မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...

De XiaoManTou96

168K 29.2K 929

Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... Mais

Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

143:ငါပြန်လာတဲ့အထိစောင့်နေလိုက်

905 170 19
De XiaoManTou96

Unicode

ည 8 နာရီနောက်ပိုင်းတွင်တော့ ဘားထဲတွင် လူပိုများလာပြီး ထိုအချိန်တွင် ထောင့်စွန်းတွင်ထိုင်ကာ အရမ်းမူးနေပြီဖြစ်သောဟဲကျင့်ကို အဖျော်ဆရာကကြည့်လိုက်သည်။သူကစားပွဲထိုးကိုအကြည့်တစ်ချက်ပေးလိုက်ရာ ဘာလုပ်ရမလဲဆိုတာသိတဲ့စားပွဲထိုးကခေါင်းငြိမ့်ပြလာသည်။ ပုံမှန်အားဖြင့်ဆို ဒီလိုအရမ်းမူးနေတဲ့ဖောက်သည်များကို သူတို့ရဲ့လက်ပတ် ကိုကြည့်၍နောက်ဆုံးခေါ်ဆိုထားသည့် သူငယ်ချင်းဒါမှမဟုတ်မိသားစုဝင်ကိုဖုန်းဆက်ကာလာခေါ် ခိုင်းရလေသည်။

စားပွဲထိုးသည် ဟဲကျင့်အနီးသို့ချည်းကပ်ဖို့ပြင်နေတုန်းမှာပဲ တံခါးဝမှ လေတိုက်သံကို ကြားလိုက်ရသည်။ အနက်ရောင်ဂျာကင်အင်္ကျီဝတ်ထားသည့် အမျိုးသားတစ်ဦးသည် တံခါးကိုတွန်းပြီး ဆောင်းဦးလေနှင့်အတူ ဝင်လာခဲ့သည်။

သူသည် အလွန်အရပ်ရှည်သော လူငယ်တစ်
ယောက်ဖြစ်ပြီး ညဘက်တွင်ပင် နေကာမျက်မှန်ကိုတပ်ထားခဲ့သည်။ သူ၏ ထူထဲသော မာဖလာသည် သူ၏ မေးစေ့နှင့် နှုတ်ခမ်းများကို ဖုံးအုပ်ထားကာ လူများက သူ၏ ဖြောင့်စင်းသော နှာတံကိုသာ မြင် နိုင်ကြသည်။

စားပွဲထိုးက သူ့ကို အာရုံစိုက်မှုအပြည့်နဲ့ စိုက်မကြည့်ပဲမနေနိုင်ခဲ့ချေ - ဒီလူငယ်လေးဟာခန္ဓာကိုယ်တစ်ကိုယ်လုံးနီးပါးဖုံးကွယ်လုနီးနီးဝတ်စားထားပေ
မယ့် အဝတ်အစားတွေက သူ့ရဲ့ ချောမောတဲ့ ခပ်
မိုက်မိုက်ပုံစံကို ဖုံးကွယ်ထားလို့မရပါချေ။ သူ့မျက်နှာကို မကြည့်ဘဲနဲ့ သူ့ခန္ဓာကိုယ်ကိုကြည့်ရုံနဲ့တောင် ဆွဲဆောင်မှုရှိတဲ့ ယောက်ျားတစ်ယောက်ဆိုတာ ထင်ရှားနေတာပဲလေ။ စားပွဲထိုးက သူ့အနားမကပ်ခင်မှာခဏလောက်တော့ တုံ့ဆိုင်းသွားသေးသည်။

သို့သော် ထိုလူငယ်ဝင်လာပြီးနောက်တွင်ထိုနေရာ၌ ရပ်ကာ ပတ်ပတ်လည်ကို ကြည့်လာလေသည်။ သူသည် သောက်ရန်လာသည့်ပုံမပေါ်ပဲ တစ်စုံတစ် ယောက်ကို ရှာဖွေလိုသည့်ပုံပင် ။

ထောင့်စွန်းကို ဖြည်းညှင်းစွာ အကြည့်ရောက်သွားချိန်တွင်တော့ သိသိသာသာပင် ရပ်တန့်သွားသည်။ ထို့နောက်တွင်တော့ အဲ့ဒီဘက်ဆီသို့ လျှောက်သွားတော့သည်။

ဟဲကျင့် သည် သူ့မျက်လုံးများကိုမှိတ်ထားလျက် စားပွဲပေါ်တွင် ခေါင်းချလျက်ရှိနေလေသည်။သူ့ဦးနှောက်ကို အပ်ထောင်ပေါင်းများစွာနဲ့ထိုးနေသလိုခံစားနေရကာ နှလုံးခုန်မြန်နေလေသည်။ ကော်ဖီအလွန်အကျွံသောက်မိလို့လား ဒါမှမဟုတ် မူးနေလို့လားတော့မသိပါ သူသိတာကတော့ သောက်တာလောက်နဲ့ ဒီလောက်ထိမသက်မသာမဖြစ်ဖူးဘူးဆိုတာပင်။

ချင်ယွီ သည် သူ့ရှေ့ရပ်လိုက်ကာ စားပွဲပေါ်ရှိတ
ဝက်တပျက် မာတီနီပုလင်း၊ အရည်ပျော်နေတဲ့ ရေခဲတုံးတစ်ဝက်၊ ချွန်ထက်တဲ့ မေးစေ့နှင့် သူ့ချစ်သူကောင်လေးကို တစ်ချက်ကြည့်လိုက်သည်။

ချင်ယွီ သည် ကားထဲတွင် နှစ်နာရီကြာ စောင့်ဆိုင်းနေခဲ့ပြီး ကားမောင်းသူက သူ့အတွက် အသားညှပ် ပေါင်မုန့် ဝယ်ပေးခဲ့သည်။ ထို့အပြင် ရေလည်းမချိုး၊ မိတ်ကပ်လည်းမဖျက်ရသေးပေ။ ချင်ယွီ အမှန်တကယ်တော့ သူဘာကိုစောင့်နေမိမှန်းလည်းမသိသလို သူဘာကိုမျှော်လင့်နေမိမှန်းလည်းမသိပဲ သူအဲဒီမှာရပ်နေရုံနဲ့ သူအရူးလိုပဲခံစားလိုက်ရသည်။

ဒီလူကို ပြန်တွေ့ဖို့ စောင့်မျှော်နေတာလား?တကယ်လို့သူတွေ့ခဲ့ရင်ရော?သူ့ကိုဘာပြောနိုင်မှာတဲ့လဲ?

လွန်ခဲ့သည့် သုံးနှစ်ထဲက ဟဲကျင့် က သူ့ကို အရာအားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပြီးသားပဲလေ။ သူသည် သူ့မိဘများကို မစွန့်ပစ်နိုင်ပါ သူ
လက်ထပ် ကလေးယူပြီး မိသားစုရိုးရာကိုထိန်းသိမ်းရမှာပဲလေ။ ထိုအရာများထဲမှ တစ်ခုကိုမှ ချင်ယွီမလုပ်ဆောင်နိုင်ချေ။ဟဲကျင့် က သူ့ကိုသူ့အနားမှာနေပေးဖို့တောင်းဆိုဖို့ အခွင့်အရေးလေးတောင် မ
ပေးခဲ့ဘူးလေ။ သူက မြန်မြန်ဆန်ဆန်နဲ့ ရုတ်တရက် ပျောက်သွားခဲ့တာပဲ

ဒီသုံးနှစ်အတွင်း သူ့ကို သတင်းအစနလေးတောင်မပေးခဲ့တဲ့ဒီလူအကြောင်း သူတွေးလိုက်တော့ ချင်ယွီက ရုတ်တရက် မဲ့ပြုံး ပြုံးလိုက်မိသည်...
ဟဲကျင့် မင်းဘာလို့ဒီလောက် ရက်စက်ရတာလဲ?

အခု မင်းထွက်သွားပြီးပြီပဲလေ အဲ့ဒါကိုဘာလို့မင်းကငါ့ကိုလက်မလွှတ်နိုင်သလိုကြည့်နေရတာတုန်းပြီးတော့ မင်းအရမ်းဝမ်းနည်းနေတဲ့ပုံနဲ့လေ?မင်းငါ့ကိုမလိုချင်တော့မှတော့ဘာလို့ဒီလိုနေရာကိုလာပြီးအမူးသောက်နေရတာလဲ?ပြီးတော့မင်းကလူမှန်းသူမှန်းမသိအောင်တောင်မူးလိုက်သေးတယ်!

ချင်ယွီ သည် သူ့လက်ကို ဆန့်တန်းကာ ဟဲကျင့် ၏ မျက်နှာကို ကိုင်လိုက်သည်... သူကပိုပြီးပိန်သွားကာ စိတ်ဓာတ်ကျနေပုံရပြီးသိပ်ပြီးလဲကျန်းမာနေပုံမရပေ။

ဟဲကျင့်က မျက်မှောင်ကြုတ်ပြီး တစ်စုံတစ်ခုကို မြည်တမ်းလိုက်သည်။

ချင်ယွီသည် ရုတ်တရက် ဒေါသတကြီးဖြစ်သွားရသည်။ ဟဲကျင့်ကအရမ်းမူးနေတာ တခြားလူကသာ သူ့ကိုထိခဲ့ရင်လည်း သူဒီလိုပဲအကာအကွယ်မဲ့နေနေမှာလား?

သူမညှာမတာနဲ့ ဟဲကျင့်ရဲ့လက်ကိုဆွဲကိုင်ကာ ခုံပေါ်မှဆွဲထူလိုက်သည်။

ဟဲကျင့် သည် သူ့မျက်ခွံများကိုဖွင့်လိုက်သော်လည်း မူးဝေနေသဖြင့် အာရုံလုံးဝမစိုက်နိုင်တော့ပေ။ သူ ခေါင်းယမ်းပြီး သူ့ရှေ့ကလူကို ကြည့်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ပေမယ့်ကမ္ဘာကြီးတစ်ခုလုံးချာချာလည်နေပြီးသူ့ရှေ့လှမ်းဖို့ကြိုးစားချိန်မှာယိုင်သွားတော့လေရဲ့။

ချင်ယွီက သူ့ကိုလှမ်းဆွဲလိုက်ပြီးသူ့ရင်ခွင်ထဲထည့်ကာ ထိန်းထားပေးလိုက်သည်

ဟဲကျင့်သည် ချင်ယွီ၏ ပခုံးကို မှီလျက် ထူးဆန်းတဲ့ ရေမွှေးနံ့ကိုရလိုက်လေသည်။ သူ အနည်းငယ် စိတ်မသက်မသာ ခံစားရပြီး အားပျော့စွာဖြင့်ရုန်းကန်စပြုလာကာ တစ်စုံတစ်ခုကို စမ်းတဝါးဝါး ညည်းညူနေတော့သည် ။

ချင်ယွီသည် ဒေါသထွက်လွန်းသဖြင့် ဟဲကျင့်ရဲ့လက်ကို သူ့ပုံခုံးပေါ်သို့တင်ကာ ဟဲကျင့်ရဲ့ကိုယ်တ
ဝက်ကို သူ့အပေါ်မှီစေလျက် ဘားထဲကဆွဲထုတ် သွားတော့သည်။

ထွက်ပေါက်နားရောက်ခါနီးတွင် စားပွဲထိုးက ယဉ် ယဉ်ကျေးကျေးနဲ့တားလာပြီး

"လူကြီးမင်း ခင်များက..."

"သူ့သူငယ်ချင်း။"

ချင်ယွီ က စားပွဲထိုး ပြန်ပြောတာကို မစောင့်တော့ဘဲ အေးစက်စွာ ပြောလိုက်တော့သည်။ရှောကျနေနဲ့ဟဲကျင့်ကို အားအနည်းငယ်ဖြင့်ပြန်ထိန်းလိုက်ကာအပြင်ကို တန်းတန်းမတ်မတ်လျှောက်သွားတော့သည်။

သူက ဟဲကျင့် ကို ကားထဲသို့ တွန်းထည့်လိုက်ပြီး စောင့်ဆိုင်းနေသော ယာဉ်မောင်းကို မဆိုင်းမတွပြောလိုက်တော့သည်။

"ဟိုတယ်ကို ပြန်မောင်း"

လမ်းတွင်တော့ ချင်ယွီက သူ့လက်ထောက်ကို ခေါ်ကာ အခန်းသစ်တစ်ခု လိုတယ်ဟု ပြောခဲ့သည်။ သူ့လက်ထောက်က အနည်းငယ် အံ့သြသွားကာ

"အခန်းအသစ်ဖွင့်မလို့လား? ဧည့်ကြိုကောင်တာကရှင့်အတွက် အထူးသီးသန့်တစ်ခု ဖွင့်ပေးထားပြီးပြီလေ အသစ်က ဘာလုပ်ဖို့လဲ?"

ချင်ယွီ သည် အနည်းငယ် စိတ်မရှည်တော့ဘဲ

"အရမ်းမမေးစမ်းပါနဲ့  ငါခိုင်းတာကိုသာ လုပ်စမ်းပါ"

လက်ထောက်က တုန်လှုပ်သွားကာဖြင့်

"အိုး...ဒါဆို ရှင်ဘယ်လိုအခန်းမျိုးလိုချင်လဲ?"

"king size အိပ်ရာနဲ့ တစ်ခန်း ဒါနဲ့စကားမစပ် အမူးပြေဆေးလည်း ဝယ်ပေးပါဦး"

ချင်ယွီသည်မူးနေသည့်ဟဲကျင့်ကိုစိုက်ကြည့်ရင်း သူ့မျက်လုံးများနက်ရှိုင်းလာကာလက်ပတ်ကတဆင့်ပြောလိုက်သည်။

"ပြီးတော့ ကွန်ဒုံးနှစ်ဘူးနဲ့ ချောဆီတစ်ဘူးဝယ်ခဲ့ပေးဦး အကောင်းဆုံးတံဆိပ်ဝယ်ဖို့သတိရဦး"

"အိုခေ ဆေး၊ ကွန်..."

သူ့လက်ထောက်က တုံ့ပြန်နိုင်စွမ်းပျောက်ရှသွားကာဖြင့်နှစ်စက္ကန့်ကြာ ဆွံ့အခဲ့ရသည်။ သူမသည် တုန်ယင်သောအသံဖြင့်

"ကော...ကျင့်ကော ရှင်တစ်ယောက်ယောက်ကို ခေါ်လာတာလား?"

ချင်ယွီက မေးခွန်းကိုမရှောင်ခဲ့ပဲဖြေခဲ့လေသည်။

"ဟုတ်တယ်"

လက်ထောက်:"ဒါဆို... ခဏလေး ကျင့်ကော ကျွန်မရှင့် ကို ခေါ်ဖို့ ရှောင်ကျိုး နဲ့ အောက်ထပ်ဆင်းလာရင် ရောဘယ်လိုလဲ?ရှင်တစ်ယောက်တည်းလာတာဆိုတော့ တစ်နေရာရာမှာ ပုန်းအောင်းနေတဲ့ သတင်းထောက်တွေ ရှိကောင်းရှိနိုင်တယ် တော်ကြာ ဓာတ်ပုံတွေရသွားရင် ဖင်းကော ကျွန်မကိုသတ်မှာသေချာတယ်"

ချင်ယွီ က ဟဲကျင့် ၏လည်ပင်းကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး

" မလိုပါဘူး။ သူတို့လိုချင်တာကိုယူခွင့်ပေးလိုက် ဒီလူကငါ့အပိုင်"

လက်ထောက်: "..."

ဟိုတယ်၏ မြေအောက်ကားပါကင်သို့ရောက်ပြီးနောက် ချင်ယွီသည် ဟဲကျင့် ကို ကားထဲမှ ဆွဲထုတ် ခဲ့သည်။ဟဲကျင့် ၏ ခြေထောက်များသည် အလွန် အားနည်းနေသဖြင့်မတ်မတ်မရပ်နိုင်ချေ။သူအန်ဖို့ကြိုးစားခဲ့ပေမယ့်လည်းဘာမှထွက်မလာခဲ့ပေ။

ဟဲကျင့် က အရင်က အရက်မူးခဲ့ဖူးရင်တောင် ဒီလိုမျိုး တစ်ခါမှ မသောက်ဖူးပါပင်။ကြည့်ရတာသူ့limit ကျော်သွားတဲ့ပုံပဲ!

သူ့အား လဲကျခြင်းမှ တားဆီးရန်အတွက် ချင်ယွီသည် တုံ့ဆိုင်းမနေပဲ ငုံ့၍ လက်နှစ်ဖက်ကိုဆန့်တန်းလိုက်ပြီး ဟဲကျင့်ရဲ့ဒူးအောက်လျှိုလိုက်ကာ သေချာမရပ်နိုင်သည့်ထိုလူကိုပွေ့ချီလိုက်တော့သည်။

သူကအရမ်းပေါ့လွန်းတယ်! ချင်ယွီမျက်မှောင်တင်းတင်းကြုတ်မိသွားရသည်။ဒီသုံးနှစ်တွင်းမှာ သူအစားရောစားရဲ့လား?

လက်ထောက်သည် အခန်း 1108 တံခါးဝတွင်ချင် ယွီ ကိုစောင့်နေခဲ့သည်။ သူ တစ်စုံတစ်ယောက်ကို သယ်ဆောင်လာသည်ကို မြင်သောအခါ သူမသည် ရင်ခွင်ထဲရှိလူကိုတစ်ချက်စပ်စုလိုက်သည်။... ခဏလေး!...ကောလဟာလတွေကမှန်တယ်ထင်တယ်!အဲ့ဒါကယောင်္ကျားလေးပဲ!

လက်ထောက်သည် ခရက်ဒစ်ကတ်ဖြင့် ငွေပေးချေကာ သူတို့နဲ့အတူအခန်းတွင်းသို့ လျှောက်သွားခဲ့သည်။ ချင်ယွီက သူမကိုဝယ်ခိုင်းထားတာတွေပါတဲ့ပလတ်စတစ်အိတ်လေးကို တံခါးတွင်ချိတ်ပေးထားခဲ့ကာ အခုသူမထွက်သွားပေးရမယ်ဆိုတာကို သိရလောက်အောင်သူမဉာဏ်ကောင်းပါသည်။တံခါးမပိတ်ခင်မှာတော့ သူမကချင်ယွီကိုသတိပေးလိုက်သေးပါ၏

"ချင်ကော ရှင့်ရဲ့လေယာဉ်ချိန်က မနက်ဖန်မနက် 8 နာရီဆိုတာမမေ့နဲ့နော် လေယာဉ်ကွင်းကို6 နာရီခွဲလောက်သွားမှရမယ် ပြီးတော့...ဒီည ညှာညှာတာတာလည်းလုပ်ဦး"

နောက်ဆုံးစာကြောင်းပြောပြီးသည့်နောက်တွင် တော့ သူမသည်တံခါးကိုအမြန်ပိတ်၍မျက်နှာကိုအုပ်လျက် ထွက်သွားလေတော့သည်။

ချင်ယွီ:"..."

ဟဲကျင့်ကို ကုတင်ပေါ်ပစ်ချပြီးနောက် ချင်ယွီ သည် သူ၏နေကာမျက်မှန်ကို ချွတ်၍ မာဖလာကိုဖယ် ကာ ဘေးသို့ပစ်ချလိုက်သည်။

ဟဲကျင့် အနည်းငယ် နိုးလာပြီး မျက်လုံးများ အနည်းငယ်ပွင့်လာကာ မျက်နှာကျက်ကို စိုးရွံ့စွာ ကြည့်နေသော်လည်း သူ့စိတ်က မသဲကွဲသေးပေ။

ချင်ယွီ က သူ့ကိုကြည့်ရင်း သူ့နှလုံးသားတွေ ပူလောင်နေသလို ခံစားလိုက်ရလေသည်။ သူသည် ကုတင်အစွန်းတွင် ဒူးတစ်ဖက်ထောက်ကာ ဟဲကျင့် ၏ မေးစေ့ကို ညှစ်၍ ဒေါသတကြီး ငုံ့နမ်းလိုက်
သည်။

သူ့အားကိုလုံး၀ မထိန်းထားခဲ့ပဲ ဟဲကျင့် ၏ နှုတ်ခမ်းပေါ်မှ အရက်နံ့ပြင်းရသည့်တိုင် သူ လုံးဝမရပ်
လိုက်ပေ။ ယင်းအစား သူကပိုပြီးတော့တောင်ရိုင်းစိုင်းလာသည်မှာ သွေးမစုပ်တာကြာပြီဖြစ်တဲ့ သွေး
စုပ်ဖုတ်ကောင်လိုမျိုး သွေးကသူ့ရဲ့တခုတည်းသောဖြေဆေးဖြစ်သကဲ့သို့ပင်

သုံးနှစ်ရှိသွားပြီ။ဟဲကျင့် ဟိုတုန်းက မင်း ငါနဲ့ လမ်းခွဲဖို့ ရွေးချယ်ခဲ့တယ် ။မင်းငါ့ရဲ့ခွင့်ပြုချက်တောင်
မတောင်းဘဲ ငါ့ကိုမင်းဘဝကထွက်သွားစေချင်ခဲ့တယ်။အဲ့တာကိုငါလက်ခံတယ်လို့ပြောမိခဲ့လို့လား?

ဟဲကျင့် က မျက်မှောင်ကြုတ်ပြီး တစ်စုံတစ်ခုကို တိုးတိုးလေး ညည်းညူလိုက်သည်။ သူ့နှုတ်ခမ်းနှင့် လျှာကြားတွင် မရင်းနှီးသော ဆေးလိပ်နံ့တစ်ခု ရှိနေသည်။ သူ ထိတ်လန့်တုန်လှုပ်နေပြီး တွန်းရန် လက်ကို မြှောက်လိုက်သော်လည်း သူသည် အလွန် မူးနေသောကြောင့် ရှိသမျှခွန်အားကို အသုံးချသော်လည်း တွန်းထုတ်နိုင်စွမ်းမရှိချေ။

သူ့တစ်ကိုယ်လုံး အရက်ထဲ နှစ်မြုပ်နေသော်လည်းသူရဲ့အသိစိတ်ကတော့ သူ့ကိုအန္တာရယ်လို့အော်နေခဲ့လေသည်။ဘာလို့ဆို ထူးဆန်းတဲ့အရက်နံ့နဲ့ ရိုင်းစိုင်းတဲ့လှုပ်ရှားမူတွေကြောင့်ပါပဲ

ဒီလူက ချင်ယွီ မဖြစ်နိုင်ဘူး!

ချင်ယွီ က သူ့ကိုလွှတ်လိုက်ပေမယ့် သူ့လက်ကတော့ ဟဲကျင့် ရဲ့ မေးစေ့ကို ညှစ်ထားဆဲပါပင်။သူကဟဲကျင့်ခေါင်းကိုအနည်းငယ်မလိုက်ကာဟဲကျင့်ကိုသူ့အားအတင်းကြည့်ခိုင်းလိုက်လေသည်။

ဟဲကျင့် သည် အလွန်အမင်းအားနည်းပြီးသေလောက်အောင် ခေါင်းကိုက်နေခဲ့သည်။ သူ့ခေါင်းက ပေါက်ကွဲလုမတတ် ခံစားနေရပြီး အမြင်အာရုံတွေ လည်းဝေဝါးနေလေသည်။သူ့ကိုအေးစက်စက်နဲ့မေးနေတဲ့အသံကိုသာကြားရလေသည်။

"ငါဘယ်သူလဲဆိုတာ မင်းမှတ်မိလား?"

... ချင် ... ယွီ ?

ချင်ယွီ ရဲ့ အသံပဲ...

ဟဲကျင့် ၏ မျက်လုံးများ တခဏ ပြူးကျယ်သွားခဲ့သည်။သူ့သူငယ်အိမ်မှာကြုံ့ဝင်သွားပြီး သူ့ဦးနှောက်ထဲအသံလှိုင်းတစ်ခုပြေးဝင်သွားခဲ့သည်။သူ့နှုတ်ခမ်းတွေသည်လည်းခြောက်သွေ့နေခဲ့သည်။သေချာတာပေါ့ သူဒီအသံကိုမှတ်မိတာပေါ့ သူနေ့ရောညရော တွေးနေမိတဲ့အသံလေ

...ချင်ယွီ မင်းလားဟင်?

သူဖြေချင်သည် မေးချင်သည် သူ့နှုတ်ခမ်းများလှုပ်နေသော်လည်း စာတစ်ကြောင်းလုံးကိုပြီးဆုံးအောင်မပြောနိုင်ချေ။

သူဟာ ရေနစ်နေပြီးပင်ပန်းနွမ်းနယ်နေတဲ့အမျိုးသားတစ်ယောက်က ရေမျောနေတဲ့ သစ်သားအပိုင်းအစကိုတွေ့လိုက်ရသလိုမျိုး သူ့ရှေ့ကရုပ်ပုံကိုထိကိုင်ရန် သူ့လက်ကိုစိတ်အားထက်သန်စွာလက်ကိုဆန့်ထုတ်လိုက်ပြီး ထိုသူကိုနမ်းလိုက်တော့သည်။

ချင်ယွီ...ငါ့ကိုလက်မလွှတ်​ပါနဲ့...

ချင်ယွီ... အရမ်းလွမ်းတယ်...

ချင်ယွီ အံ့အားသင့်သွားပြီး သူဘက်ကပြန်လည်ဦးဆောင်လိုက်တော့သည်။ဟဲကျင့်သည်လည်း မရုန်းကန်တော့ပဲမျက်လုံးလေးမှိတ်ကာထိုအနမ်းကိုတုံ့
ပြန်လိုက်သည်။ဒီအနမ်းနဲ့တင်ဟဲကျင့်သည် သူ၏ မောပန်းလုနီးနီး ဝိညာဉ်က ပြန်လည်နိုးထလာပြီဖြစ် ကြောင်း ခံစားလိုက်ရသည်။ ဒါဟာလက်တွေ့လားဒါမှမဟုတ် ပုံရိပ်ယောင်လားဆိုတာတောင်သူ မပြောနိုင်တော့ပါချေ။တကယ်လို့သူမူးတဲ့အချိန်ချင်ယွီကို အိမ်မက်မက်နိုင်ကြောင်းသာသိခဲ့ရင်သူဘယ်တော့မှအမူးမပြေချင်တော့ပါ။

ချင်ယွီ... အရမ်းနာကျင်ရတယ်...

ချင်ယွီ..ကျေးဇူးပြုပြီး ငါ့ကိုကူညီပါ...

"မင်းပဲငါ့ကိုထားသွားဖို့ရွေးချယ်ခဲ့တာလေ အခုတော့ကြည့်ပါဦးမင်းကိုယ်မင်းတောင်ဂရုမစိုက်နိုင် ဘူးလား?"

ချင်ယွီကသူ့ရဲ့အက်ကွဲနေတဲ့အသံနဲ့ အံကြိတ်ပြီးတော့မေးလာလေသည်။

"မင်းလက်ထပ်ပြီးပြီလား?"ချင်ယွီအသံကတုန်ယင်နေကာ

"မင်းပျော်နေလား?"

ဟဲကျင့်ကမျက်ရည်တွေဝဲနေသော်လည်း သူကြားရဲ့လားဆိုတာလဲမသေချာပေ။

"ငါ့ကိုပြောစမ်းပါ!"

ချင်ယွီ က အော်တော့သည်။

"...အာ့!"

ဟဲကျင့် သည်ချင်ယွီ ၏လည်ပင်းကို အလိုလိုဖက် တွယ်ပြီး ခွင့်လွှတ်ရန် တောင်းဆိုနေသကဲ့သို့ သူ့
မျက်နှာကို ထိလိုက်ကာ နှုတ်ခမ်းများသည် ချင်ယွီ ၏နားရွက်ကို ညင်သာစွာ ဖိကပ်ထားလိုက်လေ
သည်။

ချင်ယွီ က ငိုပါတော့သည်။သူ ရှိုက်ကြီးတငင်ဖြင့်ပြောလိုက်သည်

" မင်း ဇွန်ဘီး လိုတောင်ဖြစ်နေပြီလေ ဒါကိုမင်းကိုငါဘယ်လိုလုပ်ထပ်ပြီးလက်လွှတ်ပေးရမှာတဲ့လဲ?. "

သူလည်းဟဲကျင့်လိုမျိုးသွေးအေးသူဖြစ်ချင်ပါရဲ့။ဒါမှသူနောက်ကိုလှည့်မကြည့်ပဲထွက်သွားနိုင်မှာလေ

ဒါပေမယ့် သူအဲဒီလို မလုပ်နိုင်ဘူး။သုံးနှစ်ရှိသွားပြီ ဟဲကျင့်ကိုမရှာဖို့ သူ့ကိုယ်သူဘယ်လောက်ကြိုးစားအားထုတ်ခဲ့ရတယ်ဆိုတာ ဘယ်သူမှတွေးတောင် တွေးကြည့်တတ်မှာမဟုတ်ဘူး။ သူ သန်မာလာဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တယ်... ဒါမှသူပိုသန်မာပြီးရင်းသန်မာလာမှာလေ.. ဟဲကျင့် ကို မေ့လုနီးပါး ဖြစ်နေပြီ လို့ တွေးထားခဲ့ပေမယ့်လည်း
ဒီလူကို ပြန်တွေ့လိုက်တဲ့အချိန်မှာတော့ ကြာရှည်စွာ ပျောက်ဆုံးနေတဲ့ တောင့်တမှုတွေကပြန် ပေါ်လာခဲ့ပြီးတော့ ဟဲကျင့်အနောက်ကိုအရှက်မဲ့စွာနဲ့လိုက် သွားခဲ့တယ်တဲ့လေ

"ငါ မင်းကို အကြွေးတင်ခဲ့တာပဲဖစ်ရမယ်"

ချင်ယွီ က သူ့နှုတ်ခမ်းတွေကို ကိုက်ပြီးပြောလိုက် သည်။

"ငါအရင်ဘဝကမင်းကိုအကြွေးတင်ခဲ့တာပဲဖြစ်ရမယ် ဟဲကျင့်"

မနက် 2 နာရီ 3 နာရီလောက်အထိ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး အိပ်ပျော် သွားခဲ့ကြလေရဲ့။

မနက်6နာရီ 20 လောက်မှာ သူ့လက်ပတ်ပေါ်က alarm သံမြည်လာခဲ့သည်။ ချင်ယွီကချက်ချင်း
မျက်လုံးဖွင့်ပြီး ပိတ်လိုက်တော့သည်။သူသည်ဟဲကျင့်ကို ပင်ပန်းနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ဟဲကျင့်သည်နိုးမလာသော်လည်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။သူနှစ်နှစ်ခြိုက် ခြိုက်အိပ်မပျော်နေချေ။

ချင်ယွီ သည် သူ့မျက်ခုံးအလယ်ဗဟိုကို နမ်းလိုက် ပြီး နမ်းထားတာကြောင့် အနည်းငယ်နာနေသည့် သူ့နှုတ်ခမ်းများကို ပွတ်သပ်လိုက်သည်။သူထပ်ပြီးအချိန်မဆွဲနေတော့ပဲ အိပ်ရာပေါ်မှဖြည်းဖြည်းထကာ အဝတ်ဝတ်လိုက်တော့သည်။ သူ့လက်ထောက် က တံခါးလာမခေါက်ခင်မှာပဲ သူ့ပစ္စည်းတွေအားလုံးကို အမြန်ယူပြီး ထွက်သွားခဲ့သည်။သူ တံခါးအပြင်ကို လှမ်းကြည့်လိုက်တော့ သူ့လက်ထောက် က အခန်းဆီကို ပြေးလာတာကို တွေ့လိုက်ရ၏။ ချင်ယွီ က သူ့နာရီကို ကြည့်လိုက်ပြီးအသံအက်အက်ဖြင့်ပြောလာခဲ့သည်။

"ဆယ်မိနစ်လောက်နေရင် ရှောင်ကျိုးကိုငါ့ဆီလာခိုင်းလိုက်"

သူ့အခန်းထဲပြန်ရောက်သောအခါ ချင်ယွီသည် အလျင်အမြန် ရေချိုး၍ သူ့ကိုယ်သူလန်းဆန်း
အောင်လုပ်လိုက်သည်။ သူထွက်လာတော့ရှောင် ကျိုးရောက်နေပြီပင်။

သူအဝတ်အစားလဲနေရင်းနဲ့ အသံနိမ့်နိမ့်ဖြင့်ရှောင် ကျိုးကိုအမိန့်ပေးလိုက်သည်။

"ရှောင်ကျိုးအခုတော့ Qမြို့မှာနေလိုက်ဦး ပြီးရင် အခန်း1108 ကလူနောက်ကိုလိုက်ပြီးစုံစမ်းပေး သူဘယ်မှာနေလဲ ဘာအလုပ်လုပ်လဲ သူ..."

ချင်ယွီကခဏလောက်ရပ်လိုက်ပြီး ဝမ်းနည်းစွာပြောလာခဲ့သည်။

"သူကောင်မလေးရှိလားဆိုတာရော"

ဟဲကျင့်သည် အိမ်ထောင်ပြုပြီးသားဆိုရင် သူ့အတန်းဖော်ဟောင်းတွေဆီကနေကြားပြီးတာကြာနေပြီလောက်ပင်။ကံကောင်းထောက်မစွာနဲ့ အဲ့လိုသတင်းမကြားခဲ့ရတာပဲ။ချင်ယွီသည်လည်းထိုသတင်းမျိုးမကြားချင်ခဲ့ပါ။

သူ့စိတ်ကိုပြန်ညှိပြီးနောက် သူက ဆက်ပြောလာသည်။

"ပြီးတော့ သူ့အမေကိုလည်းစုံစမ်းပေး။သူမမှာစိတ် ကျရောဂါရှိနေတယ်လို့ကြားတယ်အခုအခြေအနေဘယ်လိုရှိပြီလဲစုံစမ်းပေး မင်းအချက်အလက်များများရလေလေပိုကောင်းလေပဲ။မင်းတခုခုသိရတာနဲ့ ငါ့ကိုချက်ချင်းမက်ဆေ့ချ်ပို့ ဒီပွဲတွေပြီးတာနဲ့လာမယ့်ကြာသာပတေးငါအားတယ် အဲ့ကျဒီကိုပြန်လာခဲ့မယ်"

ရှောင်ကျိုး က ခေါင်းညိတ်လိုက်ပြီး "သိပါပြီ"

ထို့နောက်တွင်တော့ ချင်ယွီသည် လူတစ်စုနှင့်အတူ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သူက ဟိုတယ်ရဲ့ 11 လွှာကို မှန်ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက် တယ်။ သူ၏ မျက်ဝန်းနက်နက်များတွင် နာကြည်းမှုနှင့် ချစ်ခင်မှုများဖြင့်ပြည့်နှက်နေခဲ့သည်။

ဟဲကျင့် မင်းငါပြန်လာတဲ့အထိစောင့်နေလိုက် ငါ
မင်းကိုမလွှတ်ပေးတော့ဘူး

Zawgyi

143:ငါျပန္လာတဲ့အထိေစာင့္ေနလိုက္

ည 8 နာရီေနာက္ပိုင္းတြင္ေတာ့ ဘားထဲတြင္ လူပိုမ်ားလာၿပီး ထိုအခ်ိန္တြင္ ေထာင့္စြန္းတြင္ထိုင္ကာ အရမ္းမူးေနၿပီျဖစ္ေသာဟဲက်င့္ကို အေဖ်ာ္ဆရာကၾကည့္လိုက္သည္။သူကစားပြဲထိုးကိုအၾကည့္တစ္ခ်က္ေပးလိုက္ရာ ဘာလုပ္ရမလဲဆိုတာသိတဲ့စားပြဲထိုးကေခါင္းၿငိမ့္ျပလာသည္။ ပုံမွန္အားျဖင့္ဆို ဒီလိုအရမ္းမူးေနတဲ့ေဖာက္သည္မ်ားကို သူတို႔ရဲ႕လက္ပတ္ ကိုၾကည့္၍ေနာက္ဆုံးေခၚဆိုထားသည့္ သူငယ္ခ်င္းဒါမွမဟုတ္မိသားစုဝင္ကိုဖုန္းဆက္ကာလာေခၚ ခိုင္းရေလသည္။

စားပြဲထိုးသည္ ဟဲက်င့္အနီးသို႔ခ်ည္းကပ္ဖို႔ျပင္ေနတုန္းမွာပဲ တံခါးဝမွ ေလတိုက္သံကို ၾကားလိုက္ရသည္။ အနက္ေရာင္ဂ်ာကင္အက်ႌဝတ္ထားသည့္ အမ်ိဳးသားတစ္ဦးသည္ တံခါးကိုတြန္းၿပီး ေဆာင္းဦးေလႏွင့္အတူ ဝင္လာခဲ့သည္။

သူသည္ အလြန္အရပ္ရွည္ေသာ လူငယ္တစ္
ေယာက္ျဖစ္ၿပီး ညဘက္တြင္ပင္ ေနကာမ်က္မွန္ကိုတပ္ထားခဲ့သည္။ သူ၏ ထူထဲေသာ မာဖလာသည္ သူ၏ ေမးေစ့ႏွင့္ ႏႈတ္ခမ္းမ်ားကို ဖုံးအုပ္ထားကာ လူမ်ားက သူ၏ ေျဖာင့္စင္းေသာ ႏွာတံကိုသာ ျမင္ ႏိုင္ၾကသည္။

စားပြဲထိုးက သူ႔ကို အာ႐ုံစိုက္မႈအျပည့္နဲ႔ စိုက္မၾကည့္ပဲမေနႏိုင္ခဲ့ေခ် - ဒီလူငယ္ေလးဟာခႏၶာကိုယ္တစ္ကိုယ္လုံးနီးပါးဖုံးကြယ္လုနီးနီးဝတ္စားထားေပ
မယ့္ အဝတ္အစားေတြက သူ႔ရဲ႕ ေခ်ာေမာတဲ့ ခပ္
မိုက္မိုက္ပုံစံကို ဖုံးကြယ္ထားလို႔မရပါေခ်။ သူ႔မ်က္ႏွာကို မၾကည့္ဘဲနဲ႔ သူ႔ခႏၶာကိုယ္ကိုၾကည့္႐ုံနဲ႔ေတာင္ ဆြဲေဆာင္မႈရွိတဲ့ ေယာက္်ားတစ္ေယာက္ဆိုတာ ထင္ရွားေနတာပဲေလ။ စားပြဲထိုးက သူ႔အနားမကပ္ခင္မွာခဏေလာက္ေတာ့ တုံ႔ဆိုင္းသြားေသးသည္။

သို႔ေသာ္ ထိုလူငယ္ဝင္လာၿပီးေနာက္တြင္ထိုေနရာ၌ ရပ္ကာ ပတ္ပတ္လည္ကို ၾကည့္လာေလသည္။ သူသည္ ေသာက္ရန္လာသည့္ပုံမေပၚပဲ တစ္စုံတစ္ ေယာက္ကို ရွာေဖြလိုသည့္ပုံပင္ ။

ေထာင့္စြန္းကို ျဖည္းညႇင္းစြာ အၾကည့္ေရာက္သြားခ်ိန္တြင္ေတာ့ သိသိသာသာပင္ ရပ္တန႔္သြားသည္။ ထို႔ေနာက္တြင္ေတာ့ အဲ့ဒီဘက္ဆီသို႔ ေလွ်ာက္သြားေတာ့သည္။

ဟဲက်င့္ သည္ သူ႔မ်က္လုံးမ်ားကိုမွိတ္ထားလ်က္ စားပြဲေပၚတြင္ ေခါင္းခ်လ်က္ရွိေနေလသည္။သူ႔ဦးေႏွာက္ကို အပ္ေထာင္ေပါင္းမ်ားစြာနဲ႔ထိုးေနသလိုခံစားေနရကာ ႏွလုံးခုန္ျမန္ေနေလသည္။ ေကာ္ဖီအလြန္အကြၽံေသာက္မိလို႔လား ဒါမွမဟုတ္ မူးေနလို႔လားေတာ့မသိပါ သူသိတာကေတာ့ ေသာက္တာေလာက္နဲ႔ ဒီေလာက္ထိမသက္မသာမျဖစ္ဖူးဘူးဆိုတာပင္။

ခ်င္ယြီ သည္ သူ႔ေရွ႕ရပ္လိုက္ကာ စားပြဲေပၚရွိတ
ဝက္တပ်က္ မာတီနီပုလင္း၊ အရည္ေပ်ာ္ေနတဲ့ ေရခဲတုံးတစ္ဝက္၊ ခြၽန္ထက္တဲ့ ေမးေစ့ႏွင့္ သူ႔ခ်စ္သူေကာင္ေလးကို တစ္ခ်က္ၾကည့္လိုက္သည္။

ခ်င္ယြီ သည္ ကားထဲတြင္ ႏွစ္နာရီၾကာ ေစာင့္ဆိုင္းေနခဲ့ၿပီး ကားေမာင္းသူက သူ႔အတြက္ အသားညႇပ္ ေပါင္မုန႔္ ဝယ္ေပးခဲ့သည္။ ထို႔အျပင္ ေရလည္းမခ်ိဳး၊ မိတ္ကပ္လည္းမဖ်က္ရေသးေပ။ ခ်င္ယြီ အမွန္တကယ္ေတာ့ သူဘာကိုေစာင့္ေနမိမွန္းလည္းမသိသလို သူဘာကိုေမွ်ာ္လင့္ေနမိမွန္းလည္းမသိပဲ သူအဲဒီမွာရပ္ေန႐ုံနဲ႔ သူအ႐ူးလိုပဲခံစားလိုက္ရသည္။

ဒီလူကို ျပန္ေတြ႕ဖို႔ ေစာင့္ေမွ်ာ္ေနတာလား?တကယ္လို႔သူေတြ႕ခဲ့ရင္ေရာ?သူ႔ကိုဘာေျပာႏိုင္မွာတဲ့လဲ?

လြန္ခဲ့သည့္ သုံးႏွစ္ထဲက ဟဲက်င့္ က သူ႔ကို အရာအားလုံးကို ရွင္းရွင္းလင္းလင္း ေျပာျပခဲ့ၿပီးသားပဲေလ။ သူသည္ သူ႔မိဘမ်ားကို မစြန႔္ပစ္ႏိုင္ပါ သူ
လက္ထပ္ ကေလးယူၿပီး မိသားစု႐ိုးရာကိုထိန္းသိမ္းရမွာပဲေလ။ ထိုအရာမ်ားထဲမွ တစ္ခုကိုမွ ခ်င္ယြီမလုပ္ေဆာင္ႏိုင္ေခ်။ဟဲက်င့္ က သူ႔ကိုသူ႔အနားမွာေနေပးဖို႔ေတာင္းဆိုဖို႔ အခြင့္အေရးေလးေတာင္ မ
ေပးခဲ့ဘူးေလ။ သူက ျမန္ျမန္ဆန္ဆန္နဲ႔ ႐ုတ္တရက္ ေပ်ာက္သြားခဲ့တာပဲ

ဒီသုံးႏွစ္အတြင္း သူ႔ကို သတင္းအစနေလးေတာင္မေပးခဲ့တဲ့ဒီလူအေၾကာင္း သူေတြးလိုက္ေတာ့ ခ်င္ယြီက ႐ုတ္တရက္ မဲ့ၿပဳံး ၿပဳံးလိုက္မိသည္...
ဟဲက်င့္ မင္းဘာလို႔ဒီေလာက္ ရက္စက္ရတာလဲ?

အခု မင္းထြက္သြားၿပီးၿပီပဲေလ အဲ့ဒါကိုဘာလို႔မင္းကငါ့ကိုလက္မလႊတ္ႏိုင္သလိုၾကည့္ေနရတာတုန္းၿပီးေတာ့ မင္းအရမ္းဝမ္းနည္းေနတဲ့ပုံနဲ႔ေလ?မင္းငါ့ကိုမလိုခ်င္ေတာ့မွေတာ့ဘာလို႔ဒီလိုေနရာကိုလာၿပီးအမူးေသာက္ေနရတာလဲ?ၿပီးေတာ့မင္းကလူမွန္းသူမွန္းမသိေအာင္ေတာင္မူးလိုက္ေသးတယ္!

ခ်င္ယြီ သည္ သူ႔လက္ကို ဆန႔္တန္းကာ ဟဲက်င့္ ၏ မ်က္ႏွာကို ကိုင္လိုက္သည္... သူကပိုၿပီးပိန္သြားကာ စိတ္ဓာတ္က်ေနပုံရၿပီးသိပ္ၿပီးလဲက်န္းမာေနပုံမရေပ။

ဟဲက်င့္က မ်က္ေမွာင္ၾကဳတ္ၿပီး တစ္စုံတစ္ခုကို ျမည္တမ္းလိုက္သည္။

ခ်င္ယြီသည္ ႐ုတ္တရက္ ေဒါသတႀကီးျဖစ္သြားရသည္။ ဟဲက်င့္ကအရမ္းမူးေနတာ တျခားလူကသာ သူ႔ကိုထိခဲ့ရင္လည္း သူဒီလိုပဲအကာအကြယ္မဲ့ေနေနမွာလား?

သူမညႇာမတာနဲ႔ ဟဲက်င့္ရဲ႕လက္ကိုဆြဲကိုင္ကာ ခုံေပၚမွဆြဲထူလိုက္သည္။

ဟဲက်င့္ သည္ သူ႔မ်က္ခြံမ်ားကိုဖြင့္လိုက္ေသာ္လည္း မူးေဝေနသျဖင့္ အာ႐ုံလုံးဝမစိုက္ႏိုင္ေတာ့ေပ။ သူ ေခါင္းယမ္းၿပီး သူ႔ေရွ႕ကလူကို ၾကည့္ဖို႔ ခက္ခက္ခဲခဲ ႀကိဳးစားခဲ့ေပမယ့္ကမာၻႀကီးတစ္ခုလုံးခ်ာခ်ာလည္ေနၿပီးသူ႔ေရွ႕လွမ္းဖို႔ႀကိဳးစားခ်ိန္မွာယိုင္သြားေတာ့ေလရဲ႕။

ခ်င္ယြီက သူ႔ကိုလွမ္းဆြဲလိုက္ၿပီးသူ႔ရင္ခြင္ထဲထည့္ကာ ထိန္းထားေပးလိုက္သည္

ဟဲက်င့္သည္ ခ်င္ယြီ၏ ပခုံးကို မွီလ်က္ ထူးဆန္းတဲ့ ေရေမႊးနံ႔ကိုရလိုက္ေလသည္။ သူ အနည္းငယ္ စိတ္မသက္မသာ ခံစားရၿပီး အားေပ်ာ့စြာျဖင့္႐ုန္းကန္စျပဳလာကာ တစ္စုံတစ္ခုကို စမ္းတဝါးဝါး ညည္းညဴေနေတာ့သည္ ။

ခ်င္ယြီသည္ ေဒါသထြက္လြန္းသျဖင့္ ဟဲက်င့္ရဲ႕လက္ကို သူ႔ပုံခုံးေပၚသို႔တင္ကာ ဟဲက်င့္ရဲ႕ကိုယ္တ
ဝက္ကို သူ႔အေပၚမွီေစလ်က္ ဘားထဲကဆြဲထုတ္ သြားေတာ့သည္။

ထြက္ေပါက္နားေရာက္ခါနီးတြင္ စားပြဲထိုးက ယဥ္ ယဥ္ေက်းေက်းနဲ႔တားလာၿပီး

"လူႀကီးမင္း ခင္မ်ားက..."

"သူ႔သူငယ္ခ်င္း။"

ခ်င္ယြီ က စားပြဲထိုး ျပန္ေျပာတာကို မေစာင့္ေတာ့ဘဲ ေအးစက္စြာ ေျပာလိုက္ေတာ့သည္။ေရွာက်ေနနဲ႔ဟဲက်င့္ကို အားအနည္းငယ္ျဖင့္ျပန္ထိန္းလိုက္ကာအျပင္ကို တန္းတန္းမတ္မတ္ေလွ်ာက္သြားေတာ့သည္။

သူက ဟဲက်င့္ ကို ကားထဲသို႔ တြန္းထည့္လိုက္ၿပီး ေစာင့္ဆိုင္းေနေသာ ယာဥ္ေမာင္းကို မဆိုင္းမတြေျပာလိုက္ေတာ့သည္။

"ဟိုတယ္ကို ျပန္ေမာင္း"

လမ္းတြင္ေတာ့ ခ်င္ယြီက သူ႔လက္ေထာက္ကို ေခၚကာ အခန္းသစ္တစ္ခု လိုတယ္ဟု ေျပာခဲ့သည္။ သူ႔လက္ေထာက္က အနည္းငယ္ အံ့ၾသသြားကာ

"အခန္းအသစ္ဖြင့္မလို႔လား? ဧည့္ႀကိဳေကာင္တာကရွင့္အတြက္ အထူးသီးသန႔္တစ္ခု ဖြင့္ေပးထားၿပီးၿပီေလ အသစ္က ဘာလုပ္ဖို႔လဲ?"

ခ်င္ယြီ သည္ အနည္းငယ္ စိတ္မရွည္ေတာ့ဘဲ

"အရမ္းမေမးစမ္းပါနဲ႔  ငါခိုင္းတာကိုသာ လုပ္စမ္းပါ"

လက္ေထာက္က တုန္လႈပ္သြားကာျဖင့္

"အိုး...ဒါဆို ရွင္ဘယ္လိုအခန္းမ်ိဳးလိုခ်င္လဲ?"

"king size အိပ္ရာနဲ႔ တစ္ခန္း ဒါနဲ႔စကားမစပ္ အမူးေျပေဆးလည္း ဝယ္ေပးပါဦး"

ခ်င္ယြီသည္မူးေနသည့္ဟဲက်င့္ကိုစိုက္ၾကည့္ရင္း သူ႔မ်က္လုံးမ်ားနက္ရႈိင္းလာကာလက္ပတ္ကတဆင့္ေျပာလိုက္သည္။

"ၿပီးေတာ့ ကြန္ဒုံးႏွစ္ဘူးနဲ႔ ေခ်ာဆီတစ္ဘူးဝယ္ခဲ့ေပးဦး အေကာင္းဆုံးတံဆိပ္ဝယ္ဖို႔သတိရဦး"

"အိုေခ ေဆး၊ ကြန္..."

သူ႔လက္ေထာက္က တုံ႔ျပန္ႏိုင္စြမ္းေပ်ာက္ရွသြားကာျဖင့္ႏွစ္စကၠန႔္ၾကာ ဆြံ႕အခဲ့ရသည္။ သူမသည္ တုန္ယင္ေသာအသံျဖင့္

"ေကာ...က်င့္ေကာ ရွင္တစ္ေယာက္ေယာက္ကို ေခၚလာတာလား?"

ခ်င္ယြီက ေမးခြန္းကိုမေရွာင္ခဲ့ပဲေျဖခဲ့ေလသည္။

"ဟုတ္တယ္"

လက္ေထာက္:"ဒါဆို... ခဏေလး က်င့္ေကာ ကြၽန္မရွင့္ ကို ေခၚဖို႔ ေရွာင္က်ိဳး နဲ႔ ေအာက္ထပ္ဆင္းလာရင္ ေရာဘယ္လိုလဲ?ရွင္တစ္ေယာက္တည္းလာတာဆိုေတာ့ တစ္ေနရာရာမွာ ပုန္းေအာင္းေနတဲ့ သတင္းေထာက္ေတြ ရွိေကာင္းရွိႏိုင္တယ္ ေတာ္ၾကာ ဓာတ္ပုံေတြရသြားရင္ ဖင္းေကာ ကြၽန္မကိုသတ္မွာေသခ်ာတယ္"

ခ်င္ယြီ က ဟဲက်င့္ ၏လည္ပင္းကို ညင္သာစြာ ပြတ္သပ္လိုက္ၿပီး

" မလိုပါဘူး။ သူတို႔လိုခ်င္တာကိုယူခြင့္ေပးလိုက္ ဒီလူကငါ့အပိုင္"

လက္ေထာက္: "..."

ဟိုတယ္၏ ေျမေအာက္ကားပါကင္သို႔ေရာက္ၿပီးေနာက္ ခ်င္ယြီသည္ ဟဲက်င့္ ကို ကားထဲမွ ဆြဲထုတ္ ခဲ့သည္။ဟဲက်င့္ ၏ ေျခေထာက္မ်ားသည္ အလြန္ အားနည္းေနသျဖင့္မတ္မတ္မရပ္ႏိုင္ေခ်။သူအန္ဖို႔ႀကိဳးစားခဲ့ေပမယ့္လည္းဘာမွထြက္မလာခဲ့ေပ။

ဟဲက်င့္ က အရင္က အရက္မူးခဲ့ဖူးရင္ေတာင္ ဒီလိုမ်ိဳး တစ္ခါမွ မေသာက္ဖူးပါပင္။ၾကည့္ရတာသူ႔limit ေက်ာ္သြားတဲ့ပုံပဲ!

သူ႔အား လဲက်ျခင္းမွ တားဆီးရန္အတြက္ ခ်င္ယြီသည္ တုံ႔ဆိုင္းမေနပဲ ငုံ႔၍ လက္ႏွစ္ဖက္ကိုဆန္႔တန္းလိုက္ၿပီး ဟဲက်င့္ရဲ႕ဒူးေအာက္လွ်ိဳလိုက္ကာ ေသခ်ာမရပ္ႏိုင္သည့္ထိုလူကိုေပြ႕ခ်ီလိုက္ေတာ့သည္။

သူကအရမ္းေပါ့လြန္းတယ္! ခ်င္ယြီမ်က္ေမွာင္တင္းတင္းၾကဳတ္မိသြားရသည္။ဒီသုံးႏွစ္တြင္းမွာ သူအစားေရာစားရဲ႕လား?

လက္ေထာက္သည္ အခန္း 1108 တံခါးဝတြင္ခ်င္ ယြီ ကိုေစာင့္ေနခဲ့သည္။ သူ တစ္စုံတစ္ေယာက္ကို သယ္ေဆာင္လာသည္ကို ျမင္ေသာအခါ သူမသည္ ရင္ခြင္ထဲရွိလူကိုတစ္ခ်က္စပ္စုလိုက္သည္။... ခဏေလး!...ေကာလဟာလေတြကမွန္တယ္ထင္တယ္!အဲ့ဒါကေယာက်ၤားေလးပဲ!

လက္ေထာက္သည္ ခရက္ဒစ္ကတ္ျဖင့္ ေငြေပးေခ်ကာ သူတို႔နဲ႔အတူအခန္းတြင္းသို႔ ေလွ်ာက္သြားခဲ့သည္။ ခ်င္ယြီက သူမကိုဝယ္ခိုင္းထားတာေတြပါတဲ့ပလတ္စတစ္အိတ္ေလးကို တံခါးတြင္ခ်ိတ္ေပးထားခဲ့ကာ အခုသူမထြက္သြားေပးရမယ္ဆိုတာကို သိရေလာက္ေအာင္သူမဉာဏ္ေကာင္းပါသည္။တံခါးမပိတ္ခင္မွာေတာ့ သူမကခ်င္ယြီကိုသတိေပးလိုက္ေသးပါ၏

"ခ်င္ေကာ ရွင့္ရဲ႕ေလယာဥ္ခ်ိန္က မနက္ဖန္မနက္ 8 နာရီဆိုတာမေမ့နဲ႔ေနာ္ ေလယာဥ္ကြင္းကို6 နာရီခြဲေလာက္သြားမွရမယ္ ၿပီးေတာ့...ဒီည ညႇာညႇာတာတာလည္းလုပ္ဦး"

ေနာက္ဆုံးစာေၾကာင္းေျပာၿပီးသည့္ေနာက္တြင္ ေတာ့ သူမသည္တံခါးကိုအျမန္ပိတ္၍မ်က္ႏွာကိုအုပ္လ်က္ ထြက္သြားေလေတာ့သည္။

ခ်င္ယြီ:"..."

ဟဲက်င့္ကို ကုတင္ေပၚပစ္ခ်ၿပီးေနာက္ ခ်င္ယြီ သည္ သူ၏ေနကာမ်က္မွန္ကို ခြၽတ္၍ မာဖလာကိုဖယ္ ကာ ေဘးသို႔ပစ္ခ်လိုက္သည္။

ဟဲက်င့္ အနည္းငယ္ ႏိုးလာၿပီး မ်က္လုံးမ်ား အနည္းငယ္ပြင့္လာကာ မ်က္ႏွာက်က္ကို စိုး႐ြံ႕စြာ ၾကည့္ေနေသာ္လည္း သူ႔စိတ္က မသဲကြဲေသးေပ။

ခ်င္ယြီ က သူ႔ကိုၾကည့္ရင္း သူ႔ႏွလုံးသားေတြ ပူေလာင္ေနသလို ခံစားလိုက္ရေလသည္။ သူသည္ ကုတင္အစြန္းတြင္ ဒူးတစ္ဖက္ေထာက္ကာ ဟဲက်င့္ ၏ ေမးေစ့ကို ညႇစ္၍ ေဒါသတႀကီး ငုံ႔နမ္းလိုက္
သည္။

သူ႔အားကိုလုံး၀ မထိန္းထားခဲ့ပဲ ဟဲက်င့္ ၏ ႏႈတ္ခမ္းေပၚမွ အရက္နံ႔ျပင္းရသည့္တိုင္ သူ လုံးဝမရပ္
လိုက္ေပ။ ယင္းအစား သူကပိုၿပီးေတာ့ေတာင္႐ိုင္းစိုင္းလာသည္မွာ ေသြးမစုပ္တာၾကာၿပီျဖစ္တဲ့ ေသြး
စုပ္ဖုတ္ေကာင္လိုမ်ိဳး ေသြးကသူ႔ရဲ႕တခုတည္းေသာေျဖေဆးျဖစ္သကဲ့သို႔ပင္

သုံးႏွစ္ရွိသြားၿပီ။ဟဲက်င့္ ဟိုတုန္းက မင္း ငါနဲ႔ လမ္းခြဲဖို႔ ေ႐ြးခ်ယ္ခဲ့တယ္ ။မင္းငါ့ရဲ႕ခြင့္ျပဳခ်က္ေတာင္
မေတာင္းဘဲ ငါ့ကိုမင္းဘဝကထြက္သြားေစခ်င္ခဲ့တယ္။အဲ့တာကိုငါလက္ခံတယ္လို႔ေျပာမိခဲ့လို႔လား?

ဟဲက်င့္ က မ်က္ေမွာင္ၾကဳတ္ၿပီး တစ္စုံတစ္ခုကို တိုးတိုးေလး ညည္းညဴလိုက္သည္။ သူ႔ႏႈတ္ခမ္းႏွင့္ လွ်ာၾကားတြင္ မရင္းႏွီးေသာ ေဆးလိပ္နံ႔တစ္ခု ရွိေနသည္။ သူ ထိတ္လန႔္တုန္လႈပ္ေနၿပီး တြန္းရန္ လက္ကို ေျမႇာက္လိုက္ေသာ္လည္း သူသည္ အလြန္ မူးေနေသာေၾကာင့္ ရွိသမွ်ခြန္အားကို အသုံးခ်ေသာ္လည္း တြန္းထုတ္ႏိုင္စြမ္းမရွိေခ်။

သူ႔တစ္ကိုယ္လုံး အရက္ထဲ ႏွစ္ျမဳပ္ေနေသာ္လည္းသူရဲ႕အသိစိတ္ကေတာ့ သူ႔ကိုအႏၲာရယ္လို႔ေအာ္ေနခဲ့ေလသည္။ဘာလို႔ဆို ထူးဆန္းတဲ့အရက္နံ႔နဲ႔ ႐ိုင္းစိုင္းတဲ့လႈပ္ရွားမူေတြေၾကာင့္ပါပဲ

ဒီလူက ခ်င္ယြီ မျဖစ္ႏိုင္ဘူး!

ခ်င္ယြီ က သူ႔ကိုလႊတ္လိုက္ေပမယ့္ သူ႔လက္ကေတာ့ ဟဲက်င့္ ရဲ႕ ေမးေစ့ကို ညႇစ္ထားဆဲပါပင္။သူကဟဲက်င့္ေခါင္းကိုအနည္းငယ္မလိုက္ကာဟဲက်င့္ကိုသူ႔အားအတင္းၾကည့္ခိုင္းလိုက္ေလသည္။

ဟဲက်င့္ သည္ အလြန္အမင္းအားနည္းၿပီးေသေလာက္ေအာင္ ေခါင္းကိုက္ေနခဲ့သည္။ သူ႔ေခါင္းက ေပါက္ကြဲလုမတတ္ ခံစားေနရၿပီး အျမင္အာ႐ုံေတြ လည္းေဝဝါးေနေလသည္။သူ႔ကိုေအးစက္စက္နဲ႔ေမးေနတဲ့အသံကိုသာၾကားရေလသည္။

"ငါဘယ္သူလဲဆိုတာ မင္းမွတ္မိလား?"

... ခ်င္ ... ယြီ ?

ခ်င္ယြီ ရဲ႕ အသံပဲ...

ဟဲက်င့္ ၏ မ်က္လုံးမ်ား တခဏ ျပဴးက်ယ္သြားခဲ့သည္။သူ႔သူငယ္အိမ္မွာႀကဳံ႕ဝင္သြားၿပီး သူ႔ဦးေႏွာက္ထဲအသံလႈိင္းတစ္ခုေျပးဝင္သြားခဲ့သည္။သူ႔ႏႈတ္ခမ္းေတြသည္လည္းေျခာက္ေသြ႕ေနခဲ့သည္။ေသခ်ာတာေပါ့ သူဒီအသံကိုမွတ္မိတာေပါ့ သူေန႔ေရာညေရာ ေတြးေနမိတဲ့အသံေလ

...ခ်င္ယြီ မင္းလားဟင္?

သူေျဖခ်င္သည္ ေမးခ်င္သည္ သူ႔ႏႈတ္ခမ္းမ်ားလႈပ္ေနေသာ္လည္း စာတစ္ေၾကာင္းလုံးကိုၿပီးဆုံးေအာင္မေျပာႏိုင္ေခ်။

သူဟာ ေရနစ္ေနၿပီးပင္ပန္းႏြမ္းနယ္ေနတဲ့အမ်ိဳးသားတစ္ေယာက္က ေရေမ်ာေနတဲ့ သစ္သားအပိုင္းအစကိုေတြ႕လိုက္ရသလိုမ်ိဳး သူ႔ေရွ႕က႐ုပ္ပုံကိုထိကိုင္ရန္ သူ႔လက္ကိုစိတ္အားထက္သန္စြာလက္ကိုဆန္႔ထုတ္လိုက္ၿပီး ထိုသူကိုနမ္းလိုက္ေတာ့သည္။

ခ်င္ယြီ...ငါ့ကိုလက္မလႊတ္​ပါနဲ႔...

ခ်င္ယြီ... အရမ္းလြမ္းတယ္...

ခ်င္ယြီ အံ့အားသင့္သြားၿပီး သူဘက္ကျပန္လည္ဦးေဆာင္လိုက္ေတာ့သည္။ဟဲက်င့္သည္လည္း မ႐ုန္းကန္ေတာ့ပဲမ်က္လုံးေလးမွိတ္ကာထိုအနမ္းကိုတုံ႔
ျပန္လိုက္သည္။ဒီအနမ္းနဲ႔တင္ဟဲက်င့္သည္ သူ၏ ေမာပန္းလုနီးနီး ဝိညာဥ္က ျပန္လည္ႏိုးထလာၿပီျဖစ္ ေၾကာင္း ခံစားလိုက္ရသည္။ ဒါဟာလက္ေတြ႕လားဒါမွမဟုတ္ ပုံရိပ္ေယာင္လားဆိုတာေတာင္သူ မေျပာႏိုင္ေတာ့ပါေခ်။တကယ္လို႔သူမူးတဲ့အခ်ိန္ခ်င္ယြီကို အိမ္မက္မက္ႏိုင္ေၾကာင္းသာသိခဲ့ရင္သူဘယ္ေတာ့မွအမူးမေျပခ်င္ေတာ့ပါ။

ခ်င္ယြီ... အရမ္းနာက်င္ရတယ္...

ခ်င္ယြီ..ေက်းဇူးျပဳၿပီး ငါ့ကိုကူညီပါ...

"မင္းပဲငါ့ကိုထားသြားဖို႔ေ႐ြးခ်ယ္ခဲ့တာေလ အခုေတာ့ၾကည့္ပါဦးမင္းကိုယ္မင္းေတာင္ဂ႐ုမစိုက္ႏိုင္ ဘူးလား?"

ခ်င္ယြီကသူ႔ရဲ႕အက္ကြဲေနတဲ့အသံနဲ႔ အံႀကိတ္ၿပီးေတာ့ေမးလာေလသည္။

"မင္းလက္ထပ္ၿပီးၿပီလား?"ခ်င္ယြီအသံကတုန္ယင္ေနကာ

"မင္းေပ်ာ္ေနလား?"

ဟဲက်င့္ကမ်က္ရည္ေတြဝဲေနေသာ္လည္း သူၾကားရဲ႕လားဆိုတာလဲမေသခ်ာေပ။

"ငါ့ကိုေျပာစမ္းပါ!"

ခ်င္ယြီ က ေအာ္ေတာ့သည္။

"...အာ့!"

ဟဲက်င့္ သည္ခ်င္ယြီ ၏လည္ပင္းကို အလိုလိုဖက္ တြယ္ၿပီး ခြင့္လႊတ္ရန္ ေတာင္းဆိုေနသကဲ့သို႔ သူ႔
မ်က္ႏွာကို ထိလိုက္ကာ ႏႈတ္ခမ္းမ်ားသည္ ခ်င္ယြီ ၏နား႐ြက္ကို ညင္သာစြာ ဖိကပ္ထားလိုက္ေလ
သည္။

ခ်င္ယြီ က ငိုပါေတာ့သည္။သူ ရႈိက္ႀကီးတငင္ျဖင့္ေျပာလိုက္သည္

" မင္း ဇြန္ဘီး လိုေတာင္ျဖစ္ေနၿပီေလ ဒါကိုမင္းကိုငါဘယ္လိုလုပ္ထပ္ၿပီးလက္လႊတ္ေပးရမွာတဲ့လဲ?. "

သူလည္းဟဲက်င့္လိုမ်ိဳးေသြးေအးသူျဖစ္ခ်င္ပါရဲ႕။ဒါမွသူေနာက္ကိုလွည့္မၾကည့္ပဲထြက္သြားႏိုင္မွာေလ

ဒါေပမယ့္ သူအဲဒီလို မလုပ္ႏိုင္ဘူး။သုံးႏွစ္ရွိသြားၿပီ ဟဲက်င့္ကိုမရွာဖို႔ သူ႔ကိုယ္သူဘယ္ေလာက္ႀကိဳးစားအားထုတ္ခဲ့ရတယ္ဆိုတာ ဘယ္သူမွေတြးေတာင္ ေတြးၾကည့္တတ္မွာမဟုတ္ဘူး။ သူ သန္မာလာဖို႔ ျပင္းျပင္းထန္ထန္ ႀကိဳးစားခဲ့တယ္... ဒါမွသူပိုသန္မာၿပီးရင္းသန္မာလာမွာေလ.. ဟဲက်င့္ ကို ေမ့လုနီးပါး ျဖစ္ေနၿပီ လို႔ ေတြးထားခဲ့ေပမယ့္လည္း
ဒီလူကို ျပန္ေတြ႕လိုက္တဲ့အခ်ိန္မွာေတာ့ ၾကာရွည္စြာ ေပ်ာက္ဆုံးေနတဲ့ ေတာင့္တမႈေတြကျပန္ ေပၚလာခဲ့ၿပီးေတာ့ ဟဲက်င့္အေနာက္ကိုအရွက္မဲ့စြာနဲ႔လိုက္ သြားခဲ့တယ္တဲ့ေလ

"ငါ မင္းကို အေႂကြးတင္ခဲ့တာပဲဖစ္ရမယ္"

ခ်င္ယြီ က သူ႔ႏႈတ္ခမ္းေတြကို ကိုက္ၿပီးေျပာလိုက္ သည္။

"ငါအရင္ဘဝကမင္းကိုအေႂကြးတင္ခဲ့တာပဲျဖစ္ရမယ္ ဟဲက်င့္"

မနက္ 2 နာရီ 3 နာရီေလာက္အထိ ႏွစ္ေယာက္သား တစ္ေယာက္ကိုတစ္ေယာက္ ေပြ႕ဖက္ၿပီး အိပ္ေပ်ာ္ သြားခဲ့ၾကေလရဲ႕။

မနက္6နာရီ 20 ေလာက္မွာ သူ႔လက္ပတ္ေပၚက alarm သံျမည္လာခဲ့သည္။ ခ်င္ယြီကခ်က္ခ်င္း
မ်က္လုံးဖြင့္ၿပီး ပိတ္လိုက္ေတာ့သည္။သူသည္ဟဲက်င့္ကို ပင္ပန္းေနသည့္ မ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္သည္။ဟဲက်င့္သည္ႏိုးမလာေသာ္လည္း အနည္းငယ္ မ်က္ေမွာင္ၾကဳတ္သြားသည္။သူႏွစ္ႏွစ္ၿခိဳက္ ၿခိဳက္အိပ္မေပ်ာ္ေနေခ်။

ခ်င္ယြီ သည္ သူ႔မ်က္ခုံးအလယ္ဗဟိုကို နမ္းလိုက္ ၿပီး နမ္းထားတာေၾကာင့္ အနည္းငယ္နာေနသည့္ သူ႔ႏႈတ္ခမ္းမ်ားကို ပြတ္သပ္လိုက္သည္။သူထပ္ၿပီးအခ်ိန္မဆြဲေနေတာ့ပဲ အိပ္ရာေပၚမွျဖည္းျဖည္းထကာ အဝတ္ဝတ္လိုက္ေတာ့သည္။ သူ႔လက္ေထာက္ က တံခါးလာမေခါက္ခင္မွာပဲ သူ႔ပစၥည္းေတြအားလုံးကို အျမန္ယူၿပီး ထြက္သြားခဲ့သည္။သူ တံခါးအျပင္ကို လွမ္းၾကည့္လိုက္ေတာ့ သူ႔လက္ေထာက္ က အခန္းဆီကို ေျပးလာတာကို ေတြ႕လိုက္ရ၏။ ခ်င္ယြီ က သူ႔နာရီကို ၾကည့္လိုက္ၿပီးအသံအက္အက္ျဖင့္ေျပာလာခဲ့သည္။

"ဆယ္မိနစ္ေလာက္ေနရင္ ေရွာင္က်ိဳးကိုငါ့ဆီလာခိုင္းလိုက္"

သူ႔အခန္းထဲျပန္ေရာက္ေသာအခါ ခ်င္ယြီသည္ အလ်င္အျမန္ ေရခ်ိဳး၍ သူ႔ကိုယ္သူလန္းဆန္း
ေအာင္လုပ္လိုက္သည္။ သူထြက္လာေတာ့ေရွာင္ က်ိဳးေရာက္ေနၿပီပင္။

သူအဝတ္အစားလဲေနရင္းနဲ႔ အသံနိမ့္နိမ့္ျဖင့္ေရွာင္ က်ိဳးကိုအမိန္႔ေပးလိုက္သည္။

"ေရွာင္က်ိဳးအခုေတာ့ Qၿမိဳ႕မွာေနလိုက္ဦး ၿပီးရင္ အခန္း1108 ကလူေနာက္ကိုလိုက္ၿပီးစုံစမ္းေပး သူဘယ္မွာေနလဲ ဘာအလုပ္လုပ္လဲ သူ..."

ခ်င္ယြီကခဏေလာက္ရပ္လိုက္ၿပီး ဝမ္းနည္းစြာေျပာလာခဲ့သည္။

"သူေကာင္မေလးရွိလားဆိုတာေရာ"

ဟဲက်င့္သည္ အိမ္ေထာင္ျပဳၿပီးသားဆိုရင္ သူ႔အတန္းေဖာ္ေဟာင္းေတြဆီကေနၾကားၿပီးတာၾကာေနၿပီေလာက္ပင္။ကံေကာင္းေထာက္မစြာနဲ႔ အဲ့လိုသတင္းမၾကားခဲ့ရတာပဲ။ခ်င္ယြီသည္လည္းထိုသတင္းမ်ိဳးမၾကားခ်င္ခဲ့ပါ။

သူ႔စိတ္ကိုျပန္ညႇိၿပီးေနာက္ သူက ဆက္ေျပာလာသည္။

"ၿပီးေတာ့ သူ႔အေမကိုလည္းစုံစမ္းေပး။သူမမွာစိတ္ က်ေရာဂါရွိေနတယ္လို႔ၾကားတယ္အခုအေျခအေနဘယ္လိုရွိၿပီလဲစုံစမ္းေပး မင္းအခ်က္အလက္မ်ားမ်ားရေလေလပိုေကာင္းေလပဲ။မင္းတခုခုသိရတာနဲ႔ ငါ့ကိုခ်က္ခ်င္းမက္ေဆ့ခ်္ပို႔ ဒီပြဲေတြၿပီးတာနဲ႔လာမယ့္ၾကာသာပေတးငါအားတယ္ အဲ့က်ဒီကိုျပန္လာခဲ့မယ္"

ေရွာင္က်ိဳး က ေခါင္းညိတ္လိုက္ၿပီး "သိပါၿပီ"

ထို႔ေနာက္တြင္ေတာ့ ခ်င္ယြီသည္ လူတစ္စုႏွင့္အတူ ေအာက္ထပ္သို႔ ဆင္းလာခဲ့သည္။ သူက ဟိုတယ္ရဲ႕ 11 လႊာကို မွန္ျပတင္းေပါက္ကေန လွမ္းၾကည့္လိုက္ တယ္။ သူ၏ မ်က္ဝန္းနက္နက္မ်ားတြင္ နာၾကည္းမႈႏွင့္ ခ်စ္ခင္မႈမ်ားျဖင့္ျပည့္ႏွက္ေနခဲ့သည္။

ဟဲက်င့္ မင္းငါျပန္လာတဲ့အထိေစာင့္ေနလိုက္ ငါ
မင္းကိုမလႊတ္ေပးေတာ့ဘူး

Continue lendo

Você também vai gostar

1.4M 34.4K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
30.9K 3.8K 66
This is not my own story English Title- Flying ash Author - 余酲 Translator- IQ Team
10.5K 1.9K 17
Title: Not so-evil dragon and Prince (不怎么恶的龙,还有王子) Author: LiangLiang (俩俩) Status: Completed (16 chapters+1 extra)
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...