သာယာငြိမ့်ညောင်းသောမင်္ဂလာတေးသံလွင်လွင်နှင့်အတူခန်းမထဲတွင်ဧည့်သည်များဖြင့်စည်ကားလျှက်ရှိသည်။ပျိုးလည်းအကျယ်တဝင့်မလုပ်ေစချင်တာကြောင့်ဒယ်ဒီတို့ဘက်ကရင်းနှီးတဲ့လူတချို့ကိုသာဖိတ်ကြားပြီးအကျဉ်းချုံ့လုပ်ဖြစ်တာဖြစ်သည်။ထိုသို့ငြိမ်သက်လျှက်ရှိတဲ့ခန်းမနှင့်ဆန့်ကျင်စွာထိုင်မရထမရဖြစ်နေသူတစ်ဦးကိုကြည့်ကာဝဿန်မျက်စိနောက်နေပြီဖြစ်သည်။
"ဝဠာ!...မင်းဘာဖြစ်နေတာလဲ...ထိုင်ရင်လည်းထိုင် ထရင်လဲထပေါ့။အခုကမျောက်ကြီးမီးခဲခုထိုင်ထားသလိုပဲမျက်စိကိုနောက်တယ်"
မိုးဝဿန်ထိုသို့ပြောလိုက်တော့ဝဠာဘာမှပြန်မပြောပဲထိုင်လိုက်ပေမဲ့ဒူးကိုနှံ့ကာအသက်ရှူသံတို့သည်လည်းပြင်းထန်နေသည်။
"ဘာဖြစ်နေတာလဲ!..ဒီလိုတိုင်းသာဆိုမင်္ဂလာမဆောင်ရသေးခင်မင်းရှောလောက်တယ်"
"ဝဿန်..ငါစိတ်တွေအရမ်းခုန်နေတယ်။ငါ့ရင်ဘတ်ထဲကနှလုံးသားကြီးကအပြင်ကိုခုန်ထွက်တော့မဲ့အတိုင်းပဲ.."
"ဝဠာ..မင်းဖြစ်နေပုံကဘေးကလူတွေကြားရင်မင်းကိုသတို့သမီးလေးထင်နေအုံးမယ်။အကိုပျိုးထက်နှစ်ပြန်သုံးပြန်လောက်ကြီးတဲ့ခန္ဓာကိုယ်ကြီးမှအားမနာ..ဟိုမှာအကိုပျိုးကိုလည်းကြည့်လိုက်အုံး။သူ့ဘာသူတည်တည်ငြိမ်ငြိမ်လေးထိုင်နေတာ"
ဝဿန်မေးငေါ့ပြတဲ့နေရာကိုကြည့်လိုက်တော့ပျိုးကရောက်လာတဲ့ဧည့်သည့်အချို့နှင့်စကားပြောနေလေသည်။ဝဠာ့မှာသာသူ့ကိုပိုင်ဆိုင်ရတော့မယ်လို့တွေးမိတိုင်းစိတ်တွေခုန်နေရတာ။သူကတော့တည်တည်ငြိမ်ငြိမ်ပဲ..မတရားလိုက်တာ။
ပြင်ဆင်မှုတွေအားလုံးပြီးဆုံးသွားတော့ဝဠာသည်ခန်းမ၏ရှေ့ဆုံးဖာသာ၏အနီးအနားတွင်မတ်တပ်ရပ်နေသည်။စိတ်တွေလှုပ်ရှားလွန်းနေတာကြောင့်ဘေးဘီကိုတောင်မကြည့်နိုင်ပဲရပ်ထားတဲ့ခြေထောက်အစုံကိုသာငုံ့ကြည့်နေမိတော့သည်။ထိုစဉ်တဖြေးဖြေးနှင့်ပွင့်လာသောတံခါးကြောင့်ဝဠာမော့ကြည့်မိလိုက်လျှင်ဝဠာအသက်ရှူမှုတို့ရပ်တန့်သွားမယောင်ပင်။ကျောလည်ထိရှည်လျားသောဆံပင်တို့ကိုကြိုးဖြင့်နောက်တွင်စည်းနှောင်ထားသည်။အဖြူရောင်အနောက်တိုင်းဝတ်စုံနှင့်တစ်လှမ်းချင်းဝင်လာသောသတို့သားလေးကြောင့်ထပ်မံကာပင်ဝဠာ့ကမ္ဘာကြီးရပ်တန့်သွားရပြန်သည်။
"သတို့သားမောင်ဝဠာထွဋ်ခေါင်သည်သတို့သားမောင်လင်္ကာပျိုးနှင့်အေးအတူပူအမျှခံစားသွားမည်လား။ဆင်းရဲသည်ဖြစ်စေ၊ချမ်းသာသည်ဖြစ်စေ။ကျန်းမာသည်ဖြစ်စေ၊ဖျားနာသည်ဖြစ်စေ။သစ္စာရှိစွာနဲ့သက်ဆုံးတိုင်ပေါင်းသင်းသွားပါမည်ဟုဂတိပြုပါသလား"
"ဟုတ်ကဲ့..ကျွန်တော်ဂတိပြုပါတယ်"
"သတို့သားမောင်လင်္ကာပျိုးကေရာသတို့သားေမာင်ဝဠာထွဋ်ေခါင်နှင့်အေးအတူပူအမျှခံစားသွားမည်လား။ဆင်းရဲသည်ဖြစ်စေ၊ချမ်းသာသည်ဖြစ်စေ။ကျန်းမာသည်ဖြစ်စေ၊ဖျားနာသည်ဖြစ်စေ။သစ္စာရှိစွာနဲ့သက်ဆုံးတိုင်ပေါင်းသင်းသွားပါမည်ဟုဂတိပြုပါသလား"
"ဟုတ်ကဲ့..ဂတိပြုပါတယ်"
"ယနေ့မှစ၍ ဤလူသားနှစ်ဦးသည်သက်ဆိုင်သူအကြင်လင်မယားအဖြစ်သို့ရောက်ရှိပါသည်။"
ဖာသာ၏စကားသံအဆုံးတွင်ခန်းမထဲရှိလူများ၏ချီးမြှောက်လက်ခုပ်သံများပြည့်နှက်သွားတော့သည်။ထို့နောက်အသိတချို့ကိုနှုတ်ဆက်ပြီးမင်္ဂလာပွဲအားအဆုံးသတ်လေသည်။မင်္ဂလာပွဲပြီးဆုံးကြောင်းကြေငြာကာမှပဲဝဠာ့ရင်ထဲကအပူလုံးကြီးကျလေတော့သည်။
"ဟူး...မင်္ဂလာတစ်ခါဆောင်ရတာနှလုံးရောဂါရတော့မလို့"
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
ခပ်မှိန်မှိန်မီးရောင်အောက်တွင်နှင်းဆီပွင့်ဖက်တွေဖြန့်ကျဲထားသောနှစ်ယောက်အိပ်ခုတင်ကြီးကိုကြည့်ရင်းပျိုးကြက်သီးထမိသည်။ဒီလိုအဖြစ်မျိုးကြုံရမှာသိနေပေမဲ့လည်းပျိုးကြောက်ရွံ့နေမိသည်။
ဂျောက်!!!...
ထိုစဉ်ရေချိုးခန်းထဲမှထွက်လာသောဝဠာ့ပုံစံကြောင့်ပျိုးပိုလို့ပင်တုန်လှုပ်နေမိသည်။ပျိုးထက်အသက်အများကြီးငယ်ပေမဲ့အားကစားလိုက်စားပုံရသည့်ဝဠာ့ခန္ဓာကိုယ်သည်အခုခေတ်ကောင်မလေးတွေသရေတမျှမျှနဲ့ငမ်း.....အဲ....ငေးချင်နေသည့်ကြွက်သားအပြည့်နှင့်ပင်ဖြစ်သည်။
"ဒီမှာမောင်ဝတ်ဖို့အင်္ကျီတွေ...ဟို...ငါသန့်စင်ခန်းခဏဝင်အုံးမယ်"
ဝဠာ့အတွက်အင်္ကျီတွေထုတ်ပေးထားခဲ့ပြီးစကားတောင်ပြောချိန်မရပဲရေချိုးခန်းထဲပြေးဝင်သွားသူကိုကြည့်ရင်းဝဠာရယ်မိသည်။
၁၅မိနစ်....
မိနစ်၃၀!!!....
ပျိုးအိမ်သာထဲသို့ဝင်ကာတံခါးလော့ချပြီးလွတ်မြောက်ရာလမ်းကိုစဉ်းစားနေသည်။ချစ်လို့လက်ထပ်တာကလက်ထပ်တာပဲ..ဒီအခြေအနေထိတော့မစဉ်းစားခဲ့သေးတာအမှန်ပင်။ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နှင့်အကြံပေါင်းများစွာကိုထုတ်နေမိသည်။အရေးရယ်အကြောင်းရယ်ဆိုဘာမှစဉ်းစားလို့မရတဲ့ခေါင်းကိုနံရံနှင့်သာပြေးဆောင့်ချင်မိတော့သည်။
ဒေါက်!...ဒေါက်!!...
"အချစ်..တခုခုဖြစ်နေတာလား?.."
နာရီဝက်ကျော်လောက်ထိကိုထွက်မလာသေးတာကြောင့်ဝဠာစိတ်ပူနေပြီဖြစ်သည်။
"ပျိုး..တခုခုဖြစ်နေတာဆိုမောင်ဝင်လာ......"
"ဘာ...ဘာမှမဖြစ်ဘူးမောင်!...ခဏနေထွက်ခဲ့မယ်"
ခဏနေဆိုပေမဲ့နောက်နာရီဝက်လောက်ကြာကာမှတံခါးကိုအသာဖွင့်ကာချောင်းလိုက်သည်။ခုတင်ပေါ်တွင်တဖက်ကိုကျောပေးကာလှည့်အိပ်နေသူကိုမြင်လိုက်ရမှပျိုးစိတ်ေအးသွားရသည်။ပျိုးခုတင်နားကိုလျှောက်သွားကာဝဠာ့ဘေးတွင်ဖြည်းဖြည်းချင်းဝင်လှဲလိုက်သည်။ထိုအခါတဖက်လှည့်အိပ်နေသူကချက်ချင်းထလာကာပျိုးအပေါ်တွင်အုပ်မိုးထားသည်။
"မောင့်!...မင်းအိပ်နေပြီမဟုတ်ဘူးလား!.."
"အဟင်း!...ထွက်ပြေးနေတဲ့သူကိုဖမ်းဖို့အတွက်အိပ်ချင်ယောင်ဆောင်လိုက်တာ..အလုပ်ဖြစ်သားပဲ"
"မောင်လူလိမ်ကောင်..အခုထဲကငါ့ကိုလိမ်ဖို့ကြိုးစား.....အွန့်!...."
ဝဠာသည်ပျိုးရဲ့စကားတွေကိုဆုံးအောင်ပြောခွင့်မပေးခဲ့ပေ။နှုတ်ခမ်းပါတွေကိုအပေါ်တလှည့်အောက်တလှည့်စုပ်ယူနမ်းရှိုက်ရင်းပျိုးရဲ့နှုတ်ခမ်းဖျားထဲတိုးဝင်ဖို့ကြိုးစားသည်။နှုတ်ခမ်းကိုခပ်တင်းတင်းစေ့ထားတဲ့အဆိုးလေးကြောင့်ဝဠာစိတ်မရှည်စွာအောက်နှုတ်ခမ်းသားကိုတချက်ဖိကိုက်လိုက်သည်။တဖြည်းဖြည်းချင်းမှလည်တိုင်သို့ကူးပြောင်းကာအချစ်အမှတ်အသားတွေပေးမိတော့ပျိုးဆီမှခပ်တိုးတိုးငြီးသံတစ်ခုပေါ်ပေါက်လာသည်။ဝဠာ့ရဲ့လက်တွေကတော့ပျိုးရဲ့ခန္ဓာကိုယ်ပေါ်အစုန်အဆန်ကူးလူးလျှက်ခပ်သိမ်သိမ်ခါးတဝိုက်တွင်အခြေချထားသည်။အပြစ်မဲ့စွာလွှင့်ပစ်ခြင်းခံလိုက်ရတဲ့ညအိပ်ဝတ်စုံလေးခမျာမှာသနားဖွယ်အတိ။နူးညံ့လွန်းတဲ့အထိအတွေ့တို့ကြောင့်အတင်းကာရောတိုးဝင်မိပါလျှင်....
"အ!...ဝဠာ.."
ပြွတ်စ်!..
"မောင်..မောင်လို့ပဲခေါ်..."
"အ့!..မောင်..ဖြည်းဖြည်း..."
ထို့နောက်...ထို့နောက်တွင်တော့ခပ်အီအီငြီးသံများနှင့်အတူနားရှက်ဖွယ်ကောင်းလွန်းတဲ့အသံများမှာထိုအခန်းတွင်းမှပျံ့လွင့်လာသည်။ကောင်းကင်၌အစွမ်းကုန်ထွန်းလင်းနေတဲ့လမင်းကြီးကတောင်ထိုအချစ်တိုက်ပွဲကိုမမြင်ဝံ့ဟန်ရှက်ရွံ့စွာဖြင့်တိမ်ဆိုင်တွေကြားထဲအလုအယက်ပြေးဝင်သွားတော့သည်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ကဲ..a littleလေးပါပဲနော်
*Thank For Reading*
🍁Mable🍁