မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...

By XiaoManTou96

168K 29.2K 929

Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... More

Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ

767 137 18
By XiaoManTou96

Unicode

သွမ့်ရှုရုန်သည် ဟဲကျင့်က  သူမအား ပြတ်ပြတ်
သားသား ငြင်းလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ဟဲကျင့် က မိန်းကလေးတွေကို ဒီလိုနည်းနဲ့ ငြင်းခဲ့တာလား?

သူမ ဒေါသဖြစ်သင့်သည်။ တခြားမိန်းကလေးတွေအကြောင်းတော့ သူမသေချာမသိပါချေ- သူ့အတွက်ကတော့ သူ့ရဲ့အတန်းဖော်ဟောင်းကိုတွေ့ဖို့ဒါမှမဟုတ် ဟဲကျင့် ရဲ့အမေကိုစိတ်ဆိုးအောင်လုပ်ဖို့ လို့ပြောနေပေမယ့်လည်း ဟဲကျင့်ကို သူမနှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်းချစ်နေသေးတာကိုသူမသိလေသည်။ ဒါပေမယ့်လည်း ငြင်းဆိုမူတစ်ခုသာဖြစ်လာခဲ့ပါ၏။ သွမ့်ရှုရုန်ကဲ့သို့ မာနကြီးသူတစ်ယောက်အတွက် ၎င်းသည် စိတ်ပျက်စရာကောင်းပြီး အရှက်ရစေမည်ဖြစ်သည်။ ထူးဆန်းတာက စိတ်ပျက်စရာတွေအပြင် သူမသည် အနည်းငယ်ရှုပ်ထွေးနေသလို ခံစားလိုက်ရသည်။

2000 ခုနှစ်နောက်ပိုင်း မွေးဖွားသူများသည် များသောအားဖြင့် လိင်တူချစ်သူများအပေါ် မလိုမုန်းထားဖြင့် ကန့်ကွက်သည်များမရှိတော့ပေ။အဲ့ထဲမှာသွမ့်ရှုရုန်သည်လည်းတစ်ယောက်အပါအဝင်ဖြစ်
သည်။ သို့သော်လည်း လိင်တူချစ်သူအသိုင်းအဝိုင်းအပေါ် အလုံးစုံလက်ခံမှုအဆင့်မှာ အထူးသဖြင့် သက်ကြီးရွယ်အိုများအတွက် အိမ်ထောင်ပြုခြင်းနှင့် ကလေးယူခြင်းတို့သည် စံနှုန်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ဟဲကျင့် သည် ဒီလောက်ခက်ခဲသောမိခင်တစ်ဦးရှိသောကြောင့် သူဘာတွေကြုံတွေ့နေရသည်ကို သွမ့်ရှုရုန်ခန့်မှန်းနိုင်လုနီးပါးပင်။

"ကောင်းပြီ မင်းဒီမှာ အတန်းဖော်ဟောင်းတစ်ယောက်ကို တွေ့ဖို့လာတယ်ဆိုပြီးပဲပြောခဲ့တယ်မလား?"

ဟဲကျင့် က သူ့မျက်နှာဖုံးကိုပြန်တပ်လိုက်ကာခေါင်းစဉ်ပြောင်းလိုက်ပြီး

"မင်းက အရမ်းလှပြီးအရမ်းလဲတော်တာပဲလေယောကျ်ားလေးတော်တော်များများမင်းနောက်လိုက်နေမှာပဲ ငါထင်တာတော့မင်းအတွက် ကောင်းတယ်ဆိုတဲ့လူမတွေ့သေးဘူးမလား အဲ့ဒါကြောင့်မင်းအခုထိsingle ဖြစ်နေတာ?"

ဟဲကျင့် က သူပြောတာကို အရမ်းဂရုစိုက်သည်။သူက သူမကို အရမ်းတွေဂျီးများတယ်လို့မပြောခဲ့ပဲ အဲ့အစား သူမအတွက် ကောင်းတဲ့ သူကိုမတွေ့သေးလို့ဟုသာပြောခဲ့သည်။အဲ့ဒါက သွမ့်ရှုရုန်ရဲ့ သူမအတွက်လက်တွဲဖော်ရွေးချယ်ခြင်းစံသတ်မှတ်ချက်
ကိုအလိုလိုမြှင့်ပြီးသားဖြစ်သွားခဲ့တော့တာပဲလေ

သွမ့်ရှုရုန် က ပိုသက်တောင့်သက်သာ ခံစားလိုက်ရပြီး သူမရဲ့ အရင်ကရည်းစားနဲ့ဆက်ဆံရေးအကြောင်းပြောပြလာခဲ့သည်။

စိတ်ကျရောဂါခံစားနေရသော အမျိုးသမီးတစ်ဦးနှင့် အတူနေထိုင်စဉ်တွင် ဟဲကျင့်၏ ဒေါသသည် ဤသုံးနှစ်အတွင်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သူ့ကိုဒေါသထွက်စေသည့်ကိစ္စမျိုးဆိုတာမရှိလုနီးနီးပင်။ သူသည် သွမ့်ရှုရုန် စကားကို အာရုံစိုက်နားထောင်နေပြီး တစ်ခါတစ်ရံတွင် သူမကို ဦးတည်ချက်နှင့် အကြံဉာဏ်အချို့ကို ပေးခဲ့သည်။ သူသည် အလွန်နှိမ့်ချပြီး တည်ငြိမ်သောကြောင့် သူမကို အလွန်သက်တောင့်သက်သာဖြစ်စေသည်။

သွမ့်ရှုရုန်သည်ဟဲကျင့်ဆီမှဆွဲဆောင်ခံလိုက်ရတော့သည်။ ဒီတစ်ကြိမ်တွင်တော့နားမလည်နိုင်သည့် အပြစ်ကင်းသော ခံစားချက်များကြောင့် မဟုတ်
သလို သနားခြင်းကြောင့်လည်း မဟုတ်ခဲ့ဘဲ ဟဲကျင့် ၏ စိတ်နေစိတ်ထားကြောင့် ဖြစ်သည်။ သူက သံလိုက်စက်ကွင်းလိုပါပဲ။ သူ့ပတ်ဝန်းကျင်က အပျက်သဘောဆောင်တဲ့ စွမ်းအင်အားလုံးကို အမြဲစုပ် ယူနေခဲ့သည်။ သူနဲ့စကားပြောပြီးရင် ဘယ်သူမဆို ပိုသက်တောင့်သက်သာရှိလာလိမ့်မယ်။ သေချာတာပေါ့ အဲ့လူကိုလည်းနှစ်သိမ့်ပေးနိုင်တယ်လေ။

သူမပတ်ဝန်းကျင်ရှိ သွေးဆူလွယ် ဒေါသထွက်လွယ် ကလေးဆန်တဲ့ လူတွေနဲ့ ယှဉ်လိုက်ရင် ဟဲကျင့် က ဒီတိုင်းကွာခြားနေတာပါပဲ

သူတို့ အစားအသောက်ကို 2 နာရီလောက် စားသောက်ပြီးနောက် နေ့လည်စာစားချိန်လည်းကုန် ဆုံးသွားပြီဖြစ်ကာလူအားလုံးလဲသွားကြပြီပင်။သူတို့နှစ်ယောက်လည်းသွားချိန်တန်ပြီဆိုတာသိလိုက်သည်။

"နောက်ကျရင် လုပ်စရာရှိသေးလား?" သွမ့်ရှုရုန်ကမမေးပဲမနေနိုင်ခဲ့ချေ။

"နင်လမ်းနည်းနည်းလျှောက်ချင်လား?"

ဒါကို ကောင်လေးက အကြံပြုသင့်တာဆိုပေမယ့် ဟဲကျင့် က သူမကို ဆက်ဆံရေးမစတင်ချင်ဘူးလို့ အတိအကျပြောထားပြီးသားဆိုတော့ သူကတော့ဘယ်တော့မှစပြောမှာမဟုတ်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သွမ့်ရှုရုန်ကတော့ သူ့ကိုလက်မလွှတ်ချင်သေး ပါ။ပြီးတော့ သူဟဲကျင့်ဆီက ပိုပြီးတော့လဲအဆွဲဆောင်ခံလိုက်ရတယ်လေ။

ဟဲကျင့် ၏မျက်လုံးများတွင် ရုတ်တရတ် ရှုပ်ထွေးနေသည့် ခံစားချက်တစ်ခု ပေါ်လာသော်လည်း ခဏအကြာတွင် ပျောက်ကွယ်သွားခဲ့သည်။ သူက ဘေရှင်းလိုက်ပြီး

"ဘာမှမရှိပါဘူး ငါမင်းနဲ့လမ်းလိုက်လျှောက်မယ်"

သူတို့နှစ်ယောက်စားသောက်ဆိုင်မှ ထွက်လာသောအခါ အပြင်ဘက်တွင် လူများစွာနှင့် ကားများပါရှိနေကာ ယာဉ်ထိန်းရဲများနှင့် ကင်းလှည့်ရဲများလည်း အများအပြားရှိနေခဲ့လေသည်။

"ဘာဖြစ်နေတာလဲ?ဘာလို့ လူတွေ ဒီလောက်များနေတာလဲ?"

သွမ့်ရှုရုန်က သူမအိတ်ကိုဇစ်ပိတ်လိုက်ပြီး ပုခုံးပေါ်လွယ်ထားလျက်ပြောလာခဲ့သည်။

"ငါ ဒီကိုလာကတည်းကတော့ သတိထားမိပါတယ် ငါ တက္ကစီဌားမရလို့ ငါ့အဖေက ဒီကိုမောင်းပြီးလိုက်ပို့ပေးခဲ့တာ"

ဟဲကျင့်က အနုပညာရှင်တစ်ယောက်က သူ့ရဲ့ fan gathering အတွက် ဒီကိုလာနေလို့ဆိုတဲ့အကြောင်းကိုတော့မရှင်းပြခဲ့ပါချေ။

"လူအရမ်းများနေတယ် ​​လမ်းလျှောက်ချင်စိတ်မရှိတော့ဘူး"

သွမ့်ရှုရုန်က နှုတ်ခမ်းစူလျက် ဟဲကျင့်မေးလာခဲ့သည်။

"ငါတို့ ရုပ်ရှင်သွားကြည့်ရင် ဘယ်လိုလဲ ငါဒကာခံမယ်‌လေ"

"အင်း သွားကြရအောင်။"

ဟဲကျင့် သည် တိမ်ထူထပ်နေသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။ဆောင်းဦးပေါက်နေပြီဖြစ် ပြီး အပူချိန်က ကျဆင်းနေပြီဖြစ်သော်လည်း သူတစ်ကိုယ်လုံး ချွေးတွေထွက်နေခဲ့သည်။ စားသောက်ဆိုင်မှ ထွက်လာပြီး မကြာခင်မှာပင် သူ့ကျောမှာ ချွေးတွေထွက်နေပြီပင်။

ဟဲကျင့် သည် သူနှင့် အလွန်ရင်းနှီးသောလူအကြောင်း မစဉ်းစားမိစေရန် အခြားအရာများကို အာရုံစိုက်နေရသည်။

သူတို့နှစ်ဦးသည် အနီးဆုံးရုပ်ရှင်ရုံသို့ရောက်ရှိလာပြီး ညနေ 3 နာရီတွင် စတင်မည့် ရုပ်ရှင်လက်မှတ်နှစ်စောင်ကို အောင်မြင်စွာဝယ်ယူခဲ့သည်။

ဟဲကျင့်က နောက်ထပ် ကော်ဖီနှစ်ခွက် ထပ်ဝယ်လိုက်တယ်။ ရုပ်ရှင်ရုံထဲသို့ဝင်ကြပြီး မီးများပိတ်သွားသောအခါ ဟဲကျင့် သည် သူ့တစ်ကိုယ်လုံး တုန်လှုပ် သွားသည်ကို သိလိုက်ရသည်။

ဇာတ်ကားသည် တစ်နာရီနှင့် မိနစ်လေးဆယ်ကြာမြင့်သော်လည်း ဟဲကျင့် သည် လုံးဝအာရုံမစိုက်နိုင်ပေ။ သူသည် ဆေးထိုးအပ်များရှိနေသည့် ကော်ဇောပေါ်တွင် ထိုင်နေရသလို  သူ့လက်ပတ်ကိုမိနစ်တိုင်းကြည့်နေမိလေသည်။3:15,3:30,3:45:30....

သူမှတ်မိသလောက်ဆို gathering က 5 PM တွင်ပြီးဆုံးမည်ဖြစ်ပြီး ချင်ယွီသည် အဲ့ဒါပြီးတာနဲ့ Q မြို့မှာထွက်ခွာမည်ပင်။

ဇာတ်ကားက ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းကိုပြသနေချိန်မှာ သွမ့်ရှုရုန်ရဲ့ မသိစိတ်က ဟဲကျင့် ရဲ့လက်ကို ဆုပ်ကိုင်ထားချင်ခဲ့ပေမယ့် သူမခေါင်းကို လှည့်ကြည့်လိုက်တော့ ဟဲကျင့်ကမျက်မှောင်တင်းတင်းကြုတ်ထားလျက် ရှေ့ကထိုင်ခုံကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရသည်။ကြည့်ရတာသူ့ပုံစံကစိတ်ဝိဉာည် ပျောက်ဆုံးနေပုံရပြီး သူ့မျက်နှာကတော့ screen ရဲ့ အလင်းရောင်အောင်မှာ အလွန်အမင်းဖြူဖျော့နေပုံရလေသည်။

သူသည် သူ့လက်များကိုဆုပ်ကိုင်ထားပြီးတစ်ခါတစ်ရံ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလျက် တစ်ခါတစ်ရံတော့လွှတ်လိုက်ကာဖြင့် အလွန်စိတ် လှုပ်ရှားနေပုံရလေသည်။

သွမ့်ရှုရုန်က သူ့လက်ကို ဆုပ်ကိုင်ပြီး နေကောင်းလားလို့ မေးလိုက်သည်။မထင်မှတ်စွာပဲဟဲကျင့် က လျှပ်စစ်စီးကြောင်းကြောင့် တုန်လှုပ်သွားသလိုပဲ ချက်ခြင်း လက်ကို ရှောင်လိုက်တော့သည်။ သူသတိပြန်ဝင်လာသောအခါတွင် ပုံမှန်လိုဖြစ်အောင် ကြိုးစားလိုက်ပြီး သူမကိုပြုံးကာတောင်းပန်လိုက် သည်။ထို့နောက်တွင်တော့ screen ကိုအာရုံပြန်စိုက်လိုက်တော့လေရဲ့။

သွမ့်ရှုရုန်သည် ဟဲကျင့်က ဇာတ်ကားကို လုံးဝ စိတ်မဝင်စားကြောင်း နောက်ဆုံးတွင် သဘောပေါက်ခဲ့သည်။ သူမကို မငြင်းချင်​​သော​ကြောင့်​ ထို​နေရာတွင်​ရှိ​နေ​သော်​လည်း သူ့စိတ်ကတော့ ရှင်းရှင်းလင်းလင်းကြီးကိုဒီမှာမရှိနေခဲ့တာလေ!

သွမ့်ရှုရုန်သည် မူလက ရုပ်ရှင်အပြီးတွင် ဟဲကျင့် နှင့် ညစာစားရန် စီစဉ်ထားသော်လည်း သူမသည် အခုတော့ စိတ်ခံစားချက်မကောင်းတော့ချေ။

"ဒီနေ့ တွေ့ရတာ အရမ်းကောင်းတယ်" လို့ ယဉ်ယဉ် ကျေးကျေး ပြောပြီးနောက် သူမက သူ့ကို နှုတ်ဆက်လိုက်တော့သည်။

သွမ့်ရှုရုန်ထွက်သွားချိန်တွင် သူမ ၏နောက်ကျောကိုကြည့်လျက် ဟဲကျင့် သည် ချက်ချင်းပင် ပို၍သက်တောင့်သက်သာရှိလာခဲ့သည်။ ပြုံးလွန်းသဖြင့်တောင့်တင်းသွားသည့် သူ့မျက်နှာကိုတောင် ဆွဲဆိတ်လိုက်သေးလေရဲ့။

သူက အပြင်ကို ဖြည်းဖြည်းချင်း ထွက်လာလိုက်ပြီး တက္ကစီစီးဖို့လုပ်လေသည်။ သို့သော် လူများလွန်းသဖြင့် မဖြစ်နိုင်သလောက်ပင်။ နောက်တော့ သူ့လက်ပတ်ကမြည်လာခဲ့သည်- သူ့အမေက ညစာစားဖို့ အိမ်ပြန်လာပြီလားလို့မေးတာပင်

"အမေ ကျွန်တော် သွမ့်ရှုရုန်နဲ့ ရှိနေတုန်းပဲ ကျွန်
တော် ဒီညအိမ်မှာညစာမစားတော့ဘူး"

ဟဲကျင့် ၏ လိမ်ညာမှုအဆင့်သည် များစွာတိုးတက်လာခဲ့သည်။ဒါတွေအားလုံးက သူ့ပတ်ဝန်းကျင်မှာပိတ်သိမ်းထားတာတွေ သူနေ့စဉ်ဝတ်ထားတဲ့ မျက်နှာဖုံးတွေနဲ့ သူ့ဘဝရဲ့ အခိုက်အတန့်တိုင်းက သူ့ကို လိမ်ဖို့ အမြဲသတိပေးလို့ပါပဲ။

ဟဲကျင့် ၏မိခင်သည် အနည်းငယ်မျှပင်သံသယမရှိခဲ့ဘဲ သူမ အလွန်ပျော်ရွှင်နေပုံရလေသည်။ ပြီးတော့ပြောရမယ်ဆိုဟဲကျင့်ကသူသွားတွေ့တဲ့သူနဲ့ နေ့လည်စာ ညစာစားတဲ့ပထမဆုံးအကြိမ်ပဲလေ။အဲ့တော့ဆိုလိုတာက ဒါကအခွင့်အရေးရှိနိုင်တယ်

ဟဲကျင့် သည် လူအုပ်ကြီးနှင့်အတူ သတိလက်လွတ် လျှောက်လာခဲ့သည်။ ယဉ်ကျေးမှုနန်းတော်အဝင်ဝကို ရောက်နေပြီဆိုတာကိုသတိထားမိလိုက် တော့ လူတွေ၊ သတင်းထောက်တွေ၊ လုံခြုံရေးအစောင့်တွေ၊ ပရိတ်သတ်တွေကဝိုင်းရံထားပြီး လက်မှတ်မဝယ်ရသေးတဲ့ မိန်းကလေးအုပ်စုကြီးလည်း ရှိနေတာကိုတွေ့လိုက်တော့သည်။ သူတို့ကိုကြည့်ရတာ အလယ်တန်းကျောင်း ဒါမှမဟုတ် အထက်တန်းကျောင်းသားတွေလိုပါပဲ။ သူတို့သည် ချင်ယွီ သို့မဟုတ် နှလုံးသားမဲ့မီး ဟူသောအမည်ဖြင့် ရိုက်နှိပ်ထားသော ပိုစတာများ၊အလင်းချောင်းများနှင့် လက်ဆောင်ပစ္စည်းများကို ကိုင်ဆောင်လျက် စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။

ညနေ 5နုာရီ 10မိနစ်ရှိနေပြီပင် ယဉ်ကျေးမှုနန်းတော်မှာ အနောက်ဘက်တံခါးမရှိသဖြင့်နာမည်ကြီးများသည် အများအားဖြင့် အရှေ့တံခါးမှသာထွက် ကြရသည်။ လုံခြုံရေးအစောင့်တွေနဲ့ လှည့်ကင်းရဲတွေက လမ်းရှင်းပေးရင်း ကားတစ်စီး အနီးကို ဖြတ်မောင်းလာတဲ့အခါမှာတော့ ပရိသတ်တွေက ထပ်ပြီး အော်ဟစ်ခဲ့ကြပြန်ပါရော...

အနီးနားက လူတွေနဲ့ ဖြတ်သွားဖြတ်လာတွေကလည်းခဏရပ်ကာကြည့်ခဲ့ကြသည်။ စူးစမ်းတစပ်စုတတ်တာက လူ့သဘာဝပါပဲ။ ဘာတွေဖြစ်နေမှန်း မသိပေမယ့် လည်းအဲ့လူအုပ်ကြီးထဲမှာရှိနေခဲ့ကြလေရဲ့။

ဟဲကျင့်က သူ့နောက်ကလူတွေကြောင့်ရှေ့ကိုတွန်းပို့ခံလိုက်ရလေသည်။သူအရမ်းစိတ်လှုပ်ရှား​နေ​ပေမယ့်​ သူထွက်ပြေးဖို့ကိုလည်း ​ကြောက်​​နေတုန်းပါပဲ။ သူ့ခြေထောက်တွေက မြေကြီးပေါ်မှာ တွယ်ကပ်နေသလိုခံစားရပြီး သူ့မျက်လုံးတွေက ရဲ့ ယဉ်ကျေးမူနန်းတော်ရဲ့တံခါးဝမှာ ကပ်တွယ်နေမိတာကြောင့် ရှောင်လွှဲဖို့ ဆိုတာလုံးဝမဖြစ်နိုင်ပါချေ။

ညနေ 5 နာရီ မိနစ် 20 မှာဒါဇင်နဲ့ချီတဲ့ လုံခြုံရေးအစောင့်တွေက လူအုပ်ကိုထိန်းခဲ့လေသည်။သူတို့ဟာ လူအုပ်ကြားထဲ လမ်းဖွင့်ဖို့ ကြိုးစားခဲ့ကြပြီး ပရိသတ်တွေက ချင်ယွီ ရဲ့ နာမည်ကို အရူးအမူးအော်ပါတော့သည်။

ထို့နောက်တွင်တော့ အနက်ရောင်ဝတ်စုံနှင့် ရောင်ပြန်ခရမ်းရောင်နေကာမျက်မှန်ကို ဝတ်ဆင်ထားသည့် ချင်ယွီသည် ထွက်လာခဲ့သည်။ ဟဲကျင့် ၏ နှလုံးခုန်သံသည် အထိန်းအကွပ်မရှိ တိုးခုန်လာခဲ့ပြီး နာကျင်နေသည်ကို သူခံစားလိုက်ရသည်။

သို့သော် ဆယ်စက္ကန့်ကျော်အကြာတွင် ချင်ယွီက ကားပေါ်တက်သွားပြီး လူအုပ်ကြားထဲ ဗန်ကား ဖြည်းညှင်းစွာ မောင်းထွက်သွားခဲ့သည်။ ပရိသတ် တွေကတော့ ချင်ယွီကို အော်ဟစ်နှုတ်ဆက်ပြီး လက်ပြနှုတ်ဆက်နေကြတုန်းပါပဲ။ ကားသည် ဟဲကျင့် ရှိရာသို့ နီးလာသောအခါတွင် သူသည် မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ ကားပြတင်းပေါက်မှတဆင့်ချင်ယွီ ကို လှမ်းကြည့်ချင်ခဲ့သည်။ ကံမကောင်းစွာပဲ မှန်ပြတင်းပေါက်မှာမှန်အမဲကာထားခဲ့ပြီး ဟဲကျင့်က ၎င်းကိုဖြတ်ပြီး ဘာမှမမြင်ရပါချေ။

ကားထဲတွင်တော့ချင်ယွီသည်ခေါင်းကိုက်နေသဖြင့်နားထင်ကိုနှိပ်နယ်နေခဲ့သည်။အပြင်က ပရိသတ် တွေကို အမှတ်တမဲ့ကြည့်မိချိန်မှာတော့ ရုတ်တရက်သူ့အကြည့်များအေးခဲသွားရတော့၏။

"ခဏလေး!"

သူအော်လိုက်တော့ ကားသမားက ချက်ချင်းရပ်လိုက်သည်။ သူ့လက်ထောက်နဲ့ မန်နေဂျာ နှစ်ယောက် စလုံးက ဘာမှားနေမှန်း မသိတာကြောင့် သူ့ကို ကြည့်နေကြသည်။

ချင်ယွီကလူအုပ်ကိုစိုက်ကြည့်လိုက်သည်။အဲ့မှာ မိန်းကလေးတွေထက်သိသိသာသာအရပ်ပိုရှည်တဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ် 2 မီတာ 3မီတာပဲ ကွာဝေးလေရဲ့

"ဘာမှမဟုတ်ပါဘူး သွားကြရအောင်။"

ချင်ယွီကနာနာကျင်ကျင်ပြောလိုက်သည်။

ကားသည် ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့ပြီး ချင်ယွီရဲ့အကြည့်သည် ထိုပုံရိပ်လေး လုံးလုံးမှေးမှိန်သွားပြီး သေးငယ်သွားသည့်ပုံစံအတိုင်းကပ်လျက်ကျန်​နေခဲ့သည်။

ကားသည် ပရိသတ်များကို အောင်မြင်စွာ ဖြတ်ကျော်ပြီး အနီးနားရှိ ကားပါကင်သို့ မောင်းနှင် သွားခဲ့သည်။ ထို့နောက် ချင်ယွီက ရုတ်တရက် သူ့ယာဉ်မောင်းကို ထိုနေရာသို့ ပြန်သွားရန် တောင်းဆိုခဲ့သည်။

"တစ်ခုခုမေ့သွားလို့လား?"

သူ့လက်ထောက်က သူ့ကို စိုးရိမ်စွာမေးခဲ့သည်

"ငါတစ်ယောက်ယောက်ကိုခေါ်ပြီး မင်းကိုကူညီပြီးရှာခိုင်းလိုက်ရင်ရော ဘယ်လိုလဲ?"

ချင်ယွီ က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး

" မလိုပါဘူး ငါ ဒီတိုင်းပဲလျှောက်ကြည့်ချင်လို့မင်းတို့တွေ အရင် အနားယူလို့ရပြီ"

လူအုပ်ကြီးကလုံးဝမထွက်သွားရသေးပေ။ချင်ယွီ က စိုးရိမ်တကြီးနဲ့ ကားပေါ်ထိုင်နေခဲ့ပြီး ကားပြတင်းပေါက်မှတဆင့် လူတွေကို သေသေချာချာကြည့်နေခဲ့သည်။

သူသွားပြီလား...? သူ ပျောက်သွားပြီလား?

ချင်ယွီ သည် သူ့လက်ပတ်ကိုဖွင့်လိုက်သည်နှင့် ရင်းနှီးသောနံပါတ်ကိုတွေ့လိုက်သော်လည်း သူ့လက် များတုန်လှုပ်သွားကာ ပြန်ပိတ်လိုက်တော့သည်...

"အဲဒီဘက်!"

ချင်ယွီ က ရုတ်တရက်အော်လာသည်

"မစ္စတာဖန် မီးခိုးရောင်အဝတ်အစားဝတ်ထားတဲ့ လူငယ်လေး သူ့နောက်ကိုလိုက်ပေးပါ"

မစ္စတာဖန်: "အိုး..."

ဟဲကျင့် သည် ယဉ်ကျေးမှုနန်းတော်မှ မည်သို့ ထွက်လာသည်ကိုလည်းမသိတော့ချေ။ မှောင်နေပြီဖြစ်ကာ အိမ်မပြန်ချင်ပေမယ့်လည်းဘယ်ကိုသွားရမလဲဆိုတာလဲမသိပါ။ မကြာမီ တွင် သူသည် ဘားလမ်းသို့ ရောက်ရှိလာပြီး အပြင်ဘက်တွင် အနီနှင့် အစိမ်းနီယွန်မီးများ မှိတ်တုတ်မှိတ်တုတ်လင်းနေခဲ့သည်။

ဟဲကျင့် သည် ဖွင့်ထားသည့် ဘားတစ်ခုကို ကျပန်းရွေးချယ်ကာ ထိုင်ရန် မှောင်မိုက်သောနေရာတစ်ခုကိုလည်းရှာတွေ့ခဲ့သည်။ စားပွဲထိုးတစ်ယောက်က သူဘာလိုချင်လဲလို့မေးလာသည့်အခါမှာတော့သူကအသံတိုးတိုးလေးနဲ့ပြန်ဖြေလေသည်။

"7-up"

"အိုး လူကြီးမင်း ကျွန်တော်တို့ ဒီမှာတော့  7-up မရှိဘူးဗျ ဒါပေမယ့် ဒီမှာ sprite ကော့တေးတော့ရှိတယ်"

ဟုဆိုကာစားပွဲထိုးက မီနူးကို ပေး၍ ကော့တေးကို လက်ညှိုးထိုးပြလာသည်။

"အဲဒါကမန်ဟက်တန် အဲဒါကBloody Mary..."

ဟဲကျင့် သည် မီနူးရှိ မာတီနီပုလင်းတစ်ခုလုံးကို လက်ညှိုးထိုးပြပြီး

"ဒီတစ်ပုလင်းလိုချင်တယ်"

စားပွဲထိုး: "တစ်ပုလင်းလုံးလား? ရပါတယ်  ဒါပေမယ့် လူကြီးမင်းတစ်ပုလင်းလုံးကို အော်ဒါမှာရင်တော့ အရင်ငွေပေးချေဖို့လိုပါတယ်"

ဟဲကျင့် သည် ခရက်ဒစ်ကတ်ဖြင့် ပေးချေလိုက်
သည်။ စားပွဲထိုးသည် ဖော့အစို့ကိုဖွင့်ကာဖြင့်ဖန်
ခွက်အလွတ်တစ်လုံးနှင့် ရေခဲပုံးတစ်ပုံး ယူလာပေးခဲ့သည်။ဟဲကျင့်သည် ယခင်က အရက်မသောက်ဖူးသောကြောင့် ဖန်ခွက်ကို အပြည့်ထည့်ကာ ရေခဲလည်း ထည့်လိုက်သည်။ တစ်ဝက်လောက်သောက်ပြီးနောက်မှာတော့သူအရမ်းပူလာပြီး မျက်ရည်တွေကျလာတော့လေသည်။

အဖျော်သမားက အဝေးကနေ မြင်လိုက်ပြီး စားပွဲထိုးကို အာရုံစိုက်ခိုင်းလိုက်သည်။ ယခင်က အရက် မူးသည့်ဖောက်သည်များနှင့် အတွေ့အကြုံများစွာရှိခဲ့ပြီး ပြဿနာတစ်စုံတစ်ရာမဖြစ်ပွားမီ မကြာခဏ ကြားဝင်ဖြေရှင်းပေးခဲ့ရတယ်လေ

အရက်ပြင်း ခွက်တစ်ဝက်လောက်သောက်ပြီးနောက် ဟဲကျင့် သည် သူ့တစ်ကိုယ်လုံးရှိ သွေးများ သူ့ခေါင်းဆီသို့ ဆောင့်တက်လာသလို ခံစားလိုက်ရ
သည်။သူက အရက်သောက်သည့်ခံနိုင်အား သိပ်မကောင်းတဲ့အပြင် အရက်မသောက်ခင်မှာလည်းဘာမှမစားရသေးချေ။ သူ မူးနေပြီ ဖြစ်၍ သူ့ရှေ့တွင် အရာအားလုံး ချာချာလည်နေတော့ပါ၏။

သူ့မျက်နှာပူပူကို စားပွဲနှင့်ဖိကာ ကြည်လင်သော
ဖန်ခွက်ကို စိုးရွံ့စွာကြည့်နေလိုက်သည်။သူမူးနေတာတောင် ဘာလို့သူ့စိတ်ထဲမှာရှိနေရသေးတာလဲ?

ထို့နောက် ယဉ်ကျေးမှုနန်းတော်တွင်သူမြင်ခဲ့ရသည့်မြင်ကွင်းကိုပြန်ပြောင်းသတိရလိုက်မိသည်။
မန်နေဂျာ၊ မိတ်ကပ်ပညာရှင်၊ လက်ထောက်နှင့် သက်တော်စောင့်တွေ.သူသည် ချင်ယွီ ဘယ်လောက်တောင်ကျော်ကြားလာသည်ကို သဘောပေါက်နေပြီဖြစ်သော်လည်းချင်ယွီနောက်မှာ ဒီလောက်ကြီးမားတဲ့ပရိတ်သတ်လူအုပ်ကြီးရှိနေတာကိုမြင်ဖူးတာတော့သူ့ရဲ့ပထမဆုံးအကြိမ်ပင်။

ချင်ယွီ ဘယ်လောက်တောင် ကောင်းမွန်စွာ နေထိုင် နေသည်ကို မြင်လိုက်ရသောအခါ ဟဲကျင့် သည် သူ့ကိုယ်သူ နှိုင်းယှဉ်ကြည့်လိုက်သည်။ သူသည် ကစတိုင်မကျတဲ့ အနက်ရောင်ဘောင်နဲ့မျက်မှန်တစ်စုံ branded မဟုတ်သောအဝတ်အစားများကိုဝတ်ဆင်ထားသည်မှာ ရွာကလူတစ်​ယောက်လိုပါပဲ

နောက်ဆုံးတွင် သူတို့သည် မတူညီသောကမ္ဘာမှ လူနှစ်ယောက်ဖြစ်လာကြသည်။

ဟဲကျင့်သည် ချင်ယွီအတွက်ဝမ်းသာကေးသည်ဟူသူထင်ခဲ့သည်။ သူက ချင်ယွီတိုးတက်လာဖို့အ
တွက်အဟန့်အတားလည်းမဖြစ်စေခဲ့ဘူးလေ... ချင်ယွီလည်းအလွန်အောင်မြင်လာခဲ့သည့်အတွက် သူတို့နှစ်ယောက်သူစိမ်းတွေဖြစ်ခဲ့ကြတာဟာကောင်းတဲ့ကိစ္စပါပဲ

ဒါဆို သူဘာလို့ ဒီ​လောက်​လမ်းပျောက်ပြီးစိတ်​ဓာတ်ကျ​နေရတာလဲ?

သူ့မျက်ရည်တွေက ဘယ်ဘက်မျက်လုံးထောင့်ကနေ ညာဘက်မျက်ခွံအထိ စီးကျနေပြီး အဲ့ဒါကစားပွဲကိုနည်းနည်းတော့ညစ်ပတ်သွားစေခဲ့ပါ၏

ချင်ယွီ သည် သူ့ခန္ဓာကိုယ်တွင် အမြစ်တွယ်နေသော သစ်ပင်တစ်ပင်နှင့်တူသည်။ သစ်ပင်၏ အမြစ်များသည် သူ့ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းထဲသို့ ထိုးဖောက်ဝင်ရောက်နေပြီးဖြစ်သည်။ ဒီလူကို သူ့ဆီက ဆွဲနှုတ်နိုင်မယ်လို့ သူထင်ခဲ့ပေမယ့် သူမလုပ်ချင်ခဲ့ပေမယ့်လည်း သစ်ပင်ကမရှိတော့သည့်တိုင် သူ့အတွင်း၌ အမြစ်များကျန်နေခဲ့လေသည်။ လွန်ခဲ့သည့်သုံးနှစ်တာကာလအတွင်း အမြစ်၏လက်မတိုင်းသည် အညှောင့်ပေါက်နေဆဲဖြစ်ပြီး သူ့ကိုဆက်လက်နှိပ်စက်နေခဲ့ကာ သူ့ရဲ့နေရာတိုင်းကို ဒဏ်ရာအမာရွတ်တွေချန်ထားခဲ့ဆဲပါပင်။

Zawgyi

142:ေနရာတိုင္းမွာအမာ႐ြတ္ေတြခ်ည္းပဲ

သြမ့္ရႈ႐ုန္သည္ ဟဲက်င့္က  သူမအား ျပတ္ျပတ္
သားသား ျငင္းလိမ့္မည္ဟု မေမွ်ာ္လင့္ထားေပ။

ဟဲက်င့္ က မိန္းကေလးေတြကို ဒီလိုနည္းနဲ႔ ျငင္းခဲ့တာလား?

သူမ ေဒါသျဖစ္သင့္သည္။ တျခားမိန္းကေလးေတြအေၾကာင္းေတာ့ သူမေသခ်ာမသိပါေခ်- သူ႔အတြက္ကေတာ့ သူ႔ရဲ႕အတန္းေဖာ္ေဟာင္းကိုေတြ႕ဖို႔ဒါမွမဟုတ္ ဟဲက်င့္ ရဲ႕အေမကိုစိတ္ဆိုးေအာင္လုပ္ဖို႔ လို႔ေျပာေနေပမယ့္လည္း ဟဲက်င့္ကို သူမႏွလုံးသားထဲမွာ နက္နက္ရႈိင္းရႈိင္းခ်စ္ေနေသးတာကိုသူမသိေလသည္။ ဒါေပမယ့္လည္း ျငင္းဆိုမူတစ္ခုသာျဖစ္လာခဲ့ပါ၏။ သြမ့္ရႈ႐ုန္ကဲ့သို႔ မာနႀကီးသူတစ္ေယာက္အတြက္ ၎သည္ စိတ္ပ်က္စရာေကာင္းၿပီး အရွက္ရေစမည္ျဖစ္သည္။ ထူးဆန္းတာက စိတ္ပ်က္စရာေတြအျပင္ သူမသည္ အနည္းငယ္ရႈပ္ေထြးေနသလို ခံစားလိုက္ရသည္။

2000 ခုႏွစ္ေနာက္ပိုင္း ေမြးဖြားသူမ်ားသည္ မ်ားေသာအားျဖင့္ လိင္တူခ်စ္သူမ်ားအေပၚ မလိုမုန္းထားျဖင့္ ကန႔္ကြက္သည္မ်ားမရွိေတာ့ေပ။အဲ့ထဲမွာသြမ့္ရႈ႐ုန္သည္လည္းတစ္ေယာက္အပါအဝင္ျဖစ္
သည္။ သို႔ေသာ္လည္း လိင္တူခ်စ္သူအသိုင္းအဝိုင္းအေပၚ အလုံးစုံလက္ခံမႈအဆင့္မွာ အထူးသျဖင့္ သက္ႀကီး႐ြယ္အိုမ်ားအတြက္ အိမ္ေထာင္ျပဳျခင္းႏွင့္ ကေလးယူျခင္းတို႔သည္ စံႏႈန္းတစ္ခုအျဖစ္ ရွိေနဆဲျဖစ္သည္။ဟဲက်င့္ သည္ ဒီေလာက္ခက္ခဲေသာမိခင္တစ္ဦးရွိေသာေၾကာင့္ သူဘာေတြႀကဳံေတြ႕ေနရသည္ကို သြမ့္ရႈ႐ုန္ခန႔္မွန္းႏိုင္လုနီးပါးပင္။

"ေကာင္းၿပီ မင္းဒီမွာ အတန္းေဖာ္ေဟာင္းတစ္ေယာက္ကို ေတြ႕ဖို႔လာတယ္ဆိုၿပီးပဲေျပာခဲ့တယ္မလား?"

ဟဲက်င့္ က သူ႔မ်က္ႏွာဖုံးကိုျပန္တပ္လိုက္ကာေခါင္းစဥ္ေျပာင္းလိုက္ၿပီး

"မင္းက အရမ္းလွၿပီးအရမ္းလဲေတာ္တာပဲေလေယာက်္ားေလးေတာ္ေတာ္မ်ားမ်ားမင္းေနာက္လိုက္ေနမွာပဲ ငါထင္တာေတာ့မင္းအတြက္ ေကာင္းတယ္ဆိုတဲ့လူမေတြ႕ေသးဘူးမလား အဲ့ဒါေၾကာင့္မင္းအခုထိsingle ျဖစ္ေနတာ?"

ဟဲက်င့္ က သူေျပာတာကို အရမ္းဂ႐ုစိုက္သည္။သူက သူမကို အရမ္းေတြဂ်ီးမ်ားတယ္လို႔မေျပာခဲ့ပဲ အဲ့အစား သူမအတြက္ ေကာင္းတဲ့ သူကိုမေတြ႕ေသးလို႔ဟုသာေျပာခဲ့သည္။အဲ့ဒါက သြမ့္ရႈ႐ုန္ရဲ႕ သူမအတြက္လက္တြဲေဖာ္ေ႐ြးခ်ယ္ျခင္းစံသတ္မွတ္ခ်က္
ကိုအလိုလိုျမႇင့္ၿပီးသားျဖစ္သြားခဲ့ေတာ့တာပဲေလ

သြမ့္ရႈ႐ုန္ က ပိုသက္ေတာင့္သက္သာ ခံစားလိုက္ရၿပီး သူမရဲ႕ အရင္ကရည္းစားနဲ႔ဆက္ဆံေရးအေၾကာင္းေျပာျပလာခဲ့သည္။

စိတ္က်ေရာဂါခံစားေနရေသာ အမ်ိဳးသမီးတစ္ဦးႏွင့္ အတူေနထိုင္စဥ္တြင္ ဟဲက်င့္၏ ေဒါသသည္ ဤသုံးႏွစ္အတြင္း ေပ်ာက္ကြယ္သြားခဲ့ၿပီျဖစ္သည္။ သူ႔ကိုေဒါသထြက္ေစသည့္ကိစၥမ်ိဳးဆိုတာမရွိလုနီးနီးပင္။ သူသည္ သြမ့္ရႈ႐ုန္ စကားကို အာ႐ုံစိုက္နားေထာင္ေနၿပီး တစ္ခါတစ္ရံတြင္ သူမကို ဦးတည္ခ်က္ႏွင့္ အႀကံဉာဏ္အခ်ိဳ႕ကို ေပးခဲ့သည္။ သူသည္ အလြန္ႏွိမ့္ခ်ၿပီး တည္ၿငိမ္ေသာေၾကာင့္ သူမကို အလြန္သက္ေတာင့္သက္သာျဖစ္ေစသည္။

သြမ့္ရႈ႐ုန္သည္ဟဲက်င့္ဆီမွဆြဲေဆာင္ခံလိုက္ရေတာ့သည္။ ဒီတစ္ႀကိမ္တြင္ေတာ့နားမလည္ႏိုင္သည့္ အျပစ္ကင္းေသာ ခံစားခ်က္မ်ားေၾကာင့္ မဟုတ္
သလို သနားျခင္းေၾကာင့္လည္း မဟုတ္ခဲ့ဘဲ ဟဲက်င့္ ၏ စိတ္ေနစိတ္ထားေၾကာင့္ ျဖစ္သည္။ သူက သံလိုက္စက္ကြင္းလိုပါပဲ။ သူ႔ပတ္ဝန္းက်င္က အပ်က္သေဘာေဆာင္တဲ့ စြမ္းအင္အားလုံးကို အၿမဲစုပ္ ယူေနခဲ့သည္။ သူနဲ႔စကားေျပာၿပီးရင္ ဘယ္သူမဆို ပိုသက္ေတာင့္သက္သာရွိလာလိမ့္မယ္။ ေသခ်ာတာေပါ့ အဲ့လူကိုလည္းႏွစ္သိမ့္ေပးႏိုင္တယ္ေလ။

သူမပတ္ဝန္းက်င္ရွိ ေသြးဆူလြယ္ ေဒါသထြက္လြယ္ ကေလးဆန္တဲ့ လူေတြနဲ႔ ယွဥ္လိုက္ရင္ ဟဲက်င့္ က ဒီတိုင္းကြာျခားေနတာပါပဲ

သူတို႔ အစားအေသာက္ကို 2 နာရီေလာက္ စားေသာက္ၿပီးေနာက္ ေန႔လည္စာစားခ်ိန္လည္းကုန္ ဆုံးသြားၿပီျဖစ္ကာလူအားလုံးလဲသြားၾကၿပီပင္။သူတို႔ႏွစ္ေယာက္လည္းသြားခ်ိန္တန္ၿပီဆိုတာသိလိုက္သည္။

"ေနာက္က်ရင္ လုပ္စရာရွိေသးလား?" သြမ့္ရႈ႐ုန္ကမေမးပဲမေနႏိုင္ခဲ့ေခ်။

"နင္လမ္းနည္းနည္းေလွ်ာက္ခ်င္လား?"

ဒါကို ေကာင္ေလးက အႀကံျပဳသင့္တာဆိုေပမယ့္ ဟဲက်င့္ က သူမကို ဆက္ဆံေရးမစတင္ခ်င္ဘူးလို႔ အတိအက်ေျပာထားၿပီးသားဆိုေတာ့ သူကေတာ့ဘယ္ေတာ့မွစေျပာမွာမဟုတ္ေပ။ ဘယ္လိုပဲျဖစ္ျဖစ္ သြမ့္ရႈ႐ုန္ကေတာ့ သူ႔ကိုလက္မလႊတ္ခ်င္ေသး ပါ။ၿပီးေတာ့ သူဟဲက်င့္ဆီက ပိုၿပီးေတာ့လဲအဆြဲေဆာင္ခံလိုက္ရတယ္ေလ။

ဟဲက်င့္ ၏မ်က္လုံးမ်ားတြင္ ႐ုတ္တရတ္ ရႈပ္ေထြးေနသည့္ ခံစားခ်က္တစ္ခု ေပၚလာေသာ္လည္း ခဏအၾကာတြင္ ေပ်ာက္ကြယ္သြားခဲ့သည္။ သူက ေဘရွင္းလိုက္ၿပီး

"ဘာမွမရွိပါဘူး ငါမင္းနဲ႔လမ္းလိုက္ေလွ်ာက္မယ္"

သူတို႔ႏွစ္ေယာက္စားေသာက္ဆိုင္မွ ထြက္လာေသာအခါ အျပင္ဘက္တြင္ လူမ်ားစြာႏွင့္ ကားမ်ားပါရွိေနကာ ယာဥ္ထိန္းရဲမ်ားႏွင့္ ကင္းလွည့္ရဲမ်ားလည္း အမ်ားအျပားရွိေနခဲ့ေလသည္။

"ဘာျဖစ္ေနတာလဲ?ဘာလို႔ လူေတြ ဒီေလာက္မ်ားေနတာလဲ?"

သြမ့္ရႈ႐ုန္က သူမအိတ္ကိုဇစ္ပိတ္လိုက္ၿပီး ပုခုံးေပၚလြယ္ထားလ်က္ေျပာလာခဲ့သည္။

"ငါ ဒီကိုလာကတည္းကေတာ့ သတိထားမိပါတယ္ ငါ တကၠစီဌားမရလို႔ ငါ့အေဖက ဒီကိုေမာင္းၿပီးလိုက္ပို႔ေပးခဲ့တာ"

ဟဲက်င့္က အႏုပညာရွင္တစ္ေယာက္က သူ႔ရဲ႕ fan gathering အတြက္ ဒီကိုလာေနလို႔ဆိုတဲ့အေၾကာင္းကိုေတာ့မရွင္းျပခဲ့ပါေခ်။

"လူအရမ္းမ်ားေနတယ္ ​​လမ္းေလွ်ာက္ခ်င္စိတ္မရွိေတာ့ဘူး"

သြမ့္ရႈ႐ုန္က ႏႈတ္ခမ္းစူလ်က္ ဟဲက်င့္ေမးလာခဲ့သည္။

"ငါတို႔ ႐ုပ္ရွင္သြားၾကည့္ရင္ ဘယ္လိုလဲ ငါဒကာခံမယ္‌ေလ"

"အင္း သြားၾကရေအာင္။"

ဟဲက်င့္ သည္ တိမ္ထူထပ္ေနေသာ ေကာင္းကင္ကို ေမာ့ၾကည့္လိုက္သည္။ေဆာင္းဦးေပါက္ေနၿပီျဖစ္ ၿပီး အပူခ်ိန္က က်ဆင္းေနၿပီျဖစ္ေသာ္လည္း သူတစ္ကိုယ္လုံး ေခြၽးေတြထြက္ေနခဲ့သည္။ စားေသာက္ဆိုင္မွ ထြက္လာၿပီး မၾကာခင္မွာပင္ သူ႔ေက်ာမွာ ေခြၽးေတြထြက္ေနၿပီပင္။

ဟဲက်င့္ သည္ သူႏွင့္ အလြန္ရင္းႏွီးေသာလူအေၾကာင္း မစဥ္းစားမိေစရန္ အျခားအရာမ်ားကို အာ႐ုံစိုက္ေနရသည္။

သူတို႔ႏွစ္ဦးသည္ အနီးဆုံး႐ုပ္ရွင္႐ုံသို႔ေရာက္ရွိလာၿပီး ညေန 3 နာရီတြင္ စတင္မည့္ ႐ုပ္ရွင္လက္မွတ္ႏွစ္ေစာင္ကို ေအာင္ျမင္စြာဝယ္ယူခဲ့သည္။

ဟဲက်င့္က ေနာက္ထပ္ ေကာ္ဖီႏွစ္ခြက္ ထပ္ဝယ္လိုက္တယ္။ ႐ုပ္ရွင္႐ုံထဲသို႔ဝင္ၾကၿပီး မီးမ်ားပိတ္သြားေသာအခါ ဟဲက်င့္ သည္ သူ႔တစ္ကိုယ္လုံး တုန္လႈပ္ သြားသည္ကို သိလိုက္ရသည္။

ဇာတ္ကားသည္ တစ္နာရီႏွင့္ မိနစ္ေလးဆယ္ၾကာျမင့္ေသာ္လည္း ဟဲက်င့္ သည္ လုံးဝအာ႐ုံမစိုက္ႏိုင္ေပ။ သူသည္ ေဆးထိုးအပ္မ်ားရွိေနသည့္ ေကာ္ေဇာေပၚတြင္ ထိုင္ေနရသလို  သူ႔လက္ပတ္ကိုမိနစ္တိုင္းၾကည့္ေနမိေလသည္။3:15,3:30,3:45:30....

သူမွတ္မိသေလာက္ဆို gathering က 5 PM တြင္ၿပီးဆုံးမည္ျဖစ္ၿပီး ခ်င္ယြီသည္ အဲ့ဒါၿပီးတာနဲ႔ Q ၿမိဳ႕မွာထြက္ခြာမည္ပင္။

ဇာတ္ကားက ဇာတ္ရွိန္အျမင့္ဆုံးအပိုင္းကိုျပသေနခ်ိန္မွာ သြမ့္ရႈ႐ုန္ရဲ႕ မသိစိတ္က ဟဲက်င့္ ရဲ႕လက္ကို ဆုပ္ကိုင္ထားခ်င္ခဲ့ေပမယ့္ သူမေခါင္းကို လွည့္ၾကည့္လိုက္ေတာ့ ဟဲက်င့္ကမ်က္ေမွာင္တင္းတင္းၾကဳတ္ထားလ်က္ ေရွ႕ကထိုင္ခုံကိုစိုက္ၾကည့္ေနတာကိုေတြ႕လိုက္ရသည္။ၾကည့္ရတာသူ႔ပုံစံကစိတ္ဝိဉာည္ ေပ်ာက္ဆုံးေနပုံရၿပီး သူ႔မ်က္ႏွာကေတာ့ screen ရဲ႕ အလင္းေရာင္ေအာင္မွာ အလြန္အမင္းျဖဴေဖ်ာ့ေနပုံရေလသည္။

သူသည္ သူ႔လက္မ်ားကိုဆုပ္ကိုင္ထားၿပီးတစ္ခါတစ္ရံ တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားလ်က္ တစ္ခါတစ္ရံေတာ့လႊတ္လိုက္ကာျဖင့္ အလြန္စိတ္ လႈပ္ရွားေနပုံရေလသည္။

သြမ့္ရႈ႐ုန္က သူ႔လက္ကို ဆုပ္ကိုင္ၿပီး ေနေကာင္းလားလို႔ ေမးလိုက္သည္။မထင္မွတ္စြာပဲဟဲက်င့္ က လွ်ပ္စစ္စီးေၾကာင္းေၾကာင့္ တုန္လႈပ္သြားသလိုပဲ ခ်က္ျခင္း လက္ကို ေရွာင္လိုက္ေတာ့သည္။ သူသတိျပန္ဝင္လာေသာအခါတြင္ ပုံမွန္လိုျဖစ္ေအာင္ ႀကိဳးစားလိုက္ၿပီး သူမကိုၿပဳံးကာေတာင္းပန္လိုက္ သည္။ထို႔ေနာက္တြင္ေတာ့ screen ကိုအာ႐ုံျပန္စိုက္လိုက္ေတာ့ေလရဲ႕။

သြမ့္ရႈ႐ုန္သည္ ဟဲက်င့္က ဇာတ္ကားကို လုံးဝ စိတ္မဝင္စားေၾကာင္း ေနာက္ဆုံးတြင္ သေဘာေပါက္ခဲ့သည္။ သူမကို မျငင္းခ်င္​​ေသာ​ေၾကာင့္​ ထို​ေနရာတြင္​ရွိ​ေန​ေသာ္​လည္း သူ႔စိတ္ကေတာ့ ရွင္းရွင္းလင္းလင္းႀကီးကိုဒီမွာမရွိေနခဲ့တာေလ!

သြမ့္ရႈ႐ုန္သည္ မူလက ႐ုပ္ရွင္အၿပီးတြင္ ဟဲက်င့္ ႏွင့္ ညစာစားရန္ စီစဥ္ထားေသာ္လည္း သူမသည္ အခုေတာ့ စိတ္ခံစားခ်က္မေကာင္းေတာ့ေခ်။

"ဒီေန႔ ေတြ႕ရတာ အရမ္းေကာင္းတယ္" လို႔ ယဥ္ယဥ္ ေက်းေက်း ေျပာၿပီးေနာက္ သူမက သူ႔ကို ႏႈတ္ဆက္လိုက္ေတာ့သည္။

သြမ့္ရႈ႐ုန္ထြက္သြားခ်ိန္တြင္ သူမ ၏ေနာက္ေက်ာကိုၾကည့္လ်က္ ဟဲက်င့္ သည္ ခ်က္ခ်င္းပင္ ပို၍သက္ေတာင့္သက္သာရွိလာခဲ့သည္။ ၿပဳံးလြန္းသျဖင့္ေတာင့္တင္းသြားသည့္ သူ႔မ်က္ႏွာကိုေတာင္ ဆြဲဆိတ္လိုက္ေသးေလရဲ႕။

သူက အျပင္ကို ျဖည္းျဖည္းခ်င္း ထြက္လာလိုက္ၿပီး တကၠစီစီးဖို႔လုပ္ေလသည္။ သို႔ေသာ္ လူမ်ားလြန္းသျဖင့္ မျဖစ္ႏိုင္သေလာက္ပင္။ ေနာက္ေတာ့ သူ႔လက္ပတ္ကျမည္လာခဲ့သည္- သူ႔အေမက ညစာစားဖို႔ အိမ္ျပန္လာၿပီလားလို႔ေမးတာပင္

"အေမ ကြၽန္ေတာ္ သြမ့္ရႈ႐ုန္နဲ႔ ရွိေနတုန္းပဲ ကြၽန္
ေတာ္ ဒီညအိမ္မွာညစာမစားေတာ့ဘူး"

ဟဲက်င့္ ၏ လိမ္ညာမႈအဆင့္သည္ မ်ားစြာတိုးတက္လာခဲ့သည္။ဒါေတြအားလုံးက သူ႔ပတ္ဝန္းက်င္မွာပိတ္သိမ္းထားတာေတြ သူေန႔စဥ္ဝတ္ထားတဲ့ မ်က္ႏွာဖုံးေတြနဲ႔ သူ႔ဘဝရဲ႕ အခိုက္အတန႔္တိုင္းက သူ႔ကို လိမ္ဖို႔ အၿမဲသတိေပးလို႔ပါပဲ။

ဟဲက်င့္ ၏မိခင္သည္ အနည္းငယ္မွ်ပင္သံသယမရွိခဲ့ဘဲ သူမ အလြန္ေပ်ာ္႐ႊင္ေနပုံရေလသည္။ ၿပီးေတာ့ေျပာရမယ္ဆိုဟဲက်င့္ကသူသြားေတြ႕တဲ့သူနဲ႔ ေန႔လည္စာ ညစာစားတဲ့ပထမဆုံးအႀကိမ္ပဲေလ။အဲ့ေတာ့ဆိုလိုတာက ဒါကအခြင့္အေရးရွိႏိုင္တယ္

ဟဲက်င့္ သည္ လူအုပ္ႀကီးႏွင့္အတူ သတိလက္လြတ္ ေလွ်ာက္လာခဲ့သည္။ ယဥ္ေက်းမႈနန္းေတာ္အဝင္ဝကို ေရာက္ေနၿပီဆိုတာကိုသတိထားမိလိုက္ ေတာ့ လူေတြ၊ သတင္းေထာက္ေတြ၊ လုံၿခဳံေရးအေစာင့္ေတြ၊ ပရိတ္သတ္ေတြကဝိုင္းရံထားၿပီး လက္မွတ္မဝယ္ရေသးတဲ့ မိန္းကေလးအုပ္စုႀကီးလည္း ရွိေနတာကိုေတြ႕လိုက္ေတာ့သည္။ သူတို႔ကိုၾကည့္ရတာ အလယ္တန္းေက်ာင္း ဒါမွမဟုတ္ အထက္တန္းေက်ာင္းသားေတြလိုပါပဲ။ သူတို႔သည္ ခ်င္ယြီ သို႔မဟုတ္ ႏွလုံးသားမဲ့မီး ဟူေသာအမည္ျဖင့္ ႐ိုက္ႏွိပ္ထားေသာ ပိုစတာမ်ား၊အလင္းေခ်ာင္းမ်ားႏွင့္ လက္ေဆာင္ပစၥည္းမ်ားကို ကိုင္ေဆာင္လ်က္ စိတ္လႈပ္ရွားစြာ ေအာ္ဟစ္ေနၾကသည္။

ညေန 5ႏုာရီ 10မိနစ္ရွိေနၿပီပင္ ယဥ္ေက်းမႈနန္းေတာ္မွာ အေနာက္ဘက္တံခါးမရွိသျဖင့္နာမည္ႀကီးမ်ားသည္ အမ်ားအားျဖင့္ အေရွ႕တံခါးမွသာထြက္ ၾကရသည္။ လုံၿခဳံေရးအေစာင့္ေတြနဲ႔ လွည့္ကင္းရဲေတြက လမ္းရွင္းေပးရင္း ကားတစ္စီး အနီးကို ျဖတ္ေမာင္းလာတဲ့အခါမွာေတာ့ ပရိသတ္ေတြက ထပ္ၿပီး ေအာ္ဟစ္ခဲ့ၾကျပန္ပါေရာ...

အနီးနားက လူေတြနဲ႔ ျဖတ္သြားျဖတ္လာေတြကလည္းခဏရပ္ကာၾကည့္ခဲ့ၾကသည္။ စူးစမ္းတစပ္စုတတ္တာက လူ႔သဘာဝပါပဲ။ ဘာေတြျဖစ္ေနမွန္း မသိေပမယ့္ လည္းအဲ့လူအုပ္ႀကီးထဲမွာရွိေနခဲ့ၾကေလရဲ႕။

ဟဲက်င့္က သူ႔ေနာက္ကလူေတြေၾကာင့္ေရွ႕ကိုတြန္းပို႔ခံလိုက္ရေလသည္။သူအရမ္းစိတ္လႈပ္ရွား​ေန​ေပမယ့္​ သူထြက္ေျပးဖို႔ကိုလည္း ​ေၾကာက္​​ေနတုန္းပါပဲ။ သူ႔ေျခေထာက္ေတြက ေျမႀကီးေပၚမွာ တြယ္ကပ္ေနသလိုခံစားရၿပီး သူ႔မ်က္လုံးေတြက ရဲ႕ ယဥ္ေက်းမူနန္းေတာ္ရဲ႕တံခါးဝမွာ ကပ္တြယ္ေနမိတာေၾကာင့္ ေရွာင္လႊဲဖို႔ ဆိုတာလုံးဝမျဖစ္ႏိုင္ပါေခ်။

ညေန 5 နာရီ မိနစ္ 20 မွာဒါဇင္နဲ႔ခ်ီတဲ့ လုံၿခဳံေရးအေစာင့္ေတြက လူအုပ္ကိုထိန္းခဲ့ေလသည္။သူတို႔ဟာ လူအုပ္ၾကားထဲ လမ္းဖြင့္ဖို႔ ႀကိဳးစားခဲ့ၾကၿပီး ပရိသတ္ေတြက ခ်င္ယြီ ရဲ႕ နာမည္ကို အ႐ူးအမူးေအာ္ပါေတာ့သည္။

ထို႔ေနာက္တြင္ေတာ့ အနက္ေရာင္ဝတ္စုံႏွင့္ ေရာင္ျပန္ခရမ္းေရာင္ေနကာမ်က္မွန္ကို ဝတ္ဆင္ထားသည့္ ခ်င္ယြီသည္ ထြက္လာခဲ့သည္။ ဟဲက်င့္ ၏ ႏွလုံးခုန္သံသည္ အထိန္းအကြပ္မရွိ တိုးခုန္လာခဲ့ၿပီး နာက်င္ေနသည္ကို သူခံစားလိုက္ရသည္။

သို႔ေသာ္ ဆယ္စကၠန႔္ေက်ာ္အၾကာတြင္ ခ်င္ယြီက ကားေပၚတက္သြားၿပီး လူအုပ္ၾကားထဲ ဗန္ကား ျဖည္းညႇင္းစြာ ေမာင္းထြက္သြားခဲ့သည္။ ပရိသတ္ ေတြကေတာ့ ခ်င္ယြီကို ေအာ္ဟစ္ႏႈတ္ဆက္ၿပီး လက္ျပႏႈတ္ဆက္ေနၾကတုန္းပါပဲ။ ကားသည္ ဟဲက်င့္ ရွိရာသို႔ နီးလာေသာအခါတြင္ သူသည္ မ်က္လုံးမ်ားကို က်ယ္က်ယ္ဖြင့္ကာ ကားျပတင္းေပါက္မွတဆင့္ခ်င္ယြီ ကို လွမ္းၾကည့္ခ်င္ခဲ့သည္။ ကံမေကာင္းစြာပဲ မွန္ျပတင္းေပါက္မွာမွန္အမဲကာထားခဲ့ၿပီး ဟဲက်င့္က ၎ကိုျဖတ္ၿပီး ဘာမွမျမင္ရပါေခ်။

ကားထဲတြင္ေတာ့ခ်င္ယြီသည္ေခါင္းကိုက္ေနသျဖင့္နားထင္ကိုႏွိပ္နယ္ေနခဲ့သည္။အျပင္က ပရိသတ္ ေတြကို အမွတ္တမဲ့ၾကည့္မိခ်ိန္မွာေတာ့ ႐ုတ္တရက္သူ႔အၾကည့္မ်ားေအးခဲသြားရေတာ့၏။

"ခဏေလး!"

သူေအာ္လိုက္ေတာ့ ကားသမားက ခ်က္ခ်င္းရပ္လိုက္သည္။ သူ႔လက္ေထာက္နဲ႔ မန္ေနဂ်ာ ႏွစ္ေယာက္ စလုံးက ဘာမွားေနမွန္း မသိတာေၾကာင့္ သူ႔ကို ၾကည့္ေနၾကသည္။

ခ်င္ယြီကလူအုပ္ကိုစိုက္ၾကည့္လိုက္သည္။အဲ့မွာ မိန္းကေလးေတြထက္သိသိသာသာအရပ္ပိုရွည္တဲ့လူတစ္ေယာက္ကိုေတြ႕လိုက္ရတယ္ 2 မီတာ 3မီတာပဲ ကြာေဝးေလရဲ႕

"ဘာမွမဟုတ္ပါဘူး သြားၾကရေအာင္။"

ခ်င္ယြီကနာနာက်င္က်င္ေျပာလိုက္သည္။

ကားသည္ ျဖည္းညႇင္းစြာ ေမာင္းႏွင္လာခဲ့ၿပီး ခ်င္ယြီရဲ႕အၾကည့္သည္ ထိုပုံရိပ္ေလး လုံးလုံးေမွးမွိန္သြားၿပီး ေသးငယ္သြားသည့္ပုံစံအတိုင္းကပ္လ်က္က်န္​ေနခဲ့သည္။

ကားသည္ ပရိသတ္မ်ားကို ေအာင္ျမင္စြာ ျဖတ္ေက်ာ္ၿပီး အနီးနားရွိ ကားပါကင္သို႔ ေမာင္းႏွင္ သြားခဲ့သည္။ ထို႔ေနာက္ ခ်င္ယြီက ႐ုတ္တရက္ သူ႔ယာဥ္ေမာင္းကို ထိုေနရာသို႔ ျပန္သြားရန္ ေတာင္းဆိုခဲ့သည္။

"တစ္ခုခုေမ့သြားလို႔လား?"

သူ႔လက္ေထာက္က သူ႔ကို စိုးရိမ္စြာေမးခဲ့သည္

"ငါတစ္ေယာက္ေယာက္ကိုေခၚၿပီး မင္းကိုကူညီၿပီးရွာခိုင္းလိုက္ရင္ေရာ ဘယ္လိုလဲ?"

ခ်င္ယြီ က သူ႔လက္ကို ေဝွ႔ယမ္းလိုက္ၿပီး

" မလိုပါဘူး ငါ ဒီတိုင္းပဲေလွ်ာက္ၾကည့္ခ်င္လို႔မင္းတို႔ေတြ အရင္ အနားယူလို႔ရၿပီ"

လူအုပ္ႀကီးကလုံးဝမထြက္သြားရေသးေပ။ခ်င္ယြီ က စိုးရိမ္တႀကီးနဲ႔ ကားေပၚထိုင္ေနခဲ့ၿပီး ကားျပတင္းေပါက္မွတဆင့္ လူေတြကို ေသေသခ်ာခ်ာၾကည့္ေနခဲ့သည္။

သူသြားၿပီလား...? သူ ေပ်ာက္သြားၿပီလား?

ခ်င္ယြီ သည္ သူ႔လက္ပတ္ကိုဖြင့္လိုက္သည္ႏွင့္ ရင္းႏွီးေသာနံပါတ္ကိုေတြ႕လိုက္ေသာ္လည္း သူ႔လက္ မ်ားတုန္လႈပ္သြားကာ ျပန္ပိတ္လိုက္ေတာ့သည္...

"အဲဒီဘက္!"

ခ်င္ယြီ က ႐ုတ္တရက္ေအာ္လာသည္

"မစၥတာဖန္ မီးခိုးေရာင္အဝတ္အစားဝတ္ထားတဲ့ လူငယ္ေလး သူ႔ေနာက္ကိုလိုက္ေပးပါ"

မစၥတာဖန္: "အိုး..."

ဟဲက်င့္ သည္ ယဥ္ေက်းမႈနန္းေတာ္မွ မည္သို႔ ထြက္လာသည္ကိုလည္းမသိေတာ့ေခ်။ ေမွာင္ေနၿပီျဖစ္ကာ အိမ္မျပန္ခ်င္ေပမယ့္လည္းဘယ္ကိုသြားရမလဲဆိုတာလဲမသိပါ။ မၾကာမီ တြင္ သူသည္ ဘားလမ္းသို႔ ေရာက္ရွိလာၿပီး အျပင္ဘက္တြင္ အနီႏွင့္ အစိမ္းနီယြန္မီးမ်ား မွိတ္တုတ္မွိတ္တုတ္လင္းေနခဲ့သည္။

ဟဲက်င့္ သည္ ဖြင့္ထားသည့္ ဘားတစ္ခုကို က်ပန္းေ႐ြးခ်ယ္ကာ ထိုင္ရန္ ေမွာင္မိုက္ေသာေနရာတစ္ခုကိုလည္းရွာေတြ႕ခဲ့သည္။ စားပြဲထိုးတစ္ေယာက္က သူဘာလိုခ်င္လဲလို႔ေမးလာသည့္အခါမွာေတာ့သူကအသံတိုးတိုးေလးနဲ႔ျပန္ေျဖေလသည္။

"7-up"

"အိုး လူႀကီးမင္း ကြၽန္ေတာ္တို႔ ဒီမွာေတာ့  7-up မရွိဘူးဗ် ဒါေပမယ့္ ဒီမွာ sprite ေကာ့ေတးေတာ့ရွိတယ္"

ဟုဆိုကာစားပြဲထိုးက မီႏူးကို ေပး၍ ေကာ့ေတးကို လက္ညႇိဳးထိုးျပလာသည္။

"အဲဒါကမန္ဟက္တန္ အဲဒါကBloody Mary..."

ဟဲက်င့္ သည္ မီႏူးရွိ မာတီနီပုလင္းတစ္ခုလုံးကို လက္ညႇိဳးထိုးျပၿပီး

"ဒီတစ္ပုလင္းလိုခ်င္တယ္"

စားပြဲထိုး: "တစ္ပုလင္းလုံးလား? ရပါတယ္  ဒါေပမယ့္ လူႀကီးမင္းတစ္ပုလင္းလုံးကို ေအာ္ဒါမွာရင္ေတာ့ အရင္ေငြေပးေခ်ဖို႔လိုပါတယ္"

ဟဲက်င့္ သည္ ခရက္ဒစ္ကတ္ျဖင့္ ေပးေခ်လိုက္
သည္။ စားပြဲထိုးသည္ ေဖာ့အစို႔ကိုဖြင့္ကာျဖင့္ဖန္
ခြက္အလြတ္တစ္လုံးႏွင့္ ေရခဲပုံးတစ္ပုံး ယူလာေပးခဲ့သည္။ဟဲက်င့္သည္ ယခင္က အရက္မေသာက္ဖူးေသာေၾကာင့္ ဖန္ခြက္ကို အျပည့္ထည့္ကာ ေရခဲလည္း ထည့္လိုက္သည္။ တစ္ဝက္ေလာက္ေသာက္ၿပီးေနာက္မွာေတာ့သူအရမ္းပူလာၿပီး မ်က္ရည္ေတြက်လာေတာ့ေလသည္။

အေဖ်ာ္သမားက အေဝးကေန ျမင္လိုက္ၿပီး စားပြဲထိုးကို အာ႐ုံစိုက္ခိုင္းလိုက္သည္။ ယခင္က အရက္ မူးသည့္ေဖာက္သည္မ်ားႏွင့္ အေတြ႕အႀကဳံမ်ားစြာရွိခဲ့ၿပီး ျပႆနာတစ္စုံတစ္ရာမျဖစ္ပြားမီ မၾကာခဏ ၾကားဝင္ေျဖရွင္းေပးခဲ့ရတယ္ေလ

အရက္ျပင္း ခြက္တစ္ဝက္ေလာက္ေသာက္ၿပီးေနာက္ ဟဲက်င့္ သည္ သူ႔တစ္ကိုယ္လုံးရွိ ေသြးမ်ား သူ႔ေခါင္းဆီသို႔ ေဆာင့္တက္လာသလို ခံစားလိုက္ရ
သည္။သူက အရက္ေသာက္သည့္ခံႏိုင္အား သိပ္မေကာင္းတဲ့အျပင္ အရက္မေသာက္ခင္မွာလည္းဘာမွမစားရေသးေခ်။ သူ မူးေနၿပီ ျဖစ္၍ သူ႔ေရွ႕တြင္ အရာအားလုံး ခ်ာခ်ာလည္ေနေတာ့ပါ၏။

သူ႔မ်က္ႏွာပူပူကို စားပြဲႏွင့္ဖိကာ ၾကည္လင္ေသာ
ဖန္ခြက္ကို စိုး႐ြံ႕စြာၾကည့္ေနလိုက္သည္။သူမူးေနတာေတာင္ ဘာလို႔သူ႔စိတ္ထဲမွာရွိေနရေသးတာလဲ?

ထို႔ေနာက္ ယဥ္ေက်းမႈနန္းေတာ္တြင္သူျမင္ခဲ့ရသည့္ျမင္ကြင္းကိုျပန္ေျပာင္းသတိရလိုက္မိသည္။
မန္ေနဂ်ာ၊ မိတ္ကပ္ပညာရွင္၊ လက္ေထာက္ႏွင့္ သက္ေတာ္ေစာင့္ေတြ.သူသည္ ခ်င္ယြီ ဘယ္ေလာက္ေတာင္ေက်ာ္ၾကားလာသည္ကို သေဘာေပါက္ေနၿပီျဖစ္ေသာ္လည္းခ်င္ယြီေနာက္မွာ ဒီေလာက္ႀကီးမားတဲ့ပရိတ္သတ္လူအုပ္ႀကီးရွိေနတာကိုျမင္ဖူးတာေတာ့သူ႔ရဲ႕ပထမဆုံးအႀကိမ္ပင္။

ခ်င္ယြီ ဘယ္ေလာက္ေတာင္ ေကာင္းမြန္စြာ ေနထိုင္ ေနသည္ကို ျမင္လိုက္ရေသာအခါ ဟဲက်င့္ သည္ သူ႔ကိုယ္သူ ႏႈိင္းယွဥ္ၾကည့္လိုက္သည္။ သူသည္ ကစတိုင္မက်တဲ့ အနက္ေရာင္ေဘာင္နဲ႔မ်က္မွန္တစ္စုံ branded မဟုတ္ေသာအဝတ္အစားမ်ားကိုဝတ္ဆင္ထားသည္မွာ ႐ြာကလူတစ္​ေယာက္လိုပါပဲ

ေနာက္ဆုံးတြင္ သူတို႔သည္ မတူညီေသာကမာၻမွ လူႏွစ္ေယာက္ျဖစ္လာၾကသည္။

ဟဲက်င့္သည္ ခ်င္ယြီအတြက္ဝမ္းသာေကးသည္ဟူသူထင္ခဲ့သည္။ သူက ခ်င္ယြီတိုးတက္လာဖို႔အ
တြက္အဟန႔္အတားလည္းမျဖစ္ေစခဲ့ဘူးေလ... ခ်င္ယြီလည္းအလြန္ေအာင္ျမင္လာခဲ့သည့္အတြက္ သူတို႔ႏွစ္ေယာက္သူစိမ္းေတြျဖစ္ခဲ့ၾကတာဟာေကာင္းတဲ့ကိစၥပါပဲ

ဒါဆို သူဘာလို႔ ဒီ​ေလာက္​လမ္းေပ်ာက္ၿပီးစိတ္​ဓာတ္က်​ေနရတာလဲ?

သူ႔မ်က္ရည္ေတြက ဘယ္ဘက္မ်က္လုံးေထာင့္ကေန ညာဘက္မ်က္ခြံအထိ စီးက်ေနၿပီး အဲ့ဒါကစားပြဲကိုနည္းနည္းေတာ့ညစ္ပတ္သြားေစခဲ့ပါ၏

ခ်င္ယြီ သည္ သူ႔ခႏၶာကိုယ္တြင္ အျမစ္တြယ္ေနေသာ သစ္ပင္တစ္ပင္ႏွင့္တူသည္။ သစ္ပင္၏ အျမစ္မ်ားသည္ သူ႔ခႏၶာကိုယ္ရွိ ဆဲလ္တိုင္းထဲသို႔ ထိုးေဖာက္ဝင္ေရာက္ေနၿပီးျဖစ္သည္။ ဒီလူကို သူ႔ဆီက ဆြဲႏႈတ္ႏိုင္မယ္လို႔ သူထင္ခဲ့ေပမယ့္ သူမလုပ္ခ်င္ခဲ့ေပမယ့္လည္း သစ္ပင္ကမရွိေတာ့သည့္တိုင္ သူ႔အတြင္း၌ အျမစ္မ်ားက်န္ေနခဲ့ေလသည္။ လြန္ခဲ့သည့္သုံးႏွစ္တာကာလအတြင္း အျမစ္၏လက္မတိုင္းသည္ အေညႇာင့္ေပါက္ေနဆဲျဖစ္ၿပီး သူ႔ကိုဆက္လက္ႏွိပ္စက္ေနခဲ့ကာ သူ႔ရဲ႕ေနရာတိုင္းကို ဒဏ္ရာအမာ႐ြတ္ေတြခ်န္ထားခဲ့ဆဲပါပင္။

Continue Reading

You'll Also Like

5.7K 798 8
Book 1ကဘယ်လိုမှ ဝင်မရတော့လို့ Book 2ခွဲလိုက်ရပါတယ် ...နောက်အပိုင်းတွေကို ဒီကပဲဆက်ဖတ်ပေးကြပါနော်
5.7K 155 9
Yn is a girl who is looking for a job even tho she is rich , her parents still wanted her to get a job . At her new job she meets Sunghoon the Mr. C...
10.5K 1.9K 17
Title: Not so-evil dragon and Prince (不怎么恶的龙,还有王子) Author: LiangLiang (俩俩) Status: Completed (16 chapters+1 extra)