ဒီနေ့ မောင့်ဆီကစာရတယ်၊ သူဟိုမှာအဆင်ပြေတယ်တဲ့...ဒါပေမဲ့ တချို့အတားအဆီးတွေေကြာင့် ကောက်ခါငင်ကာ ကယ်လို့မရဘူးဆိုတယ်။ မောင်ထွက်သွားတာ ၄ရက်ရှိပြီ...ကျတော် မောင်ပြန်လာတဲ့အထိ ရေတွက်နေမှာ
"ငါတို့ ဒီနေ့ ဘယ်ကိုသွားကြမလဲ"
စကားပြောဖော်မရှိတဲ့ကျတော်။အခု ကျတော့်နားက ငှက်လေးတွေကိုမေးနေတာ သူတို့ကလွတ်လပ်စွာပျံသန်းနေကြတယ် နော်အားကျတယ်။
ကျတော်လည်းမောင်ပြန်လာရင် တစ်ခေါက်လောက် ကြည်နူးဖွယ် အခိုက်အတန့်လေးတွေဖန်တီးချင်ပါသေးတယ်။
ပျင်းပျင်းရှိတာနဲ့...စာဖတ်ခန်းကိုထွက်လာဖို့ပြင်လိုက်တယ်။ ပြီးမှသတိရတယ် ကျတော့် ဒိုင်ယာရီကိုဆက်ဖတ်ရဦးမယ်။
"ဘယ်နားမှာလိမ့်..."
"အော် ဒီမှာ"
စားပွဲအောက်ရောက်နေပါသော ထိုစာအုပ်လေး။ ကျတော်ဆက်ဖတ်ဖို့ နေရာအကျထိုင်းအပြီး။ ဖတ်လက်စ နေရာလေးကိုလှန်လိုက်တယ်။
၁၀.၁၂.၁၈၇၈
ငါ့ကိုလာခေါ်ဖို့ မြင်းလှည်းတွေရောက်တော့မယ်လို့ အထိန်းတော်ကြီးကပြောတယ်။
ငါ ဒီစံအိမ်တော်ထဲကထွက်သွားရလို့ ၀မ်းနည်းမိပါတယ်။ သူ့ကိုလည်း သွားမကြည့် နိုင်တော့လို့ ပို၍တိုး ၀မ်းနည်းရပါသေးတယ်။
အောက်မှာ မြင်းအသံကြားရတယ်၊ သွားရ...။စောနက ဆက်မရေးမိဘူး။ မယ်တော်ကအတင်းခေါ်နေတာမို့လေ။
မြင်းလှည်းမောင်းသမား ဦးလေးကြီးက တစ်ခြားလမ်းက သွားမယ်လုပ်နေသဖြင့် မြို့မကြီးလမ်းကသွားဖို့ ပြောလိုက်သည်။
သို့သော်လည်း အန္တရာယ်များတယ် ဘာညာဖြင့်ပြောနေလို့။ မြို့မကြီး လမ်းကသာသွားဖို့ အမိန့်ပေးလိုက်သည်။
ငါတွေ့လိုက်တယ်။ သူကတစ်စုံတစ်ယောက်နဲ့ဖက်နေတာလား။ ဟုတ်တယ် ငါသေချာတွေ့ခဲ့တာ။အမျိုးသမီးဖြစ်ဖို့များတယ်။
သူ့အမေများလား! ငါသိတာပေါ့။ သူ့အမေမဟုတ်ပါဘူး...ဒါပေမဲ့ ကိုယ့်ကိုကို စိတ်သက်သာရာရောက်စေဖို့ အမေလို့သာ တွေးပေတော့ Nattawat ။
ကျတော့်မှာသူ့ကိုစိုးမိုးပိုင်ခွင့်မရှိပါဘူး။ သူကကျတော့်ကိုတောင်မသိရှာဘူး...
၅.၁.၁၉၇၈
ဒီမှာနေရတာ အဆင်ပြေပါတယ်။ တစ်ခုပဲ မနက်စောစောမထနိုင်တဲ့ ကျတော့်အဖို့တော့ မနက်၅နာရီဆိုတာ ဆိုးလွန်းတယ်။
၅ယောက်တစ်ဖွဲ့တစ်ဖွဲ့တစ်ခန်းနေရသော်လည်း ကျတော်ဖြစ်နေ၍ နှစ်ယောက်တစ်ခန်းနေရတယ်။ အခန်းဖော်ကဖော်ရွေပါတယ်။ သူကလည်း မင်းသားတစ်ပါးပဲထင်တယ်၊ ခပ်ချောချောရယ်...နာမည်ကတော့ Pond ဆိုလား Ponဆိုလားပဲ။
ကျတော်ဒီနေ့သင်ခဲ့ရတဲ့ နက္ခအကြောင်း၊ နက္ခ မှာ အမျိုးမျိုးရှိတယ်။ ကိုယ်မွေးလပေါ်မူတည်ပြီး တစ်ခုနှုန်းပေါ့။
ကျတော်ဆို ၁၀ပိုင်းမှာမွေးတာမို့ Libra။ သူဘယ်နှလပိုင်းမှာမွေးတာလဲ သိချင်တယ်။ သူနဲ့ကျတော်ရဲ့ signကဘယ်လိုလေးဖြစ်မလဲ။
ဆရာပြောတာတော့ Libraနဲ့ အလိုက်ဖက်ဆုံးက Gemini တဲ့။ သူသာ Gemini ဆို ကျတော်သေပျော်ပါပြီ။
၂၉.၁.၁၉၇၈
ဒီနေ့က ဘယ်လိုခုခံတိုက်ခိုက်ရမလဲတို့ ဘာတို့ ကိုယ်ခံပညာပိုင်းသင်ပေးတယ်။ ကျတော်လည်း မြန်မြန်စံအိမ်တော်ကိုပြန်ရောက်နိုင်ဖို့ ဆုတောင်းတယ်။
ပြီးတော့...လွမ်းလှပြီ။
၁၇.၂.၁၉၇၈
ဒီနေ့က ထွေထွေထူးထူးတော့မရှိပါဘူး။ကျတော် ပြန်ရဖို့နီလာတာတွေးမိလို့...စာရေးဖြစ်တာ။ ၂လပဲနေရတော့မယ်ဗျ...
ဒီကပြန်ရင် သူနဲ့ပိုနီးစပ်စေဖို့၊ကြိုးစားမယ်လို့ ဆုံးဖြတ်ထားတယ်။
၁၆နှစ်သားအရွယ်ကျတော့်ဖို့တော့ ဒါကစိတ်ကစားရာကျပေမဲ့...သူ့ကိုတော့တကယ်ချစ်မိတာပါ။ လူကြားရင် ရူးနေတယ်လို့ ထင်ကောင်းထင်မယ်။ ပိုးထလွန်းတယ်လို့လဲတွေးကောင်းတွေးမယ်။ ဒါပေမဲ့ ကျတော်ဂရုမစိုက်ပါ။ ကျတော့်ကိုယ်ကျတော်ပိုင်တယ်လေ...
ရေးထားတာကိုဖတ်ရသလောက် ၊ကျတော်ပေါ့...ကျတော်က မောင့်ကိုတော်တော်ချစ်ရှာတာပဲ။ နောက်ကြောင်းကိုပြန်လှန်ရရင် Watက Witကို အပြတ်ငြင်းခဲ့တဲ့ အခိုက်အတန့်တွေပဲ ကျတော်မက်ခဲ့တာ။
ကျတော်အိပ်မက်ထဲမှာတော့...Wit ကအမြဲပူဆွေးနေရပြီး Wat က ရက်စက်ကြမ်းတမ်းနေတတ်တယ်။ နေဦး! အခုကျတော်က Watပဲ!!! ကျတော်ကသူ့ကိုလက်ခံသလိုဖြစ်သွားပြီ။ ဒါဆို ကျတော်က အနာဂတ်ကိုတောင်ပြောင်းလိုက်ပြီဆိုတဲ့ သဘောမျိုးလား...?????
ကျတော့်အိမ်မက်က ဒီဘ၀ရဲ့ ဆန့်ကျင်ဘက်ကိုမက်တာလား။ ဒါမှမဟုတ်...သူငြင်းတဲ့အခြေအနေကို မရောက်သေးတာ။ ရောက်မှာမဟုတ်တော့ဘူးလေ ကျတော်တို့က ချစ်သူတွေတောင်ဖြစ်နေကြပြီ။
ကျတော်သူ့ကိုစကားနဲ့အဖြေမပေးရသေးဘူး။ဒါပေမဲ့ ကျတော်တို့ အခြေအနေက ချစ်လား မချစ်လား မေးနေစရာမှမလိုပဲ။
"ငါတို့အနာဂတ်က လှပလာတာလား။ စုတ်ပြတ်လာတာလား မောင်!'
___________________
စစ်သည်အချို့နှင့် ထွက်ခွာလာတဲ့ MARYAR ... ခရီးအတော်ပေါက်နေသော်လည်း အရိပ်အယောင်ပင်မတွေ့။
အနယ်နယ်အရပ်ရပ်မှာ မေးမြန်းစုံစမ်းတော့လည်းမတွေ့၊ လူပျောက်စာရွက်လိုက်ကပ်တော့လဲ သတင်းမလာ အသံမကြားမို့။ မိဖုရားကြီးကိုယ်တိုင် ရှာဖွေရာ။
တောကြီးမျက်မဲထဲရောက်နေ၍ လုံး၀ရှာတွေ့မည်မဟုတ်ကြောင်း သိသာလှသည်။
"ခရီးတစ်ထောက်နားကြမလား သခင်မကြီး"
"နေနေ...ဆက်မောင်း သားငယ်ကိုမြန်"ရှာမှဖြစ်မယ်"
"သခင်မကြီးစဉ်းစားပါဦးနော်အခုက ညလယ်ကြီးလေ။ သခင်လေးကို ဒီအချိန်ဘယ်မှာသွားရှာကြမလဲ"
"အို...ငါသားငယ်ကိုမြန်"ရှာနိုင်မှရမယ်။ သူနန်းတက်ရတော့မှာလေ"
"ကျတော်တို့ မနက်ဖြန်ကျ သေချာလေးရှာပေးမှာမို့...နားလိုက်ပါဦး သခင်မကြီးရယ်။ သခင်မကြီးကျန်းမာနေမှ သခင်လေးပြန်လာတဲ့အခါ အကြာကြီးအတူရှိသွားရမှာလေ။ သခင်ကြီးလို ရောဂါတွေနဲ့ နာမကျန်းဖြစ်လို့မရဘူး"
"ပြန်ဆုတ်..."
အထိန်းတော်ကြီး ပြောခြင်းကိုလက်ခံတဲ့သေဘာပဲ။ သူကတပ်ကိုပြန်ဆုတ်ခိုင်းခဲ့တယ်။
" မေ့သားငယ်... မေပြန်လာခေါ်ပါ့မယ်နော် စောင့်နေ"
ထိုသို့ရေရွတ်နေပါသော်လည်း... Nattawat ဘယ်အရပ်မှာရှိနေလဲ မသိလေသောသူမ။ သူမက နီးလျက်နှင့် ဝေးနေသည်။
မရှာရသေးသည့် နေရာမရှိလောက်တော့ဘူး...ဟိုမြို့မကြီးလမ်းပေါ်က စံအိမ်ကလွဲရင်ပေါ့။
သူမကအဲ့ဒီလမ်းမကြီးဘက်ကို လုံး၀မသွားဘူးဟု ဆုံးဖြတ်ချက်အခိုင်အမာချထားပြီးကတည်းက စကားထဲပါ ထည့်မပြောတော့ပါ။
ထို့ကြောင့် သူမ မတွေးမိပါလေ။
_________
"အသက်ကိုလွန်းလှတယ် အသက်ရယ်၊ မောင်ဟာ မင်းရှေ့ကို ဘွားကနည်း ပေါ်လာလိုက်ချင်တာ"
"ဟိတ်! ဉာဏ်နီဉာဏ်နက်များပြီး ခိုးထွက်မယ် မကြံနဲ့... မင်းအသက်ရော မင်းလူတွေ အသက်ပါပေးပစ်ရမယ်"
"ဒီမှာ... သခင်လေးကို ကောင်းကောင်းမွန်မွန်ပြောစမ်း!"
"မင်းတို့သခင်လေးက ငါတို့လက်ခုပ်ထဲက ရေကွာ၊ သွန်ချင်သလိုသွန်...မှောက်ချင်သလိုမှောက်...ဖျောက်ချင်သလိုဖျောက်လိုက်လို့ရတယ်ဆိုတာ မင်းဦးနှောက်ထဲရိုက်ထည့်ထား!"
"မပြောနဲ့ ကိုယ်ရံတော်... ငါWatနဲ့ ထပ်တွေ့ချင်သေးတယ်"
"သခင်လေး...ကျတော်တို့ သခင်လေး Watနဲ့ သခင်ကြီးဆီ အကြောင်းကြားကြမလား"
"ဟင့်အင်း...မလိုအပ်ပဲ! အဖေနဲ့ Watကိုစိတ်မပူစေချင်ဘူး...နောက်၄/၅/၁၀ရက်...တစ်ရက်ရက်ပေါ့ လပြည့်ညရောက်ခါနီးပါပြီ...ဒီလအတွက် လပြည့်ညကို ကောင်းကောင်းအသုံးချကြရမယ်။"
"သခင်လေး သဘောပါပဲ..."
"မင်းတို့သွေးရောတွေ...ဝေပုလွေ ပုံစံမပြောင်းနိုင်တဲ့သူရှိသလား"
"ကျတော်...ကျတော်ရှိပါတယ် သခင်လေး"
"ဟင်...Mark မင်းကအသွင်မပြောင်းနိုင်ဘူးလား"
"ဟုတ်ပါတယ် သခင်လေး... အဖေကသွေးရောမို့ပါ"
"မင်းအတွက် တခုခုစီစဥ်ပေးပါ့မယ်၊ ငါ မင်းတို့ကိုတယောက်မှ မကျန်ခဲ့စေဖို့ ငါစီစဉ်ပေးမယ်"
ဒီကိစ္စကိုဖြေရှင်းဖို့ နည်းလမ်းတစ်လမ်းသာရှိသည်။ လပြည့်လရောက်ပြီ ဆိုသည်နှင့် လက်ကောက်၀တ် သွေးကြောကို ဖောက်ထုတ်ပြီး Markကို သောက်ခိုင်းရမယ်၊
လပြည့်နေ့ည တစ်ညတော့ သူအသွင်ပြောင်းနိုင်ပါသေးတယ်။ ဒီလိုမျိုးက အရောမဟုတ်ဘူးဆိုရင်တောင်မလုပ်နိုင်တော့၊ ဒီမျိုးစိတ်က ရှားပါးလှသည်။
သိပ်တန်ဖိုးကြီးတဲ့ မျိုးနွယ်ပေါ့...ဒါ့ကြောင့် အဖိုးက အဖေနဲ့ Watအမေကို သဘောမတူခဲ့တာ။ အဖေနဲ့အမေယူလိုက်လို့ သွေးစစ်စစ်ကျတော်ထွက်လာတာ...
ကျတော်ကလဲ သွေးစစ်စစ်သားလေးတစ်ယောက်လောက် မွေးချင်ပါတယ်... WATနဲ့ မတွေ့ခင်အထိပေါ့။
____________
ကျေးဇူးအများကြီးတင်ပါတယ်ဗျ❤️၊
Noticeတွေအများတက်တော့ အများပျော်ပါတယ်ဗျ။ Vote ပေးကြတဲ့ သူတိုင်းကိုကျေးဇူးပါဗျ။
ဒီရက်ပိုင်း Ficအသစ် upload လုပ်ဖို့ စဉ်းစားထားတာ ရှိပါတယ်။ ဒါပေမဲ့ ဖတ်မဲ့သူမရှိမှာစိုးလို့...💔