Unicode
ဤစာကြောင်းကို ပြောပြီးနောက် ဟဲကျင့်သည် ဆက်မပြောနိုင်တော့ချေ။
ဟဲကျင့်၏ဖခင်သည် လွန်ခဲ့သော သုံးနှစ်ခန့်က သူ့သားနှင့် ငြင်းခုံခဲ့သည့်အကြောင်းကို ရုတ်တရက် ပြန်ပြောင်းသတိရမိခဲ့သည်။သူက သူ့အဖေကို ဒေါသတကြီးမေးခဲ့သေးတယ် သူဘယ်လိုခံစားရကြောင်း သူဘာလိုချင်တယ် ဘာမလိုချင်ဘူးလဲ ဘာကြိုက်တယ် ဘာမကြိုက်ဘူးလဲ..ဂရုစိုက်ဖူးရဲ့လားဆိုပြီးတော့ပေါ့။
ထိုအချိန်တုန်းကတော့ ဟဲကျင့်၏ဖခင်သည် သူ့ကိုကလေးဆန်နေတယ်လို့သာ သတ်မှတ်ခဲ့ပြီး သွေးဆူစွာနဲ့ပင် အတိတ်ကအကြောင်းအရာတွေကိုပြောပြခဲ့သေးသည်။
အဲ့နောက်တွင်တော့ ဟဲကျင့် ငြိမ်သက်သွားခဲ့သည်။ သူစိတ်ပျက်နေပေမယ့်လည်း သူ့မိဘတွေကို မပုန်ကန်တော့ဘဲ အိမ်ပြန်ဖို့ ရွေးချယ်ခဲ့တယ်။ သူသည် သူ့အဖေစကားကို နားထောင်ပြီး ချင်ယွီနဲ့လည်း လမ်းခွဲခဲ့လေရဲ့
အခုတော့ သူက အရွယ်ရောက်ပြီးသားလူကြီးဖြစ်နေပြီပင်။ သူက လူတွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ သိပြီးတော့ လုံ့လစိုက်ထုတ်ပြီး သူ့အမေစီစဉ်ပေးတဲ့ အိမ်ထောင်ဘက်တွေ့ဖို့ရက်တွေကိုတောင် နာခံမှုအပြည့်နဲ့ သွားရောက်ခဲ့တယ်... အရာအားလုံးက သာမန်အတိုင်းပါပဲ။ ဟဲကျင့် ၏ဖခင်သည် သူ့ဆန္ဒပြည့်စုံပြီးနောက် စိတ်သက်သာရာရမည်ဟု တွေးနေခဲ့သော်လည်း သူ မအောင်မြင်ခဲ့ပေ။ လွန်ခဲ့သည့် သုံးနှစ်ခန့်က ဟဲကျင့်၏ စကားများသည် သူ့ခေါင်းထဲတွင် ရံဖန်ရံခါ ပြန်ပေါ်လာသေးသည်။ ဟဲကျင့် ကို နှစ်အနည်းငယ်ကြာအောင် လေ့လာပြီးနောက် သူ့အဖေက တစ်ခုခုမှားနေတယ်လို့ ထင်နေသေးသည်။
ဆိုလိုသည်မှာ သူ့ကလေးသည် ပျော်ရွှင်နိုင်စွမ်း ဆုံးရှုံးသွားပုံရသည်။ အဲ့ဒါက ဟဲကျင့်သူ့မျက်နှာမှာ မပျော်ကြောင်းပြသနေခဲ့တာမျိုးမဟုတ်ပဲသူ့နှလုံးသားထဲတွင် မျိုသိပ်ထားပြီး ဖုံးကွယ်ထားသည့် နာကျင်မှုမျိုးဖြစ်သည်။ သူ့ပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိတဲ့အချိန် နည်းနည်းလောက်သာ ထုတ်ဖော်ရဲတာမျိုးပေါ့
ဟဲကျင့်ရဲ့ ဖခင်ဟာ ဟဲကျင့်လက်သီးတင်းတင်းဆုပ်ကာဖြင့် သူ့ပုခုံးများတုန်လှုပ်ကာ သူ့အဖေကို ဒေါသတကြီးနဲ့ သူမကြိုက်တဲ့လူစားမျိုး မဖြစ်ချင်ဘူးလို့ အော်ဟစ်ပြောခဲ့ပုံကိုမေ့လို့မရသေးပေ။
ထိုမြင်ကွင်းကို ပြန်သတိရသောအခါ အသက် 7၀ အရွယ် အမျိုးသားသည် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။ သူကတုန်လှုပ်ရင်း စီးကရတ်ကိုဖယ်၍ ငြင်သာစွာမေးလာသည်
"ဟဲကျင့် အခုမင်းနေနေရတဲ့ပုံစံကိုတကယ်ရောကြိုက်ရဲ့လား?"
ဟဲကျင့်၏နှလုံးသားသည် အချိန်အတော်ကြာအောင် နစ်မြုပ်နေပြီးဖြစ်သော်လည်း ဤမေးခွန်းကြောင့် ရုတ်တရက် ပြန်နိုးထလာခဲ့သည်။ သိပ်မကြာခင်မှာပဲ သူ စိတ်ဆိုးသွာတော့သည်။ သူ့အဖေက သူ့အရှေ့မှာ တည်တည်ငြိမ်ငြိမ်ရှိနေဖို့ ဘယ်လောက်တောင်အားစိုက်ထုတ်ထားရတာလဲဆိုတာကို တွေးကြည့်လို့တောင်ရမှာမဟုတ်ဘူး
ဟဲကျင့်တွေးကြည့်လိုက်သည်။
သူသဘောကျလားမကျလားဆိုတာအရေးကြီးသေးလို့လား?အရေးကြီးဆုံးက သူ့မိဘတွေက သူ့ကို ဒီလိုပုံစံနဲ့နေစေချင်နေတာပဲလေ
"ဒီလိုပါပဲကျွန်တော့်မှာ ရွေးချယ်စရာမရှိဘူး" ဟဲကျင့်က တည်ငြိမ်စွာ ပြန်ဖြေသည်။
ဟဲကျင့်ဟာ သူ့မိဘတွေစီမံရာတိုင်းကြိုးစားပြီးနေခဲ့သည်။ တကယ်လို့ သူသာမွေးရာပါ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းနေပါကဘယ်လိုဖြစ်သွားမှာလဲ? သူ့မိဘတွေက သူ့ကို စွန့်လွှတ်မှာတဲ့လား? သေချာတာကတော့ သူတို့ သူ့ကို ဆက်ပြီး ပြုစုပျိုးထောင်ကြမှာ ပါပဲ။ဒါကြောင့် သူ ဘယ်လောက်ပဲ စိတ်ပျက်နေပါစေ သူ့အမေကို ဘယ်တော့မှ လက်မလျှော့ခဲ့တာပင်။ချင်ယွီနဲ့ လမ်းခွဲရလို့နောင်တရလဲဘယ်လောက်ရမှာတဲ့လဲ
ဒီတာဝန်ကို ထမ်းဆောင်ရမယ်ဆိုတာ သူသိတယ်။ ဘာလို့ဆို ယောက်ျားတစ်ယောက်အနေနဲ့၊ သားတစ်ယောက်အနေနဲ့မွေးဖွားလာခဲ့တာကိုး အဲ့အတွက် ပေးဆပ်ရမယ့်တန်ဖိုးက သူ့ပျော်ရွှင်မှုလို့ အဓိပ္ပာယ်ရပေမဲ့ သူလုပ်ရမှာပဲလေ
ဟဲကျင့်၏ဖခင်က သက်ပြင်းရှည်ချလိုက်သည်။ ဟဲလင် ၏ အဖြစ်ဆိုးကြောင့် ဖြစ်ပေါ်လာသော အပျက်သဘောဆောင်သော လွှမ်းမိုးမှုကို ခံရမည့်သူ ဟဲကျင့် မဖြစ်သင့်ကြောင်း ရုတ်တရက် သူ သဘောပေါက်သွားသည် ။
ဖခင်ဖြစ်သူက မျက်မှောင်တင်းတင်းကြုတ်ထားတာကိုတွေ့တော့ ဟဲကျင့်က သူ့ကို နှစ်သိမ့်ပေးလာသည်။
"အဖေ အဖေနဲ့ အမေကို ကျွန်တော် စိတ်နာနေတယ်လို့ထင်လို့လား? အရမ်းတွေမစိုးရိမ်ပါနဲ့ အခုကျွန်တော် ဒီမှာ အကောင်းတိုင်းရှိနေတာပဲလေ အမေလဲ ပိုပြီးသက်သာလာတာပဲ။အဖေလည်းကိုယ့်ကိုယ်ကို ပိုပြီးဂရုစိုက်သင့်တယ်။ဆေးလိပ်လည်းလျှော့သောက်ဉီး ကျွန်တော်ဂရုအစိုက်ဆုံးကတော့ အဖေနဲ့ အမေ့ရဲ့ကျန်းမာရေးပါပဲ"
ဟဲကျင့် ၏ဖခင်က ပျော့ညံ့စွာ ခေါင်းညိတ်လာလေသည်။ သူ့ကို နှစ်သိမ့်ပြီးနောက်ဟဲကျင့် လှည့်ထွက်လာခဲ့သည်။သူ့အမေနဲ့ TV ကြည့်ပြီးနောက် 10 နာရီလောက်မှာတော့ အိပ်ဖို့အတွက် သူ့အိပ်ခန်းသို့ပြန်လာခဲ့၏။
နှစ်ရက်အကြာတွင်တော့ ချင်ယွီသည် Q မြို့သို့ရောက်ရှိလာသည်။ ပရိသတ်များနှင့် တွေ့ဆုံပွဲကို ယဉ်ကျေးမှုနန်းတော်၌ ယနေ့ညနေ 2 နာရီမှ5 နာရီအထိ စီစဉ်ထားသည်။ ပြည်တွင်း ရုပ်မြင် သံကြားလိုင်း သတင်းစာများနှင့် အွန်လိုင်းမီဒီယာများက ဒီပွဲကို စတင်ဖော်ပြနေပြီဖြစ်သည်။
လွန်ခဲ့သည့်သုံးနှစ်အတွင်းဟဲကျင့် သည် သူ့ပတ်ဝန်းကျင်ရှိလူများထံမှ ချင်ယွီ၏နာမည်ကိုကြားလိုက်တိုင်း သို့မဟုတ် မိုဘိုင်းကြော်ငြာတစ်ခုတွင် သူ့မျက်နှာကို အမှတ်မထင်မြင်လိုက်တိုင်း သူ့အတွက် ကြီးမားသောစိတ်ခံစားမှုကို ဖြစ်ပေါ်စေခဲ့သည်။ထို့ကြောင့် သူဘယ်တော့မှချင်ယွီရဲ့ သတင်းများကိုရှာကြည့်ရန် သတ္တိမရှိခဲ့ပါ
ဒီနေ့သည် စနေနေ့ဖြစ်သည်။ ဟဲကျင့် က အလုပ်သွားစရာမလိုပင်။ သူ့အမေက သူ့အဖေရဲ့ အရင်လုပ်ဖော်ကိုင်ဖက်ရဲ့ တူမကို တွေ့ဖို့ စီစဉ်ပေးခဲ့တဲ့အတွက် 11 နာရီလောက်တွင် သူထွက်လာခဲ့သည်။
Q မြို့သည် အလွန်သေးငယ်သော်လည်း လူအစည်ဆုံးနေရာသည် မြို့လယ်တွင်တည်ရှိပြီး အရှေ့မှတောင်သို့ လမ်းအနည်းငယ်သာရှိသည်။ ဟဲကျင့် booking ယူထားသော စားသောက်ဆိုင်သည် ယဉ်ကျေးမှုနန်းတော်မှ တစ်ကီလိုမီတာအကွာ ရှန်းကျီး Plaza တွင်တည်ရှိပြီး အလွန်နာမည်ကြီးသော ကွမ်တုံစားသောက်ဆိုင်ဖြစ်သည်။
မနက် 11 နာရီ ၄၅ မိနစ်တွင် စားသောက်ဆိုင်သို့ သူရောက်သောအခါ ကောင်မလေးနှင့်မတွေ့မီ ဆယ့်ငါးမိနစ်သာစောနေခဲ့သည်။ သူ့လက်ပတ်မှာ ရခဲ့တဲ့ မိန်းကလေးရဲ့ အချက်အလက်ကို ကြည့်နေတာဖြစ်ပြီး သူမရဲ့ နာမည်ကတော့ သွမ့်ရှုရုန် ဖြစ်ပြီး အသက် 27 နှစ်ရှိပြီဖြစ်ကာ Q မြို့ရုပ်မြင်သံကြားဌာနရဲ့ အယ်ဒီတာဌာန ဝန်ထမ်းဖြစ်လေသည်။ သူမသည် S ခရိုင်မှ ဆက်သွယ်ရေးတက္ကသိုလ် တရုတ်မေဂျာဖြင့် ဘွဲ့ရခဲ့ပြီး သူမသည် တစ်ကြိမ်သာ ချိန်းတွေ့ခဲ့သည် သူမ၏ ဝါသနာများအကြောင်း...
နောက်ထပ်ကြည့်ရန်မလိုအပ်တော့ပါ။ ဟဲကျင့် က ကောင်မလေးဆီကို စာတစ်စောင်ပို့ပြီး စားပွဲနံပါတ်ကို ပြောပြခဲ့သည်။ ထို့နောက် သူသည် espresso တစ်ခွက်ကို မှာကငြိမ်သက်စွာဖြင့် သူပြောမည့်စကားကို ပြင်ဆင်ခဲ့သည်။
အများအားဖြင့် အိမ်ထောင်ဘက်တွေ့ဆုံပွဲမှာ မိန်းကလေးက နည်းနည်းနောက်ကျတာက ပုံမှန်ပါပဲ။ အနည်းဆုံး နာရီဝက်လောက် စောင့်ရမယ်လို့ ဟဲကျင့်က ထင်ခဲ့တာပင်။ မထင်မှတ်ပဲ ကောင်မလေးက 12 နာရီ မတိုင်ခင် ရောက်လာခဲ့သည်။
"ရှင်က...မစ္စတာ ဟဲကျင့်?"
သူမသည် ရိုးရိုးရှပ်အင်္ကျီ၊ မီးခိုးရောင် ချည်သားဆွယ်တာနှင့် အနက်ရောင်မျက်မှန်တစ်စုံကို ၀တ်ဆင်ထားသည်... သွမ့်ရှုရုန် သည် သူမ၏မှတ်ဉာဏ်ထဲမှအဖြူရောင် ရှပ်အင်္ကျီနဲ့ လူသားနှင့် ဒီလူကိုဆက်စပ်ကြည့်ရန်ကြိုးစားလိုက်သည်။
ဟဲကျင့် က ရုတ်တရက် မော့ကြည့်လိုက်တော့ သူ့မျက်လုံးတစ်ချက်လဲ့သွားခဲ့သည်။ - သူမတွင် မျက်လုံးဝိုင်းဝိုင်း တစ်စုံ၊ V ပုံသဏ္ဍာန် မေးစေ့၊ ဖြောင့်စင်းနေသည့် ဆံပင်ရှင် ရိုးရှင်းပြေပြစ် သော စကတ်ကို ၀တ်ထားသည်။ သူမသည် အလှလေးတစ်ယောက်ပင်
"မင်္ဂလာပါ မိန်းကလေးသွမ့်"
သူ့လက်ကိုဆန့်ထုတ်ကာ လက်ဆွဲနှုတ်ဆက်လိုက်ပြီး သူမအတွက် ထိုင်ခုံနေရာကိုညွှန်ပြလိုက်သည်။
"ထိုင်ပါဉီး"
သွမ့်ရှုရုန်သည်ဟဲကျင့် ကို ဆက်ကြည့်နေသည်။ သူမထိုင်ပြီးနောက် သံသယစိတ်ဖြင့်မေးလာသည်။
"ဟဲကျင့် နင်ငါ့ကိုမမှတ်မိဘူးလား?"
ဟဲကျင့် အံ့အားသင့်သွားပြီးနောက် သူမမျက်နှာကို ပြန်ကြည့်မိသည်။ သူက လက်ခါပြကာဖြင့်တောင်းပန်စကားဆိုသည်။
"ကျွန်တော်တို့ ဘယ်မှာတွေ့ဖူးလဲမသိဘူး?"
"ငါတို့..."
သွမ့်ရှုရုန် က သူတို့နှစ်ယောက်ကြားစည်းတစ်ခုထားလိုက်ပြီး
"ကျွန်မတို့ အလယ်တန်းကျောင်းအတူတူတက်ခဲ့ဖူးတယ်။
ဟဲကျင့် သည် မျက်လုံးများကို ဖြည်းဖြည်းချင်း ပြူးကျယ်သွားကာ တစ်စုံတစ်ခုကို သတိရသွားသော်လည်း သူ့မှတ်ဉာဏ်မှာမသေချာနေပေ။
သွမ့်ရှုရုန်က ခါးသီးစွာပြုံးလိုက်ပြီးထပ်ပြောလာခဲ့သည်။
"ကျောင်းမှာ လှုပ်ရှားမှုတွေ ရှိတိုင်း မိတ်ဆုံစားပွဲတွေ လုပ်ဖို့ အမြဲ အတူတူတိုင်ပင်ခဲ့တယ် ကျွန်မ အလယ်တန်းကျောင်းတုန်းက ရှင့်ကို အထင်ကြီးခဲ့သလို ရှင်ကိုချစ်ကြောင်း ဝန်ခံစာလည်းပေးခဲ့သေးတယ်။ ဒါပေမယ့် ရှင့်အမေကို ရှင်ကဖြေရှင်းခိုင်းခဲ့တယ်လေ သူမက ကျွန်မမိဘတွေကိုခေါ်ပြီး သွန်သင်ဆုံးမဖို့ပြောခဲ့သေးတယ် ရှင် အဲ့ဒါကိုမှတ်မိသေးလား?"
"အာ!" ဟဲကျင့်ပြောလာလေသည်။ "မင်းကို!"
ချက်ချင်းဆိုသလိုပင်ရှက်ရွံ့သွားရကာ သတိလက်လွတ်ဖြစ်သွားခဲ့ရသည်။ အဲဒီတုန်းက အဖြစ်အပျက်က သူ့အတွက် ရှက်စရာကြီး ဖြစ်နေသေးတယ်လေ။ သူနောက်ထပ်မတွေးဝံ့တော့ဘဲ နှစ်တွေကြာလာတာနဲ့အမျှ သူ့အဲ့အကြောင်းကို တဖြေးဖြေး မေ့သွားခဲ့တော့တာပါပဲ
သွမ့်ရှုရုန်ကမေးလာသည်။
"နင်နဲ့ အိမ်ထောင်ဘက်တွေ့မယ့်သူက ငါဆိုတာကို သတိမထားမိဘူးလား?"
"ဟင့်အင်း..."
တကယ်လို့ သွမ့်ရှုရုန်ကဟဲကျင့်ကိုမှတ်မိနေသေးရင် အိမ်ထောင်ဘက်တွေ့မယ့်သူဟာ ဟဲကျင့်သာဆိုရင်သူမလုံးဝလာခဲ့မှာမဟုတ်ဘူးလေ။ပြီးတော့ နာမည်ကအနည်းငယ်ရင်းနှီးသလိုရှိခဲ့ပေမယ့်လည်း သူရှေ့မှာရှိနေတဲ့ကောင်မလေးနဲ့ အလယ်တန်းကျောင်းတုန်းကကောင်မလေးကိုဆက်စပ်ကြည့်လို့မရနေပါချေ။
သွမ့်ရှုရုန်က လက်ပိုက်လျက် ပြုံးကာပြောလာခဲ့သည်။
"ပထမကတော့ ငါမလာချင်ခဲ့ဘူး ဒါပေမယ့် ဒီလောက်နှစ်တွေကြာပြီးနောက်မှာ နင်ဘယ်လိုပြောင်းလဲသွားလဲသိချင်လို့လာခဲ့တာ အဲ့တော့ ဒါက အိမ်ထောင်ဘက်တွေ့တာမဟုတ်တော့ပဲ အတန်းဖော်ဟောင်းဆုံစည်းတာပဲ"
ဟဲကျင့်က မျက်လွှာချလျက် သက်ပြင်းချလိုက်သည်။ မီနူးကို ကမ်းပေးလိုက်ပြီးပြောလိုက်သည်။
"အရင်ဆုံး အော်ဒါမှာရအောင်"
သွမ့်ရှုရုန် က သူ့ကို ပြုံးကာတစ်ချက်ကြည့်လိုက်ပြီး မီနူးကို ဖတ်ကာဖြင့်ပြောလာခဲ့သည်။
"နင်အဲ့လောက်ကြီးလဲမပြောင်းလဲသွားပါဘူး
ဟဲကျင့် က မျက်မှန်ကိုပင့်တင်လိုက်ပြီး "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဆယ်နှစ်ကျော်ပြီပဲလေ"
"ငါဆိုလိုတာက နင့်ရဲ့ မျက်နှာနဲ့ နင့်ရဲ့ပုံစံ။"
သွမ့်ရှုရုန်က ဟင်းပွဲအနည်းငယ်မှာလိုက်ပြီးသောက်စရာကိုလည်းမှာလိုက်သည်။ဟဲကျင့်ကစားပွဲထိုးကိုခေါ်ကာ အော်ဒါမှာလိုက်သည်။သွမ့်ရှုရုန်က ဟဲကျင့်ရှေ့က ကော်ဖီခွက်ကိုမြင်ကာပြောလာခဲ့သည်။
"နင်အစားမစားခင် ကော်ဖီသောက်တာလား? အဲ့ဒါကနင့်အစာအိမ်အတွက်မကောင်းဘူးနော်"
ဟဲကျင့် အနည်းငယ် ပြုံးလိုက်သည်။ အိမ်ထောင်ဘက်တွေ့ဆုံဖို့လာတိုင်း သူစိတ်ရှင်းလင်းစေရန်ကော်ဖီတစ်ခွက်မှာထားလေ့ရှိသည် အဲ့ကစပြီးအကျင့်ဖြစ်လာတော့တာပါပဲ
သူတို့နှစ်ယောက်ဟာအဲဒီ့နှစ်တွေအတွင်းမှာ ဘာတွေဖြစ်ခဲ့လဲ ဘယ်တက္ကသိုလ်ကိုတက်ခဲ့လဲ၊ ရှင်သန်နေထိုင်ဖို့အတွက် ဘာတွေလုပ်နေလဲဆိုတာကို ပြောခဲ့ကြလေသည်။ ဟင်းလျာများ ရောက်လာသောအခါ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် cheer လုပ်လိုက်ကြပြီး ဟဲကျင့်က ရုတ်တရက်လေးနက်စွာဆိုလာခဲ့သည်။
"သွမ့်ရှုရုန် တောင်းပန်ပါတယ်"
သွမ့်ရှုရုန်: "... အမ်း?"
"အဲဒီတုန်းက စာကို အမေ့ကိုငါပေးလိုက်တာမဟုတ်ပါဘူး သူမဘာသာသူမ ရှာတွေ့ခဲ့တာ ဘာလို့ဆို ငါ့ကျောင်းလွယ်အိတ်ကိုသူမစစ်တတ်တယ်လေ။ငါ အဲ့စာကို တရုတ်စာစာအုပ်ကြားထဲထည့်ထားခဲ့တာ ဒါပေမယ့်လည်းနောက်ဆုံးတော့ သူမရှာတွေ့ခဲ့တာပါပဲ။ငါအရမ်းစိတ်လှုပ်ရှားနေခဲ့လို့ ကောင်းကောင်းမဝှက်နိုင်ခဲ့တာပဲဖြစ်ပါလိမ့်မယ်။"
ဟဲကျင့် ပြုံးကာဖြင့် "ငါတကယ်ကြီး သူမအဲ့လိုတွေလုပ်လိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ဘူး။ဒီနေ့မင်းနဲ့တွေ့ရတာကောင်းပါတယ် ငါမင်းကို ဒီအကြောင်းတွေရှင်းပြလို့ရတာပေါ့လေ"
သွမ့်ရှုရုန် အံ့အားသင့်သွားသော်လည်း ဟဲကျင့် ၏တောင်းပန်မှုကြောင့် သူမ အနည်းငယ် ရင်ထဲထိသွားရသည်။ သူမကဟိုကြည့်ဒီကြည့်လုပ်ကာပြောလာသည်။
"နင့် အမေကဘယ်လိုလူစားမျိုးလဲ?နင်ပြန်လာပြီးဒီ 3 နှစ်အတွင်းရည်းစားမရှိတာမထူးဆန်းတော့ပါဘူး!"
ဟဲကျင့်: "..."
သွမ့်ရှုရုန် က ပေါ့ပေါ့ပါးပါးချောင်းဆိုးလိုက်ရင်း
"ရိုးရိုးသားသားပြောရရင် ငါဒီကိုလာတာလဲရည်ရွယ်ချက်ရှိရှိလာခဲ့တာလေ ဘာလို့ဆိုနင့်အမေသာ သူ့သားအိမ်ထောင်ဘက်တွေ့တဲ့မိန်းကလေးက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူမစော်ကား မော်ကားပြောခဲ့တဲ့မိန်းကလေးဆိုတာကိုသိသွားရင် ဘယ်လိုဖြစ်သွားမလဲလို့ သိချင်လို့လေ။သူမငါ့ကိုအဲ့တုန်းကဘာတွေပြောခဲ့လဲသိလား?ငါကမကောင်းဆိုးဝါးတဲ့ပြီးတော့ ငါကအရှက်မရှိဘူးတဲ့လေ။သူမဘယ်လိုတုံ့ပြန်မလဲဆိုတာတော့မသေချာပါဘူး ဘယ်လိုတုံ့ပြန်မလဲဆိုတာလဲမသိချင်တော့ဘူး။နင့်အမေလိုလူမျိုးကို ဘယ်သူကယောက္ခမတော်ချင်မှာတဲ့လဲ?
ဟဲကျင့် သည် ထိုစကားကို နားထောင်ပြီးနောက် သူသည်စိတ်မဆိုးရုံမကာကျယ်လောင်စွာ ရယ်နေခဲ့သည်။ သွမ့်ရှုရုန်ပြောသည်မှာ အနည်းငယ် ရိုင်းစိုင်းသော်လည်း သူမ အမှန်အတိုင်း ပြောနေခြင်းပင်။ သူက ခေါင်းညိတ်လိုက်၏
"မင်းမှန်တယ်"
သူမကိုသည်းခံနိုင်တဲ့သူဆိုသည်မှာ သူမသားတစ်ယောက်သာရှိလိမ့်မည်။
သွမ့်ရှုရုန်သည် သူမ၏ခွက်ကိုယူ၍ ဟဲကျင့်ကို သူမရဲ့လှပသောမျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ ဒီလို ရူးသွပ်တဲ့ မိန်းမမျိုး က ဒီလို အေးဆေးပြီး တိတ်တဆိတ်နေတတ်ကာနူးညံ့သိမ်မွေ့တဲ့ သားကိုပြုစုပျိုးထောင်နိုင်တယ်ဆိုတာ စိတ်ကူးကြည့်ဖို့တောင်ခက်ပါရဲ့။
တကယ်တော့ သူမပြောမပြထားတဲ့ နောက်ထပ်အကြောင်းပြချက်တစ်ခုရှိသေးပါ၏- ဟဲကျင့် ကို သူမတွေ့ချင်ရတဲ့အကြောင်းရင်းက ဆယ်ကျော်သက်မိန်းမငယ်လေးတုန်းကလို သူ့ကိုသဘောကျနေသေးလို့ပါပဲ။
ဟဲကျင့်က ဟင်းပွဲများကို သူ့တူများဖြင့်ညွှန်ပြကာပြောလာခဲ့သည်။
"မြန်မြန်လေးစားလိုက်ဉီး ဟင်းပွဲတွေအေးကုန်ဉီးမယ်။ကြည့်ရတာ ငါ့အမေမင်းကိုဆက်ဆံခဲ့တာတွေအတွက်တောင်းပန်တဲ့အနေနဲ့ ငါဒကာခံရမယ်ထင်တယ်"
သွမ့်ရှုရုန်ကနှာမှုတ်လာသည်: "ဒါက အိမ်ထောင်ဘက်တွေ့တဲ့ပွဲပဲကို နင်ငါ့ကိုကျွေးရမှာပဲလေ"
ဟဲကျင့် က ဒေါသကြီးတဲ့ ချစ်သူကောင်မလေးကိုသည်းခံနေသလိုမျိုး ပြုံးလိုက်ပြီး
"သေချာတာပေါ့ လာပေးတဲ့အတွက်ကျေးဇူးပါပဲ များများစား"
သွမ့်ရှုရုန်က အနည်းငယ်စားပြီးနောက် သူမမပြောဘဲမနေနိုင်ခဲ့ချေ
"ဟေး နင့်အကြောင်းနည်းနည်းကြားဖူးတယ်။ငါ့ကိုနင်နဲ့မိတ်ဆက်ပေးတဲ့ အန်တီပြောတာတော့ နင်အကြိမ်ပေါင်းများစွာအငြင်းခံခဲ့ရတာဆို..."
သူမကအသံကိုနိမ့်ကာဖြင့် "နင်သိလား Q မြို့ကကျဉ်းကျဉ်းလေးနော် ပြီးတော့အချက်အလက်ကောင်းတွေနဲ့ single တွေဆိုတာက ရှားမှရှားကို သူတို့ကနင့်ကိုဘယ်လိုလုပ်ငြင်းနိုင်ရတာလဲ?အဲ့ဒါတွေကနင့်အမေကြောင့်လား?အဲ့အန်တီဆို ငါ့ကိုသတိထားပြီး နင့်မှာရောဂါတွေဘာတွေများဖြစ်နေတာလားစစ်ကြည့်ဉီးလို့တောင်ပြောလိုက်သေးတယ်!"
ဟဲကျင့်ကရယ်လျက် မျက်ခုံးကိုပင့်ကာဖြင့်မေးလာခဲ့သည်။
"မင်းတကယ်သိချင်တာလား?"
သွမ့်ရှုရုန် သည် သူမ၏ တူခများကို ဘေးဖယ်လိုက်ပြီး "ပြောပြစမ်းပါ"
ဟဲကျင့် က အစာကိုမျိုချလိုက်ပြီး ကော်ဖီကို ဖြည်းညှင်းစွာသောက်ရင်း သူမကိုရှင်းပြလာခဲ့သည်။
"ကောင်မလေးတစ်ယောက်နဲ့တွေ့တဲ့အခါတိုင်း ငါသူတို့ကိုပြောခဲ့တာက ငါပြောသမျှကအမှန်တွေဖြစ်ပြီးတော့ သူတို့ကိုပထုတ်ချင်လို့ပြောတဲ့စကားတွေမဟုတ်ဘူးဆိုတဲ့ အကြောင်းပဲ ပြီးတော့ အဲ့အကြောင်းတွေကို ငါ့မိဘတွေကိုပြန်မပြောဖို့ အထူးသဖြင့် ငါ့အမေကိုပြန်မပြောဖို့တောင်းဆိုခဲ့တယ် မင်းလည်းအဲ့လိုလုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
"သေချာတာပေါ့ နင့်အတွက်လျှို့ဝှက်ထားပေးမယ်!"
သွမ့်ရှုရုန်က စကားဖြတ်ပြောလာခဲ့သည်။သူမကစိတ်မြန်လက်မြန်ရှိပြီး အမှန်တရားကိုသိဖို့မစောင့်နိုင်တော့ချေ။
ဟဲကျင့်က သူမကိုကြည့်ကာလေးလေးနက်နက်ပြောလာခဲ့သည်။
"ငါ အရင်တုန်းကယောကျ်ားလေးနဲ့ တွဲခဲ့ဖူးတယ်"
သွမ့်ရှုရုန်သည် ထိတ်လန့်စွာကြည့်လာပြီး သူမ အသံကို လျှော့လိုက်ကာဖြင့်
"နင်က gayလား?"
"ငါမသေချာဘူး ငါ့တစ်သက်လုံးမှာသူ့ကိုပဲချစ်ခဲ့ဖူးတာ ငါထင်တာတော့မင်းငါ့ကိုgay လို့ခေါ်လို့ရမယ်ထင်တယ်။ရိုးရိုးသားသားပြောရရင် ငါမိန်းကလေးကိုကြိုက်နိုင်သေးလားတောင်မသေချာပါဘူးငါလည်းကြိုးတော့ကြိုးစားကြည့်ချင်ပါတယ် ဒါပေမယ့် ငါယောကျ်ားလေးနဲ့တွဲဖူးတယ်ဆိုတာကိုသိတာနဲ့ မိန်းကလေးတွေ တစ်ယောက်မှ လက်မခံနိုင်ခဲ့ဘူးလေ။"
ဟဲကျင့်ပြုံးလိုက်သည်။"ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကယုံရတယ်လို့ပြောလို့ရပါတယ် သူတို့တစ်ယောက်မှ ငါ့လျှို့ဝှက်ချက်အကြောင်းမပြောပြခဲ့ကြဘူးလေ"
သွမ့်ရှုရုန်: "နင်သိလား? ကတိတည်တာနဲ့ ဘာမှမဆိုင်ပါဘူး။မိန်းမတွေကိုငါသိတာပေါ့ ငါတို့အားလုံး အတင်းအဖျင်းပြောတာကို ကြိုက်ကြတယ်လေ သူတို့လျှောက်မပြောရတဲ့အကြောင်းအရင်းကနင့်ကြောင့်ပဲ"
ဟဲကျင့်: "ငါ?"
သွမ့်ရှုရုန်က နည်းနည်းတော့ စိတ်လှုပ်ရှားစပြုလာပြီး
"နင်အခုလေးတင်ငါ့ကိုပြောခဲ့တဲ့ဟာတွေကငါ့ကိုတကယ့်စစ်မှန်တဲ့ခံစားချက်ပေးနေတယ်ခေ"
သူမ ဘယ်လိုဖော်ပြရမှန်း မသိပါပေ။ သူမတွေးမိတာကတော့ ထိုအချိန်တွင်ဟဲကျင့်ကအရမ်းအားနည်းနေကာနာကျင်နေပုံရတယ်လေ ပြီးတော့ ထိလွယ်ရှလွယ်ဖြစ်တဲ့အမျိုးသားတွေနဲ့ဆိုမိန်းကလေးတွေရဲ့ရင်ထဲကိုလွယ်လွယ်ကူကူရောက်သွားရော"
"ဟေး ဟဲကျင့်" သွမ့်ရှုရုန် က သတ္တိရှိရှိနဲ့
"တကယ်တော့ နင် အတိတ်က ဖြစ်ခဲ့တာတွေကို ငါ ဂရုမစိုက်ပါဘူး။ နင် ငါနဲ့ စမ်းကြည့်ချင်လား?"
သူ့မျက်လုံးထဲမှာကျေးဇူးတင်နေတဲ့အရိပ်အယောင်တချို့ရှိနေလျက်ပြောလာခဲ့သည်။
"သွမ့်ရှုရုန် တကယ်တော့ ငါယောကျ်ားလေးနဲ့တွဲခဲ့တာကိုသိပြီးနောက်မှာတောင်ငါနဲ့တွဲချင်နေသေးတဲ့မိန်းကလေးတချို့ရှိခဲ့သေးတယ် ငါထင်တာကတော့ သူတို့ငါ့ကိုကူညီချင်တယ်ထင်ပါတယ် ဒါပေမယ့်..."
သူ့ကသူမကိုကြည့်ကာဖြင့်"တကယ်လို့ငါကသူတို့ကို အဲ့လူရဲ့အကြောင်းကိုမမေ့နိုင်သေးဘူးလို့ပြောလာခဲ့ရင်ရော?"
ဘယ်မိန်းကလေးကမှ သူ့ရည်းစားက သူ့ရဲ့အရင်ရည်းစားဟောင်းအကြောင်းတွေးနေတုန်းဆိုတာကိုသည်းမခံနိုင်ကြပေ။အဲ့ဒီရည်းစားဟောင်းကယောကျ်ားလေးဖြစ်နေရင်တော့မပြောနဲ့တော့ပေါ့
သူမတိတ်ဆိတ်နေတာကိုမြင်တော့ ဟဲကျင့် သက်ပြင်းချလိုက်သည်။ သောက်ပြီးသွားသော ကော်ဖီခွက်ကို ကြည့်ပြီး
"ကျေးဇူးတင်ပါတယ် သွမ့်ရှုရုန် ဒါပေမယ့် မင်းကိုနာကျင်စေမယ့်ဟာတွေငါမလုပ်နိုင်ဘူး"
သုံးနှစ်ရှိပြီပင် ချင်ယန်ထံသို့ပေးသောစာတွင် သူကိုယ်တိုင် ကျိန်ဆိုခဲ့သော ကျိန်စာသည် အမှန်တကယ် အသက်ဝင်သွားပုံရပါ၏၊
မိန်းကလေးတစ်ယောက်နဲ့ ပြန်စဖို့ဆိုတာကဒီတိုင်းမဖြစ်နိုင်ရုံပါပဲ။ သူကြိုးစားခဲ့တာပဲ ပုံမှန်ပြန်ဖြစ်ဖို့ အရမ်းကြိုးစားခဲ့တယ်။ သူရဲ့ ပထမဆုံး အိမ်ထောင်ဘက်တွေ့ပြီးတုန်းကဆိုညတိုင်း အိပ်မပျော်ခဲ့သဖြင့် အိပ်ဆေးတွေ မရေမတွက်နိုင်အောင် သောက်ခဲ့ရပြီး စိတ်ပညာရှင်နဲ့ တစ်နှစ်ခွဲလောက်တောင် ဆွေးနွေးခဲ့ရပါသေးသည်။ ပျော်ချင်ယောင်ဆောင်ဖို့ သူအရမ်းကြိုးစားခဲ့ရတယ်...
သူသည် ကမ္ဘာပေါ်ရှိလူတိုင်းကို လှည့်စားနိုင်သော်လည်း သူ့ကိုယ်သူ မလှည့်စားနိုင်ပါချေ။
[T/N: ကိုယ်လောင်တာတွေမခံစားနိုင်လို့ ခွေးစာအခန်းတွေရောက်အောင် အသဲအသန်တင်နေတာ စာတွေသေချာမစစ်ထားဘူး သည်းခံပြီးဖတ်ပေးကြနော်]
Zawgyi
141:ငါအဲ့လူကိုမေမ့ႏိုင္ေသးဘူး
ဤစာေၾကာင္းကို ေျပာၿပီးေနာက္ ဟဲက်င့္သည္ ဆက္မေျပာႏိုင္ေတာ့ေခ်။
ဟဲက်င့္၏ဖခင္သည္ လြန္ခဲ့ေသာ သုံးႏွစ္ခန႔္က သူ႔သားႏွင့္ ျငင္းခုံခဲ့သည့္အေၾကာင္းကို ႐ုတ္တရက္ ျပန္ေျပာင္းသတိရမိခဲ့သည္။သူက သူ႔အေဖကို ေဒါသတႀကီးေမးခဲ့ေသးတယ္ သူဘယ္လိုခံစားရေၾကာင္း သူဘာလိုခ်င္တယ္ ဘာမလိုခ်င္ဘူးလဲ ဘာႀကိဳက္တယ္ ဘာမႀကိဳက္ဘူးလဲ..ဂ႐ုစိုက္ဖူးရဲ႕လားဆိုၿပီးေတာ့ေပါ့။
ထိုအခ်ိန္တုန္းကေတာ့ ဟဲက်င့္၏ဖခင္သည္ သူ႔ကိုကေလးဆန္ေနတယ္လို႔သာ သတ္မွတ္ခဲ့ၿပီး ေသြးဆူစြာနဲ႔ပင္ အတိတ္ကအေၾကာင္းအရာေတြကိုေျပာျပခဲ့ေသးသည္။
အဲ့ေနာက္တြင္ေတာ့ ဟဲက်င့္ ၿငိမ္သက္သြားခဲ့သည္။ သူစိတ္ပ်က္ေနေပမယ့္လည္း သူ႔မိဘေတြကို မပုန္ကန္ေတာ့ဘဲ အိမ္ျပန္ဖို႔ ေ႐ြးခ်ယ္ခဲ့တယ္။ သူသည္ သူ႔အေဖစကားကို နားေထာင္ၿပီး ခ်င္ယြီနဲ႔လည္း လမ္းခြဲခဲ့ေလရဲ႕
အခုေတာ့ သူက အ႐ြယ္ေရာက္ၿပီးသားလူႀကီးျဖစ္ေနၿပီပင္။ သူက လူေတြကို ဘယ္လိုဆက္ဆံရမယ္ဆိုတာ သိၿပီးေတာ့ လုံ႔လစိုက္ထုတ္ၿပီး သူ႔အေမစီစဥ္ေပးတဲ့ အိမ္ေထာင္ဘက္ေတြ႕ဖို႔ရက္ေတြကိုေတာင္ နာခံမႈအျပည့္နဲ႔ သြားေရာက္ခဲ့တယ္... အရာအားလုံးက သာမန္အတိုင္းပါပဲ။ ဟဲက်င့္ ၏ဖခင္သည္ သူ႔ဆႏၵျပည့္စုံၿပီးေနာက္ စိတ္သက္သာရာရမည္ဟု ေတြးေနခဲ့ေသာ္လည္း သူ မေအာင္ျမင္ခဲ့ေပ။ လြန္ခဲ့သည့္ သုံးႏွစ္ခန႔္က ဟဲက်င့္၏ စကားမ်ားသည္ သူ႔ေခါင္းထဲတြင္ ရံဖန္ရံခါ ျပန္ေပၚလာေသးသည္။ ဟဲက်င့္ ကို ႏွစ္အနည္းငယ္ၾကာေအာင္ ေလ့လာၿပီးေနာက္ သူ႔အေဖက တစ္ခုခုမွားေနတယ္လို႔ ထင္ေနေသးသည္။
ဆိုလိုသည္မွာ သူ႔ကေလးသည္ ေပ်ာ္႐ႊင္ႏိုင္စြမ္း ဆုံးရႈံးသြားပုံရသည္။ အဲ့ဒါက ဟဲက်င့္သူ႔မ်က္ႏွာမွာ မေပ်ာ္ေၾကာင္းျပသေနခဲ့တာမ်ိဳးမဟုတ္ပဲသူ႔ႏွလုံးသားထဲတြင္ မ်ိဳသိပ္ထားၿပီး ဖုံးကြယ္ထားသည့္ နာက်င္မႈမ်ိဳးျဖစ္သည္။ သူ႔ပတ္ဝန္းက်င္မွာ ဘယ္သူမွ မရွိတဲ့အခ်ိန္ နည္းနည္းေလာက္သာ ထုတ္ေဖာ္ရဲတာမ်ိဳးေပါ့
ဟဲက်င့္ရဲ႕ ဖခင္ဟာ ဟဲက်င့္လက္သီးတင္းတင္းဆုပ္ကာျဖင့္ သူ႔ပုခုံးမ်ားတုန္လႈပ္ကာ သူ႔အေဖကို ေဒါသတႀကီးနဲ႔ သူမႀကိဳက္တဲ့လူစားမ်ိဳး မျဖစ္ခ်င္ဘူးလို႔ ေအာ္ဟစ္ေျပာခဲ့ပုံကိုေမ့လို႔မရေသးေပ။
ထိုျမင္ကြင္းကို ျပန္သတိရေသာအခါ အသက္ 7၀ အ႐ြယ္ အမ်ိဳးသားသည္ ႐ုတ္တရက္ တုန္လႈပ္သြားခဲ့သည္။ သူကတုန္လႈပ္ရင္း စီးကရတ္ကိုဖယ္၍ ျငင္သာစြာေမးလာသည္
"ဟဲက်င့္ အခုမင္းေနေနရတဲ့ပုံစံကိုတကယ္ေရာႀကိဳက္ရဲ႕လား?"
ဟဲက်င့္၏ႏွလုံးသားသည္ အခ်ိန္အေတာ္ၾကာေအာင္ နစ္ျမဳပ္ေနၿပီးျဖစ္ေသာ္လည္း ဤေမးခြန္းေၾကာင့္ ႐ုတ္တရက္ ျပန္ႏိုးထလာခဲ့သည္။ သိပ္မၾကာခင္မွာပဲ သူ စိတ္ဆိုးသြာေတာ့သည္။ သူ႔အေဖက သူ႔အေရွ႕မွာ တည္တည္ၿငိမ္ၿငိမ္ရွိေနဖို႔ ဘယ္ေလာက္ေတာင္အားစိုက္ထုတ္ထားရတာလဲဆိုတာကို ေတြးၾကည့္လို႔ေတာင္ရမွာမဟုတ္ဘူး
ဟဲက်င့္ေတြးၾကည့္လိုက္သည္။
သူသေဘာက်လားမက်လားဆိုတာအေရးႀကီးေသးလို႔လား?အေရးႀကီးဆုံးက သူ႔မိဘေတြက သူ႔ကို ဒီလိုပုံစံနဲ႔ေနေစခ်င္ေနတာပဲေလ
"ဒီလိုပါပဲကြၽန္ေတာ့္မွာ ေ႐ြးခ်ယ္စရာမရွိဘူး" ဟဲက်င့္က တည္ၿငိမ္စြာ ျပန္ေျဖသည္။
ဟဲက်င့္ဟာ သူ႔မိဘေတြစီမံရာတိုင္းႀကိဳးစားၿပီးေနခဲ့သည္။ တကယ္လို႔ သူသာေမြးရာပါ စိတ္ပိုင္းဆိုင္ရာ သို႔မဟုတ္ ႐ုပ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းေနပါကဘယ္လိုျဖစ္သြားမွာလဲ? သူ႔မိဘေတြက သူ႔ကို စြန႔္လႊတ္မွာတဲ့လား? ေသခ်ာတာကေတာ့ သူတို႔ သူ႔ကို ဆက္ၿပီး ျပဳစုပ်ိဳးေထာင္ၾကမွာ ပါပဲ။ဒါေၾကာင့္ သူ ဘယ္ေလာက္ပဲ စိတ္ပ်က္ေနပါေစ သူ႔အေမကို ဘယ္ေတာ့မွ လက္မေလွ်ာ့ခဲ့တာပင္။ခ်င္ယြီနဲ႔ လမ္းခြဲရလို႔ေနာင္တရလဲဘယ္ေလာက္ရမွာတဲ့လဲ
ဒီတာဝန္ကို ထမ္းေဆာင္ရမယ္ဆိုတာ သူသိတယ္။ ဘာလို႔ဆို ေယာက္်ားတစ္ေယာက္အေနနဲ႔၊ သားတစ္ေယာက္အေနနဲ႔ေမြးဖြားလာခဲ့တာကိုး အဲ့အတြက္ ေပးဆပ္ရမယ့္တန္ဖိုးက သူ႔ေပ်ာ္႐ႊင္မႈလို႔ အဓိပၸာယ္ရေပမဲ့ သူလုပ္ရမွာပဲေလ
ဟဲက်င့္၏ဖခင္က သက္ျပင္းရွည္ခ်လိုက္သည္။ ဟဲလင္ ၏ အျဖစ္ဆိုးေၾကာင့္ ျဖစ္ေပၚလာေသာ အပ်က္သေဘာေဆာင္ေသာ လႊမ္းမိုးမႈကို ခံရမည့္သူ ဟဲက်င့္ မျဖစ္သင့္ေၾကာင္း ႐ုတ္တရက္ သူ သေဘာေပါက္သြားသည္ ။
ဖခင္ျဖစ္သူက မ်က္ေမွာင္တင္းတင္းၾကဳတ္ထားတာကိုေတြ႕ေတာ့ ဟဲက်င့္က သူ႔ကို ႏွစ္သိမ့္ေပးလာသည္။
"အေဖ အေဖနဲ႔ အေမကို ကြၽန္ေတာ္ စိတ္နာေနတယ္လို႔ထင္လို႔လား? အရမ္းေတြမစိုးရိမ္ပါနဲ႔ အခုကြၽန္ေတာ္ ဒီမွာ အေကာင္းတိုင္းရွိေနတာပဲေလ အေမလဲ ပိုၿပီးသက္သာလာတာပဲ။အေဖလည္းကိုယ့္ကိုယ္ကို ပိုၿပီးဂ႐ုစိုက္သင့္တယ္။ေဆးလိပ္လည္းေလွ်ာ့ေသာက္ဉီး ကြၽန္ေတာ္ဂ႐ုအစိုက္ဆုံးကေတာ့ အေဖနဲ႔ အေမ့ရဲ႕က်န္းမာေရးပါပဲ"
ဟဲက်င့္ ၏ဖခင္က ေပ်ာ့ညံ့စြာ ေခါင္းညိတ္လာေလသည္။ သူ႔ကို ႏွစ္သိမ့္ၿပီးေနာက္ဟဲက်င့္ လွည့္ထြက္လာခဲ့သည္။သူ႔အေမနဲ႔ TV ၾကည့္ၿပီးေနာက္ 10 နာရီေလာက္မွာေတာ့ အိပ္ဖို႔အတြက္ သူ႔အိပ္ခန္းသို႔ျပန္လာခဲ့၏။
ႏွစ္ရက္အၾကာတြင္ေတာ့ ခ်င္ယြီသည္ Q ၿမိဳ႕သို႔ေရာက္ရွိလာသည္။ ပရိသတ္မ်ားႏွင့္ ေတြ႕ဆုံပြဲကို ယဥ္ေက်းမႈနန္းေတာ္၌ ယေန႔ညေန 2 နာရီမွ5 နာရီအထိ စီစဥ္ထားသည္။ ျပည္တြင္း ႐ုပ္ျမင္ သံၾကားလိုင္း သတင္းစာမ်ားႏွင့္ အြန္လိုင္းမီဒီယာမ်ားက ဒီပြဲကို စတင္ေဖာ္ျပေနၿပီျဖစ္သည္။
လြန္ခဲ့သည့္သုံးႏွစ္အတြင္းဟဲက်င့္ သည္ သူ႔ပတ္ဝန္းက်င္ရွိလူမ်ားထံမွ ခ်င္ယြီ၏နာမည္ကိုၾကားလိုက္တိုင္း သို႔မဟုတ္ မိုဘိုင္းေၾကာ္ျငာတစ္ခုတြင္ သူ႔မ်က္ႏွာကို အမွတ္မထင္ျမင္လိုက္တိုင္း သူ႔အတြက္ ႀကီးမားေသာစိတ္ခံစားမႈကို ျဖစ္ေပၚေစခဲ့သည္။ထို႔ေၾကာင့္ သူဘယ္ေတာ့မွခ်င္ယြီရဲ႕ သတင္းမ်ားကိုရွာၾကည့္ရန္ သတၱိမရွိခဲ့ပါ
ဒီေန႔သည္ စေနေန႔ျဖစ္သည္။ ဟဲက်င့္ က အလုပ္သြားစရာမလိုပင္။ သူ႔အေမက သူ႔အေဖရဲ႕ အရင္လုပ္ေဖာ္ကိုင္ဖက္ရဲ႕ တူမကို ေတြ႕ဖို႔ စီစဥ္ေပးခဲ့တဲ့အတြက္ 11 နာရီေလာက္တြင္ သူထြက္လာခဲ့သည္။
Q ၿမိဳ႕သည္ အလြန္ေသးငယ္ေသာ္လည္း လူအစည္ဆုံးေနရာသည္ ၿမိဳ႕လယ္တြင္တည္ရွိၿပီး အေရွ႕မွေတာင္သို႔ လမ္းအနည္းငယ္သာရွိသည္။ ဟဲက်င့္ booking ယူထားေသာ စားေသာက္ဆိုင္သည္ ယဥ္ေက်းမႈနန္းေတာ္မွ တစ္ကီလိုမီတာအကြာ ရွန္းက်ီး Plaza တြင္တည္ရွိၿပီး အလြန္နာမည္ႀကီးေသာ ကြမ္တုံစားေသာက္ဆိုင္ျဖစ္သည္။
မနက္ 11 နာရီ ၄၅ မိနစ္တြင္ စားေသာက္ဆိုင္သို႔ သူေရာက္ေသာအခါ ေကာင္မေလးႏွင့္မေတြ႕မီ ဆယ့္ငါးမိနစ္သာေစာေနခဲ့သည္။ သူ႔လက္ပတ္မွာ ရခဲ့တဲ့ မိန္းကေလးရဲ႕ အခ်က္အလက္ကို ၾကည့္ေနတာျဖစ္ၿပီး သူမရဲ႕ နာမည္ကေတာ့ သြမ့္ရႈ႐ုန္ ျဖစ္ၿပီး အသက္ 27 ႏွစ္ရွိၿပီျဖစ္ကာ Q ၿမိဳ႕႐ုပ္ျမင္သံၾကားဌာနရဲ႕ အယ္ဒီတာဌာန ဝန္ထမ္းျဖစ္ေလသည္။ သူမသည္ S ခ႐ိုင္မွ ဆက္သြယ္ေရးတကၠသိုလ္ တ႐ုတ္ေမဂ်ာျဖင့္ ဘြဲ႕ရခဲ့ၿပီး သူမသည္ တစ္ႀကိမ္သာ ခ်ိန္းေတြ႕ခဲ့သည္ သူမ၏ ဝါသနာမ်ားအေၾကာင္း...
ေနာက္ထပ္ၾကည့္ရန္မလိုအပ္ေတာ့ပါ။ ဟဲက်င့္ က ေကာင္မေလးဆီကို စာတစ္ေစာင္ပို႔ၿပီး စားပြဲနံပါတ္ကို ေျပာျပခဲ့သည္။ ထို႔ေနာက္ သူသည္ espresso တစ္ခြက္ကို မွာကၿငိမ္သက္စြာျဖင့္ သူေျပာမည့္စကားကို ျပင္ဆင္ခဲ့သည္။
အမ်ားအားျဖင့္ အိမ္ေထာင္ဘက္ေတြ႕ဆုံပြဲမွာ မိန္းကေလးက နည္းနည္းေနာက္က်တာက ပုံမွန္ပါပဲ။ အနည္းဆုံး နာရီဝက္ေလာက္ ေစာင့္ရမယ္လို႔ ဟဲက်င့္က ထင္ခဲ့တာပင္။ မထင္မွတ္ပဲ ေကာင္မေလးက 12 နာရီ မတိုင္ခင္ ေရာက္လာခဲ့သည္။
"ရွင္က...မစၥတာ ဟဲက်င့္?"
သူမသည္ ႐ိုး႐ိုးရွပ္အက်ႌ၊ မီးခိုးေရာင္ ခ်ည္သားဆြယ္တာႏွင့္ အနက္ေရာင္မ်က္မွန္တစ္စုံကို ၀တ္ဆင္ထားသည္... သြမ့္ရႈ႐ုန္ သည္ သူမ၏မွတ္ဉာဏ္ထဲမွအျဖဴေရာင္ ရွပ္အက်ႌနဲ႔ လူသားႏွင့္ ဒီလူကိုဆက္စပ္ၾကည့္ရန္ႀကိဳးစားလိုက္သည္။
ဟဲက်င့္ က ႐ုတ္တရက္ ေမာ့ၾကည့္လိုက္ေတာ့ သူ႔မ်က္လုံးတစ္ခ်က္လဲ့သြားခဲ့သည္။ - သူမတြင္ မ်က္လုံးဝိုင္းဝိုင္း တစ္စုံ၊ V ပုံသ႑ာန္ ေမးေစ့၊ ေျဖာင့္စင္းေနသည့္ ဆံပင္ရွင္ ႐ိုးရွင္းေျပျပစ္ ေသာ စကတ္ကို ၀တ္ထားသည္။ သူမသည္ အလွေလးတစ္ေယာက္ပင္
"မဂၤလာပါ မိန္းကေလးသြမ့္"
သူ႔လက္ကိုဆန႔္ထုတ္ကာ လက္ဆြဲႏႈတ္ဆက္လိုက္ၿပီး သူမအတြက္ ထိုင္ခုံေနရာကိုၫႊန္ျပလိုက္သည္။
"ထိုင္ပါဉီး"
သြမ့္ရႈ႐ုန္သည္ဟဲက်င့္ ကို ဆက္ၾကည့္ေနသည္။ သူမထိုင္ၿပီးေနာက္ သံသယစိတ္ျဖင့္ေမးလာသည္။
"ဟဲက်င့္ နင္ငါ့ကိုမမွတ္မိဘူးလား?"
ဟဲက်င့္ အံ့အားသင့္သြားၿပီးေနာက္ သူမမ်က္ႏွာကို ျပန္ၾကည့္မိသည္။ သူက လက္ခါျပကာျဖင့္ေတာင္းပန္စကားဆိုသည္။
"ကြၽန္ေတာ္တို႔ ဘယ္မွာေတြ႕ဖူးလဲမသိဘူး?"
"ငါတို႔..."
သြမ့္ရႈ႐ုန္ က သူတို႔ႏွစ္ေယာက္ၾကားစည္းတစ္ခုထားလိုက္ၿပီး
"ကြၽန္မတို႔ အလယ္တန္းေက်ာင္းအတူတူတက္ခဲ့ဖူးတယ္။
ဟဲက်င့္ သည္ မ်က္လုံးမ်ားကို ျဖည္းျဖည္းခ်င္း ျပဴးက်ယ္သြားကာ တစ္စုံတစ္ခုကို သတိရသြားေသာ္လည္း သူ႔မွတ္ဉာဏ္မွာမေသခ်ာေနေပ။
သြမ့္ရႈ႐ုန္က ခါးသီးစြာၿပဳံးလိုက္ၿပီးထပ္ေျပာလာခဲ့သည္။
"ေက်ာင္းမွာ လႈပ္ရွားမႈေတြ ရွိတိုင္း မိတ္ဆုံစားပြဲေတြ လုပ္ဖို႔ အၿမဲ အတူတူတိုင္ပင္ခဲ့တယ္ ကြၽန္မ အလယ္တန္းေက်ာင္းတုန္းက ရွင့္ကို အထင္ႀကီးခဲ့သလို ရွင္ကိုခ်စ္ေၾကာင္း ဝန္ခံစာလည္းေပးခဲ့ေသးတယ္။ ဒါေပမယ့္ ရွင့္အေမကို ရွင္ကေျဖရွင္းခိုင္းခဲ့တယ္ေလ သူမက ကြၽန္မမိဘေတြကိုေခၚၿပီး သြန္သင္ဆုံးမဖို႔ေျပာခဲ့ေသးတယ္ ရွင္ အဲ့ဒါကိုမွတ္မိေသးလား?"
"အာ!" ဟဲက်င့္ေျပာလာေလသည္။ "မင္းကို!"
ခ်က္ခ်င္းဆိုသလိုပင္ရွက္႐ြံ႕သြားရကာ သတိလက္လြတ္ျဖစ္သြားခဲ့ရသည္။ အဲဒီတုန္းက အျဖစ္အပ်က္က သူ႔အတြက္ ရွက္စရာႀကီး ျဖစ္ေနေသးတယ္ေလ။ သူေနာက္ထပ္မေတြးဝံ့ေတာ့ဘဲ ႏွစ္ေတြၾကာလာတာနဲ႔အမွ် သူ႔အဲ့အေၾကာင္းကို တေျဖးေျဖး ေမ့သြားခဲ့ေတာ့တာပါပဲ
သြမ့္ရႈ႐ုန္ကေမးလာသည္။
"နင္နဲ႔ အိမ္ေထာင္ဘက္ေတြ႕မယ့္သူဟာ ငါဆိုတာကို သတိမထားမိဘူးလား?"
"ဟင့္အင္း..."
တကယ္လို႔ သြမ့္ရႈ႐ုန္ကဟဲက်င့္ကိုမွတ္မိေနေသးရင္ အိမ္ေထာင္ဘက္ေတြ႕မယ့္သူဟာ ဟဲက်င့္သာဆိုရင္သူမလုံးဝလာခဲ့မွာမဟုတ္ဘူးေလ။ၿပီးေတာ့ နာမည္ကအနည္းငယ္ရင္းႏွီးသလိုရွိခဲ့ေပမယ့္လည္း သူေရွ႕မွာရွိေနတဲ့ေကာင္မေလးနဲ႔ အလယ္တန္းေက်ာင္းတုန္းကေကာင္မေလးကိုဆက္စပ္ၾကည့္လို႔မရေနပါေခ်။
သြမ့္ရႈ႐ုန္က လက္ပိုက္လ်က္ ၿပဳံးကာေျပာလာခဲ့သည္။
"ပထမကေတာ့ ငါမလာခ်င္ခဲ့ဘူး ဒါေပမယ့္ ဒီေလာက္ႏွစ္ေတြၾကာၿပီးေနာက္မွာ နင္ဘယ္လိုေျပာင္းလဲသြားလဲသိခ်င္လို႔လာခဲ့တာ အဲ့ေတာ့ ဒါက အိမ္ေထာင္ဘက္ေတြ႕တာမဟုတ္ေတာ့ပဲ အတန္းေဖာ္ေဟာင္းဆုံစည္းတာပဲ"
ဟဲက်င့္က မ်က္လႊာခ်လ်က္ သက္ျပင္းခ်လိုက္သည္။ မီႏူးကို ကမ္းေပးလိုက္ၿပီးေျပာလိုက္သည္။
"အရင္ဆုံး ေအာ္ဒါမွာရေအာင္"
သြမ့္ရႈ႐ုန္ က သူ႔ကို ၿပဳံးကာတစ္ခ်က္ၾကည့္လိုက္ၿပီး မီႏူးကို ဖတ္ကာျဖင့္ေျပာလာခဲ့သည္။
"နင္အဲ့ေလာက္ႀကီးလဲမေျပာင္းလဲသြားပါဘူး
ဟဲက်င့္ က မ်က္မွန္ကိုပင့္တင္လိုက္ၿပီး "ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ ဆယ္ႏွစ္ေက်ာ္ၿပီပဲေလ"
"ငါဆိုလိုတာက နင့္ရဲ႕ မ်က္ႏွာနဲ႔ နင့္ရဲ႕ပုံစံ။"
သြမ့္ရႈ႐ုန္က ဟင္းပြဲအနည္းငယ္မွာလိုက္ၿပီးေသာက္စရာကိုလည္းမွာလိုက္သည္။ဟဲက်င့္ကစားပြဲထိုးကိုေခၚကာ ေအာ္ဒါမွာလိုက္သည္။သြမ့္ရႈ႐ုန္က ဟဲက်င့္ေရွ႕က ေကာ္ဖီခြက္ကိုျမင္ကာေျပာလာခဲ့သည္။
"နင္အစားမစားခင္ ေကာ္ဖီေသာက္တာလား? အဲ့ဒါကနင့္အစာအိမ္အတြက္မေကာင္းဘူးေနာ္"
ဟဲက်င့္ အနည္းငယ္ ၿပဳံးလိုက္သည္။ အိမ္ေထာင္ဘက္ေတြ႕ဆုံဖို႔လာတိုင္း သူစိတ္ရွင္းလင္းေစရန္ေကာ္ဖီတစ္ခြက္မွာထားေလ့ရွိသည္ အဲ့ကစၿပီးအက်င့္ျဖစ္လာေတာ့တာပါပဲ
သူတို႔ႏွစ္ေယာက္ဟာအဲဒီ့ႏွစ္ေတြအတြင္းမွာ ဘာေတြျဖစ္ခဲ့လဲ ဘယ္တကၠသိုလ္ကိုတက္ခဲ့လဲ၊ ရွင္သန္ေနထိုင္ဖို႔အတြက္ ဘာေတြလုပ္ေနလဲဆိုတာကို ေျပာခဲ့ၾကေလသည္။ ဟင္းလ်ာမ်ား ေရာက္လာေသာအခါ ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ cheer လုပ္လိုက္ၾကၿပီး ဟဲက်င့္က ႐ုတ္တရက္ေလးနက္စြာဆိုလာခဲ့သည္။
"သြမ့္ရႈ႐ုန္ ေတာင္းပန္ပါတယ္"
သြမ့္ရႈ႐ုန္: "... အမ္း?"
"အဲဒီတုန္းက စာကို အေမ့ကိုငါေပးလိုက္တာမဟုတ္ပါဘူး သူမဘာသာသူမ ရွာေတြ႕ခဲ့တာ ဘာလို႔ဆို ငါ့ေက်ာင္းလြယ္အိတ္ကိုသူမစစ္တတ္တယ္ေလ။ငါ အဲ့စာကို တ႐ုတ္စာစာအုပ္ၾကားထဲထည့္ထားခဲ့တာ ဒါေပမယ့္လည္းေနာက္ဆုံးေတာ့ သူမရွာေတြ႕ခဲ့တာပါပဲ။ငါအရမ္းစိတ္လႈပ္ရွားေနခဲ့လို႔ ေကာင္းေကာင္းမဝွက္ႏိုင္ခဲ့တာပဲျဖစ္ပါလိမ့္မယ္။"
ဟဲက်င့္ ၿပဳံးကာျဖင့္ "ငါတကယ္ႀကီး သူမအဲ့လိုေတြလုပ္လိမ့္မယ္လို႔ မေမွ်ာ္လင့္ထားမိခဲ့ဘူး။ဒီေန႔မင္းနဲ႔ေတြ႕ရတာေကာင္းပါတယ္ ငါမင္းကို ဒီအေၾကာင္းေတြရွင္းျပလို႔ရတာေပါ့ေလ"
သြမ့္ရႈ႐ုန္ အံ့အားသင့္သြားေသာ္လည္း ဟဲက်င့္ ၏ေတာင္းပန္မႈေၾကာင့္ သူမ အနည္းငယ္ ရင္ထဲထိသြားရသည္။ သူမကဟိုၾကည့္ဒီၾကည့္လုပ္ကာေျပာလာသည္။
"နင့္ အေမကဘယ္လိုလူစားမ်ိဳးလဲ?နင္ျပန္လာၿပီးဒီ 3 ႏွစ္အတြင္းရည္းစားမရွိတာမထူးဆန္းေတာ့ပါဘူး!"
ဟဲက်င့္: "..."
သြမ့္ရႈ႐ုန္ က ေပါ့ေပါ့ပါးပါးေခ်ာင္းဆိုးလိုက္ရင္း
"႐ိုး႐ိုးသားသားေျပာရရင္ ငါဒီကိုလာတာလဲရည္႐ြယ္ခ်က္ရွိရွိလာခဲ့တာေလ ဘာလို႔ဆိုနင့္အေမသာ သူ႔သားအိမ္ေထာင္ဘက္ေတြ႕တဲ့မိန္းကေလးက လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာက သူမေစာ္ကား ေမာ္ကားေျပာခဲ့တဲ့မိန္းကေလးဆိုတာကိုသိသြားရင္ ဘယ္လိုျဖစ္သြားမလဲလို႔ သိခ်င္လို႔ေလ။သူမငါ့ကိုအဲ့တုန္းကဘာေတြေျပာခဲ့လဲသိလား?ငါကမေကာင္းဆိုးဝါးတဲ့ၿပီးေတာ့ ငါကအရွက္မရွိဘူးတဲ့ေလ။သူမဘယ္လိုတုံ႔ျပန္မလဲဆိုတာေတာ့မေသခ်ာပါဘူး ဘယ္လိုတုံ႔ျပန္မလဲဆိုတာလဲမသိခ်င္ေတာ့ဘူး။နင့္အေမလိုလူမ်ိဳးကို ဘယ္သူကေယာကၡမေတာ္ခ်င္မွာတဲ့လဲ?
ဟဲက်င့္ သည္ ထိုစကားကို နားေထာင္ၿပီးေနာက္ သူသည္စိတ္မဆိုး႐ုံမကာက်ယ္ေလာင္စြာ ရယ္ေနခဲ့သည္။ သြမ့္ရႈ႐ုန္ေျပာသည္မွာ အနည္းငယ္ ႐ိုင္းစိုင္းေသာ္လည္း သူမ အမွန္အတိုင္း ေျပာေနျခင္းပင္။ သူက ေခါင္းညိတ္လိုက္၏
"မင္းမွန္တယ္"
သူမကိုသည္းခံႏိုင္တဲ့သူဆိုသည္မွာ သူမသားတစ္ေယာက္သာရွိလိမ့္မည္။
သြမ့္ရႈ႐ုန္သည္ သူမ၏ခြက္ကိုယူ၍ ဟဲက်င့္ကို သူမရဲ႕လွပေသာမ်က္လုံးမ်ားျဖင့္ ၾကည့္ေနခဲ့သည္။ ဒီလို ႐ူးသြပ္တဲ့ မိန္းမမ်ိဳး က ဒီလို ေအးေဆးၿပီး တိတ္တဆိတ္ေနတတ္ကာႏူးညံ့သိမ္ေမြ႕တဲ့ သားကိုျပဳစုပ်ိဳးေထာင္ႏိုင္တယ္ဆိုတာ စိတ္ကူးၾကည့္ဖို႔ေတာင္ခက္ပါရဲ႕။
တကယ္ေတာ့ သူမေျပာမျပထားတဲ့ ေနာက္ထပ္အေၾကာင္းျပခ်က္တစ္ခုရွိေသးပါ၏- ဟဲက်င့္ ကို သူမေတြ႕ခ်င္ရတဲ့အေၾကာင္းရင္းက ဆယ္ေက်ာ္သက္မိန္းမငယ္ေလးတုန္းကလို သူ႔ကိုသေဘာက်ေနေသးလို႔ပါပဲ။
ဟဲက်င့္က ဟင္းပြဲမ်ားကို သူ႔တူမ်ားျဖင့္ၫႊန္ျပကာေျပာလာခဲ့သည္။
"ျမန္ျမန္ေလးစားလိုက္ဉီး ဟင္းပြဲေတြေအးကုန္ဉီးမယ္။ၾကည့္ရတာ ငါ့အေမမင္းကိုဆက္ဆံခဲ့တာေတြအတြက္ေတာင္းပန္တဲ့အေနနဲ႔ ငါဒကာခံရမယ္ထင္တယ္"
သြမ့္ရႈ႐ုန္ကႏွာမႈတ္လာသည္: "ဒါက အိမ္ေထာင္ဘက္ေတြ႕တဲ့ပြဲပဲကို နင္ငါ့ကိုေကြၽးရမွာပဲေလ"
ဟဲက်င့္ က ေဒါသႀကီးတဲ့ ခ်စ္သူေကာင္မေလးကိုသည္းခံေနသလိုမ်ိဳး ၿပဳံးလိုက္ၿပီး
"ေသခ်ာတာေပါ့ လာေပးတဲ့အတြက္ေက်းဇူးပါပဲ မ်ားမ်ားစား"
သြမ့္ရႈ႐ုန္က အနည္းငယ္စားၿပီးေနာက္ သူမမေျပာဘဲမေနႏိုင္ခဲ့ေခ်
"ေဟး နင့္အေၾကာင္းနည္းနည္းၾကားဖူးတယ္။ငါ့ကိုနင္နဲ႔မိတ္ဆက္ေပးတဲ့ အန္တီေျပာတာေတာ့ နင္အႀကိမ္ေပါင္းမ်ားစြာအျငင္းခံခဲ့ရတာဆို..."
သူမကအသံကိုနိမ့္ကာျဖင့္ "နင္သိလား Q ၿမိဳ႕ကက်ဥ္းက်ဥ္းေလးေနာ္ ၿပီးေတာ့အခ်က္အလက္ေကာင္းေတြနဲ႔ single ေတြဆိုတာက ရွားမွရွားကို သူတို႔ကနင့္ကိုဘယ္လိုလုပ္ျငင္းႏိုင္ရတာလဲ?အဲ့ဒါေတြကနင့္အေမေၾကာင့္လား?အဲ့အန္တီဆို ငါ့ကိုသတိထားၿပီး နင့္မွာေရာဂါေတြဘာေတြမ်ားျဖစ္ေနတာလားစစ္ၾကည့္ဉီးလို႔ေတာင္ေျပာလိုက္ေသးတယ္!"
ဟဲက်င့္ကရယ္လ်က္ မ်က္ခုံးကိုပင့္ကာျဖင့္ေမးလာခဲ့သည္။
"မင္းတကယ္သိခ်င္တာလား?"
သြမ့္ရႈ႐ုန္ သည္ သူမ၏ တူခမ်ားကို ေဘးဖယ္လိုက္ၿပီး "ေျပာျပစမ္းပါ"
ဟဲက်င့္ က အစာကိုမ်ိဳခ်လိုက္ၿပီး ေကာ္ဖီကို ျဖည္းညႇင္းစြာေသာက္ရင္း သူမကိုရွင္းျပလာခဲ့သည္။
"ေကာင္မေလးတစ္ေယာက္နဲ႔ေတြ႕တဲ့အခါတိုင္း ငါသူတို႔ကိုေျပာခဲ့တာက ငါေျပာသမွ်ကအမွန္ေတြျဖစ္ၿပီးေတာ့ သူတို႔ကိုပထုတ္ခ်င္လို႔ေျပာတဲ့စကားေတြမဟုတ္ဘူးဆိုတဲ့ အေၾကာင္းပဲ ၿပီးေတာ့ အဲ့အေၾကာင္းေတြကို ငါ့မိဘေတြကိုျပန္မေျပာဖို႔ အထူးသျဖင့္ ငါ့အေမကိုျပန္မေျပာဖို႔ေတာင္းဆိုခဲ့တယ္ မင္းလည္းအဲ့လိုလုပ္ေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္"
"ေသခ်ာတာေပါ့ နင့္အတြက္လွ်ိဳ႕ဝွက္ထားေပးမယ္!"
သြမ့္ရႈ႐ုန္က စကားျဖတ္ေျပာလာခဲ့သည္။သူမကစိတ္ျမန္လက္ျမန္ရွိၿပီး အမွန္တရားကိုသိဖို႔မေစာင့္ႏိုင္ေတာ့ေခ်။
ဟဲက်င့္က သူမကိုၾကည့္ကာေလးေလးနက္နက္ေျပာလာခဲ့သည္။
"ငါ အရင္တုန္းကေယာက်္ားေလးနဲ႔ တြဲခဲ့ဖူးတယ္"
သြမ့္ရႈ႐ုန္သည္ ထိတ္လန႔္စြာၾကည့္လာၿပီး သူမ အသံကို ေလွ်ာ့လိုက္ကာျဖင့္
"နင္က gayလား?"
"ငါမေသခ်ာဘူး ငါ့တစ္သက္လုံးမွာသူ႔ကိုပဲခ်စ္ခဲ့ဖူးတာ ငါထင္တာေတာ့မင္းငါ့ကိုgay လို႔ေခၚလို႔ရမယ္ထင္တယ္။႐ိုး႐ိုးသားသားေျပာရရင္ ငါမိန္းကေလးကိုႀကိဳက္ႏိုင္ေသးလားေတာင္မေသခ်ာပါဘူးငါလည္းႀကိဳးေတာ့ႀကိဳးစားၾကည့္ခ်င္ပါတယ္ ဒါေပမယ့္ ငါေယာက်္ားေလးနဲ႔တြဲဖူးတယ္ဆိုတာကိုသိတာနဲ႔ မိန္းကေလးေတြ တစ္ေယာက္မွ လက္မခံႏိုင္ခဲ့ဘူးေလ။"
ဟဲက်င့္ၿပဳံးလိုက္သည္။"ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔ကယုံရတယ္လို႔ေျပာလို႔ရပါတယ္ သူတို႔တစ္ေယာက္မွ ငါ့လွ်ိဳ႕ဝွက္ခ်က္အေၾကာင္းမေျပာျပခဲ့ၾကဘူးေလ"
သြမ့္ရႈ႐ုန္: "နင္သိလား? ကတိတည္တာနဲ႔ ဘာမွမဆိုင္ပါဘူး။မိန္းမေတြကိုငါသိတာေပါ့ ငါတို႔အားလုံး အတင္းအဖ်င္းေျပာတာကို ႀကိဳက္ၾကတယ္ေလ သူတို႔ေလွ်ာက္မေျပာရတဲ့အေၾကာင္းအရင္းကနင့္ေၾကာင့္ပဲ"
ဟဲက်င့္: "ငါ?"
သြမ့္ရႈ႐ုန္က နည္းနည္းေတာ့ စိတ္လႈပ္ရွားစျပဳလာၿပီး
"နင္အခုေလးတင္ငါ့ကိုေျပာခဲ့တဲ့ဟာေတြကငါ့ကိုတကယ့္စစ္မွန္တဲ့ခံစားခ်က္ေပးေနတယ္ေခ"
သူမ ဘယ္လိုေဖာ္ျပရမွန္း မသိပါေပ။ သူမေတြးမိတာကေတာ့ ထိုအခ်ိန္တြင္ဟဲက်င့္ကအရမ္းအားနည္းေနကာနာက်င္ေနပုံရတယ္ေလ ၿပီးေတာ့ ထိလြယ္ရွလြယ္ျဖစ္တဲ့အမ်ိဳးသားေတြနဲ႔ဆိုမိန္းကေလးေတြရဲ႕ရင္ထဲကိုလြယ္လြယ္ကူကူေရာက္သြားေရာ"
"ေဟး ဟဲက်င့္" သြမ့္ရႈ႐ုန္ က သတၱိရွိရွိနဲ႔
"တကယ္ေတာ့ နင္ အတိတ္က ျဖစ္ခဲ့တာေတြကို ငါ ဂ႐ုမစိုက္ပါဘူး။ နင္ ငါနဲ႔ စမ္းၾကည့္ခ်င္လား?"
သူ႔မ်က္လုံးထဲမွာေက်းဇူးတင္ေနတဲ့အရိပ္အေယာင္တခ်ိဳ႕ရွိေနလ်က္ေျပာလာခဲ့သည္။
"သြမ့္ရႈ႐ုန္ တကယ္ေတာ့ ငါေယာက်္ားေလးနဲ႔တြဲခဲ့တာကိုသိၿပီးေနာက္မွာေတာင္ငါနဲ႔တြဲခ်င္ေနေသးတဲ့မိန္းကေလးတခ်ိဳ႕ရွိခဲ့ေသးတယ္ ငါထင္တာကေတာ့ သူတို႔ငါ့ကိုကူညီခ်င္တယ္ထင္ပါတယ္ ဒါေပမယ့္..."
သူ႔ကသူမကိုၾကည့္ကာျဖင့္"တကယ္လို႔ငါကသူတို႔ကို အဲ့လူရဲ႕အေၾကာင္းကိုမေမ့ႏိုင္ေသးဘူးလို႔ေျပာလာခဲ့ရင္ေရာ?"
ဘယ္မိန္းကေလးကမွ သူ႔ရည္းစားက သူ႔ရဲ႕အရင္ရည္းစားေဟာင္းအေၾကာင္းေတြးေနတုန္းဆိုတာကိုသည္းမခံႏိုင္ၾကေပ။အဲ့ဒီရည္းစားေဟာင္းကေယာက်္ားေလးျဖစ္ေနရင္ေတာ့မေျပာနဲ႔ေတာ့ေပါ့
သူမတိတ္ဆိတ္ေနတာကိုျမင္ေတာ့ ဟဲက်င့္ သက္ျပင္းခ်လိုက္သည္။ ေသာက္ၿပီးသြားေသာ ေကာ္ဖီခြက္ကို ၾကည့္ၿပီး
"ေက်းဇူးတင္ပါတယ္ သြမ့္ရႈ႐ုန္ ဒါေပမယ့္ မင္းကိုနာက်င္ေစမယ့္ဟာေတြငါမလုပ္ႏိုင္ဘူး"
သုံးႏွစ္ရွိၿပီပင္ ခ်င္ယန္ထံသို႔ေပးေသာစာတြင္ သူကိုယ္တိုင္ က်ိန္ဆိုခဲ့ေသာ က်ိန္စာသည္ အမွန္တကယ္ အသက္ဝင္သြားပုံရပါ၏၊
မိန္းကေလးတစ္ေယာက္နဲ႔ ျပန္စဖို႔ဆိုတာကဒီတိုင္းမျဖစ္ႏိုင္႐ုံပါပဲ။ သူႀကိဳးစားခဲ့တာပဲ ပုံမွန္ျပန္ျဖစ္ဖို႔ အရမ္းႀကိဳးစားခဲ့တယ္။ သူရဲ႕ ပထမဆုံး အိမ္ေထာင္ဘက္ေတြ႕ၿပီးတုန္းကဆိုညတိုင္း အိပ္မေပ်ာ္ခဲ့သျဖင့္ အိပ္ေဆးေတြ မေရမတြက္ႏိုင္ေအာင္ ေသာက္ခဲ့ရၿပီး စိတ္ပညာရွင္နဲ႔ တစ္ႏွစ္ခြဲေလာက္ေတာင္ ေဆြးေႏြးခဲ့ရပါေသးသည္။ ေပ်ာ္ခ်င္ေယာင္ေဆာင္ဖို႔ သူအရမ္းႀကိဳးစားခဲ့ရတယ္...
သူသည္ ကမာၻေပၚရွိလူတိုင္းကို လွည့္စားႏိုင္ေသာ္လည္း သူ႔ကိုယ္သူ မလွည့္စားႏိုင္ပါေခ်။
[T/N: ကိုယ္ေလာင္တာေတြမခံစားႏိုင္လို႔ ေခြးစာအခန္းေတြေရာက္ေအာင္ အသဲအသန္တင္ေနတာ စာေတြေသခ်ာမစစ္ထားဘူး သည္းခံၿပီးဖတ္ေပးၾကေနာ္]