလိုက်နာနိုင်နေချေ။ ပြီးတော့ သူ့အားတစ်စက်မှလည်းမရှိတော့ပါ

"အာ့..."

သူသည် သူ့ခန္ဓာကိုယ်ကိုဖြေးဖြေးလေးရွှေ့လိုက်သော်လည်း သူ့ခြေထောက်တွေကတော့မလုပ်ပါနဲ့လို့အော်ဟစ်နေလေရဲ့ပြီးတော့ သူ့မျက်လုံးကိုလည်းတစ်ဝက်ပဲဖွင့်လို့ရပါ၏ဘာကြောင့်ဆို သူ့မျက်ခွံတွေကမို့အစ်နေလို့ပါပဲ

"ဘုရားရေ..."

သူအမှန်တကယ်ဘာဖြစ်ခဲ့တာလဲဆိုတာ သတိထားမိသွားတဲ့နောက်မှာတော့ဟဲကျင့်၏ မျက်နှာက ဖြူဖျော့သွားခဲ့တော့တာပဲ!

အရက်အလွန်အကျွံသောက်ပြီးနောက် သတိလွတ်သွားခဲ့ရာ သူစိမ်းတစ်ယောက်ကဟိုတယ်ကိုခေါ်သွားတာကိုတောင် သူကချင်ယွီလို့အထင်မှားသွားသေးတယ်တဲ့!

ဟုတ်တာပေါ့ အဲ့ဒါကြောင့်သူတစ်ညလုံးချင်ယွီနဲ့ လုပ်နေတယ်ဆိုပြီးနွေဦးအိမ်မက်တွေမက်နေတာ! သူတို့နှစ်ယောက်လုံး ရူးသွပ်ခဲ့ကြပြီး သူတို့ကိုယ်သူတို့ လုံးဝအရိုင်းဆန်ခွင့်ပေးခဲ့ကြတယ်။ ဟဲကျင့် သည် သူ့အလိုဆန္ဒထဲ၌ လုံးလုံးလျားလျားနစ်မြုပ်နေခဲ့ပြီး သူ့ကိုယ်သူ မဆွဲထုတ်နိုင်ခဲ့ပေ။

"ဘုရား...ဘုရား..."

ဟဲကျင့် က သူ့မျက်နှာကို လက်နဲ့ သုတ်လိုက်ပြီး သူရူးတော့မှာပဲ!

ဟဲကျင့် သည် သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတာကို ဂရုမစိုက်နိုင်ဘဲ ကုတင်ပေါ်မှ ထရန် ရုန်းကန်လိုက်ရာ သူ့ပခုံးပေါ်မှ ပိုးသားစောင်ကလျှောကျလာရာ သူ၏ ကိုယ်လုံးတီး ခန္ဓာကိုယ်ကို ပေါ်လွင်စေခဲ့သည်။

အဲဒီလူက ဘယ်သူလဲ? ဘာလို့သူ့ဆီကအဆွဲဆောင် ခံလိုက်ရတာလဲ? ပြီးတော့သူဘယ်တုန်းကထွက်သွားတာလဲ?...

ချင်ယွီများ...ဖြစ်နိုင်လောက်လား?

ဟဲကျင့်သည် ရဲတင်းသည့် ထင်မြင်ချက်ကြောင့် ထိတ်လန့်သွားပြီး လက်ကိုမြှောက်ကာ ပါးစပ်ကို အုပ်လိုက်သည်။ သူကသူ့ကိုယ်သူမဖြစ်နိုင်ဘူးလို့တွေးလိုက်တယ် ဘာလို့ဆိုသူတို့နှစ်ယောက်အဆက်အသွယ်မရှိတာ သုံးနှစ်ရှိနေပြီလေ။သူကတနေ့တုန်းကတော့ Qမြို့ မှာ ရှိနေခဲ့တယ်ဆိုပေမယ့်လည်း သူကနာမည်ကြီးတဲ့သူဆိုတော့နေ့တိုင်းကအချိန်ပြည့်အလုပ်ရှိနေတာကို သူ့ကိုရှာဖို့ဘယ်လိုလုပ်အချိန်ပေးနိုင်မှာတဲ့လဲ။ပြီးတော့ သူဘားကနေအခေါ်သွားခံရတုန်းကသူလုံးဝသတိမလစ်သေးဘူး ချင်ယွီကဒီလိုနေရာမျိုးမှာပေါ်လာဖို့ဆိုတာဒီတိုင်းမဖြစ်နိုင်တာပါပဲ။ဟဲကျင့်မှာရေးတေးတေးမှတ်ဉာဏ်တော့ရှိပါသေးတယ် အဲ့လူဆီက စီးကရက်နံ့ရတယ်
အဲ့တော့အဲ့လူကဆေးလိပ်သောက်တတ်တဲ့လူပဲဖြစ်ရမယ် ချင်ယွီကဘယ်တုန်းကမှဆေးလိပ်မသောက်ခဲ့ပဲ။

သူ့ခေါင်းက ပေါက်ကွဲထွက်တော့မယ်။ ဟဲကျင့် က သူဘာလုပ်ရမှန်းမသိတော့သဖြင့် နာကျင်နေသလိုမျိုးဦးရေပြားကို ဆုပ်ကိုင်ထားလိုက်တော့သည်

သူ လှည့်ကြည့်လိုက်တော့ ဒါက အရမ်းအဆင့်မြင့်တဲ့ဟိုတယ်အခန်းမှန်း သိလိုက်ပေမယ့်လည်းသူ့ကို ဒီလိုလုပ်ခဲ့တဲ့လူကတော့ လုံးဝပျောက်ကွယ်သွားခဲ့ပြီပင်။ ကြမ်းပြင်ပေါ်တွင်တော့ သူ့အဝတ်အစားတွေက နေရာအနှံ့ပြန့်ကျဲနေကာရှုပ်ပွနေလေသည်။ပြီးတော့ ဖွင့်ဖောက်ထားတဲ့ကွန်ဒုံးဗူးလဲရှိနေလေရဲ့ အဲ့ဒါကမနေ့ညကအကန်သတ်မရှိအရိုင်းဆန်ခဲ့တယ်ဆိုတာကိုပြသနေသလိုမျိုးပဲ....

ဟဲကျင်ရှက်သွားကာဖြင့် ကုတင်ပေါ်မှ စောင်ကို ဖယ်လိုက်တော့သည်။သူကုတင်ပေါ်မှ ဆင်းရန် ကြိုးစားသော်လည်း အသိအသာကြီးသူ့ကိုယ်သူအရမ်းတွေစိတ်လွှတ်ထားသဖြင့် သူ့ခြေထောက်တွေကအားနည်းလွန်းနေကာ မတ်တပ်တောင်မရပ် နိုင်တော့သည်ကို တွေ့လိုက်ရလေသည်။သူထလိုက်တဲ့အချိန်မှာတော့ ခပ်နွေးနွေးအရာတွေဟာစီးကျလာတော့တာပါပဲ.... သေစမ်း!
ဟဲကျင့်ချက်ချင်းပင်နီမြန်းသွားတော့သည်။သူ သူ့ကိုယ်သူနံရံနဲ့သူပြေးဆောင့်ချင်လိုက်တော့တာပဲ!

လွန်ခဲ့သည့် 27 နှစ်တာကာလအတွင်း သူအရိုင်းဆန်ဆုံးနဲ့ပုံမှန်မဟုတ်သည့်အရာမှာ ချင်ယွီနဲ့တွေ့ဆုံခြင်းဖြစ်လိမ့်မည်ဟုထင်ခဲ့သော်လည်းဒီလိုအဖြစ်မျိုး ဖြစ်လာလိမ့်မည်ဟုသူမမျှော်လင့်ခဲ့ပေ။ အဲဒီလူက ဘယ်သူလဲဆိုတာကို အခုထိမမှတ်မိသေးတာကိုတော့ပြောမနေနဲ့တော့ပေါ့!

ကြမ်းပြင်ပေါ်ရှိ သူ့အဝတ်အစားအပုံထဲတွင် ဟဲကျင့်သည် သူ့လက်ပတ်ကို တွေ့လိုက်သည်။ miss call 30 ကျော်ရှိနေခဲ့သည်။ ဟဲကျင့်သည် ဖုန်းringtone သုံးရတာကိုမကြိုက်သောကြောင့် သူ့လက်ပတ်သည် vibrate မုဒ်တွင်သာအမြဲရှိနေခဲ့သည်။အဲ့လူက miss callတွေကိုများမကြားချင်ယောင်ဆောင်ခဲ့တာလား ဒါမှမဟုတ်သူပဲအဝတ်ပုံနဲ့ဖုံးလိုက်တာများလဲမပြောတတ်တော့ချေ။ဟဲကျင့်လုံးဝကို vibrateအသံကိုမကြားခဲ့တာနဲ့ ခေါ်ဆိုမူပေါင်း 30ကျော်လုံးကို လွတ်သွားတော့တာပါပဲ

အများစုမှာတော့ အိမ်က ဖုန်းခေါ်ထားခြင်းဖြစ်သည်။ သွမ့်ရှုရုန် ထံမှ miss call နှင့် မဖတ်ရသေးသော မက်ဆေ့ချ်အချို့လည်း ရှိခဲ့သည်။ ဟဲကျင့် က အဲဒါတွေကို ဖတ်ဖို့ အချိန်မရခဲ့သေးပဲအရင်ဆုံးအိမ်ကိုဖုန်းပြန်ခေါ်လိုက်သည်။

"ဟေး!" 

တစ်ဖက်က ဖုန်းကို ချက်ချင်း ကိုင်လာခဲ့ပြီးသူ့အမေကမေးလာခဲ့သည်

"ဟဲကျင့်! မင်းလား? မင်းဘယ်တွေရောက်နေတာလဲ!?"

"ဟေး အမေ..."

ဟဲကျင့်စကားစပြောလိုက်တဲ့အချိန်မှာတော့ သူ့အသံကသူထင်ထားတာထက်အက်ကွဲနေခဲ့တော့တာပါပဲ

"မင်းဘာဖြစ်တာလဲ!?"

သူ့အသံ တစ်ခုခုမှားနေပြီဆိုတာကို သူမကြားလိုက်ရပြီး သူမရဲ့သဘောထားက ချက်ချင်းပြောင်းလဲသွားခဲ့တော့သည်။ သူမသည် ဒေါသထွက်ခြင်းမှ စိုးရိမ်ခြင်းသို့ ပြောင်းလဲသွားခဲ့ပြီး

"မင်းအသံက ဘာဖြစ်နေတာလဲ?!"

ဟဲကျင့်သည် ခေါင်းမူး၍ထိုင်းမှိုင်းနေခဲ့သည်။သူကအပြည့်စုံဆုံးသောအလိမ်အညာကိုမပြောနိုင်ဘဲ အမှန်တဝက်ကိုသာပြောလိုက်​တော့သည်။

"ကျွန်တော်မနေ့ညကတစ်ယောက်ထဲသွားသောက်တာ အရမ်းနောက်ကျနေပြီးတော့ မူးလည်းမူးနေလို့။ကျွန်တော်အိမ်ပြန်လာပြီးအမေ့ကိုမနှိုးချင်တော့လို့ ပြီးတော့အမေ့ကိုစိတ်လဲမပူစေချင်လို့လေ အဲ့ဒါနဲ့အပြင်မှာပဲ ဟိုတယ်ခန်းငှါးပြီး အိပ်ပျော်သွားတာ ဖုန်းခေါ်ဖို့လည်းအချိန်မရလိုက်ဘူး"

ဟဲကျင့်ရဲ့အမေကစိတ်တိုသွားကာစိတ်ပျက်လက်ပျက်ပြောလာလေသည်။

"မင်းက တစ်ယောက်ထဲဘာလို့သွားသောက်ရတာလဲ?"

ဟဲကျင့်ကခဏလောက်တိတ်ဆိတ်သွားပြီးနောက်

"အမေ ကျွန်တော်ကအရှုံးသမားပဲထင်ပါတယ်"

ဟဲကျင့်ရဲ့အမေ: "မင်း..."

"အမေ"

ဟဲကျင့် က သူမကို ဖြတ်ပြောလိုက်ပြီးသူ့စိတ်တွေအခုထိရှင်းရှင်းလင်းလင်းမဖြစ်သေးကာပြောလိုက်သည်။

"ကျွန်တော် ဒီသုံးနှစ်အတွင်းမှာ အိမ်ထောင်ဘက်တွေအများကြီးတွေ့ခဲ့ရတယ် ပြီးတော့ မိန်းကလေးမျိုးစုံကိုလည်းမြင်တွေ့ခဲ့ရတယ်။အခုချိန်ထိမိန်းကလေးတယောက်တလေတောင်ကျွန်တော်နဲ့မတွဲချင်နေကြဘူးလေ။ကျွန်တော်လဲမိန်းမကောင်းလေးတွေ့ပြီးဆက်ဆံရေးလေးစတင်ချင်တာပေါ့ပြီးတော့မိသားစုတစ်ခု အဲ့ဒါဆိုအမေလဲပျော်ရမယ် ဒါပေမယ့်လည်းအဲ့ဒါကဘာလိုခက်ခဲနေလဲမသိပါဘူး..."

အရင်ညကဖြစ်ခဲ့တာတွေကိုတွေးမိတော့ ဟဲကျင့်ဆက်မပြောနိုင်တော့ဘူး။သူဒီသုံးနှစ်လုံးလုံးမျက်နှာဖုံးတပ်ပြီးကြိုးစားခဲ့ရသမျှဒီအခိုက်အတန့်မှာပြိုကွဲသွားတော့တာပဲ။သူမျှော်လင့်ချက်မဲ့သွားရကာသူဘာပြောပြောအဆိုးမြင်စကားတွေပဲထွက်လာတော့သည်

"အမေ ဒါကကျွန်တော့်ကံကြမ္မာပဲနေမှာပါ ကျွန်တော်ကအချစ်ခံရဖို့မထိုက်တန်သလို ပျော်ရွှင်ဖို့လဲမထိုက်တန်ပါဘူး"

"မင်းဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ?"

ဖုန်းတစ်ဖက်ရှိ အမျိုးသမီးသည် ရင့်ကျက်ပြီး နာခံမှုရှိသော သူ့သားကို ဤကဲ့သို့ ထူးဆန်းတဲ့အတွေးတွေ ရှိလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အစကတော့ သူ့ကို ပိုလို့တောင် အပြစ်တင်ချင်ခဲ့ပေမယ့် အခုတော့ မတင်နိုင်တော့ချေ။ထိုအခိုက်အတန့်တွင်သူမက ဟဲကျင့်ကိုနှစ်သိမ့်ပေးချင်ခဲ့သည်။

"မင်းကိုသွမ့်ရှုရုန်ကဘာမှမပြောဘူးလား?မနေ့ညကမင်းပြန်လာလို့ငါသူမကိုဖုန်းဆက်လိုက်တော့ သူမပြောတာကမင်းကတော်တော်ကောင်းပါတယ်တဲ့ သူမကမင်းအကြောင်းပိုသိချင်တယ်လိုတောင် ပြောသွားသေးတယ် ဟဲကျင့် မင်းတကယ်ပဲဘာဖြစ်ခဲ့တာလဲ?"

"အမေ သွမ့်ရှုရုန်ကို ခေါ်ခဲ့တာလား?"

ဟဲကျင့် အံ့ဩသွားရသည် သွမ့်ရှုရုန်ကသူ့အမေကိုလည်း တကယ်ကြီးဒီလိုပဲ ပြောခဲ့တာလား?

သူ့အမေ: "ဟုတ်တယ်လေ မင်းသူနဲ့ ညစာသွားစားမယ်လို့ မင်းပြောတယ်မဟုတ်လား? ည 10 နာရီအထိ မင်းကိုစောင့်နေခဲ့တာ မင်းအိမ်ပြန်မလာသေးလို့ ဖုန်းလဲခေါ်လို့မရတာနဲ့ သူမဆီဆက်လိုက်တာ သူမပြောတာတော့ ညစာစားပြီးတာနဲ့လမ်းခွဲခဲ့ကြတာတဲ့သူမလည်းမင်းပြန်ရောက်ပြီထင်နေတာတဲ့လေ"

ဟဲကျင့်က ထူးဆန်းနေတာကိုသိလိုက်ရတယ်။ သွမ့်ရှုရုန်နဲ့ ညစာစားမယ်လို့ သူ့အမေကိုပြောတုန်းက သူလိမ်ခဲ့တယ်ဆိုတာ အထင်အရှားကြီးပဲလေ။ သွမ့်ရှုရုန်ကအဲ့အလိမ်အညာကိုကာပြောပေးခဲ့တာလား?

ဟဲကျင့်ရဲ့အမေ:"မင်းအရက်တွေအများကြီးသောက်ပြီးအဲ့လိုပဲတွေးနေတာလား?ကောင်းပြီ အဲ့အကြောင်းအရင်ဆွေးနွေးရအောင်။အိမ်ကိုအမြန်ပြန်လာခဲ့!

ဖုန်းချပြီးနောက်တွင်တော့ ဟဲကျင့် သည် အခြား missed call များကို ထပ်မံကြည့်လိုက်သည်။ မနေ့ည 10:10 နာရီတွင်သွမ့်ရှုရုန် က သူ့ကို တစ်ကြိမ်ဖုန်းဆက်ထားခဲ့သည်။ သူ့ရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ ဆိုသူ့အမေသူမကိုခေါပြီးနောက်မှာ ဟဲကျင့်ကိုခေါ်ခဲ့တာပါပဲ။

အခုထိမနက် 8 နာရီတောင် မထိုးသေးသည့်အတွက်ကြောင့် သူမနိုးပြီလားဆိုတာလဲမသေချာပေ။သူကသွမ့်ရှုရုန်ကို မက်ဆေ့ချ်အရင်ပို့ထားဖို့လုပ်လိုက်သည် ဒါပေမယ့် သူ မက်ဆေ့ချ် ထဲဝင်လိုက်တဲ့အချိန်မှာတော့ သူအံ့ဩသွားခဲ့ရသည်။

မက်ဆေ့ချ်အသစ်တစ်ခုရှိနေခဲ့ပြီး ၎င်းသည် အမည်မသိနံပါတ်တစ်ခုမှပို့ထားတာဖြစ်သည်။ လွန်ခဲ့တဲ့ တစ်နာရီခန့် မနက် 6:44 AM ကပို့ထားတာဖြစ်ပြီးစာလုံးလေးလုံးသာပါလေသည်။-ကောင်းကောင်းအနားယူ

ဟဲကျင့် ထိတ်လန့်တုန်လှုပ်သွားရတော့သည် ဒီအချိန်ကြီး သူ့ကို ဘယ်သူက မက်ဆေ့ချ်ပို့မှာလဲ... မနေ့ညကအဲ့လူများလား?

ခဏကြာတော့ သူပြန်မတွေးရဲ့တဲ့လူကို တွေးလိုက်မိပေမယ့် အဲဒါက သူ့ရဲ့ထင်ယောင်ထင်မှားဖြစ်နေမှာကို စိုးရိမ်ပြီး အထောက်အထားကို အတည်ပြုဖို့ မက်ဆေ့တောင်ပြန်မပို့ရဲခဲ့ချေ။

ဟဲကျင့် သည် နံပါတ်တည်နေရာကို အွန်လိုင်းမှ အမြန်စစ်ဆေးခဲ့ရာ web page တွင် A မြို့ဟု ပေါ်လာသည်ကို တွေ့လိုက်သောအခါတွင် သူ၏နှလုံးသားသည်လည်း ခုန်ထွက်လုနီးပါးဖြစ်သွားရတော့တာပဲ!

ချင်ယွီ.. အဲဒါက ချင်ယွီ ဖြစ်နိုင်လား?

ဟဲကျင့် တစ်ကိုယ်လုံးတုန်ယင်သွားရသည်။သူအဆက်မပြတ် ဆုတောင်းနေမိပါ၏။တကယ်... တကယ်လို့သာ... ချင်ယွီဆိုရင် အရမ်းကောင်းမှာပဲ။ ချင်ယွီ က သူ့ကို ဘာပဲလုပ်ခဲ့လုပ်ခဲ့ သူအပြစ်မတင်ပါဘူး သူချင်ယွီလုပ်သမျှကိုကျေကျေနပ်နပ်ကြီးလက်ခံဖို့ ဆန္ဒရှိပါ၏။

သူဒီစိတ်ကူးယဉ်မူကိုမှီခိုရင်းဟဲကျင့်သည် ခွန်အားတချို့ပြန်ရလာပုံရလေသည်။သူသူ့ကိုယ်အားတင်းကာရေချိုးခန်းထဲဝင်သွားလိုက်သည်။အိမ်မပြန်ခင်ရေချိုးဖို့လိုလေသည်။

ရေချိုးခန်းထဲဝင်သွားတော့ သူ့ကိုယ်ပေါ်မှာ အနီရောင်အစက်အပြောက်တွေ ဖုံးလွှမ်းနေတာကို မြင်လိုက်ရတော့ သူမျက်နှာပူလောင်သွားပြန်သည်။ သူက shower ခေါင်းကိုဖွင့်၍သူ့ခန္ဓာကိုယ်ပေါ်ရှိ စေးကပ်နေသည့်အရာအားလုံးကို ဆေးကြောလိုက်သည်။ သူ့ပခုံးကတော့ အနည်းငယ် နာကျင်နေခဲ့လေရာဟဲကျင့် ကြည့်လိုက်တော့ အကိုက်ခံထားရတာကိုတွေ့လိုက်ရလေရဲ့...

ကောင်းပြီ...ဆေးထိုးဖို့ သူဆေးရုံသွားသင့်လား?

ရေချိုးပြီးနောက် ဟဲကျင့်သည် အဝတ်အစားများကိုပြန်ဝတ်လိုက်သည်။သူအလွန်ပင်ပန်းနွမ်းနယ်နေပြီဟု ခံစားလိုက်ရသည်။

သူ့ID ကတ်က သူ့ပိုက်ဆံအိတ်ထဲမှာ ရှိနေတုန်းပဲ။ ဟော်တယ်အခန်းကတ်ကို ထုတ်ယူပြီး ၎င်းပေါ်ရှိ စကားလုံးများကို မြင်သောအခါ သူသည် Q မြို့ရှိ အကောင်းဆုံးဟိုတယ်တွင် ရှိနေကြောင်း နောက်ဆုံးတွင်သဘောပေါက်ခဲ့သည်။

သူက ကတ်ပြန်ပေးဖို့ အတွက်ဧည့်ကြိုဝန်ထမ်းဆီ တွန့်ဆုတ်စွာနဲ့သွားခဲ့ပြီးအခန်းခပေးဆောင်ထားတဲ့ သူအကြောင်းလည်း မေးလိုက်သေးသည်။ ဧည့်ကြိုဝန်ထမ်းကဟဲကျင့်ကို စပ်စုစွာနဲ့ကြည့်လိုက်ပြီး

"ဒီအခန်းက ပိုက်ဆံပေးပြီးပါပြီ မစ္စလီလို့ခေါ်တဲ့ တစ်ယောက်ကပေးချေခဲ့တာပါ သူမကဒီမနက်မှာပဲလာပြီး လူကြီးအတွက် အချိန်ထပ်တိုးတဲ့ကုန်ကျစရိတ်လဲပေးခဲ့ပါတယ် အဲ့ဒါကြောင့်လူကြီးမင်း ညနေ 6 နာရီထိနေလို့ရသေးပါတယ်။အခန်းပြန်အပ်မှာသေချာပါသလား?ပိုက်ဆံကတော့ပြန်မအမ်းပေးပါဘူးရှင့်"

ဟဲကျင့်သည် မျက်နှာအမူအရာမဲ့စွာဖြင့် ခေါင်းအသာအယာ ငြိမ့်လိုက်ပြီး နောက်လှည့်ကာ ထွက်သွားတော့သည်။

သူမစ္စလီဆိုတာကိုလည်း လုံးဝမသိနေဘူးလေ။ ဒီကိစ္စတွင်မှာ ထိုလျှို့ဝှက်ဆန်းကြယ်တဲ့လူကလွဲလို့ သူတို့ဒီမှာရှိခဲ့တယ်ဆိုတာကိုသိနေတဲ့ တတိယလူရှိနေတာပဲ... ဟဲကျင့်သည်ထပ်ပြီးမတွေးဝံ့တော့ချေ။အခုတော့သူအဲ့လူကချင်ယွီဆိုတာလားပဲရှာချင်တော့တာပါပဲ

အိမ်အပြန်လမ်းတွင်ဟဲကျင့် ၏ လက်ပတ် တုန်ခါသွားခဲ့သည်။ သူချက်ချင်းဖွင့်ပြီး စစ်ကြည့်လိုက်တော့ သွမ့်ရှုရုန် ဆီက မက်ဆေ့ချ်ပင်။

"ဟဲကျင့် နင့်အမေညကငါ့ကိုဖုန်းဆက်တယ် နင်ငါနဲ့ညစာစားတယ်ဆိုပြီးလိမ်ထားတာလား?နင်သူမကိုဘာလို့လိမ်လဲဆိုတာတော့မသိပေမယ့် ငါကာပြောပေးလိုက်ပါတယ်။အဲ့တော့နင်ငါ့ကိုဘယ်လိုကျေးဇူးဆပ်မှာလဲဆိုတာသာပြောလိုက်တော့"

ဟဲကျင့်က ခဏလောက်စဉ်းစားပြီးနောက်

"မင်းကိုဆွဲထည့်မိသလိုဖြစ်သွားတာတောင်းပန်ပါတယ်။မနေ့ညကအရက်သောက်ပြီးမူးသွားလို့အိမ် မပြန်ဖြစ်လိုက်ဘူး အခုမှပြန်ရမှာ။ ဒါပေမယ့် မင်းအဲ့လိုလုပ်ပေးစရာမလိုပါဘူး။ ငါထပ်ပြီးတခုခုဆိုရင် နောက်ဆုံးတွေ့တဲ့သူကမင်းဆိုတော့ မင်းကိုပဲပြဿာနာဖြစ်စေလိမ့်မယ်"

သွမ့်ရှုရုန်ကခပ်မြန်မြန်ပြန်စာပို့လာလေသည်

 "ဘုရား... ဟဲကျင့် နင်က  အဲ့လိုပဲအမြဲတမ်း ဒီလိုပဲငဲ့ညှာနေတာလား?"

ဟဲကျင့်:" ငါအမှန်ပြောတာပါပဲ ဒါပေမယ့်ငါနင့်ကိုကျေးဇူးတင်ရဉီးမယ် နင့်ကိုတရက်တော့ငါညစာဝယ်ကျွေးပါ့မယ်"

သွမ့်ရှုရုန်: "ငါ နင်ပြောတဲ့နောက်ဆုံးစကားကိုစောင့်နေတာ"

ဟဲကျင့်ကတခဏတော့ပြောစရာပျောက်ရှသွားကာ သူ့အမေပြောခဲ့တဲ့စကားကိုတွေးမိသွားတော့ မမေးပဲမနေနိုင်ခဲ့ချေ

"မင်းငါ့အမေကိုငါကကောင်းတယ် ငါ့အကြောင်းပိုသိချင်တယ်ဆိုပြီးပြောလိုက်တာလား?"

သွမ့်ရှုရုန်:"ဟုတ်တယ်လေ ငါတို့လမ်းခွဲခဲ့တုန်းက နင့်အတိတ်အကြောင်းကိုတွေးကြည့်ခဲ့တယ် ပြီးတော့ ငါသာနင့်ကိုအခွင့်ရေးပေးလိုက်ရင် နင့်ရဲ့စိတ်ဓာတ်ဒဏ်ရာထဲကရုန်းထွက်နိုင်မလားလိုပေါ့။ဘယ်သူသိမှာလဲ နင့်ex ကိုမေ့သွားပြီး ငါနဲ့တွဲသွားတာလဲဖြစ်နိုင်တာပဲ!"

ဟဲကျင့်ခါးသီးစွာပြုံးလိုက်မိသည်။ ဒီကောင်မလေးက အရမ်းပဲခေါင်းမာတာလား ဒါမှမဟုတ် ယုံကြည်မှုလွန်ကဲနေသလား တော့မသိတော့ချေ။

ဟဲကျင့်က သူ့ကိုချစ်မိသွားပြီး အတိတ်တွေကိုမေ့ပျောက်အောင်လုပ်ပေးနိုင်တဲ့လူမှန်သူမှန်နဲ့ မတွေ့ချင်ဘူးလို့ တစ်စုံတစ်ယောက်ကတွေးခဲ့တယ်ဆိုရင် အဲ့ဒါကမှားယွင်းနေတာပါပဲ။အဲ့ဒါကသူတစ်ယောက်မှမတွေ့ခဲ့ရုံပါပဲ သူရှေ့ဆက်မလျှောက်ချင်ဘူးလို့မဆိုလိုပေ။

ယခင်ကလည်း တစ်စုံတစ်ယောက်သည်ဟဲကျင့် ၏ အတိတ်ကို ဂရုမစိုက်ဘဲ သူတို့ကြိုးစားကြည့်လို့ရတယ်လို့အလားတူပြောခဲ့ဖူးသေးသော်လည်း အဲ့အစမ်းကာလက ဟဲကျင့်အတွက်နှိပ်စက်ခံနေရသလိုပါပဲ

အခြားသူတစ်ဦးနဲ့အသေးစိတ်အချက်အလက်တိုင်းသည် ချင်ယွီကိုသတိရစေမည်ဖြစ်ပြီးကောင်မလေးနဲ့ချင်ယွီကိုစပြီးမနှိုင်းယှဉ်ပဲမနေနိုင်ခဲ့ပါ။ပြီးရင်သူ့ကိုယ်သူနှိုင်းယှဉ်ကြည့်တော့သည်။ သူကြောက်တဲ့အရာကလက်ရှိမဟုတ်ပဲ အနာဂတ်ပါပင်။သူစိုးရိမ်တာကသူအမြဲတမ်းဒီတိုင်းဖြစ်နေမှာကိုပဲ။တကယ်လို့သူဘာမှမတွေးမတောပဲ ကောင်မလေးတစ်ယောက်နှင့်ဆက်ဆံရေးကိုစတင်လိုက်မည်ဆိုပါက အဲ့ဒါကသူမရဲ့ခံစားချက်တွေငယ်ရွယ်မူတွေကိုဖြုန်းတီးလိုက်တာနဲ့အတူတူပါပဲ။ဟဲကျင့်အဲ့လိုမလုပ်နိုင်ပါ။

သူသွမ့်ရှုရုန် ကို ဘယ်လိုရှင်းပြရမှန်းမသိဘူး။ ဒီလိုအရာတွေကလဲ စာနဲ့ရှင်းပြလို့ရတဲ့ ရိုးရှင်းတဲ့အရာတွေဟုတ်မနေခဲ့ပါလေ။

[T/N ကိုယ်တော့ဟဲကျင့်ကိုသိပ်မလေးနက်သလိုခံစားနေရတာပဲ သူပုံစံကတကယ်လို့သာမိန်းကလေးဘက်စိတ်ယိုင်ခဲ့ရင်ချင်ယွီကိုထားခဲ့မယ့်ပုံမျိုးကြီး ပြီးတော့ သူကကြိုးလဲကြိုးစားကြည့်ခဲ့သေးတယ်လေ ကိုယ်အမြင်သက်သက်ပါပဲ]




Zawgyi

144:ေပ်ာ္႐ႊင္ဖို႔မထိုက္တန္ပါဘူး

ခုႏွစ္နာရီခြဲတြင္ေတာ့ ဟဲက်င့္၏ မ်က္ခြံမ်ားအနည္းငယ္ လႈပ္သြားၿပီး ျဖည္းညႇင္းစြာ သတိျပန္လည္လာခဲ့သည္။

သူ႔ရဲ႕ဇီဝနာရီေၾကာင့္ ႏိုးလာေသာ္လည္း သူ႔တစ္ကိုယ္လုံး က်ိဳးေၾကသြားသလို ခံစားေနရသည္။ သူကအိပ္ရာေပၚမွာလွဲေနခဲ့ၿပီး အထူးသျဖင့္ သူ၏ ခါး၊ တင္ပါးႏွင့္ ေျခေထာက္ေတြက ဦးေႏွာက္ရဲ႕ ၫႊန္ၾကားခ်က္မ်ားကို မလိုက္နာႏိုင္ေနေခ်။ ၿပီးေတာ့ သူ႔အားတစ္စက္မွလည္းမရွိေတာ့ပါ

"အာ့..."

သူသည္ သူ႔ခႏၶာကိုယ္ကိုေျဖးေျဖးေလးေ႐ႊ႕လိုက္ေသာ္လည္း သူ႔ေျခေထာက္ေတြကေတာ့မလုပ္ပါနဲ႔လို႔ေအာ္ဟစ္ေနေလရဲ႕ၿပီးေတာ့ သူ႔မ်က္လုံးကိုလည္းတစ္ဝက္ပဲဖြင့္လို႔ရပါ၏ဘာေၾကာင့္ဆို သူ႔မ်က္ခြံေတြကမို႔အစ္ေနလို႔ပါပဲ

"ဘုရားေရ..."

သူအမွန္တကယ္ဘာျဖစ္ခဲ့တာလဲဆိုတာ သတိထားမိသြားတဲ့ေနာက္မွာေတာ့ဟဲက်င့္၏ မ်က္ႏွာက ျဖဴေဖ်ာ့သြားခဲ့ေတာ့တာပဲ!

အရက္အလြန္အကြၽံေသာက္ၿပီးေနာက္ သတိလြတ္သြားခဲ့ရာ သူစိမ္းတစ္ေယာက္ကဟိုတယ္ကိုေခၚသြားတာကိုေတာင္ သူကခ်င္ယြီလို႔အထင္မွားသြားေသးတယ္တဲ့!

ဟုတ္တာေပါ့ အဲ့ဒါေၾကာင့္သူတစ္ညလုံးခ်င္ယြီနဲ႔ လုပ္ေနတယ္ဆိုၿပီးေႏြဦးအိမ္မက္ေတြမက္ေနတာ! သူတို႔ႏွစ္ေယာက္လုံး ႐ူးသြပ္ခဲ့ၾကၿပီး သူတို႔ကိုယ္သူတို႔ လုံးဝအ႐ိုင္းဆန္ခြင့္ေပးခဲ့ၾကတယ္။ ဟဲက်င့္ သည္ သူ႔အလိုဆႏၵထဲ၌ လုံးလုံးလ်ားလ်ားနစ္ျမဳပ္ေနခဲ့ၿပီး သူ႔ကိုယ္သူ မဆြဲထုတ္ႏိုင္ခဲ့ေပ။

"ဘုရား...ဘုရား..."

ဟဲက်င့္ က သူ႔မ်က္ႏွာကို လက္နဲ႔ သုတ္လိုက္ၿပီး သူ႐ူးေတာ့မွာပဲ!

ဟဲက်င့္ သည္ သူ႔တစ္ကိုယ္လုံး နာက်င္ကိုက္ခဲေနတာကို ဂ႐ုမစိုက္ႏိုင္ဘဲ ကုတင္ေပၚမွ ထရန္ ႐ုန္းကန္လိုက္ရာ သူ႔ပခုံးေပၚမွ ပိုးသားေစာင္ကေလွ်ာက်လာရာ သူ၏ ကိုယ္လုံးတီး ခႏၶာကိုယ္ကို ေပၚလြင္ေစခဲ့သည္။

အဲဒီလူက ဘယ္သူလဲ? ဘာလို႔သူ႔ဆီကအဆြဲေဆာင္ ခံလိုက္ရတာလဲ? ၿပီးေတာ့သူဘယ္တုန္းကထြက္သြားတာလဲ?...

ခ်င္ယြီမ်ား...ျဖစ္ႏိုင္ေလာက္လား?

ဟဲက်င့္သည္ ရဲတင္းသည့္ ထင္ျမင္ခ်က္ေၾကာင့္ ထိတ္လန႔္သြားၿပီး လက္ကိုေျမႇာက္ကာ ပါးစပ္ကို အုပ္လိုက္သည္။ သူကသူ႔ကိုယ္သူမျဖစ္ႏိုင္ဘူးလို႔ေတြးလိုက္တယ္ ဘာလို႔ဆိုသူတို႔ႏွစ္ေယာက္အဆက္အသြယ္မရွိတာ သုံးႏွစ္ရွိေနၿပီေလ။သူကတေန႔တုန္းကေတာ့ Qၿမိဳ႕ မွာ ရွိေနခဲ့တယ္ဆိုေပမယ့္လည္း သူကနာမည္ႀကီးတဲ့သူဆိုေတာ့ေန႔တိုင္းကအခ်ိန္ျပည့္အလုပ္ရွိေနတာကို သူ႔ကိုရွာဖို႔ဘယ္လိုလုပ္အခ်ိန္ေပးႏိုင္မွာတဲ့လဲ။ၿပီးေတာ့ သူဘားကေနအေခၚသြားခံရတုန္းကသူလုံးဝသတိမလစ္ေသးဘူး ခ်င္ယြီကဒီလိုေနရာမ်ိဳးမွာေပၚလာဖို႔ဆိုတာဒီတိုင္းမျဖစ္ႏိုင္တာပါပဲ။ဟဲက်င့္မွာေရးေတးေတးမွတ္ဉာဏ္ေတာ့ရွိပါေသးတယ္ အဲ့လူဆီက စီးကရက္နံ႔ရတယ္

အဲ့ေတာ့အဲ့လူကေဆးလိပ္ေသာက္တတ္တဲ့လူပဲျဖစ္ရမယ္ ခ်င္ယြီကဘယ္တုန္းကမွေဆးလိပ္မေသာက္ခဲ့ပဲ။

သူ႔ေခါင္းက ေပါက္ကြဲထြက္ေတာ့မယ္။ ဟဲက်င့္ က သူဘာလုပ္ရမွန္းမသိေတာ့သျဖင့္ နာက်င္ေနသလိုမ်ိဳးဦးေရျပားကို ဆုပ္ကိုင္ထားလိုက္ေတာ့သည္

သူ လွည့္ၾကည့္လိုက္ေတာ့ ဒါက အရမ္းအဆင့္ျမင့္တဲ့ဟိုတယ္အခန္းမွန္း သိလိုက္ေပမယ့္လည္းသူ႔ကို ဒီလိုလုပ္ခဲ့တဲ့လူကေတာ့ လုံးဝေပ်ာက္ကြယ္သြားခဲ့ၿပီပင္။ ၾကမ္းျပင္ေပၚတြင္ေတာ့ သူ႔အဝတ္အစားေတြက ေနရာအႏွံ႔ျပန္႔က်ဲေနကာရႈပ္ပြေနေလသည္။ၿပီးေတာ့ ဖြင့္ေဖာက္ထားတဲ့ကြန္ဒုံးဗူးလဲရွိေနေလရဲ႕ အဲ့ဒါကမေန႔ညကအကန္သတ္မရွိအ႐ိုင္းဆန္ခဲ့တယ္ဆိုတာကိုျပသေနသလိုမ်ိဳးပဲ....

ဟဲက်င္ရွက္သြားကာျဖင့္ ကုတင္ေပၚမွ ေစာင္ကို ဖယ္လိုက္ေတာ့သည္။သူကုတင္ေပၚမွ ဆင္းရန္ ႀကိဳးစားေသာ္လည္း အသိအသာႀကီးသူ႔ကိုယ္သူအရမ္းေတြစိတ္လႊတ္ထားသျဖင့္ သူ႔ေျခေထာက္ေတြကအားနည္းလြန္းေနကာ မတ္တပ္ေတာင္မရပ္ ႏိုင္ေတာ့သည္ကို ေတြ႕လိုက္ရေလသည္။သူထလိုက္တဲ့အခ်ိန္မွာေတာ့ ခပ္ေႏြးေႏြးအရာေတြဟာစီးက်လာေတာ့တာပါပဲ.... ေသစမ္း!

ဟဲက်င့္ခ်က္ခ်င္းပင္နီျမန္းသြားေတာ့သည္။သူ သူ႔ကိုယ္သူနံရံနဲ႔သူေျပးေဆာင့္ခ်င္လိုက္ေတာ့တာပဲ!

လြန္ခဲ့သည့္ 27 ႏွစ္တာကာလအတြင္း သူအ႐ိုင္းဆန္ဆုံးနဲ႔ပုံမွန္မဟုတ္သည့္အရာမွာ ခ်င္ယြီနဲ႔ေတြ႕ဆုံျခင္းျဖစ္လိမ့္မည္ဟုထင္ခဲ့ေသာ္လည္းဒီလိုအျဖစ္မ်ိဳး ျဖစ္လာလိမ့္မည္ဟုသူမေမွ်ာ္လင့္ခဲ့ေပ။ အဲဒီလူက ဘယ္သူလဲဆိုတာကို အခုထိမမွတ္မိေသးတာကိုေတာ့ေျပာမေနနဲ႔ေတာ့ေပါ့!

ၾကမ္းျပင္ေပၚရွိ သူ႔အဝတ္အစားအပုံထဲတြင္ ဟဲက်င့္သည္ သူ႔လက္ပတ္ကို ေတြ႕လိုက္သည္။ miss call 30 ေက်ာ္ရွိေနခဲ့သည္။ ဟဲက်င့္သည္ ဖုန္းringtone သုံးရတာကိုမႀကိဳက္ေသာေၾကာင့္ သူ႔လက္ပတ္သည္ vibrate မုဒ္တြင္သာအၿမဲရွိေနခဲ့သည္။အဲ့လူက miss callေတြကိုမ်ားမၾကားခ်င္ေယာင္ေဆာင္ခဲ့တာလား ဒါမွမဟုတ္သူပဲအဝတ္ပုံနဲ႔ဖုံးလိုက္တာမ်ားလဲမေျပာတတ္ေတာ့ေခ်။ဟဲက်င့္လုံးဝကို vibrateအသံကိုမၾကားခဲ့တာနဲ႔ ေခၚဆိုမူေပါင္း 30ေက်ာ္လုံးကို လြတ္သြားေတာ့တာပါပဲ

အမ်ားစုမွာေတာ့ အိမ္က ဖုန္းေခၚထားျခင္းျဖစ္သည္။ သြမ့္ရႈ႐ုန္ ထံမွ miss call ႏွင့္ မဖတ္ရေသးေသာ မက္ေဆ့ခ်္အခ်ိဳ႕လည္း ရွိခဲ့သည္။ ဟဲက်င့္ က အဲဒါေတြကို ဖတ္ဖို႔ အခ်ိန္မရခဲ့ေသးပဲအရင္ဆုံးအိမ္ကိုဖုန္းျပန္ေခၚလိုက္သည္။

"ေဟး!"

တစ္ဖက္က ဖုန္းကို ခ်က္ခ်င္း ကိုင္လာခဲ့ၿပီးသူ႔အေမကေမးလာခဲ့သည္

"ဟဲက်င့္! မင္းလား? မင္းဘယ္ေတြေရာက္ေနတာလဲ!?"

"ေဟး အေမ..."

ဟဲက်င့္စကားစေျပာလိုက္တဲ့အခ်ိန္မွာေတာ့ သူ႔အသံကသူထင္ထားတာထက္အက္ကြဲေနခဲ့ေတာ့တာပါပဲ

"မင္းဘာျဖစ္တာလဲ!?"

သူ႔အသံ တစ္ခုခုမွားေနၿပီဆိုတာကို သူမၾကားလိုက္ရၿပီး သူမရဲ႕သေဘာထားက ခ်က္ခ်င္းေျပာင္းလဲသြားခဲ့ေတာ့သည္။ သူမသည္ ေဒါသထြက္ျခင္းမွ စိုးရိမ္ျခင္းသို႔ ေျပာင္းလဲသြားခဲ့ၿပီး

"မင္းအသံက ဘာျဖစ္ေနတာလဲ?!"

ဟဲက်င့္သည္ ေခါင္းမူး၍ထိုင္းမႈိင္းေနခဲ့သည္။သူကအျပည့္စုံဆုံးေသာအလိမ္အညာကိုမေျပာႏိုင္ဘဲ အမွန္တဝက္ကိုသာေျပာလိုက္​ေတာ့သည္။

"ကြၽန္ေတာ္မေန႔ညကတစ္ေယာက္ထဲသြားေသာက္တာ အရမ္းေနာက္က်ေနၿပီးေတာ့ မူးလည္းမူးေနလို႔။ကြၽန္ေတာ္အိမ္ျပန္လာၿပီးအေမ့ကိုမႏႈိးခ်င္ေတာ့လို႔ ၿပီးေတာ့အေမ့ကိုစိတ္လဲမပူေစခ်င္လို႔ေလ အဲ့ဒါနဲ႔အျပင္မွာပဲ ဟိုတယ္ခန္းငွါးၿပီး အိပ္ေပ်ာ္သြားတာ ဖုန္းေခၚဖို႔လည္းအခ်ိန္မရလိုက္ဘူး"

ဟဲက်င့္ရဲ႕အေမကစိတ္တိုသြားကာစိတ္ပ်က္လက္ပ်က္ေျပာလာေလသည္။

"မင္းက တစ္ေယာက္ထဲဘာလို႔သြားေသာက္ရတာလဲ?"

ဟဲက်င့္ကခဏေလာက္တိတ္ဆိတ္သြားၿပီးေနာက္

"အေမ ကြၽန္ေတာ္ကအရႈံးသမားပဲထင္ပါတယ္"

ဟဲက်င့္ရဲ႕အေမ: "မင္း..."

"အေမ"

ဟဲက်င့္ က သူမကို ျဖတ္ေျပာလိုက္ၿပီးသူ႔စိတ္ေတြအခုထိရွင္းရွင္းလင္းလင္းမျဖစ္ေသးကာေျပာလိုက္သည္။

"ကြၽန္ေတာ္ ဒီသုံးႏွစ္အတြင္းမွာ အိမ္ေထာင္ဘက္ေတြအမ်ားႀကီးေတြ႕ခဲ့ရတယ္ ၿပီးေတာ့ မိန္းကေလးမ်ိဳးစုံကိုလည္းျမင္ေတြ႕ခဲ့ရတယ္။အခုခ်ိန္ထိမိန္းကေလးတေယာက္တေလေတာင္ကြၽန္ေတာ္နဲ႔မတြဲခ်င္ေနၾကဘူးေလ။ကြၽန္ေတာ္လဲမိန္းမေကာင္းေလးေတြ႕ၿပီးဆက္ဆံေရးေလးစတင္ခ်င္တာေပါ့ၿပီးေတာ့မိသားစုတစ္ခု အဲ့ဒါဆိုအေမလဲေပ်ာ္ရမယ္ ဒါေပမယ့္လည္းအဲ့ဒါကဘာလိုခက္ခဲေနလဲမသိပါဘူး..."

အရင္ညကျဖစ္ခဲ့တာေတြကိုေတြးမိေတာ့ ဟဲက်င့္ဆက္မေျပာႏိုင္ေတာ့ဘူး။သူဒီသုံးႏွစ္လုံးလုံးမ်က္ႏွာဖုံးတပ္ၿပီးႀကိဳးစားခဲ့ရသမွ်ဒီအခိုက္အတန္႔မွာၿပိဳကြဲသြားေတာ့တာပဲ။သူေမွ်ာ္လင့္ခ်က္မဲ့သြားရကာသူဘာေျပာေျပာအဆိုးျမင္စကားေတြပဲထြက္လာေတာ့သည္

"အေမ ဒါကကြၽန္ေတာ့္ကံၾကမၼာပဲေနမွာပါ ကြၽန္ေတာ္ကအခ်စ္ခံရဖို႔မထိုက္တန္သလို ေပ်ာ္႐ႊင္ဖို႔လဲမထိုက္တန္ပါဘူး"

"မင္းဘာအဓိပၸာယ္မရွိတာေတြေျပာေနတာလဲ?"

ဖုန္းတစ္ဖက္ရွိ အမ်ိဳးသမီးသည္ ရင့္က်က္ၿပီး နာခံမႈရွိေသာ သူ႔သားကို ဤကဲ့သို႔ ထူးဆန္းတဲ့အေတြးေတြ ရွိလာလိမ့္မည္ဟု မထင္ထားခဲ့ေပ။ အစကေတာ့ သူ႔ကို ပိုလို႔ေတာင္ အျပစ္တင္ခ်င္ခဲ့ေပမယ့္ အခုေတာ့ မတင္ႏိုင္ေတာ့ေခ်။ထိုအခိုက္အတန္႔တြင္သူမက ဟဲက်င့္ကိုႏွစ္သိမ့္ေပးခ်င္ခဲ့သည္။

"မင္းကိုသြမ့္ရႈ႐ုန္ကဘာမွမေျပာဘူးလား?မေန႔ညကမင္းျပန္လာလို႔ငါသူမကိုဖုန္းဆက္လိုက္ေတာ့ သူမေျပာတာကမင္းကေတာ္ေတာ္ေကာင္းပါတယ္တဲ့ သူမကမင္းအေၾကာင္းပိုသိခ်င္တယ္လိုေတာင္ ေျပာသြားေသးတယ္ ဟဲက်င့္ မင္းတကယ္ပဲဘာျဖစ္ခဲ့တာလဲ?"

"အေမ သြမ့္ရႈ႐ုန္ကို ေခၚခဲ့တာလား?"

ဟဲက်င့္ အံ့ဩသြားရသည္ သြမ့္ရႈ႐ုန္ကသူ႔အေမကိုလည္း တကယ္ႀကီးဒီလိုပဲ ေျပာခဲ့တာလား?

သူ႔အေမ: "ဟုတ္တယ္ေလ မင္းသူနဲ႔ ညစာသြားစားမယ္လို႔ မင္းေျပာတယ္မဟုတ္လား? ည 10 နာရီအထိ မင္းကိုေစာင့္ေနခဲ့တာ မင္းအိမ္ျပန္မလာေသးလို႔ ဖုန္းလဲေခၚလို႔မရတာနဲ႔ သူမဆီဆက္လိုက္တာ သူမေျပာတာေတာ့ ညစာစားၿပီးတာနဲ႔လမ္းခြဲခဲ့ၾကတာတဲ့သူမလည္းမင္းျပန္ေရာက္ၿပီထင္ေနတာတဲ့ေလ"

ဟဲက်င့္က ထူးဆန္းေနတာကိုသိလိုက္ရတယ္။ သြမ့္ရႈ႐ုန္နဲ႔ ညစာစားမယ္လို႔ သူ႔အေမကိုေျပာတုန္းက သူလိမ္ခဲ့တယ္ဆိုတာ အထင္အရွားႀကီးပဲေလ။ သြမ့္ရႈ႐ုန္ကအဲ့အလိမ္အညာကိုကာေျပာေပးခဲ့တာလား?

ဟဲက်င့္ရဲ႕အေမ:"မင္းအရက္ေတြအမ်ားႀကီးေသာက္ၿပီးအဲ့လိုပဲေတြးေနတာလား?ေကာင္းၿပီ အဲ့အေၾကာင္းအရင္ေဆြးေႏြးရေအာင္။အိမ္ကိုအျမန္ျပန္လာခဲ့!

ဖုန္းခ်ၿပီးေနာက္တြင္ေတာ့ ဟဲက်င့္ သည္ အျခား missed call မ်ားကို ထပ္မံၾကည့္လိုက္သည္။ မေန႔ည 10:10 နာရီတြင္သြမ့္ရႈ႐ုန္ က သူ႔ကို တစ္ႀကိမ္ဖုန္းဆက္ထားခဲ့သည္။ သူ႔ရဲ႕ ခြဲျခမ္းစိတ္ျဖာခ်က္အရ ဆိုသူ႔အေမသူမကိုေခါၿပီးေနာက္မွာ ဟဲက်င့္ကိုေခၚခဲ့တာပါပဲ။

အခုထိမနက္ 8 နာရီေတာင္ မထိုးေသးသည့္အတြက္ေၾကာင့္ သူမႏိုးၿပီလားဆိုတာလဲမေသခ်ာေပ။သူကသြမ့္ရႈ႐ုန္ကို မက္ေဆ့ခ်္အရင္ပို႔ထားဖို႔လုပ္လိုက္သည္ ဒါေပမယ့္ သူ မက္ေဆ့ခ်္ ထဲဝင္လိုက္တဲ့အခ်ိန္မွာေတာ့ သူအံ့ဩသြားခဲ့ရသည္။

မက္ေဆ့ခ်္အသစ္တစ္ခုရွိေနခဲ့ၿပီး ၎သည္ အမည္မသိနံပါတ္တစ္ခုမွပို႔ထားတာျဖစ္သည္။ လြန္ခဲ့တဲ့ တစ္နာရီခန႔္ မနက္ 6:44 AM ကပို႔ထားတာျဖစ္ၿပီးစာလုံးေလးလုံးသာပါေလသည္။-ေကာင္းေကာင္းအနားယူ

ဟဲက်င့္ ထိတ္လန႔္တုန္လႈပ္သြားရေတာ့သည္ ဒီအခ်ိန္ႀကီး သူ႔ကို ဘယ္သူက မက္ေဆ့ခ်္ပို႔မွာလဲ... မေန႔ညကအဲ့လူမ်ားလား?

ခဏၾကာေတာ့ သူျပန္မေတြးရဲ႕တဲ့လူကို ေတြးလိုက္မိေပမယ့္ အဲဒါက သူ႔ရဲ႕ထင္ေယာင္ထင္မွားျဖစ္ေနမွာကို စိုးရိမ္ၿပီး အေထာက္အထားကို အတည္ျပဳဖို႔ မက္ေဆ့ေတာင္ျပန္မပို႔ရဲခဲ့ေခ်။

ဟဲက်င့္ သည္ နံပါတ္တည္ေနရာကို အြန္လိုင္းမွ အျမန္စစ္ေဆးခဲ့ရာ web page တြင္ A ၿမိဳ႕ဟု ေပၚလာသည္ကို ေတြ႕လိုက္ေသာအခါတြင္ သူ၏ႏွလုံးသားသည္လည္း ခုန္ထြက္လုနီးပါးျဖစ္သြားရေတာ့တာပဲ!

ခ်င္ယြီ.. အဲဒါက ခ်င္ယြီ ျဖစ္ႏိုင္လား?

ဟဲက်င့္ တစ္ကိုယ္လုံးတုန္ယင္သြားရသည္။သူအဆက္မျပတ္ ဆုေတာင္းေနမိပါ၏။တကယ္... တကယ္လို႔သာ... ခ်င္ယြီဆိုရင္ အရမ္းေကာင္းမွာပဲ။ ခ်င္ယြီ က သူ႔ကို ဘာပဲလုပ္ခဲ့လုပ္ခဲ့ သူအျပစ္မတင္ပါဘူး သူခ်င္ယြီလုပ္သမွ်ကိုေက်ေက်နပ္နပ္ႀကီးလက္ခံဖို႔ ဆႏၵရွိပါ၏။

သူဒီစိတ္ကူးယဥ္မူကိုမွီခိုရင္းဟဲက်င့္သည္ ခြန္အားတခ်ိဳ႕ျပန္ရလာပုံရေလသည္။သူသူ႔ကိုယ္အားတင္းကာေရခ်ိဳးခန္းထဲဝင္သြားလိုက္သည္။အိမ္မျပန္ခင္ေရခ်ိဳးဖို႔လိုေလသည္။

ေရခ်ိဳးခန္းထဲဝင္သြားေတာ့ သူ႔ကိုယ္ေပၚမွာ အနီေရာင္အစက္အေျပာက္ေတြ ဖုံးလႊမ္းေနတာကို ျမင္လိုက္ရေတာ့ သူမ်က္ႏွာပူေလာင္သြားျပန္သည္။ သူက shower ေခါင္းကိုဖြင့္၍သူ႔ခႏၶာကိုယ္ေပၚရွိ ေစးကပ္ေနသည့္အရာအားလုံးကို ေဆးေၾကာလိုက္သည္။ သူ႔ပခုံးကေတာ့ အနည္းငယ္ နာက်င္ေနခဲ့ေလရာဟဲက်င့္ ၾကည့္လိုက္ေတာ့ အကိုက္ခံထားရတာကိုေတြ႕လိုက္ရေလရဲ႕...

ေကာင္းၿပီ...ေဆးထိုးဖို႔ သူေဆး႐ုံသြားသင့္လား?

ေရခ်ိဳးၿပီးေနာက္ ဟဲက်င့္သည္ အဝတ္အစားမ်ားကိုျပန္ဝတ္လိုက္သည္။သူအလြန္ပင္ပန္းႏြမ္းနယ္ေနၿပီဟု ခံစားလိုက္ရသည္။

သူ႔ID ကတ္က သူ႔ပိုက္ဆံအိတ္ထဲမွာ ရွိေနတုန္းပဲ။ ေဟာ္တယ္အခန္းကတ္ကို ထုတ္ယူၿပီး ၎ေပၚရွိ စကားလုံးမ်ားကို ျမင္ေသာအခါ သူသည္ Q ၿမိဳ႕ရွိ အေကာင္းဆုံးဟိုတယ္တြင္ ရွိေနေၾကာင္း ေနာက္ဆုံးတြင္သေဘာေပါက္ခဲ့သည္။

သူက ကတ္ျပန္ေပးဖို႔ အတြက္ဧည့္ႀကိဳဝန္ထမ္းဆီ တြန႔္ဆုတ္စြာနဲ႔သြားခဲ့ၿပီးအခန္းခေပးေဆာင္ထားတဲ့ သူအေၾကာင္းလည္း ေမးလိုက္ေသးသည္။ ဧည့္ႀကိဳဝန္ထမ္းကဟဲက်င့္ကို စပ္စုစြာနဲ႔ၾကည့္လိုက္ၿပီး

"ဒီအခန္းက ပိုက္ဆံေပးၿပီးပါၿပီ မစၥလီလို႔ေခၚတဲ့ တစ္ေယာက္ကေပးေခ်ခဲ့တာပါ သူမကဒီမနက္မွာပဲလာၿပီး လူႀကီးအတြက္ အခ်ိန္ထပ္တိုးတဲ့ကုန္က်စရိတ္လဲေပးခဲ့ပါတယ္ အဲ့ဒါေၾကာင့္လူႀကီးမင္း ညေန 6 နာရီထိေနလို႔ရေသးပါတယ္။အခန္းျပန္အပ္မွာေသခ်ာပါသလား?ပိုက္ဆံကေတာ့ျပန္မအမ္းေပးပါဘူးရွင့္"

ဟဲက်င့္သည္ မ်က္ႏွာအမူအရာမဲ့စြာျဖင့္ ေခါင္းအသာအယာ ၿငိမ့္လိုက္ၿပီး ေနာက္လွည့္ကာ ထြက္သြားေတာ့သည္။

သူမစၥလီဆိုတာကိုလည္း လုံးဝမသိေနဘူးေလ။ ဒီကိစၥတြင္မွာ ထိုလွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့လူကလြဲလို႔ သူတို႔ဒီမွာရွိခဲ့တယ္ဆိုတာကိုသိေနတဲ့ တတိယလူရွိေနတာပဲ... ဟဲက်င့္သည္ထပ္ၿပီးမေတြးဝံ့ေတာ့ေခ်။အခုေတာ့သူအဲ့လူကခ်င္ယြီဆိုတာလားပဲရွာခ်င္ေတာ့တာပါပဲ

အိမ္အျပန္လမ္းတြင္ဟဲက်င့္ ၏ လက္ပတ္ တုန္ခါသြားခဲ့သည္။ သူခ်က္ခ်င္းဖြင့္ၿပီး စစ္ၾကည့္လိုက္ေတာ့ သြမ့္ရႈ႐ုန္ ဆီက မက္ေဆ့ခ်္ပင္။

"ဟဲက်င့္ နင့္အေမညကငါ့ကိုဖုန္းဆက္တယ္ နင္ငါနဲ႔ညစာစားတယ္ဆိုၿပီးလိမ္ထားတာလား?နင္သူမကိုဘာလို႔လိမ္လဲဆိုတာေတာ့မသိေပမယ့္ ငါကာေျပာေပးလိုက္ပါတယ္။အဲ့ေတာ့နင္ငါ့ကိုဘယ္လိုေက်းဇူးဆပ္မွာလဲဆိုတာသာေျပာလိုက္ေတာ့"

ဟဲက်င့္က ခဏေလာက္စဥ္းစားၿပီးေနာက္

"မင္းကိုဆြဲထည့္မိသလိုျဖစ္သြားတာေတာင္းပန္ပါတယ္။မေန႔ညကအရက္ေသာက္ၿပီးမူးသြားလို႔အိမ္ မျပန္ျဖစ္လိုက္ဘူး အခုမွျပန္ရမွာ။ ဒါေပမယ့္ မင္းအဲ့လိုလုပ္ေပးစရာမလိုပါဘူး။ ငါထပ္ၿပီးတခုခုဆိုရင္ ေနာက္ဆုံးေတြ႕တဲ့သူကမင္းဆိုေတာ့ မင္းကိုပဲျပႆာနာျဖစ္ေစလိမ့္မယ္"

သြမ့္ရႈ႐ုန္ကခပ္ျမန္ျမန္ျပန္စာပို႔လာေလသည္

"ဘုရား... ဟဲက်င့္ နင္က အဲ့လိုပဲအၿမဲတမ္း ဒီလိုပဲငဲ့ညႇာေနတာလား?"

ဟဲက်င့္:" ငါအမွန္ေျပာတာပါပဲ ဒါေပမယ့္ငါနင့္ကိုေက်းဇူးတင္ရဉီးမယ္ နင့္ကိုတရက္ေတာ့ငါညစာဝယ္ေကြၽးပါ့မယ္"

သြမ့္ရႈ႐ုန္: "ငါ နင္ေျပာတဲ့ေနာက္ဆုံးစကားကိုေစာင့္ေနတာ"

ဟဲက်င့္ကတခဏေတာ့ေျပာစရာေပ်ာက္ရွသြားကာ သူ႔အေမေျပာခဲ့တဲ့စကားကိုေတြးမိသြားေတာ့ မေမးပဲမေနႏိုင္ခဲ့ေခ်

"မင္းငါ့အေမကိုငါကေကာင္းတယ္ ငါ့အေၾကာင္းပိုသိခ်င္တယ္ဆိုၿပီးေျပာလိုက္တာလား?"

သြမ့္ရႈ႐ုန္:"ဟုတ္တယ္ေလ ငါတို႔လမ္းခြဲခဲ့တုန္းက နင့္အတိတ္အေၾကာင္းကိုေတြးၾကည့္ခဲ့တယ္ ၿပီးေတာ့ ငါသာနင့္ကိုအခြင့္ေရးေပးလိုက္ရင္ နင့္ရဲ႕စိတ္ဓာတ္ဒဏ္ရာထဲက႐ုန္းထြက္ႏိုင္မလားလိုေပါ့။ဘယ္သူသိမွာလဲ နင့္ex ကိုေမ့သြားၿပီး ငါနဲ႔တြဲသြားတာလဲျဖစ္ႏိုင္တာပဲ!"

ဟဲက်င့္ခါးသီးစြာၿပဳံးလိုက္မိသည္။ ဒီေကာင္မေလးက အရမ္းပဲေခါင္းမာတာလား ဒါမွမဟုတ္ ယုံၾကည္မႈလြန္ကဲေနသလား ေတာ့မသိေတာ့ေခ်။

ဟဲက်င့္က သူ႔ကိုခ်စ္မိသြားၿပီး အတိတ္ေတြကိုေမ့ေပ်ာက္ေအာင္လုပ္ေပးႏိုင္တဲ့လူမွန္သူမွန္နဲ႔ မေတြ႕ခ်င္ဘူးလို႔ တစ္စုံတစ္ေယာက္ကေတြးခဲ့တယ္ဆိုရင္ အဲ့ဒါကမွားယြင္းေနတာပါပဲ။အဲ့ဒါကသူတစ္ေယာက္မွမေတြ႕ခဲ့႐ုံပါပဲ သူေရွ႕ဆက္မေလွ်ာက္ခ်င္ဘူးလို႔မဆိုလိုေပ။

ယခင္ကလည္း တစ္စုံတစ္ေယာက္သည္ဟဲက်င့္ ၏ အတိတ္ကို ဂ႐ုမစိုက္ဘဲ သူတို႔ႀကိဳးစားၾကည့္လို႔ရတယ္လို႔အလားတူေျပာခဲ့ဖူးေသးေသာ္လည္း အဲ့အစမ္းကာလက ဟဲက်င့္အတြက္ႏွိပ္စက္ခံေနရသလိုပါပဲ

အျခားသူတစ္ဦးနဲ႔အေသးစိတ္အခ်က္အလက္တိုင္းသည္ ခ်င္ယြီကိုသတိရေစမည္ျဖစ္ၿပီးေကာင္မေလးနဲ႔ခ်င္ယြီကိုစၿပီးမႏႈိင္းယွဥ္ပဲမေနႏိုင္ခဲ့ပါ။ၿပီးရင္သူ႔ကိုယ္သူႏႈိင္းယွဥ္ၾကည့္ေတာ့သည္။ သူေၾကာက္တဲ့အရာကလက္ရွိမဟုတ္ပဲ အနာဂတ္ပါပင္။သူစိုးရိမ္တာကသူအၿမဲတမ္းဒီတိုင္းျဖစ္ေနမွာကိုပဲ။တကယ္လို႔သူဘာမွမေတြးမေတာပဲ ေကာင္မေလးတစ္ေယာက္ႏွင့္ဆက္ဆံေရးကိုစတင္လိုက္မည္ဆိုပါက အဲ့ဒါကသူမရဲ႕ခံစားခ်က္ေတြငယ္႐ြယ္မူေတြကိုျဖဳန္းတီးလိုက္တာနဲ႔အတူတူပါပဲ။ဟဲက်င့္အဲ့လိုမလုပ္ႏိုင္ပါ။

သူသြမ့္ရႈ႐ုန္ ကို ဘယ္လိုရွင္းျပရမွန္းမသိဘူး။ ဒီလိုအရာေတြကလဲ စာနဲ႔ရွင္းျပလို႔ရတဲ့ ႐ိုးရွင္းတဲ့အရာေတြဟုတ္မေနခဲ့ပါေလ။

[T/N ကိုယ္ေတာ့ဟဲက်င့္ကိုသိပ္မေလးနက္သလိုခံစားေနရတာပဲ သူပုံစံကတကယ္လို႔သာမိန္းကေလးဘက္စိတ္ယိုင္ခဲ့ရင္ခ်င္ယြီကိုထားခဲ့မယ့္ပုံမ်ိဳးႀကီး ၿပီးေတာ့ သူကႀကိဳးလဲႀကိဳးစားၾကည့္ခဲ့ေသးတယ္ေလ ကိုယ္အျမင္သက္သက္ပါပဲ]

Continue Reading

You'll Also Like

42.3K 1.9K 32
kinnporsche born again to reset everything, to kill korn and to help their family. it's gonna be major fluff. hurt/comfort story . Everyone broken wi...
135K 2.1K 73
Well what more can I say? This is all for the swifties out there. ( It says completed, but it's not.)
251K 4.6K 45
【 𝗮𝗿𝘁𝗵𝘂𝗿𝘁𝘃 x 𝘧𝘦𝘮!𝘰𝘤 】 𝙄𝙉 𝙒𝙃𝙄𝘾𝙃, a lawyer-turned-youtuber and a baker unexpectedly meet at a house party, only to continuously f...
3M 118K 75
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...