"မောင်၊ မင်းစောစောပြန်လာခဲ့ရမယ်နော်"
"အင်းပေါ့ အသက်ရဲ့ မောင်ကသွားတောင်မသွားချင်ပါဘူး။ မောင့်အသက်အထီးကျန်နေရှာတော့မယ်"
"ရပါတယ်၊ မောင်သာ စိတ်ကိုလွှင့်မထားနဲ့တော့ သေချာလုပ်ခဲ့"
" မောင့်အသက်ကသိပ်စိုးရိမ်ပေးတာ ကျေးဇူးတင်တယ်နော်၊ မောင်လုပ်နေကျ အလုပ်တွေမို့ စိတ်မပူပါနဲ့"
"အင်းပါ သွားတော့ ၊ မြင်းကိုဖြေးဖြေးမောင်းနော်"
"အင်းပေါ့... ပြွတ်စ်.... အိပ်မက်လှလှမက်ပါစေနော် အသက်"
"ကျေးဇူးပါ မောင်..."
မောင့်ကို ဖက်ထားလိုက်တယ်၊ မောင်က အရှေ့တိုင်းမှာရှိတဲ့သူ့တပည့်တွေကို သွားကယ်ထုတ်ပေးရမည်ဟုပြောသည်။ သူတို့ကို အရှေ့တိုင်းဘက်ကသူတစ်ချို့ ဖမ်းစီး ချုပ်နှောင်ထားသည်ဟုဆိုသည်။
မောင်က သူလုပ်နေကျအလုပ်မို့ စိတ်မပူဖို့ တစ်ဖွဖွမှာနေပါသော်လည်း...ရင်အစုံမှာ တင်းတင်းကျပ်ကျပ်နှင့် မွန်းကြပ်နေလှပြီ။
"မင်းကောင်းကောင်းပြန်ခဲ့ပါ မောင်ရယ်"
စစ်သည်အချို့ ခြံရံလျက်...
ထွက်ခွာသွားတဲ့ ခပ်ကျယ်ကျယ် ကြောပြင်ကို တစ်ချက် ဆွေးကာငေးရင်း ရေရွတ်မိပါသည်။ မောင်ကကျတော့်ကိုထားသွားမှာမျိုးမဟုတ်တာသေချာပါတယ်.....
_____________
"မေ့သားကိုရှာမတွေ့မချင်း အမေကသားကိုရှာသွားမှာပါ...အခုချိန်မှာ မေ့သားငယ် မေ့ကိုစောင့်နေလား"
မိဖုရားခေါင်ကြီးရဲ့ မျက်ရည်တွေဟာ နေ့စဉ်ရက်စက်ပေါ့... သားအတွက်မျက်ရည်တွေအပြင် ခင်ပွန်အတွက်ပါ ပိုတိုး၍ ကျခဲ့ပါသည်။
မိဖုရားMARYAR (မာယာ) ဟာ Nattawat ရဲ့ အိပ်ခန်းဆောင်ကိုတစ်ဖြေးဖြေးလျှောက်သွားရင်း
တံခါးကိုဆွဲဖွင့်ရန် တံခါးလက်ကိုင်ကို လှမ်းကိုင်မိတော့ နွေးထွေးသလိုခံစားမိပါသော လက်တစ်စုံ နှင့် နှလုံးသား။ ဒီအတိတ်နိမိတ်ကကောင်းတယ်...သူမကြာခင်ဒီကိုပြန်ရောက်တော့မှာလို့တောင် ပြောနိုင်တယ်။
မိဖုရားဟာ တံခါးကိုဆွဲဖွင့်လိုက်တော့ ရလိုက်တဲ့ သားငယ်ရဲ့ ကိုယ်ရနံ့သင်းသင်းလေး သားငယ်က ကြာပန်းအနံ့သာဆိုသိပ်သုံးတာလေ... သားငယ်ထွက်သွားတဲ့ ၉လအတွင်း ဒီလိုနိမိတ်မျိုးက ပထမဆုံး တစ်ကြိမ်ဖြစ်မည်။
မရေမတွက်နိုင်သောအကြိမ်အရေဖြင့်
ဒီအခန်းကိုလာနေတတ်တဲ့ မိဖုရား MARYARအတွက်တော့ သိပ်သိသာလှတဲ့ အခိုက်အတန့်တစ်ခု။
"မေ့သားငယ်...ပြန်လာတော့မယ်၊ မေ့သားငယ် ...ဟင်းး"
ရင့်ကျက်စွာ စီးကျလာတဲ့ မျက်ရည်စအချို့က သားငယ်ကို သိပ်ချစ်တာ ဆိုတဲ့ သက်သေအဖြစ်။ သားငယ်ရှိတုန်းက သူသားငယ်ကို ပြောဆိုခဲ့ဖူးတာပေါ့၊ ဆူလည်းဆူဖူးတယ် ရိုက်လည်းရိုက်ဖူးတယ်၊ သားငယ်ရဲ့ ပါးနုနုလေးတွေကို ကြမ်းကြမ်းတမ်းတမ်းနိုင်တဲ့ ကျွန်မလက်ဖဝါးနဲ့ ...ပါးနုနု သွေးချေဥတဲ့အထိရိုက်ဖူးတယ်။
အကြောင်းအရင်းက ကျွန်မသိပ်မုန်းရတဲ့ ဟိုအမျိုးယုတ်ရဲ့ သားကိုသူကချစ်သည်တဲ့...သူအဲ့စံအိမ်အကြောင်းပြောပြောနေတည်းက မရိပ်မိတဲ့ ကျွန်မက သားငယ်ရဲ့ ဒိုင်ယာရီစာအုပ်ကနေ တစ်ဆင့်သိရှိခဲ့ရပါတယ်။
အဲ့နေ့က သားငယ်ရဲ့ မျက်၀န်းတွေကို အမှတ်ရပါသေးတယ်... အရမ်းသိမ်ငယ်တတ်တဲ့ သားငယ် ၊အဲ့နေ့မှာသူက သူ့နှလုံးသားထဲက လူအတွက် ကျေကျေနပ်နပ်ကို အပြစ်ခံယူပါတယ်။ သူပြောခဲ့တဲ့ စကားကိုကြားယောင်ပါသေးရဲ့
"သားကို အပြစ်ပေးပြီးရင် သားချစ်ရသူကိုတော့ အလွတ်ပေးမယ်မလား" တဲ့
ကျွန်မရဲ့ ဒေါသတွေက ငယ်ထိပ်အထိတက်ဆောင့်သွားခဲ့တယ်။ ဘယ်လိုတောင်ချစ်တတ်လိုက်သလဲ Nattawat ရယ်လို့ တွေးမိတယ်။အမေသွေးအပြည့်ပါတဲ့ သားငယ်က ကျွန်မလိုပဲ မကောင်းဆိုးဝါးကိုချစ်ခဲ့ပါတယ်။ ကျွန်မကတော့ ဦးနှောက်ကိုဦးစားပေးခဲ့တယ်။
သူ့ကိုအခန်းထဲပိတ်လှောင်ဖို့ အမိန့်ပေးခဲ့ပါတယ်...သူဒီအခန်းထဲ ၁၄လလောက်နေအပြီးမှာတော့ သူ့ခမည်းတော် အမိန့်နဲ့ နောက်တစ်ကြိမ် စာတော်သင်အလွှတ်ခံရပါတယ်။
သူကစာတင်မဟုတ်ဘူး၊ သွေးစုပ်ကောင်တွေက ဘယ်လိုယုတ်မာသလဲ၊ ဘယ်လိုလဲ၊ ဘာလဲဆိုတာကိုပါသင်ကြားခံခဲ့ရတော့။ သားငယ်လေးကသူတို့ကို အရမ်းမုန်းသွားပြီလို့ထင်ပါတယ်။
တစ်နေ့တော့ ဟိုဂြိုလ်ဆိုးတွေကို တိုက်ဖို့ စစ်ကြေညာအပြီးမှာ Fourth Nattawat Jirochtikul ဦးဆောင်တဲ့ တပ်က စတင်ထွက်ခွာသွားတာပေါ့။ သူက စတုတ္ထမြောက်သားမလို့ သူက Fourth Nattawat ဆိုပြီး ခံယူခဲ့ပါသေးတယ်။
ထိုစစ်ပွဲက နိုင်သွားခြင်းမရှိပါဘူး၊ ဒါ့အပြင် သားငယ် သုဥ်ပန်း ဖြစ်သွားပြီဆိုတာပါသိလိုက်ရတယ်။ သူဒီစစ်ပွဲကို ဘယ်လောက်နိုင်ချင်ခဲ့သလဲ...
သူဘယ်လိုကြိုးစားခဲ့ရသလဲ...နောက်ကျွန်မတွေးမိတာက...!
သူကနိုင်ရောနိုင်ချင်ခဲ့ရဲ့လား ။ သူ့နှလုံးသားတစ်စုံက ထိုစံအိမ်ထဲမှာလို့ တစ်ကြိမ်တစ်ခါ ပြောဖူးတာကို ကျွန်မမေ့နေခဲ့ပါသည်။
ဒီတစ်ကြိမ်ပြန်လာရင် မေ့သားငယ်ကို မေအပြည့်အ၀ကာကွယ်မိမှာပါ။
______________
"Fourth..."
"...."
"ဒီမှာ မင်းသိပ်ချစ်တဲ့ နေကြာပန်းတွေပါလာတယ် ငဖို့ရဲ့"
"..."
"မင်းဘယ်အချိန်ထပြီး... နေကြာစေ့ဖြစ်အောင်စိုက်မယ် လို့ပြောမလဲစောင့်နေတာ။ မင်းကထမလာသေးပါလား Fourth ရယ်"
"မင်းကနေနိုင်တယ်နော်...သူငယ်ချင်း အချင်းချင်တောင် မင်းကမျက်လုံးလေးလှန်မကြည့်ဘူး"
Pond တစ်ယောက်တည်းပြောရင်း ပန်းစည်းကို Fourth နားကပ်ထားလိုက်တယ်။ နေကြာပန်းကတော့ ပွင့်နေပါပြီ ဘယ်မလဲ အလင်းပြပေးမယ့် နေ...
အကယ်၍ Phuwin ပြောတာတွေသာ အမှန်ဆိုရင် သူကအခုအတိတ်မှာပေါ့။ ကျတော်အဲ့လောက်နက်နက်ရှိုင်း ပြဇာတ်လိုဟာကြီးကိုမယုံပါဘူး။ ဒါပေမဲ့ တကယ်ဖြစ်နေရင်ရော???
"သက်သာရဲ့ Pond"
"ကျတော်ကအကောင်းကြီးပါ"
"ငါက Nattawat လေး သက်သာလားလို့မေးတာပါ"
"ဒီလိုပဲပေါ့...အိပ်နေလိုပဲ"
"အင်း...အိပ်နေသလိုပဲ"
"သူ့ကို အစာတွေ ဘာတွေရော ဘယ်လိုကျွေးလဲ"
အကိုထယ်ယောင်းကမေးလာတော့ ကျတော်လည်းတစ်ချက်ကြည့်ပြီး
"ပိုက်နဲ့သွင်းတယ်လေ...ဆေးသွင်းသလိုပဲ"
"အဲ့လိုလား"
"အကိုတို့ ဒီမှာနေဦးမှာလား..."
"မင်း လုပ်စရာရှိတာ သွားလုပ်လေ...ငါတို့စောင့်ပေးလို့ရတယ်"
"အဖေခေါ်ထားတယ် ဒီနေ့ ကျတော့်ကို အကိုကိုခေါ်မလာနဲ့တဲ့"
"သွား...မင်းအဖေပဲသူက ငါ့အဖေမဟုတ်ဘူး"
"အကိုကလည်းဗျာ...ကျတ်ောမြန်"သွား မြန်"ပြန်ခဲ့မယ်"
"အင်းအင်း"
Pondထွက်သွားလေတော့...
"ငါတောင်းပန်ပါတယ်ကွာ..."
"ဘာလို့လဲ"
"မင်းငါ့ကြောင့် ဒီလို မင်းအဖေကဖြစ်နေတာ၊ သူက မင်းနဲ့ငါ့ကိုမှ သဘောမတူ... "
"ဆက်မပြောနဲ့ ငယ်၊ မင်းလုပ်တာမဟုတ်ဘူး၊ ငါကိုယ်တိုင်မင်းကိုရွေးချယ်ခဲ့တာ"
"မင်းအဖေကိုချစ်လား"
"မင်းကိုချစ်တယ်...ဒါကြောင့် ကျန်တာတွေငါမတွေးနေဘူး၊ ကြည့်ပါဦး ငါတို့Fourthလေးကို မင်းသူ့ကိုမှတ်မိသလား"
"မှတ်မိတာပေါ့ ၊ သူက မင်းညီရဲ့ သူငယ်ချင်းပဲဟာ"
"အင်းပါ... မင်းစတော်ဘယ်ရီစားတော့မလား
ငါသွားပြင်ပေးမယ်လေ"
"ရတယ်...နောက်မှပေါ့"
မင်းငါတို့အတိတ်ကိုမမှတ်မိသ၍ ငါစိတ်မအေးရပါဘူး၊ မောင့်ကလေးရယ်...
______________
ကျေးဇူးတင်ပါတယ်ဗျ ❤️
ကျေနပ်ကြရဲ့လားဟင်...